(Zawgyi)
☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎
Jungkookက အပြင်က လူသံတွေကြောင့်နိုးလာခဲ့တယ်။အခုတော့ taehyungက jungkookရဲ့ပေါင်ကိုခေါင်းဦးဦးအိပ်နေတယ်။jungkookကဆေးအိပ်ကိုကြည့်လိုက်တော့ဆေးရည်လဲကုန်နေပြီ။အချိန်ကလဲ ည၁၁နာရီထိုးဖို့ ၁၀မိနစ်လောက်သာလိုသည်။taehyungရဲ့ဖုန်းကလင်းနေတာကြောင့်ကြည့်လိုက်တော့ သူ့အမေဖုန်းတွေဆက်ထားတာကိုတွေ့လိုက်ရတယ်။အိမ်မြန်မြန်ပြန်ပို့ဖို့ taehyungပြင်လိုက်တယ်။
"Taehyung.....အိမ်ရောက်မှဆက်အိပ်ပါလား...."
"အင်း......"
မျက်လုံးကိုပွတ်ရင်း taehyungထလာခဲ့တယ်။jungkookက nurseကိုသွားခေါ်ပြီး taehyungလက်က ပိုက်ကိုဖြုတ်စေတယ်။ပြန်ဖြုတ်တော့ ခနလောက်မကြောက်တက်တာလား အိမ်ချင်မူးတူးဖြစ်နေတာကြောင့်လားတော့မသိဘူးအေးဆေးဘဲ။jungkookက taehyungအတွက်ဆေးယူပြီး အပြင်မှာစောင့်နေတယ်။
"Taehyungအဆင်ပြေရဲ့လား...."
"အင်း...."
"အိမ်ပြန်ရအောင်...."
ဆေးရုံအပြင်ကိုလမ်းလျှောက်လာပြီး ကားနားရောက်မှ Taehyung က အိမ်မပြန်ချင်ဘူးတဲ့။
"မင်း အမေရော အဖေရောစိတ်ပူနေလောက်ပြီ ကိုလဲဘာမှလှမ်းမပြောထားဘူး အိမ်ပြန်လိုက်ပါ"
Jungkookမျက်နှာကိုသေချာကြည့်နေပြီးနောက်မှအကြည့်လွှဲကာ ကားပေါ်တက်သွားတယ်။
Jungkookလဲ ကားပေါ်တက်ပြီး taehyungအိမ်ဘက်ကို ကားစမောင်းလာခဲ့တယ်။
"အခုလိုဖြစ်တာ မနက်ကခေါင်းလျှော်ပြီးရေမသုတ်လို့ဖြစ်တာ....ဆရာဝန်ပေးထားတဲ့ဆေးကိုအချိန်မှန်သောက်....မဟုတ်ရင်လက်မှာပိုက်ပြန်ချိတ်ရလိမ့်မယ်"
"ဦးဂျွန်ကလဲ....."
"Haha....."
ဒီလိုနဲ့အိမ်ရှေ့ကိုရောက်လာခဲ့တယ်။ကားပေါ်ကဆင်းရတော့မယ်လဲဆိုရင်taehyungမျက်နှာက မျက်ရည်လည်နေတဲ့ကျားပိစိလေးလိုလို။
"ကဲပါ လာ....ကိုအထဲအထိလိုက်ပို့မယ်...."
လက်ကဆွဲခေါ်တာတောင်မလိုက်ချင်လိုက်ချင်နဲ့လိုက်သွားတယ်။jungkook bellတီးပြီးမကြာဘူး jiminကတံခါးလာဖွင့်တယ်။
"Taehyungတို့ပါလား......"
"ဟယ်သားတို့ ပြန်လာပြီလား...."
Taehyungအမေကအခန်းထဲကထွက်လာတယ်။
"Taehyungကနေမကောင်းလို့ အခုဘဲဆေးရုံကဆေးသွင်းပြီးပြန်လာတာ အန်တီ အခုထိတော့ဘာမှမစားရသေးဘူး။"
"ဟယ်....taehyung....ပြစမ်း ဘာဖြစ်တာလဲ လက်မှာလဲ ပလတ်စတာနဲ့....ကျေးဇူးပါ သားဂျွန်ရယ်....ကူညီပေါင်းလဲများပြီ"
"ရပါတယ်...."
Taehyungက jungkookလက်ကိုင်ထားတယ်။မသွားချင်တဲ့ပုံမျိုးလုပ်ပြနေတော့ taehyungလဲဘာဖြစ်နေလဲ လို့taehyungကိုjungkookက တိုးတိုးသပ်သပ်မေးလိုက်တယ်။
"ဟင့်အင်း"
"သွားလေ....အိမ်ပေါ်သွားနားတော့...."
"ဦးပါလိုက်"
Jungkook's pov
"လုပ်ပြန်ပြီငိုမဲ့ငိုမဲ့နဲ့ အိမ်ခန်းထဲအထိပါခေါ်နေတယ်မင်းနဲ့တော့ ရူးတော့မယ်"
"Mommy....ဦးကိုအပေါ်ခေါ်သွားဦးမယ်"
"အော်အေအေ သွားလေ"
Taehyungနဲ့jungkookကအပေါ်တပ်လာခဲ့တယ်။အဲ့ဒါကို jiminက ကြည့်ရင်း အတွေးအချို့တွေးမိနေတယ်။
အခန်းထဲရောက်တော့.....
"Taehyung....ကိုလဲလိုက်ပို့ပြီးပြီဆိုတော့ အိပ်တော့....."
Jungkookပြောလိုက်တော့ taehyungကကုတင်ပေါ်မှာထိုင်လိုက်တယ်ဒါပေမယ့်ခေါင်းငုံပြီး ဘာမှလဲပြန်မပြောဘူး လက်ကိုဘဲကိုင်ထားတယ်။
"ကိုပြန်တော့မယ်နေကောင်းမှ ညစာအတူတူသွားစားကြတာပေါ့"
"ဟင့်~~အင်း....."
ငိုသံနဲ့ပြောလာတာကြောင့်jungkook taehyungရဲ့မျက်နှာကိုကြည့်ဖို့ taehyungအရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။
"Taehyung.....ဘာဖြစ်လို့လဲ....."
တ ရှုံ့ရှုံ့ နဲ့ taehyung ငိုချပြန်တယ်။
"ငိုနေပြန်ပီ....ဟာ...မင်းကိုဘယ်သူဘာလုပ်လို့လေ...တိတ်တိတ်"
"အဟင့်....ဦး...ဂျွန်...."
Jungkook's pov
"မင်းဘာတွေဖြစ်နေတာလဲ.....ငါကရောသူ့အပေါ်ဘာများမှားဖူးလို့လဲ"
Taehyung's pov
"ဦးဂျွန်ကိုဆုံးရှုံးရတော့မလိုခံစားနေရတယ်ရင်ထဲမွန်းကျပ်ကျပ်နဲ့"
ရုတ်တရက်jungkookကို taehyungဖက်လိုက်တယ်။ပြီးမှ မျက်နှာနဲ့ပုခုံး အပ်ပြီးငိုပါလေရော။
"ကို့ကိုစိတ်ပူအောင်လုပ်နေတာလား"
"ဦးဂျွန်....ကျနော့်~~ကိုမထား~ခဲ့ပါနဲ့...."
"ကိုကဘာကိစ္စထားခဲ့ရမှာလဲ...."
Jungkookက taehyungကျောလေးကိုသပ်ပေးပြီး သူ့ကိုလဲစိတ်ပူနေတယ်။taehyungလဲ သိသိသာသာ ကိုယ်တွေပြန်နွေးလာပြီးခြေဖျားလက်ဖျားအေး လာတယ်။
"ဖျားနေတာကို ငိုတော့ပိုဆိုးမှာပေါ့ taehyung....."
အချိန်နဲနဲကြာနေပြီမို့လို့ taehyungဖက်ထားတာကိုဖြည်ဖို့လုပ်ပေမယ့်taehyungကလွှတ်မပေးဘူး။
"ဦး......"
"အင်းပြော taehyung.....ကိုဘာလုပ်ပေးရမလဲ"
"ချစ်တယ်"
Jungkookတစ်ယောက်တစ်ကုန်လုံးခဲသွားပြီး ငြိမ်ငြိမ်ကြီးရပ်နေမိတယ်။
Jungkook's pov
"ငါအခုကြားလိုက်တာ မဖြစ်နိုင်ဘူး"
"ထားမသွားနဲ့ချစ်တယ်လို့....."
ဒုတိယတစ်ကြိမ်က jungkookကိုပိုသေချာစေတယ်။အားလုံးတိတ်ဆိတ်နေပေမယ့်jungkookကတော့သွေးပြောင်းပြန်စီးနေလောက်တယ်။ရိုးရိုးပြောရင်တောင်တစ်မျိုး taehyungကငိုပြီးတော့ကိုပြောနေတာကြောင့်jungkookဘာမှဆက်မလုပ်တက်တော့ဘူး။
"ဦးနော်....ပြန်လဲမဖြေ~~ဘူး....ကျနော့်~~ကိုအတည်ပြောတယ်မထင်လို့လား....."
"Taehyung....မင်း...."
"တကယ်~ပြောတာလို့...."
Jungkookဘာမှပြန်မပြောဘဲနေရင်taehyungလဲပြန်လွှတ်မယ်မထင်ဘူး။
Jungkookငြိမ်စတွေ့တုန်းကအချိန်နဲ့အခုချိန်ထိ taehyungနဲ့အမှတ်တရ အကုန်လုံးကိုပြန်တွေးပြီး ဖြစ်နိုင်တာဘဲလို့ သူ့ကိုသူနားချတယ်။သူကိုယ်တိုင်လဲ ထိုကောင်လေးကို သံယောဇဉ်တော့ရှိတယ်လေ။အရာအားလုံး အလျော့ပေးပြီး ဖြည့်စည်းပေးတာ သူတို့၂ယောက်လဲဆက်ဆံရေးလဲသာမှန်ဆန်ခဲ့တာမှမဟုတ်ဘဲ။
"ကိုမထားသွားဘူး ချစ်တယ်ဟုတ်ပြီလား...."
"ကျနော်ရောဘဲ"
အဲ့တော့မှ taehyungက ဖက်ထားတာကိုလွှတ်ပြီး မျက်ရည်တွေကိုသုတ်လိုက်တယ်။
"မနက်ဖြန်ကျနော်လာခဲ့မယ်နော်"
"နေကောင်းအောင်အရင်လုပ်ပါဦး...."
ခေါင်းလေးကိုသပ်ပြီးပြောလိုက်တဲ့ jungkookကိုကြည့်ပြီး taehyungကပြုံးစိပြုံးစိနဲ့။
"ခုနနဲ့မတူတော့ပါလားရုပ်က...."
"ဦးကလဲ...."
"တကယ့်ကလေးလေးအတိုင်းဘဲ....ကလေးလို့ဘဲခေါ်တော့မယ်"
"ပြီးရော...."
"နောက်ကျနေပြီအိပ်တော့....ကိုလဲပြန်တော့မယ်"
"မနက်ဖြန်လာမှာနော်"
"ဖျားနေတာကို....ကိုဘဲလာခေါ်မယ်"
"အင်း"
Taehyungကို jungkookကစောင်ခြုံပေးပြီး အခန်းထဲကထွက်လာခဲ့တယ်။အောက်ထပ်မှာတော့ taehyungအဖေနဲ့အမေကစောင့်နေတာပေါ့။
"သားဂျွန်taehyungအဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ပြေပါတယ်အန်တီနဲ့အန်ကယ်"
Jungkook's pov
"ပြေသာပြေတာ အန်တီတို့သားကနေမကောင်းတာအခွင့်အရေးယူပြီး ရည်းစားစကားပါပြောလွှတ်လိုက်တယ်"
"သား ဘာဖြစ်လို့်လဲ"
ပြုံးပြီးတခြားနေရာကိုငေးနေတာကြောင့်taehyungအမေကမေးလာမှ jungkookသတိပြန်၀င်လာတယ်။
"ဘာမှမဟုတ်ပါဘူး ကျနော်ပြန်လိုက်ပါဦးမယ်...."
"အေးသားကျေးဇူးဘဲ"
"ဟုတ်ကဲ့....."
Jungkookလဲအိမ်ကိုပြန်လာခဲ့တယ်။
.
.
.
.
To be continue.....
2.9.2020(Wednesday )
Thanks for reading💛
(Unicode)
☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎
"အင်း......"
"အင်း...."
"အိမ်ပြန်ရအောင်...."
"ဦးဂျွန် ကလဲ....."
"Haha....."
"Taehyungတို့ပါလား......"
"ရပါတယ်...."
"ဟင့်အင်း"
"ဦးပါလိုက်"
Jungkook's pov
"အော် အေအေ သွားလေ"
အခန်းထဲရောက်တော့.....
"ဟင့်~~အင်း....."
"အဟင့်....ဦး...ဂျွန်...."
Jungkook's pov
Taehyung's pov
"ဦး......"
"ချစ်တယ်"
Jungkook's pov
"Taehyung....မင်း...."
"တကယ်~ပြောတာလို့...."
"ကျနော်ရောဘဲ"
"ဦးကလဲ...."
"ပြီးရော...."
"မနက်ဖြန်လာမှာနော်"
"အင်း"
Jungkook's pov
"သား ဘာဖြစ်လို့်လဲ"
"အေးသား ကျေးဇူးဘဲ"
"ဟုတ်ကဲ့....."
.
.
.
.
To be continue.....
2.9.2020(Wednesday )
Thanks for reading💛