Unicode
ရှောင်းကျန့် မနက်စောစောတံခါးဘဲလ်သံကြောင့် သွားဖွင့်လိုက်တော့ ဦးထုပ်ကို မျက်နှာတစ်ခုလုံးဖုံးအောင်ဆောင်းထားပြီး maskပါတပ်ထားတဲ့လူတစ်ယောက်ကို တွေ့လိုက်တယ်။
"ဘယ်သူ...."
"ကျန့်ကော ကျွန်တော်ပါ"
"ရိပေါ်လား...လာဝင်ခဲ့လေ"
"ဟုတ်"
"အစောကြီးပါလားရိပေါ်"
"ဟုတ်တယ်ကော ကျွန်တော် ဟိုဘက်က မျက်နှာချင်းဆိုင်ကွန်ဒိုကို ပြောင်းလာခဲ့ပြီ"
"ဒီကွန်ဒိုမှာ အခန်းဝယ်ထားပြီးပြီဆို"
"အင်းဘယ်လိုပြောရမလဲ အဆင်မပြေတာလေးတွေရှိလို့"
အမှန်က ရိပေါ်အပိုင်တွက်ပြီး ရှောင်းကျန့်ကွန်ဒိုမှာ အခန်းဝယ်ထားပြီးပြီလို့ပြောလိုက်တာ။ တစ်ခန်းမှမလွတ်ပဲ အကုန်ပြည့်နေတာကြောင့် ဝယ်လို့မရဘဲ မျက်နှာချင်းဆိုင်က ကွန်ဒိုကိုပဲ ဝယ်လိုက်ရခြင်းပါ။ ဘာပဲဖြစ်ဖြစ် ကျန့်ကောနဲ့ နီးဖို့ကအဓိကပဲမဟုတ်လား။
"ကော ဒီနေ့ရုံးမသွားရဘူးမလား"
"အင်းမသွားရဘူး"
"ကောကရုံးသွားရင် အမြဲဘတ်စ်ကားနဲ့သွားတာလား"
"တခါတလေတော့ လမ်းလျှောက်သွားတယ်။သိပ်မှမဝေးတာ"
"စက်ဘီးနဲ့သွားပါလားကောရဲ့"
"ဟိုလေ...ကောကစက်ဘီးမစီးတတ်ဘူး"
"ဟင်တကယ်"
"အင်းကောရဲ့ဇာတိက Chongqing လေ။ တောင်ပေါ်မြို့ဆိုတော့ စက်ဘီးစီးလို့မကောင်းဘူး"
သူစက်ဘီးမစီးတတ်တဲ့အကြောင်းကို ရှက်ဝဲဝဲနဲ့ ရှင်းပြနေတဲ့ ရှောင်းကျန့်ပုံက ရိပေါ်ကို အသည်းယားစေတယ်။
"ကျန့်ကော ဒီနေ့အားတယ်မလား ကျွန်တော်စက်ဘီးစီးသင်ပေးမယ်"
"အားတော့အားပါတယ် ကောမှာစက်ဘီးမရှိဘူး"
"ခဏစောင့်ကော ကျွန်တော်ပြန်လာခဲ့မယ်"
ပြောပြီး လှစ်ခနဲပြေးထွက်သွားတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ကြောင်တောင်တောင်လေးကျန်ခဲ့တယ်။
"ကျန့်ကော အပြင်ထွက်ခဲ့ပါ"
ရိပေါ်က ဖုန်းလှမ်းဆက်ပြီး ရှောင်းကျန့်ကို ခေါ်လိုက်တယ်။ သူကတော့ စက်ဘီးလေးတစ်စီးနဲ့ စောင့်နေလိုက်တယ်။
"အယ်....ရိပေါ်စက်ဘီးလား"
"အင်းကော လာစက်ဘီးစီးသင်ပေးမယ်။"
"အင်း"
သူတို့နှစ်ယောက် ကွန်ဒိုနဲ့ မလှမ်းမကမ်းက လူရှင်းတဲ့ ပန်းခြံလေးကို သွားကြတယ်။ ရိပေါ်က mask နဲ့ ဦးထုပ်ကို ဝတ်ထားတုန်းပဲ ရှောင်းကျန့်ကတော့ ပေါ့ပေါ့ပါးပါး အင်္ကျီတစ်ထည်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတယ်။ ရိပေါ်က ဘဘောမကျပေမဲ့ မပြောဖြစ် သူ့ကိုကိုရဲ့ အလှအပတွေကို သူပဲကြည့်ချင်တာလေ။
"တက် ကျန့်ကော"
"အင်း...."
ရှောင်းကျန့်က စက်ဘီးလေးကို ကားယားခွလိုက်တယ်။ ရှည်လျားတဲ့အရပ်ကြောင့် စက်ဘီးလေးကပုပုလေးဖြစ်သွားတယ်။
"ကျန့်ကော နောက်ကကျွန်တော် ကိုင်ထားတယ် ရဲရဲသာနင်း"
ရှောင်းကျန့်က မလှုပ်ပဲ ရပ်နေတော့
"ကော ဘာဖြစ်လို့လဲ"
"ဟို...နဲနဲရှက်စရာကောင်းလို့ ဒီအရွယ်ရောက်မှ စက်ဘီးစီးသင်နေရတော့"
"ကောကလဲ မရှက်ပါနဲ့ ဒီမှာ ဘယ်သူမှမရှိပါဘူး"
"အင်း"
ရှောင်းကျန့် အသက်ကို ဟူးခနဲရှူထုတ်လိုက်ပြီးတော့ စက်ဘီးကို စနင်းတယ်။ handleကို မထိန်းနိုင်သေးတော့ ဟိုယိုင်ဒီယိုင်ဖြစ်နေတယ်။ ရိပေါ်ကလဲ နောက်ကထိုင်ခုံလေးကို ကိုင်ပြီး ထိန်းပေးထားတယ်။
"ကော ခါးကို မတ်မတ်ထား ဘရိတ်ကြိုးကို ညှစ်မထားနဲ့လေ"
"အား...ရိပေါ်...မလွှတ်နဲ့နော်"
"မလွှတ်ဘူး ကျွန်တော်ကိုင်ထားတယ်"
အမှန်ကရိပေါ် လွှတ်ထားတာကြာနေပါပြီ။ ရှောင်းကျန့်က သူ့ဘာသာတည်တည်ငြိမ်ငြိမ်စီးနေတာကြောင့် နောက်ကပဲလိုက်ကြည့်နေခဲ့တာ။
"ရှေ့မှာ ခွေးခွေး"
"ကော ပြန်ကွေ့လိုက်...."
ရှောင်းကျန့်သူ့ရှေ့က ခွေးလေးနဲ့ လမ်းလျှောက်ထွက်လာတဲ့ ကလေးလေးတစ်ယောက်ကို ရှောင်ဖို့ကွေ့ချလိုက်တယ်။
"အား...ရိပေါ်ကယ်ပါဦး"
အကွေ့လွန်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးကခြုံပုတ်ထဲကို လူရော စက်ဘီးရော ဒိုင်ပင်ပစ်ဝင်လိုက်တာကြောင့် ရိပေါ်လန့်ပြီး ပြေးသွားရသည်။ ခြုံပုတ်ထဲမှာ ဘီးလေးလည်နေဆဲ စက်ဘီးလေးနဲ့ ဘေးတိုက်လေးလဲနေတဲ့ ရှောင်းကျန့်ကိုတွေ့တော့ ရိပေါ်စိတ်ပူသွားတယ်။
"ကျန့်ကော နာသွားသေးလားထထ"
"ရိပေါ်ညာတယ်"
"ဟမ်"
"နောက်ကကိုင်ထားတယ်ဆိုပြီး ကိုင်လဲမကိုင်ထားဘဲနဲ့"
"ဆောရီးပါကောရယ် ကော အဆင်ပြေသွားပြီထင်လို့ လွှတ်လိုက်တာ"
"အား...နာလိုက်တာ...ဟင့်..."
"ကော မငိုပါနဲ့ အရမ်းနာသွားလို့လား ကျွန်တော့်ကိုပြ"
"ဒီမှာ တံတောင်ဆစ်ပွန်းသွားတယ်။ ဟင့်...ပြီးတော့ ဒူးခေါင်းလဲပွန်းသွားတယ်"
"ကျွန်တော်ဥုံဖွလုပ်ပေးမယ် ထပြန်ရအောင်နော်....ကောကလဲ ကလေးမဟုတ်ဘဲ ငိုနေရလား"
"ရှက်ဖို့ကောင်းလွန်းလို့...ဟင့်...ခုနကကလေးငါ့ကို ရီသွားတာ မင်းမတွေ့လိုက်ဘူးလားလို့....နောက်တစ်ခါစက်ဘီးမစီးတော့ဘူးပြန်မယ်"
"ဟားဟား"
"ရိပေါ်မင်းက ငါ့ကိုလှောင်နေတာလား"
ရိပေါ် မျက်ရည်တစမ်းစမ်းနဲ့ ငိုပြီးပြောနေတဲ့ ရှောင်းကျန့်က ချစ်ဖို့ကောင်းလွန်းတာကြောင့် စိတ်မထိန်းနိုင်ဘဲရယ်လိုက်တာကို သူ့ကိုလှောင်ပါတယ်ဆိုပြီး ကလေးလူကြီးလေးက စိတ်ကောက်သွားပါသတဲ့။
"ကော...ကျန့်ကော....ကျန့်ကောရေ...ရှောင်းကျန့်!!"
"ဘာလဲပြော😒"
"အနာဆေးထည့်ပေးမယ်လေ"
"ရတယ် ကိုယ့်ဘာသာပဲထည့်မယ်"
"ကျွန်တော်ကမရဘူး လာလိုက်ခဲ့ ကျွန်တော့အိမ်ကို"
"ဟမ် ရိပေါ်အိမ်ကိုလား"
အတင်းဆွဲခေါ်သွားတဲ့ရိပေါ်နောက်ကို ရှောင်းကျန့် ယက်ကန်ယက်ကန်နဲ့ပါသွားတယ်။
"ထိုင် လက်ပေး"
ရိပေါ်သူ့အိမ်ရောက်တော့ ရှောင်းကျန့်ကို ဆိုဖာမှာထိုင်ခိုင်းပြီး သူကဆေးသေတ္တာကြီး သွားယူလာတယ်။
"နဲနဲစပ်မယ်နော်"
"အာ့...နာတယ်"
"ဆောရီး ဖူး...ဖူး"
ရှောင်းကျန့် သူ့လက်ကို တဖူးဖူးမှတ်ပေးနေတဲ့ နှုတ်ခမ်းထော်ထော်လေးကို ကြည့်ပြီးရေတွေဆာလာတယ်။
"စက်ဘီးစီးသင်ရင် ဒဏ်ရာရမှ စီးတတ်တာကောရဲ့ ကျွန်တော်ဆို ငယ်ငယ်က ခဏခဏ စက်ဘီးမှောက်တာ။ လူလဲဒဏ်ရာတွေချည်းပဲ"
"ကော စက်ဘီးစီးမသင်တော့ဘူးရိပေါ်"
"ဟင်ဘာလို့လဲ"
"ရိပေါ်နောက်ကပဲလိုက်စီးမယ်လေ"
ဘုရား ကိုကိုက ကျွန်တော့နောက်ကလိုက်စီးမယ်ပြောလိုက်တာလား။ ကျွန်တော့်နောက်ကလေ။ ကိုကိုကလေ ကျွန်တော်နားကြားတော့မမှားပါဘူးနော်။
"😳😳😳😳"
"ရိပေါ်...ရိပေါ်ဘာဖြစ်သွားတာလဲ ကောကစတာပါ"
ကိုကိုကစတာဆိုပေမဲ့ ကျွန်တော်က အတည်ယူလိုက်ပြီ ကျွန်တော့ရဲ့ To do listထဲမှာ ကိုကို့ကို စက်ဘီးတင်စီးဖို့က ထိပ်ဆုံးရောက်သွားပြီဗျ။
"ကောတစ်ခါလောက် ကျွန်တော့ဆိုင်ကယ်နောက်လိုက်စီးပါလား"
"ဟို....ရိပေါ်သဘောပါပဲ...."
"ကော ဟိုဟာလေ....ကျွန်တော်တစ်ခုတောင်းဆိုချင်လို့"
"ပြောလေ"
"ကော ဘောင်းဘီအတိုမဝတ်ပါနဲ့လား...အဟမ်း...ဟိုဟာ...တိုနေတော့ ခုလိုခိုက်မိရင် ဒဏ်ရာရလွယ်တယ်လေ အဲ့တာကြောင့်"
"ဪ အင်း...ရိပေါ်...ကော...ကောအိမ်မှာလုပ်စရာလေးရှိသေးလို့...ပြန်...ပြန်တော့မယ်နော်"
"အင်းအင်း"
ရှောင်းကျန့်မပြေးရုံတမယ် ပြန်သွားတယ်။ ရင်ဘတ်ထဲက ဆူညံနေတဲ့ အကောင်ပေါက်ကိုလဲ ဆုံးမရင်းပေါ့။
ရိပေါ်ကတော့ ရှောင်းကျန့်ကို လိမ်းပေးခဲ့တဲ့ဆေးဘူးလေးကို ကိုင်ပြီးပြုံးစိစိနဲ့ ပီတိတွေဖြာလို့.....။
#peterpan
Zawgyi
ေ႐ွာင္းက်န္႔ မနက္ေစာေစာတံခါးဘဲလ္သံေၾကာင့္ သြားဖြင့္လိုက္ေတာ့ ဦးထုပ္ကို မ်က္ႏွာတစ္ခုလုံးဖုံးေအာင္ေဆာင္းထားၿပီး maskပါတပ္ထားတဲ့လူတစ္ေယာက္ကို ေတြ႕လိုက္တယ္။
"ဘယ္သူ...."
"က်န္႔ေကာ ကြၽန္ေတာ္ပါ"
"ရိေပၚလား...လာဝင္ခဲ့ေလ"
"ဟုတ္"
"အေစာႀကီးပါလားရိေပၚ"
"ဟုတ္တယ္ေကာ ကြၽန္ေတာ္ ဟိုဘက္က မ်က္ႏွာခ်င္းဆိုင္ကြန္ဒိုကို ေျပာင္းလာခဲ့ၿပီ"
"ဒီကြန္ဒိုမွာ အခန္းဝယ္ထားၿပီးၿပီဆို"
"အင္းဘယ္လိုေျပာရမလဲ အဆင္မေျပတာေလးေတြ႐ွိလို႔"
အမွန္က ရိေပၚအပိုင္တြက္ၿပီး ေ႐ွာင္းက်န္႔ကြန္ဒိုမွာ အခန္းဝယ္ထားၿပီးၿပီလို႔ေျပာလိုက္တာ။ တစ္ခန္းမွမလြတ္ပဲ အကုန္ျပည့္ေနတာေၾကာင့္ ဝယ္လို႔မရဘဲ မ်က္ႏွာခ်င္းဆိုင္က ကြန္ဒိုကိုပဲ ဝယ္လိုက္ရျခင္းပါ။ ဘာပဲျဖစ္ျဖစ္ က်န္႔ေကာနဲ႔ နီးဖို႔ကအဓိကပဲမဟုတ္လား။
"ေကာ ဒီေန႔႐ုံးမသြားရဘူးမလား"
"အင္းမသြားရဘူး"
"ေကာက႐ုံးသြားရင္ အၿမဲဘတ္စ္ကားနဲ႔သြားတာလား"
"တခါတေလေတာ့ လမ္းေလွ်ာက္သြားတယ္။သိပ္မွမေဝးတာ"
"စက္ဘီးနဲ႔သြားပါလားေကာရဲ႕"
"ဟိုေလ...ေကာကစက္ဘီးမစီးတတ္ဘူး"
"ဟင္တကယ္"
"အင္းေကာရဲ႕ဇာတိက Chongqing ေလ။ ေတာင္ေပၚၿမိဳ႕ဆိုေတာ့ စက္ဘီးစီးလို႔မေကာင္းဘူး"
သူစက္ဘီးမစီးတတ္တဲ့အေၾကာင္းကို ႐ွက္ဝဲဝဲနဲ႔ ႐ွင္းျပေနတဲ့ ေ႐ွာင္းက်န္႔ပုံက ရိေပၚကို အသည္းယားေစတယ္။
"က်န္႔ေကာ ဒီေန႔အားတယ္မလား ကြၽန္ေတာ္စက္ဘီးစီးသင္ေပးမယ္"
"အားေတာ့အားပါတယ္ ေကာမွာစက္ဘီးမ႐ွိဘူး"
"ခဏေစာင့္ေကာ ကြၽန္ေတာ္ျပန္လာခဲ့မယ္"
ေျပာၿပီး လွစ္ခနဲေျပးထြက္သြားတဲ့ ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ေၾကာင္ေတာင္ေတာင္ေလးက်န္ခဲ့တယ္။
"က်န္႔ေကာ အျပင္ထြက္ခဲ့ပါ"
ရိေပၚက ဖုန္းလွမ္းဆက္ၿပီး ေ႐ွာင္းက်န္႔ကို ေခၚလိုက္တယ္။ သူကေတာ့ စက္ဘီးေလးတစ္စီးနဲ႔ ေစာင့္ေနလိုက္တယ္။
"အယ္....ရိေပၚစက္ဘီးလား"
"အင္းေကာ လာစက္ဘီးစီးသင္ေပးမယ္။"
"အင္း"
သူတို႔ႏွစ္ေယာက္ ကြန္ဒိုနဲ႔ မလွမ္းမကမ္းက လူ႐ွင္းတဲ့ ပန္းျခံေလးကို သြားၾကတယ္။ ရိေပၚက mask နဲ႔ ဦးထုပ္ကို ဝတ္ထားတုန္းပဲ ေ႐ွာင္းက်န္႔ကေတာ့ ေပါ့ေပါ့ပါးပါး အက်ႌတစ္ထည္နဲ႔ ေဘာင္းဘီတိုေလးဝတ္ထားတယ္။ ရိေပၚက ဘေဘာမက်ေပမဲ့ မေျပာျဖစ္ သူ႕ကိုကိုရဲ႕ အလွအပေတြကို သူပဲၾကည့္ခ်င္တာေလ။
"တက္ က်န္႔ေကာ"
"အင္း...."
ေ႐ွာင္းက်န္႔က စက္ဘီးေလးကို ကားယားခြလိုက္တယ္။ ႐ွည္လ်ားတဲ့အရပ္ေၾကာင့္ စက္ဘီးေလးကပုပုေလးျဖစ္သြားတယ္။
"က်န္႔ေကာ ေနာက္ကကြၽန္ေတာ္ ကိုင္ထားတယ္ ရဲရဲသာနင္း"
ေ႐ွာင္းက်န္႔က မလႈပ္ပဲ ရပ္ေနေတာ့
"ေကာ ဘာျဖစ္လို႔လဲ"
"ဟို...နဲနဲ႐ွက္စရာေကာင္းလို႔ ဒီအ႐ြယ္ေရာက္မွ စက္ဘီးစီးသင္ေနရေတာ့"
"ေကာကလဲ မ႐ွက္ပါနဲ႔ ဒီမွာ ဘယ္သူမွမ႐ွိပါဘူး"
"အင္း"
ေ႐ွာင္းက်န္႔ အသက္ကို ဟူးခနဲ႐ွဴထုတ္လိုက္ၿပီးေတာ့ စက္ဘီးကို စနင္းတယ္။ handleကို မထိန္းႏိုင္ေသးေတာ့ ဟိုယိုင္ဒီယိုင္ျဖစ္ေနတယ္။ ရိေပၚကလဲ ေနာက္ကထိုင္ခုံေလးကို ကိုင္ၿပီး ထိန္းေပးထားတယ္။
"ေကာ ခါးကို မတ္မတ္ထား ဘရိတ္ႀကိဳးကို ညႇစ္မထားနဲ႔ေလ"
"အား...ရိေပၚ...မလႊတ္နဲ႔ေနာ္"
"မလႊတ္ဘူး ကြၽန္ေတာ္ကိုင္ထားတယ္"
အမွန္ကရိေပၚ လႊတ္ထားတာၾကာေနပါၿပီ။ ေ႐ွာင္းက်န္႔က သူ႕ဘာသာတည္တည္ၿငိမ္ၿငိမ္စီးေနတာေၾကာင့္ ေနာက္ကပဲလိုက္ၾကည့္ေနခဲ့တာ။
"ေ႐ွ႕မွာ ေခြးေခြး"
"ေကာ ျပန္ေကြ႕လိုက္...."
ေ႐ွာင္းက်န္႔သူ႕ေ႐ွ႕က ေခြးေလးနဲ႔ လမ္းေလွ်ာက္ထြက္လာတဲ့ ကေလးေလးတစ္ေယာက္ကို ေ႐ွာင္ဖို႔ေကြ႕ခ်လိုက္တယ္။
"အား...ရိေပၚကယ္ပါဦး"
အေကြ႕လြန္ၿပီး အ႐ွိန္မထိန္းႏိုင္ေတာ့ဘဲ လမ္းေဘးကျခဳံပုတ္ထဲကို လူေရာ စက္ဘီးေရာ ဒိုင္ပင္ပစ္ဝင္လိုက္တာေၾကာင့္ ရိေပၚလန္႔ၿပီး ေျပးသြားရသည္။ ျခဳံပုတ္ထဲမွာ ဘီးေလးလည္ေနဆဲ စက္ဘီးေလးနဲ႔ ေဘးတိုက္ေလးလဲေနတဲ့ ေ႐ွာင္းက်န္႔ကိုေတြ႕ေတာ့ ရိေပၚစိတ္ပူသြားတယ္။
"က်န္႔ေကာ နာသြားေသးလားထထ"
"ရိေပၚညာတယ္"
"ဟမ္"
"ေနာက္ကကိုင္ထားတယ္ဆိုၿပီး ကိုင္လဲမကိုင္ထားဘဲနဲ႔"
"ေဆာရီးပါေကာရယ္ ေကာ အဆင္ေျပသြားၿပီထင္လို႔ လႊတ္လိုက္တာ"
"အား...နာလိုက္တာ...ဟင့္..."
"ေကာ မငိုပါနဲ႔ အရမ္းနာသြားလို႔လား ကြၽန္ေတာ္႕ကိုျပ"
"ဒီမွာ တံေတာင္ဆစ္ပြန္းသြားတယ္။ ဟင့္...ၿပီးေတာ့ ဒူးေခါင္းလဲပြန္းသြားတယ္"
"ကြၽန္ေတာ္ဥဳံဖြလုပ္ေပးမယ္ ထျပန္ရေအာင္ေနာ္....ေကာကလဲ ကေလးမဟုတ္ဘဲ ငိုေနရလား"
"႐ွက္ဖို႔ေကာင္းလြန္းလို႔...ဟင့္...ခုနကကေလးငါ့ကို ရီသြားတာ မင္းမေတြ႕လိုက္ဘူးလားလို႔....ေနာက္တစ္ခါစက္ဘီးမစီးေတာ့ဘူးျပန္မယ္"
"ဟားဟား"
"ရိေပၚမင္းက ငါ့ကိုေလွာင္ေနတာလား"
ရိေပၚ မ်က္ရည္တစမ္းစမ္းနဲ႔ ငိုၿပီးေျပာေနတဲ့ ေ႐ွာင္းက်န္႔က ခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ စိတ္မထိန္းႏိုင္ဘဲရယ္လိုက္တာကို သူ႕ကိုေလွာင္ပါတယ္ဆိုၿပီး ကေလးလူႀကီးေလးက စိတ္ေကာက္သြားပါသတဲ့။
"ေကာ...က်န္႔ေကာ....က်န္႔ေကာေရ...ေ႐ွာင္းက်န္႔!!"
"ဘာလဲေျပာ😒"
"အနာေဆးထည့္ေပးမယ္ေလ"
"ရတယ္ ကိုယ့္ဘာသာပဲထည့္မယ္"
"ကြၽန္ေတာ္ကမရဘူး လာလိုက္ခဲ့ ကြၽန္ေတာ့အိမ္ကို"
"ဟမ္ ရိေပၚအိမ္ကိုလား"
အတင္းဆြဲေခၚသြားတဲ့ရိေပၚေနာက္ကို ေ႐ွာင္းက်န္႔ ယက္ကန္ယက္ကန္နဲ႔ပါသြားတယ္။
"ထိုင္ လက္ေပး"
ရိေပၚသူ႕အိမ္ေရာက္ေတာ့ ေ႐ွာင္းက်န္႔ကို ဆိုဖာမွာထိုင္ခိုင္းၿပီး သူကေဆးေသတၱာႀကီး သြားယူလာတယ္။
"နဲနဲစပ္မယ္ေနာ္"
"အာ့...နာတယ္"
"ေဆာရီး ဖူး...ဖူး"
ေ႐ွာင္းက်န္႔ သူ႕လက္ကို တဖူးဖူးမွတ္ေပးေနတဲ့ ႏႈတ္ခမ္းေထာ္ေထာ္ေလးကို ၾကည့္ၿပီးေရေတြဆာလာတယ္။
"စက္ဘီးစီးသင္ရင္ ဒဏ္ရာရမွ စီးတတ္တာေကာရဲ႕ ကြၽန္ေတာ္ဆို ငယ္ငယ္က ခဏခဏ စက္ဘီးေမွာက္တာ။ လူလဲဒဏ္ရာေတြခ်ည္းပဲ"
"ေကာ စက္ဘီးစီးမသင္ေတာ့ဘူးရိေပၚ"
"ဟင္ဘာလို႔လဲ"
"ရိေပၚေနာက္ကပဲလိုက္စီးမယ္ေလ"
ဘုရား ကိုကိုက ကြၽန္ေတာ့ေနာက္ကလိုက္စီးမယ္ေျပာလိုက္တာလား။ ကြၽန္ေတာ္႕ေနာက္ကေလ။ ကိုကိုကေလ ကြၽန္ေတာ္နားၾကားေတာ့မမွားပါဘူးေနာ္။
"😳😳😳😳"
"ရိေပၚ...ရိေပၚဘာျဖစ္သြားတာလဲ ေကာကစတာပါ"
ကိုကိုကစတာဆိုေပမဲ့ ကြၽန္ေတာ္က အတည္ယူလိုက္ၿပီ ကြၽန္ေတာ့ရဲ႕ To do listထဲမွာ ကိုကို႔ကို စက္ဘီးတင္စီးဖို႔က ထိပ္ဆုံးေရာက္သြားၿပီဗ်။
"ေကာတစ္ခါေလာက္ ကြၽန္ေတာ့ဆိုင္ကယ္ေနာက္လိုက္စီးပါလား"
"ဟို....ရိေပၚသေဘာပါပဲ...."
"ေကာ ဟိုဟာေလ....ကြၽန္ေတာ္တစ္ခုေတာင္းဆိုခ်င္လို႔"
"ေျပာေလ"
"ေကာ ေဘာင္းဘီအတိုမဝတ္ပါနဲ႔လား...အဟမ္း...ဟိုဟာ...တိုေနေတာ့ ခုလိုခိုက္မိရင္ ဒဏ္ရာရလြယ္တယ္ေလ အဲ့တာေၾကာင့္"
"ဪ အင္း...ရိေပၚ...ေကာ...ေကာအိမ္မွာလုပ္စရာေလး႐ွိေသးလို႔...ျပန္...ျပန္ေတာ့မယ္ေနာ္"
"အင္းအင္း"
ေ႐ွာင္းက်န္႔မေျပး႐ုံတမယ္ ျပန္သြားတယ္။ ရင္ဘတ္ထဲက ဆူညံေနတဲ့ အေကာင္ေပါက္ကိုလဲ ဆုံးမရင္းေပါ့။
ရိေပၚကေတာ့ ေ႐ွာင္းက်န္႔ကို လိမ္းေပးခဲ့တဲ့ေဆးဘူးေလးကို ကိုင္ၿပီးျပဳံးစိစိနဲ႔ ပီတိေတြျဖာလို႔.....။
#peterpan