"Dear Chanyeollie"

By seyeol69

1.5K 237 26

"အခ်စ္...? အခ်စ္ဆိုတာ ကၽြန္ေတာ့္အတြက္ေတာ့Chanyeollieရဲ႕cupcakeနံ႔သင္းတဲ့ပါးမို႔မို႔ေတြမွ စတင္ခဲ့ဟန္တူသည္။" အခ... More

part 29

part_30

746 110 17
By seyeol69

" ရြံတယ္"

ဒီကိုကိုဟာ ဘယ္အခ်ိန္တုန္းကမ်ားဒီေလာက္ထိအသဲခြဲ တာေတာ္သြားပါလိမ့္...

ဒီကိုကိုရဲ႕ပန္းႏုေရာင္ႏႈတ္ခမ္းပါးဆီ အတင္းအၾကပ္အနမ္းေႁခြေလတိုင္း...
အခ်ိန္တိုင္း...
ကၽြန္ေတာ္ကသာသာယာရင္ခုန္ေနခဲ့ရေပမဲ့ဒီကိုကိုကေတာ့ဘယ္ေလာက္မ်ားရြံေနခဲ့ပါလိမ့္...
ဘယ္ေလာက္မ်ားစက္ဆုပ္ေနခဲ့ပါသလဲ?

ခ်စ္တယ္တဖြဖြဆိုတိုင္းလဲ သတ္ပစ္ခ်င္ေလာက္ေအာင္ရြံရွာေနပါလိမ့္မယ္...

Chanyeolရဲ႕အခ်စ္ဆိုတဲ့အရာႀကီးက ဒီလူအတြက္ေတာ့ရြံရွာစရာတခုအျဖစ္သာျမင္ေကာင္းျမင္ေနပါလိမ့္မယ္...

လူပံုအလယ္မွာအျငင္းခံရတဲ့ခံစားခ်က္ေတြထက္ပိုဆိုးပါတယ္...
ရင္ထဲမွာတဆစ္ဆစ္နဲ႔...
ကိုကို႔ကိုကားတင္ေျပးမယ္ဆိုတဲ့ ခုမတိုင္ခင္ကရူးႏွမ္းႏွမ္းအေတြးေတြက ခုေတာ့ ပီျပင္ဝိုးတဝါးေပ်ာက္ကြယ္သြားတယ္...

လူကိုသာမက ႏွလံုးသားကိုပါအပိုင္ရခ်င္သူမို႔ အတင္းအၾကပ္လဲမသိမ္းပိုက္ရက္ျပန္။ တခ်ိန္လံုးေလာင္ေနခဲ့ရတာကိုကိုမွမသိပါဘဲ...
ခုေတာ့ရြံတယ္ဆိုတဲ့စကားတခုနဲ႔ပိုင္ဆိုင္ဖို႔ႀကိဳးစားခ်င္စိတ္ေတြကအဆံုးသတ္ပါတယ္...

တခ်ိန္လံုးကိုကို႔မ်က္ႏွာကိုပဲ ၾကည့္ေနမယ့္ကၽြန္ေတာ္က ကိုကိုသာ ၾကည္ျဖဴမယ္ဆို ေအာင္ျမင္မႈ...
မိသားစု
ပိုင္ဆိုင္မႈ...
အားလံုးကိုလႊတ္ခ်ရဲတဲ့အထိ ရင္းရဲတယ္...

ရြံတယ္တဲ့...
နားထဲအဆက္မျပတ္ၾကားေနရတဲ့ထိုစကားလံုးေလးက တေျမ့ေျမ့နဲ႔...

ဒီကိုကို႔တေယာက္ကိုပဲပိုင္ဆိုင္ခ်င္တဲ့စိတ္နဲ႔ရူးေနရတဲ့ေကာင္မို႔...
ပိုၿပီးနာက်င္ရပါတယ္။

****************
"ကၽြန္မတို႔ၾကားမွာေျပာစရာစကားမရွိေတာ့ဘူးလားsehun ssi"

မိန္းကေလးေတြကတကယ့္ျပသာနာကိုမီးထြန္းရွာတယ္လို႔ေျပာတယ္ဆိုရင္လဲလြန္ရာၾကမယ္မထင္။

လြန္ခဲ့တဲ့ညရဲ႕ကိစၥေတြအၿပီးၾကားထဲအဆက္အသြယ္မရွိ ၿပီးျပတ္သြားၾကပီထင္ခဲ့ေပမဲ့၂ရက္လြန္တဲ့အခါမာေတာ့သူမက ဆိုင္ကိုေရာက္ခ်လာပါတယ္။

အငိုမ်က္ႏွာနဲ႔ဖရုိဖရဲအသြင္က တကယ့္ကိုသနားစရာမို႔ သူမအတြက္အခ်ိန္ေပးဖို႔ဆံုးျဖတ္လိုက္တယ္...

သူမက ကၽြန္ေတာ့္ဆီကဘာေတြမ်ားထပ္ေမၽွာ္လင့္ေနေသးတာလဲဆိုတာ သိရမွျဖစ္မယ္။

" ကၽြန္မကိုဟန္ေဆာင္ၿပီးတြဲေနတယ္ဆိုလဲခုတိုင္းပဲဆက္သြားၾကရေအာင္...
ကၽြန္မsehunကိုခ်စ္တယ္"

ဒီအမ်ိဳးသမီးေလးက ခက္လိုက္တာ...

" ဒါေပမဲ့...ဒီလိုပဲဆက္ေနမယ္ဆိုရင္ကၽြန္ေတာ္က ထပ္ၿပီးheyoung ssiကိုစိတ္ဒုကၡေတြပဲေပးေနမိမွာ"

" ရတယ္...ျဖစ္ပါတယ္...
ကၽြန္မက မသိခဲ့သလိုေနေပးပါ့မယ္၊ ကၽြန္မမွာႀကိဳးစားခြင့္ေတာ့ရွိတယ္မဟုတ္လား"

အေျဖမရွိတဲ့ပုစၧာကို တြက္ဖို႔ႀကိဳးစားေနတဲ့သူမကိုသနားလဲသနားမိပါရဲ႕။
အားလဲနာရေပမဲ့ထပ္ၿပီးေတာ့သူမအကူအညီကလိုေနေသးတယ္မဟုတ္လား...

" သူငယ္ခ်င္းလိုပဲ ေနၾကရေအာင္၊ ကၽြန္ေတာ့္ကိုထပ္ၿပီးအားနာရေအာင္မလုပ္ပါနဲ႔လား"

သူမက ဘာမွမေျပာ၊ မ်က္လႊာကိုခ်လို႔ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ထားတယ္၊ ငိုခ်င္ေနတာေၾကာင့္ႏွာသီးဖ်ားေတြပါရဲတြတ္လာတာကိုျမင္ေနရတယ္။

" ဆက္ၿပီးအသံုးခ်မယ္ဆိုလဲ ရပါတယ္၊
ကၽြန္မက...
အခ်ိန္အတိုင္းတာတခုေလာက္ထိ sehunအနားမွာေနခ်င္တယ္"

"ဘာလို႔လဲ..."

" ခ်စ္လို႔ပါ...
ခ်စ္မိသြားတာေၾကာင့္မလို႔ နာက်င္ရေပမဲ့ အနားမွာရွိေနၿပီးမ်က္ႏွာေလးျမင္ရရင္ေက်နပ္ေနႏိုင္မယ္ထင္တယ္"

သူမက ျပံဳးတယ္။
သူမကေလးစားဖို႔လဲေကာင္းတယ္
အနဲဆံုးေတာ့ သူမက ကၽြန္ေတာ့္ထက္သတၱိရွိေသးတယ္။

" ေကာင္းပါၿပီ...
ထပ္ေျပာခ်င္တာကေတာ့ heyoungကိုစိတ္ရင္းနဲ႔အားနာပါတယ္၊ ၿပီးေတာ့ အကူအညီေတာင္းခ်င္တယ္...ေက်းဇူးျပဳၿပီး
Chanyeollieလက္ထပ္သြားတဲ့အထိ ကၽြန္ေတာ့္အနားမွာရွိေနေပးလို႔ရမလား"

"ကၽြန္မေတာ့ chanyeollie ကိုလပ္မထပ္ေစခ်င္ေတာ့ဘူး"

သူမက အရႊန္းေဖာက္ေျပာရင္းရယ္တယ္၊
ဒါေပမဲ့ သူမက ေပ်ာ္မေနခဲ့ဘူး...

**************

" ကို အဆင္ေျပရဲ႕လား မ်က္ႏွာလဲ မေကာင္းဘူးတေန႔လံုး"

ကၽြန္ေတာ္ပီးပီးေရာေရြးေပးလိုက္တဲ့အျဖဴေရာင္dressနဲ႔သူမကအေတာ္ေလးလွေနတယ္...
ဒီေကာင္မေလးဟာ ဘာမွမသိတဲ့အရုိးခံေလး...
Chanyeolအေပၚေနာ္ေတာ္ေလးလဲခ်စ္ရွာၿပီး ဂရုစိုက္ေပးႏိုင္တယ္...
ေရွ႕ေလၽွာက္အဆင္ေျပေျပေနဖို႔ပဲႀကိဳးစားၾကည့္မယ္...
ဟန္ေဆာင္ၿပီးပဲျဖစ္ျဖစ္...
ဒါမွ ကိုကို စိတ္ခ်မ္းသာႏိုင္မယ္ထင္ပါတယ္...

...

ေယာက်္ားေတြ စိတ္ညစ္ရင္အလုပ္ျဖစ္ဆံုးအရာ ကအရက္ျဖစ္တယ္...
ဂ်စ္တူးေလးကလဲ ညတိုင္းလူမွန္းမသိေအာင္ေသာက္ေသာက္ၿပီးျပန္လာပါတယ္...

ခုလဲ အိမ္ေပၚထိတြဲေပးလို႔မရဘူး...
ဧည့္ခန္းဆိုဖာမွာသာေခါင္းငိုက္စိုက္ခ်ထိုင္ေနျပန္ပါတယ္...

" ကိုကို အခန္းထဲ ပို႔ေပးမယ္ ထ ကိုကို႔ကိုမွီၿပီးရပ္ၾကည့္ "

" မလိုပါဘူး အသည္းခြဲေတာ္သူႀကီးရဲ႕ ရြံတယ္ဆို...
ဒီေကာင္ကရြံစရာေကာင္းႀကီးေလ အသားလာမထိပါနဲ႔ ၊ကၽြန္ေတာ့္ရဲ႕ရြံစရာေကာင္းတာေတြခင္ဗ်ားဆီကူးသြားပါ့မယ္"

အန္တီ ကထြက္မၾကည့္ပဲအရစ္ခံရမွာစိုးလို႔တမင္လႊတ္ထားေပးေပမဲ့ ဂ်စ္တူးေကာင္ရဲ႕အသံက်ယ္က်ယ္ေၾကာင့္ စိတ္ညစ္ရပါတယ္...

" တိုးတိုးေျပာေလ အန္တီအိပ္ေနပီ"

" မေျပာႏိုင္ပါဘူး...
ခင္ဗ်ားနဲ႔ဒီည စာရင္းရွင္းမလို႔"

" မနက္မွ ရွင္းမယ္ ေပါင္းမွတ္ထား "

ဘာေတြစားၿပီးဒီေလာက္ထြားေနမွန္းမသိတဲ့ ခနၶာကိုယ္ႀကီးကို တြဲလို႔ အိပ္ခန္းဆီ အေရာက္ပို႔ရတယ္။

အခန္းထဲ ေရာက္တဲ့ထိ မ်က္လံုးမဖြင့္ႏိုင္ေပမဲ့ တရစပ္ေျပာေနတုန္းပဲ..

" ေက်းဇူးပဲ...
ခင္ဗ်ားေသာက္ရမ္းရြံေနတဲ့ဒီေကာင္ကို ခုလိုဂရုစိုက္ေပးတဲ့အတြက္"

Chanyeollieကေျပာသာေျပာေနတယ္အသိကပ္ပံုလဲမရ။
နီတာရဲနားရြက္ကားကားေလးေတြနဲ႔ Dumboလိုေကာင္ဆိုးေလးဟာ ျမင္ျမင္သမၽွပတ္ရမ္းေနတဲ့ဆင္ေပါက္ေလး...

အိပ္ေပ်ာ္သြားတာေသခ်ာပါမွ ေသြးစတို႔ရွိေနတဲ့လက္ဆစ္ေတြကိုေဆးထည့္ေပးရတယ္၊
ခပ္ရူးရူးေကာင္ေလးဟာမူးမူးနဲ႔အုတ္နံရံေတြကိုလက္သီးနဲ႔လိုက္ထိုးေနလို႔မနဲဆြဲခဲ့ရေသးတယ္။

"ကိုကို႔ေၾကာင့္ဒုကၡေတြမ်ားရၿပီ ကေလးရယ္"

ေခ်ာမြတ္ေနတဲ့ပါးျပင္ႏုႏုေဖာင္းေဖာင္းေလးကိုလက္နဲ႔အသာအပ္ရင္း နဖူးခ်င္းထိတိုက္ကာေတာင္းပန္မိတယ္...

ခ်စ္ရတာလဲဝဋ္ေကၽြးတခုပါပဲ...
ကေလးရယ္

*****
ခုရက္ပိုင္းရႈတင္ေတြဖ်က္ရ အလုပ္တာဝန္ေတြလစ္ဟင္းေနတဲ့ ဂ်စ္တူးေၾကာင့္ ဂ်စ္တူးရဲ႕မန္ေနဂ်ာက ညည္းညည္းညဴညဴနဲ႔ဆိုင္ေရာက္လာရင္းတိုင္ေတာပါတယ္။

" ခုတေလာ ေျပာလို႔ဆိုလို႔လိုမေကာင္းဘူး၊
အရင္ကသိပ္လိမၼာတဲ့ကေလးကခုေတာ့ အကို႔ကိုလဲ မရုိမေသနဲ႔၊ အရက္ေတြမေသာက္ပါနဲ႔ေျပာတာလဲ နားမေထာင္ဘူး။
ဟိုတေခါက္လဲ မူးမူးနဲ႔ရန္ေတြျဖစ္လို႔ သတင္းသမားေတြလက္ခ်က္မမိခင္ၾျမန္ျမန္ဖံုးဖိရေသးတယ္၊ နဲနဲပါးပါးလဲေမးၾကည့္ေပးပါအုန္း ဘာေတြျဖစ္ေနမွန္းမသိဘူး"

မခ်ိျပံဳးေလးပဲျပံဳးျပမိတယ္၊
Chanyeollie ရဲ႕အဓိကျပသာနာအရင္းခံက ကိုယ္ဆိုေတာ့လဲ အားနာနာနဲ႔ပဲေျပာသမၽွေခါင္းေလးၿငိမ့္ေနရုံပဲ...

" ဟို သူ႔ရည္းစားနဲ႔ကေရာ အဆင္ေျပေနတယ္မဟုတ္လား"

"ေျပပါတယ္၊ေျပတယ္ဆိုတာလဲ ကေလးမကေတာ္ေတာ္သနားစရာပါ၊ခ်စ္ရွာတယ္
Yeollieအတြက္ဆိုျပာေနတာပဲ၊yeollieကေတာ့ အဲ့ကေလးမအေပၚ ခုေကာင္းခ်င္ရင္ေကာင္းေနတာ၊ စိတ္မၾကည္စရာေလးတခုခုရွိလာရင္လဲအဲ့ကေလးမကိုပဲမဲေတာ့တာပဲ"

အိမ္မွာ တကိုကိုထဲ ကိုကိုေနတဲ့လူႀကီးလူေကာင္းေလးမွဟုတ္ေလစြ...

တတ္လဲတတ္ႏိုင္တဲ့ေကာင္ေလးပါပဲ...
ဆိုးၿပီးဂဂ်ီဂေဂ်ာင္ေကာင္ေလးမို႔ကေလးမေလးကေတာ့ ေတာ္ေတာ္ေလးသည္းခံရေတာ့မွာပဲ...

ကၽြန္ေတာ့္ရဲ႕ဒုကၡအိုးေလးက
ဒီကေလးမေလးနဲ႔ အဆင္ေျပေျပရွိေနတာပဲ ေတာ္ပါေသးတယ္...

ျဖစ္ႏိုင္ခဲ့ရင္ေတာ့ ကိုကိုကကိုကို႔ရဲ႕ဒုကၡအိုးေလးကို ဘယ္သူ႔လက္ထဲမွမလႊဲခ်င္ခဲ့ပါဘူးကြယ္...
တကယ္ဆို ဒီဒုကၡအိုးေလးကို ဘယ္သူမွလုမယူရေအာင္ရင္ဝယ္ပိုက္ထားခ်င္ခဲ့တယ္...
********************
Tbc:
ေနာက္၂ပိုင္းဆိုfinalပါၿပီ

********************
" ရွံတယ်"

ဒီကိုကိုဟာ ဘယ်အချိန်တုန်းကများဒီလောက်ထိအသဲခွဲ တာတော်သွားပါလိမ့်...

ဒီကိုကိုရဲ့ပန်းနုရောင်နှုတ်ခမ်းပါးဆီ အတင်းအကြပ်အနမ်းခြွေလေတိုင်း...
အချိန်တိုင်း...
ကျွန်တော်ကသာသာယာရင်ခုန်နေခဲ့ရပေမဲ့ဒီကိုကိုကတော့ဘယ်လောက်များရွံနေခဲ့ပါလိမ့်...
ဘယ်လောက်များစက်ဆုပ်နေခဲ့ပါသလဲ?

ချစ်တယ်တဖွဖွဆိုတိုင်းလဲ သတ်ပစ်ချင်လောက်အောင်ရွံရှာနေပါလိမ့်မယ်...

Chanyeolရဲ့အချစ်ဆိုတဲ့အရာကြီးက ဒီလူအတွက်တော့ရွံရှာစရာတခုအဖြစ်သာမြင်ကောင်းမြင်နေပါလိမ့်မယ်...

လူပုံအလယ်မှာအငြင်းခံရတဲ့ခံစားချက်တွေထက်ပိုဆိုးပါတယ်...
ရင်ထဲမှာတဆစ်ဆစ်နဲ့...
ကိုကို့ကိုကားတင်ပြေးမယ်ဆိုတဲ့ ခုမတိုင်ခင်ကရူးနှမ်းနှမ်းအတွေးတွေက ခုတော့ ပီပြင်ဝိုးတဝါးပျောက်ကွယ်သွားတယ်...

လူကိုသာမက နှလုံးသားကိုပါအပိုင်ရချင်သူမို့ အတင်းအကြပ်လဲမသိမ်းပိုက်ရက်ပြန်။ တချိန်လုံးလောင်နေခဲ့ရတာကိုကိုမှမသိပါဘဲ...
ခုတော့ရွံတယ်ဆိုတဲ့စကားတခုနဲ့ပိုင်ဆိုင်ဖို့ကြိုးစားချင်စိတ်တွေကအဆုံးသတ်ပါတယ်...

တချိန်လုံးကိုကို့မျက်နှာကိုပဲ ကြည့်နေမယ့်ကျွန်တော်က ကိုကိုသာ ကြည်ဖြူမယ်ဆို အောင်မြင်မှု...
မိသားစု
ပိုင်ဆိုင်မှု...
အားလုံးကိုလွှတ်ချရဲတဲ့အထိ ရင်းရဲတယ်...

ရွံတယ်တဲ့...
နားထဲအဆက်မပြတ်ကြားနေရတဲ့ထိုစကားလုံးလေးက တမြေ့မြေ့နဲ့...

ဒီကိုကို့တယောက်ကိုပဲပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ရူးနေရတဲ့ကောင်မို့...
ပိုပြီးနာကျင်ရပါတယ်။

****************
"ကျွန်မတို့ကြားမှာပြောစရာစကားမရှိတော့ဘူးလားsehun ssi"

မိန်းကလေးတွေကတကယ့်ပြသာနာကိုမီးထွန်းရှာတယ်လို့ပြောတယ်ဆိုရင်လဲလွန်ရာကြမယ်မထင်။

လွန်ခဲ့တဲ့ညရဲ့ကိစ္စတွေအပြီးကြားထဲအဆက်အသွယ်မရှိ ပြီးပြတ်သွားကြပီထင်ခဲ့ပေမဲ့၂ရက်လွန်တဲ့အခါမာတော့သူမက ဆိုင်ကိုရောက်ချလာပါတယ်။

အငိုမျက်နှာနဲ့ဖရိုဖရဲအသွင်က တကယ့်ကိုသနားစရာမို့ သူမအတွက်အချိန်ပေးဖို့ဆုံးဖြတ်လိုက်တယ်...

သူမက ကျွန်တော့်ဆီကဘာတွေများထပ်မျှော်လင့်နေသေးတာလဲဆိုတာ သိရမှဖြစ်မယ်။

" ကျွန်မကိုဟန်ဆောင်ပြီးတွဲနေတယ်ဆိုလဲခုတိုင်းပဲဆက်သွားကြရအောင်...
ကျွန်မsehunကိုချစ်တယ်"

ဒီအမျိုးသမီးလေးက ခက်လိုက်တာ...

" ဒါပေမဲ့...ဒီလိုပဲဆက်နေမယ်ဆိုရင်ကျွန်တော်က ထပ်ပြီးheyoung ssiကိုစိတ်ဒုက္ခတွေပဲပေးနေမိမှာ"

" ရတယ်...ဖြစ်ပါတယ်...
ကျွန်မက မသိခဲ့သလိုနေပေးပါ့မယ်၊ ကျွန်မမှာကြိုးစားခွင့်တော့ရှိတယ်မဟုတ်လား"

အဖြေမရှိတဲ့ပုစ္ဆာကို တွက်ဖို့ကြိုးစားနေတဲ့သူမကိုသနားလဲသနားမိပါရဲ့။
အားလဲနာရပေမဲ့ထပ်ပြီးတော့သူမအကူအညီကလိုနေသေးတယ်မဟုတ်လား...

" သူငယ်ချင်းလိုပဲ နေကြရအောင်၊ ကျွန်တော့်ကိုထပ်ပြီးအားနာရအောင်မလုပ်ပါနဲ့လား"

သူမက ဘာမှမပြော၊ မျက်လွှာကိုချလို့အောက်နှုတ်ခမ်းကိုဖိကိုက်ထားတယ်၊ ငိုချင်နေတာကြောင့်နှာသီးဖျားတွေပါရဲတွတ်လာတာကိုမြင်နေရတယ်။

" ဆက်ပြီးအသုံးချမယ်ဆိုလဲ ရပါတယ်၊
ကျွန်မက...
အချိန်အတိုင်းတာတခုလောက်ထိ sehunအနားမှာနေချင်တယ်"

"ဘာလို့လဲ..."

" ချစ်လို့ပါ...
ချစ်မိသွားတာကြောင့်မလို့ နာကျင်ရပေမဲ့ အနားမှာရှိနေပြီးမျက်နှာလေးမြင်ရရင်ကျေနပ်နေနိုင်မယ်ထင်တယ်"

သူမက ပြုံးတယ်။
သူမကလေးစားဖို့လဲကောင်းတယ်
အနဲဆုံးတော့ သူမက ကျွန်တော့်ထက်သတ္တိရှိသေးတယ်။

" ကောင်းပါပြီ...
ထပ်ပြောချင်တာကတော့ heyoungကိုစိတ်ရင်းနဲ့အားနာပါတယ်၊ ပြီးတော့ အကူအညီတောင်းချင်တယ်...ကျေးဇူးပြုပြီး
Chanyeollieလက်ထပ်သွားတဲ့အထိ ကျွန်တော့်အနားမှာရှိနေပေးလို့ရမလား"

"ကျွန်မတော့ chanyeollie ကိုလပ်မထပ်စေချင်တော့ဘူး"

သူမက အရွှန်းဖောက်ပြောရင်းရယ်တယ်၊
ဒါပေမဲ့ သူမက ပျော်မနေခဲ့ဘူး...

**************

" ကို အဆင်ပြေရဲ့လား မျက်နှာလဲ မကောင်းဘူးတနေ့လုံး"

ကျွန်တော်ပီးပီးရောရွေးပေးလိုက်တဲ့အဖြူရောင်dressနဲ့သူမကအတော်လေးလှနေတယ်...
ဒီကောင်မလေးဟာ ဘာမှမသိတဲ့အရိုးခံလေး...
Chanyeolအပေါ်နော်တော်လေးလဲချစ်ရှာပြီး ဂရုစိုက်ပေးနိုင်တယ်...
ရှေ့လျှောက်အဆင်ပြေပြေနေဖို့ပဲကြိုးစားကြည့်မယ်...
ဟန်ဆောင်ပြီးပဲဖြစ်ဖြစ်...
ဒါမှ ကိုကို စိတ်ချမ်းသာနိုင်မယ်ထင်ပါတယ်...

...

ယောကျ်ားတွေ စိတ်ညစ်ရင်အလုပ်ဖြစ်ဆုံးအရာ ကအရက်ဖြစ်တယ်...
ဂျစ်တူးလေးကလဲ ညတိုင်းလူမှန်းမသိအောင်သောက်သောက်ပြီးပြန်လာပါတယ်...

ခုလဲ အိမ်ပေါ်ထိတွဲပေးလို့မရဘူး...
ဧည့်ခန်းဆိုဖာမှာသာခေါင်းငိုက်စိုက်ချထိုင်နေပြန်ပါတယ်...

" ကိုကို အခန်းထဲ ပို့ပေးမယ် ထ ကိုကို့ကိုမှီပြီးရပ်ကြည့် "

" မလိုပါဘူး အသည်းခွဲတော်သူကြီးရဲ့ ရွံတယ်ဆို...
ဒီကောင်ကရွံစရာကောင်းကြီးလေ အသားလာမထိပါနဲ့ ၊ကျွန်တော့်ရဲ့ရွံစရာကောင်းတာတွေခင်ဗျားဆီကူးသွားပါ့မယ်"

အန်တီ ကထွက်မကြည့်ပဲအရစ်ခံရမှာစိုးလို့တမင်လွှတ်ထားပေးပေမဲ့ ဂျစ်တူးကောင်ရဲ့အသံကျယ်ကျယ်ကြောင့် စိတ်ညစ်ရပါတယ်...

" တိုးတိုးပြောလေ အန်တီအိပ်နေပီ"

" မပြောနိုင်ပါဘူး...
ခင်ဗျားနဲ့ဒီည စာရင်းရှင်းမလို့"

" မနက်မှ ရှင်းမယ် ပေါင်းမှတ်ထား "

ဘာတွေစားပြီးဒီလောက်ထွားနေမှန်းမသိတဲ့ ခန္ဓာကိုယ်ကြီးကို တွဲလို့ အိပ်ခန်းဆီ အရောက်ပို့ရတယ်။

အခန်းထဲ ရောက်တဲ့ထိ မျက်လုံးမဖွင့်နိုင်ပေမဲ့ တရစပ်ပြောနေတုန်းပဲ..

" ကျေးဇူးပဲ...
ခင်ဗျားသောက်ရမ်းရွံနေတဲ့ဒီကောင်ကို ခုလိုဂရုစိုက်ပေးတဲ့အတွက်"

Chanyeollieကပြောသာပြောနေတယ်အသိကပ်ပုံလဲမရ။
နီတာရဲနားရွက်ကားကားလေးတွေနဲ့ Dumboလိုကောင်ဆိုးလေးဟာ မြင်မြင်သမျှပတ်ရမ်းနေတဲ့ဆင်ပေါက်လေး...

အိပ်ပျော်သွားတာသေချာပါမှ သွေးစတို့ရှိနေတဲ့လက်ဆစ်တွေကိုဆေးထည့်ပေးရတယ်၊
ခပ်ရူးရူးကောင်လေးဟာမူးမူးနဲ့အုတ်နံရံတွေကိုလက်သီးနဲ့လိုက်ထိုးနေလို့မနဲဆွဲခဲ့ရသေးတယ်။

"ကိုကို့ကြောင့်ဒုက္ခတွေများရပြီ ကလေးရယ်"

ချောမွတ်နေတဲ့ပါးပြင်နုနုဖောင်းဖောင်းလေးကိုလက်နဲ့အသာအပ်ရင်း နဖူးချင်းထိတိုက်ကာတောင်းပန်မိတယ်...

ချစ်ရတာလဲဝဋ်ကျွေးတခုပါပဲ...
ကလေးရယ်

*****
ခုရက်ပိုင်းရှုတင်တွေဖျက်ရ အလုပ်တာဝန်တွေလစ်ဟင်းနေတဲ့ ဂျစ်တူးကြောင့် ဂျစ်တူးရဲ့မန်နေဂျာက ညည်းညည်းညူညူနဲ့ဆိုင်ရောက်လာရင်းတိုင်တောပါတယ်။

" ခုတလော ပြောလို့ဆိုလို့လိုမကောင်းဘူး၊
အရင်ကသိပ်လိမ္မာတဲ့ကလေးကခုတော့ အကို့ကိုလဲ မရိုမသေနဲ့၊ အရက်တွေမသောက်ပါနဲ့ပြောတာလဲ နားမထောင်ဘူး။
ဟိုတခေါက်လဲ မူးမူးနဲ့ရန်တွေဖြစ်လို့ သတင်းသမားတွေလက်ချက်မမိခင်ြမြန်မြန်ဖုံးဖိရသေးတယ်၊ နဲနဲပါးပါးလဲမေးကြည့်ပေးပါအုန်း ဘာတွေဖြစ်နေမှန်းမသိဘူး"

မချိပြုံးလေးပဲပြုံးပြမိတယ်၊
Chanyeollie ရဲ့အဓိကပြသာနာအရင်းခံက ကိုယ်ဆိုတော့လဲ အားနာနာနဲ့ပဲပြောသမျှခေါင်းလေးငြိမ့်နေရုံပဲ...

" ဟို သူ့ရည်းစားနဲ့ကရော အဆင်ပြေနေတယ်မဟုတ်လား"

"ပြေပါတယ်၊ပြေတယ်ဆိုတာလဲ ကလေးမကတော်တော်သနားစရာပါ၊ချစ်ရှာတယ်
Yeollieအတွက်ဆိုပြာနေတာပဲ၊yeollieကတော့ အဲ့ကလေးမအပေါ် ခုကောင်းချင်ရင်ကောင်းနေတာ၊ စိတ်မကြည်စရာလေးတခုခုရှိလာရင်လဲအဲ့ကလေးမကိုပဲမဲတော့တာပဲ"

အိမ်မှာ တကိုကိုထဲ ကိုကိုနေတဲ့လူကြီးလူကောင်းလေးမှဟုတ်လေစွ...

တတ်လဲတတ်နိုင်တဲ့ကောင်လေးပါပဲ...
ဆိုးပြီးဂဂျီဂဂျောင်ကောင်လေးမို့ကလေးမလေးကတော့ တော်တော်လေးသည်းခံရတော့မှာပဲ...

ကျွန်တော့်ရဲ့ဒုက္ခအိုးလေးက
ဒီကလေးမလေးနဲ့ အဆင်ပြေပြေရှိနေတာပဲ တော်ပါသေးတယ်...

ဖြစ်နိုင်ခဲ့ရင်တော့ ကိုကိုကကိုကို့ရဲ့ဒုက္ခအိုးလေးကို ဘယ်သူ့လက်ထဲမှမလွှဲချင်ခဲ့ပါဘူးကွယ်...
တကယ်ဆို ဒီဒုက္ခအိုးလေးကို ဘယ်သူမှလုမယူရအောင်ရင်ဝယ်ပိုက်ထားချင်ခဲ့တယ်...
********************

နောက်၂ပိုင်းဆိုfinalပါပြီ

********************



Continue Reading

You'll Also Like

558K 108K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
104K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
55K 14.6K 52
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
583K 65.8K 34
6 years later,he found his wife(husband).