ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်

By AungKhant266

20.7K 583 60

ဒါကျွန်တော် အရမ်းကြိုက်​​တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-4. (Zawgyi)
Zawgyi. Chapter-5
Chapter-6
Chapter-6 (Zawgyi )
Chapter-7 (Unicode)
Chapter-7. (Zawgyi)
Chapter-8
Chapter-8. (Zawgyi)
Chapter-9. (Unicode)
Chapter-9. (Zawgyi)
Chapter-10. (Unicode)
Chapter-10. (Zawgyi)
Chapter-11. (Unicode)
Chapter-11. (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Extra-1. (Uni)
Extra-1. (Zawgyi)
Extra-Final. (Uni)
Extra-Final. (Zawgyi)
Zawgyi. Chapter-1
Chapter-2. (Zawgyi)
Chapter-3. (Zawgyi)
Chapter-4 .(Zawgyi)
Chspter-5 .(Zawgyi)
Chapter-6 .(Zawgyi)
Chapter-7 .(Zawgyi)
Chapter-8 .(Zawgyi)
Chapter-9 .(Zawgyi)
Chapter-10 .(Zawgyi)
Chapter-11 .(Zawgyi)
ဇာတ်သိမ်းပိုင်း. (Zawgyi)
Extra. 1 .(Zawgyi)
Extra Final. (Zawgyi)

Chapter-5

746 33 0
By AungKhant266

အရေးအသားညံနေသေးတာကြောင့် အမှားများပါရင်နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်
အရေးအသားမကောင်းခဲ့လို့ဘဖျက်ဆီးသလိုဖြစ်သွားရင်
Min&Jay fanလေးတွေကိုလဲ အနူးအညွှတ်တောင်းပန်ပါတယ်လို့ အခုထိဖတ်ပေးvoteပေးတဲ့စာဖတ်သူလေးတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ် ဝေဖန်ပေးပါ အမှားများကိုထောက်ပြပေးစေချင်ပါတယ်

😘😘😘😘😘😘😘😘😘

"ဟယ်လို ကိုဂျေဘတ်လားခဗျ။"

ကျွန်တော်jayပါ။ အခုဖုန်းဆက်တာဘယ်သူလဲမသိလို့ တချက်လောက်လေးနာမည်ပြောပြပေးပါ့လားခဗျာ။ ဖုန်းနံပါတ်အစိမ်းတစ်ခုကြောင့် မည်သူမည်ဝါမှန်းမသိစွာ jayမေးလိုက်လေသည်။

ကျွန်တော် AK Entertainment ကပါ။ ကျွန်တော်တို့ဆီမှာ အဆိုတော်အသစ်တွေမွေးထုတ်ပေးနေတာကြောင့် jayကိုဆက်သွယ်လိုက်ရခြင်းပါ။ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ entertainment မှာအသံလေးလာစစ်ဆေးစေချင်ပါတယ်။ ဘယ်နေ့လောက်အဆင်ပြေမလဲဆိုတာကိုပါပြောပေးပါနော်။

ဟုတ်ကဲ့ ကျွန်တော်စနေနေ့ကျရင်လာခဲ့လိုက်ပါ့မယ်ခဗျ။ အခုလိုဆက်သွယ်ပေးတာကိုလဲကျေးဇူးတင်ပါတယ်။ jayဖုန်းချလိုက်ကာ မျော်လင့်မထားသောအခြေအနေတစ်ခုကာ အိပ်မက်အလားထင်မိလေသည်။ ငါအိပ်မက်မက်နေတာများလား။ မယုံကြည်နိုင်စွာ jayကိုယ့်လက်ကို ဆွဲဆိတ်မိလေသည်။ ဒါအိပ်မက်မဟုတ်ဘူးပေါ့။ အား....ငါ့အိမ်မက်တွေအကောင်အထည်ပေါ်တော့မယ်ကွ။ ငါအဆိုတော်ဖြစ်တော့မယ်။ jayအရမ်းပျော်ရွှင်ကာ အခန်းထဲမှာတစ်ယောက်ထဲကနေမိသည်။

ဒေါ်ချိုမာတစ်ယောက် အခန်းထဲတွင်အော်ဟစ်နေသော တူတော်မောင်အသံကြောင့် အပြေးအလွှားတံခါးခေါက်ကာမေးမိလေသည်။ သားjayရေ ဘာဖြစ်တာလဲကွဲ့။ ဒီလောက်အော်ဟစ်နေရတာလဲ။ တံခါးအမြန်ဖွင့်စမ်း။ ဟဲ့ကောင်လေး တံခါးလာဖွင့်စမ်းဆို။

လာပါပြီဒေါ်လေးရ သားလာပြီ။ တံခါးဖွင့်ပေးပြီး အခန်းထဲဝင်လာသော အဒေါ်ဖြစ်သူကို ပွေ့ချီကာတစ်ပတ်လည်အောင် ပတ်လိုက်ရင်း သားကို entertainment တစ်ခုကဆက်သွယ်လာတယ်။ အဆိုတော်တွေမွေးထုတ်ပေးနေလို့ သူ့တို့ဆီမှာအသံလာစစ်ဆေးဖို့ ဆက်သွယ်တယ်ဒေါ်လေး။

ဟယ်တော် တကယ်လား။ တကယ်ဆိုရင်တော့ ဒေါ်လေးအရမ်းဝမ်းသာတာပဲ။ ငါ့တူလေးဖြစ်ချင်တဲ့ အဆိုတော်အိပ်မက်ကပေါ်ပေါက်လာပြီ။ ဒါကိုသားဖေဖေနဲ့မေမေ့ကိုလဲဖုန်းဆက်ပြောလိုက်အုံးလေ။ သူတို့လည်းဒီသတင်းကြားရင် အရမ်းဝမ်းသာနေမှာ။

"ဟုတ်ကဲ့ဒေါ်လေး။ သားအခုဖုန်းဆက်မလို့ ဒေါ်လေးလာလို့ ။"

"အေးပါတော် ကျုပ်အပြစ်ဟုတ်ပြီလား။ ဒေါ်ချိုမာ မျက်နာကကျေနပ်အပြုံးတို့ဖြင့် အခန်းထဲမှထွက်လာခဲ့တော့သည်။ "

ဟယ်လို ကိုရီးလား။ ညီလေးထက်အောင်ရှိုင်း ဖေဖေနဲ့မေမေက ဘုန်းကြီးကျောင့်သွားတယ်။ ဖုန်းကအိမ်မှာထားခဲ့တယ်။ ဖေဖေတို့ပြန်လာရင် ညီလေးဘာပြောလိုက်ရမလဲ။

အော်..အေး ကိုကြီးဖုန်းဆက်တယ်လို့ ပြန်ရောက်ရင်ဖုန်းခေါ်ဖို့ ညီလေးကသတိပေးလိုက်အုံးနော်။ ငါ့ညီကော ကျောင်းမှာအဆင်ပြေရဲ့လား။ စာတွေကောလိုက်နိုင်ရဲ့လား။ ဖေဖေနဲ့မေမေစကားကောနားထောင်လား။
တစ်စီတစ်တန်းမေးလိုက်သောကြောင့် တစ်ဖက်မှညီဖြစ်သူထံမှ စကားသံတို့တိတ်ဆိတ်နေလေသည်။ သိပ်မကြာလိုက် တစ်ဖက်မှဖြေသံကို စတင်ကြားရလေသည်။

ကိုကြီးjayပြောမှ ညီလေးကဆိုးနေတာကြလို့။ စာလဲလိုက်နိုင်တယ်။ သားဖေဖေတို့စကားလဲနားထောင်းပါတယ်ဗျ။ ကိုကြီးကော ရန်ကုန်မှာအဆင်ပြေရဲ့လား။ ဒေါ်လေးက ကိုကြီးကိုဆူသေးလား။ ညီလေးက ရန်ကုန်မြို့ကိုရောက်ဖူးချင်နေတာ။ ဖေဖေတို့ကို သားကသွားရအောင်လို့ပူဆာရင် မသိသလိုနေကြတာ။

ကိုကြီးကတနေ့ကျရင် လာခေါ်မှာပေါ့။ ဖေဖေနဲ့မေမေရယ်ငါ့ညီလေးရယ်ကို လာခေါ်မှာ သိပ်မကြာတော့ဘူးသိလား။

ဟေး...တကယ်ပြောတာလားကိုကြီး။ ဒါဆိုညီလေးတို့ရန်ကုန်ကိုလာရမှာပေါ့နော်။

တကယ်ပေါ့ လာခေါ်မှာ။ အခုကိုကြီးအပြင်သွားရမှာမို့ ဖုန်းချလိုက်တော့မယ်နော်။ လိမ်လိမ်မာမာနေနော်။ ကိုကြီးမရှိခင်အချိန် ဖေဖေနဲ့မေမေ့ကိုကရုစိုက်ကြားလား။ ပြန်လာရင် ညီလေးကြိုက်တဲ့ မုန့်တွေပါဝယ်လာခဲ့မယ်နော်။

ဒါမှဒို့ကိုကြီးကွ။ မွမွ ချစ်တယ်ကိုကြီး

တစ်ဖက်ငါ့ညီလေးအပြောကြောင့် သူမမြင်နိုင်မှန်းသိသော်လည်း jayပြုံးမိလေသည်။ ဒါပဲနော်ညီလေး ကိုကြီးဖုန်းချလိုက်ပြီ။

တီတီ..တီတီ

အိမ်ရှေ့မှကားဟွန်းတီးသံကြောင့် jay အပြေးကလေးဆင်းလာကာ ခြံတံခါးပြေးဖွင့်ပေးမိလေသည်။

ဟယ်jayလေးက အပြင်သွားတယ်ထင်နေတာမမက အခုအိမ်မှာရှိနေတော့ အတော်ပဲဖြစ်သွားတယ်။

ကားတံခါးဖွင့်ကာဆင်းလာသော မမနဒီကိုပြုံးပြကာ ဒေါ်လေးဆီလာတာလားမမ။

Jayဆီလာတာဆိုလဲဟုတ်တယ်။ မနက်က မမဆီကိုentertainment ကဖုန်းဆက်တယ် jayကိုအသံစစ်ဆေးချင်တယ်တဲ့။ ဒီအကြောင်းပြောချင်တာလဲပါတာပေါ့။ jayအမေးကြောင့်ထက်နဒီဖြေကာ ဒါနဲ့ဒေါ်လေးကောဒီအကြောင်းတွေသိပြီးပြီလား။

အိမ်ထဲဝင်ခဲ့လေ မမ jayပြောပြလို့တော့သိထားတယ်။ အခုတော့ဘာတွေအလုပ်ရှုပ်နေတယ်မသိ။ ထိုင်အုံးနော်မမ ကျွန်တော် အအေးသွားဖျော်လိုက်အုံးမယ်။

ဟယ် ရပါတယ်jayရယ်။ အအေးတွေဘာတွေမလိုပါဘူး။ အားနာစရာတွေဖြစ်ကုန်တော့မယ်။

မဟုတ်တာ မမကျေးဇူးတွေက jayအပေါ်မှာ အများကြီးပဲ။ ဒီအအေးလောက်နဲ့တော့ မပြောပလောက်ဘူးထင်တယ်။ jayပြောပြောဆိုဆို မီးဖိုချောင်ထဲသို့ဝင်သွားလေသည်။

ဒီကောင်လေးဟာ ငါ့ကိုရှိတာ်လို့တောင်မထင်တာလား။ ငါ့ကိုမမြင်တာလားမသိဘူးနော် နဒီ။ မင်းသွေးခန့်တစ်ချိန်လုံး နှုတ်ဆိတ်နေရာမှ မအောင့်အီးနိုင်စွာ ထုတ်မေးမိလေသည်။

ငါလည်းမသိဘူးလေ။ နင်မေးကြည့်လိုက်ပါ့လား။ နင်နဲ့သူက တွေ့လိုက်တိုင်းအမြဲရန်ဖြစ်နေတာဆိုတော့ တမင်မမြင်ချင်ယောင်ဆောင်တာနေမှာပေါ့။

အအေးဗန်းကလေးမလာကာ ထက်နဒီကိုတစ်ခွက် သူ့ရှေ့တစ်ခွက်ချပေးလေသည်။ တော်သေးတယ်ငါ့အတွက်အအေးလေးပါလာလို့။ အအေးတိုက်ဖို့အတွက်တော့သတိရသေးသားပဲ။ မင်းသွေးခန့်တစ်ယောက် စိတ်ထဲတွင် တွေးနေမိလေသည်။

ဒေါ်လေကနောက်ထဲမှာ မမတို့စားဖို့ တစ်ခုခုလုပ်နေတယ်တူတယ်။ ခနနေထွက်လာခဲ့မယ်တဲ့။ အအေးလေးသောက်လိုက်ပါအုံးမမ။ တစ်ဖက်လူကိုတော့ jayအရေးတယူမပြောတော့ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။

ဟဲ့အသွေး အအေးသောက်လေ နင့်ပုံစံက ကြက်လည်လိမ်ထားသလိုရုပ်နဲ့ဘယ်လိုဖြစ်နေရတာတုန်း။ အအေးမသောက်ပဲ ငူငူကြီးထိုင်နေသော မိမိသူငယ်ချင်းကို အားမလိုအားမရစွာဖြင့် ထက်နဒီမေးမိလေသည်။

သူက ငါ့ကိုစေတနာရှိလို့တိုက်မှန်းမသိ။ အားနာစွာနဲ့ အအေးခွက်ချပေးတာဆို ငါကဘယ်လိုဖြစ်သွားမလဲ။ နင်ပြော ငါကအအေးတစ်ခွက်နဲ့ ငါ့ သိက္ခာကျသွားနိုင်တယ်။ ဒီတော့နင်ပဲသောက် ငါတော့မသောက်နိုင်ဘူး။ မင်းသွေးခန့် jayမကြားအောင် အသံတီးတိုးစွာနှင့်နဒီကြားယုံသာပြောလေသည်။

မင်းသွေးခန့်အပြောကြောင့် ထက်နဒီလွင်ဟန်ပင်မဆောင်နိုင်အောင် ရယ်မိလေသည်။ ကိုယ်ချိန်သတ်ကာ လည်ချောင်းတစ်ချက်ရှင်းရင်း နင့်အပြောကြီးကလဲ ကလေးဆန်လိုက်တာဟာ။ နင်မဟုတ်ပဲအခြားလူတစ်ယောက်သာဆို ငါဒီထက်ပိုရယ်မိမယ်ထင်တယ်။ နင်ဒီကလေးနဲ့ပတ်သက်ရင်လေ ဘာကြောင့်ဒီလောက်အထိ ချေနေရတာလဲ။ jayကနင့်ကိုသောက်စေချင်လို့ အအေးတစ်ခွက်ပိုယူခဲ့တယ်လေ။ ဒါကိုနင်က ဘယ်လိုဖြစ်ရတာလဲ။ နင်လိုစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဒီလောက်အထိကလေးဆန်တက်မယ်လို့လဲ ငါမထင်ခဲ့ဘူးမင်းသွေးခန့်။

သူငယ်ချင်းနှစ်ယေညက်ဘာတွေသဘောတကျရယ်နေကျတာလဲ ဒေါ်လေးလဲပြောပါအုံး။ မုန့်အချို့ထည့်ထားသော ပန်းကန်ကိုကိုင်ကာ မီးဖိုချောင်မှထွက်လာသော ဒေါ်ချိုမာ နဒီကို​မနေနိုင်စွာမေးမိလေသည်။

ဘာဖြစ်ရမလဲဒေါ်လေးရယ် ဒီမှာလေမင်းသွေးခန့်က jayအအေးဖျော်လာတာသူ့ကိုစေတနာရှိလို့တိုက်တာမဟုတ်လို့မသောက်ဘူးတဲ့ဒေါ်ရယ်။ သမီးမှာရယ်လိုက်ရတာ ဗိုက်တွေတောင်နာလာတယ်။

နဒီနင် နင်မဟုတ်တွေမပြောနဲ့နော်။ မင်းသွေးခန့်မျက်နာတစ်ခုလုံးနီရဲလာကာ ရှက်ရှက်နဲ့အော်မိလေသည်။ ငါ့အရှက်တွေတော့ကွဲပါပြီ ဒီဟာမကလေ သူငယ်ချင်းအရင်းကြီးဖြစ်နေလို့သာပဲ။ အခုလိုပြောချလိုက်စရာလား။ အခုတော့ဒီကောင်လေးရှေ့မှာ ရှိသမျှသိက္ခာတွေကုန်ပါပြီ။

Jayကစေတနာပါစွာနဲ့ဖျော်လာတာပါ။ ကျွန်တော်ဖျော်လာတာ မကြိုက်မှာဆျုးလို့သာ ကိုမင်းသွေးခန့်ရှေ့ကို ဒီအတိုင်းချပေးလိုက်တာပါ။ အခုလို အထင်လွဲစရာတွေဖြစ်သွားလို့ jayစိတ်မကောင်းပါဘူး။ ကိုမင်းသွေးခန့်က jayအသက်ကိုကယ်ဖူးထားတဲ့သူတစ်ယောက်ပါ။ ကိုယ့်ကျေးဇူးရှင်ကို ကျွန်တော်မပြစ်မှားရဲပါဘူး ကျွန်တော်ဘက်ကတောင်းပန်ပါတယ်ဗျာ။

မင်းသွေးခန့်အဲ့တာနင့်ကြောင့် jayလေးစိတ်မကောင်းဖြစ်ရတာ။ ဒီကောင်က အဲ့လိုပဲjayလေးရယ်။ မမတောင်သူ့သူငယ်ချင်းအရင်းကြီးတောင် တစ်ခါတလေအချေခံရတယ်။ ဒီကောင်ကြီးက သေချာပေါင်းကြည့်ရင် ခင်စရာကောင်းသလို စိတ်သဘောထားလေးလဲကောင်းပါတယ်။ တစ်ခုပဲဆိုးနေတာသူ့အကျင့်လေးက မရင်းနှီးတဲ့သူတွေအတွက်တော့သူက ရုပ်တည်ကြီးနဲ့ဆက်ဆံတက်တယ်။မထက်နာမြင်ရုံနဲ့ တော်ရုံလူဆိုရှိန်စေတာ ဒီကောင့်အားနည်းချက် နောက်ပိုင်းကျjayသူ့နဲ့အနေများလာတော့ သူ့အကြောင်းတွေသိလာပြီး jayနားလည်လာမှာ၊ခင်လာမှာပါ။

ဗျာ..ကျွန်တော်ကသူနဲ့အနေများလာရင် ဘာဆိုင်လို့အနေများလာရမှာလဲ။
ကျွန်တော်နားမလည်ဘူး မထက်နဒီ
Jayအံသြတကြီးမေးမိလေသည်။

နဒီမနင့်စကားကြီးက ဘယ်ရောက်သွားလဲနင်သိလား မင်းသွေးခန့်လဲ ငြိမ်မနေနိုင်စွာဝင်မေးမိလေသည်။

ဒါကဒီလိုရှိတယ်jay။ jayအသံစစ်လို့အောင်ရင် မန်နေဂျာတစ်ယောက်jayအနားမှာရှိနေရမယ်လေ။ နင်းသွေးခန့်ကjayကိုအနီးကပ်စောင့်ရှောက်ရမယ့်သူ။ တိုင်ပင်ဖော် တိုင်ပင်ဖက်အနေနဲ့အနားမှာရှိရမယ်။ ဒီလိုမန်နေဂျာထားမှသာ jayလိုအပ်သမျှကိုသူကစီစဥ်ရမယ်။ နောက်ပိုင်းjayနဲ့မင်းသွေးခန့်ဟာ တိုက်ခန်းတစ်ခုမှာ အတူတူတောင်နေရတာမျိုးဖြစ်သွားနိုင်တယ်။

ဘာ
ဘယ်လို

ထက်နဒီအပြောကြောင့် မင်းသွေးခန့်တင်မဟုတ် jayပါထိတ်လန့်စွာ အာမေဋိတ် ပြိုင်တူအသံထွက်လာမိလေသည်။

ထက်နဒီကတော့ ခပ်တည်တည်မျက်နာထားကိုတည်ထားစွာဖြင့် ဆက်ပြောလေသည်။ ဟုတ်တယ်မင်းသွေးခန့် နင်ကjayအတွက် မန်နေဂျာလုပ်ပေးရလိမ့်မယ်။ ဒါမှလဲငါကjayအတွက်စိတ်ပူစရာမလိုမှာလေ မဟုတ်ဘူးလားဒေါ်လေး။ နဒီဒေါ်ချိုမာကိုပင်စစ်ကူတောင်မိလေသည်။

ဟုတ်သားပဲသားရယ်။ယောကျ်ားလေးချင်းဆိုတော့ ကိုယ့်အတွင်းရေးအပြင် ဘာလိုအပ်တယ်ဆိုတာ အလွယ်တကူထုတ်ပြောလို့ရတာပေါ့။
ဒေါ်လေးလည်း မောင်မင်းသွေးခန့်နဲ့ဆို စိတ်ချရတာပေါ့။ အခြားသူနဲ့ဆို ဒေါ်လေးလဲ စိတ်အေးရမှာမဟုတ်ဘူးလေ။ မင်းမမနဒီပြောတာမှန်တယ်။ ဒေါ်လေးကတော့ သမီးလေးနဒီစကားကိုထောက်ခံတယ်။

"နင့်သဘောကကော မင်းသွေးခန့်။"

နဒီအမေးကြောင့် မဖြေချင်သော အဖြေကိုပေးရမည်။ နင့်အစီစဥ်ကောင်းပါတယ်။ ငါ့တို့ကသူ့ကိုသေချာကရုစိုက်မှသာ ငါ့တို့နိစ်ယောက်အတွက်လဲ AK entertainment နဲ့မျက်နာမပျက်ရမှာပေါ့မဟုတ်ဘူးလားjay။

ကျွန်တော်အတွက်နဲ့တော့ ကိုမင်းသွေးခန့်နဲ့ မနဒီတို့မျက်နာမပျက်သေရဘူးလို့အာမခံပါတယ်။ တစ်ခုလောက်jayပြောချင်တယ်။ ဒေါ်လေးအိမ်မှာပဲပြန်လာနေလို့မရဘူးလား။

နောက်ပိုင်းဖြစ်လာမှာကို မမကကြိုတွေးပြီးပြောတာပါ။ တကယ်လို့jayဖက်က ဒီတစ်ညတွေးကြည့်ပြီးအဆင်မပြေရင် မမနဲ့ပြန်ညှိ့ကြည့်မယ်လေ။ jayကလက်ခံတယ်ဆိုရင်တော့ မမတို့ AKentertainment ကိုသွားကြတာပေါ့။ ဒီကြားထဲ ရေခဲရေမသောက်နဲ့အသံထိခိုက်မှာဆိုးလို့။

အခုလိုကူညီပေးတာနဲ့ပဲjayကကျေးဇူးတင်ပါတယ်။ မမနဒီစီစဥ်ပေးတာကိုလဲလက်ခံပါတယ်။

ဒါဆိုအကုန်လုံးအဆင်ပြေပြီဆိုတော့ မင်းသွေးခန့် နင်ဘက်ကလဲအဆင်ပြေတယ်မဟုတ်လား။

ငါ့ဘက်ကအဆင်ပြေပါတယ်။ ဒါပေမယ့် ငါစီစဥ်ပေးတာကိုတော့ ဒီကောင်လေးကလက်ခံရမယ်။ မင်းသွေးခန့်တစ်ခါထဲ ချီပြီးတုပ်ပြီးဖြစ်အောင်ပြောလေသည်။

ဒါဆိုသမီးတို့ပြန်လိုက်ပါအုံးမယ်အန်တီ။jayမမတို့ပြန်တော့မယ် စနေနေ့ကျjayကို မင်းသွေးခန့်လာခေါ်လိမ့်မယ်။

နဒီနင်အခုလိုတွေလုပ်နေတာ ငါ့ဘက်ကျမစဥ်းစားပေးတော့ဘူးလား။ ငါဒီကောင်လေးနဲ့ အတူနေဖို့မဖြစ်နိုင်ဘူးထင်တယ်။ စတွေ့တဲ့အချိန်ကနေ အခုထိငါ့တို့တွေ့လိုက်တိုင်း ရန်ပဲဖစ်နေတာလေ။ တစ်အိမ်ထဲသာအတူနေရမယ်ဆို တွေ့တာနဲ့ရန်ပဲဖစ်နေမှာ။

ငါကနင်တို့နှစ်ယောက်ကိုအဆင်ပြေစေချင်တယ်။ ဒီထက်ပိုရင်းနှီးစေချင်တယ်။ စကားကုန်ပြောလိုက်မယ် နင်နဲ့သူ့ချစ်သူတွေဖြစ်သွားရင်တောင် ငါကသဘောတူတယ်။

ငါ့ဘက်ကစကားအကုန်ပြောပြီးသားလေ။ ငါ့လက်ထပ်မဲ့သူကယောကျ်ားလေးတစ်ယောက်မဟုတ်ဘူး။ ဘာလို့နင် ဒီကောင်လေးနဲ့ငါ့ကို ဒီလောက်အထိလှော်ပေးနေတာလဲငါမစဥ်းစားတက်တော့ဘူး။

နောက်ဆုံးတစ်ခုပဲ နင်နဲ့jayအတူနေရမယ်။ ၃လအတွင်းနင်သူ့ကိုမကြိုက်ခဲ့ရင် မချစ်ခဲ့ရင် ငါလက်လျော့ပေးမယ်။ အဲ့အချိန်ကြရင်နင့်စိတ်ကြိုက်၊ နင့်သဘောငါဘာမှမစွက်ဖက်တော့ဘူး။

နင့်ကတိသေချာတယ်နော်။

အေးသေချာတယ်။ ဒါနဲ့နင်ပိုက်ဆံအိတ်ထဲက ကောင်လေးနှစ်ယောက်ပုံက ဘယ်သူတွေလဲ။ နင့်ညီတွေတော့မဟုတ်ဘူးလို့ငါထင်တယ်။ အရပ်ရှည်ရှည်နဲ့ကောင်လေးက နင်နဲ့တော့တူတယ်။ ဒီဘက်ကကောင်လေးကဘယ်သူလဲ။ ဘာကြောင့်နင်ကဒီဓါတ်ပုံကိုသိမ်းထားရတာလဲ။ ပိုက်ဆံအိပ်ထဲ မှပုံကိုကြည့်ကာ နဒီတစ်ယောက် မင်းသွေးခန့်ကို မေးခွန်းထုတ်မိလေသည်။

ငါတို့မိသားစု အရင်ကနယ်မှာနေကျတာ မေမေကအဖွားတို့သဘောမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အမွေဖြတ်ထားခဲ့ကြဖူးတယ်။ ငါ့အဖေကနယ်ကဆိုတော့ ဖေဖေရဲ့မေမေ ငါ့အဖွားတို့ဆီမှာနေခဲ့ကြတာ။ ဒီကောင်လေးဟာ ငါတို့နဲ့အိမ်နီးချင်းတွေ ငါ့ဖေဖေနဲ့ဒီကောင်လေးတို့မိဘတွေက ရပ်ဆွေရပ်မျိုးထက်ပိုတဲ့ ညီအကိုလိုခင်ကြတဲ့ အမျိုးတွေလို့ပြောလို့ရတယ်။ နောက်ပိုင်းငါ့မေမေဘက်ကအဖွားက ငါ့10နှစ်ကျော်လောက်မှာ ရန်ကုန်ကိုပြန်ခေါ်ခဲ့တော့ ဒီကောင်လေးမိသားစုနဲ့ မတွေ့ဖြစ်ကြတော့ဘူး။ ဖေဖေတို့ကလဲ လုပ်ငန်းတွေဦးစီးရင်း နယ်ကိုမပြန်ဖြစ်တော့ အဆက်အသွယ်တွေပျက်ခဲ့တယ်။ ဒီပုထဲကကောင်လေးဟာ အခုချိန်ဆို ၂၀ကေျာ်ပြီပေါ့။ အဲ့အချိန်တုန်းကကသူက၅နှစ်သားလောက်တော့ရှိမယ်။ ဒီကောင်လေးဟာ ငါနဲ့မှမဟုတ်ရင်ဘယ်သူနဲ့မှမဆော့ဘူး။ ငါ့ကိုအရမ်းခင်တဲ့ကောင်လေး။ ငါလေဒီကောင်လေးကိုမှတ်မိနေသေးတယ်။ ငါတို့ရန်ကုန်ပြန်မယ့်နေ့ကဆို ငါ့အိကျင်္ီစကိုဆွဲပြီးလိုက်မယ်တဲ့ အဲ့ဒီအခြေအနေကို အခုထိငါ့မျက်လုံးထဲမှာ မြင်ယောင်နေဆဲပဲ။ ငါသူတို့မိသားစုကိုပြန်ပြီး ရှာချင်တယ်နဒီ။ ဒီအတွက် နင့်အကူညီလိုအပ်တယ်။

ငါဘက်ကအဆင်သင့်ပဲ။ တစ်ခုတော့မေးချင်တယ် နင်ပြောတဲ့ကောင်လေးကို အခုချိန်မှာပြန်တွေ့ရင် ဘယ်စိတ်ထဲဘယ်လိုရှိနေမလဲဆိုတာငါသိချင်တယ်။

ငါမပြောတက်ဘူးနဒီ။ ငါအခုချိန်ထိတော့ သူ့ကိုငါဘက်ကဖြူစင်တယ်။နင်သိချင်တာမလာနဒီ။

မင်းသွေးခန့်နင်အကူညီတောင်းတာကိုငါလက်ခံတယ်။ နင်ကလဲjayကိုပြန်ကူညီပေးပါ။ ငါ့ဘက်ကလဲ အကူအညီပြန်တောင်းပါရစေ။

အေးပါဟာ နင်နဲ့ငါကဒီလိုပြောရမယ့်သူတွေမှမဟုတ်တာနဒီရာ။

ငါသွားပြီနော်အသွေး။ နင့်ကိုငါယုံလိုက်မယ်သိလား။ ကားတံခါးဖွင့်ကာ ဆင်းသွားသောနဒီကို အပြုံးတစ်ခုနဲ့သာအသိအမှတ်ပြုရင်း မင်းသွေးခန့်ကားကိုမောင်းထွက်လာခဲ့လေသည်။

သမီးပြန်လာပြီလား။ ဒီကိုခနလာပါအုံးကွယ် မေမေတို့ပြောစရာရှိလို့။

ဟုတ်ကဲ့မေမေ။ ဘာများပြောစရာရှိလို့လဲ။

မြတ်တို့ကသမီးလေးနဲ့သားလေးကိုစေ့စပ်ထားပေးချင်ကြောင်းမေမေတို့ကိုကမ်းလှမ်းထားတယ်သမီး။ မေမေတို့ဘက်ကတော့ကန့်ကွက်စရာမရှိဘူး။ သမီးလေးဘက်က သဘောတူတယ်ဆိုရင်မေမေတို့က စေ့စပ်ထားပေးချင်တယ်။

အသွေးပြောပြထားလို့ သမီးသိပြီးပါပြီမေမေ။ သမီးအိမ်ထောင်မပြုချင်သေးဘူး။ သမီးအခုလိုဖေဖေတို့မေမေတို့နဲ့နေရတာကို ပိုသဘောကျတယ်။ အသွေးမှာက ချစ်ရမယ့်သူရှိနေပြီမေမေ။ ဒါကြောင့်သမီးဘက်ကငြင်းပါရစေ။ အသွေးမှာရည်းစားရှိတာကို သူ့မိဘတွေမသိသေးတဲ့အတွက် မေမေတို့ကနားလည်ပေးစေချင်တယ်။ သမီးတောင်းဆိုတာပါ။

အေးပါကွယ် မေမေတို့ကလဲ သမီးလေးဆန္ဒမပါရင် ဘာမှမလုပ်ပါဘူးကွယ်။ မေမေတို့ဘက်ကနေ မြတ်တို့မိသားစုကိုမျက်နာပူစွာနဲ့ပဲ ငြင်းလိုက်ပါ့မယ်။

သမီးကြောင့် မေမေနဲ့ဖေဖေစိတ်မကောင်လုပ်မိတာကြောင့် သမီးတောင်းပန်ပါတယ်။

အို ဒီလိုလဲမဟုတ်ပါဘူးသမီးရယ်။ မေမေတို့ကတော့သမီးလေးအတွက်စဥ်းစားပေးတာပါ။ သမီးဘက်က သဘောထားကို ပွင့်ပွင့်လင်းလင်းပြောလို့ မေမေတို့ကတောင်ကျေးဇူးတင်ရမယ်။ သမီးလေးစိတ်ဆင်းရဲမယ့်အရာ မေမေတို့လဲမလုပ်ချင်ပါဘူးကွယ်။ အလုပ်ကပြန်လာတာ ပင်ပန်ူလာတယ်မလား။ ရေမိုးချိုးပြီး ညစာစားရအောင်။ မေမေဟင်းတွေပြန်နွှေးထားလိုက်တော့မယ်။

သမီးကိုနားလည်ပေးလို့ကျေးဇူးတင်ပါတယ် ဖေဖေနဲ့မေမေ။

နဒီအခန်းထဲဝင်ကာ လက်က်ုင်အိတ်ကိုချကာ ဖုန်းနံပါတ်အချို့နှိပ်ကာ ဖုန်းခေါ်ဆိုလိုက်လေသည်။ ဖုန်းမြည်သံပင်သိပ်မကြာလိုက် တစ်ဖက်မှ မင်းသွေးခန့်ဖုန်းထူးသံကိုကြားရလေသည်။

ဘာထူးလို့လဲနဒီ ငါ့ကိုဖုန်းခေါ်ရတဲ့အကြောင်းက..

ငါကိုဖေဖေနဲ့မေမေက နင်နဲ့စေ့စပ်မယ့်ကိစ္စကို ပြောတယ်။ ငါလဲငြင်းလိုက်တယ် အကြောင်းပြချက်တစ်ခုပြကာပေါ့။

နင်ဘယ်လိုအကြောင်းပြချက်ပေးလိုက်လို့လဲ။ နင့်အမေကလက်ခံလား။

ငါပြလိုက်တဲ့အကြောင်းပြချက်က နင့်မှာရည်းစားရှိတဲ့အကြောင်းကိုဘငါ့မိဘကိုပြောလိုက်မိတယ်။ ဘယ်သူဘယ်ဝါဆိုတဲ့အကြောင်းကိုတော့မပြောလိုက်ဘူးရယ်။

ယုံလားသူတို့က

ယုံအောင်ပြောရတာပေါ့ဟာငါလဲ ငါငြင်းလိုက်လို့ ငါ့မိဘတွေစိတ်မကောင်းဖြစ်သွားတယ်။ ငါလဲစိတ်မကောင့းပါဘူးဟာ။ ဒီလိုမှမဟုတ်ရင် နင်နဲ့ညားမယ့်အရေးက ငါ့အတွက်ပိုခက်ခဲတယ်။ ပြီးတော့နင်လိုငချေတကောင်ကို ငါမချစ်ပဲလက်မထပ်နိုင်ဘူးလေ။ ဟား.ဟားး

နင်ကရယ်နေလိုက်မိနဒီ။ ငါကကော နင့်ကိုယူမတဲ့လား စဥ်းစားလေ။ ဒါပေမယ့်နင့်အတွက် ငါလက်ဆောင်ပြင်ပေးထားတယ်သိလား။

ဟယ် တကယ်လားအသွေးလေး။ ငါ့သူငယ်ချင်းလေးကချစ်ဖို့ကောင်းလိုတာဟယ်။အလိုက်လဲသိတယ်။ ဒါနဲ့ငါ့အတွက်လက်ဆောင်ကဘာများလဲ။

နင့်အတွက်ငါ့ပေးမယ်လက်ဆောင်က ငှက်ပျော်ပင်တစ် ပါဆယ်ထုပ်ထားတယ်လို့။ နင်ကအပျိုကြီးလုပ်မယ့်သူဆိုတော့ ငှက်ပျော်ပင်တော့လိုမှာပဲလေ မဟုတ်ဘူးလား။ ဟား..ဟား
မင်းသွေးခန့် အားရပါးရရယ်မိလေသည်။

သေနာကောင် ရယ်နေလိုက်
ငါကအကောင်းမှတ်လို့နားထောင်နေတာ။ နင်ပဲပန်ယူလိုက် ငါ့အတွက်မလိုအပ်ဘူး။ အေး ဒါနဲ့ ခုတစ်ပတ်စနေjayအသံစစ်ဖို့ရှိတယ်နော်။ နင်မေ့မနေနဲ့အုံး။ နင့်ကိုပဲငါလက်လွှဲပေးရမှာ။

အေးပါ ငါသိပါတယ်နင်ကလဲ။ ငါနဲ့အောင်သွယ်ပေးတယ်သာ ပြောနေတာ နင့်နဲ့ကြိုက်နေသလားလို့တောင် ငါကထင်နေတာ။

ဟဲ့ကြိုက်စရာလား ငါကfujoshiနော် ယောကျ်ားမယူဘူး။ ဒါပဲငါဖုန်းချလိုက်တော့မယ်။ ရေချိုးရအုံးမယ် ။

အေးပါမြန်မြန်ချိုးအအေးပတ်နေမယ်သူငယ်ချင်းလေး။ မင်းသွေးခန့်ဖုန်းချလိုက်ပြီးတာနဲ့ နဒီပြောသော စကားကိုစဥ်းစားနေမိလေသည်။ သူပြောတာဘာတဲ့ fujoshiဆိုလားဘာလား နားမလည် ဒီဟာမလေးက အထူးအဆန်းတွေလဲပြောတက်တာပဲလား။ ဒါပေမယ့်လဲ ကျေးဇူးတော့တင်မိလေသည်။ တစ်ရန်တော့အေးသွားပြီမဟုတ်လား။


Continue Reading

You'll Also Like

21K 1.2K 8
ဒူးရင်းသီးကြောင့်ဆုံခဲ့သည့် ဖူးစာဆိုပါစို့... ။ ချစ်စကား နှုတ်ဖျားက ပြောရမှာကို ဒူးရင်းသီးစားချင်လို့ဟု ပြောထွက်ခဲ့မိသည်... ထိုအချိန်ကစ နေ့ရက်တိုင်း...
47.9K 12.7K 46
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
169K 36.5K 98
අවසරද නිල් කටරොලු මලකට.... බොරලු පොලොවක සෙනෙහෙ පතන්නට........... (ධතාශ් X තීනු)
28.1K 6.3K 37
tk sinhala