Reward[Him From Final Year]
By Aelennar
1.1M 90.7K 10.7K
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side
Chapter-31
17.1K 1.8K 181
By Aelennar
သည်။ရောက်လာသည့် နေရာက
ဆိုင်က bar&resturant
သည်။
လိုက်တာဖြစ်မယ်။အထဲမှာ တော့
မသိဘူး"
ပြန်ဆက်ပေးတတ်တာ။
ဆွဲကိုင်လာခဲ့သည်။
မဟုတ်ဘူးလား။
ကျွန်တော့်အကျီ င်္ကိုအနောက်ကနေ
ဝင်လာစဉ်။
တော့မရှိ။
ဘာတွေလဲ။
"ဒီကိုလာ"
ငါမချစ်သေးပါဘူးတဲ့။လာ ငါ့အနောက်
ကနေ လိုက်ခဲ့"
ဘယ်သူမှမရှိ။
ရှိလာပြီ။တစ်ကယ်သာဆိုရင်တော့
ရမလား။
လိုက်သည်။
"happy birthday!!"
ဆိုသည့် စာတန်းလေး။ပြီးတော့
သော်လည်း မတွေ့ပါ။ကျွန်တော့်ကို
မလှုပ်မိ။
လိုက်မိသည်။ကျွန်တော်အလွတ်ရနေ
အငွေ့အသက်။သူကကျွန်တော့်ခေါင်း
လို့နေသည်။
သတိမပြုမိခဲ့ဘူး။အနည်းဆုံး လူအ
လိုက်မိသည်။
တော်တော်ပျော်လား"
supriseက ငါတို့အကြံဥာဏ်"
မသိတော့ပါ။
လည်းသူမဟုတ်ခဲ့။
မသိရင် သူငယ်ချင်းတွေ
ညီလေး ထင်နေကြသည်။တစ်ချို့က
ထားခဲ့မိတယ်လေ။
ပေးသွားတယ်။သူနဲ့ကျွန်တော်စကား
သောက်တာတွေ့တယ်။
ထဲကြားရုံအသံနဲ့။
သည်။
သည်။
ပုတ်ပြီး။
"happy birthday ကလေး"
"ဟုတ် မမြတ် ဟီး"
ကို ကြည့်နေသည်။
ကျောင်းတက်ရတာရော"
ကြားရုံပဲ ပြောနေသည်။ကျွန်တော်
"ပြေပါတယ် အစ်မ။ဒါပေမဲ့"
ထောက်လာသည်။
"ဘာဖြစ်လို့လဲ။ကိုစစ်ကြောင်းက
မကြိုက်ဘူး။လုံးဝ ပေးမသွားတာတော့
ကျွန်တော် သိနေတယ်။အဲ့တာ
"အစ်မက ဘာများလည်းလို့"
အသာပြုံးနေသည်။
"ဗျာ"
သဝန်တို တတ်ကြတယ်လေ။အဲ့တာ
တွေပင်ပူလာရသည်။
တုန်းကဒီလို မဟုတ်ဘူး။အရင်တစ်
မယ်လို့လေ"
တွေးနေတယ်။ကိုစစ်ကြောင်းက သည်း
နေရတယ်"
ပို၍ကပ်လာသည်။
က ကောင်မလေးတွေနဲ့ပဲ။သူကတော့
တော့ပြုံးနေခဲ့သည်။ဒီနှစ်မွေးနေ့လေး
ဖြစ်ခဲ့ပါတယ်။
ထုတ်ပြရဲအောင်။
________________________________
မောင်းမထွက်သေး။
အိမ်နေရင်းအကျီ င်္နဲ့ စုတ်ပြတ်နေတာ
ဖြစ်သင့်လား။အဲ့တာ ဖြစ်သင့်လား"
လို့နေသည်။
ဆင်ပြီးမှ လာရအောင်"
တွေရဲ့အကြံဥာဏ်တွေ။ကိုယ်က
"ခင်ဗျား ဘာပြောတယ်"
အဲ့သဘောမဟုတ်ဘူး။ကိုယ်မှားတယ်
နော် ကိုယ်ပဲမှားတယ်။အားလုံး ကိုယ့်အမှား"
လိုက်မိသည်။
ကိုင်ကာဆွဲညစ်လာသည်။
လှမ်းယူနေသည်။
အိတ်လေးတစ်လုံးပင်။ကျွန်တော့်
ဘယ်လိုမှ ဖုံးဖိ၍မရ။ကျွန်တော်သူ
သာကြည့်လို့နေသည်။ကျောင်းဖွင့်
နေတာနဲ့အတော်ပဲ။
မြင်လိုက်ရသည်က။
"ကျ ကျွန်တော် မယူဘူး"
ထိကိုင်နေကာ။
ဆိုတာ ဘာပေးပေးယူရတယ်"
ဘယ်လိုလုပ်ရမလဲ။ဖုန်းကသူကိုင်နေ
မလိုဘူးလေ။
"ကျွန်တော် မယူချင်ဘူး။ကျွန်တော့်
အတွက်ဒါတွေ မလိုဘူး။ကျောပိုးအိတ်ပဲ
ယူမယ်"
တာ မဟုတ်ဘူး။ကိုယ်အလုပ်လုပ်လို့
"ဗျာ"
"ဒါတွေက ဘာမှမဟုတ်ဘူး။တစ်ကယ့်
"ဗျာ"
အံ့သြစေချင်တာလဲ။နီးကပ်နေသည့်
"ဘယ်မှာလဲ"
"သိချင်ရင် ဒီကိုလာ။ကိုယ်ဖက်ထားချင်လို့"
"ဘယ် ဘယ်ကိုလာရမှာလဲ။မလာဘူး"
"မလာရင် မပြဘူး"
ကယုတ်ပြန်ပါပြီ။
"ခဏပဲနော် ခင်ဗျား"
ထားသည်။
တစ်ဖွဖွနမ်းနေသည်။
ရှုပါရပ်တော့မလိုပဲ။
တစ်ခါမှမနေဖူးဘူးလေ။
တွေကိုထိကိုင်နေရာကနေ အကျီ င်္
သည်။
ရာဇ်ပါရေးဆွဲထားသည်။
အောင်ပင်။
မနားညိတ်မိသည်။
"ဟိတ် မငိုရဘူးလေ"
"ခင်ဗျား မနာဘူးလား။ကျွန်တော့်
ဘယ်တော့မှ မဖျက်ဘူး"
နမ်းသည်။
"ချစ်တယ် ကလေး"
နေမိရသည်။
ခဲ့ပါ။
"happy birthdayဝန်း
ဘူးလေ။
လွတ်လပ်နေသည်။
ဝမ်းနည်းရမှာ"
မှာပဲ။
အဲ့သဘော မဟုတ်ဘူးလေ။လုပ်ရဲရင်
နေတာပဲ။ပြောနေတာကြာတယ် အပြန်
တော့ဘူး"
ကျွန်တော်မကြိုက်ဘူး"
"ကိုမင်းစစ်ကြောင်း"
"ယုံတယ်လို့"
သူက မျက်နှာတည်နေဆဲ။
သူနဲ့ အကြည့်ချင်းဆုံနေရင်း သူ့အကျီ င်္
ကြည့်နေလျက်။
"ကျွန်တော်"
စိုက်ကြည့်နေပါသည်။
"မဟုတ်ဘူး"
တတ်ဖြစ်ရသည်။
နေပြီး သူ့အကြည့်တွေက။
လိုက်မိပြီး။
"ကိုကို"
ဖို့ရာ မတတ်နိုင်။သူ့ရင်ခွင်ထဲရောက်
ဖြစ်ဖြစ်သွားသည်။သူကျွန်တော့်ကိုနမ်း
အားလုံးကို မေ့သွားသလိုမျိုး သူ့အကျီ င်္
ထားမိတော့တယ်။
ပြင်းပြစွာ ရှုနေရ သည်။သူကပြိုကျ
နမ်းနေပါသည်။
မှာအမြဲ ရှိနေပေးပါ။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode
အနောက်မှာထိုင်နေသည့် မေမီက
ဆိုင်နေရာပြောပြပြီး ကျွန်တော်
ဆိုင်ကယ်ကို အရှိန်တင်မောင်းလာခဲ့
သည်။ရောက်လာသည့် နေရာက
တစ်ဆိုင်လုံး မီးတွေပိတ်ထားကာ
မဲမှောင်နေပြီး ဘေးက တစ်ခြား
ဆိုင်နေရာတွေက လင်းနေပေမဲ့
ဒီတစ်ဆိုင်ပဲ အမှောင်ကျနေတယ်။
ဆိုင်က bar&resturant
ဖြစ်သည်။ဆိုင်ဝင်းထဲကိုဝင်လာတော့
ကားတွေ ထားသည့်နေရာမှာ
ကိုစစ်ကြောင်းရဲ့ကား ရပ်ထားတာ
ကိုတွေ့သည်နှင့်ကျွန်တော် ဆိုင်ကယ်
ကို သူ့ကားဘေးမှာကပ်ရပ်လိုက်
သည်။
ဆိုင်ကယ်ပေါ်ကဆင်းပြီး လိုက်ကြည့်
တော့ဘေးမှာ သူ့သူငယ်ချင်းတွေရဲ့
ကားနဲ့ဆိုင်ကယ်တွေ လည်းရှိပေမဲ့
လူတွေတော့ တစ်ယောက်မှမတွေ့။
"ဒီဆိုင်လား ဘယ်မှာလဲလူတွေ"
"အေရုတ်ရုတ် သဲသဲဖြစ်လို့ ဆိုင်ပိတ်
လိုက်တာဖြစ်မယ်။အထဲမှာ တော့
ဘယ်လို အခြေအနေရှိလဲငါ ငါလည်း
မသိဘူး"
မေမီက အသံတွေတုန်နေပြီး ပြောနေ
တော့ ကျွန်တော်လည်းမှောင်မဲနေ
သည့်ဆိုင်ကို လှမ်း ကြည့်ကာ
တော်တော်လေး ရင်ပူလာသည်။
ဖုန်းထုတ်ကာ ကိုစစ်ကြောင်းကို
အကြိမ်ကြိမ်အခါခါ ဆက်ကြည့်
တော့လည်း ဖုန်းဝင်နေပေမဲ့ မကိုင်
ပေ။သူကျွန်တော့် ဖုန်းကိုမကိုင်ဘူး
ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ သူ
မတွေ့လိုက်ရင်တောင် သိပ်မကြာဘူး
ပြန်ဆက်ပေးတတ်တာ။
ကျွန်တော့် စိုးရိမ်စိတ်က လွန်နေလေပြီ။
ဘာမှသေသေချာချာမသိရပဲ ဒီအတိုင်း
စောင့်မနေနိုင်တာမို့လို့ ကျွန်တော်
မီးသီးတွေ အလှဆင်ထားသည့်
မြက်ခင်းပြင်အတိုင်း လျှောက်လာ
ခဲ့ပြီး ဆိုင်အပြင်မှာလည်းစားပွဲတွေ
ရှိတော့ စားပွဲတစ်ခုကနေ ဝိုင်ပုလင်း
တစ်လုံးကိုတွေ့တာနဲ့ လက်ထဲမှာ
ဆွဲကိုင်လာခဲ့သည်။
မေမီက ကျွန်တော့်အနောက်ကနေ
ဟိုကြည့်ဒီကြည့်နဲ့ ကပ်ကာလိုက်
လာပြီး ဆိုင်ပေါက်ဝထဲကျွန်တော်စပြီး
ဝင်လာတဲ့အချိန်လည်း အထဲမှာ
မှောင်မဲနေပြီး ယုတ်စွအဆုံးဆိုင်
ဝန်ထမ်းတွေတောင် တစ်ယောက်မှမရှိ။
ဘယ်လိုဆိုင်လဲ တစ်ဆိုင်လုံးကို
အမှောင်ချထားပြီး ဘယ်သူမှလဲမရှိ
ဘူး။ရုတ်ရုတ်သဲသဲဖြစ်တယ်ဆိုရင်
ပိုပြီးတော့တောင် လူတွေရှုပ်နေရမှာ
မဟုတ်ဘူးလား။
ကျွန်တော့်အကျီ ၤကိုအနောက်ကနေ
ဆွဲထားတဲ့မေမီနဲ့အတူ ကျွန်တော်
အမှန်အတိုင်းပြောရရင် စိတ်က
ကြောက်တော့ကြောက်နေပေမဲ့
သတ္တိက အလိုလိုရှိနေသည်။ကျွန်
တော် ကိုစစ်ကြောင်းကိုတွေ့ရမှ
ဖြစ်မယ်။ဝိုင်ပုလင်းကို ကျွန်တော်
လက်နှစ်ဖက်နဲ့တင်းကြပ်စွာကိုင်ကာ
သတိအနေအထားနဲ့ခြေလှမ်းတွေ
ဖွဖွနင်းပြီး မှောင်မဲနေသည့်ဆိုင်ထဲကို
ဝင်လာစဉ်။
ရုတ်တရက် အောက်ထပ်တစ်ခုလုံးက
မှောင်မဲနေရာကနေ အပြာရောင်
စလိုက်မီးတွေ တစ်တန်းချင်းဆီပွင့်လာ
သည်။ကျွန်တော် အမှောင်ထဲကနေ
မီးတွေလင်းလာသည့်မို့ မျက်လုံးကို
တစ်ခဏ လက်နဲ့ကာလိုက်ရပြီး ကြည့်
လိုက်တော့ အောက်ထပ်မှာမီးတွေ
ထွန်းလင်းလာလျက်သာ ဘယ်သူမှ
တော့မရှိ။
ကျွန်တော် အနောက်ကမေမီကို
လှည့်ကြည့်လိုက်မိချိန် မေမီ့မျက်နှာက
ခုနကနဲ့မတူတော့ပဲ ပြုံးစိစိဖြစ်နေသည်။
ဘာတွေလဲ။
"ဒီကိုလာ"
"ဘယ်ကို လာရမှာလဲ။ဘယ်မှာလဲ ကိုစစ်ကြောင်း"
"အော် အရင်လာပါဆို သူ့ကိုကြီး
ကိုပဲစိတ်ပူနေတယ် ပြောတော့ဖြင့်
ငါမချစ်သေးပါဘူးတဲ့။လာ ငါ့အနောက်
ကနေ လိုက်ခဲ့"
မေမီက ကျွန်တော့်ကိုပြုံးနေလျက်
ပြောကာ အရှေ့ကနေဦးဆောင်ပြီး
ဒုတိယထပ်ကိုတက်သွားသည်။
ကျွန်တော်ရုတ်တရက် ကြောင်အနေ
ဆဲဖြစ်ရာကနေ မေမီအနောက်က
နေလိုက်လာခဲ့ရာ ဒုတိယထပ်ရောက်
တော့လည်း မီးရောင်မှိန်ပြပြတွေကလွဲ
ဘယ်သူမှမရှိ။
ဟိုကြည့်ဒီကြည့်နဲ့ ဒီအတိုင်း ရပ်နေမိ
တဲ့ကျွန်တော့်ကို မေမီက စိတ်မရှည်
တော့ဘူးထင် ဆွဲခေါ်သွားပြီးမီးရောင်
မှိန်မှိန်ကျနေသည့် အပေါ်ဆုံးခေါင်မိုး
ထပ်ကိုတက်သည့် လှေကားတစ်ဆင့်
ခြင်းဆီကို တက်နေတဲ့ အချိန်ကျွန်တော့်
ရင်တွေအဆမတန်ခုန်လာသည်။
ကျွန်တော် တစ်ခုခုကိုတော့ သိသလို
ရှိလာပြီ။တစ်ကယ်သာဆိုရင်တော့
ကျွန်တော်ပျော်ရမလား ဒေါသပဲထွက်
ရမလား။
အခုချိန်မှာ စိတ်တွေ တအားလှုပ်ရှားနေ
တာကိုတော့ ဘယ်လိုမှထိန်း၍မရ။
ကြောင်ရပ်နေဆဲဖြစ်တဲ့ကျွန်တော့်ကို
မေမီက နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေကာ
အဆင်သင့်ဖြစ်ပြီလားလို့ ပြောပြီး
ခေါင်မိုးထပ် တံခါးလက်ကိုင်ကိုဖွင့်
လိုက်သည်။
"happy birthday!!"
ကျွန်တော်ဝင်လာတာနဲ့ အော်ဟစ်သံ
တွေ confettiဖောက်သံတွေ
ဆူညံသွားပြီး ကျွန်တော့်ခေါင်းပေါ်ကို
ကျလာတဲ့ တစ်လက်လက်အစလေး
တွေ။အောက်ကနေ ကျွန်တော်မြင်ရ
တုန်းက အမှောင်ကျနေသည့်အပေါ်
ထပ်က အခုတော့ထိန်ထိန်လင်းလို့
အော်ဟစ်သံတွေရော သီချင်းသံတွေနဲ့
ပါဆူညံနေတယ်။ကျွန်တော်အခုချိန်မှာ
ဘယ်လို ခံစားချက်မျိုးဖြစ်နေလည်း
ကိုယ့်ကိုကိုယ် တောင်မသိနိုင်တော့ပါ။
ကျွန်တော့်ဘေးမှာဝိုင်းနေတဲ့ ကျွန်တော်
တို့အုပ်စု နဲ့အတူ တွေ့လိုက်ရတာက
မီးလုံးမီးတန်းတွေနဲ့ အလှဆင်ထား
သည့် အဖြူနဲ့အမည်းပူဖောင်းတွေ
ကြားကHappy birthday 17
ဆိုသည့် စာတန်းလေး။ပြီးတော့
ကျွန်တော့်မွေးနေ့မှာ မတွေ့ခဲ့ရတာ
ကြာပြီဖြစ်သော ဖယောင်းတိုင်မီးတွေ
လင်းနေသည့် မွေးနေ့ကိတ်လေး။
ကျွန်တော့်မျက်လုံးက မျက်ရည်တွေနဲ့
အမြင်တွေဝေဝါးလာပြီး ဘေးနားမှာ
ဝိုင်းနေတဲ့သူတွေကြား သူ့ကိုရှာနေ
သော်လည်း မတွေ့ပါ။ကျွန်တော့်ကို
မွေးနေ့ကိတ်ထားထားသည့်ရှေ့ ခေါ်
သွားပေးပြီး ဖယောင်းတိုင်မီးကိုမှုတ်ဖို့
အသင့်ပြင်ပေးနေကြသော်လည်း
ကျွန်တော်ဒီအတိုင်းသာ ရပ်နေမိပြီး
မလှုပ်မိ။
"ငိုနေပြီ ငါတို့ မင်းသား ငိုနေပြီ"
ကျွန်တော်အမြင်တွေ ဝေဝါးနေချိန်
အနောက်ကနေ ကျွန်တော့်ပုခုံးကို
သိုင်းဖက်ကာ ကိုင်ပေးလိုက်သည့်
အထိအတွေ့က ဘယ်သူမှန်းအလိုလို
သိလိုက်သည်နှင့် ချက်ချင်းပင်သူ့
ဘက်လှည့်ကာမျက်နှာကို အပ်ထား
လိုက်မိသည်။ကျွန်တော်အလွတ်ရနေ
တဲ့အထိ ရင်းနှီးနေပြီဖြစ်တဲ့သူ့
ကိုယ်သင်းနံ့နဲ့ ဒီရင်ခွင်ကျယ်ရဲ့
အငွေ့အသက်။သူကကျွန်တော့်ခေါင်း
ကိုအုပ်ကိုင်လာပေမဲ့ ခပ်ခွာခွာသာနေ
လို့နေသည်။
အပေါ်ဆုံးထပ်မှာ ကျွန်တော်တို့အုပ်စု
အပြင် ကိုစစ်ကြောင်း ကျွန်တော့်ကို
မိတ်ဆက်ပေးထားသည့် ကျွန်တော်နဲ့
လည်းတော်တော်လေးခင်နေပြီဖြစ်တဲ့
တစ်ခြား သူ့သူငယ်ချင်းတွေနဲ့ ဆိုင်ဝန်
ထမ်းတစ်ချို့ပါ ရှိနေတာကို ကျွန်တော်
သတိမပြုမိခဲ့ဘူး။အနည်းဆုံး လူအ
ယောက်နှစ်ဆယ်လောက် ရှိမည်။
ကိုဝဏ္ဏတို့က ရှေ့မှာကာထားပေး
ကြပြီး စနောက်နေသလိုစကားသံတွေနဲ့
သတိပေးမှ ကျွန်တော်အသိဝင်လာပြီး
မျက်ရည်တွေဝဲနေ သည်ကိုအမြန်
သုတ်ပစ်ကာ သူ့ကိုဒေါသနဲ့ မော့ကြည့်
လိုက်မိသည်။
"ခင်ဗျား ကျွန်တော့်ကို စရတာ
တော်တော်ပျော်လား"
"ဆုလာဘ် ကိုစစ်ကြောင်းကနင့်ကို
မွေးနေ့ပွဲလုပ်ပေးဖို့ပဲ စီစဉ်တာ။
supriseက ငါတို့အကြံဉာဏ်"
မေမီ ကျွန်တော့်အနားကပ်လာကာ
ပြုံးပြီး တိုးတိုးလေးလာပြောတော့
ကျွန်တော် ဘယ်သူ့ကိုစိတ်ဆိုးရမည်
မသိတော့ပါ။
မွေးနေ့ကိတ်ခွဲသည့် အချိန်မှာလည်း
သူအနောက်မှာပဲနေပြီး ကျွန်တော့်
သူငယ်ချင်းတွေကိုသာ ဦးစားပေး
ထားသည်။ကျွန်တော်မွေးနေ့ကိတ်
ကို ပထမဆုံးခွံ့ကျွေးလိုက်ရတဲ့သူက
လည်းသူမဟုတ်ခဲ့။
မသိရင် သူငယ်ချင်းတွေ
အားလုံးက ကျွန်တော့်ကိုsuprise
မွေးနေ့ပွဲလုပ်ပေးသလိုပေါ့။သူ ကျွန်
တော့်မွေးနေ့ကို ကျွန်တော်တို့အုပ်စု
တင်မဟုတ်ပဲ ခင်မင်သူတွေအားလုံး
ကဆုတောင်းပေးကြတဲ့ ကောင်လေး
တစ်ယောက်ဖြစ်အောင် လုပ်ပေးထား
ပါသည်။တစ်ချို့က ကျွန်တော့်ကို သူ့
ညီလေး ထင်နေကြသည်။တစ်ချို့က
လည်း မွေးနေ့ပွဲမှာ suprieလုပ်ပေး
ချင်းကိုခံရတဲ့အထိ ကျွန်တော်တို့အုပ်စု
မှာအချစ်ခံရတဲ့ကောင်လေးပေါ့။သူနဲ့
ကျွန်တော်ဒီလိုပတ်သက်နေတာကို
တော့ ကျွန်တော်တို့အုပ်စုကလွဲတခြား
ဘယ်သူမှ တွေးမိမည်တောင်မဟုတ်ပါ။
ကျွန်တော်တို့ပတ်သက်မှုကို တစ်ခြား
သူတွေသိမှာ ကျွန်တော်သိပ်ကြောက်
နေတာကိုသူက အခုလိုလူကြားထဲသတိ
ထားနေပေးတော့ ကျွန်တော် ဒီနေ့မှ
ဘာလို့ရယ်မသိ စိတ်မကောင်းဖြစ်ရ
သည်။ကျွန်တော် သူ့ကိုလူကြားထဲ
မှာဆို ခပ်တန်းတန်းပဲနေပါလို့မှာ
ထားခဲ့မိတယ်လေ။
ဆိုင်ရဲ့အပေါ်ဆုံးထပ်မှာ သီချင်းသံတွေ
ကကျယ်လောင်စွာ ပြန့်လွင့်နေသည်။
တစ်ခြားသူတွေကို မှာချင်တာ မှန်သမျှ
အစုံအလင်ဧည့်ခံထားပြီး ကျွန်တော်
အအေးသောက် ချင်တယ်လို့ ပြော
လိုက်တော့သူက alcoholမပါသည့်
mocktailတခွက် ကျွန်တော့်ကိုမှာ
ပေးသွားတယ်။သူနဲ့ကျွန်တော်စကား
ခဏပဲ ပြောနိုင်ပြီး သူကသူ့ငယ်ချင်း
တွေဝိုင်းမှာ သွားထိုင်နေသည်။
ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်း
တွေနဲ့ပဲထိုင်နေပြီး  သူ့ကိုမသိမသာနဲ့
လှမ်းကြည့်လိုက်တော့ သူ့သူငယ်ချင်း
တွေက သောက်နေကြပေမဲ့ ကျွန်တော့်
မွေးနေ့ဖြစ်နေလို့ပဲလား သူနည်းနည်းပဲ
သောက်တာတွေ့တယ်။
ကျွန်တော် မှာထားတာတွေလိုက်စား
ကြည့်ကာ အအေးသောက်နေတုန်း
ဒီဘက်ဘေးမှာထိုင်နေတဲ့မေမီက
ကျွန်တော့်အနား ကပ်လာပြီး နှစ်ကိုယ်
ထဲကြားရုံအသံနဲ့။
"ကိုကြီးနဲ့မတွေ့ခင် လက်သီး
လက်မောင်းပြင်နေပေမဲ့ ကိုကြီးနဲ့
လည်းတွေ့ရော ကလေးသူငယ်
ဖြစ်သွားတဲ့ ငါ့သူငယ်ချင်းလေး"
ကျွန်တော် သောက်လက်စအအေးပင်
သီးသွားရပြီး မေမီကကျွန်တော့်ကို
စပြီး ရယ်ကာဟိုဘက်ပြန်လှည့်သွား
သည်။
ကျွန်တော် အစခံလိုက်ရတာကြောင့်
ကိုစစ်ကြောင်းကို ဒေါသနဲ့လှမ်းကြည့်
လိုက်မိချိန် သူကလည်းကျွန်တော့်ကို
ကြည့်လာ သည်နှင့်ဆုံသည်။ကျွန်တော်
ဆူပုတ်ကာ မျက်နှာလွှဲလိုက်မိတယ်။
ညကနက်လာရင်း ကျွန်တော့်သူငယ်ချင်း
တွေနဲ့ စကားများကာ ထိုင်နေတုန်း
တစ်ခြားသူတွေနဲ့ရပ်ပြီးစကားပြောနေ
တဲ့ အစ်မမြတ်ကကျွန်တော့်နားလျှောက်
လာပြီး ကျွန်တော့်ဘေးမှာ လာဝင်ထိုင်
သည်။
ကျွန်တော့်ခေါင်းကို မမြတ်ကတစ်ချက်
ပုတ်ပြီး။
"happy birthday ကလေး"
"ဟုတ် မမြတ် ဟီး"
ကျွန်တော် ရယ်ပြလိုက်သည်ကို အစ်မ
မြတ်ကလည်း အသာပြုံးကာ ကျွန်တော့်
ကို ကြည့်နေသည်။
"ကိုစစ်ကြောင်းနဲ့ အဆင်ပြေလားကလေး။
ကျောင်းတက်ရတာရော"
အစ်မမြတ်က ကျွန်တော့်ကို စကားပြော
ချင်လို့ထင်ပါတယ် နှစ်ယောက်ထဲ
ကြားရုံပဲ ပြောနေသည်။ကျွန်တော်
မမြတ်ကို ပြုံးကာကြည့်နေရင်းမှ။
"ပြေပါတယ် အစ်မ။ဒါပေမဲ့"
"ဒါပေမဲ့ ဘာဖြစ်လဲ အစ်မကိုပြော"
အစ်မမြတ်က ကျွန်တော့်ကိုစကား
ထောက်လာသည်။
ကိုကျော်ထွန်းရဲ့ကောင်မလေးဖြစ်တဲ့
မမြတ်က ကျွန်တော်တို့အငယ်တွေ
ထဲမှာ အသက်ကြီးဆုံးဖြစ်နေတော့
ကျွန်တော်တို့အတွက်အစ်မတစ်ယောက်
လိုပါပဲ။ဒီအတောအတွင်း ခင်ခဲ့ကြတာ
တော်တော်လေးလည်း ရင်းနှီးနေပြီလေ။
"တစ်ခါတလေ သူဘာဖြစ်မှန်းမသိဘူး"
"ဘာဖြစ်လို့လဲ။ကိုစစ်ကြောင်းက
ကလေးကို စကားများရင် အနိုင်ကျင့်လို့လား"
"မဟုတ်ပါဘူး။အဲ့လိုတစ်ခါမှ သူမလုပ်ဘူး"
"အဲ့တာဆိုဘာဖြစ်လို့လဲ အစ်မကိုပြောလေ"
ကျွန်တော် တစ်ခဏငြိမ်နေမိရာကနေ
ပြောသင့်မပြောသင့် စဉ်းစားပြီးမှ
အစ်မမြတ် ကိုပြန်ကြည့်လိုက်မိသည်။
"ကျွန်တော်တို့ ခရီးကပြန်လာထဲက
ကျွန်တော့် အစ်ကို အိမ်သွားရင်သူသိပ်
မကြိုက်ဘူး။လုံးဝ ပေးမသွားတာတော့
မဟုတ်ပေမဲ့ သူမကြိုက်ဘူးဆိုတာ
ကျွန်တော် သိနေတယ်။အဲ့တာ
ကျွန်တော်က ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်
ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ကို
သူမယုံတာလားလို့ အတွေးတွေဝင်မိတယ်"
"အစ်မက ဘာများလည်းလို့"
ကျွန်တော့် စကားလည်းဆုံးတော့
အစ်မမြတ်က အံ့သြသွားသလို
အသာပြုံးနေသည်။
"ဒီကောင်လေး ရိုးလိုက်တာ
ရည်းစားမထားဖူးမှန်း သိသာတယ်။
အစ်မပြောတာ တမျိုးတော့မထင်နဲ့နော်
ကိုစစ်ကြောင်းသာ မယုံရင် အဲ့အခြေ
အနေထဲက ကလေးကိုတွဲခဲ့မလား။
ကလေးက အစ်ကိုဖြစ်တဲ့သူနဲ့ အရမ်း
ရင်းနှီးနေတော့အဲ့တာ ကိုစစ်ကြောင်းက
ဒီကလေးကို သဝန်တိုနေတာပဲဖြစ်ရမယ်"
"ဗျာ"
"ယောကျာ်းလေးတွေက တစ်ကယ်ချစ်
လာပြီဆိုရင် အနည်းနဲ့အများတော့
သဝန်တို တတ်ကြတယ်လေ။အဲ့တာ
ကလေးကို တစ်ကယ် ချစ်လို့ပေါ့"
အစ်မမြတ်က ပြုံးပြီးပြောနေပေမဲ့
ကျွန်တော်က ကြောင်အကာ မျက်နှာ
တွေပင်ပူလာရသည်။
"ကိုစစ်ကြောင်းက ကောင်မလေးတွေနဲ့
တုန်းကဒီလို မဟုတ်ဘူး။အရင်တစ်
ယောက်နဲ့တုန်းကလည်း အစ်မသေချာ
သိတာပေါ့။အမှန်အတိုင်း ပြောရရင်
အစ်မအစ တုန်းက ဒီလောက်ထိမထင်
ခဲ့ဘူး။ကိုစစ်ကြောင်းက ကောင်လေး
တစ်ယောက်ကို အတည်ဖြစ်သွားလိမ့်
မယ်လို့လေ"
အစ်မမြတ်က ကျွန်တော့်ကိုကြည့်ကာ
ပြောရင်း ကျွန်တော်ဒီအတိုင်းငြိမ်နေမိ
သည်ကို စိတ်မရှည်တော့ထင်။
"ဒီကလေး မဟုတ်တာတွေ လျှောက်
တွေးနေတယ်။ကိုစစ်ကြောင်းက သည်း
သည်းလှုပ်နေတာမှ လွန်ရော။ဘေးက
မြင်နေရတဲ့ အစ်မတို့တောင် အားကျ
နေရတယ်"
ကျွန်တော် အစ်မမြတ်ကိုကြည့်ရင်း
မျက်နှာပူကာ ဘာပြောရမည် မသိဖြစ်
နေစဉ် အစ်မမြတ်က ကျွန်တော့်နားကို
ပို၍ကပ်လာသည်။
"တစ်ခုခုဆို ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်
လင်းလင်းပဲပြော ကြားလား။relation
shipတစ်ခုမှာ တစ်ယောက်ကိုတစ်
ယောက်နားလည်မှုရှိဖို့က အဓိကပဲ"
"ဟုတ်ကဲ့ အစ်မ ကျေးဇူးပါ"
ကျွန်တော်ပြောသမျှကို နားထောင်ရင်း
ခေါင်းညိတ်ကာ ကျေးဇူးတင်စကားပြော
လိုက်တော့ မမြတ်ကပြုံးနေသည်။
ကျွန်တော် ကိုစစ်ကြောင်းကိုလှမ်း
ကြည့်လိုက်မိတော့ သူ့ဘေးမှာက
သူ့သူငယ်ချင်း အတွဲတွေထိုင်နေတယ်။
ကျွန်တော်တို့ အုပ်စုတင်မဟုတ်ပဲ
တစ်ခြားရင်းနှီးတဲ့သူ့သူငယ်ချင်းတွေ
ထဲက အတွဲရှိတဲ့သူတွေဆိုတာ အားလုံး
က ကောင်မလေးတွေနဲ့ပဲ။သူကတော့
သူထက်ငယ်သည့် ကောင်လေးတစ်
ယောက်နဲ့တွဲပြီး ကိုစစ်ကြောင်းက
သူ့အပေါင်းအသင်းတွေကြားမှာ သူ
လည်းခက်ခဲမဲ့ အချိန်တွေရှိမှာပဲ။
ကျွန်တော်သူ့ကို အားနာမိပါရဲ့။
group photoရိုက်ကျတဲ့အချိန်
မှာကျွန်တော်က မွေးနေ့ရှင်ဆိုတော့
အလယ်မှာထားကြပြီး သူအနောက်
မှာပဲနေနေသည်ကိုကျွန်တော် သူ့
လက်ကိုမသိမသာနဲ့ဆွဲလိုက်ပြီး ကျွန်
တော့်အနားကပ်စေလိုက်သည်။ထွက်
လာတဲ့ပုံထဲမှာတော့ သူငယ်ချင်း
တစ်အုပ်အလယ်မှာ သူကကျွန်တော့်
ကိုငုံ့မိုးကာကြည့်နေပြီး ကျွန်တော်က
တော့ပြုံးနေခဲ့သည်။ဒီနှစ်မွေးနေ့လေး
က သူငယ်ချင်းတွေ အများကြီးနဲ့ကျွန်
တော့်အတွက် မမေ့နိုင်စရာနေ့လေး
ဖြစ်ခဲ့ပါတယ်။
ကျွန်တော် ကြိုးစားပါ့မယ်။တစ်နေ့
ကျွန်တော်တို့ပတ်သက်မှုကို လူကြားထဲ
ထုတ်ပြရဲအောင်။
________________________________
ကျွန်တော့်မွေးနေ့ပွဲပြီးသွားလို့ နှုတ်ဆက်
ပြီးအားလုံးပြန်သွားကြတဲ့အချိန် ည
လည်းတော်တော်နက်နေပြီဖြစ်ပြီး
ကျွန်တော်တို့နှစ်ယောက် သာကျန်
တော့သည်။တစ်ခြားသူတွေပြန်သွား
တာ ကြာနေပြီဖြစ်သော်လည်း ဆိုင်
ဝင်းထဲမှာရပ်ထားသည့် ကိုစစ်ကြောင်း
ရဲ့ကားထဲမှာ ကျွန်တော်တို့ဒီအတိုင်း
ထိုင်နေဖြစ်ကြပြီး ကျွန်တော် မပြန်
ချင်သေးသလို သူလည်းကားကို
မောင်းမထွက်သေး။
"ကျွန်တော် ဝတ်ထားတာကိုကြည့်အုံး
ခင်ဗျားကျတော့ သန့်ပြန့်နေရော။
ကျွန်တော်က မွေးနေ့ရှင်လေ ဒီလိုမျိုး
အိမ်နေရင်းအကျီ ၤနဲ့ စုတ်ပြတ်နေတာ
ဖြစ်သင့်လား။အဲ့တာ ဖြစ်သင့်လား"
ကျွန်တော်ဝတ်ထားသည့် တီရှပ်
လက်တိုဆိုဒ်ကြီးကို လက်နဲ့ကိုင်ဆွဲပြ
ကာ မကျေမနပ်ပြောနေသည်ကို
ကားမောင်းသူနေရာမှာ ထိုင်နေသည့်
သူကကျွန်တော့်ကို ဒီအတိုင်း ကြည့်
လို့နေသည်။
"အဲ့လောက်လည်း မဟုတ်ပါဘူး။
ခုဝတ်ထားတာလဲ အဆင်ပြေပါတယ်"
"ဘာကို အဲ့လောက်မဟုတ်ဘူးလဲ
supriseလုပ်မယ်ဆိုလည်း အရိပ်
အမြွက်လေးပဲ ဖြစ်ဖြစ် ပြောပြထားပါ
လား။ကျွန်တော် နည်းနည်းပါးပါး ပြင်
ဆင်ပြီးမှ လာရအောင်"
"အဲ့တာအကုန်လုံး မင်းသူငယ်ချင်း
တွေရဲ့အကြံဉာဏ်တွေ။ကိုယ်က
မွေးနေ့ပွဲလုပ်ပေးဖို့ပဲ စီစဉ်တာ
ဘယ်ကsupriseလဲ ကလေးကလား
တွေ ကိုယ်လည်းမလုပ်ချင်ပါဘူး"
"ခင်ဗျား ဘာပြောတယ်"
ကျွန်တော် သူ့ကိုအော်ဟစ်နေရင်း
ဒေါသနဲ့စောင်းကြည့်လိုက်တော့
သူကကျွန်တော့် ကိုစပြီးရယ်နေသည်။
ကျွန်တော့်မျက်နှာက ဆူပုတ်လာတော့
သူရယ်နေရာကနေ ချက်ချင်းပင်
ကျွန်တော်ထိုင်နေသည့် အနားကပ်လာပြီး။
"မဟုတ်ဘူးလေ ကိုယ်ပြောတာ
အဲ့သဘောမဟုတ်ဘူး။ကိုယ်မှားတယ်
နော် ကိုယ်ပဲမှားတယ်။အားလုံး ကိုယ့်အမှား"
သူတောင်းပန်နေသော်လည်း
ကျွန်တော် သူ့ကိုစောင်းကြည့်နေရာ
ကနေမျက်နှာလွှဲပြီး ဆူပုတ်ကာ
အပြင်ဘက်ကို အကြည့်ပို့ထား
လိုက်မိသည်။
"မွေးနေ့မှာ စိတ်မဆိုးရဘူး။စိတ်လျော့
ဒေါသဖြစ်ပါများရင် အသက်ပဲတစ်နှစ်
ကြီးလာပြီး အရပ်ကမမြင့်လာပဲနေမယ်"
"ကိုမင်းစစ်ကြောင်း ခင်ဗျား"
ကျွန်တော်အော်ဟစ်ပြီး သူ့ဘက်ပြန်လှည့်
လိုက်ချိန်သူ့အပြော သူအသည်းယား
လို့ပါဆိုပြီး လုပ်နေကြအတိုင်း
ကျွန်တော့် ပါးတစ်ဖက်ကို သူ့လက်နဲ့
ကိုင်ကာဆွဲညစ်လာသည်။
သူက ကျွန်တော့်ကိုလိုက်စရတာ
သိပ်ကို သဘောကျသည့်ပုံ။
"နာနေပြီနော် သူ့အသားမဟုတ်တိုင်း"
ကျွန်တော့်ပါးကိုဖြစ်ညစ်ပြီး သဘောကျ
နေတဲ့သူက ကျွန်တော်ဆူပုတ်ပြီး
အော်လိုက်မှ လက်ကိုလွှတ်ပေးပြီး
ဆံပင်တွေကို ဆွဲဖွသွားသည်။ပြီးတာနဲ့
ကျွန်တော့်ကိုစိုက်ကြည့်လျက် အနား
ကိုအတင်းကပ်လာသည်မို့ ကျွန်တော်
ရင်တွေတုန်ပြီး အနောက်ကိုဆုတ်လိုက်
မိချိန်သူက တစ်ချက်ပြုံးကာ ကား
အနောက်ခန်းကနေ တစ်စုံတစ်ရာကို
လှမ်းယူနေသည်။
ကျွန်တော်လည်း လိုက်ကြည့်နေတုန်း
သူ့လက်ထဲမှာပါလာတာက ကျောပိုး
အိတ်လေးတစ်လုံးပင်။ကျွန်တော့်
မျက်လုံးတွေ ချက်ချင်းဝင်းပလာရပြီး
ထင်သည့်အတိုင်းပင် သူကျွန်တော့်ကို
ကမ်းပေးလာသည်မို့ အပျော်လွန်
သွားသည်ကို နှုတ်ခမ်းကအပြုံးတွေ
ဘယ်လိုမှ ဖုံးဖိ၍မရ။ကျွန်တော်သူ
ပေးမယ့် လက်ဆောင်ကိုပဲစောင့်နေတာ။
"ကျွန်တော့်အတွက် မွေးနေ့လက်ဆောင်လား"
သူက ဘာမှပြန်မဖြေပဲ ကျွန်တော့်ကို
သာကြည့်လို့နေသည်။ကျောင်းဖွင့်
ထဲက ကျွန်တော် အိတ်အသစ်လိုချင်
နေတာနဲ့အတော်ပဲ။
ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေမိပြီး
ကျောပိုးအိတ်ကိုရင်ခွင်ထဲမှာ ပိုက်ထား
လိုက်တဲ့အချိန် အိတ်က လေးနေပြီး
အထဲမှာတစ်ခုခုရှိနေသည်။ကျွန်တော်
ရုတ်တရက် အပြုံးတွေရပ်တန့်သွားရပြီး
သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်ချိန်
သူကဘာမှမပြောသည်မို့ ကျောပိုးအိတ်
ရဲ့ဇစ်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ
မြင်လိုက်ရသည်က။
"ကျ ကျွန်တော် မယူဘူး"
သူက ကျွန်တော်တန်းပြီးငြင်းမှာကို
သိနေသည်ထင် အနားကပ်လာပြီး
ကျွန်တော့်ဆံပင်တွေကို တစ်ဖွဖွ
ထိကိုင်နေကာ။
"မယူလို့မရဘူး မွေးနေ့လက်ဆောင်
ဆိုတာ ဘာပေးပေးယူရတယ်"
သူ့မျက်နှာကိုပဲကြည့်နေမိပြီး ကျွန်
တော်ကြောင်အကာ ဘာပြောရမည်
မသိ။ငြင်းလို့မရအောင်ကို မွေးနေ့
လက်ဆောင်ဆိုပြီးပေးတော့ ကျွန်တော်
ဘယ်လိုလုပ်ရမလဲ။ဖုန်းကသူကိုင်နေ
ကျနဲ့အရောင်ပဲကွဲသည့် ငွေရောင်ဖြစ်ပြီး iwatchကလည်း သူနဲ့ဆင်တူနောက်
ဆုံးထွက်s5။သူကျွန်တော့်ကိုမွေးနေ့
မို့လို့ပေးတယ်ဆိုတာလည်း သိတယ်
ပျော်တာတော့ပျော်ပေမဲ့ ကျွန်တော်
မယူချင်ပါ။ကျွန်တော့်အတွက် လိုလည်း
မလိုဘူးလေ။
"ကျွန်တော် မယူချင်ဘူး။ကျွန်တော့်
အတွက်ဒါတွေ မလိုဘူး။ကျောပိုးအိတ်ပဲ
ယူမယ်"
"မွေးနေ့လက်ဆောင်လို့ ကိုယ်ပြော
နေတယ်မလား မယူလို့မရဘူး ငရဲကြီး
တတ်တယ်။ပြီးတော့ အဲ့တာကကိုယ့်
မိဘတွေဆီကရတဲ့ ပိုက်ဆံနဲ့ဝယ်ထား
တာ မဟုတ်ဘူး။ကိုယ်အလုပ်လုပ်လို့
ရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာ"
"ဗျာ"
သူ့မျက်နှာကို ကျွန်တော်စိုက်ကြည့်နေ
မိရင်းနဲ့ပင် ကြောင်အကာ ပြောစရာ
စကားတွေတစ်ခဏ ဆွံ့အသွားရသည်။
သူက ကျောပိုးအိတ်ဇစ်ကိုပြန်ပိတ်ပေး
လိုက်ပြီး ငြိမ်သက်နေဆဲဖြစ်သည့်
ကျွန်တော့်ခေါင်း ကိုအသာပုတ်လာ
တော့ ကျွန်တော့် ရင်ထဲမှာဝမ်းနည်း
ဝမ်းသာ ဖြစ်နေသည့်ခံစားချက်တွေနဲ့ပါ။
ကျွန်တော့်အတွက် သူ့မိဘတွေဆီ
ကရတဲ့ပိုက်ဆံနဲ့မသုံးချင်ဘူးလို့သူ
ပြောတုန်းက ကျွန်တော်အလေးမထား
ပဲ အမှုမဲ့အမှတ်မဲ့နဲ့ပဲ နေခဲ့မိတယ်။
အဲ့တာကြောင့် သူကျောင်းတောင်
မလာနိုင်ပဲ အလုပ်တွေကြိုးစားနေတာလား။
"ဒါတွေက ဘာမှမဟုတ်ဘူး။တစ်ကယ့်
လက်ဆောင်က သပ်သပ်ရှိတယ်"
"ဗျာ"
ကျွန်တော့် ရင်ထဲမှာဆို့နင်ကာ စကား
သံတွေမထွက်လာနိုင်တော့ပေ။ဒီမွေးနေ့
မှာသူကျွန်တော့်ကို ဘယ်လောက်ထိ
အံ့သြစေချင်တာလဲ။နီးကပ်နေသည့်
သူ့မျက်နှာကိုပဲ လိုက်ကြည့်နေမိပြီး
ကျွန်တော် တစ်ခဏအကြာမှ။
"ဘယ်မှာလဲ"
"သိချင်ရင် ဒီကိုလာ။ကိုယ်ဖက်ထားချင်လို့"
ကြောင်အနေဆဲ ဖြစ်သည့် ကျွန်တော့်
ကို သူ့ပေါင်ပေါ်ကိုပုတ်ပြပြီး သူထိုင်
နေသည့်နေရာကိုလာခိုင်းနေသည်။
ကျွန်တော်သူ့ကိုကြည့်ရင်း ရင်ခုန်နှုန်း
တွေမြန်ကာ မျက်လုံးတွေပြူးလာရပြီး။
"ဘယ် ဘယ်ကိုလာရမှာလဲ။မလာဘူး"
"မလာရင် မပြဘူး"
ကျွန်တော်ရန်မဖြစ်ချင်ပါဘူးဆို အကျင့်
ကယုတ်ပြန်ပါပြီ။
အခုချိန်မှာ သိချင်စိတ်ကလည်းဘယ်လို
မှ ထိန်းလို့မရနေတာမို့ ကျွန်တော်
ဘာလုပ်ရမည်မသိ ဖြစ်ရသည်။
"ခဏပဲနော် ခင်ဗျား"
ကျွန်တော် ကျောပိုးအိတ်ကိုခုံမှာ
ချထားခဲ့လိုက်ပြီး ထိုင်နေရာကနေ
မရဲတရဲနဲ့ထကာ သူ့ဆီကိုကူးသွားချိန်
သူကကျွန်တော့်ကို စီးကြိုကာပွေ့ဖက်
ထားသည်။
သူ့ပေါင်ပေါ်ကို ရောက်သွားသွားချင်း
ပင် သူကကျွန်တော့ကို သိမ်းကျုံး၍
တင်းကြပ်စွာဖက်ပစ်ပြီး ဆံပင်တွေကို
တစ်ဖွဖွနမ်းနေသည်။
"အရမ်းမဖက်နဲ့ ကျွန်တော်နေရခက်တယ်"
သူ့မျက်နှာကို ကျွန်တော်မကြည့်ရဲပဲ
ခေါင်းငုံ့ထားမိရင်း အခုအခြေအနေကို
မနေတတ်ဖြစ်နေတာထက် ကျွန်တော်
ရင်တွေအခုန်မြန်လွန်းနေလို့ အသက်
ရှုပါရပ်တော့မလိုပဲ။
သူနဲ့ ကျွန်တော် ဘေးချင်းကပ်ထိုင်မျိုး
ဖက်တာမျိုးတွေတော့ရှိပေမဲ့ ဒီလိုမျိုး
တစ်ခါမှမနေဖူးဘူးလေ။
"ဘယ် ဘယ်မှာလဲ လက်ဆောင်က"
ကျွန်တော် မနေတတ်တော့သည်မို့
မေးလိုက်ချိန် သူကကျွန်တော့ဆံပင်
တွေကိုထိကိုင်နေရာကနေ အကျီ ၤ
လက်ရှည်ဝတ်ထားသည့် ဘယ်ဘက်
လက်ကို ကျွန်တော့်ရှေ့ဆန့်တန်းလာ
သည်။သူဘာလုပ်စေချင်တာလဲဆိုတာ
နားမလည်ဖြစ်နေရပြီး ကျွန်တော်သူ့
မျက်နှာကိုသာ ပြန်ကြည့်မိရင်း အကြည့်
ချင်းဆုံနေတဲ့ တစ်ခဏ။
ခေါင်းငုံ့ကာ သူ့ဘယ်ဘက်အကျီ ၤ
လက်ရှည်ကိုကျွန်တော် အပေါ်ဆွဲတင်
လိုက်တဲ့နောက် မြင်လိုက်ရသည်က
ကျွန်တော့်ကို လုံးဝငြိမ်ကျသွားစေ
သည်။
ကျွန်တော့် နာမည်အပြည့်အစုံကို
သူ့လက်မောင်း အတွင်းဘက်တစ်
လျှောက် engလိုတက်တူးထိုးထားပြီး
crownပုံလေးအောက်မှာ မွေးသက္က
ရာဇ်ပါရေးဆွဲထားသည်။
ကျွန်တော့်မှာ ရင်ထဲစို့နင့်လာကာ
သူ့မျက်နှာကိုကြည့်လိုက် တက်တူးကို
ကြည့်လိုက်နှင့် စကားတို့ မဆိုနိုင်တော့
အောင်ပင်။
"ဒီလက်ဆောင်ကို သဘောကျလား"
ကျွန်တော်  ခေါင်းကိုထပ်ခါပင် မရပ်
မနားညိတ်မိသည်။
"ဟိတ် မငိုရဘူးလေ"
ကျွန်တော် ခေါင်းကိုအလျင်အမြန်ငုံ့
လိုက်ပါသော်လည်း သူက ကျွန်တော့်
မျက်နှာကို လိုက်ကြည့်နေတာကြောင့်
မျက်ရည်တွေဝဲနေသည်ကို သူမမြင်ခင်
ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။
"ခင်ဗျား မနာဘူးလား။ကျွန်တော့်
နမယ်ကို ခင်ဗျားလက်မှာတက်တူးထိုး
ရအောင်အထိ ကျွန်တော်က ခင်ဗျား
အပေါ်မှာ ဘာတွေကောင်းနေလို့လဲ။
တက်တူးဆိုတာ ထိုးပြီးရင်ပြန်ဖျက်ရ
ခက်တယ်မလား နောင်တစ်ချိန် ခင်ဗျား
မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ"
"ကိုယ်က ဘာလို့ ပြန်ဖျက်ရမှာလဲ။
ဘယ်တော့မှ မဖျက်ဘူး"
သူနဲ့အကြည့်ချင်းဆုံ နေရင်း
ကျွန်တော် စကားတို့ထပ်မဆိုနိုင်
တော့ပါ။ခေါင်းငုံ့ရန်ပြင်နေသည့်
ကျွန်တော့်မေးဖျားကိုသူက အသာဆွဲ
ယူကာ သူ့ကိုကြည့်စေသည်။
ကျွန်တော်သူ့မျက်နှာကို တစ်တွေတွေ
ငေးကာ ငြိမ်သက်နေမိတဲ့အချိန် သူ့
ရင်ခွင်ထဲရောက်နေတဲ့ ကျွန်တော့်ကို
ပို၍တင်းကြပ်စွာဖက်ပြီး ပါးတစ်ဖက်ကို
နမ်းသည်။
"ချစ်တယ် ကလေး"
နှစ်ကိုယ်ထဲကြားရုံ သူဖွင့်ဟသည့်
နောက် ကျွန်တော်အကြည့်မလွှဲတော့ပဲ
သူ့မျက်နှာကို ငေးနေမိရင်း ငြိမ်သက်
နေမိရသည်။
သူကျွန်တော့်ကို ချစ်တယ်လို့အမြဲ
ပြောခဲ့ပေမဲ့ သူ့ကိုချစ်လားလို့တော့
ကျွန်တော်မဖြေနိုင်သေးတဲ့ အရာတစ်ခု
ကိုအတင်းအကြပ် ဘယ်တော့မှမမေး
ခဲ့ပါ။
"happy birthdayဝန်း
ဆယ့်ခုနှစ်နှစ်ပြည့် မွေးနေ့ကနေစပြီး
နောက်နှစ်ပေါင်းများစွာအထိ ကိုယ့်ကို
မင်းအနားမှာ ရှိနေခွင့်ပေးနော်"
"ဘာဖြစ်လို့ နှစ်ပေါင်းများစွာပဲလဲ။
အဲ့နှစ်ပေါင်းများစွာပြီးရင် ခင်ဗျားက
ကျွန်တော် မဟုတ်တဲ့ ဘယ်သူ့အနား
မှာရှိနေချင်သေးလို့လဲ"
သူ ကျွန်တော့်ရဲ့မျက်နှာကို အထူး
အဆန်းလို စိုက်ကြည့်လာတော့
ကျွန်တော်ပြောမိပြီးမှ ရှက်မိရသည်။
ကျွန်တော့်သူ့ကို တစ်ခါမှဒီလိုမရစ်ဖူး
ဘူးလေ။
ကျွန်တော် ဒီနေ့အရမ်းပျော်နေလို့လား
မသိ ယောကျာ်းလေးချင်းဆိုတဲ့
ချုပ်ထိန်းမှုတွေလည်းမရှိပဲ စိတ်တွေက
လွတ်လပ်နေသည်။
"အဲ ကိုယ်စကားမှားသွားတယ်။နှစ်ပေါင်း
များစွာမဟုတ်ဘူး တစ်သက်လုံးရှိနေချင်တာ"
သူက ကျွန်တော့်ကို တောင်းပန်နေ
သလိုပြောကာ ကျွန်တော့် မျက်နှာကို
လိုက်ကြည့်နေပေမဲ့ ကျွန်တော်အလျော့
မပေးချင်လို့ တမင်ပင် ခံစားချက်
အပြည့်နဲ့ မျက်နှာကိုလွှဲထားလိုက်သည်။
"ဘယ်အရာကိုမှ အများကြီးမမျှော်
လင့်ထားတာပဲ ကောင်းပါတယ်။
တစ်ကယ်တမ်းမဖြစ်လာရင် ကိုယ်ပဲ
ဝမ်းနည်းရမှာ"
ကျွန်တော် ခံစားချက်အပြည့်နဲ့ သူ့ကို
မမူးပဲ ရစ်ကြည့်နေတုန်းသူက မျက်နှာ
လွှဲထားသည့် ကျွန်တော့်ပါးတစ်ဖက်ကို
ကိုင်ကာ အကြည့်ချင်းဆုံစေသည်။
"အဲ့တာဆို ပြောနေတာကြာတယ်။
တစ်ကယ်ဖြစ်လာအောင် ကိုယ်အခုပဲ
မင်းကို ကားတင်ပြေးလိုက်ရမလား"
ကျွန်တော် အထိတ်ထိတ်အလန့်လန့်နဲ့
မျက်လုံးတွေမငြိမ်မသက်ဖြစ်ပြီး သူ့ကို
ချက်ချင်းပင် ကြောက်လာရသည်။
သွားစလိုက်မိတာ ကျွန်တော်တော့
ကိုယ့်စကားနဲ့ကိုယ်ပြန် ပိတ်မိတော့
မှာပဲ။
"မ မဟုတ်ဘူး ကျွန်တော်ပြောတာ
အဲ့သဘော မဟုတ်ဘူးလေ။လုပ်ရဲရင်
လုပ်ကြည့်ပါလား ကျွန်တော်အခုမှ
ဆယ့်ခုနှစ်ပြည့်တာနော်။ခင်ဗျား
ကျော်မကောင်း ကြားမကောင်း
တစ်ခါထဲ ဘယ်ကိုရောက်သွားချင်လဲ"
သူက ကျွန်တော့်ကိုစိုက်ကြည့်နေ
လျက်သာ နည်းနည်းလေးမှ ဂရုမစိုက်။
"အဲ့တာတွေ ကိုယ်ကြောက်မယ်များ
ထင်နေလား။မင်းကိုယ့်ကို ဒုက္ခရောက်
အောင်မလုပ်ရက်ဘူးဆိုတာ ကိုယ်သိ
နေတာပဲ။ပြောနေတာကြာတယ် အပြန်
တစ်ခါထဲခေါ်သွားမှာ ဒီညအိမ်ပြန်မပို့
တော့ဘူး"
"ကိုစစ်ကြောင်း ခင်ဗျား ဘယ်လိုဖြစ်
နေတာလဲ ကျွန်တော်ကဒီအတိုင်းပြော
လိုက်တာပါဆို။ကျွန်တော့်ကို အဲ့လိုမစနဲ့
ကျွန်တော်မကြိုက်ဘူး"
ကျွန်တော် အော်ဟစ်လိုက်သော်လည်း
သူက မျက်နှာလုံးဝတည်နေတာကြောင့်
ကျွန်တော် ရင်တွေတုန်လာပြီး သူ့ကို
တစ်ကယ်ပင် ကြောက်လာရသည်။
"ကိုမင်းစစ်ကြောင်း"
"မင်းမှ ကိုယ့်ကိုမယုံတာ "
"ယုံတယ်လို့"
ကျွန်တော်လေသံကိုလျော့ကာ သူ့ကို
ကြည့်ပြီး ပြောနေသည့်တိုင်အောင်
သူက မျက်နှာတည်နေဆဲ။
"ကျွန်တော်ယုံတယ်လေ ခင်ဗျား"
သူနဲ့ အကြည့်ချင်းဆုံနေရင်း သူ့အကျီ ၤ
ကော်လန်ကိုကျွန်တော် ခပ်ဖွဖွကိုင်
လိုက်တော့ သူကကျွန်တော့်ကိုစိုက်
ကြည့်နေလျက်။
"ကိုယ့်ဆီကို ဘာလို့လိုက်လာတာလဲ"
"မေးစရာလိုသေးလား ခင်ဗျားကိုစိတ်ပူလို့ပေါ့"
"ဘာဖြစ်လို့ စိတ်ပူတာလဲ"
"ကျွန်တော်"
သူက ကျွန်တော့်ကို မျက်နှာမလွှဲတမ်း
စိုက်ကြည့်နေပါသည်။
ကျွန်တော် ဘာဆက်ဖြေရမည်မသိတာ
ကြောင့် တိတ်ဆိတ်သွားရချိန်။
"မင်းသူငယ်ချင်းတွေနဲ့ မင်းအစ်ကိုလိုမျိုး
ကိုယ့်ကိုစိတ်ပူတာလား"
"မဟုတ်ဘူး"
ကျွန်တော် ချက်ချင်းပင်ဖြေလိုက်သော်
လည်း သူကမျက်နှာတည်နေဆဲပင်
ဖြစ်တော့ ကျွန်တော် များစွာ မနေ
တတ်ဖြစ်ရသည်။
ကျွန်တော် အခုချိန် စိတ်ထဲမှာရှိနေတာ
ကိုမဖုံးကွယ် ထားချင်တော့ပါ။
"သူတို့နဲ့ ခင်ဗျားနဲ့ မတူဘူး"
သူ့ကို ဒီအတိုင်းငေးနေသည့် ကျွန်တော့်
မေးဖျားကိုသူကကိုင်ထားကာ အောက်
နှုတ်ခမ်းကို လက်မနဲ့တစ်ဖွဖွပွတ်သပ်
နေပြီး သူ့အကြည့်တွေက။
"ကိုယ်ကြားချင်လို့ ကိုကို လို့တစ်ခါ
လောက်ပဲဖြစ်ဖြစ် ခေါ်ပေးပါလား"
တောင်းဆိုသလို ပြောနေသည့်သူ။
ကျွန်တော့် ရင်ခုန်နှုန်းတွေအဆမတန်
မြန်နေလွန်းစွာ သူ့အကြည့်တွေကို
ရင်မဆိုင်နိုင်တော့ပဲ မျက်နှာကိုငုံ့
လိုက်မိပြီး။
"ကိုကို"
အသံတိုးဖွဖွနဲ့ ကျွန်တော် ခေါ်လိုက်
သည့်နောက်မှာ သူ့ရဲ့အသက်ရှုသံ
တွေပြင်းထန်လာကာ ကျွန်တော့်
မျက်နှာရှေ့ကို စောင်းငဲ့လာပြီး
နှုတ်ခမ်းတို့ကို ထပ်တူကျစေသည်။
ကျွန်တော့်မှာ ခံယူလျက်သာရှောင်လွှဲ
ဖို့ရာ မတတ်နိုင်။သူ့ရင်ခွင်ထဲရောက်
သွားတိုင်း ကျွန်တော်က မရုန်းထွက်
နိုင်တော့သည့် ကောင်လေးတစ်ယောက်
ဖြစ်ဖြစ်သွားသည်။သူကျွန်တော့်ကိုနမ်း
သည့်အချိန်တိုင်း ကျွန်တော်အမြဲတမ်း
ငြိမ်သက်လျက်သာ နေနေခဲ့သော်
လည်း အခုတော့သူ့လည်ပင်းကိုပြန်
လည်ဖက်ထားလိုက်ရင်း ကျွန်တော်
အနည်းငယ် တုံ့ပြန်လိုက်မိသည်။
သူက အနမ်းတွေကိုတစ်ခဏရပ်တန့်
လိုက်သည်အထိ အံ့သြသွားသည်
လား။နှုတ်ခမ်းတွေ ဆီကနေဖယ်ခွာ
သွားကာ ကျွန်တော့်မျက်နှာကိုစိုက်
ကြည့်လာသည်မို့ ကျွန်တော်သူ့
အကြည့်တွေကိုမခံနိုင်စွာ မျက်လွှာချ
မိချိန် သူကတစ်ဖန်ပြန်လည်၍ဖိကပ်
လာသည်။သူ့ပေါင်ပေါ်မှာထိုင်နေတဲ့
ကျွန်တော့်ကိုယ်ကို ကြားထဲမှာအလွတ်
အလပ်မရှိတော့တဲ့အထိ တင်းကြပ်
စွာဖက်ကာ ကျွန်တော့်ခေါင်းကိုသူ
ထိန်းကိုင်ပြီး နက်ရှိုင်းစွာနမ်းနေသည်။
ကျွန်တော့်မှာ သူ့အနမ်းတွေကိုခံယူရင်း
အားအင်တွေမရှိတော့သလို  အရာ
အားလုံးကို မေ့သွားသလိုမျိုး သူ့အကျီ ၤ
ကိုသာကျွန်တော် တင်းကြပ်စွာဆုပ်ကိုင်
ထားမိတော့တယ်။
အချိန်တစ်ခုကြာမှ သူရပ်တန့်ပေးလိုက်
တဲ့အချိန် ကျွန်တော်သူ့ပုခုံးပေါ်မှာ
မျက်နှာအပ်ထားရပြီး အသက်ကို
ပြင်းပြစွာ ရှုနေရ သည်။သူကပြိုကျ
လာသည့် ကျွန်တော့်ကိုယ်ကိုဖက်
ထားပေးပြီး ဆံပင်တွေကိုတစ်ဖွဖွ
နမ်းနေပါသည်။
ကျွန်တော် သူ့ကိုမကြည့်ရဲတော့တာ
ကြောင့် ကျွန်တော် အလွတ်ရနေသည့်
သူ့ကိုယ်သင်းနံ့ကိုခိုးကာ နမ်းရှိုက်ရင်း
ရင်တွေ အဆက်မပြတ်ခုန်နေသည်နှင့်
အတူ မျက်လုံးတို့ကိုမှိတ်လိုက်မိသည်။
ကျွန်တော့်ကို ခင်ဗျားရဲ့ဘဝမှာဘယ်
တော့မှ မဖျက်ပစ်မဲ့ သူတစ်ယောက်
ဖြစ်ခွင့်ပေးပါ။ကိုကို ကျွန်တော့်အနား
မှာအမြဲ ရှိနေပေးပါ။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Continue Reading
You'll Also Like
237K 23.2K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
5.3M 344K 54
Myanmar BL. Two Romantic love stories (Bitter sweet + Pure sweet) Uni Life OWN CREATION TEEN ROMANCE UNICODE/ZAWGYI Start Date : FEB 26 2022 End...
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
2.3M 149K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...