နှောင်ကြိုးလေး { Completed }
By Weneebebe27
465K 34.7K 441
❤️❤️❤️ More
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း၂၇
အပိုင်း၂၈
အပိုင်း၂၉
အပိုင်း၃၀
အပိုင်း၃၁
အပိုင်း၃၂
အပိုင်း၃၃(Ending)
❤️❤️
🎉Special🎉
💗Extra(1)💗
💗Extra(2)💗
💗Extra(3)💗
Announecment✨
Announecment​
🧡Special II🧡
အပိုင်း၁၀
12.5K 1K 7
By Weneebebe27
U N I C O D E 🌼
ချမ်းမြေ့တို့အိမ်ကိုရောက်ပြီး..နောက်တစ်နေ့မှာ..အန်တီနဲ့ချမ်းမြေ့က..နွေဦးကိုဆေးရုံမှာ..OGဆရာမနှင့်ဗိုက်အပ်ပေးသည်။
OGဆရာမက..ကိုယ်ဝန်ဆောင်တွေသိသင့်သိထိုက်သည်များကိုပြောပြပေးပြီး..ယောက်ျားလေးကိုယ်ဝန်ဆောင်မို့..အထူးဂရုစိုက်ရန်မှာလေသည်။
ဆေးရုံကအပြန်..စျေးထဲကအစ်မတို့ဆိုင်တောင်ဝင်ကြသေးသည်။ မြို့ထဲကိုနှံအောင်လိုက်ပြပေးပြီးတော့အိမ်ကိုပြန်လာခဲ့ကြသည်။
နှစ်ရက်လောက်နေတော့ချမ်းမြေ့လဲပြန်သွားသည်။ မပြန်ခင်နွေဦးကိုဂရုစိုက်ဖို့ခဏခဏမှာနေတာကြောင့်...ကြီးမေတို့ကပါဝိုင်းစနေကြသည်။နွေဦးလဲကြီးမေတို့အစ်မတို့စတာနဲ့နေသားတောင်ကျနေပြီ...။
တဖြေးဖြေးနဲ့အချိန်တွေကုန်လာလိုက်တာ...
ခုဆိုနွေဦးကိုယ်ဝန်လေးလတောင်ရှိတော့မယ်။
မကြာခင်ကလေးလေးကသားသားလေးလားမီးမီးလေးလားသိရတော့မည်။ မကြီးနဲ့မလေးကတော့နွေဦးကိုဆိုသဲသဲလှုပ်.. ကြီးမေတို့အန်တီတို့ကလဲအရမ်းဂရုစိုက်ကြတော့နွေဦးတောင်ဒီမိသားစုဝင်လိုဖြစ်နေပြီ။အရမ်းကြီးလဲအနေမခက်တော့။
နွေဦးဆေးရုံသွားပြတဲ့ရက်တွေဆိုမကြီးနှင့်မလေးကတစ်လှည့်စီလိုက်ပို့ပေးသည်။ ကြီးမေကလဲနေ့တိုင်းနွေဦးအကြိုက်တွေချည်းချက်ကျွေးသောကြောင့်နွေဦးမှာအရင်ကထက်ပြည့်ပြည့်လုံးလုံးလေးဖြစ်လာသည်။ ဗိုက်ကလေးမှာလဲနည်းနည်းလေးစူထွက်လာပြီဖြစ်သည်။
ကိုယ်ဝန်ကြောင့်ပဲလားမသိ..
ခုတလော..အသီးတွေပဲစားချင်နေသည်။
အိမ်ပေါ်ထပ်..နွေဦးနေတဲ့အခန်းပြတင်းပေါက်ကနေလှမ်းမြင်နေရတဲ့..ခြံထဲကမာလကာပင်မှ..သီးနေသောမာလကာသီးကြီးများဟာ..နွေဦးကိုအမြဲ..စားပါစားပါဟု..ဆွဲဆောင်နေသယောင်..။
ခုချိန်လောက်ဆို..ကောင်းကောင်းပွနေလောက်ပြီ။
နွေဦးလည်း..မာလကာသီးအရမ်းစားချင်လာသောကြောင့်...အိမ်ပေါ်ထပ်မှနေ..ဖြေးဖြေးချင်း..သတိထားပြီး..ဆင်းလာလိုက်ကာ..ခြံထဲသို့သွားလိုက်သည်။
မာလကာပင်ကအကြီးကြီးကို..မာလကာသီးတွေကလည်းဒီအတိုင်းခူးဖို့မလွယ်..အမြင့်မှာသီးနေလေသည်။
မာလကာသီးခူးရန်တံချူရှာနေတုန်း..ကြီးမေကအနားရောက်လာလေသည်။
"ဗိုက်ကလေးရေ..ဘာလို့ခြံထဲဆင်းလာတာတုန်း.. ခြံထဲမှာမိုးရွာထားလို့ရွံ့တွေနဲ့ ချော်လဲနေမှဖြင့် "
"ကြီးမေကလည်း သားထိန်းသွားနိုင်ပါတယ် ခုဟာက မာလကာသီးစားချင်လို့ ဟီးဟီး"
"ဒါများ ကြီးမေကိုပြောရောပေါ့ နေအုံးခူးပေးမယ်"
ကြီးမေကမာလကာပင်အနားမှာထောင်ထားတဲ့တံချူသွားယူလာပြီး..မာလကာသီးချောချောကြီး..လေးငါးလုံးခူးပေးသည်။နွေဦးလည်းမာလကာသီးတပွေ့တပိုက်နှင့်အိမ်ထဲသို့ပြန်ဝင်သွားသည်။ခဏနေတော့ကြီးမေကအိမ်ထဲပြန်ဝင်လာကာမာလကာသီးနဲ့စားဖို့အတို့လုပ်ပေးသည်။ နွေဦးလည်းမာလကာသီးများကိုထိုင်စားနေသည်။
ညနေစောင်းတော့မကြီးနဲ့မလတ်တို့ပြန်လာကြသည်။ ပြန်ရောက်သည်နှင့်နွေဦးဆီပြေးလာကာ
"မောင်လေး ဒီမှာကြည့်အုံး မောင်လေးအတွက်ဗိုက်ဖုံးအင်္ကျီလေးတွေ မကြီးကိုယ်တိုင်ချုပ်ထားတာနော် မိန်းမအင်္ကျီတွေနဲ့လည်းမတူဘူး..မောင်လေးသာဝတ်ရင်အရမ်းချစ်ဖို့ကောင်းမှာပဲ.."
"မလတ်လဲချုပ်လာတယ်နော် မောင်လေးအကုန်ဝတ်ရမှာ"
"ဟုတ်ပါပြီဗျာ တစ်နေ့တစ်ထည်ဝတ်ပေးပါ့မယ်"
နွေဦးလည်းမကြီးတို့မလတ်တို့ပေးတဲ့အင်္ကျီတွေကိုယူပြီးဗီဒိုထဲထည့်ထားလိုက်တော့သည်။ဒါတောင်မသိမ်းခင်ဝတ်ပြပါအုံးဆိုလိုစိတ်ကျေနပ်သွားအောင်တစ်ထည်ပြီးတစ်ထည်ဝတ်ပြလိုက်ရသေးတယ်..။
ညနေစောင်းတော့အားလုံးစုပြီးညစာစားနေကြတုန်း..
"အန်တီ ချမ်းမြေ့ဖုန်းဆက်သေးလား"
"ဆက်တယ်သားရဲ့ အန်တီပြောဖို့မေ့နေတာ သူကအလုပ်မအားလို့ သားမွေးခါနီးမှပဲပြန်လာတော့မယ်တဲ့"
"သူရောအဆင်ပြေရဲ့လား "
"ပြေတယ်လို့တော့ပြောတာပဲကွဲ့.."
"ဟုတ်"
နွေဦးတို့ညစာစားပြီးတော့TVအတူတူထိုင်
ကြည့်ကြသည်။လာနေသောဇာတ်ကားကဟိန်းထက်သာရဲ့ကား... နွေဦးသူ့သတင်းတွေကိုအမြဲကြားနေရပါသည်။
ခုနောက်ပိုင်းအရမ်းအောင်မြင်လာတာ သူ့ဇာတ်ကားအသစ်တွေလဲအများကြီး..။သူ့ကိုမြင်ရတာတော့အဆင်ပြေနေသည့်ပုံပါ။
အန်တီတို့ကိုနွေဦးကလေးလေးရဲ့အဖေမှာဟိန်းထက်သာဆိုတာကိုတော့ပြောပြမထားသောကြောင့်မသိကြပါ။ နွေဦးလဲTVကြည့်ချင်စိတ်မရှိတော့သောကြောင့်အခန်းထဲသို့ဝင်လာခဲ့သည်။
နောက်နေ့ရောက်တော့အန်တီနဲ့အတူနွေဦးဆေးရုံသို့သွားခဲ့သည်။အရမ်းလည်းစိတ်လှုပ်ရှားနေခဲ့သည်။ဆရာမကစစ်စရာရှိတာတွေစစ်ပေးပြီးနွေဦးကို
"Congratulationပါသား ကလေးလေးကယောက်ျားလေး"
နွေဦးဗိုက်ထဲက ကလေးလေးကသားလေးဆိုသာသိသိချင်း..နွေဦးမှာပျော်လွန်းလို့မျက်ရည်တောင်ကျမိသည်..။
"အယ် ငိုတော့မငိုပါနဲ့ရှင် ငိုရင်ကလေးလေးရုပ်ဆိုးသွားလိမ့်မယ်နော် ကလေးလေးရော ကလေးလေးရဲ့ဖေဖေပါအကုန်လုံးအဆင်ပြေပါတယ် ဂရုတော့စိုက်ရမယ် မပေါ့ရဘူးနော်.."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာမ"
ထိုနေ့ကနွေဦးတို့တစ်အိမ်လုံးတော်တော်ပျော်ခဲ့ရသည်။ မကြီးတို့မလတ်တို့ဆိုသည်မှာပျော်လွန်း၍ထကမတတ်ပင်
"မာလကာသီးလေးကယောက်ျားလေးဆိုတော့ နာမည်ဘယ်လိုပေးရင်ကောင်းမလဲ"
ကြီးမေကတော့ခုထဲကနာမည်ပေးဖို့ကိုစဥ်းစားနေပြီဖြစ်သည်။ နွေဦးကမာလကာသီးပဲစားချင်နေသောကြောင့်နွေဦးကလေးလေးကိုမာလကာသီးလေးဟုခေါ်သည်။နွေဦးကိုလည်းဗိုက်ကလေးတဲ့😅 ကြီးမေကတော့နာမည်မျိုးစုံကိုပေးနေတော့တာ...
နွေဦးစိတ်ထဲပေါ်လာသောနာမည်လေးတစ်ခုကို​ပြောလိုက်မိသည်။
"သာထက်သျှား"
"သာထက်သျှား ကောင်းသားပဲ "
အန်တီကပါ ဝင်ထောက်ခံသည်။ နွေဦးလည်းသူ့နာမည်နှင့်ဆင်သောနာမည်ကိုပေးလိုက်မိသည်။
နွေဦးကိုယ်ဝန်မှာတဖြေးဖြေးနှင့်လရင့်လာခဲ့သည်။ ဆရာမကမွေးဖို့တစ်ပတ်လောက်အလိုထဲကဆေးရုံတက်ခိုင်းသောကြောင့်နွေဦးဆေးရုံတက်နေရသည်။ ချမ်းမြေ့လဲမကြာခင်ပြန်လာမည်ဟုပြောသည်။ နွေဦးဆေးရုံတက်တော့မကြီးနှင့်မလတ်ကတစ်ယောက်တစ်လှည့်လာစောင့်ပေးသည်။ အန်တီကိုတော့နွေဦးမစောင့်ခိုင်းချင်ပါ...အန်တီကကျန်းမာရေးမကောင်းဘူးလေ။ကြီးမေကထမင်းချိုင့်တွေလာပို့ပေးပြီးညဘက်အိပ်
စောင့်ပေးသည်။
နွေဦးဆေးရုံတက်ပြီးတစ်ပတ်ပြည့်တော့တိုက်ဆိုင်စွာ..သောကြာနေ့တွင်သားလေးကိုမွေးခဲ့သည်။ မမွေးခင်တစ်ရက်မှာချမ်းမြေ့ရောက်လာခဲ့သည်။ နွေဦးဗိုက်ခွဲပြီးမွေးခဲ့ရသည်။ သားလေးကိုခွဲခန်းထဲမှထုတ်ပြီးသည့်အချိန်မှစ၍မကြီးနှင့်မလေးမှာလက်ကမချ ချစ်နေကြသည်။ နွေဦးကိုလဲမွေးခန်းထဲကထုတ်ပြီးလူနာခန်းထဲသို့ရွှေ့လိုက်ကြသည်။ ထုံဆေးအရှိန်ကြောင့်မို့သားလေးကိုတောင်သေချာမကြည့်ရသေးပါ ။ဗိုက်ခွဲထားတာကြောင့်..ညရောက်မှ..လှုပ်ရမည်ဆိုသောကြောင့်။သူနာပြုများကလိုအပ်တာများလာလုပ်ပေးကြသည်။
ညရောက်တော့..ဆေးရုံကုတင်ပေါ်တွင်ထထိုင်နိုင်ပြီး..သားလေးကိုချီကြည့်သည်။
သားလေးက..တကယ့်ကိုချစ်စရာကြီး..။
သားလေးကိုနွေဦး၏နို့ကိုပဲတိုက်ချင်ပါသောလည်းနွေဦးမှာနို့သိပ်မထွက်ပါ။ နည်းနည်းလေးထွက်လာတာကိုပင်အံ့သြရသည်။သားလေးဖို့နို့ဗူးဝယ်ပြီးတိုက်ရသည်။
တစ်ပတ်ကြာတော့နွေဦးဆေးရုံမှဆင်းခွင့်ရလို့ဆင်းခဲ့သည်။
အခုဆို..နွေဦးကတစ်ယောက်တည်းမဟုတ်တော့ဘူး..။နွေဦးမှာ..သားလေးရှိလာပြီ။
သားလေးကို..အကောင်းဆုံးတွေပဲပေးနိုင်ဖို့..နွေဦးကြိုးစားရတော့မယ်။
သားလေးက..ဖေဖေ့ကိုအနားကနေ..အားပေးနေမယ်မလား..။
...............❣️
Z A W G Y I 🌼
ခုဆိုနွေဉီးကိုယ်ဝန်လေးလတောင်ရှိတော့မယ်။
"ဗိုက်ကလေးရေ..ဘာလို့ခြံထဲဆင်းလာတာတုန်း.. ခြံထဲမှာမိုးရွာထားလို့ရွံ့တွေနဲ့ ချော်လဲနေမြှဖင့် "
"သူရောအဆင်ပြေရဲ့လား "
"ဟုတ်"
နွေဉီးတို့ညစာစားပြီးတော့TVအတူတူထိုင်
ကြည့်ကြသည်။လာနေသောဇာတ်ကားကဟိန်းထက်သာရဲ့ကား... နွေဉီးသူ့သတင်းတွေကိုအမြဲကြားနေရပါသည်။
အန်တီတို့ကိုနွေဉီးကလေးလေးရဲ့အဖေမှာဟိန်းထက်သာဆိုတာကိုတော့ပြောပြမထားသောကြောင့်မသိကြပါ။ နွေဉီးလဲTVကြည့်ချင်စိတ်မရှိတော့သောကြောင့်အခန်းထဲသို့ဝင်လာခဲ့သည်။
နွေဦးဗိုက်ထဲက ကလေးလေးကသားလေးဆိုသာသိသိချင်း..နွေဉီးမှာပျော်လွန်းလို့မျက်ရည်တောင်ကျမိသည်..။
နွေဉီးစိတ်ထဲပေါ်လာသောနာမည်လေးတစ်ခုကို​ပြောလိုက်မိသည်။
"သာထက်သျှား"
စောင့်ပေးသည်။
တစ်ပတ်ကြာတော့နွေဉီးဆေးရုံမှဆင်းခွင့်ရလို့ဆင်းခဲ့သည်။
...............❣️
Continue Reading
You'll Also Like
40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
435K 48.4K 22
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
71.5K 3.5K 105
တစ်နေ့မှာ ကျွန်တော့်အိမ်အောက်ထပ်ကို ကြက်တောင်စည်းနဲ့ကလေးလေးတစ်ယောက် ပြောင်းလာခဲ့တယ်.....
28.5K 2.6K 69
သို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက...