Our Valentine (One Shot )

By huolongguo04

1.9K 133 1

Happy Chinese Valentine Day ❤❤ More

Our Valentine (One Shot)

Our Valentine (One Shot )

1.3K 91 0
By huolongguo04


Our Valentine

(Unicode Version )

အခုဆို ရင် ကျန့်geနဲ့ ကျွန်တော်မတွေ့ဖြစ်တာတစ်လကြာခဲ့ပြီ ။ သတိရတိုင်း ဖုန်းဆက်ချင်ပေမဲ့ ကျွန်တော်မဝံ့ရဲခဲ့ဘူး။ အဲ့နေ့က ကိစ္စကြောင့် ကျန့်ကော အတော်ကို ဒေါသထွက်နေခဲ့မှာ အသေချာ။

ဝမ်ရိပေါ် ရေစိုနေသည့် ဆံပင်တွေကို တဘက်နှင့် ခပ်နာနာကလေးပွတ်သုတ်လိုက်သည်။ အိပ်ယာဘေးက စားပွဲလေးပေါ်တင်ထားသည့် ဓာတ်ပုံလေးထဲရှိ ပုံရိပ်တို့ကို ကြည့်ရှုနေခဲ့၏ ။

ပုံထဲတွင် အနက်ရောင်ဆံပင်တွေကို သေ သေ သပ်သပ်လှန်တင်ထားပြီး ပြုံးရုံပြုံးထားပေမဲ့ မျက်နှာထက် အတိုင်းထက်အလွန်ပျော်ရွှင်နေသည့် ပုံစံထင်ဟပ်နေသော ကောင်လေးတစ်ယောက်။ ပြီးတော့ မျက်လုံးလေးတွေ မှေးမှိတ်ရင်း ရှက်သွေးဖြာကာ ရယ်နေတဲ့ ကောင်ငယ်လေးရယ်။

တစ်ယောက်က လူကြီးလူကောင်းဆန်တဲ့ suit ကို ဝတ်ဆင်ထားတယ် ၊ ကျန်တစ်ယောက်က လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေးကိုသာဝတ်ဆင်ထားတယ်။

ဓာတ်ပုံလေးကို ကိုင်ကြည့်ပြီး ခဏအကြာတွင် ဝမ်ရိပေါ် ကုတင်ထက် စိတ်ပျက်စွာ ထိုင်ချလိုက်၏  ။

ရေစိုနေသည့် ဆံပင် စိမ်းဖြဖြတွေကိုတော့ လျစ်လျူရှုထားခဲ့သည်။ မျက်တောင်နက်တွေက မငြိမ်သက် ၊ နှုတ်ခမ်းများကိုတင်းတင်းစေ့ထားသည်။

အဲ့နေ့က သူတစ်စွတ်ထိုးမလုပ်ခဲ့သင့်ဘူး ၊ အခြေအနေကို နားမလည်သည့် သူ့ကိုယ်သူသာ စိတ်တိုပစ်သည်။

"ကျန့်ge.... "

Contact nameလေးကို ထိလုဆဲဆဲမှာပင် သူ့လက်တွေကို ပြန်ရုတ်မိပါ၏ ။ အခုချိန်ဆိုge ဘာများလုပ်နေမလဲ။

သူ့မျက်လုံးတွေက အိပ်စက်ခြင်းတွေကို မရောက်ရှိနိုင် ၊ အိပ်မက်ဆိုသည်မက်ခွင့်မရှိ ၊ တစ်ညလုံး ကျန့်geအကြောင်းကို တွေးရင်း အဲ့နေ့က အကြောင်းတစ်ချို့က ခေါင်းထဲဝင်လာခဲ့တော့သည်။

ထိုနေ့ရက်အကြောင်းပြန်လည်လှန်လှောကြည့်လျှင် ဖြစ်နိုင်သည်က လွန်ခဲ့တဲ့ တစ်လ ဖြစ်ပါလိမ့်မည်။

"ရိပေါ်....မင်းဘာဖြစ်နေရပြန်တာလဲ ဘာလို့အဲ့လောက်အလိုမကျဖြစ်နေရတာလဲ "

စီးကရက်တစ်လိပ်ကို ထုတ်ကာ ရှိုက်ဖွာရင်း ဝမ်ရိပေါ် မျက်မှောင်ကြုံ့လျက်သား ကုတင်ထက်တွင် ထိုင်နေသူအား ငေးကြည့်လိုက်၏ ။ မျက်ဝန်းတွေထက် မျက်ရည်ဝေ့နေသည်က gentleဆန်တဲ့သူ့စတိုင်နဲ့မလိုက်ဖက်လွန်းလှပေ။ ဝမ်ရိပေါ် ကျစ်စုတ်သတ်ကာ ဟက်ခနဲရယ်မောလိုက်သည်။

"ရှောင်းကျန့် ခင်ဗျားဘာစောက်ချိုးချိုးနေတာလဲ "

"ဘာပြောတာလဲ... "

ရှောင်းကျန့်ကုတင်ထက်မှ ထကာ သူ့အနားရောက်ရှိလာခဲ့ပြီ။ နှုတ်ခမ်းဖျားထက်က ဆေးလိပ်ကို ရှောင်းကျန့် နှုတ်ယူပြီး ဘေးနားက အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်၏ ။

"ဝမ်ရိပေါ်....ဆေးလိပ်မသောက်နဲ့....ငါမကြိုက်ဘူး "

"ထွီ....သွားစမ်းပါ ကိုယ်ကြိုက်လို့သောက်တာ ဘယ်သူ့သောက်ဂရုစိုက်ရမလဲ ခင်ဗျားကရော ကျွန်တော်မကြိုက်တာဘာလို့လုပ်လဲ "

"ငါဘာလုပ်လို့လဲ "

"မသိတာလား...ကျွန်တော့်ကွယ်ရာမှာ အဲ့ကောင်နဲ့ ခိုးစားရတာကြိုက်နေလို့လား "

"ဘာ... "

ဝမ်ရိပေါ် စိတ်မရှည်သည့်ဟန်ဖြင့် သူ၏ ဆံပင်စိမ်းစိမ်းတွေကို ထိုးဖွကာ တစ်ဖက်သူကို လက်ညှိုးထိုးကာ ဆိုသည်။

လျှာသပ်လျက် ငေါ့စောင်းကြည့်ရင်းပြော၏ ။

"ရှောင်းကျန့် ခင်ဗျား ဟန်ဆောင်မနေပါနဲ့ အဲ့နေ့က ခင်ဗျား ဖရက်ဂျွန် ဆိုတဲ့ ကောင်နဲ့အတူရှိပြီး ရင်ခွင်ထဲမရောက်ရုံတမယ်ဖြစ်နေတာရယ် ၊ ကျုပ်မျက်လုံးကြီးနဲ့ တပ်အပ်မြင်ခဲ့တာ ဘာလဲ...အဲ့ကောင်ကို မပြတ်နိုင်သေးတာလား "

"ဘာ......မင်းပြောရဲတယ်နော်...ငါမင်းနဲ့ လက်ထပ်ပြီးတာတောင် မင်းအကျင့်ကဘာလို့မပျောက်သေးရတာလဲ မင်းငါ့ကို တစ်စွတ်ထိုးအမြဲလုပ်ပြီး ကြုံရာလူနဲ့သမုတ်နေတာမင်း ပျော်လို့လား မင်းနဲ့ငါက လက်တောင်လက်ထပ်ပြီးပြီလေကွာ ဘာလို့ မင်းအကျင့်ကို မပြင်နိုင်သေးတာလဲ "

ရှောင်းကျန်​့ ရိပေါ် ကိုစေ့စေ့ကြည့်ရင်းဆက်ကာပြော၏ ။

"ဖရက်ဂျွန်နဲ့ငါက ပြတ်သွားတာကြာပြီ မင်းသိရဲလား အခုငါတို့ ဆိုတာက မိတ်ဆွေတွေလိုပဲ နေတော့တာ အဲ့နေ့က ပြုံးရယ်နေမိတာလဲ ဒီအတိုင်း အလဘသလဘပြောရင်း... ဘာလဲ ငါကမရယ်ရတော့ဘူးလား "

"ရင်ခွင်ထဲဝင်မတတ်ဖြစ်နေတယ်တဲ့လား ဖရက်ဂျွန်မှာ ဦးနှောက်အမြှေးပါးရောင်တဲ့ရောဂါရှိနေတယ် သူက မကြာခဏ အဲ့လို မိုက်ခနဲဖြစ်သွားတတ်တာမို့ ငါထိန်းပေး ထားတာ သူ့ရည်းစားကိုတောင် သူမပြောဘဲ ငါ့အသိဆရာဝန်တစ်ယောက်နဲ့ ကုမလို့ငါနဲ့ လာဆွေးနွေးတာလေ "

"မင်းက မင်းထင်ရာတွေးပြီး ငါ့ကို စွပ်စွဲတယ်လား ဝမ်ရိပေါ် မင်းငါ့ကို တကယ်ရောချစ်ရဲ့လား မင်းနဲ့ငါလက်ထပ်ပြီးသား မင်းတစ်ယောက်ထဲကိုပဲ ငါအပိုင်ပေးထါးတာ "

ဝမ်ရိပေါ်ဆိုသည်က တစ်စွတ်ထိုးနိုင်သည် ၊ ချစ်ရသည့်တစ်ယောက်တည်းသောရှောင်းကျန့်ကို ဆုံးရှုံးရမည်ကြောက်၏ ။ သူတစ်ကယ်ယုံချင်သည်။ ဒါပေမဲ့ ရှောင်းကျန့်ညာနေတယ်ဆိုရင်ရော.... ထိုမကောင်းသည့် သံသယက ဝင်လာပြန်ပြီ။

"ဒါက ခင်ဗျားပါးစပ်ကပြောတာလေ ရှောင်းကျန့်... ကျုပ်က ဘယ်လိုယုံရမလဲ "

မဟုတ်ပါ....သူပြောချင်သည်က ဒီလိုမဟုတ်ဘူးလေ ၊ ဘာလို့ များ သူ့ပါးစပ်ဖျားက အဲ့လိုထွက်သွားရသည်လဲ။

"ဘာ.,...မင်းကငါ့ကိုမယုံဘူးတဲ့လား မင်းအကျင့်ကတကယ်မပြောင်းသေးတာပဲ "

"......... "

"မင်းငါ့ကို မချစ်ဘူးမလား "

"မ....မဟုတ်ဘူး ကျွန်တော်ခင်ဗျားကို အရမ်းချစ်တာမို့လို​့ ခင်ဗျားကျွန်တော့်ကို သစ္စာဖောက်သွားမှာကြောက်တယ် "

ပြောချင်ပါသည် ၊ ထိုကဲ့သို့ပြောလိုက်ချင်ပါ၏ ။ သို့ပေသေါ်ငြား သူ့အတွေးနှင့်ကွာခြားလွန်းစွာ ဝမ်ရိပေါ်၏ ပါးစပ်မှ အမှန်စစင်စစ်အခြားစကားထွက်သွားခဲ့ပါ၏ ။

"ကျစ်....ခင်ဗျားပြောရဲတယ်...ကျွန်တော်မချစ်ဘူးပြောတာနဲ့ ခင်ဗျားက ဟိုကောင့်ဆီသွားမှာမလား အနည်းဆုံးကျွန်တော့်ထက် ဟိုကောင်က ပိုပြီးချစ်စရာကောင်းတယ်မလား ခင်ဗျားဟိုကောင့်ကို မပြတ်နိုင်ဘူးမလား "

"ဝမ်ရိပေါ်....!!!!!"

ခွက်ခနဲ မြည်သံမှာ နံရံကပ်နာရီ၏ လက်တံမှ လှုပ်ရှားသံများကိုတောင်လွှမ်းမိုးသွားခဲ့သည်။ ကြမ်းပြင်ထက်လဲကျသွားသော အစိမ်းရောင်ဆံပင်တွေနှင့် ကောင်လေးသည် ရယ်လှောင်နေခဲ့၏ ။

နှုတ်ခမ်းထောင့်နားမှ စီးကျလာသော သွေးများကို ဖယ်သုတ်ကာ တစ်ချက်ကြည့်လေပြီး ရယ်ပြန်သည်။

ရှောင်းကျန့် လက်လွန်မိပြီ ၊ သူချစ်ရတဲ့ ကလေးကို လက်လွန်မိပါပြီ။

"ရိပေါ်.....ငါတောင်းပန်... "

"နေစမ်းပါ...ရှောင်းကျန့် ခင်ဗျားက ကျွန်တော့်ကို တစ်ခါမှတောင်လက်မပါဘူးတာ အခုတော့ အနာထိတော့ စပ်သွားတယ်ထင်ပါရဲ့....ဒီတစ်လော ခင်ဗျားတို့နှစ်ယောက် အဆက်အသွယ်ပြန်ရနေလို့ ကျုပ်မသင်္ကါတာ ထွီ.... "

သွားကြားမှ သွေးစတို့ကို ခပ်ကြမ်းကြမ်းထွေးထုတ်ပစ်ရင်း ဝမ်ရိပေါ် ထရပ်လိုက်၏ ။

"ခင်ဗျားက ဒီတစ်လော ကျွန်တော့်ထက်အဲ့ကောင်ကို ပိုဂရုစိုက်နေတာပဲ... ဘာရယ်... ရောဂါဟုတ်လား လာလိမ်မနေနဲ့... ကျွန်တော်မခံစားနိုင်ဘူးသိရဲ့လား အထက်တန်းကျောင်းကတည်းက အဲ့ကောင်နဲ့ယှဉ်ရင် ကျွန်တော်အမြဲကျန်နေခဲ့တာ
...ကြောက််တယ် အဲ့ကောင်ကို ရှုံးသွားမှာကြောက်တယ် "

"ဝမ်ရိပေါ်...သောက်ရူးပဲ မင်းက... မင်းငါ့ကိုလက်ထပ်ခဲ့တာကရော သူ့ကိုနိုင်ချင်လို့လား "

"ဘာပြောတယ်....ရှောင်ရှောင်းကျန့်..."

"အဟက်...မင်းငါ့ကိုတကယ်မှ မချစ်ခဲ့တာပဲ ဝမ်ရိပေါ်.... "

"........ "

"ကွာရှင်းရအောင် "

"မ....မရဘူး ရှောင်းကျန့် ခင်ဗျားရူးနေလား "

"ရူးနေတာမင်း... ဝမ်ရိပေါ်.... မင်းရဲ့မယုံသင်္ကါနဲ့ ဟိုလူနဲ့သမုတ်ဒီလူနဲ့သမုတ်နေတာတွေ ငါမခံစားနိုင်တော့ဘူး အခုဖရက်ဂျွန်ကိုရှုံးရမှာကြောက်တယ်တဲ့....မင်းဘာလို့မဖြေတာလဲ ငါ့ကိုချစ်တယ်ဆိုတဲ့စကားကို မင်းဘယ်တော့မှ မဖြေခဲ့ဘူးနော်....ငါအခုအဲ့အကြောင်းကိုသိသွားပြီ မင်းကငါ့ကို ချစ်မှ မချစ်ခဲ့တာ "

ထွက်သွားသော ရှောင်းကျန့်လက်တွေကို ဆွဲကိုင်ထားမိသော်လည်း အကြင်သူသည် ဆွဲသည့်လက်ဖြုတ်ကာ ထွက်သွားခဲ့လေပြီ။

"မဟုတ်ဘူး ကျန့်ge....ကျန့်ge....ကျွန်တော်ခင်ဗျားကိုချစ်တယ်...အရမ်းချစ်တယ်...အရမ်းချစ်တာမို့ လက်ထပ်ခဲ့တာပါ ဖရက်ဂျွန်ကို နိုင်ချင်တဲ့အထဲမှာ ခင်ဗျားကို လက်ထပ်ခဲ့တာမပါဘူး ကျွန်တော်​ကြောက်တာက ခင်ဗျားသူ့ဆီပြန်သွားမှာစိုးရိမ်လို့ပါ တောင်းပန်ပါတယ် ရှောင်းကျန့်.....!!!!!"

ကားသံသည် တစ်ဖြည်းဖြည်းချင်းဝေးကွာသွားခဲ့လေသည်။ ထွက်သွားခဲ့ပြီပဲ။

အရုပ်ကြိုးပြတ်ထိုင်ချရင်း လက်သီးကိုတင်းကျပ်စွာ ဆုတ်ထားမိသည်။

"ကျန့်ge ကျွန်တော်တောင်းပန်ပါတယ်... မှားမှန်းသိပါပြီ "

ကလေးတစ်ယောက်နှယ်ရှိုက်ငင်စွာ ငိုယိုမိတော့သည်။ ရေစိုဆံပင်များက ခြောက်စပြုလာသော်လည်း မျက်ဝန်းထဲက မျက်ရည်ကြည်များကတော့ဖြင့် ပို၍ပို၍သာ ကျဆင်းနေတော့သည်။
~±~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ က တရုတ်ပြည်ရဲ့ ချစ်သူများနေ့လို့ခေါ်ရလေမလား ၊ စုံတွဲတိုင်းချစ်သူတိုင်းကတော့ ဖြင့် ကိုယ်စီ အမှတ်တရတွေဖန်တီးလို့နေလေပြီ ။ ဝမ်ရိပေါ် တစ်ယောက်တည်း လျှောက်သွားနေမိပါ၏ ။

ညအချိန်သည် ခါတိုင်းနှင့်မတူ ၊ စည်းကား လျက် လူအတော်များလွန်းလှပါသည်။ Valentine day ဖြစ်သည့်အလျေက် ချစ်သူစုံတွဲများအတွက် ပရိုမိုးရှင်းတွေကလည်းမနည်းမနော။ မီးရောင်စုံတို့ကြား ဆင်တူဝတ်စုံများနှင့် အပြုံးမျက်နှာတွေကို လျစ်လျူရှမိလေ၏ ။

မီးအလှဆင်ထားတာတွေကိုလည်း ကြည့်ချင်စိတ်မရှိပါ။ ဒီညဖောက်မဲ့ ကောင်းကင်ထက်က မီးပန်းတွေကို သူတစ်ယောက်တည်းကြည့်ရတော့မယ်ထင်ပါရဲ့။

သစ်သားထိုင်ခုံလေးတွင် အသာထိုင်ရင်းကောင်းကင်ထက်တွင် ပေါ်လာမည့်မီးရှုးမီးပန်းတွေကို စောင့်ကြည့်မိပါသည်။ အနားတွင်တော့ ချစ်ရသူက မရှိ။

"ရှောင်းကျန့်..... သတိရတယ် "

Contact nameလေးကို ထိမည့်ဆဲဆဲတွင် သူ့လက်တွေကို ပြန်လည်ရုပ်သိမ်းမိသည်။ သူအမှန်တော့ တောင်းပန်ဖို့သတ္တိမရှိတာပဲ ၊ သူအမှားကိုသူအခုထိ မသိတာလား ။

မဟုတ်ဘူး....သူတောင်းပန်ရမယ် ၊ ရှောင်းကျန့်ကို သူတောင်းပန်ရမယ်။

ရဲတင်းသည့်လက်သည် ကျန့်ge ဆိုသော အမည်လေးကို နှိပ်လိုက်လေ၏ ။

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မအားသေးပါရှင်...အသံမက်ဆေ့ချန်ထား...."

ဖုန်းကိုချပစ်ကာ နောက်တစ်ကြိမ်ခေါ်ပြန်၏ ။

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမအား.."

"ကျစ်....ချီးထဲမှ..ဘယ်ကောင်နဲ့ပြောနေလို့ ဖုန်းမအားရတာလဲ "

"ကျစ်....လခွမ်းပဲ ဘာလို့ဖုန်းခေါ်မရတာလဲ အရူးကောင်ရဲ့! !!!"

တစ်ဖက်မှ အသံသည် သူ့ထက်ပင်ကျယ်လောင်နေသောကြောင့် ဝမ်ရိပေါ် အသံလာရာကြည့်လိုက်မိ၏ ။ ထိုအသံကြောင့် တစ်ချို့လမ်းသွားများကတောင် ထိုလူ့ကို ငေးကြည့်သွားကြသေးသည်။

ထိုလူသည် ကုတ်အင်္ကျီရှည်ကိုသေ သပ်စွာ စတိုင်ပန်အနက်ဖြင့်တွဲဖက်ဝတ်ဆင်ထားကာ နောက်ကျောပုံစံကတောင် ဆွဲဆောင်နိုင်လွန်း၏ ။

တစ်ဖြည်းဖြည်းသူ့ဘက်ကို ထိုလူလှည့်ကြည့်လာသည်။ နည်းနည်းလေးတောင်မလွဲ ၊ ရှောင်းကျန့်ပါပေ။

"ကျန့်....ge..."

"အာ...ရိ...ရိပေါ် "

ဝမ်ရိပေါ်သည် ချက်ချင်းငိုကြီးချက်မနှင့်အနားသို့ပြေးလာခဲ့သည် ၊ သူ့ထက်အရပ်နိမ့်သော ကောင်လေး၏ ဆွဲဖက်ခြင်း ခံလိုက်ရသော ရှောင်းကျန့်မှာ ခါးအနည်းငယ်ကိုင်းထားရပါ၏ ။

"ကျွန်တော်တောင်းပန်ပါတယ် ကျန့်ကော....ကျွန်တော်ခင်ဗျားကိုအရမ်းချစ်တယ် ...ရူးလောက်အောင်ချစ််တယ်...ဆုံးရှုံးရမှာကြောက်တဲ့အထိချစ်တယ်...ထားသွားခံရမှာကြောက်တဲ့အထိချစ်တယ်...အရမ်းချစ်တာမို့ တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...ခင်ဗျားကိုသဝန်လဲမတိုတော့ပါဘူး...ယုံလဲယုံပါပြီ ကျွန်တော့်ဆီပြန်လာပါနော် "

"အင်း...အင်းပါ....ငါလဲ မင်းကိုထိုးခဲ့မိတာတောင်းပန်ပါတယ် ဒီအတောအတွင်း ဂရုမစိုက်ခဲ့မိတာတွေအတွက်ရောတောင်းပန်ပါတယ်...မင်းကိုငါမကွာရှင်းဘူး...ဘာလို့ဆို မခွဲနိုင်အောင် ချစ်တာမို့ "

"အဲ့ဒါဆို ကျွန်တော့်ကို စိတ်ဆိုးပြေပါတော့နော် "

"အင်း.... "

"ခင်ဗျားကိုနမ်းချင်တယ် "

"မင်းကလည်း ဒဲ့ဒိုးကြီးကွာ "

ဆံပင်အစိမ်းရောင်တွေကို ထိုးဖွပေးတော့ ကောင်ငယ်လေးက ရယ်နေ၏ ။ ရုတ်တရက်ရှောင်းကျန့်လက်တွေကို ဖမ်းချုပ်ကာ ခါးကိုဆွဲပွေ့ခံလိုက်ရသည်။

Gentle man styleနဲ့ကောင်လေးက လူငယ်ဆန်တဲ့ ကောင်ငယ်လေးရဲ့ လက်ထဲတွင် ရှက်သွေးဖြန်းကာ ပန်းသွေးခြယ်နေရ၏ ။

နှုတ်ခမ်းတွေက တိုးကပ်လို့လာပြီ ၊ ရှောင်းကျန့်မျက်လုံးတွေကို မှိတ်ထားလိုက်၏ ။

နူးညံ့အိစက်သည့် အနမ်းတစ်ပွင့်ကိ​ု ခံစားချင်လှပြီ။

သို့ရာတွင်မူ အိတ်ကပ်ထဲမှ ဖုန်းသံသည် တုန်ယင်စွာ မြည်လာခဲ့သည်။

ရှောင်းကျန့်ဖုန်းထဲမှ contact nameက အစ်ကိုတဲ့လေ။

ဝမ်ရိပေါ် မျက်နှာကြီးမည်းမှောင်သွားချေပြီ ၊ ဒေါသ ကား ထောင်းခနဲ ထွက်ကာ ရှောင်းကျန့်ကို စောင်းကြည့်လျက်ဆို၏ ။

"ရှောင်းကျန့်...အဲ့တာဘယ်သူလဲ ခင်ဗျားဘာလုပ်နေတာလဲ...ဟမ်...အဲ့အစ်ကိုဆိုတာဘယ်ကောင်လဲလို့.... "

"ဟမ်...!!! သဝန်မတိုတော့ဘူးဆို "

"ဘာပြောတယ်...ခင်ဗျားမဖြေချင်လို့ စကားလွဲနေတာလား...ပြောစမ်း...အဲ့တာဘယ်သူလဲ "

"မင်းယောက်ဖ...ငါ့အစ်ကိုဟ ခွေးကောင်လေးရဲ့ "

"မယုံဝူး..."

"ဟာ!!!! "

"ဘာဟာတာလဲ...ဟမ်...ရှောင်ရှောင်းကျန့်...!!!!"

ရန်မတွေ့နိုင်ခင် ဝမ်ရိပေါ်၏ ဆံပင်လေးများကိုထိုးဖွလိုက်ကာ ပါးပြင်သို့အနမ်းတစ်ပွင့်ပေးအပ်လိုက်ချေတော့သည်။

"ဝမ်အူပုတ်လေး "

"ခင်ဗျားတစ်ယောက်ထဲကိုပဲ အူပုတ်တာ "

ကောင်းကင်ထက်တွင် အရောင်စုံသော မီးရှုးမီးပန်းများ သည် ပန်းပွင့်သဏ္ဍာန် လှပလို့နေသည်။ ကောင်းကင်ယံ၏ အောက်ဘက်တွင်တော့ ချစ်သူစုံတွဲများ၏ အနမ်းများမှာ ချိုမြိန်လွန်းလှပေသည်။

The End 💖💘✨

2020.August.25❤💚

Happy Chinese Valentine's Day

Author Note _ YiZhan လား ZhanYiလား စာဖတ်သူများ နှစ်သက်ရာတွေးနိုင်ပါသည်။

Continue Reading

You'll Also Like

55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
151K 16.9K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
458K 31.3K 46
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...