ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ...
Por AnnaXiao105
423K 28.3K 1.1K
WangYiBo [&] XiaoZhan Más
Intro
Part-1
Part-2
Part -3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-28
Part-29
Part-30
Part-31(final)
Part-27
11.7K 802 42
Por AnnaXiao105
Zawgyi
  အရပ်ရှစ်ခွင်တစ်ခုလုံး မည်းမှောင်သော ကြီးစိုးမှုကို ဖောက်ခွင်း၍ လျှပ်ပန်းနွယ်သဇင်မင်းက ပြိုးပြိုးပြက်ပြက် ကကြိုးဆင်လိုက်ခြင်း၏ နောက်မှ ထပ်ချပ်မကွာ လိုက်လာသော အုံ့ခြိမ့်ခြိမ့် မြည်ဟည်းသံကြောင့် ရင်အစုံ တသိမ့်သိမ့်လှိုက်ဖိုရာမှ မောဟိုက်လာပြီးနောက် နာကျင်မှုကို သည်းခံနိုင်စွမ်းမရှိတော့သည်နှင့် တစ်ပြိုင်နက်.....
  "ကျန့်ကျန့်"
  "ကိုကို..."
  "ဟင်"
  "ကိုကို"
  "နောက်တစ်ခေါက်လောက်"
  "ကိုကို"
  "ကိုကို"
  "ဝမ်ရီပေါ်..."
  "Ok...Ok ကိုယ်မစတော့ဘူး၊ ချစ်တယ် ကျန့်ကျန့်၊ အရင်အချိန်တွေအတွက်ပါ ကိုယ် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်ပေးမှာပါ"
  "ခင်ဗျား စကားတတ်လို့"
  "မတတ်ဘူး၊ တစ်မျိုးတည်း ပြောမှာ၊ သိလား"
  "ဘယ်သိမလဲ"
  "လေးလုံးတည်းလေကွာ"
  "ဟင့်အင်း၊ မသိပါဘူးဆို"
  "ခက်ပါလား"
  "ငါလဲ....."
  "ဦးချန်အပြစ်မဟုတ်ပါဘူး၊ ဒီလိုဖြစ်မှာပဲ၊ ပြန်ဆိုပြန်လာရမှာ ဦးချန်အလုပ်ပဲဟာ၊ ကျွန်တော်ကလဲ ဟိုမှာ အစည်းအဝေးခန်းဝင်နေလို့ ဖုန်းပိတ်ထားလိုက်တော့ လွဲကုန်တာပေါ့"
  "အင်း၊ ထိုင်ပါဦးကွာ"
  ဦးချန် ထသွားတာကို တစ်ချက်ကြည့်ပြီး ယွီပင်းက Sofaမှာ ဝင်ထိုင်သည်။
  "ဗျာ..."
  "ပါသွားတာပေါ့ကွယ်"
  "တကယ်ဆို သူ ဒီလိုလုပ်သွားဖို့ မကောင်းပါဘူး"
  "ကလေးက သူ့ရင်ခွင်ထဲမှာ အမြဲရှိနိုင်မှာလား၊ လူစိမ်း သူစိမ်းတွေ လက်ထဲမှာ မျက်နှာငယ်ငယ်နဲ့ ကျင်လည်ရတော့မှာ"
  "လမ်းကြောင်းရှိသမျှကို အကြောင်းကြားထားလိုက်ရင်လဲ တရားခံဖမ်းခိုင်းသလို ဖြစ်ဦးမယ်၊ လူပျောက်ကြော်ငြာသလို လုပ်ရအောင်က သူ့ဘက်က ဘယ်လိုမှ ကျေနပ်မှာမဟုတ်ဘူး"
  "ဒါလဲ မှန်တာပဲ၊ မင်းနဲ့Uncle လမ်းခွဲပြီး လိုက်ရှာကြရင် ကောင်းမလား၊ အင်း...ဒါလဲ မဖြစ်သေးပါဘူး၊ မင်းမှာလဲ မင်းဦးလေးက ကျန်းမာရေးမကောင်းတော့ အလုပ်တွေပိနေတာ"
Ep-28
Coming Soon
ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-27
Unicode
  အရပ်ရှစ်ခွင်တစ်ခုလုံး မည်းမှောင်သော ကြီးစိုးမှုကို ဖောက်ခွင်း၍ လျှပ်ပန်းနွယ်သဇင်မင်းက ပြိုးပြိုးပြက်ပြက် ကကြိုးဆင်လိုက်ခြင်း၏ နောက်မှ ထပ္ခ်ပ္မကြာ လိုက်လာသော အုံ့ခြိမ့်ခြိမ့် မြည်ဟည်းသံကြောင့် ရင်အစုံ တသိမ့်သိမ့်လှိုက်ဖိုရာမှ မောဟိုက်လာပြီးနောက် နာကျင်မှုကို သည်းခံနိုင်စွမ်းမရှိတော့သည်နှင့် တစ်ပြိုင်နက်.....
  "ကျန့်ကျန့်"
  ရှောင်ကျန့် ရီပေါ်ရင်ခွင်သို့ မျက်နှာအပ်ကာ ငိုချလိုက်သည်။ ရီပေါ်က တယုတယထွေးပိုက်လိုက်သည်။ တဒင်္ဂတော့ ရီပေါ်ဟာ သူ့ကို အားရအောင် ငိုပါစေဟု သဘောထားပြီး အတန်ကြာသော်.....
  "တိတ်တော့နော် ကျန့်ကျန့် ကိုယ့်ကြောင့် ခံစားနေရတဲ့ ကျန့်ကျန့်အတွက် ကျေနပ်အောင် ကိုယ်ပေးဆပ်ပါ့မယ် ချစ်တယ် ကျန့်ကျန့်ရယ်"
  ရီပေါ်က ရှောင်ကျန့်ကို ရင်ခွင်ထဲမှ ညင်သာစွာ ခွာထုတ်လိုက်ပြီး မျက်ရည်များကို လက်ချောင်းကလေးတွေနှင့် ပွတ်သပ်သိမ်းဆည်းပေးရင်း တောင်းပန်စကားဆိုလေသည်။
  "ကိုကို..."
  "ဟင်"
  ရုတ်တရက် ရင်ထဲ လှုပ်ခတ်သွား၏။ မပြောင်းလဲသော အဝေါ်အဝေါ်လေးများက သူ့စိတ်ကို ပြန်လည် နုပျိုကာ လှုပ်ခတ်စေနိုင်သည်။ ဒီအခေါ်အဝေါ် အသုံးအနှုန်းလေးကို သူ သိပ်လွမ်းနေမိတာ....
  "နောက်တစ်ခေါက်လောက် ပြန်ခေါ်ပေးပါလား ကျန့်ကျန့်"
  "ကိုကို"
  ရှောင်ကျန့်က ခေါင်းလေးငုံ့ကာ တိုးတိုးတိတ်တိတ်လေး ခေါ်၏။
  "နောက်တစ်ခေါက်လောက်"
  "ကိုကို"
  "နောက်...နောက်တစ်ခေါက်လောက်"
  "ကိုကို"
  "နားထောင်လို့ကောင်းလိုက်တာ၊ ပြန်ကြားချင်သေးတယ်၊ နောက်တစ်ခေါက်လောက်"
  "ဝမ်ရီပေါ်..."
  အံကြိတ်သံနှင့် သူ၏ နာမည် အပြည့်အစုံကို ခေါ်လိုက်သဖြင့် ရှောင်ကျန့်ကို ငုံ့ကြည့်ပြီး နှုတ်ခမ်းလေး ကွေးတွန့်ကာ ပြုံးလိုက်ရင်း.....
  "Ok...Ok ကိုယ္မစေတာ့ဘူး၊ ချစ်တယ် ကျန့်ကျန့်၊ အရင်အချိန်တွေအတွက်ပါ ကိုယ် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်ပေးမှာပါ"
  ရှောင်ကျန့် ရီပေါ်ကို မျက်စောင်းထိုးမိသွားသည်အထိ ကြည်မွေ့ခဲ့ပြီ။
အချစ်ကပေးသော ရင်ခုန်မှုက ဘယ်လောက်ပြင်းထန် အားကောင်းလိုက်သလဲနော်။
  "ဘာလို့ မျက်စောင်းထိုးတာလဲ" 
  "ခင်ဗျား စကားတတ်လို့"
  "မတတ္ဘူး၊ တစ်မျိုးတည်း ပြောမှာ၊ သိလား"
  "ဘယ္သိမလဲ"
  "လေးလုံးတည်းလေကွာ"
  "ဟင့်အင်း၊ မသိပါဘူးဆို"
  "အရမ်းချစ်တယ်၊ ကျန့်ကျန့်"
  ရီပေါ်က ရှောင်ကျန့်၏ နားနား တိုးတိုးကပ်ပြောလိုက်ခြင်းပင်။ ရီပေါ်က ရှောင်ကျန့် ပခုံးလေးကို အသာအယာလှမ်းဖက်ပြီးလျှင်.....
  "သွားကြစို့ ကျန့်ကျန့်နော်၊ ကိုယ်တို့ မိသားစုလေး ပျော်ရွှင်စရာတွေ ဖန်တီးပြီး အတူတူနေကြရအောင်နော်"
  ရှောင်ကျန့်၊ မျက်ရည်လေးတွေဝိုင်းလျက်နှင့် ခေါင်းညိတ်မိသည်။
  "ခက်ပါလား"
  လူကြီးမို့ စကားလုံးအဖြစ် ဤမ်ွသာ ထွက်ခဲ့သော်လည်း ရင်ထဲမှာတော့ မီးတွေ တောက်လောင်နေသလိုပါပဲ။ နာရီကို ကြည့်လိုက်တော့ ကိုးနာရီတောင် ထိုးနေပြီ။
  "ဒီလောက်ထိလုပ်သွားဖို့ လိုလို့လား"
  ဦးရှောင်ဝေ Companyကေန ချက်ချင်းထပြန်လာခဲ့သည်။ ဦးခ်န္ကို ထပ်ခါထပ်ပြန်မေးပေမယ့် ဒီစကားကိုပဲ မချို့မယွင်း ကြားနေရသည်။ ရှောင်ကျန့် ဒီလောက်ထိ လုပ်သွားမယ်လို့ သူ လုံးဝမထင်ခဲ့ပေ။
"ဦးချန် အဲဒီမှာကတည်းက ကျွန်တော့်ကို ဖုန်းလှမ်းဆက်လိုက်ရင် ကောင်းမှာ"
  "ငါလဲ....."
  "ဦးချန်အပြစ်မဟုတ်ပါဘူး၊ ဒီလိုဖြစ်မှာပဲ၊ ပြန်ဆိုပြန်လာရမှာ ဦးချန်အလုပ်ပဲဟာ၊ ကျွန်တော်ကလဲ ဟိုမွာ အစည်းအဝေးခန်းဝင်နေလို့ ဖုန်းပိတ်ထားလိုက်တော့ လွဲကုန်တာပေါ့"
  ထိုစဉ် ကားတစ္စီး၏ ဦးခေါင်းကို လှမ်းမြင်လိုက်ရသဖြင့် နှစ်ယောက်စလုံး လှည့်ကြည့်လိုက်မိကြသည်။ ယွီပင်းက အလွန်လှသော မွှေးပွခွေးရုပ်လေးကို ပိုက်လျက် ဧည့်ခန်းထဲ ဝင်လာသည်။ ပြီးတော့ မျက်လုံးတစ်ချက်ဝေ့ကြည့်ကာ.....
  "တိတ်ဆိတ်လို့ပါလား၊ ဟိုသားအဖ အပြင်ထွက်သွားတယ် ထင်တယ်"
  "အင်း၊ ထိုင်ပါဦးကွာ"
  ဦးချန် ထသြားတာကို တစ်ချက်ကြည့်ပြီး ယွီပင်းက Sofaမွာ ဝင်ထိုင်သည်။
  "သားတော့ ခရီးထွက်သွားလေရဲ့ ယွီပင်း"
  "ဗ်ာ..."
  ယွီပင်း အံ့ဩသြားမိ၏။ ရှောင်ကျန့် နေမကောင်းဖြစ်နေတာပဲ။ မနေ့ညကမှ နလံထခဲ့တာ.....။
  "Uncle၊ Uncleက မတားဘူးလား၊ ဟို ကလေးရော"
  "ပါသွားတာပေါ့ကွယ်"
  ဦးရှောင်ဝေက သူ သိတာကတစ်မျိုး၊ ရှောင်ကျန့် အပြင်ရောက်မှာ ကားယူပြီး လမ်းကြောင်းပြောင်း၍ ကိုယ်ယောင်ဖျောက်သွားတာကို တိုတိုတုတ်တုတ်ပဲ ပြောပြ၏။
  ယွီပင်း မျက်နှာမသာမယာနှင့် ငိုင်ကျသွားလေသည်။ စားပွဲပေါ်မှာ ထိုင်လျက်ချထားသော ခွေးရုပ်လေးကို မျက်မှောင်ကုတ်ငေးရင်း ဘာစကားမ် မပြောနိုင်တော့ဘဲ ရှိ၏။
  "တကယ္ဆို သူ ဒီလိုလုပ်သွားဖို့ မကောင်းပါဘူး"
  အကြာကြီးနေမှ မပွင့်တပွင့် ပြောမိသည်။ ပြောချင်တာက "ကျွန်တော့်ကိုတော့ တိုင်ပင်သင့်တယ်" ဆိုတဲ့ စကားပါ။ ဒါပေမယ့် သူ့အတွက် ကျွန်တော်ဆိုသော သူကလည်း အဓိကမဟုတ္တာကို ပို၍ ထင်ရှားနေခဲ့ပြီမို့.....
  "ကေလးက သူ့ရင်ခွင်ထဲမှာ အမြဲရှိနိုင်မှာလား၊ လူစိမ်း သူစိမ်းတွေ လက်ထဲမှာ မျက်နှာငယ်ငယ်နဲ့ ကျင်လည်ရတော့မှာ"
  "မှန်တာပေါကြွယ်၊ ဒါကြောင့် ယွီပင်းနဲ့ Uncle တိုင်ပင်ချင်တာ၊ Uncleတို့ ဘာလုပ်ကြရင် ကောင်းမလဲ"
  "လမ်းကြောင်းရှိသမျှကို အကြောင်းကြားထားလိုက်ရင်လဲ တရားခံဖမ်းခိုင်းသလို ဖြစ်ဦးမယ်၊ လူပျောက်ကြော်ငြာသလို လုပ်ရအောင်က သူ့ဘက်က ဘယ္လိုမွ ကျေနပ်မှာမဟုတ်ဘူး"
  "ဒါလဲ မွန္တာပဲ၊ မင်းနဲ့Uncle လမ်းခွဲပြီး လိုက်ရှာကြရင် ကောင်းမလား၊ အင်း...ဒါလဲ မဖြစ်သေးပါဘူး၊ မင်းမှာလဲ မင်းဦးလေးက ကျန်းမာရေးမကောင်းတော့ အလုပ်တွေပိနေတာ"
  ယွီပင်းကို ဆွဲထည့်လိုက်မိပြီးမှ မသင့်တော်တာကို တွေးမိသည်။ ယွီပင်းနဲ့ ရှောင်ကျန့်တို့ကို လက်ထပ်ပေးနိုင်တယ်ဆိုရင် အကြောင်းမဟုတ်။ အစကတည်းက ရှောင်ကျန့်ကလည်း ချစ်ခဲ့တာမဟုတ်။
  ခုလည်း လက်ထပ်ဖို့မဖြစ်နိုင်တာကို အားလုံး အတည်ပြုခဲ့ပြီး ဖြစ်သည်။ စကားကို ကြည့်ကောင်းအောင် ပြောလိုက်ရပေမယ့် ယွီပင်းကို အကူအညီတောင်းလို့ ဘယ်နည်းနဲ့မှ မဖြစ်ပါ။
  ယွီပင်းကလည်း ဦးရှောင်ဝေ ပြန်လျှောချလိုက်တာကို သိသည်။ သူကလည်း ရှောင်ကျန့်နဲ့ ပတ္သက္တာကို ဦးဆောင်ခြယ်လှယ်ဖို့ စိတ်မကူးခဲ့ပါ။ နေထိုင်မကောင်းသည့် ဖခင်နှင့် ရုတ်တရက် ယုယအလိုလိုက်နေကြသူတွေ လက်ထဲကနေ ခုန်ဆင်းသွားရသော ကလေးငယ်ကြောင့် စိတ္ပူမိတာမွာ မုသားမပါခဲ့ပေ။ ပြီးတော့ ရီပေါ်ကို သတိရလိုက်မိသည်။
  ရီပေါ် ခရီးထွက်သွားတာလည်း သုံးရက်ရှိနေပါပြီ။ ရှောင်ကျန့် ထြက္သြားတာက ရီပေါ်ကို ရှောင်ရှားလို၍ဆိုလျှင် ရီပေါ် သြားတာကေတာ့ မတတ်သာလို့ပဲ နေမှာပါ။ သူ့ကိုတောင် ကြိမ်းဝါးသွားခဲ့သည်ပဲ။
  ဒါဟာ နောက်ဆုံး တိုက်ဆိုင်မှုလား။ ကံကြမ္မာက ဘယ်သူ့ဘက်ကို တိမ်းစောင်းပေးလိုက်တာလဲ။
  မရေရာသော ထိုခရီးအတွက် သူတို့မှာ.....။
Ep-28
Coming Soon
သိပ်မကောင်းဘူး ချိုတာမရေးတတ်တော့
ပြီးရတော့မယ်
Seguir leyendo
También te gustarán
66.8K 6.6K 26
နာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။
157K 24.1K 18
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
228K 18.9K 23
လူတစ်ယောက်ကိုကာကွယ်ပေးချင်တဲ့စိတ်က...ယုန်တစ်ပိုင်းဝက်တစ်ပိုင်းလိုလူလေးနဲ့စတင်တယ်... wang yibo ငါ့ရဲ့အပြုံးလေးတွေကိုမြတ်နိုးတယ်ဆိုတဲ့မင်းအတွက်...ငါအမြ...
18.2K 3K 23
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...