Reward[Him From Final Year]
By Aelennar
1.1M 90.8K 10.7K
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side
Chapter-30
17.9K 1.7K 147
By Aelennar
နဲ့မောင်းနေသည်။ဘေးမှာ ထိုင်နေ
ရသည်။
ပင်ရှိနေလေပြီ။ဒီနေ့သူ ကျွန်တော့်
တာလည်း ကြာနေပြီလေ။
အပြင်က ရှပ်အကျီ င်္လက်ရှည်ထပ်
လောက်ကြာသွားသည်မသိ။
မျက်နှာပူသွားရသည်။
မကြည့်ပါဘူး"
မြင်လိုက်ရသည်။တစ်ခြားသူတွေနဲ့
ကောက်ကိုင်လိုက်သည်။အပြင်မှာ
တစ်ဖွဲဖွဲရွာနေပါသည်။
"ဘာလုပ်မလို့လဲ။လာမကြိုနဲ့တော့
"ကိုယ်လာကြိုမယ်လေ"
နေကြ အလုပ်တစ်ခုပင်။ကျွန်တော်
ဘာမှထပ်မပြောတော့။
သေးဘူးလား"
မတက်သေးဘူးလားလို့။ကိုဝဏ္ဏတို့
"ကိုယ် အလုပ်ရှိတယ်"
အနောက်ဆုတ်လိုက်ရသည်။
သိတဲ့သူ။အခုသူအလုပ်လုပ်နေ
လုပ်နေသည်။အခုနောက်ပိုင်းအရက်
သူသိပ်မသွားတော့။ပိုက်ဆံကိုရေလို
ခဲ့ရသည်။
"ကျွန်တော်က ကလေးလား"
ပြုံးပါသည်။
လှမ်းဆွဲလာသည်။
"မိုးမမိစေနဲ့"
ရောက်လာပါသည်။ကျွန်တော်
သူ မထွက်သွားသေး။ခပ်လှမ်းလှမ်းကို
သည်လား။
_______________________________
"အေ သေချာတယ်သူပဲ"
ကောင်မလေးတွေကပဲ အသံ
ကျွန်တော်မသိတော့ပါ။ဖုန်းကိုလက်ထဲ
ကို ရိုက်ခတ်လာသည်။
အကြွေဆင်လေးကို"
တာလဲ သွားမယ်လေ"
အားအင်ဖြစ်ရသည်။
"ဆုလာဘ်"
"ငါဘာမှမဖြစ်ဘူး"
ဝင်ထိုင် လိုက်သည်။ကျွန်တော်
အတန်းထဲက ဘယ်သူ့ကိုမှ
လိုက်တယ်။
ထားသည်။ဘယ်လိုပဲယောကျာ်းလေး
ဆက်တက်ရဲတာ။ပြီးတော့ သူ့ကိုလုံးဝ
လွဲလို့ ဘယ်သူမှမသိပါ။တစ်ခြားသူ့
ဆိုတော့။အများကြီးပါပဲ။သူက ကျွန်
မိပြီ။
အရင်ပြောပြသည်။သူ့အပေါင်းအသင်း
နေပါသည်။ကျွန်တော်က သူ့ထက်
ပဲပြောလိုက်မိတာပါ။အဲ့ဒီတုန်းက သူ့
အခုထိမမေ့နိုင်ဘူး။ကျွန်တော်တို့အပြင်
ထပ်မပြောရဲတော့ဘူး။
ပုံကို။
အပြစ်တင်မိတယ်။ကျွန်တော်နားမ
ထိုက်တန်ပါရဲ့လား။
____________________________
"အဖေ"
လှည့်ကြည့် လာပါသည်။
"အဖေ အိပ်တော့မှာလား"
"အေး ဘာဖြစ်လို့လဲ"
တော့အမှန်ပင်။အဖေ မမှတ်မိတော့ဘူးပဲ။
"အဖေက ဘာပြောရမှာလဲ။ဘာကိစ္စ
ရှိလို့လဲ"
အခန်းထဲဝင်သွားပါသည်။အဖေ့အခန်း
မရှိဘူးလား။ဒီနေ့က ဘာနေ့လဲ"
"သားငယ် အမေ့ဆီလာစမ်း"
ဘာမှမပြောချင်တော့ပါ။ဒီအရွယ်ကလေး
မိသည်။
ကနားထောင်ရှာပါသည်။ကျွန်တော်
ဖုန်းမဆက်လည်းနေပေါ့။ကျွန်တော်လည်း
စောင့်မနေပါဘူး။
ထင်ထားတာ။အထူးသဖြင့် သူ။အင်းလေ
တော့စောသေးသည်။
မေမီရောက်နေတယ်"
ဘယ်ကနေ ဘယ်လိုမေမီက
ရောက်လာရတာလဲ။
ဘာအရေးကြီးလို့လဲ။ဖုန်းကိုမဆက်ပဲနဲ့
ရန်ဖြစ်လို့တဲ့"
"ဘာ"
တဲ့ သံတုတ်တွေနဲ့။အဲ့တာငါတို့လိုက်
အသုံးချလိုက်ပြီလား။ဘာကိစ္စမှန်းတော့
ဆုတ် ငါမောင်းမယ်"
ဖြစ်နေသည်။faလို့ပြောရင်လည်း
မှာမဟုတ်ဘူး။အလောကြီးနေသည့်
ဆုတ်ကာထိုင်လိုက်သည်။ကျွန်တော်
ဘာမှဂရုမစိုက်မိတော့။
ထွက်လာခဲ့လိုက်သည်။
အဲ့ကောင်တွေသိစေရမယ်။ဘယ်သူ့
ကအမှန်။
ဘယ်သူက ထိရဲတာလဲ။စိတ်ချ
ယောကျာ်းလေး။ကိုစစ်ကြောင်း
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode
မိုးပြေးလေးတွေ တစ်ဖွဲဖွဲကျနေသည့်
ကျောင်းကိုသွားသည့် လမ်းမပေါ်မှာ
ကိုစစ်ကြောင်းက ကားကိုပုံမှန်အရှိန်
နဲ့မောင်းနေသည်။ဘေးမှာ ထိုင်နေ
သည့် ကျွန်တော်ကတော့ အပြင်ဘက်
ကိုငေးနေရာကနေ ကားမောင်းနေ
သည့်သူကို အကြည့်ကရောက်သွား
ရသည်။
ကျွန်တော်တို့ ကျောင်းပြန်ဖွင့်နေပြီ
ဖြစ်ပြီး မိုးရာသီဖြစ်တဲ့second
semကိုရောက်လို့ ကျောင်းပြန်ဖွင့်
နေတာလည်း နှစ်လ နီးပါးလောက်
ပင်ရှိနေလေပြီ။ဒီနေ့သူ ကျွန်တော့်
ကိုကျောင်းလိုက်ပို့ပေးဖို့ လမ်းထိပ်
မှာအစောကြီးလာစောင့်နေပေးတာ။
သူနဲ့ကျွန်တော် ဒီရက်ပိုင်း မတွေ့ဖြစ်
တာလည်း ကြာနေပြီလေ။
ကားကိုအာရုံစိုက်ပြီး မောင်းနေတဲ့
ကိုစစ်ကြောင်းကို ကျွန်တော်မသိ
မသာနဲ့ ဘေးကနေခိုးကြည့်ရင်း
အကြည့်ပြန်မလွှဲနိုင်။ဘေးတစ်စောင်း
မြင်နေရတာတောင် သန့်လွန်းသည့်
သူက အထဲက တီရှပ်အမည်းကို
အပြင်က ရှပ်အကျီ ၤလက်ရှည်ထပ်
ဝတ်ထားပြီး သူဝတ်နေကျအတိုင်း
သူ့favဖြစ်သည့် အပေါ်အောက်
all blackနှင့်ပင်ဖြစ်သည်။
"ကိုယ့်ကိုဘာလို့ အဲ့လောက်ကြည့်နေတာလဲ"
ကျွန်တော် သူ့ကိုငေးနေတာ ဘယ်
လောက်ကြာသွားသည်မသိ။
သူအရှေ့ကိုကြည့်ပြီး ကားမောင်း
နေရာကနေ ကျွန်တော့်ဘက်လှည့်
ကာစကားပြောလာတော့ ကျွန်တော်
ရုတ်တရက် သူ့ကိုမကြည့်ရဲတော့ပဲ
မျက်နှာပူသွားရသည်။
"ဘယ် ဘယ်မှာကြည့်လို့လဲ ကျွန်တော်
မကြည့်ပါဘူး"
ကျွန်တော် ပေါ်တင်ပင်ငြင်းလိုက်တော့
သူက ကားမောင်းနေရင်းနဲ့ပင်
တစ်ချက်ပြုံးလိုက်သည်ကို ကျွန်တော်
မြင်လိုက်ရသည်။တစ်ခြားသူတွေနဲ့
ဆိုရင် သူပြုံးတာကိုမြင်ရခဲပေမဲ့
ကျွန်တော်နဲ့နှစ်ယောက်ထဲရှိနေရင်တော့။
ကျောင်းပေါက်ဝရှေ့နားမှာ
ကိုစစ်ကြောင်းက သူ့ကားကို
လမ်းဘေးချရပ်လိုက်ချိန် ကျွန်တော်
ခါးပတ်ကိုဖြုတ်လိုက်ပြီး ကျောပိုး
အိတ်ကိုလွယ်လိုက်ကာ ထီးကို
ကောက်ကိုင်လိုက်သည်။အပြင်မှာ
မိုးတွေက မနက်ထဲကနေအခုချိန်ထိ
တစ်ဖွဲဖွဲရွာနေပါသည်။
"နေ့လည်အတန်း ဘယ်အချိန်ပြီး မှာလဲ"
"ဘာလုပ်မလို့လဲ။လာမကြိုနဲ့တော့
ကျွန်တော် မေမီနဲ့ပဲပြန်လာခဲ့မယ်"
"ကိုယ်လာကြိုမယ်လေ"
"မလာပါနဲ့ဆို သက်သက်အချိန်
ကုန်တယ်။ကျွန်တော်မေမီနဲ့ပဲပြန်လာမယ်"
ဒါကလည်း သူနဲ့ကျွန်တော်ငြင်းခုန်
နေကြ အလုပ်တစ်ခုပင်။ကျွန်တော်
မျက်နှာတည်ပြီး ငြင်းနေတော့ သူ
ကျွန်တော့်ကို ကြည့်နေလျက်သာ
ဘာမှထပ်မပြောတော့။
"ကိုစစ်ကြောင်း ခင်ဗျား ကျောင်းမလာ
သေးဘူးလား"
"ကျောင်းက အခုလာနေတာပဲလေ"
"ကျွန်တော်ပြောတာ ခင်ဗျားအတန်း
မတက်သေးဘူးလားလို့။ကိုဝဏ္ဏတို့
တောင် အတန်းတွေဘာတွေမှန်နေပြီ"
"ကိုယ် အလုပ်ရှိတယ်"
"ခင်ဗျားအလုပ်ရှိတာတော့ ဟုတ်ပါ
တယ်။အရေးကြီးတဲ့အတန်းတွေနဲ့
tutoတွေတော့ မပျက်စေနဲ့ပေါ့"
ကျွန်တော် သူ့ကိုကြည့်ပြီးပြောနေ
သည်ကိုသူက အသာပြုံးကာကျွန်
တော့် ခေါင်းကိုဆွဲဖွဖို့လက်လှမ်း
လာတော့ ကျွန်တော်အလျင်အမြန်ပင်
အနောက်ဆုတ်လိုက်ရသည်။
ကျွန်တော် သိပ်လည်းမပြောချင်
နောက်ဆုံးနှစ်တောင် ရောက်နေတဲ့
သူက ကျွန်တော့်ထက်ပိုသိမှာပါ။သူက
သူဘာလုပ်နေလည်း ကောင်းကောင်း
သိတဲ့သူ။အခုသူအလုပ်လုပ်နေ
တာက သူ့အဖေအလုပ်ကိုလက်လွှဲ
ယူနေတာလည်း မဟုတ်ပဲ ကိုသားကြီး
တို့နဲ့ ကားနဲ့ပတ်သက်တာတွေကို
လုပ်နေသည်။အခုနောက်ပိုင်းအရက်
ဆိုင်တွေ barတွေဘာတွေလည်း
သူသိပ်မသွားတော့။ပိုက်ဆံကိုရေလို
သုံးနိုင်သည့် သူဌေးသားကရုတ်တရက်
ကြီးခင်ဗျား ဘာလို့ အဲ့လောက်
တောင်အလုပ်တွေ ကြိုးစားနေရတာ
လဲကျွန်တော် မေးတော့ ကိုယ့်ကလေး
ကို ကိုယ်ပဲတာဝန်ယူချင်လို့ပါတဲ့။
ကျွန်တော့်မှာ သူ့မျက်နှာကိုပဲကြည့်ပြီး
ဘာဆက်ပြောရမည် မသိတော့ပဲဖြစ်
ခဲ့ရသည်။
"အဆောင်ရှေ့ထိ ကိုယ်လိုက်ပို့ပေးရမလား"
"ကျွန်တော်က ကလေးလား"
သူက ကျွန်တော့်ကိုကြည့်နေလျက်
ပြုံးပါသည်။
"ကျွန်တော်သွားတော့မယ်။ခင်ဗျားလည်း
ကားကို ဂရုစိုက်ပြီးမောင်း"
ကျွန်တော်သူ့ကို ခပ်မြန်မြန်ပင်
နှုတ်ဆက်ပြီး ကားတံခါးကိုဖွင့်ဖို့
လက်လှမ်းလိုက်ချိန်ကိုစစ်ကြောင်းက
ကျွန်တော့် လက်ကောက်ဝတ်ကို
လှမ်းဆွဲလာသည်။
ကျွန်တော် အနောက်ပြန်လှည့်ကြည့်
လိုက်ပြီး အကြည့်ချင်းဆုံသွားချိန်သူက။
"မိုးမမိစေနဲ့"
သူ့မျက်နှာကို ကျွန်တော်ငေးရင်း
ခေါင်းညိတ်ပြလိုက်တော့မှ ဆွဲထား
သည့်လက်ကို သူလွှတ်ပေးသည်။
ကျွန်တော် ဘာမှမပြောတော့ပဲ ကား
ထဲကထွက်တာနဲ့ ထီးကိုအရင်ဖွင့်ပြီး
ကားတံခါး ပြန်ပိတ်လိုက်သည်။
မိုးရေစက်များနဲ့အတူ ချမ်းအေးလွန်းတဲ့
လေထုက ကျွန်တော့်အပေါ်သက်
ရောက်လာပါသည်။ကျွန်တော်
ကျောင်းအပေါက်ဝထဲကိုထီးဆောင်း
ကာ လျှောက်ပြီးဝင်လာတဲ့အချိန်ထိ
သူ မထွက်သွားသေး။ခပ်လှမ်းလှမ်းကို
ရောက်မှ မောင်းထွက်သွားသည့် သူ့
ကားသံကို ကျွန်တော်ကြားလိုက်ရသည်။
ခြေလှမ်းတွေကို ရပ်လိုက်ပြီးအနောက်
ကိုတစ်ချက်ပြန်လှည့်ကြည့်မိရင်း မိုးစက်
တွေကြားထဲမှာ ကျွန်တော်ပြုံးလိုက်မိ
သည်လား။
_______________________________
မေမီတို့က ကျွန်တော့်ကိုငါတို့လာ
နေပြီ အတန်းထဲမဝင်သေးနဲ့ စောင့်အုံး
လို့ဖုန်းဆက်ပြောလို့ ကျွန်တော်
အတန်းမသွားဖြစ်သေးပဲ လှေကား
နားမှာရပ်စောင့်နေဖြစ်သည်။တစ်
ယောက်ထဲယောင်ချာချာ ဖြစ်နေ
သည်မို့ ဖုန်းကိုထုတ်ပြီး ဟိုကြည့်
ဒီကြည့်လုပ်နေမိချိန် ကျွန်တော့်နား
ထဲကိုဝင်လာသည့် အသံတစ်ချို့။
"ဆေးကျောင်းသားနဲ့သတင်းထွက်တာ သူတဲ့"
"ဘယ်မှာလဲဟဲ့ အဲ့ကောင်လေးလား"
"အေ သေချာတယ်သူပဲ"
ကျွန်တော်ကပဲ နားပါးလွန်းနေတာ
လား ကျွန်တော့်အနောက်က
ကောင်မလေးတွေကပဲ အသံ
ကိုကျယ်ကျယ်ပြောနေတာလား
ကျွန်တော်မသိတော့ပါ။ဖုန်းကိုလက်ထဲ
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိပြီး
ကျွန်တော် မျက်နှာမပျက်အောင်
အားတင်းထားပေမဲ့ ဘယ်လိုမှမရ။
ကိုယ့်ဘက်ကမှန်နေပေမဲ့ ဘယ်
လောက်ပဲ ကျွန်တော်မေ့ထားချင်ခဲ့
ပေမဲ့လည်း ဖြစ်ခဲ့သည့်ကိစ္စတွေက
ကျောင်းစတက်ထဲက ပို၍ ကျွန်တော့်
ကို ရိုက်ခတ်လာသည်။
"ဟယ် ငယ်ငယ်လေးနဲ့ မထင်ရက်စရာ
အင်းပေါ့လေ ရုပ်လေးကလည်း
အကြွေဆင်လေးကို"
မသိချင်ယောင်ဆောင် မကြားချင်
ယောင်ဆောင်ရတာတွေများလာတော့
ကျွန်တော် ဒီတစ်ခါဘယ်လိုမှလစ်လျူ
မရှုနိုင်တော့ပဲ အနောက်လှည့်ကြည့်
လိုက်တော့ ကောင်မလေးတစ်စုက
မျက်စိမျက်နှာပျက်ကာ သူတို့အချင်း
ချင်းပဲ စကားပြောနေသလို ဖုန်းပဲ
ကြည့်နေသလိုလိုဖြစ်သွားသည်။
ကျွန်တော် လူတွေကိုကြောက်လွန်းလို့
တစ်ဖြည်းဖြည်းရှောင်ဖယ်ချင်လာပါသည်။
"ဆုလာဘ် နင်ဒီမှာဘာရပ်လုပ်နေ
တာလဲ သွားမယ်လေ"
ကျွန်တော့် သူငယ်ချင်းတွေ ဘယ်
အချိန်တုန်းကရောက်လာလဲတောင်
ကျွန်တော်ဂရုမပြုလိုက်မိ။
ဒီအတိုင်းရပ်နေဆဲဖြစ်သည့် ကျွန်တော့်
ကိုမေမီက မျက်နှာအရိပ်အခြေကြည့်
နေကာ အနောက်ကကောင်မလေး
တွေကိုမြင်ပြီးတာနဲ့ ကျွန်တော့်လက်ကို
ချိတ်ဆွဲပြီး အတန်းကိုခေါ်လာပေးသည်။
အနောက်မှာလည်း ချမ်းမြေ့နဲ့ ရည်မွန်
ကကပ်လိုက်လာပြီး ကျွန်တော့်မှာ
ဒီသူငယ်ချင်းတွေကြောင့်ပဲ စိတ်က
အားအင်ဖြစ်ရသည်။
"ဆုလာဘ်"
"ငါဘာမှမဖြစ်ဘူး"
မေမီ့ကို ကျွန်တော်ပြုံးပြကာ
ကျောပိုးအိတ်ကိုချွတ်ပြီး ထိုင်ခုံမှာ
ဝင်ထိုင် လိုက်သည်။ကျွန်တော်
အတန်းထဲက ဘယ်သူ့ကိုမှ
မကြည့်မိအောင်နေလိုက်ပြီး စာအုပ်
ထုတ်လိုက်ရင်းသာ ဆရာမပေးထား
တဲ့ပုစ္ဆာတွေ ပြန်တွက်ကြည့်နေ
လိုက်တယ်။
အတန်းထဲမှာ ထိုင်ကြတာလည်း
ကျွန်တော့်ကို အလယ်မှာထားပြီး
မေမီတို့သုံးယောက်က ဘေးမှာ
ထိုင်ကြတာ။ကျွန်တော်ဘာမှမဖြစ်ဘူး
ပြောနေတာတောင် ကျွန်တော့်ကို
စူးစမ်းပြီးကြည့်နေတဲ့ သူတွေရှိရင်
သူတို့ကဦးအောင် မိုက်ကြည့်ပြန်ကြည့်
ပေးပြီး ကျွန်တော့်အတွက်နဲ့အနေအေး
တဲ့ရည်မွန်ကပါ ရှေ့ကနေ ကာကွယ်ပေး
ထားသည်။ဘယ်လိုပဲယောကျာ်းလေး
ဖြစ်ပေမဲ့လည်း ကျွန်တော့်ကိုစိတ်အား
မငယ်အောင် အပြည့်အဝ အင်အားတွေ
ပေးကြသည့် သူငယ်ချင်းတွေရှိနေလို့
သာကျွန်တော်ဒီအခြေအနေမှာ ကျောင်း
ဆက်တက်ရဲတာ။ပြီးတော့ သူ့ကိုလုံးဝ
မပြောပြပါနဲ့လို့ ကျွန်တော်တောင်းပန်
ထားတာကိုလည်း လက်ခံပေးကြသည်။
တစ်စုံတစ်ယောက်အကြောင်း ခေါင်း
ထဲဝင်လာတော့ကျွန်တော် စိတ်တွေ
ပေါ့ပါးသွားသလိုရှိပြီး စာတွက်နေရင်း
နဲ့တောင် သူ့အကြောင်းတွေးနေမိ
သည်။ကျွန်တော်တို့နှစ်ယောက်ရဲ့
ပတ်သက်မှုကိုတော့ သူ့သူငယ်ချင်း
တွေနဲ့ ကျွန်တော့်သူငယ်ချင်းတွေက
လွဲလို့ ဘယ်သူမှမသိပါ။တစ်ခြားသူ့
ဘော်ဒါတွေနဲ့လည်း သူကျွန်တော့်ကို
မိတ်ဆက်ပေးထားပေမဲ့ ကျွန်တော်
လျို့ဝှက်ခိုင်းထားလို့ ကျွန်တော်တို့
ပတ်သက်မှုကို တစ်ခြားဘယ်သူမှမသိ။
သူနဲ့ကျွန်တော့်ကြား ပတ်သက်မှု
တစ်ခုမှာဘာတွေပြောင်းလဲ သွားလည်း
ဆိုတော့။အများကြီးပါပဲ။သူက ကျွန်
တော့်ကို အစ်ကိုတစ်ယောက်လိုမျိုးရော
ချစ်သူတစ်ယောက်လိုမျိုးရော စိတ်ဓာတ်
ပိုင်းဆိုင်ရာကို အားဖြစ်စေခဲ့တာ။ကျွန်
တော်ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ်
ယောကျာ်းလေးပါလို့ ဟစ်ကြွေးနေ
ပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်
ဒီအခြေအနေမှာ နေရမခက်တော့သည်
အထိသူ့ကိုများစွာ သံယောဇဉ်ဖြစ်နေ
မိပြီ။
ယောကျာ်းလေး နှစ်ယောက်ဖြစ်ကြတဲ့
ဆက်ဆံရေးမှာ ချုပ်နှောင်မှုတွေမရှိ
ကျွန်တော့်ဘက်ကပို၍ပင် အေးစက်
စက်နိုင်နေသည်ကို သူအပြစ်မမြင်ပါ။
အချိန်တိုင်း အတူမရှိနိုင်ပေမဲ့ သူ
ဘယ်သွားတယ် ဘာလုပ်တယ် ကျွန်
တော်မမေးသည့်တိုင်အောင် သူက
အရင်ပြောပြသည်။သူ့အပေါင်းအသင်း
တွေနဲ့လည်း ကျွန်တော်မသိသည့်သူ
ဆိုတာ သိပ်မရှိတော့တဲ့အထိ သူ့
ကိုယ်ပိုင်အချိန်တွေတိုင်းမှာ ဘယ်
သွားသွားကျွန်တော်ပါသည်။သူကိုယ်
တိုင်လည်း ကျွန်တော့်ကို လွတ်လပ်ခွင့်
အပြည့်အဝပေးထားပေမဲ့ တစ်ခါတစ်
လေ သူဘာဖြစ်မှန်း ကျွန်တော်သေချာ
မသိ။သူ့ကိုမပြောပြပဲနဲ့ ကိုဇော့်အိမ်ကို
အမြဲသွားနေတာမျိုး သူသိပ်မကြိုက်ဘူး။
သူနဲ့အတူရှိနေချိန် ကျွန်တော့်ကို
ကောင်လေးတစ်ချို့ကြည့်သွားရင်သူ
မကြိုက်ဘူး။ကျွန်တော်ကပြန်ကြည့်မိ
ရင်တော့ အဲ့ဒီမှာ ဘာမှလည်းမပြော
ပဲနဲ့ ဒေါသထွက်နေတဲ့မျက်နှာတည်
ကိုတစ်နေ့လုံးမြင်နေရတော့တာပဲ။
ဥပမာ သူမဟုတ်တဲ့ ဆိုင်ကယ်မောင်း
တဲ့ကောင်လေးတွေကို လိုက်ကြည့်မိ
တာမျိုးပေါ့။သူကျွန်တော့်ကို အတင်း
အကြပ်တော့တစ်ခါမှ မပိတ်ပင်ပါ။
ကျွန်တော့်ဘက်က သူ့ကိုအေးစက်
တာတွေရှိခဲ့ပေမဲ့ သူကတော့ ကျွန်
တော့်အပေါ်နားလည်ပေး သည်းခံပေးရင်း
ပဲ ကျွန်တော်တို့ပတ်သက်မှုကတည်မြဲ
နေပါသည်။ကျွန်တော်က သူ့ထက်
ငယ်နေလို့ပဲလား တော်ရုံဆိုကျွန်တော်
မှားရင်တောင်သူပဲအမြဲတမ်း အလျော့
ပေးခဲ့ပြီး  ကျွန်တော်ထင်ထားတာ
ထက်ကိုပိုပြီး သူကဒီပတ်သက်မှုကို
ကျွန်တော် နောက်ပြန်ဆုတ်ချင်တဲ့စိတ်
အခုချိန်ထိ မဝင်လာနိုင်သေးအောင်
လိုလေသေးမရှိ ထားခဲ့သည်။ကျွန်တော့်
ကို သူအမြဲအနိုင်ပေးထားသည်။
တစ်ခုပဲ။အရင်တစ်ခါတုန်းကကျွန်တော်
သူ့ကို ဘာရယ်မဟုတ်ပဲအသေးအဖွဲ
ကိစ္စနဲ့စိတ်ဆိုးပြီး စကားများတဲ့အချိန်
ပြတ်မယ် လို့ဒီအတိုင်း တစ်ခါလေး
ပဲပြောလိုက်မိတာပါ။အဲ့ဒီတုန်းက သူ့
ကိုယ်သူတောင် ထိန်းမရအောင်ဒေါသ
တွေ အကြီးအကျယ်ထွက်သွားသည့်
ကိုစစ်ကြောင်းရဲ့ ပုံစံကို ကျွန်တော်
အခုထိမမေ့နိုင်ဘူး။ကျွန်တော်တို့အပြင်
ထွက်တဲ့ အချိန်ဖြစ်နေတော့ကားတံခါး
ကမှန်ကို သူဒေါသထွက်ပြီးခပ်ကြမ်း
ကြမ်းထိုးလိုက်တာ ကျွန်တော်နှလုံးရပ်
တော့မတတ် ထိတ်လန့်ခဲ့ရသည်။
နောက်ဆုံး အဲ့ဒီစကားကိုဘယ်တော့မှ
မပြောတော့ပါဘူးလို့ ကျွန်တော်ကတိ
ပေးပြီးမှ သွေးစို့သွားသည့် သူ့လက်ကို
ပတ်တီးပြန်စီးပေးခဲ့ရသည်။သူ့ကား
လည်း အဲ့တုန်းကဆိုင်ပို့လိုက်ရပြီး
ကျွန်တော်သူ့ကိုကြောက်လို့ အဲ့ဒီ
စကားကို နောက်တစ်ခါဘယ်တော့မှ
စိတ်ဆိုးနေတဲ့အချိန်တောင် ယောင်လို့
ထပ်မပြောရဲတော့ဘူး။
ရည်မွန်တို့အတွဲလည်း စကားများတဲ့
အခါ ရည်မွန်ကကိုဝဏ္ဏကိုပြတ်မယ်
လို့ပြောတာ ကိုဝဏ္ဏကပြန်ချော့တာကို
ကျွန်တော်မြင်ဖူးလို့ သူများအတွဲတွေ
လို ပြောကြည့်လိုက်မိတာပါ။သူကျွန်
တော့်ကို အရာအားလုံး အလိုလိုက်
ထားပေမဲ့ အဲ့ဒီစကားပြောလိုက်မိတဲ့
အချိန် ဖြစ်သွားတဲ့သူ့ ပုံစံကိုကျွန်
တော်ပြန်မတွေးရဲတော့ဘူး။ကျွန်တော်
မျက်ရည်ကျနေတာကို သူမြင်တော့
ကျွန်တော့်ကို သူတင်းကြပ်စွာဖက်ထားပြီး
နောက်ဆုံးသူပြန်တောင်းပန်တာက…။
ကျွန်တော် သူ့မျက်နှာကိုကြည့်
ပြီး မျက်ရည်တွေမထိန်းနိုင်ခဲ့ဘူး။
ကျွန်တော်လည်း အဲ့ဒီနေ့မှာ
ပထမဆုံး အကြိမ်မြင်လိုက်ရတယ်
ကိုမင်းစစ်ကြောင်းရဲ့ တုန်လှုပ်နေတဲ့
ပုံကို။
သူကျွန်တော့်ကို အတင်းအကြပ်မလုပ်
ခဲ့ပေမဲ့ ကျွန်တော့်ရင်ထဲများစွာသော
ခံစားချက်တွေ ဝင်ရောက်ခဲ့ရတယ်။
အားငယ်နေတဲ့အချိန် ဘာကိုမှမစဉ်း
စားနိုင်တော့ပဲ မှီခိုချင်ခဲ့တဲ့ စိတ်တစ်ခု
ကြောင့်အနားမှာနေပေးပါလို့တောင်းဆို
ခဲ့မိတဲ့ ကျွန်တော့်ကိုကျွန်တော်ပဲ
အပြစ်တင်မိတယ်။ကျွန်တော်နားမ
လည်ဘူး။ကျွန်တော်က ဘာမို့လို့လဲ
ကျွန်တော်ကဘာမို့လို့။ကျွန်တော့်လို
ကောင်မျိုးက တစ်စုံတစ်ယောက်ရဲ့
ဘဝမှာ မရှိမဖြစ်ဖြစ်နေဖို့အတွက်
ထိုက်တန်ပါရဲ့လား။
____________________________
အိမ်ရှေ့ကြမ်းပြင်မှာ ကျွန်တော်
အကြာကြီးထိုင်စောင့်ကာနေနေပြီးတဲ့
အချိန်အဖေက အန်တီဆွေနဲ့တီဗီ
ကြည့်နေရာကနေ အနားယူတော့ဖို့ထင်
သူ့အခန်းဆီကိုခြေလှမ်းနေလေပြီ။
အဖေသူ့အခန်းဆီ မရောက်ခင်
ကျွန်တော်အနောက်ကနေ အမြန်လိုက်ပြီး။
"အဖေ"
ကျွန်တော်ခေါ်လိုက်တော့ အဖေက
အခန်းထဲဝင်မလို့ လုပ်နေရာကနေ
လှည့်ကြည့် လာပါသည်။
"အဖေ အိပ်တော့မှာလား"
"အေး ဘာဖြစ်လို့လဲ"
"တစ်ကယ် အိပ်တော့မှာလား။
ကျွန်တော့်ကိုဘာမှ ပြောစရာမရှိဘူးလား"
အဖေကကျွန်တော့်မျက်နှာကို
ဒီကောင်လေး ဘာတွေမေးနေလဲ
ပုံစံနဲ့သာ ကြည့်နေတာမို့ ကျွန်တော်
တစ်နေ့လုံးမျော်လင့်တကြီး စောင့်နေ
ခဲ့ရသည့် အားလျော့သွားမိတာက
တော့အမှန်ပင်။အဖေ မမှတ်မိတော့ဘူးပဲ။
"အဖေက ဘာပြောရမှာလဲ။ဘာကိစ္စ
ရှိလို့လဲ"
"ဘာ ဘာမှမဟုတ်တော့ပါဘူး။
အဲ့တာဆိုလည်းအဖေ အိပ်ပါတော့"
ကျွန်တော့်ကို တစ်ချက်ကြည့်လျက်သာ
အဖေက အခန်းတံခါးကိုဖွင့်ကာ သူ့
အခန်းထဲဝင်သွားပါသည်။အဖေ့အခန်း
ရှေ့မှာကျွန်တော်ရပ်နေရင်း အားလျော့
သွားသလိုဖြစ်မိချိန် အငယ်လေးက
သူ့အမေနဲ့ရုပ်ရှင်ကြည့်နေရာကနေ
ကျွန်တော့်ဆီပြေးလာသည်။ကျွန်တော့်
အနားမှာကပ်ကာ ပူဆာနေတဲ့အငယ်
လေးက သူနဲ့ကစားဖို့လာခေါ်နေပြီ။
ကျွန်တော်အားတက်သရောနဲ့ ကျွန်
တော့်ညီလေးကို ငုံ့ကြည့်လိုက်မိပြီး။
"အငယ်လေး မင်းငါ့ကို ဘာမှပြောစရာ
မရှိဘူးလား။ဒီနေ့က ဘာနေ့လဲ"
"ဘာပြောရမှာလဲ ဆော့မယ်လေ"
ကျွန်တော် သက်ပြင်းတွေ ချလိုက်မိချိန်
အငယ်လေးက ကျွန်တော့်မျက်နှာကို
နားမလည်သလိုမော့ကြည့်နေသည်။
အင်းလေ ကလေးက ဘာသိမှာလဲ။အရူး။
"သားငယ် အမေ့ဆီလာစမ်း"
"လာဘူး ဆုလာဘ်နဲ့ဆော့မလို့"
"အခုလာလို့ အမေပြောနေတယ်နော်။
အသံမကျယ်ချင်ဘူး သားငယ်"
သူ့အမေခေါ်နေလို့ အငယ်လေး
မျက်နှာမကောင်းဖြစ်သွားတာကိုမြင်ပြီး
ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရ
သည်။အခုနောက်ပိုင်း ကျွန်တော်အိမ်
ကိုပြန်ရောက်လာထဲက အန်တီဆွေက
အငယ်လေးကို ကျွန်တော်နဲ့ကစားနေ
တာမြင်ရင်တောင် မကြိုက်တဲ့ပုံစံမျိုး
လုပ်ပြီး ခေါ်ခေါ်သွားသည်။ကျွန်တော်
ဘာမှမပြောချင်တော့ပါ။ဒီအရွယ်ကလေး
က စိတ်ထဲမှတ်ပြီးသူ့အမေကိုအရမ်း
ကြောက်သွားမှာကိုပဲ ကျွန်တော်စိုးရိမ်
မိသည်။
အငယ်လေးကို မနက်ကျရင်အတူတူ
ကစားပေးမယ်လို့ ကျွန်တော်ချော့ပြော
ပြီး ထပ်မအော်ခင် သူ့အမေအနားကို
ပေးသွားလိုက်တော့ ကျွန်တော့်ညီလေး
ကနားထောင်ရှာပါသည်။ကျွန်တော်
လည်း အိမ်ရှေ့မှာမနေချင်တော့တာ
မို့လို့ ဆက်မထိုင်နေတော့ပဲလျှောက်
လာကာ ကျွန်တော့်အခန်းထဲကိုဝင်လာ
ခဲ့လိုက်သည်။စားပွဲပေါ်ကဖုန်းကိုယူပြီး
အိပ်ရာပေါ်လှဲကာကြည့်လိုက်တော့
ကျွန်တော့်ဖုန်းကခေါ်ဆိုသူ တစ်ယောက်
မှမရှိ။ကျွန်တော် ဒီနေ့တစ်နေ့လုံး
သူ့ဆီကနေဖုန်းကို မျှော်နေပေမဲ့
ကျွန်တော့်ဖုန်းထဲမှာ သူ့ဆီကအဝင်
call တစ်ခုလေးတောင် မရှိ။မက်ဆေ့
လေးတစ်စောင်တောင်မပို့ထား။ဘာလို့
လဲ။ကျွန်တော် ခင်ဗျားကိုစောင့်နေတယ်
လေ အလုပ်တွေများနေလို့လား။
ကျွန်တော် အလိုမကျတဲ့စိတ်ကြောင့်
မျက်မှောင်ကျုံ့လိုက်မိပြီး ဖုန်းကိုပိတ်
ပစ်လိုက်ကာ ဘေးမှာချထားလိုက်သည်။
ဖုန်းမဆက်လည်းနေပေါ့။ကျွန်တော်လည်း
စောင့်မနေပါဘူး။
ဘယ်လောက်ပဲ ယောကျာ်းလေးဆိုပေမဲ့
ဒီလိုနေ့မျိုးမှာ ဝမ်းတော့နည်းမိတယ်။
တစ်ယောက်ယောက်ကတော့ သိတယ်
ထင်ထားတာ။အထူးသဖြင့် သူ။အင်းလေ
ကိုယ့်အဖေတောင်မှ မမှတ်မိတော့တာ။
စောစောစီးစီး အိပ်တာပဲကောင်းပါတယ်။
ကျွန်တော် ဘာမှမတွေးမိအောင်
အိပ်ဖို့ပဲစဉ်းစားလိုက်ပြီး စောင်ကို
ခေါင်းထိခြုံကာမျက်လုံးတွေမှိတ်လိုက်
သည်။ဒီအချိန်က အိပ်ဖို့အတွက်စော
တော့စောသေးသည်။
ကျွန်တော်အိပ်ရာပေါ်မှာ အတော်ကြာ
လှဲနေရင်း မှေးခနဲတစ်ချက်ဖြစ်သွားပြီး
အိပ်ပျော်နေသလို အိမ်မက်မက်နေ
သလိုဖြစ်နေတဲ့အချိန် ကျွန်တော့်
အခန်းတံခါးကိုအပြင်က ခပ်ကြမ်းကြမ်း
ထုရိုက်သံကြားလိုက်ရသည်။
"ဟဲ့ဆုလာဘ် ငါခေါ်နေတာမကြား
ဘူးလား။ခြံရှေ့မှာနင့်သူငယ်ချင်း
မေမီရောက်နေတယ်"
အပြင်ကနေ မလုံးက ကျွန်တော့်ကို
အသံကျယ်နဲ့အော်ပြီးပြောနေတာ
ကြောင့် အိပ်ပျော်မလိုဖြစ်နေရာကနေ
ချက်ချင်း မျက်လုံးတွေပွင့်လာပြီး
ကျွန်တော်ထထိုင် လိုက်ရသည်။
ဘယ်ကနေ ဘယ်လိုမေမီက
ညဘက်ကြီး ကျွန်တော့် အိမ်ရှေ့ကို
ရောက်လာရတာလဲ။
ဘာအရေးကြီးလို့လဲ။ဖုန်းကိုမဆက်ပဲနဲ့
မေမီက သူကိုယ်တိုင်လာရအောင်။
ဘာအရေးကြီးနေမှန်းမသိတာကြောင့်
ကျွန်တော် အိပ်နေရာကနေ ချက်ချင်း
ပင်ကုန်းရုံးထပြီး အိမ်ရှေ့ကိုအလျင်
အမြန်ထွက်လာခဲ့လိုက်တယ်။ခြံပြင်
ကိုရောက်တော့ မေမီကသူ့ဆိုင်ကယ်
ကိုစက်မသတ်ရသေးပဲ ဆိုက်ကယ်
ပေါ်မှာထိုင်လျက်နဲ့ပင် အလောကြီးနေ
သည့်မျက်နှာနှင့်ဖြစ်နေသည်။
"မေမီ နင်ဘာကိစ္စလဲ ညကြီးမိုးချုပ်"
"ဆုလာဘ် ကိုစစ်ကြောင်းတို့အုပ်စု
ရန်ဖြစ်လို့တဲ့"
"ဘာ"
ကျွန်တော်ကြားကြားချင်း ရုတ်တရက်
လှိုက်တက်လာသည့် စိုးရိမ်စိတ်က
တစ်ကိုယ်လုံးကို ထူပူသွားသည်။
"ဘယ်လိုဖြစ်တာလဲ ဘယ်သူတွေနဲ့လဲ"
"မသိဘူး ငါ့ကို အခုပဲရည်မွန်ဖုန်းဆက်
ပြီးပြောပြလို့။ဆိုင်မှာဖြစ်ကြတာ ချိန်းပွဲ
တဲ့ သံတုတ်တွေနဲ့။အဲ့တာငါတို့လိုက်
သွားမလား နင်သွားချင်လား"
မေမီ့မျက်နှာကိုကြည့်ရင်း ကျွန်တော်
စိုးရိမ်စိတ်တွေကိုထိန်းမရ။သူအဲ့တာ
ကြောင့် ကျွန်တော့်ကိုတစ်နေကုန်
ဖုန်းမဆက်နိုင်တာပဲဖြစ်ရမယ်။
ခင်ဗျားကားထဲက သံတုတ်ကိုလက်တွေ့
အသုံးချလိုက်ပြီလား။ဘာကိစ္စမှန်းတော့
ကျွန်တော်မသိပေမဲ့ အကြောင်းမဲ့တော့
သူရန်ဖြစ်မှာမဟုတ်ဘူး။
"မသွားလို့ရမလား မေမီနင်အနောက်
ဆုတ် ငါမောင်းမယ်"
"နင်တစ်ကယ်သွားမှာလား ဆုလာဘ်။
ကိုစစ်ကြောင်းကို စိတ်ပူတာတော့ပူတာ
ပေါ့ နင်မကြောက်တော့ဘူးလား"
"အေး အဲ့ကောင်တွေအားလုံးငါနဲ့တွေ့မယ်"
ကျွန်တော်က စိတ်ပူနေပါတယ်ဆို
မေမီ့မျက်နှာက ဘာလို့မှန်းမသိ
ပြုံးချင်တာကို အောင့်ထားရသလို
ဖြစ်နေသည်။faလို့ပြောရင်လည်း
ကျွန်တော်ပဲမှားမယ် စိတ်ပူနေတဲ့
ဒီခံစားချက်ကို အစ်မတော်နားလည်
မှာမဟုတ်ဘူး။အလောကြီးနေသည့်
ကျွန်တော့်ကိုမေမီက အကဲခတ်နေ
သလို လိုက်ကြည့်နေပြီးမှ အနောက်
ဆုတ်ကာထိုင်လိုက်သည်။ကျွန်တော်
ဘာမှဂရုမစိုက်မိတော့။
ဆိုင်ကယ်ပေါ်ခွတက်ပြီး ကျွန်တော်
အလျင်အမြန်ပင် စက်နှိုးကာမောင်း
ထွက်လာခဲ့လိုက်သည်။
ကျွန်တော့်ဆီက ကြောက်တဲ့စိတ်တွေ
ဘယ်ရောက်နေမှန်းမသိဘူး။ကျွန်တော်
တို့အုပ်စုက တစ်ယောက်ထိရင်
အနောက်က အကုန်ပါတယ်ဆိုတာ
အဲ့ကောင်တွေသိစေရမယ်။ဘယ်သူ့
ဘက်က စလွန်လည်းဆိုတာမသိပေမဲ့
ကိုမင်းစစ်ကြောင်းကအမှန်ဆို အဲ့တာ
ကအမှန်။
ကျွန်တော့် ကိုမင်းစစ်ကြောင်းကို
ဘယ်သူက ထိရဲတာလဲ။စိတ်ချ
ခင်ဗျား ချစ်သူတော်ထားတဲ့သူက
ယောကျာ်းလေး။ကိုစစ်ကြောင်း
ကိုယ်ပေါ်မှာ ခြစ်ရာလေးတစ်ခုခုသာ
ရကြည့် အဲ့ဒီလူ ကျွန်တော်နဲ့အရင်ငြိမယ်။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Continue Reading
You'll Also Like
448K 27K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
587K 38.7K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
280K 2.8K 19
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
1M 55.4K 47