ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်
By AungKhant266
20.7K 583 60
ဒါကျွန်တော် အရမ်းကြိုက်​​တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပ... More
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-4. (Zawgyi)
Zawgyi. Chapter-5
Chapter-6
Chapter-6 (Zawgyi )
Chapter-7 (Unicode)
Chapter-7. (Zawgyi)
Chapter-8
Chapter-8. (Zawgyi)
Chapter-9. (Unicode)
Chapter-10. (Unicode)
Chapter-10. (Zawgyi)
Chapter-11. (Unicode)
Chapter-11. (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Extra-1. (Uni)
Extra-1. (Zawgyi)
Extra-Final. (Uni)
Extra-Final. (Zawgyi)
Zawgyi. Chapter-1
Chapter-2. (Zawgyi)
Chapter-3. (Zawgyi)
Chapter-4 .(Zawgyi)
Chspter-5 .(Zawgyi)
Chapter-6 .(Zawgyi)
Chapter-7 .(Zawgyi)
Chapter-8 .(Zawgyi)
Chapter-9 .(Zawgyi)
Chapter-10 .(Zawgyi)
Chapter-11 .(Zawgyi)
ဇာတ်သိမ်းပိုင်း. (Zawgyi)
Extra. 1 .(Zawgyi)
Extra Final. (Zawgyi)
Chapter-9. (Zawgyi)
305 3 0
By AungKhant266
သည်းခံပြီးဖတ်ပေးကြပါလို့ စိတ်မကောင်းစွာနဲ့ပြောပါစေနော်😁😁😁
"Jayအပြင်ကိုထွက်သွားတာ နာရီပိုင်းတောင်မကြာသေးသော်လည်း ကျန်ခဲ့တဲ့ကိုယ့်မှာ နေမထိထိုင်မသာ လိုက်သွားလို့ကလဲအဆင်မပြေ။ စိတ်ကလဲမချ။ ဒီလိုအချိန်ဆို အချိန်လည်ပတ်မှု့နှုန်းက နှေးကွေးနေသလားလို့ပင်ထင်မိလေသည်။ ဖုန်းဖွင့်ကာ ဖုန်းခေါ်ရန် လက်တို့ကလှုပ်ရှားလိုက်ရင်း အတွေးတို့ကသူအလုပ်ကို နှောက်ယှက်ရာကျနေမလား ကိုယ်ဖုန်းခေါ်လိုက်လို့ သူစိတ်ဆိုးသွားမလားဆိုသော အတွေးတို့ကယောက်ယက်ခတ်နေလေသည်။"
ကိုကိုကြီးမနက်ထဲကအခုချိန်အထိ ခနတဖြုတ်တောင်မထိုင်ဘဲ လမ်းပဲလျှောက်နေတော့မှာလား။ ကိုကိုကြီးကိုလိုက်ကြည့်ရတာ မနွယ်နဲ့ကြီးကြီးခင်ပါ ခေါင်းတွေမူးနောက်နေပြီ။
ဟုတ်သားပဲကွယ် ဘယ်လိုတွေဖြစ်လို့   မနက်ထဲကနေအခုထိမနားသေးပဲ လမ်းပဲလျှောက်နေရတာလဲကွယ်။ ကိုယ်ကနေကောင်းသေးတာလဲမဟုတ်ပဲ။ နားနားနေနေ နေပါဦးကွယ်။ သားအစားကြီးခင်တောင် ရင်မောနေရတယ်။
ကြီးခင်နဲ့မနွယ်ပင် ဘေးကကြည့်ကာ ဝင်ပြောရသည်အထိပင် သိသာနေလေသည်။
မင်းသွေးခန့် အနည်းငယ်တော့ရှက်ကာပြုံးမိလေသည်။
နာရီကိုတစ်ချက်ကြည့်ကာ နေ့လည်ထမင်းစားချိန်ပင်ရောက်လို့နေပြီ။ ဒီအချိန်ဆို jayနေ့လည်စာစားနေတာများလား။ ဒါမှမဟုတ် ဘာတွေများလုပ်ပြီး၊ ဘာတွေများပြောနေကြမလဲ။ ငါကဘာလို့သူ့အတွက်ကိုစိတ်ပူနေရမှာလဲ။ သူ့ဘာသာ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲနေနေ၊ ဘယ်သူနဲ့ပဲရှိရှိ
ငါနဲ့ဘာဆိုင်လို့လဲ။ ကိုယ့်စိတ်ကိုပြန်မေးကာ သတိပေးရလေသည်။ တစ်ယောက်ထဲ စိတ်နဲ့အလုပ်ရှုပ်နေမိသည်။ အပေါ်ထပ်ပြန်တက်ကာ အခန်းထဲဝင်တော့လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ငြီးငွေ့ဖွယ်ကောင်းနေပြန်သည်။ ငါကကောဘာလို့ ဒီကောင်လေးစကားနားထောင်နေရတာလဲ။ မင်းသွေးခန့်ဖုန်းတစ်ခုကိုခေါ်ဆိုလိုက်သည်။
"အသွေးပြော ဘာကိစ္စ "
ဘာမှတော့ထွေထွေထူးထူးမရှိပါဘူး။
ဒီအတိုင်းပြင်းလို့ဖုန်းခေါ်လိုက်တာ။
ဒါဆိုနင်ကအခုဘယ်မှာလဲအသွေး။ နင်ကပြောစရာမရှိဘူးဆိုပေမယ့် ငါ့ဘက်ကတော့ ပြောစရာရှိတယ်။ နင်jayနဲ့အတူရှိမနေဘူးမလား။
ငါနေမကောင်းချင်တာနဲ့ အိမ်မှာနေခဲ့လိုက်တာ jayကသီချင်းကိစ္စနဲ့အပြင်သွားနေတယ်။ ဒါနဲ့ဘာလို့လဲ။
ဘာလို့လဲလုပ်မနေနဲ့ အခုjayကKaiနဲ့နှစ်ယောက်ထဲ စားသောက်ဆိုင်ကနေထွက်လာတာ။ ငါ့ကိုတောင်မမြင်နိုင်အောင် နှစ်ယောက်သားပြုံးလို့ပျော်လို့။
အဲ့တာငါနဲ့ဘာဆိုင်လို့လဲ။ သူနေ့လည်စာထွက်တာနေမှာပေါ့။
ကောင်းရောအသွေးရယ်။ ငါ့မှာတော့နင်တို့နှစ်ယောက်ကို နီးစပ်ပါစေတော့ဆိုတဲ့ အတွေးနဲ့အခုလိုအစီစဉ်တွေ ဆွဲပေးနေတာနော်။ နင့်ဘက်ကအခုလိုကြီးလုပ်နေမယ်ဆိုရင် jayကသူများနောက်ကိုပါသွားလိမ့်မယ်။
ငါတို့နှစ်ယောက်ကမဖြစ်နိုင်ပါဘူးဟာ။ သူကလဲတစ်နေ့ကျမိန်းမယူမယ့်သူလေ။
ဒါဆိုနင်ကကော နင်ဘက်ကအနည်းငယ်လောက်တောင် သူ့အပေါ်မှာရင်မခုန်ခဲ့ဘူးလား။ နင်အမှန်တိုင်းဖြေမယ်လို့ငါထင်တယ် အသွေး။
ငါ ငါသူ့ကိုမကြိုက်ဘူး နဒီ။
ဘာပဲပြောပြောငါတို့နှစ်ယောက်ကနင်ထင်သလိုမဖြစ်နိုင်ဘူး။
အေးပါ ငါတစ်ခုလောက်တော့သတိပေးချင်တယ် အသွေး။ ကိုယ့်ခံစားချက်က အမှန်ဖြစ်ပါစေလို့ငါဆုတောင်းပါတယ်။ နင့်ခံစားချက်ကို နင်ကိုယ်တိုင်သိရှိလာတဲ့အချိန်ကျ နင့်ဘက်ကနောက်ကျသွားမှာကိုငါမလိုလားဘူး။
ငါဖုန်းချလိုက်တော့မယ်နဒီ။ ငါနားချင်နေလို့။
အေးပါ ငါလဲနင့်ဆီလာခဲ့အုံးမယ်အသွေး။ ငါနင့်ကိုပြောပြစရာတွေရှိနေသေးတယ်။
Jayအလုပ်ထဲမှာစိတ်မရောက်သလိုပဲနော်။ နေ့လည်စာကိုလဲသိပ်မစားဘူး။
တစ်ခုခုကိုမျှော်နေသလိုပဲ။ ဖုန်းကိုခနခနကြည့်နေတယ်နော်။ ဘယ်သူဆီကဖုန်းကိုမျှော်နေတာလဲ။ ဒါမှမဟုတ်နေမကောင်းချင်လို့လား။
Jayနေကောင်းပါတယ်ကိုKai။ jayနည်းနည်းပင်ပန်းနေလို့ နားချင်နေလို့ ။ ဒီနေ့တော့ဒီလောက်နဲ့ပဲ ပြန်နားလိုက်တော့မယ်။ ကိုKaiကိုတော့အားနာပါတယ်။ jayတစ်ဖက်သားအပေါ် တစ်ခါမှလိမ်ညာဖူးခြင်းမရှိသော်လည်း ဒီတစ်ခါတော့ညာပြောမိလေသည်။ jayထွက်လာတဲ့အချိန်ကနေ အခုထိသူ့ကိုစိတ်ပူနေမိလေသည်။ နေမကောင်းတာကို အလုပ်လုပ်နေမှာဆိုးတာကတစ်ကြောင်း၊ အစာစားချိန်မမှန်တာမျိုး ဆေးမသောက်မှာကြောက်တာကတစ်ဖုံ အမျိုးမျိုးတွေကာစိတ်ပူနေမိပြန်သည်။
ကိုယ်ပြန်လိုက်ပို့ပေးမယ်လေjay။
Jayကားငှားပြီးပြန်လိုက်ပါ့မယ်။ ကိုKaiတကူးတကနဲ့လိုက်ပို့စရာမလိုပါဘူး။
ကိုယ်ကjayကိုလမ်းကြုံလို့တင်ခေါ်ခြင်းမျိုးပါ။ဘယ်လိုလဲလိုက်မယ်မဟုတ်လား။
ကားလေးတရွေ့ရွေ့နဲ့လမ်းမထက်ပေါ်ပြေးလွှားကာ အရှိန်ပြင်းစွာမောင်းထွက်လာခဲ့လေသည်။
ကားထဲတွင်တိတ်ဆိတ်မှု့ကို Kaiကစတင်ဖြိုခွဲလေသည်။ jayကို ကိုယ်တစ်ခုလောက်မေးချင်တယ် ရမလား။
ဘာများလဲ။
Jayကရန်ကုန်ဇာတိပဲလား။ ကိုမင်းသွေးခန့်နဲ့ကော ဘာတော်လဲ အသိတွေလား၊ ဒါမှမဟုတ်ညီအကိုတွေများလား။ ရုပ်ချင်းကသိပ်မတူလို့မေးကြည့်တာနော်။ ကိုယ်စပ်စုသလိုဖြစ်သွားလား။
Jayကနယ်ဇာတိကပါ။ ဒီမှာအဒေါ်နဲ့နေပြီး ကျောင်းတက်ရင်း ဝါသနာပါရာကိုလုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ ကိုမင်းသွေးခန့်နဲ့ကအသိတွေပါ။
ကိုယ်သိချင်တဲ့နောက်ဆုံးတစ်ခုလောက်ထပ်ဖြေပေးနိုင်မလား။
ဘာသိချင်လို့လဲ jayဖြေပေးနထုင်ပါတယ်။
ဒါဆိုjayမှာရည်းစားရှိလား။
ဘာအတွက်မေးတာလဲ ကိုKai။ အခုထိတော့ jayမှာရည်းစားမရှိသေးပါဘူး။
ကားရပ်လိုက်တာနဲ့jayကားတံခါးဖွင့်ကားဆင်းလိုက်လေသည်။ အခုလိုလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်ကိုKai။ ကျွန်တော်သွားတော့မယ်နော်။
See u jay။
Jayတစ်ယောက် Kaiကားမောင်းထွက်သွားတာကိုပင်မစောင့် ခြံတံခါးဖွင့်ကာ အိမ်ထဲကိုလျှင်မြန်သောခြေလှမ်းများဖြင့်လှမ်းကာ အိမ်ထဲသို့ဝင်လာကာ အောက်ထပ်တွင်သူရှိနေမလားဆိုသောအတွေးဖြင့် မျက်လုံးလေးဝေ့ကာရှာဖွေနေမိလေသည်။
သားjayတောင်ပြန်လာပြီလား။
ဟုတ်ကဲ့ကြီးခင်။ ကိုမင်းသွေးခန့်ကောဟင်။
အော် အခုလေးတင်အပေါ်ထပ်တက်သွားတယ်။
ကျွန်တော်အပေါ်ထပ်တက်သွားလိုက်အုံးမယ်။ jayပြန်ရောက်ပြီဆိုတဲ့အကြောင်းသွားပြောလိုက်အုံးမယ်။
သားjayထွက်သွားကတည်းက မင်းအကိုက တစ်ချက်ကလေးမှအချိန်မနေဘူး။ ဖုန်းတကြည့်ကြည့် ခြံအပြင်ကို ထွက်ထွက်ကြည့်နေတာ။ ကြာလာတော့ ကြီးခင်တို့တောင်မူးနောက်လာတယ်။
ကြီးခင်အပြောကြောင့် ညကအဖြစ်ပျက်ကိုပြန်တွေးမိကာ jayပင်မျက်နာကလေးနီရဲလာကာ အနည်းငယ်ရှက်မိလေသည်။ jayအပေါ်ထပ်သို့တက်လာကာ အခန်းတံခါးကိုခေါက်ရန်လက်တို့အသာပြန်ချကာရပ်နေမိလေသည်။ အခန်တံခါးလော့ချထားမလားဆိုသောအတွေးကြောင့်
တံခါးလက်ကိုင်ဘုကို အသာလှည့်ကြည့်မိလေသည်။ တံခါးပေါက်ပွင့်သွားကာ အခန်းထဲသို့ကိုယ်တစ်ဝက်ဝင်ကာ jayချောင်းကြည့်မိလေသည်။
သူအိပ်နေတာများလား။ အခန်းတံခါးအသာဆွဲပိတ်ကာ jayပြန်လှည်ထွက်လာခဲ့လေသည်။
တံခါးပိတ်တာသေချာလောက်ပြီထင်မှ မင်းသွေးခန့်အိပ်ယာပေါ်မှထကာ အခန်းတံခါးဝသို့လှမ်းကြည့်မိလေသည်။ နေ့လည်က နဒီစကားများကိုပြန်လည်ကာတွေးနေမိပြန်သည်။ ငါ့jayကို ချစ်နေတာလား။ ဒီကောင်လေးနဲ့ နီးကပ်လွန်းရင် ရင်တွေခုန်လာသလို တဒိန်းဒိန်းနဲ့ ဘယ်လိုမှထိန်းချုပ်လို့မရ။
ခြံထဲတွင် ဂစ်တာတစ်လက်ကိုင်ထားရင်း ဒန်းစင်ပေါ်ထိုင်ကာ ညနေ နေဝင်ရီတရောအချိန် မိုးချုပ်လုဆဲဆဲနေဝင်အလှကိုကြည့်နေမိလေသည်။ ညနေခင်းအလှရဲ့ ပုစွန်ဆီရောင်သန်းနေသောအလှကုန်ဆုံး နှစ်မြုပ်သွားမှာကိုအရမ်းကြောက်မိလေသည်။
ခြံထဲမှဂစ်တာတီးသံ တဒေါင်ဒေါင်တ
တဒင်ဒင်မြည်သံက အိမ်ထဲအထိ နားကိုအဝင်ဆိုးစေကာ ဝင်ရောက်လာသောကြောင့် အခန်းတံခါးဖွင့်ကာ တိုက်ဝန်ရံတာမှ မင်းသွေးခန့်ထွက်လာကာ ခြံထဲသို့လှမ်းကြည့်မိလေသည်။ ဂစ်တာကိုတဒေါက်ဒေါက် ခေါက်ကာနေသော jayကိုမသိမသာခိုးကြည့်မိလေသည်။ jayမှာဘာတွေများစိတ်ညစ်စရာများရှိနေလို့ပါလိမ့်။မျက်နာလဲမကောင်းဘူး။ သီချင်း ကိစ္စအတွက်များကြောင့်လား။
Jayမျက်နာလဲမကောင်းပါ့လား။ အိမ်ကိုလွမ်းနေလို့လား။ ဒါမှမဟုတ်ဒေါ်လေးကိုလွမ်းနေတာကြောင့်များလား။
ဘယ်အချိန်ကအနားရောက်လာမှန်းမသိသော မင်းသွေးခန့်အမေးကြောင့် jayနောက်သို့လှည့်ကြည့်မိလေသည်။
ကိုမင်းသွေးခန့် ဖျားတာကောသက်သာသွားပြီလား။
ကိုယ်မေးတာအရင်ဖြေပါ။ ဘာတွေစိတ်ညစ်စရာရှိနေလို့လဲ။
ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းပဲ ဟိုတွေးဒီတွေးပေါ့။ အိမ်ကတော့လွမ်းတာပေါ့။ အခွေကလဲထွက်တော့မှာဆိုတော့လေ။ အဲ့ဒီအတွက်လဲ စိုးရိမ်နေမိတယ်။
ဘာစိုးရိမ်စရာရှိလဲ jayကအသံလဲကောင်း ရုပ်လဲချောတာကို သိပ်စိုးရိမ်မနေနဲ့ အကုန်အဆင်ပြေပါလိမ့်မယ်။
အခုလိုအားပေးတာကျေးဇူးတင်ပါတယ်။ အခုတလောမမနဒီလဲမလာဘူးနော် အလုပ်တွေမအားလို့များလား မသိဘူး။
ဒါနဲ့jayကိုယ်တိုင်ရေးထားတဲ့သီချင်းတစ်ပုဒ်လောက်ထည့်မလားလို့။ ကိုKaiကိုတော့ပြောထားတယ် စကားစပ်မိလို့။ ကိုမင်းသွေးခန့်ကိုတော့အခုမှပြောရမှာ။
Jayရဲ့အပြောကြောင့် ရင်ဘတ်ရဲ့ဘယ်ဘက်နေရာတစ်ခုက အောင့်သက်သက်နဲ့အခံရခက်လောက်အောင်နာကျင်သွားလေသည်။ အော်
ကောင်းတာပေါ့။ ကိုယ်လဲသဘောတူပါတယ်။ မျက်နာမပျက်ယွင်းအောင် ထိန်းထားရင်း သူjayကိုပြုံးပြမိလေသည်။ ဘာကြောင့်ကိုကနောက်မှသိရတာလဲဆိုတာထက် ကိုယ်ကသူ့အတွက်အရေးမပါဘူးလားဆိုတဲ့ခံစားချက် ဟုတ်တယ်ဒီလိုခံစားမှု့က ဝဲဘက်ရဲ့တစ်နေရာရာကို ချွန်ထက်တဲ့လက်နက်နဲ့ထိုးတာထက် အခံရခက်လေသည်။
Jayနဲ့Kaiဟာ အရမ်းရင်းနှီးလွယ်တယ်လို့ကိုယ်ထင်မိတယ်။ ဒါမှမဟုတ် jayတို့အခြေအနေက ဒီထက်ပိုနေတာမျိုးလား။
အခြားသူတွေထက်နဲ့စာရင်တော့ ခင်မင်ရင်းနှီးလွယ်နေတယ်လို့ jayလဲထင်ပါတယ်။ ဒါပေမယ့်  အခြေအနေတစ်ခုထက်ပိုနေတာလားဆိုတာကိုတော့ jayနားမလည်ဘူးကိုမင်းသွေးခန့်။ ကျွန်တော်ကို ကျေးဇူးပြုပြီး နားလည်အောင်ပြောပေးပါ။
ဟို ဟိုလေ jayနဲ့Kaiကအသိမိတ်ဆွေထက်ပိုတဲ့​အရာမျိုးလေ။ သူဒီမေးခွန်းမေးမိလိုက်တာ မှားပြီဟုနောင်တရလိုက်သော်လည်း အချိန်ကနောက်ကျသွားလေပြီ။ jayကိုယ့်ကျင့်တရားကိုစော်ကားလိုက်သလိုများဖြစ်သွားတာလား တွေးမိလေသည်။
Jayတို့က သာမာန်ထက်မပိုတဲ့ မိတ်ဆွေမျိုးပါ။ ဘာလဲကိုမင်းသွေးခန့်က jayကိုရင်ခုန်မိနေလို့ သူများနောက်ပါသွားမှာကိုစိုးရိမ်နေတာလား။ jayအမေးကြောင့် ရှက်သွားတာထင် မျက်နာတစ်ခုလုံးနီရဲရုံသာမက နားရွက်ဖျားနှစ်ဖက်စလုံးပါနီရဲနေလေသည်။
Jayအမေးကြောင့် မျက်နာများပူထူလာကာ ဘာလုပ်လို့လုပ်ရမှန်းမသိအောင် ရှက်နေမိလေသည်။ jayသူ့ကို အခုလိုကြီး တည့်တည့်မေးလိမ့်မယ်လို့ ကြိုတင်တွက်ဆထားခြင်းမရှိပေ။
အခုလို ယောက်ျားလေးတစ်ယောက်က မေးလားလိမ့်မည်လို့လဲ တခါမှတွေးထင်မထားမိ။ ကိုယ် မဟုတ် သူဘာဖြေလို့ဖြေရမှန်းမသိအောင် စိတ်လှုပ်ရှားနေမိလေသည်။ ကိုယ်ကဒီလိုသဘောမျိုးနဲ့မေးတာမဟုတ်ပါဘူး။ jayအထင်လွဲနေတာထင်တယ်။
ကိုမင်းသွေးခန့် အတော်လန့်သွားတာထင်တယ်။ jayကစလိုက်မိတာပါ။ ဒီလောက်ကြီးအထိလဲ တုန်လှုပ်မနေပါနဲ့။ မင်းသွေးခန့်ကို တစ်ချက်ပြုံးပြကာ jayအိမ်ထဲသို့ဂစ်တာယူကာ အိမ်ထဲသို့ဝင်သွားလေသည်။
မင်းသွေးခန့် နေရာမှာပင် မတ်တပ်ရပ်ကာကြောင်အအနဲ့ ကျန်ခဲ့လေသည်။ jayကစတာဟုပြောလိုက်သည့်တိုင်အောင် စိတ်လှုပ်ရှားမှု့ ၊ရင်ခုန်သံတို့ကအတိုင်းအဆမရှိ ခုန်နေလေရဲ့။ ထင်မှတ်မထားသော စနောက်မှု့ကိုပင် ဒီလောက်ရင်ခုန်နေရခြင်းကိုလဲ သူ့ကိုယ်သူအံသြနေမိလေသည်။ jayနေရာမှာ အခြားယောက်ျားလေးတစ်ယောက်သာဆို ဒီလိုစနောက်မှု့ကြောင့် အခုချိန်ဆို မျက်နာကိုရောင်ကိုင်းနေအောင်ထိုးမိနေမလားပဲ။ ဟူး
Jayရေ မင်းစနောက်မှု့နဲ့တင် ကိုယ့်ရင်ခုန်သံတွေမှားကုန်ပြီ။ သေချာတာကတော့ ကိုမင်းကိုအရမ်းချစ်နေပြီဆိုတာ။ ကိုယ်အခုကစပြီး မင်းအချစ်တွေကိုသိမ်းပိုက်တော့မှာမို့။ မင်းဘက်ကစနောက်မှုဆိုပေမယ့် ကိုယ့်ဘက်ကတော့ မင်းအချစ်တွေရအောင် လှမ်းလာခဲ့တော့မယ်။
Jayအခန်းထဲရောက်တာနဲ့အခန်းတံခါးပိတ်ကာ နံရံကိုကျောမှီရင်း ကိုယ်ရင်ခုန်သံကို ကိုကိုယ်တိုင်ပင်ကြားနေရလောက်အောင်အသံကျယ်နေသည်ဟုပင်ထင်မှတ်ရလောက်သည်။ ငါ့ရင်ခုန်သံတွေ သူကြားသွားလားမသိဘူး။ jayစနောက်လိုက်တာဟု လိမ်ပြောလိုက်သော်လည်း သူ့ရှေ့တွင် ဆက်ရပ်နေမယ်ဆိုလျှင် မင်းသွေးခန့်သိသွားမည်ဆိုးကာ အလျှင်အမြန်ထွက်လာခဲ့ရသည်။ မဟုတ်ရင်jayသူ့ကိုအမှန်တိုင်းဝန်ခံမိနေမယ်ထင်သည်။ အား  ခင်များနဲ့တော့ကြာရင်ရူးတော့မယ်ထင်တယ်။ jayအိပ်ပေါ်တက်ကာ လူးလိမ့်နေလေသည်။
ဟူး အချစ်ဆိုတာဒီလိုခံစားချက်မျိုးပါလား။ သူ့ဘက်ကစနောက်လိုက်တာတောင် ကိုယ့်ဘက်ကအရူးတစ်ယောက်လို ရင်တွေအတိုင်းအဆမရှိခုန်နေခြင်း၊ အချစ်ဆိုတာကပျော်ရွှင်ခြင်းလား။ အခြားသူတွေက အချစ်ဆိုတာဘယ်လိုမျိုးသတ်မှတ်ကြလဲမသိ။ သူ့အတွက်ကတော့ ပျော်ရွှင်ခြင်းပဲ။ နောက်နေ့ဖြစ်မလာသေးသော နေ့ရက်များကိုကြိုတွေးနေမိလေသည်။ ကိုယ်ဒီညတော့ အိပ်ပျော်ပါ့မလားမသိဘူးကွာ။ jayကိုယ်မင်းအိမ်မက်လေးထဲအလည်လာခဲ့မယ် ဒီညကိုယ့်လာခွင့်ပြုပါ။ Good night jayအိမ်မက်လှလှမက်ပါစေ။ jayမကြားနိုင်မှန်းသိသော်လည်း ဆုတောင်းပေးနေမိလေသည်။
                **************
"Jayညကကောင်းကောင်းအိပ်ပျော်ရဲ့လား။"
ရုတ်တရက်သူ့အမေးကြောင့် jayကြောင်အအနဲ့ ငေးကြည့်နေဆဲ။ ဘာသဘောနဲ့မေးတာလဲ။ သူညကအိပ်မပျော်တာကို သိနေတာများလား။ အို မဟုတ်လောက်ပါဘူး သူမသိနိုင်လောက်ပါဘူး။ ငါတို့ကတစ်ယောက်တစ်ခန်းဆီ အိပ်ကြတာကို ဘယ်လိုလုပ်သူက ငါအိပ်ပျော်မပျော်ကိုသိနိုင်မှာလဲ။ ငါမျက်နာက အိပ်ရေးပျက်ထားတာသိသာနေတာလား။ jayအတွေးတို့ဖြင့် ရှုပ်ထွေးနေလေသည်။
"Jayထိုင်လေ မနက်စာအတူတူစားရင်း ပြောစရာလဲရှိလို့ကိုယ့်စောင့်နေတာ။"
"ကြီးခင်နဲ့မနွယ်ကနယ်ကိုပြန်မှာ တစ်ပတ်လောက်ကြာမယ်တဲ့။ ရွာကကြီးခင်ညီမ၊ မနွယ်ရဲ့အမေအသည်းအသန်ဖြစ်လို့ ပြန်ရမယ်။
ကိုမင်းသွေးခန့်အပြောကြောင့် jay၊ကြီးခင်နဲ့မနွယ်တို့မျက်ရည်အဝိုင်းသားနဲ့တွေ့ကာ သနားမိကာ ၊ ပြန်ရမှာပေါ့။ သားတို့အတွက်မပူနဲ့သိလား။ ကြီးခင်တို့သာ စိတ်ချချနဲ့သွား ။ ဒီအတွက်စိတ်မပူနဲ့။
သားတို့ကို ကြီးခင်အားနာပါတယ်ကွယ်။ မပြန်မဖြစ်တာမလို့ ကြီးခင်တို့ပြန်ရတာပါ။ အဆင်ပြေရင်အမြန်ဆုံးပြန်လာခဲ့မယ်နော်။
အားနာစရာမလိုပါဘူးကြီးခင်ရ။ ကျွန်တော်မေမေတို့ကို ဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြထားလိုက်ပါ့မယ်။ ရော့ ဒါကငွေဆယ်သိန်း လိုအပ်ရင်ကျွန်တော်ကိုဖုန်းဆက်လိုက်နော်ကြီးခင် ထပ်လွှဲပေးလိုက်မယ်။
"ကျေးဇူးတင်ပါတယ်သားရယ်။ ဒီလောက်နဲ့တင်လုံလောက်နေပါပြီ။"
ကြီးခင်တို့လိုအပ်တာတွေထည့်ပြီးရင် သွားရအောင်လေ။ ကားဂိတ်ကိုလိုက်ပို့ပေးမယ်။ ဒီနေ့jayက ဒေါ်လေးဆီအလည်သွားလိုက်လေ။ ကိုယ်ကကုပ္မဏီမှာ အစည်းအဝေးရှိလို့သွားရမယ်။ ညနေကျရင်ကိုယ်ပြန်လာခေါ်မယ်ဟုတ်ပြီလား။
ကြီးခင်တို့ကို ကားဂိတ်ပို့ပေးပြီး ကားမထွက်ခင် သူနဲ့jayပြန်လာခဲ့လေသည်။ jayဒေါ်လေးအတွက်စားစရာ အချို့ဝယ်သွားရအောင်လေ။ ဒေါ်လေးလဲ လွမ်းနေရောပေါ့ jayကိုမတွေ့ရတာကြာတော့။
သူကသာစကားကိုမနားတမ်းပြောနေသော်လည်း jayကကြားပုံမပေါ်။ ကားထဲတွင် သူ့အသံသာဖုံးလွှမ်းနေသည်။ jayဘာတွေများ အတွေးလွန်နေလို့ကိုယ်ပြောတာကိုတောင် ပြန်မပြောရတာလဲ။
ဘာမှတော့မဟုတ်ပါဘူး။ ကြီးခင်တို့အဆင်မှပြေပါ့မလားစိတ်ပူနေမိလို့ပါ။ မနွယ်ကလဲ ဒီမှာနေတာဆိုတော့ ရွာမှာကျန်းမာရေးမကောင်းတဲ့ မနွယ်အမေကိုဘယ်သူက ပြုစုစောင့်ရှက်မလဲလို့တွေးမိလို့ပါ။
အဆင်ပြေသွားမှာပါ အရမ်းကြီးလဲစိုးရိမ်မနေပါနဲ့ ညပိုင်းလောက်ကြတော့ အကျိုးအကြောင်းသိအောင် ကြီးခင်တို့ဆီ ဖုန်းဆက်ပေးမယ်ဟုတ်ပြီလား။ သူjayကိုကြည့်ကာ jayဟာတကယ့်ယုန်ပေါက်ကလေးတစ်ကောင်လို ဖြူစင်ပြီး သူတစ်ပါးအပေါ်မှာ သနားကရုနာထားတက်တဲ့ကောင်လေးမျိုးဖြစ်ကာ၊ ကြီးခင်တို့အတွက်စိတ်ပူပေးနေသည်မှာ ဟန်ဆောင်ကာပြောခြင်း မဟုတ်ကြောင်း jayမျက်နာတွင်ပေါ်လွင်နေသည်။ One stop mark တစ်ခုတွင်မုန့်အချို့ဝင်ဝယ်လေသည်။ jayကတော့ ကားထဲတွင်နေခဲ့ကာ သူကတော့ မုန့်သွားဝယ်လာလေသည်။
မုန့်တွေကအများကြီးပါလား။ ဒေါ်လေးတစ်ယောက်ထဲအတွက်ဆိုရင် မကုန်လောက်ဘူးထင်တယ်။"
ဒါကဒေါ်လေးအတွက်ရယ်၊ တစ်ခုကjayအတွက်ရယ်လေ။ ဒီနေ့jayကဒေါ်လေး အိမ်မှာနေရမှာဆိုတော့ ကိုယ်ကjayပျင်းနေမှာဆိုးလို့ စားစရာအချို့ဝယ်လာပေးတာ။ ဇာတ်ကားကြည့်ရင်း ဖြစ်ဖြစ်စားလို့ရအောင်လေ။
ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲ ကရုစိုက်တက်သားပဲ။ jayနဲ့သူ အခုနောက်ပိုင်းတွင် အရင်စတွေ့တဲ့အချိန်တွေကလောက် ရန်မဖြစ်တော့တာကို သတိထားမိလေသည်။ အေးလေသူက အကြီးဆိုတော့ ငါ့ကိုအချော့ပေးတာနေမှာပေါ့။ ဒါပေမယ် သူနဲ့ငါရန်မဖြစ်ရတော့လဲ စိတ်ထဲမှာတစ်မျိုးကြီးပဲ။ jayအတွေးကောင်းနေစဉ် သူလုပ်ရပ်ကြောင့် jayလန့်ကာနောက်သို့ဆုတ်ကာ မျက်လုံးကလေးအပြူးသားနဲ့ကြည့်နေမိလေသည်။
ဘာလို့ဒီလောက်တောင်ကြောက်လန့်တကြားနောက်ဆုတ်သွားရတာလဲ။ ကိုယ်ကမင်းကို ကားထိုင်ခုံကားပတ် ပတ်ပေးမို့လေ။ jayကို ကိုယ်တစ်ခုခုလုပ်မယ်လို့ထင်လို့ လန့်သွားတာလား။ မင်းသွေးခန့်အားပါးတရရယ်မိလေသည်။
"ဟားဟား"
Jayစိတ်ထဲမှာ မရိုးသားတဲ့စိတ်နဲ့မဟုတ်တာတွေ တွေးနေတာလား။ ဥပမာ-ကိုယ်ကနမ်းမယ်အထင်နဲ့လေ။
Jayသူ့အပြောကြောင့် ရှက်ရမ်းရမ်းကာ အကြောက်အကန်ဖြေရှင်းကာ ငြင်းချက်ထုတ်လေသည်။ ခုနကအကောင်းမြင်တဲ့စိတ်ကလေးတွေ၊ ရန်မဖြစ်တာကြာပြီဆိုတဲ့ အတွေးလေးပင်မဆုံးလိုက် စလာပြီပြဿနာက။ ကျွန်တော်ကတွေးစရာလားဗျ။ ခများကရုတ်တရက်ကြီး ဘာမပြောညာမပြောနဲ့ တိုးလာတာဆိုတော့ လန့်သွားလို့ပါ။ ဒီလိုအတွေးမျိုး ကျွန်တော်ဆီမှာမရှိဘူး။ ခများဆီမှာရှိရင်တော့မသိဘူး။
ကားလေးတရွေ့ရွေ့နဲ့ထွက်ခွာလာကာ ဒေါ်လေးအိမ်ရှေ့ပင်ရောက်နေပြီ။ ကားကိုခြံရှေ့ရပ်ထားကာ ဆင်းရန်ကားတံခါးလှမ်းဖွင့်နေသော jayလက်တို့ ဒေါက်ခနဲ မြည်သံကြောင့် လှမ်းနေသောလက်တို လေ
ထဲမှာပင်ရပ်တန့်နေသည်။
ကားတံခါးဖွင့်ပေးလေ။
အစောနက jayပြောသလို ကိုယ့်ဆီမှာ မကောင်းတဲ့အတွေးရှိနေရင်တော့မသိဘူးဆို။ အခုကိုယ့်ဆီမှာ မကောင်းတဲ့အတွေးတွေကို ပြမလို့။
တဖြည်းဖြည်းတိုးကပ်လာသော သူ့ကြောင့် jayမျက်လုံးကို စုံမှိတ်ထားလေသည်။
Jayမျက်လုံးဖွင့်အုံးလေကွာ။ ကိုယ်ကစတာပါ။
Jayမယုံရဲစွာ မျက်လုံးလေးတစ်ဖက်ကိုဖွင့်ကြည့်မိလေသည်။
အား ဒီကောင်လေးလုပ်နေပုံက သူ့စိတ်ကိုထိန်းမရအောင် မြူဆွယ်နေသလားပင် အသည်းတယားယားဖြစ်နေမိသည်။
အခုလိုပုံစံကို အခြားလူတွေကိုလုပ်မပြနဲ့ ကိုယ်သဝန်တိုမိလိမ့်မယ်။ ဆံပင်လေးကို လက်နဲ့အသာအုပ်ကိုင်ကာ ဖြေးထြေးလေးဖွပေးလေသည်။
ဒေါ်လေးထွက်လာနေပြီ သွားတော့မယ်။ ဘာတွေလုပ်နေမှန်းလဲမသိဘူး။ jayကားတံခါးဖွင့်ကာ သူ့ကိုပင်မနှုတ်ဆက်ပဲ ရှက်ကာပြေးဆင်းသွားလေသည်။
ဟဲ့ ဟဲ့ သားjayရယ် ဖြေးဖြေးလာပါ။ အမောတကောပြေးလာရတယ်လို့ ခလုတ်တိုက်ပြီး ခြေချော်ကျနေမှ ဒဏ်ရာရနေမယ်။
လဲမကျပါဘူးဒေါ်လေးရ စိတ်ချ။
ဒါနဲ့မောင်မင်းသွေးခန့်နဲ့အတူလာတာမဟုတ်ဘူးလား။
ကိုမင်းသွေးခန့်က အစည်းအဝေးရှိလို့ ညနေမှjayကိုပြန်လာခေါ်မယ်တဲ့။ အခုတစ်နေကုန် သားကဒေါ်လေးအိမ်မှာနေရမှာ သူလာမှပြန်ရမယ်တဲ့။ ရော့ ဒါကဒေါ်လေးအတွက်။
မုန့်ထုပ်ကိုလှမ်းယူရင် တူတော်မောင်မျက်နာကိုကြည့်ကာ ဒေါ်ချိုမာတစ်ယောက်မေးခွန်းစထုတ်လေသည်။ သားဘာလို့ဒီလောက်တောင်ပြုံးစိစိဖြစ်နေရတာလဲ။ ဘာလဲရည်းစားဆီက အဖြေရလာလို့ ပျော်နေတာလား။
ဒေါ်လေးထင်သလိုမဟုတ်ပါဘူး။ သားကဒေါ်လေးဆီ မရောက်တာကြာလို့ အခုလာရလို့ပျော်နေတာကို ။
အေးပါတော် ငါ့တူလေးပြောသလိုဖြစ်ပါစေ။ ဒေါ်လေးထင်တာကတော့
မိန်းကလေးနစ်ယောက်ကို ရည်းစားစကားပြောခံရလို့ ရှက်နေတဲ့မျက်နာမျိုးဖြစ်နေတာမို့ ဒေါ်လေးကတော့မယုံချင်ဘူးနော်။
အား ဒေါ်လေးကလဲ ဘာတွေပြောနေမှန်းကိုမသိဘူး။ သားအထဲဝင်နှင့်ပြီ ဒေါ်လေးဘာသာ တစ်ယောက်ထဲလာခဲ့တော့။ jayအိမ်ထဲသို့အမြန်ဝင်ခဲ့လိုက်သည် မဟုတ်ရင်ဒေါ်လေးအမေးကြောင့် jayအကုန်ပြောမိသွားလိမ့်မယ်။
Continue Reading
You'll Also Like
112K 11.7K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
17.4K 1.4K 20
2.5M 43.5K 31
50 shades of Gray, but with you and Levi Ackerman.
42.7K 7.8K 42
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...