အသက်ဆက် သွေး ( အသက္ဆက္ ေသြး )...

By PhyuLayy1

1.4M 147K 16.6K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေ... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ (Zawgyi + Unicode)
အပိုင္း - ၂၀ (Zawgyi + Unicode)
အပိုင္း - ၂၁ (Zawgyi + Unicode)
အပိုင္း - ၂၂ (Zawgyi + Unicode)
အပိုင္း - ၂၃ (Zawgyi + Unicode)
အပိုင္း - ၂၄ (Zawgyi + Unicode)
အပိုင္း - ၂၅ (Zawgyi + Unicode)
အပိုင္း - ၂၆ (Zawgyi + Unicode)
အပိုင္း - ၂၇ (Zawgyi + Unicode)
အပိုင္း - ၂၈ (Zawgyi + Unicode)
အပိုင္း -၂၉ (Zawgyi + Unicode)
အပိုင္း - ၃၀ (Zawgyi + Unicode)
အပိုင္း - ၃၁ (Zawgyi + Unicode)
အပိုင္း - ၃၂ (Zawgyi + Unicode)
အပိုင္း - ၃၃ (Zawgyi + Unicode)
အပိုင္း - ၃၄ (Zawgyi + Unicode)
အပိုင္း - ၃၅ (Zawgyi + Unicode)
အပိုင္း - ၃၆ (Zawgyi + Unicode)
အပိုင္း - ၃၇ (Zawgyi + Unicode)
အပိုင္း - ၃၈ (Zawgyi + Unicode)
အပိုင္း - ၃၉ (Zawgyi + Unicode)
အပိုင္း - ၄၀ (Zawgyi + Unicode)
အပိုင္း - ၄၂ (Zawgyi + Unicode)
အပိုင္း - ၄၃ (Zawgyi + Unicode)
အပိုင္း - ၄၄ (Zawgyi + Unicode)
အပိုင္း - ၄၅ (Zawgyi + Unicode)
အပိုင္း - ၄၆ (Zawgyi + Unicode)
အပိုင္း - ၄၇ (Zawgyi + Unicode)
အပိုင္း - ၄၈ Ending (Zawgyi + Unicode)
ေက်းဇူးတင္လႊာ (ကျေးဇူးတင်လွှာ)
A/N
Extra (Mdy trip)
Extra ( Covid )
Extra ( Thadingyut )

အပိုင္း - ၄၁ (Zawgyi + Unicode)

25.1K 2.8K 674
By PhyuLayy1

#For Zawgyi

ဝုန္းခနဲပြင့္သြားေသာ တံခါးသံနဲ႔အတူ ရံုးခန္းထဲကို ကမူးရွဴးထိုးဝင္ခ်လာေသာ ခ်မ္းေၾကာင့္ ႏိုင္ဘုန္းမွာ အလန္႔တၾကားနဲ႔

" ဟင္ ခ်မ္း ဘယ္လိုျဖစ္လာတာလဲ ၊ မ်က္ႏွာတစ္ခုလံုးလည္း နီရဲလို႔ပါလား "

" ဦးသာေရာ... ဦးသာ ဘယ္မွာလဲ ေလးငယ္ "

" ေဟ ငါ ဘယ္သိမွာလဲ "

အစမရွိ အဆံုးမရွိ ေမးလာေသာ ေမးခြန္းအတြက္ ဘုမသိ ဘမသိ မေရမရာေျဖမိေတာ့ ခ်မ္းက ဆိုဖာေပၚေျခပစ္လက္ပစ္ လွဲခ်ကာ ငိုပါေလေတာ့သည္ ။

" ဟာ ခ်မ္း ဘာလို႔ငိုတာလဲ "

" ဦးသာ...ဦးသာက ကေနဒါျပန္သြားၿပီထင္တယ္ "

ဟင္ မဟုတ္ေသးပါဘူး ။ ဒီေကာင္ေလး ဒီ မဟုတ္တဲ့သတင္းကို ဘယ္ကၾကားလာရျပန္တာလဲ ။ ထူးကို ေန႔လည္ကတင္ ႏိုင္ငံျခားကလာမယ့္ ဧည့္သည္တစ္ေယာက္ ႀကိဳေပးဖို႔ ေလဆိပ္ကိုလႊတ္လိုက္ေသးတာပါ ။ လြန္ခဲ့တဲ့နာရီဝက္က အထိလည္း ႀကိဳလာတဲ့ဧည့္သည္ကို တည္းမယ့္ Hotel အထိ လိုက္ပို႔ၿပီးၿပီဆိုၿပီး ႏိုင္ဘုန္းထံဖုန္းဆက္လာေသးသည္ေလ ။

တစ္ခုခုေတာ့ မွားေနေလၿပီ ။

" မင္းကို ဘယ္သူေျပာလဲ "

" ရတုက ဦးသာကို ေလဆိပ္မွာေတြ႕လိုက္တယ္ တဲ့ ၊ ခ်မ္း သြားရွာေတာ့ မရွိေတာ့ဘူး ေလးငယ္ရဲ႕ ၊ ခ်မ္းလည္း ရတု ဖုန္းဆက္ဆက္ခ်င္း အေျပးသြားတာပဲ ၊ ဒါေပမယ့္ မမီလိုက္ေတာ့ဘူးထင္တယ္ "

ေျပာရင္းနဲ႔ မ်က္ရည္ေတြေတြက်ကာ ရႈိက္ေနေသးေသာ ေကာင္ေလးကိုၾကည့္ၿပီး ႏိုင္ဘုန္း သေဘာေပါက္စြာ ႀကိတ္ၿပီးၿပံဳးမိရသည္ ။ သူ႔ဦးသာကို ဘယ္ေလာက္ေတာင္ အသဲအသန္ အေျပးအလႊားရွာခဲ့ရလို႔ ခုလို ေခ်ြးဒီးဒီးက်ၿပီး တစ္ကိုယ္လံုးနီရဲေနလဲ မေျပာတတ္ေတာ့ေခ် ။

အင္း ဒီအေျခအေနကို ေကာင္းေကာင္းအသံုးခ်ၿပီး ပီပီျပင္ျပင္ကိုင္တြယ္တတ္ဖို႔ပဲ လိုပါလိမ့္မည္ ။

" သူ႔ဟာသူ ကေနဒါ ျပန္သြားေတာ့ေရာ မင္းနဲ႔ဘာဆိုင္လဲ ခ်မ္းရယ္ ၊ ျပန္ပေစေပါ့ "

" ဟင့္အင္း မျဖစ္ဘူး ၊ မျဖစ္ဘူး ေလးငယ္ရဲ႕ "

" ဘာလို႔မျဖစ္တာလဲ "

" ဘာလို႔မျဖစ္တာလဲဆိုေတာ့ ဟိုဟာ ခ်မ္း...ခ်မ္း "

ေျပာမယ့္စကားကို ေရွ႕ဆက္ရခက္စြာ ခ်မ္းက ႏႈတ္ခမ္းကိုဖိကိုက္ထားၿပီး အားယူေနပံုရသည္ ။ ထို႔ေနာက္ မ်က္စိစံုမွိတ္ကာ ေျပာခ်လာသည္က

" ခ်မ္း ခ်မ္း ဦးသာကို ခ်စ္မိေနၿပီ ေလးငယ္ရဲ႕ "

ေျပာၿပီးသည့္ မ်က္ႏွာကို လက္ဝါးေတြၾကားထဲ ျမွဳပ္ဖြက္ကာ ေခါင္းျပန္ေဖာ္မလာေတာ့ေသာ တူေတာ္ေမာင္ကိုၾကည့္ၿပီး သေဘာတက် ၿပံဳးမိရျပန္သည္ ။ သို႔ေသာ္လည္း ေလသံကိုေတာ့ ေလွ်ာ့မပစ္ရဲဘဲ ခပ္တင္းတင္းႏွင့္ပင္

" မင္းေျပာေတာ့ ထူးက Gay မို႔လို႔ မင္းက မသတီပါဘူးဆို ၊ အခုက်ေတာ့ ဘယ္လိုျဖစ္သြားရတာလဲ "

" ခ်မ္း အဲ့ဒီတုန္းက ကိုယ့္စိတ္ကိုယ္မသိခဲ့တာပါ ေလးငယ္ရယ္ ၊ တကယ္ေတာ့ ဦးသာ Gay ျဖစ္လို႔ မုန္းတယ္ဆိုတာထက္ တျခားသူကို ခ်စ္ခဲ့ပါလား ဆိုတဲ့အထင္နဲ႔ ခ်မ္း ေပါက္ကြဲၿပီး ဆိုးဆိုးရြားရြားေတြ ေျပာမိ တုန္႔ျပန္မိတာပါ "

" အင္း အခုကေရာ "

" အခုေတာ့ ဦးသာက သူ႔ဟာသူ ဘယ္သူ႔ကိုပဲ ခ်စ္ခဲ့ ခ်စ္ခဲ့....ၿပီးေတာ့ Gay မကလို႔ ဘာႀကီးပဲျဖစ္ျဖစ္ ခ်မ္း ဦးသာကို ခ်စ္တယ္ "

" ဒါဆို မင္းက Gay လား "

" ဟင္ အဲ အဲ့လိုေတာ့ မဟုတ္ "

" မင္း အခု ေယာက္်ားတစ္ေယာက္ကို ခ်စ္ေနတာေလ ၊ အဲ့ဒါ Gay မဟုတ္ဘူးလား "

ေကာင္ေလးဟာ တစ္ခ်က္ေတာ့ စဥ္းစားသလိုျဖစ္သြားၿပီးမွ

" အင္း...ရတယ္ ဦးသာကို ခ်စ္မိသြားလို႔ Gay ျဖစ္မယ္ဆိုလည္း ျဖစ္ပါေစေတာ့ ၊ Gay ဆိုလည္း Gay ေပါ့ "

" Gay ဆိုလည္း Gay ေပါ့ ဆိုေတာ့ မင္း တျခားေယာက္်ားေတြကိုေရာ ႀကိဳက္သလား "

" ဟာ ဘာလို႔ႀကိဳက္ရမွာလဲ ၊ ေလးငယ္ကလည္း မဟုတ္တာေတြ... "

" ေအး မင္း အခု ကိုယ္ခ်င္းစာတတ္ၿပီလား ခ်မ္း "

" ဟင္ ဘာကို... "

" ထူးလည္း တျခား ဘယ္ေယာက္်ားကိုမွ မႀကိဳက္ပါဘဲနဲ႔ မင္းတစ္ေယာက္ထဲကို ခ်စ္မိသြားတဲ့အတြက္ သူ႔ကိုယ္သူ Gay လို႔ သတ္မွတ္လိုက္ရတာကိုေလ "

" ဗ်ာ ေလးငယ္.... ေလးငယ္ အခု ဘာေျပာလိုက္တာ "

" ၾကားတဲ့အတိုင္းပဲ "

" ျပန္ေျပာပါ ၊ ေက်းဇူးျပဳၿပီးျပန္ေျပာေပးပါ ေလးငယ္ရာ.... "

ႏိုင္ဘုန္းကိုေမာ့ၾကည့္ၿပီး တုန္တုန္ခိုက္ခိုက္နဲ႔ ေတာင္းဆိုေနတဲ့ေကာင္ေလးဟာ တကယ္ပဲ ခ်စ္တတ္သြားၿပီထင္ပါရဲ႕ ။

" ေအး ထူးက မင္းကို ခ်စ္ေနတာပါဆိုကြာ "

" တကယ္လား ၊ အဲ့ဒါ ေသခ်ာလားလို႔ ေလးငယ္ "

" ေသခ်ာလား မေသခ်ာလား မင္းမခန္႔မွန္းတတ္ဘူးလား ဟမ္ ၊ သူ မင္းကို ဘယ္ေလာက္ထိ ခ်စ္ေပးခဲ့လဲဆိုတာ မင္းအသိဆံုးပဲေလ ခ်မ္း "

ႏိုင္ဘုန္းစကားကိုၾကားေတာ့ ခ်မ္းတစ္ေယာက္ ပါးျပင္ေပၚက မ်က္ရည္ေတြကို ကပ်ာကယာသုတ္ပစ္ရင္းနဲ႔ ျပဴးတူးၿပဲတဲ ထ,ေမးမိသည္ ။

" ဟင္ ေလးငယ္က အဲ့ဒါကို ဘာလို႔ အေစာႀကီးက မေျပာတာလဲ "

" မင္း ေနာင္ၾကဥ္ေအာင္ တမင္သက္သက္မေျပာတာ "

" ေလးငယ္ ခ်မ္းကို ေနာင္ၾကဥ္ေအာင္လုပ္ေနတာနဲ႔ပဲ အခု ဦးသာက ျပန္သြားၿပီ ၊ အဲ့ဒါ ေလးငယ္ ဘယ္လိုလုပ္ေပးမွာလဲ ၊ အား...ေလးငယ္ ရက္စက္လိုက္တာဗ်ာ "

ေျပာရင္းနဲ႔ အသံေတြတိမ္ဝင္သြားကာ မ်က္ရည္က တစ္ဖန္ဝဲတက္လာျပန္သည္ ။

ဦးသာရယ္...က်ြန္ေတာ့္ရဲ႕ ကံကလည္း ဆိုးလိုက္တာ ။ အျပန္အလွန္ခ်စ္ေနၾကတာကို သိတဲ့အခ်ိန္က်ေတာ့ ဦးသာက က်ြန္ေတာ့္အနားမွာမရွိေတာ့ဘူး ။

" ထူး ျပန္သြားၿပီလို႔ မင္းကို ဘယ္သူကေျပာလဲ "

" ရတုက ဦးသာကို ေလဆိပ္မွာေတြ႕လိုက္ပါတယ္ဆို ေလးငယ္ကလဲ "

" ေလဆိပ္မွာေတြ႕တာနဲ႔ပဲ ကေနဒါျပန္တယ္ျဖစ္ေရာလား "

" ဟင္ ဒါျဖင့္ မျပန္ဘူးလား "

" ငါ ေလဆိပ္ကို ဧည့္သည္တစ္ေယာက္ သြားႀကိဳခိုင္းလိုက္လို႔ "

" ဟာ "

ရင္ထဲကို အေပ်ာ္လံုးက ဒိန္းခနဲ ဝင္ေဆာင့္ကာ ရင္ထဲလည္း တလွပ္လွပ္ခုန္လာ၏ ။

" ဒါေပမယ့္ အခု မျပန္ေသးတာကို ေျပာတာေနာ္ ခ်မ္း ၊ သူ ျပန္ဖို႔ေတာ့ ဆံုးျဖတ္ထားၿပီးေနၿပီ "

ဟင္ ။ အဲ့လို မျဖစ္ရပါဘူး ။ အျပန္အလွန္ခ်စ္ေနၾကၿပီဆိုတာကို သိေနတဲ့ေနာက္ေတာ့ ဘာအေၾကာင္းနဲ႔မွ အေဝးမခံႏိုင္ေတာ့ပါ ။

" ဒါဆို အခု ဦးသာက ဘယ္မွာလဲ "

" သူ႔အိမ္မွာပဲ ရွိမွာေပါ့ "

" သူ႕အိမ္ ? ဦးသာမွာ အိမ္ရွိတာလား "

" မင္းအေမနဲ႔အတူတူ အခန္းထဲက ထြက္လာတယ္ဆိုၿပီး ျပႆနာတက္တဲ့ ခ်မ္းသာကြန္ဒိုက အခန္းက ထူးဝယ္ထားတဲ့ အခန္းပဲ ၊ အဲ့ဒီအခန္းမွာ ပရိေဘာဂေတြလည္း ထည့္ထားေတာ့ ၁၅ ရက္ တစ္ခါေလာက္ သန္႔ရွင္းေရးသြားလုပ္တဲ့အခါ မင္းအေမက ထူးနဲ႔အတူတူ အေဖာ္လိုက္သြားေပးတာ "

" ဦးသာက အဲ့ဒီအခန္းကို ဘာလို႔ဝယ္ထားတာလဲ ၊ ခ်မ္းကိုလည္း မေျပာဘူး "

" ထူးက တစ္ခ်ိန္ခ်ိန္ မင္းနဲ႔ အခုလိုမ်ိဳး ျပႆနာတက္ႏိုင္တယ္ဆိုတာ ခန္႔မွန္းမိေနလို႔နဲ႔တူပါတယ္ ၊ သူ႔ဟာသူပဲ စိတ္ႀကိဳက္အခန္းေလးရွာၿပီး ဝယ္ကာနီးမွ ေလးငယ္ကို အသိေပးတာ ၊ သူ အဲ့ဒီအခန္းကို ဝယ္မယ္ဆိုေတာ့ လိုမွမလိုတာ..ဘာလုပ္ဖို႔လဲဆိုၿပီး ငါတားေသးတယ္ ၊ ဒါေပမယ့္ လြန္လြန္ၾကဴးၾကဴးမတားလိုက္တာ မွန္သြားတာေပါ့ ၊ မဟုတ္ရင္ အခုလိုအခ်ိန္မွာ ငါ့သူငယ္ခ်င္းပဲ ဘံုေပ်ာက္ေနရမွာ "

ေလးငယ္ရဲ႕ခနဲ႔တဲ့တဲ့စကားေတြကိုလည္း နာမေနႏိုင္ေတာ့ပါ ။

" ခ်မ္းကို အဲ့ဒီလိပ္စာေပး ၊ အခုခ်က္ခ်င္း ဦးသာဆီလိုက္သြားမယ္ "

အခုခ်ိန္ ခ်မ္းအတြက္ အေရးႀကီးဆံုးက ဦးသာပါပဲ ။

*********

က်ြန္ေတာ္ လာေနၿပီ ဦးသာ ။ က်ြန္ေတာ့္ကိုထားၿပီး အေဝးကိုထြက္သြားဖို႔ႀကံေနတဲ့ဦးသာကို ရတဲ့နည္းနဲ႔ ဆြဲထားဖို႔ က်ြန္ေတာ္ လာေနၿပီ ။

ဓာတ္ေလွကားကေနထြက္လာၿပီး ဦးသာရဲ႕အခန္းရွိရာဆီ သြားေနစဥ္ ခ်မ္းရင္ထဲက ႏွလံုးခုန္သံတို႔ဟာ စိတ္လႈပ္ရွားမႈေၾကာင့္ တဒိတ္ဒိတ္ႏွင့္ျမည္ေနၿပီး ေျခဖ်ားလက္ဖ်ားေတြပါ ေအးစက္လာေနသည္ ။

ဦးသာႏွင့္ေတြ႕ရင္ ဘယ္လိုစကားလံုးေတြသံုးၿပီး ေတာင္းပန္ရပါ့မလဲ ။ ေတာင္းပန္ရံုနဲ႔မေက်ႏိုင္ဘူးဆိုတာသိေပမယ့္လည္း က်ြန္ေတာ့္ကို ခ်စ္တဲ့ဦးသာကေတာ့ ခြင့္လႊတ္ေပးႏိုင္လိမ့္မယ္ထင္ပါသည္ ။

အခန္းေရွ႕က Bell ကို တုန္ယင္ေနတဲ့ လက္အစံုနဲ႔တီးမိသည္ ။ ခဏေစာင့္သည္ ။ တံခါးက ပြင့္မလာ ။ ထပ္တီးသည္ ။ ထပ္ေစာင့္သည္ ။ အေျခအေနက မထူးျခား ။

အခန္းထဲကေန လွမ္းၾကည့္ၿပီး ခ်မ္းမွန္းသိေနလို႔ ဦးသာက တံခါးဖြင့္မေပးတာလားလို႔ ေတြးမိေတာ့ လူက ငိုခ်င္လာသည္ ။

ထိုစဥ္ ေလးငယ္ထံမွဖုန္းဝင္လာတာေၾကာင့္ အားကိုးတႀကီးနဲ႔ ဖုန္းဖြင့္ကာေျဖေတာ့ ငိုသံက ပါသြားေသးသည္ ။

" မင္း အသံက ဘာျဖစ္ေနတာလဲ ခ်မ္း "

" ေလးငယ္... ဦးသာကေလ ခ်မ္းကို တံခါးဖြင့္မေပးဘူး "

" ဖြင့္ေပးမလားဟ ၊ သူမွ အိမ္မွာမရွိတာ "

" ဟင္ ဟုတ္လား "

ခ်မ္းကို တမင္ တံခါးဖြင့္မေပးတာ မဟုတ္ဘူးဆိုတဲ့အသိေၾကာင့္ ဝမ္းသာသြားရသည္ ။

" ေအး ခုေလးတင္ ငါ ဖုန္းဆက္ၾကည့္ေတာ့ City mart မွာ ေစ်းဝယ္ေနတယ္တဲ့ ၊ အဲ့ဒါေၾကာင့္ မင္း အိမ္ထဲကေနပဲ ဝင္ေစာင့္ဖို႔ ငါ ဖုန္းလွမ္းဆက္တာ "

" ဦးသာကို ခ်မ္းလာမယ္လို႔ေရာ ေျပာလိုက္ေသးလား "

" မေျပာပါဘူး "

" အင္း အင္း မေျပာနဲ႔ေနာ္ ၊ ေတာ္ၾကာ ခ်မ္းကိုမေတြ႕ခ်င္တာနဲ႔ အိမ္ျပန္မလာဘဲေန,ေနမွာစိုးလို႔ "

" ေအးပါ မေျပာပါဘူးဆို "

" ဒါဆို အခန္းရဲ႕ Password ေလး ေျပာ "

" မင္းေမြးတဲ့အခ်ိန္ေလ "

" ဟမ္ ဘာကို? ေလးငယ္ ဘာေျပာလိုက္တာလဲ "

" အခန္းရဲ႕ Password က မင္းေမြးတဲ့ အခ်ိန္လို႔ ေျပာတာ "

" ၉ နာရီ ၄၅ ? "

" ေအး Password က 945945 "

ဦးသာရယ္....။ ကၽြန္ေတာ့္စိတ္ကို ေသေအာင္သတ္ဖို႔မ်ား ၾကံစည္ထားတာလားဗ်ာ ။

" ခ်မ္း ခ်မ္း ဟဲလို ငါေျပာတာ ၾကားလား "

" ဦးသာက...ဦးသာက ခ်မ္းကို အဲ့ေလာက္ထိေတာင္ ခ်စ္တာလားဟင္ ေလးငယ္ "

" အခန္းနံပါတ္ကိုေရာ သတိမထားမိဘူးလား ခ်မ္း "

" အခန္းနံပါတ္က 20 ေလ ၊ ဟင္ ဒါ ဒါ ခ်မ္းေမြးေန႔ 20 ရက္ကို ယူထားတာလားဟင္ "

" အဲ့ဒါအျပင္ ဘာရွိဦးမွာလဲ "

" အား ခ်မ္း ရူးသြားေတာ့မလားမသိဘူး ေလးငယ္ "

" ေအး ေအး ရူးခ်င္လည္း ရူးခ်လိုက္ေတာ့ ၊ ငါက တားမေနဘူး ၊ ေအာ္ ဒါနဲ႔ Condo နာမည္ကိုေရာ စဥ္းစားမိရဲ႕လား "

" ခ်မ္းသာ ကြန္ဒို ! ဟာ...ေလးငယ္ ေလးငယ္ ဟဲလို "

ေလးငယ္က ေျပာၿပီးၿပီးခ်င္းပဲ ဖုန္းခ်သြားပံုရသည္ ။ အခုခ်ိန္ ခ်မ္းကို ျမင္တဲ့သူတိုင္းကေတာ့ ရူးေနတယ္လို႔ထင္ၾကေတာ့မည္ ။ ဘာေၾကာင့္လဲဆိုေတာ့ ငိုရင္းနဲ႔ၿပံဳးေနမိလို႔ေလ ။

ခ်မ္းသာ ကြန္ဒို တဲ့လား ။ နာမည္ ၂ ခု ေပါင္းထားတဲ့ ဒီကြန္ဒိုကို ဦးသာ ဘယ္လိုမ်ားရွာလို႔ေတြ႕ခဲ့ေလသလဲေနာ္ ။

ပီတိေတြတေဝေဝနဲ႔ Password ေလးကို ႏွိပ္ၿပီး အခန္းထဲဝင္လိုက္ေတာ့ ဦးသာေန,ေနတဲ့ အခန္းေလးဆိုတဲ့ အသိေၾကာင့္ထင္ပါရဲ႕ ။ ရင္ထဲေတာင္ ေႏြးေထြးသြားရသလိုပါ ။

ထူးျခားတာက အခန္းတစ္ခုလံုး သီခ်င္းသံသဲ့သဲ့က ပ်ံ႕လြင့္ေနျခင္းပင္ ။ အင္း ခ်မ္းတို႔အိမ္မွာေနတုန္းကလည္း ဦးသာအခန္းကို ဝင္လိုက္မိတိုင္းမွာ သီခ်င္းသံတစ္ခုခုက အၿမဲၾကားေနရေလ့ရွိခဲ့သည္ပဲ ။ ယခုလည္း လူမရွိသည့္တိုင္ေအာင္ သီခ်င္းကိုေတာ့ ဖြင့္ထားခဲ့ေသးသည္ ။

သီခ်င္းကို ၿငိမ္ၿပီးအာရံုစိုက္ကာနားေထာင္မိေတာ့ ရင္ထဲနင့္လာရသည္ ။ ဒီသီခ်င္းကို ခ်မ္း သိပါသည္ ။ ေပ်ာ္ေနပါ ဆိုတဲ့ သီခ်င္းေလး ။

နားေထာင္ေနရင္းနဲ႔ခံစားမိတဲ့ သီခ်င္းရဲ႕စာသားတစ္ေၾကာင္းခ်င္းစီက ခ်မ္းရင္ကို ဓါးထက္ထက္နဲ႔အစိမ္းလိုက္ ခြဲခ်ေနသလို ။

ဘာအတြက္ေၾကာင့္မ်ား ငါ့ကို
ဒဏ္ရာေတြနဲ႕ မင္းဘဝဆက္ေစလဲ
ဒါဟာ မင္းအခ်စ္ဆို ကိုယ္ခံယူပါမယ္
သူေပ်ာ္ေနဖို႔ အေရးႀကီးတာပါ
နာသူအတြက္ လွည့္ၾကည့္ဖို႔မလိုပါ
လိုေနသမ်ွေတြ ျဖည့္စြမ္းဖို႔ႀကိဳးစားရင္း
အေဝးက ခ်စ္ေန 🎶🎵

ငါ အစြမ္းကုန္ခ်စ္ခဲ့တယ္
ရင္ခုန္သံတိုင္း မင္းအတြက္ျဖစ္ေစတယ္
မခ်စ္မွန္းသိေတာင္ မညိဳညင္ခဲ့
ဘယ္လိုလူနဲ႔ အစားထိုးမွာလဲ
ဘယ္လိုခ်စ္ျခင္း မင္းအတြက္ျပည့္စံုမယ္
ခ်စ္ေနမိတာ မွားေနလည္းေလ
မျပင္ေတာ့ဘူး ခ်စ္သူ 🎶🎵

နာက်င္စရာ သူေျပာတဲ့စကားေတြ
မနာႏိုင္ေအာင္ ကိုယ္ခ်စ္မိေနေတာ့
ျပန္မလာေတာင္ ေနာက္ဆံုးအၿပံဳးေလးနဲ႔
ႏႈတ္ဆက္ေပးပါ ကိုယ္ငိုခ်င္လို႔
ငိုေနေတာင္ ကိုယ္ၿပံဳးျပပါ့မယ္
ေပ်ာ္ေနပါ ကိုယ္ခ်စ္တဲ့ ငွက္ကေလး
အဆင္ေျပသြားေအာင္ ကိုယ့္ရဲ႕အသည္းကို
ခြဲ ေပး လိုက္ ပါ တယ္ 🎶🎵

ဒီသီခ်င္းတစ္ပုဒ္ထဲသာ repeat လုပ္ထားပံုရေလသည္ ။ အႀကိမ္ႀကိမ္ျပန္လာေနေသာ သီခ်င္းကို ေက်ာက္ရုပ္တစ္ရုပ္လို ရပ္ကာ နားေထာင္ေနမိရင္း လူက ငိုခ်င္လာေတာ့သည္ ။

ဦးသာရဲ႕ ခံစားခ်က္ေတြနဲ႔ တိုက္ဆိုင္ဟန္တူေသာ သီခ်င္းစာသားေတြက ဒီအမိုက္ေကာင္ကို အခါခါသတ္ေနသလို ။

လိုက္ကာေတြခ်ထားတဲ့ ဒီခပ္ေမွာင္ေမွာင္အခန္းေလးထဲမွာ ဦးသာတစ္ေယာက္တည္း သီခ်င္းေတြကိုအေဖာ္ျပဳရင္း အထီးက်န္စြာေနခဲ့ရမွာပဲလို႔ ေတြးမိေတာ့ ရင္ထဲမခ်ိပါ ။ တစ္ေယာက္တည္း ဘယ္လိုမ်ားခ်က္ျပဳတ္စားေသာက္ေနမလဲဆိုၿပီး သိခ်င္စိတ္နဲ႔ မီးဖိုခန္းထဲဝင္လာေတာ့ ထမင္းစားပြဲေပၚမွာ အစီအရီေနရာယူထားတဲ့ ေခါက္ဆြဲေျခာက္ဘူးေတြက ခ်မ္းကို ရင္နင့္ေစျပန္ပါသည္ ။

အျပင္အစားအစာေတြထက္ အိမ္ထမင္းဟင္းကိုသာ မက္မက္ေမာေမာစားတတ္ေလသူ ဦးသာက အခုေတာ့ ဒီလိုေခါက္ဆြဲေျခာက္ေတြကိုပဲ အားထားၿပီး စားေသာက္ေနပံုရသည္ ။

အင္း...အားလံုးဟာ ဒီအမိုက္ေကာင္ရဲ႕ အျပစ္ေတြပါပဲ ဦးသာရယ္ ။ ဦးသာရဲ႕ေျခအစံုကို ဖက္ၿပီးေတာင္းပန္ရင္ေတာင္ ဒီအျပစ္ေတြက ေၾကႏိုင္ပါ့မလားေလ ။

ဦးသာကလည္း ျပန္ေရာက္မလာေသးသည္မို႔ တစ္အိမ္လံုးကို လွည့္ပတ္ၿပီးေလ်ွာက္ၾကည့္ေနမိသည္ ။

အိပ္ခန္းတံခါးကလည္း ဒီအတိုင္းဖြင့္ထားတာမို႔ လွမ္းဝင္ခဲ့ေတာ့ စနစ္တက်ေနတတ္သူရဲ႕အခန္းပီသစြာ အရာအားလံုးက ရွင္းလင္းသပ္ရပ္ေနသည္ ။ မီးခိုးေရာင္ အိပ္ယာခင္း,ခင္းထားေသာ ေမြ႕ယာေပၚ အသာဝင္ထိုင္ရင္း ဒီေနရာမွာ ဦးသာ ညတိုင္းအိပ္စက္ပါလားဆိုတဲ့အသိနဲ႔ သူ႔ရင္ထဲေႏြးေထြးလာမိသည္ ။

တစ္ဆက္တည္း ကိုေနာင္တို႔စပ်စ္ၿခံမွာ မူးခ်င္ေယာင္ေဆာင္ရင္း ဦးသာအား ရစ္ခဲ့တဲ့ညကို ျပန္ကာသတိရ၏ ။ အဲ့ဒီတုန္းက ေအးေနတယ္လို႔ေျပာခဲ့တဲ့ သူ႔ကို ဦးသာက တစ္ညလံုးဖက္ထားေပးခဲ့တာေလ ။

က်ြန္ေတာ္ ပိုလြမ္းလာၿပီမို႔လို႔ ျမန္ျမန္ျပန္လာခဲ့ပါေတာ့ ဦးသာရယ္ ။

______________________________

#For Unicode

ဝုန်းခနဲပွင့်သွားသော တံခါးသံနဲ့အတူ ရုံးခန်းထဲကို ကမူးရှူးထိုးဝင်ချလာသော ချမ်းကြောင့် နိုင်ဘုန်းမှာ အလန့်တကြားနဲ့

" ဟင် ချမ်း ဘယ်လိုဖြစ်လာတာလဲ ၊ မျက်နှာတစ်ခုလုံးလည်း နီရဲလို့ပါလား "

" ဦးသာရော... ဦးသာ ဘယ်မှာလဲ လေးငယ် "

" ဟေ ငါ ဘယ်သိမှာလဲ "

အစမရှိ အဆုံးမရှိ မေးလာသော မေးခွန်းအတွက် ဘုမသိ ဘမသိ မရေမရာဖြေမိတော့ ချမ်းက ဆိုဖာပေါ်ခြေပစ်လက်ပစ် လှဲချကာ ငိုပါလေတော့သည် ။

" ဟာ ချမ်း ဘာလို့ငိုတာလဲ "

" ဦးသာ...ဦးသာက ကနေဒါပြန်သွားပြီထင်တယ် "

ဟင် မဟုတ်သေးပါဘူး ။ ဒီကောင်လေး ဒီ မဟုတ်တဲ့သတင်းကို ဘယ်ကကြားလာရပြန်တာလဲ ။ ထူးကို နေ့လည်ကတင် နိုင်ငံခြားကလာမယ့် ဧည့်သည်တစ်ယောက် ကြိုပေးဖို့ လေဆိပ်ကိုလွှတ်လိုက်သေးတာပါ ။ လွန်ခဲ့တဲ့နာရီဝက်က အထိလည်း ကြိုလာတဲ့ဧည့်သည်ကို တည်းမယ့် Hotel အထိ လိုက်ပို့ပြီးပြီဆိုပြီး နိုင်ဘုန်းထံဖုန်းဆက်လာသေးသည်လေ ။

တစ်ခုခုတော့ မှားနေလေပြီ ။

" မင်းကို ဘယ်သူပြောလဲ "

" ရတုက ဦးသာကို လေဆိပ်မှာတွေ့လိုက်တယ် တဲ့ ၊ ချမ်း သွားရှာတော့ မရှိတော့ဘူး လေးငယ်ရဲ့ ၊ ချမ်းလည်း ရတု ဖုန်းဆက်ဆက်ချင်း အပြေးသွားတာပဲ ၊ ဒါပေမယ့် မမီလိုက်တော့ဘူးထင်တယ် "

ပြောရင်းနဲ့ မျက်ရည်တွေတွေကျကာ ရှိုက်နေသေးသော ကောင်လေးကိုကြည့်ပြီး နိုင်ဘုန်း သဘောပေါက်စွာ ကြိတ်ပြီးပြုံးမိရသည် ။ သူ့ဦးသာကို ဘယ်လောက်တောင် အသဲအသန် အပြေးအလွှားရှာခဲ့ရလို့ ခုလို ချွေးဒီးဒီးကျပြီး တစ်ကိုယ်လုံးနီရဲနေလဲ မပြောတတ်တော့ချေ ။

အင်း ဒီအခြေအနေကို ကောင်းကောင်းအသုံးချပြီး ပီပီပြင်ပြင်ကိုင်တွယ်တတ်ဖို့ပဲ လိုပါလိမ့်မည် ။

" သူ့ဟာသူ ကနေဒါ ပြန်သွားတော့ရော မင်းနဲ့ဘာဆိုင်လဲ ချမ်းရယ် ၊ ပြန်ပစေပေါ့ "

" ဟင့်အင်း မဖြစ်ဘူး ၊ မဖြစ်ဘူး လေးငယ်ရဲ့ "

" ဘာလို့မဖြစ်တာလဲ "

" ဘာလို့မဖြစ်တာလဲဆိုတော့ ဟိုဟာ ချမ်း...ချမ်း "

ပြောမယ့်စကားကို ရှေ့ဆက်ရခက်စွာ ချမ်းက နှုတ်ခမ်းကိုဖိကိုက်ထားပြီး အားယူနေပုံရသည် ။ ထို့နောက် မျက်စိစုံမှိတ်ကာ ပြောချလာသည်က

" ချမ်း ချမ်း ဦးသာကို ချစ်မိနေပြီ လေးငယ်ရဲ့ "

ပြောပြီးသည့် မျက်နှာကို လက်ဝါးတွေကြားထဲ မြှုပ်ဖွက်ကာ ခေါင်းပြန်ဖော်မလာတော့သော တူတော်မောင်ကိုကြည့်ပြီး သဘောတကျ ပြုံးမိရပြန်သည် ။ သို့သော်လည်း လေသံကိုတော့ လျှော့မပစ်ရဲဘဲ ခပ်တင်းတင်းနှင့်ပင်

" မင်းပြောတော့ ထူးက Gay မို့လို့ မင်းက မသတီပါဘူးဆို ၊ အခုကျတော့ ဘယ်လိုဖြစ်သွားရတာလဲ "

" ချမ်း အဲ့ဒီတုန်းက ကိုယ့်စိတ်ကိုယ်မသိခဲ့တာပါ လေးငယ်ရယ် ၊ တကယ်တော့ ဦးသာ Gay ဖြစ်လို့ မုန်းတယ်ဆိုတာထက် တခြားသူကို ချစ်ခဲ့ပါလား ဆိုတဲ့အထင်နဲ့ ချမ်း ပေါက်ကွဲပြီး ဆိုးဆိုးရွားရွားတွေ ပြောမိ တုန့်ပြန်မိတာပါ "

" အင်း အခုကရော "

" အခုတော့ ဦးသာက သူ့ဟာသူ ဘယ်သူ့ကိုပဲ ချစ်ခဲ့ ချစ်ခဲ့....ပြီးတော့ Gay မကလို့ ဘာကြီးပဲဖြစ်ဖြစ် ချမ်း ဦးသာကို ချစ်တယ် "

" ဒါဆို မင်းက Gay လား "

" ဟင် အဲ အဲ့လိုတော့ မဟုတ် "

" မင်း အခု ယောက်ျားတစ်ယောက်ကို ချစ်နေတာလေ ၊ အဲ့ဒါ Gay မဟုတ်ဘူးလား "

ကောင်လေးဟာ တစ်ချက်တော့ စဉ်းစားသလိုဖြစ်သွားပြီးမှ

" အင်း...ရတယ် ဦးသာကို ချစ်မိသွားလို့ Gay ဖြစ်မယ်ဆိုလည်း ဖြစ်ပါစေတော့ ၊ Gay ဆိုလည်း Gay ပေါ့ "

" Gay ဆိုလည်း Gay ပေါ့ ဆိုတော့ မင်း တခြားယောက်ျားတွေကိုရော ကြိုက်သလား "

" ဟာ ဘာလို့ကြိုက်ရမှာလဲ ၊ လေးငယ်ကလည်း မဟုတ်တာတွေ... "

" အေး မင်း အခု ကိုယ်ချင်းစာတတ်ပြီလား ချမ်း "

" ဟင် ဘာကို... "

" ထူးလည်း တခြား ဘယ်ယောက်ျားကိုမှ မကြိုက်ပါဘဲနဲ့ မင်းတစ်ယောက်ထဲကို ချစ်မိသွားတဲ့အတွက် သူ့ကိုယ်သူ Gay လို့ သတ်မှတ်လိုက်ရတာကိုလေ "

" ဗျာ လေးငယ်.... လေးငယ် အခု ဘာပြောလိုက်တာ "

" ကြားတဲ့အတိုင်းပဲ "

" ပြန်ပြောပါ ၊ ကျေးဇူးပြုပြီးပြန်ပြောပေးပါ လေးငယ်ရာ.... "

နိုင်ဘုန်းကိုမော့ကြည့်ပြီး တုန်တုန်ခိုက်ခိုက်နဲ့ တောင်းဆိုနေတဲ့ကောင်လေးဟာ တကယ်ပဲ ချစ်တတ်သွားပြီထင်ပါရဲ့ ။

" အေး ထူးက မင်းကို ချစ်နေတာပါဆိုကွာ "

" တကယ်လား ၊ အဲ့ဒါ သေချာလားလို့ လေးငယ် "

" သေချာလား မသေချာလား မင်းမခန့်မှန်းတတ်ဘူးလား ဟမ် ၊ သူ မင်းကို ဘယ်လောက်ထိ ချစ်ပေးခဲ့လဲဆိုတာ မင်းအသိဆုံးပဲလေ ချမ်း "

နိုင်ဘုန်းစကားကိုကြားတော့ ချမ်းတစ်ယောက် ပါးပြင်ပေါ်က မျက်ရည်တွေကို ကပျာကယာသုတ်ပစ်ရင်းနဲ့ ပြူးတူးပြဲတဲ ထ,မေးမိသည် ။

" ဟင် လေးငယ်က အဲ့ဒါကို ဘာလို့ အစောကြီးက မပြောတာလဲ "

" မင်း နောင်ကြဉ်အောင် တမင်သက်သက်မပြောတာ "

" လေးငယ် ချမ်းကို နောင်ကြဉ်အောင်လုပ်နေတာနဲ့ပဲ အခု ဦးသာက ပြန်သွားပြီ ၊ အဲ့ဒါ လေးငယ် ဘယ်လိုလုပ်ပေးမှာလဲ ၊ အား...လေးငယ် ရက်စက်လိုက်တာဗျာ "

ပြောရင်းနဲ့ အသံတွေတိမ်ဝင်သွားကာ မျက်ရည်က တစ်ဖန်ဝဲတက်လာပြန်သည် ။

ဦးသာရယ်...ကျွန်တော်႕ရဲ့ ကံကလည်း ဆိုးလိုက်တာ ။ အပြန်အလှန်ချစ်နေကြတာကို သိတဲ့အချိန်ကျတော့ ဦးသာက ကျွန်တော့်အနားမှာမရှိတော့ဘူး ။

" ထူး ပြန်သွားပြီလို့ မင်းကို ဘယ်သူကပြောလဲ "

" ရတုက ဦးသာကို လေဆိပ်မှာတွေ့လိုက်ပါတယ်ဆို လေးငယ်ကလဲ "

" လေဆိပ်မှာတွေ့တာနဲ့ပဲ ကနေဒါပြန်တယ်ဖြစ်ရောလား "

" ဟင် ဒါဖြင့် မပြန်ဘူးလား "

" ငါ လေဆိပ်ကို ဧည့်သည်တစ်ယောက် သွားကြိုခိုင်းလိုက်လို့ "

" ဟာ "

ရင်ထဲကို အပျော်လုံးက ဒိန်းခနဲ ဝင်ဆောင့်ကာ ရင်ထဲလည်း တလှပ်လှပ်ခုန်လာ၏ ။

" ဒါပေမယ့် အခု မပြန်သေးတာကို ပြောတာနော် ချမ်း ၊ သူ ပြန်ဖို့တော့ ဆုံးဖြတ်ထားပြီးနေပြီ "

ဟင် ။ အဲ့လို မဖြစ်ရပါဘူး ။ အပြန်အလှန်ချစ်နေကြပြီဆိုတာကို သိနေတဲ့နောက်တော့ ဘာအကြောင်းနဲ့မှ အဝေးမခံနိုင်တော့ပါ ။

" ဒါဆို အခု ဦးသာက ဘယ်မှာလဲ "

" သူ့အိမ်မှာပဲ ရှိမှာပေါ့ "

" သူ့အိမ် ? ဦးသာမှာ အိမ်ရှိတာလား "

" မင်းအမေနဲ့အတူတူ အခန်းထဲက ထွက်လာတယ်ဆိုပြီး ပြဿနာတက်တဲ့ ချမ်းသာကွန်ဒိုက အခန်းက ထူးဝယ်ထားတဲ့ အခန်းပဲ ၊ အဲ့ဒီအခန်းမှာ ပရိဘောဂတွေလည်း ထည့်ထားတော့ ၁၅ ရက် တစ်ခါလောက် သန့်ရှင်းရေးသွားလုပ်တဲ့အခါ မင်းအမေက ထူးနဲ့အတူတူ အဖော်လိုက်သွားပေးတာ "

" ဦးသာက အဲ့ဒီအခန်းကို ဘာလို့ဝယ်ထားတာလဲ ၊ ချမ်းကိုလည်း မပြောဘူး "

" ထူးက တစ်ချိန်ချိန် မင်းနဲ့ အခုလိုမျိုး ပြဿနာတက်နိုင်တယ်ဆိုတာ ခန့်မှန်းမိနေလို့နဲ့တူပါတယ် ၊ သူ့ဟာသူပဲ စိတ်ကြိုက်အခန်းလေးရှာပြီး ဝယ်ကာနီးမှ လေးငယ်ကို အသိပေးတာ ၊ သူ အဲ့ဒီအခန်းကို ဝယ်မယ်ဆိုတော့ လိုမှမလိုတာ..ဘာလုပ်ဖို့လဲဆိုပြီး ငါတားသေးတယ် ၊ ဒါပေမယ့် လွန်လွန်ကြူးကြူးမတားလိုက်တာ မှန်သွားတာပေါ့ ၊ မဟုတ်ရင် အခုလိုအချိန်မှာ ငါ့သူငယ်ချင်းပဲ ဘုံပျောက်နေရမှာ "

လေးငယ်ရဲ့ခနဲ့တဲ့တဲ့စကားတွေကိုလည်း နာမနေနိုင်တော့ပါ ။

" ချမ်းကို အဲ့ဒီလိပ်စာပေး ၊ အခုချက်ချင်း ဦးသာဆီလိုက်သွားမယ် "

အခုချိန် ချမ်းအတွက် အရေးကြီးဆုံးက ဦးသာပါပဲ ။

*********

ကျွန်တော် လာနေပြီ ဦးသာ ။ ကျွန်တော့်ကိုထားပြီး အဝေးကိုထွက်သွားဖို့ကြံနေတဲ့ဦးသာကို ရတဲ့နည်းနဲ့ ဆွဲထားဖို့ ကျွန်တော် လာနေပြီ ။

ဓာတ်လှေကားကနေထွက်လာပြီး ဦးသာရဲ့အခန်းရှိရာဆီ သွားနေစဉ် ချမ်းရင်ထဲက နှလုံးခုန်သံတို့ဟာ စိတ်လှုပ်ရှားမှုကြောင့် တဒိတ်ဒိတ်နှင့်မြည်နေပြီး ခြေဖျားလက်ဖျားတွေပါ အေးစက်လာနေသည် ။

ဦးသာနှင့်တွေ့ရင် ဘယ်လိုစကားလုံးတွေသုံးပြီး တောင်းပန်ရပါ့မလဲ ။ တောင်းပန်ရုံနဲ့မကျေနိုင်ဘူးဆိုတာသိပေမယ့်လည်း ကျွန်တော့်ကို ချစ်တဲ့ဦးသာကတော့ ခွင့်လွှတ်ပေးနိုင်လိမ့်မယ်ထင်ပါသည် ။

အခန်းရှေ့က Bell ကို တုန်ယင်နေတဲ့ လက်အစုံနဲ့တီးမိသည် ။ ခဏစောင့်သည် ။ တံခါးက ပွင့်မလာ ။ ထပ်တီးသည် ။ ထပ်စောင့်သည် ။ အခြေအနေက မထူးခြား ။

အခန်းထဲကနေ လှမ်းကြည့်ပြီး ချမ်းမှန်းသိနေလို့ ဦးသာက တံခါးဖွင့်မပေးတာလားလို့ တွေးမိတော့ လူက ငိုချင်လာသည် ။

ထိုစဉ် လေးငယ်ထံမှဖုန်းဝင်လာတာကြောင့် အားကိုးတကြီးနဲ့ ဖုန်းဖွင့်ကာဖြေတော့ ငိုသံက ပါသွားသေးသည် ။

" မင်း အသံက ဘာဖြစ်နေတာလဲ ချမ်း "

" လေးငယ်... ဦးသာကလေ ချမ်းကို တံခါးဖွင့်မပေးဘူး "

" ဖွင့်ပေးမလားဟ ၊ သူမှ အိမ်မှာမရှိတာ "

" ဟင် ဟုတ်လား "

ချမ်းကို တမင် တံခါးဖွင့်မပေးတာ မဟုတ်ဘူးဆိုတဲ့အသိကြောင့် ဝမ်းသာသွားရသည် ။

" အေး ခုလေးတင် ငါ ဖုန်းဆက်ကြည့်တော့ City mart မှာ ဈေးဝယ်နေတယ်တဲ့ ၊ အဲ့ဒါကြောင့် မင်း အိမ်ထဲကနေပဲ ဝင်စောင့်ဖို့ ငါ ဖုန်းလှမ်းဆက်တာ "

" ဦးသာကို ချမ်းလာမယ်လို့ရော ပြောလိုက်သေးလား "

" မပြောပါဘူး "

" အင်း အင်း မပြောနဲ့နော် ၊ တော်ကြာ ချမ်းကိုမတွေ့ချင်တာနဲ့ အိမ်ပြန်မလာဘဲနေ,နေမှာစိုးလို့ "

" အေးပါ မပြောပါဘူးဆို "

" ဒါဆို အခန်းရဲ့ Password လေး ပြော "

" မင်းမွေးတဲ့အချိန်လေ "

" ဟမ် ဘာကို? လေးငယ် ဘာပြောလိုက်တာလဲ "

" အခန်းရဲ့ Password က မင်းမွေးတဲ့ အချိန်လို့ ပြောတာ "

" ၉ နာရီ ၄၅ ? "

" အေး Password က 945945 "

ဦးသာရယ်....။ ကျွန်တော့်စိတ်ကို သေအောင်သတ်ဖို့များ ကြံစည်ထားတာလားဗျာ ။

" ချမ်း ချမ်း ဟဲလို ငါပြောတာ ကြားလား "

" ဦးသာက...ဦးသာက ချမ်းကို အဲ့လောက်ထိတောင် ချစ်တာလားဟင် လေးငယ် "

" အခန်းနံပါတ်ကိုရော သတိမထားမိဘူးလား ချမ်း "

" အခန်းနံပါတ်က 20 လေ ၊ ဟင် ဒါ ဒါ ချမ်းမွေးနေ့ 20 ရက်ကို ယူထားတာလားဟင် "

" အဲ့ဒါအပြင် ဘာရှိဦးမှာလဲ "

" အား ချမ်း ရူးသွားတော့မလားမသိဘူး လေးငယ် "

" အေး အေး ရူးချင်လည်း ရူးချလိုက်တော့ ၊ ငါက တားမနေဘူး ၊ အော် ဒါနဲ့ Condo နာမည်ကိုရော စဉ်းစားမိရဲ့လား "

" ချမ်းသာ ကွန်ဒို ! ဟာ...လေးငယ် လေးငယ် ဟဲလို "

လေးငယ်က ပြောပြီးပြီးချင်းပဲ ဖုန်းချသွားပုံရသည် ။ အခုချိန် ချမ်းကို မြင်တဲ့သူတိုင်းကတော့ ရူးနေတယ်လို့ထင်ကြတော့မည် ။ ဘာကြောင့်လဲဆိုတော့ ငိုရင်းနဲ့ပြုံးနေမိလို့လေ ။

ချမ်းသာ ကွန်ဒို တဲ့လား ။ နာမည် ၂ ခု ပေါင်းထားတဲ့ ဒီကွန်ဒိုကို ဦးသာ ဘယ်လိုများရှာလို့တွေ့ခဲ့လေသလဲနော် ။

ပီတိတွေတဝေဝေနဲ့ Password လေးကို နှိပ်ပြီး အခန်းထဲဝင်လိုက်တော့ ဦးသာနေ,နေတဲ့ အခန်းလေးဆိုတဲ့ အသိကြောင့်ထင်ပါရဲ့ ။ ရင်ထဲတောင် နွေးထွေးသွားရသလိုပါ ။

ထူးခြားတာက အခန်းတစ်ခုလုံး သီချင်းသံသဲ့သဲ့က ပျံ့လွင့်နေခြင်းပင် ။ အင်း ချမ်းတို့အိမ်မှာနေတုန်းကလည်း ဦးသာအခန်းကို ဝင်လိုက်မိတိုင်းမှာ သီချင်းသံတစ်ခုခုက အမြဲကြားနေရလေ့ရှိခဲ့သည်ပဲ ။ ယခုလည်း လူမရှိသည့်တိုင်အောင် သီချင်းကိုတော့ ဖွင့်ထားခဲ့သေးသည် ။

သီချင်းကို ငြိမ်ပြီးအာရုံစိုက်ကာနားထောင်မိတော့ ရင်ထဲနင့်လာရသည် ။ ဒီသီချင်းကို ချမ်း သိပါသည် ။ ပျော်နေပါ ဆိုတဲ့ သီချင်းလေး ။

နားထောင်နေရင်းနဲ့ခံစားမိတဲ့ သီချင်းရဲ့စာသားတစ်ကြောင်းချင်းစီက ချမ်းရင်ကို ဓါးထက်ထက်နဲ့အစိမ်းလိုက် ခွဲချနေသလို ။

ဘာအတွက်ကြောင့်များ ငါ့ကို
ဒဏ်ရာတွေနဲ့ မင်းဘဝဆက်စေလဲ
ဒါဟာ မင်းအချစ်ဆို ကိုယ်ခံယူပါမယ်
သူပျော်နေဖို့ အရေးကြီးတာပါ
နာသူအတွက် လှည့်ကြည့်ဖို့မလိုပါ
လိုနေသမျှတွေ ဖြည့်စွမ်းဖို့ကြိုးစားရင်း
အဝေးက ချစ်နေ 🎶🎵

ငါ အစွမ်းကုန်ချစ်ခဲ့တယ်
ရင်ခုန်သံတိုင်း မင်းအတွက်ဖြစ်စေတယ်
မချစ်မှန်းသိတောင် မညိုညင်ခဲ့
ဘယ်လိုလူနဲ့ အစားထိုးမှာလဲ
ဘယ်လိုချစ်ခြင်း မင်းအတွက်ပြည့်စုံမယ်
ချစ်နေမိတာ မှားနေလည်းလေ
မပြင်တော့ဘူး ချစ်သူ 🎶🎵

နာကျင်စရာ သူပြောတဲ့စကားတွေ
မနာနိုင်အောင် ကိုယ်ချစ်မိနေတော့
ပြန်မလာတောင် နောက်ဆုံးအပြုံးလေးနဲ့
နှုတ်ဆက်ပေးပါ ကိုယ်ငိုချင်လို့
ငိုနေတောင် ကိုယ်ပြုံးပြပါ့မယ်
ပျော်နေပါ ကိုယ်ချစ်တဲ့ ငှက်ကလေး
အဆင်ပြေသွားအောင် ကိုယ့်ရဲ့အသည်းကို
ခွဲ ပေး လိုက် ပါ တယ် 🎶🎵

ဒီသီချင်းတစ်ပုဒ်ထဲသာ repeat လုပ်ထားပုံရလေသည် ။ အကြိမ်ကြိမ်ပြန်လာနေသော သီချင်းကို ကျောက်ရုပ်တစ်ရုပ်လို ရပ်ကာ နားထောင်နေမိရင်း လူက ငိုချင်လာတော့သည် ။

ဦးသာရဲ့ ခံစားချက်တွေနဲ့ တိုက်ဆိုင်ဟန်တူသော သီချင်းစာသားတွေက ဒီအမိုက်ကောင်ကို အခါခါသတ်နေသလို ။

လိုက်ကာတွေချထားတဲ့ ဒီခပ်မှောင်မှောင်အခန်းလေးထဲမှာ ဦးသာတစ်ယောက်တည်း သီချင်းတွေကိုအဖော်ပြုရင်း အထီးကျန်စွာနေခဲ့ရမှာပဲလို့ တွေးမိတော့ ရင်ထဲမချိပါ ။ တစ်ယောက်တည်း ဘယ်လိုများချက်ပြုတ်စားသောက်နေမလဲဆိုပြီး သိချင်စိတ်နဲ့ မီးဖိုခန်းထဲဝင်လာတော့ ထမင်းစားပွဲပေါ်မှာ အစီအရီနေရာယူထားတဲ့ ခေါက်ဆွဲခြောက်ဘူးတွေက ချမ်းကို ရင်နင့်စေပြန်ပါသည် ။

အပြင်အစားအစာတွေထက် အိမ်ထမင်းဟင်းကိုသာ မက်မက်မောမောစားတတ်လေသူ ဦးသာက အခုတော့ ဒီလိုခေါက်ဆွဲခြောက်တွေကိုပဲ အားထားပြီး စားသောက်နေပုံရသည် ။

အင်း...အားလုံးဟာ ဒီအမိုက်ကောင်ရဲ့ အပြစ်တွေပါပဲ ဦးသာရယ် ။ ဦးသာရဲ့ခြေအစုံကို ဖက်ပြီးတောင်းပန်ရင်တောင် ဒီအပြစ်တွေက ကြေနိုင်ပါ့မလားလေ ။

ဦးသာကလည်း ပြန်ရောက်မလာသေးသည်မို့ တစ်အိမ်လုံးကို လှည့်ပတ်ပြီးလျှောက်ကြည့်နေမိသည် ။

အိပ်ခန်းတံခါးကလည်း ဒီအတိုင်းဖွင့်ထားတာမို့ လှမ်းဝင်ခဲ့တော့ စနစ်တကျနေတတ်သူရဲ့အခန်းပီသစွာ အရာအားလုံးက ရှင်းလင်းသပ်ရပ်နေသည် ။ မီးခိုးရောင် အိပ်ယာခင်း,ခင်းထားသော မွေ့ယာပေါ် အသာဝင်ထိုင်ရင်း ဒီနေရာမှာ ဦးသာ ညတိုင်းအိပ်စက်ပါလားဆိုတဲ့အသိနဲ့ သူ့ရင်ထဲနွေးထွေးလာမိသည် ။

တစ်ဆက်တည်း ကိုနောင်တို့စပျစ်ခြံမှာ မူးချင်ယောင်ဆောင်ရင်း ဦးသာအား ရစ်ခဲ့တဲ့ညကို ပြန်ကာသတိရ၏ ။ အဲ့ဒီတုန်းက အေးနေတယ်လို့ပြောခဲ့တဲ့ သူ့ကို ဦးသာက တစ်ညလုံးဖက်ထားပေးခဲ့တာလေ ။

ကျွန်တော် ပိုလွမ်းလာပြီမို့လို့ မြန်မြန်ပြန်လာခဲ့ပါတော့ ဦးသာရယ် ။

______________________________

Continue Reading

You'll Also Like

634K 60.3K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
169K 20.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
452K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
322K 31.2K 44
ဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်က...