Love Virus( Completed)

By satan2244

77.2K 8K 626

No one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020 More

Author's note
Character Intro
Ch- 1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-19
Ch-20
Ch-21
Ch - 22
No Update
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
Ch-68
Ch-69
Ch-70
Ch-71
Ch-72 (Ending)
Thank you and Sorry
ဇာတ်ကောင်ရှင်းတမ်း(ဇာတ္ေကာင္႐ွင္းတမ္း)
long time no see
🚨New Fic🚨

Ch-18

828 116 5
By satan2244

👀zawgyi👀

၂ထပ္ေျမာက္သို့ဓာတ္ေလွကားျဖင့္ဆင္းရင္း လြမ္း အေနာက္ျပန္လွည့္ၾကည့္မိသည္။ သူမ်ားပါလာမလားဟူသည့္အေတြးျဖင့္။ သို့ေသာ္ အရိပ္အေယာင္ေတာင္မေတြ႕သည္မို့ လြမ္း မိမိႏွုတ္ခမ္းေအာက္ကို သာကိုက္မိသည္။ ထို့ေနာက္ ဘာမွေတြးမေနေတာ့ဘဲ ပထမထပ္ကိုသာ ဆင္းလာခဲ့သည္။ လာတုန္းက သူကားနဲ႔ေပမယ့္ အခုေတာ့ တကၠစီနဲ႔သာျပန္ရေတာ့မည္။ ထို့ေၾကာင့္ ground floorကိုမသြားေတာ့ဘဲ အေရွ႕တည့္တည့္ကိုသာ ထြက္လာခဲ့သည္။ အျပင္ေရာက္သည္ႏွင့္ ျဖတ္သြားျဖတ္လာ တကၠစီေတြကို တားမိသည္။ ခရီးသည္ေတြပါသည္မို့ တားမရ။ ထို့ေၾကာင့္ အေရွ႕ဘက္သို့သာ ေလၽွာက္လာခဲ့သည္။ ထိုစဥ္.....

တီတီ
အေနာက္မွကားဟြန္းတီးသံေၾကာင့္ လြမ္းလွည့္ၾကည့္မိသည္။
ဟင္....သူ!!

"လြမ္း လာ ကားေပၚတက္" ကားထဲမွေန၍ ရိုဏ္းစ်ာန္ေခၚေနေသာ္လည္း လြမ္းတို့ကေတာ့ မ်က္ေစာင္းထိုးၿပီး မသိခ်င္ေယာင္ေဆာင္ေနသည္။ ရိုဏ္းစ်ာန္မွာေတာ့ သိလိုက္ၿပီေလ။ သူ မိမိအား စိတ္ဆိုးေနသည္ဆိုတာ။ ထို့ေၾကာင့္ ကားထဲမွထြက္ကာ လြမ္း၏လက္ကို ဆုပ္ကိုင္လာၿပီး ေခၚရန္ႀကိဳးစားေနသည္။

"လိုက္ခဲ့ လြမ္း" အတင္းဆုပ္ကိုင္ထားကာ ကားထဲသို့ဝင္ေစရန္လုပ္ေနေသာ ရိုဏ္းစ်ာန္ေၾကာင့္ လြမ္း သူ႔လက္ထဲမွာ ႐ုန္းကန္ေနမိသည္။ သူကေတာ့ လြတ္မေပး။

"မင္းဖယ္ေပး ရိုဏ္းစ်ာန္ ငါ မင္းနဲ႔မလိုက္ဘူး မင္းေကာင္မေလးနဲ႔ဘဲ သြားစမ္းပါ" အတင္းျငင္းကာေျပာေနေသာ လြမ္းေၾကာင့္ ရိုဏ္းစ်ာန္ ရပ္တန္႔သြားကာ လြမ္းဘက္သို့လွည့္ၾကည့္လာသည္။ လြမ္းကေတာ့ မတည္ၿငိမ္ေသာ မ်က္ဝန္းတို့ျဖင့္ စိတ္လွုပ္ရွားေနဟန္ၾကည့္မိေနမိသည္။

"မင္း အထင္လြဲေနတာ အဲ့တစ္ေယာက္နဲ႔ငါက ဘာမွမဆိုင္ဘူး" ႏွုတ္ခမ္းတင္းတင္းေစ့ရင္း အေသခ်ာေျပာေနေသာ ရိုဏ္းစ်ာန္စကားအား မယုံၾကည္သလို မ်က္ေမွာက္ကုတ္မိသည္။

"ငါေတာ့မထင္ဘူး..... ငါ ျပန္ေတာ့မယ္" ထိုသို့ေျပာၿပီး ရိုဏ္းစ်ာန္လက္ကိုဖယ္ကာ ထြက္သြားဟန္ျပင္ေနျပန္သည္။ ရိုဏ္းစ်ာန္ကေတာ့ လြတ္သြားေသာ လက္ကိုျပန္ဆြဲလိုက္ၿပီး ထပ္တားျပန္၏။

"မင္း ငါနဲ႔အတူ ျပန္ရမယ္"
တီတီတီ
ရိုဏ္းစ်ာန္၏စကားနဲ႔အတူ အေနာက္မွၾကားရေသာ ကားဟြန္းသံမ်ား။ ကားလမ္းကို ပိတ္ရပ္ထားသလိုျဖစ္ေနေသာ ရိုဏ္းစ်ာန္၏ကားေၾကာင့္ အေနာက္ကလူမ်ားပါ လွမ္းေအာ္ေနေလၿပီ။ ထိုအခါမွ လြမ္းသတိထားမိသည္။ ရိုဏ္းစ်ာန္ကေတာ့ မိမိမလိုက္မခ်င္း ဒီေနရာမွ ေရြ႕မယ္မထင္။ ထို့ေနာက္မွာေတာ့ မိမိဘက္ကသာ စိတ္ေလၽွာ့ၿပီး လိုက္ရပါေတာ့သည္။ သူကေတာ့ ျဖစ္ေစခ်င္သလို ျဖစ္ရသည္မို့ မ်က္ႏွာကစပ္ၿဖီးၿဖီးျဖင့္။

အိမ္ျပန္လမ္းတေလၽွာက္ ဘာစကားမွမေျပာ။ သူ႔အားမေက်မနပ္ျဖစ္မိသည္မို့ ႏွုတ္သာ ဆိတ္ေနမိသည္။ ကားျပင္တင္းဘက္ကိုလည္း အေၾကာင္းမဲ့ေငးေနမိ၏။ စိတ္ထဲတြင္လည္း မြန္းၾကပ္လာသလို ခံစားမိေနျပန္ၿပီ။

"လြမ္း" ႏူးညံ့ေသာ ေခၚသံကိုၾကားေနရေသာ္လည္း လြမ္းမၾကားခ်င္ေယာင္သာေဆာင္မိသည္။ သို့ေသာ္ ထိုသူကေတာ့ လက္ေလၽွာ့မည္ပုံမေပၚ။

"လြမ္း ငါ့ကိုစိတ္ဆိုးေနတုန္းလား" အသံကို အတတ္နိုင္ဆုံး ငယ္ရွာၿပီး ေျပာေနေပမယ့္ လြမ္းတို့ကေတာ့ ဂ႐ုမစိုက္ဟန္ ကားအျပင္ဘက္ လမ္းမထက္မွ အၾကည့္မလႊဲ။ လြမ္းပုံစံေၾကာင့္ ရိုဏ္းစ်ာန္ သက္ျပင္းခ်မိသည္။ ထိုသက္ျပင္းခ်သံကို လြမ္းၾကားလိုက္ေပမယ့္ ရိုဏ္းစ်ာန္၏ အျပဳံးငယ္ကိုေတာ့ မျမင္လိုက္။ တဆက္တည္းမွာဘဲ ႏွုတ္ခမ္းထက္က အျပဳံးငယ္မေပ်ာက္ခင္ ႏွုတ္မွ ဆိုလာသည္က.....

"ငါသိၿပီ မင္း ငါ့ကို သဝန္တိုေနတာမဟုတ္လား" သူ႔စကား​ေၾကာင့္ လြမ္း ခ်က္ခ်င္းေခါင္းလွည့္လာသည္။ သူကေတာ့ အေရွ႕က ကားလမ္းမကိုၾကည့္လိုက္ လြမ္းဘက္ကိုလွည့္လိုက္လုပ္ရင္း ပါးခ်ိဳင့္တို့ေပၚသည္အထိ ျပဳံးကာ ေက်နပ္ဟန္ျဖင့္။ မသိရင္ သူထင္တာမွန္ေနသလိုလို။ သို့ေပမယ့္ သူ႔စကားေၾကာင့္ မိမိကိုယ္တိုင္ေတာင္ ျပန္လည္ဆန္းစစ္ရေသး၏။

တကယ္ဘဲသူေျပာသလို သူ႔ကို သဝန္တိုေနတာ ဟုတ္ပါေလစ။ အာ....မျဖစ္နိုင္တာ သူ႔ကို ဘာလို့ သဝန္တိုရမွာလဲ မျဖစ္နိုင္ဘူး။

ထိုသို့သာ မိမိကိုယ္ကို သတိျပန္ေပးရင္း သူ႔ကို မ်က္ေစာင္းထိုးကာ ေခါင္းရမ္းလိုက္ၿပီး တစ္ဖတ္သို့ျပန္လွည့္လိုက္သည္။ ထို့အတူ သူ႔ဆီမွ ခပ္သဲ့သဲ့ရယ္သံက ထြက္ေပၚလာ၏။

>>>>>>>>>>>>>>>>>>>>>

"တစ္မနက္လုံးေရာ တစ္ေန႔ခင္းလုံးေရာအခန္းထဲကကို မထြက္ဘူး ဒီပါေရ နင္သြားေခၚလိုက္ဦး" ဒီေန႔က်မွ လြန္း၏မႀကီးျဖစ္သူ ယုယခင္တို့ အလုပ္မသြားသည္ေၾကာင့္ လၽွမ္းဒီပါအိမ္သို့ေရာက္လာခ်ိန္ တည့္တိုးရသည္။ မိမိနဲ႔ကေလးကိစၥသိလို့ ေဒါသထြက္ေနမွာကို စိုးရိမ္ေနခဲ့ေပမယ့္ တစ္အိမ္လုံးက လက္ခံေပးၾကေတာ့ လၽွမ္းဒီပါ ေက်နပ္သြားမိသည္။ သို့ေပမယ့္ ထိုထက္အေရးႀကီးတာ ကေလး။ မေန႔က သူနဲ႔လြန္းတို့ ဟိုေကာင္ေလးကိစၥေၾကာင့္ မဆိုသေလာက္ရန္အေသးအမႊားျဖစ္ခဲ့သည္ကို မေက်နပ္​ေသးသည့္အျပင္ မနက္က သူ႔မွာ အလုပ္ရွုပ္ေနလို့ ထိုကေလးကို အဆက္အသြယ္မလုပ္မိခဲ့။ ထိုကိစၥကို လြန္းမွာ စိတ္ဆိုးေနျပန္ၿပီ။ ႏွစ္ပူဆင့္စိတ္ဆိုးေနေသာ ကေလးျဖစ္သူေၾကာင့္ မိမိလည္း အတက္နိုင္ဆုံးေခ်ာ့ဖို့ မိမိစိတ္ကို ျပင္ဆင္ထားမိသည္။

အခုလည္း သူငယ္ခ်င္းျဖစ္သူ၏ေဖးမေပးမွုနဲ႔အတူ မိမိေျခလွမ္းမ်ားက သူရွိရာအခန္းဆီသို့။
ေဒါက္ေဒါက္ေဒါက္
တံခါးအားသုံးခ်က္ေလာက္ေခါက္လိုက္ေတာ့ အထဲမွ "ဘယ္သူလဲ"ဟူေသာ ေမးသံကိုဦးစြာၾကားလိုက္ရသည္။

"ကိုယ္ပါ ကေလး..."အသံကို ႏူးညံ့စြာေျပာရင္း ဆိုလိုက္ေပမယ့္ အခန္းထဲမွ ျပန္လည္တုံ႔ျပန္လာသည္က ႏူးညံ့မေန။

"အခုမွ ကၽြန္ေတာ့ကိုသတိရတယ္ဟတ္လား....သြား ကၽြန္ေတာ့ဆီမလာနဲ႔ ျပန္လိုက္ေတာ့" အသံခပ္မာမာျဖင့္ေျပာကာ ေမာင္းထုတ္ေနေသာ ကေလး​ေၾကာင့္ ပိုၿပီးစိတ္ပူသြားမိသည္။ သူ မိမိအား စိတ္ဆိုးေနသည္ဆိုတာ ႏွစ္ခါျပန္စဥ္းစားစရာမလိုပါ။

"ကိုယ္ေတာင္းပန္ပါတယ္ ကေလးရယ္ ကိုယ့္ကို အဲ့လိုေတာ့မႏွင္ပါနဲ႔ ကေလး ကိုယ့္ကို စိတ္ဆိုးခ်င္လည္းဆိုး ဒါမယ့္ တံခါးေတာ့ဖြင့္ေပးပါေနာ္ ကိုယ္ မင္းမ်က္ႏွာေလးကို ျမင္ခ်င္လို့ပါ" မိမိလိုခ်င္သည့္အရာကို ခၽြဲကာႏြဲ႕ကာျဖင့္ မိခင္ျဖစ္သူဆီမွ ေတာင္းေနသည့္ကေလးတစ္ေယာက္လို လၽွမ္းသည္လည္း ရွိသမၽွမာနကို ခဝါခ်ကာ လြန္းအား ေတာင္းပန္ရင္းဆိုေနမိသည္။ သို့ေသာ္ လြန္းတို့ကေတာ့ တုပ္တုပ္ပင္မလွုပ္။" မဖြင့္ေပးဘူး။ ဦးကို မခ်စ္ေတာ့ဘူး။ ျပန္ေတာ့။ အသံမၾကားခ်င္ဘူး။" ထိုသို့ေသာ တုံ႔ျပန္စကားတို့ကိုသာ ဆိုလာသည္။ လၽွမ္းဒီပါမွာေတာ့ လူႀကီးတစ္ေယာက္ေပမယ့္ ထိုကေလးေရွ႕မွာ လက္နက္ခ်အရွုံးေပးထားသည့္ စစ္သားတစ္ေယာက္လိုပင္။

"ေရာ့ ဒီမွာ" တံခါးကို မ်က္ႏွာမွီကာ အထဲမွ ကေလးတံခါးဖြင့္ရန္ေတာင္းပန္ေနခ်ိန္ အနားသို့ေရာက္လာကာ ေသာ့တစ္ေခ်ာင္းေပးလာေသာ ယုယခင္။ သူ႔ကိုျမင္သည္ႏွင့္ လၽွမ္းဒီပါတို့မ်က္ဝန္းမွာ အကူညီရသြားသလို ေတာက္ပသြား၏။

"နင့္ဘာသာ ေသတြင္းထဲခုန္ခ်တာ ကိုယ့္ဇာတ္ကို ကိုယ္နိုင္ေအာင္သာ ကေတာ့ ဒီပါေရ" မိမိေမာင္၏အေၾကာင္းကိုသိေသာ ယုယခင္မွာ သူငယ္ခ်င္းျဖစ္သူအားေလွာင္သလိုရယ္ကာ ဆိုလာ​သည္။ သို့ေသာ္ လၽွမ္းဒီပါတို့ကေတာ့ ဂ႐ုပင္မစိုက္ ေသာ့ကို အလ်င္အျမန္ယူကာ အခန္းတံခါးကိုဖြင့္လိုက္သည္။

"ကေလး..."
"ခင္ဗ်ား!!! ဘာလို့ဝင္လာတာလဲ ျပန္သြား" လၽွမ္းအားေတြ႕သည္ႏွင့္ ေအာ္ေျပာ႐ုံတင္မဟုတ္ အနားကေခါင္းအုံးကိုပါ လၽွမ္းမ်က္ႏွာနားသို့ ေကာက္ေပါက္လိုက္သည္။ လက္ကမွန္လိုက္တာ ေတာ္ပါေသးရဲ့ ေခါင္းအုံးမို့ပင္။ တျခားမာေက်ာသည့္အရာသာဆို လၽွမ္းတို့မလြယ္....
အေတြးပင္မဆုံးေသး လြန္း အနားက မီးအိမ္အေသးကိုေကာက္ယူလိုက္သည္။ ထိုအရာေၾကာင့္ လၽွမ္းမ်က္လုံးျပဴးရသည္အထိ ထိတ္လန္႔သြား၏။ ထိုအရာနဲ႔ မိမိမ်က္ႏွာထိလို့ကေတာ့ ေသးေပမယ့္ မာေက်ာသည့္အရာမို့ အနည္းဆုံးေသြးပါထြက္နိုင္သည္။ မျဖစ္။ တားမွသာေတာ္ေရာ့မည္။

"ကေလး ကိုယ္ေျပာတာ​နားေထာင္ေနာ္ စိတ္ေလၽွာ့ပါကြာ ကိုယ့္ကိုစိတ္ဆိုးပါနဲ႔ အဲ့တာႀကီးခ်ထားလိုက္" သို့ေသာ္ မရေတာ့ ဘာကိုမွမစဥ္းမစားနဲ႔လုပ္တတ္သည့္ လြန္း ယခုလည္း ထိုမီးအိမ္ျဖင့္ေကာက္ေပါက္လိုက္ျပန္ၿပီ။ လၽွမ္းေရွာင္ေတာ့ေရွာင္လိုက္ပါ၏။ သို့ေသာ္ မရ။ မိမိနားထင္နားသို့ လာမွန္သြားသည္မို့ ေသြးစတို့က ခ်က္ခ်င္းကို စီးက်လာသည္။

အနည္းငယ္နာက်င္သြားသည္ေၾကာင့္ မိမိနားထင္ကိုစမ္းမိေတာ့ အမွန္တကယ္ကို ေသြးေတြဘဲ။ ထိုအျခင္းအရာကိုျမင္သည္ႏွင့္ လြန္းထိတ္လန္႔သြားသည္။ ထို့အတူ ကုတင္ေပၚမွ အျမန္ေျပးဆင္းလာကာလၽွမ္းဒီပါထံ စိုးရိမ္တႀကီးေရာက္လာသည္။

"ဦး!!!ဦး ဘာျဖစ္သြားေသးလဲဟင္....အင့္....ဘာလို့မေရွာင္တာလဲ...အင့္...ကၽြန္ေတာ့ေၾကာင့္" ျဖစ္တဲ့သူက မငိုရဘဲ လုပ္တဲ့သူက မ်က္ရည္ေတြရစ္ဝိုင္းေနျပေတာ့ မိမိက ဘယ္လိုဆူရပါမည္နည္း။ ကိုယ့္ဒဏ္ရာကိုေတာင္ ဂ႐ုမစိုက္မိေတာ့ သူ႔ကိုသာ ျပန္လည္ႏွစ္သိမ့္ရသည္။

"ဘာမွမျဖစ္ပါဘူး ကေလးရယ္ စိတ္မပူပါနဲ႔ ေသြးနည္းနည္းဘဲ ထြက္သြား႐ုံပါ"
"အဟင့္... အဲ့တာဦးေၾကာင့္..... အေစာတည္းက ကၽြန္ေတာ့ကိုဖုန္းေလးဘာေလးဆက္ၿပီး အက်ိဳးအေၾကာင္းေျပာထားပါလား အခုေတာ့ ကၽြန္ေတာ့ကို စိတ္ဆိုးေအာင္လုပ္ထားမွေတာ့ အခုလို...အင့္....ျဖစ္သြားၿပီေပါ့" ငိုႀကီးခ်က္မ လုပ္ရင္း ဆိုေနေသာ ေကာင္ေလးကိုၾကည့္ၿပီးရယ္ခ်င္မိသည္။ ဘယ္လိုဘဲ သူ႔ေၾကာင့္ျဖစ္ျဖစ္ အဲ့လိုေတာ့ သူမ်ားကို အျပစ္တင္လိုက္ရမွ။ တကယ္မလြယ္တဲ့ကေလး။

"အရမ္းနာေနလားဟင္....ေသြးေတြလည္းထြက္ေနတယ္ လာလာ ေဆး႐ုံသြားမယ္"ေဟာ ၾကည့္။ ခုနကေတာ့အျပစ္ေျပာေနၿပီး ခုေတာ့ စိတ္ပူသြားျပန္ၿပီ။ တကယ့္ေမ်ာက္စိတ္ေလး။
အေတြးထဲတြင္သာေျပာၿပီး ႀကိတ္ရယ္မိေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ မေျပာျဖစ္။ ေတာ္ၾကာ သူ႔ကိုေလွာင္ရမလားဆိုၿပီး ဂ႐ုစိုက္ေနတဲ့စိတ္ေလးက လြင့္ျပယ္သြားဦးမည္။

"ရတယ္ ကေလး ကိုယ္ ေဆးထည့္လိုက္မယ္"
"အာ့ဆို ကၽြန္ေတာ္ လုပ္ေပးမယ္" ပါးျပင္ထက္စိုရႊဲေနၿပီျဖစ္ေသာ မ်က္ရည္စတို့ကို မ်က္ကြယ္ျပဳရင္း မိမိအား ဂ႐ုစိုက္ေပးေနေတာ့ စိတ္ထဲဝမ္းသာၾကည္ႏူးမွုက ျဖစ္တည္လာရသည္။ သူမ်ားေတြအျမင္မွာေတာ့ ဒီအသက္ရြယ္ေတာင္ေရာက္ေနၿပီ အခုလိုခေလးတစ္ေယာက္ရဲ့ ဂ႐ုစိုက္ေပးမွုကိုလိုခ်င္ေနတာ သူငယ္ျပန္ေနတာလားဟုပင္ အေျပာခံရနိုင္သည္။ သို့ေသာ္ ဂ႐ုမစိုက္ တစ္သက္မွာ တခါသာ ခ်စ္ဖူးသည့္ ထိုကေလးအား ဘယ္သူေတြဘယ္လိုေျပာေျပာ ဂ႐ုမစိုက္ပါ။ ထိုကေလးကသာ မိမိအတြက္ မ႑ိဳင္တစ္ခုပင္။

ႏွုတ္ခမ္းဖ်ားေလးျဖင့္မိမိနားထင္နားက ဒဏ္ရာအားမွုတ္ရင္း ေဆးကိုအသာယာထည့္ေပးေနသည့္သူ။ အခုလိုက်ေတာ့ မိမိအားလူႀကီးတစ္ေယာက္လိုဆက္ဆံေပးေနျပန္သည္။ တကယ့္ကို ခ်စ္ဖို့ေကာင္းသည့္ကေလးပါ။

"အ့!!!" အေတြးတို့လြန္ေနတုန္း ဒဏ္ရာနဲ႔ေဆးနဲ႔တည့္သြားသည္ထင့္ စပ္သြားသည့္ ခံစားခ်က္ေၾကာင့္ညည္းမိသည္။ ထိုအခါ လြန္းတစ္ေယာက္ စိုးရိမ္သြားဟန္ လက္လွုပ္ရွားမွုကိုရပ္လိုက္ၿပီး လၽွမ္းအားၾကည့္မိသည္။

"အရမ္းနာေနလားဟင္" မ်က္ႏွာငယ္ျဖင့္ဆိုလာေသာ လြန္းပုံစံသည္ အျပစ္လုပ္ထားသည့္ကေလးတစ္ေယာက္က မိမိအျပစ္ကိုသိမည္စိုး၍ မ်က္ႏွာငယ္ထားသည့္ႏွယ္ ျဖဴစင္လြန္း၏။ လၽွမ္းမွာလည္း မိမိကေလးကိုၾကည့္ၿပီး အသည္းမယားဘဲမေနနိုင္။

"နာေတာ့နာတယ္ ဒါမယ့္ ကိုယ့္ဒဏ္ရာအျမန္ဆုံးေပ်ာက္ေအာင္ မင္းကူညီေပးလို့ရမလား" လၽွမ္းစကားေၾကာင့္ လြန္း အူေၾကာင္ေၾကာင္ေလးျဖင့္ ၾကည့္ေနမိသည္။ လၽွမ္းကေတာ့ ထပ္ေမးလာ၏။

"ကူညီေပးမွာလားေျပာ" ထပ္ေမးလာသည့္အေမးေၾကာင့္ လြန္း ေခါင္းညိမ့္မိသည္။ ထိုအခါမွ လၽွမ္းက ​လူယုတ္မာအျပဳံးျပဳံးရင္း ဆိုလာသည္က...

"ကိုယ္နဲ႔ အခု အိမ္လိုက္ခဲ့"
"ဗ်ာ!!"

................................................

ေဆး႐ုံ၏ တစ္ေနရာ။ အတိအက်ေျပာရမည္ဆိုပါက ေဒါက္တာ မင္းရန္နိုင္၏ အနားယူသည့္အခန္းတစ္ခန္းပင္။ ထိုအခန္းထဲသို့ သူနာျပဳမေလးတစ္ဦး ဝင္ေရာက္လာသည္။

"ေဒါက္တာ မိန္းကေလးတစ္ေယာက္ကေဒါက္တာ့ကိုေတြ႕ခ်င္လို့တဲ့" သူနာျပဳမေလး၏စကားေၾကာင့္ လူနာဖိုင္တြဲေတြကိုၾကည့္ရင္း ေခါင္းညိမ့္ကာ ဝင္လာေစခိုင္းလိုက္သည္။ ထို့ေနာက္ သူနာျပဳမေလးလည္း အခန္းထဲမွထြက္သြားေလသည္။

"ဆရာ မေတြ႕တာၾကာၿပီေနာ္" ရင္းႏွီးသည့္အသံေလးေၾကာင့္ မင္းရန္နိုင္ မယုံနိုင္စြာ မ်က္ခုံးတို့တြန္႔မိသည္။ ထို့အတူ ေခါင္းေမာ့ကာၾကည့္လာေတာ့ အမွန္တကယ္ကို သူမပင္။

"ယမုံ.... ဘယ္လိုလုပ္ေရာက္လာတာလဲ" အံ့အားသင့္သြားသည့္ မ်က္ဝန္းအစုံတို့က ဝမ္းသာရိပ္တို့သန္းေနမွန္းသိသာ၏။ ထို့အတူ သူမေလးသည္ေလး ပန္းဆီေရာင္ႏွုတ္ခမ္းထက္ အျပဳံးတို့ ပြင့္လန္းေနလို့။

"ယမုံက ဟိုတစ္ပတ္ေလာက္ကမွျပန္ေရာက္တာ ေဖေဖ့အလုပ္ေတြနဲ႔လည္း အသားက်ေအာင္ဆိုၿပီး ေစာေစာျပန္လာလိုက္တာ" မင္းရန္နိုင္၏ အေရွ႕က ထိုင္ခုံေနရာတြင္ဝင္ထိုင္လိုက္ၿပီး ဆိုလာသည္။ ထို့ေနာက္ ခနတာ ႏွစ္ဦးၾကားျပန္လည္တိတ္ဆိတ္သြားလို့။ ယမုံနဲ႔ရန္နိုင္ၾကား စားပြဲခုံတစ္လုံးသာ ျခားေနေပမယ့္ စိတ္ထဲမွာေတာ့ တံတိုင္းႀကီးတစ္ခုျခားေနသလို ႏွစ္ဦးလုံးစိတ္ထဲ မြန္းၾကပ္ေနမိပါ၏။

"ဒါနဲ႔ အကိုရန္နိုင္ ၾကား​ၿပီးၿပီလားဟင္" သူမစကားေၾကာင့္ မင္းရန္နိုင္မ်က္ႏွာကြက္ခနဲပ်က္သြားသည္။ သူ ဟိုေန႔ညတည္းက သိၿပီးသားပင္။ ညီျဖစ္သူနဲ႔ ယမုံသံသာဆိုေသာ သူ၏အေရွ႕က မိန္းကေလးအား လူႀကီးခ်င္းသေဘာတူထားသည္တဲ့။ အမွန္ေတာ့ သူမဒီျပန္ေရာက္ေနသည့္ သတင္းကို ၾကားထားတာ ၃ ၄ရက္ေလာက္ ရွိၿပီ။ သို့ေပမယ့္ သူမအား သြားမေတြ႕ရဲသလို သူမလာေတြ႕မည္ကိုလည္း မရဲတရဲ ေမၽွာ္လင့္ေနမိေသးသည္။ သို့ေပမယ့္ ၾကားခဲ့ရသည့္ သတင္းကေတာ့ သူမနဲ႔မိမိၾကား တစ္ခုခုျခားနားခံလိုက္ရသလို။

"Congratulations ပါ ညီမေလး အခုဆို ယမုံက အကို့ရဲ့ ခယ္မေလးျဖစ္ေတာ့မွာေပါ့" ဘာမၽွမျဖစ္သလိုမ်က္ႏွာထားမ်ိဳးျဖင့္ ယမုံ႔အားၾကည့္ကာဆိုေတာ့ ဒီတစ္ခါ မ်က္ႏွာပ်က္ရသူက ယမုံပင္။ ဘယ္ခ်ိန္ထိ အခုလို မသိခ်င္ေယာင္ေဆာင္ေနမွာလဲ အကိုရယ္။

____________________________________________________________

ကၽြန္ေတာ္ ႀကိဳၿပီးေတာ့ေတာင္းပန္ပါရေစ🙏🙏🙏 အရင္တုန္းကလို တစ္ပတ္မွ၇ရက္လုံး သို့မဟုတ္ ၆ရက္လုံးတင္ခဲ့ေပမယ့္ လက္ရွိ က်ေနာ္ အလုပ္ေလးရွိေနတာေၾကာင့္ တေန႔တပိုင္းကို ေန႔တိုင္းေရးဖို့အဆင္မေျပေတာ့ပါဘူး။ ဒါေၾကာင့္ တစ္ပတ္ကို ၄ပိုင္း သို့မဟုတ္ ၅ပိုင္းသာ တင္ေပးပါေတာ့မယ္။ အပ္ဒိတ္ကေတာ့ ကၽြန္ေတာ့ကန္႔သက္ထားသေလာက္ထိ မွန္မွာပါ။ အဲ့တာေၾကာင့္ ေပပီတို့ဘက္က ေစာင့္ၿပီးအားေပးၾကပါဦးဗ်😍😍😍 ဆာရာဟဲ ေယာေရာဘြန္😘

👀Unicode👀

၂ထပ်မြောက်သို့ဓာတ်လှေကားဖြင့်ဆင်းရင်း လွမ်း အနောက်ပြန်လှည့်ကြည့်မိသည်။ သူများပါလာမလားဟူသည့်အတွေးဖြင့်။ သို့သော် အရိပ်အယောင်တောင်မတွေ့သည်မို့ လွမ်း မိမိနှုတ်ခမ်းအောက်ကို သာကိုက်မိသည်။ ထို့နောက် ဘာမှတွေးမနေတော့ဘဲ  ပထမထပ်ကိုသာ ဆင်းလာခဲ့သည်။ လာတုန်းက သူကားနဲ့ပေမယ့် အခုတော့ တက္ကစီနဲ့သာပြန်ရတော့မည်။ ထို့ကြောင့် ground floorကိုမသွားတော့ဘဲ အရှေ့တည့်တည့်ကိုသာ ထွက်လာခဲ့သည်။ အပြင်ရောက်သည်နှင့် ဖြတ်သွားဖြတ်လာ တက္ကစီတွေကို တားမိသည်။ ခရီးသည်တွေပါသည်မို့ တားမရ။ ထို့ကြောင့် အရှေ့ဘက်သို့သာ လျှောက်လာခဲ့သည်။ ထိုစဉ်.....

တီတီ
အနောက်မှကားဟွန်းတီးသံကြောင့် လွမ်းလှည့်ကြည့်မိသည်။
ဟင်....သူ!!

"လွမ်း လာ ကားပေါ်တက်" ကားထဲမှနေ၍  ရိုဏ်းဈာန်ခေါ်နေသော်လည်း လွမ်းတို့ကတော့ မျက်စောင်းထိုးပြီး မသိချင်ယောင်ဆောင်နေသည်။ ရိုဏ်းဈာန်မှာတော့ သိလိုက်ပြီလေ။ သူ မိမိအား စိတ်ဆိုးနေသည်ဆိုတာ။ ထို့ကြောင့် ကားထဲမှထွက်ကာ  လွမ်း၏လက်ကို ဆုပ်ကိုင်လာပြီး ခေါ်ရန်ကြိုးစားနေသည်။

"လိုက်ခဲ့ လွမ်း" အတင်းဆုပ်ကိုင်ထားကာ ကားထဲသို့ဝင်စေရန်လုပ်နေသော ရိုဏ်းဈာန်ကြောင့် လွမ်း သူ့လက်ထဲမှာ ရုန်းကန်နေမိသည်။ သူကတော့ လွတ်မပေး။

"မင်းဖယ်ပေး ရိုဏ်းဈာန် ငါ မင်းနဲ့မလိုက်ဘူး မင်းကောင်မလေးနဲ့ဘဲ သွားစမ်းပါ" အတင်းငြင်းကာပြောနေသော လွမ်းကြောင့် ရိုဏ်းဈာန် ရပ်တန့်သွားကာ လွမ်းဘက်သို့လှည့်ကြည့်လာသည်။ လွမ်းကတော့ မတည်ငြိမ်သော မျက်ဝန်းတို့ဖြင့် စိတ်လှုပ်ရှားနေဟန်ကြည့်မိနေမိသည်။

"မင်း အထင်လွဲနေတာ အဲ့တစ်ယောက်နဲ့ငါက ဘာမှမဆိုင်ဘူး" နှုတ်ခမ်းတင်းတင်းစေ့ရင်း အသေချာပြောနေသော ရိုဏ်းဈာန်စကားအား မယုံကြည်သလို မျက်မှောက်ကုတ်မိသည်။

"ငါတော့မထင်ဘူး..... ငါ ပြန်တော့မယ်" ထိုသို့ပြောပြီး ရိုဏ်းဈာန်လက်ကိုဖယ်ကာ ထွက်သွားဟန်ပြင်နေပြန်သည်။ ရိုဏ်းဈာန်ကတော့ လွတ်သွားသော လက်ကိုပြန်ဆွဲလိုက်ပြီး ထပ်တားပြန်၏။

"မင်း ငါနဲ့အတူ ပြန်ရမယ်"
တီတီတီ
ရိုဏ်းဈာန်၏စကားနဲ့အတူ အနောက်မှကြားရသော ကားဟွန်းသံများ။ ကားလမ်းကို ပိတ်ရပ်ထားသလိုဖြစ်နေသော ရိုဏ်းဈာန်၏ကားကြောင့် အနောက်ကလူများပါ လှမ်းအော်နေလေပြီ။ ထိုအခါမှ လွမ်းသတိထားမိသည်။ ရိုဏ်းဈာန်ကတော့ မိမိမလိုက်မချင်း ဒီနေရာမှ ရွေ့မယ်မထင်။ ထို့နောက်မှာတော့ မိမိဘက်ကသာ စိတ်လျှော့ပြီး လိုက်ရပါတော့သည်။ သူက​တော့ ဖြစ်စေချင်သလို ဖြစ်ရသည်မို့ မျက်နှာကစပ်ဖြီးဖြီးဖြင့်။

အိမ်ပြန်လမ်းတလျှောက် ဘာစကားမှမပြော။ သူ့အားမကျေမနပ်ဖြစ်မိသည်မို့ နှုတ်သာ ဆိတ်နေမိသည်။ ကားပြင်တင်းဘက်ကိုလည်း အကြောင်းမဲ့ငေးနေမိ၏။ စိတ်ထဲတွင်လည်း မွန်းကြပ်လာသလို ခံစားမိနေပြန်ပြီ။

"လွမ်း" နူးညံ့သော ခေါ်သံကိုကြားနေရသော်လည်း လွမ်းမကြားချင်ယောင်သာဆောင်မိသည်။ သို့သော် ထိုသူက​​တော့ လက်လျှော့မည်ပုံမပေါ်။

"လွမ်း ငါ့ကိုစိတ်ဆိုးနေတုန်းလား" အသံကို အတတ်နိုင်ဆုံး ငယ်ရှာပြီး ပြောနေပေမယ့် လွမ်းတို့ကတော့ ဂရုမစိုက်ဟန် ကားအပြင်ဘက် လမ်းမထက်မှ အကြည့်မလွှဲ။ လွမ်းပုံစံကြောင့် ရိုဏ်းဈာန် သက်ပြင်းချမိသည်။ ထိုသက်ပြင်းချသံကို လွမ်းကြားလိုက်ပေမယ့် ရိုဏ်းဈာန်၏ အပြုံးငယ်ကိုတော့ မမြင်လိုက်။ တဆက်တည်းမှာဘဲ နှုတ်ခမ်းထက်က အပြုံးငယ်မပျောက်ခင် နှုတ်မှ ဆိုလာသည်က.....

"ငါသိပြီ မင်း ငါ့ကို သဝန်တိုနေတာမဟုတ်လား" သူ့စကားကြောင့် လွမ်း ချက်ချင်းခေါင်းလှည့်လာသည်။ သူကတော့  အရှေ့က ကားလမ်းမကိုကြည့်လိုက် လွမ်းဘက်ကိုလှည့်လိုက်လုပ်ရင်း ပါးချိုင့်တို့ပေါ်သည်အထိ ပြုံးကာ ကျေနပ်ဟန်ဖြင့်။ မသိရင် သူထင်တာမှန်နေသလိုလို။ သို့ပေမယ့် သူ့စကားကြောင့် မိမိကိုယ်တိုင်တောင် ပြန်လည်ဆန်းစစ်ရသေး၏။

တကယ်ဘဲသူပြောသလို သူ့ကို သဝန်တိုနေတာ ဟုတ်ပါလေစ။ အာ....မဖြစ်နိုင်တာ သူ့ကို ဘာလို့ သဝန်တိုရမှာလဲ မဖြစ်နိုင်ဘူး။

ထိုသို့သာ မိမိကိုယ်ကို သတိပြန်ပေးရင်း သူ့ကို မျက်စောင်းထိုးကာ ခေါင်းရမ်းလိုက်ပြီး တစ်ဖတ်သို့ပြန်လှည့်လိုက်သည်။ ထို့အတူ သူ့ဆီမှ ခပ်သဲ့သဲ့ရယ်သံက ထွက်ပေါ်လာ၏။

>>>>>>>>>>>>>>>>>>>>>

"တစ်မနက်လုံးရော တစ်နေ့ခင်းလုံးရောအခန်းထဲကကို မထွက်ဘူး ဒီပါရေ နင်သွားခေါ်လိုက်ဦး" ဒီနေ့ကျမှ လွန်း၏မကြီးဖြစ်သူ ယုယခင်တို့ အလုပ်မသွားသည်ကြောင့် လျှမ်းဒီပါအိမ်သို့ရောက်လာချိန် တည့်တိုးရသည်။ မိမိနဲ့ကလေးကိစ္စသိလို့ ဒေါသထွက်နေမှာကို စိုးရိမ်နေခဲ့ပေမယ့် တစ်အိမ်လုံးက လက်ခံပေးကြတော့ လျှမ်းဒီပါ ကျေနပ်သွားမိသည်။ သို့ပေမယ့် ထိုထက်အရေးကြီးတာ က​လေး။ မနေ့က သူနဲ့လွန်းတို့ ဟိုကောင်လေးကိစ္စကြောင့် မဆိုသလောက်ရန်အသေးအမွှားဖြစ်ခဲ့သည်ကို မကျေနပ်သေးသည့်အပြင် မနက်က သူ့မှာ အလုပ်ရှုပ်နေလို့ ထိုက​လေးကို အဆက်အသွယ်မလုပ်မိခဲ့။ ထိုကိစ္စကို လွန်းမှာ စိတ်ဆိုးနေပြန်ပြီ။ နှစ်ပူဆင့်စိတ်ဆိုးနေသော ကလေးဖြစ်သူကြောင့် မိမိလည်း အတက်နိုင်ဆုံးချော့ဖို့ မိမိစိတ်ကို  ပြင်ဆင်ထားမိသည်။

အခုလည်း သူငယ်ချင်းဖြစ်သူ၏ဖေးမပေးမှုနဲ့အတူ မိမိခြေလှမ်းများက သူရှိရာအခန်းဆီသို့။
ဒေါက်ဒေါက်ဒေါက်
တံခါးအားသုံးချက်လောက်ခေါက်လိုက်တော့ အထဲမှ  "ဘယ်သူလဲ"ဟူသော မေးသံကိုဦးစွာကြားလိုက်ရသည်။

"ကိုယ်ပါ က​လေး..."အသံကို နူးညံ့စွာပြောရင်း ဆိုလိုက်ပေမယ့် အခန်းထဲမှ ပြန်လည်တုံ့ပြန်လာသည်က နူးညံ့မနေ။

"အခုမှ  ကျွန်တော့ကိုသတိရတယ်ဟတ်လား....သွား ကျွန်တော့ဆီမလာနဲ့ ပြန်လိုက်တော့" အသံခပ်မာမာဖြင့်ပြောကာ မောင်းထုတ်နေသော က​လေးကြောင့် ပိုပြီးစိတ်ပူသွားမိသည်။ သူ မိမိအား စိတ်ဆိုးနေသည်ဆိုတာ နှစ်ခါပြန်စဉ်းစားစရာမလိုပါ။

"ကိုယ်တောင်းပန်ပါတယ် ကလေးရယ် ကိုယ့်ကို အဲ့လိုတော့မနှင်ပါနဲ့ က​လေး ကိုယ့်ကို စိတ်ဆိုးချင်လည်းဆိုး ဒါမယ့် တံခါးတော့ဖွင့်ပေးပါနော် ကိုယ် မင်းမျက်နှာလေးကို မြင်ချင်လို့ပါ" မိမိလိုချင်သည့်အရာကို ချွဲကာနွဲ့ကာဖြင့် မိခင်ဖြစ်သူဆီမှ တောင်းနေသည့်ကလေးတစ်ယောက်လို လျှမ်းသည်လည်း ရှိသမျှမာနကို ခဝါချကာ လွန်းအား တောင်းပန်ရင်းဆိုနေမိသည်။ သို့သော် လွန်းတို့ကတော့ တုပ်တုပ်ပင်မလှုပ်။" မဖွင့်ပေးဘူး။ ဦးကို မချစ်တော့ဘူး။ ပြန်တော့။ အသံမကြားချင်ဘူး။" ထိုသို့သော တုံ့ပြန်စကားတို့ကိုသာ ဆိုလာသည်။ လျှမ်းဒီပါမှာတော့ လူကြီးတစ်ယောက်ပေမယ့် ထိုကလေးရှေ့မှာ လက်နက်ချအရှုံးပေးထားသည့် စစ်သားတစ်ယောက်လိုပင်။

"ရော့ ဒီမာ" တံခါးကို မျက်နှာမှီကာ အထဲမှ  ကလေးတံခါးဖွင့်ရန်တောင်းပန်နေချိန် အနားသို့ရောက်လာကာ သော့တစ်ချောင်းပေးလာသော ယုယခင်။ သူ့ကိုမြင်သည်နှင့် လျှမ်းဒီပါတို့မျက်ဝန်းမှာ အကူညီရသွားသလို တောက်ပသွား၏။

"နင့်ဘာသာ သေတွင်းထဲခုန်ချတာ ကိုယ့်ဇာတ်ကို ကိုယ်နိုင်အောင်သာ ကတော့ ဒီပါရေ" မိမိမောင်၏အကြောင်းကိုသိသော ယုယခင်မှာ သူငယ်ချင်းဖြစ်သူအားလှောင်သလိုရယ်ကာ ဆိုလာသည်။ သို့သော် လျှမ်းဒီပါတို့ကတော့ ဂရုပင်မစိုက် သော့ကို အလျင်အမြန်ယူကာ အခန်းတံခါးကိုဖွင့်လိုက်သည်။

"က​လေး..."
"ခင်ဗျား!!! ဘာလို့ဝင်လာတာလဲ ပြန်သွား" လျှမ်းအားတွေ့သည်နှင့် အော်ပြောရုံတင်မဟုတ် အနားကခေါင်းအုံးကိုပါ လျှမ်းမျက်နှာနားသို့ ကောက်ပေါက်လိုက်သည်။ လက်ကမှန်လိုက်တာ တော်ပါသေးရဲ့ ခေါင်းအုံးမို့ပင်။ တခြားမာကျောသည့်အရာသာဆို လျှမ်းတို့မလွယ်....
အတွေးပင်မဆုံးသေး လွန်း အနားက မီးအိမ်အသေးကိုကောက်ယူလိုက်သည်။ ထိုအရာကြောင့် လျှမ်းမျက်လုံးပြူးရသည်အထိ ထိတ်လန့်သွား၏။ ထိုအရာနဲ့ မိမိမျက်နှာထိလို့ကတော့ သေးပေမယ့် မာကျောသည့်အရာမို့ အနည်းဆုံးသွေးပါထွက်နိုင်သည်။ မဖြစ်။ တားမှသာတော်ရော့မည်။

"က​လေး ကိုယ်ပြောတာနားထောင်နော် စိတ်လျှော့ပါကွာ ကိုယ့်ကိုစိတ်ဆိုးပါနဲ့ အဲ့တာကြီးချထားလိုက်" သို့သော် မရ​တော့ ဘာကိုမှမစဉ်းမစားနဲ့လုပ်တတ်သည့် လွန်း ယခုလည်း ထိုမီးအိမ်ဖြင့်ကောက်ပေါက်လိုက်ပြန်ပြီ။ လျှမ်းရှောင်တော့ရှောင်လိုက်ပါ၏။ သို့သော် မရ။ မိမိနားထင်နားသို့ လာမှန်သွားသည်မို့ သွေးစတို့က ချက်ချင်းကို စီးကျလာသည်။

အနည်းငယ်နာကျင်သွားသည်ကြောင့် မိမိနားထင်ကိုစမ်းမိတော့ အမှန်တကယ်ကို သွေးတွေဘဲ။ ထိုအခြင်းအရာကိုမြင်သည်နှင့် လွန်းထိတ်လန့်သွားသည်။ ထို့အတူ ကုတင်ပေါ်မှ အမြန်ပြေးဆင်းလာကာလျှမ်းဒီပါထံ စိုးရိမ်တကြီးရောက်လာသည်။

"ဦး!!!ဦး ဘာဖြစ်သွားသေးလဲဟင်....အင့်....ဘာလို့မရှောင်တာလဲ...အင့်...ကျွန်တော့ကြောင့်" ဖြစ်တဲ့သူက မငိုရဘဲ လုပ်တဲ့သူက မျက်ရည်တွေရစ်ဝိုင်းနေပြတော့ မိမိက ဘယ်လိုဆူရပါမည်နည်း။ ကိုယ့်ဒဏ်ရာကိုတောင် ဂရုမစိုက်မိတော့ သူ့ကိုသာ ပြန်လည်နှစ်သိမ့်ရသည်။

"ဘာမှမဖြစ်ပါဘူး ကလေးရယ် စိတ်မပူပါနဲ့ သွေးနည်းနည်းဘဲ ထွက်သွားရုံပါ"
"အဟင့်... အဲ့တာဦးကြောင့်..... အစောတည်းက ကျွန်တော့ကိုဖုန်းလေးဘာလေးဆက်ပြီး အကျိုးအကြောင်းပြောထားပါလား အခုတော့ ကျွန်တော့ကို စိတ်ဆိုးအောင်လုပ်ထားမှတော့ အခုလို...အင့်....ဖြစ်သွားပြီပေါ့" ငိုကြီးချက်မ လုပ်ရင်း ဆိုနေသော ကောင်လေးကိုကြည့်ပြီးရယ်ချင်မိသည်။ ဘယ်လိုဘဲ သူ့ကြောင့်ဖြစ်ဖြစ် အဲ့လိုတော့ သူများကို အပြစ်တင်လိုက်ရမှ။ တကယ်မလွယ်တဲ့ကလေး။

"အရမ်းနာနေလားဟင်....သွေးတွေလည်းထွက်နေတယ် လာလာ ဆေးရုံသွားမယ်"ဟော ကြည့်။ ခုနကတော့အပြစ်ပြောနေပြီး ခုတော့ စိတ်ပူသွားပြန်ပြီ။ တကယ့်မျောက်စိတ်လေး။
အတွေးထဲတွင်သာပြောပြီး ကြိတ်ရယ်မိပေမယ့် တကယ့်လက်တွေ့မှာတော့ မပြောဖြစ်။ တော်ကြာ သူ့ကိုလှောင်ရမလားဆိုပြီး ဂရုစိုက်နေတဲ့စိတ်လေးက လွင့်ပြယ်သွားဦးမည်။

"ရတယ် က​လေး ကိုယ် ဆေးထည့်လိုက်မယ်"
"အာ့ဆို ကျွန်တော် လုပ်ပေးမယ်" ပါးပြင်ထက်စိုရွှဲနေပြီဖြစ်သော မျက်ရည်စတို့ကို မျက်ကွယ်ပြုရင်း မိမိအား ဂရုစိုက်ပေးနေတော့ စိတ်ထဲဝမ်းသာကြည်နူးမှုက ဖြစ်တည်လာရသည်။ သူများတွေအမြင်မှာတော့ ဒီအသက်ရွယ်တောင်ရောက်နေပြီ အခုလိုခလေးတစ်ယောက်ရဲ့ ဂရုစိုက်ပေးမှုကိုလိုချင်နေတာ သူငယ်ပြန်နေတာလားဟုပင် အပြောခံရနိုင်သည်။ သို့သော် ဂရုမစိုက် တစ်သက်မှာ တခါသာ ချစ်ဖူးသည့် ထိုက​လေးအား ဘယ်သူတွေဘယ်လိုပြောပြော ဂရုမစိုက်ပါ။ ထိုကေလးကသာ မိမိအတွက် မဏ္ဍိုင်တစ်ခုပင်။

နှုတ်ခမ်းဖျားလေးဖြင့်မိမိနားထင်နားက ဒဏ်ရာအားမှုတ်ရင်း ဆေးကိုအသာယာထည့်ပေးနေသည့်သူ။ အခုလိုကျတော့ မိမိအားလူကြီးတစ်ယောက်လိုဆက်ဆံပေးနေပြန်သည်။ တကယ့်ကို ချစ်ဖို့ကောင်းသည့်ကလေးပါ။

"အ့!!!" အတွေးတို့လွန်နေတုန်း ဒဏ်ရာနဲ့ဆေးနဲ့တည့်သွားသည်ထင့် စပ်သွားသည့် ခံစားချက်ကြောင့်ညည်းမိသည်။ ထိုအခါ လွန်းတစ်ယောက် စိုးရိမ်သွားဟန် လက်လှုပ်ရှားမှုကိုရပ်လိုက်ပြီး လျှမ်းအားကြည့်မိသည်။

"အရမ်းနာနေလားဟင်" မျက်နှာငယ်ဖြင့်ဆိုလာသော လွန်းပုံစံသည် အပြစ်လုပ်ထားသည့်ကလေးတစ်ယောက်က မိမိအပြစ်ကိုသိမည်စိုး၍ မျက်နှာငယ်ထားသည့်နှယ် ဖြူစင်လွန်း၏။ လျှမ်းမှာလည်း မိမိကလေးကိုကြည့်ပြီး အသည်းမယားဘဲမနေနိုင်။

"နာတော့နာတယ် ဒါမယ့် ကိုယ့်ဒဏ်ရာအမြန်ဆုံးပျောက်အောင် မင်းကူညီပေးလို့ရမလား" လျှမ်းစကားကြောင့် လွန်း အူကြောင်ကြောင်လေးဖြင့် ကြည့်နေမိသည်။ လျှမ်းကတော့ ထပ်မေးလာ၏။

"ကူညီပေးမှာလားပြော" ထပ်မေးလာသည့်အမေးကြောင့် လွန်း ခေါင်းညိမ့်မိသည်။ ထိုအခါမှ လျှမ်းက လူယုတ်မာအပြုံးပြုံးရင်း ဆိုလာသည်က...

"ကိုယ်နဲ့ အခု အိမ်လိုက်ခဲ့"
"ဗျာ!!"

................................................

ဆေးရုံ၏ တစ်နေရာ။ အတိအကျပြောရမည်ဆိုပါက ဒေါက်တာ မင်းရန်နိုင်၏ အနားယူသည့်အခန်းတစ်ခန်းပင်။ ထိုအခန်းထဲသို့ သူနာပြုမလေးတစ်ဦး ဝင်ရောက်လာသည်။

"ဒေါက်တာ မိန်းကလေးတစ်ယောက်ကဒေါက်တာ့ကိုတွေ့ချင်လို့တဲ့" သူနာပြုမလေး၏စကားကြောင့် လူနာဖိုင်တွဲတွေကိုကြည့်ရင်း ခေါင်းညိမ့်ကာ ဝင်လာစေခိုင်းလိုက်သည်။ ထို့နောက် သူနာပြုမလေးလည်း အခန်းထဲမှထွက်သွားလေသည်။

"ဆရာ မတွေ့တာကြာပြီနော်" ရင်းနှီးသည့်အသံလေးကြောင့် မင်းရန်နိုင် မယုံနိုင်စွာ မျက်ခုံးတို့တွန့်မိသည်။ ထို့အတူ ခေါင်းမော့ကာကြည့်လာတော့ အမှန်တကယ်ကို သူမပင်။

"ယမုံ.... ဘယ်လိုလုပ်ရောက်လာတာလဲ" အံ့အားသင့်သွားသည့် မျက်ဝန်းအစုံတို့က ဝမ်းသာရိပ်တို့သန်းနေမှန်းသိသာ၏။ ထို့အတူ သူမလေးသည်လေး ပန်းဆီရောင်နှုတ်ခမ်းထက် အပြုံးတို့ ပွင့်လန်းနေလို့။

"ယမုံက ဟိုတစ်ပတ်လောက်ကမှပြန်ရောက်တာ ဖေဖေ့အလုပ်တွေနဲ့လည်း အသားကျအောင်ဆိုပြီး စောစောပြန်လာလိုက်တာ" မင်းရန်နိုင်၏ အရှေ့က ထိုင်ခုံနေရာတွင်ဝင်ထိုင်လိုက်ပြီး ဆိုလာသည်။ ထို့နောက် ခနတာ နှစ်ဦးကြားပြန်လည်တိတ်ဆိတ်သွားလို့။ ယမုံနဲ့ရန်နိုင်ကြား စားပွဲခုံတစ်လုံးသာ ခြားနေပေမယ့် စိတ်ထဲမှာတော့ တံတိုင်းကြီးတစ်ခုခြားနေသလို နှစ်ဦးလုံးစိတ်ထဲ မွန်းကြပ်နေမိပါ၏။

"ဒါနဲ့ အကိုရန်နိုင် ကြားပြီးပြီလားဟင်" သူမစကားကြောင့် မင်းရန်နိုင်မျက်နှာကွက်ခနဲပျက်သွားသည်။ သူ ဟိုနေ့ညတည်းက သိပြီးသားပင်။ ညီဖြစ်သူနဲ့ ယမုံသံသာဆိုသော သူ၏အရှေ့က မိန်းကလေးအား လူကြီးချင်းသဘောတူထားသည်တဲ့။ အမှန်တော့ သူမဒီပြန်ရောက်နေသည့် သတင်းကို ကြားထားတာ ၃ ၄ရက်လောက် ရှိပြီ။ သို့ပေမယ့် သူမအား သွားမတွေ့ရဲသလို သူမလာတွေ့မည်ကိုလည်း မရဲတရဲ မျှော်လင့်နေမိသေးသည်။ သို့ပေမယ့် ကြားခဲ့ရသည့် သတင်းကတော့ သူမနဲ့မိမိကြား တစ်ခုခုခြားနားခံလိုက်ရသလို။

"Congratulations ပါ ညီမလေး အခုဆို ယမုံက အကို့ရဲ့ ခယ်မလေးဖြစ်တော့မှာပေါ့" ဘာမျှမဖြစ်သလိုမျက်နှာထားမျိုးဖြင့် ယမုံ့အားကြည့်ကာဆိုတော့ ဒီတစ်ခါ မျက်နှာပျက်ရသူက ယမုံပင်။ ဘယ်ချိန်ထိ အခုလို မသိချင်ယောင်ဆောင်နေမှာလဲ အကိုရယ်။

____________________________________________________________

ကျွန်တော် ကြိုပြီးတော့တောင်းပန်ပါရစေ🙏🙏🙏 အရင်တုန်းကလို တစ်ပတ်မှ၇ရက်လုံး သို့မဟုတ် ၆ရက်လုံးတင်ခဲ့ပေမယ့် လက်ရှိ ကျနော် အလုပ်လေးရှိနေတာကြောင့် တနေ့တပိုင်းကို နေ့တိုင်းရေးဖို့အဆင်မပြေတော့ပါဘူး။ ဒါကြောင့် တစ္ပတ္ကို ၄ပိုင်း သို့မဟုတ် ၅ပိုင်းသာ တင်ပေးပါတော့မယ်။ အပ္ဒိတ္ကေတာ့ ကျွန်တော့ကန့်သက်ထားသလောက်ထိ မှန်မှာပါ။ အဲ့တာကြောင့် ပေပီတို့ဘက်က စောင့်ပြီးအားပေးကြပါဦးဗျ😍😍😍 ဆာရာဟဲ ယောရောဘွန်😘

Continue Reading

You'll Also Like

223K 36.8K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
292K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
458K 38.7K 40
"ကျွန်တော့်ကိုချစ်လား... chanyeol" "ကိုယ်......." "ရပြီ... အဖြေကိုကျွန်တော်သိပြီ..... မဖြေပေးပါနဲ့တော့ " ChanBaek yaoi ((Zawgyi+Unicode))