ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်
By AungKhant266
20.7K 583 60
ဒါကျွန်တော် အရမ်းကြိုက်​​တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပ... More
Chapter-1
Chapter-2
Chapter-4
Chapter-5
Chapter-4. (Zawgyi)
Zawgyi. Chapter-5
Chapter-6
Chapter-6 (Zawgyi )
Chapter-7 (Unicode)
Chapter-7. (Zawgyi)
Chapter-8
Chapter-8. (Zawgyi)
Chapter-9. (Unicode)
Chapter-9. (Zawgyi)
Chapter-10. (Unicode)
Chapter-10. (Zawgyi)
Chapter-11. (Unicode)
Chapter-11. (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Extra-1. (Uni)
Extra-1. (Zawgyi)
Extra-Final. (Uni)
Extra-Final. (Zawgyi)
Zawgyi. Chapter-1
Chapter-2. (Zawgyi)
Chapter-3. (Zawgyi)
Chapter-4 .(Zawgyi)
Chspter-5 .(Zawgyi)
Chapter-6 .(Zawgyi)
Chapter-7 .(Zawgyi)
Chapter-8 .(Zawgyi)
Chapter-9 .(Zawgyi)
Chapter-10 .(Zawgyi)
Chapter-11 .(Zawgyi)
ဇာတ်သိမ်းပိုင်း. (Zawgyi)
Extra. 1 .(Zawgyi)
Extra Final. (Zawgyi)
Chapter-3
994 38 8
By AungKhant266
"ထက်နဒီလွင်နင့်ငါ့ကိုဆေးထိုးတာ တော်တော်ကြမ်းတယ်နော်ဒီတစ်ခေါက်။"
ငါကဘာများဆေးထိုးလိုက်လို့လဲ။ နင်ပြောတာငါနားမလည်ဘူး မင်းသွေးခန့်ပြောတဲ့စကားတွေကို နားမလည်စွာ ထက်နဒီလွင်ပြန်မေးမိလေသည်။
အော် နင်ကမေ့နေတာလား။ မေ့ချင်ယောင်ဆောင်တာလားတော့ငါမသိဘူး။ ခုတစ်ခါနင်စလိုက်တာ တော်တော်လွန်တယ်ဟာ။ ငါဘယ်လောက်တောင် ဒုက္ခများခဲ့သလဲနင်သိလား။
နင်ဘာပြောချင်တာလဲအသွေး ငါ့ကိုနင်သေချာပြောပြပါလား။ နင့်ကိုဘယ်သူက ဒုက္ခရောက်အောင်လုပ်တာလဲပြော အဲ့အကောင်ကို ငါစာရင်းသွားရှင်းမယ်။
ဘယ်သူနဲ့မှစာရင်းမရှင်းရဘူး။ နင်ငါနဲ့အရင်ရှင်း။ ဒီတပတ်ပိတ်ရက်ငါ့ကို dateလို့ပြောပြီး တွေ့ခိုင်းတဲ့သူက ဘာကြောင့်ယောကျ်ားလေးတစ်ယောက်ဖြစ်နေတာလဲ အရင်ရှင်းပြပါအုံး။
အော် နင့်ကငါ့ကို စိတ်ဆိုးနေတာ အဲ့ဒီကိစ္စအတွက်ကြောင့်လား။ ငါမသိပါဘူး ဘယ်ကောင်ကများ ငါ့သူငယ်ချင်းလေးကို ဒုက္ခရောက်အောင်လုပ်သလဲလို့တွေးနေတာ။ ငါပြောပြမယ် နင်တွေ့ခဲ့တဲ့ကောင်လေးနာမည်က jayတဲ့။ နာမည်အပြည့်စုံက jaybassတဲ့။ နယ်ကနေကျောင်းတက်ရင်း ဂီတဝါသနာပါလို့၊ တနည်းအားဖြင့်ဟာ အဆိုတော်ဖြစ်ချင်လို့ သူ့အဒေါ်ရှိတဲ့ရန်ကုန်မြို့ကိုတက်လာတာ။ jaybassဆိုတဲ့ကောင်လေးက part time date companyမှာနာမည်အကြီးဆုံးနဲ့ ရုပ်အချောဆုံးကောင်လေးတစ်ယောက်။ ငါ့သူငယ်ချင်းတော်တော်များများလဲ သူ့ကိုစိတ်ဝင်စားကြတယ်။ ဒါပေမယ့်သူက အလုပ်သဘောအရပဲ ဆက်ဆံတယ်။ အလုပ်ပြီးတာနဲ့ သူ့ကိုလိုက်ကပ်တဲ့မိန်းကလေးတွေနဲ့ အရောဝင်လေ့မရှိဘူး။
အဲ့တာငါနဲ့ဘာဆိုင်လို့ နင်ကအခုလိုသူ့အကြောင်းတွေပြောပြနေရတာလည်း။ နင်ကကော သူအကြောင်းတွေ ဘာလို့အများကြီးသိနေရတာလဲ။ နင်ကောသူနဲ့ dateဖူးလား။
"ဟိုး ဆရာ။ no.no...ငါသူ့ငယ်ချင်းတွေပြောတဲ့အသံကြားလို့ ငါကသူ့အကြောင်းနည်းနည်းစုံစမ်းထားတာ။ နင်လဲငါ့အကြောင့်သိသားနဲ့ အသွေးရာ။ ငါကယောကျ်ားတွေ မကြိုက်ဘူးဆိုတာကို။ ငါကဒီတစ်သက်ယောကျ်ားမယူပဲ အပျိုကြီးလုပ်မှာလေ နင်မသိလို့လား။"
တက္ကသိုလ်တွင် အတွဲအညီဆုံးဖြစ်သော ထက်နဒီလွင်နဲ့ ကျွန်တော်ဟာ တစ်ကျောင်းလုံးရဲ့ Kingနဲ့Queenဖြစ်ခဲ့ပြီး ကျောင်းသားတော်တော်များများကလဲ သမီးရည်းစားတွေဟုအထင်လွဲခဲ့ကြလေသည်။ ဒီသတင်းနဲ့ပတ်သက်ပြီး ထက်နဒီလွင်ဟာ သူယောကျ်ားတွေကိုစိတ်မဝင်စားကြောင်း၊ အသက်ကြီးလာလျှင်လဲ အပျိုကြီးလုပ်မည့်အကြောင်းကို ဖွင့်ပြောခဲ့လေသည်။
"ဒါဆိုနေပါဦး။ နင်ကငါ့ကို ဘာလို့ဒီကောင်လေးနဲ့တွေ့စေတာလဲ။ ငါမရှင်းလို့မေးပါရစေ။"
ဘာလို့ဆိုအခုထိနင်က ရည်းစားမရှိခဲ့သလို။ ကျောင်းတက်တုန်းကလဲ ရည်းစားမထားခဲ့တဲ့နင်က မိန်းကလေးတွေကို စိတ်မဝင်စားပဲ ယောကျ်ားလေးတွေကိုများစိတ်ဝင်စားနေသလားလို့ ဒါငါ့စိတ်ထင်ပြောတာနော်။ ဒါ့ကြောင့်ငါအခုလို စီစဥ်ပေးလိုက်တာ။
"ဟား... ဟား"
မင်းသွေးခန့် ထက်နဒီလွင်ပြောသောစကားကြောင့်အားရပါးရ ရယ်မိလေသည်။နင်က အခုငါ့ကိုယောကျ်ားလေးတွေကို စိတ်ဝင်စားတယ်လို့ထင်နေတယ်ပေါ့ ဟုတ်လားနဒီမ။ နင့်အထင်တွေလွဲနေပြီ၊ ငါက မိန်းမတွေပဲကြိုက်တဲ့ယောကျ်ားတစ်ယောက်။ ငါ့အိမ်ထောင်ဖက်ကလဲ မိန်းကလေးတစ်ယောက်ပဲဖြစ်မှာ၊ ဒါကိုငါအသေအချာလောင်းရဲတယ်။ နင်ထင်သလိုဘယ်တော့မှဖြစ်မလာစေရဘူးလို့ ငါရဲရဲကြီးအာမခံတယ်။
"နင့်ဖက်ကအသေအချာဆိုပေမယ့် ငါ့ဘက်ကလဲအလျော့မပေးဘူးနော်အသွေး။ ဒါနဲ့ငါ နင့်ကိုတစ်ခုလောက်မေးချင်လို့ နင်အမှန်တိုင်းတော့ဖြေရမယ်နော်။"
"နဒီမတစ်ယောက်ပေါက်ကရမေးတော့မည်ကို စိတ်ထဲကနေအလိုလိုသိနေမိသည်။ ငါမကြိုက်တဲ့မေးခွန်းမျိုးဆို မဖြေဘူးနော်။ ဘယ်လိုလဲ နင်သဘောတူလား။"
"အေးပါ သဘောတူတယ်။ နင့်အဲ့ဒီကောင်လေးကို စမြင်တဲ့အချိန်ရင်ခုန်စိတ်လှုပ်ရှားလား။"
"ငါ့စိတ်ထဲဘာမှမဖြစ်ဘူး။ တစ်ခုပဲ။"
"အဲ့တာဘာလဲ။ အဲ့တစ်ခုဆိုတာကဘာလဲဟင်။ မင်းသွေးခန့် အဖြေကိုပင်မစောင့်နိုင် စိတ်လောစွာနဒီတစ်ယောက် အလောတကြီးမေးမိလေသည်။"
နင်ဘယ်လိုဖြစ်နေတာလဲ နဒီနင်သိချင်တဲ့အဖြေကိုငါပြောပြမှာပါ။ ငါသူ့ကို စတွေ့တွေ့ချင်း ယောကျ်ားလေးတစ်ယောက်ဖြစ်နေတာကို ပထမဆုံးအကြိမ်အံ့သြမိရုံကလွဲလို့ ငါ့စိတ်ထဲဘယ်လိုမှဖြစ်မသွားဘူး။
"ရင်ခုန်စိတ်လှုပ်ရှားမှု့လေးတစ်ချက်တောင်ဖြစ်မသွားဘူးလားဟင် အသွေး။ "
မျက်နာညိုးငယ်သွားရုံတင်မဟုတ်အသံလေးပါပျော့သွားကာ အားမရှိတော့ပုံဖမ်းကာ လုပ်ပြနေသော သူငယ်ချင်းမလေးကြောင့် မင်းသွေးခန့်အနည်းငယ်တော့ရယ်ချင်မိလေသည်။ နင့်ကိုငါပြောဖူးသားပဲ နဒီရာ ငါအချိန်တန်ရင် ငါ့မိဘရှာပေးတဲ့သူနဲ့ပဲယူမှာပါလို့ နင်ထင်နေသလိုငါယောကျ်ားတွေကိုစိတ်မဝင်စားဘူး။ jayဆိုသည့်ကောင်လေးနဲ့ တွေ့ခဲ့တုန်း ရန်ဖြစ်ခဲ့ပုံကိုတော့ သူမပြောဖြစ်ခဲ့ပါ။
                *********
မင်းသွေးခန်းတစ်ယောက် ရုံးခန်းမှာလုပ်စရာ အလုပ်များလက်စသတ်ကာ ကျန်နေခဲ့လေသည်။ သူငယ်ချင်းမလေးနဲ့အတူ ရုံးဝန်ထမ်းများ ရုံးဆင်းသွားကြလေသည်။ မနက်ဖန်အတွက် လုပ်စရာများကိုကြိုတင်စီစဥ်ကာ မပြီးပြတ်နိုင်သည့် အလုပ်များလုပ်ကာ မိုးချုပ်နေသည်ကိုပင်သတိမထားမိအောင်ပင် အလုပ်ထဲသို့စိတ်ရောက်နေခဲ့လေသည်။ အလုပ်ပြီး၍နာရီကြည့်လိုက်လျှင် ည၇နာရီပင်ထိုးနေလေပြီ။ ရုံးခန်းမှထွက်လာခဲ့လေသည်။ ဓါတ်လှေကားမှ ကားပါကင်ရှိရာသို့ဆင်းလားကာ ကားပေါ်တက်ခါ ကားကိုမောင်းထွက်လာခဲ့လေသည်။ တစ်နေရာအရောက် လူငယ်တစ်စုက လူတစ်ယောက်ကိုဝိုင်းထိုးနေသည်ကို မင်းသွေးခန့်မြင်ကာ ကားကိုရပ်ကာ ထိုလူငယ်အုပ်စုရှိရာသို့လာခဲ့လေသည်။
"ဟယ်လို ရဲစခန်းကလားဗျ။ ဒီမှာရန်ဖြစ်နေလို့ပါဗျ။ လူငယ်တစ်ဖွဲ့က လူတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်ကာ ထိုးနှက်နေကြလို့ပါဗျ။"
ရုတ်တရက်ရဲစခန်းကိုဖုန်းခေါ်ကာ လူတစ်စုက လူတစ်ယောက်ကိုဝိုင်းအနိုင်ကျင့်နေသည်ဟု ရဲစခန်းသို့ဖုန်းတိုင်ကြားလိုက်သော မင်းသွေးခန့်ကို လူငယ်တစ်စု၏အကြည့်တို့က မိမိအပေါ်ရောက်ရှိလာခဲ့လေသည်။
မင်းတို့အခုမသွားရင် နောက်မိနစ်အနည်းငယ်အတွင် လုံခြုံရေးတွေအပြင် ရဲတွေပါရောက်လာလိမ့်မယ်။ ဘယ်လိုလဲ လုံခြုံရေးတွေအလာကိုစောင့်ကြအုံးမှာလား။ သိပ်ပင်မကြာလိုက် လူငယ်တစ်စု ထိုနေရာမှာပြေးထွက်သွားကြလေသည်။
မင်းနောက်ကို ငါ့ကောင်မလေးနဲ့ ဘယ်တော့မှထပ်မပတ်သက်ပါနဲ့။ ဒါပထမဦးဆုံးအကြိမ်သတိပေးချင်း။ နောက်တစ်ခါဆိုရင်တော့ မင်းမလွယ်တော့ဘူးမှတ်ပါ။ ဒီတစ်ခါမင်းကို ကူညီပေးတဲ့သူရောက်လာလို့ သက်သာသွားတယ် ပြောပြီးချာခနဲ့လှည့်ထွက်သွားလေသည်။
ထိုလူငယ်တစ်စုထွက်သွားစဥ်မှာ မင်းသွေးခန့်တစ်ယောက် လဲကျနေသောလူကို တစ်ချက်ထူလိုက်ကာ မိမိလက်ထဲတွင် ပျော့ခွေစွာပါလာသော ခန္ဓာကိုယ်ဆွဲလှည့်လိုက်ချိန် လူအများဝိုင်းအထိုးခံရသော ဒဏ်ရာတွေကြောင့် မေ့မျောနေသော jayကိုတွေ့ရလေသည်။
ဟယ်လို မေမေသားဒီနေ့ညအိမ်ပြန်မအိပ်နိုင်လောက်တော့ဘူး။ သူငယ်ချင်းတစ်ယောက် ဆေးရုံကိုရောက်နေလို့ သားဆေးရုံမှာညအိပ်ရမယ်ထင်တယ်။ မေမေတို့စိတ်ပူနေမှာဆိုးလို့ ဖုန်းလှမ်းဆက်လိုက်တာ။
အေးပါကွယ် သားကလိုအပ်တာတွေလုပ်ပေးပြီး ကရုစိုက်လိုက်ပါကွယ်။ သားဖုန်းဆက်တော့ မေမေတို့လဲစိတ်မပူရတော့တာပေါ့ မဟုတ်ဘူးလား။ အရေးတကြီးလိုတာရှိရင် သားကအချိန်မရွေးဖုန်းဆက်နော်။
"ဟုတ်ကဲ့ပါမေမေ။ သားဖုန်းချလိုက်တော့နော်မေမေ။"
"အေး အေးသား ဒါပဲနော်။"
မင်းသွေးခန့်ဖုန်းကိုအိတ်ကပ်ထဲထည့်ကာ roundလှည့်လာသောဆရာဝင်ကို လိုအပ်သည်များကိုမေးကာ စိုးရိမ်စရာရှိမရှိ ထပ်စစ်ဆေးခိုင်းလေသည်။ ဆရာလူနာ အခြေအနေကစိုးရိမ်ရလားဗျ။
အကိုကလူနာရှင်လားဗျ။
ဆရာဝန်အမေးကြောင့် မင်းသွေးခန့်အချိန်ဆွဲမနေပဲ အဖြေပြန်ပေးမိလေသည်။ ဟုတ်ပါတယ် ကျွန်တော်ညီပါဆရာ။ ဘာတွေလိုအပ်လဲ ။ ဆေးတွေဝယ်ရမယ်ဆိုရင်လဲ ကျွန်တော်ကိုအားမနာပါနဲ့ဆရာ။
သူ့အဖြေသံကြားမှ ဆရာဝန်က ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး။ အခုက ဒဏ်ရာအရှိန်ရယ် ဆေးရှိန်ရယ်ကြောင့် သတိမရသေးတာပါ။ မနက်လောက်ဆိုရင်တော့ သတိရလောက်မှာမို့ အရမ်းကြီးစိုးရိမ်မနေပါနဲ့နော်။
"ကျေးဇူးတင်ပါတယ် ဆရာ။"
ဆရာဝန်ထွက်သွားမှ ထိုကောင်လေးမျက်နာမှ ဒဏ်ရာများကိုကြည့်မိလေသည်။ မျက်နာကဒဏ်ရာများကို ဆေးကြောသန့်စင်ထားတာတောင် အတော်လေးထိခိုက်မိထားလေသည်။ သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းတွေ့လို့ ဆက်မယ်ဆိုတော့လဲ lockခတ်ထားတာကြောင့် မလုပ်တက်၍ ဒီအတိုင်းသာထားလိုက်တော့သည်။ ဒီအတိုင်းထားပြီးပြန်လျှင်လဲ စိတ်မချ။ သတိရပြီးမှပြန်တော့မည်ဟု မင်းသွေးခန့်တွေးလိုက်မိသည်။
သိပ်မကြာလိုက် jayရဲ့ဖုန်းကတုန်ခါလို့နေသည်။ ဖုန်းscreenမျက်နာကို ကြည့်လိုက်တော့ ဒေါ်လေးဟူသော အမည်နာမကိုတွေ့၍ ကိုင်လိုက်လေသည်။
သားjayရေ ညနက်နေလို့ သားပြန်မလာသေးလို့ ဒေါ်လေးစိတ်ပူလို့ဖုန်းဆက်လိုက်တာ။
တစ်ဖက်မှ အမျိုးသမီးက စကားတရစပ်တို့ပြောနေသဖြင့် အခုထိမင်းသွေးခန့်စကားတခွန်းပင် မပြောရသေးပေ။
"ဟယ်လို"
အခုjay ဖုန်းကိုအခုဘယ်သူကိုင်တာလဲရှင့်။ သားjayအနားမှာရှိရင် ဖုန်းလေးတစ်ချက်လောက်ပေးပေးပါလား။
ဟုတ်ကဲ့အခုjayကရန်ကုန်ဆေးရုံကြီးမှာပါဗျ။
ရှင် သားလေးဘယ်လိုဖြစ်တာလဲ။ ကျွန်မအခု ဆေးရုံကိုချက်ချင်းလာခဲ့ပါ့မယ်။
စကားပင်ဆက်မပြောလိုက်ရ ဖုန်းကချလို့သွားခဲ့သည်။သိပ်မကြာလိုက် အစောနကဖုန်းဆက်သော အမျိုးသမီး jayဒေါ်လေးဆိုသူ မျက်ရည်ရွှဲလည်စွာဖြင့် အပြေးလေးလာနေလေသည်။
"သားရယ် jayဘယ်လိုဖြစ်ပြီးဆေးရုံရောက်နေရတာလဲဟင် ဒေါ်လေးကိုပြောပြပါ။"
ဖြစ်ပုံကဒီလိုပါ အန်တီ။
ဖြစ်ပျက်ခဲ့ပုံကို မင်းသွေးခန့် အစအဆုံးပြန်လည်ပြောဆိုမိလေသည်။
သားလေးကိုကျေးဇူးတင်ပါတယ်ကွယ်။ jayကဒေါ်လေးနဲ့အတူနေတာ။ သူမိဘတွေက နယ်မှာဆိုတော့လေ။ တော်သေးတာပေါ့ သားလေးက သူတော်ကောင်းနဲ့တွေ့လိုသာ အသက်မဆုံးရှုံးလိုက်ရတာ။ သားကိုအန်တီထပ်ကျေးဇူးတင်ပါတယ်ကွယ်။
ရပါတယ်အန်တီ။ ဒါဆိုသားပြန်လိုက်ပါအုံးမယ်။ ခွင့်ပြုပါအုံးနော် အန်တီ။
အေး..အေးပါကွယ်။ ကရုစိုက်ပြီးပြန်နော်သား။ ဒါနဲ့သားနာမည်က၊ အန်တီနာမည်က ဒေါ်ချိုမာပါ။ဒါကအန်တီလိပ်စာကဒ် နောက်ကျရင်အလည်လာခဲ့ပါအုံးနော်သား။
ကျွန်တော်နာမည်က မင်းသွေးခန့်ပါ။ ဒါက ကျွန်တော်လိပ်စာကဒ်ပါ။ ဒါဆိုပြန်လိုက်ပါအုံးမယ် အန်တီ။
မင်းသွေးခန့်နှုတ်ဆက်ကာအိမ်သို့ပြန်လာခဲ့လေသည်။
ဒေါ်ချိုမာတစ်ယောက်လဲ တူဖြစ်သူအတွက်စိတ်ပူကာ မင်းသွေးခန့်ပေးသော လိပ်စာကဒ်ကို လက်ကိုင်အိတ်၏ တစ်နေရာတွင်ထိုးထည့်ထားမိလေသည်။
"Jayမျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် အရင်ဦးဆုံးမြင်တွေ့ရသူမှာ ဒေါ်လေးဖြစ်နေသည်ကို အံသြမိလေသည်။ ဟင်..အန်တီလေးက ဘယ်ကဘယ်လိုသိပြီးရောက်လာတာလဲဟင်။"
သားလေးသတိရလာပြီလား။ ခနလေးစောင့် ဒေါ်လေးဆရာဝန်ကြီးကို ပြေးခေါ်လိုက်အုံးမယ်။ ဒီအတိုင်းငြိမ်ငြိမ်ကလေးနေနော်။ ဒဏ်ရာတွေကနည်းနည်းပြင်းတယ်။
ပြောပြောဆိုဆိုပြေးထွက်သွားသော ဒေါ်လေးကို jayတားချိန်ပင်မရလိုက်။ jayဒေါ်လေးဟာ အမြဲတမ်းမြန်ဆန်သွက်လက်လွန်းလှသည်။
"ဆရာသားလေးအ​ခြေအနေဘယ်လိုလဲဟင်။ စိုးရိမ်စရာတွေရှိသေးလာဟင်။ "
Jayအတွက်စိတ်ပူကာ ဆရာဝန်ကိုမေးနေသော် ဒေါ်လေးမျက်နာဟာ သူ့အတွက်အမှန်တကယ် စိုးရိမ်ပူပန်ပေးနေသည်မှာ အတိုင်းသားပေါ်လွင်နေလေသည်။
"စိုးရိမ်စရာမရှိတော့ပါဘူးဗျာ။ လိုအပ်တဲ့ ဆေးဝါးတွေတိုက်လိုက်ရင် နောက်တစ်ရက်လောက်နေရင် ဆေးရုံကဆင်းလို့ရပါပြီ။ အရမ်းကြီးစိုးရိမ်မနေပါနဲ့ဗျာ။"
"ကျေးဇူးတင်ပါတယ်ဆရာ။"
ဆရာဝန်ပြန်ထွက်သွားတာနှင့် ဒေါ်လေးတစ်ယောက် jayကိုဖက်ကာငိုလေသည်။ သားလေးရယ်မသေကောင်းမပျောက်ကောင်းကွယ်။ ဒေါ်လေးမှာ သားဆေးရုံရောက်နေတယ်လို့ပြောတော့ ဘယ်လောက်စိုးရိမ်ခဲ့ရသလဲ။ တော်သေးတာပေါ့ သူတော်ကောင်းနဲ့တွေ့ခဲ့လို့သာ မဟုတ်ရင် ဒေါ်လေးတော့မတွေးဝံစရာပဲ သားရယ်။
"မငိုပါနဲ့တော့ ဒေါ်လေးရယ်အခုသားလဲ သက်သာနေပါပြီ။ အခုဖြစ်သွားတာကလဲ အထင်လွဲမှု့တစ်ခုကြောင့်ပါ။ သားသတိမမေ့ခင်အချိန်လေမှာ လူတစ်ယောက်ကိုတွေ့လိုက်တယ်။ ဘယ်သူလဲဆိုတာ ဒေါ်လေးသိလားဟင်။ ဒေါ်လေးဆေးရုံရောက်တော့ သားတစ်ယောက်ကိုပဲတွေ့တာလား။"
ဒေါ်လေးဆေးရုံရောက်တော့ လူငယ်လေးတစ်ယောက်ကိုပါတွေ့တယ်။ သူကပဲ သားဆေးရုံရောက်နေတာကိုပြောပြလို့ ဒေါ်လေးလဲဆေးရုံရောက်လာတာ။ ဒါပေမယ့် သားကိုကူညီတဲ့ကောင်လေးလဲ ဒေါ်လေးရောက်လာမှပြန်သွားတာသား။ သားကိုကူညီတဲ့ကောင်လေးရဲ့ လိပ်စာကဒ်တော့ ဒေါ်လေးကိုပေးခဲ့တယ်။
"သားကို သူ့လိပ်စာကဒ်ပေးနိုင်မလား။"
အခုတော့မျက်နာသစ်ပြီး မနက်စာစားရအောင်။ ညထဲက ဘာမစားရသေးတာဆိုတော့ သားလဲဗိုက်ဆာနေရောပေါ့။ ဒါနဲ့သားကိုဒေါ်လေးတစ်ခုလောက် ပြောချင်တယ်။
"ဘာများလဲ ပြောလေဒေါ်လေးရ။ ဒေါ်လေးနဲ့သားကြားမှာ စကားပလ္လင်ခံစရာမလိုပါဘူး။ သားအမှားလုပ်ထားရင် မကောင်းတာမဖြစ်ရအောင် ပြောဆိုဆုံးမရမှာဒေါ်လေးတာဝန်လေ မဟုတ်ဘူးလား။"
သားအခုလုပ်နေတဲ့အလုပ်ကို ဆက်မလုပ်စေချင်တော့ဘူးသား။ သားစိတ်ကိုနားလည်ပေးနိုင်ပေမယ့်။ သားအတွက်စိတ်ပူနေတဲ့ ဒေါ်လေးစိတ်ကိုတော့ဘသားနားလည်နိုင်မယ်ထင်တယ်။ သားတစ်ခုခုဖြစ်သွားခဲ့ရင် အကိုကြီးနဲ့မမကို ဒေါ်လေးဘယ်လိုပြောရမလဲ။ ဒေါ်လေးဆီမှာနေတဲ့အတွက် ဒေါ်လေးကိုပဲ အကိုကြီးနဲ့မမကအပြစ်တင်မှာ ။ ဒါကြောင့်ဒေါ်လေးစကားနားထောင်ပါနော်သား။ အခုအလုပ်ကနေထွက်လိုက်ပါ။
ဒေါ်လေးစိတ်ပူတာကိုသားနားလည်ပါတယ်။ သားလဲအချိန်တစ်ခုလောက်အထိပဲ အလုပ်လုပ်မှာပါ။ သားဝါသနာဟာ အောင်မြင်နေတဲ့အဆိုတော်ဖြစ်ချင်တာပါ။ သားကို အဲ့ဒီအချိန်တစ်ခုလောက်အထိတော့လုပ်ပါရစေနော် ဒေါ်လေး။ သားနောက်ကို သားကိုယ်သားမထိခိုက်အောင်နေပါ့မယ်လို့ကတိပေးပါတယ်နော်ဒေါ်လေး။
အေးပါကွယ် အေးပါ။
အခုကိစ္စကိုတော့ အမှု့ဖွင့်မနေပါနဲ့တော့နော်။ သားလဲဘာမှဖြစ်တာမှမဟုတ်တာ။ ရဲတွေရဲ့စစ်လားမေးလားတွေနဲ့ အလုပ်ပိုရှုပ်မှာကို သားမလိုလားဘူး။
                 *********
ဒဏ်ရာသက်သာလို့ ဆေးရုံကဆင်းပြီဖြစ်သော်လည်း အလုပ်ပြန်မလုပ်နိုင်သေး၍ companyကိုဖုန်းဆက်ထားရသည်။ ဒေါ်လေးရဲ့စိတ်ပူမှု့ စိုးရိမ်ရေမှတ်မရောက်ခင် jayဒေါ်လေးပြောသမျှကိုနားထောင်ပြီး ကျောင်းလဲမသွားသေးချေ။
သားဆေးရုံကဆင်းလာပြီဆိုပေမယ့် ဒဏ်ရာတွေနဲ့ကျောင်းကိုမသွားရသေးဘူးနော်။ ဒီတပတ်တော့ကျောင်းနားလိုက်ပါ။ ဒါနဲ့သားကို ကူညီပေးတဲ့ကောင်လေးကော ကျေးဇူးတင်ကြောင်းပြောပြီးပီလား။
အမှန်တိုင်းပြောရရင် အခုထိသားအခုထိ သူ့နဲ့မတွေ့ရသေးသလို၊ ဖုန်းလဲမဆက်ရသေးဘူးဒေါ်လေး။ သူနဲ့သား စကားများဖူးတယ်ဒေါ်လေး။
ဘာပဲပြောပြောလေ သားကိုကူညီထားတဲ့သူလေ။ သားဘက်ကနေဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်းတော့ပြောရမယ်လေ။ မြန်မာလူမျိုးတို့ ထုံးတမ်းစဥ်လာအရ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ရမှာ သဘာဝပဲလေ။ မဟုတ်ဘူးလားသား။
"သားဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်းပြောလိုက်ပါ့မယ်ဒေါ်လေး။"
"ဒေါ်လေးတူကလိမ္မာလိုက်တာကွယ်။"
ဟယ်လို ကိုမင်းသွေးခန့်နဲ့စကားပြောချင်လို့ပါဗျ။
ကျွန်တော်မင်းသွေးခန့်ပါ။ အခုဖုန်းဆက်တာဘယ်သူလဲမသိဘူးဗျ။
ကျွန်တော်jayပါ။ ဟိုနေ့က ကူညီပေးတဲ့အတွက်ကျေးဇူးတင်ချင်လို့ပါ။ကျေးဇူးတင်တဲ့အနေနဲ့ ကော်ဖီဖြစ်ဖြစ် စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် လိုက်ဧည့်ခံပါရစေလို့။
ကိုယ်အလုပ်မအားဘူး။ ကျေးဇူးတင်ဖို့မလိုသလို ဧည့်ခံကျွေးမွေးတာမျိုးလဲမလိုအပ်ဘူး။ ကိုယ်အလုပ်တွေရှုပ်နေလို့ဒါပဲ။
ဟာ ဘယ်လိုလူလဲဟ။ ကိုယ့်ကူညီထားတဲ့သူမို့ အခုလိုဖုန်းဆက်တဲ့သူကို။ အတော်လူမှု့ရေးခေါင်းပါးတဲ့သူပဲ။ ဒီလောက် မောက်မာရိုင်းစိုင်းမယ်လို့တောင်မထင်ထားခဲ့ဘူး။ ကိုယ့်ဘက်ကလဲ တာဝန်ကျေပြီမို့ ဖုန်းထက်မခေါ်ဖြစ်တော့သလို သူပြောခဲ့သောစကားများကြောင့် jayစိတ်ထဲတွင် မကျေမနပ်တော့ဖြစ်မိလေသည်။
ဟဲ့ အခုနကဖုန်းဆက်တာဘယ်သူမို့ နင်ကအဲ့ဒီလောက်ပြောနေရတာလဲ။ တစ်ဖက်လူကို အားနာစရာဟယ်။
နင့်အကောင်လေ ဘယ်သူရှိရမှာလဲ။
ဘယ်ကောင်လဲဟဲ့ ငါ့အကောင်ဆိုတာ။ ငါတောင်မသိတဲ့ သူကိုနင်ကသိနေတယ်ဆိုတော့။
Jayဆိုတဲ့ကောင်လေး။
ဟိုတစ်ပတ်လောက်က ငါရုံးကနေအိမ်အပြန်လမ်းမှာ လူတစ်စုက jayဆိုတဲ့ကောင်လေးကို ဝိုင်းထိုးနှက်ခံရပြီး သတိမေ့သွားလို့ ငါဆေးရုံးကိုပို့ပေးခဲ့တာကို ကျေးဇူးတင်လို့ ဆိုင်တစ်ဆိုင်မှာ ဧည့်ခံပါရစေတဲ့။
နင်ကလဲဟယ် သူကကျေးဇူးတင်လို့ ဖိတ်တာကို အဲ့လောက်အထိပြောဖို့မလိုပါဘူး။ နောက်ဆိုနင်တို့ရဲ့တွေ့ဆုံမှု့ကနေ ဖူးစာဖက်တောင်ဖြစ်ချင်ဖြစ်သွားအုံးမှာဟ။
"အေးနင်ပဲယူလိုက်နဒီမ။ အစုတ်ပလုတ်မ။ ငါ့ကိုဒီကောင်လေးနဲ့ အောင်သွယ်ပေးနေမယ့်အစားနင်ယူလိုက်ပါ့လား။"
"ငါကငါ့သူငယ်ချင်း​လေးနင်ကောင်းစားအောင် ငါကအိမ်ထောင်ဖက်ကောင်းရှာပေးနေတာနော်။ အတွေးမမှားနဲ့။"
"တော်ပြီဟာ။ နင်ဒီစကားထက်ပြောမှာဆို အလုပ်သွားလုပ်တော့။"
နင်ဘယ်လိုပဲပြောပြော မင်းသွေးခန့်ငါကတော့ နင်နဲ့သူညားအောင်လုပ်ပေးရမှာငါ့တာဝန်တစ်ခုလို့ သဘောထားလိုက်ပြီ။ အခုတော့ငါရုံးဆင်းတော့မယ်။ တစ်ခုတော့ငါပြောလိုက်မယ် နင်သူ့ကိုအဲ့လိုဆက်ဆံတာတော့မကောင်းဘူးလို့ငါထင်တယ်။ သူ့ဘက်ကကျေးဇူးတင်လို့ ဖိတ်တာကို နင့်ဘက်ကအပြင်းအထန်ငြင်းဆန်တာတော့ တစ်ဖက်လူဖြစ်တဲ့ jayကိုအားနာသင့်တယ်လို့ငါထင်တယ်။ ဒီတော့နင့်သူချိန်းတာကိုသွားသင့်မသင့် နင့်ဘာသာစဥ်းစား ဟုတ်ပြီလား။ အခုတော့ငါတို့ ရုံးဆင်းပြီးတစ်ခုခုသွားစားကြရအောင်။
"နဒီမ အခုနင်ကဘယ်ကိုမုန့်သွားစားမှာလဲ။ ငါကကော ဘယ်ကိုမောင်းပေးရမှာလဲ။"
လှည်းတန်းက seasonကိတ်ဆိုင်သွားမယ်။ ငါဒီနေ့နင့်ကို ဝယ်ကျွေးပါ့မယ်ဟ။
ဘာလဲငါပုံစံကမစားနိုင်မသောက်နိုင်ဖြစ်နေလို့လား။ ငါကသူများကျွေးမှ စားနိုင်သောက်နိုင်မှာလား။ ငါ့ဘာသာငါဝယ်စားနိုင်တယ်။ နင်ဝယ်ကျွေးစရာမလိုပါဘူး။
နင်ဟာလေ အလကားနေဘဝင်မြင့်နေတဲ့အကောင်သိလား။ နင့်အကြောင်းငါက မသိဘူးဆိုတော့လေ။  အလကားနေ သူငယ်ချင်းဖြစ်တဲ့ငါ့တောင်ချေနေတာဆိုတော့
နင်ဒါကြောင့် အခုချိန်အထိရည်းစားမရ ဂေါ်မစွံကြိုက်မယ့်သူမရှိတာနေမှာ မထူးဆန်းတော့ပါဘူး။ ထက်နဒီလွင် ခပ်ရွဲ့ရွဲ့နှင့်ပြောလေသည်။
နင်ကကောဘာထူးလို့လဲ။ အပျိုကြီးဘဝနဲ့အရိုးထုတ်ရမယ့်အဖွားကြီးဖြစ်နေတာကို ။ ငါကအိမ်ကပေးစားတဲ့သူနဲ့ပဲယူမှာ။
တော်ပါဟာ နင်ကခေတ်လူငယ်နော်။ နင်ရောက်နေတာက21ရာစုနော်။ 19ရာစုနှစ်ကလိုမိဘတွေသဘောတူတဲ့လူနဲ့ယူမယ်ဆိုတဲ့ခေတ်တွေကလွန်လာခဲ့ပြီ။ နင့်ရဲ့ရှေးရိုးစွဲတွေကိုဖျောက်လိုက်တော့သူငယ်ချင်း။
အခုခေတ်က ငါတို့လွတ်လပ်စွာ အိမ်ထောင်ဖက်ကိုရှာနိုင်တယ်။ ပွင့်လင်းစွာ မိဘတွေကိုပြောပိုင်ခွင့်ရှိတယ်။
မင်းသွေးခန့်တို့ဆိုင်ထဲရောက်တာနှင့် ကော်ဖီနှစ်ခွက်နဲ့ကိတ်နှစ်ခုမှာကာ စားနေတုန်း jayနှင့်ဆေးရုံမှာတွေ့ခဲ့သောသူ့ဒေါ်လေးဆိုသူကိုမြင်လေသည်။
ဒေါ်လေးတို့ဘာထွက်ဝယ်တာလဲ ပြီးပြီးဆို ကျွန်တော်တို့ဝိုင်းမှာထိုင်လိုက်ပါ့လား။ တစ်ခုခုစားရင်း စကားပြောကြတာပေါ့။ ကျွန်တော်ဝယ်ကျွေးပါပါ့မယ်။
ဒေါ်လေးကဝယ်ကျွေးရမယ့်သူပါ။ jayလေးကိုကူညီထားတာဆိုတော့ ဒေါ်လေးကဝယ်ကျွေးပါ့မယ်။
မဟုတ်တာ။ ဒေါ်လေးရယ်။
jayကိုဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်းပြောခိုင်းပြီး တစ်ဆိုင်ဆိုင်မှာဧည့်ခံခိုင်းတာကို အင်းမလုပ်အဲမလုပ်နဲ့ ဒီကောင်လေးဟာ ဘာမဟုတ်ကိုခေါင်းမာနေတက်တာမျိုး။
ဒေါ်လေးကလဲ သားသူ့ကိုဖုန်းဆက်ပြီးပါပြီဆိုတာကို မယုံသူ့မေးကြည့်ပါ့လား။
ဟုတ်ပါတယ် အန်တီ။
ကျွန်တော်ကိုjayဖုန်းဆက်ပြီး ပြောပါတယ်။ကျွန်တော်က မအားလို့ဆိုပြီးငြင်းမိလိုက်တာပါ။ ဒီအတွက်ကြောင့် jayကိုမဆူပါနဲ့တော့လို့ ကျွန်တော်ကပဲတောင်းပန်ပါတယ်။
မဟုတ်တာသားရယ်။ ဒေါ်လေးကသားကိုကျေးဇူးတင်လွန်းလို့ အိမ်မှာထမင်းဖိတ်ကျွေးချင်တာ။ သားကအလုပ်မအားဘူးဆိုတော့နောက်မှပေါ့ မဟုတ်ဘူးလား။
ထိုလူဟာလေ ဖုန်းဆက်တုန်းကနဲ့ အခုသူနဲ့လုံးဝမသက်ဆိုင်တဲ့ အခြားတစ်ယောက်လိုပဲ။ မင်းသားရှုံးအောင်အိုက်တင်ကောင်းတဲ့သူ။ မင်းသားရုပ်နဲ့ဘီလူးကြီး။
"သားjay"
"ဘီလူးကြီး ဗျာ ဒေါ်လေး"
နီးနီးလေးခေါ်နေတာကို မကြားရအောင် စိတ်ကဘယ်ရောက်နေတာလဲကွယ်။ ပြီးတော့ ဘယ်ကဘီလူးကပါလာရပြန်တာလဲ။
မဟုတ်ပါဘူး သားအတွေးလွန်နေလို့ပါ။ အတွေးကောင်းနေစဥ် ဒေါ်လေးခေါ်သံကြောင့် jayစိတ်ထဲက မကျေနပ်သောစကားများအပြင်ထွက်ကျလာရခြင်းဖြစ်သည်။ ဟူး...တော်ပါသေးရဲ့။
ဒါနဲ့သားဘေးနားက သမီးလေးနာမည်ကဘယ်သူလဲ။
"သမီးနာမည်က ထက်နဒီလွင်ပါအန်တီ။ မင်းသွေးခန့်ရဲ့အတွင်းရေးမှုးပါ။"
"ဒေါ်လေးနာမည်က ချိုမာပါ။"
"ဟုတ်ကဲ့သမီးမှတ်ထားလိုက်ပါ့မယ်ရှင့်။"
သမီးလေးကနာမည်လေးနဲ့လိုက်အောင် ထက်မြက်မယ့်မိန်းကလေးပဲ။ လူလေးကလဲချစ်စရာကောင်းလိုက်တာ။ အန်တီဆီကို လာလည်နော်သမီး။ သားလေးမင်းသွေးခန့်ကောပဲ အန်တီကဖိတ်ပါတယ်ကွယ်။
ဒါဆိုကျွန်တော်တို့ပြန်တော့မယ်နော်အန်တီ။ jayကိုယ့်တို့ကိုပြန်ခွင့်ပြုပါအုံး။ နဒီနဲ့အတူ မင်သွေးခန့် ၊ jayနှင့်သူဒေါ်လေးကိုနှုတ်ဆက်ကာပြန်လာခဲ့လေသည်။
"ဘာတဲ့ jayကိုယ့်တို့ကိုပြန်ခွင့်ပြုပါအုံးတဲ့ဟုတ်လား။ အသံလေးကချိုသာနေလိုက်တာ ကောင်လေးကပြန်ခါနီးသူ့ချစ်သူကိုနှုတ်ဆက်နေသလို ခံစားရတယ်ကွာ။"
"ဒေါ်လေးကjayကိုဆူနေတာကြောင့် ငါကအားနာမိလို့ပါနော်။ နင်ထင်သလိုမဟုတ်ဘူး။"
"အသွေးငါ့တိုနောက်တပတ် jayအိမ်ကိုသွားလည်ကျရအောင်။"
နင့်ဘာသာသွား ငါကတော့မလိုက်ချင်ဘူး။ အိမ်လည်ရတာ ငါ့အကျင့်လဲမဟုတ်ဘူး။
နင်ကလဲလိုက်ခဲ့ပါနော်။ ဘာဖြစ်လဲ ဟိုရောက်တော့ ငါဘာသာjayဒေါ်လေးနဲ့ပြောမယ်။ နင်ကထိုင်နေပေါ့ နော်.နော်သူငယ်ချင်းလေး လိုက်ခဲ့ပါနော်။
နားညီးတယ်ဟာ။ ငါနားအပူမခံနိုင်ဘူး။
ဒါဆိုလိုက်ခဲ့မယ်လို့သဘောတူတာလား။
နင့်အိမ်ရှေ့ရောက်နေပြီ ဆင်းတော့။
နင်လိုက်မယ်လို့ သဘောတူမှဆင်းမယ်။
နင်မရစ်စမ်းနဲ့ဟာ။
နင်လိုက်မှာလား မလိုက်ဘူးလား။ မလိုက်ရင်ငါမဆင်းဘူးနော်။
အေးဟာ လိုက်ခဲ့မယ် ရပြီလား။ကျေနပ်ပြီလား။ ကျေနပ်ရင်အခုဆင်းတော့။
ငါ့သူငယ်ချင်းလေးက လိမ္မာလိုက်တာ။ ဒါ့ကြောင့်ငါခင်နေရတာ။
ငါသွားပြီးနဒီ။ နဒီကိုနှုတ်ဆက်ကာ မင်းသွေးခန့်ကာကိုမောင်းထွက်လာခဲ့လေသည်။ အမှန်ဆို နဒီတို့အိမ်နဲ့ကျွန်တော်တို့အိမ်က၃ခြံလောက်ပဲဝေးလေသည်။ ကားစင်ဝင်အောက်ကားရပ်ကာ အပေါ်​အိပ်ခန်းထဲသို့ ဝင်ခဲ့လေသည်။
Continue Reading
You'll Also Like
2.5M 43.5K 31
50 shades of Gray, but with you and Levi Ackerman.
17.4K 1.4K 20
37.5K 1.1K 35
စစ်မှန်တဲ့ ချစ်ခြင်း​တွေဟာ ကမ္ဘာခြား​နေတဲ့ သူနှစ်ဦးကို​တောင် ဆုံစည်း​စေနိုင်တယ် ကိုယ်တို့ရဲ့ချစ်ခြင်းတရား​တွေသာ စစ်မှန်မှုရှိခဲ့ရင်.... စစ္မွန္တဲ့ ခ...
9.3K 439 6
#Unicode မင်းက ငါ့ဘဝရဲ့ တစ်ဦးတည်းသော ... #Zawgyi မင်းက ငါ့ဘဝရဲ့ တစ်ဦးတည်းသော ...