Love Virus( Completed)

By satan2244

77.3K 8K 626

No one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020 More

Author's note
Character Intro
Ch- 1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch - 22
No Update
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
Ch-68
Ch-69
Ch-70
Ch-71
Ch-72 (Ending)
Thank you and Sorry
ဇာတ်ကောင်ရှင်းတမ်း(ဇာတ္ေကာင္႐ွင္းတမ္း)
long time no see
🚨New Fic🚨

Ch-15

887 118 5
By satan2244


👀zawgyi👀

"ဦး ကၽြန္ေတာ္......ကၽြန္ေတာ္ လူတစ္ေယာက္ကို ကားနဲ႔တိုက္မိသြားတယ္.... အင့္....ကယ္ပါဦး..ဦး ျမန္ျမန္လာခဲ့ပါေနာ္...အင့္" ဖုန္းထဲတြင္ ငိုရွိုက္သံတို့ျဖင့္ ေျပာေနေသာ လြန္းေၾကာင့္ လၽွမ္းဒီပါ စိတ္ပူေနေလၿပီ။ ေဟာ္တယ္မွအလ်င္အျမန္ထြက္လာခဲ့ၿပီး သူရွိတဲ့ ေဆး႐ုံသို့ အျမန္ေမာင္းလာခဲ့သည္။ အခုခ်ိန္ဆို သူဘယ္ေလာက္ေတာင္ ဝမ္းနည္းၿပီးအားငယ္ေနရွာမလဲ။ မိမိရင္ထဲလည္း မီးအဟုန္လို စိုးရိမ္စိတ္ေတြႀကီးထြားေနၿပီျဖစ္ေသာေၾကာင့္ ေဆး႐ုံသို့ အျမန္ေမာင္းႏွင္လာခဲ့တာ သိပ္မၾကာပါဘူး ထိုသို့ေရာက္သြားေလၿပီ။

ကားေပၚက အျမန္ဆင္းၿပီး သူရွိရာသို့ ေျခလွမ္းက်ယ္မ်ားျဖင့္ သြားခဲ့သည္။ ေနရာသိပ္မရွာလိုက္ရ operation အခန္းေရွ႕ဟိုဘက္ေလၽွာက္ဒီဘက္ေလၽွာက္ျဖင့္ လက္သည္းမ်ားကိုက္ကာ စိုးရိမ္ေနေသာ လြန္းကို ေတြ႕လိုက္ရသည္။

"ကေလး......" မလွမ္းမကမ္းမွ ေအာ္ေခၚရင္း သူ႔အနားသို့ ေျပးသြားမိသည္။ လြန္းသည္လည္း လၽွမ္းအားေတြ႕သည္ႏွင့္ မ်က္လုံးမ်ားအေရာင္လက္သြားကာ လၽွမ္းဒီပါ ဆီေျပးကပ္ရင္း ဖတ္လိုက္မိသည္။

"ဦး.....  ကၽြန္ေတာ္.....  ကၽြန္ေတာ္ေၾကာက္တယ္ ဦး" ရင္ခြင္အတြင္း ခိုဝင္ရင္း မ်က္ရည္မ်ားပိုးပိုးေပါက္ေပါက္က်ကာ ဆိုေနေသာ သူ။ လၽွမ္းမွာေတာ့ ေခါင္းေလးကို ပြတ္သပ္ရင္း ႏွစ္သိမ့္ေပးရသည္။

"ဘာမွမျဖစ္ဘူးေနာ္ ကေလး ကိုယ္ရွိတယ္ မေၾကာက္နဲ႔" လၽွမ္းဒီပါ ႏွစ္သိမ့္စကားဆိုလိုက္ေတာ့ တရႊတ္ရႊတ္ျဖင့္ အသံေလးတိတ္သြားသည္။ ထိုကေလးအခုလိုေၾကာက္တတ္လိမ့္မယ္လို့မထင္ရပါ။ အျမဲတမ္း ဂ်စ္ကန္ကန္ေလးနဲ႔သူက အခုက်ေတာ့ ကေလးလိုပင္။

"ဘယ္မွာလဲ ငါ့မိန္းမ !!!" အသံက်ယ္က်ယ္ျဖင့္ အနားသို့ေရာက္လာေသာ သူေၾကာင့္ လၽွမ္းနဲ႔လြန္း အေနခြာကာ ၾကည့္မိေတာ့ အရက္ေသာက္ထားသည့္ဟန္ျဖင့္ မူးေနသေယာင္ေယာင္ လူတစ္ေယာက္နဲ႔ ေဘးမွ သူနဲ႔အသက္မတိမ္းမယိမ္းရွိသည့္ လူတစ္ေယာက္။ မူးေနသည့္သူမွာေတာ့ လၽွမ္းတို့ဆီမ်က္ေမွာင္တို့ၾကဳံ႕ကာ ေလၽွာက္လွမ္းလာသည္။

"မင္းတို့လား ဟမ္..... ငါ့မိန္းမကို အခုလိုျဖစ္ေအာင္လုပ္တာ" သူ႔စကားေၾကာင့္ လၽွမ္းဒီပါ သေဘာေပါက္သြားသည္။ လြမ္းမွာေတာ့ ေၾကာက္လန္႔တၾကားျဖင့္ လၽွမ္းကို ၾကည့္ေနမိသည္။ လၽွမ္းမွာ ျပဳံးျပရင္း လြန္း စိတ္မပူ​ပါနဲ႔ဟူေသာ အၾကည့္တို့ျဖင့္ေျပာလာသည္။ ၿပီးမွ အမူးသမား လူကို အက်ိဳးအေၾကာင္းရွင္းျပလာသည္။

" အခုလိုျဖစ္သြားတဲ့အတြက္ ကၽြန္ေတာ္တို့ဘက္က အႏူးအညြတ္ေတာင္းပန္ပါတယ္ ၿပီးေတာ့ စိတ္မပူပါနဲ႔ ကၽြန္ေတာ္တို့ ဦးေလးဇနီးကို အျမန္ဆုံးျပန္ေကာင္းလာေအာင္ လုပ္ေပးမွာပါ" အေျပာေကာင္းေသာ လၽွမ္းဒီပါေၾကာင့္ ထိုလူလည္း စိတ္ေလၽွာ့ဟန္။ ေဘးမွပါလာေသာ သူသည္လည္း ထိုလူ႔အား ပခုံးပုတ္ေပးရင္း ႏွစ္သိမ့္လာသည္။

"မင္း ဘာမွစိတ္ပူမေနနဲ႔ သူတို့ဘက္ကေတာင္ တာဝန္ယူမယ္ေျပာေနတာဘဲ" ထိုလူ႔စကားေၾကာင့္ မူးေနသည့္သူလည္း ဘာမွမေျပာေတာ့။ ထိုအခ်ိန္ ေနာက္ထပ္ေရာက္လာသူတစ္ဦး။

"ကားတိုက္မွုျဖစ္ၿပီးေရာက္လာတဲ့ ေဒၚႏုငယ္ ဘယ္အခန္းမွာလဲဗ်" မ်က္ႏွာထက္ ဝမ္းနည္းမွုတို့ဖုံးလႊမ္းေနသည့္​ ေကာင္ေလးတစ္ေယာက္ ေတြ႕ရာ သူနာျပဳတစ္ဦးအား လိုက္ေမးေန၏။ သို့ေသာ္ ထိုသူနာျပဳက သိမွမသိဘဲေလ။ ေကာင္ေလးအား အားနာသလိုသာ ၾကည့္မိသည္။ မလွမ္းမကမ္းမွ ထိုေကာင္ေလး၏ ေယာက္ယက္ခတ္ေနပုံဆီသို့ လြန္းေစရာ အၾကည့္ေရာက္သြားသည္။ သူကေရာ ဒီလူေတြနဲ႔ဘဲပတ္သက္တာဘဲလား။

"ေမာ္ကြန္းငယ္...သား" အေတြးပင္မဆုံးေသး အမူးသမားနဲ႔အတူပါလာသည့္ လူတစ္ေယာက္က ထိုေကာင္ေလးကို လွမ္းေခၚလိုက္ေတာ့ လြန္းေစရာ မ်က္ေမွာင္ကုတ္မိသည္။ သူ႔အျမင္မွာေတာ့ ေနာက္ထပ္ျပႆာနာရွာမည့္သူလို့သာ ထင္မိသည္။

"ဦးစိုး...ေမေမေရာဟင္" ဦးစိုးဆိုသည့္ ထိုလူနားသို့ေရာက္လာၿပီး စိုးရိမ္စြာ ေမးေနေသာ ေမာ္ကြန္း။ ဦးစိုးကေတာ့ ခြဲစိတ္ခန္းဆီသို့သာ လက္ညႇိုးထိုးျပလိုက္သည္။ ထို့ေနာက္ ေမာ္ကြန္း စိုးရိမ္စြာျဖင့္ ထိုအခန္းတံခါးနားသို့ ကပ္ကာ သြားၾကည့္မိသည္။ မွန္အဝိုင္းကာထားသည္မို့ အခန္းတြင္းသို့ အနည္းငယ္ျမင္ရသည္။ ထိုအထဲဝယ္ ဆရာဝန္ေတြက မိခင္ျဖစ္သူအား ဝိုင္းဝန္ ခြဲစိတ္ေပးေနဟန္။ ထိုျဖစ္ရပ္ကိုျမင္သည္ႏွင့္ ေမာ္ကြန္းရင္ဘက္တစ္ေနရာက ေအာင့္ခနဲ။

"ဒါ ဒါ ဘယ္လိုျဖစ္ရတာလဲ" မ်က္ဝန္းမွမ်က္ရည္တို့ ၿပိဳက်ရင္း အေနာက္ဘက္လွည့္ကာ မိမိအားၾကည့္ေနေသာ လူေတြကိုေမးမိသည္။ လၽွမ္းဒီပါနဲ႔လြန္းကေတာ့ ဆိတ္ဆိတ္ေန ေန၏။ ဦးစိုးဆိုသူ ဝင္ေျပာဟန္ျပင္ေတာ့....

"ဘာျဖစ္ရမာလဲကြာ ဒီလူေတြေလ ကားကို ဘယ္လို မဆင္မျခင္ေမာင္းလဲမွမသိဘဲ ငါ့မိန္းမတစ္​ေယာက္လုံးကိုေတာင္ မျမင္ဘူး...မင္းတို့ ငါ့မိန္းမတစ္ခုခုျဖစ္ရင္ မလြယ္ဘူး" ခုနတုန္းကၿငိမ္သြားၿပီးမွ အခု သားျဖစ္သူအား ျပန္တိုင္တန္းသလို ေျပာေနသည့္ ထိုအမူးသမားအား လြန္းမေက်နပ္သလိုၾကည့္မိသည္။ စိတ္ထဲမွေျပာခ်င္ေနတာ မ်ားသည္။ အမွန္ဆို ထိုအမ်ိဳးသမီးကိုမိမိမတိုက္မိ။ အခ်ိန္မီဘရိတ္အုတ္ခဲ့တာဘဲ။ သို့ေသာ္ ဘယ္လိုျဖစ္လို့ျဖစ္သြားမွန္းမိမိလည္းေသခ်ာမသိေတာ့။

လၽွမ္းဒီပါသည္လည္း လြန္းစိတ္ကို သိသည္ေၾကာင့္ ပခုံးတစ္ဖတ္ကို လက္ျဖင့္ဖ်စ္ညစ္ကာ စိတ္ေလၽွာ့ေစရန္ေျပာၿပီး သူသာ ဝင္ဖ်န္ေျဖေပးသည္။

"ညီေလး ကိုယ္တို့ေၾကာင့္ မင္းအေမတစ္ခုခုျဖစ္ခဲ့ရင္ ကိုယ္တို့ဘက္က အျပည့္အဝတာဝန္ယူေပးမွာပါကြာ အခုလည္း ဆရာဝန္ေတြက ႀကိဳးစားၿပီး မင္းအေမကို ကယ္တင္ေပးေနၾကပါတယ္" လၽွမ္းဒီပါစကားေၾကာင့္ ေမာ္ကြန္းသက္ျပင္းခ်မိသည္။ သူလည္း အေစာတည္းက ျပႆနာရွာမည့္သူမဟုတ္။ ကံၾကမၼာေၾကာင့္သာ ေမေမ အခုလို အေျခအေနမ်ိဳးၾကဳံခဲ့ရျခင္းပင္။ ေမာ္ကြန္းလည္း လၽွမ္းတို့အား ဘာမွမေျပာေတာ့ဘဲ ခြဲစိတ္ခန္းထဲမွ ထြက္လာမည့္မိခင္ကိုသာ ေစာင့္ေနေတာ့သည္။

ထိုစဥ္ ခြဲခန္းတံခါး ပြင့္လာျခင္းနဲ႔အတူ အထဲမွ ထြက္လာေသာ ဆရာဝန္တစ္ဦး။ ထိုဆရာဝန္ကိုျမင္သည္ႏွင့္ ေမာ္ကြန္း အသည္းအသန္သြားကာ ေမးလာသည္။

"ေဒါက္တာ ေဒါက္တာ....ေမေမ ကၽြန္ေတာ့ေမေမ ဘာမွမျဖစ္ဘူးမဟုတ္လားဟင္" ေမာ္ကြန္း၏ စိုးရိမ္စြာ အေမးနဲ႔အတူ ထိုေဒါက္တာ၏အေျဖကို က်န္တဲ့သူမ်ားကလည္း သိခ်င္ေနဟန္ နားေထာင္ေနၾကသည္။ ထိုေဒါက္တာ ဆိုလာသည္ကေတာ့.....

"လူနာက ကားအက္ဆီးဒင့္ျဖစ္တုန္းက ဘာမွထိခိုက္မွုမရွိခဲ့ပါဘူး ဒါေပမယ့္ သူ႔ႏွလုံးေရာဂါအေျခအေနေၾကာင့္ ေရွာ့ရသြားတာပါ အခုေတာ့ ကၽြန္ေတာ္တို့ သူ႔ကိုေဆးသြင္းေပးထားပါတယ္ ၿပီးေတာ့ တစ္ခုရွိတာက လူနာက ႏွလုံးအစားထိုးခြဲစိတ္ဖို့ လိုအပ္ပါတယ္" ေဒါက္တာ၏စကားအဆုံး ေမာ္ကြန္း၏ငယ္ထိပ္ကို မိုးႀကိဳးအစင္းလိုက္ပစ္ခ်ခံလိုက္ရသလိုပင္။ ႏွလုံးေရာဂါတဲ့လား။ မသိခဲ့ပါ ေမေမအခုလိုေဝဒနာခံစားေနရတယ္ဆိုတာ မိမိလုံးဝမသိခဲ့ပါ။ ဘာလို့လဲ ဘာလို့ ေမေမက်မွ အခုလိုျဖစ္ရတာလဲ။ ေတြးေနရင္းႏွင့္ပင္မ်က္ဝန္းမွ မ်က္ရည္တို့အဆက္မျပတ္ၿပိဳက်လာေလၿပီ။

"ကိုရန္နိုင္ ဒါဆို ကၽြန္ေတာ့ေၾကာင့္ ျဖစ္တာမဟုတ္ဘူးေပါ့" လြန္းေစရာတစ္ေယာက္စိတ္လွုပ္ရွားစြာေမးမိသည္။ ကိုရန္နိုင္ဆိုတဲ့ ေဒါက္တာမင္းရန္နိုင္သည္လည္း ေခါင္းညိမ့္လာသည္။

မင္းရန္နိုင္ဆိုသူဟာ လြန္း၏သူငယ္ခ်င္းမင္းထည္ဝါ၏အကိုပင္။ ညီအကိုႏွစ္ေယာက္သာသိပ္မရင္းႏွီးေပမယ့္ မိမိတို့နဲ႔ေတာ့ ရင္းႏွီးသည္။ ထို့ေၾကာင့္လည္း လြန္းမွာ မင္းရန္နိုင္ကို အားကိုးမိသျဖင့္ ဒီေဆး႐ုံသို့သာ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့ျခင္းပင္။

"ဟုတ္တယ္ ညီေလး အခုက ညီေလးေၾကာင့္ေရွာ့ရလို့ေမ့ခဲ့တယ္ဆိုေပမယ့္ ႏွလုံးကအေစာတည္းက ခြဲစိတ္ရမွာ ဒါေပမယ့္ လူနာရွင္ေတြဘာလို့မခြဲခဲ့ၾကလဲဆိုတာေတာ့...... " မင္းရန္နိုင္ကေျပာရင္း ေမာ္ကြန္းကို ၾကည့္မိသည္။ေမာ္ကြန္းကေတာ့ ဘာမွမသိခဲ့သည့္ မိမိကိုယ္ဘဲ အျပစ္တင္ေနမိသည္။

"ဘာပဲျဖစ္ျဖစ္ ငါ့မိန္းမအခုလိုျဖစ္ေအာင္လုပ္တာ မင္တို့ဘဲ မင္းတို့ အဆုံးထိတာဝန္ယူေပးရမယ္" ေမာ္ကြန္း၏အေဖက ဝင္ေျပာေတာ့ လြန္းမ်က္ခုံးတို့ ခုနက ေျပျပစ္ေနရာမွ ပိုမိုတြန္႔ခ်ိဳးလာသည္။

"ဒီမွာဦးေလး ကၽြန္ေတာ္​တို့ဘက္က လုပ္ေပးစရာရွိတာ လုပ္ေပးၿပီးၿပီေလ အခုကိစၥက မိသားစုဝင္ေတြနဲ႔ဘဲဆိုင္တာ" မေက်မနပ္ျပန္တုံ႔ျပန္လာေသာ လြန္းေၾကာင့္ ေမာ္ကြန္းအေဖမွာရွူးရွူးရွဲရွဲျဖစ္ေနေလ၏။ လၽွမ္းမွာေတာ့ အေမာက္ေထာင္လာတဲ့ မိမိကေလးအား စိတ္ေလၽွာ့ရန္သာ တားေနမိသည္။ ခုနတုန္းက ငိုေနတာ သူမဟုတ္သလို။

"ေတာ္ၾကပါေတာ့ ေဖေဖ... ေမေမအခုလိုျဖစ္ေနတာေတာင္ ေဖေဖက အဲ့ကိစၥကိုေျပာေနေသးတယ္ အခုေမေမခြဲစိတ္ဖို့ကိစၥကအေရးႀကီးတယ္"
"မင္းက ဘယ္ေစာက္ဆံနဲ႔ခြဲမွာလဲ အလုပ္ေလးမျဖစ္စေလာက္နဲ႔ ဘယ္လိုသြားခြဲမွာလဲ ဟမ္!!" ဖခင္ျဖစ္သူ၏ေအာ္ေျပာလာေသာစကားေၾကာင့္ ေမာ္ကြန္းမ်က္ႏွာငယ္သြားသည္။ ဟုတ္သည္ေလ ျခဴးတစ္ျပားေတာင္မရွိတာ ခြဲဖို့ဘယ္ကပိုက္ဆံသြားရွာရမည္နည္း။

"ဦးေလးတို့စိတ္မပူပါနဲ႔ ကၽြန္ေတာ္ကူညီေပးပါ့မယ္" ႐ုတ္တရတ္ ဝင္ေျပာလာေသာ လၽွမ္းဒီပါစကားေၾကာင့္ လြန္းမ်က္ႏွာပ်က္သြားေပမယ့္ ေမာ္ကြန္း မ်က္လုံးတို့အေရာင္ေတာက္သြားသည္။

"ဦးက ဘာလို့ဝင္ပါရမွာလဲ" လြန္း၏ေဘာက္ဆက္ဆက္ စကားေၾကာင့္ လၽွမ္းဒီပါမွာအားနာသလိုျဖစ္ရသည္။

"ကေလး..... ကိုယ္တို့လွူတယ္လို့ဘဲသေဘာထားလိုက္ရေအာင္ေလ" လြန္း၏နားအနားသို့ကပ္ကာ ီတီးတိုးဆိုလိုက္ေတာ့ လြန္းဘာမွမေျပာေတာ့ ဒါေတာင္ မ်က္ႏွာက အခုထိရွုံ႔မဲ့ေနတုန္း။

"ေက်းဇူးတင္ပါတယ္ အကို.... ကၽြန္ေတာ္ တနည္းနည္းနဲ႔ေတာ့ျပန္ဆပ္မွာပါ" ေခါင္းေလးညႊတ္ကာ ဆိုလာေသာေမာ္ကြန္းစကားေၾကာင့္ လၽွမ္းျပဳံးမိသည္။

"ရပါတယ္ကြ ကိုယ္ ကူညီေပးလိုက္တာပါ"
"ကိုယ္လည္း ကူညီေပးမယ္" ေဒါက္တာမင္းရန္နိုင္ကပါဝင္ေျပာလာေတာ့ ေမာ္ကြန္းျပဳံးမိသည္။ ခုနကေတာ့ မိမိဘဝက အရွုံးခံရေတာ့မလိုျဖင့္အခုေတာ့ ကူညီေပးမည့္သူမ်ားရွိသည္ဆိုေရာ အမွန္တကယ္ကို ဝမ္းသာၾကည္ႏူးမိသည္။ မိမိအားကူညီေပးသည့္ ထိုလူႏွစ္ေယာက္ကိုလည္း တကယ္ကိုေက်းဇူးတင္ရပါသည္။ သို့ေသာ္ ေမာ္ကြန္းကသာ ျပဳံးၿပီးဝမ္းသာေနတာ တစ္စုံတစ္ဦးကေတာ့ မေက်နပ္ဟန္ျဖင့္ ၾကည့္ေန၏။

>>>>>>>>>>>>>>>>>

"ခင္ဗ်ား ေတာ္ေတာ္သေဘာေကာင္းေနတယ္ဟုတ္လား" လြန္း၏အိမ္သို့ အျပန္လမ္းတြင္ ကားေမာင္းေနေသာ လၽွမ္းဒီပါအား မေက်မနပ္ဆိုေနေသာ လြန္း။ လၽွမ္းမွာေတာ့ ေဘးက ႏွုတ္ခမ္းစူစူေလးအား အသည္းယားေနမိသည္။

"အခုလိုျဖစ္ေအာင္လုပ္တာ ဘယ္သူလဲေျပာ"
"ဒါမယ့္ ကၽြန္ေတာ့္ေၾကာင့္ ဘာမွမျဖစ္ဘူးေလ အဲ့အေဒၚက သူ႔ေရာဂါနဲ႔သူျဖစ္တာကို" ႏွုတ္ခမ္းမဲ့ရြဲ႕ျပရင္း ဆိုေနေသာ သူ။ လၽွမ္းမွာေတာ့ သက္ျပင္းသာခိုးခ်မိလို့။

"ကေလး....ဘယ္လိုဘဲျဖစ္ျဖစ္ အကူညီလိုေနတဲ့သူေတြကိုကူညီေပးသင့္တယ္ေလ ဟုတ္တယ္မလား"
"မသိဘူး....သူတို့လိုဆင္းရဲသားေတြက ပိုက္ဆံလိုခ်င္လို့ သက္သက္မဲ့ ဒရမ္မာခင္းျပေနၾကတာ လြန္းတို့ကေတာ့ မယုံေပါင္" ျပတင္းေပါက္ကို ဆက္ခနဲလွည့္ကာ မေက်မနပ္ပြစိပြစိလုပ္ေနေသာ လြန္းအား လၽွမ္းဘာမွမေျပာေတာ့။ မလြယ္ဘူးဟုသာ စိတ္ထဲေတြးမိသည္။

......................................

MoonLight clubအတြင္းသို့ လူေတြ ဝင္လိုက္ထြက္လိုက္ျဖင့္။ ထို့အတူ မွူးအခရာသည္လည္း စတိုင္ေဘာင္းဘီ၊ ရွပ္အကၤ်ီအျဖဴေလးဝတ္ထားၿပီး ထိုကလပ္ထဲသို့ဝင္လာခဲ့သည္။ ႐ုံးမွအျပန္ဆိုေတာ့ အဝတ္အစားမလဲထားမိျခင္းပင္။ ပုံစံက ကေလးတစ္ေယာက္လူႀကီးဆန္ေအာင္လုပ္ထားသလို။

"မွူးအခရာ" ေခၚသံေၾကာင့္ အနားကိုေဝ့ဝိုက္ၾကည့္မိေတာ့ ေတြ႕လိုက္ရပါၿပီ လက္ျပကာ သူရွိေၾကာင္းျပေနေသာ ျမဴဘုန္းမာန္။

"ကိုကို...." သူ႔အားျမင္သည္ႏွင့္ လွပစြာျပဳံးရင္း သူ႔ဆီသို့ ခပ္သြက္သြက္ေလၽွာက္လာမိသည္။

"မင္းကလည္း ၾကာလိုက္တာကြာ"
"ေဆာရီး ကိုကို... အလုပ္ေတြကမၿပီးေသးေတာ့" အျပစ္တင္ဆိုေနေသာ ကိုကို့အား ျပဳံးရင္းသာေျဖမိသည္။ သူ မိမိအား ညီအကိုလိုသက္မွတ္ေပးသည္ႏွင့္ပင္ ဘာမၽွအေရးမႀကီးပါဘူးေလ။

"လာ ဟိုဘက္ကို" မွူး၏လက္ေကာက္ဝတ္အား ကိုင္ကာ ဆြဲေခၚလာေသာ ျမဴ။ မွူးမွာေတာ့ လက္ေကာက္ဝတ္ကိုအထိခံလိုက္ရသည္ေၾကာင့္ ထိုေနရာမွေသြးေၾကာမ်ားက ႏွလုံးသားငယ္ထိ က်ိန္းစက္သြားသလို။ ႏွုတ္ခမ္းထက္တြင္လည္း အျပဳံးတို့က အလိုအေလ်ာက္ ေရာက္ႏွင့္ေနၿပီ။

"ဦးရွိန္ ဒီမွာ ကၽြန္ေတာ္ေျပာထားတဲ့သူ" ဝိုင္းတစ္ဝိုင္းသို့အေရာက္ ျမဴက မွူးအား ဆက္ရွိန္နဲ႔မိတ္ဆက္ေပးလာသည္။ ျမဴ၏မိတ္ဆက္ေပးမွုေၾကာင့္ မွူး ထိုလူကိုၾကည့္မိသည္။အသက္က ၄၀ ေက်ာ္ေလာက္ရွိမည့္ပုံ။ ႐ုပ္ကသပ္ရပ္သည္။ လူႀကီးပုံေပါက္သည္။ သို့ေသာ္ ထိုလူ၏မ်က္လုံးမ်ားကို မွူးမႀကိဳက္။ သူ႔မ်က္လုံးမ်ားက ေလာဘႀကီးဟန္။

"မဂၤလာပါ ကိုယ့္နာမည္က ဆက္ရွိန္တဲ့ Sky construction ရဲ့ဥကၠဌပါ" မတ္တပ္ရပ္ရင္း လက္ျဖန္႔ကာ ႏွုတ္ဆက္လာေသာ ထိုလူေၾကာင့္ မွူးလည္း ျပန္လက္ဆြဲႏွုတ္ဆက္လာ၏။

"မဂၤလာပါဗ် ကၽြန္ေတာ့နာမည္ မွူးအခရာပါ Sun company ရဲ့မန္ေနဂ်ာပါ" တရိုတေသမိတ္ဆက္လာေသာ မွူးကိုၾကည့္ၿပီး ဆက္ရွိန္ျပဳံးမိသည္။ ထို့အတူ မွူး၏လက္ဖဝါးကိုလည္း သူ႔လက္ညႇိုးျဖင့္ ခပ္ဖြဖြကုတ္မိေလ၏။ မွူးမွာေတာ့ ထိုလူ၏အျပဳအမူေၾကာင့္ လန္႔သြားကာ ခ်က္ခ်င္းအေနာက္သို့ ရြံ့မိသည္။ ထိုသူကေတာ့ မွူးအား ကိုက္စားမတက္ၾကည့္ေန၏။

"ကဲ ဒါဆို ကိုယ္တို့ လုပ္ငန္းကိစၥ ေျပာရေအာင္" ဦးဆက္ရွိန္ကျပဳံးရင္းစကားစလာသည္။ ထိုအခါမွ ျမဴေရာ မွူးေရာ သူတို့ေရွ႕ဝင္ထိုင္လိုက္သည္။ ဦးဆက္ရွိန္၏ လက္႐ုံးျဖစ္တဲ့ကိုဇြဲကသာ ဆက္ရွိန္၏ အေယာင္ျပsky construction အေၾကာင္းကို မွူးအားေျပာေနေပမယ့္ ဆက္ရွိန္ကေတာ့ အာ႐ုံစိုက္နားေထာင္ေနတဲ့ မွူးကိုသာ စိုက္ၾကည့္ေနေလသည္။

စေတြ႕တည္းက သူ မွူးကို သေဘာက်ေနတာ အမွန္ပင္။ မထူးမပါးမ်က္ခုံးတန္းတန္းေလးေတြ၊ တည္ၿငိမ္တဲ့မ်က္ဝန္းေလးေတြ၊ ေယာက္်ားဆန္တယ္လည္းမဟုတ္ မိန္းမဆန္တယ္လည္းမဟုတ္ေသာ သူ၏မ်က္ႏွာေလး၊ ထို့ျပင္စကားေျပာလိုက္ရင္ကိုအမွတ္မထင္ ေပၚလာတတ္တဲ့ သြားထက္ေလးေတြက ဆက္ရွိန္အား ျပဳစားေနသလို။ ျဖဴျဖဴေဖြးေဖြးအသားေလးဟာလည္း ဆက္ရွိန္အား ကိုက္ေစခ်င္သလို။ မိမိကို အဖတ္မလုပ္ေသာ ပုံျဖင့္ လူႀကီးဆန္ဆန္ အေနတည္ေနေသာ္လည္း ထိုပုံစံကေလးကပင္ ဆက္ရွိန္အား စိတ္ဝင္စားေအာင္လုပ္ေနသလိုပင္။ အလုပ္ကိစၥကိုလည္း ေအးေဆးစြာေျပာေနေသာ သူ႔ပုံစံေလးဟာ မိမိကို ပိုလို့ပင္ မရိုးမယြျဖစ္ေစသည္။

တခ်ိန္လုံး မွူးထံအၾကည့္တို့ခစားေနသည့္ ဆက္ရွိန္အား ကာယကံရွင္ မွူးလည္း သတိထားမိသလို ျမဴသည္လည္း သတိထားမိသည္။ စလာတည္းက ဦးရွိန္သည္ မွူးကိုေတြ႕သည္ႏွင့္ အၾကည့္တို့ေျပာင္းသြားတာသတိထားမိသလို အခုလည္း ေတာက္လၽွာက္မွူးကိုဘဲၾကည့္ေနတာ သိပ္ကိုသိသာလြန္းသည္။
မဟုတ္မွ ဦးရွိန္ မွူးကိုစိတ္ဝင္စားေနတာလား။

"အိုေက ဒါဆို ကၽြန္ေတာ္ ဥကၠဌ ဦးဘုန္းမာန္ကို တင္ျပေပးလိုက္ပါ့မယ္" မွူးစကားေၾကာင့္ ျမဴမ်က္ေမွာင္ၾကဳတ္သြားသည္။ ဒယ္ဒီကိုတင္ျပ႐ုံသာဆို ဒီကိစၥအားဒယ္ဒီေသခ်ာစုံစမ္းၿပီး စစ္ေဆးရင္ မိမိဆင္ထားသည့္အစီစဥ္ လြဲကုန္မွာအမွန္ပင္။ သို့ေသာ္ သူဘာမွမေျပာေသး။ ထိုကိစၥအား အျပန္က်မွ ေသခ်ာေျပာရန္ ေတးထားမိသည္။

"ဟုတ္ပါၿပီ အဲ့တာဆို သတင္းေကာင္းၾကားရပါေစလို့ဘဲ ဆုေတာင္းပါတယ္" ခပ္ျပဳံးျပဳံးဆိုလာသည့္ ဆက္ရွိန္အား မွူး မပြင့္တပြင့္သာျပဳံးျပမိသညိ။ ထိုလူ႔ပုံစံကို မွူးမႀကိဳက္ေပမယ့္ ကိုကိုေၾကာင့္သည္းခံရမည္ေလ။

"ဒါဆို ကၽြန္ေတာ့ကိုျပန္ခြင့္ျပဳပါဦး"
"ခနေနပါဦး ေကာင္ေလး" ထဖို့ရြယ္ေနေသာ မွူးအား တားသည့္ဟန္ဆိုလာေသာ ဆက္ရွိန္ေၾကာင့္ မွူးေရာျမဴပါၾကည့္မိသည္။

"တစ္ခြက္တစ္ေလေလာက္ေသာက္သြားပါဦး" အရက္ထည့္ထားသည့္ ခြက္အား မွူးအေရွ႕ခ်ေပးၿပီးဆိုလာေတာ့ မွူးမ်က္ႏွာပ်က္သြားသည္။ ထို့ေနာက္ ဆက္ရွိန္စကားအား ျငင္းဟန္အျပဳ....

"ေတာင္းပန္ပါတယ္ ဦးရွိန္ မွူးက အရက္မေသာက္တတ္ဘူး....ဒါဆို ကၽြန္ေတာ္တို့ကိုသြားခြင့္ျပဳပါဦး" ျမဴ၏႐ုတ္တရတ္ဝင္ေျပာကာ တားလိုက္ျခင္းပင္။ ထို့ေနာက္ မွူးအား သြားရေအာင္ ဟုဆိုၿပီး ပခုံးဖတ္ကာ ထြက္သြားေလသည္။ က်န္ခဲ့သည့္ ဆက္ရွိန္မွာေတာ့ ႏွုတ္ခမ္းတစ္ဖတ္ရြဲ႕ရင္း ျပဳံးဟန္သာျပဳေနသည္။

မွူးမွာေတာ့ ဆြဲေခၚလာေသာ ျမဴေၾကာင့္ စိတ္ထဲဝမ္းသာမိသလိုလို။ ​မိမိအရက္မေသာက္တတ္မွန္းသိေသာ ျမဴေၾကာင့္လည္း အမွန္တကယ္ကို ေပ်ာ္မိသည္။ သူ မိမိကို ဂ႐ုစိုက္ေပးသည္မဟုတ္ပါလား။

"ေက်းဇူးပါ ကိုကို အခုလို ကၽြန္ေတာ့ကို ကူညီေပးလို့" ကားေပၚတက္ခါနီး ျမဴအားေျပာမိျခင္းပင္။ ကားတံခါးဖြင့္ဖို့ရြယ္ေနေသာ လက္က ရပ္တန္႔သြားၿပီး မွူးကိုလွည့္ၾကည့္လာသည္။

"ငါ မင္းကို ကူညီေပးတာမဟုတ္ဘူး မင္းအရက္ေသာက္တာ ငါ့ေၾကာင့္ဆိုၿပီး ဒယ္ဒီသိရင္ ငါ့ကိုေျပာလိမ့္မယ္ ၿပီးေတာ့ အခုလိုထြက္လာတာကလည္း ငါမင္းကို ေျပာစရာရွိလို့" ထိုသို့သာေျပာၿပီးကားေပၚသို့တက္သြားေသာ ျမဴ။ မွူးမွာေတာ့ ျမဴေျပာသြားသည့္စကားမ်ားကိုၾကားၿပီး သက္ျပင္းသာခ်မိသည္။ မိမိထင္ေနသလိုမွမဟုတ္ပါေလ။

___________________________________________________

တမာရြက္ေတြရမယ္ တမာရြက္😂😂😂 ကဲ လၽွမ္းလြန္းရဲ့အခါးကေန ကံၾကမၼာျမႇားဦးက အလွည့္အေျပာင္းျဖစ္သြားျပန္ၿပီ😅 ဒီသာသာစိတ္မႏွံ့ေတာ့ဘူးေရာ္😁vtေလးေတြ feedback ေလးေတြလည္းေပးသြားၾကပါဦး😗

👀unicode👀

"ဦး ကျွန်တော်......ကျွန်တော် လူတစ်ယောက်ကို ကားနဲ့တိုက်မိသွားတယ်.... အင့်....ကယ်ပါဦး..ဦး မြန်မြန်လာခဲ့ပါနော်...အင့်" ဖုန်းထဲတွင် ငိုရှိုက်သံတို့ဖြင့် ပြောနေသော လွန်းကြောင့် လျှမ်းဒီပါ စိတ်ပူနေလေပြီ။ ဟော်တယ်မှအလျင်အမြန်ထွက်လာခဲ့ပြီး သူရှိတဲ့ ဆေးရုံသို့ အမြန်မောင်းလာခဲ့သည်။ အခုချိန်ဆို သူဘယ်လောက်တောင် ဝမ်းနည်းပြီးအားငယ်နေရှာမလဲ။ မိမိရင်ထဲလည်း မီးအဟုန်လို စိုးရိမ်စိတ်တွေကြီးထွားနေပြီဖြစ်သောကြောင့် ဆေးရုံသို့ အမြန်မောင်းနှင်လာခဲ့တာ သိပ်မကြာပါဘူး ထိုသို့ရောက်သွားလေပြီ။

ကားပေါ်က အမြန်ဆင်းပြီး သူရှိရာသို့ ခြေလှမ်းကျယ်များဖြင့် သွားခဲ့သည်။ နေရာသိပ်မရှာလိုက်ရ operation အခန်းရှေ့ဟိုဘက်လျှောက်ဒီဘက်လျှောက်ဖြင့် လက်သည်းများကိုက်ကာ စိုးရိမ်နေသော လွန်းကို တွေ့လိုက်ရသည်။

"ကလေး......" မလှမ်းမကမ်းမှ အော်ခေါ်ရင်း သူ့အနားသို့ ပြေးသွားမိသည်။ လွန်းသည်လည်း လျှမ်းအားတွေ့သည်နှင့် မျက်လုံးများအရောင်လက်သွားကာ လျှမ်းဒီပါ ဆီပြေးကပ်ရင်း ဖတ်လိုက်မိသည်။

"ဦး.....  ကျွန်တော်.....  ကျွန်တော်ကြောက်တယ် ဦး" ရင်ခွင်အတွင်း ခိုဝင်ရင်း မျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာ ဆိုနေသော သူ။ လျှမ်းမှာတော့ ခေါင်းလေးကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးရသည်။

"ဘာမှမဖြစ်ဘူးနော် ကလေး ကိုယ်ရှိတယ် မကြောက်နဲ့" လျှမ်းဒီပါ နှစ်သိမ့်စကားဆိုလိုက်တော့ တရွှတ်ရွှတ်ဖြင့် အသံလေးတိတ်သွားသည်။ ထိုကလေးအခုလိုကြောက်တတ်လိမ့်မယ်လို့မထင်ရပါ။ အမြဲတမ်း ဂျစ်ကန်ကန်လေးနဲ့သူက အခုကျတော့ ကလေးလိုပင်။

"ဘယ်မှာလဲ ငါ့မိန်းမ !!!" အသံကျယ်ကျယ်ဖြင့် အနားသို့ရောက်လာသော သူကြောင့် လျှမ်းနဲ့လွန်း အ​နေခွာကာ ကြည့်မိတော့ အရက်သောက်ထားသည့်ဟန်ဖြင့် မူးနေသယောင်ယောင် လူတစ်ယောက်နဲ့ ဘေးမှ သူနဲ့အသက်မတိမ်းမယိမ်းရှိသည့် လူတစ်ယောက်။ မူးနေသည့်သူမှာတော့ လျှမ်းတို့ဆီမျက်မှောင်တို့ကြုံ့ကာ လျှောက်လှမ်းလာသည်။

"မင်းတို့လား ဟမ်..... ငါ့မိန်းမကို အခုလိုဖြစ်အောင်လုပ်တာ" သူ့စကားကြောင့် လျှမ်းဒီပါ သဘောပေါက်သွားသည်။ လွမ်းမှာတော့ ကြောက်လန့်တကြားဖြင့် လျှမ်းကို ကြည့်နေမိသည်။ လျှမ်းမှာ ပြုံးပြရင်း လွန်း စိတ်မပူပါနဲ့ဟူသော အကြည့်တို့ဖြင့်ပြောလာသည်။ ပြီးမှ အမူးသမား လူကို အကျိုးအကြောင်းရှင်းပြလာသည်။

" အခုလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ဘက်က အနူးအညွတ်တောင်းပန်ပါတယ် ပြီးတော့ စိတ်မပူပါနဲ့ ကျွန်တော်တို့ ဦးလေးဇနီးကို အမြန်ဆုံးပြန်ကောင်းလာအောင် လုပ်ပေးမှာပါ" အပြောကောင်းသော လျှမ်းဒီပါကြောင့် ထိုလူလည်း စိတ်လျှော့ဟန်။ ဘေးမှပါလာသော သူသည်လည်း ထိုလူ့အား ပခုံးပုတ်ပေးရင်း နှစ်သိမ့်လာသည်။

"မင်း ဘာမှစိတ်ပူမနေနဲ့ သူတို့ဘက်ကတောင် တာဝန်ယူမယ်ပြောနေတာဘဲ" ထိုလူ့စကားကြောင့် မူးနေသည့်သူလည်း ဘာမှမပြောတော့။ ထိုအချိန် နောက်ထပ်ရောက်လာသူတစ်ဦး။

"ကားတိုက်မှုဖြစ်ပြီးရောက်လာတဲ့ ဒေါ်နုငယ် ဘယ်အခန်းမှာလဲဗျ" မျက်နှာထက် ဝမ်းနည်းမှုတို့ဖုံးလွှမ်းနေသည့် ကောင်လေးတစ်ယောက် တွေ့ရာ သူနာပြုတစ်ဦးအား လိုက်မေးနေ၏။ သို့သော် ထိုသူနာပြုက သိမှမသိဘဲလေ။ ကောင်လေးအား အားနာသလိုသာ ကြည့်မိသည်။ မလှမ်းမကမ်းမှ ထိုကောင်လေး၏ ယောက်ယက်ခတ်နေပုံဆီသို့ လွန်းစေရာ အကြည့်ရောက်သွားသည်။ သူကရော ဒီလူတွေနဲ့ဘဲပတ်သက်တာဘဲလား။

"မော်ကွန်းငယ်...သား" အတွေးပင်မဆုံးသေး အမူးသမားနဲ့အတူပါလာသည့် လူတစ်ယောက်က ထိုကောင်လေးကို လှမ်းခေါ်လိုက်တော့ လွန်းစေရာ မျက်မှောင်ကုတ်မိသည်။ သူ့အမြင်မှာတော့ နောက်ထပ်ပြဿာနာရှာမည့်သူလို့သာ ထင်မိသည်။

"ဦးစိုး...မေမေရောဟင်" ဦးစိုးဆိုသည့် ထိုလူနားသို့ရောက်လာပြီး စိုးရိမ်စွာ မေးနေသော မော်ကွန်း။ ဦးစိုးကတော့ ခွဲစိတ်ခန်းဆီသို့သာ လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် မော်ကွန်း စိုးရိမ်စွာဖြင့် ထိုအခန်းတံခါးနားသို့ ကပ်ကာ သွားကြည့်မိသည်။ မှန်အဝိုင်းကာထားသည်မို့ အခန်းတွင်းသို့ အနည်းငယ်မြင်ရသည်။ ထိုအထဲဝယ် ဆရာဝန်တွေက မိခင်ဖြစ်သူအား ဝိုင်းဝန်း ခွဲစိတ်ပေးနေဟန်။ ထိုဖြစ်ရပ်ကိုမြင်သည်နှင့် မော်ကွန်းရင်ဘက်တစ်နေရာက အောင့်ခနဲ။

"ဒါ ဒါ ဘယ်လိုဖြစ်ရတာလဲ" မျက်ဝန်းမှမျက်ရည်တို့ ပြိုကျရင်း အနောက်ဘက်လှည့်ကာ မိမိအားကြည့်နေသော လူတွေကိုမေးမိသည်။ လျှမ်းဒီပါနဲ့လွန်းကတော့ ဆိတ်ဆိတ်နေ နေ၏။ ဦးစိုးဆိုသူ ဝင်ပြောဟန်ပြင်တော့....

"ဘာဖြစ်ရမာလဲကွာ ဒီလူတွေလေ ကားကို ဘယ်လို မဆင်မခြင်မောင်းလဲမှမသိဘဲ ငါ့မိန်းမတစ်ယောက်လုံးကိုတောင် မမြင်ဘူး...မင်းတို့ ငါ့မိန်းမတစ်ခုခုဖြစ်ရင် မလွယ်ဘူး" ခုနတုန်းကငြိမ်သွားပြီးမှ အခု သားဖြစ်သူအား ပြန်တိုင်တန်းသလို ပြောနေသည့် ထိုအမူးသမားအား လွန်းမကျေနပ်သလိုကြည့်မိသည်။ စိတ်ထဲမှပြောချင်နေတာ များသည်။ အမှန်ဆို ထိုအမျိုးသမီးကိုမိမိမတိုက်မိ။ အချိန်မီဘရိတ်အုတ်ခဲ့တာဘဲ။ သို့သော် ဘယ်လိုဖြစ်လို့ဖြစ်သွားမှန်းမိမိလည်းသေချာမသိတော့။

လျှမ်းဒီပါသည်လည်း လွန်းစိတ်ကို သိသည်ကြောင့် ပခုံးတစ်ဖတ်ကို လက်ဖြင့်ဖျစ်ညစ်ကာ စိတ်လျှော့စေရန်ပြောပြီး သူသာ ဝင်ဖျန်ဖြေပေးသည်။

"ညီလေး ကိုယ်တို့ကြောင့် မင်းအမေတစ်ခုခုဖြစ်ခဲ့ရင် ကိုယ်တို့ဘက်က အပြည့်အဝတာဝန်ယူပေးမှာပါကွာ အခုလည်း ဆရာဝန်တွေက ကြိုးစားပြီး မင်းအမေကို ကယ်တင်ပေးနေကြပါတယ်" လျှမ်းဒီပါစကားကြောင့် မော်ကွန်းသက်ပြင်းချမိသည်။ သူလည်း အစောတည်းက ပြဿနာရှာမည့်သူမဟုတ်။ ကံကြမ္မာကြောင့်သာ မေမေ အခုလို အခြေအနေမျိုးကြုံခဲ့ရခြင်းပင်။ မော်ကွန်းလည်း လျှမ်းတို့အား ဘာမှမပြောတော့ဘဲ ခွဲစိတ်ခန်းထဲမှ ထွက်လာမည့်မိခင်ကိုသာ စောင့်နေတော့သည်။

ထိုစဉ် ခွဲခန်းတံခါး ပွင့်လာခြင်းနဲ့အတူ အထဲမွ ထွက်လာသော ဆရာဝန်တစ်ဦး။ ထိုဆရာဝန်ကိုမြင်သည်နှင့် မော်ကွန်း အသည်းအသန်သွားကာ မေးလာသည်။

"ဒေါက်တာ ဒေါက်တာ....မေမေ ကျွန်တော့မေမေ ဘာမှမဖြစ်ဘူးမဟုတ်လားဟင်" မော်ကွန်း၏ စိုးရိမ်စွာ အမေးနဲ့အတူ ထိုဒေါက်တာ၏အဖြေကို ကျန်တဲ့သူများကလည်း သိချင်နေဟန် နားထောင်နေကြသည်။ ထိုဒေါက်တာ ဆိုလာသည်ကတော့.....

"လူနာက ကားအက်ဆီးဒင့်ဖြစ်တုန်းက ဘာမှထိခိုက်မှုမရှိခဲ့ပါဘူး ဒါပေမယ့် သူ့နှလုံးရောဂါအခြေအနေကြောင့် ရှော့ရသွားတာပါ အခုတော့ ကျွန်တော်တို့ သူ့ကိုဆေးသွင်းပေးထားပါတယ် ပြီးတော့ တစ်ခုရှိတာက လူနာက နှလုံးအစားထိုးခွဲစိတ်ဖို့ လိုအပ်ပါတယ်" ဒေါက်တာ၏စကားအဆုံး မော်ကွန်း၏ငယ်ထိပ်ကို မိုးကြိုးအစင်းလိုက်ပစ်ချခံလိုက်ရသလိုပင်။ နှလုံးရောဂါတဲ့လား။ မသိခဲ့ပါ မေမေအခုလိုဝေဒနာခံစားနေရတယ်ဆိုတာ မိမိလုံးဝမသိခဲ့ပါ။ ဘာလို့လဲ ဘာလို့ မေမေကျမှ အခုလိုဖြစ်ရတာလဲ။ တွေးနေရင်းနှင့်ပင်မျက်ဝန်းမှ မျက်ရည်တို့အဆက်မပြတ်ပြိုကျလာလေပြီ။

"ကိုရန်နိုင် ဒါဆို ကျွန်တော့ကြောင့် ဖြစ်တာမဟုတ်ဘူးပေါ့" လွန်းစေရာတစ်ယောက်စိတ်လှုပ်ရှားစွာမေးမိသည်။ ကိုရန်နိုင်ဆိုတဲ့ ဒေါက်တာမင်းရန်နိုင်သည်လည်း ခေါင်းညိမ့်လာသည်။

မင်းရန်နိုင်ဆိုသူဟာ လွန်း၏သူငယ်ချင်းမင်းထည်ဝါ၏အကိုပင်။ ညီအကိုနှစ်ယောက်သာသိပ်မရင်းနှီးပေမယ့် မိမိတို့နဲ့တော့ ရင်းနှီးသည်။ ထို့ကြောင့်လည်း လွန်းမှာ မင်းရန်နိုင်ကို အားကိုးမိသဖြင့် ဒီဆေးရုံသို့သာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ခြင်းပင်။

"ဟုတ်တယ် ညီလေး အခုက ညီလေးကြောင့်ရှော့ရလို့မေ့ခဲ့တယ်ဆိုပေမယ့် နှလုံးကအစောတည်းက ခွဲစိတ်ရမှာ ဒါပေမယ့် လူနာရှင်တွေဘာလို့မခွဲခဲ့ကြလဲဆိုတာတော့...... " မင်းရန်နိုင်ကပြောရင်း မော်ကွန်းကို ကြည့်မိသည်။မော်ကွန်းကတော့ ဘာမှမသိခဲ့သည့် မိမိကိုယ်ဘဲ အပြစ်တင်နေမိသည်။

"ဘာပဲဖြစ်ဖြစ် ငါ့မိန်းမအခုလိုဖြစ်အောင်လုပ်တာ မင်းတို့ဘဲ မင်းတို့ အဆုံးထိတာဝန်ယူပေးရမယ်" မော်ကွန်း၏အဖေက ဝင်ပြောတော့ လွန်းမျက်ခုံးတို့ ခုနက ပြေပြစ်နေရာမှ ပိုမိုတွန့်ချိုးလာသည်။

"ဒီမှာဦးလေး ကျွန်တော်တို့ဘက်က လုပ်ပေးစရာရှိတာ လုပ်ပေးပြီးပြီလေ အခုကိစ္စက မိသားစုဝင်တွေနဲ့ဘဲဆိုင်တာ" မကျေမနပ်ပြန်တုံ့ပြန်လာသော လွန်းကြောင့် မော်ကွန်းအဖေမှာရှူးရှူးရှဲရှဲဖြစ်နေလေ၏။ လျှမ်းမှာတော့ အမောက်ထောင်လာတဲ့ မိမိက​လေးအား စိတ်လျှော့ရန်သာ တားနေမိသည်။ ခုနတုန်းက ငိုနေတာ သူမဟုတ်သလို။

"တော်ကြပါတော့ ဖေဖေ... မေမေအခုလိုဖြစ်နေတာတောင် ဖေဖေက အဲ့ကိစ္စကိုပြောနေသေးတယ် အခုမေမေခွဲစိတ်ဖို့ကိစ္စကအရေးကြီးတယ်"
"မင်းက ဘယ်စောက်ဆံနဲ့ခွဲမှာလဲ အလုပ်လေးမဖြစ်စလောက်နဲ့ ဘယ်လိုသွားခွဲမှာလဲ ဟမ်!!" ဖခင်ဖြစ်သူ၏အော်ပြောလာသောစကားကြောင့် မော်ကွန်းမျက်နှာငယ်သွားသည်။ ဟုတ်သည်လေ ခြူးတစ်ပြားတောင်မရှိတာ ခွဲဖို့ဘယ်ကပိုက်ဆံသွားရှာရမည်နည်း။

"ဦးလေးတို့စိတ်မပူပါနဲ့ ကျွန်တော်ကူညီပေးပါ့မယ်" ရုတ်တရတ် ဝင်ပြောလာသော လျှမ်းဒီပါစကားကြောင့် လွန်းမျက်နှာပျက်သွားပေမယ့် မော်ကွန်း မျက်လုံးတို့အရောင်တောက်သွားသည်။

"ဦးက ဘာလို့ဝင်ပါရမှာလဲ" လွန်း၏ဘောက်ဆက်ဆက် စကားကြောင့် လျှမ်းဒီပါမှာအားနာသလိုဖြစ်ရသည်။

"ကလေး.... ကိုယ်တို့လှူတယ်လို့ဘဲသဘောထားလိုက်ရအောင်လေ" လွန်း၏နားအနားသို့ကပ်ကာ တီးတိုးဆိုလိုက်တော့ လွန်းဘာမှမပြောတော့ ဒါတောင် မျက်နှာက အခုထိရှုံ့မဲ့နေတုန်း။

"ကျေးဇူးတင်ပါတယ် အကို.... ကျွန်တော် တနည်းနည်းနဲ့တော့ပြန်ဆပ်မှာပါ" ခေါင်းလေးညွှတ်ကာ ဆိုလာသောမော်ကွန်းစကားကြောင့် လျှမ်းပြုံးမိသည်။

"ရပါတယ်ကွ ကိုယ် ကူညီပေးလိုက်တာပါ"
"ကိုယ်လည်း ကူညီပေးမယ်" ဒေါက်တာမင်းရန်နိုင်ကပါဝင်ပြောလာတော့ မော်ကွန်းပြုံးမိသည်။ ခုနကတော့ မိမိဘဝက အရှုံးခံရတော့မလိုဖြင့်အခုတော့ ကူညီပေးမည့်သူများရှိသည်ဆိုရော အမှန်တကယ်ကို ဝမ်းသာကြည်နူးမိသည်။ မိမိအားကူညီပေးသည့် ထိုလူနှစ်ယောက်ကိုလည်း တကယ်ကိုကျေးဇူးတင်ရပါသည်။ သို့သော် မော်ကွန်းကသာ ပြုံးပြီးဝမ်းသာနေတာ တစ်စုံတစ်ဦးကတော့ မကျေနပ်ဟန်ဖြင့် ကြည့်နေ၏။

>>>>>>>>>>>>>>>>>

"ခင်ဗျား တော်တော်သဘောကောင်းနေတယ်ဟုတ်လား" လွန်း၏အိမ်သို့ အပြန်လမ်းတွင် ကားမောင်းနေသော လျှမ်းဒီပါအား မကျေမနပ်ဆိုနေသော လွန်း။ လျှမ်းမှာတော့ ဘေးက နှုတ်ခမ်းစူစူလေးအား အသည်းယားနေမိသည်။

"အခုလိုဖြစ်အောင်လုပ်တာ ဘယ်သူလဲပြော"
"ဒါမယ့် ကျွန်တော့်ကြောင့် ဘာမှမဖြစ်ဘူးလေ အဲ့အဒေါ်က သူ့ရောဂါနဲ့သူဖြစ်တာကို" နှုတ်ခမ်းမဲ့ရွဲ့ပြရင်း ဆိုနေသော သူ။ လျှမ်းမှာတော့ သက်ပြင်းသာခိုးချမိလို့။

"ကလေး...ဘယ်လိုဘဲဖြစ်ဖြစ် အကူညီလိုနေတဲ့သူတွေကိုကူညီပေးသင့်တယ်လေ ဟုတ်တယ်မလား"
"မသိဘူး....သူတို့လိုဆင်းရဲသားတွေက ပိုက်ဆံလိုချင်လို့ သက်သက်မဲ့ ဒရမ်မာခင်းပြနေကြတာ လွန်းတို့ကတော့ မယုံပေါင်" ပြတင်းပေါက်ကို ဆက်ခနဲလှည့်ကာ မကျေမနပ်ပွစိပွစိလုပ်နေသော လွန်းအား လျှမ်းဘာမှမပြောတော့။ မလွယ်ဘူးဟုသာ စိတ်ထဲတွေးမိသည်။

......................................

MoonLight clubအတွင်းသို့ လူတွေ ဝင်လိုက်ထွက်လိုက်ဖြင့်။ ထို့အတူ မှူးအခရာသည်လည်း စတိုင်ဘောင်းဘီ၊ ရှပ်အင်္ကျီအဖြူလေးဝတ်ထားပြီး ထိုကလပ်ထဲသို့ဝင်လာခဲ့သည်။ ရုံးမှအပြန်ဆိုတော့ အဝတ်အစားမလဲထားမိခြင်းပင်။ ပုံစံက ကလေးတစ်ယောက်လူကြီးဆန်အောင်လုပ်ထားသလို။

"မှူးအခရာ" ခေါ်သံကြောင့် အနားကိုဝေ့ဝိုက်ကြည့်မိတော့ တွေ့လိုက်ရပါပြီ လက်ပြကာ သူရှိကြောင်းပြနေသော မြူဘုန်းမာန်။

"ကိုကို...." သူ့အားမြင်သည်နှင့် လှပစွာပြုံးရင်း သူ့ဆီသို့ ခပ်သွက်သွက်လျှောက်လာမိသည်။

"မင်းကလည်း ကြာလိုက်တာကွာ"
"ဆောရီး ကိုကို... အလုပ်တွေကမပြီးသေးတော့" အပြစ်တင်ဆိုနေသော ကိုကို့အား ပြုံးရင်းသာဖြေမိသည်။ သူ မိမိအား ညီအကိုလိုသက်မှတ်ပေးသည်နှင့်ပင် ဘာမျှအရေးမကြီးပါဘူးလေ။

"လာ ဟိုဘက်ကို" မှူး၏လက်ကောက်ဝတ်အား ကိုင်ကာ ဆွဲခေါ်လာသော မြူ။ မှူးမှာတော့ လက်ကောက်ဝတ်ကိုအထိခံလိုက်ရသည်ကြောင့် ထိုနေရာမှသွေးကြောများက နှလုံးသားငယ်ထိ ကျိန်းစက်သွားသလို။ နှုတ်ခမ်းထက်တွင်လည်း အပြုံးတို့က အလိုအလျောက် ရောက်နှင့်နေပြီ။

"ဦးရှိန် ဒီမှာ  ကျွန်တော်ပြောထားတဲ့သူ" ဝိုင်းတစ်ဝိုင်းသို့အရောက် မြူက မှူးအား ဆက်ရှိန်နဲ့မိတ်ဆက်ပေးလာသည်။ မြူ၏မိတ်ဆက်ပေးမှုကြောင့် မှူး ထိုလူကိုကြည့်မိသည်။အသက်က ၄၀ ကျော်လောက်ရှိမည့်ပုံ။ ရုပ်ကသပ်ရပ်သည်။ လူကြီးပုံပေါက်သည်။ သို့သော် ထိုလူ၏မျက်လုံးများကို မှူးမကြိုက်။ သူ့မျက်လုံးများက လောဘကြီးဟန်။

"မင်္ဂလာပါ ကိုယ့်နာမည်က ဆက်ရှိန်တဲ့ Sky construction ရဲ့ဥက္ကဌပါ" မတ်တပ်ရပ်ရင်း လက်ဖြန့်ကာ နှုတ်ဆက်လာသော ထိုလူကြောင့် မှူးလည်း ပြန်လက်ဆွဲနှုတ်ဆက်လာ၏။

"မင်္ဂလာပါဗျ ကျွန်တော့နာမည် မှူးအခရာပါ Sun company ရဲ့မန်နေဂျာပါ" တရိုတသေမိတ်ဆက်လာသော မှူးကိုကြည့်ပြီး ဆက်ရှိန်ပြုံးမိသည်။ ထို့အတူ မှူး၏လက်ဖဝါးကိုလည်း သူ့လက်ညှိုးဖြင့် ခပ်ဖွဖွကုတ်မိလေ၏။ မှူးမှာတော့ ထိုလူ၏အပြုအမူကြောင့် လန့်သွားကာ ချက်ချင်းအနောက်သို့ ရွံ့မိသည်။ ထိုသူကတော့ မှူးအား ကိုက်စားမတက်ကြည့်နေ၏။

"ကဲ ဒါဆို ကိုယ်တို့ လုပ်ငန်းကိစ္စ ပြောရအောင်" ဦးဆက်ရှိန်ကပြုံးရင်းစကားစလာသည်။ ထိုအခါမှ  မြူရော မှူးရော သူတို့ရှေ့ဝင်ထိုင်လိုက်သည်။ ဦးဆက်ရှိန်၏ လက်ရုံးဖြစ်တဲ့ကိုဇွဲကသာ ဆက်ရှိန်၏ အယောင်ပြsky construction အကြောင်းကို မှူးအားပြောနေပေမယ့် ဆက်ရှိန်ကတော့ အာရုံစိုက်နားထောင်နေတဲ့ မှူးကိုသာ စိုက်ကြည့်နေလေသည်။

စတွေ့တည်းက သူ မှူးကို သဘောကျနေတာ အမှန်ပင်။ မထူးမပါးမျက်ခုံးတန်းတန်းလေးတွေ၊ တည်ငြိမ်တဲ့မျက်ဝန်းလေးတွေ၊ ယောက်ျားဆန်တယ်လည်းမဟုတ် မိန်းမဆန်တယ်လည်းမဟုတ်သော သူ၏မျက်နှာလေး၊ ထို့ပြင်စကားပြောလိုက်ရင်ကိုအမှတ်မထင် ပေါ်လာတတ်တဲ့ သွားထက်လေးတွေက ဆက်ရှိန်အား ပြုစားနေသလို။ ဖြူဖြူဖွေးဖွေးအသားလေးဟာလည်း ဆက်ရှိန်အား ကိုက်စေချင်သလို။ မိမိကို အဖတ်မလုပ်သော ပုံဖြင့် လူကြီးဆန်ဆန် အနေတည်နေသော်လည်း ထိုပုံစံကလေးကပင် ဆက်ရှိန်အား စိတ်ဝင်စားအောင်လုပ်နေသလိုပင်။ အလုပ်ကိစ္စကိုလည်း အေးဆေးစွာပြောနေသော သူ့ပုံစံလေးဟာ မိမိကို ပိုလို့ပင် မရိုးမယွဖြစ်စေသည်။

တချိန်လုံး မှူးထံအကြည့်တို့ခစားနေသည့် ဆက်ရှိန်အား ကာယကံရှင် မှူးလည်း သတိထားမိသလို မြူသည်လည်း သတိထားမိသည်။ စလာတည်းက ဦးရှိန်သည် မှူးကိုတွေ့သည်နှင့် အကြည့်တို့ပြောင်းသွားတာသတိထားမိသလို အခုလည်း တောက်လျှာက်မှူးကိုဘဲကြည့်နေတာ သိပ်ကိုသိသာလွန်းသည်။
မဟုတ်မှ ဦးရှိန် မှူးကိုစိတ်ဝင်စားနေတာလား။

"အိုကေ ဒါဆို ကျွန်တော် ဥက္ကဌ ဦးဘုန်းမာန်ကို တင်ပြပေးလိုက်ပါ့မယ်" မှူးစကားကြောင့် မြူမျက်မှောင်ကြုတ်သွားသည်။ ဒယ်ဒီကိုတင်ပြရုံသာဆို ဒီကိစ္စအားဒယ်ဒီသေချာစုံစမ်းပြီး စစ်ဆေးရင် မိမိဆင်ထားသည့်အစီစဉ် လွဲကုန်မှာအမှန်ပင်။ သို့သော် သူဘာမှမပြောသေး။ ထိုကိစ္စအား အပြန်ကျမှ သေချာပြောရန် တေးထားမိသည်။

"ဟုတ်ပါပြီ အဲ့တာဆို သတင်းကောင်းကြားရပါစေလို့ဘဲ ဆုတောင်းပါတယ်" ခပ်ပြုံးပြုံးဆိုလာသည့် ဆက်ရှိန်အား မှူး မပွင့်တပွင့်သာပြုံးပြမိသညိ။ ထိုလူ့ပုံစံကို မှူးမကြိုက်ပေမယ့် ကိုကိုကြောင့်သည်းခံရမည်လေ။

"ဒါဆို ကျွန်တော့ကိုပြန်ခွင့်ပြုပါဦး"
"ခန​နေပါဦး ကောင်လေး" ထဖို့ရွယ်နေသော မွူးအား တားသည့်ဟန်ဆိုလာသော ဆက်ရှိန်ကြောင့် မှူးရောမြူပါကြည့်မိသည်။

"တစ်ခွက်တစ်လေလောက်သောက်သွားပါဦး" အရက်ထည့်ထားသည့် ခွက်အား မှူးအရှေ့ချပေးပြီးဆိုလာတော့ မှူးမျက်နှာပျက်သွားသည်။ ထို့နောက် ဆက်ရှိန်စကားအား ငြင်းဟန်အပြု....

"တောင်းပန်ပါတယ် ဦးရှိန် မှူးက အရက်မသောက်တတ်ဘူး....ဒါဆို ကျွန်တော်တို့ကိုသွားခွင့်ပြုပါဦး" မြူ၏ရုတ်တရတ်ဝင်ပြောကာ တားလိုက်ခြင်းပင်။ ထို့နောက် မှူးအား သွားရအောင် ဟုဆိုပြီး ပခုံးဖတ်ကာ ထွက်သွားလေသည်။ ကျန်ခဲ့သည့် ဆက်ရှိန်မှာတော့ နှုတ်ခမ်းတစ်ဖတ်ရွဲ့ရင်း ပြုံးဟန်သာပြုနေသည်။

မှူးမှာတော့ ဆွဲခေါ်လာသော မြူကြောင့် စိတ်ထဲဝမ်းသာမိသလိုလို။ မိမိအရက်မသောက်တတ်မှန်းသိသော မြူကြောင့်လည်း အမှန်တကယ်ကို ပျော်မိသည်။ သူ မိမိကို ဂရုစိုက်ပေးသည်မဟုတ်ပါလား။

"ကျေးဇူးပါ ကိုကို အခုလို ကျွန်တော့ကို ကူညီပေးလို့" ကားပေါ်တက်ခါနီး မြူအားပြောမိခြင်းပင်။ ကားတံခါးဖွင့်ဖို့ရွယ်နေသော လက်က ရပ်တန့်သွားပြီး မှူးကိုလှည့်ကြည့်လာသည်။

"ငါ မင်းကို ကူညီပေးတာမဟုတ်ဘူး မင်းအရက်သောက်တာ ငါ့ကြောင့်ဆိုပြီး ဒယ်ဒီသိရင် ငါ့ကိုပြောလိမ့်မယ် ပြီးတော့ အခုလိုထွက်လာတာကလည်း ငါမင်းကို ပြောစရာရှိလို့" ထိုသို့သာပြောပြီးကားပေါ်သို့တက်သွားသော မြူ။ မှူးမှာတော့ မြူပြောသွားသည့်စကားများကိုကြားပြီး သက်ပြင်းသာချမိသည်။ မိမိထင်နေသလိုမှမဟုတ်ပါလေ။

___________________________________________________

တမာရွက်တွေရမယ် တမာရွက်😂😂😂 ကဲ လျှမ်းလွန်းရဲ့အခါးကနေ ကံကြမ္မာမြှားဦးက အလှည့်အပြောင်းဖြစ်သွားပြန်ပြီ😅 ဒီသာသာစိတ်မနှံ့တော့ဘူးရော် vtလေးတွေ feedback လေးတွေလည်းပေးသွားကြပါဦး

Continue Reading

You'll Also Like

16.8K 1.2K 12
ပြန်လည်မွေးဖွားလာပြီးနောက် ရိုင်းစိုင်းတဲ့အကိုလေးကို ယဉ်ပါးအောင်လေ့ကျင့်ပေးခြင်း ... Rebirth ပုံစံမျိုးဖြစ်ပြီး လက်စားချေတာမျိုးမဟုတ်ပဲ ကံတရားကိုပြော...
5.8K 259 59
ဒီအလင်းမဲ့နန်းတော်ကိုရောက်လာပြီးရင် ပြန်ထွက်လို့ရမယ်ထင်နေလား ပုတ်သိုးဆွေးမြေ့ပြီးအရိုးကျတဲ့အထိ ဒီနေရာမှာပဲနေရလိမ့်မယ် (ကမ္ဘာခေတ်)
1.8M 71.5K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
187K 21.5K 64
(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန်...