Have You Ever Been In Love?

By Apyone237

130K 10.6K 245

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ဆိုတဲ့ လူသားလေးနှစ်ယောက်ကြားက ပေါက်ဖွားလာတဲ့ မတူညီတဲ့ ချစ်ခြင်းနှစ်ခုကို ရိုးရိုးရှင... More

Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part(12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20) 🚨
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)🚨
Part (33)
Part (34)⚠
Part (35)Final

Part (11)

3.1K 300 1
By Apyone237

Unicode

ရှောင်းကျန့်ရုံးကို ရောက်တော့ ဝန်ထမ်းမိန်းကလေးတွေက ကျွတ်စီကျွတ်စီနဲ့ စကားတွေပြောရင်း ငြင်းခုံနေကြတယ်။

"ရှောင်းကျန့်ကောကော ဝမ်ရိပေါ်ကိုသိလား"

"ဟမ်"

သူ့လုပ်ဖော်ကိုင်ဖက် ညီမလေးက ရှောင်းကျန့်ကို မေးလာတော့ ရှောင်းကျန့်လန့်သွားတယ်။

"သိသလိုလိုပဲ...ဘာလို့လဲ"

"သူ့အကြောင်းပြောနေကြတာလေ ကောသူက အရမ်းချောတာပဲ ကြည့်ကြည့်...ချောတယ်မလား။"

"အေး...ချောပါတယ်"

"မနေ့က သူ့အင်တာဗျူးတစ်ခုတက်လာလို့ ညီမလေးတို့ ကြည့်နေကြတာ။ ကောကိုဖွင့်ပြမယ်"

"Interviewer: ရိပေါ်ရဲ့ ideal type ကဘယ်လိုမိန်းကလေးမျိုးလဲ။

WYB: အင်း ideal type ရယ်လို့မရှိပါဘူး ကျွန်​တော်ချစ်ရင်ပြီးတာပဲ။

Interviewer: ရိပေါ်က ကိုယ့်ထက်အသက်ကြီးတာကို ကြိုက်လားငယ်တာကြိုက်လား။

WYB: သေချာပေါက်ကျွန်​တော့်ထက်ကြီးတာပေါ့။

Interviewer: ဆံပင်အတိုအရှည်

WYB: ဆံပင်အတို...အရပ်ရှည်ရှည်...နှုတ်ခမ်းလှလှ...အင်းယုန်သွားလေးနဲ့ဆို ချစ်ဖို့ကောင်းမယ်။ နှုတ်ခမ်းအောက်မှာမှဲ့​လေးပါရင်တော့ လုံးဝပြည့်စုံသွားပြီ အရမ်းလှသွားမှာ။

Interviewer: ရိပေါ်အကြိုက်ကအသေးစိတ်ကျလိုက်တာ။ ခုသဘောကျတဲ့သူတွေ့နေပြီလား။

WYB: တွေ့နေပြီပဲပြောရမှာပေါ့ ကျွန်တော်ကတစ်ဖတ်သတ်ပါ သူကတော့ ကျွန်တော့ကို ပြန်မကြိုက်ဘူးဗျ။

Interviewer:မိန်းကလေးတိုင်းသဘောကျတဲ့ ရိပေါ်ကို ငြင်းတဲ့မိန်းကလေးက ဘယ်သူများပါလိမ့်နော်...။

videoပြီးခါနီးမှာ ရိပေါ်က ကင်မရာကိုတည့်တည့်ကြီးပြီး သူ့မူပိုင် it's me အပြုံးကြီးနဲ့ပြုံးလိုက်တော့ ရှောင်းကျန့် ပူထူပြီး မျက်နှာကြီးရဲလာကာ အနားကရေဘူးကိုအရှက်​ပြေ ယူသောက်လိုက်တယ်။

"ရှောင်းကျန့်ကောကော...ညီမလေးရယ်ရတာတစ်ခုပြောပြမယ်...."

"အင်း"

ရှောင်းကျန့် ရေသောက်နေရင်းက ခေါင်းညိတ်ပြလိုက်တယ်။

"ခုနကလေ ဒီvideo ကိုကြည့်ပြီးတော့ ဝမ်ရိပေါ်ပြောတဲ့ မိန်းကလေးပုံကို စဥ်းစားလိုက်တာ ရှောင်းကျန့်ကောကောကို ပြေးမြင်မိတယ်သိလား....ဟားဟား"

"ဖူး...အဟွတ်...အဟွတ်"

ရှောင်းကျန့် လန့်ပြီးရေတွေတောင်သီးကုန်တယ်။ နဂိုထဲက မလုံမလဲဖြစ်နေတာကို သူပြောလိုက်တော့ ပိိုဆိုးသွားတယ်။

"ကောကလဲ စတာပါ...စိတ်မဆိုးနဲ့နော်...တကယ်ဆို...သူပြောတဲ့ ယုန်သွားလေးနဲ့ မှဲ့လေးက ကောကောမှာ ရှိတာပဲဟာ...ဒါပေမဲ့ကောကယောကျ်ားလေး...ဟဲဟဲ..."

"တော်ပါတော့ဟာ...boss မြင်ရင်အလုပ်မလုပ်ဘဲ စကား​ပြောနေရင် ဆူနေလိမ့်မယ် အလုပ်သွားလုပ်တော့"

"ဟုတ်ပါပြီ ကောကလဲ"

ဝမ်ရိပေါ်...ဝမ်ရိပေါ်...တော်​တော်မလွယ်တဲ့ကောင်လေးပဲ ငါ့ပါလက်ဆွဲပြီးခေါ်မသွားတာကံကောင်း......ရှောင်းကျန့်မင်းကလဲ ဘာဖြစ်နေတာလဲ ကျေနပ်နေတာလား...မင်းရူးနေလားမင်း....။
_______________________
ရှောင်းကျန့် အိမ်ပြန်လာတော့ အရှေ့မှာ ရိပေါ်က ရပ်စောင့်နေတယ်။

"ရိပေါ်"

"ကျန့်ကော..."

"လာအိမ်ထဲလိုက်ခဲ့"

အိမ်ထဲလိုက်ခဲ့တဲ့ ကျန့်ကောကတော့ လူကိုရင်ခုန်အောင်သိပ်လုပ်တယ်။

"ရိပေါ် ငါမင်းရဲ့ interview ကြည့်ပြီးပြီ။"

"ဟုတ်လားကောင်းတာပေါ့"

"မင်းကအဲ့လိုကြီးပြောတော့ လူတွေတစ်မျိုးထင်မှာပေါ့ကွ။"

"ထင်လဲကျွန်တော်ဂရုမစိုက်ပါဘူး။"

"မင်းကတော့ကွာ....."

"ကျန့်ကောအဲ့တာထက် ကျွန်တော်ပြောစရာရှိတယ် မနက်ဖြန်ကျွန်တော်ဆိုင်ကယ်ပြိုင်ပွဲဝင်ရမှာ"

"ဟုတ်လား ဘယ်ကပွဲလဲ"

"YAMAHA ကပွဲပါ။ ကျွန်တော့်idol Rossieတောင် ကျွန်တော့အတွက် ဆုတောင်းပေးထားတယ်။ ကောလဲ ကျွန်တော့အတွက်ဆုတောင်းပေး"

"အင်း...ပထမဆုရပါစေ။ တကယ်တော့ ဆုမရလဲ ကိစ္စမရှိပါဘူး ဂရုစိုက်ပါ ဒဏ်ရာမရစေနဲ့"

"ဟုတ်ကဲ့ ကျန့်ကော ကျွန်တော်ကို ဖက်ခွင့်ပြုပါလား"

"အာ..."

"နော်....နော်"

"အင်း"

ရိပေါ်သူ့ကိုကိုရဲ့ ကိုယ်လုံးပိန်ပိန်လေးကို သိမ်းကျုံးပြီးဖက်လိုက်တယ်။

"အားပြည့်သွားပြီ မနက်ဖြန် ပထမဆုယူခဲ့မယ်နော် ကျန့်ကော"

"အင်း...fighting"

ရိပေါ် ပျော်တယ် သူ့ကိုကိုကို ခဏလေးဖက်ခွင့်ရလိုက်တယ်။ စက္ကန့်ပိုင်းလောက်ပဲ ဆိုပေမဲ့ သူ့ကိုကိုရဲ့ ကိုယ်သင်းရနံလေးကို ခိုးရှူခဲ့တယ်။ တကယ့်ကို မနက်ဖြန် အတွက်အင်အားတွေပြည့်သွားပြီ။
______________________
ဒီနေ့ ရှောင်းကျန့် နေမထိထိုင်မသာ ဖြစ်နေတယ်။ သူရိပေါ်ရဲ့ ပြိုင်ပွဲကိုကြည့်ချင်တယ်။ ဒါပေမဲ့ အလုပ်ကိစ္စနဲ့ ကိုးရီးယားကို သွားဖို့ကလဲရှိတယ်။ Seoulမှာ လုပ်မဲ့ဒီဇိုင်းပြပွဲအတွက် boss က သူ့ဒီဇိုင်းကိုရွေးထားတော့ သူမလိုက်လို့ကလဲမရ။

"ရှောင်းကျန့် သွားရအောင်"

"ဟုတ်ကဲ့ boss"

ရှောင်းကျန့် ရိပေါ် အဆင်ပြေပြေနဲ့ ပြိုင်ပွဲပီးသွားအောင်သာ ဆုတောင်းနေလိုက်တယ်။

ရှောင်းကျန့် Seoul ရောက်တဲ့ထိ စိတ်တွေလေးနေတယ်။ သူကိုယ်တိုင်ဘာဖြစ်မှန်းမသိ။ ဒီအချိန်လောက်ဆို ရိပေါ်ရဲ့ ပြိုင်ပွဲလဲပြီးသွားလောက်ပြီ။ သူ့မှာဖုန်းလေးကိုင်ဖို့တောင် အချိန်မပေးနိုင်သေးဘူး။

ဒီလိုနဲ့ပဲ ရှောင်းကျန့်တစ်​ယောက်ကိုးရီးယားမှာ တစ်ပတ်လောက်ကြာသွားတယ်။

ဒီဇိုင်းပြပွဲမှာ ရှောင်းကျန့်ရဲ့ ဒီဇိုင်းက တော်တော်လူကြိုက်များခဲ့တယ်။ ဟိုကဒီက ရှောင်းကျန့်ကို ကမ်းလှမ်းကြတာ အတော်များများပဲ။ ရှောင်းကျန့်ကတော့ ယဥ်ယဥ်ကျေးကျေးပဲ ငြင်းခဲ့တယ်။

ရှောင်းကျန့် Beijing ကိုပြန်ရောက်ရောက်ချင်း ဖုန်းဖွင့်ကြည့်လိုက်တယ်။ ရိပေါ်ရဲ့ ပြိုင်ပွဲမှာ accident ဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့ သတင်းက ရင်ဝကို​ဆောင့်ကန်လိုက်သလိုပဲ။ ရှောင်းကျန့်အထုပ်တွေတောင် နေရာမချနိုင်ဘဲ ချက်ချင်းပြေးထွက်သွားတယ်။

"ကျေးဇူးပြုပြီး ရိပေါ်ဘာမှမဖြစ်ပါစေနဲ့"

#peterpan

Zawgyi

ေ႐ွာင္းက်န္႔႐ုံးကို ေရာက္ေတာ့ ဝန္ထမ္းမိန္းကေလးေတြက ကြၽတ္စီကြၽတ္စီနဲ႔ စကားေတြေျပာရင္း ျငင္းခုံေနၾကတယ္။

"ေ႐ွာင္းက်န္႔ေကာေကာ ဝမ္ရိေပၚကိုသိလား"

"ဟမ္"

သူ႕လုပ္ေဖာ္ကိုင္ဖက္ ညီမေလးက ေ႐ွာင္းက်န္႔ကို ေမးလာေတာ့ ေ႐ွာင္းက်န္႔လန္႔သြားတယ္။

"သိသလိုလိုပဲ...ဘာလို႔လဲ"

"သူ႕အေၾကာင္းေျပာေနၾကတာေလ ေကာသူက အရမ္းေခ်ာတာပဲ ၾကည့္ၾကည့္...ေခ်ာတယ္မလား။"

"ေအး...ေခ်ာပါတယ္"

"မေန႔က သူ႕အင္တာဗ်ဴးတစ္ခုတက္လာလို႔ ညီမေလးတို႔ ၾကည့္ေနၾကတာ။ ေကာကိုဖြင့္ျပမယ္"

"Interviewer: ရိေပၚရဲ႕ ideal type ကဘယ္လိုမိန္းကေလးမ်ိဳးလဲ။

WYB: အင္း ideal type ရယ္လို႔မ႐ွိပါဘူး ကြၽန္​ေတာ္ခ်စ္ရင္ၿပီးတာပဲ။

Interviewer: ရိေပၚက ကိုယ့္ထက္အသက္ႀကီးတာကို ႀကိဳက္လားငယ္တာႀကိဳက္လား။

WYB: ေသခ်ာေပါက္ကြၽန္​ေတာ္႕ထက္ႀကီးတာေပါ့။

Interviewer: ဆံပင္အတိုအ႐ွည္

WYB: ဆံပင္အတို...အရပ္႐ွည္႐ွည္...ႏႈတ္ခမ္းလွလွ...အင္းယုန္သြားေလးနဲ႔ဆို ခ်စ္ဖို႔ေကာင္းမယ္။ ႏႈတ္ခမ္းေအာက္မွာမွဲ႔​ေလးပါရင္ေတာ့ လုံးဝျပည့္စုံသြားၿပီ အရမ္းလွသြားမွာ။

Interviewer: ရိေပၚအႀကိဳက္ကအေသးစိတ္က်လိုက္တာ။ ခုသေဘာက်တဲ့သူေတြ႕ေနၿပီလား။

WYB: ေတြ႕ေနၿပီပဲေျပာရမွာေပါ့ ကြၽန္ေတာ္ကတစ္ဖတ္သတ္ပါ သူကေတာ့ ကြၽန္ေတာ့ကို ျပန္မႀကိဳက္ဘူးဗ်။

Interviewer:မိန္းကေလးတိုင္းသေဘာက်တဲ့ ရိေပၚကို ျငင္းတဲ့မိန္းကေလးက ဘယ္သူမ်ားပါလိမ့္ေနာ္...။

videoၿပီးခါနီးမွာ ရိေပၚက ကင္မရာကိုတည့္တည့္ႀကီးၿပီး သူ႕မူပိုင္ it's me အျပဳံးႀကီးနဲ႔ျပဳံးလိုက္ေတာ့ ေ႐ွာင္းက်န္႔ ပူထူၿပီး မ်က္ႏွာႀကီးရဲလာကာ အနားကေရဘူးကိုအ႐ွက္​ေျပ ယူေသာက္လိုက္တယ္။

"ေ႐ွာင္းက်န္႔ေကာေကာ...ညီမေလးရယ္ရတာတစ္ခုေျပာျပမယ္...."

"အင္း"

ေ႐ွာင္းက်န္႔ ေရေသာက္ေနရင္းက ေခါင္းညိတ္ျပလိုက္တယ္။

"ခုနကေလ ဒီvideo ကိုၾကည့္ၿပီးေတာ့ ဝမ္ရိေပၚေျပာတဲ့ မိန္းကေလးပုံကို စဥ္းစားလိုက္တာ ေ႐ွာင္းက်န္႔ေကာေကာကို ေျပးျမင္မိတယ္သိလား....ဟားဟား"

"ဖူး...အဟြတ္...အဟြတ္"

ေ႐ွာင္းက်န္႔ လန္႔ၿပီးေရေတြေတာင္သီးကုန္တယ္။ နဂိုထဲက မလုံမလဲျဖစ္ေနတာကို သူေျပာလိုက္ေတာ့ ပိိဳဆိုးသြားတယ္။

"ေကာကလဲ စတာပါ...စိတ္မဆိုးနဲ႔ေနာ္...တကယ္ဆို...သူေျပာတဲ့ ယုန္သြားေလးနဲ႔ မွဲ႔ေလးက ေကာေကာမွာ ႐ွိတာပဲဟာ...ဒါေပမဲ့ေကာကေယာက်္ားေလး...ဟဲဟဲ..."

"ေတာ္ပါေတာ့ဟာ...boss ျမင္ရင္အလုပ္မလုပ္ဘဲ စကား​ေျပာေနရင္ ဆူေနလိမ့္မယ္ အလုပ္သြားလုပ္ေတာ့"

"ဟုတ္ပါၿပီ ေကာကလဲ"

ဝမ္ရိေပၚ...ဝမ္ရိေပၚ...ေတာ္​ေတာ္မလြယ္တဲ့ေကာင္ေလးပဲ ငါ့ပါလက္ဆြဲၿပီးေခၚမသြားတာကံေကာင္း......ေ႐ွာင္းက်န္႔မင္းကလဲ ဘာျဖစ္ေနတာလဲ ေက်နပ္ေနတာလား...မင္း႐ူးေနလားမင္း....။
_______________________
ေ႐ွာင္းက်န္႔ အိမ္ျပန္လာေတာ့ အေ႐ွ႕မွာ ရိေပၚက ရပ္ေစာင့္ေနတယ္။

"ရိေပၚ"

"က်န္႔ေကာ..."

"လာအိမ္ထဲလိုက္ခဲ့"

အိမ္ထဲလိုက္ခဲ့တဲ့ က်န္႔ေကာကေတာ့ လူကိုရင္ခုန္ေအာင္သိပ္လုပ္တယ္။

"ရိေပၚ ငါမင္းရဲ႕ interview ၾကည့္ၿပီးၿပီ။"

"ဟုတ္လားေကာင္းတာေပါ့"

"မင္းကအဲ့လိုႀကီးေျပာေတာ့ လူေတြတစ္မ်ိဳးထင္မွာေပါ့ကြ။"

"ထင္လဲကြၽန္ေတာ္ဂ႐ုမစိုက္ပါဘူး။"

"မင္းကေတာ့ကြာ....."

"က်န္႔ေကာအဲ့တာထက္ ကြၽန္ေတာ္ေျပာစရာ႐ွိတယ္ မနက္ျဖန္ကြၽန္ေတာ္ဆိုင္ကယ္ၿပိဳင္ပြဲဝင္ရမွာ"

"ဟုတ္လား ဘယ္ကပြဲလဲ"

"YAMAHA ကပြဲပါ။ ကြၽန္ေတာ္႕idol Rossieေတာင္ ကြၽန္ေတာ့အတြက္ ဆုေတာင္းေပးထားတယ္။ ေကာလဲ ကြၽန္ေတာ့အတြက္ဆုေတာင္းေပး"

"အင္း...ပထမဆုရပါေစ။ တကယ္ေတာ့ ဆုမရလဲ ကိစၥမ႐ွိပါဘူး ဂ႐ုစိုက္ပါ ဒဏ္ရာမရေစနဲ႔"

"ဟုတ္ကဲ့ က်န္႔ေကာ ကြၽန္ေတာ္ကို ဖက္ခြင့္ျပဳပါလား"

"အာ..."

"ေနာ္....ေနာ္"

"အင္း"

ရိေပၚသူ႕ကိုကိုရဲ႕ ကိုယ္လုံးပိန္ပိန္ေလးကို သိမ္းက်ံဳးၿပီးဖက္လိုက္တယ္။

"အားျပည့္သြားၿပီ မနက္ျဖန္ ပထမဆုယူခဲ့မယ္ေနာ္ က်န္႔ေကာ"

"အင္း...fighting"

ရိေပၚ ေပ်ာ္တယ္ သူ႕ကိုကိုကို ခဏေလးဖက္ခြင့္ရလိုက္တယ္။ စကၠန္႔ပိုင္းေလာက္ပဲ ဆိုေပမဲ့ သူ႕ကိုကိုရဲ႕ ကိုယ္သင္းရနံေလးကို ခိုး႐ွဴခဲ့တယ္။ တကယ့္ကို မနက္ျဖန္ အတြက္အင္အားေတြျပည့္သြားၿပီ။
______________________
ဒီေန႔ ေ႐ွာင္းက်န္႔ ေနမထိထိုင္မသာ ျဖစ္ေနတယ္။ သူရိေပၚရဲ႕ ၿပိဳင္ပြဲကိုၾကည့္ခ်င္တယ္။ ဒါေပမဲ့ အလုပ္ကိစၥနဲ႔ ကိုးရီးယားကို သြားဖို႔ကလဲ႐ွိတယ္။ Seoulမွာ လုပ္မဲ့ဒီဇိုင္းျပပြဲအတြက္ boss က သူ႕ဒီဇိုင္းကိုေ႐ြးထားေတာ့ သူမလိုက္လို႔ကလဲမရ။

"ေ႐ွာင္းက်န္႔ သြားရေအာင္"

"ဟုတ္ကဲ့ boss"

ေ႐ွာင္းက်န္႔ ရိေပၚ အဆင္ေျပေျပနဲ႔ ၿပိဳင္ပြဲပီးသြားေအာင္သာ ဆုေတာင္းေနလိုက္တယ္။

ေ႐ွာင္းက်န္႔ Seoul ေရာက္တဲ့ထိ စိတ္ေတြေလးေနတယ္။ သူကိုယ္တိုင္ဘာျဖစ္မွန္းမသိ။ ဒီအခ်ိန္ေလာက္ဆို ရိေပၚရဲ႕ ၿပိဳင္ပြဲလဲၿပီးသြားေလာက္ၿပီ။ သူ႕မွာဖုန္းေလးကိုင္ဖို႔ေတာင္ အခ်ိန္မေပးႏိုင္ေသးဘူး။

ဒီလိုနဲ႔ပဲ ေ႐ွာင္းက်န္႔တစ္​ေယာက္ကိုးရီးယားမွာ တစ္ပတ္ေလာက္ၾကာသြားတယ္။

ဒီဇိုင္းျပပြဲမွာ ေ႐ွာင္းက်န္႔ရဲ႕ ဒီဇိုင္းက ေတာ္ေတာ္လူႀကိဳက္မ်ားခဲ့တယ္။ ဟိုကဒီက ေ႐ွာင္းက်န္႔ကို ကမ္းလွမ္းၾကတာ အေတာ္မ်ားမ်ားပဲ။ ေ႐ွာင္းက်န္႔ကေတာ့ ယဥ္ယဥ္ေက်းေက်းပဲ ျငင္းခဲ့တယ္။

ေ႐ွာင္းက်န္႔ Beijing ကိုျပန္ေရာက္ေရာက္ခ်င္း ဖုန္းဖြင့္ၾကည့္လိုက္တယ္။ ရိေပၚရဲ႕ ၿပိဳင္ပြဲမွာ accident ျဖစ္လို႔ ေဆး႐ုံတင္လိုက္ရတယ္ဆိုတဲ့ သတင္းက ရင္ဝကို​ေဆာင့္ကန္လိုက္သလိုပဲ။ ေ႐ွာင္းက်န္႔အထုပ္ေတြေတာင္ ေနရာမခ်ႏိုင္ဘဲ ခ်က္ခ်င္းေျပးထြက္သြားတယ္။

"ေက်းဇူးျပဳၿပီး ရိေပၚဘာမွမျဖစ္ပါေစနဲ႔"

#peterpan


Continue Reading

You'll Also Like

58.6K 4K 23
" မင္းငါ့ကို သေဘာက်ေနတာ လား ေ႐ွာင္းက်န္႔" "ကြၽန္ေတာ္ bossကို အရင္ကတည္းက ႀကိဳက္ေနမိတာပါ" " မင်းငါ့ကို သဘောကျနေတာ လား ရှောင်းကျန့်" "ကျွန်တော် bossကို...
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
154K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
85.3K 6.7K 25
Yizhan fan fic💘 ကိုယ့္ ကိုယ္ပိုင္စိတ္ကူးျဖင့္ ပုံေဖာ္ေရးသားေသာေၾကာင့္ ကိုယ့္စိတ္ကူးအတိုင္း လိုက္ပါေမ်ာလြင့္ကာ ဖတ္ႏိုင္ပါသည္ *သတိ* Roတာႀကိဳက္သူမ်ား ဖ...