Unicode
အပိုင်း-၁၇ နာကျင်ခြင်းဘဝ
မနက်ခင်းကြည်လင်သော ကောင်းကင်မှ နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ဖြာကျလျက်ရှိသည်။
တည်းခိုဆောင်အပြင်ဘက်တွင် မနက်ခင်းဈေးသည်များ ကုန်ပစ္စည်းရောင်းဝယ်ကြသူများဖြင့် စည်ကားနေသည်။
စုန့်ကျိရန်မှာလဲ ခေါက်တုန့်ခေါက်ပြန် လျှောက်နေပြီး ပါးစပ်မှလဲ တရစပ် တစ်ကိုယ်ကြားပြောနေသည်။
"မိုးလင်းနေပြီ ဘာလို့ ထွက်မလာသေးတာလဲ"
"ဘာတွေများလုပ်နေလို့ ဒီအချိန်ထိ မနိုးကြသေးတာလဲ"
"သွားနှိုးရင်လဲ မင်းကြီးက စိတ်ဆိုးဦးမယ်"
"ဝမ်ရိပေါ်ကလဲ အလိုက်မသိ စောစောထပါတော့လား"
"နန်းတွင်းထဲ စောစောဝင်ရမယ့်ဟာကို တကယ်ပါပဲ"
တည်းခိုဆောင်ခန်းထဲတွင်လဲ မျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်ကြောင့် ရှောင်းကျန့် လူးလွန့်လာသည်။ ရင်ခွင်ထဲမှ ဝမ်ရိပေါ်က သူ့ကိုတင်းကျပ်စွာဖက်ထားပြီး လှုပ်ပင်မလှုပ်ချေ။
ရှောင်းကျန့် ရိပေါ် နှာခေါင်းလေးအား အထက်မှ
အသာယာလေး ပွတ်ဆွဲလိုက်ပြီး
"ရိပေါ်..ရိပေါ်.."
"အင်း.ကို..ကို"
"ထတော့နော် နန်းတော်ပြန်ရအောင်"
"ဟင်..မိုးလင်းသွားပြီလား"
ဝမ်ရိပေါ် ငေါက်ခနဲထထိုင်ပြီးမှ ခါးရိုးဆီမှစတဲ့ နာကျင်မှုကြောင့်
"အား..နာလိုက်တာ"
"ရိပေါ်..ရရဲ့လား..အဆင်ပြေရဲ့လား"
"ပြေတယ် ပြေတယ် ကိုကိုလဲ အဲ့တုန်းက နာမှာပဲနော်"
"မနက်စောစောစီးစီး ဘာတွေမေးနေတာလဲ
နန်းတော်ပြန်ဖို့ ပြင်တော့"
"ကိုကို ကျွန်တော်နန်းတော် ပြန်မလိုက်သေးဘူး"
"ဘာလို့လဲ မထနိုင်ဘူးလား"
"အာ..မဟုတ်ဘူး ကျွန်တော်ဒီမြို့မှာ ရှာစရာရှိတယ်ကိုကို.အမတ်ကြီးတို့ ပြောတာ ကြားခဲ့တယ် ဒီမှာ တစ်ခုခုရှိပုံပဲ"
"ဖြစ်ပါ့မလား ရိပေါ်"
"ဖြစ်တယ်..ကိုကို စိတ်မပူနဲ့..ကျွန်တော်
မနက်ဖြန် ပြန်လာခဲ့မယ်"
"ဂရုစိုက်ပါ ရိပေါ် တစ်ခုခုထိခိုက်လို့မဖြစ်ဘူး..
ကိုကိုပြောတာ နားလည်တယ်မလား"
"စိတ်ချပါ ကိုကို..ကျွန်တော့် အနားလာပါ"
ရှောင်းကျန့်အနားရောက်တာ့ ရိပေါ် သူ့မျက်နှာလေးကိုဆွဲယူကာ နှုတ်ခမ်းလေးအား ထိရုံလေး အမြတ်တနိုးနမ်းပြီး...
"လမ်းမှာ ဂရုစိုက်ပါ ကိုကို"
"အင်း ကိုကိုပြန်နှင့်မယ်နော်"
ရှောင်းကျန့် တည်းခိုခန်းအပြင်ထွက်လာတော့ စုန့်ကျိရန် လက်ထဲ အသင့်ထုပ်ထားတဲ့ ပေါက်စီကိုပေးပြီး
"အရှင်မင်းကြီး ..ရိပေါ်ကော"
"ရှာစရာရှိလို့ နေခဲ့မယ်တဲ့"
"အော်..အရှင့်ကိုတွေ့ဖို့ လာတာမဟုတ်ဘူးပေါ့"
ရှောင်းကျန့် ကျိရန်ကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်ကာ ရှေ့ကနေ မြင်းပေါ်တက်လိုက်ကာ နန်းတော်ပြန်ဖို့ ဦးတည်လိုက်သည်။
ညက ကိစ္စတွေ သူမှသိစရာမလိုပဲလေ။
ဝမ်ရိပေါ် မနက်စာစားပြီး မြို့ထဲ လှည့်ပတ် ကြည့်ရှုသော်လည်း ထူးခြားသည့် အရိပ်အယောင်တစ်ခုမှ မတွေ့ တစ်နေ့လုံး လှည့်နေတာ ညနေပင်စောင်းတော့မည်။ မြို့ပြင်က အိမ်တွေဘက် လှည့်ကြည့်ရန်သာလိုတော့သည်။
ဝမ်ရိပေါ် မြစ်ဆိပ်ဘက်ထွက်လာရင်း ဗလအားကောင်းမောင်းသန် လူနှစ်ယောက်အားတွေ့လိုက်သည်။
ထိုလူတို့၏ ပုံစံမှာ တစ်နေရာရာကို သွားနေသည့်ပုံဖြစ်ပြီး မျက်လုံးများကလဲ ဟိုကြည့်ဒီကြည့်နှင့် ဂနာမငြိမ်ပေ။
ဝမ်ရိပေါ် ထိုနှစ်ယောက်နောက်ကို မသိအောင်လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
တဖြည်းဖြည်း မြစ်တစ်ဘက်ကမ်းမှ ခြုံနွယ်များ သစ်ပင်များဖြင့် အုပ်ဆိုင်းနေသော အိမ်ကြီးရှေ့ရောက်တော့ စောစောက အားကောင်းမောင်းသန် ဗလကြီးနှစ်ယောက်နှင့် တစ်ခြားနှစ်ယောက် နေရာချိန်းကာ စောင့်နေကြသည်။ ဝမ်ရိပေါ် အိမ်အနားသို့ အသံမကြားအောင် ချဉ်းကပ်သွားပြီး အထဲသို့ အခြေအနေကြည့်လိုက်သော် အစောင့်များ ငါးယောက်မက ထပ်ရှိနေသည်။ ဝမ်ရိပေါ် စဉ်းစားလိုက်ပြီး ဒီအိမ်တွင် တစ်ခုခုသေချာရှိသည်ဟု ထင်၍ ညမှောင်မှ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ရိပေါ် မြစ်ကမ်းဘေးဘက်တစ်ဖန်သွားစောင့်လိုက်သည်။
လှေတစ်စင်းက တရွေ့ရွေ့ ကမ်းကပ်လာပြီး လှေသမားကြီးမှာ ဝမ်ရိပေါ်နှင့် မလှမ်းမကမ်းတွင်ထိုင်ပြီး တစ်နေ့တာ ရရှိသော ငွေစများကို ရေတွက်နေသည်။ ဝမ်ရိပေါ် ဒီမြို့ရဲ့ အခြေအနေကို သိလိုသိငြား စကားသွားစလိုက်သည်။
"ဦးကြီး ဝင်ငွေကောင်းရဲ့လား"
"အဆင်ပြေသလောက်ပါပဲ ငါ့တူရာ"
"ကျွန်တော်က ဒီမြို့ကမဟုတ်ဘူးဗျ ကုန်ကိစ္စနဲ့လာတာ"
"ဒီမြို့ကတော့ စည်တယ် လူတွေလဲရှုပ်တယ်"
"ဒီပတ်ဝန်းကျင်ကတော့
အိမ်ခြေနည်းတယ်နော် ဦးကြီး"
"အမှန်ပြောရရင်ကွာ ငါ့တူ ဒီနားမလာတာကောင်းတယ် ဒီနေရာက မကောင်းဘူးကွ"
"ဘာလို့လဲ ဦးကြီး"
"ဒီနေရာက တရားမဝင်ကုန်ပစ္စည်း
ရောင်းဝယ်တဲ့နေရာ.. ပြီးတော့ လူမိုက်တွေ လူဆိုးဂိုဏ်းတွေလဲ ပေါတယ်ကွ"
"ဒါဖြင့် ဒီနားကအိမ်တွေက
လူဆိုးအိမ်တွေလား ဦးကြီး"
"ဟုတ်တယ်ကွ အဲ့ဒီလိုပြောလို့ရတယ်"
"တရားစီရင်ရေးရုံးက ဒါတွေမသိဘူးလား"
"နယ်စပ်မြို့တွေက ဒီလိုပါပဲကွာ လာဘ်ပေးလာဘ်ယူတွေရှိတာပေါ့"
"ဟုတ်ကဲ့ ဦးကြီး"
"ပြန်တော့မယ် ငါ့တူရေ အိမ်မှာ ဦးကြီးဇနီး ထမင်းစားစောင့်နေလိမ့်မယ်.မင်းလဲ ညနက်အောင်မနေပါနဲ့ ဒီနားက အန္တရာယ် များတယ်ကွ"
"ဟုတ်ကဲ့ပါ ဦးကြီး ကျေးဇူးတင်ပါတယ်"
ဝမ်ရိပေါ် လှေသမားဦးကြီး ပြောသွားတာတွေ နားထောင်ပြီး စိတ်မသက်မသာဖြစ်မိသည်။ ဒီလို တရားမဝင် အမြတ်ကြီးစားနေတဲ့ လူ့လောဘ ကုန်သည်တွေကြောင့် ဆင်းရဲသားတွေ ပိုပိုပြီး ဆင်းရဲနေကြခြင်းပင်။
တဖြည်းဖြည်း ညနက်လာတော့ ဝမ်ရိပေါ် နေ့လည်က တွေ့ခဲ့တဲ့ အိမ်ဘက် ချဉ်းကပ်သွားလိုက်သည်။ အစောင့်တွေ မလွတ်သေးသော်လည်း အလစ်ကိုစောင့်ပြီး ခြံကျော်ဝင်ရန် ပြင်လိုက်သည်။
ဝမ်ရိပေါ် အိမ်ထဲဝင်ဖို့ အစောင့်တွေ
အလစ်စောင့်ရတာ တော်တော်မလွယ်ကူပေ။ မမြင်အောင်ပုန်းရင်းရှောင်ရင်း ခြံထဲတွင်ပင်အချိန်တော်တော်ကြာနေသည်။
ထိုအချိန် ခြံအပြင်မှလူတစ်စုလာသံကြားတော့ ထိုအစောင့်အားလုံး ပြေးကာ အရိုအသေပေးနေတဲ့အချိန် ဝမ်ရိပေါ် အိမ်ထဲသို့ ခက်ခက်ခဲခဲဝင်လိုက်သည်။
အိမ်အထဲတွင် မှောင်မဲနေပြီး သာမာန် အသုံးအဆောင်များကလွဲပြီး ဘာမှမရှိပေ။ လူနေအိမ်ဟုသာ ခေါ်နိုင်ပြီး ထူးခြားတာ ဘာမှမတွေ့ပေ။ အဲ့ဒါများ ဘာလို့ အစောင့်တွေ အများကြီး ရှိနေလဲဟု ဝမ်ရိပေါ် စိတ်ပျက်စွာတွေးကာ ထိုအိမ်ထဲမှ ထွက်ရန်ပြင်လိုက်စဉ် ရုတ်တရက် မီးများလင်းလာပြီး
"ဝမ်ရိပေါ် မင်းဒီကို ဘာလာလုပ်တာလဲ"
ဝမ်ရိပေါ် မထင်မှတ်ထားတဲ့နေရာ မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့သူကို တွေ့လိုက်တော့ ဝမ်ရိပေါ် သွေးများခမ်းခြောက်သွားသည်အထိ မျက်နှာ ဖြူလျော်သွားသည်။
"အဖေ"
ဝမ်ရိပေါ် မေးရိုးပေါ်သို့ ပြင်းထန်သော လက်သီးချက်ကျရောက်လာသည်။
လူက ရုတ်တရက် ပစ်လဲကျသွားပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
"မင်း ဘာရည်ရွယ်ချက်နဲ့ ဘုရင်နောက်တကောက်ကောက်လိုက်နေတာလဲ ဝမ်ရိပေါ်"
"အဖေ ဘာလို့ အခုချိန် နန်းတွင်းထဲ မရှိလဲ"
နောက်ထပ် လက်သီးတစ်ချက်ပြီး တစ်ချက် ဝမ်ရိပေါ် မျက်နှာပေါ် ကျရောက်လာသည်။
"ငါ့ကို ပြန်မပြောနဲ့ ဝမ်ရိပေါ်"
"အဖေ တရားမဝင် ကုန်ကူးနေတာလား ဟက်"
နောက်ထပ် လက်သီးချက်များစွာ ထပ်ရောက်လာပြန်သည်။
"မင်း စာမလုပ်ချင်လို့ အိမ်ကထွက်သွားတယ် ငါခွင့်လွှတ်ပေးတယ်..ကိုယ်ရံတော် ပြိုင်ပွဲထိ ဝင်ပြိုင်တယ်..ငါကွင်းထဲထိ သတိလာပေးလဲ မင်းဂရုမစိုက်ဘူး..
ဘာတဲ့ ဘုရင့် ကိုယ်ခံပညာသင်ကြားရေး အရာရှိတဲ့..ဟားဟား..အခုလဲဒီအိမ်မှာ
ခိုးကြောင်ခိုးဝှက်ဝင် မင်းကိုယ်မင်း
ဘာထင်နေလဲ ဝမ်ရိပေါ်"
"အဖေကော ငယ်ငယ်တည်းက
အခုထိ ကျွန်တော့်ကို ကြိုးကိုင်လို့် မဝေသးဘူးလား..ကျွန်တော်ကလေး
မဟုတ်တော့ဘူး"
"အေး...မင်းဘဝကို မင်းကြိုက်သလို ရွေးချယ် ငါ့အလုပ်တွေ လာမနှောင့်ယှက်နဲ့
ဝမ်ရိပေါ် မင်းနဲ့ငါ မပတ်သက်တာကြာပြီ ငါ့အဆိုးမဆိုနဲ့နော်"
"အဖေက ဘာတွေများလုပ်နေလို့
ကျွန်တော် ဝင်ရှုပ်မှာ ကြောက်နေတာလဲ"
"မင်း ငါ့ကို ဘာမှ ပြန်ခံပြောစရာမလိုဘူး..ငါ့ရှေ့ကထွက်သွား"
"သွားမှာပါ.အဖေ ဘာလုပ်လုပ် ရတယ် မင်းကြီးကို ထိလို့ကတော့ ကျွန်တော့် အဆိုးမဆိုပါနဲ့"
ဝမ်ရိပေါ် ပြောပြောပြီးခြင်း ထိုအိမ်မှထွက်လာခဲ့သည်။ မျက်နှာတစ်ခုလုံး နာကျင်မှုထက် နှလုံးသားက ပိုနာကျင်ရသည်။
ငယ်စဉ်ကတည်းက ဝမ်ရိပေါ်မိခင်က အငယ်အနှောင်းဟုဆိုကာ မည်သည့်အခါမျှ ဖခင်လုပ်သူက မျက်နှာသာမပေးခဲ့။ အကိုများကိုသာ မြေတောင်မြှောက်ပေးသည်။ ဝမ်ရိပေါ်ကိုတော့
စာပဲ သင်စေဆိုပြီး အိမ်ထဲ အမြဲပိတ်လှောင်ထားသည်။ ဦးလေးအကူအညီဖြင့် ကိုယ်ခံပညာ တိုက်ခိုက်ရေးပညာ အစုံသင်ခဲ့သည်။
အသက် ဆယ့်ငါးနှစ်မှာပဲ မိခင်ဆုံးပြီးနောက်ပိုင်း ဝမ်ရိပေါ်အိမ်ကထွက်လာခဲ့သည်။
အပြင်ရောက်တော့လဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လူမိုက်ဖြစ်လာကာ တိုက်ခိုက်ရေးပညာနှင့် ခိုးယူခြင်းပညာသာ တိုးတက်လာခဲ့သည်။ ဝမ်ဟောက်ရွှမ်းတို့ မိသားစုနှင့်တွေ့မှသာ မိမိကို ခေါ်ယူပြုစုစောင့်ရှောက်ပေး၍
လူကောင်းနီးပါး ပြန်ဖြစ်ခဲ့ရသည်။
ဝမ်ရိပေါ် ပင်ပန်းနွမ်းနယ်စွာ မြစ်ကမ်းဘေး လှဲချလိုက်သည်။ အစွမ်းကုန်သာနေတဲ့ လမင်းကြီးအားငေးကာ..
"ဘယ်သူပဲ ဖြစ်နေဖြစ်နေ ကိုကို့ ကိုကျွန်တော် အစွမ်းကုန်ကာကွယ်ပါ့မယ် "
----------------------------------------------
ဖတ်ပေးတဲ့သူ အားလုံးကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်
Phoo
8.8.2020
Zawgyi
အပိုင္း-၁၇ နာက်င္ျခင္းဘဝ
မနက္ခင္းၾကည္လင္ေသာ ေကာင္းကင္မွ ေနေရာင္ျခည္က ျပတင္းေပါက္မွတစ္ဆင့္ အခန္းအတြင္းသို႔ျဖာက်လ်က္ရွိသည္။
တည္းခိုေဆာင္အျပင္ဘက္တြင္ မနက္ခင္းေဈးသည္မ်ား ကုန္ပစၥည္းေရာင္းဝယ္ၾကသူမ်ားျဖင့္ စည္ကားေနသည္။
စုန႔္က်ိရန္မွာလဲ ေခါက္တုန႔္ေခါက္ျပန္ ေလွ်ာက္ေနၿပီး ပါးစပ္မွလဲ တရစပ္ တစ္ကိုယ္ၾကားေျပာေနသည္။
"မိုးလင္းေနၿပီ ဘာလို႔ ထြက္မလာေသးတာလဲ"
"ဘာေတြမ်ားလုပ္ေနလို႔ ဒီအခ်ိန္ထိ မနိုးၾကေသးတာလဲ"
"သြားႏွိုးရင္လဲ မင္းႀကီးက စိတ္ဆိုးဦးမယ္"
"ဝမ္ရိေပၚကလဲ အလိုက္မသိ ေစာေစာထပါေတာ့လား"
"နန္းတြင္းထဲ ေစာေစာဝင္ရမယ့္ဟာကို တကယ္ပါပဲ"
တည္းခိုေဆာင္ခန္းထဲတြင္လဲ မ်က္ႏွာေပၚသို႔ က်ေရာက္လာေသာ ေနေရာင္ေၾကာင့္ ေရွာင္းက်န႔္ လူးလြန႔္လာသည္။ ရင္ခြင္ထဲမွ ဝမ္ရိေပၚက သူ႕ကိုတင္းက်ပ္စြာဖက္ထားၿပီး လႈပ္ပင္မလႈပ္ေခ်။
ေရွာင္းက်န႔္ ရိေပၚ ႏွာေခါင္းေလးအား အထက္မွ
အသာယာေလး ပြတ္ဆြဲလိုက္ၿပီး
"ရိေပၚ..ရိေပၚ.."
"အင္း.ကို..ကို"
"ထေတာ့ေနာ္ နန္းေတာ္ျပန္ရေအာင္"
"ဟင္..မိုးလင္းသြားၿပီလား"
ဝမ္ရိေပၚ ေငါက္ခနဲထထိုင္ၿပီးမွ ခါးရိုးဆီမွစတဲ့ နာက်င္မႈေၾကာင့္
"အား..နာလိုက္တာ"
"ရိေပၚ..ရရဲ႕လား..အဆင္ေျပရဲ႕လား"
"ေျပတယ္ ေျပတယ္ ကိုကိုလဲ အဲ့တုန္းက နာမွာပဲေနာ္"
"မနက္ေစာေစာစီးစီး ဘာေတြေမးေနတာလဲ
နန္းေတာ္ျပန္ဖို႔ ျပင္ေတာ့"
"ကိုကို ကြၽန္ေတာ္နန္းေတာ္ ျပန္မလိုက္ေသးဘူး"
"ဘာလို႔လဲ မထနိုင္ဘူးလား"
"အာ..မဟုတ္ဘူး ကြၽန္ေတာ္ဒီၿမိဳ႕မွာ ရွာစရာရွိတယ္ကိုကို.အမတ္ႀကီးတို႔ ေျပာတာ ၾကားခဲ့တယ္ ဒီမွာ တစ္ခုခုရွိပုံပဲ"
"ျဖစ္ပါ့မလား ရိေပၚ"
"ျဖစ္တယ္..ကိုကို စိတ္မပူနဲ႕..ကြၽန္ေတာ္
မနက္ျဖန္ ျပန္လာခဲ့မယ္"
"ဂ႐ုစိုက္ပါ ရိေပၚ တစ္ခုခုထိခိုက္လို႔မျဖစ္ဘူး..
ကိုကိုေျပာတာ နားလည္တယ္မလား"
"စိတ္ခ်ပါ ကိုကို..ကြၽန္ေတာ့္ အနားလာပါ"
ေရွာင္းက်န႔္အနားေရာက္တာ့ ရိေပၚ သူ႕မ်က္ႏွာေလးကိုဆြဲယူကာ ႏႈတ္ခမ္းေလးအား ထိ႐ုံေလး အျမတ္တနိုးနမ္းၿပီး...
"လမ္းမွာ ဂ႐ုစိုက္ပါ ကိုကို"
"အင္း ကိုကိုျပန္ႏွင့္မယ္ေနာ္"
ေရွာင္းက်န႔္ တည္းခိုခန္းအျပင္ထြက္လာေတာ့ စုန႔္က်ိရန္ လက္ထဲ အသင့္ထုပ္ထားတဲ့ ေပါက္စီကိုေပးၿပီး
"အရွင္မင္းႀကီး ..ရိေပၚေကာ"
"ရွာစရာရွိလို႔ ေနခဲ့မယ္တဲ့"
"ေအာ္..အရွင့္ကိုေတြ႕ဖို႔ လာတာမဟုတ္ဘူးေပါ့"
ေရွာင္းက်န႔္ က်ိရန္ကို ၾကည့္ၿပီး တစ္ခ်က္ၿပဳံးလိုက္ကာ ေရွ႕ကေန ျမင္းေပၚတက္လိုက္ကာ နန္းေတာ္ျပန္ဖို႔ ဦးတည္လိုက္သည္။
ညက ကိစၥေတြ သူမွသိစရာမလိုပဲေလ။
ဝမ္ရိေပၚ မနက္စာစားၿပီး ၿမိဳ႕ထဲ လွည့္ပတ္ ၾကည့္ရႈေသာ္လည္း ထူးျခားသည့္ အရိပ္အေယာင္တစ္ခုမွ မေတြ႕ တစ္ေန႕လုံး လွည့္ေနတာ ညေနပင္ေစာင္းေတာ့မည္။ ၿမိဳ႕ျပင္က အိမ္ေတြဘက္ လွည့္ၾကည့္ရန္သာလိုေတာ့သည္။
ဝမ္ရိေပၚ ျမစ္ဆိပ္ဘက္ထြက္လာရင္း ဗလအားေကာင္းေမာင္းသန္ လူႏွစ္ေယာက္အားေတြ႕လိုက္သည္။
ထိုလူတို႔၏ ပုံစံမွာ တစ္ေနရာရာကို သြားေနသည့္ပုံျဖစ္ၿပီး မ်က္လုံးမ်ားကလဲ ဟိုၾကည့္ဒီၾကည့္ႏွင့္ ဂနာမၿငိမ္ေပ။
ဝမ္ရိေပၚ ထိုႏွစ္ေယာက္ေနာက္ကို မသိေအာင္လိုက္သြားရန္ ဆုံးျဖတ္လိုက္သည္။
တျဖည္းျဖည္း ျမစ္တစ္ဘက္ကမ္းမွ ၿခဳံႏြယ္မ်ား သစ္ပင္မ်ားျဖင့္ အုပ္ဆိုင္းေနေသာ အိမ္ႀကီးေရွ႕ေရာက္ေတာ့ ေစာေစာက အားေကာင္းေမာင္းသန္ ဗလႀကီးႏွစ္ေယာက္ႏွင့္ တစ္ျခားႏွစ္ေယာက္ ေနရာခ်ိန္းကာ ေစာင့္ေနၾကသည္။ ဝမ္ရိေပၚ အိမ္အနားသို႔ အသံမၾကားေအာင္ ခ်ဥ္းကပ္သြားၿပီး အထဲသို႔ အေျခအေနၾကည့္လိုက္ေသာ္ အေစာင့္မ်ား ငါးေယာက္မက ထပ္ရွိေနသည္။ ဝမ္ရိေပၚ စဥ္းစားလိုက္ၿပီး ဒီအိမ္တြင္ တစ္ခုခုေသခ်ာရွိသည္ဟု ထင္၍ ညေမွာင္မွ ဝင္ၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။
ဝမ္ရိေပၚ ျမစ္ကမ္းေဘးဘက္တစ္ဖန္သြားေစာင့္လိုက္သည္။
ေလွတစ္စင္းက တေ႐ြ႕ေ႐ြ႕ ကမ္းကပ္လာၿပီး ေလွသမားႀကီးမွာ ဝမ္ရိေပၚႏွင့္ မလွမ္းမကမ္းတြင္ထိုင္ၿပီး တစ္ေန႕တာ ရရွိေသာ ေငြစမ်ားကို ေရတြက္ေနသည္။ ဝမ္ရိေပၚ ဒီၿမိဳ႕ရဲ႕ အေျခအေနကို သိလိုသိျငား စကားသြားစလိုက္သည္။
"ဦးႀကီး ဝင္ေငြေကာင္းရဲ႕လား"
"အဆင္ေျပသေလာက္ပါပဲ ငါ့တူရာ"
"ကြၽန္ေတာ္က ဒီၿမိဳ႕ကမဟုတ္ဘူးဗ် ကုန္ကိစၥနဲ႕လာတာ"
"ဒီၿမိဳ႕ကေတာ့ စည္တယ္ လူေတြလဲရႈပ္တယ္"
"ဒီပတ္ဝန္းက်င္ကေတာ့
အိမ္ေျခနည္းတယ္ေနာ္ ဦးႀကီး"
"အမွန္ေျပာရရင္ကြာ ငါ့တူ ဒီနားမလာတာေကာင္းတယ္ ဒီေနရာက မေကာင္းဘူးကြ"
"ဘာလို႔လဲ ဦးႀကီး"
"ဒီေနရာက တရားမဝင္ကုန္ပစၥည္း
ေရာင္းဝယ္တဲ့ေနရာ.. ၿပီးေတာ့ လူမိုက္ေတြ လူဆိုးဂိုဏ္းေတြလဲ ေပါတယ္ကြ"
"ဒါျဖင့္ ဒီနားကအိမ္ေတြက
လူဆိုးအိမ္ေတြလား ဦးႀကီး"
"ဟုတ္တယ္ကြ အဲ့ဒီလိုေျပာလို႔ရတယ္"
"တရားစီရင္ေရး႐ုံးက ဒါေတြမသိဘူးလား"
"နယ္စပ္ၿမိဳ႕ေတြက ဒီလိုပါပဲကြာ လာဘ္ေပးလာဘ္ယူေတြရွိတာေပါ့"
"ဟုတ္ကဲ့ ဦးႀကီး"
"ျပန္ေတာ့မယ္ ငါ့တူေရ အိမ္မွာ ဦးႀကီးဇနီး ထမင္းစားေစာင့္ေနလိမ့္မယ္.မင္းလဲ ညနက္ေအာင္မေနပါနဲ႕ ဒီနားက အႏၱရာယ္ မ်ားတယ္ကြ"
"ဟုတ္ကဲ့ပါ ဦးႀကီး ေက်းဇူးတင္ပါတယ္"
ဝမ္ရိေပၚ ေလွသမားဦးႀကီး ေျပာသြားတာေတြ နားေထာင္ၿပီး စိတ္မသက္မသာျဖစ္မိသည္။ ဒီလို တရားမဝင္ အျမတ္ႀကီးစားေနတဲ့ လူ႕ေလာဘ ကုန္သည္ေတြေၾကာင့္ ဆင္းရဲသားေတြ ပိုပိုၿပီး ဆင္းရဲေနၾကျခင္းပင္။
တျဖည္းျဖည္း ညနက္လာေတာ့ ဝမ္ရိေပၚ ေန႕လည္က ေတြ႕ခဲ့တဲ့ အိမ္ဘက္ ခ်ဥ္းကပ္သြားလိုက္သည္။ အေစာင့္ေတြ မလြတ္ေသးေသာ္လည္း အလစ္ကိုေစာင့္ၿပီး ၿခံေက်ာ္ဝင္ရန္ ျပင္လိုက္သည္။
ဝမ္ရိေပၚ အိမ္ထဲဝင္ဖို႔ အေစာင့္ေတြ
အလစ္ေစာင့္ရတာ ေတာ္ေတာ္မလြယ္ကူေပ။ မျမင္ေအာင္ပုန္းရင္းေရွာင္ရင္း ၿခံထဲတြင္ပင္အခ်ိန္ေတာ္ေတာ္ၾကာေနသည္။
ထိုအခ်ိန္ ၿခံအျပင္မွလူတစ္စုလာသံၾကားေတာ့ ထိုအေစာင့္အားလုံး ေျပးကာ အရိုအေသေပးေနတဲ့အခ်ိန္ ဝမ္ရိေပၚ အိမ္ထဲသို႔ ခက္ခက္ခဲခဲဝင္လိုက္သည္။
အိမ္အထဲတြင္ ေမွာင္မဲေနၿပီး သာမာန္ အသုံးအေဆာင္မ်ားကလြဲၿပီး ဘာမွမရွိေပ။ လူေနအိမ္ဟုသာ ေခၚနိုင္ၿပီး ထူးျခားတာ ဘာမွမေတြ႕ေပ။ အဲ့ဒါမ်ား ဘာလို႔ အေစာင့္ေတြ အမ်ားႀကီး ရွိေနလဲဟု ဝမ္ရိေပၚ စိတ္ပ်က္စြာေတြးကာ ထိုအိမ္ထဲမွ ထြက္ရန္ျပင္လိုက္စဥ္ ႐ုတ္တရက္ မီးမ်ားလင္းလာၿပီး
"ဝမ္ရိေပၚ မင္းဒီကို ဘာလာလုပ္တာလဲ"
ဝမ္ရိေပၚ မထင္မွတ္ထားတဲ့ေနရာ မထင္မွတ္ထားတဲ့အခ်ိန္မွာ မထင္မွတ္ထားတဲ့သူကို ေတြ႕လိုက္ေတာ့ ဝမ္ရိေပၚ ေသြးမ်ားခမ္းေျခာက္သြားသည္အထိ မ်က္ႏွာ ျဖဴေလ်ာ္သြားသည္။
"အေဖ"
ဝမ္ရိေပၚ ေမးရိုးေပၚသို႔ ျပင္းထန္ေသာ လက္သီးခ်က္က်ေရာက္လာသည္။
လူက ႐ုတ္တရက္ ပစ္လဲက်သြားၿပီး ဘာျပန္ေျပာရမွန္းပင္ မသိေတာ့ေပ။
"မင္း ဘာရည္႐ြယ္ခ်က္နဲ႕ ဘုရင္ေနာက္တေကာက္ေကာက္လိုက္ေနတာလဲ ဝမ္ရိေပၚ"
"အေဖ ဘာလို႔ အခုခ်ိန္ နန္းတြင္းထဲ မရွိလဲ"
ေနာက္ထပ္ လက္သီးတစ္ခ်က္ၿပီး တစ္ခ်က္ ဝမ္ရိေပၚ မ်က္ႏွာေပၚ က်ေရာက္လာသည္။
"ငါ့ကို ျပန္မေျပာနဲ႕ ဝမ္ရိေပၚ"
"အေဖ တရားမဝင္ ကုန္ကူးေနတာလား ဟက္"
ေနာက္ထပ္ လက္သီးခ်က္မ်ားစြာ ထပ္ေရာက္လာျပန္သည္။
"မင္း စာမလုပ္ခ်င္လို႔ အိမ္ကထြက္သြားတယ္ ငါခြင့္လႊတ္ေပးတယ္..ကိုယ္ရံေတာ္ ၿပိဳင္ပြဲထိ ဝင္ၿပိဳင္တယ္..ငါကြင္းထဲထိ သတိလာေပးလဲ မင္းဂ႐ုမစိုက္ဘူး..
ဘာတဲ့ ဘုရင့္ ကိုယ္ခံပညာသင္ၾကားေရး အရာရွိတဲ့..ဟားဟား..အခုလဲဒီအိမ္မွာ
ခိုးေၾကာင္ခိုးဝွက္ဝင္ မင္းကိုယ္မင္း
ဘာထင္ေနလဲ ဝမ္ရိေပၚ"
"အေဖေကာ ငယ္ငယ္တည္းက
အခုထိ ကြၽန္ေတာ့္ကို ႀကိဳးကိုင္လို႔္ မေဝသးဘူးလား..ကြၽန္ေတာ္ကေလး
မဟုတ္ေတာ့ဘူး"
"ေအး...မင္းဘဝကို မင္းႀကိဳက္သလို ေ႐ြးခ်ယ္ ငါ့အလုပ္ေတြ လာမႏွောင့္ယွက္နဲ႕
ဝမ္ရိေပၚ မင္းနဲ႕ငါ မပတ္သက္တာၾကာၿပီ ငါ့အဆိုးမဆိုနဲ႕ေနာ္"
"အေဖက ဘာေတြမ်ားလုပ္ေနလို႔
ကြၽန္ေတာ္ ဝင္ရႈပ္မွာ ေၾကာက္ေနတာလဲ"
"မင္း ငါ့ကို ဘာမွ ျပန္ခံေျပာစရာမလိုဘူး..ငါ့ေရွ႕ကထြက္သြား"
"သြားမွာပါ.အေဖ ဘာလုပ္လုပ္ ရတယ္ မင္းႀကီးကို ထိလို႔ကေတာ့ ကြၽန္ေတာ့္ အဆိုးမဆိုပါနဲ႕"
ဝမ္ရိေပၚ ေျပာေျပာၿပီးျခင္း ထိုအိမ္မွထြက္လာခဲ့သည္။ မ်က္ႏွာတစ္ခုလုံး နာက်င္မႈထက္ ႏွလုံးသားက ပိုနာက်င္ရသည္။
ငယ္စဥ္ကတည္းက ဝမ္ရိေပၚမိခင္က အငယ္အႏွောင္းဟုဆိုကာ မည္သည့္အခါမွ် ဖခင္လုပ္သူက မ်က္ႏွာသာမေပးခဲ့။ အကိုမ်ားကိုသာ ေျမေတာင္ျမႇောက္ေပးသည္။ ဝမ္ရိေပၚကိုေတာ့
စာပဲ သင္ေစဆိုၿပီး အိမ္ထဲ အၿမဲပိတ္ေလွာင္ထားသည္။ ဦးေလးအကူအညီျဖင့္ ကိုယ္ခံပညာ တိုက္ခိုက္ေရးပညာ အစုံသင္ခဲ့သည္။
အသက္ ဆယ့္ငါးႏွစ္မွာပဲ မိခင္ဆုံးၿပီးေနာက္ပိုင္း ဝမ္ရိေပၚအိမ္ကထြက္လာခဲ့သည္။
အျပင္ေရာက္ေတာ့လဲ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ လူမိုက္ျဖစ္လာကာ တိုက္ခိုက္ေရးပညာႏွင့္ ခိုးယူျခင္းပညာသာ တိုးတက္လာခဲ့သည္။ ဝမ္ေဟာက္႐ႊမ္းတို႔ မိသားစုႏွင့္ေတြ႕မွသာ မိမိကို ေခၚယူျပဳစုေစာင့္ေရွာက္ေပး၍
လူေကာင္းနီးပါး ျပန္ျဖစ္ခဲ့ရသည္။
ဝမ္ရိေပၚ ပင္ပန္းႏြမ္းနယ္စြာ ျမစ္ကမ္းေဘး လွဲခ်လိဳက္သည္။ အစြမ္းကုန္သာေနတဲ့ လမင္းႀကီးအားေငးကာ..
"ဘယ္သူပဲ ျဖစ္ေနျဖစ္ေန ကိုကို႔ ကိုကြၽန္ေတာ္ အစြမ္းကုန္ကာကြယ္ပါ့မယ္ "
----------------------------------------------
ဖတ္ေပးတဲ့သူ အားလုံးကို စိတ္ရင္းနဲ႕ ေက်းဇူးတင္ပါတယ္
Phoo
8.8.2020