Unicode
အခန်း(၈) - အတင်းအကြပ်လုပ်လို့မရဘူး
အနောက်မှာ လိုက်နေတဲ့သူတွေ ရှိတာကို လုံးဝမသိတဲ့ ပိုင်ရိဟန်တစ်ယောက်ကတော့ လမ်းတစ်လျှောက်မှာ သက်တောင့်သက်သာဖြင့် အေးဆေးစွာ လမ်းလျှောက်နေသည်။ လျှောက်နေရင်းဖြင့် သူ့ကိုဖြတ်သန်းသွားလာနေသော လူအမျိုးမျိုးအား ကြည့်ပြီးလည်း မျက်စိအစာကျွေးနေသေး၏။
သူတို့တွေက အပူအပင်ကင်းကင်းနဲ့ ပျင်းရိနေတာ ဒါမှမဟုတ် အားအင်အပြည့်နဲ့ အလျင်အမြန် သွားနေကြတာ, ဘယ်လိုအကြောင်းအရင်းပဲ ဖြစ်ပါစေ သူတို့အကုန်လုံးမှာ သူတို့ရဲ့ကိုယ်ပိုင် ဦးတည်ရာနှင့် ဘဝနေထိုင်မှုပုံစံ ရှိနေကြသည်။ ပြီးတော့သူကရော? သူကတော့ကြည့်ရတာ ဒီလိုကြီးမားလှတဲ့ သမုဒ္ဒရာထဲက ပျောက်ဆုံးနေတဲ့ ရေစက်လေးတစ်စက်လိုပါပဲ... သေးငယ်ပြီး အမှတ်ရစရာမရှိဘူး...
ပတ်လည်ကိုလျှောက်ကြည့်ကာ စဉ်းစားနေရင်းဖြင့် ဖြည်းညှင်းစွာပင် သူ့စိတ်များ စတင်တည်ငြိမ်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ပါစေ အမြဲတမ်း ပြောင်းလွယ်ပြင်လွယ် နိုင်ရမည်လေ။ အတင်းအကျပ်လုပ်ခြင်းက ဘယ်တော့မှ မအောင်မြင်နိုင်ဘူး... သူကဒီတစ်ခေါက်တော့ သူ့စိတ်ကို ကောင်းမွန်လိမ္မာပြီး နာခံမှုရှိတဲ့ ကလေးတစ်ယောက်လို နေမယ်လို့ တွေးထားပြီးသားပဲ... သူ့မိသားစုနဲ့ သူ့ကိုငယ်ငယ်တုန်းကတည်းက ချစ်ခင်ကာကွယ် စောင့်ရှောက်ပေးခဲ့တဲ့ မုကျင်းယွမ်ကို ပျော်ရွှင်ခွင့်ပေးသင့်တယ်....
ဒါကသူ့ဘဝရဲ့ ရည်မှန်းချက်နဲ့ သူပြန်လည် မွေးဖွားလာရတဲ့ အဓိပ္ပါယ်ပဲဖြစ်လိမ့်မယ်.... ဘုရားသခင်ကသူ့ကို ဒုတိယအခွင့်အရေး ပေးလိုက်ပြီဆိုမှတော့ သူလုပ်ခဲ့သမျှ အပြစ်တွေကို ပြန်လည်ပေးဆပ်ရမှာပေါ့....
ပိုက်ဆံရှာဖို့အတွက်ကတော့, ဒီအတိုင်းလေးပဲသွားတာပေါ့လေ... သူကပြန်မွေးဖွားလာတာ, သူ့ဦးနှောက်က ပြောင်းလဲသွားတာမှမဟုတ်တာ.. အရာရာကို သူ့လမ်းကြောင်းအတိုင်း သွားအောင် အတင်းအကြပ်လုပ်တာက မိုက်မဲတဲ့ ဘက်ကိုပဲ ကူးပြောင်းသွားလိမ့်မယ်....
အတိတ်ဘဝတုန်းက ပိုင်မိသားစုရဲ့ ပျက်စီးပြိုလဲခြင်းအားလုံးက သူ့ကြောင့်ပဲ... သူသာကောင်းမွန်ပြီး ဘာပြဿနာမှ မရှာဘူးဆိုရင် မိသားစုလည်း ပြိုလဲမှာမဟုတ်ဘူး... သေချာပေါက်ကို သူ့မိသားစုလဲ အဲ့ဒါဆို နာကျင်ရမှာ မဟုတ်တော့ဘူး
မုကျင်းယွမ်ကတော့... သူကအမနဲ့ပဲ သက်ဆိုင်တာမှတ်လား? အကယ်၍သူသာ အတင်းအကြပ်နဲ့ ဝုန်းဒိုင်းကြဲအောင် မလုပ်ဘူးဆိုရင် ကျင်းယွမ်နဲ့အမကြီးလည်း တစ်ယောက်နဲ့တစ်ယောက် ချောချောမွေ့မွေ့ပဲ အဆင်ပြေ သွားလိမ့်မယ်.... သူတို့အဲ့ဒါဆို အရမ်းပျော်မှာပဲနော် ဟုတ်တယ်မှတ်လား?
သူတို့ဆီမှာသူ့ကို ဦးလေးလို့ခေါ်မယ့် ချစ်စရာကလေးတစ်ယောက် မွေးလာပေးလိမ့်မယ်... ဒါဆိုလုံလောက်တာပဲ မဟုတ်ဘူးလား?
ရိဟန်ဆိုတဲ့ သူက ပိုင်မိသားစုရဲ့ တိတ်ဆိတ်ပြီး တည်ငြိမ်တဲ့ သခင်လေးတစ်ယောက်အဖြစ် နေယုံပဲ... သူ့မိဘတွေနဲ့အဖိုးရဲ့ဘေးမှာ ကစားပြီး တစ်ခါတစ်လေ သူတို့ပျော်ရွှင်အောင် အရူးလို လုပ်ပေးမယ်.... အကောင်းဆုံး ကြိုးစားပြီး သူ့မိဘတွေကသူ့ကို ထပ်ပြီး စိတ်မပျက်သွားအောင် သူလုပ်မယ်... ဒါပဲလေ...
အခုသူပြန်ရရှိနေသမျှ အရာအားလုံးက ဘုရားကသူ့ကို ပြန်ပေးထားတာတွေပဲ, သူ့အဖိုးလည်း ကျန်းမာနေသေးတယ်, သူနဲ့သူ့အမလည်း ကတောက်ကဆ မဖြစ်သေးဘူး, သူ့မိသားစုကလည်း သူ့ကိုချစ်ဆဲပဲ, မုကျင်းယွမ်..... သူလည်းပဲ သူ့ကို နှလုံးသားတစ်ခုလုံးနဲ့ ညီငယ်လေးတစ်ယောက်လို ဆက်ဆံဆဲပဲ..... အဲ့ဒါနဲ့တင် တကယ်ပဲ လုံလောက်ပါပြီ... ဒါတွေအားလုံးက သူမသေဆုံးခင်တုန်းကဆို အိပ်မက်တောင် မမက်ရဲခဲ့တာတွေပဲဟာ... ဘာများသူထပ်တောင်းဆိုနိုင်ဦးမှာလဲ?
စိတ်ကိုပြင်ဆင်ပြီးနောက်မှာ သူ့စိတ်ကနောက်ဆုံးတော့ အရင်ကလို မှောင်မိုက်မနေတော့ပဲ သူ့ခြေလှမ်း များသည်လည်း စတင်ပေါ့ပါး မြန်ဆန်လာရသည်။ သူကသတ်မှတ်ထားတဲ့ လမ်းဆုံသို့ လျှောက်သွားလိုက်တော့၏။
ကားမောင်းသမားလီကျုံက ထိုနေရာသို့ မရောက်သေးသော်လည်း သူကတော့ အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် ဖြစ်ခြင်းမရှိပေ။ သူ့ရဲ့ပေါက်ကွဲလွယ်တဲ့ ဒေါသတရားက အတိတ်ဘဝမှာ သူဖြတ်သန်းခဲ့သမျှ မရေမတွက်နိုင်တဲ့ အရှက်တကွဲ အကျိုးနည်းမှုများကြောင့် ယဉ်ပါးသွားခဲ့ပြီလေ... သူတွေ့ဆုံရမယ့် လူနဲ့ကားက မရောက်သေးတာကို သတိပြုမိတဲ့အချိန်မှာ တည်ငြိမ်စွာဖြင့်သာ နေရာမှာ ရပ်စောင့်နေလိုက်သည်။
သက်တော်စောင့် A, Bနှင့်C တို့က တိတ်တဆိတ် သွားစိမိကြတော့၏။
"အဲ့ဒီကျုံရှင်းက သူ့အလုပ်ကို မလိုချင်တော့ဘူးလား? သူတကယ်ပဲ သခင်လေးကို နေရောင်အောက်မှာ ရပ်စောင့်ခိုင်းရဲတယ်ပေါ့လေ? အခုက တော်တော်လေးတောင် ကြာနေပြီ... ဘယ်လိုနေ့လည်စာကို စားနေလို့လဲ? ဘာလို့ပြန်မရောက်လာသေးတာလဲ?"
ဆယ်မိနစ်ကျော်မျှ စောင့်ဆိုင်းပြီးနောက်မှာ နောက်ဆုံးတော့ လီကျုံက ကားနဲ့အတူရောက်လာသည်။ ပိုင်ရိချန်ကလမ်းမပေါ်မှာ ရပ်နေသည်ကို မြင်သောအခါ သူ့နှလုံးသားက ရပ်တန့်သွားတော့လေသည်။
ငါတော့သွားပြီ ဟုပင်တွေးမိသည်။
ဒီအလုပ်က အတော်လေးမြင့်မားပြီး လစာက တစ်ပါးသူမနာလိုဖြစ်ပြီး အတောင်ပံဖြန့် ပျံသန်းနိုင်လောက်သည် အထိပဲ ဆိုတာကိုသူသိသည်။ တကယ်တော့ သူနေ့လည်စာကို စားသောက်ပြီးလို့ အတော်လေး ကြာတုန်းက ရောက်ခဲ့ပြီးသားပင်။ ခဏလောက်စောင့်ပြီးတာတောင် ဘယ်သူမှမမြင်ရသေးပဲ အဲ့ဒီအချိန်မှာ သူ့တူလေးရဲ့ ရက်အနည်းငယ်အတွင်း ရောက်မယ့်မွေးနေ့ကို စဉ်းစားမိသွားသည်လေ။
ဒီအဖိုးတန် ကလေးလေးက ဘယ်အချိန်လောက်ထိ ဈေးဝယ်ထွက်မလဲ မသိတာကြောင့် သူခဏလောက် ထွက်သွားရင်တောင် ဘယ်သူမှ မသိလောက်ဘူးဟုတွေးမိသည်။
ထို့ကြောင့် သူ့တူလေးအတွက် မွေးနေ့လက်ဆောင် တစ်ခုခုရှာရန် မောင်းထွက်သွားဖို့ ဆုံးဖြတ်လိုက်မိခြင်းပင်။ သူကအကြာကြီးလည်း အချိန်မယူရဲပဲ စုစုပေါင်းမိနစ်(၂၀) လောက်သာ ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။ သူထွက်သွားတာနဲ့ တစ်ဖက်လူရောက်လာမယ်လို့ ဘယ်လိုလုပ်သိမှာလဲ?
သူ့အတွေးများ ထိုနေရာထိ ရောက်သောအခါ ရိဟန်အကြောင်း စတင်တွေးမိတော့သည်။
ဘဝတစ်လျှောက်လုံး ကခုန်နေနိုင်တဲ့ ဒီချမ်းသာတဲ့ ဒုတိယမျိုးဆက် ကလေးလေးက စောစော မရောက်လာသင့်ဘူး ဒါမှမဟုတ် နောက်ကျမှ ရောက်လာသင့်တာ...
အခုတော့သူက ငါထွက်သွားတာနဲ့ကို ရောက်လာတာ.. လူတိုင်းကသူ့လို အပူအပင်ကင်းနေတယ်လို့များ ထင်နေတာလား? သူကဘာမှဖြင့် မလုပ်နိုင်ပဲနဲ့ အမြဲတမ်း ကောင်းကင်နဲ့ မြေကြီးပြီးရင် သူတစ်ယောက်တည်းကပဲ ကမ္ဘာတစ်ခုလုံးရဲ့ သူဌေးတစ်ယောက်လို ပြုမူနေတာ.. အဲ့ဒါတောင် ပိုင်မိသားစုက သူ့ကို အဖိုးတန်ရတနာလေးလို ဆက်ဆံနေသေးတယ်....ရိဟန်က ဆွဲဆောင်မှုရှိတာကလွဲရင် ဘာကိုချစ်ဖို့အတွက် ထိုက်တန်နေမှန်း နားမလည်နိုင်ဘူး
အကယ်၍ရိဟန်သာ ပိုင်မိသားစုမှာ မွေးဖွားလာတာ မဟုတ်ဘူးဆိုရင် အခုချိန်မှာသူက ဘယ်သူမှတောင် ငွေကြေးမစွန့်ကြဲချင်တဲ့ သူတောင်းစားတစ်ယောက် ဖြစ်နေလောက်ပြီ.. အား.. မဟုတ်ဘူး ဒီရုပ်နဲ့ဆိုရင်တစ်ယောက်ယောက်ဆီတော့ ကစားစရာ ကောင်လေးတစ်ယောက်လို ရောင်းစားခံရလောက်တယ်....
သူ့စိတ်က မကျေနပ်ချက် အမျိုးမျိုးနဲ့ ဖရိုဖရဲဖြစ်နေသော်လည်း သူ့မျက်နှာပေါ်မှာတော့ ကျိုးနွံသည့် အပြုံးတစ်ခုရှိနေဆဲပင်။ သူကဆက်တိုက်ပင် တောင်းပန်နေ၏။
"သခင်လေး.. ကျွန်တော်နောက်ကျသွားတာ တကယ့်ကို တောင်းပန်ပါတယ်နော်.. အကြာကြီးစောင့်လိုက်ရလား?"
17.8.2021
=============
Next Episode
အမေ...သားအမေ့ကိုချစ်တယ်
=============
Zawgyi
အခန္း(၈) - အတင္းအၾကပ္လုပ္လို႔မရဘူး
အေနာက္မွာ လိုက္ေနတဲ့သူေတြ ရွိတာကို လံုးဝမသိတဲ့ ပိုင္ရိဟန္တစ္ေယာက္ကေတာ့ လမ္းတစ္ေလွ်ာက္မွာ သက္ေတာင့္သက္သာျဖင့္ ေအးေဆးစြာ လမ္းေလွ်ာက္ေနသည္။ ေလွ်ာက္ေနရင္းျဖင့္ သူ႔ကိုျဖတ္သန္းသြားလာေနေသာ လူအမ်ိဳးမ်ိဳးအား ၾကည့္ၿပီးလည္း မ်က္စိအစာေကၽြးေနေသး၏။
သူတို႔ေတြက အပူအပင္ကင္းကင္းနဲ႔ ပ်င္းရိေနတာ ဒါမွမဟုတ္ အားအင္အျပည့္နဲ႔ အလ်င္အျမန္ သြားေနၾကတာ, ဘယ္လိုအေၾကာင္းအရင္းပဲ ျဖစ္ပါေစ သူတို႔အကုန္လံုးမွာ သူတို႔ရဲ႔ကိုယ္ပိုင္ ဦးတည္ရာႏွင့္ ဘဝေနထိုင္မွဳပံုစံ ရွိေနၾကသည္။ ၿပီးေတာ့သူကေရာ? သူကေတာ့ၾကည့္ရတာ ဒီလိုႀကီးမားလွတဲ့ သမုဒၵရာထဲက ေပ်ာက္ဆံုးေနတဲ့ ေရစက္ေလးတစ္စက္လိုပါပဲ... ေသးငယ္ၿပီး အမွတ္ရစရာမရွိဘူး...
ပတ္လည္ကိုေလွ်ာက္ၾကည့္ကာ စဥ္းစားေနရင္းျဖင့္ ျဖည္းၫွင္းစြာပင္ သူ႔စိတ္မ်ား စတင္တည္ၿငိမ္လာခဲ့သည္။ ဘယ္လိုပဲျဖစ္ပါေစ အၿမဲတမ္း ေျပာင္းလြယ္ျပင္လြယ္ ႏိုင္ရမည္ေလ။ အတင္းအက်ပ္လုပ္ျခင္းက ဘယ္ေတာ့မွ မေအာင္ျမင္ႏိုင္ဘူး... သူကဒီတစ္ေခါက္ေတာ့ သူ႔စိတ္ကို ေကာင္းမြန္လိမၼာၿပီး နာခံမႈရွိတဲ့ ကေလးတစ္ေယာက္လို ေနမယ္လို႔ ေတြးထားၿပီးသားပဲ... သူ႔မိသားစုနဲ႔ သူ႔ကိုငယ္ငယ္တုန္းကတည္းက ခ်စ္ခင္ကာကြယ္ ေစာင့္ေရွာက္ေပးခဲ့တဲ့ မုက်င္းယြမ္ကို ေပ်ာ္ရႊင္ခြင့္ေပးသင့္တယ္....
ဒါကသူ႔ဘဝရဲ႔ ရည္မွန္းခ်က္နဲ႔ သူျပန္လည္ ေမြးဖြားလာရတဲ့ အဓိပၸါယ္ပဲျဖစ္လိမ့္မယ္.... ဘုရားသခင္ကသူ႔ကို ဒုတိယအခြင့္အေရး ေပးလိုက္ၿပီဆိုမွေတာ့ သူလုပ္ခဲ့သမွ် အျပစ္ေတြကို ျပန္လည္ေပးဆပ္ရမွာေပါ့....
ပိုက္ဆံရွာဖို႔အတြက္ကေတာ့, ဒီအတိုင္းေလးပဲသြားတာေပါ့ေလ... သူကျပန္ေမြးဖြားလာတာ, သူ႔ဦးေႏွာက္က ေျပာင္းလဲသြားတာမွမဟုတ္တာ.. အရာရာကို သူ႔လမ္းေၾကာင္းအတိုင္း သြားေအာင္ အတင္းအၾကပ္လုပ္တာက မိုက္မဲတဲ့ ဘက္ကိုပဲ ကူးေျပာင္းသြားလိမ့္မယ္....
အတိတ္ဘဝတုန္းက ပိုင္မိသားစုရဲ႔ ပ်က္စီးၿပိဳလဲျခင္းအားလံုးက သူ႔ေၾကာင့္ပဲ... သူသာေကာင္းမြန္ၿပီး ဘာျပႆနာမွ မရွာဘူးဆိုရင္ မိသားစုလည္း ၿပိဳလဲမွာမဟုတ္ဘူး... ေသခ်ာေပါက္ကို သူ႔မိသားစုလဲ အဲ့ဒါဆို နာက်င္ရမွာ မဟုတ္ေတာ့ဘူး
မုက်င္းယြမ္ကေတာ့... သူကအမနဲ႔ပဲ သက္ဆိုင္တာမွတ္လား? အကယ္၍သူသာ အတင္းအၾကပ္နဲ႔ ဝုန္းဒိုင္းႀကဲေအာင္ မလုပ္ဘူးဆိုရင္ က်င္းယြမ္နဲ႔အမႀကီးလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ေခ်ာေခ်ာေမြ႕ေမြ႕ပဲ အဆင္ေျပ သြားလိမ့္မယ္.... သူတို႔အဲ့ဒါဆို အရမ္းေပ်ာ္မွာပဲေနာ္ ဟုတ္တယ္မွတ္လား?
သူတို႔ဆီမွာသူ႔ကို ဦးေလးလို႔ေခၚမယ့္ ခ်စ္စရာကေလးတစ္ေယာက္ ေမြးလာေပးလိမ့္မယ္... ဒါဆိုလံုေလာက္တာပဲ မဟုတ္ဘူးလား?
ရိဟန္ဆိုတဲ့ သူက ပိုင္မိသားစုရဲ႔ တိတ္ဆိတ္ၿပီး တည္ၿငိမ္တဲ့ သခင္ေလးတစ္ေယာက္အျဖစ္ ေနယံုပဲ... သူ႔မိဘေတြနဲ႔အဖိုးရဲ႔ေဘးမွာ ကစားၿပီး တစ္ခါတစ္ေလ သူတို႔ေပ်ာ္ရႊင္ေအာင္ အ႐ူးလို လုပ္ေပးမယ္.... အေကာင္းဆံုး ႀကိဳးစားၿပီး သူ႔မိဘေတြကသူ႔ကို ထပ္ၿပီး စိတ္မပ်က္သြားေအာင္ သူလုပ္မယ္... ဒါပဲေလ...
အခုသူျပန္ရရွိေနသမွ် အရာအားလံုးက ဘုရားကသူ႔ကို ျပန္ေပးထားတာေတြပဲ, သူ႔အဖိုးလည္း က်န္းမာေနေသးတယ္, သူနဲ႔သူ႔အမလည္း ကေတာက္ကဆ မျဖစ္ေသးဘူး, သူ႔မိသားစုကလည္း သူ႔ကိုခ်စ္ဆဲပဲ, မုက်င္းယြမ္..... သူလည္းပဲ သူ႔ကို ႏွလံုးသားတစ္ခုလံုးနဲ႔ ညီငယ္ေလးတစ္ေယာက္လို ဆက္ဆံဆဲပဲ..... အဲ့ဒါနဲ႔တင္ တကယ္ပဲ လံုေလာက္ပါၿပီ... ဒါေတြအားလံုးက သူမေသဆံုးခင္တုန္းကဆို အိပ္မက္ေတာင္ မမက္ရဲခဲ့တာေတြပဲဟာ... ဘာမ်ားသူထပ္ေတာင္းဆိုႏိုင္ဦးမွာလဲ?
စိတ္ကိုျပင္ဆင္ၿပီးေနာက္မွာ သူ႔စိတ္ကေနာက္ဆံုးေတာ့ အရင္ကလို ေမွာင္မိုက္မေနေတာ့ပဲ သူ႔ေျခလွမ္း မ်ားသည္လည္း စတင္ေပါ့ပါး ျမန္ဆန္လာရသည္။ သူကသတ္မွတ္ထားတဲ့ လမ္းဆံုသို႔ ေလွ်ာက္သြားလိုက္ေတာ့၏။
ကားေမာင္းသမားလီက်ံဳက ထိုေနရာသို႔ မေရာက္ေသးေသာ္လည္း သူကေတာ့ အနည္းငယ္မွ်ပင္ စိတ္အေႏွာင့္အယွက္ ျဖစ္ျခင္းမရွိေပ။ သူ႔ရဲ႔ေပါက္ကြဲလြယ္တဲ့ ေဒါသတရားက အတိတ္ဘဝမွာ သူျဖတ္သန္းခဲ့သမွ် မေရမတြက္ႏိုင္တဲ့ အရွက္တကြဲ အက်ိဳးနည္းမႈမ်ားေၾကာင့္ ယဥ္ပါးသြားခဲ့ၿပီေလ... သူေတြ႕ဆံုရမယ့္ လူနဲ႔ကားက မေရာက္ေသးတာကို သတိျပဳမိတဲ့အခ်ိန္မွာ တည္ၿငိမ္စြာျဖင့္သာ ေနရာမွာ ရပ္ေစာင့္ေနလိုက္သည္။
သက္ေတာ္ေစာင့္ A, Bႏွင့္C တို႔က တိတ္တဆိတ္ သြားစိမိၾကေတာ့၏။
"အဲ့ဒီက်ံဳရွင္းက သူ႔အလုပ္ကို မလိုခ်င္ေတာ့ဘူးလား? သူတကယ္ပဲ သခင္ေလးကို ေနေရာင္ေအာက္မွာ ရပ္ေစာင့္ခိုင္းရဲတယ္ေပါ့ေလ? အခုက ေတာ္ေတာ္ေလးေတာင္ ၾကာေနၿပီ... ဘယ္လိုေန႔လည္စာကို စားေနလို႔လဲ? ဘာလို႔ျပန္မေရာက္လာေသးတာလဲ?"
ဆယ္မိနစ္ေက်ာ္မွ် ေစာင့္ဆိုင္းၿပီးေနာက္မွာ ေနာက္ဆံုးေတာ့ လီက်ံဳက ကားနဲ႔အတူေရာက္လာသည္။ ပိုင္ရိခ်န္ကလမ္းမေပၚမွာ ရပ္ေနသည္ကို ျမင္ေသာအခါ သူ႔ႏွလံုးသားက ရပ္တန္႔သြားေတာ့ေလသည္။
ငါေတာ့သြားၿပီ ဟုပင္ေတြးမိသည္။
ဒီအလုပ္က အေတာ္ေလးျမင့္မားၿပီး လစာက တစ္ပါးသူမနာလိုျဖစ္ၿပီး အေတာင္ပံျဖန္႔ ပ်ံသန္းႏိုင္ေလာက္သည္ အထိပဲ ဆိုတာကိုသူသိသည္။ တကယ္ေတာ့ သူေန႔လည္စာကို စားေသာက္ၿပီးလို႔ အေတာ္ေလး ၾကာတုန္းက ေရာက္ခဲ့ၿပီးသားပင္။ ခဏေလာက္ေစာင့္ၿပီးတာေတာင္ ဘယ္သူမွမျမင္ရေသးပဲ အဲ့ဒီအခ်ိန္မွာ သူ႔တူေလးရဲ႔ ရက္အနည္းငယ္အတြင္း ေရာက္မယ့္ေမြးေန႔ကို စဥ္းစားမိသြားသည္ေလ။
ဒီအဖိုးတန္ ကေလးေလးက ဘယ္အခ်ိန္ေလာက္ထိ ေစ်းဝယ္ထြက္မလဲ မသိတာေၾကာင့္ သူခဏေလာက္ ထြက္သြားရင္ေတာင္ ဘယ္သူမွ မသိေလာက္ဘူးဟုေတြးမိသည္။
ထို႔ေၾကာင့္ သူ႔တူေလးအတြက္ ေမြးေန႔လက္ေဆာင္ တစ္ခုခုရွာရန္ ေမာင္းထြက္သြားဖို႔ ဆံုးျဖတ္လိုက္မိျခင္းပင္။ သူကအၾကာႀကီးလည္း အခ်ိန္မယူရဲပဲ စုစုေပါင္းမိနစ္(၂၀) ေလာက္သာ ကုန္ဆံုးခဲ့ျခင္းျဖစ္သည္။ သူထြက္သြားတာနဲ႔ တစ္ဖက္လူေရာက္လာမယ္လို႔ ဘယ္လိုလုပ္သိမွာလဲ?
သူ႔အေတြးမ်ား ထိုေနရာထိ ေရာက္ေသာအခါ ရိဟန္အေၾကာင္း စတင္ေတြးမိေတာ့သည္။
ဘဝတစ္ေလွ်ာက္လံုး ကခုန္ေနႏိုင္တဲ့ ဒီခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ ကေလးေလးက ေစာေစာ မေရာက္လာသင့္ဘူး ဒါမွမဟုတ္ ေနာက္က်မွ ေရာက္လာသင့္တာ...
အခုေတာ့သူက ငါထြက္သြားတာနဲ႔ကို ေရာက္လာတာ.. လူတိုင္းကသူ႔လို အပူအပင္ကင္းေနတယ္လို႔မ်ား ထင္ေနတာလား? သူကဘာမွျဖင့္ မလုပ္ႏိုင္ပဲနဲ႔ အၿမဲတမ္း ေကာင္းကင္နဲ႔ ေျမႀကီးၿပီးရင္ သူတစ္ေယာက္တည္းကပဲ ကမာၻတစ္ခုလံုးရဲ႔ သူေဌးတစ္ေယာက္လို ျပဳမူေနတာ.. အဲ့ဒါေတာင္ ပိုင္မိသားစုက သူ႔ကို အဖိုးတန္ရတနာေလးလို ဆက္ဆံေနေသးတယ္....ရိဟန္က ဆြဲေဆာင္မွဳရွိတာကလြဲရင္ ဘာကိုခ်စ္ဖို႔အတြက္ ထိုက္တန္ေနမွန္း နားမလည္ႏိုင္ဘူး
အကယ္၍ရိဟန္သာ ပိုင္မိသားစုမွာ ေမြးဖြားလာတာ မဟုတ္ဘူးဆိုရင္ အခုခ်ိန္မွာသူက ဘယ္သူမွေတာင္ ေငြေၾကးမစြန္႔ႀကဲခ်င္တဲ့ သူေတာင္းစားတစ္ေယာက္ ျဖစ္ေနေလာက္ၿပီ.. အား.. မဟုတ္ဘူး ဒီ႐ုပ္နဲ႔ဆိုရင္တစ္ေယာက္ေယာက္ဆီေတာ့ ကစားစရာ ေကာင္ေလးတစ္ေယာက္လို ေရာင္းစားခံရေလာက္တယ္....
သူ႔စိတ္က မေက်နပ္ခ်က္ အမ်ိဳးမ်ိဳးနဲ႔ ဖ႐ိုဖရဲျဖစ္ေနေသာ္လည္း သူ႔မ်က္ႏွာေပၚမွာေတာ့ က်ိဳးႏြံသည့္ အျပံဳးတစ္ခုရွိေနဆဲပင္။ သူကဆက္တိုက္ပင္ ေတာင္းပန္ေန၏။
"သခင္ေလး.. ကၽြန္ေတာ္ေနာက္က်သြားတာ တကယ့္ကို ေတာင္းပန္ပါတယ္ေနာ္.. အၾကာႀကီးေစာင့္လိုက္ရလား?"
17.8.2021
=============
Next Episode
အေမ...သားအေမ့ကိုခ်စ္တယ္
=============