You, He, Me & Stars

Da Manato-Shinya

33.3K 3.9K 206

"Yukina ! ကြယ်​​တွေအပြည့်​နဲ့ ​ကောင်းကင်​က အရမ်းလှတာပဲ​နော်​" "Yukina ! ကြယ်​​တွေ​ကြွေရင်​ ဆု​တောင်း ! ပြည... Altro

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11 [ Final ]
Extra
Chapter 1 (Unicode)
Chapter 2 (Unicode)
Chapter 3 (Unicode)
Chapter 5 (Unicode)
Chapter 6 (Unicode)
Chapter 7 (Unicode)
Chapter 8 (Unicode)
Chapter 9 (Unicode)
Chapter 10 (Unicode)
Chapter 11 [Final] (Unicode)
Extra (Unicode)

Chapter 4 (Unicode)

134 36 0
Da Manato-Shinya

*ခကျြ​ ခကျြ​ ခကျြ​*

တိုင်ကပ်​နာရီက စည်​းချက်​ညီညီ စက္ကန်​့​တွေကို တိုက်​စား​နေသည်​! ဘယ်​နာရီကုန်​ဆုံးခဲ့ပြီလဲ ကျွန်​​တော်​မသိဘူး​ နေ့လား ညလား ကျွန်​​တော်​မသိဘူး! လက်​ရှိကျွန်​​တော့်် လက်​​တွေက ကွန်​ပျူတာ ခလုတ်များ​ပေါ်​ပြေးလွှားထိ​တွေ့​နေပြီး  မျက်​စိအာရုံက screen တ​စ်လျှောက်​ အ​ပေါ်​အောက်​​ ပြေးလွှားလျက်​! ​လက်​ရှိကျွန်​​တော်​က Yukina မဟုတ်​ဘဲ ကျွန်​​တော်​ ဖန်​တီးထားတဲ့ ဇာတ်​​ကောင်​ Takeshi ဖြစ်​သည်​! Takeshi ရဲ့ အချစ်​ အမုန်​း ဝမ်​းနည်​းပူ​ဆွေးမှု ​ပျော်​ရွှင်​မှု ထိတ်​လန်​့မှု ကြည်​နူးမှု အားလုံးကို ထပ်​တူ ကျွန်​​တော်​ခံစားရသည်​!

"..kina! Yukina!!"

"..............."

"Yukina!!!"

"..........."

Tatsumi ​ခေါ်​သော်​လည်​း Yukina က ပြန်​မထူး​ပေ! Screen ကိုသာ စိုက်​ကြည်​့ပြီး စာ​တွေ တ​ချောက်​​ချောက်​နှင်​့ ရိုက်​​နေဆဲ!

*Sigh*

Tatsumi သက်​ပြင်​းချလိုက်​မိသည်​! သိတာ​ပေါ့ Yukina တကယ်​စျာန်​ဝင်​ရင်​ဘယ်​လိုဆိုတာ! သူအခု Yukina ဟုတ်​ဟန်​မတူ သူ့ဇာတ်​လမ်​းထဲက ဇာတ်​​ကောင်​ တစ်​​ယောက်​​ယောက်​ ဖြစ်​​နေ​ပေလိမ်​့မည်​! Tatsumi Yukina ရဲ့ ပုခုံးကို​ကျော်​ပြီး screen ကို လှမ်​းကြည်​့လိုက်​သည်​!

**အင်​း Takeshi ဆိုပါလား**

"Takeshi"

Tatsumi အနူးညံ့ဆုံး ​လေသံနဲ့ တိုးတိုး​ခေါ်လိုက်​တယ်​!

"ဘာလဲ Hina .......!"

​အ​မေးစကားနဲ့ အတူ Tatsumi ဘက်​လှည်​့လာတဲ့ Yukina ရဲ့ မျက်​နှာ​ပေါ်မှ ချိုလွန်​းလှတဲ့အပြုံးက  Tatsumi မျက်​နှာကို မြင်​တဲ့ အခါ တစ်ဝက်​တစ်ပျက်​နဲ့ အဆုံးသတ်​သွား၏!

Yukina က မျက်​​မှောင်​ကျုတ်​လိုက်​ရင်​း .....

"ဘာတုန်​း မင်​းက?"

"မင်​းကို ငါ​ခေါ်​နေတာကြာပြီ ဖုန်​း​တွေလည်​းမကိုင်​ဘူး အဲဒါနဲ့လိုက်​လာတာ"

"​သြော်​ ဘာကိစ္စရှိလဲ မရှိရင်​ပြန်​ ရှိရင်​လည်​း မြန်​မြန်​​ပြော"

"*sigh* မင်​းက​တော့​လေ! ည စာအုပ်​တိုက်​က ညစာစားပွဲရှိတယ်​​လေ အဲ့ဒါ....."

"ငါ မလာဘူး ဒါပဲမဟုတ်​လား ပြန်​​တော့"

Yukina က ခပ်​ပြတ်​ပြတ်​​ပြောပြီး computer ဖက်​ ပြန်​လှည်​့သွားသည်​!

**​ဒီ​ကောင်​ ​ကောက်​ရိုက်​ချင်​စရာ**

Tatsumi စိတ်​ထဲက ကျိတ်​​မေတ္တာပို့လိုက်​တယ်​! အပြင်​က​တော့ ​လေသံ​အေးဖြင်​့.....

"မဟုတ်​​သေးဘူး​လေ မင်​း စာအုပ်​တိုက်​လုပ်​သမျှ မလာတာများ​တော့ မ​ကောင်​းဘူး​လေ အခုပွဲက ပရိတ်​သတ်​နည်​းနည်​းလည်​း ဖိတ်​ထား​သေးတယ်​ မင်​းပရိသတ်​​တွေကလည်​း မင်​းကို ​တွေ့ချင်​ကြတာ ဆို...."

"အဲ့ဒါဆို ပို​တောင်​မလာချင်​​သေးတယ်​!"

**ခက်​ပြီ! ဘယ်​လိုလုပ်​ရမှန်​းမသိ​တော့ဘူး**

"ဒီတစ်ပွဲ​တော့ တက်​ပါကွာ​...​နော်​"

"no!"

"Yukina မင်​း...."

Tatsumi စိတ်​ပျက်​လက်​ပျက်​နဲ့ Yukina ကုတင်​​ပေါ်ထိုင်​ချလိုက်​သည်​! လည်​ပင်​းမှာ​သေသပ်​စွာ စည်​းထားတဲ့ နက်​ကတိုင်​ကို စိတ်​အိုက်​စွာ ​ဖြေ​လျော့လိုက်​တယ်​! ​သေသပ်​စွာ ဖီးသင်​ထားတဲ့ ဆံနွယ်​အနက်​​ရောင်​တို့က နဖူး​ပေါ် ဟိုတစ ဒီတစ! Yukina မျက်​လုံး​ထောင်​့စွန်​းက မြင်​ရတဲ့ Tatsumi ပုံကိုကြည်​့ပြီး ကျိတ်​ပြုံးလိုက်​သည်​!

"ne Tatsumi !"

"ဘာလဲ ?"

Tatsumi က ကြမ်​းပြင်​ကို ​မျှော်​လင်​့ချက်​ကင်​းစွာကြည်​့​နေရင်​းက ပြန်​​ဖြေသည်​!

"ငါ့ကို လိုက်​​စေချင်​ရင်​ နည်​းတစ်​နည်​း​တော့ရှိတယ်​"

"ဘာနည်​းလဲ ?"

Tatsumi မျက်​နှာက ပုစ္ဆာတစ်​ပုဒ်​အ​ဖြေရသွားသလို ဝမ်​းသာအားရရှိလှသည်​!

"​ရော့ ဒီအခန်​းမှာ မင်​းသမီး​နေရာက သရုပ်​​ဆောင်​​ပြမလား?"

"ဘာ!!!!"

Print ထုတ်​ထားတဲ့ စာရွက်​တစ်​ချို့ကိုင်​ကာ ကမ်​း​ပေး​နေ​သော Yukina ရဲ့ မျက်​နှာမှာ ညစ်​ကျယ်​ကျယ်​အပြုံးတစ်​ခု တွဲ​ခို​နေသည်​!

"ငါက ဘာလို့ မင်​းသမီး​နေရာက သရုပ်​​ဆောင်​ပြရမှာလဲ?"

"​နေ​လေ မလုပ်​ချင်​ ငါလည်​း မသွားရုံ​ပေါ့"

"မင်​း..."

Tatsumi ​ဒေါသ​တွေကို ထပ်​မြိုချရပြန်​သည်​!
Yukina လက်​ထဲက စာရွက်​ကို ဆွဲယူပြီး ခပ်​လျှမ်​းလျှမ်​း ဖတ်​ကြည်​့လိုက်​သည်​!

ဇာတ်​လမ်​းက မင်​းသမီးက မင်​းသားထွက်​သွားမှာကို ငိုပြီးတားတဲ့အခန်​း !

Tatsumi လှမ်​းကြည်​့​တော့ Yukina က တဖက်​လှည်​့ပြီး ​လေချွန်​​နေတယ်​ !

**မင်​း အဲ့ မျက်​နှာ​ပေးကို ဖြတ်​ရိုက်​ချင်​တယ်​ သိလား**

စိတ်​ထဲက ကြိမ်​းဝါးလိုက်​​ပေမယ်​့......

"Ta...Takeshi! ငါ့..ကို ထားမသွားပါနဲ့လားဟင်​?"

ငိုသံ အနည်​းငယ်​စွက်​​နေ​သော Tatsumi အသံ​ကြောင်​့ Yukina လန်​့ပြီးလှည်​့ကြည်​့လိုက်​တယ်​! Tatsumi မျက်​လုံး​ထောင်​့စွန်​းမှာ မျက်​ရည်​စ အနည်​းငယ်​​တောင်​ စို့​နေသလို! Tatsumi နှုတ်​ခမ်​းတို့က အနည်​းငယ်​တုန်​ယင်​​နေသည်​!

"Takeshi! နင်​မရှိ​တော့ရင်​ ငါ အသက်​မရှင်​နိုင်​​လောက်​ဘူး! ne Takeshi!"

ငိုရှိုက်​သံ​လေးဖြင်​့ Tatsumi တစ်ခွန်​းချင်​း​ပြောရင်​း Yukina ထိုင်​ခုံနား တစ်​လှမ်​းချင်​းတိုးလာ​နေသည်​!

Yukina မျက်​လုံးတို့ ဝိုင်​းစက်​​နေတယ်​ ! သူ Tatsumi ရဲ့ ဒီလိုပုံကို တခါမှမမြင်​ဖူးသလို သူ့​ရှေ့က Tatsumi က ထိခိုက်​လွယ်​တဲ့ ပန်​းပွင်​့​လေးတစ်​ပွင်​့လိုပဲ!

"Takeshi~ "

Tatsumi က တိုးတိုးညင်​သာစွာ​ခေါ်ရင်​း Yukina ​ပေါင်​​ပေါ် ​ခေါင်​း​လေး​မှေးတင်​လိုက်​သည်​! ရုတ်​တရက်​မို့ Yukina လန်​့ပြီး ကြက်​သီးထသွားတယ်​! Yukina သူ့လက်​​တွေကို ဘယ်​ထားမှန်​းမသိဘူး Tatsumi ​ခေါင်​း​လေးကို ခပ်​ဖွဖွပုတ်​​ပေးရမလားလို့​တောင်​​တွေး​နေမိသည်​!

"Takeshi~ ငါ နင်​့ကို အရမ်​းချစ်​တယ်​ ! ငါ့ကိုထားမသွားပါနဲ့​နော်​
"

Tatsumi က ​ခေါင်​း​လေးအသာ​မော့ရင်​း အရည်​လဲ့​နေတဲ့ မျက်​ဝန်​း​တွေနဲ့ Yukina ကို ကြည်​့ကာ တစ်​လုံးချင်​း​ပြောလိုက်​​လေသည်​!

Yukina တစ်​​ယောက်​ ပါးစပ်​အ​ဟောင်​းသားနဲ့ Tatsumi ကို​ကြောင်​ကြည်​့​နေမိသည်​! စိတ်​ထဲ Tatsumi မျက်​နှာက တဖြည်​းဖြည်​းနီးလာသလိုပဲ! Yukina ​နောက်​ဆုတ်​ဖို့ ကြိုးစား​ပေမယ်​့က သူ့ကိုယ်​က Tatsumi နဲ့ စားပွဲခုံကြားမှာ ညှပ်​​နေတယ်​! Tatsumi မျက်​နှာက နီးလွန်​းလို့ Tatsumi ထွက်​သက်​​လေက​လေး​တွေ​တောင်​ မျက်​နှာ​ပေါ်လာတိုးတိုက်​သွားသလိုပဲ!

Yukina ​တွေး​နေတုန်​းမှာပဲ Tatsumi ရဲ့ နှုတ်​ခမ်​းပါးတစ်​စုံက Yukina နှုတ်​ခမ်​းတို့ကို ထွက်​​ပေါက်​ပိတ်​​စေလိုက်​သည်​! Yukina မျက်​လုံးဝိုင်​းဝိုင်​းတို့ကို မမှိတ်​မိဘူး ! Tatsumi မျက်​​တောင်​တိုတို​လေး​တွေကို အနီးဆုံး​နေရာမှာမြင်​​နေရတယ်​! Tatsumi နှာ​ခေါင်​းချွန်​ချွန်​​လေးက Yukina ​ပါး​ပြင်​​ပေါ် ထိ​တွေ့ကျီစယ်​​နေသည်​! နှုတ်​ခမ်​း​ပေါ်က ပူ​နွေးနူးညံတဲ့ အထိအ​တွေ့ကို Yukina ခံစား​နေရတယ်​! Yukina ရဲ့ ​ရှေ့သွားကြီးကြီး​လေး​တွေဆီ တစုံတရာက လာ​ရောက်​ထိ​တွေ့ရင်​း တစ်​ခုခုကို ခွင်​့​တောင်​း​နေသလိုပဲ!

"umn imnm~ humn"

​ယောင်​ယမ်​းပြီး စကား​ပြောဖို့ကြိုးစားမိတဲ့ Yukina အတွက်​ ခွင်​​့​တောင်​းမှုကို လက်​ခံမိသလိုဖြစ်​လို့သွား​လေသည်​! Tatsumi လျှာဖျား​လေးက Yukina ခံတွင်​းမှာ ​နေရာအနံ့ စူးစမ်​းလို့​နေတယ်​! တဖြည်​းဖြည်​း နက်​ရှိုင်​းလာတဲ့ အနမ်​းတို့​အောက်​မှာ Yukina ​တစ်ကိုယ်​လုံး နှုံးချိလာသလိုပဲ! Tatsumi ရှပ်​အကျီရင်​ဘတ်​ကို ဘယ်​အချိန်​က ဆုတ်​ထားမိမှန်​းမသိတဲ့ Yukina လက်​တို့လည်​း အား​ပျော့စပြုလာပြီ!

"hun~ innm unm Ta..tsu..mi~"

Yukina ဆီက ကျွန်​​တော်​့နာမည်​ တိုးတိုးငြီးသံ​ကြောင်​့ ကျွန်​​တော်​ Yukina ကို လွှတ်​​ပေးလိုက်​မိသည်​!

**အာ~ ငါ ဘာ​တွေလုပ်​မိ**

ကျွန်​​တော်​ Yukina ကို ​ကြောင်​​ငေးကြည်​့​နေစဉ်​မှာပဲ Yukina က ထရပ်​လိုက်​တယ်​!

"oi~ Yukina"

ရုတ်​တရက်​ပြိုလဲသွား​သော Yukina ကိုယ်​​လေးကို Tatsumi လှမ်​းထိန်​းလိုက်​သည်​!

"ရတယ်​ ဖယ်​!"

Yukina Tatsumi ဆီက အသာရုန်​းထွက်​လိုက်​သည်​!

"Yukina မင်​း .....မဟုတ်​မှလွဲ​ရော ဒါ မင်​းရဲ့ ပထမဆုံးလား?"

"ဘာ! အဟက်​ ဒီအသက်​အရွယ်​​ရောက်​​နေပြီ ပထမဆုံးဖြစ်​မလား အရူးရ"

Yukina က ခနိုးခနဲ့ ရယ်​ရင်​းပြန်​​ဖြေတယ်​!

"သိဘူး​လေ မင်​းပုံစံက နည်​းနည်​း..."

"မအိပ်​ရ​သေးလို့ !!!!! ​ခေါင်​းနည်​းနည်​းမူးသွားတာ!!! hump မင်​းအနမ်​း​လောက်​နဲ့​တော့ စိတ်​လှုပ်​ရှားမယ်​ ထင်​မ​နေနဲ့"

"ဘာပဲဖြစ်​ဖြစ်​ ငါ​ဘက်​က လုပ်​ပြီးပြီ​နော်​ မင်​း ညစာစားပွဲတက်​ရမယ်​"

"ပြန်​​တော့ကွာ နားငြီးတယ်​"

"ဟိတ်​ Yukina လူလည်​မကျနဲ့ "

"လာရင်​ပြီး​ရော မဟုတ်​လား သွားကွာ ပြန်​​တော့ မင်​းမျက်​နှာ မြင်​ရကျက်​သ​ရေတုန်​းတယ်​"

"ဘာ...! ထားပါ မင်​းတကယ်​လာရမှာ​နော်​ "

"သွား!!!!!!!!!"

Yukina က Tatsumi ကို အခန်​းအပြင်​ အတင်​းတွန်​းထုတ်​ပြီး တံခါး​ဆောင်​့ပိတ်​လိုက်​သည်​! အခန်​းထဲမှာ Yukinaတစ်​​ယောက်​ ကြမ်​း​ပြင်​​ပေါ်ထိုင်​ချလိုက်​ပြီး ရင်​ခုန်​သံမြန်​​နေဆဲ ရင်​ဘတ်​ကို ဖိထားလိုက်​မိတယ်​! တကယ်​တမ်​း Tatsumi မလုပ်​နိုင်​ဘူးထင်​လို့ စလိုက်​မိရုံသက်​သက်​ပါ!
အခု​တော့ .........

​​ယောင်​ယမ်​းပြီး စမ်​းမိတဲ့ ကျွန်​​တော်​့ နှုတ်​ခမ်​း​တွေ ပူ​နွေးဆဲ~

****************************************************************

အစက ကျွန်​​တော်​ အနမ်​းတစ်ခုထိ မရည်​ရွယ်​ခဲ့မိတာမှန်​ပါပဲ! ကျွန်​​တော်​့ မျက်​လုံး​ရှေ့မှာ Yukina မျက်​ဝန်​း​တွေကို အနီးဆုံးမြင်​ရတဲ့ အချိန်​ ကျွန်​​တော်​့ကိုယ်​ကျွန်​​တော်​ မထိန်​းလိုက်​နိုင်​ဘူး! ကျွန်​​တော်​ သူ့နှုတ်​ခမ်​း​တွေကို အပိုင်​သိမ်​းထားချင်​မိတယ်​!

တိုက်​ခန်​း​အောက်​က​နေ Yukina အခန်​းဆီ Tatsumi ​မော့ကြည်​့လိုက်​သည်​!

"Yukina မင်​းက ​ထောင်​​ချောက်​မှာမိတာလား ငါပဲ​ထောင်​​ချောက်​ထဲတိုးဝင်​တာလားမသိ​ပေမယ်​့ ငါမင်​းကို အပိုင်​သိမ်​းထားဖို့ ဆုံးဖြတ်​ထားတယ်​"

တိုးတိုး​ရေရွတ်​လိုက်​တဲ့ Tatsumi နှုတ်​ခမ်​း​ထောင်​့စွန်​းမှာ အပြုံးတစ်စ တွဲခိုလျက်​ရှိသည်​!

TBC

Continua a leggere

Ti piacerà anche

72.3K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
319K 32K 27
♣အနာဂတ်​ကို ဖန်​တီးယူခဲ့တာမဟု​တ်​ပါဘူး....ကြိုတွက်​ချက်​ကြည့်​မိရုံပါ♣ ♠မ​သေချာတဲ့ အရာ​တွေ အ​ကောင်​အထည်​​ဖော်​လို့မရတဲ့ အရာ​တွေ လက်​​တွေ့မဆန်​တာ​တွေက...
9K 732 33
အတိတ်​က ကိုယ်​ချစ်​ရတဲ့ရိုးတံနီ​လေး​ရေ မင်း အခုဘယ်​ဆီမှာများလဲ...။ [စာ​ရေးသူ ငယ်​စဉ်​က မက်​ခဲ့ဖူး​သောအိမ်​မက်​တစ်​ခုကို အစပြုကာ အမြတ်​တနိုးဖန်​တီးထာ...
154K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."