BAD BOY
By Ah-Thunn
292K 24.1K 2.6K
ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်‌ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပျဆိ... More
BAD BOY - 1
Bad Boy - 2
Bad Boy - 3
Bad Boy - 4
Bad Boy - 5
Bad Boy - 6
Bad Boy - 7
Bad Boy - 8
Bad Boy - 9
Bad Boy -10
Bad Boy - 11
Bad Boy - 12
Bad Boy -13
Bad Boy -14
Bad Boy -15
Bad Boy -16
Bad Boy -17
Bad Boy -18
Bad Boy - 19
Bad Boy - 20
Bad Boy -21
Bad Boy - 22
Bad Boy - 23
ဖတ်ကြည့်ပေးကြပါလားဟင်
Bad boy -24
Bad Boy - 25
Bad boy -26
Bad Boy -27
Bad Boy -28
Bad Boy -29
Bad Boy -30
Bad Boy - 31
Bad Boy - 32
Bad Boy -33
Bad Boy - 34
Bad Boy - 35
Bad Boy - 36
Bad Boy - 37
Bad Boy -38
Bad Boy -39
Bad Boy - 40
Bad Boy - 41
Bad Boy -42
Bad Boy - 43
Bad Boy - 44
Bad Boy - 45
Bad Boy - 46
Bad Boy - 47
Bad Boy - 48
Bad Boy - 49
Bad Boy - 50
Bad Boy - 51
Bad Boy - 52
Bad Boy - 53
Bad Boy -54
Bad Boy - 55
Bad Boy - 56
Bad Boy -57
Bad Boy - 58
Bad Boy - 59
Bad Boy - 60(ပြန်တင်ပေးထားတယ်နော် )
BAD BOY - 61
BAD BOY - 62
BAD BOY - 63
Bad Boy - 64
Bad Boy -66 (completed)
Bad Boy - 65
2.8K 246 17
By Ah-Thunn
"က.....ကလေး ဒါဘာလုပ်နေတာလဲ ? ။ ဖယ် ...ဖယ်ပါဉီးကွာ။ "
" မဖယ်နိုင်ဘူး ။ "
ပြောလာသော စကားက ........ 
"ဘယ်လိုပြောလိုက်တာလဲ ? ။ ကိုကိုက ကလေးကို
"အယ် ! ကလေး ။ အနမ်း သူခိုးကြီး ။ "
................................................….........….........
ပြန်ပြောလာသည့် စကားက ..........
"ဘယ်လို ? ။"
နေမိပြန်လေတယ် ။
[Unicode]
ရှောင်ကျန့်နိုးလာတော့ သူ၏ရင်ခွင်ထဲတွင် နှစ်မြုပ်အောင် တိုးဝင်ပြီးအိပ်ပျော်နေသော ရီပေါ်၏နဖူးလေးအား အနမ်းတစ်ပွင့် ‌ပေးလိုက်လေသည်။
တစ်ဆက်တည်းမှာပင် မနေ့ညကအကြောင်းတို့က
ခေါင်းထဲအစီအရီ ‌ပေါ ်လာသောကြောင့်ရှောင်ကျန့်
ရီပေါ်မျက်နှာလေးကို တစ်ချက်ပြန်ကြည့်ကာ သက်ပြင်းချလိုက်မိ‌လေသည်။
" ကိုကို ....ကိုကို " ဟူသော ညည်းသံအချို့က ရှောင်ကျန့်နားထဲတွင် မရေမရာနှင့် အသေအချာကြားနေရလေသည်။ ခန္ဓာကိုယ်ကလည်း တစ်ခုခုဖြစ်နေပြီး လှုပ်ရှား၍မရအောင်ကို ချုပ်နှောင်ထားသလို ခံစားနေရလေသည်။
အားယူပြီး မျက်လုံးဖွင့်ကြည့် လိုက်တော့ မိမိကိုယ်ပေါ်တွင် တက်ထိုင်ကာ မိမိကိုယ်အား စိတ်ရှိသလိုပြုမူနေသော ရီပေါ်ကြောင့် ရှောင်ကျန့်၏ မပွင့်နိုင်သော မျက်လုံးတို့အစုံသည် ချက်ခြင်းဆိုသလိုပင် ပြူးကျယ်လာခဲ့‌လေသည်။
"က.....ကလေး ဒါဘာလုပ်နေတာလဲ ? ။ ဖယ် ...ဖယ်ပါဉီးကွာ။ "
" မဖယ်နိုင်ဘူး ။ "
"ရီပေါ် ....ကိုယ်ပြောနေတယ်လေ ။ ကုတင်‌ပေါ်ကို ဆင်းလို့ !! ။ " ဟုဆိုကာ အသံမာမာနှင့် အော်လိုက်သော ရှောင်ကျန့်ကြောင့် ရီပေါ်လုပ်လက်စကိစ္စများအား ရုတ်တရက် ရပ်တန့်သွားပြီး ရှောင်ကျန့်အား မျက်နှာငယ်လေးနှင့် ပြန်ကြည့်လာလေသည်။
"ဆင်းလို့ ကိုယ်ပြောနေတယ်လေ ။ ဘယ်လို ဖြစ်လို့ စကားနားမထောင်ချင်ရတာလဲ ကလေးရဲ့ ? ။ " ဟုဆိုကာ ရှောင်ကျန့်က လေသံနည်းနည်း ပြန်လျော့သွားတော့ ရီပေါ်တစ်ယောက်  ‌ခေါင်းလေးငုတ်ကာ ကုတင်းပေါ်သို့ ဆင်းထိုင်လေသည်။
ထို့နောက်တွင်မူ ‌မျက်နှာမဖော်ဘဲ ခေါင်းငုတ်ထားကာ
ပြောလာသော စကားက ........ 
"တောင်းပန်ပါတယ် ။ ကိုကို အဲ့လောက်စိတ်ဆိုးသ‌‌ွားမယ် မထင်လို့ပါ။ ပြီးတော့ ..
ကိုကိုမကြိုက်ရင် ကလေးနောက်ခါ မလုပ်တော့ပါဘူး" ဟုဆိုကာ ပါးပြင်ပေါ်သို့ ကျလာသော မျက်ရည်များကို ဖုံးကွယ်ရန် အခန်းထဲမှပြေးထွက်သွာမည် လုပ်နေသော ရီပေါ်ကို ရှောင်ကျန့်ကပင် အမြန်လှမ်းဆွဲကာ နောက်ကျောမှ နေ၍တင်းကြပ်စွာ ဖက်ထားလိုက်‌လေသည်။
"ဘယ်ကိုထွက်ပြေးပြီး ဘယ်မှာသွား ငိုမလို့လဲ ? ။" ဟု ဆိုကာ ရှောင်ကျန့်က ပြောသော်လည်း ရီပေါ်ကတော့ အသံတိတ်ကာ ခေါင်းကြီးငုတ်လျှက်ပင် ဖြစ်လေသည်။
"ကယ် ! ကလေးရယ် ခေါင်းကြီးကို ငုတ်မထားပါနဲ့ ။ ကိုယ်က‌လေးကို အော်မိသွားတာ တောင်းပန်ပါတယ်နော် ။ "ဟုဆိုကာ ရှောင်ကျန့်က ရီပေါ်ခေါင်းလေးကို အသာဖွကာ အနမ်းပေးတော့
မျက်ရည်များရစ်သီနေတဲ့ မျက်လုံးလေးများနှင့် ပြန်ကြည့်လာသာ ရီပေါ် ။
"ကိုကို ကလေးကို မချစ်တော့ဘူးလားဟင် ? ။ "
"ဘယ်လိုပြောလိုက်တာလဲ ? ။ ကိုကိုက ကလေးကို
ချစ်တာပေါ့ ။ ချစ်လွန်းလို့ ကလေးနဲ့အတူပြန်နေဖို့ကို
ကိုယ်အချိန်ယူပြီး စဉ်းစားနေရတာပေါ့ ။ ကိုယ့်ကြောင့် ကလေးထိခိုက်မှာ ကိုယ်အရမ်းကြောက်တယ်လေ ။"
"အဲ့ဒါဆို ကိုကိုကလေးကို ချစ်ရင် ကလေးနဲ့အတူ
နေဖို့ကိုပဲ ရွေးချယ်ပေးပါနော် ။ ကိုကိုမရှိရင် ကလေးနေနိုင်မယ် မထင်ဘူး .....။ " ဟုဆိုကာ ရှောင်ကျန့်၏ ရင်ခွင်ထဲမျက်နှာ ထိုးအပ်ထားသော ရီပေါ်။
ရှောင်ကျန့်လည်း မိမိရင်ခွင်ထဲတွင် မျက်ရည်များ ကျကာ အသံတိတ်ငိုကြွေးနေ‌သော ရီပေါ်ကို လုံးဝမကြည့်ရက်နိုင်သည့်အဆုံး စိတ်လုံးလုံးချကာ ဆုံးဖြတ်ချက်တစ်ခုကို သေချာချလိုက်လေသည်။
ဆုံးဖြတ်ချက် သေချာသွားသည်မှစ၍ ရှောင်ကျန့်  ရီပေါ်၏ကိုယ်လေးကို အိပ်ယာပေါ်သို့ လှဲချကာ စိတ်ကြိုက်အမှတ်များကို ပေးပစ်လေသည်။ ထို့နောက်တွင်မူ နှုတ်ခမ်းဖျားများမှ တဆင့် လျှာအချင်းချင်းရောယှက်ကာ ခန္ဓာကိုယ်၏သွေးများကိုလည်း  တစ်သားတည်းဖြစ်စေပြီး အသွေးအသားတို့ကို  ထပ်တူညီစေခဲ့သည်။
ရှောင်ကျန့် အတွေးထဲမှတစ်ဖန်ပြန်နိုးလာတော့ ရီပေါ်က မျက်လုံးလေးဖွင့်ကာ  ရှောင်ကျန့်၏ ပါး‌လေးအား မွကနဲနှင့်မြည်‌အောင် နမ်းလိုက်လေသည်။
"အယ် ! ကလေး ။ အနမ်း သူခိုးကြီး ။ "
"ဟား ...ဟား ဘာဖြစ်လဲ ။ ဘာဖြစ်လဲ ? နမ်းမှာပဲ" ဟုဆိုကာ ရယ်ရယ်မောမောနှင့် ရှောင်ကျန့်အား စကာ ရှောင်ကျန့်၏ပါးပြင်အား ထပ်ပြီး နမ်းသွားသော ရီပေါ်ကိုကြည့်ရင်း ရှောင်ကျန့်
စိတ်တို့က အသိသာပင် ပျော်ရွှင်နေမိလေသည်။
................................................….........….........
"ကိုကို ဘယ်သွားမလို့လဲ ? ။ အကျႌတွေ ဘာတွေ လဲထားလို့ပါလား ? ။ "
"အင်း ကိုကို  ‌ဒီ‌နေ့ အလုပ်သွားရှာမလို့လေ။ "
"ဪ ! ...။ ဒါနဲ့ ကိုကိုက ဒီမှာပဲ အခြေချ ချင်လို့လားဟင် ? ။ ဟုဆိုကာ ရီပေါ်က သိချင်နေသော မျက်လုံးအစုံတို့ဖြင့် မေးတော့ ........
ရှောင်ကျန့်က သက်ပြင်း တစ်ချက်ကို ‌တွေ‌ဝေစွာ ချလိုက်ပြီး ရီပေါ်ပြောသည့်စကားကို အလေးအနက်တွေးလိုက်ကာ ..........
"ကိုကိုကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ရပါတယ် ။
ကလေးက ဘယ်မှာနေချင်လို့လဲ ? ။ "
"အင်း .......တကယ်တော့လေ ကလေးဒီမြို့မှာ မနေချင်ဘူး ။  ကိုကိုနဲ့အတူတူ နေရာသစ်တစ်ခုမှာ
ပြန်ပြီးအခြေချချင်တာ ။ "
"အင်းပါ ။ ဒါဆို ကိုယ်အလုပ်ပိုကြိုးစားပြီး ကလေးနဲ့အတူ နေရာသစ်ကို ပြောင်းနိုင်အောင် လုပ်ပါ့မယ် ။ " ဟုဆိုကာ ရှောင်ကျန့်က ရီပေါ်ကိုယ်လေးကို ပွေ့ဖက်ကာ ပြောတော့ .......
ရှောင်ကျန့်ရင်ခွင်ထဲမှ ထွက်ပြီး ‌ရှောင်ကျန့်၏ မျက်ဝန်းများကို ကြည့်ကာ တစ်ခုခုကို ထပ်ပြောရန်ပြင်‌နေသောရီပေါ်ကြောင့် ‌ရှောင်ကျန့်ရီပေါ်လုပ်သမျှ အပြ ုမူအားလုံးကို သေချာလိုက် ကြည့်နေမိလေသည်။
"တကယ်တော့လေ ......မားဆုံးပြီးတော့ မားရဲ့မွေးရပ်မြေမှာရှိတဲ့ အိမ်ကလေးကို မားကကျွန်တော့်အတွက် ထားပေးခဲ့တာ ။
အဲ့ဒီအိမ်ကို ကလေးရောင်းထားတဲ့ငွေနဲ့ ကိုကိုနဲ့ကွဲကတည်းက ကလေးစုထားတဲ့ ငွေတွေ ရှိတယ် ။ အဲ့ငွေတွေနဲ့ ကလေးတို့အခြားမြို့လေးကို
ပြောင်းရအောင်နော် .. နော် .....ကိုကို ။ " ဟုဆိုကာ
ရီပေါ်က မျက်နှာလေးငယ်ကာ ရှောင်ကျန့်အား အတင်းတောင်း‌ဆို‌နေ‌တော့ .....
ရှောင်‌ကျန့်သူ၏မျက်ခုံးနှစ်ဖက်ကြားမှ နေရာအား လက်ချောင်းများဖြင့် ထောက်ထားကာ လေပူတစ်ချက်ကို တွေဝေစွာ မှုတ်ထုတ် လိုက်လေသည်။ထို့နောက်တွင်မူ ကွက်တိဖြစ်စွာ စည်းနှောင်ထားသော နက်တိုင် လေးအား ‌ကြိုးလျော့စေကာ ရှောင်ကျန့် ရီပေါ်၏ပခုံး နှစ်ဖက်အား သေချာဆုပ်ကိုင်ထားပြီး သူ၏မျက်လုံးများကို ရီပေါ်၏မျက်လုံးများနှင့် ဆုံစေလိုက်သည်။
"ကလေးရယ် .....ဘာလို့ အရမ်းဆိုးရတာလဲ ? ။
ကလေးမားက ကလေးအတွက် အမွေပေးထားခဲ့တာလေ ။ ဘာလို့ရောင်းလိုက်ရတာလဲ ? ။ " ဟုဆိုကာ ရှောင်ကျန့်က လေသံဖျော့ဖျော့ဖြင့် ပြောသော်လည်း သူ့ကိုဆူနေသည်ဟုထင်ကာ မျက်နှာကြီးညိုးကာ ခေါင်းငုတ်သွားသော ရီပေါ် ။
ပြန်ပြောလာသည့် စကားက ..........
"ကိုကိုနဲ့ အတူတူနေချင်လို့ ။ "
"ဘယ်လို ? ။"
"ဟုတ်တယ် .....ကလေးက ကိုကိုနဲ့အတူတူ
‌နေချင်လို့ ။ကိုကို ‌ထောင်ကလွှတ်လာရင် အတူတူနေမလို့ ။"
"ကလေးရယ် .....ဘာဆိုင်လို့လဲ ? ။ အခုလည်း ကိုကိုတို့ အတူတူနေတာပဲလေ ။ "
"ဟင်အင်း.....ကိုကိုက အပြင်မှာ အလုပ်သွားလုပ်လို့ ကိုကိုက ထောင်ကထွက်လာတဲ့ လူတစ်ယောက်
ဆိုပြီး  အခြားသူတွေက ပြောလာရင် ကိုကို ကလေးကို လက်လွှတ် ချင်လာလိမ့်မယ်။
ကလေးသိတယ် ။ ကလေးအဲ့ဒီလို အဖြစ်မခံနိုင်ဘူး ။ အဲ့ဒါကြောင့် ကိုကို ကလေးတို့ အခြားနေရာ တစ်နေရာမှာပဲ ပြောင်းနေရအောင်ပါနော် ။ ကိုကိုမရှိပဲ ကလေး‌နေနိုင်မယ် မထင်ဘူး။ "
ဟုဆိုကာ ရှောင်ကျန့် ရှေ့ ဒူးထောက်ကာ ငိုယို၍တောင်းဆိုနေသော ရီပေါ်ကြောင့် ရှောင်ကျန့်
ရီပေါ်ကို စိတ်ဆိုးချင်ပေမဲ့လည်း တစ်ဖက်တွင်လည်း
သူ့ကိုဆုံးရှုံးရမှာ ကြောက်နေသည့် အတွက်ကြောင့် ငိုယိုကာ ‌တောင်းဆိုနေသည့်  ရီပေါ်ကိုပင်  ရှောင်ကျန့် သနားမိလာ‌လေသည်။
မိမိရှေ့တွင် ငိုယိုနေသည့် ရီပေါ်ကိုကြည့်ရင်း ရှောင်ကျန့်ရင်တွေ နာလာသည်။ပါးပြင်က စိုစွတ်လာမှုကြောင့် လက်ချောင်းများဖြင့် ထိကြည့်ရာမှ ရှောင်ကျန့် မိမိမျက်ရည်ကျနေမှန်း သတိထားမိလေသည်။
တကယ်ပါ ကျွန်တော်ထောင်က ထွက်လာပြီး ‌နောက်ပိုင်း ကလေးနဲ့ပက်သက်ရင် အရမ်းကို တင်းခံနိုင်စွမ်းနည်းလာသလိုပဲ ။ ကလေးမျက်ရည်ကျတာက ကျွန်တော်အသားနာထက် ပိုခံစားရတယ် ။
အခုလည်း ကျွန်တော့်ဘဝတစ်ဖန်ပြန်မွေးဖွားခြင်းက
ကလေးအတွက်လားဟု ဆိုရလောက်အောင် ကျွန်တော် ကလေးဆန္ဒတိုင်းကို တစ်ခုမကျန်လိုက်နာ
နေမိပြန်လေတယ် ။
Continue Reading
You'll Also Like
33.7K 2.6K 24
Zhanyiနန်းတွင်းficလေးပါနော် 😁
1.7K 216 4
Zhanyi ❤️💚 ဦးနဲ့ကလေး ဇာတ်လမ်းပါ။
215K 14.5K 44
ကျနော်ဒီတစ်ခေါက်ရေးသားမှာက ငိုရတာတွေများမယ်ထင်တယ်။ ဇာတ်ကားတစ်ခုကြည့်မိရာက အိုင်ဒီယာရလာတာလေးပါ။ ပြီးတော့ဒီဇာတ်လမ်းကို ရေးဖို့အတွက် ကျနော့်ကိုအကြံ ပေးခ...
15.9K 482 12
နန်းတွင်း fic ပါ..စိတ်ကူးယဥ်သက်သက်ပါ။(Zawgyi @ uni) Os..များစုစည်းပြီးတော့ တင်ပေးသွားမှာပါ။ နန်းတွင်း only ပါ။