myday for u ✨

By Leo-Lynn

274 65 7

my own feeling for u...🌜 More

1
2
3
4
5
6
7 true love!
8
9
10
11
13
14

12

4 2 0
By Leo-Lynn

ဝေးပြီးတဲ့နောက်မှာ …........

သူပျော်နေတယ်လို့ စိတ်ထဲမှာ ယုံထားလိုက်တယ်

နောက်ထပ် ဘာမှမသိရ မတွေ့ရ
မကြားရအောင် နေတယ်

ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်

တတ်နိုင်တဲ့အခါ ရယ်တယ်

မတတ်နိုင်တဲ့အခါ ငိုတယ်

မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်

သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်

အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း ကြိုးစားလက်ခံလိုက်တယ်

မထိုက်တန်လို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
ပိုင်ဆိုင်ခွင့်ရတဲ့သူကို မုဒိတာပွားတယ်

ကိုယ်ရခဲ့ဖူးတဲ့ တစ်ခဏတာ ခံစားမှုကို
တစ်သံသရာစာအတွက် ကျေနပ်ရောင့်ရဲလိုက်တယ်

အမှတ်တရတချို့ ပြန်တွေ့ရရင်
ကိုယ့် memory ထဲမှာပဲ ဘယ်သူမှ မမြင်အောင် တိတ်တိတ်ကလေး သိမ်းထားတယ်

စွယ်တော်ရွက်တွေမြင်ရင် ဝေးဝေးကနေ ရှောင်ကွင်းသွားတယ်

သစ္စာပန်းတွေအစား နေကြာပန်းတွေ ပြောင်းကြိုက်တယ်

ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံးအဖြစ်နဲ့
ကဗျာထဲမှာ သုံးရုံလောက်ပဲ အာရုံရှိတော့တယ်

ဖြတ်မျဉ်းတစ်ကြောင်းလို ကိုယ့်ဆီမှာ
ခဏတာ ရေစက်လာဆုံပေးတဲ့အတွက်လည်း
တစ်သက်စာ ကျေးဇူးတင်တယ်

ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့်
တခမ်းတနားတော့ တိတ်ဆိတ်ပြချင်တယ် ။

Continue Reading

You'll Also Like

92.6K 4.4K 36
Y/n- please don't beat me I will never try to run away i promise please Jimin- no no no why are you crying don't cry.this is your punishment take it...
1.7M 85.2K 167
❝This is the love I fail to say. One that caused him to go away, for our love was never made to stay.❞ - all of the poems are mine :) #1 in Poetry 26...
13.8K 777 15
Virat: mahi... Please Mahi: cheeku
8.7K 127 22
This is the translation of Umera's Peer-e-kamil to Roman urdu, hope you guys like it.... All credits to Umera Ahmed.....