အသက်ဆက် သွေး ( အသက္ဆက္ ေသြး )...

By PhyuLayy1

1.4M 147K 16.6K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေ... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ (Zawgyi + Unicode)
အပိုင္း - ၂၀ (Zawgyi + Unicode)
အပိုင္း - ၂၁ (Zawgyi + Unicode)
အပိုင္း - ၂၂ (Zawgyi + Unicode)
အပိုင္း - ၂၃ (Zawgyi + Unicode)
အပိုင္း - ၂၄ (Zawgyi + Unicode)
အပိုင္း - ၂၅ (Zawgyi + Unicode)
အပိုင္း - ၂၆ (Zawgyi + Unicode)
အပိုင္း - ၂၇ (Zawgyi + Unicode)
အပိုင္း - ၂၈ (Zawgyi + Unicode)
အပိုင္း -၂၉ (Zawgyi + Unicode)
အပိုင္း - ၃၀ (Zawgyi + Unicode)
အပိုင္း - ၃၁ (Zawgyi + Unicode)
အပိုင္း - ၃၂ (Zawgyi + Unicode)
အပိုင္း - ၃၃ (Zawgyi + Unicode)
အပိုင္း - ၃၄ (Zawgyi + Unicode)
အပိုင္း - ၃၅ (Zawgyi + Unicode)
အပိုင္း - ၃၆ (Zawgyi + Unicode)
အပိုင္း - ၃၇ (Zawgyi + Unicode)
အပိုင္း - ၃၈ (Zawgyi + Unicode)
အပိုင္း - ၃၉ (Zawgyi + Unicode)
အပိုင္း - ၄၀ (Zawgyi + Unicode)
အပိုင္း - ၄၁ (Zawgyi + Unicode)
အပိုင္း - ၄၃ (Zawgyi + Unicode)
အပိုင္း - ၄၄ (Zawgyi + Unicode)
အပိုင္း - ၄၅ (Zawgyi + Unicode)
အပိုင္း - ၄၆ (Zawgyi + Unicode)
အပိုင္း - ၄၇ (Zawgyi + Unicode)
အပိုင္း - ၄၈ Ending (Zawgyi + Unicode)
ေက်းဇူးတင္လႊာ (ကျေးဇူးတင်လွှာ)
A/N
Extra (Mdy trip)
Extra ( Covid )
Extra ( Thadingyut )

အပိုင္း - ၄၂ (Zawgyi + Unicode)

26.6K 3K 589
By PhyuLayy1

#For Zawgyi

ဧည့္ခန္းထဲကိုျပန္ထြက္လာခ်ိန္ အိပ္ခန္းႏွင့္ကပ္လ်က္က ေစ့ပိတ္ထားေသာ အခန္းတစ္ခုကိုေတြ႕ၿပီး သိခ်င္စိတ္ႏွင့္ တြန္းဖြင့္ဝင္ခဲ့ေတာ့ အခန္းထဲမွာ ပိတ္ျဖဴအုပ္ထားေသာ ဘာမွန္းမသိသည့္ ပစၥည္းတခ်ိဳ႕နဲ႔ စားပြဲေပၚမွာ ပန္းခ်ီဆြဲတဲ့ ေဆးခြက္ေတြ စုတ္တံေတြကိုပါ ေတြ႕လိုက္ရသည္ ။

ျပတင္းေပါက္ေဘးမွာေတာ့ ေဒါက္တိုင္ႏွင့္ေထာင္ထားေသာ ကင္းဗတ္စ ျဖဴျဖဴတစ္ခု ။

ဦးသာက ပန္းခ်ီေတြလည္း ဆြဲတတ္ေနတာလား ။

အေတြးနဲ႔အတူ တစ္စံုတစ္ခုကို သတိရၿပီး ရင္ထဲ တဒိတ္ဒိတ္ျဖစ္လာရကာ

မဟုတ္မွ....ဟို ဟို ပန္းခ်ီကားေတြရဲ႕ ပိုင္ရွင္သည္....

ကိုယ့္အေတြးနဲ႔ကိုယ္ ရင္ခုန္ရင္း အခန္းေထာင့္က ပိတ္ျဖဴႏွင့္အုပ္ထားေသာ အရာေတြနားကို အသက္ပင္မရွဴမိဘဲ တိုးကပ္လာကာ ပိတ္ျဖဴစကို စိတ္လႈပ္ရွားစြာ ဆြဲဖယ္မိေတာ့

ျမင္လိုက္ရတဲ့ အျဖဴေရာင္ေဘာင္အနားကြပ္ႏွင့္ ပန္းခ်ီကားတစ္ခုက ခ်မ္းအထင္ေတြမွန္ကန္ေၾကာင္းရဲ႕ သက္ေသ ။

ဆင္တူေဘာင္ေတြႏွင့္ ပန္းခ်ီကား ေျခာက္ခုကို အကန္႔ေျခာက္ခုပါသည့္ စင္တစ္ခုေပၚတင္ထားၿပီး ပိတ္ျဖဴအုပ္ထားခဲ့တာ ။

ေရွ႕ဆံုးပန္းခ်ီကားက ႀကိဳးသိုင္းေဘာင္းဘီဝတ္ထားေသာ ၃ႏွစ္အရြယ္ ဆံပင္နီေၾကာင္ေၾကာင္ထိပ္တိေလးနဲ႔ ကေလးေလးတစ္ေယာက္ရဲ႕ ပံု ။ ပံုထဲက ကေလးေလးဟာ ခ်မ္းတို႔အိမ္က Album ေတြထဲမွာေတြ႕ေနက် ခ်မ္းငယ္ငယ္က ပံုေတြႏွင့္ တစ္ပံုစံထဲ ။ ပန္းခ်ီကားရဲ႕ေအာက္ေျခေထာင့္နားမွာေတာ့ PEACE I ဆိုတဲ့ နာမည္က အခန္႔သားေနရာယူလ်က္ ။

ၾကည္ႏူးစိတ္ေၾကာင့္ ဝဲတက္လာတဲ့မ်က္ရည္စမ်ားက ခ်မ္းရဲ႕အျမင္အာရံုကို ေဝဝါးသြားေစသည္ ။ ၾကည္ၾကည္လင္လင္ျဖစ္ေစရန္ မ်က္လံုးကို ပုတ္ခတ္လိုက္ေတာ့ ထိုမ်က္ရည္တို႔က ပါးျပင္သို႔သြယ္ဆင္းက်ေတာ့၏ ။

ဒုတိယပန္းခ်ီကားက ေက်ာင္းတက္စအရြယ္ ကေလးေပါက္ေကာင္ေလးရဲ႕ အျဖဴအစိမ္းဝတ္ႏွင့္ ပံု ။ ပန္းခ်ီကားရဲ႕နာမည္က PEACE II ။

တတိယပန္းခ်ီကားက ေရကူးေဘာင္းဘီေလးနဲ႔ ေရကူးဦးထုပ္ ေရကူးမ်က္မွန္တို႔ကို ဝတ္ဆင္ၿပီး စတိုင္ထုတ္ေနသည့္ ေကာင္ကေလးရဲ႕ပံု ။ အင္း ေရ,စၿပီးကူးတဲ့အခ်ိန္ကို ျပန္တြက္ၾကည့္ေတာ့ ခ်မ္း ၉ ႏွစ္သား ။ ပန္းခ်ီကားရဲ႕ေထာင့္မွာေနရာယူထားတဲ့ နာမည္ကေတာ့ PEACE III တဲ့ေလ ။

စတုတၳပန္းခ်ီကားက ပုဂံဘုရားေနာက္ခံေတြနဲ႔ ေကာင္းကင္က အေပ်ာ္စီးေရာင္စံု မီးပံုးပ်ံေတြကို ေက်ာပိုးအိတ္ေလးလြယ္ကာ ေမာ့ၾကည့္ေနတဲ့ ေကာင္ငယ္ေလးရဲ႕ပံု ။ ပုဂံကို သြားခဲ့တုန္းကဆိုရင္ ခ်မ္း ၁၂ ႏွစ္သားေပါ့ ။ ပန္းခ်ီကားရဲ႕နာမည္က PEACE IV ျဖစ္မယ္ဆိုတာေတာ့ မၾကည့္ဘဲလည္း မွန္းလို႔ရေနပါၿပီေလ ။

ေနာက္ထပ္ ပန္းခ်ီကား ၂ ခုကေတာ့ ခ်မ္းေတြ႕ထားဖူးတဲ့ PEACE V  နဲ႔ PEACE VI ပါပဲ ။

ခန္႔မွန္းၿပီး တြက္ၾကည့္လိုက္ေတာ့ ဦးသာဟာ ခ်မ္းရဲ႕ပံုေတြကို ကေနဒါေရာက္သြားၿပီးခ်ိန္မွစ,လို႔ ၃ ႏွစ္ တစ္ခါ ဆြဲခဲ့ပံုရေလသည္ ။

ဘယ္လိုေတြေတာင္ ခ်စ္တတ္ခဲ့တာလဲဗ်ာ ။

တစ္စတစ္စနဲ႔ သိလာရတဲ့ ဦးသာရဲ႕အခ်စ္ေတြၾကားမွာ ေဟာဒီက်ြန္ေတာ္က ရူးသြားေတာ့မွာ ။

တစ္ခန္းလံုးကို ပ်ံ႕လြင့္ေနတဲ့ ေပ်ာ္ေနပါ ဆိုတဲ့ သီခ်င္းသံရယ္ ၊ မ်က္စိေရွ႕မွာျမင္ေနရတဲ့ ပန္းခ်ီကားေတြရယ္...အား အရာအားလံုးက ခ်မ္းကို သတ္ေနသလိုပါပဲ ။

ေခ်ာက္...

ထိုစဥ္မွာပဲ ၾကားလိုက္ရတဲ့တံခါးဖြင့္သံေၾကာင့္ လူက ေတာင့္ခနဲ ။

အိမ္ထဲဝင္လာတဲ့ ေျခသံတရွပ္ရွပ္ကို စိတ္လႈပ္ရွားစြာနားစြင့္ရင္း အခန္းထဲမွ ထြက္လာမိေတာ့ အိမ္ထဲဝင္လာသူႏွင့္ ဧည့္ခန္းဝမွာ ဆံုသည္ ။

ဦးသာ.....

ခ်မ္း ရင္ထဲက အက်ယ္ႀကီးေအာ္ေခၚလိုက္ေပမယ့္လို႔ တကယ့္တကယ္မွာေတာ့ ႏႈတ္က အာေစးမိေနသလို အသံတစ္စက္မွထြက္မလာ ။

မထင္မွတ္ထားဘဲ ခ်မ္းကို ျမင္လိုက္ရလို႔ထင္သည္ ။ ဦးသာရဲ႕လက္ထဲမွာ ဆြဲလာေသာ City mart တံဆိပ္နဲ႔ ႂကြပ္ႂကြပ္အိတ္တို႔က ပါေကးၾကမ္းျပင္ေပၚ အကုန္ျပဳတ္က်ေလေတာ့သည္ ။

ၿပီးေနာက္ ဘာစကားတစ္ခြန္းမွဆိုမလာဘဲ ခ်မ္းကို ညွိဳးေရာ္ေနေသာ ခပ္မႈိင္းမႈိင္းအၾကည့္တို႔ႏွင့္သာ ေငးစိုက္ၾကည့္ေနပါေသာ သူ ။

နဂိုကထက္ ေတာ္ေတာ္ေလးပိန္သြားေသာ ဦးသာကို ၾကည့္ၿပီး ဖက္မငိုမိေအာင္ မနည္းထိန္းထားရသည္ ။ ခ်မ္းရဲ႕စိတ္ရင္းအတိုင္းဆို ဦးသာရင္ခြင္ထဲဝင္ကာ မွားမိသမ်ွေတာင္းပန္ရင္း ငိုခ်လိုက္ခ်င္ပါေသာ္လည္း အခုခ်ိန္မွာ ခ်မ္းအေပၚ ခြင့္လႊတ္ႏိုင္ မလႊတ္ႏိုင္ ဘယ္လိုသေဘာထားမယ္မွန္းမေသခ်ာေသးတဲ့ ဦးသာရဲ႕အရိပ္အကဲေၾကာင့္ ခ်မ္းမွာ ေရွ႕ဆက္မတိုးဝ့ံဘဲ ေနရာမွာတင္ ခပ္ေတာင့္ေတာင့္ရပ္မိသည္ ။

ေအာ္ဟစ္ၿပီးမ်ား ႏွင္ထုတ္လိုက္ေလမလားဆိုတဲ့ စိုးရိမ္စိတ္ကလည္း အေတြးထဲတရိပ္ရိပ္တက္လာေနသည္ ။

ေလာကမွာ အျပစ္က်ဴးလြန္သူဟာ သိမ္ငယ္ရစၿမဲပါပဲ ။

" ဦးသာ... "

အားတင္း၍ခပ္တိုးတိုး ေခၚမိသည္ ။

ခ်မ္းေခၚသံၾကားေတာ့မွ ဦးသာက သတိဝင္လာသလို လႈပ္လႈပ္ရွားရွားျဖစ္လာကာ

" ဒီကို ဘယ္လိုသိၿပီးေရာက္လာတာလဲ "

" ေလးငယ္ ေျပာျပတာပါ ၊ ဟို ေလးငယ္ေျပာျပတယ္ဆိုတာကလည္း ကၽြန္ေတာ္ အတင္းေမးလို႔ပါ "

ဦးသာရဲ႕ေမးခြန္းကိုေျဖရင္းက မ်က္ႏွာခ်င္းမဆိုင္ရဲတဲ့ စိတ္ေၾကာင့္ လုပ္မိလုပ္ရာ ၾကမ္းေပၚက်ေနတဲ့ ဦးသာရဲ႕ေျခေထာက္နားက ပစၥည္းေတြကို တစ္ခုစီလိုက္ေကာက္ၿပီး အိတ္ထဲျပန္ထည့္ေနမိသည္ ။ ဦးသာဝယ္လာသမ်ွပစၥည္းေတြဟာ အသင့္စား အစားအေသာက္မ်ားသာ ။ ေခါက္ဆြဲေျခာက္ ပဲႏို႔ ေပါင္မုန္႔ စသျဖင့္ အလြယ္တကူစားလို႔ရတာေတြခ်ည္းပဲျဖစ္ၿပီး ခ်က္ျပဳတ္စားေသာက္လို႔ရတာမ်ိဳး ဘာတစ္ခုမွမပါ ။

အိမ္ထမင္း အိမ္ဟင္းေတြကိုႀကိဳက္ၿပီး ကိုယ္တိုင္ခ်က္တတ္ရဲ႕သားနဲ႔ ဒီလိုေတြျဖစ္သလိုစားေသာက္ေနထိုင္ေနရေအာင္ ဒီလူသားရဲ႕စိတ္ေတြက ဘယ္ေလာက္မ်ား ရႈပ္ေထြးေနခဲ့သလဲေလ ။

ပစၥည္းေတြကို ငံု႔ကာေကာက္ေနရင္း ယူႀကံဳးမရစိတ္နဲ႔ မ်က္ရည္စက ပါေကးၾကမ္းခင္းေပၚ ေပါက္ခနဲက်သည္ ။ မ်က္ရည္ျပည့္ေနတဲ့မ်က္လံုးေထာင့္ကေန ဦးသာရဲ႕ေျခလွမ္းေတြ ခ်မ္းအနားက တျဖည္းျဖည္းေဝးသြားတာကို ျမင္ေနရ၏ ။

ငိုခ်င္ေနတာကို ထိန္းေနရင္း ထိုအခ်င္းအရာကို ျမင္လိုက္ရခ်ိန္မွာ ဝမ္းနည္းစိတ္က လွိမ့္တက္လာကာ ရင္ဘတ္ေတြပင္ ေအာင့္လာရသည္အထိ ။ ခ်မ္းအနားကေန ဖယ္ခြာသြားတဲ့ဒီေျခလွမ္းေတြဟာ တျခားကိုသြားတာမဟုတ္ဘဲ အိမ္အတြင္းကိုသာ ဦးတည္ေနမွန္းသိေနသည့္တိုင္ေအာင္ေတာင္ ဘာကိုဝမ္းနည္းလို႔ ဝမ္းနည္းမွန္းမသိျဖစ္ေနမိသည္ ။

အကယ္၍မ်ား ဒီလိုေျခလွမ္းမ်ိဳးေတြနဲ႔ ခ်မ္းဘဝထဲက ဦးသာထြက္ခြာသြားမယ္ဆိုရင္.... ။

ဟင့္အင္း မျဖစ္ရဘူး ၊ အဲ့လို လံုးဝျဖစ္လို႔မရဘူး ။

ဦးသာ ခ်မ္းအနားကထြက္မသြားဖို႔ဆိုရင္ အခုခ်ိန္ကစလို႔ ဘယ္လိုနည္းလမ္းကိုပဲ သံုးရသံုးရ ခ်မ္းက အားကုန္သံုးၿပီး ဆြဲထားေတာ့မွာ ။

အေတြးနဲ႔အတူ စိတ္ေနာက္ကို လူကပါ,ပါကာ ဆတ္ခနဲထရပ္ၿပီး ေက်ာေပးသြားေနတဲ့ ဦးသာထံေျပးကာ ေနာက္ကေန ခါးေနရာကို သိုင္းၿပီး ဖက္မိေတာ့သည္ ။

**********

အခန္းထဲဝင္ဝင္ခ်င္း မေမ်ွာ္လင့္ထားသူကို ဧည့္ခန္းေထာင့္မွာေတြ႕လိုက္ရေတာ့ လူက ေနရာမွာတင္ အသက္ရွဴရပ္သြားသလို ခံစားခ်က္ႀကီးႏွင့္ ဆို႔နင့္ေနမိသည္ ။ ဘာအတြက္ ေရာက္လာမွန္းလည္းမသိသည္မို႔ လြမ္းေနရသည့္သူကို ေတြ႕ရသည့္တိုင္ေအာင္ ထူးစိတ္တို႔က လႈိက္လႈိက္လွဲလွဲႀကီးမေပ်ာ္ရဲပါ ။

သို႔ေသာ္လည္း နင့္ေနေအာင္လြမ္းခဲ့ရတဲ့အလြမ္းေတြ ေျပလိုေျပျငား ထူးအား ျပဴးတူးတူးနဲ႔ၾကည့္ေနသည့္ ထိုမ်က္ႏွာေလးကို တရႈိက္မက္မက္ ေငးၾကည့္ေနမိသည္ ။ သို႔ေသာ္လည္း အလြမ္းက မေျပတဲ့အျပင္ ပိုတိုးလို႔ေတာင္ လာေသးေတာ့.... ။

ဒီကေလးက နဂိုပိန္ရတဲ့ၾကားထဲ အခုျမင္ေနရတဲ့ မ်က္ႏွာသြယ္သြယ္ေလးက ပိုေတာင္ေခ်ာင္ေနသလို ။ အစားကိုပံုမွန္မစားဘဲ အရင္လို စိတ္ထင္တဲ့အတိုင္း ေန,ေနတုန္းလားဆိုၿပီးလည္း စိတ္ပူမိျပန္သည္ ။

" ဦးသာ.... "

ခပ္တိုးတိုးေခၚသံၾကားေတာ့မွ လူက သတိျပန္ကပ္ဖို႔ အသိဝင္လာသည္ ။

" ဒီကို ဘယ္လိုသိၿပီးေရာက္လာတာလဲ "

" ေလးငယ္ ေျပာျပတာပါ ၊ ဟို ေလးငယ္ေျပာျပတယ္ဆိုတာကလည္း ကၽြန္ေတာ္ အတင္းေမးလို႔ပါ "

သူ႔ေမးခြန္းကို ေျဖၿပီးသည္ႏွင့္ ထိုေကာင္ေလးက ထူးရွိရာကို ခပ္သြက္သြက္လွမ္းလာရင္း ထူးေျခေထာက္နားမွာ ေစြ႕ခနဲထိုင္ခ်ကာ ၾကမ္းေပၚက ပစၥည္းေတြကို တစ္ခုခ်င္းေကာက္ထည့္ေနတာကိုျမင္ေတာ့မွ ထူးလက္ထဲကပစၥည္းေတြ ျပဳတ္က်သြားတာမွန္း သတိထားမိေတာ့သည္ ။

ကိုယ့္လက္ထဲကကိုင္ထားတဲ့ ပစၥည္းေတြကို ျပဳတ္က်လို႔က်မွန္းမသိတဲ့အထိ လူက စိတ္နဲ႔လူနဲ႔မကပ္သလို ျဖစ္သြားခဲ့တာပဲ ။ သူ႔ရဲ႕မူမမွန္မႈေတြကို ထိုကေလးရိပ္မိသြားမွာကိုစိုးရိမ္ကာ အနားမွဖယ္ခြာလာခဲ့မိသည္ ။

စိတ္လႈပ္ရွားလြန္းၿပီး ဒီအေျခအေနတစ္ခုကို အေကာင္းဆံုး ဘယ္လိုျဖတ္သန္းရမလဲဆိုတာကိုလည္း မေတြးတတ္ေတာ့ေခ် ။

အင္း ဒီကေလးနဲ႔ပတ္သက္ရင္ သူကိုယ္တိုင္က ခံစားမႈလြယ္လြန္းတာပါ ။

ထိုစဥ္ ရုတ္တရက္ဆိုသလိုႀကီး ထူးရဲ႕ေက်ာျပင္တစ္ခုလံုး ေႏြးေထြးသြားရကာ ခါးနားကတင္းၾကပ္မႈတစ္ခုေၾကာင့္ ငံု႔ၾကည့္မိေတာ့ ထူးေငးၾကည့္ေနက် လက္ျဖဴျဖဴေလးတစ္စံုက ခါးကို ရစ္သိုင္းထားတာ ။

အံ့ၾသစိတ္နဲ႔အတူ တရွိန္ထိုးျမန္လာတဲ့ ရင္ခုန္သံေတြအား ေက်ာျပင္မွာကပ္တြယ္ေနတဲ့ ေကာင္ငယ္ေလးသိသြားမွာကို စိုးထိတ္လွပါသည္ ။

" ဦးသာ... ဦးသာကို က်ြန္ေတာ္ခ်စ္တယ္ "

ဟင္ ဒီကေလး ဘာေျပာလိုက္တာလဲ ။ အခု ခ်မ္းက ထူးကို ခ်စ္တယ္လို႔ေျပာလိုက္ေလသလား ။ ဒါ အိပ္မက္မ်ားလား ။ ဒါမွမဟုတ္ ခ်စ္လြန္းလို႔ပဲ ထင္ေယာင္ထင္မွားနဲ႔ ၾကားခ်င္ရာေတြ ၾကားေနမိတာလား ။

ခါးမွာရစ္သိုင္းေနဆဲလက္အစံုကို အသာခြာခ်ရင္း မယံုႏိုင္သလို လွည့္ၿပီးေမးမိသည္ ။

" အခု ဘာေျပာလိုက္တာ "

" က်ြန္ေတာ္ ဦးသာကို ခ်စ္တယ္ ၊ ၿပီးေတာ့ ေတာင္းပန္ပါတယ္ ၊ အရာအားလံုးအတြက္... "

ထူးကို ေမာ့ၾကည့္ရင္း ေျပာလာတဲ့ေကာင္ေလးရဲ႕မ်က္ဝန္းေတြဟာ မ်က္ရည္စေတြနဲ႔အတူ ေလးနက္မႈတို႔က အထင္းသား ။ ဒီမ်က္ဝန္းေတြထံပါး သတိလက္လြတ္နဲ႔ နင့္နင့္နဲနဲ စိုက္ၾကည့္ေပ်ာ္ဝင္ၿပီးကာမွ မျဖစ္သင့္ဘူး ဆိုတဲ့ အေတြးစက အသိအာရံုထဲ ဝင္လာေလေတာ့ ကိုယ့္အၾကည့္ေတြကို ႏွေျမာတ,သစြာနဲ႔ ကိုယ္တိုင္ပဲ ရုတ္သိမ္းပစ္မိသည္ ။

ကိုယ္က ထိန္းသိမ္းဖို႔တာဝန္ရွိသည့္ လူႀကီးမဟုတ္လား ။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးေရြးခ်ယ္သင့္တဲ့ အရြယ္ေလ ။

" မဟုတ္တာေတြ မေျပာစမ္းနဲ႔ ခ်မ္း "

" မဟုတ္တာေတြေျပာတာ မဟုတ္ဘူး ၊ က်ြန္ေတာ္ ဦးသာကို တကယ္ခ်စ္တာ "

ေကာင္ငယ္ေလးရဲ႕စကားေတြကို ျငင္းဆန္သလို ေခါင္းခါပစ္ရင္း ထူးရဲ႕ခါးနားက အက်ၤီစကို ဆုပ္ကိုင္ထားတဲ့ လက္တစ္စံုအား ရင္နာနာႏွင့္ ဖယ္ခြာပစ္ရေတာ့သည္ ။

" က်ြန္ေတာ့္ကို စိတ္ဆိုးေနေသးတာလားဟင္ ဦးသာ ၊ ေတာင္းပန္ရံုနဲ႔မေၾကမွန္းသိေပမယ့္လည္း က်ြန္ေတာ္ ေတာင္းပန္ပါတယ္ ေနာ္ ဦးသာ "

" ငါ မင္းကို စိတ္မဆိုးခဲ့တဲ့အတြက္ ေတာင္းပန္ဖို႔လည္း မလိုဘူး ခ်မ္း "

ဆက္ၿပီးမ်က္ႏွာခ်င္းဆိုင္ေနရင္ ေျပာသင့္တဲ့စကားေတြကို ေျပာထြက္ဖို႔မလြယ္ကူတာေၾကာင့္ ထိုကေလးအား ေက်ာခိုင္းပစ္ရျပန္သည္ ။

ဒါဟာ ထူးအတြက္ေတာ့ တကယ္ကို ခက္ခဲတဲ့အခိုက္အတန္႔ေတြပါ ။

" ဒါဆို ဘာလို႔ က်ြန္ေတာ့္စကားကို မဟုတ္တာေတြလို႔ ေျပာရတာလဲ "

" မင္းက မျဖစ္ႏိုင္တာေတြကို ေျပာေနတာကိုး "

စကားေျပာရင္း အသံကိုတုန္မသြားေအာင္ အထူးဂရုစိုက္ေနရသည္ ။

" ဘာလို႔မျဖစ္ႏိုင္ရမွာလဲ ၊ ဦးသာကလည္း က်ြန္ေတာ့္ကို ခ်စ္တယ္ ၊ က်ြန္ေတာ္ကလည္း ဦးသာကို ခ်စ္တယ္ ၊ အဲ့ဒါက ဘာကိုမျဖစ္ႏိုင္ရမွာလဲ "

ဟင္ ။ ခ်မ္းရဲ႕စကားသံေတြက ထူးရင္ထဲ ဗံုးေပါက္သလို ျမည္ဟီးကုန္သည္ ။ ခ်မ္းက ဘယ္လိုလုပ္ၿပီး ထူး သူ႔ကို ခ်စ္ေနတယ္ရယ္လို႔ အတတ္ေျပာႏိုင္ေနရတာလဲ ။ ဒါလည္း လူလူ႔လက္ခ်က္ပဲလားကြာ ။

" မင္းထင္ေနတာေတြ မဟုတ္ဘူး ခ်မ္း ၊ ငါ ေတာက္ေလွ်ာက္ မင္းအနားမွာေနၿပီး...Gay လို႔ပါ ဝန္ခံလိုက္လို႔ မင္းက အခုလို ထင္သြားတာလား "

" က်ြန္ေတာ္ ေလးငယ္ဆီကေန အကုန္သိၿပီးၿပီမို႔ ဦးသာမျငင္းပါနဲ႔ေတာ့ ၊ ဦးသာ စိတ္ဆိုးေနေသးတယ္ဆိုရင္လည္း က်ြန္ေတာ့္ကို ႀကိဳက္တဲ့အျပစ္ေပးလို႔ ရပါတယ္ "

" ငါ မင္းကို စိတ္ဆိုးလို႔ေျပာေနတာ မဟုတ္ဘူး ၊ ၿပီးေတာ့ လူလူ႔ဆီက ဘာေတြၾကားခဲ့လည္း မသိေပမယ့္ မင္းအခု ထင္ေနတာက မမွန္ဘူး "

စိတ္ရင္းအမွန္ကို ဖံုးကြယ္ရင္း ေျပာရသည့္အေပၚမွာ ထူး ရင္ထဲလည္းနင့္ေနေအာင္ကိုနာရပါသည္ ။

" ဦးသာ က်ြန္ေတာ့္ကို ခ်စ္ရဲ႕သားနဲ႔ ဘာလို႔ျငင္းေနတာလဲ ၊ ဦးသာဆြဲခဲ့တဲ့ ပန္းခ်ီကားေတြကိုလည္း က်ြန္ေတာ္ အကုန္ေတြ႕ၿပီးၿပီ "

တစ္ဆင့္ခ်င္းတက္ၿပီး ေျပာလာတဲ့ ခ်မ္းရဲ႕စကားကို ဆက္ၿပီးျငင္းဆန္ႏိုင္ဖို႔ ခြန္အားေတြက တစ္စတစ္စ မဲ့လာေတာ့သည္ ။ သို႔ေသာ္ျငား မျဖစ္သင့္ဘူးဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ခပ္ယဲ့ယဲ့စိတ္အစံုနဲ႔ လူက ဆက္ၿပီးျငင္းဆန္ေနမိဆဲ ။

" ပန္းခ်ီကလည္း ဝါသနာအရ ဒီလိုပဲ ဆြဲလိုက္တာ "

" ဒါဆို ဦးသာက က်ြန္ေတာ့္ကို မခ်စ္ဘူးေပါ့ ၊ လံုးဝကို မခ်စ္ဘူးေပါ့ "

ဓါးသြားလို ေမးခြန္းမ်ိဳးက ထူးရင္ကို ဟက္တက္ခြဲခ်ေနသလို ။ သို႔ေသာ္လည္းေလ... ။

" အင္း "

အင္း ဆိုတဲ့စကားေလးတစ္လံုး ႏႈတ္မွထြက္ဖို႔ လက္သီးကိုတင္းတင္းဆုပ္လို႔ ႏွလံုးသားရဲ႕ဆႏၵအမွန္ကို က်ားကန္ကာဖံုးကြယ္ပစ္ရင္း မနည္းအားယူၿပီးေျပာခဲ့ရသည္ ။

ကိုယ္ခ်စ္တဲ့သူကို မခ်စ္ဘူးဆိုတဲ့ အဓိပၸါယ္သက္ေရာက္တဲ့ စကားမ်ိဳးေျပာရတဲ့ ဒီအေျခအေနဟာ ဘယ္ေလာက္နာက်င္စရာေကာင္းမွန္း ခံစားဖူးသူေတြမွသာ ကိုယ္ခ်င္းစာႏိုင္ေပလိမ့္မည္ ။

" က်ြန္ေတာ့္ကို ၾကည့္ၿပီး ေျပာ ၊ က်ြန္ေတာ့္ကို မခ်စ္ပါဘူးလို႔ ေဟာဒီ က်ြန္ေတာ့္မ်က္လံုးေတြထဲကို တည့္တည့္စိုက္ၾကည့္ၿပီး ေျပာ "

ဒီေကာင္ေလး ထူးကို အေသသတ္ဖို႔မ်ား ရည္ရြယ္ေနသလားေလ ။ မနည္းကို အားတင္းထားရတဲ့ ခံႏိုင္ရည္ေတြဟာလည္း တျဖည္းျဖည္းနဲ႔ ေပ်ာက္ဆံုးလာေနၿပီ ။

ေက်ာေပးထားရာကေန ခ်မ္းရွိရာကို မ်က္ႏွာမူလိုက္တဲ့အခ်ိန္ ထူးျမင္လိုက္ရသည္က မ်က္ရည္အသြယ္သြယ္စီးက်ရင္း တဆတ္ဆတ္တုန္ေနတဲ့ႏႈတ္ခမ္းတစ္စံုကို ခပ္တင္းတင္းဖိထားတဲ့ မ်က္ႏွာႏုႏုေလး ။

ဒီကေလးရဲ႕မ်က္ရည္ေတြက ထူးရဲ႕တင္းထားသမွ်စိတ္အစံုကို ဒီေရလို တိုက္စားပစ္လိုက္ေလေတာ့သည္ ။ မျဖစ္သင့္ဘူးဆိုတဲ့ ခံယူခ်က္နဲ႔ ထိန္းခ်ဳပ္မႈတို႔ဟာလည္း ခ်မ္းကေလးရဲ႕ မ်က္ရည္အျပည့္နဲ႔ ေမ်ွာ္လင့္တႀကီးမ်က္ႏွာေလးေအာက္မွာ အကုန္ၿပိဳက်ကုန္၏ ။

ေနာက္ဆံုးေတာ့ ထူးပဲ လက္နက္ခ်ရပါေလသည္ ။

" ကိုယ္က မင္းဘဝေလးကို အျပစ္အနာအဆာ ကင္းကင္းနဲ႔ ျပည့္စံုေစခ်င္တာ "

တုန္တုန္ခိုက္ခိုက္နဲ႔ မထိန္းႏိုင္စြာ ပြင့္အန္ထြက္သြားတဲ့ ထူးရဲ႕စကားအဆံုးမွာ မ်က္ရည္မ်ားၾကားမွ ခ်မ္းကေလး တုန္႔ျပန္လာသည္က

" ဟင့္အင္း က်ြန္ေတာ္က ဦးကိုပဲ လိုတာပါ "

ထူးကို ေမာ့ေမာ့ေလးၾကည့္ကာ ေျပာလာတဲ့စကားသံတိုးဖြဖြေလးေၾကာင့္ ထူးရဲ႕အသိစိတ္နဲ႔ ထိန္းခ်ဳပ္ႏိုင္စြမ္းတို႔က ၿပိဳပ်က္လြင့္ထြက္ကုန္ကာ မ်က္စိေရွ႕မွ ထိုကေလးအား ရင္ခြင္ထဲသို႔ သိမ္းႀကံဳးၿပီး ဆြဲဖက္ထားမိေတာ့သည္ ။

၁၆ ႏွစ္ေက်ာ္ၾကာၿပီးမွ တရားဝင္ ျပန္လည္ေထြးေပြ႕ခြင့္ရတဲ့ ခႏၶာကိုယ္ေသးေသးေလးက ထူးရင္ခြင္ထဲမွာ ေႏြးေထြးစြာ ။

မင္းစိတ္ကေလးကို အေရာင္ဆိုးမိသြားတယ္ဆိုရင္ ကိုယ့္ကိုခြင့္လႊတ္ေပးပါ ခ်မ္းငယ္ရယ္ ။

____________________________

A/N
ဒီတေလာမွာ update ေတြ ၾကာ,ၾကာေနတဲ့အတြက္ စိတ္ရင္းနဲ႔ေတာင္းပန္ပါတယ္ ။ ေစာင့္ဖတ္ေနရတဲ့ reader ေတြကိုလည္း အမွန္တကယ္ကို အားနာရပါတယ္ ။ ဒါေတြက စာကို ခပ္သြက္သြက္မေရးႏိုင္တဲ့ ကိုယ့္ရဲ႕ အားနည္းခ်က္နဲ႔ အျပစ္ေတြပါပဲ ။

ခပ္ျမန္ျမန္နဲ႔ ဆက္တိုက္ႀကီး မသြားႏိုင္သည့္တိုင္ေအာင္ အဆံုးထိသြားမယ္ဆိုတာတစ္ခုကိုေတာ့ ကိုယ္ ေသခ်ာေပါက္အာမ,ခံပါတယ္ ။ ဒါေၾကာင့္ ျဖည္းျဖည္းခ်င္း ကိုယ္နဲ႔အတူတူ လိုက္ပါေပးၾကပါဦးေနာ္....။

                              Phyu Layy. ❤️🙆🏻‍♀️💚

_____________________________

#For Unicode

ဧည့်ခန်းထဲကိုပြန်ထွက်လာချိန် အိပ်ခန်းနှင့်ကပ်လျက်က စေ့ပိတ်ထားသော အခန်းတစ်ခုကိုတွေ့ပြီး သိချင်စိတ်နှင့် တွန်းဖွင့်ဝင်ခဲ့တော့ အခန်းထဲမှာ ပိတ်ဖြူအုပ်ထားသော ဘာမှန်းမသိသည့် ပစ္စည်းတချို့နဲ့ စားပွဲပေါ်မှာ ပန်းချီဆွဲတဲ့ ဆေးခွက်တွေ စုတ်တံတွေကိုပါ တွေ့လိုက်ရသည် ။

ပြတင်းပေါက်ဘေးမှာတော့ ဒေါက်တိုင်နှင့်ထောင်ထားသော ကင်းဗတ်စ ဖြူဖြူတစ်ခု ။

ဦးသာက ပန်းချီတွေလည်း ဆွဲတတ်နေတာလား ။

အတွေးနဲ့အတူ တစ်စုံတစ်ခုကို သတိရပြီး ရင်ထဲ တဒိတ်ဒိတ်ဖြစ်လာရကာ

မဟုတ်မှ....ဟို ဟို ပန်းချီကားတွေရဲ့ ပိုင်ရှင်သည်....

ကိုယ့်အတွေးနဲ့ကိုယ် ရင်ခုန်ရင်း အခန်းထောင့်က ပိတ်ဖြူနှင့်အုပ်ထားသော အရာတွေနားကို အသက်ပင်မရှူမိဘဲ တိုးကပ်လာကာ ပိတ်ဖြူစကို စိတ်လှုပ်ရှားစွာ ဆွဲဖယ်မိတော့

မြင်လိုက်ရတဲ့ အဖြူရောင်ဘောင်အနားကွပ်နှင့် ပန်းချီကားတစ်ခုက ချမ်းအထင်တွေမှန်ကန်ကြောင်းရဲ့ သက်သေ ။

ဆင်တူဘောင်တွေနှင့် ပန်းချီကား ခြောက်ခုကို အကန့်ခြောက်ခုပါသည့် စင်တစ်ခုပေါ်တင်ထားပြီး ပိတ်ဖြူအုပ်ထားခဲ့တာ ။

ရှေ့ဆုံးပန်းချီကားက ကြိုးသိုင်းဘောင်းဘီဝတ်ထားသော ၃နှစ်အရွယ် ဆံပင်နီကြောင်ကြောင်ထိပ်တိလေးနဲ့ ကလေးလေးတစ်ယောက်ရဲ့ ပုံ ။ ပုံထဲက ကလေးလေးဟာ ချမ်းတို့အိမ်က Album တွေထဲမှာတွေ့နေကျ ချမ်းငယ်ငယ်က ပုံတွေနှင့် တစ်ပုံစံထဲ ။ ပန်းချီကားရဲ့အောက်ခြေထောင့်နားမှာတော့ PEACE I ဆိုတဲ့ နာမည်က အခန့်သားနေရာယူလျက် ။

ကြည်နူးစိတ်ကြောင့် ဝဲတက်လာတဲ့မျက်ရည်စများက ချမ်းရဲ့အမြင်အာရုံကို ဝေဝါးသွားစေသည် ။ ကြည်ကြည်လင်လင်ဖြစ်စေရန် မျက်လုံးကို ပုတ်ခတ်လိုက်တော့ ထိုမျက်ရည်တို့က ပါးပြင်သို့သွယ်ဆင်းကျတော့၏ ။

ဒုတိယပန်းချီကားက ကျောင်းတက်စအရွယ် ကလေးပေါက်ကောင်လေးရဲ့ အဖြူအစိမ်းဝတ်နှင့် ပုံ ။ ပန်းချီကားရဲ့နာမည်က PEACE II ။

တတိယပန်းချီကားက ရေကူးဘောင်းဘီလေးနဲ့ ရေကူးဦးထုပ် ရေကူးမျက်မှန်တို့ကို ဝတ်ဆင်ပြီး စတိုင်ထုတ်နေသည့် ကောင်ကလေးရဲ့ပုံ ။ အင်း ရေ,စပြီးကူးတဲ့အချိန်ကို ပြန်တွက်ကြည့်တော့ ချမ်း ၉ နှစ်သား ။ ပန်းချီကားရဲ့ထောင့်မှာနေရာယူထားတဲ့ နာမည်ကတော့ PEACE III တဲ့လေ ။

စတုတ္ထပန်းချီကားက ပုဂံဘုရားနောက်ခံတွေနဲ့ ကောင်းကင်က အပျော်စီးရောင်စုံ မီးပုံးပျံတွေကို ကျောပိုးအိတ်လေးလွယ်ကာ မော့ကြည့်နေတဲ့ ကောင်ငယ်လေးရဲ့ပုံ ။ ပုဂံကို သွားခဲ့တုန်းကဆိုရင် ချမ်း ၁၂ နှစ်သားပေါ့ ။ ပန်းချီကားရဲ့နာမည်က PEACE IV ဖြစ်မယ်ဆိုတာတော့ မကြည့်ဘဲလည်း မှန်းလို့ရနေပါပြီလေ ။

နောက်ထပ် ပန်းချီကား ၂ ခုကတော့ ချမ်းတွေ့ထားဖူးတဲ့ PEACE V  နဲ့ PEACE VI ပါပဲ ။

ခန့်မှန်းပြီး တွက်ကြည့်လိုက်တော့ ဦးသာဟာ ချမ်းရဲ့ပုံတွေကို ကနေဒါရောက်သွားပြီးချိန်မှစ,လို့ ၃ နှစ် တစ်ခါ ဆွဲခဲ့ပုံရလေသည် ။

ဘယ်လိုတွေတောင် ချစ်တတ်ခဲ့တာလဲဗျာ ။

တစ်စတစ်စနဲ့ သိလာရတဲ့ ဦးသာရဲ့အချစ်တွေကြားမှာ ဟောဒီကျွန်တော်က ရူးသွားတော့မှာ ။

တစ်ခန်းလုံးကို ပျံ့လွင့်နေတဲ့ ပျော်နေပါ ဆိုတဲ့ သီချင်းသံရယ် ၊ မျက်စိရှေ့မှာမြင်နေရတဲ့ ပန်းချီကားတွေရယ်...အား အရာအားလုံးက ချမ်းကို သတ်နေသလိုပါပဲ ။

ချောက်...

ထိုစဉ်မှာပဲ ကြားလိုက်ရတဲ့တံခါးဖွင့်သံကြောင့် လူက တောင့်ခနဲ ။

အိမ်ထဲဝင်လာတဲ့ ခြေသံတရှပ်ရှပ်ကို စိတ်လှုပ်ရှားစွာနားစွင့်ရင်း အခန်းထဲမှ ထွက်လာမိတော့ အိမ်ထဲဝင်လာသူနှင့် ဧည့်ခန်းဝမှာ ဆုံသည် ။

ဦးသာ.....

ချမ်း ရင်ထဲက အကျယ်ကြီးအော်ခေါ်လိုက်ပေမယ့်လို့ တကယ့်တကယ်မှာတော့ နှုတ်က အာစေးမိနေသလို အသံတစ်စက်မှထွက်မလာ ။

မထင်မှတ်ထားဘဲ ချမ်းကို မြင်လိုက်ရလို့ထင်သည် ။ ဦးသာရဲ့လက်ထဲမှာ ဆွဲလာသော City mart တံဆိပ်နဲ့ ကြွပ်ကြွပ်အိတ်တို့က ပါကေးကြမ်းပြင်ပေါ် အကုန်ပြုတ်ကျလေတော့သည် ။

ပြီးနောက် ဘာစကားတစ်ခွန်းမှဆိုမလာဘဲ ချမ်းကို ညှိုးရော်နေသော ခပ်မှိုင်းမှိုင်းအကြည့်တို့နှင့်သာ ငေးစိုက်ကြည့်နေပါသော သူ ။

နဂိုကထက် တော်တော်လေးပိန်သွားသော ဦးသာကို ကြည့်ပြီး ဖက်မငိုမိအောင် မနည်းထိန်းထားရသည် ။ ချမ်းရဲ့စိတ်ရင်းအတိုင်းဆို ဦးသာရင်ခွင်ထဲဝင်ကာ မှားမိသမျှတောင်းပန်ရင်း ငိုချလိုက်ချင်ပါသော်လည်း အခုချိန်မှာ ချမ်းအပေါ် ခွင့်လွှတ်နိုင် မလွှတ်နိုင် ဘယ်လိုသဘောထားမယ်မှန်းမသေချာသေးတဲ့ ဦးသာရဲ့အရိပ်အကဲကြောင့် ချမ်းမှာ ရှေ့ဆက်မတိုးဝံ့ဘဲ နေရာမှာတင် ခပ်တောင့်တောင့်ရပ်မိသည် ။

အော်ဟစ်ပြီးများ နှင်ထုတ်လိုက်လေမလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း အတွေးထဲတရိပ်ရိပ်တက်လာနေသည် ။

လောကမှာ အပြစ်ကျူးလွန်သူဟာ သိမ်ငယ်ရစမြဲပါပဲ ။

" ဦးသာ... "

အားတင်း၍ခပ်တိုးတိုး ခေါ်မိသည် ။

ချမ်းခေါ်သံကြားတော့မှ ဦးသာက သတိဝင်လာသလို လှုပ်လှုပ်ရှားရှားဖြစ်လာကာ

" ဒီကို ဘယ်လိုသိပြီးရောက်လာတာလဲ "

" လေးငယ် ပြောပြတာပါ ၊ ဟို လေးငယ်ပြောပြတယ်ဆိုတာကလည်း ကျွန်တော် အတင်းမေးလို့ပါ "

ဦးသာရဲ့မေးခွန်းကိုဖြေရင်းက မျက်နှာချင်းမဆိုင်ရဲတဲ့ စိတ်ကြောင့် လုပ်မိလုပ်ရာ ကြမ်းပေါ်ကျနေတဲ့ ဦးသာရဲ့ခြေထောက်နားက ပစ္စည်းတွေကို တစ်ခုစီလိုက်ကောက်ပြီး အိတ်ထဲပြန်ထည့်နေမိသည် ။ ဦးသာဝယ်လာသမျှပစ္စည်းတွေဟာ အသင့်စား အစားအသောက်များသာ ။ ခေါက်ဆွဲခြောက် ပဲနို့ ပေါင်မုန့် စသဖြင့် အလွယ်တကူစားလို့ရတာတွေချည်းပဲဖြစ်ပြီး ချက်ပြုတ်စားသောက်လို့ရတာမျိုး ဘာတစ်ခုမှမပါ ။

အိမ်ထမင်း အိမ်ဟင်းတွေကိုကြိုက်ပြီး ကိုယ်တိုင်ချက်တတ်ရဲ့သားနဲ့ ဒီလိုတွေဖြစ်သလိုစားသောက်နေထိုင်နေရအောင် ဒီလူသားရဲ့စိတ်တွေက ဘယ်လောက်များ ရှုပ်ထွေးနေခဲ့သလဲလေ ။

ပစ္စည်းတွေကို ငုံ့ကာကောက်နေရင်း ယူကြုံးမရစိတ်နဲ့ မျက်ရည်စက ပါကေးကြမ်းခင်းပေါ် ပေါက်ခနဲကျသည် ။ မျက်ရည်ပြည့်နေတဲ့မျက်လုံးထောင့်ကနေ ဦးသာရဲ့ခြေလှမ်းတွေ ချမ်းအနားက တဖြည်းဖြည်းဝေးသွားတာကို မြင်နေရ၏ ။

ငိုချင်နေတာကို ထိန်းနေရင်း ထိုအချင်းအရာကို မြင်လိုက်ရချိန်မှာ ဝမ်းနည်းစိတ်က လှိမ့်တက်လာကာ ရင်ဘတ်တွေပင် အောင့်လာရသည်အထိ ။ ချမ်းအနားကနေ ဖယ်ခွာသွားတဲ့ဒီခြေလှမ်းတွေဟာ တခြားကိုသွားတာမဟုတ်ဘဲ အိမ်အတွင်းကိုသာ ဦးတည်နေမှန်းသိနေသည့်တိုင်အောင်တောင် ဘာကိုဝမ်းနည်းလို့ ဝမ်းနည်းမှန်းမသိဖြစ်နေမိသည် ။

အကယ်၍များ ဒီလိုခြေလှမ်းမျိုးတွေနဲ့ ချမ်းဘဝထဲက ဦးသာထွက်ခွာသွားမယ်ဆိုရင်.... ။

ဟင့်အင်း မဖြစ်ရဘူး ၊ အဲ့လို လုံးဝဖြစ်လို့မရဘူး ။

ဦးသာ ချမ်းအနားကထွက်မသွားဖို့ဆိုရင် အခုချိန်ကစလို့ ဘယ်လိုနည်းလမ်းကိုပဲ သုံးရသုံးရ ချမ်းက အားကုန်သုံးပြီး ဆွဲထားတော့မှာ ။

အတွေးနဲ့အတူ စိတ်နောက်ကို လူကပါ,ပါကာ ဆတ်ခနဲထရပ်ပြီး ကျောပေးသွားနေတဲ့ ဦးသာထံပြေးကာ နောက်ကနေ ခါးနေရာကို သိုင်းပြီး ဖက်မိတော့သည် ။

**********

အခန်းထဲဝင်ဝင်ချင်း မမျှော်လင့်ထားသူကို ဧည့်ခန်းထောင့်မှာတွေ့လိုက်ရတော့ လူက နေရာမှာတင် အသက်ရှူရပ်သွားသလို ခံစားချက်ကြီးနှင့် ဆို့နင့်နေမိသည် ။ ဘာအတွက် ရောက်လာမှန်းလည်းမသိသည်မို့ လွမ်းနေရသည့်သူကို တွေ့ရသည့်တိုင်အောင် ထူးစိတ်တို့က လှိုက်လှိုက်လှဲလှဲကြီးမပျော်ရဲပါ ။

သို့သော်လည်း နင့်နေအောင်လွမ်းခဲ့ရတဲ့အလွမ်းတွေ ပြေလိုပြေငြား ထူးအား ပြူးတူးတူးနဲ့ကြည့်နေသည့် ထိုမျက်နှာလေးကို တရှိုက်မက်မက် ငေးကြည့်နေမိသည် ။ သို့သော်လည်း အလွမ်းက မပြေတဲ့အပြင် ပိုတိုးလို့တောင် လာသေးတော့.... ။

ဒီကလေးက နဂိုပိန်ရတဲ့ကြားထဲ အခုမြင်နေရတဲ့ မျက်နှာသွယ်သွယ်လေးက ပိုတောင်ချောင်နေသလို ။ အစားကိုပုံမှန်မစားဘဲ အရင်လို စိတ်ထင်တဲ့အတိုင်း နေ,နေတုန်းလားဆိုပြီးလည်း စိတ်ပူမိပြန်သည် ။

" ဦးသာ.... "

ခပ်တိုးတိုးခေါ်သံကြားတော့မှ လူက သတိပြန်ကပ်ဖို့ အသိဝင်လာသည် ။

" ဒီကို ဘယ်လိုသိပြီးရောက်လာတာလဲ "

" လေးငယ် ပြောပြတာပါ ၊ ဟို လေးငယ်ပြောပြတယ်ဆိုတာကလည်း ကျွန်တော် အတင်းမေးလို့ပါ "

သူ့မေးခွန်းကို ဖြေပြီးသည်နှင့် ထိုကောင်လေးက ထူးရှိရာကို ခပ်သွက်သွက်လှမ်းလာရင်း ထူးခြေထောက်နားမှာ စွေ့ခနဲထိုင်ချကာ ကြမ်းပေါ်က ပစ္စည်းတွေကို တစ်ခုချင်းကောက်ထည့်နေတာကိုမြင်တော့မှ ထူးလက်ထဲကပစ္စည်းတွေ ပြုတ်ကျသွားတာမှန်း သတိထားမိတော့သည် ။

ကိုယ့်လက်ထဲကကိုင်ထားတဲ့ ပစ္စည်းတွေကို ပြုတ်ကျလို့ကျမှန်းမသိတဲ့အထိ လူက စိတ်နဲ့လူနဲ့မကပ်သလို ဖြစ်သွားခဲ့တာပဲ ။ သူ့ရဲ့မူမမှန်မှုတွေကို ထိုကလေးရိပ်မိသွားမှာကိုစိုးရိမ်ကာ အနားမှဖယ်ခွာလာခဲ့မိသည် ။

စိတ်လှုပ်ရှားလွန်းပြီး ဒီအခြေအနေတစ်ခုကို အကောင်းဆုံး ဘယ်လိုဖြတ်သန်းရမလဲဆိုတာကိုလည်း မတွေးတတ်တော့ချေ ။

အင်း ဒီကလေးနဲ့ပတ်သက်ရင် သူကိုယ်တိုင်က ခံစားမှုလွယ်လွန်းတာပါ ။

ထိုစဉ် ရုတ်တရက်ဆိုသလိုကြီး ထူးရဲ့ကျောပြင်တစ်ခုလုံး နွေးထွေးသွားရကာ ခါးနားကတင်းကြပ်မှုတစ်ခုကြောင့် ငုံ့ကြည့်မိတော့ ထူးငေးကြည့်နေကျ လက်ဖြူဖြူလေးတစ်စုံက ခါးကို ရစ်သိုင်းထားတာ ။

အံ့သြစိတ်နဲ့အတူ တရှိန်ထိုးမြန်လာတဲ့ ရင်ခုန်သံတွေအား ကျောပြင်မှာကပ်တွယ်နေတဲ့ ကောင်ငယ်လေးသိသွားမှာကို စိုးထိတ်လှပါသည် ။

" ဦးသာ... ဦးသာကို ကျွန်တော်ချစ်တယ် "

ဟင် ဒီကလေး ဘာပြောလိုက်တာလဲ ။ အခု ချမ်းက ထူးကို ချစ်တယ်လို့ပြောလိုက်လေသလား ။ ဒါ အိပ်မက်များလား ။ ဒါမှမဟုတ် ချစ်လွန်းလို့ပဲ ထင်ယောင်ထင်မှားနဲ့ ကြားချင်ရာတွေ ကြားနေမိတာလား ။

ခါးမှာရစ်သိုင်းနေဆဲလက်အစုံကို အသာခွာချရင်း မယုံနိုင်သလို လှည့်ပြီးမေးမိသည် ။

" အခု ဘာပြောလိုက်တာ "

" ကျွန်တော် ဦးသာကို ချစ်တယ် ၊ ပြီးတော့ တောင်းပန်ပါတယ် ၊ အရာအားလုံးအတွက်... "

ထူးကို မော့ကြည့်ရင်း ပြောလာတဲ့ကောင်လေးရဲ့မျက်ဝန်းတွေဟာ မျက်ရည်စတွေနဲ့အတူ လေးနက်မှုတို့က အထင်းသား ။ ဒီမျက်ဝန်းတွေထံပါး သတိလက်လွတ်နဲ့ နင့်နင့်နဲနဲ စိုက်ကြည့်ပျော်ဝင်ပြီးကာမှ မဖြစ်သင့်ဘူး ဆိုတဲ့ အတွေးစက အသိအာရုံထဲ ဝင်လာလေတော့ ကိုယ့်အကြည့်တွေကို နှမြောတ,သစွာနဲ့ ကိုယ်တိုင်ပဲ ရုတ်သိမ်းပစ်မိသည် ။

ကိုယ်က ထိန်းသိမ်းဖို့တာဝန်ရှိသည့် လူကြီးမဟုတ်လား ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရွေးချယ်သင့်တဲ့ အရွယ်လေ ။

" မဟုတ်တာတွေ မပြောစမ်းနဲ့ ချမ်း "

" မဟုတ်တာတွေပြောတာ မဟုတ်ဘူး ၊ ကျွန်တော် ဦးသာကို တကယ်ချစ်တာ "

ကောင်ငယ်လေးရဲ့စကားတွေကို ငြင်းဆန်သလို ခေါင်းခါပစ်ရင်း ထူးရဲ့ခါးနားက အင်္ကျီစကို ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံအား ရင်နာနာနှင့် ဖယ်ခွာပစ်ရတော့သည် ။

" ကျွန်တော့်ကို စိတ်ဆိုးနေသေးတာလားဟင် ဦးသာ ၊ တောင်းပန်ရုံနဲ့မကြေမှန်းသိပေမယ့်လည်း ကျွန်တော် တောင်းပန်ပါတယ် နော် ဦးသာ "

" ငါ မင်းကို စိတ်မဆိုးခဲ့တဲ့အတွက် တောင်းပန်ဖို့လည်း မလိုဘူး ချမ်း "

ဆက်ပြီးမျက်နှာချင်းဆိုင်နေရင် ပြောသင့်တဲ့စကားတွေကို ပြောထွက်ဖို့မလွယ်ကူတာကြောင့် ထိုကလေးအား ကျောခိုင်းပစ်ရပြန်သည် ။

ဒါဟာ ထူးအတွက်တော့ တကယ်ကို ခက်ခဲတဲ့အခိုက်အတန့်တွေပါ ။

" ဒါဆို ဘာလို့ ကျွန်တော့်စကားကို မဟုတ်တာတွေလို့ ပြောရတာလဲ "

" မင်းက မဖြစ်နိုင်တာတွေကို ပြောနေတာကိုး "

စကားပြောရင်း အသံကိုတုန်မသွားအောင် အထူးဂရုစိုက်နေရသည် ။

" ဘာလို့မဖြစ်နိုင်ရမှာလဲ ၊ ဦးသာကလည်း ကျွန်တော့်ကို ချစ်တယ် ၊ ကျွန်တော်ကလည်း ဦးသာကို ချစ်တယ် ၊ အဲ့ဒါက ဘာကိုမဖြစ်နိုင်ရမှာလဲ "

ဟင် ။ ချမ်းရဲ့စကားသံတွေက ထူးရင်ထဲ ဗုံးပေါက်သလို မြည်ဟီးကုန်သည် ။ ချမ်းက ဘယ်လိုလုပ်ပြီး ထူး သူ့ကို ချစ်နေတယ်ရယ်လို့ အတတ်ပြောနိုင်နေရတာလဲ ။ ဒါလည်း လူလူ့လက်ချက်ပဲလားကွာ ။

" မင်းထင်နေတာတွေ မဟုတ်ဘူး ချမ်း ၊ ငါ တောက်လျှောက် မင်းအနားမှာနေပြီး...Gay လို့ပါ ဝန်ခံလိုက်လို့ မင်းက အခုလို ထင်သွားတာလား "

" ကျွန်တော် လေးငယ်ဆီကနေ အကုန်သိပြီးပြီမို့ ဦးသာမငြင်းပါနဲ့တော့ ၊ ဦးသာ စိတ်ဆိုးနေသေးတယ်ဆိုရင်လည်း ကျွန်တော့်ကို ကြိုက်တဲ့အပြစ်ပေးလို့ ရပါတယ် "

" ငါ မင်းကို စိတ်ဆိုးလို့ပြောနေတာ မဟုတ်ဘူး ၊ ပြီးတော့ လူလူ့ဆီက ဘာတွေကြားခဲ့လည်း မသိပေမယ့် မင်းအခု ထင်နေတာက မမှန်ဘူး "

စိတ်ရင်းအမှန်ကို ဖုံးကွယ်ရင်း ပြောရသည့်အပေါ်မှာ ထူး ရင်ထဲလည်းနင့်နေအောင်ကိုနာရပါသည် ။

" ဦးသာ ကျွန်တော့်ကို ချစ်ရဲ့သားနဲ့ ဘာလို့ငြင်းနေတာလဲ ၊ ဦးသာဆွဲခဲ့တဲ့ ပန်းချီကားတွေကိုလည်း ကျွန်တော် အကုန်တွေ့ပြီးပြီ "

တစ်ဆင့်ချင်းတက်ပြီး ပြောလာတဲ့ ချမ်းရဲ့စကားကို ဆက်ပြီးငြင်းဆန်နိုင်ဖို့ ခွန်အားတွေက တစ်စတစ်စ မဲ့လာတော့သည် ။ သို့သော်ငြား မဖြစ်သင့်ဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာ ခပ်ယဲ့ယဲ့စိတ်အစုံနဲ့ လူက ဆက်ပြီးငြင်းဆန်နေမိဆဲ ။

" ပန်းချီကလည်း ဝါသနာအရ ဒီလိုပဲ ဆွဲလိုက်တာ "

" ဒါဆို ဦးသာက ကျွန်တော့်ကို မချစ်ဘူးပေါ့ ၊ လုံးဝကို မချစ်ဘူးပေါ့ "

ဓါးသွားလို မေးခွန်းမျိုးက ထူးရင်ကို ဟက်တက်ခွဲချနေသလို ။ သို့သော်လည်းလေ... ။

" အင်း "

အင်း ဆိုတဲ့စကားလေးတစ်လုံး နှုတ်မှထွက်ဖို့ လက်သီးကိုတင်းတင်းဆုပ်လို့ နှလုံးသားရဲ့ဆန္ဒအမှန်ကို ကျားကန်ကာဖုံးကွယ်ပစ်ရင်း မနည်းအားယူပြီးပြောခဲ့ရသည် ။

ကိုယ်ချစ်တဲ့သူကို မချစ်ဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားမျိုးပြောရတဲ့ ဒီအခြေအနေဟာ ဘယ်လောက်နာကျင်စရာကောင်းမှန်း ခံစားဖူးသူတွေမှသာ ကိုယ်ချင်းစာနိုင်ပေလိမ့်မည် ။

" ကျွန်တော့်ကို ကြည့်ပြီး ပြော ၊ ကျွန်တော့်ကို မချစ်ပါဘူးလို့ ဟောဒီ ကျွန်တော့်မျက်လုံးတွေထဲကို တည့်တည့်စိုက်ကြည့်ပြီး ပြော "

ဒီကောင်လေး ထူးကို အသေသတ်ဖို့များ ရည်ရွယ်နေသလားလေ ။ မနည်းကို အားတင်းထားရတဲ့ ခံနိုင်ရည်တွေဟာလည်း တဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာနေပြီ ။

ကျောပေးထားရာကနေ ချမ်းရှိရာကို မျက်နှာမူလိုက်တဲ့အချိန် ထူးမြင်လိုက်ရသည်က မျက်ရည်အသွယ်သွယ်စီးကျရင်း တဆတ်ဆတ်တုန်နေတဲ့နှုတ်ခမ်းတစ်စုံကို ခပ်တင်းတင်းဖိထားတဲ့ မျက်နှာနုနုလေး ။

ဒီကလေးရဲ့မျက်ရည်တွေက ထူးရဲ့တင်းထားသမျှစိတ်အစုံကို ဒီရေလို တိုက်စားပစ်လိုက်လေတော့သည် ။ မဖြစ်သင့်ဘူးဆိုတဲ့ ခံယူချက်နဲ့ ထိန်းချုပ်မှုတို့ဟာလည်း ချမ်းကလေးရဲ့ မျက်ရည်အပြည့်နဲ့ မျှော်လင့်တကြီးမျက်နှာလေးအောက်မှာ အကုန်ပြိုကျကုန်၏ ။

နောက်ဆုံးတော့ ထူးပဲ လက်နက်ချရပါလေသည် ။

" ကိုယ်က မင်းဘဝလေးကို အပြစ်အနာအဆာ ကင်းကင်းနဲ့ ပြည့်စုံစေချင်တာ "

တုန်တုန်ခိုက်ခိုက်နဲ့ မထိန်းနိုင်စွာ ပွင့်အန်ထွက်သွားတဲ့ ထူးရဲ့စကားအဆုံးမှာ မျက်ရည်များကြားမှ ချမ်းကလေး တုန့်ပြန်လာသည်က

" ဟင့်အင်း ကျွန်တော်က ဦးကိုပဲ လိုတာပါ "

ထူးကို မော့မော့လေးကြည့်ကာ ပြောလာတဲ့စကားသံတိုးဖွဖွလေးကြောင့် ထူးရဲ့အသိစိတ်နဲ့ ထိန်းချုပ်နိုင်စွမ်းတို့က ပြိုပျက်လွင့်ထွက်ကုန်ကာ မျက်စိရှေ့မှ ထိုကလေးအား ရင်ခွင်ထဲသို့ သိမ်းကြုံးပြီး ဆွဲဖက်ထားမိတော့သည် ။

၁၆ နှစ်ကျော်ကြာပြီးမှ တရားဝင် ပြန်လည်ထွေးပွေ့ခွင့်ရတဲ့ ခန္ဓာကိုယ်သေးသေးလေးက ထူးရင်ခွင်ထဲမှာ နွေးထွေးစွာ ။

မင်းစိတ်ကလေးကို အရောင်ဆိုးမိသွားတယ်ဆိုရင် ကိုယ့်ကိုခွင့်လွှတ်ပေးပါ ချမ်းငယ်ရယ် ။

_____________________________

A/N
ဒီတလောမှာ update တွေ ကြာ,ကြာနေတဲ့အတွက် စိတ်ရင်းနဲ့တောင်းပန်ပါတယ် ။ စောင့်ဖတ်နေရတဲ့ reader တွေကိုလည်း အမှန်တကယ်ကို အားနာရပါတယ် ။ ဒါတွေက စာကို ခပ်သွက်သွက်မရေးနိုင်တဲ့ ကိုယ့်ရဲ့ အားနည်းချက်နဲ့ အပြစ်တွေပါပဲ ။

ခပ်မြန်မြန်နဲ့ ဆက်တိုက်ကြီး မသွားနိုင်သည့်တိုင်အောင် အဆုံးထိသွားမယ်ဆိုတာတစ်ခုကိုတော့ ကိုယ် သေချာပေါက်အာမ,ခံပါတယ် ။ ဒါကြောင့် ဖြည်းဖြည်းချင်း ကိုယ်နဲ့အတူတူ လိုက်ပါပေးကြပါဦးနော်....။

                              Phyu Layy. ❤️🙆🏻‍♀️💚

_____________________________

Continue Reading

You'll Also Like

1.2M 120K 48
ကြၽန္ေတာ္က ေမတၱာငတ္ခဲ့တဲ့ေကာင္ပါ တစ္ဖဲ့တစ္ဝက္ ဂရုဏာဆိုရင္ေတာင္မွ ခင္ဗ်ားစြန္႔ႀကဲတာမလို႔ တန္ဖိုးႀကီးပါတယ္.... ...
322K 31.2K 44
ဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်က...
264K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
452K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...