"ဟန္ကြမ္ကြၽင္း!"
တိမ္လႊာနန္းၿမိဳင္၏ စာၾကည့္ေဆာင္ထဲတြင္႐ွိေနေသာ လန္၀မ္က်ီး႐ွိရာသို႔ စာသင္သားငယ္ေလးႏွစ္ေယာက္ မေျပးရံုတမယ္ေရာက္လာၾကသည္။
"ယြင္႐ွစ္ပုက်ိက်ဴးမွာ ေအာ္ဟစ္တာကို တားျမစ္ထားတယ္"
ေရခဲတမ်ွေအးစက္ၿပီး ေက်ာက္စိမ္းကဲ့သို႔က်က္သေရအျပည့္ႏွင့္ လန္၀မ္က်ီးကေျပာလာသည္။ အသံက်ယ္က်ယ္ေျပာမိသည့္ လန္က်င့္ရီမွာေတာ့ ကိုယ့္ပါးစပ္ကို ပိတ္မိသြားသည္။
"ဟန္ကြမ္ကြၽင္း ဆရာတူညီေလး ယန္ကိုလာၾကည့္ေပးပါဦး"
လန္စစ္ေကြၽးက ႐ို႐ိုေသေသေျပာလာသည္။ လန္၀မ္က်ီးကေတာ့ အစဥ္မေျပာင္းလဲသည့္မ်က္ႏွာအမူအယာျဖင့္ပင္ စစ္ေကြၽးဘက္သို႔လည့္ၾကည့္လာသည္။ 'ဘာျဖစ္တာလဲ' ဆိုသည့္ အေမးသေဘာပါသည့္ အၾကည့္ကို စစ္ေကြၽးနားလည္စြာပင္ အလိုက္တသိေျဖလိုက္ပါ၏။
"အားယန္ ညခင္းေတာလိုက္ထြက္တာကေန ျပန္ေရာက္ၿပီးေတာ့ အတိတ္ေမ့သြားပံုပါပဲ။"
"ထူးထူးဆန္းဆန္းေတြလဲလုပ္တယ္။ ခုနကတင္ ကုတင္ေပၚကခုန္ခ်လိုက္တယ္ ဟန္ကြမ္ကြၽင္း"
ၾကားထဲက က်င့္ရီကပါ၀င္ေထာက္သည္။ စစ္ေကြၽးကလည္း ေထာက္ခံေၾကာင္းေခါင္းညႇိမ့္သည္။
လန္၀မ္က်ီးကေတာ့ စိတ္အလိုမက်စြာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ အရင္က ေအးေဆးတည္ၿငိမ္လွတဲ့ လန္႐ွင္းလ်န္က ကုတင္ေပၚကေန ခုန္ခ်တယ္ဆိုတာ မျဖစ္ႏိုင္သည့္အရာေပမို႔ လန္က်န္႔စဥ္းစားသြားရသည္။
"ေကာင္းၿပီ။ သြားၾကစို႔"
လန္၀မ္က်ီး ဖတ္လက္စစာအုပ္ကို ေသခ်ာပိတ္ၿပီး ဂိုဏ္းသားငယ္ေလး႐ွိရာအေဆာင္ဆီသို႔ သံုးေယာက္သားထြက္လာၾကသည္။
________________________________________
အိပ္ခန္းေဆာင္ငယ္ေလးထဲတြင္ေတာ့ အားယန္တစ္ျဖစ္လဲ ေ႐ွာင္႐ွင္းတစ္ေယာက္ အေတြးတို႔ကေယာက္ကယက္ျဖစ္ေနသည္။ ယုတၱိမရွိလွသည့္အျဖစ္အပ်က္ႂကီးတစ္ခုကို ေ႐ွာင္႐ွင္းဘယ္လိုစိတ္ႏွင့္ယံုၾကည္ရမည္နည္း။
'အန္တီေလးေရ ႐ွင္းဘာလုပ္ရမလဲ။ ဒါသာ အိပ္မက္မဟုတ္ရင္ ဒီေလာကႀကီးမွာ သမီးဘယ္လိုအသက္႐ွင္ရမလဲ'
ေ႐ွာင္႐ွင္းအားငယ္စြာေတြးမိသည္။ အစိမ္းသက္သက္ေလာကသစ္ႀကီးကို ႐ုတ္တရက္ေရာက္လာၿပီး အိမ္ျပန္ရန္လည္းမျဖစ္ႏိုင္သည့္အေျခအေနမွာ လူတိုင္းဒီလိုေတြးမိၾကမည္ထင္သည္။ အျမဲတမ္း စိတ္ကူးယဥ္ဖူးသည္ဆိုေပမဲ့ အမွန္တကယ္ျဖစ္လာသည့္အခါတြင္ေတာ့ ေၾကာက္စရာေကာင္းလွသည္ေလ။
တံခါးဖြင့္သံႏွင့္ အျပင္မွ၀င္လာသည့္ ေလေအးေအးတို႔ေၾကာင့္ ေရွာင္႐ွင္း၏အေတြးစမ်ား ျပတ္သြားရပါသည္။
"အားယန္ ဟန္ကြမ္ကြၽင္း ေရာက္လာၿပီ"
ပယင္းေရာင္မ်က္လံုး ႏွင္းပြင့္ကဲ့သို႔အသားအရည္ နက္ေမွာင္သည့္ဆံႏြယ္႐ွည္တို္ႏွင့္ ဤလူသားမွာ ဘယ္သူဆိုတာ ေ႐ွာင္႐ွင္းသိလိုက္ပါ၏။ ကူစူးလန္၏ေက်ာက္စိမ္းႏွစ္ဆူထဲမွ ဒုတိယလန္သခင္ေလး လန္၀မ္က်ီး ေခၚ ဟန္ကြမ္ကြၽင္း ကိုေ႐ွာင္႐ွင္း အႀကိမ္မ်ားစြာ phone screen ထဲတြင္ေတြ႔ဖူးပါ၏။ သို႔ေသာ္ လက္ေတြ႔ လူစင္စစ္ အေကာင္အထည္လိုက္ေတြ႕ရသည္အခါမွာေတာ့ ေ႐ွာင္႐ွင္းတစ္ေယာက္အသက္႐ွဴဖို႔ပင္ေမ့သြားရပါသည္။
'ဟန္ကြမ္ကြၽင္းကေခ်ာလိုက္တာ.... ေကာင္းကင္ဘံုေပၚကဆင္းလာတဲ့သူအတိုင္းပဲ'
လန္၀မ္က်ီးကိုေငးၾကည့္ေနေသာ ေ႐ွာင္႐ွင္းကို က်င့္ရီကအသာတို႔လိုက္သည္။
"ဆရာတူညီေလးယန္.."
"ဟ-ဟင္ အင္း"
အသိစိတ္ျပန္၀င္လာေသာ အားယန္ကိုေတြ႔မွ စစ္ေကြၽးေကာ က်င့္ရီပါသက္ျပင္းခ်မိသည္။
"ဘယ္လိုျဖစ္တာလဲ"
လန္၀မ္က်ီးက အားယန္ကိုၾကည့္၍ေမးလိုက္သည္။ ျသ႐ွ႐ွအသံေၾကာင့္ လန္၀မ္က်ီးကို အားယန္ေမာ့ၾကည့္မိသည္။
"ကြၽန္ေတာ့လည္း...မသိဘူး"
အားယန္တစ္ေယာက္ ငူငိုင္စြာေျပာလာသည္။ အမွန္ပင္ ျဖစ္ပ်က္ေနသည္မ်ားကို မသိဟန္ပင္။
"အတိတ္ေမ့ေနတာလား အားယန္။ ဘာတစ္ခုမွကိုမမွတ္မိဘူးလား"
လန္စစ္ေကြၽးကေတာ့ ေမးခဲ့ႁပီးေသာေမးခြန္းကိုပဲ ေသခ်ာေအာင္ျပန္ေမးၾကည့္ေနေလသည္။
_______________________________________
'ငါက တစ္ျခားကမာၻကလာတယ္ဆုိတဲ့ ကိစၥကိုအမွန္အတိုင္းေျပာလိုက္ရင္ ယံုၾကမွာမဟုတ္ဖူး။ ဘယ္လိုေရာက္လာမွန္းေတာင္မသိတာ ျပန္ဖို႔ဆိုတာကေ၀လာေ၀း။ ဒီမွာငါသိတာဘာမွလည္းမ႐ွိဘူးဆိုေတာ့ သူတို႔ေျပာတဲ့အတိုင္း ၀ါးတားေဖာလိုး ဖစ္႐ွ္ေဖာလိုးရမွာပဲ။ အတိတ္ေမ့တယ္ဆိုတာ အေၾကာင္းျပခ်က္ေကာင္းပဲေလ။ ဟူး လုပ္လိုက္ေတာ့ အား႐ွင္းေရ'
မဟာအႂကံအစည္ႀကီးကို ေတြးၿပီးေနာက္ အား႐ွင္းတစ္ေယာက္ဒီ Mo Dao Zu Shi ဇာတ္ထုပ္ႀကီးထဲပါ၀င္ကဖို႔ဆံုးျဖတ္လိုက္သည္။
"တစ္ကယ္ဘာမွမမွတ္မိပါဘူး"
____into the cultivation world____________
Author Note:
လန္႐ွင္းလ်န္ဆိုတာ အားယန္ရဲ႕နာမည္အရင္းပါ။
Mdzs ကိုဖတ္ဖူး၊ၾကည့္ဖူးၾကတဲ့သူေတြတိုင္း နာမည္ႏွစ္ခုအေၾကာင္းသိၾကမွာပါ။
______________________________________
[Unicode]
"ဟန်ကွမ်ကျွင်း!"
တိမ်လွှာနန်းမြိုင်၏ စာကြည့်ဆောင်ထဲတွင်ရှိနေသော လန်ဝမ်ကျီးရှိရာသို့ စာသင်သားငယ်လေးနှစ်ယောက် မပြေးရုံတမယ်ရောက်လာကြသည်။
"ယွင်ရှစ်ပုကျိကျူးမှာ အော်ဟစ်တာကို တားမြစ်ထားတယ်"
ရေခဲတမျှအေးစက်ပြီး ကျောက်စိမ်းကဲ့သို့ကျက်သရေအပြည့်နှင့် လန်ဝမ်ကျီးကပြောလာသည်။ အသံကျယ်ကျယ်ပြောမိသည့် လန်ကျင့်ရီမှာတော့ ကိုယ့်ပါးစပ်ကို ပိတ်မိသွားသည်။
"ဟန်ကွမ်ကျွင်း ဆရာတူညီလေး ယန်ကိုလာကြည့်ပေးပါဦး"
လန်စစ်ကျွေးက ရိုရိုသေသေပြောလာသည်။ လန်ဝမ်ကျီးကတော့ အစဉ်မပြောင်းလဲသည့်မျက်နှာအမူအယာဖြင့်ပင် စစ်ကျွေးဘက်သို့လည့်ကြည့်လာသည်။ 'ဘာဖြစ်တာလဲ' ဆိုသည့် အမေးသဘောပါသည့် အကြည့်ကို စစ်ကျွေးနားလည်စွာပင် အလိုက်တသိဖြေလိုက်ပါ၏။
"အားယန် ညခင်းတောလိုက်ထွက်တာကနေ ပြန်ရောက်ပြီးတော့ အတိတ်မေ့သွားပုံပါပဲ။"
"ထူးထူးဆန်းဆန်းတွေလဲလုပ်တယ်။ ခုနကတင် ကုတင်ပေါ်ကခုန်ချလိုက်တယ် ဟန်ကွမ်ကျွင်း"
ကြားထဲက ကျင့်ရီကပါဝင်ထောက်သည်။ စစ်ကျွေးကလည်း ထောက်ခံကြောင်းခေါင်းညှိမ့်သည်။
လန်ဝမ်ကျီးကတော့ စိတ်အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။ အရင်က အေးဆေးတည်ငြိမ်လှတဲ့ လန်ရှင်းလျန်က ကုတင်ပေါ်ကနေ ခုန်ချတယ်ဆိုတာ မဖြစ်နိုင်သည့်အရာပေမို့ လန်ကျန့်စဉ်းစားသွားရသည်။
"ကောင်းပြီ။ သွားကြစို့"
လန်ဝမ်ကျီး ဖတ်လက်စစာအုပ်ကို သေချာပိတ်ပြီး ဂိုဏ်းသားငယ်လေးရှိရာအဆောင်ဆီသို့ သုံးယောက်သားထွက်လာကြသည်။
________________________________________
အိပ်ခန်းဆောင်ငယ်လေးထဲတွင်တော့ အားယန်တစ်ဖြစ်လဲ ရှောင်ရှင်းတစ်ယောက် အတွေးတို့ကယောက်ကယက်ဖြစ်နေသည်။ ယုတ္တိမရှိလှသည့်အဖြစ်အပျက်ကြီးတစ်ခုကို ရှောင်ရှင်းဘယ်လိုစိတ်နှင့်ယုံကြည်ရမည်နည်း။
'အန်တီလေးရေ ရှင်းဘာလုပ်ရမလဲ။ ဒါသာ အိပ်မက်မဟုတ်ရင် ဒီလောကကြီးမှာ သမီးဘယ်လိုအသက်ရှင်ရမလဲ'
ရှောင်ရှင်းအားငယ်စွာတွေးမိသည်။ အစိမ်းသက်သက်လောကသစ်ကြီးကို ရုတ်တရက်ရောက်လာပြီး အိမ်ပြန်ရန်လည်းမဖြစ်နိုင်သည့်အခြေအနေမှာ လူတိုင်းဒီလိုတွေးမိကြမည်ထင်သည်။ အမြဲတမ်း စိတ်ကူးယဉ်ဖူးသည်ဆိုပေမဲ့ အမှန်တကယ်ဖြစ်လာသည့်အခါတွင်တော့ ကြောက်စရာကောင်းလှသည်လေ။
တံခါးဖွင့်သံနှင့် အပြင်မှဝင်လာသည့် လေအေးအေးတို့ကြောင့် ရှောင်ရှင်း၏အတွေးစများ ပြတ်သွားရပါသည်။
"အားယန် ဟန်ကွမ်ကျွင်း ရောက်လာပြီ"
ပယင်းရောင်မျက်လုံး နှင်းပွင့်ကဲ့သို့အသားအရည် နက်မှောင်သည့်ဆံနွယ်ရှည်တိုနှင့် ဤလူသားမှာ ဘယ်သူဆိုတာ ရှောင်ရှင်းသိလိုက်ပါ၏။ ကူစူးလန်၏ကျောက်စိမ်းနှစ်ဆူထဲမှ ဒုတိယလန်သခင်လေး လန်ဝမ်ကျီး ခေါ် ဟန်ကွမ်ကျွင်း ကိုရှောင်ရှင်း အကြိမ်များစွာ phone screen ထဲတွင်တွေ့ဖူးပါ၏။ သို့သော် လက်တွေ့ လူစင်စစ် အကောင်အထည်လိုက်တွေ့ရသည်အခါမှာတော့ ရှောင်ရှင်းတစ်ယောက်အသက်ရှူဖို့ပင်မေ့သွားရပါသည်။
'ဟန်ကွမ်ကျွင်းကချောလိုက်တာ.... ကောင်းကင်ဘုံပေါ်ကဆင်းလာတဲ့သူအတိုင်းပဲ'
လန်ဝမ်ကျီးကိုငေးကြည့်နေသော ရှောင်ရှင်းကို ကျင့်ရီကအသာတို့လိုက်သည်။
"ဆရာတူညီလေးယန်.."
"ဟ-ဟင် အင်း"
အသိစိတ်ပြန်ဝင်လာသော အားယန်ကိုတွေ့မှ စစ်ကျွေးကော ကျင့်ရီပါသက်ပြင်းချမိသည်။
"ဘယ်လိုဖြစ်တာလဲ"
လန်ဝမ်ကျီးက အားယန်ကိုကြည့်၍မေးလိုက်သည်။ သြရှရှအသံကြောင့် လန်ဝမ်ကျီးကို အားယန်မော့ကြည့်မိသည်။
"ကျွန်တော့လည်း...မသိဘူး"
အားယန်တစ်ယောက် ငူငိုင်စွာပြောလာသည်။ အမှန်ပင် ဖြစ်ပျက်နေသည်များကို မသိဟန်ပင်။
"အတိတ်မေ့နေတာလား အားယန်။ ဘာတစ်ခုမှကိုမမှတ်မိဘူးလား"
လန်စစ်ကျွေးကတော့ မေးခဲ့ပြီးသောမေးခွန်းကိုပဲ သေချာအောင်ပြန်မေးကြည့်နေလေသည်။
_______________________________________
'ငါက တစ်ခြားကမ္ဘာကလာတယ်ဆိုတဲ့ ကိစ္စကိုအမှန်အတိုင်းပြောလိုက်ရင် ယုံကြမှာမဟုတ်ဖူး။ ဘယ်လိုရောက်လာမှန်းတောင်မသိတာ ပြန်ဖို့ဆိုတာကဝေလာဝေး။ ဒီမှာငါသိတာဘာမှလည်းမရှိဘူးဆိုတော့ သူတို့ပြောတဲ့အတိုင်း ဝါးတားဖောလိုး ဖစ်ရှ်ဖောလိုးရမှာပဲ။ အတိတ်မေ့တယ်ဆိုတာ အကြောင်းပြချက်ကောင်းပဲလေ။ ဟူး လုပ်လိုက်တော့ အားရှင်းရေ'
မဟာအကြံအစည်ကြီးကို တွေးပြီးနောက် အားရှင်းတစ်ယောက်ဒီ Mo Dao Zu Shi ဇာတ်ထုပ်ကြီးထဲပါဝင်ကဖို့ဆုံးဖြတ်လိုက်သည်။
"တစ်ကယ်ဘာမှမမှတ်မိပါဘူး"
____into the cultivation world___________
Author Note:
လန်ရှင်းလျန်ဆိုတာ အားယန်ရဲ့နာမည်အရင်းပါ။
Mdzs ကိုဖတ်ဖူး၊ကြည့်ဖူးကြတဲ့သူတွေတိုင်း နာမည်နှစ်ခုအကြောင်းသိကြမှာပါ။