[Zawgyi]
"ဗျာ.....အမေ....ထပြီလို့......"
"ဟုတ်....."
...
"ရက်စ်ဆားးးးး"
...
......
"ဒယ်ဒီ...."
"ပြောလေသား ရိပေါ် "
"ဘာလို့လဲ သားရဲ့"
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
...
..
"ဟုတ်.."
...
..
တစ်နေရာအရောက်
"အားးးး"
"အေးးးရချင်တယ်..."
"ဟေ့လူတွေ....."
"ဟုတ်..."
"ဟမ်...."
"လေးလားဟင်...ဟင့်.."
"အင်းးး"
"အော်..."
[Unicode]
နေ့တစ်နေ့ရဲ့မနက်ခင်းအစဟာ ကျေးငှက်အသံလေးတွေနဲ့သာယာစွာအစပြုတယ်တဲ့
ကျွန်တော့်အတွက်တော့မဟုတ်ဘူးဗျ
ကျွန်တော့်ရဲ့မနက်ခင်းအစကတော့
"ရှောင်းးရှောင်ကျန့်းးးးးး"
"ဗျာ.....အမေ....ထပြီလို့......"
"ဗျာ ကနောက်ထား အခုချက်ချင်းထလာခဲ့"
"ဟုတ်....."
...
"အမေတို့ကလည်း ဒီသားလေး တစ်ယောက်တည်းရှိတာကိုဆူဖို့ချည်းပဲ"
"ဟဲ့ နင်ကအသုံးကျလို့လား သူများသားသမီးတွေ ဒီအချိန်မိဘကိုလုပ်ကျွေးနေကြပြီ အခုနင်ဘွဲ့သာရတာဘာအဖြစ်ရှိတုန်း"
"အဲ့တာအမေတို့ကြောင့် အမေတို့ပဲ အလိုလိုက်ထားတာ ငယ်ငယ်တည်းကဆုံးမသင့်တာ"
"အေးပါဒီကောင်မကြီးအမှားပေါ့ အလုပ်ကလည်းမယ်မယ်ရရမရှိ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက် ဖုန်းသုံးလိုက်နဲ့ အားကိုမကိုးရဘူး"
"အဲ့လို စားနိုင်သောက်နိုင်အိပ်နိုင်အောင် ဘယ်လောက်ကြိုးစားရလည်းအမေမသိပါဘူး တစ်ခါတစ်လေအမေတို့ကိုအားနာလို့ တစ်နပ်တောင်လျော့စားခဲ့ရသေးတယ်"
"တော်စမ်း နင့်ပြောလိုက်ရင်ဆင်ခြေချည်းပဲ ဒီနှစ်အတွင်းမှပိုက်ဆံမရှာနိုင်ရင် အိမ်ပေါ်ကနှင်ချမယ်နင့်ကို"
"အမေ့ရဲ့ဝမ်းကလွယ် အသက်စွန့်ပြီးမွေးထားတဲ့ ရင်နှင့်သည်းခြာချစ်ရတဲ့ကျန့်ကျန့်ကို နှင်ချတော့မလို့လား အဟင့်..."
"ကလေးလိုလုပ်မနေနဲ့ ငါတကယ်မလုပ်ဘူးမထင်နဲ့.."
"ကျန့်ကျန့်ကိုအထင်မသေးပါနဲ့ ကျန့်ကျန့်မှာအလုပ်ရှိပါတယ်"
"ပြောစမ်းပါအုံး ဘာအလုပ်လဲ"
"ဘေကျင်းကအိမ်က ပိုနေတယ်မလား အဲ့မှာ ကျန့်ကျန့် အဆောင်ဖွင့်စားမယ်လေ ဝင်ငွေချည်းပဲ😂ဟဲဟဲ"
"ဟဲ့အိမ်လေးကဖြင့် စုစုပေါင်းမှ အခန်းလေးသုံးခန်းပဲရှိတာ နင်ကဘယ်လိုအဆောင်ဖွင့်စားမှာတုန်း"
"သုံးခန်းတောင်လေ လူသုံးယောက်တောင်ရမှာ ကျန့်ကျန့်က စတိုခန်းအိပ်မှာပေါ့"
သားဖြစ်သူကအရမ်းကိုတက်ကြွနေတာကြောင့် ဘာမှမလုပ်မကိုင် အလေလိုက်နေမယ့်အတူတူ ပိုက်ဆံရှာတတ်အောင် ရည်ရွယ်ပြီး ခွင့်ပြုပေးလိုက်တယ်
"သေချာလုပ်နိုင်ရင်လုပ် တစ်ခုတော့ရှိတယ် ကိုယ့်ပြဿနာကိုယ့်ဘာသာရှင်းနော်"
"ရက်စ်ဆားးးးး"
...
......
"ဒယ်ဒီ...."
"ပြောလေသား ရိပေါ် "
"သားလပိုင်းလောက် ပေကျင်းကိုသွားနေချင်တယ်"
"ဘာလို့လဲ သားရဲ့"
"အေးအေးဆေးဆေး စာရေးချင်လို့ပါ ဟိုကရာသီဥတုလေးကလည်းကောင်းတယ်လေ"
"သွားနေတာကဟုတ်ပါပြီသားရဲ့ ဘယ်မှာနေမှာတုန်း"
"အဲ့တာက သားအဆင်ပြေတဲ့နေရာရှာတွေ့ရင် အဲ့နားက အဆောင်တစ်ခုခုငှားနေမှာပါ"
"အေးပါ အာ့ဆိုလည်း အဆင်မပြေရင် ဒယ်ဒီ့ဆီလှမ်းပြောလိုက်ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
...
..
"ဘဝမှာအရေးကြီးဆုံးက မိဘ..... မိဘကိုလုပ်ကျွေးရင် သေတောင်မဆင်းရဲပါ ဒန်ဒန့်ဒန်"
"အကိုလေးးးးအကိုလေးသီချင်းကလည်း ဘာကြီးတုန်း ကြားတောင်မကြားဖူးဘူး"
"ဘယ်ကြားဖူးမလဲ ငါလျှောက်ဆိုနေတာကိုး ဟားး"
"အကိုလေးက ဒီမှာအဆောင်ဖွင့်မလို့ဆို..."
"အေးလေ နောက်တစ်ပတ်နေရင် အဆောင်ဖွင့်ပွဲလုပ်မှာ နင့်ကို မန်နေဂျာချုပ်ခန့်မယ်"
"တကယ်လားးးပျော်စရာကြီး အဟိ ကျွန်မအောက်က ဘာရာထူးလဲ..."
"သန့်ရှင်းရေးရှိမယ် တောက်တိုမယ်ရရှိမယ် ကူလီရှိမယ်"
"သူတို့ကိုကျွန်မကခိုင်းရမှာပေါ့နော်"
"အားထျန်းဒီအိမ်မှာ အခုလူဘယ်နှစ်ယောက်ရှိလဲ"
"အကိုလေးရယ်ကျွန်မရယ် ပေတလူးရယ် လေ"
"ပေတလူးကို ကူလီလုပ်ခိုင်းမယ် ဒီကောင်က အားသန်တယ်.."
"ကျန်တဲ့တောက်တိုမယ်ရအစုံကတော့ လောလောဆယ်နင်တာဝန်ယူလိုက် "
"အကိုလေးးးးးးမန်နေဂျာချုပ်ဆို "
"အေးလေ ကျရာတာဝန်ကိုယူတတ်ရတယ် နောက်တော့ငါလူရှာပေးမှာပါဟာ စိတ်မပူပါနဲ့ "
"အန်တီလေးရေ အန်တီလေးသားက ကျွန်မကိုအကုန်ခိုင်းနေတယ် အမလေးးး"
"ကဲပါ လောလောဆယ်အခန်းလေးတွေ သွားပြင်လိုက်အုံး သွားသွားး"
"ဟုတ်.."
...
..
ရိပေါ် ဘေကျင်းကိုရောက်တော့ နေရာလေးရှာရင်းလမ်းလျှောက်လာခဲ့တာ
တစ်နေရာအရောက်
"ဟေ့လူတွေ....ခင်ဗျားတို့ မညစ်ပတ်နဲ့ ကျုပ်ကိုအချဉ်မှတ်နေလား ကျန့်ကျန့်တဲ့ တစ်ကျန့်ပဲရှိတယ် အခုချက်ခြင်းပိုက်ဆံပေး"
ရှောင်ကျန့် တစ်ယောက် လမ်းဘေးက အမူးသမား တွေကို အမြတ်ကြီးစားပြီး ဆေးလိပ် ရောင်းစားမိတာ ထိုလူကြီးတွေက ပိုက်ဆံမပေးပဲ ပါတဲ့ပိုက်ဆံတောင် အတင်းလုယူခြင်းခံနေရတယ်
"ဟေ့...ကောင်လေး စွာလှချည်လား... မင်းငါတို့ကို ဆေးလိပ်ရောင်းတာ မင်းမိဘတွေသိရဲ့လားကလေး အသက်မပြည့်ရင် မင်းဖမ်းခံရမှာနော်"
"ခင်ဗျားကြီးစော်ကားလှချည်လား ဒီမှာ ကျုပ်ကလူကသာသေးတာ ကြီးတယ်ဗျ....အဲ...အသက်ကြီးတယ်ဗျ..."
"အဲ့တာဆိုလည်း ငါတို့ကိုလှူတယ် သဘောထားလိုက်ပေါ့ကွာ ဟားဟားဟား"
"ချီးကိုလှူရမှာလားးးး အင့်ကွာ...."
"အားးးး"
ဒူးခေါင်းဖြင့် ထိုလူကြီးပေါင်ကြားတည့်တည့်ကို တိုက်လိုက်တော့ တော်တော်အောင့်သွားတယ်ထင် မတ်တပ်တောင်မရပ်နိုင်တော့
"ဟဲ့ကောင်တွေ သူ့ကို ချုပ်ကွာ...အိတ်ထဲကပိုက်ဆံတွေအကုန်ယူ.."
"ဖယ်လွှတ်နော်.....အားးးးးမထိနဲ့ အဲ့နားက နာတယ် တခြားနေရာပြောင်းချုပ်"
"အော် အရေးထဲမှာ နေရာပြောင်းခိုင်းနေသေးတယ် ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးကွ..."
"သိပါတယ်....ဒါနဲ့ ခင်ဗျားတို့ပိုက်ဆံဒီထက်ပိုမရချင်ဘူးလား..."
"အေးးးရချင်တယ်..."
"ရချင်ရင်ကျွန်တော်ပြောသလိုလုပ် ကျွန်တော့်အမေကိုဖုန်းဆက်ပြီး ပိုက်ဆံတောင်းလိုက် ရတဲ့ပိုက်ဆံထဲကတစ်ဝက် ခင်ဗျားတို့ယူဗျာ..."
"မင်းက လက်စသတ်တော့ အိမ်တွင်းသူခိုးပဲ မသိဘူး အရေးကြီးတာလောလောဆယ် ငါတို့ရှူစရာဆေးဖိုးရရင်ရပြီကွာ ကြာတယ် လုမြန်မြန်..."
"အားးးးလုပ်ကြပါအုံးးးး ဒီမှာ မုဒိန်းးးကျင့်နေပါတယ် အဲလေ အကြမ်းဖက်နေပါတယ်ဗျို့...."
ရိပေါ် မြင်ရတာတွေကအခြေအနေမကောင်းတာနဲ့ ကူညီပေးဖို့ ဝင်လာလိုက်တယ်
"ဟေ့လူတွေ....."
လူကသုံးယောက် ငါချရင်တော့နိုင်မှာမဟုတ်ဘူး
"ဟေ့လူတွေ...လမ်းထိပ်မှာရဲတွေရောက်နေပြီ မြန်မြန်ပြေးတော့...."
ကံကောင်းစွာနဲ့ ရဲကားအသံက ရုတ်တရက်ထွက်လာလေတယ်
"ဟေ့ကောင်တွေလာ ပြေးစို့...."
ထိုလူတွေပြေးသွားတော့ ရိပေါ် ဘေးကကောင်လေးအနားသွားကာ
"အဆင်ပြေရဲ့လား ဘာမှမဖြစ်ဘူးမလား"
"ဘာမှမဖြစ်ပါဘူး ဒီလောက်ကတော့ ရှောင်ကျန့်တို့ကြောက်မနေဘူး...."
လူကမကြောက်ဘူးပြောပေမယ့် မျက်ရည်စွတ်နေတဲ့မျက်လုံးနဲ့ တုန်နေတဲ့ ခန္ဓာကိုယ်က အရှက်ခွဲနေသလိုပဲ
"ဘယ်ကိုသွားမှာလဲ ကျွန်တော်လိုက်ပို့ပေးမယ်လေ"
"ဟုတ်..."
ရိပေါ် ရှေ့ကလျှောက်လာသော်လည်း နောက်ကထိုကောင်လေးပါမလာ
"လာလေ ကျွန်တော့်ကိုမယုံလို့လား"
"မဟုတ်ဘူးးးဟို....ခြေထောက်က လှုပ်မရတော့လို့ "
"ဟမ်...."
"အီးးးးဟီးးးး သူများရှေ့မှာအရှက်တွေကွဲပါပြီ...
ခုနတုန်းက လူကြီးတွေက အရမ်းကြောက်ဖို့ကောင်းတယ် သူတို့ရှေ့မှာမကြောက်ဘူးထင်အောင်နေနေရတာ အီးးးး "
"ဟေးးးမငိုရဘူးလေ အခုဘာမှမဖြစ်တော့ဘူးလေ ကဲပါလာ ကျွန်တော့်ပေါ်တက် လိုက်ပို့ပေးမယ် လမ်းလျှောက်ဖို့အဆင်မပြေရင်"
ရိပေါ်ရှောင်ကျန့်ရှေ့တွင်ထိုင်လိုက်ကာ ကျောပေါ်တက်ခိုင်းလိုက်တော့
အလိုက်သင့်လေးတက်လာတယ်
"လေးလားဟင်...ဟင့်.."
"မလေးပါဘူး ဒါနဲ့ဘယ်နားကိုလိုက်ပို့ပေးရမလဲ"
"အင်းးးဟိုလမ်းကြားထဲဝင်လိုက် အစွန်ဆုံးကအိမ်ပဲ"
"အင်းးး"
"ခင်ဗျားကြည့်ရတာ ဒီကိုအလည်လာတဲ့ပုံပဲ ဒီမြို့ကမဟုတ်ဘူးမလား "
"ဟုတ်တယ် ကျွန်တော် စာရေးစရာလေးရှိလို့ ဒီကိုလပိုင်းလောက်လာနေတာ..."
"အော်..."
"ဒီနားတစ်ဝိုက်က နေလို့အဆင်ပြေသားပဲ ဒီနားမှာအဆောင်လေးဘာလေးမရှိဘူလားးး"
"ဒီနားမှာက ကိုယ်ပိုင်ခြံတွေပဲရှိတာ အဆောင်မရှိဘူးးး....ဟမ်....အဆောင်......ရှိတယ် ရှိတယ်....အဆောင်ရှိတယ်.."
ချက်ခြင်း ကျောပေါ်ကခုန်ချကာ မျက်နှာချင်းဆိုင်လိုက်ပြီး...
"အဆောင်ရှာနေတာများ စောစောကပြောရောပေါ့ဗျာ လာလိုက်ခဲ့..."
လက်ကဆွဲကာ ရှေ့ကဦးဆောင်ခေါ်သွားလေတယ်
ခုနက ခြေထောက်လှုပ်မရတာ သူမှဟုတ်ရဲ့လားတောင်တွေးယူရတဲ့အထိ....