ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်

By AungKhant266

20.7K 583 60

ဒါကျွန်တော် အရမ်းကြိုက်​​တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-4. (Zawgyi)
Zawgyi. Chapter-5
Chapter-6 (Zawgyi )
Chapter-7 (Unicode)
Chapter-7. (Zawgyi)
Chapter-8
Chapter-8. (Zawgyi)
Chapter-9. (Unicode)
Chapter-9. (Zawgyi)
Chapter-10. (Unicode)
Chapter-10. (Zawgyi)
Chapter-11. (Unicode)
Chapter-11. (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Extra-1. (Uni)
Extra-1. (Zawgyi)
Extra-Final. (Uni)
Extra-Final. (Zawgyi)
Zawgyi. Chapter-1
Chapter-2. (Zawgyi)
Chapter-3. (Zawgyi)
Chapter-4 .(Zawgyi)
Chspter-5 .(Zawgyi)
Chapter-6 .(Zawgyi)
Chapter-7 .(Zawgyi)
Chapter-8 .(Zawgyi)
Chapter-9 .(Zawgyi)
Chapter-10 .(Zawgyi)
Chapter-11 .(Zawgyi)
ဇာတ်သိမ်းပိုင်း. (Zawgyi)
Extra. 1 .(Zawgyi)
Extra Final. (Zawgyi)

Chapter-6

627 21 2
By AungKhant266


မေမေသား တိုက်ခန်းတစ်ခန်းမှာပြောင်းနေချင်လို့။ မင်းသွေးခန့်စကားပင်ဆုံးအောင်မပြောလိုက်ရသေးခင် မေမေရဲ့ငြင်းဆန်ကိုအရင်ကြားရလေသည်။

"အို မေမေသဘောမတူနိုင်ဘူးသား။ ရှိတာမှ ဒီသားအမိသားအဖ၃ယောက်ကို သားတစ်ယောက်က တိုက်ခန်းမှာပြောင်းနေမယ်ဆိုတော့ အပြင်မှာသားတစ်ယောက်ထဲနေတာ မေမေစိတ်မချဘူး။"

သားစကားကိုဆုံးအောင်နားထောင်ပေးလိုက်ပါအုံးမေကြီးကလဲ။ သားမှာလဲသူ့အကြောင်းပြချက်နဲ့သူရှိမှာပါ။ သားကဘယ်တုန်းက ကိုယ်တို့စိတ်ပူအောင် စိတ်ပျက်အောင်လုပ်ခဲ့ဖူးလို့လဲ။ သားစကားနားထောင်ပြီးမှ ဆုံးဖြတ်ကျရအောင်လေနော်။

"ဟုတ်ပါတယ်မေမေ သားမှာအကြောင်းပြချက်ရှိလို့ပါ။ သားတိုင်ပင်တာဆိုလည်း မမှားဘူး။ အဖြစ်အပျက်ကဒီလိုပါမေမေ ။
မင်းသွေးခန့် ဖြစ်ကြောင်းကုန်စင်ကိုပြောပြမိလေသည်။"

ဒါဆိုလဲသားရယ် အိမ်မှာပဲခေါ်ထားလိုက်ပါ့လား။ မေမေတို့လည်းအဖော်ရတာပေါ့ မဟုတ်ဘူးလားဖေကြီး။ ဒေါ်မြတ်သန္တာတစ်ယောက်ခင်ပွန်းဖြစ်သူကို စစ်ကူခေါ်မိလေသည်။

သူ့ဘက်ကတော့အဆင်မပြေလောက်ဘူးထင်တယ်။ ဒီကောင်လေးက ကန့်လန့်တိုက်တက်တဲ့သူမျိုးမေမေရ။ မေမေနဲ့ဖေဖေအတွက်ပိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်သားတိုက်ခန်းမှာပြောင်းနေတာ။

ဒါတော့ဖေဖေလက်မခံချင်ဘူးသား။ မင်းမေမေပြောတာက သဘာဝကျပါတယ်။ ပြီးတော့သမီးလေးနဒီကထောက်ခံပေးထားတဲ့ ကလေးဆိုတော့ သားပြောသလောက်လဲဆိုးမယ်မထင်ပါဘူး။ ဒါကြောင့်သားမေမေပြောတာကို လက်ခံလိုက်ပါကွယ်။ အိမ်မှာလူတစ်ယောက်ပိုတာလောက်နဲ့ အဆင်မပြေစရာတော့မရှိပါဘူး။ တစ်ချိန်လုံးငြိမ်နားထောင်နေသော ခင်ပွန်းသည်ဝင်ပြောသောစကားကို ဒေါ်မြတ်သန္တာလဲ ပြန်ထောက်ခံလေသည်။

"ဟုတ်ပါတယ်သားရယ်။ အိမ်ကိုခေါ်ခဲ့လိုက်ပါနော်။"

သားသူ့ကိုမေးကြည့်လိုက်ပါအုံးမယ်မေမေ။ သူသဘောတူရင်တော့ သားလဲမေမေတို့သဘောအတိုင်း အိမ်ခေါ်လာခဲ့ပါ့မယ်။ သားအပြင်သွားရမှာနောက်ကျနေလို့ သားသွားပြီနော်မေမေ။ ဖေဖေသားသွားပြီ။

အေး အေး ကားကိုကရုစိုက်မောင်းသွားနော်။ အပြန်နဒီနဲ့သားပြောတဲ့ကောင်လေးပါအိမ်ခေါ်လာခဲ့အုံး။မေမေပြင်စရာရှိတာပြင်ထားလိုက်မယ်။

မေမေတို့သဘောပဲဗျာ။ မင်းသွေးခန့်ကားကိုမောင်းထွက်လာခဲ့လေသည်။
ဟယ်လို နဒီနင်အခုဘယ်မှာလဲ။
အွန်း ငါအခုjayကိုသွားခေါ်နေတယ်။ ဒါဆိုငါတို့ studioမှာဆုံကြမယ်လေ။ အေး အဲ့ဆိုဒါပဲလေ နောက်မှတွေ့ကြမယ်။

မင်းသွေးခန့်ကားကိုမြင်တာနဲ့jayတစ်ယောက်ကားရှိရာသို အလျင်အမြန်ပြေးဆင်းလာကာ ခြံတံခါးဖွင့်ပေးလေသည်။

ဒေါ်လေးကျွန်တော်jayကို အသံစစ်ဆေးရအောင်လို့ ခနခေါ်သွားမယ်နော်။

မင်းညီကဒီနေ့အသံစစ်ရမယ့်နေ့ဆိုတာသိလို့ အစောကြီးထဲက ပြင်ဆင်ထားတာ သားရောက်မလာသေးလို့jayကအိမ်ရှေ့ကို ခနခနမျှော်ကြည့်နေတာ လည်ပင်းတောင်ရှည်ထွက်လာမလားပဲ။

ကျွန်တော်လဲနည်းနည်းလေးနောက်ကျသွားတာ ဒီကိုလာခါနီးမေမေတို့နဲ့စကားပြောကောင်းသွားတာနဲ့ဆိုတော့လေ။

သားတို့သွားတော့မယ်နော်ဒေါ်လေး။

ကားထွက်သွားတာနဲ့ဒေါ်ချိုမာတစ်ယောက် ကားပေါ်မှjayနဲ့မင်းသွေးခန့်ကိုလက်ပြကာ ကားကိုဖြေး​​ဖြေးမောင်းနော်သား။

မနဒီကောမပါဘူးလား။ jayနဲ့အကိုနှစ်ယောက်ထဲသွားရမှာလား။

ငါ့ကိုမယုံလို့လားjay။

မဟုတ်ပါဘူး ဒီအတိုင်းလေးသိချင်လို့မေးမိတာပါ။

အခုတော့မင်းနဲ့ငါနှစ်ယောက်ထဲရယ်။ နဒီကမင်းနဲ့ငါ့ကိုဟိုကစောင့်နေမယ်ဆိုပြီး ဖုန်းဆက်ပြီးသား။ ဒါ့​ကြောင့်မင်းကိုလာခေါ်ရတာ။ jayမင်းဆိုတဲ့ကောင်လေးက ငါ့အတွက်တော့စိတ်ရှုပ်စရာလေးပဲသိလား။

Jayကစိတ်ရှုပ်စရာကောင်လေးဆိုရင် ကိုမင်းသွေးခန့်ကလဲ စိတ်ပျက်ဖို့ကောင်းတဲ့လူကြီးပဲ။ အကိုနဲ့တွေ့လိုက်တိုင် အမြဲချိုသာစွာ မကြားရဘူး။ အမြဲလူကိုယ်မတူသလိုမတန်သလိုဆက်ဆံခံရမြဲ။ jayလဲမင်းသွေးခန့်ပြောသမျှကို တစ်ခွန်းမကျန် နှုတ်ခမ်းထော်ထော်နဲ့ ပြန်ခံပတ်လေသည်။

ငါ ငါကဒီလိုပဲပြောတက်တယ် မင်မကျေနပ်လဲမတက်နိုင်ဘူး။ ပြီးတော့ငါမင်းကို တစ်ခုပြောစရာရှိတယ်။

မင်းသွေးခန့်စကားကြောင့် jayဘာလဲဟူသော အဓိပ္ပါယ်နဲ့မေးငေါ့ပြလေသည်။

မေမေနဲ့ဖေဖေကတိုက်ခန်းမှာမနေပဲ။ ငါတို့အိမ်မှာပဲနေဆိုပြီးပြောနေတယ်။ မင်းဘက်ကအဆင်ပြေရင်တော့ နေပါ။ အဆင်မပြေရင်လဲ ကိုယ်ငြင်းလိုက်ပါ့မယ်။ jayကိုအိမ်ခေါ်ခဲ့ပါလို့လဲပြောလိုက်တယ်။ studioကနေအားရင်လိုက်ခဲ့စေချင်တယ်။

ကျွန်တော်ဘက်ကတော့အဆင်ပြေပါတယ်။ တစ်ခုပဲjayကြောင့် ကိုမင်းသွေးခန့်မိဘတွေစိတ်အနှောက်အယှက်ဖြစ်မှာကိုမလိုလားဘူး။ ဘာလို့ဆို ကျွန်တော်တို့နှစ်ယောက်ဟာတွေ့လိုက်တိုင်း ရန်ပဲဖြစ်နေတာမလား။

ဒါတွေကထားလိုက်ပါ။ အဆင်ပြေအောင်တော့နေကြရမှာပဲလေ။ ဒါဆိုရင် ဒီပြန်အိမ်ကိုတန်းသွားကြမလား။

Jayဘက်ကအဆင်ပြေပါတယ်။

AK Entertainment  Studioထဲကို jayခြေလှမ်းချမိသည်နှင့်တပြိုင်ထဲ နှလုံးခုန်သံတို့မြန်လာလေသည်။

ထက်နဒီ မင်းသွေးခန့်နှင့်jayကိုမြင်လျှင် နှုတ်ဆက်လေသည်။ နင်တို့ကလဲနောက်ကျလိုက်တာ ဒီမှာကအကုန် ရယ်ဒီဖြစ်လို့စောင့်နေကြတာ။ jayလေးလာ အရမ်းစိတ်မလှုပ်ရှားနဲ့နော်။ အသံအရင်စစ်ပြီးမှ studioထဲလူတွေနဲ့အကုန်မိတ်ဆက်ပေးမယ်နော်။

မနဒီအဆင်သင့်ဖြစ်ရင်စလိုက်ကြရအောင်။

Jayစိတ်လှုပ်ရှားကာ လက်ဖဝါးမှာချွေးစေးတို့ထွက်ကာ လက်ဖျားတို့ကအေးစက်နေသည်။ ဒါငါဖြစ်ချင်တဲ့အိပ်မက်ပဲမဟုတ်လား။ ငါ့ရဲ့အောင်မြင်မှုက ငါ့လက်တကမ်းမှာ jayအားတင်းပြီး အကောင်းဆုံးလုပ်ပြလိုက်ပါ။ jayကိုယ့်ကို အားပေးကာ အသံစစ်ရန်အထဲသို့ဝင်လိုက်လေသည်။

အဆင်သင့်ဖြစ်ရင်စလိုက်ကြရအောင်။

Jayရဲ့သီးချင်းသံတို့ကို နှုတ်ဖျားမှစတင်သီဆိုသံတို့ထွက်ပေါ်လာခဲ့သည်။

🎵 🎵 🎵
(လာ လာ လာ လာ...လား)2

မင်းအတွက်ဆိုရင် တို့ဟာအရာရာစွန့်ရဲတယ်
ရက်စက်ပြီးတော့ သွားမှာကိုယ်သာအကြောက်ဆုံးပဲ....

နှလုံးသားလေးထဲစီးဝင်နေခဲ့ပြီ
ရုန်းထွက်ဖို့ခက်တဲ့ တွယ်တာမှု့လေးတွေ
စွဲလမ်းခဲ့ရတဲ့ မင်းအချစ်များ
အသက်ရှင်ခွင့်လေးလို ဖြစ်နေပြီလေ
မင်းကသိရဲ့လားလေ

လုံးဝမသိတဲ့အချစ်ဆိုတဲ့အကြောင်းကို
မင်းနဲ့တွေ့တော့မှအချစ်ဘာဆိုတာနား..လည်
လှိုင်းလုံးများစွာကို ကျော်ဖြတ်သလိုရင်လိုက်ဖို
တို့သိလိုက်ပါပြီ ဒီအချစ်တွေကို...
တကယ်ပါ ချစ်တယ် ချစ်တယ် တို့မင်းကို
အချိန်မှန်လွမ်းတာ လွမ်းတာ အလွမ်းများသိစေလို

မင်းအတွက်ဆိုရင်တို့ဟာ အရာရာစွန့်ရဲတယ်
ရက်စက်ပြီးတော့သွားမှာကိုယ်သာ အကြောက်ဆုံးပဲ...

🎼  🎼  🎼 🎼  🎼

မင်းရဲ့နှုတ်ကစကားသံချိုလေးတွေ
ရိုးသားတဲ့စိတ်နဲ့ယုံကြည်နေမိပြီ
စူးစူးနစ်နစ် တို့ရင်ထဲ သိပ်ကိုချစ်သွားပြီ
ချစ်နေတာတွေ မင်းကသိရဲ့လားလေ

လုံးဂမသိတဲ့အချစ်ဆိုတဲ့အကြောင်းကို
မင်းနဲ့တွေ့တော့မှာ အချစ်ဟာဘာဆိုတာ နားလည်
လှိုင်းလုံးများစွာကို ကျော်ဖြတ်သလိုရင်လှိုက်ဖို
တို့သိလိုက်ပါပြီ ဒီအချစ်တွေကို
တကယ်ပါချစ်တယ် ချစ်တယ် ချစ်တယ် တို့မင်းကို
အချိန်မှန်လွမ်းတာ လွမ်းတာ အလွမ်းများသိစေလို
မင်းအတွက်ဆိုရင် တို့ဟာအရာရာစွန့်ရဲတယ်
ရက်စက်ပြီးတော့သွားမှာ ကိုယ်သာအကြောက်ဆုံးပဲ...

Jayသီချင်းသံဆုံးတာနဲ့ နားထောင်နေသာလူအကုန် လက်ခုပ်တီးကာ အားပေးကြလေသည်။

Studioထဲရှိလူများကိုပင် အာရုံမရမင်းသွေးခန့်သီချင်းကို ခံစားရင်းလက်ခုပ်တီးရန်ပင်မေ့နေလေသည်။

Jayသီချင်းဆိုတာ တော်လိုက်တာ မမတောင် jayဆိုနေတာကြည့်ပြီးအံသြရသလို သီချင်းလေးကလဲ jayအသံနဲ့လိုက်ဖက်လွန်းလို့ပြီးသွားမှာကိုကြောက်နေမိသလိုပဲ။ တကယ့်ဝါရင့်အဆိုတော်ကြီးကျနေတာ

မင်းသွေးခန့် jayဆိုတာကောင်းတယ်မလား။ ဒီလိုဆိုjayကအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်မှာ ဧကန်မလွဲပဲ။

သီချင်းဆိုတက်သားပဲ။ မဆိုးပါဘူး နားထောင်လို့တော့ကောင်းသားပဲ။ဒါပေမယ့်jay မင်းကြိုးစားရအုံးမှာ။ အခုမှအစရှိသေးတာ သူများကမြှောက်တိုင်း ကောင်းလှပြီမထင်နဲ့ ဒီ့ထက်ပိုကောင်းအောင်ကြိုးစားရမှာ မင်ဘက်က။

မနဒီကအစ တေးရေးဆရာအဆုံးလူအားလုံးက ကောင်းတယ်ဟုချီးမွမ်းနေကြသော်လည်း မင်းသွေးခန့်ထံမှ မဆိုးပါဘူးစကားတစ်ခွန်းကြောင့် jayအနည်းငယ်တော့စိတ်မကောင်းဖြစ်မိလေသည်။ ဒီလူဟာလေ နည်းနည်းလောက်ကောင်းတယ်လို့ပြောတော့ သူ့အသားပဲ့ကြသွားမှာမလို့လား။ အလကား ဒီစကားလေးပြောရမှာကို တွန့်တိုနေတဲ့သူမျိုး အမြင်ကပ်စရာကောင်းလွန်းလှသည်။

Jay jay

ဗျာမမ ဘာပြောလိုက်တာလဲ။

မမခေါ်နေတာကြာနေပြီ ဘာတွေအတွေးလွန်နေလို့ ခေါ်တာတောင်မကြားရတာလဲ။

ဘာမှမဟုတ်ပါဘူး။ အခုထိစိတ်လှုပ်ရှားနေတာကြောင့်ပါ။

မမတေးရေးဆရာနဲ့မိတ်ဆက်ပေးမယ်။ jayနောက်ပိုင်းကျ Kaiရေးတဲ့သီချင်းတွေကို ဆိုရမှာဆိုတော့ အခုထဲကသိထားရအောင်လို့လေ။

"ဟုတ်မမ"

"Kaiဒါက jaybassလေ
JayဒါကKaiတဲ့မှတ်ထားနော်။ "

ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဆရာ။ jayလိုအပ်တာတွေကိုလဲ သင်ပြပေးပါလို့အကူညီတောင်းပါတယ်။

ကိုယ်လည်းတွေ့ရတာ ဝမ်းသာပါတယ်jay။ jayအခုမှ သီချင်းစဆိုဖူးတာလား။ ပြိုင်ပွဲတွေမှာကော ဝင်ပြိုင်ဖူးလား။ သင်တန်းတွေကောတက်ဖူးလား။ ဥပမာ အဆိုသင်တန်းမျိုးပေါ့။
တကယ့် professional တစ်ယောက်လို ဆိုနိုင်လို့လေ။

ကျောင်းပွဲတွေမှာဆိုးဖူးပေမယ့် ပြိုင်ပွဲတွေမှာတော့ ဝင်မပြိုင်ရဲပါဘူးဗျာ။ ပြီးတော့ အဆိုသင်တန်းတွေလဲမတက်ခဲ့ပါဘူး။ ဝါသနာပါပေမယ့်လေ။

"ဟုတ်လား။ ဒါဆိုjayကပါရမီရှင်ဖြစ်မယ်။ jayဆိုသွားတာ အရမ်းမိုက်တယ်။"

Kaiစကားကြောင့် jayပျော်သွားမိတာတော့အမှန်ပင်။ အခုချိန်မှာကိုယ်လိုအပ်နေတာက ကိုယ့်အားပေးမယ့်သူလေ။ ကျေးဇူးတင်ပါတယ် အကိုKai။

နဒီအဆင်ပြေပြီဆိုပြန်ကြမယ်လေ။ အိမ်မှာမေမေတို့လဲ စောင့်နေကြပြီ ငါjayကိုယ်အိမ်ခေါ်လာမယ်လို့ပြောထားတယ်။

Kaiဒါဆို တို့ကိုပြန်ခွင့်ပြုအုံးနော် ချိန်းထားတာလေးတွေရှိနေလို့။ jayသွားကြရအောင်လေ။

"Kaiခေါ်သံကြောင့်လှည့်ထွက်ရန်ပြင်နေသော jayခြေလှမ်းတို့ တုံခနဲရပ်တန့်သွားလေသည်။"

ကိုယ့်jayဖုန်းနံပါတ်ကလေးပေးထားပါ့လား။ သီချင်းအကြောင်းဆွေးနွေးတာမျိုးပဲဖစ်ဖြစ်ပေါ့ လိုအပ်ရင်ဖုန်းဆက်ချင်လို့။

သီချင်းအတွက်လိုအပ်လို့ပြောစရာရှိရင် ကိုယ့်ဖုန်းနံပါတ်ကို အချိန်မရွေးဆက်လိုက်ပါKai။ ဘာလို့လဲဆိုကိုယ့်ကjaybassရဲ့မန်နေဂျာမို့ ကိစ္စရှိရင်ဆက်သွယ်လိုက်ပါ။ kaiလက်ထဲသို့ မင်းသွေးခန့် ဖုန်းနံပါတ်ပါသောလိပ်စာကဒ်ကို ထည့်ပေးကာလှည့်ထွက်လာခဲ့လေသည်။

မင်းသွေးခန့်အပြောနဲ့လုပ်ရပ်ကြောင့် ထက်နဒီနဲ့ jayတို့အံသြကာ ပါးစပ်အဟောင်းသားနှင့်ကြည့်နေမိလေသည်။

Jayနှင့်နဒီကားပေါ်ရောက်တာနဲ့ မင်းသွေးခန့်ကားကိုအရှိန်အနည်းငယ်တင်ကာ မောင်းထွက်လာခဲ့လေသည်။ ဘယ်နဲ့အခုမှတွေ့တဲ့ တေးရေးဆရာကို ချက်ချင်းရင်းနှီးကာ ငယ့ပေါင်းကြီးဖော်လိုဆက်ဆံနေရလဲမသိ။ ကားမှန်ကနေတစ်ဆင့် နောက်ထဲမှလိုက်လာသော jayနဲ့နဒီကအသံတိတ်စွာပါလာခဲ့လေသည်။ မင်းသွေးခန့်ဘာကိုစိတ်တိုလို့တိုမှန်းလဲမပြောတက်ပေ စိတ်တိုနေတာကတော့အမှန်ပေ။ ဘာကြောင့်စိတ်တိုရသလဲအကြောင်းပြချက်ကမရှိ။

မျက်နာမှုန်ကုပ်နေသော ထိုလူသည် ဘာကိုစိတ်တိုနေသလဲjayလဲမပြောတက်။ အသံစစ်နေတုန်းကတောင်အကောင်းကြီး ပြန်ခါနီးမှထဖောက်နေသော ဒီလူကြီးဟာစိတ်အခြေအနေများ ချို့တဲ့နေသလားဟု jayတွေးမိလေသည်။မမနဒီကို သူမကြားအောင်မေးမိသော်လည်း မနဒီလဲမသိဘူးဟုသာပြောလေသည်။

အသွေးလေး နဒီခေါ်သံပင်မဆုံးသေး။ ဘောက်ဆတ်ဆတ်အသံနှင့်ပြန်ထူးသံကြောင့် နဒီတို့နှစ်ယောက်ပင် ရုတ်တရက်လန့်သွားလေသည်။

"ဘာတုန်း"

"ဟဲ့ နင်ကလဲjayလေးမပြောနဲ့ငါတောင်လန့်သွားတာပဲ။ နင်ကဘာဖြစ်နေရတာတုန်း ငါမေးပါရစေအုံး။"

ငါကဘာဖြစ်ရမှာလဲ။

ငါ့တို့လဲမသိဘူးလေ။ နင်ဖြစ်နေတာကို။ ဒါနဲ့jayကိုဘာကြောင့် အန်တီတို့ကတွေ့ချင်ရတာလဲ။

နင်သိချင်ရင်အိမ်လိုက်ခဲ့ပေါ့။ ဘာကြောင့် ခေါ်တာလဲငါလဲမသိဘူး။ မင်းသွေးခန့်ရဲ့ ဘုကလန့်စကားကြောင့် ထက်နဒီအသာပါးစပ်ပိတ်ကာလိုက်ခဲ့ရန်ကိုရည်ညွှန်းနေပြီဆိုတာကိုသိလေပြီ။ နောက်ထပ်စကားသံတို့ပင်ထွက်မလာတော့ပေ။

ကားဆင်ဝင်အောက်သို့ ကားစက်အရှိန်သက်ကာ မင်းသွေးခန့်ရှေ့မှဦးဆောင် ဆင်းသွားလေသည်။

ကားထဲတွင်jayတစ်ယောက်သာယောင်လည်လည်နှင့်ကျန်ခဲ့လေသည်။

ကားသံကြားလို့ထင် အိမ်ထဲမှအန်တီအရွယ်တစ်ဦးထွက်လာကာ နှုတ်ဆက်လေသည်။ သမီးလေးပါ ပါလာတာလား အတော်ပဲ။ သားပြောတဲ့ကလေးကောပါမလာဘူးလား။

သမီးကမလာရဘူးလားပြော အန်တီမြတ်။ မနဒီရှေ့ကအန်တီကိုနှုတ်ဆက်ကာ jayလာလေ။ ကားပေါ်ကဆင်းလာသော jayလက်ဆွဲကာ အန်တီမြတ်ဆိုသော အမျိုးသမီးနဲ့မိတ်ဆက်ပေးလေသည်။

ဟယ် သားကချစ်စရာလေးတော့။ သားပြောပြကတည်းက အန်တီကတွေ့ချင်နေတာ။

ထိုအမျိုးသမီးစကားကြောင့် jayအံ​သြသောမျက်ဝန်းတို့ဖြင့် လှမ်းကြည့်မိလေသည်။

မင်းသွေးခန့်လဲ jayဆီတစ်ချက်လှမ်းအကြည့်ကာ သူမဟုတ်တဲ့စတိုင်နဲ့ အိမ်ထဲသို့ဝင်သွားလေသည်။

နောက်မှjayတစ်ယောက်အတွေးတို့က တန်းစီစွာ ခေါင်းထဲသို့ဝင်ရောက်လာခဲ့လေသည်။ ဟင် သူကငါ့အကြောင်းဘာတွေများပြောပြထားတာပါလိမ့်။

သားလေးလာ အိမ်ထဲဝင်လေ အန်တီတို့ကိုအားမနာနဲ့နော်။ ညစာစားပြီးမှပြန်ပေါ့။ သားလေးလာမယ်ဆိုလို့ အန်တီကိုယ်တိုင်ချက်ထားတာ သားjayကြိုက်မလားတော့မသိဘူး။

ဒါဆိုသမီးအတွက်ကျမပါဘူးပေါ့ဟုတ်လားအန်တီမြတ်။

သမီးလေးအတွက်လဲပါပါတယ်တော်။ ဟင်းတွေချက်ထားတာမှအများကြီးရယ်။ သားjayနဲ့သမီးခနထိုင်အုံးနော် အန်တီမြတ်အအေးသွားဖျော်လိုက်အုံးမယ်။

ဟုတ်ကဲ့အန်တီမြတ် အအေးအပြင်စားစရာလေးပါယူလာခဲ့ရင်ပိုကောင်ူမယ်။ နဒီအပြောကြောင့် မီးဖိုခန်းထဲမှအန်တီပြန်အော်လေသည်။

အန်ကယ်နေကောင်းလား။

အေး ကောင်းပါတယ်သမီးရယ်။ ဒါကသားပြောနေတဲ့ jayဆိုတဲ့ကလေးလား။

ဟုတ်ကဲ့အန်ကယ် ကျွန်တော့နာမည်jaybassပါ။ jayလို့လဲခေါ်ရပါတယ်။

သားနဲ့ရင်းနီးတာကြာပြီလား။

Jayဘယ်လိုဖြေရမလဲမသိ။ ရင်းနီးလားဆိုတော့လဲ ပြောရလောက်အောင်မရင်းနီး မရင်းနီးဘူးလားဆိုပြန်တော့လဲမဟုတ်ပြန် ဘယ်လိုဖြေရပါ့။ jayအဖြေရခက်နေလေသည်။

သိပ်မကြာသေးပါဘူးဖေဖေ။

ကိုမင်းသွေးခန့်ဝင်ဖြေပေးလို့သာ မဟုတ်ရင်jayဘယ်လိုဖြေရမှန်းမသိ။

ဒါနဲ့ဒီနေ့အသံစစ်တာ အခြေအနေဘယ်လိုရှိလဲသား။

အအေးခွက်ချရင်းမေးလာသော အန်တီမြတ်မေးခွန်းကြောင့် နဒီကဝင်ဖြေပေးလေသည်။ jayကသိပ်တာတော်အန်တီမြတ် ရုပ်ကလေးကလဲရှိ အသံလေးကလဲကောင်း သိပ်မကြာခင်အခွေထွက်ရင် အောင်မြင်တဲ့အဆိုတော်ဖြစ်မှာသေချာတယ်။

ဒါဆိုသားက မင်းညီလေးကိုကရုစိုက်ပေးပေါ့ မဟုတ်ဘူးလား။ ဒါနဲ်သားjayက နောက်ပိုင်းဦးတို့အိမ်မှာပဲနေမလား။ အိမ်ကလူသုံးယောက်ထဲနေတာဆိုတော့ အရမ်းကျယ်နေတယ်လေ။ သားအဆင်ပြေတယ်ဆိုတော့လဲ လာနေပေါ့။

ဟိုလေ ပြောရမှာတော့အားနာပါတယ် အန်ကယ်။ jayကြောင့်လေ အန်ကယ်လို့အနှောက်အယှက်ဖြစ်မှာဆိုးတာကြောင့် ကျွန်တော်ပေးထားတဲ့တိုက်ခန်းမှာပဲနေလိုက်ပါ့။

အန်တီတို့မှာက ဒီသားလေးတစ်ယောက်ထဲရယ်ဆိုတော့လေ။

အော် မေကြီးရယ်။ သားjayဘက်ကိုလဲတွေးပေးလိုက်ပါအုံးကွယ်။ သူ့ခမျ တစိမ်းတွေနဲ့နေရမှာဆိုတော့လည်းဟုတ်ပါတယ်လေ။ အခုကသားjayနဲ့အတူနေတာဆိုတော့ စိတ်ပူစရာမလိုပါဘူးကွာ။ မေကြီးသားလဲ အရွယ်ရောက်နေပြီးသားလူတစ်ယောက်လေ။ လုပ်ငန်းကြီးတွေတောင် ဦးဆောင်နိုင်နေပါပြီ။

အန်ကယ်နဲ့အန်တီတို့ကျေးဇူးကို ကျွန်တော်မမေ့ပါဘူး။ အချိန်အားတာနဲ့လာလည်ပါ့မယ်။

Jayကအခုအဒေါ်နဲ့နေတာလေ။ ကျောင်းလဲပြီးတော့မှာဆိုတော့ သီချင်းဘက်ကိုအာရုံပိုစိုက်လို့ရအောင်လုပ်ပေးရမယ်လေ ။

ညစာစားပြီး အချိုပွဲတည်းရင်း စကားတို့က ကောင်းနေဆဲပင်။
အန်တီမြတ်နဲ့ အန်ကယ်သမီးကိုပြန်ခွင့်ပြုပါအုံး။ အသွေးနင်ကတော့jayကိုလိုက်ပို့ပေးလိုက်အုံးနော်။

"Jayလေးမမပြန်ပြီနော် နောက်ရက်တွေကြဆုံမယ်။ တာ့တာ"

"အခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်နော်မမနဒီ။"

"ကျေးဇူးတင်ရင် အောင်မြင်အောင်ကြိုးစား အခွေထွက်ရင်မမကိုတစ်ခွေလက်ဆောင်ပေးပေါ့ မဟုတ်ဘူးလား။"

မေမေသားလဲjayကိုပြန်လိုက်ပို့ပေးလိုက်အုံးမယ်။ ဒေါ်လေးမျှော်နေမှာဆိုးလို့။ မနက်ထဲကခေါ်လာတာ။

သားကသေချာလိုက်ပို့ပေးလိုက်နော်။
သားjayနောက်အားရင် လာလည်နော်သား။

"ဟုတ်ကဲ့ပါ အန်တီနဲ့အန်ကယ်။ jayကိုပြန်ခွင့်ပြုပါအုံး။ နောက်အားရင်လဲလာလည်ပါမယ်။"

ကားထဲတွင်အသံတို့ကတိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ မည်သူမှစကားစပြောချင်းမရှိပေ။

Jayကိုအခုလိုကူညီတာကျေးဇူးတင်ပါတယ် ကိုမင်းသွေးခန့်။ ကားထဲတွင်ဘတိတ်ဆိတ်မှု့ကို jayကစတင်ဖြိုခွဲလိုက်လေသည်။

ကိုယ့်ကျေးဇူးတင်စရာမလိုပါဘူး။ ကျေးဇူးတင်ချင်ရင် မင်းမမနဒီကိုသာကျေးဇူးတင်လိုက်ပါ။

ဘာပဲဖြစ်ဖြစ်လေ။ jayအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တာက ကိုမင်းသွေးခန့်နဲ့ မမနဒီတို့ကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော်အိပ်မက်က အဝေးကြီးမှာပဲရှိနေသေးတာရယ်။

အွန်း ဒါနဲ့ နေ့ခင်းကjayဆိုတဲ့သီချင်းက အရမ်းကောင်းတယ်။ မင်းအသံနဲ့လဲလိုက်ဖက်မှုရှိတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ဖို့က အစစအရာရာလိုအပ်တယ်။ ကံ၊  ဝရိယရယ်စန်းရယ် ဒီသုံးမျိုးလိုအပ်တယ်။

ဒီအတောတွင်း ကျန်းမာရေးလဲကရုစိုက်နော်။ နေမကောင်တာမျိုး ဒါမှမဟုတ် တစ်ခုခုဆိုရင်ကိုယ့်ဖုန်းဆက်ပေး။ jayအရင်အလုပ် Companyကို ကိုယ်ဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြထားလိုက်မယ်။ ဒီအတွက်ကိုစိတ်မပူနဲ့နော်။ jayမှာအရေးကြီးဆုံးက သီချင်းဘက်ကိုအာရုံပိုစိုက်စေချင်တယ်။ အကြောင်းတစ်စုံတစ်ရာရှိရင် အချိန်မရွေးကိုယ့်ပြောနော်။ ဘာမှအားနာစရာမလိုဘူး သိလား။

Studioမှတုန်းကလိုစိတ်တိုချင်းအလျဥ်းမရှိ စတွေ့အချိန်ကစလို့ ဒီညနေအထိကိုယ့်စကားကောင်းမပြောသော
ဒီလူကြီးဟာ အခုကျသူမဟုတ်သလိုပင် ချိုသာစွာစိတ်ပူပေးနေတက်သေးသည်။ jayကိုယ့်နားကိုပင် မယုံနိုင်ပေ။

ဒါဆိုကိုယ်ပြန်တော့မယ်။ တိုက်ခန်းမှာပြောင်းနေဖို့ ဒေါ်လေးကိုလဲ ကြိုတင်သတိပေးထားလိုက်အုံး။ တော်ကြာ နောက်မှသိရရင်ဒေါ်လေးစိတ်မကောင်းဖြစ်နေအုံးမယ်။ ကိုယ်လဲ ပြောင်းနေတဲ့နေ့ကျရင်ဒေါ်လေးကိုစိတ်မပူဖို့ပြောလိုက်ပါမယ်။ ဒီနေ့စောစောနားနော်jay။ Good night

မင်းသွေးခန့်ပြန်သွားသော်လည်း jayတစ်ယောက်ခြံတံခါးဝမှာ အတွေးများဖြင့်ကျန်ခဲ့ကာ ရပ်နေမိဆဲ။ ဘယ်ကနေဘယ်လို ဒီလောက်အထိကိုယ့်အပေါ် ညင်သာစွာပြောဆိုပေးလိမ့်မယ်လို့မတွေးခဲ့သော jayအတွက်အလွန်ထူးဆန်းနေသော စကားတို့ပင်ဖြစ်သည်။ ဒီလူကြီးက သေချာပေါင်းကြည့်တော့လဲ မဆိုးပါဘူး။ စိတ်ရင်းကောင်းသားပဲ။

Jayခြံဝမှာရပ်ပြီး အပြင်ဖက်ကို ပြုံးပြနေတာ ဘယ်သူများရှိလို့လဲကွဲ့။

အာ..ဒေါ်လေးကလဲ အသံမပေးဘာမပေးနဲ့ လန့်လိုက်တာ။

သားကခြံအပြင်ဘက်ကိုပြုံးပြနေတော့ ဘယ်သူများရှိလို့လဲဆိုပြီး ဒေါ်လေးလဲကြည့်မိတာပေါ့။

ဘယ်သူမှမရှိပါဘူးဒေါ်လေးရ။ သားဒီးအတိုင်းအတွေးလွန်နေတာကြောင့်ပါ။ ဒါနဲ့ သားဒီနေ့အသံစစ်တာအောင်တယ်။ နောက်ပိုင်းကျရင် သားသူတို့ပေးတဲ့တိုက်ခန်းမှာပြောင်းနေရမယ်ဒေါ်လေး။

ဒါဆိုဒေါ်လေးတစ်ယောက်ထဲပေါ့။ အေးလေ ဒေါ်လေးတူ အိပ်မက်ဆိုတော့လည်း နားလည်ပေးရမှာပေါ့။ ဒါနဲ့သားတစ်ယောက်ထဲနေရမှာလား။

ကိုမင်းသွေးခန့်နဲ့နေရမှာဒေါ်လေး။
နောက်ပိုင်းသူက သားမန်နေဂျာမျိုးပေါ့။ ဒေါ်လေးဆီကို သားကအားရင်လာလည်မှာပေါ့။

ဒါနဲ့ဟိုနေ့က အိမ်ကိုဖုန်းဆက်တော့ အကိုနဲ့အမကသားကိုဘာပြောသေးလဲ။

ဖေဖေနဲ့မေမေကသားပျော်ရင်ပြီးရောတဲ့။ သားကိုခွင့်ပြုလိုက်ပြီဒေါ်လေး။

အကိုနဲ့အမကခွင့်ပြုတယ်ဆိုတော့ ကောင်းပါတယ်။ ရန်ကုန်လာဖို့ရော ဘာပြောသေးလဲ။

နောက်ကျမှလာမယ်လို့တော့ပြောတယ် ဒေါ်လေး။

အေး အေး နောက်နေ့မှ ဒေါ်လေးလဲဖုန်းဆက်လိုက်အုံးမယ်။ အခုတော့နားတော့ တစ်နေကုန်လဲပင်ပန်းလားတယ်မလား။ ရေချိုးပြီး ညစာဆင်းစားလိုက်အုံးနော်။ ဒေါ်လေးအုပ်ဆောင်းနဲ့အုပ်ထားတယ်။ ဘုရားဝတ်ပြုလိုက်အုံးမယ် ဒေါ်လေးလဲ။

သားညစာစားလာခဲပြီ ရေချိုးပြီးနားတော့မယ်။ jayအခန်းထဲသို့ဝင်ကာ ရေချိုး အဝတ်စားလဲကာ အိပ်ယာပေါ် ဖုန်းခနသုံးကာ အိပ်ပျော်သွာလေသည်။ဖုန်းအဆက်မပြတ်မြည်နေသည်ကိုပင် မသိလောက်အောင် နှစ်ခြိုက်စွာ အိပ်မောကျနေခြင်းပင်။






Continue Reading

You'll Also Like

228K 41.7K 53
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
96.7K 4.6K 44
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
47.9K 12.7K 46
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
37.5K 1.1K 35
စစ်မှန်တဲ့ ချစ်ခြင်း​တွေဟာ ကမ္ဘာခြား​နေတဲ့ သူနှစ်ဦးကို​တောင် ဆုံစည်း​စေနိုင်တယ် ကိုယ်တို့ရဲ့ချစ်ခြင်းတရား​တွေသာ စစ်မှန်မှုရှိခဲ့ရင်.... စစ္မွန္တဲ့ ခ...