Reward[Him From Final Year]
By Aelennar
1.1M 90.8K 10.7K
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side
Chapter-32
15.9K 1.5K 243
By Aelennar
မောင်လေး"
"ဟုတ်ကဲ့ အစ်မ"
လှမ်းပြောလို့နေသည်။
မဖိတ်ဘူးနော်။ရတယ် မှတ်ထားလိုက်ပြီ"
လှမ်းပြောသည်။
မဖိတ်တာ မဟုတ်ရပါဘူး"
"စနေတာပါ မောင်လေးရဲ့။စစ်ကြောင်း
မင်းအစ်ကိုက စနေတာ"
သိလား"
"ဗျာ"
မကြားတော့ဘူးလေ။အစ်မတို့ကို
လည်း လျှိုထားတယ်။မင်းအစ်ကို
မောင်လေး သိထားလား"
ကြည့်ပြီးမေးနေသည်။
"ကျ ကျွန်တော် မသိပါဘူး"
ထားလိုက်တဲ့အချိန်။
"ကောင်မလေး မဟုတ်ဘူး"
တိတ်ဆိတ်သွားမှု။သူဘာတွေလျှောက်
ပြောနေတာလဲ။
နောက်နေပြီ"
"မနောက်ဘူး"
မပြည့်ခဲ့။
အသံနဲ့ မျက်နှာ။ကိုသားကြီးကလည်း
အံ့သြသွားဟန်ရှိသည်။
စိတ်တွေက။
"မ မဟုတ်ဘူး အစ်မ။သူမဟုတ်တာ
တွေ လျှောက်ပြောနေတာ။မဟုတ်ဘူး
လုံးဝမဟုတ်ဘူး။ခင်ဗျား ဘာတွေပြော
ဆိုင်လို့လဲ"
ဟန်ဖြစ်နေပုံရသည်။
လုံးဝစိတ်မပျော်တော့။
မပြရဲတော့ပါ။ကျွန်တော်တော့ မှား
သွားပြီ ထင်ပါတယ်။
မလှည့်ကြည့်လာခဲ့။
လိုက်မိမှန်းမသိဘူး။ကျ ကျွန်တော်"
တင်မိရသည်။
"မဟုတ်ဘူး ကိုယ်မှားတာ။သူတို့က
မှာပဲ ကိုယ်မှားတာ"
"ကိုစစ်ကြောင်း"
သည်။
လာခဲ့ရသည်။စိတ်ကူးနဲ့လက်တွေ့က
_____________________________
မလိုဖြစ်သွားရသည်။
ဘယ်က ရှိမှာလဲခင်ဗျ။ဘာဖြစ်လို့လိုတာလဲ"
ကိုရှိရမယ်။ခဏပေးထားစမ်းပါ ငါသေ
ချာပေါက်ပြန်ပေးမှာ"
သဘောလား။ငါအခက်အခဲဖြစ်နေလို့
စေတနာမရှိဘူးပဲ"
တာလဲ။ဘာတွေပြောနေတာလဲ"
ငါမသိဘူး ထင်မနေနဲ့"
လာပြောနေတာလဲ"
လိုက်မိသည်။
ငွေတွင်းကို ရထားတာပဲ။တစ်ဦးသား
မဖြုတ်ရသေးဘူးမလား"
ငြင်းဆန်ရသည်။အန်တီဆွေ ဘယ်
သည်။
လျှောက်မပြောပါနဲ့"
ပစ္စည်းတွေက ဘာတွေလဲ။နင်တို့က
တစ်ခြား ဘာမှမရှိဘူး"
ကြည့်နေသည်။
ပါအောင်လုပ်ထား။နင်ကတစ်ခါ
လိုက်မိသည်။
လိုက်သည်။
ကိုယ် ဖြေနေရတော့တယ်။
______________________________
လိုက်ရသည်။miss callတွေ
နေတာကြာပြီ"
"ညနေဘက်ကြီး အိပ်နေတယ်
နေမကောင်းဘူးလား"
မဖြစ်ဘူး။ကိုစစ်ကြောင်း ဒီညနေ
မေ့သွားတယ်"
တိတ်ဆိတ်သွားသည်။
တော်စိုးရိမ်မိပေမဲ့။
"မေ့သွားလည်း ဘာဖြစ်လဲ
လာခေါ်မယ်လေ"
ပြန်မဖြေမိ။
လေးရှိနေလို့ အဲ့တာ"
"မင်းအစ်ကိုဆီပဲမလား"
အမျိုးတွေရောက်နေတယ်။အဲ့တာ
ပေးမလို့ပါ"
တာမဟုတ်ဘူး။ကိုယ့်ကောင်လေးကို
တာကို မကြိုက်လို့။သွားမယ်ဆိုရင်
လည်း သွား။အပြန် နောက်မကျစေနဲ့"
"ဟုတ်"
ဘူးနော်။
တော့မယ်နော်"
"ဝန်း"
"ဗျာ"
သူကဘာမှဆက်မပြော။
"ဘာမှမဟုတ်တော့ဘူး။အပြင်ထွက်ရင်
မိပြီ။
____________________________
နေတယ်တဲ့။အသက်အန္တရာယ်တွေ
ပါဖြစ်လာမယ်ဆိုရင်"
အသံတိမ်ဝင်သွားသည်။ကိုဇော်
တာပဲလေ။
ဖြစ်သည်မသိ။
"ဆုလာဘ်"
"ဗျာ"
"ဟုတ် ဟုတ်ကဲ့ တီခင်"
အကြည်ကြီးကြသည်။မိဘဆိုတော့
တောင်ပြောလို့ရသည်။။အန်တီခင်က
………
လို့နေသည်။
"အဆင်ပြေလား မင်းရဲ့"
ကြောင်အစွာနဲ့။
နှာပြန်လွှဲလိုက်တယ်။
"ဆုလာဘ်"
ငြိမ်သက်စွာနှင့်။
ဘာမှမဖြစ်ဘူး။အစ်ကိုတစ်ယောက်
မဟုတ်တော့တာ"
သွားသည်။
ကိုလှည့် လာကာမေးသည်။
တွေကြားလိုက်ရသည်။
ကြောင့်မဟုတ်ပါဘူး။ဒီအသက်
အဝ ထိန်းနိုင်ပါတယ်။ပြီးတော့ သူ။
ခံစားသိနေတယ်"
ပြောလိုက်မိသည်။
မပါသလိုပဲ။
"မ မဟုတ်ပါဘူး။အဲ့လိုပြောရအောင်
သံယောဇဉ် ရှိနေပြီလား"
နားမလည်ဖြစ်နေရသည်။
ဘယ်သူ့ကို အရင်ကယ်မလဲ"
"ကိုယ်သိပြီ"
ချက်ချင်းပင်။
တဲ့ညီအစ်ကိုတွေလေ။ကျွန်တော်တို့
ဝမ်းနည်းရအောင်။သူ့ညီက အရွယ်
တယ် ထင်တယ်။စိတ်ချ ကိုဇော့်နေရာ
လိုက်တဲ့ကောင်လေး။ကိုယ့်ကို
သေးသည်။
တဲ့ ကိုယ့်ရဲ့ညီလေး။
လာပြီ ထင်ပါရဲ့။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode
"ကော်ဖီသောက် မုန့်လည်းစားလေ
မောင်လေး"
"ဟုတ်ကဲ့ အစ်မ"
အစ်မ မဟေသီက ကိုသားကြီးဘေးမှာ
ထိုင်နေပြီး ပြုံးကာ ကျွန်တော့်ကိုစကား
လှမ်းပြောလို့နေသည်။
စကားပြောနေရင်းကနေ အစ်မ မဟေ
သီက ကိုစစ်ကြောင်းနဲ့ကျွန်တော့်ကို
ကြည့်လို့နေသည်မို့ ကျွန်တော် စိတ်
မလုံစွာနှင့်နေရခက်နေရသည်။ကျွန်
တော့် ဘေးမှာထိုင်နေသည့် သူကို
ကျွန်တော်တစ်ချက် တစ်ချက်ခိုးကြည့်
နေပေမဲ့ သူကတော့အေးဆေးပဲ။
ကျွန်တော်တို့ကအခု ကိုသားကြီးရဲ့
car showroomကရုံးခန်းထဲကို
ရောက်နေတာ ကျွန်တော်ကတော့ သူ
ခေါ်ရာနောက်ကို လိုက်နေရတာပါပဲ။
"ဟိုကောင်လေး မင်းမွေးနေ့ ငါတို့ကို
မဖိတ်ဘူးနော်။ရတယ် မှတ်ထားလိုက်ပြီ"
ကိုသားကြီးက ထိုင်နေရာကနေ ကျွန်
တော့်ကို ကြည့်ပြီး မျက်နှာတည်နှင့်
လှမ်းပြောသည်။
"ဗျာ မ မဟုတ်ဘူး ကျွန်တော်မွေးနေ့
ရှိမှန်း ကျွန်တော်တောင်မသိဘူး။ကျွန်
တော် လုပ်တာလည်းမဟုတ်တော့
ဘယ်သူတွေပါမှန်း ကျွန်တော်မသိခဲ့
ရဘူး။ကိုသားကြီးနဲ့အစ်မကို တစ်မင်
မဖိတ်တာ မဟုတ်ရပါဘူး"
ခပ်မြန်မြန် ကျွန်တော်ရှင်းပြလိုက်တဲ့
အဆုံး ကိုသားကြီးနဲ့အစ်မက
ကျွန်တော့်ကို ကြည့်ပြီးရယ်နေကြသည်။
"စနေတာပါ မောင်လေးရဲ့။စစ်ကြောင်း
ကအစ်မတို့ကိုဖိတ်တယ် အဲ့နေ့တုန်းက
အစ်မတို့ဒီမှာမရှိလို့ မလာဖြစ်ခဲ့တာကို
မင်းအစ်ကိုက စနေတာ"
အစ်မမဟေသီက ပြုံးပြီးပြောမှ
ကျွန်တော်လည်း ပြန်ရယ်ပြနိုင်သည်။
"ဒါနဲ့ စစ်ကြောင်းတို့ အခုတစ်လော
ငြိမ်ချက်သားကောင်းနေတာ မောင်လေး
သိလား"
"ဗျာ"
"အရင်တစ်ယောက်နဲ့ပြတ်ပြီးထဲက
ကောင်မလေးတွေနဲ့ ဘာသတင်းမှ
မကြားတော့ဘူးလေ။အစ်မတို့ကို
လည်း လျှိုထားတယ်။မင်းအစ်ကို
ဘာအကွက်တွေ ရွှေ့နေလည်း ငါ့
မောင်လေး သိထားလား"
အစ်မဟေသီက ကျွန်တော့်ကို
ကြည့်ပြီးမေးနေသည်။
ကျွန်တော် ဘေးကသူကို တစ်ချက်
ကြည့်လိုက်မိပြီး မျက်လုံးတွေက
မတည်ငြိမ်တော့စွာနှင့်။
"ကျ ကျွန်တော် မသိပါဘူး"
"ဒီနှစ်ယောက်တော့ တစ်ခုခုပဲ။
စစ်ကြောင်း မင်းညီကိုဘာတွေ
ခြိမ်းခြောက်ထားလဲ ဟိုမှာကလေးက
ဘာမှတောင် မပြောပြရဲတော့ဘူး။သေ
ချာနေပါပြီ စစ်ကြောင်းတို့ အသစ်တွေ့
နေတာ ထုတ်မပြပဲဖွက်ထားပုံထောက်
ဒီတစ်ယောက်ကို သည်းသည်းလှုပ်နေ
ပုံပဲ ပြောစမ်း ဘယ်ကကောင်မလေးလဲ"
အစ်မမဟေသီက ကျွန်တော့်ကိုမေး
လို့မရတော့ သူ့ကိုကြည့်ကာ အစ်ပြီး
မေးနေတော့ ကျွန်တော့်စိတ်တွေ
အဆမတန် လှုပ်ရှားလာရသည်။
ဘယ်သူ့ကိုမှမကြည့်ရဲတော့ပဲ ခေါင်းငုံ့
ထားလိုက်တဲ့အချိန်။
"ကောင်မလေး မဟုတ်ဘူး"
အခန်းထဲက လူအားလုံးရဲ့ တစ်ခဏ
တိတ်ဆိတ်သွားမှုှု။သူဘာတွေလျှောက်
ပြောနေတာလဲ။
ကျွန်တော်သူ့မျက်နှာကို အလန့်တစ်
ကြားနဲ့မော့ကြည့်လိုက်တော့ သူကျွန်
တော့်ကိုတည့်တည့်မတ်မတ် စိုက်ကြည့်
နေကာ အသာပြုံးနေပြီး။
"ကောင်မလေး မဟုတ်ရင် ကောင်လေး
လား။စစ်ကြောင်းကတော့ အစ်မတို့ကို
နောက်နေပြီ"
"မနောက်ဘူး"
အစ်မ မဟေသီရဲ့စနေတဲ့အသံနောက်
မှာ သူက မျက်နှာမလွှဲပဲ ကျွန်တော့်ကို
သာ တည့်တည့်မတ်မတ်ကြည့်လို့နေသည်။
ဒီအခြေအနေမှာ ကျွန်တော်နေရခက်
လွန်းစွာနဲ့ သူ့ကို ဆက်မပြောဖို့ စိတ်ထဲ
ကနေကြိတ်ကာ ဆုတောင်းနေသော်
လည်း ကျွန်တော့်ဆုတောင်းတွေ
မပြည့်ခဲ့။
"ကျွန်တော့်ဘေးက ကောင်လေး"
"အိုးမိုင်ဂေါ့ စစ်ကြောင်း"
အစ်မမဟေသီရဲ့ အံ့သြကြီးနေတဲ့
အသံနဲ့ မျက်နှာ။ကိုသားကြီးကလည်း
မျက်နှာမပျက်ပေမဲ့  အနည်းငယ်
အံ့သြသွားဟန်ရှိသည်။
ကျွန်တော့်လက်ထဲမှာ ကိုင်ထားတဲ့
ကော်ဖီခွက်ကို လက်ထဲကလွှတ်မကျ
သွားအောင် တုန်ယင်နေတဲ့လက်တွေနဲ့
အလျင်အမြန်ထိန်းနေပေမဲ့ ကြောက်
စိတ်တွေက။
"မ မဟုတ်ဘူး အစ်မ။သူမဟုတ်တာ
တွေ လျှောက်ပြောနေတာ။မဟုတ်ဘူး
လုံးဝမဟုတ်ဘူး။ခင်ဗျား ဘာတွေပြော
နေတာလဲ ခင်ဗျားနဲ့ကျွန်တော်က ဘာ
ဆိုင်လို့လဲ"
ကျွန်တော် ရုတ်တရက်ဘာမှမသိတော့
ပဲ သွေးပူနေတုန်း မရပ်မနားပြောလိုက်
ပြီးမှ သူ့မျက်နှာကိုပြန်ကြည့်မိသည်။
အစ်မ မဟေသီကလည်း ကျွန်တော့်
ကိုကြည့်လိုက် ကိုစစ်ကြောင်းကိုကြည့်
လိုက်နှင့် ဒီအခြေအနေကို နားမလည်
ဟန်ဖြစ်နေပုံရသည်။
မျက်နှာတည်သွားတဲ့ကိုစစ်ကြောင်းက
ကျွန်တော့်ကို တည့်တည့်မတ်မတ်
ကြည့်နေရာကနေ အကြည့်လွှဲလိုက်ပြီး
ကျွန်တော်လည်း နေရခက်လွန်းစွာနဲ့။
"စစ်ကြောင်းရယ် ဒီကောင်လေး
အတည်ပေါက်နဲ့ ကလေးကိုလိုက်စနေ
တယ်။ငါ့မောင်လေး လန့်သွားပြီ။
ကော်ဖီသောက်အုံးလေ မောင်လေး
စိတ်မဆိုးနဲ့ မင်းအစ်ကိုကအဲ့လိုပဲ
တစ်ခါတစ်လေ နောက်တတ်တယ်"
တိတ်ဆိတ်လွန်းသွားတဲ့ အခြေအနေ
တစ်ခုကို ကျွန်တော်တို့ကိုကြည့်ပြီး
စကားဆက် မပြောနိုင်ဖြစ်သွားတဲ့အစ်မ
ကပဲပြုံးကာ ဝင်ထိန်းလိုက်တယ်။
"ဖြည်းဖြည်းပြောပါ ဟိုကောင်လေးရယ်
အဲ့လောက်လည်း ငြင်းစရာမလိုပါဘူး။
ငါတို့ကောင်က ဘာများဖြစ်နေလို့လဲ
မင်းနှယ့် ငါတို့ပါလန့်တယ်"
ရယ်မောကာ ကိုသားကြီးကပါ စကား
ဆက်ပြောပေးနေပေမဲ့ ကျွန်တော်
လုံးဝစိတ်မပျော်တော့။
ငြိမ်သက်သွားတဲ့ ဘေးကသူကိုလည်း
အားနာလွန်းစွာနှင့် ကျွန်တော် မျက်နှာ
မပြရဲတော့ပါ။ကျွန်တော်တော့ မှား
သွားပြီ ထင်ပါတယ်။
ကိုသားကြီးတို့ showroom
ကနေပြန်လာတဲ့အချိန် သူကကားကို
သာ အာရုံစိုက်မောင်းနေပြီးကျွန်တော့်
ဘက်ကို တစ်ချက်လေးတောင်
မလှည့်ကြည့်လာခဲ့။
ကားထဲက တိတ်ဆိတ်လွန်းနေတဲ့
အခြေအနေမှာ ကျွန်တော်အပြစ်ရှိတဲ့
ခံစားချက်နဲ့ သူ့မျက်နှာကိုခိုးကြည့်ရင်း
များစွာ မနေတတ်ဖြစ်ရသည်။
"ကျ ကျွန်တော် တောင်းပန်ပါတယ်"
ကျွန်တော် ဘယ်လိုမှမနေနိုင်တော့ပဲ
စကားစပြောလိုက်တဲ့ အချိန်သူက
ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး
ကားကိုလမ်းဘေးမှာ ချရပ်လိုက်တယ်။
ကားရပ်လိုက်ပေမဲ့ သူဘာမှမပြောပဲ
အရှေ့ကိုပဲကြည့်ကာ ဒီအတိုင်းနေနေ
တော့ ကျွန်တော့်ရင်ထဲ နေလို့မကောင်းစွာနဲ့။
"ကျွန်တော် တောင်းပန်ပါတယ်။
ရုတ်တရက်ဆိုတော့ ဘာတွေပြော
လိုက်မိမှန်းမသိဘူး။ကျ ကျွန်တော်"
သူကျွန်တော့်ကို မျက်နှာချင်းဆိုင်လာ
တော့ ကျွန်တော်စကားဆက်မပြောရဲ
တော့ပဲ အသံတိတ်သွားရသည်။
သူ့ မျက်နှာမှာဒေါသအရိပ်အယောင်
မတွေ့ပဲ မျက်နှာမကောင်းဖြစ်နေသည်
မို့ ကျွန်တော်ပို၍ကိုယ့်ကိုကိုယ် အပြစ်
တင်မိရသည်။
"မဟုတ်ဘူး ကိုယ်မှားတာ။သူတို့က
ကိုယ်နဲ့အရမ်းရင်းနှီးနေတော့ သေချာ
မစဉ်းစားပဲ ပြောလိုက်မိတယ်။လန့်သွား
မှာပဲ ကိုယ်မှားတာ"
"ကိုစစ်ကြောင်း"
သူ့ကိုကြည့်ကာ စကားဆက်မပြောရဲ
တော့ပဲ ငြိမ်သက်နေတဲ့ ကျွန်တော့်
ခေါင်းကိုသူက တစ်ချက်အုပ်ကိုင်လိုက်
သည်။
"ဘာမှမဖြစ်ဘူး စိတ်ထဲမထားနဲ့။
ကိုယ်နောက်ဆို သတိထားမယ်
မင်းမကြိုက်တာ ကိုယ်မလုပ်ပါဘူး"
ကျွန်တော် သူ့ကိုဘာမှမပြောနိုင်တော့ပါ။
ငြိမ်သက်နေဆဲ ဖြစ်တဲ့ ကျွန်တော့်ကို
သူက အသာပြုံးပြကာ  ကားကိုပြန်
မောင်းထွက်ဖို့ပြင်နေလေပြီ။
သူကားပြန်မောင်း လာတဲ့လမ်းတစ်
လျှောက် ကျွန်တော်ငြိမ်သက်နေမိ
လျက်သာ ဒီနေ့ဖြစ်ခဲ့တာကို ပြန်စဉ်း
စားရင်း ကိုယ့်ကိုကိုယ်အပြစ်ရှိတဲ့
စိတ်နဲ့ သူ့မျက်နှာကိုခိုးကြည့်ရင်းပါ
လာခဲ့ရသည်။စိတ်ကူးနဲ့လက်တွေ့က
ထင်သလောက်မလွယ်ကူပါ ကျွန်တော့်
မှာသတ္တိတွေရှိဖို့ အများကြီးလိုသေးတာပဲ။
_____________________________
"ဆုလာဘ်ဝန်း နင့်မှာပိုက်ဆံရှိလား။
ရှိရင်ငါ့ကို ငါးသောင်းလောက် ခဏပေး
ထား နင့်အဖေလစာအပ်ရင်ငါပြန်ပေးမယ်"
မီးဖိုချောင်မှာ ကျွန်တော်ရေခွက်ထဲကို
ရေထည့်ကာ မော့သောက်နေတုန်း
ကျွန်တော့်ဘေးကို ဘယ်အချိန်က
ရောက်လာမှန်း မသိတဲ့အန်တီဆွေ။
ကြားလိုက်ရတဲ့ စကားကြောင့်လည်း
ကျွန်တော်သောက်လက်စရေပင် သီး
မလိုဖြစ်သွားရသည်။
"ကျွန်တော့်မှာ အဲ့လောက်ပိုက်ဆံ
ဘယ်က ရှိမှာလဲခင်ဗျ။ဘာဖြစ်လို့လိုတာလဲ"
"ဟဲ့ နင်ငါ့ကိုမညာနဲ့ နင့်မှာပိုက်ဆံရှိ
ကိုရှိရမယ်။ခဏပေးထားစမ်းပါ ငါသေ
ချာပေါက်ပြန်ပေးမှာ"
အလောကြီးနေတဲ့ ပုံစံနဲ့ အန်တီဆွေ
ကကျွန်တော့်ကိုစိုက်ကြည့်ပြီး တောင်း
နေတာ။ဘာအတွက်မှန်းမသိပေမဲ့
ကျွန်တော့်မှာမရှိဘူး။
"ကျွန်တော့်မှာ တစ်ကယ်မရှိဘူး"
"နင်က ငါ့ကိုမိထွေးဆိုပြီး နင်ကောင်း
စားနေတဲ့အချိန်မှာ နည်းနည်းလေးမှ
တောင် ပြန်မကြည့်ချင်ဘူးဆိုတဲ့
သဘောလား။ငါအခက်အခဲဖြစ်နေလို့
ရှေ့မျက်နှာ နောက်ထားပြီးတောင်းတာ
တောင် နင်ကငါ့ကို နည်းနည်းလေးမှ
စေတနာမရှိဘူးပဲ"
"ကျွန်တော်က ဘာကိုကောင်းစား
တာလဲ။ဘာတွေပြောနေတာလဲ"
"နင်အခုမှ မသိချင်ယောင်ဆောင်
မနေနဲ့။နင့်ကိုလမ်းထိပ်မှာအမြဲ ကားနဲ့
လာလာခေါ်နေတဲ့ကောင်လေးနဲ့ နင်နဲ့
ဘာလိုလိုတွေဖြစ်နေကြတယ်မလား။
ငါမသိဘူး ထင်မနေနဲ့"
"မဟုတ်ဘူး ကျွန်တော့်ကို ဘာတွေ
လာပြောနေတာလဲ"
အန်တီဆွေကို ကျွန်တော် စိတ်ထဲမှာ
ကြောက်လွန်းစွာနဲ့ ငြင်းပြီး ပြန်အော်
လိုက်မိသည်။
ကျွန်တော့်မျက်နှာကို အကဲခတ်နေတဲ့
အန်တီဆွေက ဘာမှမမှုသလိုပင်
တစ်ချက်ပြုံးလိုက်ပြီး။
"အဲ့ကောင်လေးရဲ့အဖေက ကုမ္ပဏီ
လုပ်ငန်းတွေအများကြီးပိုင်တဲ့ အုပ်စုရဲ့
ဥက္ကဌဆို။ငါအကုန် စုံစမ်းပြီး သိပြီးပြီ။
နင်ကတော့ အသိုင်းအဝိုင်းကြီးက
ငွေတွင်းကို ရထားတာပဲ။တစ်ဦးသား
လည်း ဖြစ်တော့နင်က တစ်ခါထဲရ
အောင်သာအပိုင်ဖမ်းထား ကြားလား"
"ကျွန်တော်မဟုတ်ဘူးလို့ပြောနေ
တယ်လေ ဘာတွေပြောနေတာလဲ"
"နင် မညာတတ်ပဲငါ့ကို မညာစမ်းပါနဲ့။
နင့်အခန်းထဲက အဲ့ကောင်လေးနင့်ကို
ပေးကမ်းထားတဲ့ ပစ္စည်းတွေ ငါအကုန်
တွေ့ပြီးပြီ။အိမ်ကိုတစ်ခါပြန်လာရင်
လည်း အဝတ်အစားအိတ်တွေအထုပ်
ကြီး အထုပ်ငယ်နဲ့ နင်တံဆိပ်တောင်
မဖြုတ်ရသေးဘူးမလား"
"ကျွန်တော့်အခန်းထဲကို ကျွန်တော်
မရှိတဲ့အချိန် ဘာဖြစ်လို့ဝင်တာလဲ။
အခုပြောနေတာတွေ တစ်ခုမှမဟုတ်
ဘူး ကျွန်တော်ပိုင်တဲ့ဟာတွေမဟုတ်ဘူး "
ကယောင်ကတမ်းနဲ့ပင် ကျွန်တော်
ငြင်းဆန်ရသည်။အန်တီဆွေ ဘယ်
တုန်းကသိသွားတာလဲ ကျွန်တော်
ဒီလောက် သတိထားနေတာတောင်မှ
ကိုစစ်ကြောင်းရဲ့မိဘတွေကိုပါသိနေပြီ
ဆိုရင် မကောင်းတာဖြစ်ဖို့ကပဲပိုများ
သည်။
ကျွန်တော် ဖြစ်နိုင်ခြေရှိသမျှကိုလျှောက်
တွေးပြီး ရင်တွေပူနေရလေပြီ။
"ငါပြောချင်တာ လောလောဆည် နင့်
လက်ထဲမှာမရှိရင်လည်း အဲ့ကောင်လေး
ကိုဖုန်းဆက်ပြီး ပိုက်ဆံလွှဲခိုင်းလိုက်"
"ကျွန်တော်က ဘာဖြစ်လို့အဲ့လိုလုပ်
ရမှာလဲ။ကျွန်တော့်တို့က ဒီအတိုင်း
ခင်ကြတာ ဘာမှသေချာမသိပဲနဲ့
လျှောက်မပြောပါနဲ့"
အလျင်အမြန်ပင် စိတ်ကိုတင်းကာ
ကျွန်တော် မျက်နှာမပျက်ပဲညာရသည်။
ကိုစစ်ကြောင်း ကျွန်တော့်ကိုအသုံးလို
တဲ့အချိန်ကျရင်သုံးဖို့ဆိုပြီး cardတွေ
လုပ်ပေးတုန်းက ကျွန်တော်သူ့ကို
စိတ်တ်ုပြီး ငြင်းခဲ့တယ်။ကျွန်တော့်
အိတ်ထဲကို သူပိုက်ဆံတွေခိုးထည့်
ပေးတုန်းက လည်းကျွန်တော် ဒေါသ
ထွက်တော့ ကျောင်းတက်နေလို့မုန့်ဖိုး
ဆိုပြီးသူပြောတာကို ကျွန်တော်လုံးဝ
လက်မခံခဲ့လို့သာ တော်သေးသည်။
မဟုတ်ရင် အန်တီဆွေက ကျွန်တော်
ငြင်းလို့မရအောင်ကိုတောင်းတော့မှာ။
"ဘာ ငါကလျှောက်ပြောနေတယ်
ဟုတ်လား။အဲ့တာဆိုပြောလေ နင်နဲ့
အဲ့ကောင်လေးက ဘာလို့တွဲသွား
တွဲလာလုပ်နေတာလဲ နင်အခန်းထဲက
ပစ္စည်းတွေက ဘာတွေလဲ။နင်တို့က
ဘယ်လို ပတ်သက်နေကြတာလဲ"
"မဟုတ်ဘူး ကျွန်တော် မဟုတ်ဘူး။
သူကကျွန်တော့်ကိုညီလေးလိုပဲ ခင်နေ
တာ သူကအဲ့လိုလူမျိုးမဟုတ်ဘူး။ကျွန်တော်တို့က ကျောင်းမှာခင်ကြလို့ တစ်ခါ
တစ်လေအပြင်မှာတွေ့ကြတာပဲရှိတယ်။
တစ်ခြား ဘာမှမရှိဘူး"
ကျွန်တော် အသည်းအသန်ပင်ငြင်းနေ
သည်ကို အန်တီဆွေက ခါးထောက်
ကာ ကျွန်တော့်မျက်နှာကိုသေချာ
ကြည့်နေသည်။
"ဟဲ့အဲ့တာဆို မရှိရင်လည်း ရှိအောင်
လုပ်လေ နင့်ရုပ်လေးနဲ့ဆိုဖြစ်နိုင်ပါ
တယ်။ဟိုကောင်လေးကနင့်ကို ဒီ
လောက်ပေးကမ်းနေတာ သဘောရိုးနဲ့
ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။အခွင့်အ
ရေးရတုန်းတစ်ခါထဲသာ ကိုယ့်ဘက်
ပါအောင်လုပ်ထား။နင်ကတစ်ခါ
သတင်းထွက်ပြီးသားပဲ နောက်တစ်ခါ
ထပ်ထွက်လည်း ဘာမှမထူးဘူး"
မခံချင်စိတ်ကြောင့် လက်သီးကို ကျစ်
ကျစ်ပါအောင်ဆုပ်လိုက်ရင်း
ကျွန်တော် အန်တီကိုစိုက်ကြည့်
လိုက်မိသည်။
လှိုက်တက်လာသည့် ဝမ်းနည်းစိတ်
နဲ့ ကျွန်တော် ပြန်ပြောချင်ပေမဲ့မလုပ်ဖြစ်
တော့။သည်းခံစိတ်ကိုပဲထားရင်း ရှောင်
ထွက်ကာကျွန်တော့်အခန်းထဲကို ဝင်လာခဲ့
လိုက်သည်။
အခန်းတံခါးကို ပိတ်ပစ်လိုက်တဲ့အချိန်
ကျွန်တော် စိတ်ရှုပ်ထွေးလွန်းစွာနဲ့
ဘာမှမစဉ်းစားမိ အောင် ကိုယ့်စိတ်
ကိုယ် ဖြေနေရတော့တယ်။
______________________________
ကျွန်တော့်အခန်းထဲက အိပ်ရာပေါ်မှာ
ဒူးနှစ်ဖက်ထောင်ကာခေါင်းငိုက်စိုက်
ကျပြီးငုတ်တုတ် ထိုင်နေမိတာ
ဘယ်လောက်ကြာ သွားသည်မသိ။
သက်ပြင်းတွေချနေမိပြီး ခေါင်းပြန်
မော့လိုက်တဲ့ချိန် ဘေးမှာချထားသည့်
ဖုန်းက လင်းနေပြီး ကိုစစ်ကြောင်း
ကျွန်တော့်ကိုဖုန်းခေါ်နေတာတွေ့
လိုက်ရသည်။miss callတွေ
လည်းအများကြီးဖြစ်နေလေပြီ။
ကျွန်တော်ဖုန်းကို အသံပိတ်ထားမိတာပဲ။
"ဘာလို့ဖုန်းမကိုင်တာလဲ ကိုယ်ခေါ်
နေတာကြာပြီ"
ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်က သူ့
အသံကိုကြားကြားချင်းပင် ကျွန်တော်
ချက်ချင်း ဘာပြန်ဖြေရမည်မသိဖြစ်ရသည်။
"ကျွန်တော် အိပ်ပျော်သွားလို့"
"ညနေဘက်ကြီး အိပ်နေတယ်
နေမကောင်းဘူးလား"
"ကောင်းပါတယ် ကျွန်တော်ဘာမှ
မဖြစ်ဘူး။ကိုစစ်ကြောင်း ဒီညနေ
အပြင်မှာတွေ့မယ်လို့ ပြောထား
တာလေ အဲ့တာ ကျ ကျွန်တော်
မေ့သွားတယ်"
ကျွန်တော်ပြန်ပြော လိုက်ချင်းပင်
သူ့ဘက်က စကားသံတွေ တစ်ခဏ
တိတ်ဆိတ်သွားသည်။
သူစိတ်ဆိုးသွားပြီလားဆိုတာ ကျွန်
တော်စိုးရိမ်မိပေမဲ့။
"မေ့သွားလည်း ဘာဖြစ်လဲ
မင်းအဆင်သင့်ဖြစ်မှ ကိုယ်
လာခေါ်မယ်လေ"
တစ်ခဏအကြာ သူ့ဘက်ကစကား
ပြန်ပြောလာပေမဲ့ ကျွန်တော် ဖုန်းကို
ဒီအတိုင်းကိုင်ထားမိပြီး သူ့ကိုဘာမှ
ပြန်မဖြေမိ။
"ဝန်း ကိုယ်ပြောနေတာကြားလား"
"ကျွန်တော် ခဏနေရင် သွားစရာ
လေးရှိနေလို့ အဲ့တာ"
"မင်းအစ်ကိုဆီပဲမလား"
ဖုန်းကိုင်ထားတဲ့လက်တွေကို ကျွန်တော်
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိတယ်။
"ကိုဇော့်ကို မတွေ့ရတာကြာလို့
သွားတွေ့ဖို့လည်း ပါပေမဲ့ ကိုဇော့်
အိမ်မှာကလေ ကိုဇော့်အမေဘက်က
အမျိုးတွေရောက်နေတယ်။အဲ့တာ
အန်တီက အိမ်ကိစ္စတွေတစ်ယောက်
ထဲမနိုင်လို့ ကျွန်တော်ကသွားဝိုင်းကူ
ပေးမလို့ပါ"
"အဲ့ဒီအိမ်မှာ မင်းကလွဲပြီး တစ်ခြား
ခိုင်းမဲ့သူ မရှိတော့ဘူးလား"
"ခင်ဗျားကလည်း အဲ့လိုတော့
မပြောပါနဲ့။ကျွန်တော်တို့ကဒီလိုပဲ
နေလာတာ ကျွန်တော့်ကိုငယ်ငယ်ထဲက
ကူညီလာခဲ့ကြတဲ့သူတွေကို ကျွန်တော်
ကတတ်နိုင်သလောက်ပြန်ကူညီတာပါ
ဟိုလိုမျိုး ခိုင်းတဲ့သဘောတော့မဟုတ်ပါဘူး"
"ကိုယ်က ပေးမသွားစေချင်လို့ပြော
တာမဟုတ်ဘူး။ကိုယ့်ကောင်လေးကို
သူများအိမ်က လိုသလို အမြဲခိုင်းနေ
တာကို မကြိုက်လို့။သွားမယ်ဆိုရင်
လည်း သွား။အပြန် နောက်မကျစေနဲ့"
"ဟုတ်"
သူသဘောတူလိုက်သည်မို့
ကျွန်တော် ချက်ချင်းပြန်ဖြေမိသည်။
သူဘယ်လိုမှ မထင်သွားလောက်ပါ
ဘူးနော်။
"အဲ့တာဆိုရင် ကျွန်တော် ဖုန်းချလိုက်
တော့မယ်နော်"
"ဝန်း"
"ဗျာ"
ဖုန်းချမည်လုပ်ကာမှ သူကကျွန်တော့်
ကိုခေါ်နေလို့ ပြန်ကိုင်ထားသော်လည်း
သူကဘာမှဆက်မပြော။
"ဘာပြောမလို့လဲ ခင်ဗျား"
"ဘာမှမဟုတ်တော့ဘူး။အပြင်ထွက်ရင်
မိုးမရွာလည်း ထီးယူသွားဖို့မမေ့နဲ့"
"ဟုတ် ကျွန်တော်သိပါတယ်"
သူဘာမှ ဆက်မပြောတော့သည်မို့
ကျွန်တော်ဖုန်း ကိုပိတ်လိုက်သည်။
အမှန်တော့ ဒီနေ့ကျွန်တော်ရုပ်ရှင်
ကြည့်ချင်တယ်လို့ပြောထားလို့ သူ
ကျွန်တော့်ကိုလိုက်ပြပေးဖို့ ချိန်းထား
တာ။အခုကျွန်တော်ကပဲ စဖျက်လိုက်
မိပြီ။
သူ ကျွန်တော့်ကိုစိတ်မဆိုးလောက်ပါဘူးနော်။
____________________________
"သားက စနေဂြိုလ်ဝင်ပြီး ဇာတာ
အညံ့ထဲကို လုံးဝရောက်နေတယ်။
ဒါတွေနဲ့တင် မပြီးသေးဘူး နောက်
ထပ်မှုခင်းရေးရာတွေထိ ဖြစ်ဖို့ မြင်
နေတယ်တဲ့။အသက်အန ္တရာယ်တွေ
ပါဖြစ်လာမယ်ဆိုရင်"
အန်တီခင် ခိုင်းထားတဲ့အလုပ်တွေပြီး
လို့ ကျွန်တော်ကိုဇော်အတွက် အအေး
တစ်ခွက်ဖျော်ပြီး အိမ်ရှေ့ကိုထွက်လာ
တော့ ကြားလိုက်ရတဲ့စကားသံ။
ကိုဇော့်အမေ အန်တီခင်က မှိုင်ကျ
နေပြီး ကိုဇော့်အဖေကလည်း အရင်
လိုသတင်းစာတောင်မဖတ်တော့ပဲ
ဒီအတိုင်းထိုင်နေပြီး ငြိမ်သက်နေတယ်။
ဘေးနားက ဆွေမျိုးတွေဖြစ်တဲ့ ကိုဇော့်
ဒေါ်လေးတွေနဲ့ အန်တီတွေကတော့
အန်တီခင့် နားမှာဝိုင်းကာ စကားပြော
နေကြလေရဲ့။
"အရင်တစ်ပတ်ကလည်း ကားမတော်မဆ
ဖြစ်တာ ကံသီပေလို့သာပေါ့"
"အချိန်ထပ်ဆွဲလို့မဖြစ်တော့ဘူး။ဆရာ
ဟောထားတဲ့အတိုင်း အင်္ဂါသမီး တစ်
ယောက် အမြန်ရှာမှဖြစ်တော့မယ်"
"မိန်းကလေးတော့မဖြစ်ဘူး သားက"
အန်တီခင်က ဘေးကကိုဇော့်ဒေါ်လေး
တွေကိုဆက်မပြောနိုင်တော့သလို
အသံတိမ်ဝင်သွားသည်။ကိုဇော်
ဘာဖြစ်လို့လဲ။ဟိုကိစ္စကိုဖြေရှင်းပြီး
ထဲက ကိုဇော်ကျောင်းကိုပြန်တက်ခွင့်
ရပြီး ကျန်းမာရေးလည်းကောင်းနေ
တာပဲလေ။
ကျွန်တော် လူကြီးတွေစကားပြောနေ
တဲ့နား ဆက်မနေသင့်တော့တာမို့
ကိုဇော့်အခန်းထဲသွားဖို့ လမ်းလျှောက်
လာစဉ်အန်တီခင်က ကျွန်တော့်ကိုလှမ်း
ကြည့်နေရာကနေ ရုတ်တရက် ဘာ
ဖြစ်သည်မသိ။
"ဆုလာဘ်"
"ဗျာ"
ကျွန်တော့်ကို အန်တီခင်က မှိုင်နေရာကနေ
ဝမ်းသာအားရလို လှမ်းကြည့်သည်။
"မင်းအစ်ကိုနဲ့တွေ့ပြီးရင် အန်တီနဲ့
စကား ခဏလောက်ပြောရအောင် သား"
"ဟုတ် ဟုတ်ကဲ့ တီခင်"
အန်တီခင်က ကျွန်တော့်ကိုအရေး
တကြီးပြောနေတာမို့ ဘာမှန်းမသိပေမဲ့
ကျွန်တော်ခေါင်းညိတ်ခဲ့ပြီး လူကြီးတွေ
ရှေ့ ခေါင်းငုံ့ကာ ထွက်လာခဲ့လိုက်တယ်။
အန်တီတို့က ပြောရမယ်ဆိုရင် အယုံ
အကြည်ကြီးကြသည်။မိဘဆိုတော့
လည်း ကိုယ့်သားသမီးအတွက်
ပူပင်နေမှာပါပဲ ကိုဇော်ကလည်းဒီနှစ်မှ
တစ်ခုမဟုတ်တစ်ခု ဖြစ်နေတယ်လို့
တောင်ပြောလို့ရသည်။။အန်တီခင်က
ကိုဇော့်ကို အရမ်းချစ်တာလေ။ဒီလို
အမေမျိုးရှိတဲ့ ကျွန်တော့်အစ်ကိုကို
ကျွန်တော် အများကြီး အားကျမိပါရဲ့။
………
အအေးခွက်ကိုကိုင်ကာ ကျွန်တော်
တံခါးခေါက်ပြီး ကိုဇော်အခန်းထဲကို
ဝင်လာခဲ့တော့ ကိုဇော်က သူ့စာရေး
စာပွဲးရှေ့ကခုံမှာထိုင်ကာ စာကြည့်
လို့နေသည်။
ကျွန်တော် အအေးခွက်ကိုစားပွဲပေါ်
တင်ပေးလိုက်ပြီး ကိုဇော့်ထိုင်ခုံဘေးက
ကုတင် အစွန်းမှာဝင်ထိုင်လိုက်သည်။
ကိုဇော့်ကို ကျွန်တော်စကားစမလို့
ကြည့်နေသော်လည်း ကိုဇော်ကတော့
သူ့စာကိုသာ အာရုံစိုက်နေတာမို့
ကျွန်တော်လည်းငြိမ်သက်နေမိစဉ်။
"အဆင်ပြေလား မင်းရဲ့"
ကိုဇော်က ဆက်မပြောတော့ပဲ ကျွန်
တော့်မျက်နှာကို ကြည့်လာတော့
ဘာကိုပြောမှန်းမသိတာမို့ ကျွန်တော်
ကြောင်အစွာနဲ့။
"ကိုယ့်ညီတောင် အသက်မပြည့်သေးပဲနဲ့
ရည်းစား ထားတတ်နေပြီပဲ"
"ကိုဇော် ဘယ် ဘယ်လိုသိတာလဲ"
ကျွန်တော် ရင်ထိတ်ပြီး မျက်လုံးတွေ
ပြူးကျယ်သွားချိန် ကိုဇော်က ကျွန်
တော့်ကိုစိုက်ကြည့်နေရာကနေ မျက်
နှာပြန်လွှဲလိုက်တယ်။
"ကျွန်တော်တောင်းပန်ပါတယ် ကျွန်
တော်တစ်မင်မပြောပြတာ မဟုတ်ပါဘူး။
ကျွန်တော် ကိုဇော့်ကို"
"ဆုလာဘ်"
တည်ငြိမ်နေတဲ့ ကိုဇော့်ခေါ်သံနောက်
အလောကြီးစွာနဲ့ရှင်းပြနေတဲ့ ကျွန်
တော့်စကားသံတွေ တိတ်သွား ရသည်။
ကိုဇော်က ကျွန်တော့်ကိုမျက်နှာချင်း
မဆိုင်လာပဲ သူ့စာကိုပဲကြည့်နေကာ
ငြိမ်သက်စွာနှင့်။
"ဘာလို့ အရမ်းကြောက်နေတာလဲ
မင်းသဘောအတိုင်း လုပ်ပြီးသွားပြီ
မလား။ကိုယ့်ကိုမပြောပြလို့လည်း
ဘာမှမဖြစ်ဘူး။အစ်ကိုတစ်ယောက်
အနေနဲ့တောင်ကိုယ်က လေးစား
ထိုက်တဲ့ အရေးပါသင့်တဲ့သူမှ
မဟုတ်တော့တာ"
"မဟုတ်ဘူး ကိုဇော်အဲ့လိုမပြောပါနဲ့"
ကျွန်တော် ဘာမှဆက်မပြောနိုင်တော့
ပဲ ကိုဇော့်မျက်နှာကို ကြည့်ကာ ဆို့
နင့်ပြီး စကားသံတွေတိတ်သွားရသည်။
မပြောရဲတော့တာဆိုရင် ပိုမှန်မည်။
ကိုဇော်ကလည်း ငြိမ်သက်ကာ နေနေ
တဲ့အချိန်အခန်းထဲမှာ  အပ်ကျသံပင်
မကြားရလောက်အောင် တိတ်ဆိတ်
သွားသည်။
"မင်းယောကျာ်းလေးတစ်ယောက်ကို
တစ်ကယ်ပဲ စိတ်ထဲမှာရှိနေပြီလား ဆုလာဘ်"
အတော်လေးကြာမှ သူကြည့်လက်စ
စာအုပ်ကိုပိတ်လိုက်ပြီး ကိုဇော်က
မျက်နှာတည်နဲ့ပဲ ကျွန်တော့်ဘက်
ကိုလှည့် လာကာမေးသည်။
အစ်ကိုဖြစ်သူဆီကနေ ဒီလိုမေးခွန်း
ကိုဖြေဖို့ ကျွန်တော့်မှာ သတ္တိတွေ
အလုံအလောက် မရှိနေခဲ့ပါ။
"ကျ ကျွန်တော်သေချာမသိဘူး"
ကျွန်တော် ကိုဇော့်ကို မျက်နှာချင်း
ဆိုင်မကြည့်ရဲပဲ ခေါင်းငုံ့ကာဖြေလိုက်
တော့ ကိုဇော့်ဆီက သက်ပြင်းချသံ
တွေကြားလိုက်ရသည်။
"ဆုလာဘ် မင်းဘာလုပ်နေတယ်ဆိုတာ
ကိုယ့်ကိုကိုယ် သေချာသိရဲ့လား။
ဟိုကိစ္စတွေဖြစ်ခဲ့လို့များ မင်းဘာမှ
သေသေချာချာမစဉ်းစားတော့ပဲ လွယ်
လွယ်နဲ့ဆုံးဖြတ်ခဲ့တာလား။ကိုယ့်ညီ
ကဒီလိုဖြစ်နေတာ ကိုယ့်ကိုအတုယူ
မှားခဲ့လို့ အစ်ကိုဖြစ်ပြီး ရှေ့ဆောင်
လမ်းပြမှားခဲ့လို့ ကိုယ့်ကြောင့်ပဲဆိုတဲ့
စိတ်တွေဝင်လာတိုင်း ကိုယ်"
"ကိုဇော်အဲ့လိုမပြော ပါနဲ့ ကိုဇော့်
ကြောင့်မဟုတ်ပါဘူး။ဒီအသက်
ဒီအရွယ်ထိကျွန်တော့်ကို ကိုဇော်က
လမ်းမှားရောက်အောင် ဘာတစ်ခုမှ
မလုပ်ခဲ့ဖူးဘူး။ကျွန်တော့်ကို စိတ်မပူ
ပါနဲ့ ကျွန်တော် ကိုယ့်ကိုကိုယ် အပြည့်
အဝ ထိန်းနိုင်ပါတယ်။ပြီးတော့ သူ။
ကိုစစ်ကြောင်းက ကျွန်တော့်အပေါ်မှာ
တစ်ကယ် စိတ်ရင်းလို့ ကျ ကျတော်
ခံစားသိနေတယ်"
ကိုဇော့်ကို ဒီစကားတွေပြောဖို့ မျက်နှာ
ပူစွာနဲ့ ကျွန်တော်မရဲတရဲနှင့်ကြည့်ရင်း
ပြောလိုက်မိသည်။
ကိုဇော်က ကျွန်တော့်မျက်နှာကိုသာ
စိုက်ကြည့်နေပြီး တစ်ခုခုကိုတွေးနေ
သည့်ပုံနှင့်ဖြစ်နေပြီး တစ်ချက်ပြုံးလာ
သည်။သို့သော်အပြုံးတွေက ကျွန်
တော်စိတ်ထင်နေလို့ပဲလား အသက်
မပါသလိုပဲ။
"ကိုယ့်ညီက ကိုယ့်ထက် သံယောဇဉ်
တွယ်ရမဲ့သူကို တွေ့နေပြီပဲ"
"မ မဟုတ်ပါဘူး။အဲ့လိုပြောရအောင်
ကိုဇော်နဲ့သူ့ကို သံယောဇဉ်ထားပုံချင်း
လည်းမတူဘူးလေ ကိုဇော်က ကျွန်
တော့်အစ်ကိုလေ သူကတော့ကျွန်တော့်"
"အဲ့တာတွေကိုယ်မသိချင်ဘူး ကိုယ်
မေးချင်တာ မင်းသူ့ကို ကိုယ့်ထက်ပိုပြီး
သံယောဇဉ် ရှိနေပြီလား"
ကိုဇော်က သူထိုင်နေသည့်ထိုင်ခုံကို
ကျွန်တော့်အရှေ့ပိုတိုးလာပြီး ချောင်
ပိတ်ထားသလိုမေးနေသည်မို့ တစ်ခါ
မှမမြင်ဖူးသည့်ကိုဇော့်ပုံစံကို ကျွန်တော်
နားမလည်ဖြစ်နေရသည်။
ကျွန်တော် ဒီထက်ပိုပြီး ရှင်းအောင်
လည်း မပြောပြတတ်တော့ဘူး။
"ကိုယ်တစ်ခုမေးမယ် ကိုယ်နဲ့အဲ့ဒီကောင်
တစ်ချိန်ထဲမှာ ဒုက္ခရောက်နေရင် မင်း
ဘယ်သူ့ကို အရင်ကယ်မလဲ"
ကျွန်တော့်ကို စိုက်ကြည့်ကာမေးနေ
သည့်ကိုဇော်မျက်နှာကို ကြည့်ပြီး
ကျွန်တော် ဆွံ့အနေတဲ့သူလို
ရုတ်တရက် ဘာမှမပြောနိုင်။
"ကိုယ်သိပြီ"
အချိန်တခဏကြာသည်အထိ ကျွန်
တော်ငြိမ်နေမိတော့ ကိုဇော်က ခေါင်းငုံ့
ကာအကြည့်လွှဲလိုက်သည်မို့ကျွန်တော်
ချက်ချင်းပင်။
"ကိုဇော် အဲ့လိုမပြောပါနဲ့ ကျွန်တော်
တို့ကငယ်ငယ်ထဲက တစ်ယောက်ဘဝ
ကိုတစ်ယောက် နားလည်ပြီးနေလာခဲ့
တဲ့ညီအစ်ကိုတွေလေ။ကျွန်တော်တို့
ကြားက သံယောဇဉ်ကဘယ်လိုလုပ်ပြီး
တစ်ခြားသူနဲ့ယှဉ်လို့ရမှာလဲ။ဘယ်သူ
နဲ့ပဲ ယှဉ်ယှဉ် ကျွန်တော့်အတွက်
ကျွန်တော့်အစ်ကိုက အမြဲပထမပဲ"
ကျွန်တော့်ကို ပြန်ကြည့်လာသည့်
ကိုဇော့်ကို ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်
ပြုံးပြပြီး ထိုင်နေရာကထရပ်လိုက်
သည်။သူ့ညီမတွေနဲ့လည်းသိပ်မတွေ့
ဖြစ်ဘူး ကျွန်တော်ကလည်း သူ့ဆီ
သိပ်မလာအားတော့ ကျွန်တော့်အစ်ကို
တစ်ယောက်ထဲ ဖြစ်နေရတာများလို့
ဝမ်းနည်းနေတယ် ထင်ပါရဲ့။
"ကိုဇော်နဲ့ မတူအောင် ဘာလို့ဒီလို
တွေပြောနေတာလဲ ကျွန်တော့်ကို
ဝမ်းနည်းရအောင်။သူ့ညီက အရွယ်
နည်းနည်းရောက်လာတော့ ကျွန်တော့်
အစ်ကို သူ့ကိုမချစ်တော့မှာစိုးရိမ်နေ
တယ် ထင်တယ်။စိတ်ချ ကိုဇော့်နေရာ
ကျွန်တော် ဘယ်သူကိုမှမပေးဘူး"
ကိုယ်ထိုင်နေတဲ့ဆီကို လျှောက်လာပြီး
ကိုယ့်ကို ပုခုံးကနေခပ်ဖွဖွ ပွေ့ဖက်
လိုက်တဲ့ကောင်လေး။ကိုယ့်ကို
ဝမ်းနည်းနေတယ် ထင်နေသလား
ကျောပြင်ကို ခပ်ဖွဖွပုတ်ပြီး နှစ်သိမ့်နေ
သေးသည်။
အစ်ကိုတစ်ယောက်အနေနဲ့ မမေးသင့်
မှန်းသိပေမဲ့ ကိုယ့်ညီကို တစ်ခြားတစ်
ယောက် လက်ထဲလွယ်လွယ်နဲ့မထည့်
ပေးနိုင်တာမလို့ ဒီလိုလေးပဲဖြစ်ဖြစ်
ကြားလိုက်ရတော့ ကိုယ်နေသာရတယ်။
ဆုလာဘ်က သိပ်ချစ်ဖို့ကောင်းတဲ့
ကောင်လေးပါ။သိပ်ကိုချစ်ဖို့ကောင်း
တဲ့ ကိုယ့်ရဲ့ညီလေး။
အခုတော့ ကိုယ့်ညီက အရွယ်ရောက်
လာပြီ ထင်ပါရဲ့။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Continue Reading
You'll Also Like
430K 53.1K 143
He's Super Sticky Chapter 223 "မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖြည့်ဆည်း​ပေးမယ် ဆိုရင် မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်!" ဝိညာဉ်ရဲ့ မတည်မငြိမ် ဖြစ်မ...
861K 54K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
657K 57.7K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
1.8M 300K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...