ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်

By AungKhant266

20.7K 583 60

ဒါကျွန်တော် အရမ်းကြိုက်​​တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-4. (Zawgyi)
Zawgyi. Chapter-5
Chapter-6
Chapter-6 (Zawgyi )
Chapter-7 (Unicode)
Chapter-7. (Zawgyi)
Chapter-8
Chapter-8. (Zawgyi)
Chapter-9. (Unicode)
Chapter-9. (Zawgyi)
Chapter-10. (Unicode)
Chapter-10. (Zawgyi)
Chapter-11. (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Extra-1. (Uni)
Extra-1. (Zawgyi)
Extra-Final. (Uni)
Extra-Final. (Zawgyi)
Zawgyi. Chapter-1
Chapter-2. (Zawgyi)
Chapter-3. (Zawgyi)
Chapter-4 .(Zawgyi)
Chspter-5 .(Zawgyi)
Chapter-6 .(Zawgyi)
Chapter-7 .(Zawgyi)
Chapter-8 .(Zawgyi)
Chapter-9 .(Zawgyi)
Chapter-10 .(Zawgyi)
Chapter-11 .(Zawgyi)
ဇာတ်သိမ်းပိုင်း. (Zawgyi)
Extra. 1 .(Zawgyi)
Extra Final. (Zawgyi)

Chapter-11. (Unicode)

631 26 4
By AungKhant266

ဒီအပိုင်းမှာ အမှားတစ်ချို့လေးပါနေပါတယ်နော်။ အဲ့ဒါလေးကတော့" Min& Jay" ရဲ့သွေးအမျိုးအစားလေးမသိလို့ ဒီအတိုင်းလေးပဲ ထည့်ရေးမိလိုက်တာမို့ အမှားပါသွားရင် တောင်းပန်ပါရစေနော်။

ဒီနေ့jayရဲ့ တစ်ကိုယ်တော်အခွေလက်မှတ်ထိုးပွဲကို Sedona hotelမှာကျင်းပလေသည်။ လက်မှတ်ထိုးပွဲတွင် စာနယ်စင်းများ jayကိုအားပေးသော ပရိတ်သတ်အများအပြားလာရောက်ကြလေသည်။ အခုဆိုjayဟာ အဆိုတော်တစ်​ယောက်အဖြစ် လူအများကအသိအမှတ်ပြုကြလေသည်။

အသွေးနင်jayကို ဂုဏ်ပြုပန်းစီးတက်ပေးမယ်မဟုတ်လား။ jayဒီနေ့ဝတ်ထားတာလေးနဲ့ အရမ်းလိုက်ဖက်တယ်နော်အသွေး။ နတ်သားလေးတစ်ပါးအလားခန့်ညားလိုက်တာ အခုဆို jayကိုအားပေးကြတဲ့ ပရိတ်သတ်တွေကောရှိနေပြီ။ jayလဲတစ်ကိုယ်တော်အခွေထွက်ပြီးပြီဆိုတော့ နင်တို့နှစ်ယောက် ရှေ့ဆက်ပြီးဘယ်လိုလုပ်ကြမလဲ။

"အွန်း ပန်းစီးကတော့ခနနေမှတက်ပေးတော့မယ်။ ဒီအတိုင်းလေးပဲပေါ့။ သူလဲအောင်မြင်မှု့ရနေပြီဆိုတော့ ငါလဲစိတ်ပူစရာမလိုတော့သလို နင်အတွက်လဲကောင်းတာပေါ့။ နင်ပြောသလိုပဲလေနဒီ အခွေထွက်တဲ့အထိ jayကိုငါကူညီပေးယုံပဲမလား။ ငါ့တာဝန်ကျေပြီလေ။"

"ငါဘာပြောချင်လဲဆိုတာ နင်ကောင်းကောင်းသိပါတယ်အသွေးရာ။ "

နဒီ ဒီနေ့jayကိုငါတို့ဂုဏ်ပြုပွဲလုပ်ပေးကြရအောင်။ ငါဆိုင်တစ်ဆိုင်ကို ဘိုကင်ချိတ်ထားလိုက်မယ်။ jayအတွက်အမှတ်တရလက်ဆောင်တစ်ခုခု ပြင်ထားပေးရမယ်။

"နင်ကိုငါကဆိုင်နေရာကို massageပို့လိုက်မယ်။ နင်ကjayကိုခေါ်ခဲ့ဟုတ်ပြီလား။"

ကျွန်တော်အခု ကျေးဇူးတင်ရမယ့်သူနှစ်ဦးကို ကျေးဇူးတင်စကားပြောခွင့်ပြုပါ။ အခုလို ကျွန်တော်အခွေထွက်နိုင်အောင်ကူညီပေးတဲ့ AK Entertainmentရယ် ကိုမင်းသွေးခန့်နဲ့မထက်နဒီလွင်ကိုလဲကျေးဇူးတင်ပါတယ်။ သူတို့သာကျွန်တော်ကို အစစအရာရာအကူညီမပေးခဲ့ရင် jayဒီလိုအဆင့်ထိရောက်မလာခဲ့ပါဘူး။ နောက်ကျေးဇူးတင်ရမယ့်သူကတော့ တေးရေးဆရာကိုKaiကိုပါ။ ကျွန်တော်အခွေအတွက် သီချင်းတော်တော်များများကို ရေးပေးထားတဲ့သူဆိုလဲမမှားပါဘူး။ jayရဲ့အခွေက်ိုစောင့်မျှော်အားပေးကြတဲ့ ပရိတ်သတ်အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေပြောကြားပါရစေ။ jayစကားဆုံးတာနဲ့ စာနယ်စင်းသမားများနဲ့ အခွေကိုလာရောက်အားပေးသော ပရိတ်သတ်များကလက်ခုပ်တီးကာအားပေးကြလေသည်။

"Congratulations jay၊ မင်းသွေးခန့်ပန်းစီးကိုကမ်းပေးရင်း ဂုဏ်ပြုစကားဆိုမိလေသည်။"

"ကျေးဇူးတင်ပါတယ်ကိုမင်းသွေးခန့်"

"Jayမမအတွက်ကော အခွေဘယ်မှာလဲ။ "

"မမနဒီအတွက် jayလက်မှတ်ပါတစ်ခါထဲထိုးပြီးသားပါနော်။ "

ဒါနဲ့ကိုမင်းသွေးခန့်ဘယ်ရောက်သွားလဲမမနဒီ။ အခုလေးတင်ရှိနေတာကို။

အသွေးအရေးကြီးတဲ့ ကိစ္စလေးတစ်ခုပေါ်လာလို့တဲ့ အဲ့တာjayကိုမမကပြန်လိုက်ပို့ပေးရမှာ။ ဘာဖြစ်လို့လဲဟင်။

အမှန်ဆိုjayကိုစောင့်နေသင့်တယ်။

"Jayထင်သလိုလဲမဟုတ်လောက်ပါဘူးကွယ်။ အခုဟာက အရမ်းအရေးကြီးနေလို့ဖြစ်ပါလိမ့်မယ်။
Jayခနလေးနော် မမသန့်စင်ခန်းခနသွားလိုက်အုံးမယ်။"

"Jay congratulationပါ။"

"ကျေးဇူးကိုKai။ ကိုKaiရဲ့ကျေးဇူးတွေလဲပါ ပါတယ်။"

ဒါနဲ့jayကို ကိုယ်ဂုဏ်ပြုတဲ့အနေနဲ့ ညစာစားပွဲလေးလုပ်ပေးမလားလို့ jayအားရင် လိုက်ခဲ့ပါ့လား။

Jayမလိုက်တော့ပါဘူးကိုKai။ မမနဒီနဲ့ပြန်ရမှာဆိုတော့လေ။ jayအားနာစွာနဲ့ပဲ ငြင်းပါရစေ။

Jayဘက်ကမငြင်းပါနဲ့ ကိုယ့်အချစ်ကိုလဲ ငြင်းခဲ့ပြီးပြီ။ ဒီတခါတော့ မငြင်းပါနဲ့။ ကိုယ်jayကိုမိတ်ဆွေအဖြစ်နဲ့ ခေါ်တာမလို့ မငြင်းပါနဲ့နော်။ ဒါမှမဟုတ် ဒီနားကဆိုင်လေးဆိုရင်ကော
ခနလောက်ဖြစ်ဖြစ်လိုက်ခဲ့စေချင်တယ်။ ကိုယ်ရဲ့စိတ်ကိုအသိမှတ်ပြုတဲ့အနေနဲ့ပေါ့။

ခနလောက်ဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်။ ခနတော့စောင့်နော် မမနဒီထွက်လာတော့မှာမို့။

"အော် jayကလဲကွာ ခနလေးပဲဟာ။ နဒီကိုစောင့်မနေပါနဲ့တော့ ကိုယ်ဖုန်းဆက်ပြီးပြောလိုက်ပါ့မယ်။ "

နဒီသန့်စင်ခန်းကအထွက် jayနဲ့Kaiထွက်သွားကို လှမ်းမြင်လိုက်သော်လည်း လှမ်းခေါ်ရန်အရမ်းဝေးနေသောကြောင့် နဒီပြေးလိုက်လာသော်လည်း မမှီလိုက်တော့။

Kaiကားကိုမောင်းထွက်လာရင်း jayဘက်ကိုလှည့်ကာ စကားဆိုမိလေသည်။ jayဘာကြောင့် ကိုယ့်အချစ်ကိုလက်မခံနိုင်ရတာလဲ။

Jayမှာချစ်ရမယ့်သူတစ်ယောက်ရှိနေပြီးသားမလို့ပါ။ jayအားနာစွာနဲ့ပဲ ငြင်းပါရစေ။ ကိုKaiအခုဘယ်ကိုမောင်းနေတာလဲ ပြောတော့ဒီနားကဆိုင်ဆို အခုတော်တော်ဝေးနေပြီးလို့ထင်တယ်။ မမနဒီစိတ်ပူနေမှားဆိုးလ်ို့ jayကိုပြန်လိုက်ပို့ပေးပါ။

ကိုယ်jayကိုပြန်လိုက်မပို့နိုင်ဘူး။ ကိုယ်ခေါ်လာတာ ပြန်လိုက်ပို့ဖို့မဟုတ်ဘူးjay။ ကိုယ့်အချစ်ကိုလက်မခံနိုင်ဘူးဆိုပေမယ်။ ကိုယ်ချစ်တဲ့jayကိုတော့ သူများလက်ထဲအပါမခံနိုင်ဘူး။ ကိုယ့်နားလည်ပေးပါjay။

နားလည်မပေးနိုင်ဘူး။ ကျွန်တော်ဟာယောကျ်ားလေးတစ်ယောက်ပါ။ အခုလိုမလုပ်ပါနဲ့။ ပတ်ဝန်းကျင်မှာလဲ ကြားလို့မကောင်းပါဘူး။ ကားကိုရပ်လိုက်ပါနော်။jayအခြေအနေကို ရိပ်မိတာ နောက်ကျလို့သွားခဲ့ပြီ။ ဒီလိုပုံစံဆိုလျှင် သူ့ကိုကားရပ်ပေးမည့် အစီအစဥ်နည်းနည်းလေးမှရှိမည်ပုံမပေါ်။
ကိုKaiကားကို အခုရပ်မလားမရပ်ဘူးလား။

ကိုယ်ရပ်မပေးနိုင်ဘူးjay။ ကိုယ်အခုjayကို ခိုးပြေးလာတယ်ဆိုရင်တောင်မမှားဘူး။

ကျွန်တော်ကတော့ ခင်ဗျားနောက်ကိုမလိုက်နိုင်ဘူး။ ဒီတော့အသေပဲခံလိုက်တော့မယ်။ jayကားစီယာတိုင်ကို အားကုန်ဆွဲလှည့်လိုက်သော အချိန်ကြောင့် ကားလေးဟာရုတ်တရက် ဘက်ပြောင်းသွားကာ လမ်းဘေးတစ်နေရာကို ထိုးဆင်းသွားကာ သစ်ပင်တစ်ပင်ကို အရှိန်ပြင်းစွာနဲ့ ဝင်တိုက်မိလေသည်။

နောက်မှလိုက်လာသော နဒီတစ်ယောက်ကားကိုရပ်ကာ ဆင်းလာရင်းjayရှိရာသို့အပြေးကလေးလာရင်း ကားထဲသို့ကြည့်လိုက်ရာ jayသွေးထွက်လွန်ကာ သတိလစ်စပြုနေလေသည်။

Jay jayလေး jayဘာမှမဖြစ်ရဘူးနော်။ မမအခု အသွေးကိုဖုန်းဆက်လိုက်မယ်။ ဆေးရုံးကားလဲခေါ်ထားတယ်။ jayအားတင်းထားနော်။

"Jayဘာမှမဖြစ်ပါဘူး။ မမနဒီမငိုနဲ့နော်။"

"အေးပါjayရယ် ခနလောက်အားတင်းထားနော်။"

ဆေးရုံးကားရောက်လာကာ jayကိုကားပေါ်တင်ကာ နဒီပါတစ်ခါထဲဆေးရုံးကားနဲ့ပင်လိုက်လာလေသည်။
​jayသွေးထွက်လွန်ကာ နဒီလက်မှာလဲသွေးများပင် ပေနေလေသည်။ နဒီ မင်းသွေးခန့်ကိုဖုန်းခေါ်လိုက်လေသည်။

"နဒီနင်တို့အခုထိရောက်မလာကြသေးဘူးလား။ ငါစောင့်နေတာကြာပြီ။"

"အသွေး အခုjayလေ jay၊ ကားအက်ဆီဒန့်ဖြစ်လို့ အခုဆေးရုံးကိုသွားနေကြတယ်။"

"ဘာ ဘာပြောလိုက်တယ်နဒီ။ ဘယ်လိုဖြစ်လို့ jayကအခုလိုဖြစ်ရတာလဲ။"

ငါ ငါတောင်းပန်ပါတယ်။ အခုတော့နင် ဆေးရုံးကိုလာခဲ့လိုက်ပါ။ ငါတို့ဆေးရုံကိုရောက်တော့မယ်။ နင်အမြန်လာခဲ့နော် ငါလဲအရမ်းကြောက်နေပြီ။

"အေးငါအခုလာခဲ့မယ်။ နင်jayကိုလိုအပ်တဲ့အရာအကုန်လုပ်ပေးထားလိုက်နော်။ နင်လဲငိုမနေတော့နဲ့။"

မင်းသွေးခန့်ဆိုင်ထဲမှ အပြေးအလွှားထွက်လာသည်ကို အခြားလူများဝိုင်းကြည့်နေသော်လည်း မည်သူကိုမှ သူကရုမစိုက်အား။ ကားပါကင်ကိုအပြေးသွားကာ ကားပေါ်လျှင်မြန်စွာ တက်ပြီး ကားကိုမောင်းထွက်လာခဲ့လေသည်။ jayဘာမှမဖြစ်ပါစေနဲ့နော်။ jayအားတင်းထားပါ။ jayတစ်ခုခုဖြစ်ရင် ကိုယ်နောင်တရလို့ဆုံးမှာမဟုတ်တော့ဘူး။

မင်းသွေးခန့်ကားကို ဆေးရုံရှေ့ကိုရပ်ကာ ပြေးလာခဲ့လေသည်။ မင်းသွေးခန့်ဆေးရုံထဲတွင် တွေ့သောနပ်စ်မတစ်ယောက်ကိုမေးမိလေသည်။ ဆရာမကားအက်ဆီဒန့်နဲ့ အခုလေးတင်ရောက်လာတဲ့တစ်ယောက် ဘယ်နားမှာလဲဟင်။

"အော် ဟုတ်ကဲ့ ခွဲစိတ်ခန်းထဲမှာပါရှင်။ ဒီကနေတန်းတန်းသွားပြီး၊ ဘယ်ဘက်ကိုကွေ့လိုက်ရင်တွေ့ပါလိမ့်မယ်။"

သူနပ်စ်မကိုပင်ကျေးဇူးတင်ကြောင်းမပြောလိုက်ရ ခြေလှမ်းတို့ကလျှင်မြန်စွာနဲ့ ခွဲစိတ်ခန်းရှေ့ရောက်ရန်သာစိတ်လောနေမိသည်။

"နဒီ ခွဲစိတ်ခန်းရှေ့မှာငိုနေသော နဒီကိုတွေ့ကာ ခေါ်လိုက်မိလေသည်။"

အသွေး၊ နဒီ မင်းသွေးခန့်ကိုခေါ်ရင်း ပြေးဖက်မိလေသည်။ ငါလေjayကိုသေချာကရုမစိုက်မိလို့ jayအခုလိုဖြစ်တာသိလား။ ငါအပြစ်တွေပါ ငါသန့်စင်ခန်းသွားနေတုန်း jayကိုKaiက ကားနဲ့ခေါ်သွားတာကို ငါတွေ့လိုက်သော်လည်း တားလို့လှမ်းမမှီလိုက်ဘူး။

"ဟို လူနာရဲ့မိသားစုဝင်တွေရှိပါသလားခင်ဗျာ။"

ခွဲခန်းထဲမှထွက်လာသော ဆရာဝန်အသံကြောင့် နဒီနဲ့သူပြိုင်တူထရပ်မိလေသည်။

"ကျွန်တော်က လူနာရဲ့မိသားစုဝင်ပါ။ ဘာများလိုအပ်လို့ပါလဲခင်ဗျာ။"

အခုလူနာက သွေးအရမ်းထွက်နေလို့ သွေးအရေးတကြီးလိုအပ်နေပါတယ်။ အခုသွေးသွင်းမှဖြစ်မှာမို့ သွေးရှာပေးရမှာပါ။

Jayသွေးကဘာသွေးလဲဟင်။ ကျွန်တော်နဲ့ သွေးအမျိုးအစားတူရင် ကျွန်တော်လှူပါရစေ။

"လူနာရဲ့သွေးအမျိုးအစားက Bသွေးပါ။"

"ဟုတ်ကဲ့ ကျွန်တော်ဆီကထုတ်ယူလိုက်ပါ။ လိုအပ်သောသွေးကို ထုတ်ယူကာ jayဆီသို့လွှဲပြောင်းပေးလေသည်။"

သိပ်မကြာလိုက်ခွဲခန်းထဲမှထွက်လာသောjayကို စိတ်ချရလို့ အခန်းတစ်ခန်းထဲသို့ပြောင်းရွေ့ကြလေသည်။

နဒီနင်လဲပြန်နားလိုက်တော့လေ။ နင်လဲအရမ်းပင်ပန်းနေရောပေါ့။ အခုငါလဲရောက်နေပြီပဲ။ jayလဲစိုးရိမ်စရာမရှိတော့ဘူးလို့ ဆရာဝန်ကြီးကပြောထားတယ်မလား။

ငါjayဒေါ်လေးနဲ့ အန်တီမြတ်တို့ကိုဖုန်းဆက်ထားတယ်။ ခနနေရင်ရောက်လာတော့မယ်ထင်တယ်။

ငါလေjayကို ဘယ်မှထွက်သွားခွင့်မပြုတော့ဘူး။ ငါ့အနားမှာတစ်သက်လုံးခေါ်ထားတော့မယ်။ jayသက်သာလာရင် ငါသူ့ကိုချစ်တဲ့အကြောင်းတွေပြောမယ်။

"အန်တီမြတ်တို့ရောက်လာပြီ။ "

"ဒေါ်လေး။"

"သား jayကအရမ်းစိုးရိမ်ရလားဟင်။"

မိသားစုဝင်အကုန်လုံးက စိုးရိမ်လွန်နေကြသော်လည်း သူ့ကိုအားနာလို့ထင် ဘာမှတော့သိပ်မပြောကြပေ။

သားနဲ့သမီးလေးနဒီပြန်နားတော့လေ။ မေမေတို့လဲရောက်လာပြီဆိုတော့ ခနလောက်ပြန်နားလိုက်ကြပါ့လား။ jayသတိရလာတော့ မေမေတို့ဖုန်းဆက်လိုက်မယ်လေ။

သား jayသတိရလာတဲ့အထိစောင့်နေလိုက်ပါ့မယ်။ jayအခုလို ဖြစ်ရတာသားကြောင့်လို့လဲပြောလို့ရပါတယ်။ သားကရုမစိုက်မိခဲ့လို့ jayဒဏ်ရာရခဲ့တာ။

အခုချိန်မှာ ဒါတွေပြောမနေပါတော့နဲ့ကွယ်။ ဆရာဝန်ကြီးကလဲ မစိုးရိမ်ရတော့ဘူးလို့ပြောထားသားပဲ။

ဒေါ်လေး သားတောင်းပန်ပါတယ်။ ကျွန်တော်ရဲ့အပြစ်တွေကြောင့်ပါ။ ထပ်ခါတလဲလဲနဲ့ တောင်းပန်နေမိလေသည်။

ဒေါ်လေးကတော့ ဘယ်သူဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူးကွယ်။ ဒေါ်လေးjayရဲ့မိဘတွေကို ဖုန်းဆက်ထားတယ်။ မနက်လောက်ကိုရောက်လာကြလိမ့်မယ်ထင်တယ်။

ဒေါ်လေးနဲ့မေမေတို့ပြန်လိုက်တော့လေ။ သားjayအနားမှာပဲနေပါရစေ။
Jayသတိရလာမှဖြစ်မှာ သားလေ jayကိုပြောစရာစကားတွေအများကြီးရှိနေသေးတယ်။

အသွေးဒါဆိုငါ အန်တီတို့ကိုလိုက်ပို့လိုက်မယ်။ မနက်ကျတော့ငါပြန်လာခဲ့မယ်လေ။ နင်ဖြစ်တယ်မလား။

ငါအဆင်ပြေပါတယ်။ နင်ကားကိုကရုစိုက်မောင်းနော်။

"အေးပါငါ့အတွက်စိတ်မပူနဲ့။ jayသတိရလာရင် ငါ့ကိုဖုန်းဆက်အုံးနော်။"

သားအကြောင်းတစ်ခုခု ထူးခြားရင် ဒေါ်လေးကိုဖုန်းဆက်အုံးနော်။ ဒေါ်လေးမျှော်နေမယ်။

လူနာကုတင်ပေါ်မှ jayလက်ကိုလှမ်းယူကာ မင်းသွေးခန့်သူ့ပါးပြင်ကို ကပ်ကာ ကိုယ်လေjayကိုအရမ်းချစ်မိနေပြီ။ jayဘာမှဖြစ်လို့မရဘူးနော်။ ကိုယ်တစ်ယောက်ထဲမထားခဲ့ပါနဲ့ jayကိုယ့်ထားခဲ့ရင် ကိုယ်ရူးသွားလိမ့်မယ်။ ကိုယ် jayသတိပြန်ရလာရင် jayကိုအရမ်းချစ်တဲ့အကြောင်းကို ဖွင့်ပြောပြီး jayနဲ့အတူ jayစားချင်တာတွေ၊ jayလုပ်ချင်တဲ့အရာမှန်သမျှအကုန်ခွင့်ပေးမှာမို့ အမြန်ဆုံးသတိရပေးပါနော်။ jayအခုလိုမြင်ရတော့ကိုယ့်ရင်တွေအရမ်းနာကျင်ရတာ်။ jayကိုမပြောလိုက်ရတဲ့စကားတွေကြောင့် ကိုယ်နောင်တရနေမိတယ်။
သူjayမကြားနိုင်မှန်းသိပေမယ့် သူစကားတွေပြောနေမိဆဲ။

*************

မနက်ခင်းရဲ့အလင်းရောင်နဲ့အတူ ဆေးရုံရှေ့ကသစ်ပင်ပေါ်မှ ငှက်ကလေးများရဲ့အော်မြည်သံကြောင့် jayသတိရလာကာ ရေသောက်ချင်လာသောကြောင့်
ကုတင်ပေါ်ခေါင်းတင်အိပ်ပျော်နေသော မင်းသွေးခန့်ကိုအသာလက်တို့ကာ အသာလှုပ်နှိုးမိလေသည်။

"ကိုမင်းသွေးခန့် ၊ ကျွန်တော်ရေဆာလို့။"

တစ်ယောက်ယောက်ရဲ့လှုပ်နှိုးသံကြောင့် ကျွန်တော်အိမ်မက်လန့်နိုးလေသည်။ ဟင် အံသသြခြင်းနှင့်အတူ ကျွန်တော်ရေတစ်ခွက်ကိုအလျှင်အမြန်ထည့်ကာ jayကိုအသာပွေ့ထူကာ ရေတိုက်လေသည်။ အရူးတစ်ယောက်ပမာ ပါးစပ်ကနေတတွတ်တွတ်နဲ့ပြောနေမိလေသည်။ jayသတိရလာပြီနော် ကိုယ်ဝမ်းသာလိုက်တာ။ ကိုယ်jayကိုယ်ဘယ်လောက်စိတ်ပူနေရလဲ။ ကိုယ့်jayထားခဲ့ပြီထင်နေတာ။ တော်သေးတာပေါ့ ကိုယ်စီပြန်လာပေးလို့ကျေးဇူးတင်ပါတယ်။ ကျွန်တော်jayထွက်မပြေးနိုင်တာကိုသိသော်လည်း jayခန္ဓာကိုယ်တင်းကျပ်စွာပွေ့ဖက်ထားမိဆဲ။

ကိုမင်းသွေးခန့် ဒဏ်ရာတွေနဲ့ကို ဒီလောက်အတင်းကြီးဖက်ထားတာအရမ်းနာနေပြီ။ jayကိုလွှတ်ပါအုံး။

"အို sorry jayကိုယ်လေ မင်းထွက်ပြေးသွားမှာကိုအရမ်းကြောက်မိပြီးဖက်ထားမိတာ။"

Jayကထွက်ပြေးရအောင် လူကောင်းမှမဟုတ်တာ ဒီလောက်ဒဏ်ရာတွေများပြီး၊ တကိုယ်လုံးပတ်တီးတွေနဲ့ဟာ ဘယ်လိုလုပ်ထွက်ပြေးရမလဲ။

Jayအပြောကြောင့် သူရှက်သွားတာထင် မျက်နာကလေးအောက်ကိုချထားကာ နီရဲရဲဖြစ်နေသော မျက်နာတစွန်းတစကိုမြင်ရလေသည်။ Kaiကော ဘာဖြစ်သွားသေးလဲ။ သူလည်းအခုဆေးရုံမှာပဲလား။

ဘာလဲjayက ကိုယ့်ကိုထက် သူ့ကိုစိတ်ပူနေပြန်တာလား။ jayအခုလိုဖြစ်တာ သူ့ကြောင့်နော်။ ကိုယ်jayပြန်ကောင်းလာရင် သူ့ကိုတရားစွဲမယ် ထောင်ကျအောင်ချမယ်။ jayကိုဒီလိုဖြစ်အောင်လုပ်တဲ့သူ့ကို။

တရားတော့စွဲမနေပါနဲ့ သူလည်းနောင်တရနေလောက်ပါပြီ။ အခုကိစ္စ က jayကြောင့်လို့လဲပြောလို့ရတယ်။ jayသာ သူမောင်းနေတာကိုဝင်မနှောက်ယှက်ရင် အခုလိုဖြစ်မှာမဟုတ်ပါဘူး။

Jayဒီလိုမှမလုပ်ရင်လဲ jayကိုသူကကားတင်ပြေးတာလေ။ ဒါကိုဘာလို့jayအမှားဖြစ်ရမှာလဲ။ ဒီလိုသာ jayမလုပ်ခဲ့ဘူးဆိုရင် jayဘဝတော့တွေးမရလောက်ဘူး။

ကိုမင်းသွေးခန့်ပြောနေတာက ယောကျ်ားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကားတင်ပြေးနေသလို ဘဝကိုမတွေးရဲဘူးလို့ဆိုရအောင် အခုjayကယောကျ်ားလေးတစ်ယောက်နော်။ ကိုယ့်ဘဝကိုတော့ အပျက်ခံပါမလား။

သူကမိန်းကလေးကားတင်ပြေးတာမဟုတ်ပဲ jayဆိုတဲ့ကောင်လေးကို ကားတင်ပြေးတာလေ။ မိန်းကလေးတစ်ယောက်ကို ကားတင်ပြေတာဆိုရင်တောင် ကိုယ်ကကြည်ဖြူနေအုံးမယ်။ အခုဟာက jayဖြစ်နေလို့ကို စိတ်တိုတာ။

"ဘာလို့"

ကိုယ်ကjayကိုချစ်နေရတဲ့သူကို စိတ်မတိုပဲနေမလား။ ကိုယ်တောင်မထိရက် မကိုင်ရက်နဲ့အလှကြည့်ထားတဲ့ jayကို အခုလိုဒဏ်ရာတွေပေးထားတဲ့သူကို ကိုယ်ကဒီအတိုင်းခွင့်လွှတ်ပေးလိုက်ရမှာလဲ။

"ကိုမင်းသွေးခန့်နဲ့ဘာဆိုင်လို့"

အခုနကကိုယ်ပြောထားတယ်လေ။ jayကို ကိုယ်ကချစ်နေရတဲ့သူလို့။ ကိုယ့်ချစ်နေတဲ့jayဖြစ်နေလို့ပေါ့။

"ဘယ်သူကပြောလဲ jayကချစ်တယ်ဆိုတာ။ မပြောမိပါဘူးနော်။"

Jayမမနဒီကိုယ်တိုင်က ကိုယ့်ပြောပြသွားတာ ညကကိုယ်အတွက်စိတ်မကောင်းဖြစ်ပြီးပြောပြသွားတာ။ ကိုယ်ညာမို့ မစဥ်းစားနဲ့နော်။ jayလဲကိုယ်ချစ်နေတယ်ဆိုတာသိပြီးသား။

Jayကချစ်ပါတယ်လို့ပြောခဲ့လို့လဲ။ "မင်း" ကသာ jayအမှတ်တမဲ့ ပါးစပ်ကထွက်လာသောကြောင့် အလျှင်အမြန်လက်နဲ့ပိတ်လိုက်သော်လည်း ကြားဖြစ်အောင် ကြားလိုက်သူကထပ်မေးလေသည်။

"Jayကိုယ့် ဘယ်လိုခေါ်လိုက်တယ်။ "မင်း"ဟုလား။"

"ဒီအတိုင်းယောင်ပြီထွက်သွားတာပါနော်။"

"ကိုယ်သဘောကျပါတယ်။ jayကြိုက်သလိုခေါ်ခွင့်ပြုတယ်။"

"မင်း" ကိုမုန်းတယ်သိလား။

"ဘာလို့လဲ ကိုယ့်ဘာကြောင့်မုန်းရတာလဲ။"

"ဘာကြောင့်မုန်းလဲတကယ်မသိတာလား။"

"အွန်း ပြောပြကိုယ်တစ်ကယ်မသိလို့။"

"မင်း" jayကိုချစ်တယ်ဆိုပြီး ဖွင့်မပြောခဲ့လို့။ jayဘယ်လောက်တောင့် စောင့်မျှော်နေခဲ့ရသလဲ။

ကိုယ်တောင်းပန်ပါတယ်ကွာ။ ကိုယ်လေ jayကိုချစ်တယ်လို့ဖွင့်ပြောချင်ပေမယ့် jayကိုယ့်အချစ်ကိုယ်ငြင်းပယ်မှာကြောက်မိလို့။ ကိုယ့်ဖွင့်ပြောလိုက်မှာ ကိုယ်တို့ရဲ့ လက်ရှိနေရာလေး ကိုယ့်ကြောင့်ပျက်ဆီးသွားမှာကြောက်မိလို့။

အခုကစပြီး ကိုယ်jayကိုလက်လွှတ်အဆုံးရှုံးမခံနိုင်တော့ဘူး။ ကိုယ်jayကိုအရမ်းချစ်တယ်။ အခုကနေစပြီးကိုယ့်မထားခဲပါနဲ့လို့တောင်းဆိုပါရစေ။ jayကောကိုယ်လိုပဲလား။

"ဘာကိုလဲ ကိုယ့်လိုပဲလားဆိုတာ။"

Jayကော ကိုယ့်ကိုချစ်လားလို့။ ဒီကောင်လေး အခုမသိချင်ယောင်ဆောင်ပြီး အရမ်းရစ်နေတယ်နော်။ လူကိုစိတ်မရှည်အောင်လုပ်နေတာလား။

Jayတောင် ကြောက်လာပြီ။

ကိုယ့်ချစ်လားလို့။

အခုထိမသိသေးဘူးလားကွာ။ အခုတောင်ဖတ်ထားတာ လွှတ်သေးလို့လား။ မချစ်ရင် အခုလိုတောင်အဖက်ခံမလားစဥ်းစားလေ။

ကိုယ်က jayဆီက ချစ်တယ်လို့ပြောတာကိုကြားချင်လို့ပါနော်။ ကိုယ်တစ်ခွန်းလောက်ပဲပြောပါနော်။ ကိုယ်အရမ်းကြားချင်နေလို့ပါ။

"အွန်း jay"မင်း"ကိုအရမ်းချစ်တယ်။ အရမ်းအရမ်းကိုချစ်တယ်ဟုတ်ပြီလား။ "
အခုမှjayသိတော့တယ်။

ဘာကိုလဲjay။

ကလေးဆိုးကြီးလို အရမ်းရစ်တက်တဲ့ "မင်း"အကြောင်းကိုအခုမှသိရလို့လေ။

"အဟမ်း အဟမ်း"

"နဒီ"

"မမနဒီ"

သူနှင့်jayတိုင်ပင်မထားပါပဲ ပြိုင်တူအသံထွက်ကာ နာမည်ခေါ်မိလေသည်။

ဘယ်အချိန်ထဲက အထဲရောက်နေမှန်းမသိသော နဒီကိုပင်သူတို့မမြင်မိပေ။နဒီနင်ကဘယ်အချိန်ထဲကရောက်နေရတာလဲ အသံလေးဘာလေးမပေးပဲနဲ့။

ဟဲ့ငါဘာမှမမြင်လိုက်ဘူးနော်။ ရောက်နေတာကတော့ နည်းနည်းကြာနေပြီ။ အတိအကျပြောရမယ်ဆိုရင်တော့ အသွေးကjayကိုစဖတ်ချိန်ကရောက်တာပဲ။ ဒါပေမယ့် ငါဘာဆိုဘာမှမမြင်လိုက်ဘူးနော်။ တော်ကြာငါ့ကိုရှက်နေကြမဆိုးလို့။နဒီဘာမှမသိသလို မျက်နာအမူအယာနှင့်ပြောလေသည်။

Jayကတော့ရှက်လို့ထင်သည် မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ထားလေသည်။

ဘာမှရှက်ဆရာမလိုပါဘူး ကိုယ့်ရဲ့ငုံးဥပေါက်လေးရ။

ဟယ် ဘယ်လိုခေါ်လိုက်တယ်အသွေး။

ငုံးဥပေါက်လေးလို့ခေါ်လိုက်တာလေ နင်မကြားလိုက်လို့လား။

ဟာ "မင်း"ကလဲ မမနဒီရှိနေတာကို အခုလိုခေါ်တော့ jayမျက်နာဘယ်နားထားရမလဲ ရှက်လိုက်တာ။

"ကိုယ့်ရဲ့ငုံးဥပေါက်လေး ရှက်နေရင် "မင်း"ရင်ခွင်ထဲမှာပုန်းနေလိုက်။"

အမလေး ဒီအပျိုကြီးရှေ့မှာလာ Roနေတဲ့အတွဲကြောင့်တော့ ဒီကအပျိုကြီးကမျက်နာမထားတက်အောင် ရှက်သွေးတွေဖြာနေပါပြီလို့။ ဘာတဲ့ တစ်ယောက်က"မင်း"ဆိုလားပဲ၊ နောက်တစ်ယောက်ကခေါ်တော့လဲ
"ကိုယ့်ရဲ့ငုံးဥပေါက်လေးဆိုပဲ"။

နင်ကရှက်နေတယ်သာပြောတယ်၊ ရှက်နေရင်လဲ အပြင်ပြန်ထွက်သွားလေ။ ဘာလို့နင်ကအခုထိရှိနေရသေးတာလဲ။

အော် ကောင်စုတ်အခုတော့နင်က နှင်လွှတ်ပြီပေါ့။ အစကတော့သေတော့မယ့်ရုပ်နဲ့။ ငါသာဖွင့်မပြောရင် အခုထိရည်းစားရမယ့်အခြေအနေမရှိတဲ့ ကောင်နာစုတ်က ငါကိုအာခံနေတယ်။ နင်ကအခုတော့ ဒီနည့းနဲ့ကျေးဇူးဆပ်လိုက်တာပေါ့လေ ဟုတ်လားအသွေး။

နောက်မှနင့်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ဝိုင်းလိုက်ကျွေးမယ်ကွာ နောသူငယ်ချင်းလေး။ အခုတော့မပြင်ထွက်သွားပေးပါ့လား။ ငါ့ငုံးဥပေါက်လေးနဲ့အလွမ်းသည်ချင်နေလို့။

အေး နောက်မှအလွမ်းသည်နေကြ။ အခုနယ်က jayမိသားစုရန်ကုန်ရောက်နေတယ်တဲ့။ အခုjayဆီလာနေကျတယ်။ အချစ်နလန်ထိပြီး ဘာမှမမြင်တော့မှာဆိုးလို့ ကြိုသိပေးတာ။

"ဟင် မေမေတို့လိုက်လာတယ်ဟုတ်လားမမနဒီ။"

"အွန်း ဟုတ်တယ်jayလေး ညကဒေါ်လေးက jayမိဘတွေဆီကိုဖုန်းဆက်လိုက်တယ်တဲ့။ အခုjayမိဘတွေက ဒေါ်လေးအိမ်ရောက်နေလို့ jayဆီကိုဒေါ်လေးနဲ့အတူလာမယ်ဆိုတဲ့အကြောင်းကို မမဆီလှမ်းပြောလို့ မမထွက်လာတာ။ အသွေး အန်တီမြတ်တို့ကလဲ နောက်ကလိုက်လာလိမ့်မယ်။ နင်ဖုန်းဆက်ပြောကထဲက အန်တီတို့လင်မယားက လိုက်လာချင်နေတာ။ jayသတိရနေပြီဆိုတဲ့အကြောင်းလဲသိရော အရမ်းပျော်နေကြတာ။"

"အခုဘယ်လိုလုပ်ကြမလဲဟင် "မင်း"။"

ကိုယ့်ရဲ့ငုံးဥပေါက်ကလေး ဘာမှစိုးရိမ်မနေပါနဲ့ ကိုယ်တစ်ယောက်လုံးရှိနေသေးတာပဲ။ ဘာပဲဖြစ်ဖြစ်"မင်း"ကဖြေရှင်းပေးမယ်နော်။ ငုံးဥပေါက်လေးကိုယ့်အနားရှိရင် ကိုယ်အရာရာရင်ဆိုင်ရဲတယ်။

မေမေတို့အကြောင်းကို jayသိတယ်။

အဲ့ဒီ ကိစ္စကိုတော့ဒီကအပျိုကြီးက မပါဝင်တာမလို့ "မင်း"နဲ့ ငုံးဥပေါက်လေးက ကိုယ်တိုင်ဖြေရှင်းကြပါလို့။ ဒါကြောင့် ဒီကအပျိုကြီးက ဝယ်လာတဲ့လက်ဆောင်တွေထားပြီးပြန်တော့ပါမတဲ့ရှင်။ အခုမှပူပူနွေးနွေး ချစ်သူဘဝကို အောင်မြင်စွာကျော်လွှားနိုင်ပါစေသတဲ့ရှင်။ ကျွန်မကိုပြန်ခွင့်ပြုပါအုံးနော်။ မျက်စိတွေလဲအရမ်းနောက်၊ နားကြားပျင်းတွေပါကပ်နေလို့ ဆက်နေဖို့အတွက်လဲ မရှိတော့ပါဘူးနော်။ နဒီအမြင်ကပ်ကပ်နဲ့ပြောကာ ပြန်ထွက်လာခဲ့လေသည်။
ဟူး အခုမှပဲစိတ်အေးရတော့တယ်။ ကိုယ်တာဝန်ကသူတို့နှစ်ယောက် ချစ်သူဖြစ်အောင်လုပ်ပေးရင်ရပြီမလို့ အခုမလိုအပ်တော့ဘူးလေ။ နဒီပျော်ပါတယ်။ သူတို့နှစ်ယောက်လဲပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်။

"အန်တီသမီးဘက်က တာဝန်ကျေပြီမို့ ကျန်တာအန်တီတို့ အပိုင်းဖြစ်သွားပြီနော်။ နဒီဖုန်းချကာ ကားမောင်းထွက်လာခဲ့လေသည်။"

Continue Reading

You'll Also Like

9.3K 439 6
#Unicode မင်းက ငါ့ဘဝရဲ့ တစ်ဦးတည်းသော ... #Zawgyi မင်းက ငါ့ဘဝရဲ့ တစ်ဦးတည်းသော ...
21K 1.2K 8
ဒူးရင်းသီးကြောင့်ဆုံခဲ့သည့် ဖူးစာဆိုပါစို့... ။ ချစ်စကား နှုတ်ဖျားက ပြောရမှာကို ဒူးရင်းသီးစားချင်လို့ဟု ပြောထွက်ခဲ့မိသည်... ထိုအချိန်ကစ နေ့ရက်တိုင်း...
37.5K 1.1K 35
စစ်မှန်တဲ့ ချစ်ခြင်း​တွေဟာ ကမ္ဘာခြား​နေတဲ့ သူနှစ်ဦးကို​တောင် ဆုံစည်း​စေနိုင်တယ် ကိုယ်တို့ရဲ့ချစ်ခြင်းတရား​တွေသာ စစ်မှန်မှုရှိခဲ့ရင်.... စစ္မွန္တဲ့ ခ...
112K 11.7K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...