It's Okay, I'll take care of...

By 13Emlla

13K 1.6K 24

Title: It's Okay, I'll Take Care of You (没关系,我养你) Author: 半纸清骨 CP: Weed x Little Corn Translator: Polarbearad... More

စာစဥ္မိတ္ဆက္/ စာစဉ်မိတ်ဆက်
အခန္း (၁) အေညႇာင့္ထြက္ျခင္း/ အခန်း (၁) အညှောင့်ထွက်ခြင်း
အခန္း (၂) ေရႀကီးျခင္း/ အခန်း (၂) ရေကြီးခြင်း
အခန္း (၃) အရပ္ရွည္ရွည္နဲ႔ခန္႔ေခ်ာကိုေျပာင္းဖူး/ အရပ်ရှည်ရှည်နဲ့ခန့်ချောကိုပြောင်
အခန္း (၄) ဉာဏ္မရွိတဲ့ဖန္အုပ္စု/ ဉာဏ်မရှိတဲ့ဖန်အုပ်စု
အခန္း (၅) ငါဘာလို႔ေျပာင္းဖူးေစ့ေတြမထုတ္နိုင္တာလဲ/ ငါဘာလို့ပြောင်းဖူးစေ့တွေမထုတ်န

အခန္း (၆) ေျပာင္းဖူးေသးေလးနွင့္ေပါင္းပင္တို႔လူျဖစ္လာျခင္း/ ပြောင်းဖူးသေးလေးနှင့်

1.5K 275 13
By 13Emlla

ေျပာင္းဖူးေသးေလးေဘးမွာပဲ ေပါင္းပက္ဟာမူမမွန္စြာ ႀကီးထြားလာခဲ့သည္။

ေပါင္းပင္ေတြရဲ႕သက္တမ္းဟာ ေကာက္ပဲသီးနွံေတြကဲ့သို႔ပင္ ေကာက္ပဲသီးနွံမ်ားမွည့္ခ်ိန္နွင့္ေပါင္းပင္ညႇိဳးႏြမ္းခ်ိန္တို႔တူၾကသည္။

ဒါေပမဲ့ ေျပာင္းဖူးေသးေလးေဘးကေပါင္းပင္ကေတာ့ ေႏြရာသီ (၂) ရာသီ၊ ေႏြဦးရာသီ၊ ေႏြရာသီ၊ ေဆာင္းဦးရာသီနွင့္ ေဆာင္းရာသီတို႔မွာ ေနခဲ့ၿပီးၿပီ။ ေျပာင္းဖူးေသးေလးနဲ႔အတူ (၃) နွစ္ေျမာက္ရွိခဲ့ၿပီ။

ဘာေၾကာင့္လဲဆိုေတာ့ ေပါင္းပင္ေဘးကေျပာင္းဖူးေသးေလးဟာ လံုးဝမႀကီးထြားလာသလို အသီးလည္းမသီးေသာေၾကာင့္ျဖစ္နိုင္သည္။ ဒါက ဒီလိုေၾကာင့္ျဖစ္နိုင္တယ္ ... ေပါင္းပင္ေလးလိုပဲ ေျပာင္းဖူးက ေႏြဦးရာသီ၊ ေႏြရာသီ၊ ေဆာင္းဦးရာသီနွင့္ ေဆာင္းရာသီတို႔မွာ မေသပဲႀကံ့ႀကံ့ခံနိုင္ခဲ့တာေၾကာင့္ ျဖစ္လိမ့္မည္။

ပထမကေတာ့ သူ႔မွာအသီးမသီးတာကိုသူ႔ကိုယ့္သူအားမရျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္နားလည္လာခဲ့ေတာ့သည္။

သူ႔ေဘးကေပါင္းပင္နဲ႔သူကလြဲရင္ နွစ္ဝက္ေရာက္တိုင္း သူ႔ပတ္ဝန္းက်င္က ေကာက္ပဲသီးနွံနွင့္ေပါင္းပင္တို႔ဟာ အၿမဲေျပာင္းလဲသြားေလ့ရွိသည္။

ေျပာင္းဖူးေသးေလး : ငါနဲ႔အတူအသက္လိုက္ရွင္ေပးလို႔ေက်းဇူးပဲ ...

ေပါင္းပင္ : မလိုပါဘူးကြာ ...

တကယ္ကေျပာသင့္တာငါပါ။ ငါေဘးနားမွာအတူတူရွိေနေပးတဲ့အတြက္ေက်းဇူးတင္တယ္ ....

ေနကထြက္လာလိုက္ ျပန္ဝင္သြားလိုက္၊ ပန္းေတြဟာလည္း ေႂကြက်လိုက္ျပန္ပြင့္လိုက္၊ အခ်ိန္ေတြကုန္သြားသည္။ ဘယ္အခ်ိန္က လယ္ကြင္းထဲက လယ္သမားအဖိုးႀကီးကေန ငယ္႐ြယ္တဲ့ေကာင္ေလးအျဖစ္ေျပာင္းသြားလဲမသိေတာ့ေပ။ ဘယ္အခ်္န္က ပင္လယ္ျပာႀကီးကေန ပိုးစာပင္လယ္ကြင္းႀကီးအျဖစ္ေျပာင္းသြားလဲမသိေတာ့ေခ်။ 

ေျပာင္းဖူးေသးေလးဟာ သူ႔ရဲ႕ကိုယ္ပိုင္ပံုစံေပၚလာေတာ့သည္။

"ဒါ .... ဒါက"

ခ်ည္သားအက်ႌကိုဝတ္ဆင္ထားၿပီး အနက္ေရာင္ဆံႏြယ္ေတြဟာခါးမွာ ဟိုတစ္စုသည္တစ္စုျပန္႔က်ဲေနသည္။ ငယ္႐ြယ္ေခ်ာေမာၿပီးႏူးညံ့တဲ့မ်က္နွာေလးဟာ သိမ္ေမြ႕မႈေတြကိုသယ္ေဆာင္ထားသည္။ သူ႔ရဲ႕မ်က္ဆံအမည္းေလးဟာလည္း ေရကဲ့သို႔ၾကည္ေတာက္ေနသည္။

"ဂုဏ္ယူပါတယ္"

သူ႔ေဘးမွာရွိတဲ့လူႀကီးဟာ နႈတ္ခမ္းကိုေကြးၫြတ္ၿပီးၿပံဳးလိုက္သည္။ ႏူးညံ့ေတြဟာ သူ႔မ်က္လံုးထဲမွာအဆံုးမရွိနိုင္ေပ။

လူငယ္ေလးရဲ႕မ်က္လံုးဟာရုတ္တရက္ ညဘက္မွာလင္းလက္ေနတဲ့ၾကယ္ကေလးေတြကဲ့သို႔ ေတာက္ပသြားသည္။

"ေနာက္ဆံုးေတာ့ မင္းကိုေနာက္တစ္ေခါက္ထပ္ေတြ႕ရျပန္ၿပီ"

ဒီနားမေထာင္တဲ့ေပါင္းပင္က သူ႔ကိုေတာင္မေစာင့္ပဲနဲ႔ လူအသြင္ေျပာင္းလဲသြားခဲ့တယ္ ... လြန္ခဲ့တဲ့နွစ္နွစ္အတြင္းမွာ မွားသြားတာေတြ၊ မေက်မနပ္ျဖစ္တာေတြ၊ စိတ္တိုတာေတြ ခံစားခဲ့ရတယ္ ... ေနာက္ဆံုးမွာေတာ့ သူ႔အ႐ြက္ေလးေပၚထပ္ထားခဲ့တဲ့လက္ကေလးေတြကို လြမ္းေနတုန္းပဲ ...

"ငါမင္းကိုအရမ္းလြမ္းေနခဲ့တာ ငါ့ကိုဘယ္ေတာ့မွမထားသြားနဲ႔ေတာ့ေနာ္ ဟုတ္ၿပီလား"

ထိုလူငယ္ေလးရဲ႕သနားစရာအသြင္အျပင္က အျခားသူကိုပါႏူးညံ့မႈေတြကူးစက္ေစသည္။

"မထားပါဘူး မထားပါဘူး"

သူ႔ရင္ဘတ္ထဲကေနနာက်င္စြာခံစားလိုက္ရၿပီး ထိုေကာင္ေလးကိုလက္ေမာင္းထဲမွာဖက္ထားၿပီး သူ႔ကိုတိုးညင္းစြာေျပာလိုက္သည္။ "ငါမင္းေနာက္ကိုအၿမဲလိုက္ေနမွာ၊ ပင္လယ္ျပာႀကီးက ပိုးစာပင္အခင္းႀကီးအျဖစ္ေျပာင္းသြားရင္ေတာင္မွ ငါမင္းကိုဘယ္ေတာ့မွစြန္႔ပစ္မွာမဟုတ္ဘူး" 

~ ၿပီးပါၿပီရွင္ ~

•••

ပြောင်းဖူးသေးလေးဘေးမှာပဲ ပေါင်းပက်ဟာမူမမှန်စွာ ကြီးထွားလာခဲ့သည်။

ပေါင်းပင်တွေရဲ့သက်တမ်းဟာ ကောက်ပဲသီးနှံတွေကဲ့သို့ပင် ကောက်ပဲသီးနှံများမှည့်ချိန်နှင့်ပေါင်းပင်ညှိုးနွမ်းချိန်တို့တူကြသည်။

ဒါပေမဲ့ ပြောင်းဖူးသေးလေးဘေးကပေါင်းပင်ကတော့ နွေရာသီ (၂) ရာသီ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့မှာ နေခဲ့ပြီးပြီ။ ပြောင်းဖူးသေးလေးနဲ့အတူ (၃) နှစ်မြောက်ရှိခဲ့ပြီ။

ဘာကြောင့်လဲဆိုတော့ ပေါင်းပင်ဘေးကပြောင်းဖူးသေးလေးဟာ လုံးဝမကြီးထွားလာသလို အသီးလည်းမသီးသောကြောင့်ဖြစ်နိုင်သည်။ ဒါက ဒီလိုကြောင့်ဖြစ်နိုင်တယ် ... ပေါင်းပင်လေးလိုပဲ ပြောင်းဖူးက နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့မှာ မသေပဲကြံ့ကြံ့ခံနိုင်ခဲ့တာကြောင့် ဖြစ်လိမ့်မည်။

ပထမကတော့ သူ့မှာအသီးမသီးတာကိုသူ့ကိုယ့်သူအားမရဖြစ်သော်လည်း နောက်ပိုင်းတွင်နားလည်လာခဲ့တော့သည်။

သူ့ဘေးကပေါင်းပင်နဲ့သူကလွဲရင် နှစ်ဝက်ရောက်တိုင်း သူ့ပတ်ဝန်းကျင်က ကောက်ပဲသီးနှံနှင့်ပေါင်းပင်တို့ဟာ အမြဲပြောင်းလဲသွားလေ့ရှိသည်။

ပြောင်းဖူးသေးလေး : ငါနဲ့အတူအသက်လိုက်ရှင်ပေးလို့ကျေးဇူးပဲ ...

ပေါင်းပင် : မလိုပါဘူးကွာ ...

တကယ်ကပြောသင့်တာငါပါ။ ငါဘေးနားမှာအတူတူရှိနေပေးတဲ့အတွက်ကျေးဇူးတင်တယ် ....

နေကထွက်လာလိုက် ပြန်ဝင်သွားလိုက်၊ ပန်းတွေဟာလည်း ကြွေကျလိုက်ပြန်ပွင့်လိုက်၊ အချိန်တွေကုန်သွားသည်။ ဘယ်အချိန်က လယ်ကွင်းထဲက လယ်သမားအဖိုးကြီးကနေ ငယ်ရွယ်တဲ့ကောင်လေးအဖြစ်ပြောင်းသွားလဲမသိတော့ပေ။ ဘယ်အခ်ျန်က ပင်လယ်ပြာကြီးကနေ ပိုးစာပင်လယ်ကွင်းကြီးအဖြစ်ပြောင်းသွားလဲမသိတော့ချေ။ 

ပြောင်းဖူးသေးလေးဟာ သူ့ရဲ့ကိုယ်ပိုင်ပုံစံပေါ်လာတော့သည်။

"ဒါ .... ဒါက"

ချည်သားအင်္ကျီကိုဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်တွေဟာခါးမှာ ဟိုတစ်စုသည်တစ်စုပြန့်ကျဲနေသည်။ ငယ်ရွယ်ချောမောပြီးနူးညံ့တဲ့မျက်နှာလေးဟာ သိမ်မွေ့မှုတွေကိုသယ်ဆောင်ထားသည်။ သူ့ရဲ့မျက်ဆံအမည်းလေးဟာလည်း ရေကဲ့သို့ကြည်တောက်နေသည်။

"ဂုဏ်ယူပါတယ်"

သူ့ဘေးမှာရှိတဲ့လူကြီးဟာ နှုတ်ခမ်းကိုကွေးညွတ်ပြီးပြုံးလိုက်သည်။ နူးညံ့တွေဟာ သူ့မျက်လုံးထဲမှာအဆုံးမရှိနိုင်ပေ။

လူငယ်လေးရဲ့မျက်လုံးဟာရုတ်တရက် ညဘက်မှာလင်းလက်နေတဲ့ကြယ်ကလေးတွေကဲ့သို့ တောက်ပသွားသည်။

"နောက်ဆုံးတော့ မင်းကိုနောက်တစ်ခေါက်ထပ်တွေ့ရပြန်ပြီ"

ဒီနားမထောင်တဲ့ပေါင်းပင်က သူ့ကိုတောင်မစောင့်ပဲနဲ့ လူအသွင်ပြောင်းလဲသွားခဲ့တယ် ... လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ မှားသွားတာတွေ၊ မကျေမနပ်ဖြစ်တာတွေ၊ စိတ်တိုတာတွေ ခံစားခဲ့ရတယ် ... နောက်ဆုံးမှာတော့ သူ့အရွက်လေးပေါ်ထပ်ထားခဲ့တဲ့လက်ကလေးတွေကို လွမ်းနေတုန်းပဲ ...

"ငါမင်းကိုအရမ်းလွမ်းနေခဲ့တာ ငါ့ကိုဘယ်တော့မှမထားသွားနဲ့တော့နော် ဟုတ်ပြီလား"

ထိုလူငယ်လေးရဲ့သနားစရာအသွင်အပြင်က အခြားသူကိုပါနူးညံ့မှုတွေကူးစက်စေသည်။

"မထားပါဘူး မထားပါဘူး"

သူ့ရင်ဘတ်ထဲကနေနာကျင်စွာခံစားလိုက်ရပြီး ထိုကောင်လေးကိုလက်မောင်းထဲမှာဖက်ထားပြီး သူ့ကိုတိုးညင်းစွာပြောလိုက်သည်။ "ငါမင်းနောက်ကိုအမြဲလိုက်နေမှာ၊ ပင်လယ်ပြာကြီးက ပိုးစာပင်အခင်းကြီးအဖြစ်ပြောင်းသွားရင်တောင်မှ ငါမင်းကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး" 

~ ပြီးပါပြီရှင် ~


Continue Reading

You'll Also Like

565K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
43.9K 3.9K 25
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated Names SCGL 配角生存指南 This is a fan translat...
561K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...