<Unicode>
လှပတဲ့ဆံနွယ်ရှည်လေးတွေက လေအဝှေ့မှာ လှပစွာ ယိမ်းနွဲ့လို့ ၊ လက်ဖြူဖြူသွယ်သွယ်လေးတွေနဲ့ ဆံနွယ်တွေကို သိမ်းယူလိုက်တဲ့ခဏမှာ သူ့နှလုံးသားလေး လှိုက်မောသွားရတယ်။ နှင်းဆီရောင်သန်းနေတဲ့ပါးပြင်လေးတွေနဲ့ ကောင်မလေးက ရှက်နေပုံပါပဲ။ ခေါင်းလေးကိုငုံ့လို့ ရှက်ပြုံးလေးနဲ့ တိုးတိုးလေးဆိုလာတယ်။ 'ချစ်တယ်'တဲ့။ သူပျော်လွန်းလို့ ရှက်နေတဲ့ ကောင်မလေးကို ဆွဲဖက်လိုက်တဲ့ခဏ........
"ဝမ်ငယ်!!.....ပြီးပြီ"
လှုပ်နှိုးခံလိုက်ရတဲ့ ရိပေါ်က သူ့ရဲ့စိတ်ကူးယဉ်အိမ်မက်ကနေ မကျေမနပ်နှိုးထလာရတယ်။ ဘယ်လိုများ အိပ်ပျော်သွားတာလဲလို့စဉ်းစားမိတော့မှ တစ်စုံတစ်ရာကိုသတိရသွားတယ်။ အလောတကြီးနဲ့ ပါးစပ်က သွားရည်တွေကိုသုတ်လို့ ရိပေါ်က မှန်ရှေ့ကို အပြေးသွားတယ်။
"အား!!!!.........ရှောင်းကျန့်!!!!!"
အစိမ်းနုရောင် နှစ်ထပ်အိမ်လေးရဲ့ အခန်းတစ်ခန်းအတွင်းက ရိပေါ်ရဲ့ အသံနက်ကြီးက တစ်ရပ်ကွက်လုံးကို လွှမ်းခြုံသွားတယ်။ ဘေးအိမ်က ရှောင်းမားကတော့ ခေါင်းကိုအသာခါရမ်းလို့ ပြုံးနေတယ်။ ဖြတ်သွားဖြတ်လာ လမ်းထိပ်က ဦးလေးကျန်းကလည်း ခေါင်းတစ်ခါခါနဲ့ ။ အိမ်အောက်ထပ်က ဝမ်မားကတော့ အော်ပြောလာတယ်။ "မင်တို့ အချစ်မစမ်းကြစမ်းနဲ့"တဲ့။
"ကျန့်ကော!!!!"
မျက်နှာတစ်ခုလုံးနီရဲပြီး ဒေါသအခိုးငွေ့တွေပလူပျံနေတဲ့ ရိပေါ်လေးက ရှောင်းကျန့်ရဲ့လက်ရာ ကတုံးထိပ်တိလေးနဲ့ လုံးဝကိုပြီးပြည့်စုံနေတယ်။ ဒါကို ဒီဝမ်စိတ်တိုလေးက ဘာကို အလိုမကျ ဖြစ်နေပါလိမ့်။ ရှောင်းကျန့်အမြင်မှာတော့ အရမ်းအရမ်းကိုချစ်ဖို့ကောင်းလွန်းနေတယ်။
"ဘာလို့လဲ..... ဝမ်ငယ်.....ကောညှပ်ပေးထားတဲ့ဆံပင်ကေကို မကြိုက်ဘူးလား"
ခပ်တည်တည်နဲ့မေးနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ပိုစိတ်တိုလာရတယ်။ ဒါ သူ့ကိုတမင်သက်သက်လုပ်တာ။ သူ့အမှားပါလေ....။ ကျန့်ကောက သူလိုချင်တာဆို မရရတဲ့နည်းနဲ့ယူတတ်တဲ့လူမျိုး။ ဂိမ်းပြိုင်ဆော့ရအောင်။ နိုင်တဲ့သူက ရှုံးတဲ့သူကို ကြိုက်တာလုပ်ခွင့်ပေးရမယ်လို့ စိန်ခေါ်လာတည်းက သူသိခဲ့သင့်တာ။ 'သူ့ကိုနိုင်ရင် skateboard အသစ်ကြီးရမယ်'ဆိုတဲ့ မက်လုံးကြီးမှာ ဝမ်ရိပေါ်တို့ မျောသွားတာများ ခုခေါင်းကအမွေးတွေ ပြောင်ကုန်ပြီ။ သွားပါပြီ။ Handsome ဖြစ်လွန်းတဲ့သူ့ရဲ့ ချောမောမှုတွေ မှေးမှိန်ကုန်ပါပြီ။
"ကော.....တမင်လုပ်တာမလား"
"ချစ်စရာလေး ဝမ်ငယ်.....ကောကခေါင်းပါလျှော်ပေးပြီး သေချာလေးညှပ်ပေးထားတာ... ချစ်စရာလေးနော်......"
စူပုပ်စွာပြောနေတဲ့ သူ့စကားကို အဖက်မလုပ်ပဲ သူ့နောက်ကနေ ခေါင်းလေးကို အသာပွတ်လို့ ပြုံးစစနဲ့ ပြောလာတဲ့ ကောက အမြင်ကပ်စရာ။ သူလုပ်ချင်တာလုပ်ပြီးရင် ကောက သူ့ရဲ့ ယုန်သွားကြီးတွေကို မဖုံးဖိနိုင်လောက်အောင်ဖြီးနေရော။ ဒီယုန်ရုပ်ဆိုးက ရိပေါ်ရဲ့ ခန့်ညားမှုတွေကို မနာလိုနေတာသေချာတယ်။ ဒါကြောင့် ဒီလိုလုပ်တာပေါ့။
"ဖယ်"
သူ့ရဲ့လက်ကိုပုတ်ထုတ်လို့ ဘောက်ဆတ်ဆတ်နဲ့ အိမ်ပေါ်ကနေ တစ်ဒုန်းဒုန်းမြည်အောင် ဆင်းသွားတဲ့ကောင်လေးကိုကြည့်ရင်း ရှောင်းကျန့် မှာ ခေါင်းတစ်ခါခါနဲ့ အရယ်မရပ်နိုင်။ သူ့ရဲ့ ဝမ်ငယ်က စိတ်ဆိုးတာတောင် ချစ်စရာကောင်းနေမြဲပဲ။ အင်း......ဒီတစ်ခါလည်း တော်တော်စိတ်ဆိုးသွားတယ်ထင်တယ်။ မတတ်နိုင်ဘူးလေ ချော့ရမှာပေါ့။ သူလွန်တာသိပေမဲ့ မမှားဘူးလို့တော့ထင်တယ်။ အညိုရောင်ဆံနွယ်ရှည်တွေကို စုစည်းထားတဲ့ရိပေါ်က သိပ်ကို ခန့်ညားလွန်းနေတယ်။ ဒါကိုသူစိတ်မချဘူး။ ကိုယ့်အပိုင်မဟုတ်သေးရင်တောင် ကာကွယ်သင့်တာတော့ ကာကွယ်ထားရမယ်မဟုတ်လား။
>>>>>>>>>>>🐷
ကိုယ့်ရဲ့ချစ်စရာ ဝက်ပေါက်လေး
ရှောင်းကျန့်အသက် ၆ နှစ်........
မားက ပြောတယ်။ ဘေးအိမ်က အန်တီဝမ်ဆီမှာ သူ့အတွက် လက်ဆောင်လှလှလေးရှိတယ်တဲ့။ ရှောင်းကျန့် ပျော်ရွှင်စွာ ခုန်ပေါက်ရင်း အန်တီဝမ်တို့အိမ်ကို အပြေးသွားလိုက်တယ်။
"အန်တီဝမ်.....သားသား လာတယ်"
"ဟယ် ကျန့်ကျန့်လေး.....လာ လာ"
"တီဝမ်....သားအတွက် လက်ဆောင်ရှိတယ်ဆို"
ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မေးနေတဲ့သူ့ကို အန်တီဝမ်က ပြုံးရင်း ပွေ့ချီခေါ်သွားတယ်။ စိမ်းစိမ်းနဲ့ လုံးလုံးပုံ ထိုင်ခုံလိုအရာလေးရဲ့ရှေ့မှာမှ သူ့ကို အောက်သို့ ချပေးတယ်။
"ဒီမှာ.....ကျန့်ကျန့်လေးအတွက် တိတိလေး"
အန်တီဝမ် ဆွဲလှည့်ပြလာတဲ့ အစိမ်းရောင် ခြင်းလိုအရာလေးထဲမှာ လှုပ်လှုပ်ရွရွနဲ့ ဝတုတ်တုတ်ပိစိလေး.......။
💚
ရှောင်းကျန့်လက်ထဲက strawberry lollipop လေးက အောက်ပြုတ်ကျသွားတယ်။ လှုပ်ရွရွအစိမ်းလုံးပိစိလေးကို တအံ့တသြ ငေးမောနေမိတာ အချိန်တော်ကြာသည်ထိ။ ပါးဖောင်းလေးနဲ့ ဝတုတ်လေးက ဖြူဖြူဖွေးဖွေးနှင်းလုံးလေးလို......။
"မိတ်ဆက်လိုက်ပါအုံး ရိပေါ်လေးရေ.....ဒါသားရဲ့ကိုကို ကျန့်ကျန့်တဲ့"
"ကျန့်ကျန့် .......တိတိလေးနာမည်က ရိပေါ် ဝမ်ရိပေါ်တဲ့"
"အိ...ပေါ်....?"
ဖြည်းဖြည်း တိုးတိုး မပီမသခေါ်သံလေးကြောင့်ဖြစ်မယ်ထင်ပါရဲ့။ အစိမ်းရောင် တွန်းလှည်းလေးထဲက ဝဝဖောင်းဖောင်း ကလေးငယ်လေးက ချိုလိမ်လေးကို တစ်ပြွတ်ပြွတ်လုပ်ရင်း လက်လေးတွေလှုပ်ယမ်းလို့ ပြုံးရယ်လာတယ်။
"တီဝမ်...... အိပေါ်လေးက ရယ်နေတယ်...."
ရှောင်းကျန့် စိတ်လှုပ်ရှားစွာခုန်ပေါက်ပြောနေရင်းကပင် ရိပေါ်လေးအနားကို ရောက်ရှိသွားတယ်။
"အိုက်ယား.......တိတိလေး.....အိပေါ်ပေါ်လေး......ဝက်ပေါက်လေး.....ဝမ်ပိစိလေး....."
ပါးဖောင်းလေး နှစ်ဖက်ကို အုပ်ကိုင်ခံထားရတဲ့ ကလေးသေးသေးလေးက မျက်လုံးလေးတွေ ပိတ်ကျနေသည်ထိ ရယ်မောနေတဲ့ ရှောင်းကျန့်ကို ပြူးပြူးလေးကြည့်လို့........။
အဲ့ဒီနေ့က နေရောင်နွေးနွေးလေးဖြာကျနေခဲ့တယ်ထင်တယ်။ လေပြည်လေးတွေလည်း ဖြတ်ပြေးသွားခဲ့သေးတယ်။ ရွက်ကြွေတွေလည်း မြေပြင်သို့ဝဲလို့။ ကောင်းကင်ကြီးကလည်း ကြည်လင်စွာနဲ့။ အင်း......နွေဦးရဲ့ တစ်ရက်ရက်ဖြစ်ခဲ့မယ်ထင်ပါတယ်။ ရှောင်းကျန့်သေချာမှတ်မိနေပါသေးတယ်။ သူ့ကို ကြည့်နေခဲ့တဲ့ မျက်လုံးကြည်ကြည်လှလှလေးတွေရယ်၊သူ့ရဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားတဲ့ လက်ဖောင်းဖောင်းသေးသေးလေးတွေရယ်ကိုပေါ့။
ဒါဟာ ရှောင်းကျန့်က သူ့ရဲ့ဝက်ပေါက်လေးနဲ့ စတင်ဆုံစည်းခဲ့ခြင်းဖြစ်တယ်။ 'ဝမ်ငယ်' လို့ အမြတ်တနိုးခေါ်ရင်း ပါးဖောင်းကြီးတွေ နစ်ဝင်သွားသည်ထိ သူအကြိမ်ကြိမ် နမ်းရှိုက်ပစ်ခဲ့မိတယ်။ နှလုံးသားတစ်ခုလုံး နစ်ဝင်သွားမယ်မှန်းတော့ သူ တကယ်ကိုမသိခဲ့ပါဘူး။
>>>>>>>>>>>>🐷
ဝက်ပေါက်လေးနဲ့ အမှတ်တရများ
လေးဘက်ထောက်သွားတတ်ခါစမှာ စပြီး ဝမ်ငယ်က ဆိုးလာပါတယ်။ ရှောင်းကျန့် ဂိမ်းဆော့နေတဲ့အခါတွေဆို ဘေးနားလာလာပြီး လက်နဲ့ ပုတ်ပုတ်ချပြီးနှောက်ယှက်တတ်လာတယ်။ ပိစိလောက်လေး အရေးမလုပ်မိတဲ့အခါတိုင်းလည်း ချော့မရအောင် အော်ငိုတတ်ပါသေးတယ်။ သူအိပ်နေတဲ့အခါ ကုပ်ကပ်တက်လာပြီး လက်ဖောင်းဖောင်းလေးတွေနဲ့ပုတ်နှိုးတတ်သေးတယ်။ ဆိုလိုချင်တာက သူ့ကိုအရေးလုပ်ပါလို့ပေါ့။ ချစ်စရာ ဝမ်ပုစိက တကယ့် အူပုတ်လေးပါပဲ။ ဒါပေမဲ့ ပါးဖောင်းဖောင်းလေးနဲ့ ဂျစ်ကန်ကန် ဝမ်ပုစိက ရှောင်းကျန့်နဲ့ဆိုရင်တော့ အံ့သြစရာကောင်းလောက်အောင် ငြိမ်ပြီး တခစ်ခစ်နဲ့ရယ်မောနေတတ်ပါတယ်။
💚
ရှောင်းကျန့်ရဲ့ ဘဝမှာ ရိပေါ်နဲ့ပတ်သက်တဲ့အမှတ်တရတွေက မရေမတွက်နိုင်လောက်အောင်ပါပဲ။ သူ့ရဲ့နေရက်တွေတိုင်းမှာ ရိပေါ်ကပါဝင်နေခဲ့တယ်။
ရှောင်းကျန့် ပထမဆုံး ကျောင်းစတက်တဲ့နေ့မှာ လမ်းလျှောက်တတ်စ ရိပေါ်လေးက လိုက်ပို့တဲ့သူတွေထဲပါဝင်ခဲ့တယ်။
မူလတန်းကျောင်းသားလေး ရှောင်းကျန့်က ရန်ဖြစ်လို့ ဆူခံရတုန်းကလည်း နံဘေးမှာ စကားပြောတတ်ခါစ ရိပေါ်လေး ရှိနေခဲ့တယ်။
ဆယ်ကျော်သက်အရွယ် ရှောင်းကျန့်ရဲ့နံဘေးမှာတော့ ကျောပိုးအိတ်အစိမ်းရောင်လေးနဲ့ မူလတန်းအရွယ် ရိပေါ်လေးက အရိပ်လို လိုက်ပါလာခဲ့ပြီဖြစ်တယ်။
အထက်တန်းကျောင်းသားကြီးဖြစ်လာတဲ့အခါမှာလည်း သူ့ရဲ့ ဘေးနားမှာ ခြေသလုံးဖွေးဖွေးတုတ်တုတ်လေးတွေနဲ့ ကောင်ငယ်လေးက လိုက်ပါနေစမြဲပါပဲ။
တက္ကသိုလ်တက်နေပြီဖြစ်တဲ့အချိန်မှာလည်း ရှောင်းကျန့် က ရိပေါ်အတွက်ရှိနေပေးခဲ့သလို ရိပေါ်ကလည်း ရှောင်းကျန့်ဘေးမှာ အမြဲရှိနေပေးခဲ့တယ်။
ရှောင်းကျန့် အတွက်တော့ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးက နွေရာသီမှာဆို အိုအေစစ်လေးဖြစ်ပြီး ဆောင်းရာသီမှာ အနွေးဓာတ်လေးဖြစ်တဲ့ သူ့ရဲ့ မရှိမဖြစ်အဖိုးတန်လေးပါပဲ။
💚
>>>>>>>>>>>>>🦁
"အန်တီဝမ် ဝမ်ငယ်က မနှိုးသေးဘူးလား"
"နှိုးနေပြီ ကျန့်ကျန့်ရဲ့ ခဏနေ ဆင်းလာတော့မယ်ထင်တယ်......ဟော ပြောရင်းဆိုရင်း ဆင်းလာနေပြီ"
မှေးငေါ့ပြလာတဲ့ အန်တီဝမ်ကြောင့် နောက်လှည့်ကြည့်လိုက်တော့ အိမ်ပေါ်ထပ်ကနေ ပေစောင်းစောင်းနဲ့ ဆင်းလာတဲ့ ကောင်ငယ်လေး။ မှုန်ကုတ်ထားတဲ့ မျက်နှာလေးက သူဖန်တီးပေးထားတဲ့ ဆံပင်ကေလေးနဲ့အတူ လိုက်ဖက်ညီစွာ ချစ်ဖို့ကောင်းနေတယ်။Hoddie အနက်လေးနဲ့ Nike အိတ်လေးလွယ်လို့ထားတဲ့ ၂၂ နှစ်အရွယ် ရိပေါ်က အခုဆို ခြင်္သေ့ ပေါက်လေးဖြစ်နေခဲ့ပြီ။ အရင်လို ရှောင်းကျန့် စကားအမြဲနားထောင်တတ်တဲ့ ဝက်ပေါက်လေး မဟုတ်တော့။ သို့ပေမဲ့ ရှောင်းကျန့် ကတော့ ချစ်နေမိဆဲပါပဲ။ အင်း......အရင်ကလို မဖြူစင်တော့တာကလွဲလို့ပေါ့လေ။
"ကျောင်းပိတ်တယ်မလား ဘယ်သွားမှာလဲ ဝမ်ငယ် ကော လိုက်ပို့ပေးမယ်လေ"
တစ်တွတ်တွတ်နဲ့ တက်ကြွစွာပြောနေတဲ့ရှောင်းကျန့်ကို တစ်ချက်ငှဲ့ကြည့်လို့ အကြည့်လွဲသွားတဲ့ ရိပေါ်က မတုံ့ပြန်ခြင်းနဲ့ သူစိတ်ဆိုးနေသေးကြောင်းကိုပြတယ်။ စူပုတ်ပုတ်မျက်နှာလေးကိုကြည့်လို့ ရှောင်းကျန့်ကတော့ ခိုးပြုံးနေမိတယ်။
"ဟဲ့ ရိပေါ် အကြီးမေးနေတာ ပြန်ဖြေလေ"
ဝမ်မားရဲ့ဆူပူမှုကြောင့် ရိပေါ်က အင်တင်တင်နဲ့ သူ့ဘက်လှည့်ကြည့်လာတယ်။
"ဘယ်မှမသွားဘူး ဒီနားလေးတင် မပို့နဲ့ ရတယ်"
ွှမှင်သေသေနဲ့ ပြောပြီးထွက်သွားတဲ့ ကောင်လေးက တကယ့်ကို အကြောတင်းလေး။
"အိမ်ပေါက်ဝမှာ ကော skateboard အသစ်ထားထားတယ် ယူချင်ယူသွား သိလား!"
သူ့ရဲ့အော်သံအဆုံး ရိပေါ်က လက်ခလယ်ထောင်ပြသွားတာမို့ ရှောင်းကျန့် ခေါင်းတစ်ခါခါနဲ့ ရယ်နေမိတယ်။ ဒီကောင်လေးက ကျောပေးထားလို့ သူ့ရဲ့ မြှင့်တက်သွားတဲ့ ပါးမို့မို့ကြီးတွေကို ရှောင်းကျန့်မမြင်နိုင်ဘူးလို့ ထင်နေတယ် ထင်ပါရဲ့။
Vocal ကောင်းကောင်းနဲ့ အော်ပြောလာတဲ့ အသံဆိုးကြီးကြောင့် တင်းထားတဲ့ ရိပေါ်မျက်နှာကြီးက ချက်ချင်းပြုံးစိကြီးဖြစ်လို့သွားတယ်။ ကျန့်ကောက တကယ့် ငပါးကြီး။ သူလုပ်ချင်ရာလုပ်မယ်။ ပြီးရင် ရိပေါ်ကို ပြန်ချော့မယ်။ ဘယ်လိုချော့ရမယ်ဆိုတာကိုလည်း သူကသိနေပြီးသား။ တစ်ခါတစ်ခါကျ သူကိုယ်တိုင်ထက်တောင် ကျန့်ကောက သူ့ကိုနားလည်နေသေးရဲ့။
အိမ်ရှေ့က skateboard အသစ်စက်စက်ကို ခပ်တည်တည်နဲ့ဆွဲယူလို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ဆီထွက်လာလိုက်တယ်။ ရိပေါ်က ခု အနုပညာတက္ကသိုလ်က ဒုတိယနှစ်ကျောင်းသားလေး။ ကောကတော့ အလုပ်သင်ဆရာဝန်လေး ဖြစ်နေပြီဖြစ်တယ်။ ကောက မအားတဲ့ကြားက ခုချိန်ထိ သူ့အတွက် အချိန်ပေးနေမြဲပါပဲ။ ရိပေါ်အတွက် ကျန့်ကောဆိုတာက သိပ် တန်ဖိုးထားရတဲ့ နွေးထွေးသော ရိပ်မြုံလေး..။
ရိပေါ်ဘဝရဲ့ ပထမဆုံးသော မှတ်ဉာဏ်လေးလို့ ဆိုလာရင်......အင်း..... မှဲ့နက်လေးတစ်ခုပေါ့။
နေရောင်ခြည်နွေးနွေးနဲ့ နံနက်ခင်းလေးမှာ လက်တွေကိုဆန့်ထုတ်လို့ ပြုံးရင်းစကိတ်စီးနေတဲ့ ကောင်လေးတစ်ယောက်။ ထိုကောင်လေးနဲ့ မနီးမဝေးမှာတော့ ဖြည်းဖြည်းချင်း လိုက်ပါလာနေတဲ့ အနီရောင်ကားလေးတစ်စီး ရှိနေခဲ့တယ်။
>>>>>>>>>>>❤
ရှေ့က မြင်ကွင်းကြောင့် ကားစတီယာရင်ပေါ်က ရှောင်းကျန့်ရဲ့လက်တွေက တင်းကြပ်လို့သွားတယ်။ ကောင်မလေးရဲ့လက်ကိုတွဲလို့ ကြည်နူးပြုံးပျော်ရင်း ထွက်လာတဲ့ ကောင်လေးကတော့ သူ့ကို မမြင်သေး။ ဒီလို မြင်ကွင်းက ကြုံနေကျဆိုပေမဲ့ အကြိမ်တိုင်း အသစ်အသစ်လို နာကျင်ရမြဲ။ အနီးနားရောက်လာပြီဖြစ်တဲ့ သူ့ရဲ့အဖိုးတန်လေးကြောင့် ဆုပ်ထားမိတဲ့ လက်တွေကို ဖြေလျော့လို့ အပြုံးတွေတောက်ပနေအောင် ရှောင်းကျန့် ကြိုးစားရင်း ကားထဲကထွက်လာလိုက်တယ်။
"ဟာ.....ကျန့်ကော လာကြိုတာလား"
"အင်း.....ဝမ်ငယ်က ဆိုင်ကယ်မယူသွားဘူးဆိုလို့လေ"
"အင်း.....ဟုတ်တယ်....ဒီနေ့ ကျူးအာကျဲက လျှောက်လည်ဖို့ ပြောထားလို့...."
ခုချိန်ထိ ရှောင်းကျန့်က အကြည့်တောင်မစွန့်ကျဲသေးတဲ့ မိန်းကလေးဆီ ရိပေါ်က ကြင်နာစွာကြည့်ရင်း ပြောလာတယ်။ ရိပေါ်စကားကြောင့် ရှောင်ကျန့် မျက်ခုံးတွေ အတန်ငယ်မြှင့်တက်သွားခဲ့ရတယ်။ အရင်က မိန်းကလေးတွေနဲ့တုန်းက ရိပေါ်က ဒီလိုမကြည့်ခဲ့ဖူးဘူးလေ။ ပြီးတော့ ရိပေါ်က တွဲခဲ့ဖူးတဲ့လူတွေနဲ့ လျှောက်လည်တယ်ဆိုတာမရှိသလောက်ရှားတယ်။ တစ်ဖက်လူရဲ့ အကြိုက်ကိုလည်း လိုက်တတ်တဲ့သူ မဟုတ်ဘူး။ စိတ်ဝင်စားရင် တွဲလိုက်မယ်။ စိတ်ကုန်ရင် ဖြတ်မယ်။ ဒါသူရဲ့ အကျင့်။ ခု မိန်းကလေးနဲ့ကျမှ ရိပေါ်ရဲ့ အကြည့်တွေ အပြောတွေကအစ ပြောင်းလဲနေသလို......။တုန်လှုပ်လာမိတဲ့ အတွေးစတွေကို ဖျက်သိမ်းလို့ အပြုံးတုတစ်ခုကို ဖန်တီးလိုက်တယ်။
"သြော်..... ဟုတ်ပြီလေ..... သိပ်တော့ နောက်မကျစေနဲ့နော်.....ဝမ်ငယ်"
"ဟုတ်....ကျန့်ကော"
ထွက်ခွာသွားတဲ့ ပုံရိပ်နှစ်ခုက လိုက်ဖက်ညီလွန်းလှတယ်။ သူတစ်ခါမှ မတွေ့ခဲ့ရဖူးတဲ့ ရိပေါ်ရဲ့ အကြည့်တွေ၊အကြင်နာတွေကို ခံယူရရှိထားဟန်ရှိတဲ့ အဲ့ဒီမိန်းကလေးက သိပ်ကံကောင်းလှပါတယ်။ သူ ကြောက်ရွံ ခဲ့ရတဲ့အချိန်ခါတွေ ရောက်လာတော့မှာများလား။ ပါးပြင်ထက်သို့ အလိုလျောက်ကျဆင်းလာနေတဲ့ မျက်ရည်စလေးကို လက်နဲ့ ခပ်ကြမ်းကြမ်း ပွတ်ဆွဲသုတ်ရင်း ကားကိုမောင်းထွက်လာလိုက်တယ်။ ကားမှန်ကတစ်ဆင့် မြင်နေရတဲ့ ပြုံးပျော်နေတဲ့ ပုံရိပ်လေးကြောင့် မျက်ရည်တွေကြားကနေ ပြုံးဖြစ်ခဲ့သေးတယ်။
တစ်ချို့ ချစ်ခြင်းတွေက ပျော်ရွှင်ကောင်းပျော်ရွှင်ရမယ်။
တစ်ချို့သောတွေက ဝမ်းနည်းဖို့ ကောင်းနေလိမ့်မယ်။
ရှောင်းကျန့် ရဲ့ချစ်ခြင်းတရားလေးကတော့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ ရောနှောနေလေရဲ့။
စတင်ချစ်မိခဲ့ကတည်းက စွန့်လွှတ်နိုင်ဖို့ရာပါ ကြိုးပမ်းခဲ့ပေမဲ့လို့ ခုချိန်ထိတိုင် သူမအောင်မြင်ခဲ့သေးပါဘူး။ ဘာကြောင့်လဲလို့ဆိုရင်.....
တစ်ကမ်တမ်း သူက ချစ်ခြင်းတွေ ဖွင့်ဟဝန်ခံဖို့အခွင့်ရေးကိုပဲ စွန့်လွတ်ခဲ့တာ။ ရိပေါ်အပေါ်က သူ့ရဲ့ချစ်ခြင်းတွေကိုတော့ ဘယ်တုန်းကမှ မစွန့်လွတ်ခဲ့ဖူးဘူးလေ......။
>>>>>>>>>>>💚
"အင်း......ချစ်တယ် ကျဲ.....အရမ်းချစ်တယ်နော်.....မွ...."
မကြားချင်ပါပဲ ကြားနေရတဲ့ စကားလုံးတွေကြောင့် ရင်ဘတ်ထဲကတစ်ဆစ်ဆစ်။ သူ့အခန်းမှာလာပြီး အတူတူရုပ်ရှင်ကြည့်တတ်တဲ့ ရိပေါ်က ခုနောက်ပိုင်းတော့ တာဝန်အရသာလာပြီး ရုပ်ရှင်ကိုလည်း စိတ်မဝင်စားသလို။ တစ်ချိန်လုံးလိုလို ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတတ်သည်။ တည်တင်းထားတဲ့ မျက်နှာအောက်က ပြိုလဲနေတဲ့ စိတ်အစုံကို သူသာလျှင်သိနိုင်ပါရဲ့။
"ကျန့်ကော...... ဆောရီး..... ဟီး....အနှောက်ယှက်ဖြစ်သွားလား"
"ရပါတယ်......ဇာတ်ကားကြည့်တော့လေ ဝမ်ငယ်.....ပြီးတော့မယ်"
"ဟုတ်လား"
ပေါက်ပေါက်ဗူးကို ဆွဲပွေ့လို့ တစ်မြုံ့မြုံ့ဝါးရင်း ရုပ်ရှင်ဇာတ်ကားထဲ အာရုံရောက်သွားတဲ့ ရိပေါ်ကို ရှောင်းကျန့်ငေးကြည့်နေမိတယ်။ ရိပေါ်က သိပ်လှတဲ့ ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တူပါတယ်။ ပျော်ရွှင်စရာဇာတ်သိမ်းမဖြစ်နိုင်မှန်းသိတယ်။ ဒါပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်နေတဲ့ ရိပေါ်ဆိုတဲ့ ဇာတ်ကွက်လေးထဲမှာ သူက ရုန်းမထွက်ချင်လောက်အောင်နစ်မျောနေမိတယ်။ သူရုန်းမထွက်ချင်ဘူး.......အဆုံးသတ်ကဘယ်လိုပဲဖြစ်နေပါစေ.......။
"ကျန့်ကော"
"အင်း"
"ကျူးအာကျဲက ဘယ်လိုနေလဲ"
"ဘာကိုလဲ"
"ကျဲက ကျွန်တော့်ချစ်သူအနေနဲ့ ဘယ်လိုလဲလို့ အဆင်ပြေတယ်မလား ကျဲကလှလည်းလှတယ် တော်လည်းတော်တယ်လေ....ဟဲဟဲ"
"အဲ့ဒါ..... ကောနဲ့ဆိုင်လို့လား"
ရှောင်းကျန့် မျက်ဝန်းတောက်တောက်လေးတွေကို စူးစိုက်ကြည့်ပြီး ခပ်တည်တည်ပြန်မေးမိသည်။ ခေတ္တမျှ ကြောင်ငေးနေတဲ့ ရိပေါ်က သူ့အဖြေကို အံ့အားသင့်နေဟန်။
"အိမ်ပြန်အိပ်တော့ ဝမ်ငယ် ညနက်နေပြီ"
ခေါင်းလေးကိုအသာဖွလို့ သတိပေးရင်း ကျောခိုင်းခဲ့လိုက်တယ်။ နောက်ပါးက အော်သံစူးစူးလေးကတော့ ကပ်ပါလာသေးရဲ့။
"ကျန့်ကော.......ယုန်အိုကြီး.....ရည်းစားမရှိတိုင်း သူများကို မနာလိုနေတာမလား!......"
ဟက်.......ရိပေါ်က ဆိုးလိုက်တာ။ သူ့ခံစားချက်တွေကို ဘယ်တော့မှမမြင်ခဲ့ဘူး။ မြင်အောင်လည်း မကြည့်ခဲ့ဖူးဘူးထင်ပါရဲ့.......။
>>>>>>>>>>>💔
"Cheer!!!"
ပြိုင်တူအော်သံတွေနဲ့အတူ ခွက်ချင်းထိခတ်သံတွေက ဆူဆူညံညံ။ ယွီပင်းမွေးနေ့မို့ ရိပေါ်တို့ သူငယ်ချင်းတစ်စု party ကျင်းပနေကြခြင်း။
"ရိပေါ် မင်းစမ်းသပ်ကြည့်တာ ဘယ်လိုနေလဲ"
ယွီပင်းအမေးကြောင့် ခေါင်းငုံ့လို့ အမြည်းတွေစားနေတဲ့ ရိပေါ်က မော့ကြည့်လာသည်။
"မထူးဘူး ငါ့အထင်မှားသွားတယ်ထင်တယ်"
"ဟမ်.....တစ်ကယ်ကြီးလား"
"အေး.... တကယ်ပေါ့ ကျန့်ကောက ငါ့အပေါ်ရိုးပါတယ်......ငါသူ့ရှေ့ ကျူးအာကျဲနဲ့ တမင်ကြီး ပိုပိုသာသာလုပ်ပြရင်တောင် သူဘာမှမဖြစ်ဘူး......"
"သေချာလို့လား......ငါ့အထင်တော့..."
"ဟေ့ကောင်.....တော်တော့.....ကျန့်ကောက gay မဟုတ်ဘူး သေချာတယ် အိုကေ....လျှောက်မပြောနဲ့ နောက်ကို"
"ရိ.....ရိပေါ်......"
သူ့နောက်ကျောဘက်ဆီ အလန့်တကြားညွှန်ပြလာတဲ့ ယွီပင်းကြောင့် ပလုတ်ပလောင်းနဲ့ ကြိမ်းမောင်းနေရာမှလှည့်ကြည့်လိုက်တော့ ခပ်မြန်မြန် ထွက်ခွာသွားနေတဲ့ ကျောပြင်တစ်ခု။
"ကျန့်ကော......."
ခြေလှမ်းကျယ်တွေနဲ့ လှမ်းနေတဲ့ကောနောက် ရိပေါ် အလောတကြီးပြေးလိုက်မိသည်။ ရင်ထဲမှာ ထိတ်လန့်ကြောက်ရွံ့စိတ်တွေ ကြီးစိုးသွားတာ ဘာကြောင့်ရယ်မသိ။
"ကော"
ဖမ်းမိမိချင်း ဆွဲလှည့်လိုက်တဲ့အခါ ကောကသူ့ကို ပြုံးပြလာသည်။ မျက်ရည်တွေအပြည့်နဲ့ နာကျင်နေတဲ့ မျက်ဝန်းတွေနဲ့ ကောရဲ့အကြည့်တွေ အပြုံးတွေကို ရင်မဆိုင်ရဲတာမို့ ရိပေါ် အကြည့်လွဲလို့ ခေါင်းကိုငုံ့ထားမိတယ်။
"ကော......ဟို.....ဟို..... ကျွန်တော် တောင်းပန်ပါတယ်...... "
"ဘာအတွက်လဲ ဝမ်ငယ်...."
ခပ်တိုးတိုး မေးလာတဲ့ ကောကို သူ့မှာဖြေစရာအဖြေရှာမရ။ သူငယ်ချင်းတွေရဲ့ စကားကို နားယောင်မိလို့မှားသွားပါတယ်လို့ ပြောရလေမလား။ သူအတွေးလွန်သွားပါတယ်လို့ဆိုရမလား။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူကိုယ်တိုင် ကောအပေါ် သံသေယၾတ ထားခဲ့မိတာမဟုတ်လား။ ကောက......ခု သူ့ကို မုန်းသွားတော့မယ်ထင်တယ်......။
"ဟို.....အားလုံးအတွက် တောင်းပန်ပါတယ်....ကျွန်တော် အတွေးလွန်သွားမိတယ်.....ကောအပေါ် သံသယတွေနဲ့မယုံမကြည်ဖြစ်မိတယ် တောင်းပန်ပါတယ်....."
"........."
တစ်စုံတစ်ရာကို ဆုံးရှုံးရတော့မယ်ဆိုတဲ့အသိကြောင့် ရိပေါ်က တုန်လှုပ်နေပေမဲ့ ရှောင်းကျန့်ကတော့ မလှုပ်မယှက်ရပ်နေမြဲ။
"ကော ဒီလိုကြီးမနေပါနဲ့ ကောစိတ်တိုရင် ကျွန်တော့်ကို ထိုးလို့ရတယ် ရိုက်လို့ရတယ်......"
"အွတ်!......"
ရုတ်တရက်ကြီး သူ့ရဲ့မျက်နှာကိုဆွဲမော့လို့ နမ်းရှိုက်လာတဲ့ ကျန့်ကော။ ခေတ္တမျှ ကြောင်အသွားပြီးနောက် အတန်ကြာမှ ရိပေါ် ရုန်းကန်ဖို့ သတိရသည်။ အချိန်တိုင်း သူ့အပေါ် နူးညံ့ကြင်နာခဲ့တဲ့ ကောက ခုတော့ သွေးဆူနေတဲ့ ကျားရိုင်းတစ်ကောင်လိုပင်။ အပြင်းအထန်ရုန်းကန်မှုတွေနဲ့ အနမ်းကြမ်းကြမ်းတွေက ပြင်းထန်တဲ့တိုက်ပွဲတစ်ခုလို ။
"ခွပ်!"
ငြိမ်သက်သွားတဲ့အခြေနေတစ်ခုမှာ ပြင်းရှရှအသက်ရှုသံတွေက အချိန်တစ်ခုထိမင်းမူနေခဲ့တယ်။ တုန်ယင်နေတဲ့ လက်တစ်စုံက ဆိတ်ငြိမ်ခြင်းရဲ့တရားခံဖြစ်တယ် ။ နာနာကျင်ကျင်မျက်ဝန်းတွေနဲ့ သွေးစွန်းနေတဲ့နှုတ်ခမ်းပါးတွေကတော့ အတောက်ပဆုံး ပြုံးပြနေဆဲ။
"ကော မင့်ကို ချစ်တယ် ဝမ်ငယ်......"
လျော့ရဲရဲ ပြုံးပြနေမြဲ နှုတ်ခမ်းပါးတွေဆီကတိုးဖွဖွဝန်ခံစကားလေးတစ်ခွန်းက ညင်သာစွာထွက်ပေါ်လို့လာတယ်။ သူ့ကိုကျောခိုင်းထွက်ခွာသွားတဲ့ ကျောပြင်ငယ်ဝေးကွာသွားသည်ထိ မယုံနိုင်ခြင်း အံ့သြခြင်း တုန်လှုပ်ခြင်းစတဲ့ မရေရာမသေချာတဲ့ ခံစားချက်နဲ့အတွေးတွေကြားမှာ ရိပေါ်က မလှုပ်မယှက် ရပ်နေမိမြဲ။
လူတွေက နီးစပ်လွန်းတဲ့အခါ နှလုံးသားချင်းဝေးကွာနေတတ်တယ်တဲ့။
အင်း.......ကျွန်တော်တို့ချင်း နီးလွန်းခဲ့တယ်ထင်ပါရဲ့.......။
ဖွာရှိုက်မိတဲ့ဆေးလိပ်လေးက သူ့ရဲ့ ပူဆွေးမှုတွေကို အနည်းငယ်မျှ လျော့ပါးမသွားစေနိုင်ခဲ့။ အမှောင်ထုထဲက ခပ်အက်အက်ရယ်သံက ကြေကြေကွဲကွဲ။ နှုတ်ခမ်းထောင့်စွန်းက အက်ကွဲရာလေးကို အမြတ်တနိုး ခပ်ဖွဖွတို့ထိတဲ့အခါ အမှတ်မရှိတဲ့ရင်ခုန်သံတွေက ဆူညံညံ။ လိုလိုလားလား စတင်ညွှတ်ဆင်းခဲ့ရသူက သူကိုယ်တိုင်မို့ နာကျင်နေရသည့်တိုင် ရှောင်းကျန့်က ရိပေါ်ကို အပြစ်မတင်ရက်....။
ချစ်တယ်ဆိုတာထက်ပိုပါတယ်။
သိပ်ကိုမြတ်နိုးရပါတယ်...ကိုယ့်ရဲ့ဝမ်ငယ်....။
>>>>>>>>>❣
တစ်လ....တစ်လရှိခဲ့ပြီ။ သူက ကျန့်ကောကို ရှောင်နေခဲ့သလို ကောကလည်း သူရှိရာမလာခဲ့။ တစ်လအတွင်းမှာ ရိပေါ်စဉ်းစားနေမိတာ အကြောင်းအရာတစ်ခုတည်း။ အဲ့ဒီအရာက ကျန့်ကော။
ဟုတ်တယ်......သူစဉ်းစားနေမိတာ ကျန့်ကောနဲ့ပတ်သက်တဲ့အကြောင်းရာတွေချည်း။ ငယ်ငယ်က သူတို့ရဲ့အမှတ်တရတွေကို တွေးမိတဲ့အခါ အနွေးထွေးဆုံးပျော်ရွှင်မှုတွေကိုခံစားရတယ်။ တခုတ်တရ သူမတွေးတောမိခဲ့တဲ့ သူရဲ့ မှတ်ဉာဏ်တွေထဲမှာလည်း အံ့သြစရာကောင်းလောက်အောင် ကျန့်ကောကနေရာအပြည့်ယူထားသေးတယ်။ သူတစ်ခါမှ မဆန်းစစ်ခဲ့ဖူးတဲ့ ကောအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေကို ပြန်ဆန်းစစ်မိတဲ့အခါမှာတော့ နက်ရှိုင်းတဲ့ ခံစားချက်လေးတစ်ခုကို ရှက်ရွံ့ဖွယ်ရာ တွေ့ရှိခဲ့ရပါတော့တယ်။
ရင်နာစရာကောင်းတာက သူရဲ့ချစ်ခြင်းလေးဆီ စတင် ခြေလှမ်းဖို့ သူပြင်ဆင်နေချိန်မှာ ချစ်ရသူကတော့ သူ့ကိုထားရစ်ခဲ့ဖို့ ကြံစည်နေခဲ့ပါသတဲ့။
"ကျန့်ကျန့်က သူတို့ဆေးရုံကလွှတ်တဲ့ Nepal ကိုသွားမဲ့ ပရဟိတအဖွဲ့ထဲဝင်လိုက်တယ်တဲ့.......ဒီညနေသွားမယ်ဆိုပဲ"
မားရဲ့ စကားအဆုံး ရိပေါ်ကမန်းကတမ်းနဲ့ ပြေးထွက်လာမိတယ်။ မသွားရဘူး......ကျန့်ကော။ ခင်ဗျား ကျွန်တော့်ကို အသိမပေးပဲ ဒီလိုထွက်ပြေးသွားလို့ရမတဲ့လား။ ကျွန်တော့်စိတ်တွေကို ထူးဆန်အောင် ပြုစားသွားပြီးမှလေ.......။
"ရှောင်းကျန့်! ! !"
လေဆိပ်မှာ အထုပ်တွေဘေး ခေါင်းငိုက်စိုက်လို့ထိုင်နေတဲ့ ရှောင်းကျန့်က ရိပေါ်အသံကြားတော့ ဆတ်ကနဲ ခေါင်းထောင်ကြည့်လာသည်။ နီရဲရဲမို့အစ်အစ် မျက်လုံးတွေက ရိပေါ်ကိုမြင်တော့ အရောင်တစ်လက်လက်။ ခြေလှမ်းကျယ်ကြီးတွေနဲ့ အနားကိုအပြေးလာပြီး ရိပေါ်ကိုဆွဲဖက်လိုက်တာများ အင့်ကနဲ။
"ဝမ်ငယ်!......."
"လိုက်လာတယ်လား......ကော....ကောက ဝမ်ငယ် ကောကို မုန်းသွားပြီထင်နေတာ....."
တင်းကြပ်စွာ ဖက်ထားတဲ့ လက်တွေနဲ့ တုန်ယင်နေတဲ့အသံတွေက စိတ်လှုပ်ရှားပျော်ရွှင်နေဟန်။ ရိပေါ်ကလည်း ကောရဲ့ကျောပြင်က သူရဲ့လက်တွေကို ပိုပြီးတင်းကြပ်စေလိုက်တယ်။
"မမုန်းပါဘူး...... ချစ်တယ်....ကော....ဒါကြောင့်......မသွားပါနဲ့...... "
"ကျွန်တော့်ဆီကနေထွက်မပြေးပါနဲ့လား....."
ရိပေါ်ရဲ့ ဝန်ခံချက်အဆုံးမှာ ကောကခပ်ဖွဖွရယ်တယ်။ သူ့ရဲ့ နဖူးကိုခပ်ဖွဖွအနမ်းခြွေပြီး ဖက်ထားတဲ့ သူ့ရဲ့လက်တွေကိုအသာဖြုတ်ချလို့ ဆုပ်ကိုင်လာတယ်။
"ကျေးဇူးပါ..... ဝမ်ငယ်.....ကောဆီလာခဲ့ပေးလို့.....ဒါပေမဲ့....ကောသွားရလိမ့်မယ်....ကောပြန်လာမှာပါ"
ခပ်အေးအေးအပြုံးနဲ့ သွေးအေးစွာ သူ့ကိုထားခဲ့ဖို့ လုပ်နေတဲ့ ကျန့်ကောက ခုဏကထိ သူ့ကိုပွေ့ဖက်ထားခဲ့သူမဟုတ်သလို။
"ချစ်တယ်လို့ ပြောနေတယ်လေ!!ရှောင်းကျန့်!!!!"
သူ့ကို ကျောခိုင်းသွားတဲ့သူကို ရိပေါ် ဒေါသတစ်ကြီး အော်ပစ်မိတယ်။ ဘေးပတ်ဝန်းကျင်က လူတွေလိုပဲ ရှောင်းကျန့်လည်း သူ့ကို ပြန်လို့ လှည့်ကြည့်လာတယ်။
"ချစ်တယ်! ကျန့်ကော.....မသွားပါနဲ့....... "
ရပ်တန့်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် အားတက်တရောနဲ့ လက်တွေကို ဆွဲကိုင်ရင်း တောင်းဆိုမိပြန်တယ်။
"ဝမ်ငယ်က ကောကို မချစ်ပါဘူး.....ကောထားသွားမှာပဲ ကြောက်နေတာပါ....စိတ်ချပါ ကော ပြန်လာမှာပါ နော်"
ခပ်အေးအေးပြေားရင်း သူ့ခေါင်းကို ဖွဖွပုတ်လို့ ထွက်ခွာသွားတဲ့သူကိုကြည့်ရင်း ရိပေါ်ရဲ့အမြင်တွေဝေဝါးလာတယ်။ ဝမ်းနည်းနေပေမဲ့ ရိပေါ်က စိတ်ကိုတင်းလို့ထားတယ်။ ပါးဖောင်းဖောင်းတွေပေါ် တစ်လှိမ့်လှိမ့်ကျလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း ပွတ်သုတ်ရင်း စကားအချို့ကို ကောကြားအောင် အော်ပြောလိုက်တယ်။
"ချစ်တယ်!! ကျန့်ကော!!!"
"တစ်နှစ်အတွင်း ပြန်လာ!!!...... မဟုတ်ရင် မိန်းမယူပစ်မှာ......ကြားလား!!!ယုန်အိုကြီး!!!"
ပြောချင်ရာတွေပြောပြီးတဲ့နောက်မှာတော့ ရိပေါ်ထိုင်ချပြီး ကလေးတစ်ယောက်လို ငိုနေမိတယ်။ တစ်နေရာကနေ သူ့ကို ပြုံးကြည့်နေတဲ့ ပုံရိပ်လေးကိုတော့ ဝမ်းနည်းနေတဲ့ ကလေးဆိုးလေးကမမြင်ခဲ့။
ဒီထက်နီးစပ်ဖို့ ခဏလောက်ဝေးကြည့်ရအောင် ဝမ်ငယ်။ တစ်နေ့....... မင့်ရဲ့မျက်ရည်တွေကို ကိုယ့်အချစ်တွေနဲ့ ဆေးကြောပေးပါ့မယ်။
>>>>>>>>>>💛
"ပြန်ရောက်ပြီ မား"
"အံမယ် စောလှချည်လား.......သား"
"မားကလည်း ကျွန်တော်အမြဲစောစောပြန်လာနေကျပဲဟာ"
"အေးပါ......ဒီတစ်နှစ်အတွင်း အရမ်းလိမ္မာလာတော့ ငါ့သားမှဟုတ်ရဲ့လားလို့"
"မား!!!"
မျက်စောင်းနဲ့ မာန်မဲလိုက်တဲ့အခါ မားက တဘောတကျရယ်နေတယ်။ ခေါင်းတစ်ခါခါနဲ့ ပြုံးရင်း အပေါ်က သူ့အခန်းဆီတက်လာလိုက်တယ်။
ဟုတ်တယ်......မားပြောသလိုပဲ။ သူကဒီတစ်နှစ်အတွင်းမှာ လူလိမ္မာလေးလုပ်ဖြစ်နေတယ်။ အမှန်တော့ တစ်စုံတစ်ယောက်ကို လွမ်းရင်း ထိုသူမကြိုက်တဲ့အရာတွေကိုရှောင်ရှားရင်းနဲ့ လူလိမ္မာလေးဘွဲ့ကို သူရရှိခဲ့တာဖြစ်တယ်။ ထိုသူက သိပ်ဆိုးပါတယ်။ ရိပေါ်က သူ့စကားတွေနားထောင်ပြီး လိမ္မာနေသလောက် ထိုသူကတော့ စာလေးတစ်ကြောင်းလောက်ပင်မပို့လာခဲ့။
လူတွေက တစ်စုံတစ်ရာရဲ့တန်ဖိုးကို ဆုံးရှုံးလိုက်ရတဲ့အခါမှ ပိုပြီးသိလာတတ်ကြတယ်တဲ့။
ရိပေါ်လည်း အပါအဝင်ပါပဲ။ ကျန့်ကောမရှိတဲ့ အချိန်ကာလတွေမှာမှ ကျန့်ကောက သူ့အတွက် ဘယ်လောက်ထိအရေးပါမှန်း သိလာရတဲ့အဖြစ်။ မတွေ့ရတော့မှ လွမ်းမှန်းသိခဲ့ရပါတယ်ပေါ့။ တစ်ရက်ထက်တစ်ရက် အလွမ်းတွေပိုတိုးရင်း ခံစားချက်တွေက ပိုလေးနက်လာခဲ့တယ်။ ခက်တာက သူပေးမဲ့ ချစ်ခြင်းတွေကို အလိုရှိလှပါတယ်ဆိုတဲ့သူကပြန်မလာ။ ဆယ်စုနှစ်တစ်စုစာလောက် သူ့ရဲ့ ခံစားချက်တွေကို လျစ်လျူရှု့ခဲ့တဲ့ ရိပေါ်ကို ကျန့်ကောက အဲ့ဒီလောက်ထိ ပြန်ပြီးပစ်ထားမှာတော့မဟုတ်ဘူးမလား။
"ကောရေ......ပြန်လာပါတော့...... လွမ်းလှပြီဗျ....."
မွေ့ယာထက်သို့ နောက်ပြန်လှန်ချပြီး မျက်စိစုံမှိတ်ရင်း အော်ဟစ်မိပြန်တယ်။ အကယ်၍ ကောသာကြားခဲ့ရင် သူ့ဆီ အပြေးပြန်လာလေမလား......။
"ကောကို အဲ့လောက်တောင်လွမ်းနေခဲ့တာလား......"
"အမလေး!!!......မားရေ!!!"
ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် ရိပေါ်လန့်အော်မိသွားတယ်။ လူကလည်း တံခါးနားကိုရောက်နေခဲ့ပြီ။
"အင့်!"
လက်ကောက်ဝတ်ကို ဆုတ်ကိုင်ဆွဲလှည့်ခံရပြီးတဲ့နောက်မှာ သူ့တစ်ကိုယ်လုံး ရင်ခွင်တစ်ခုထဲရောက်ရှိသွားခဲ့တယ်။
"ဝမ်ငယ်"
"ကော!......."
တမ်းတနေရတဲ့ အသံကိုကြားလိုက်ရတဲ့ခဏ ရိပေါ်ရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းသာခြင်းတွေပြည့်လျှံလာတယ်။
"မငိုနဲ့လေ.....ဝမ်ငယ်ရာ....ကောပြန်လာပြီလေ"
သူ့ပါးပြင်ထက်က မျက်ရည်စတွေကို အသာသုတ်ပေးရင်း ကျန့်ကောက ချော့လာလေ ရိပေါ်ပိုပြီးငိုချင်လာလေပါပဲ။ ဒီလူသားကို သူ ရူးမတ်လွမ်းနေခဲ့ရတာလေ.......။
"ကော....ကောက အကြာကြီးပစ်ထားတယ်......"
"အင်း...... ကောတောင်းပန်ပါတယ်...."
"မလိုဘူး.....နောက်မထားခဲ့နဲ့"
သူ့ကိုတင်းကြပ်စွာပြန်ဖက်တွယ်ရင်း မာဆတ်ဆတ်လေးပြောလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ခပ်ဟဟလေး ရယ်မိတယ်။ ဝမ်ငယ်က မတွေ့ရတဲ့အတောအတွင်းမှာ ပိုပြိးချစ်ဖို့ကောင်းလာတယ်။ အမှန်တော့ ရှောင်းကျန့်လည်း ရိပေါ်ကို နေ့တိုင်းလွမ်းနေခဲ့ရတာပါပဲ။ လွမ်းနေရတဲ့ကာလတွေမှာ မားဆီက ကြားရတဲ့ လိမ္မာနေတဲ့ ချစ်ရသူအကြောင်းတွေက သူ့အတွက် အလွမ်းပြေဆေးလေး......။
"ကော.....ဘယ်တုန်းက ပြန်ရောက်တာလဲ "
"ခုညနေပဲ......အန်တီဝမ်ကို တမင်မပြောခိုင်းလိုက်တာ ဝမ်ငယ့်ကို surprise လုပ်မလို့လေ"
"ကျန့်ကောက ဆိုးလိုက်တာ....."
ခပ်လေးလေးပြောရင်း ရင်ခွင်ထဲပိုတိုးဝင်လာတဲ့ ခေါင်းလုံးလေးကို ရှောင်းကျန့် တစ်တိတိနမ်းရှိုက်နေလိုက်တယ်။ ရင်ခွင်ထဲက အကောင်ပေါက်လေးကတော့ ငြိမ်လို့......။
"ဝမ်ငယ်....."
"အင်း...."
"ချစ်တယ်....."
"အင်း.....ကျွန်တော်ရောပဲ"
"ဒါဆို........မိန်းမ မယူနဲ့တော့နော်"
ရှောင်းကျန့် စကားကို ကြားတော့ ရင်ခွင်ထကြ ခေါင်းလုံးလေးက ဆတ်ကနဲမော့ကြည့်လာတယ်။
"မရဘူး တစ်နှစ်ကျော်တယ်......ယူမှာ"
"ဘာ!......"
"လာစမ်း!.....ခုထိမိန်းမယူချင်နေသေးတဲ့ ကောင်လေးကို အပြစ်ပေးရမယ်"
"ဟား....ဟ....မိရင် အပြစ်ပေးလိုက်လေ....ဟား.....ဟား......"
မနေ့ကထိ အစိမ်းရောင်အခန်းကျဉ်းလေးက သိပ်ကိုအထီးကျန်ဆန်နေခဲ့တယ်။ ခုတော့ ရယ်မောစနောက်သံလေးတွေနဲ့ နွေးထွေးမှုလေးကသာ ကိန်းအောင်းနေပါတယ်။ ကောင်းခြင်း၊ ဆိုးခြင်းတွေရဲ့ အလွန်မှာ ချစ်ခြင်းတွေက ပိုပြီးနွေးထွေးချိုမြိန်နေလေရဲ့........။
>>>>>>>>>💞
"ကျန့်ကော.....လာ.....ကျွန်တော်နဲ့ခဏလိုက်ခဲ့"
နေ့လည်ခင်းနားချိန်မှာ ဆေးရုံကို ရုတ်တရက်ကြီး ရောက်ချလာပြီး အတင်းဆွဲခေါ်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် အခက်တွေ့နေရတယ်။
"နေအုံး....ဝမ်ငယ် ကော ဂျူတီရှိသေး....."
"မရဘူး...... သေရေးရှင်ရေးထက် ပိုအရေးကြီးတယ်လို့ ကျန့်ကော!"
ရုန်းရင်းဆန်ခတ်တင်းမာနေတဲ့ အခြေနေက သူငယ်ချင်းကြီး ကျန်းချန်ရဲ့ သူတာဝန်ယူပေးမယ် ဆိုတဲ့ ကူညီဖေးမမှုကြီးကြောင့်သာပြေလည်သွားခဲ့ရတယ်။ အခွင့်သာတာနဲ့ အတင်းဆွဲခေါ်လာတဲ့ ရိပေါ်က ဆိုင်ကယ်ပေါ်ရောက်သည်ထိ စကားစမလာသေး။
"ဝမ်ငယ်!......အခု ဘယ်သွားမလို့လဲ!"
ဆိုင်ကယ်ပေါ်မှာမို့ ရှောင်းကျန့် စကားကိုအော်ပြောနေရသည်။ ရိပေါ်က တစ်ခုခုကို ပြန်လှည့်ပြောလာပေမဲ့ လေတိုးသံတွေနဲ့ ဗလုံးဗထွေး။
"ဘာပြောတာလဲ!!....ကောမကြားရလို့!!!"
"ကောကို......ခိုးပြေးလာတာလို့!!!!!"
"ဘာ!!!!"
အပြာရောင်ကောင်းကင်ကြီးထက်က နေရောင်က ခပ်ပြင်းပြင်း။ အရှိန်ဟုန်ပြင်းစွာ မောင်းနှင်နေတဲ့ မော်တော်ဆိုင်ကယ်အစိမ်းရောင်လေးထက်က ဂျူတီကုဒ် အဖြူရောင်လေးကလည်း လေမှာတစ်လွင့်လွင့်.......။
Hi! ငါကဝမ်ရိပေါ်ပါ။ ခပ်တည်တည်နေတတ်တဲ့ ချောမောသဘောကောင်းတဲ့ cool guy လေးပေါ့။ ရှောင်ရှောင်းကျန့်ရဲ့ အသည်းအသက်ဆိုလည်း မမှားပါဘူးလေ။
မင်းတို့သိလား?။
'တစ်ခါတစ်ရံမှာ သိပ်လိုချင်ခဲ့ဖူးတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတရားလေးကို မင့်ရဲ့အနီးဆုံးနေရာမှာပဲ မင်းကိုယ်တိုင် ဖွက်ထားမိတတ်တယ်' ဆိုတာ။
မသိသေးရင်လည်း ထားပါ။ ငါပြောချင်တာက .....အကယ်၍ အဲ့ဒီချစ်ခြင်းတရားလေးကို
မင်းသိလိုက်ရပြီဆိုရင်တော့ လုံးဝ လက်မလွှတ်ပါနဲ့.......။
8572 words
<Zawgyi>
လွပတဲ့ဆံႏြယ္႐ွည္ေလးေတြက ေလအေဝွ့မွာ လွပစြာ ယိမ္းႏြဲ႔လို႔ ၊ လက္ျဖဴျဖဴသြယ္သြယ္ေလးေတြနဲ႔ ဆံႏြယ္ေတြကို သိမ္းယူလိုက္တဲ့ခဏမွာ သူ႔ႏွလုံးသားေလး လိႈက္ေမာသြားရတယ္။ ႏွင္းဆီေရာင္သန္းေနတဲ့ပါးျပင္ေလးေတြနဲ႔ ေကာင္မေလးက ႐ွက္ေနပုံပါပဲ။ ေခါင္းေလးကိုငုံ႔လို႔ ႐ွက္ျပံဳးေလးနဲ႔ တိုးတိုးေလးဆိုလာတယ္။ 'ခ်စ္တယ္'တဲ့။ သူေပ်ာ္လြန္းလို႔ ႐ွက္ေနတဲ့ ေကာင္မေလးကို ဆြဲဖက္လိုက္တဲ့ခဏ........
"ဝမ္ငယ္!!.....ၿပီးၿပီ"
လႈပ္ႏိႈးခံလိုက္ရတဲ့ ရိေပၚက သူ့ရဲ့စိတ္ကူးယဥ္အိမ္မက္ကေန မေက်မနပ္ႏိႈးထလာရတယ္။ ဘယ္လိုမ်ား အိပ္ေပ်ာ္သြားတာလဲလို႔စဥ္းစားမိေတာ့မွ တစ္စုံတစ္ရာကိုသတိရသြားတယ္။ အေလာတႀကီးနဲ႔ ပါးစပ္က သြားရည္ေတြကိုသုတ္လို႔ ရိေပာ္က မွန္ေ႐ွ႕ကို အေျပးသြားတယ္။
"အား!!!!.........ေ႐ွာင္းက်န္႔!!!!!"
အစိမ္းနုေရာင္ ႏွစ္ထပ္အိမ္ေလးရဲ႕ အခန္းတစ္ခန္းအတြင္းက ရိေပၚရဲ႕ အသံနက္ႀကီးက တစ္ရပ္ကြက္လုံးကို လႊမ္းျခံဳသြားတယ္။ ေဘးအိမ္က ေ႐ွာင္းမားကေတာ့ ေခါင္းကိုအသာခါရမ္းလို႔ ျပံဳးေနတယ္။ ျဖတ္သြားျဖတ္လာ လမ္းထိပ္က ဦးေလးက်န္းကလည္း ေခါင္းတစ္ခါခါနဲ႔ ။ အိမ္ေအာက္ထပ္က ဝမ္မားကေတာ့ ေအာ္ေျပာလာတယ္။ "မင္တို႔ အခ်စ္မစမ္းၾကစမ္းနဲ႔"တဲ့။
"က်န္႔ေကာ!!!!"
မ်က္ႏွာတစ္ခုလုံးနီရဲၿပီး ေဒါသအခိုးေငြ႔ေတြပလူပ်ံေနတဲ့ ရိေပၚေလးက ေ႐ွာင္းက်န္႔ရဲ႕လက္ရာ ကတုံးထိပ္တိေလးနဲ႔ လုံးဝကိုျပီးျပည့္စုံေနတယ္။ ဒါကို ဒီဝမ္စိတ္တိုေလးက ဘာကို အလိုမက် ျဖစ္ေနပါလိမ့္။ ေ႐ွာင္းက်န္႔အျမင္မွာေတာ့ အရမ္းအရမ္းကိုခ်စ္ဖို႔ေကာင္းလြန္းေနတယ္။
"ဘာလို႔လဲ..... ဝမ္ငယ္.....ေကာညႇပ္ေပးထားတဲ့ဆံပင္ေကကို မႀကိဳက္ဘူးလား"
ခပ္တည္တည္နဲ႔ေမးေနတဲ့ ေ႐ွာင္းက်န္႔ေၾကာင့္ ရိေပၚပိုစိတ္တိုလာရတယ္။ ဒါ သူ႔ကိုတမင္သက္သက္လုပ္တာ။ သူ႔အမွားပါေလ....။ က်န္႔ေကာက သူလိုခ်င္တာဆို မရရတဲ့နည္းနဲ႔ယူတတ္တဲ့လူမ်ိဳး။ ဂိမ္းၿပိဳင္ေဆာ့ရေအာင္။ နိုင္တဲ႔သူက ႐ႈံးတဲ့သူကို ႀကိဳက္တာလုပ္ခြင့္ေပးရမယ္လို႔ စိန္ေခၚလာတည္းက သူသိခဲ့သင့္တာ။ 'သူ႔ကိုႏိုင္ရင္ skateboard အသစ္ႀကီးရမယ္'ဆိုတဲ့ မက္လုံးႀကီးမွာ ဝမ္ရိေပၚတို႔ ေမ်ာသြားတာမ်ား ခုေခါင္းကအေမြးေတြ ေျပာင္ကုန္ၿပီ။ သြားပါၿပီ။ Handsome ျဖစ္လြန္းတဲ့သူ႔ရဲ႕ ေခ်ာေမာမႈေတြ ေမွးမွိန္ကုန္ပါၿပီ။
"ေကာ.....တမင္လုပ္တာမလား"
"ခ်စ္စရာေလး ဝမ္ငယ္.....ေကာကေခါင္းပာေလ်ွာ္ေပးၿပီး ေသခ်ာေလးညႇပ္ေပးထားတာ... ခ်စ္စရာေလးေနာ္......"
စူပုပ္စြာေျပာေနတဲ့ သူ႔စကားကို အဖက္မလုပ္ပဲ သူ႔ေနာက္ကေန ေခါင္းေလးကို အသာပြတ္လို႔ ျပံဳးစစနဲ႔ ေျပာလာတဲ့ ေကာက အျမင္ကပ္စရာ။ သူလုပ္ခ်င္တာလုပ္ၿပီးရင္ ေကာက သူ႔ရဲ႕ ယုန္သြားႀကီးေတြကို မဖုံးဖိနိုင္ေလာက္ေအာင္ၿဖီးေနေရာ။ ဒီယုန္႐ုပ္ဆိုးက ရိေပၚရဲ႕ ခန္႔ညားမႈေတြကို မနာလိုေနတာေသခ်ာတယ္။ ဒါေၾကာင့္ ဒီလိုလုပ္တာေပါ့။
"ဖယ္"
သူ႔ရဲ႕လက္ကိုပုတ္ထုတ္လို႔ ေဘာက္ဆတ္ဆတ္နဲ႔ အိမ္ေပၚကေန တစ္ဒုန္းဒုန္းျမည္ေအာင္ ဆင္းသြားတဲ့ေကာင္ေလးကိုၾကည့္ရင္း ေ႐ွာင္းက်န္႔ မွာ ေခာင္းတစ္ခာခာနဲ့ အရယ္မရပ္ႏိုင္။ သူ႔ရဲ႕ ဝမ္ငယ္က စိတ္ဆိုးတာေတာင္ ခ်စ္စရာေကာင္းေနျမဲပဲ။ အင္း......ဒီတစ္ခါလည္း ေတာ္ေတာ္စိတ္ဆိုးသြားတယ္ထင္တယ္။ မတတ္ႏိုင္ဘူးေလ ေခ်ာ့ရမွာေပါ့။ သူလြန္တာသိေပမဲ့ မမွားဘူးလို႔ေတာ့ထင္တယ္။ အညိဳေရာင္ဆံႏြယ္ရွည္ေတြကို စုစည္းထားတဲ့ရိေပၚက သိပ္ကို ခန္႔ညားလြန္းေနတယ္။ ဒါကိုသူစိတ္မခ်ဘူး။ ကိုယ့္အပိုင္မဟုတ္ေသးရင္ေတာင္ ကာကြယ္သင့္တာေတာ့ ကာကြယ္ထားရမယ္မဟုတ္လား။
>>>>>>>>>>>🐷
ကိုယ့္ရဲ႕ခ်စ္စရာ ဝက္ေပါက္ေလး
ေ႐ွာင္းက်န္႔အသက္ ၆ ႏွစ္........
မားက ေျပာတယ္။ ေဘးအိမ္က အန္တီဝမ္ဆီမွာ သူ႔အတြက္ လက္ေဆာင္လွလွေလး႐ွိတယ္တဲ့။ ေ႐ွာင္းက်န္႔ ေပ်ာ္ရႊင္စြာ ခုန္ေပါက္ရင္း အန္တီဝမ္တို႔အိမ္ကို အေျပးသြားလိုက္တယ္။
"အန္တီဝမ္.....သားသား လာတယ္"
"ဟယ္ က်န္႔က်န္႔ေလး.....လာ လာ"
"တီဝမ္....သားအတြက္ လက္ေဆာင္႐ွိတယ္ဆို"
ရင္ခုန္စိတ္လႈပ္႐ွားစြာနဲ႔ ေမးေနတဲ့သူ႔ကို အန္တီဝမ္က ျပံဳးရင္း ေပြ႔ခ်ီေခာ္သြားတယ္။ စိမ္းစိမ္းနဲ႔ လုံးလုံးပုံ ထိုင္ခုံလိုအရာေလးရဲ႕ေ႐ွ႕မွာမွ သူ႔ကို ေအာက္သို႔ ခ်ေပးတယ္။
"ဒီမွာ.....က်န္႔က်န္႔ေလးအတြက္ တိတိေလး"
အန္တီဝမ္ ဆြဲလွည့္ျပလာတဲ့ အစိမ္းေရာင္ ျခင္းလိုအရာေလးထဲမွာ လႈပ္လႈပ္ရြရြနဲ႔ ဝတုတ္တုတ္ပိစိေလး.......။
💚
ေ႐ွာင္းက်န္႔လက္ထဲက strawberry lollipop ေလးက ေအာက္ျပဳတ္က်သြားတယ္။ လႈပ္ရြရြအစိမ္းလုံးပိစိေလးကို တအံ့တျသ ေငးေမာေနမိတာ အခ်ိန္ေတာ္ၾကာသည္ထိ။ ပါးေဖာင္းေလးနဲ႔ ဝတုတ္ေလးက ျဖဴျဖဴေဖြးေဖြးႏွင္းလုံးေလးလို......။
"မိတ္ဆက္လိုက္ပါအုံး ရိေပၚေလးေရ.....ဒါသားရဲ႕ကိုကို က်န္႔က်န္႔တဲ့"
"က်န္႔က်န္႔ .......တိတိေလးနာမည္က ရိေပၚ ဝမ္ရိေပၚတဲ့"
"အိ...ေပၚ....?"
ျဖည္းျဖည္း တိုးတိုး မပီမသေခၚသံေလးေၾကာင့္ျဖစ္မယ္ထင္ပါရဲ႕။ အစိမ္းေရာင္ တြန္းလွည္းေလးထဲက ဝဝေဖာင္းေဖာင္း ကေလးငယ္ေလးက ခ်ိဳလိမ္ေလးကို တစ္ႁပြတ္ႁပြတ္လုပ္ရင္း လက္ေလးေတြလႈပ္ယမ္းလို႔ ျပံဳးရယ္လာတယ္။
"တီဝမ္...... အိေပၚေလးက ရယ္ေနတယ္...."
ေ႐ွာင္းက်န္႔ စိတ္လႈပ္႐ွားစြာခုန္ေပါက္ေျပာေနရင္းကပင္ ရိေပၚေလးအနားကို ေရာက္႐ွိသြားတယ္။
"အိုက္ယား.......တိတိေလး.....အိေပၚေပၚေလး......ဝက္ေပါက္ေလး.....ဝမ္ပိစိေလး....."
ပါးေဖာင္းေလး ႏွစ္ဖက္ကို အုပ္ကိုင္ခံထားရတဲ့ ကေလးေသးေသးေလးက မ်က္လုံးေလးေတြ ပိတ္က်ေနသည္ထိ ရယ္ေမာေနတဲ့ ေ႐ွာင္းက်န္႔ကို ျပဴးျပဴးေလးၾကည့္လို႔........။
အဲ့ဒီေန့က ေနေရာင္ေႏြးေႏြးေလးျဖာက်ေနခဲ့တယ္ထင္တယ္။ ေလျပည္ေလးေတြလည္း ျဖတ္ေျပးသြားခဲ့ေသးတယ္။ ရြက္ေႂကြေတြလည္း ေျမျပင္သို႔ဝဲလို႔။ ေကာင္းကင္ႀကီးကလည္း ၾကည္လင္စြာနဲ႔။ အင္း......ေႏြဦးရဲ႕ တစ္ရက္ရက္ျဖစ္ခဲ့မယ္ထင္ပါတယ္။ ေ႐ွာင္းက်န္႔ေသခ်ာမွတ္မိေနပါေသးတယ္။ သူ႔ကို ၾကည့္ေနခဲ့တဲ့ မ်က္လုံးျကည္ျကည္လွလွေလးေတြရယ္၊သူ႔ရဲ႕ လက္ေခ်ာင္းေလးေတြကို ဆုပ္ကိုင္ထားတဲ့ လက္ေဖာင္းေဖာင္းေသးေသးေလးေတြရယ္ကိုေပါ့။
ဒါဟာ ေ႐ွာင္းက်န္႔က သူ႔ရဲ႕ဝက္ေပါက္ေလးနဲ႔ စတင္ဆုံစည္းခဲ့ျခင္းျဖစ္တယ္။ 'ဝမ္ငယ္' လို႔ အျမတ္တႏိုးေခာ္ရင္း ပါးေဖာင္းႀကီးေတြ နစ္ဝင္သြားသည္ထိ သူအျကိမ္ျကိမ္ နမ္း႐ိႈက္ပစ္ခဲ့မိတယ္။ ႏွလုံးသားတစ္ခုလုံး နစ္ဝင္သြားမယ္မွန္းေတာ့ သူ တကယ္ကိုမသိခဲ့ပါဘူး။
>>>>>>>>>>>>🐷
ဝက္ေပါက္ေလးနဲ႔ အမွတ္တရမ်ား
ေလးဘက္ေထာက္သြားတတ္ခါစမွာ စၿပီး ဝမ္ငယ္က ဆိုးလာပါတယ္။ ေ႐ွာင္းက်န္႔ ဂိမ္းေဆာ့ေနတဲ့အခါေတြဆို ေဘးနားလာလာၿပီး လက္နဲ႔ ပုတ္ပုတ္ခ်ၿပီးေႏွာက္ယွက္တတ္လာတယ္။ ပိစိေလာက္ေလး အေရးမလုပ္မိတဲ့အခါတိုင္းလည္း ေခ်ာ့မရေအာင္ ေအာ္ငိုတတ္ပာေသးတယ္။ သူအိပ္ေနတဲ့အခါ ကုပ္ကပ္တက္လာၿပီး လက္ေဖာင္းေဖာင္းေလးေတြနဲ႔ပုတ္ႏိႈးတတ္ေသးတယ္။ ဆိုလိုခ်င္တာက သူ႔ကိုအေရးလုပ္ပါလို႔ေပါ့။ ခ်စ္စရာ ဝမ္ပုစိက တကယ့္ အူပုတ္ေလးပါပဲ။ ဒာေပမဲ႔ ပါးေဖာင္းေဖာင္းေလးနဲ႔ ဂ်စ္ကန္ကန္ ဝမ္ပုစိက ေ႐ွာင္းက်န္႔နဲ့ဆိုရင္ေတာ့ အံ့ျသစရာေကာင္းေလာက္ေအာင္ ျငိမ္ျပီး တခစ္ခစ္နဲ႔ရယ္ေမာေနတတ္ပာတယ္။
💚
ေ႐ွာင္းက်န္႔ရဲ႕ ဘဝမွာ ရိေပၚနဲ႔ပတ္သက္တဲ့အမွတ္တရေတြက မေရမတြက္ႏိုင္ေလာက္ေအာင္ပါပဲ။ သူ႔ရဲ႕ေနရက္ေတြတိုင္းမွာ ရိေပၚကပါဝင္ေနခဲ့တယ္။
ေ႐ွာင္းက်န္႔ ပထမဆုံး ေက်ာင္းစတက္တဲ့ေန႔မွာ လမ္းေလ်ွာက္တတ္စ ရိေပၚေလးက လိုက္ပို႔တဲ့သူေတြထဲပါဝင္ခဲ့တယ္။
မူလတန္းေက်ာင္းသားေလး ေ႐ွာင္းက်န္႔က ရန္ျဖစ္လို႔ ဆူခံရတုန္းကလည္း နံေဘးမွာ စကားေျပာတတ္ခါစ ရိေပၚေလး ႐ွိေနခဲ့တယ္။
ဆယ္ေက်ာ္သက္အရြယ္ ေ႐ွာင္းက်န္႔ရဲ႕နံေဘးမွာေတာ့ ေက်ာပိုးအိတ္အစိမ္းေရာင္ေလးနဲ႔ မူလတန္းအရြယ္ ရိေပၚေလးက အရိပ္လို လိုက္ပါလာခဲ့ၿပီျဖစ္တယ္။
အထက္တန္းေက်ာင္းသားႀကီးျဖစ္လာတဲ့အခါမွာလည္း သူ႔ရဲ႕ ေဘးနားမွာ ေျခသလုံးေဖြးေဖြးတုတ္တုတ္ေလးေတြနဲ႔ ေကာင္ငယ္ေလးက လိုက္ပါေနစျမဲပါပဲ။
တကၠသိုလ္တက္ေနၿပီျဖစ္တဲ့အခ်ိန္မွာလည္း ေ႐ွာင္းက်န္႔ က ရိေပၚအတြက္႐ွိေနေပးခဲ့သလို ရိေပၚကလည္း ေ႐ွာင္းက်န္႔ေဘးမွာ အျမဲ႐ွိေနေပးခဲ့တယ္။
ေ႐ွာင္းက်န္႔ အတြက္ေတာ့ ဝမ္ရိေပၚဆိုတဲ့ေကာင္ေလးက ေႏြရာသီမွာဆို အိုေအစစ္ေလးျဖစ္ၿပီး ေဆာင္းရာသီမွာ အေႏြးဓာတ္ေလးျဖစ္တဲ့ သူ႔ရဲ႕ မ႐ွိမျဖစ္အဖိုးတန္ေလးပါပဲ။
💚
>>>>>>>>>>>>>🦁
"အန္တီဝမ္ ဝမ္ငယ္က မႏိႈးေသးဘူးလား"
"ႏိႈးေနၿပီ က်န္႔က်န္႔ရဲ႕ ခဏေန ဆင္းလာေတာ့မယ္ထင္တယ္......ေဟာ ေျပာရင္းဆိုရင္း ဆင္းလာေနၿပီ"
ေမွးေငာ့ျပလာတဲ့ အန္တီဝမ္ေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ အိမ္ေပၚထပ္ကေန ေပေစာင္းေစာင္းနဲ႔ ဆင္းလာတဲ့ ေကာင္ငယ္ေလး။ မွုန္ကုတ္ထားတဲ့ မ်က္ႏွာေလးက သူဖန္တီးေပးထားတဲ့ ဆံပင္ေကေလးနဲ႔အတူ လိုက္ဖက္ညီစြာ ခ်စ္ဖို႔ေကာင္းေနတယ္။Hoddie အနက္ေလးနဲ့ Nike အိတ္ေလးလြယ္လို႔ထားတဲ့ ၂၂ ႏွစ္အရြယ္ ရိေပၚက အခုဆို ျခေသၤ့ ေပါက္ေလးျဖစ္ေနခဲ့ၿပီ။ အရင္လို ေ႐ွာင္းက်န္႔ စကားအျမဲနားေထာင္တတ္တဲ့ ဝက္ေပါက္ေလး မဟုတ္ေတာ့။ သို႔ေပမဲ့ ေ႐ွာင္းက်န္႔ ကေတာ့ ခ်စ္ေနမိဆဲပါပဲ။ အင္း......အရင္ကလို မျဖဴစင္ေတာ့တာကလြဲလို႔ေပါ့ေလ။
"ေက်ာင္းပိတ္တယ္မလား ဘယ္သြားမွာလဲ ဝမ္ငယ္ ေကာ လိုက္ပို႔ေပးမယ္ေလ"
တစ္တြတ္တြတ္နဲ႔ တက္ႂကြစြာေျပာေနတဲ့ေ႐ွာင္းက်န္႔ကို တစ္ခ်က္ငွဲ႔ၾကည့္လို႔ အၾကည့္လြဲသြားတဲ့ ရိေပၚက မတုံ႔ျပန္ျခင္းနဲ႔ သူစိတ္ဆိုးေနေသးေၾကာင္းကိုျပတယ္။ စူပုတ္ပုတ္မ်က္ႏွာေလးကိုၾကည့္လို႔ ေ႐ွာင္းက်န္႔ကေတာ့ ခိုးျပံဳးေနမိတယ္။
"ဟဲ့ ရိေပၚ အႀကီးေမးေနတာ ျပန္ေျဖေလ"
ဝမ္မားရဲ႕ဆူပူမႈေၾကာင့္ ရိေပၚက အင္တင္တင္နဲ႔ သူ႔ဘက္လွည့္ၾကည့္လာတယ္။
"ဘယ္မွမသြားဘူး ဒီနားေလးတင္ မပို႔နဲ႔ ရတယ္"
ႊမွင္ေသေသနဲ့ ေျပာျပီးထြက္သြားတဲ့ ေကာင္ေလးက တကယ့္ကို အေၾကာတင္းေလး။
"အိမ္ေပါက္ဝမွာ ေကာ skateboard အသစ္ထားထားတယ္ ယူခ်င္ယူသြား သိလား!"
သူ႔ရဲ႕ေအာ္သံအဆုံး ရိေပၚက လက္ခလယ္ေထာင္ျပသြားတာမို႔ ေ႐ွာင္းက်န္႔ ေခါင္းတစ္ခါခါနဲ႔ ရယ္ေနမိတယ္။ ဒီေကာင္ေလးက ေက်ာေပးထားလို႔ သူ႔ရဲ႕ ျမႇင့္တက္သြားတဲ့ ပါးမို႔မို႔ႀကီးေတြကို ေရွာင္းက်န္႔မျမင္ႏိုင္ဘူးလို႔ ထင္ေနတယ္ ထင္ပါရဲ႕။
Vocal ေကာင္းေကာင္းနဲ႔ ေအာ္ေျပာလာတဲ့ အသံဆိုးႀကီးေၾကာင့္ တင္းထားတဲ့ ရိေပၚမ်က္ႏွာႀကီးက ခ်က္ခ်င္းျပံဳးစိႀကီးျဖစ္လို႔သြားတယ္။ က်န္႔ေကာက တကယ့္ ငပါးႀကီး။ သူလုပ္ခ်င္ရာလုပ္မယ္။ ၿပီးရင္ ရိေပၚကို ျပန္ေခ်ာ့မယ္။ ဘယ္လိုေခ်ာ့ရမယ္ဆိုတာကိုလည္း သူကသိေနၿပီးသား။ တစ္ခါတစ္ခါက် သူကိုယ္တိုင္ထက္ေတာင္ က်န္႔ေကာက သူ႔ကိုနားလည္ေနေသးရဲ႕။
အိမ္ေ႐ွ႕က skateboard အသစ္စက္စက္ကို ခပ္တည္တည္နဲ႔ဆြဲယူလို႔ သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားတဲ့ဆီထြက္လာလိုက္တယ္။ ရိေပၚက ခု အနုပညာတကၠသိုလ္က ဒုတိယနွစ္ေက်ာင္းသားေလး။ ေကာကေတာ့ အလုပ္သင္ဆရာဝန္ေလး ျဖစ္ေနၿပီျဖစ္တယ္။ ေကာက မအားတဲ့ၾကားက ခုခ်ိန္ထိ သူ႔အတြက္ အခ်ိန္ေပးေနျမဲပါပဲ။ ရိေပၚအတြက္ က်န္႔ေကာဆိုတာက သိပ္ တန္ဖိုးထားရတဲ့ ေႏြးေထြးေသာ ရိပ္ျမံဳေလး..။
ရိေပၚဘဝရဲ႕ ပထမဆုံးေသာ မွတ္ဥာဏ္ေလးလို႔ ဆိုလာရင္......အင္း..... မွဲ႔နက္ေလးတစ္ခုေပာ့။
ေနေရာင္ျခည္ေႏြးေႏြးနဲ့ နံနက္ခင္းေလးမွာ လက္ေတြကိုဆန္႔ထုတ္လို႔ ျပံဳးရင္းစကိတ္စီးေနတဲ့ ေကာင္ေလးတစ္ေယာက္။ ထိုေကာင္ေလးနဲ႔ မနီးမေဝးမွာေတာ့ ျဖည္းျဖည္းခ်င္း လိုက္ပါလာေနတဲ့ အနီေရာင္ကားေလးတစ္စီး ႐ွိေနခဲ့တယ္။
>>>>>>>>>>>❤
ေ႐ွ႕က ျမင္ကြင္းေၾကာင့္ ကားစတီယာရင္ေပၚက ေ႐ွာင္းက်န္႔ရဲ႕လက္ေတြက တင္းၾကပ္လို႔သြားတယ္။ ေကာင္မေလးရဲ႕လက္ကိုတြဲလို႔ ၾကည္ႏူးျပံဳးေပ်ာ္ရင္း ထြက္လာတဲ့ ေကာင္ေလးကေတာ့ သူ႔ကို မျမင္ေသး။ ဒီလို ျမင္ကြင္းက ၾကံဳေနက်ဆိုေပမဲ့ အႀကိမ္တိုင္း အသစ္အသစ္လို နာက်င္ရျမဲ။ အနီးနားေရာက္လာၿပီျဖစ္တဲ့ သူ႔ရဲ႕အဖိုးတန္ေလးေၾကာင့္ ဆုပ္ထားမိတဲ့ လက္ေတြကို ေျဖေလ်ာ့လို႔ အျပံဳးေတြေတာက္ပေနေအာင္ ေ႐ွာင္းက်န္႔ ႀကိဳးစားရင္း ကားထဲကထြက္လာလိုက္တယ္။
"ဟာ.....က်န္႔ေကာ လာႀကိဳတာလား"
"အင္း.....ဝမ္ငယ္က ဆိုင္ကယ္မယူသြားဘူးဆိုလို႔ေလ"
"အင္း.....ဟုတ္တယ္....ဒီေန႔ က်ူးအာက်ဲက ေလ်ွာက္လည္ဖို႔ ေျပာထားလို႔...."
ခုခ်ိန္ထိ ေ႐ွာင္းက်န္႔က အၾကည့္ေတာင္မစြန္႔က်ဲေသးတဲ့ မိန္းကေလးဆီ ရိေပၚက ၾကင္နာစြာၾကည့္ရင္း ေျပာလာတယ္။ ရိေပၚစကားေၾကာင့္ ေ႐ွာင္က်န္႔ မ်က္ခုံးေတြ အတန္ငယ္ျမႇင့္တက္သြားခဲ့ရတယ္။ အရင္က မိန္းကေလးေတြနဲ႔တုန္းက ရိေပၚက ဒီလိုမၾကည့္ခဲ့ဖူးဘူးေလ။ ျပီးေတာ့ ရိေပာ္က တြဲခဲ့ဖူးတဲ့လူေတြနဲ့ ေလ်ွာက္လည္တယ္ဆိုတာမရွိသေလာက္ရွားတယ္။ တစ္ဖက္လူရဲ့ အျကိုက္ကိုလည္း လိုက္တတ္တဲ့သူ မဟုတ္ဘူး။ စိတ္ဝင္စားရင္ တြဲလိုက္မယ္။ စိတ္ကုန္ရင္ ျဖတ္မယ္။ ဒာသူရဲ့ အက်င့္။ ခု မိန္းကေလးနဲ့က်မွ ရိေပာ္ရဲ့ အၾကည့္ေတြ အေျပာေတြကအစ ေျပာင္းလဲေနသလို......။တုန္လႈပ္လာမိတဲ့ အေတြးစေတြကို ဖ်က္သိမ္းလို႔ အျပံဳးတုတစ္ခုကို ဖန္တီးလိုက္တယ္။
"ေျသာ္..... ဟုတ္ၿပီေလ..... သိပ္ေတာ့ ေနာက္မက်ေစနဲ႔ေနာ္.....ဝမ္ငယ္"
"ဟုတ္....က်န္႔ေကာ"
ထြက္ခြာသြားတဲ့ ပုံရိပ္ႏွစ္ခုက လိုက္ဖက္ညီလြန္းလွတယ္။ သူတစ္ခါမွ မေတြ႔ခဲ့ရဖူးတဲ့ ရိေပၚရဲ႕ အၾကည့္ေတြ၊အျကင္နာေတြကို ခံယူရ႐ွိထားဟန္ရွိတဲ့ အဲ့ဒီမိန္းကေလးက သိပ္ကံေကာင္းလွပာတယ္။ သူ ေၾကာက္ရြံ ခဲ့ရတဲ့အခ်ိန္ခါေတြ ေရာက္လာေတာ့မွာမ်ားလား။ ပါးျပင္ထက္သို႔ အလိုေလ်ာက္က်ဆင္းလာေနတဲ့ မ်က္ရည္စေလးကို လက္နဲ႔ ခပ္ၾကမ္းၾကမ္း ပြတ္ဆြဲသုတ္ရင္း ကားကိုေမာင္းထြက္လာလိုက္တယ္။ ကားမွန္ကတစ္ဆင့္ ျမင္ေနရတဲ့ ျပံဳးေပ်ာ္ေနတဲ့ ပုံရိပ္ေလးေၾကာင့္ မ်က္ရည္ေတြၾကားကေန ျပံဳးျဖစ္ခဲ့ေသးတယ္။
တစ္ခ်ိဳ႕ ခ်စ္ျခင္းေတြက ေပ်ာ္ရႊင္ေကာင္းေပ်ာ္ရႊင္ရမယ္။
တစ္ခ်ိဳ႕ေသာေတြက ဝမ္းနည္းဖို႔ ေကာင္းေနလိမ့္မယ္။
ေ႐ွာင္းက်န္႔ ရဲ႕ခ်စ္ျခင္းတရားေလးကေတာ့ ေပ်ာ္ရႊင္မႈနဲ႔ ဝမ္းနည္းမႈေတြ ေရာေႏွာေနေလရဲ႕။
စတင္ခ်စ္မိခဲ့ကတည္းက စြန္႔လႊတ္ႏိုင္ဖို႔ရာပါ ႀကိဳးပမ္းခဲ့ေပမဲ့လို႔ ခုခ်ိန္ထိတိုင္ သူမေအာင္ျမင္ခဲ့ေသးပါဘူး။ ဘာေၾကာင့္လဲလို့ဆိုရင္.....
တစ္ကမ္တမ္း သူက ခ်စ္ျခင္းေတြ ဖြင့္ဟဝန္ခံဖို႔အခြင့္ေရးကိုပဲ စြန္႔လြတ္ခဲ့တာ။ ရိေပၚအေပၚက သူ႔ရဲ႕ခ်စ္ျခင္းေတြကိုေတာ့ ဘယ္တုန္းကမွ မစြန္႔လြတ္ခဲ့ဖူးဘူးေလ......။
>>>>>>>>>>>💚
"အင္း......ခ်စ္တယ္ က်ဲ.....အရမ္းခ်စ္တယ္ေနာ္.....မြ...."
မၾကားခ်င္ပါပဲ ၾကားေနရတဲ့ စကားလုံးေတြေၾကာင့္ ရင္ဘတ္ထဲကတစ္ဆစ္ဆစ္။ သူ႔အခန္းမွာလာၿပီး အတူတူ႐ုပ္႐ွင္ၾကည့္တတ္တဲ့ ရိေပၚက ခုေနာက္ပိုင္းေတာ့ တာဝန္အရသာလာၿပီး ႐ုပ္႐ွင္ကိုလည္း စိတ္မဝင္စားသလို။ တစ္ခ်ိန္လုံးလိုလို ဖုန္းတစ္လုံးနဲ႔အလုပ္႐ႈပ္ေနတတ္သည္။ တည္တင္းထားတဲ့ မ်က္ႏွာေအာက္က ၿပိဳလဲေနတဲ့ စိတ္အစုံကို သူသာလ်ွင္သိႏိုင္ပါရဲ႕။
"က်န္႔ေကာ...... ေဆာရီး..... ဟီး....အေနွာက္ယွက္ျဖစ္သြားလား"
"ရပါတယ္......ဇာတ္ကားၾကည့္ေတာ့ေလ ဝမ္ငယ္.....ၿပီးေတာ့မယ္"
"ဟုတ္လား"
ေပါက္ေပါက္ဗူးကို ဆြဲေပြ႔လို႔ တစ္ျမံဳ႕ျမံဳ႕ဝါးရင္း ႐ုပ္႐ွင္ဇာတ္ကားထဲ အာ႐ုံေရာက္သြားတဲ့ ရိေပၚကို ေ႐ွာင္းက်န္႔ေငးၾကည့္ေနမိတယ္။ ရိေပၚက သိပ္လွတဲ့ ခပ္ေဆြးေဆြး အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္နဲ႔တူပါတယ္။ ေပ်ာ္ရႊင္စရာဇာတ္သိမ္းမျဖစ္ႏိုင္မွန္းသိတယ္။ ဒါေပမဲ့ ၿငိမ့္ၿငိမ့္ေလးနဲ႔ ဆြဲေဆာင္ေနတဲ့ ရိေပၚဆိုတဲ့ ဇာတ္ကြက္ေလးထဲမွာ သူက ႐ုန္းမထြက္ခ်င္ေလာက္ေအာင္နစ္ေမ်ာေနမိတယ္။ သူ႐ုန္းမထြက္ခ်င္ဘူး.......အဆုံးသတ္ကဘယ္လိုပဲျဖစ္ေနပါေစ.......။
"က်န္႔ေကာ"
"အင္း"
"က်ဴးအာက်ဲက ဘယ္လိုေနလဲ"
"ဘာကိုလဲ"
"က်ဲက ကြၽန္ေတာ့္ခ်စ္သူအေနနဲ႔ ဘယ္လိုလဲလို႔ အဆင္ေျပတယ္မလား က်ဲကလွလည္းလွတယ္ ေတာ္လည္းေတာ္တယ္ေလ....ဟဲဟဲ"
"အဲ့ဒါ..... ေကာနဲ႔ဆိုင္လို႔လား"
ေရွာင္းက်န့္ မ်က္ဝန္းေတာက္ေတာက္ေလးေတြကို စူးစိုက္ၾကည့္ၿပီး ခပ္တည္တည္ျပန္ေမးမိသည္။ ေခတၱမ်ွ ေၾကာင္ေငးေနတဲ့ ရိေပၚက သူ႔အေျဖကို အံ့အားသင့္ေနဟန္။
"အိမ္ျပန္အိပ္ေတာ့ ဝမ္ငယ္ ညနက္ေနၿပီ"
ေခါင္းေလးကိုအသာဖြလို႔ သတိေပးရင္း ေက်ာခိုင္းခဲ့လိုက္တယ္။ ေနာက္ပါးက ေအာ္သံစူးစူးေလးကေတာ့ ကပ္ပါလာေသးရဲ႕။
"က်န္႔ေကာ.......ယုန္အိုႀကီး.....ရည္းစားမ႐ွိတိုင္း သူမ်ားကို မနာလိုေနတာမလား!......"
ဟက္.......ရိေပၚက ဆိုးလိုက္တာ။ သူ႔ခံစားခ်က္ေတြကို ဘယ္ေတာ့မွမျမင္ခဲ့ဘူး။ ျမင္ေအာင္လည္း မၾကည့္ခဲ့ဖူးဘူးထင္ပါရဲ႕.......။
>>>>>>>>>>>💔
"Cheer!!!"
ၿပိဳင္တူေအာ္သံေတြနဲ႔အတူ ခြက္ခ်င္းထိခတ္သံေတြက ဆူဆူညံညံ။ ယြီပင္းေမြးေန႔မို႔ ရိေပၚတို႔ သူငယ္ခ်င္းတစ္စု party က်င္းပေနၾကျခင္း။
"ရိေပၚ မင္းစမ္းသပ္ၾကည့္တာ ဘယ္လိုေနလဲ"
ယြီပင္းအေမးေၾကာင့္ ေခါင္းငုံ႔လို႔ အျမည္းေတြစားေနတဲ့ ရိေပၚက ေမာ့ၾကည့္လာသည္။
"မထူးဘူး ငါ့အထင္မွားသြားတယ္ထင္တယ္"
"ဟမ္.....တစ္ကယ္ႀကီးလား"
"ေအး.... တကယ္ေပါ့ က်န္႔ေကာက ငါ့အေပၚ႐ိုးပါတယ္......ငါသူ႔ေ႐ွ႕ က်ဴးအာက်ဲနဲ႔ တမင္ႀကီး ပိုပိုသာသာလုပ္ျပရင္ေတာင္ သူဘာမွမျဖစ္ဘူး......"
"ေသခ်ာလို႔လား......ငါ့အထင္ေတာ့..."
"ေဟ့ေကာင္.....ေတာ္ေတာ့.....က်န္႔ေကာက gay မဟုတ္ဘူး ေသခ်ာတယ္ အိုေက....ေလ်ွာက္မေျပာနဲ႔ ေနာက္ကို"
"ရိ.....ရိေပၚ......"
သူ႔ေနာက္ေက်ာဘက္ဆီ အလန္႔တၾကားၫႊန္ျပလာတဲ႔ ယြီပင္းေျကာင္႔ ပလုတ္ပေလာင္းနဲ႔ ႀကိမ္းေမာင္းေနရာမွလွည့္ၾကည့္လိုက္ေတာ့ ခပ္ျမန္ျမန္ ထြက္ခြာသြားေနတဲ့ ေက်ာျပင္တစ္ခု။
"က်န္႔ေကာ......."
ေျခလွမ္းက်ယ္ေတြနဲ႔ လွမ္းေနတဲ့ေကာေနာက္ ရိေပၚ အေလာတႀကီးေျပးလိုက္မိသည္။ ရင္ထဲမွာ ထိတ္လန္႔ေၾကာက္ရြံ႔စိတ္ေတြ ႀကီးစုိးသြားတာ ဘာေၾကာင့္ရယ္မသိ။
"ေကာ"
ဖမ္းမိမိခ်င္း ဆြဲလွည့္လိုက္တဲ့အခါ ေကာကသူ႔ကို ျပံဳးျပလာသည္။ မ်က္ရည္ေတြအျပည့္နဲ႔ နာက်င္ေနတဲ့ မ်က္ဝန္းေတြနဲ႔ ေကာရဲ႕အၾကည့္ေတြ အျပံဳးေတြကို ရင္မဆိုင္ရဲတာမို႔ ရိေပာ္ အၾကည္႔လြဲလို႔ ေခါင္းကိုငုံ႔ထားမိတယ္။
"ေကာ......ဟို.....ဟို..... ကြၽန္ေတာ္ ေတာင္းပန္ပါတယ္...... "
"ဘာအတြက္လဲ ဝမ္ငယ္...."
ခပ္တိုးတိုး ေမးလာတဲ့ ေကာကို သူ႔မွာေျဖစရာအေျဖ႐ွာမရ။ သူငယ္ခ်င္းေတြရဲ႕ စကားကို နားေယာင္မိလို႔မွားသြားပါတယ္လို႔ ေျပာရေလမလား။ သူအေတြးလြန္သြားပါတယ္လို႔ဆိုရမလား။ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သူကိုယ္တိုင္ ေကာအေပၚ သံသယေတြ ထားခဲ့မိတာမဟုတ္လား။ ေကာက......ခု သူ႔ကို မုန္းသြားေတာ့မယ္ထင္တယ္......။
"ဟို.....အားလုံးအတြက္ ေတာင္းပန္ပါတယ္....ကြၽန္ေတာ္ အေတြးလြန္သြားမိတယ္.....ေကာအေပၚ သံသယေတြနဲ႔မယုံမၾကည္ျဖစ္မိတယ္ ေတာင္းပန္ပါတယ္....."
"........."
တစ္စုံတစ္ရာကို ဆုံး႐ႈံးရေတာ့မယ္ဆိုတဲ့အသိေျကာင့္ ရိေပာ္က တုန္လွုပ္ေနေပမဲ့ ေရွာင္းက်န့္ကေတာ့ မလႈပ္မယွက္ရပ္ေနျမဲ။
"ေကာ ဒီလိုႀကီးမေနပါနဲ႔ ေကာစိတ္တိုရင္ ကြၽန္ေတာ့္ကို ထိုးလို႔ရတယ္ ႐ိုက္လို႔ရတယ္......"
"အြတ္!......"
႐ုတ္တရက္ႀကီး သူ႔ရဲ႕မ်က္ႏွာကိုဆြဲေမာ့လို႔ နမ္း႐ိႈက္လာတဲ့ က်န္႔ေကာ။ ေခတၱမ်ွ ေၾကာင္အသြားၿပီးေနာက္ အတန္ၾကာမွ ရိေပၚ ႐ုန္းကန္ဖို့ သတိရသည္။ အခ်ိန္တိုင္း သူ႔အေပၚ ႏူးညံ့ၾကင္နာခဲ့တဲ့ ေကာက ခုေတာ့ ေသြးဆူေနတဲ့ က်ား႐ိုင္းတစ္ေကာင္လိုပင္။ အျပင္းအထန္႐ုန္းကန္မႈေတြနဲ႔ အနမ္းၾကမ္းၾကမ္းေတြက ျပင္းထန္တဲ့တိုက္ပြဲတစ္ခုလို ။
"ခြပ္!"
ၿငိမ္သက္သြားတဲ့အေျခေနတစ္ခုမွာ ျပင္း႐ွ႐ွအသက္႐ႈသံေတြက အခ်ိန္တစ္ခုထိမင္းမူေနခဲ့တယ္။ တုန္ယင္ေနတဲ့ လက္တစ္စုံက ဆိတ္ၿငိမ္ျခင္းရဲ႕တရားခံျဖစ္တယ္ ။ နာနာက်င္က်င္မ်က္ဝန္းေတြနဲ႔ ေသြးစြန္းေနတဲ့ႏႈတ္ခမ္းပါးေတြကေတာ့ အေတာက္ပဆုံး ျပံဳးျပေနဆဲ။
"ေကာ မင့္ကို ခ်စ္တယ္ ဝမ္ငယ္......"
ေလ်ာ့ရဲရဲ ျပံဳးျပေနျမဲ ႏႈတ္ခမ္းပါးေတြဆီကတိုးဖြဖြဝန္ခံစကားေလးတစ္ခြန္းက ညင္သာစြာထြက္ေပာ္လို့လာတယ္။ သူ႔ကိုေက်ာခိုင္းထြက္ခြာသြားတဲ့ ေက်ာျပင္ငယ္ေဝးကြာသြားသည္ထိ မယုံႏိုင္ျခင္း အံ့ျသျခင္း တုန္လႈပ္ျခင္းစတဲ့ မေရရာမေသခ်ာတဲ့ ခံစားခ်က္နဲ႔အေတြးေတြၾကားမွာ ရိေပၚက မလႈပ္မယွက္ ရပ္ေနမိျမဲ။
လူေတြက နီးစပ္လြန္းတဲ့အခါ နွလုံးသားခ်င္းေဝးကြာေနတတ္တယ္တဲ့။
အင္း.......ကြၽန္ေတာ္တို့ခ်င္း နီးလြန္းခဲ့တယ္ထင္ပါရဲ႕.......။
ဖြာ႐ိႈက္မိတဲ့ေဆးလိပ္ေလးက သူ႔ရဲ႕ ပူေဆြးမႈေတြကို အနည္းငယ္မ်ွ ေလ်ာ့ပါးမသြားေစႏိုင္ခဲ့။ အေမွာင္ထုထဲက ခပ္အက္အက္ရယ္သံက ေၾကေၾကကြဲကြဲ။ ႏႈတ္ခမ္းေထာင့္စြန္းက အက္ကြဲရာေလးကို အျမတ္တႏိုး ခပ္ဖြဖြတို႔ထိတဲ့အခါ အမွတ္မ႐ွိတဲ့ရင္ခုန္သံေတြက ဆူညံညံ။ လိုလိုလားလား စတင္ၫႊတ္ဆင္းခဲ့ရသူက သူကိုယ္တိုင္မို႔ နာက်င္ေနရသည့္တိုင္ ေ႐ွာင္းက်န္႔က ရိေပၚကို အျပစ္မတင္ရက္....။
ခ်စ္တယ္ဆိုတာထက္ပိုပါတယ္။
သိပ္ကိုျမတ္ႏိုးရပါတယ္...ကိုယ့္ရဲ႕ဝမ္ငယ္....။
>>>>>>>>>❣
တစ္လ....တစ္လ႐ွိခဲ့ၿပီ။ သူက က်န္႔ေကာကို ေ႐ွာင္ေနခဲ့သလို ေကာကလည္း သူ႐ွိရာမလာခဲ့။ တစ္လအတြင္းမွာ ရိေပၚစဥ္းစားေနမိတာ အေၾကာင္းအရာတစ္ခုတည္း။ အဲ့ဒီအရာက က်န္႔ေကာ။
ဟုတ္တယ္......သူစဥ္းစားေနမိတာ က်န္႔ေကာနဲ႔ပတ္သက္တဲ့အေၾကာင္းရာေတြခ်ည္း။ ငယ္ငယ္က သူတို႔ရဲ႕အမွတ္တရေတြကို ေတြးမိတဲ့အခါ အေႏြးေထြးဆုံးေပ်ာ္ရႊင္မႈေတြကိုခံစားရတယ္။ တခုတ္တရ သူမေတြးေတာမိခဲ့တဲ့ သူရဲ့ မွတ္ဥာဏ္ေတြထဲမွာလည္း အံ့ျသစရာေကာင္းေလာက္ေအာင္ က်န္႔ေကာကေနရာအျပည့္ယူထားေသးတယ္။ သူတစ္ခါမွ မဆန္းစစ္ခဲ့ဖူးတဲ့ ေကာအေပၚထားတဲ့ သူ႔ရဲ႕ခံစားခ်က္ေတြကို ျပန္ဆန္းစစ္မိတဲ့အခါမွာေတာ့ နက္႐ိႈင္းတဲ့ ခံစားခ်က္ေလးတစ္ခုကို ႐ွက္ရြံ႔ဖြယ္ရာ ေတြ႔႐ွိခဲ့ရပာေတာ့တယ္။
ရင္နာစရာေကာင္းတာက သူရဲ႕ခ်စ္ျခင္းေလးဆီ စတင္ ေျခလွမ္းဖို႔ သူျပင္ဆင္ေနခ်ိန္မွာ ခ်စ္ရသူကေတာ့ သူ႔ကိုထားရစ္ခဲ့ဖို႔ ၾကံစည္ေနခဲ့ပါသတဲ့။
"က်န္႔က်န္႔က သူတို႔ေဆး႐ုံကလြွတ္တဲ့ Nepal ကိုသြားမဲ့ ပရဟိတအဖြဲ႔ထဲဝင္လိုက္တယ္တဲ့.......ဒီညေနသြားမယ္ဆိုပဲ"
မားရဲ႕ စကားအဆုံး ရိေပာ္ကမန္းကတမ္းနဲ႔ ေျပးထြက္လာမိတယ္။ မသြားရဘူး......က်န္႔ေကာ။ ခင္ဗ်ား ကြၽန္ေတာ့္ကို အသိမေပးပဲ ဒီလိုထြက္ေျပးသြားလို႔ရမတဲ့လား။ ကြၽန္ေတာ့္စိတ္ေတြကို ထူးဆန္ေအာင္ ျပဳစားသြားၿပီးမွေလ.......။
"ေ႐ွာင္းက်န္႔! ! !"
ေလဆိပ္မွာ အထုပ္ေတြေဘး ေခါင္းငိုက္စိုက္လို႔ထိုင္ေနတဲ့ ေ႐ွာင္းက်န္႔က ရိေပၚအသံၾကားေတာ့ ဆတ္ကနဲ ေခါင္းေထာင္ၾကည့္လာသည္။ နီရဲရဲမို႔အစ္အစ္ မ်က္လုံးေတြက ရိေပၚကိုျမင္ေတာ့ အေရာင္တစ္လက္လက္။ ေျခလွမ္းက်ယ္ႀကီးေတြနဲ႔ အနားကိုအေျပးလာၿပီး ရိေပၚကိုဆြဲဖက္လိုက္တာမ်ား အင့္ကနဲ။
"ဝမ္ငယ္!......."
"လိုက္လာတယ္လား......ေကာ....ေကာက ဝမ္ငယ္ ေကာကို မုန္းသြားၿပီထင္ေနတာ....."
တင္းၾကပ္စြာ ဖက္ထားတဲ့ လက္ေတြနဲ႔ တုန္ယင္ေနတဲ့အသံေတြက စိတ္လႈပ္႐ွားေပ်ာ္ရႊင္ေနဟန္။ ရိေပၚကလည္း ေကာရဲ႕ေက်ာျပင္က သူရဲ႕လက္ေတြကို ပိုၿပီးတင္းၾကပ္ေစလိုက္တယ္။
"မမုန္းပါဘူး...... ခ်စ္တယ္....ေကာ....ဒါေၾကာင့္......မသြားပါနဲ႔...... "
"ကြၽန္ေတာ့္ဆီကေနထြက္မေျပးပါနဲ႔လား....."
ရိေပၚရဲ႕ ဝန္ခံခ်က္အဆုံးမွာ ေကာကခပ္ဖြဖြရယ္တယ္။ သူ႕ရဲ႕ နဖူးကိုခပ္ဖြဖြအနမ္းေႁခြၿပီး ဖက္ထားတဲ့ သူ႔ရဲ႕လက္ေတြကိုအသာျဖဳတ္ခ်လို႔ ဆုပ္ကိုင္လာတယ္။
"ေက်းဇူးပါ..... ဝမ္ငယ္.....ေကာဆီလာခဲ့ေပးလို႔.....ဒါေပမဲ့....ေကာသြားရလိမ့္မယ္....ေကာျပန္လာမွာပါ"
ခပ္ေအးေအးအျပံဳးနဲ႔ ေသြးေအးစြာ သူ႔ကိုထားခဲ့ဖို႔ လုပ္ေနတဲ့ က်န္႔ေကာက ခုဏကထိ သူ႔ကိုေပြ႔ဖက္ထားခဲ့သူမဟုတ္သလို။
"ခ်စ္တယ္လို႔ ေျပာေနတယ္ေလ!!ေ႐ွာင္းက်န္႔!!!!"
သူ့ကို ေက်ာခိုင္းသြားတဲ့သူကို ရိေပၚ ေဒါသတစ္ႀကီး ေအာ္ပစ္မိတယ္။ ေဘးပတ္ဝန္းက်င္က လူေတြလိုပဲ ေ႐ွာင္းက်န္႔လည္း သူ႔ကို ျပန္လို႔ လွည့္ၾကည့္လာတယ္။
"ခ်စ္တယ္! က်န္႔ေကာ.....မသြားပါနဲ႔....... "
ရပ္တန္႔ေနတဲ့ ေ႐ွာင္းက်န္႔ေၾကာင့္ ရိေပၚ အားတက္တေရာနဲ႔ လက္ေတြကို ဆြဲကိုင္ရင္း ေတာင္းဆိုမိျပန္တယ္။
"ဝမ္ငယ္က ေကာကို မခ်စ္ပါဘူး.....ေကာထားသြားမွာပဲ ေၾကာက္ေနတာပါ....စိတ္ခ်ပါ ေကာ ျပန္လာမွာပါ ေနာ္"
ခပ္ေအးေအးေျပားရင္း သူ႔ေခါင္းကို ဖြဖြပုတ္လို႔ ထြက္ခြာသြားတဲ့သူကိုၾကည့္ရင္း ရိေပၚရဲ႕အျမင္ေတြေဝဝါးလာတယ္။ ဝမ္းနည္းေနေပမဲ့ ရိေပၚက စိတ္ကိုတင္းလို႔ထားတယ္။ ပါးေဖာင္းေဖာင္းေတြေပၚ တစ္လွိမ့္လွိမ့္က်လာတဲ့ မ်က္ရည္ေတြကို ခပ္ၾကမ္းၾကမ္း ပြတ္သုတ္ရင္း စကားအခ်ိဳ႕ကို ေကာၾကားေအာင္ ေအာ္ေျပာလိုက္တယ္။
"ခ်စ္တယ္!! က်န္႔ေကာ!!!"
"တစ္ႏွစ္အတြင္း ျပန္လာ!!!...... မဟုတ္ရင္ မိန္းမယူပစ္မွာ......ၾကားလား!!!ယုန္အိုႀကီး!!!"
ေျပာခ်င္ရာေတြေျပာၿပီးတဲ့ေနာက္မွာေတာ့ ရိေပၚထိုင္ခ်ၿပီး ကေလးတစ္ေယာက္လို ငိုေနမိတယ္။ တစ္ေနရာကေန သူ႔ကို ျပံဳးၾကည့္ေနတဲ့ ပုံရိပ္ေလးကိုေတာ့ ဝမ္းနည္းေနတဲ့ ကေလးဆိုးေလးကမျမင္ခဲ့။
ဒီထက္နီးစပ္ဖို႔ ခဏေလာက္ေဝးၾကည့္ရေအာင္ ဝမ္ငယ္။ တစ္ေန႔....... မင့္ရဲ႕မ်က္ရည္ေတြကို ကိုယ့္အခ်စ္ေတြနဲ႔ ေဆးေၾကာေပးပါ့မယ္။
>>>>>>>>>>💛
"ျပန္ေရာက္ၿပီ မား"
"အံမယ္ ေစာလွခ်ည္လား.......သား"
"မားကလည္း ကြၽန္ေတာ္အျမဲေစာေစာျပန္လာေနက်ပဲဟာ"
"ေအးပါ......ဒီတစ္ႏွစ္အတြင္း အရမ္းလိမၼာလာေတာ့ ငါ့သားမွဟုတ္ရဲ႕လားလို႔"
"မား!!!"
မ်က္ေစာင္းနဲ႔ မာန္မဲလိုက္တဲ့အခါ မားက တေဘာတက်ရယ္ေနတယ္။ ေခါင္းတစ္ခါခါနဲ႔ ျပံဳးရင္း အေပၚက သူ႔အခန္းဆီတက္လာလိုက္တယ္။
ဟုတ္တယ္......မားေျပာသလိုပဲ။ သူကဒီတစ္ႏွစ္အတြင္းမွာ လူလိမၼာေလးလုပ္ျဖစ္ေနတယ္။ အမွန္ေတာ့ တစ္စုံတစ္ေယာက္ကို လြမ္းရင္း ထိုသူမႀကိဳက္တဲ့အရာေတြကိုေ႐ွာင္႐ွားရင္းနဲ႔ လူလိမၼာေလးဘြဲ႔ကို သူရ႐ွိခဲ့တာျဖစ္တယ္။ ထိုသူက သိပ္ဆိုးပာတယ္။ ရိေပၚက သူ႔စကားေတြနားေထာင္ၿပီး လိမၼာေနသေလာက္ ထိုသူကေတာ့ စာေလးတစ္ေၾကာင္းေလာက္ပင္မပို႔လာခဲ့။
လူေတြက တစ္စုံတစ္ရာရဲ႕တန္ဖိုးကို ဆုံး႐ႈံးလိုက္ရတဲ့အခါမွ ပိုၿပီးသိလာတတ္ၾကတယ္တဲ့။
ရိေပၚလည္း အပါအဝင္ပါပဲ။ က်န္႔ေကာမ႐ွိတဲ့ အခ်ိန္ကာလေတြမွာမွ က်န္႔ေကာက သူ႔အတြက္ ဘယ္ေလာက္ထိအေရးပါမွန္း သိလာရတဲ့အျဖစ္။ မေတြ႔ရေတာ့မွ လြမ္းမွန္းသိခဲ့ရပါတယ္ေပါ့။ တစ္ရက္ထက္တစ္ရက္ အလြမ္းေတြပိုတိုးရင္း ခံစားခ်က္ေတြက ပိုေလးနက္လာခဲ့တယ္။ ခက္တာက သူေပးမဲ့ ခ်စ္ျခင္းေတြကို အလို႐ွိလွပါတယ္ဆိုတဲ့သူကျပန္မလာ။ ဆယ္စုႏွစ္တစ္စုစာေလာက္ သူ႔ရဲ႕ ခံစားခ်က္ေတြကို လ်စ္လ်ဴ႐ႈ့ခဲ့တဲ့ ရိေပၚကို က်န္႔ေကာက အဲ့ဒီေလာက္ထိ ျပန္ၿပီးပစ္ထားမွာေတာ့မဟုတ္ဘူးမလား။
"ေကာေရ......ျပန္လာပါေတာ့...... လြမ္းလွၿပီဗ်....."
ေမြ႔ယာထက္သို႔ ေနာက္ျပန္လွန္ခ်ၿပီး မ်က္စိစုံမွိတ္ရင္း ေအာ္ဟစ္မိျပန္တယ္။ အကယ္၍ ေကာသာၾကားခဲ့ရင္ သူ႔ဆီ အေျပးျပန္လာေလမလား......။
"ေကာကို အဲ့ေလာက္ေတာင္လြမ္းေနခဲ့တာလား......"
"အမေလး!!!......မားေရ!!!"
႐ုတ္တရက္ ထြက္လာတဲ့ အသံေၾကာင့္ ရိေပၚလန္႔ေအာ္မိသြားတယ္။ လူကလည္း တံခါးနားကိုေရာက္ေနခဲ့ၿပီ။
"အင့္!"
လက္ေကာက္ဝတ္ကို ဆုတ္ကိုင္ဆြဲလွည့္ခံရၿပီးတဲ့ေနာက္မွာ သူ႔တစ္ကိုယ္လုံး ရင္ခြင္တစ္ခုထဲေရာက္႐ွိသြားခဲ့တယ္။
"ဝမ္ငယ္"
"ေကာ!......."
တမ္းတေနရတဲ့ အသံကိုၾကားလိုက္ရတဲ့ခဏ ရိေပၚရဲ႕ မ်က္ဝန္းေတြထဲမွာ ဝမ္းသာျခင္းေတြျပည့္လ်ွံလာတယ္။
"မငိုနဲ႔ေလ.....ဝမ္ငယ္ရာ....ေကာျပန္လာၿပီေလ"
သူ႔ပါးျပင္ထက္က မ်က္ရည္စေတြကို အသာသုတ္ေပးရင္း က်န္႔ေကာက ေခ်ာ့လာေလ ရိေပၚပိုၿပီးငိုခ်င္လာေလပါပဲ။ ဒီလူသားကို သူ ႐ူးမတ္လြမ္းေနခဲ့ရတာေလ.......။
"ေကာ....ေကာက အၾကာႀကီးပစ္ထားတယ္......"
"အင္း...... ေကာေတာင္းပန္ပါတယ္...."
"မလိုဘူး.....ေနာက္မထားခဲ့နဲ႔"
သူ့ကိုတင္းၾကပ္စြာျပန္ဖက္တြယ္ရင္း မာဆတ္ဆတ္ေလးေျပာလာတဲ့ ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ ခပ္ဟဟေလး ရယ္မိတယ္။ ဝမ္ငယ္က မေတြ့ရတဲ့အေတာအတြင္းမွာ ပိုျပိးခ်စ္ဖို႔ေကာင္းလာတယ္။ အမွန္ေတာ့ ေ႐ွာင္းက်န္႔လည္း ရိေပၚကို ေန႔တိုင္းလြမ္းေနခဲ့ရတာပါပဲ။ လြမ္းေနရတဲ့ကာလေတြမွာ မားဆီက ၾကားရတဲ့ လိမၼာေနတဲ့ ခ်စ္ရသူအေၾကာင္းေတြက သူ႔အတြက္ အလြမ္းေျပေဆးေလး......။
"ေကာ.....ဘယ္တုန္းက ျပန္ေရာက္တာလဲ "
"ခုညေနပဲ......အန္တီဝမ္ကို တမင္မေျပာခိုင္းလိုက္တာ ဝမ္ငယ့္ကို surprise လုပ္မလို႔ေလ"
"က်န္႔ေကာက ဆိုးလိုက္တာ....."
ခပ္ေလးေလးေျပာရင္း ရင္ခြင္ထဲပိုတိုးဝင္လာတဲ့ ေခါင္းလုံးေလးကို ေ႐ွာင္းက်န္႔ တစ္တိတိနမ္း႐ိႈက္ေနလိုက္တယ္။ ရင္ခြင္ထဲက အေကာင္ေပါက္ေလးကေတာ့ ၿငိမ္လို႔......။
"ဝမ္ငယ္....."
"အင္း...."
"ခ်စ္တယ္....."
"အင္း.....ကြၽန္ေတာ္ေရာပဲ"
"ဒါဆို........မိန္းမ မယူနဲ႔ေတာ့ေနာ္"
ေ႐ွာင္းက်န္႔ စကားကို ၾကားေတာ့ ရင္ခြင္ထၾက ေခါင္းလုံးေလးက ဆတ္ကနဲေမာ့ၾကည့္လာတယ္။
"မရဘူး တစ္ႏွစ္ေက်ာ္တယ္......ယူမွာ"
"ဘာ!......"
"လာစမ္း!.....ခုထိမိန္းမယူခ်င္ေနေသးတဲ့ ေကာင္ေလးကို အျပစ္ေပးရမယ္"
"ဟား....ဟ....မိရင္ အျပစ္ေပးလိုက္ေလ....ဟား.....ဟား......"
မေန႔ကထိ အစိမ္းေရာင္အခန္းက်ဥ္းေလးက သိပ္ကိုအထီးက်န္ဆန္ေနခဲ့တယ္။ ခုေတာ့ ရယ္ေမာစေနာက္သံေလးေတြနဲ႔ ေႏြးေထြးမႈေလးကသာ ကိန္းေအာင္းေနပါတယ္။ ေကာင္းျခင္း၊ ဆိုးျခင္းေတြရဲ႕ အလြန္မွာ ခ်စ္ျခင္းေတြက ပိုၿပီးေႏြးေထြးခ်ိဳၿမိန္ေနေလရဲ႕........။
>>>>>>>>>💞
"က်န့္ေကာ.....လာ.....ကြၽန္ေတာ္နဲ့ခဏလိုက္ခဲ့"
ေန႔လည္ခင္းနားခ်ိန္မွာ ေဆး႐ုံကို ႐ုတ္တရက္ႀကီး ေရာက္ခ်လာၿပီး အတင္းဆြဲေခၚေနတဲ့ ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ အခက္ေတြ႔ေနရတယ္။
"ေနအုံး....ဝမ္ငယ္ ေကာ ဂ်ဴတီ႐ွိေသး....."
"မရဘူး...... ေသေရး႐ွင္ေရးထက္ ပိုအေရးႀကီးတယ္လို႔ က်န္႔ေကာ!"
႐ုန္းရင္းဆန္ခတ္တင္းမာေနတဲ့ အေျခေနက သူငယ္ခ်င္းႀကီး က်န္းခ်န္ရဲ႕ သူတာဝန္ယူေပးမယ္ ဆိုတဲ့ ကူညီေဖးမမႈႀကီးေၾကာင့္သာေျပလည္သြားခဲ့ရတယ္။ အခြင့္သာတာနဲ႔ အတင္းဆြဲေခၚလာတဲ့ ရိေပၚက ဆိုင္ကယ္ေပၚေရာက္သည္ထိ စကားစမလာေသး။
"ဝမ္ငယ္!......အခု ဘယ္သြားမလို႔လဲ!"
ဆိုင္ကယ္ေပၚမွာမို႔ ေ႐ွာင္းက်န္႔ စကားကိုေအာ္ေျပာေနရသည္။ ရိေပၚက တစ္ခုခုကို ျပန္လွည့္ေျပာလာေပမဲ့ ေလတိုးသံေတြနဲ႔ ဗလုံးဗေထြး။
"ဘာေျပာတာလဲ!!....ေကာမၾကားရလို႔!!!"
"ေကာကို......ခိုးေျပးလာတာလို႔!!!!!"
"ဘာ!!!!"
အျပာေရာင္ေကာင္းကင္ျကီးထက္က ေနေရာင္က ခပ္ျပင္းျပင္း။ အ႐ွိန္ဟုန္ျပင္းစြာ ေမာင္းႏွင္ေနတဲ့ ေမာ္ေတာ္ဆိုင္ကယ္အစိမ္းေရာင္ေလးထက္က ဂ်ဴတီကုဒ္ အျဖဴေရာင္ေလးကလည္း ေလမွာတစ္လြင့္လြင့္.......။
Hi! ငါကဝမ္ရိေပၚပါ။ ခပ္တည္တည္ေနတတ္တဲ့ ေခ်ာေမာသေဘာေကာင္းတဲ့ cool guy ေလးေပါ့။ ေ႐ွာင္ေ႐ွာင္းက်န္႔ရဲ႕ အသည္းအသက္ဆိုလည္း မမွားပါဘူးေလ။
မင္းတို႔သိလား?။
'တစ္ခာတစ္ရံမွာ သိပ္လိုခ်င္ခဲ့ဖူးတဲ့ အေႏြးေထြးဆုံး ခ်စ္ျခင္းတရားေလးကို မင့္ရဲ႕အနီးဆုံးေနရာမွာပဲ မင္းကိုယ္တိုင္ ဖြက္ထားမိတတ္တယ္' ဆိုတာ။
မသိေသးရင္လည္း ထားပါ။ ငာေျပာခ်င္တာက .....အကယ္၍ အဲ့ဒီခ်စ္ျခင္းတရားေလးကို
မင္းသိလိုက္ရၿပီဆိုရင္ေတာ့ လုံးဝ လက္မလႊတ္ပါနဲ႔.......။
8572 words