Zawgyi
ဂူထဲမွာပဲေနတာႏွစ္လေက်ာ္လာတဲ့အခါမွာေတာ့
အေအးဒဏ္ဟာသိသိသာသာက်ဆင္းသြားၿပီး
ငါ့ရဲ႕က်ိဳးေနတဲ့အ႐ိုးေတြဟာလည္းျပန္လည္ေကာင္းမြန္စျပဳလာေပမယ့္ငါပစၥည္းေတြကိုေကာက္ယူဖို႔ႀကိဳးစားလိုက္တဲ့အခါမွာေတာ့ငါ့ရဲ႕လက္ေမာင္းေတြဟာဘာအားမွမ႐ွိသလိုပဲ။
ဂူနံရံကိုအားျပဳၿပီးထရင္း......ေျခလွမ္းႏွစ္လွမ္းေလာက္စၿပီးလွမ္းၾကည့္လိုက္ေတာ့.....
အတြင္းဒဏ္ရာေတြကအ႐ိုးထဲကေနတဆစ္ဆစ္နဲ႔ကိုက္လာတာကိုခံစားမိလိုက္တယ္။ငါဒီလိုအေျခအေနနဲ႔သာဂူျပင္ကိုထြက္ခဲ့ရင္ေၾကာက္မိတာကငါဘယ္ေလာက္မွေဝးေဝးမသြားရေသးခင္အ႐ူးေကာင္ကငါ့ကိုျပန္ဖမ္းမိသြားမွာကိုပဲ။
က်ိဳးေနတဲ့ေျခေထာက္ကိုေကာင္းေနတဲ့ေျခေထာက္ေပၚခ်ိတ္ထိုင္ရင္းသက္ျပင္းခ်လိုက္ၿပီး
ငါ့ရဲ႕ဒဏ္ရာေတြအေကာင္းပတိျပန္သက္သာတဲ့အခ်ိန္ကိုသာေစာင့္ေနဖို႔ဆံုးျဖတ္လိုက္တယ္။ဒါမွသာငါလြတ္ေျမာက္ႏိုင္မွာ။
ငါအခုသြားလာလႈပ္႐ွားလို႔ရေနတာေတာင္
႐ိုင္းစိုင္းတဲ့ေကာင္ကငါ့ကိုဂူျပင္ထြက္ဖို႔ခြင့္မျပဳခဲ့ဘူး။
ငါသာဂူအျပင္ထြက္ၿပီးထြက္ေပါက္ကိုသာ႐ွာေဖြႏိုင္ခဲ့မယ္ဆိုရင္သူလိပ္ျပာလႊင့္ၿပီးက်န္ခဲ့မွာစိုးလို႔ထင္တယ္။
.......FlashBack........
"ခြင့္မျပဳႏိုင္ဘူး!!!!!!အျပင္ထြက္ဖို႔ကို"
အဲ့စကားကိုသူထပ္တလဲလဲေရရြတ္ရင္းေျပာလာကာ
ေဒါသတႀကီးစိုက္ၾကည့္လာၿပီးလည္ပင္းဆန္႔ကာ
အၾကည့္လႊဲသြားေလသည္။
ငါအရမ္းေၾကာက္ေနေပမယ့္သူငါ့ကိုစကားၾကမ္းၾကမ္းေတြေအာ္ၿပီးေျပာေနတာေတာင္မွသူ႔အေပၚငါေဒါသထြက္တာမ်ိဳး႐ွိမေနဘူး။
Demonicဂိုဏ္းဝင္တစ္ေယာက္အေနနဲ႔
ငါအရာအားလံုးကိုအ႐ႈံးခံလို႔ေတာ့မျဖစ္သလိုဘာကိုမွေၾကာက္ရြံေနစရာမွလည္းမ႐ွိသလိုလက္႐ွိျဖစ္ေနတဲ့အေျခအေနနဲ႔လိုက္ေလ်ာညီေထြေနတတ္ရမွာေပါ့။သူငါ့ကိုအ႐ူးထၿပီး"အခ်စ္ကေလး"လို႔ေခၚလိုက္တ္ိုင္းငါသည္းမခံႏိုင္ဘဲကန္လိုက္ရင္းေအးစက္စက္အၾကည့္ေတြနဲ႔စိုက္ၾကည့္ပစ္လိုက္တယ္။
အဲ့လိုအခိုက္အတန္႔ကိုၾကံဳရတိုင္းသူကသားရဲဝံပုေလြေကာင္ႀကီးပံုစံျဖစ္;ျဖစ္သြားတာေၾကာင့္ငါ့အတြက္ေတာ့သူ႔ရဲ႕အမိန္႔ေတြကိုနာခံဖို႔သာျဖစ္လာတယ္။
ခုလက္႐ွိအေျခအေနကအခြင့္မသာေသးဘူး။
က်ိဳးေနတဲ့ငါ့ရဲ႕ေျခလက္အဂၤါေတြအေကာင္းအတ္ိုင္းျပန္ျဖစ္လာၿပီဆိုရင္ေတာ့ငါသူ႔ကိုၿပိဳလဲသြားေအာင္ကို
တန္ျပန္တိုက္စစ္ဆင္မယ္။
ငါသူ႔ကိုဘာမွခံေျပာမေနေတာ့ဘဲေက်ာေပးကာ
တဖက္လွည့္ထိုင္ေနလိုက္တယ္။သူရဲ႕ေျခသံဟာငါနဲ႔
တေျဖးေျဖးနီးလာေပမယ့္ခပ္ျမန္ျမန္ပဲသူျပန္လွည့္ထြက္သြားတယ္။ဒါေပမယ့္မၾကာပါဘူး...သူငါ့ဆီကိုျပန္လွည့္လာတာပဲေလ။
"အခ်စ္ကေလး"
သူဂ႐ုတစိုက္နဲ႔လက္ေမာင္းကိုလာတို႔ရင္းေခၚလာ
ေတာ့ငါမ်က္လံုးကိုမွိတ္အိပ္ခ်င္ေယာင္ေဆာင္ၿပီးသူ႔ကိုလ်စ္လ်ဴ ႐ႈလိုက္တာေၾကာင့္ေနာက္ထပ္လာမတို႔ေတာ့ဘူး။ဂူရဲ႕တစ္ဖက္မွာ႐ွိတဲ့သူ႕ေနရာကိုေရြ႔သြားတဲ့အသံကိုနားေထာင္ေနရင္းငါအိပ္ဖို႔ျပင္လိုက္တယ္။
ေနာက္ေန႔မနက္ငါန္ိုးလာၿပီးလွည့္ၾကည့္လိုက္ေတာ့
ေက်ာက္ျပားေပၚမွာအစိမ္းေရာင္နဲ႔အျပာေရာင္ေတြကိုျမင္လိုက္ရတာေၾကာင့္ငါအံ႔ျသသြားေပမယ့္ေသေသခ်ာခ်ာျကည့္လိုက္တဲ့အခါမွာေတာ့အျပာေရာင္နဲ႔အစိမ္းေရာင္ဟာအျပာေရာင္ပန္းေတြဆိုတာသိလိုက္ရတယ္။
အ႐ူးေကာင္ဟာတကယ္ကို႐ူးခါေနေပမယ့္မိန္းမတစ္ေယာက္ကိုဘယ္လိုရည္စားစကားေျပာရမလဲဆိုတာကိုေတာ့သိေသးတာပဲ။
ပန္းစည္းကိုလက္မွာကိုင္ထားၿပီးခဏအၾကာမွာေတာ့ႏွာေခါင္းကယားက်ိက်ိျဖစ္လာတာကိုခံစားလာရၿပီးခပ္ျပင္းျပင္းႏွာေခ်လိုက္မိတယ္။
ႏွာေခါင္းကိုလက္နဲ႔အသာအယာအုပ္ရင္းေနာက္ဘက္မွာ႐ွိတဲ့သစ္သားျခံစည္း႐ိုးနားကိုသြားစိုက္ထားလိုက္ေတာ့ျခံစည္း႐ိုးထဲမွာ႐ွိေနတဲ့ယုန္မဟာေျပးလာၿပီးက်ယ္ေလာင္စြာေအာ္ျမည္ကာပန္းစည္းကိုဝါးစားလိုက္တယ္။
.......Flash End.......
အဲ့အေၾကာင္းအရင္းေၾကာင့္ငါဂူထဲမွာလွည့္ပတ္သြားလာေနလို႔ရေပမယ့္ဂူျပင္ကိုေတာ့ေျခလွမ္းတစ္လွမ္းေတာင္လွမ္းခြင့္မေပးေတာ့ဘူး။
ေန႔တိုင္းအ႐ူးေကာင္ဟာအျပင္ထြက္ၿပီးအစာ႐ွာေဖြေနခ်ိန္မွာငါတစ္ေယာက္တည္းပ်င္းရိစဖြယ္ေကာင္းတဲ့အေျခအေနနဲ႔က်န္ခဲ့ရတာခ်ည္းပဲ။
ဒါေၾကာင့္ငါစိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ဆိုၿပီးယုန္မနဲ႔စကားေျပာဖို႔ၾကံလိုက္တယ္။
ယုန္မကိုႏို႔ထိန္းNurseအေနနဲ႔သတ္မွတ္ထားလို႔သာသူဒီဂူထဲမွာေနႏိုင္ေနတာ။
ယုန္မဟာအစားေတြပံုမွန္စားရင္းဘာအလုပ္မွမလုပ္ရဘဲအနားရေနတာေၾကာင့္အရင္ကထက္ကိုဝလာသလိုဒဏ္ရာရေနတဲ့ေျခေထာက္ဟာလည္းအရင္ကထက္ေကာင္းမြန္လာၿပီ။
"မင္းကငါ့ထက္ပိုၿပီးနလန္ထူတာျမန္တာပဲကြ..humm"
ယုန္မကိုသစ္သီးေတြေကြၽးရင္းစကားေျပာေနမိသည္။
သစ္သီးကိုဝါးစားေနတဲ့အခ်ိန္အတြင္းလက္႐ွိအေျခအေနကိုလ်စ္လ်ဴ႐ႈကာကိုယ့္ကိုကိုယ္စကားျပန္ေျပာေနမိတာက....
"မၾကာခင္မွာပဲငါထြက္သြားရေတာ့မယ္...ဒါေပမယ့္
မသြားခင္ငါလုပ္ရမွာကမင္းကိုလႊတ္ေပးရမယ္
သူ႔သားမ႐ွိရင္မင္းကမလိုေတာ့ဘူးဆိုေတာ့မင္းကေသခ်ာေပါက္ကိုအသားတံုးျဖစ္ၿပီးခ်က္စားခံရမွာ"
ယုန္မကငါေျပာေနတဲ့စကားေတြကိုနားလည္သလိုပံုစံနဲ႔အစာစားေနရာမွရပ္သြားၿပီးနားရြက္ေလးလႈပ္ကာ
ငါ့ကိုၾကည့္လာသည္။
"မင္းအခုေၾကာက္ေနၿပီမလား?"
႐ုတ္တရက္ယုန္မဟာတစ္ကိုယ္လံုးတဆက္ဆက္တုန္ယင္လာၿပီးေၾကာက္လန္႔တၾကားေအာ္လာသည္။ေၾကာက္ရြံ႕ေနတဲ့ယုန္မကိုခ်ီၿပီးပိုက္ထားရင္းခပ္ေျဖးေျဖးေလးကိုယ္လံုးကိုပြတ္သပ္ေပးၿပီးေတာ့
"မင္းအရမ္းေၾကာက္ေနစရာမလိုပါဘူး"
ငါဒီလိုေျပာလိုက္ေပမယ့္ဆ္ိုးဝါးတဲ့ကိစၥတစ္ခုေတာ့ျဖစ္ေတာ့မယ္ဆိုတာကိုႀကိဳသိေနတယ္။
ငါအနား႐ွိတဲ့ခုခံစရာတစ္ခုခုကိုယူလာရင္း
ဂူေပါက္ဝကိုလွည့္ပတ္ၾကည့္႐ႈၿပီးေနာက္သစ္သား
တုတ္ေခ်ာင္းနားကိုေရာက္လာတယ္။
အဲ့ဒီေနာက္မွာ....ငါစိတ္ထဲထင့္ေနတယ့္ဆိုးဝါးတဲ့ကိစၥတစ္ခုဟာျဖစ္ပ်က္လာပါေတာ့တယ္။အလြန္ႀကီးမားတဲ့ပါးစပ္တစ္ခုဟာထြက္ေပါက္မွာဟေနတယ္။
အဲ့ပါးစပ္ကသြားရည္ေတြတစက္စက္နဲ႔က်ေနၿပီး
မ်က္လံုးေတြဟာလည္းကန္းေနကာေဒါသအလြန္ထြက္ေနတဲ့ပံုက္ုိၾကည့္ရတာသာမန္ေတာ့ဟုတ္မယ္မထင္ဘူး။ႀကီးမားလွတဲ့ပါးစပ္ႀကီးဟာဝက္ဝံ႐ိုင္းတစ္ေကာင္ရဲ႕ပါးစပ္ပဲ။
"ဘုရားသခင္ကငါ့ကိုေသေစခ်င္ေနတာလား"
ငါဆြံ႕အစြာဝက္ဝံကိုၾကည့္ရင္းဒီစကား5လံုးသာေရရြတ္ႏိုင္ေတာ့တယ္။
မိန္းေမာေတြေဝေနရာမွသတိဝင္လာေအာင္လုပ္ၿပီး
အသက္ျပင္းျပင္း႐ႈရင္းျခံစည္း႐ိုးကိုျဖတ္ေက်ာ္လာခဲ့တယ္။ငါစဥ္းစားမိလိုက္တာကဂူထဲမွာဆူၿဖိဳးေနတဲ့သမင္တစ္ေကာင္သာ႐ွိေနခဲ့ရင္ဝက္ဝံရဲ႕ရန္ကေနငါ့ကိုယ္ငါကာကြယ္ႏိုင္လိ္မ့္မယ္လို႔။့ငါ့ရဲ႕အခ်ိန္အနည္းငယ္ကိုယုန္မကိုကယ္တင္ဖို႔အတြက္သံုးရင္း
အေၾကာင္းအရာေတြကိုဆက္စပ္ေတြးမိလိုက္ေတာ့..
ငါတကယ္အတာပဲ!!ဒီမွာမ်က္ကန္းဝက္ဝံအတြက္အစာမွမ႐ွိတာကို။
ႀကီးမားလွတဲ့ကိုယ္လံုးကိုက်ံဳ႔ၿပီးတြင္းေပါက္ထဲကိုဆင္းလိုက္ေတာ့ဂူထဲမွာမျမင္ရတဲ့အလင္းေရာင္ကိုျမင္လိုက္ရတဲ့အခါမွာယုန္မဟာသည္းထန္စြာငိုလာတယ္။ယုန္မငိုေနတာကိုၾကည့္ရင္းငါစိတ္အေႏွာင့္အယွတ္ျဖစ္ေနခ်ိန္မွာပဲ
"Roar!!!"
ဝက္ဝံဟာဟိန္းေဟာက္ရင္းငါ့႐ွိေနတဲ့ေနရာကိုတန္းတန္းမက္မက္ေျပးလာေနတယ္။
ငါသြားေတြတဆက္ဆက္႐ိုက္ေနရာမွအလ်င္အျမတ္ပဲတုတ္ေခ်ာင္းကိုကိုင္ရင္းတိုက္ခိုက္ဖို႔ျပင္လိုက္တယ္။ငါ့ကိုယ္ဟာအျပည့္အဝမလႈပ္႐ွားႏိုင္ေသးေပမယ့္အနည္းဆံုးေတာ့လက္နဲ႔ေျခေထာက္ေတြလႈပ္္လို႔ရေသးတာပဲ။ငါတိုက္ခိုက္ပစ္လိုက္မယ္ဆိုရင္
ႏိုင္ႏိုင္ေျခရွိေနတာကိုမတိုက္ခိုက္ဘဲနဲ႔ငါ့ကို
အ႐ူးေကာင္လာကယ္ဖို႔အတြက္သာေအာ္ေခၚေနလိုက္မိတယ္။
႐ုတ္တရက္ဆိုသလိုဝက္ဝံဟာငါ့အေပၚခုန္အုပ္လာၿပီးသူ႔ရဲ႕ထက္လွတဲ့သြားေတြနဲ႔ငါ့လည္ပင္းကိုကိုက္ဖို႔
ႀကိဳးစားလာျပီးဝက္ဝံဟာပါးစပ္ဟလိုက္ရံုနဲ႔တင္ပါးစပ္ထဲကပုပ္အက္အက္အနံ႔ေတြကထြက္ေပၚလာတယ္။
ငါအလ်င္အျမန္ပဲလက္ထဲမွာကိုင္ထားတဲ့တုတ္ကို
ဝက္ဝံရဲ႕ဟေနတဲ့ပါးစပ္ကိုေထာက္တိုင္ပံုစံမ်ိဳးထိုးထည့္လိုက္ၿပီး....ငါ့ရဲ႕အတြင္းအားေတြကိုစုစည္းၿပီး
ဝက္ဝံကိုတိုက္ခိုက္ဖို႔ျပင္လိုက္ေပမယ့္ငါအရမ္းကို
ေၾကာက္လန္႔ေနတာေၾကာင့္qiကိုအျပည့္အဝဆင့္ေခၚလို႔မရဘူးျဖစ္ေနတယ္။ငါ့လက္ေတြသက္သာစျပဳလာတာက60%70%ေလာက္ပဲ႐ွိေသးတာေၾကာင့္
အလြန္ႀကီးမားတဲ့အားသာသူ႔တို႔အေပၚသက္ေရာက္မႈေပးလိုက္ရင္႐ုတ္တရက္ဆိုသလို
အမႈန္႔ေတြကိုဇကာထဲကခါခ်သလိုမ်ိဳးလႈပ္ခါလာလိမ့္မယ္။
ဝက္ဝံနဲ႔ငါအျပန္အလွန္သတ္ပုတ္ေနခ်ိန္ဂူအဝင္ေပါက္ကေန႐ွပ္တိုက္ၿပီးတစ္စံုတစ္ေယာက္ဝင္လာတဲ့အသံကိုၾကားလိုက္ရတယ္။ထို႔ေနာက္အားအင္ျပည့္ဝသြားတဲ့ငါလက္ေတြဟာအေရာင္လက္သြားေပမယ့္
ဝက္ဝံကေတာ့အသံၾကားရာကိုကမူး႐ူးတိုးေျပးသြားေလသည္။
ေဆးေရာင္ျခယ္ထားတဲ့ေျမႀကီးေပၚငါပစ္လွဲခ်လိုက္မိတယ္။ငါအခုအသက္ေဘးကေနသီသီေလးလြတ္သြားတာပဲ။ထိုအရာငါေရာက္မလာခဲ့ရင္ဆိုတဲ့အေတြးနဲ႔အတူအ႐ူးေကာင္နဲ႕ဝက္ဝံအေသအေၾကသတ္ပုတ္ေနတဲ့ဂူအဝင္ေပါက္ကိုလွမ္းၾကည့္မိလိုက္တယ္။အကယ္၍အ႐ူးေကာင္သာအခ်ိန္မွီေရာက္မလာခဲ့ဘူးဆိုရင္ေသသြားမွာေၾကာက္တယ့္ငါ့အတြက္
ဒီေန႔ဟာေသေန႔ေစ့တဲ့ေန႔ပဲ။
အသက္မေသေအာင္လို႔ေျဖာင့္မတ္တဲ့သူေတာ္ေကာင္းေတြကဒီေခ်ာက္ကမ္းပါးမွာထားခဲ့တာ....အဲ့အစား..စိတ္ပ်က္ဖို႔ေကာင္းတဲ့ဝက္ဝံစုတ္ေၾကာင့္ငါေလးေသေတာ့မလို႔....ဒီနည္းနဲ႔သာငါေသသြားရမယ္ဆိုရင္ငါအရမ္းညံ႕လို႔ပဲ။
အဲ့အစားေခ်ာက္ကမ္းပါးကေနျပဳတ္က်ၿပီးေသလိုက္တာကမွေကာင္းအံုးမယ္။
အ႐ူးေကာင္မွာေကာင္းမြန္တဲ့တိုက္ခိုက္နည္းေတြ႐ွိေနေပမယ့္လည္းဝက္ဝံ႐ိုင္းမွာတိရစၦာန္ျဖစ္သလို
အေကာင္လည္းႀကီးတာေၾကာင့္အင္အားအရအႏိုင္ရေနတယ္ဆိုတာကဝက္ဝံဆီကအကိုက္ခံရၿပီးျပတ္ထြက္လာတဲ့အ႐ိုးေတြကသက္ေသပဲေလ။ဝက္ဝံဟာ
အ႐ိုက္ခံလိုက္ရၿပီးလႊင့္ထြက္သြားခ်ိန္မွာေတာ့
ပတ္ဝန္းက်င္တစ္ခုလံုး႐ႈပ္ပြကာဖုန္ေတြထကုန္ေလသည္။
တိုက္ခိုက္ေနၾကတာကိုခဏေလးၾကည့္လိုက္ရံုနဲ႔တင္ဒီႏွစ္ေယာက္မွာအလြန္ၾကာေနၿပီျဖစ္တဲ့မေၾကနပ္ခ်က္ေတြေၾကာင့္မေၾကပြဲႏႊဲေနတာျဖစ္သလိုသူတို႔ဟာခုမွတိုက္ခိုက္ဖူးတဲ့သူေတြမဟုတ္ဘူးဆိုတာနားလည္လိုက္တယ္။
သူတို႔ႏွစ္ေယာက္ရဲ႕ပရိယာယ္နဲ႔လႈပ္႐ွားမႈေတြက
တူညီေနၾကတဲ့အတြက္ေၾကာင့္ခုထက္ထိအႏိုင္အ႐ႈံးကိုဆံုးျဖတ္လို႔မရန္ိုင္ေသး။
သစ္သားတုတ္အစားသြားကိုက္ရာႏွစ္ခုကိုသာငါငံု႔ၾကည့္မိလိုက္တယ္။ငါအခုေတြေဝေနတာကအ႐ူးေကာင္နဲ႔အတူတူဝက္ဝံကိုကူတ္ိုက္ေပးရင္ေကာင္းမလား...မေကာင္းဘူးလား..ဆိုတာပဲ။ငိုသံအက်ယ္ႀကီးနဲ႔ဝုန္းခနဲဆိုၿပီးက်ယ္ေလာင္စြာပစ္လဲသြားတဲ့အသံကိုၾကားလိုက္ရတဲ့အခါမွာေတာ့ငါအလ်င္အျမန္ပဲေျပးၾကည့္လိုက္တယ္။
ဝက္ဝံႀကီးဟာေသသြားၿပီျဖစ္ၿပီးအ႐ူးေကာင္ဟာဝက္ဝံရဲ႕ရင္ဘက္ေအာက္ကေနရုန္းကန္လွုပ္ရွားကာ
တြားသြားရင္းထြက္လာသည္။ယိုင္တိယိုင္တိုင္နဲ႔လမ္းေလ်ွာက္ရင္းသူငါ့ဆီကိုေျပးလာေလသည္။
သူ႔ရဲ႕နဖူးတစ္ေလ်ွာက္ကေတာ့ဝက္ဝံရဲ႕လက္သည္း
ကုတ္ရာေၾကာင့္ေသြးေတြစီးက်ေနသည္။
အဲ့အခ်ိန္မွာငါၿငိမ္းခ်မ္းျခင္းကိုခံစားလိုက္ရကာ
တုတ္ေခ်ာင္းဟာဆုတ္ကိုင္ထားရာမွလြတ္ထြက္ၿပီး
ေျမႀကီးေပၚသို႔"ေဒါင္"ဆိုတဲ့အသံနဲ႔အတူျပဳတ္က်သြားေလသည္။
"အဆင္ေျပသြားပါၿပီ...ငါဘာမွမျဖစ္ပါဘူး"
အဲ့အခိုက္အတန္႔မွာသူဘာလို႔ငါ့ကိုဂူအျပင္မထြက္ခိုင္းသလဲဆ္ုိတဲ့အေၾကာင္းအရင္းကိုနားလည္သြားတယ္။အဲ့တာကသူငါအေဝးကိုထြက္ေျပးသြားမွာစိုးလို႔မဟုတ္ပဲဝက္ဝံလိုမ်ိဳးသားရဲတိရစၦာန္ေကာင္ႀကီးေတြနဲ႔
ေတြ႔ၿပီးအနၱရာယ္႐ွိမွာစိုးတာပဲ။
ေသြးေပေနတဲ့လက္ေခ်ာင္းေတြကငါ့ပါးမို႔ေလးေတြကိုေျဖးညႇင္းစြာတို႔ထိလာၿပီးျပံဳးလာရင္း
"ငါ့အခ်စ္ေလးဘာမွမျဖစ္ဘူးပဲ...ေကာင္းလိုက္တာ"
သူ႔ရဲ႕ဒဏ္ရာရထားတဲ့နဖူးဟာေသြးေတြတစက္စက္က်ကာျမင္မေကာင္းတာေၾကာင့္အက်ီလက္အနားစကိုျဖဲကာပတ္တီးစည္းသလိုစည္းေပးလိုက္တယ္။
"ခင္ဗ်ားကိုယ္ခင္ဗ်ားပိုစိတ္ပူသင့္တာကို...ခင္ဗ်ားကအ႐ူးပဲ"
အ႐ူးဟာရယ္ရင္းငါ့လက္ကိုဆြဲကိုင္လာကာ
သူ႔ရဲ႕အၾကည့္ေတြဟာငါ့ဗိုက္ဆီကိုေရာက္လာၿပီး
"ကေလးေလးလည္းအဆင္ေျပတယ္မလား"
ငါသူ႔ကိုျပံဳးျပရင္းသက္ျပင္းမသိမသာခ်ကာ...
"အင္း....ကေလးလည္းအဆင္ေျပပါတယ္"
ငါ့စကားလည္းဆံုးေရာသူဟာအရင္ကထက္ပိုျပီး
တာက္ပစြာျပံဳးျပလာသည္။
(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)
97ေလးကေတာ့ေနာက္ဆံုးအၿပီးသတ္နားေလးကိုခ်စ္လိုက္တာ😢
ေရးတဲ့Authorက႐ိုး႐ိုးေလးနဲ႔ကိုရင္ထဲထိေအာင္
ပံုေဖာ္တတ္တယ္ಥ_ಥ
97ေလးupdateေနာက္က်တာဒါေလးနဲ႔ပဲေက်လိုက္ေတာ့ေနာ္ಥ_ಥ
Thank You For Reading💜
🐣97farine🐣
Unicode
ဂူထဲမှာပဲနေတာနှစ်လကျော်လာတဲ့အခါမှာတော့
အအေးဒဏ်ဟာသိသိသာသာကျဆင်းသွားပြီး
ငါ့ရဲ့ကျိုးနေတဲ့အရိုးတွေဟာလည်းပြန်လည်ကောင်းမွန်စပြုလာပေမယ့်ငါပစ္စည်းတွေကိုကောက်ယူဖို့ကြိုးစားလိုက်တဲ့အခါမှာတော့ငါ့ရဲ့လက်မောင်းတွေဟာဘာအားမှမရှိသလိုပဲ။
ဂူနံရံကိုအားပြုပြီးထရင်း......ခြေလှမ်းနှစ်လှမ်းလောက်စပြီးလှမ်းကြည့်လိုက်တော့.....
အတွင်းဒဏ်ရာတွေကအရိုးထဲကနေတဆစ်ဆစ်နဲ့ကိုက်လာတာကိုခံစားမိလိုက်တယ်။ငါဒီလိုအခြေအနေနဲ့သာဂူပြင်ကိုထွက်ခဲ့ရင်ကြောက်မိတာကငါဘယ်လောက်မှဝေးဝေးမသွားရသေးခင်အရူးကောင်ကငါ့ကိုပြန်ဖမ်းမိသွားမှာကိုပဲ။
ကျိုးနေတဲ့ခြေထောက်ကိုကောင်းနေတဲ့ခြေထောက်ပေါ်ချိတ်ထိုင်ရင်းသက်ပြင်းချလိုက်ပြီး
ငါ့ရဲ့ဒဏ်ရာတွေအကောင်းပတိပြန်သက်သာတဲ့အချိန်ကိုသာစောင့်နေဖို့ဆုံးဖြတ်လိုက်တယ်။ဒါမှသာငါလွတ်မြောက်နိုင်မှာ။
ငါအခုသွားလာလှုပ်ရှားလို့ရနေတာတောင်
ရိုင်းစိုင်းတဲ့ကောင်ကငါ့ကိုဂူပြင်ထွက်ဖို့ခွင့်မပြုခဲ့ဘူး။
ငါသာဂူအပြင်ထွက်ပြီးထွက်ပေါက်ကိုသာရှာဖွေနိုင်ခဲ့မယ်ဆိုရင်သူလိပ်ပြာလွှင့်ပြီးကျန်ခဲ့မှာစိုးလို့ထင်တယ်။
.......FlashBack........
"ခွင့်မပြုနိုင်ဘူး!!!!!!အပြင်ထွက်ဖို့ကို"
အဲ့စကားကိုသူထပ်တလဲလဲရေရွတ်ရင်းပြောလာကာ
ဒေါသတကြီးစိုက်ကြည့်လာပြီးလည်ပင်းဆန့်ကာ
အကြည့်လွှဲသွားလေသည်။
ငါအရမ်းကြောက်နေပေမယ့်သူငါ့ကိုစကားကြမ်းကြမ်းတွေအော်ပြီးပြောနေတာတောင်မှသူ့အပေါ်ငါဒေါသထွက်တာမျိုးရှိမနေဘူး။
Demonicဂိုဏ်းဝင်တစ်ယောက်အနေနဲ့
ငါအရာအားလုံးကိုအရှုံးခံလို့တော့မဖြစ်သလိုဘာကိုမှကြောက်ရွံနေစရာမှလည်းမရှိသလိုလက်ရှိဖြစ်နေတဲ့အခြေအနေနဲ့လိုက်လျောညီထွေနေတတ်ရမှာပေါ့။သူငါ့ကိုအရူးထပြီး"အချစ်ကလေး"လို့ခေါ်လိုက်တိုင်းငါသည်းမခံနိုင်ဘဲကန်လိုက်ရင်းအေးစက်စက်အကြည့်တွေနဲ့စိုက်ကြည့်ပစ်လိုက်တယ်။
အဲ့လိုအခိုက်အတန့်ကိုကြုံရတိုင်းသူကသားရဲဝံပုလွေကောင်ကြီးပုံစံဖြစ်;ဖြစ်သွားတာကြောင့်ငါ့အတွက်တော့သူ့ရဲ့အမိန့်တွေကိုနာခံဖို့သာဖြစ်လာတယ်။
ခုလက်ရှိအခြေအနေကအခွင့်မသာသေးဘူး။
ကျိုးနေတဲ့ငါ့ရဲ့ခြေလက်အင်္ဂါတွေအကောင်းအတိုင်းပြန်ဖြစ်လာပြီဆိုရင်တော့ငါသူ့ကိုပြိုလဲသွားအောင်ကို
တန်ပြန်တိုက်စစ်ဆင်မယ်။
ငါသူ့ကိုဘာမှခံပြောမနေတော့ဘဲကျောပေးကာ
တဖက်လှည့်ထိုင်နေလိုက်တယ်။သူရဲ့ခြေသံဟာငါနဲ့
တဖြေးဖြေးနီးလာပေမယ့်ခပ်မြန်မြန်ပဲသူပြန်လှည့်ထွက်သွားတယ်။ဒါပေမယ့်မကြာပါဘူး...သူငါ့ဆီကိုပြန်လှည့်လာတာပဲလေ။
"အချစ်ကလေး"
သူဂရုတစိုက်နဲ့လက်မောင်းကိုလာတို့ရင်းခေါ်လာ
တော့ငါမျက်လုံးကိုမှိတ်အိပ်ချင်ယောင်ဆောင်ပြီးသူ့ကိုလျစ်လျူ ရှုလိုက်တာကြောင့်နောက်ထပ်လာမတို့တော့ဘူး။ဂူရဲ့တစ်ဖက်မှာရှိတဲ့သူ့နေရာကိုရွေ့သွားတဲ့အသံကိုနားထောင်နေရင်းငါအိပ်ဖို့ပြင်လိုက်တယ်။
နောက်နေ့မနက်ငါနိုးလာပြီးလှည့်ကြည့်လိုက်တော့
ကျောက်ပြားပေါ်မှာအစိမ်းရောင်နဲ့အပြာရောင်တွေကိုမြင်လိုက်ရတာကြောင့်ငါအံ့သြသွားပေမယ့်သေသေချာချာကြည့်လိုက်တဲ့အခါမှာတော့အပြာရောင်နဲ့အစိမ်းရောင်ဟာအပြာရောင်ပန်းတွေဆိုတာသိလိုက်ရတယ်။
အရူးကောင်ဟာတကယ်ကိုရူးခါနေပေမယ့်မိန်းမတစ်ယောက်ကိုဘယ်လိုရည်စားစကားပြောရမလဲဆိုတာကိုတော့သိသေးတာပဲ။
ပန်းစည်းကိုလက်မှာကိုင်ထားပြီးခဏအကြာမှာတော့နှာခေါင်းကယားကျိကျိဖြစ်လာတာကိုခံစားလာရပြီးခပ်ပြင်းပြင်းနှာချေလိုက်မိတယ်။
နှာခေါင်းကိုလက်နဲ့အသာအယာအုပ်ရင်းနောက်ဘက်မှာရှိတဲ့သစ်သားခြံစည်းရိုးနားကိုသွားစိုက်ထားလိုက်တော့ခြံစည်းရိုးထဲမှာရှိနေတဲ့ယုန်မဟာပြေးလာပြီးကျယ်လောင်စွာအော်မြည်ကာပန်းစည်းကိုဝါးစားလိုက်တယ်။
.......Flash End.......
အဲ့အကြောင်းအရင်းကြောင့်ငါဂူထဲမှာလှည့်ပတ်သွားလာနေလို့ရပေမယ့်ဂူပြင်ကိုတော့ခြေလှမ်းတစ်လှမ်းတောင်လှမ်းခွင့်မပေးတော့ဘူး။
နေ့တိုင်းအရူးကောင်ဟာအပြင်ထွက်ပြီးအစာရှာဖွေနေချိန်မှာငါတစ်ယောက်တည်းပျင်းရိစဖွယ်ကောင်းတဲ့အခြေအနေနဲ့ကျန်ခဲ့ရတာချည်းပဲ။
ဒါကြောင့်ငါစိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီးယုန်မနဲ့စကားပြောဖို့ကြံလိုက်တယ်။
ယုန်မကိုနို့ထိန်းNurseအနေနဲ့သတ်မှတ်ထားလို့သာသူဒီဂူထဲမှာနေနိုင်နေတာ။
ယုန်မဟာအစားတွေပုံမှန်စားရင်းဘာအလုပ်မှမလုပ်ရဘဲအနားရနေတာကြောင့်အရင်ကထက်ကိုဝလာသလိုဒဏ်ရာရနေတဲ့ခြေထောက်ဟာလည်းအရင်ကထက်ကောင်းမွန်လာပြီ။
"မင်းကငါ့ထက်ပိုပြီးနလန်ထူတာမြန်တာပဲကွ..humm"
ယုန်မကိုသစ်သီးတွေကျွေးရင်းစကားပြောနေမိသည်။
သစ်သီးကိုဝါးစားနေတဲ့အချိန်အတွင်းလက်ရှိအခြေအနေကိုလျစ်လျူရှုကာကိုယ့်ကိုကိုယ်စကားပြန်ပြောနေမိတာက....
"မကြာခင်မှာပဲငါထွက်သွားရတော့မယ်...ဒါပေမယ့်
မသွားခင်ငါလုပ်ရမှာကမင်းကိုလွှတ်ပေးရမယ်
သူ့သားမရှိရင်မင်းကမလိုတော့ဘူးဆိုတော့မင်းကသေချာပေါက်ကိုအသားတုံးဖြစ်ပြီးချက်စားခံရမှာ"
ယုန်မကငါပြောနေတဲ့စကားတွေကိုနားလည်သလိုပုံစံနဲ့အစာစားနေရာမှရပ်သွားပြီးနားရွက်လေးလှုပ်ကာ
ငါ့ကိုကြည့်လာသည်။
"မင်းအခုကြောက်နေပြီမလား?"
ရုတ်တရက်ယုန်မဟာတစ်ကိုယ်လုံးတဆက်ဆက်တုန်ယင်လာပြီးကြောက်လန့်တကြားအော်လာသည်။ကြောက်ရွံ့နေတဲ့ယုန်မကိုချီပြီးပိုက်ထားရင်းခပ်ဖြေးဖြေးလေးကိုယ်လုံးကိုပွတ်သပ်ပေးပြီးတော့
"မင်းအရမ်းကြောက်နေစရာမလိုပါဘူး"
ငါဒီလိုပြောလိုက်ပေမယ့်ဆိုးဝါးတဲ့ကိစ္စတစ်ခုတော့ဖြစ်တော့မယ်ဆိုတာကိုကြိုသိနေတယ်။
ငါအနားရှိတဲ့ခုခံစရာတစ်ခုခုကိုယူလာရင်း
ဂူပေါက်ဝကိုလှည့်ပတ်ကြည့်ရှုပြီးနောက်သစ်သား
တုတ်ချောင်းနားကိုရောက်လာတယ်။
အဲ့ဒီနောက်မှာ....ငါစိတ်ထဲထင့်နေတယ့်ဆိုးဝါးတဲ့ကိစ္စတစ်ခုဟာဖြစ်ပျက်လာပါတော့တယ်။အလွန်ကြီးမားတဲ့ပါးစပ်တစ်ခုဟာထွက်ပေါက်မှာဟနေတယ်။
အဲ့ပါးစပ်ကသွားရည်တွေတစက်စက်နဲ့ကျနေပြီး
မျက်လုံးတွေဟာလည်းကန်းနေကာဒေါသအလွန်ထွက်နေတဲ့ပုံကိုကြည့်ရတာသာမန်တော့ဟုတ်မယ်မထင်ဘူး။ကြီးမားလှတဲ့ပါးစပ်ကြီးဟာဝက်ဝံရိုင်းတစ်ကောင်ရဲ့ပါးစပ်ပဲ။
"ဘုရားသခင်ကငါ့ကိုသေစေချင်နေတာလား"
ငါဆွံ့အစွာဝက်ဝံကိုကြည့်ရင်းဒီစကား5လုံးသာရေရွတ်နိုင်တော့တယ်။
မိန်းမောတွေဝေနေရာမှသတိဝင်လာအောင်လုပ်ပြီး
အသက်ပြင်းပြင်းရှုရင်းခြံစည်းရိုးကိုဖြတ်ကျော်လာခဲ့တယ်။ငါစဉ်းစားမိလိုက်တာကဂူထဲမှာဆူဖြိုးနေတဲ့သမင်တစ်ကောင်သာရှိနေခဲ့ရင်ဝက်ဝံရဲ့ရန်ကနေငါ့ကိုယ်ငါကာကွယ်နိုင်လိမ့်မယ်လို့။့ငါ့ရဲ့အချိန်အနည်းငယ်ကိုယုန်မကိုကယ်တင်ဖို့အတွက်သုံးရင်း
အကြောင်းအရာတွေကိုဆက်စပ်တွေးမိလိုက်တော့..
ငါတကယ်အတာပဲ!!ဒီမှာမျက်ကန်းဝက်ဝံအတွက်အစာမှမရှိတာကို။
ကြီးမားလှတဲ့ကိုယ်လုံးကိုကျုံ့ပြီးတွင်းပေါက်ထဲကိုဆင်းလိုက်တော့ဂူထဲမှာမမြင်ရတဲ့အလင်းရောင်ကိုမြင်လိုက်ရတဲ့အခါမှာယုန်မဟာသည်းထန်စွာငိုလာတယ်။ယုန်မငိုနေတာကိုကြည့်ရင်းငါစိတ်အနှောင့်အယှတ်ဖြစ်နေချိန်မှာပဲ
"Roar!!!"
ဝက်ဝံဟာဟိန်းဟောက်ရင်းငါ့ရှိနေတဲ့နေရာကိုတန်းတန်းမက်မက်ပြေးလာနေတယ်။
ငါသွားတွေတဆက်ဆက်ရိုက်နေရာမှအလျင်အမြတ်ပဲတုတ်ချောင်းကိုကိုင်ရင်းတိုက်ခိုက်ဖို့ပြင်လိုက်တယ်။ငါ့ကိုယ်ဟာအပြည့်အဝမလှုပ်ရှားနိုင်သေးပေမယ့်အနည်းဆုံးတော့လက်နဲ့ခြေထောက်တွေလှုပ်လို့ရသေးတာပဲ။ငါတိုက်ခိုက်ပစ်လိုက်မယ်ဆိုရင်
နိုင်နိုင်ခြေရှိနေတာကိုမတိုက်ခိုက်ဘဲနဲ့ငါ့ကို
အရူးကောင်လာကယ်ဖို့အတွက်သာအော်ခေါ်နေလိုက်မိတယ်။
ရုတ်တရက်ဆိုသလိုဝက်ဝံဟာငါ့အပေါ်ခုန်အုပ်လာပြီးသူ့ရဲ့ထက်လှတဲ့သွားတွေနဲ့ငါ့လည်ပင်းကိုကိုက်ဖို့
ကြိုးစားလာပြီးဝက်ဝံဟာပါးစပ်ဟလိုက်ရုံနဲ့တင်ပါးစပ်ထဲကပုပ်အက်အက်အနံ့တွေကထွက်ပေါ်လာတယ်။
ငါအလျင်အမြန်ပဲလက်ထဲမှာကိုင်ထားတဲ့တုတ်ကို
ဝက်ဝံရဲ့ဟနေတဲ့ပါးစပ်ကိုထောက်တိုင်ပုံစံမျိုးထိုးထည့်လိုက်ပြီး....ငါ့ရဲ့အတွင်းအားတွေကိုစုစည်းပြီး
ဝက်ဝံကိုတိုက်ခိုက်ဖို့ပြင်လိုက်ပေမယ့်ငါအရမ်းကို
ကြောက်လန့်နေတာကြောင့်qiကိုအပြည့်အဝဆင့်ခေါ်လို့မရဘူးဖြစ်နေတယ်။ငါ့လက်တွေသက်သာစပြုလာတာက60%70%လောက်ပဲရှိသေးတာကြောင့်
အလွန်ကြီးမားတဲ့အားသာသူ့တို့အပေါ်သက်ရောက်မှုပေးလိုက်ရင်ရုတ်တရက်ဆိုသလို
အမှုန့်တွေကိုဇကာထဲကခါချသလိုမျိုးလှုပ်ခါလာလိမ့်မယ်။
ဝက်ဝံနဲ့ငါအပြန်အလှန်သတ်ပုတ်နေချိန်ဂူအဝင်ပေါက်ကနေရှပ်တိုက်ပြီးတစ်စုံတစ်ယောက်ဝင်လာတဲ့အသံကိုကြားလိုက်ရတယ်။ထို့နောက်အားအင်ပြည့်ဝသွားတဲ့ငါလက်တွေဟာအရောင်လက်သွားပေမယ့်
ဝက်ဝံကတော့အသံကြားရာကိုကမူးရူးတိုးပြေးသွားလေသည်။
ဆေးရောင်ခြယ်ထားတဲ့မြေကြီးပေါ်ငါပစ်လှဲချလိုက်မိတယ်။ငါအခုအသက်ဘေးကနေသီသီလေးလွတ်သွားတာပဲ။ထိုအရာငါရောက်မလာခဲ့ရင်ဆိုတဲ့အတွေးနဲ့အတူအရူးကောင်နဲ့ဝက်ဝံအသေအကြေသတ်ပုတ်နေတဲ့ဂူအဝင်ပေါက်ကိုလှမ်းကြည့်မိလိုက်တယ်။အကယ်၍အရူးကောင်သာအချိန်မှီရောက်မလာခဲ့ဘူးဆိုရင်သေသွားမှာကြောက်တယ့်ငါ့အတွက်
ဒီနေ့ဟာသေနေ့စေ့တဲ့နေ့ပဲ။
အသက်မသေအောင်လို့ဖြောင့်မတ်တဲ့သူတော်ကောင်းတွေကဒီချောက်ကမ်းပါးမှာထားခဲ့တာ....အဲ့အစား..စိတ်ပျက်ဖို့ကောင်းတဲ့ဝက်ဝံစုတ်ကြောင့်ငါလေးသေတော့မလို့....ဒီနည်းနဲ့သာငါသေသွားရမယ်ဆိုရင်ငါအရမ်းညံ့လို့ပဲ။
အဲ့အစားချောက်ကမ်းပါးကနေပြုတ်ကျပြီးသေလိုက်တာကမှကောင်းအုံးမယ်။
အရူးကောင်မှာကောင်းမွန်တဲ့တိုက်ခိုက်နည်းတွေရှိနေပေမယ့်လည်းဝက်ဝံရိုင်းမှာတိရစ္ဆာန်ဖြစ်သလို
အကောင်လည်းကြီးတာကြောင့်အင်အားအရအနိုင်ရနေတယ်ဆိုတာကဝက်ဝံဆီကအကိုက်ခံရပြီးပြတ်ထွက်လာတဲ့အရိုးတွေကသက်သေပဲလေ။ဝက်ဝံဟာ
အရိုက်ခံလိုက်ရပြီးလွှင့်ထွက်သွားချိန်မှာတော့
ပတ်ဝန်းကျင်တစ်ခုလုံးရှုပ်ပွကာဖုန်တွေထကုန်လေသည်။
တိုက်ခိုက်နေကြတာကိုခဏလေးကြည့်လိုက်ရုံနဲ့တင်ဒီနှစ်ယောက်မှာအလွန်ကြာနေပြီဖြစ်တဲ့မကြေနပ်ချက်တွေကြောင့်မကြေပွဲနွှဲနေတာဖြစ်သလိုသူတို့ဟာခုမှတိုက်ခိုက်ဖူးတဲ့သူတွေမဟုတ်ဘူးဆိုတာနားလည်လိုက်တယ်။
သူတို့နှစ်ယောက်ရဲ့ပရိယာယ်နဲ့လှုပ်ရှားမှုတွေက
တူညီနေကြတဲ့အတွက်ကြောင့်ခုထက်ထိအနိုင်အရှုံးကိုဆုံးဖြတ်လို့မရနိုင်သေး။
သစ်သားတုတ်အစားသွားကိုက်ရာနှစ်ခုကိုသာငါငုံ့ကြည့်မိလိုက်တယ်။ငါအခုတွေဝေနေတာကအရူးကောင်နဲ့အတူတူဝက်ဝံကိုကူတိုက်ပေးရင်ကောင်းမလား...မကောင်းဘူးလား..ဆိုတာပဲ။ငိုသံအကျယ်ကြီးနဲ့ဝုန်းခနဲဆိုပြီးကျယ်လောင်စွာပစ်လဲသွားတဲ့အသံကိုကြားလိုက်ရတဲ့အခါမှာတော့ငါအလျင်အမြန်ပဲပြေးကြည့်လိုက်တယ်။
ဝက်ဝံကြီးဟာသေသွားပြီဖြစ်ပြီးအရူးကောင်ဟာဝက်ဝံရဲ့ရင်ဘက်အောက်ကနေရုန်းကန်လှုပ်ရှားကာ
တွားသွားရင်းထွက်လာသည်။ယိုင်တိယိုင်တိုင်နဲ့လမ်းလျှောက်ရင်းသူငါ့ဆီကိုပြေးလာလေသည်။
သူ့ရဲ့နဖူးတစ်လျှောက်ကတော့ဝက်ဝံရဲ့လက်သည်း
ကုတ်ရာကြောင့်သွေးတွေစီးကျနေသည်။
အဲ့အချိန်မှာငါငြိမ်းချမ်းခြင်းကိုခံစားလိုက်ရကာ
တုတ်ချောင်းဟာဆုတ်ကိုင်ထားရာမှလွတ်ထွက်ပြီး
မြေကြီးပေါ်သို့"ဒေါင်"ဆိုတဲ့အသံနဲ့အတူပြုတ်ကျသွားလေသည်။
"အဆင်ပြေသွားပါပြီ...ငါဘာမှမဖြစ်ပါဘူး"
အဲ့အခိုက်အတန့်မှာသူဘာလို့ငါ့ကိုဂူအပြင်မထွက်ခိုင်းသလဲဆိုတဲ့အကြောင်းအရင်းကိုနားလည်သွားတယ်။အဲ့တာကသူငါအဝေးကိုထွက်ပြေးသွားမှာစိုးလို့မဟုတ်ပဲဝက်ဝံလိုမျိုးသားရဲတိရစ္ဆာန်ကောင်ကြီးတွေနဲ့
တွေ့ပြီးအန္တရာယ်ရှိမှာစိုးတာပဲ။
သွေးပေနေတဲ့လက်ချောင်းတွေကငါ့ပါးမို့လေးတွေကိုဖြေးညှင်းစွာတို့ထိလာပြီးပြုံးလာရင်း
"ငါ့အချစ်လေးဘာမှမဖြစ်ဘူးပဲ...ကောင်းလိုက်တာ"
သူ့ရဲ့ဒဏ်ရာရထားတဲ့နဖူးဟာသွေးတွေတစက်စက်ကျကာမြင်မကောင်းတာကြောင့်အကျီလက်အနားစကိုဖြဲကာပတ်တီးစည်းသလိုစည်းပေးလိုက်တယ်။
"ခင်ဗျားကိုယ်ခင်ဗျားပိုစိတ်ပူသင့်တာကို...ခင်ဗျားကအရူးပဲ"
အရူးဟာရယ်ရင်းငါ့လက်ကိုဆွဲကိုင်လာကာ
သူ့ရဲ့အကြည့်တွေဟာငါ့ဗိုက်ဆီကိုရောက်လာပြီး
"ကလေးလေးလည်းအဆင်ပြေတယ်မလား"
ငါသူ့ကိုပြုံးပြရင်းသက်ပြင်းမသိမသာချကာ...
"အင်း....ကလေးလည်းအဆင်ပြေပါတယ်"
ငါ့စကားလည်းဆုံးရောသူဟာအရင်ကထက်ပိုပြီး
တာက်ပစွာပြုံးပြလာသည်။
(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)
97လေးကတော့နောက်ဆုံးအပြီးသတ်နားလေးကိုချစ်လိုက်တာ😢
ရေးတဲ့Authorကရိုးရိုးလေးနဲ့ကိုရင်ထဲထိအောင်
ပုံဖော်တတ်တယ်ಥ_ಥ
97လေးupdateနောက်ကျတာဒါလေးနဲ့ပဲကျေလိုက်တော့နော်ಥ_ಥ
Thank You For Reading💜
🐣97farine🐣