(Zawgyi)
"အားယန္! အားယန္! ဆရာတူညီေလး"
ေ႐ွာင္႐ွင္းတစ္ေယာက္ ညင္သာလွစြာေသာေခၚသံတစ္ခုေၾကာင့္ ပ်ံ့လြင့္ေနသည့္စိတ္အာရံုတို႔ကိုစုစည္းမိသည္။ ပိတ္ထားသည့္မ်က္လံုးအစံုတို႔ကိုဖြင့္ၾကည့္ရန္ ႀကိဳးစားသည့္အခါ စူး႐ွ႐ွေနေရာင္က မ်က္လံုးထဲသို႔ျဖတ္ေျပး၀င္ေရာက္လာသည္။
"အားယန္ သတိရၿပီလား!"
စိုးရိမ္တစ္ႀကီးေခၚေနေသာသူ၏အသံအား ေ႐ွာင္႐ွင္းမမွတ္မိေခ်။ မည္သူမည္၀ါမသိေသာ္လည္း ေ႐ွာင္႐ွင္းအား အလြန္စိတ္ပူေနပံုပင္။
"အ-အင္း"
မ်က္လံုးတို႔ကိုပြတ္ရင္း ပတ္၀န္းက်င္ကိုေ၀့၀ဲၾကည့္လိုက္သည့္အခါမွာေတာ့ ေ႐ွာင္႐ွင္းတစ္ေယာက္ လန္႔ဖ်န္႔သြားရသည္။ အျဖဴေရာင္ ၀တ္ရံု႐ွည္ေတြကို၀တ္ဆင္ထားသည့္ လူသားႏွစ္ေယာက္က ေ႐ွာင္႐ွင္းကိုၾကည့္ေနသည္။ ေ႐ွာင္႐ွင္း႐ွိေနသည္က ကုတင္တစ္ခုေပၚမွာ။
"ဆရာတူညီေလး သတိထား!!"
ျဖဴလြလြ၀တ္ရံုႏွင့္လူ ေအာ္လိုက္ေသာ္လည္း အခ်ိန္မမွီလိုက္ေတာ့။
အံ့ျသမႈနဲ႔ေၾကာက္ရြံ႔မႈတို႔ေပါင္းၿပီး လန္႔သြားတဲ့ ေ႐ွာင္႐ွင္း အေလာတႀကီး ေနာက္ကိုဆုတ္ရင္း ကုတင္ေပၚမွျပဳတ္က်သြားသည္။
"မ-မင္းတို႔ကဘယ္သူေတြလဲ။ ငါကေကာဘယ္ေရာက္ေနတာလဲ"
ထူေပးရန္ႀကိဳးစားလာေသာသူ ႏွစ္ေယာက္ကို ေ႐ွာင္႐ွင္းေမးမိသည္။ ထူးထူးဆန္းဆန္းေနရာတစ္ခုမွာ ႏိုးလာသည္ဆိုကတည္းက အေၾကာင္းျပခ်က္ေကာင္းေကာင္းတစ္ခုေတာ့႐ွိရမည္ေလ။
"အားယန္။ အစ္ကိုတို႔ကို မမွတ္မိဘူးလား"
ေ႐ွာင္႐ွင္းႏိုးႏိုးျခင္းေတြ႔မိသည့္ အမည္မသိလူက ေျပာလာသည္။ သူလည္းအံ့ျသသြားပံုပင္။
အျဖဴႏွင့္အျပာေရာစပ္ထားသည့္ ေ႐ွးေခတ္ ၀တ္စံုတို႔ကို ခန္႔ညားေသသပ္စြာ၀တ္ထားသည့္လူႏွစ္ေယာက္မွာ နတ္သားမ်ားအလားေခ်ာေမာၾကသည္။ တစ္ခဏေလာက္ေတြေ၀ေငးေမာေနၿပီးေနာက္မွာေတာ့ ေ႐ွာင္႐ွင္းလည္ေခ်ာင္းမွ စကားလံုးအခ်ိဳ႕ထြက္က်လာသည္။
"မမွတ္မိဘူး။ မင္းတို႔ကဘယ္သူေတြလဲ။ ငါကဒီကိုဘယ္လိုေရာက္လာတာလဲ"
"ငါတို႔ကမင္းရဲ႕ ဆရာတူအစ္ကိုေတြေလ။ မေန႔က ညခင္းေတာလိုက္ရင္း မင္းဒဏ္ရာရၿပီး ေမ့ေျမာသြားတာေလ။ ဘာတစ္ခုမွ မမွတ္မိဘူးလား"
ေနာက္ခပ္လွမ္းလွမ္းတြင္ရပ္ေနသည့္သူကပါ၀င္ေျပာလာသည္။ ေ႐ွာင္႐ွင္း အမွန္ပင္ေၾကာင္အသြားရပါ၏။ သူ႔ဘ၀တြင္ဤအျဖစ္မ်ိဳးျဖစ္ဖို႔ မဆိုထားႏွင့္ ၾကားပင္မၾကားဖူးသည့္အေၾကာင္းအရာမ်ားျဖစ္သည္။ အဲ ၀တၱဳထဲမွာ ဖတ္ဖူးတာေတြကလြဲလို႔ေပါ့။
"ငါတစ္ကယ္ဘာမွမသိဘူး"
အျဖဴေရာင္လူႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္'ဘာလုပ္ၾကမလဲ' ဆိုသည့္အေမးမ်ိဳးပါသည့္ အၾကည့္တို႔ျဖင့္ၾကည့္လိုက္ၾကသည္။
"အားယန္ စိတ္ေအးေအးထားၿပီး အရင္ဆံုး ကုတင္ေပၚမွာေသခ်ာထိုင္ပါဦး။ ၿပီးရင္ အစ္ကိုတို႔ေသခ်ာစကားေျပာၾကတာေပါ့"
ေ႐ွာင္႐ွင္းေ႐ွ႕မွလူက လဲက်ေနသည့္ ေ႐ွာင္႐ွင္းကိုကုတင္ေပၚ တြဲထူရင္း ေရတစ္ခြက္ပါကမ္းေပးလာသည္။
"အားယန္။ မင္းသိသမ်ွ အစ္ကိုတို႔ကိုေျပာျပပါလား။ မင္းေခါင္းထဲမွာ႐ွိသမ်ွအေၾကာင္းအရာေတြ အကုန္လံုး"
ေ႐ွာင္႐ွင္းရဲ႕မ်က္လံုးေတြကို ေသခ်ာၾကည့္ရင္းေျပာလာသည့္ထိုလူကို ေ႐ွာင္ေ႐ွာင္းမယံုသကၤာႏွင့္ၾကည့္မိေသာ္လည္း သူ႔မ်က္ႏွာမွာ အလိမ္အညာစိုးစဥ္မ်ွမ႐ွိေခ်။ ေနရာထူးထူးဆန္းဆန္းကိုေရာက္ေနၿပီပဲ ေျပာျပလိုက္ရံုကလြဲလို႔ဘာလုပ္ႏုိင္မွာတဲ့လဲ။
"ငါ့နာမည္က ေ႐ွာင္႐ွင္း။ ငါ့အသက္က ၁၆ ႏွစ္။ ငါ့အေဖအေမေတြက မ႐ွိေတာ့ဘူး။ ေပက်င္းမွာ ငါ့ရဲ႕ေမြးစားအေဒၚနဲ႔ေနတယ္။"
ေ႐ွာင္႐ွင္းသူ၏အေၾကာင္းကို အက်ဥ္းခ်ံဳးေျပာၿပီးေနာက္မွာေတာ့ ၀တ္ရံုျဖဴႏွစ္ေယာက္က စိတ္႐ႈပ္သြားပံုပင္။ အျပန္အလွန္ၾကည့္ၿပီး ေခါင္းခါလိုက္ၾကသည္။
"မင္းတို႔ကေကာ။ မင္းတို႔အေၾကာင္းကိုလည္း ေျပာျပေလ"
"အင္း။ အစ္ကိုက လန္စစ္ေကြၽး။ သူက လန္က်င့္ရီ။ အစ္ကိုတို႔က ကူစူးလန္ဂိုဏ္းကဂိုဏ္းသားေတြ"
ေ႐ွာင္႐ွင္း ခႏၶာကိုယ္ထဲမွ ၀ိဥာဏ္လြင့္ထြက္သြားသလိုခံစားလိုက္ရသည္။
"ကူ-ကူစူးလန္?"
___into the cultivation world________
[Unicode]
"အားယန်! အားယန်! ဆရာတူညီလေး"
ရှောင်ရှင်းတစ်ယောက် ညင်သာလှစွာသောခေါ်သံတစ်ခုကြောင့် ပျံ့လွင့်နေသည့်စိတ်အာရုံတို့ကိုစုစည်းမိသည်။ ပိတ်ထားသည့်မျက်လုံးအစုံတို့ကိုဖွင့်ကြည့်ရန် ကြိုးစားသည့်အခါ စူးရှရှနေရောင်က မျက်လုံးထဲသို့ဖြတ်ပြေးဝင်ရောက်လာသည်။
"အားယန် သတိရပြီလား!"
စိုးရိမ်တစ်ကြီးခေါ်နေသောသူ၏အသံအား ရှောင်ရှင်းမမှတ်မိချေ။ မည်သူမည်ဝါမသိသော်လည်း ရှောင်ရှင်းအား အလွန်စိတ်ပူနေပုံပင်။
"အ-အင်း"
မျက်လုံးတို့ကိုပွတ်ရင်း ပတ်ဝန်းကျင်ကိုဝေ့၀ဲကြည့်လိုက်သည့်အခါမှာတော့ ရှောင်ရှင်းတစ်ယောက် လန့်ဖျန့်သွားရသည်။ အဖြူရောင် ဝတ်ရုံရှည်တွေကိုဝတ်ဆင်ထားသည့် လူသားနှစ်ယောက်က ရှောင်ရှင်းကိုကြည့်နေသည်။ ရှောင်ရှင်းရှိနေသည်က ကုတင်တစ်ခုပေါ်မှာ။
"ဆရာတူညီလေး သတိထား!!"
ဖြူလွလွဝတ်ရုံနှင့်လူ အော်လိုက်သော်လည်း အချိန်မမှီလိုက်တော့။
အံ့သြမှုနဲ့ကြောက်ရွံ့မှုတို့ပေါင်းပြီး လန့်သွားတဲ့ ရှောင်ရှင်း အလောတကြီး နောက်ကိုဆုတ်ရင်း ကုတင်ပေါ်မှပြုတ်ကျသွားသည်။
"မ-မင်းတို့ကဘယ်သူတွေလဲ။ ငါကကောဘယ်ရောက်နေတာလဲ"
ထူပေးရန်ကြိုးစားလာသောသူ နှစ်ယောက်ကို ရှောင်ရှင်းမေးမိသည်။ ထူးထူးဆန်းဆန်းနေရာတစ်ခုမှာ နိုးလာသည်ဆိုကတည်းက အကြောင်းပြချက်ကောင်းကောင်းတစ်ခုတော့ရှိရမည်လေ။
"အားယန်။ အစ်ကိုတို့ကို မမှတ်မိဘူးလား"
ရှောင်ရှင်းနိုးနိုးခြင်းတွေ့မိသည့် အမည်မသိလူက ပြောလာသည်။ သူလည်းအံ့သြသွားပုံပင်။
အဖြူနှင့်အပြာရောစပ်ထားသည့် ရှေးခေတ် ဝတ်စုံတို့ကို ခန့်ညားသေသပ်စွာဝတ်ထားသည့်လူနှစ်ယောက်မှာ နတ်သားများအလားချောမောကြသည်။ တစ်ခဏလောက်တွေဝေငေးမောနေပြီးနောက်မှာတော့ ရှောင်ရှင်းလည်ချောင်းမှ စကားလုံးအချို့ထွက်ကျလာသည်။
"မမှတ်မိဘူး။ မင်းတို့ကဘယ်သူတွေလဲ။ ငါကဒီကိုဘယ်လိုရောက်လာတာလဲ"
"ငါတို့ကမင်းရဲ့ ဆရာတူအစ်ကိုတွေလေ။ မနေ့က ညခင်းတောလိုက်ရင်း မင်းဒဏ်ရာရပြီး မေ့မြောသွားတာလေ။ ဘာတစ်ခုမှ မမှတ်မိဘူးလား"
နောက်ခပ်လှမ်းလှမ်းတွင်ရပ်နေသည့်သူကပါဝင်ပြောလာသည်။ ရှောင်ရှင်း အမှန်ပင်ကြောင်အသွားရပါ၏။ သူ့ဘဝတွင်ဤအဖြစ်မျိုးဖြစ်ဖို့ မဆိုထားနှင့် ကြားပင်မကြားဖူးသည့်အကြောင်းအရာများဖြစ်သည်။ အဲ ဝတ္တုထဲမှာ ဖတ်ဖူးတာတွေကလွဲလို့ပေါ့။
"ငါတစ်ကယ်ဘာမှမသိဘူး"
အဖြူရောင်လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်'ဘာလုပ်ကြမလဲ' ဆိုသည့်အမေးမျိုးပါသည့် အကြည့်တို့ဖြင့်ကြည့်လိုက်ကြသည်။
"အားယန် စိတ်အေးအေးထားပြီး အရင်ဆုံး ကုတင်ပေါ်မှာသေချာထိုင်ပါဦး။ ပြီးရင် အစ်ကိုတို့သေချာစကားပြောကြတာပေါ့"
ရှောင်ရှင်းရှေ့မှလူက လဲကျနေသည့် ရှောင်ရှင်းကိုကုတင်ပေါ် တွဲထူရင်း ရေတစ်ခွက်ပါကမ်းပေးလာသည်။
"အားယန်။ မင်းသိသမျှ အစ်ကိုတို့ကိုပြောပြပါလား။ မင်းခေါင်းထဲမှာရှိသမျှအကြောင်းအရာတွေ အကုန်လုံး"
ရှောင်ရှင်းရဲ့မျက်လုံးတွေကို သေချာကြည့်ရင်းပြောလာသည့်ထိုလူကို ရှောင်ရှောင်းမယုံသင်္ကာနှင့်ကြည့်မိသော်လည်း သူ့မျက်နှာမှာ အလိမ်အညာစိုးစဉ်မျှမရှိချေ။ နေရာထူးထူးဆန်းဆန်းကိုရောက်နေပြီပဲ ပြောပြလိုက်ရုံကလွဲလို့ဘာလုပ်နိုင်မှာတဲ့လဲ။
"ငါ့နာမည်က ရှောင်ရှင်း။ ငါ့အသက်က ၁၆ နှစ်။ ငါ့အဖေအမေတွေက မရှိတော့ဘူး။ ပေကျင်းမှာ ငါ့ရဲ့မွေးစားအဒေါ်နဲ့နေတယ်။"
ရှောင်ရှင်းသူ၏အကြောင်းကို အကျဉ်းချုံးပြောပြီးနောက်မှာတော့ ဝတ်ရုံဖြူနှစ်ယောက်က စိတ်ရှုပ်သွားပုံပင်။ အပြန်အလှန်ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။
"မင်းတို့ကကော။ မင်းတို့အကြောင်းကိုလည်း ပြောပြလေ"
"အင်း။ အစ်ကိုက လန်စစ်ကျွေး။ သူက လန်ကျင့်ရီ။ အစ်ကိုတို့က ကူစူးလန်ဂိုဏ်းကဂိုဏ်းသားတွေ"
ရှောင်ရှင်း ခန္ဓာကိုယ်ထဲမှ ဝိဉာဏ်လွင့်ထွက်သွားသလိုခံစားလိုက်ရသည်။
"ကူ-ကူစူးလန်?"