Reward[Him From Final Year]
By Aelennar
1.1M 90.8K 10.7K
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side
Chapter-29
17.2K 1.8K 230
By Aelennar
"ကိုမင်းစစ်ကြောင်း"
ပွင့်လာသည်။
သွားတာ။ကျွန်တော် ဘာမှတောင်
ပြဿနာ မရှာလိုက်ရဘူး။
ဘယ်သွားမလို့လဲ"
အစောကြီး ဘာထလုပ်တာလဲ
ဒီမှာလာအိပ်"
တွေထွက်လာရသည်။
နည်းလေးမှမရွေ့။စိတ်တွေကတိုလာ
အခုထတော့!!"
ဂရုမစိုက်။
လိုက်ရင်း။
"ထပါတော့ဆို။မျက်နှာသွားသစ်တော့
သည်။
ကိုရိုက်ခတ်လာသည်။ကမ်းခြေကို
သာယာလွန်းနေပါသည်။
နှစ်ရက်မြောက်နေ့ပင်။သူနဲ့ကျွန်တော်
အိပ်တာကတော့ တစ်ယောက်
တစ်ကုတင်ဆီပါ။ကျွန်တော် တစ်ခြား
ဘာမှမသိတော့ဘူး။မစဉ်းစားချင်တော့
                 ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ထိုင်စောင့်ပေးနေသည်။ဘေးနားမှာ
တော့ ကိုကျော်ထွန်းနဲ့ အစ်မမြတ်တို့အတွဲ
"ကိုမင်းစစ်ကြောင်း"
ဆိုတာ ကျွန်တော်သိပါ့။
သည်။
လှမ်းအော်ခေါ်ကြသည်။ကျွန်တော့်
ကောင်မလေး တစ်ချို့။ယောကျာ်းလေး
"ညီလေး ညီလေး"
ရောက်လာကာ အလောကြီးနေ
သည့်ပုံနှင့်။
ရမည်မသိ။ကျွန်တော် စီးလာတာ
အချိန်မှမပြည့်သေးတာ။ကျွန်တော်
မရှိသေးဘူး"
"ဗျာ"
တိုလာရသည်။ဒီလူ ဘာဖြစ်တာလဲ။
ပေးစီးတာလဲ။မနေ့ကလိုမျိုး ကျွန်
မှာစိုးလို့လား။
မရဘူးလားခင်ဗျ"
"မရလို့ပါ ညီလေး"
လိုက်မိသည်။သူကတော့ အေးဆေးစွာ
စကားပြောနေပုံရသည်။
တွေ့မယ်။
စေသည်။
တာကျနေတာပဲ"
ကဘာလုပ်ရမှာလဲ။ဟိုမှာ ကျွန်တော့်
ကစားနေကြတယ်"
ရသည်။
ဘယ်လိုလုပ်မလဲ"
ဆူပုတ်မိနေဆဲ။
ကိုတော့ နေရာမရွှေ့မိ။
ကလေးရယ်"
မျက်နှာပူလာရသည်။မသိရင် တစ်ခြား
တော့တာပဲ။
မှာထားပေးတယ် ထင်ပါ့။
နေလိုက်သည်။
ငုံ့သောက်လိုက်သည်။
ဖူးပါလား။ဆန်းကြယ်ပေစွ"
ရိုက်လိုက်သည်။ကျွန်တော်ရှက်
ကြတော့မှာလား။
အေးဆေးပင်။ကျွန်တော်သူ့ကို
သည်။တစ်မနက်လုံး ရေထဲကနေ
တိုက်ပါလား"
faတွေသောက်လို့မရဘူး။ဘဲရှိတဲ့သူ
တွေပဲ သောက်လို့ရတာ"
"ဟင် ဘယ်လို ဘယ်လို"
ကြတော့မှာလား။ပြောကြသေးသည်
လိုက်ကြပါတဲ့။
ကွယ်ထားပေးခဲ့သည်။
                 ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
အိပ်ပျော်သွားခဲ့တာ။သူအပြင်ထွက်
သွားတယ် ထင်ပါတယ်။
လျှောက်သွားလိုက်သည်။ဒီလောက်
အစ်မနန်းမူယာ။ဖုန်းမျက်နှာပြင်မှာ
တဲ့နမယ်က မူယာ။
တော့ပါ။
ပတ်သက်ခဲ့ဖူးကြတာပဲ။ဖုန်းလေး
ဆက်နေတာလောက်ကတော့ ဘာ
များဖြစ်မှာမို့လဲ။contantကိုမဖျက်
ဖျက်ပစ်ဖို့မှမလိုတာ။ကျွန်တော်ဘာလို့
တဲ့အထိပြန်မလာသေးပါ။သူ ဘယ်
ကိုသွားလိုက်တာလဲ။
ထွက်လာခဲ့လိုက်သည်။ကျွန်တော်တို့
သူ့ကိုမတွေ့။အုန်းပင်တွေ စီတန်းနေ
"ဟင်အင်း ငါမတွေ့မိဘူး"
လို့ပြောတာပဲ။ဟိုတယ်က ရေကူးကန်
ဘက်မှာ ရှိနေမလားပဲ"
မှိန်းနေဟန်ရှိသည်။
"စစ်ကြောင်း ဟေ့ကောင်
အသာပြုံးပြလာသည်။
"နိုးလာပြီလား"
"ဒီမှာလာထိုင် "
ကမ်းပေးလိုက်သည်။
တာတော့ မူယာတဲ့"
လာပေးတာ။ပြန်ဆက်တာ မဆက်တာ
ခင်ဗျားအပိုင်း"
လက်ကိုလွှတ်"
လာသည်။ကျွန်တော် ရောက်နေတဲ့
ကို လှည့်ကြည့်လာသည်။သူ့အကြည့်
တွေထဲ ဒေါသတွေမပါ။
ကြည့်ချင်တယ်ဆို"
လာခဲ့သည်။
                 ▪▪▪▪▪▪▪▪▪▪▪▪▪▪▪
တဲ့ကောင်လေး။ကိုယ်ကတော့ ဘေး
လာတဲ့မျက်ဝန်းတွေ။အကြည့်ချင်းဆုံ
"ကျွန်တော်က ဘာလို့။မဆိုးပါဘူး"
တတ်တော့ သည်လား။ဘာမှထပ်
ဝတ်ထားသည့် ရှပ်အကျီ င်္အဖြူရောင်
လှုပ်ခတ်လို့နေသည်။တိုက်ဆိုင်လွန်း
စွာနဲ့ ဒီနေ့ကိုယ်ဝတ်ထားသည့်အကျီ င်္
ကလည်း အဖြူရောင်ပင်။
ထိုင်လိုက်သည်။ဒီကနေ ကမ်းခြေကို
"နေဝင်တော့မယ် ထင်တယ်။ကမ်းခြေ
မေ့လျော့သွားရသည်။ကိုယ့်ဘေးက
လည်း ထပ်လာမယ်လေ"
တစ်ချက်ကြည့်လာပါသည်။
လိုက်ပို့ပေးမယ်"
သဘောထားနိုင်မှာလဲ"
"ဝန်း"
မှတ်ဥာဏ်တွေထဲမှာ အဖေကအမေ့ကို
မှတ်မိနေတယ်။ကျွန်တော့်ကိုလည်း
မဟာတံတိုင်းကြီးပဲ။အဲ့လိုအဖေက
ရှောက်ခဲ့တယ်။သားတစ်ယောက်ဖြစ်
ရတာ ကိုယ့်မှာ။
"ကိုယ်နားလည်တယ်။ဆက်မပြောနဲ့တော့"
မှထားမသွားဘူး"
ဝိုင်းလာပါသည်။အတွေ့မခံပဲ သူ့လက်
ကြမ်းသုတ်ပစ်ပြီး။
ယောကျာ်းလေး"
လို့လေ။မဟုတ်တာတွေ လျှောက်
ချင်တာ။ကိုယ်ချစ်တာ ကလည်း
ပေါက်စ ကိုပဲလေ"
ကိုယ်သိသည်။
စကားလုံးတွေရှာမရ။တစ်ခုခုများမှား
သွားသည့်ကောင်ကလေး။
မကောင်းတော့ရင်ရော"
မဟုတ်ဘူး။ဝန်းရဲ့စိတ်ထား စကား
ချစ်စရာကောင်းနေတာ"
ဖြစ်သွားသည်လား။ကိုယ်စိုက်ကြည့်
လိုက်ရသည်။
တယ်။အဲ့တာက ခင်ဗျားအတွက်
ကျွန်တော်မညာချင်ဘူး။ဒီအရွယ်မှာ
ကျွန်တော်မယုံဘူး။ခင်ဗျားအပေါ်မှာ
"ဝန်း"
ရက်ရောရောပင်ပေးပြီး။
ဖြစ်ခွင့်ပေးမလား"
ဘယ်လိုမှ မသင့်တော်။ဒီကောင်လေး
မှမလွှတ်ပေး တော့ပါ။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode
"ကိုမင်းစစ်ကြောင်း"
ကျွန်တော် သူ့ကိုယ်ကိုလက်တွေနဲ့
ကိုင်လှုပ်ကာ နှိုးနေပါသော်လည်း
အိပ်နေသည့်သူမှာတော့ လုံးဝမျက်လုံး
တွေမဖွင့်လာပါ။ကျွန်တော်နှိုးနေမှန်း
သိသိရက်နဲ့တမင် ဆက်အိပ်နေတယ်။
ကျွန်တော်သူ့ ကုတင်ဘေးကနေ
ဒီလောက်အော်ခေါ်ပြီးနှိုးနေတာ
သူနိုးနေပြီဆိုတာ ကျွန်တော် သိသည်။
"ထတော့ ထတော့ပါဆို ကျွန်တော်
တောင် မျက်နှာသစ်ပြီးပြီ။"
သူ့လက်တစ်ဖက်ကို ကိုင်ဆွဲကာ
ကျွန်တော်အနားကပ်ပြီး အသံကျယ်နဲ့
အော်လိုက်တော့ တစ်ခဏအကြာ
သက်ပြင်းတွေချပြီး သူ့မျက်လုံးတွေ
ပွင့်လာသည်။
ကြည့်ပါလား နိုးနေရဲ့သားနဲ့ဆက်
အိပ်နေတယ်ဆိုတာ ကျွန်တော်သိသားပဲ။
မနေ့ညက သူ့သူငယ်ချင်းတွေနဲ့
ကမ်းခြေကbarကိုသွားပြီး ညကြီး
မိုးချုပ်မှပြန်လာ ကျွန်တော့်ကိုအနား
ကပ်မခံပဲ ရေချိုးပြီးတာနဲ့ တန်းအိပ်
သွားတာ။ကျွန်တော် ဘာမှတောင်
ပြဿနာ မရှာလိုက်ရဘူး။
"ဘယ်အချိန် ရှိနေပြီလို့လဲ"
"ခြောက်နာရီခွဲနေပြီ အခုထတော့"
ကုတင်ပေါ်မှာ အိပ်နေရာကနေ
မထသေးပဲ ကျွန်တော့်ကို ကြည့်နေတဲ့
ကိုစစ်ကြောင်းရဲ့မျက်နှာက အလွန်
အမင်း အံ့သြသွားဟန်ရှိသည်။
"ဒီအချိန်ထပြီး ဘာလုပ်ရမှာလဲ။
ဘယ်သွားမလို့လဲ"
"မနက်စာသွားစားမယ်လေ ကျွန်တော်
ဗိုက်ဆာနေပြီ။အခုထဲက ထပြီးပြင်ဆင်တော့"
"ကိုယ်က ဘာကိုပြင်ဆင်ရမှာလဲ။
ကိုယ် မျက်နှာသစ်အဝတ်စားလဲ
အများဆုံးကြာ ဆယ်မိနစ်ပဲ။
အစောကြီး ဘာထလုပ်တာလဲ
ဒီမှာလာအိပ်"
ကျွန်တော်နှိုးနေတာကိုမထတဲ့အပြင်
ကျွန်တော့်ကိုပါသူ့ဘေးမှာ လာအိပ်ဖို့
ခေါ်နေတာကြောင့် ကျွန်တော် ဒေါသ
တွေထွက်လာရသည်။
"မရဘူး ခင်ဗျားအခုထမလား မထဘူးလား"
"လိမ်မာတယ်နော်ဝန်း ကိုယ်အိပ်အုံးမယ်"
ကျွန်တော့်ကို စိတ်ညစ်နေသလို
ပြောကာ ဆန့်ကျင်ဘက်ကိုလှည့်ပြီး
ပြန်အိပ်နေသည်မို့ ကျွန်တော် ဒေါသ
တွေတော်တော်လေး ထွက်လာရသည်။
ကျောခိုင်းထားတဲ့ သူ့ခန္ဓာကိုယ်ကြီး
ကိုအနောက်ကနေ တွန်းကာလှုပ်နှိုး
နေပေမဲ့ ကျောက်တိုင်ကြီးလိုမျိုး နည်း
နည်းလေးမှမရွေ့။စိတ်တွေကတိုလာ
သည်။ကျွန်တော် စိတ်မရှည်တော့တာ
မို့ အနောက်ကနေ သူ့ကျောပြင်ကို
ခပ်ကြမ်းကြမ်း ထုရိုက်ပစ်လိုက်သည်။
"ကိုမင်းစစ်ကြောင်း ခင်ဗျားဆက်
မအိပ်နဲ့ ထတော့လို့ ပြောနေတယ်
နော်။ကျွန်တော်တောင် မျက်နှာသစ်
ပြီးပြီလို့ အဝတ်အစားတောင်လဲပြီးပြီ
အခုထတော့!!"
အနောက်ကနေ ထုရိုက်ကာ အသံ
ကျယ်နဲ့အော်ဟစ်နေပါသော်လည်း
သူက အေးဆေးပဲဆက်အိပ်နေလျက်
သာ နည်းနည်းလေးမှ ကျွန်တော့်ကို
ဂရုမစိုက်။
"ရပါတယ် ကျွန်တော့်စကားက
ခင်ဗျားအတွက် အရေးမပါဘူးဆိုတာ
နောက်ဆုံးတော့ ကျွန်တော်သိလိုက်ရပါပြီ"
ကျွန်တော့်စကား ဆုံးတော့
ကိုမင်းစစ်ကြောင်းကချက်ချင်းပင်
အိပ်နေရာကနေ ထထိုင်လာသည်။
ကျွန်တော့်ကို တစ်ချက်ကြည့်လာရင်း
သက်ပြင်းတွေချနေကာ ဘာမှတော့မပြော။
ကျွန်တော်သူမတွေ့အောင် ခိုးကာပြုံး
လိုက်ရင်း။
"ထပါတော့ဆို။မျက်နှာသွားသစ်တော့
ကျွန်တော် အိပ်ရာသိမ်းထားပေးမယ်"
မျက်နှာငယ်နဲ့ သူ့ကိုကြည့်ကာပြော
လိုက်တော့ သူကျွန်တော့်ကိုဒီအတိုင်း
စိုက်ကြည့်နေရာကနေ တစ်ခဏ
အကြာ ကျွန်တော့်ဆံပင်တွေကိုဆွဲဖွ
သွားကာ ကုတင်ပေါ်ကနေဆင်းသွား
သည်။
ရေချိုးခန်း တံခါးပိတ်သံကိုကြားလိုက်
ရတော့ ကျွန်တော် ကျေနပ်စွာပြုံး
လိုက်ရင်း သူအိပ်ထားသည့်ကုတင်ကို
စောင်တွေပြန်ဖြန့်ပေး ခေါင်းအုံးကို
နေရာတကျထားပေးပြီး သပ်သပ်
ရပ်ရပ်ဖြစ်အောင် လုပ်ပေးလိုက်သည်။
ကျွန်တော်တို့နှစ်ယောက်နေသည့်
အခန်းရဲ့လိပ်ကာကို ကျွန်တော်ဖွင့်
လိုက်ပြီး မှန်တံခါးကိုပါဖွင့်ပြီး အပြင်
ဘက်ဝရံတာကိုထွက်ခဲ့တဲ့ အချိန်
အေးချမ်းသည့် လေထုကကျွန်တော့်
ကိုရိုက်ခတ်လာသည်။ကမ်းခြေကို
မြင်နေရသည့်ဒီနေရာကနေ မနက်ခင်း
အချိန်မို့ ပတ်ဝန်းကျင်တစ်ခွင်ကပို၍
သာယာလွန်းနေပါသည်။
ပုဂံမှာကျွန်တော်တို့ သုံးရက်နေခဲ့ပြီး
အခု ငွေဆောင်ကိုရောက်နေတာက
နှစ်ရက်မြောက်နေ့ပင်။သူနဲ့ကျွန်တော်
ပုဂံမှာထဲက တစ်ခန်းထဲပဲနေဖြစ်ခဲ့ပြီး
အိပ်တာကတော့ တစ်ယောက်
တစ်ကုတင်ဆီပါ။ကျွန်တော် တစ်ခြား
ဘာမှမသိတော့ဘူး။မစဉ်းစားချင်တော့
ဘူး။သူကျွန်တော့် အနားမှာရှိနေရင်
ကျွန်တော်ပျော်ပြီး လုံခြုံစိတ်ချတယ်လေ။
                 ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ကျွန်တော်တို့ မနက်ဆယ်နာရီ
လောက်ဟိုတယ်ကနေ ကမ်းခြေကို
လမ်းလျှောက်ကာ ထွက်လာခဲ့ကြသည်။
ကျွန်တော် စက်ဘီးစီးချင်တယ်ပြော
တော့ သူကျွန်တော့်ကို စက်ဘီးငှား
ပေးပြီး ကမ်းစပ်ကသဲသောင်ပြင်မှာ
ကျွန်တော် လိုက်စီးနေတဲ့အချိန်သူက
တော့ အမိုးအောက်ကခုံတန်းရှည်မှာ
ထိုင်စောင့်ပေးနေသည်။ဘေးနားမှာ
တော့ ကိုေက်ာ္ထြန္းနဲ့ အစ်မမြတ်တို့အတွဲ
ကလည်း တစ်ခုံထိုင်နေသည်။သူ
ကျွန်တော့်ကိုဝေးဝေးလျှောက်မသွားနဲ့
စက်ဘီးကို ဒီနားမှာပဲစီးလို့မှာထားတယ်။
သူတို့က အကြိမ်ကြိမ်ရောက်ဖူးပြီး
သားဖြစ်လို့ အေးအေးဆေးဆေး
အပန်းဖြေဖို့ပဲလာကြပေမဲ့ ကျွန်တော်
ကတော့ တစ်ချက်လေးမှငြိမ်ငြိမ်မနေ
နိုင်။ကမ်းခြေကိုရောက် နေမှတော့
တစ်ခုမဟုတ် တစ်ခုလုပ်လိုက်ရမှ။
"ကိုမင်းစစ်ကြောင်း"
ကျွန်တော် စက်ဘီးစီးနေရင်း အဝေး
ကနေသူ့ကို လှမ်းခေါ်လိုက်တော့
သူက ကျွန်တော့်ကိုကြည့်လာသည်။
"ဒီမှာကြည့် ကျွန်တော်မိုက်တယ်မလား"
ကျွန်တော် သူ့ကိုလက်တစ်ဖက်
လွှတ်ပြပြီးစက်ဘီးစီးနေတော့ သူ
ထိုင်နေရင်းနဲ့ ကျွန်တော့်ကိုမျက်နှာ
တည်နဲ့ လှမ်းကြည့်နေသည်။ကျွန်
တော်စက်ဘီးကို ကောင်းကောင်း
မွန်မွန်မစီးလို့ သူဒေါသထွက်နေပြီ
ဆိုတာ ကျွန်တော်သိပါ့။
ကျွန်တော် သူ့ကိုမသိမသာနဲ့
လျှာတစ်လစ်ထုတ်ပြပြီး သောင်ပြင်
တစ်လျှောက် စက်ဘီးနင်းလာခဲ့လိုက်
သည်။
ကမ်းစပ်နားမှာ ဘော်ယာနဲ့ရေဆော့
နေကြတဲ့ မေမီ ချမ်းမြေ့နဲ့ရည်မွန်တို့
နားကိုရောက်တော့ ကျွန်တော့်ကို
လှမ်းအော်ခေါ်ကြသည်။ကျွန်တော့်
ကိုလာခဲ့လေလို့ တစ်မင်အော်ခေါ်
ကာစနေကြပြီး သူတို့လိုမဆော့ရ
တာမို့ စက်ဘီးနဲ့တိုက်မလိုလိုက်စပြီး
ဆက်မောင်း လာခဲ့လိုက်သည်။
ကျွန်တော့်စက်ဘီး ရှေ့ကနေရေဆော့
ဖို့ ကမ်းစပ်ကိုဆင်းသွားကြတဲ့
ကောင်မလေး တစ်ချို့။ယောကျာ်းလေး
ပေမို့ ကောင်မလေးတွေရှေ့မှာခပ်
တည်တည်နေရင်း ကျွန်တော်စက်ဘီး
ကိုသေသေချာချာလေး စီးလာခဲ့
သည်။အေးချမ်းတဲ့လေထုကို ရှုရိုက်
ရင်း ကျွန်တော်ကမ်းခြေ မှာစက်ဘီး
လိုက်စီးနေရတာ စိတ်တွေပေါ့ပါးနေသည်။
ပင်လယ်ကြီးကိုကြည့်နေရင်း သဲ
သောင်ပြင်မှာကျွန်တော် စတိုင်
အပြည့်နဲ့စက်ဘီး စီးနေတုန်း ကျွန်
တော့်အနောက်ကို စက်ဘီးငှားပေး
သည့် အစ်ကိုကအရေးကြီးနေသည့်
ပုံနှင့် ပြေးပြီးလိုက်လာသည်။
"ညီလေး ညီလေး"
ကျွန်တော် ဘာဖြစ်မှန်းမသိတာမို့
စက်ဘီးရပ်ပေးလိုက်တဲ့အချိန်
အဲ့အစ်ကိုက ကျွန်တော့်ဘေးကို
ရောက်လာကာ အလောကြီးနေ
သည့်ပုံနှင့်။
"ညီလေး စက်ဘီးကစီးလို့မရတော့ဘူး။
ဒီမှာပဲ ရပ်လိုက်တော့နော်"
ကျွန်တော် အဲ့အစ်ကိုကိုကြည့်ပြီး
ရုတ်တရက် အံ့သြလွန်းလို့ဘာပြော
ရမည်မသိ။ကျွန်တော် စီးလာတာ
ဘယ်လောက်မှ မကြာသေးဘူးလေ။
"ဘာဖြစ်လို့လဲ ခင်ဗျ ငှားထားတာ
အချိန်မှမပြည့်သေးတာ။ကျွန်တော်
စီးနေတာလည်း ဘယ်လောက်မှ
မရှိသေးဘူး"
"ဟိုမှာထိုင်နေတဲ့အစ်ကိုက ညီလေးကို
ပြန်ခေါ်ခိုင်းလိုက်လို့"
"ဗျာ"
ကိုမင်းစစ်ကြောင်း ထိုင်နေတဲ့ဆီ
လှည့်ကာအဲ့အစ်ကို ကျွန်တော့်ကို
ညွှန်ပြလာတော့ ကျွန်တော်စိတ်တွေ
တိုလာရသည်။ဒီလူ ဘာဖြစ်တာလဲ။
ကျွန်တော့်ကိုဘာလို့ စက်ဘီးခဏပဲ
ပေးစီးတာလဲ။မနေ့ကလိုမျိုး ကျွန်
တော် အဝေးကြီးလျှောက်သွားလိုက်
မှာစိုးလို့လား။
"ကျွန်တော် ပိုက်ဆံထပ်ပေးမယ်လေ
မရဘူးလားခင်ဗျ"
"မရလို့ပါ ညီလေး"
ကျွန်တော် တောင်းဆိုကာပြောနေ
ပါသော်လည်း စက်ဘီးငှားသည့်
အစ်ကိုက ခေါင်းခါကာ ငြင်းနေသည်
မို့ ကျွန်တော်ဘာမှမတတ်နိုင်။
ကျွန်တော် ကိုစစ်ကြောင်းထိုင်နေ
သည့်ဘက်ကိုလှမ်းကြည့်ကာ ဒေါသ
တွေထွက်လာပြီးစိတ်တိုတိုနှင့် ဆူပုတ်
လိုက်မိသည်။သူကတော့ အေးဆေးစွာ
ထိုင်နေပြီး ကျွန်တော့်ကိုလှမ်းမကြည့်
နေပါ။ဘေးကကိုကျော်ထွန်းတို့အတွဲနဲ့တောင်
စကားပြောနေပုံရသည်။
ကျွန်တော်ပြောလို့မရတာမို့ စက်ဘီး
ငှားပေးသည့်အစ်ကိုကို သူ့စက်ဘီး
ပြန်ပေးလိုက်ပြီး ကျွန်တော်လမ်း
လျှောက်ပြီးတော့ပဲ ပြန်လာခဲ့လိုက်
တော့တယ်။မရှိမဲ့ရှိမဲ့ရှိုးတော့ ပဲ့ပါပြီ။
ကိုမင်းစစ်ကြောင်း ခင်ဗျားကျွန်တော်နဲ့
တွေ့မယ်။
"ခင်ဗျား ဘယ်လိုဖြစ်နေလဲ ကျွန်တော်
ဘယ်လောက်မှတောင် မစီးရသေးဘူး။
ဘာလို့စက်ဘီး လာပြန်ယူခိုင်းတာလဲ"
ကျွန်တော်သူ့ဆီကို ရောက်လာတော့
ဆူပုတ်ပြီးပြောနေသည်ကို သူက
ကျွန်တော့် လက်ကောက်ဝတ်ကို
အသာဆွဲကာ သူ့ဘေးနားမှာထိုင်
စေသည်။
"နေပူနေတယ်လေ ဒီလောက်စီးရရင်
တော်ပြီပေါ့။လျှောက်သွားမှာ ကိုယ်မသိ
တာကျနေတာပဲ"
"ရေထဲလည်းပေးမဆင်းဘူး ကမ်းခြေ
လာပြီးရေမဆော့ရမှတော့ ကျွန်တော်
ကဘာလုပ်ရမှာလဲ။ဟိုမှာ ကျွန်တော့်
သူငယ်ချင်းတွေ အကုန်လုံးရေ
ကစားနေကြတယ်"
ကျွန်တော်သူ့ကို မကျေမနပ်နဲ့
ဆူပုတ်မိပြီး မေမီတို့ဆီကြည့်ကာ
ပြောတော့ သူကတစ်ချက်ရယ်ကာ
ကျွန်တော့်ဒီအတိုင်းပဲ ကြည့်နေ
သည်။ကျွန်တော်တို့နှစ်ယောက်
စကားများနေကြတာကို ဘေးက
ခုံတန်းမှာထိုင်နေတဲ့ ကိုကျော်ထွန်းနဲ့
အစ်မမြတ်ကလည်း နားထောင်နေကြ
ကာ သူတို့ကြားထဲမှာ ကျွန်တော်က
ငြိမ်ငြိမ်မနေချင်တဲ့ ကလေးလိုဖြစ်နေ
ရသည်။
"မနေ့က တစ်နေကုန်ဆော့ပြီးပြီ
မလား။နေအရမ်းပူနေတာ ပြန်ဖျားရင်
ဘယ်လိုလုပ်မလဲ"
သူ ကျွန်တော့်ကိုချော့နေသလိုနှင့်
ခေါင်းကို တစ်ချက်ပုတ်လာသည့်တိုင်
ကျွန်တော် မျက်နှာကိုတည်ထားကာ
ဆူပုတ်မိနေဆဲ။
သူ့ဘေးမှာကပ်ပြီး ထိုင်နေသည်
ကိုတော့ နေရာမရွှေ့မိ။
"ကိုစစ်ကြောင်းက စိတ်ပူလို့နေမှာပါ
ကလေးရယ်"
ကျွန်တော့်ကို အစ်မမြတ်ကပြုံးကာ
ဘေးကနေ လှမ်းပြောလာသည်မို့
ကျွန်တော်ဘာပြောရမည်မသိတော့ပဲ
မျက်နှာပူလာရသည်။မသိရင် တစ်ခြား
သူတွေရဲ့အမြင်မှာ ကျွန်တော်က
ကိုစစ်ကြောင်းအပေါ် ကလေးတစ်
ယောက်လိုမျိုး ဆိုးနေသလိုဖြစ်သွား
လား။ကျွန်တော့်ရဲ့ ယောကျာ်းလေး
သိက္ခာတွေတော့ ကျပါပြီ။သူနဲ့ကျွန်
တော်က ဘာမှမသက်ဆိုင်သေးတာ
တစ်ခုကလွဲရင် သူ့သူငယ်ချင်းတွေရော
ကျွန်တော့် သူငယ်ချင်းတွေရောကပါ
ကျွန်တော်တို့ကိုပေါ်တင်ကြီးစနေကြ
တော့တာပဲ။
ကျွန်တော် သူ့ဘေးမှာကပ်ထိုင်နေ
တုန်း ကောင်လေးတစ်ယောက်က
မှာထားတဲ့အုန်းရည်ရပြီ ဆိုပြီး ပိုက်
တပ်ထားသည့် အုန်းသီးတစ်လုံး
ကျွန်တော့်ကိုလာကမ်းပေးသည့်အချိန်
ကျွန်တော့်မျက်နှာ ဝင်းပလာရသည်။
သူကျွန်တော်သောက်ဖို့ အဆင်သင့်
မှာထားပေးတယ် ထင်ပါ့။
သူ့ဖုန်းကိုကြည့်နေတဲ့ ကိုစစ်ကြောင်း
ကိုဘေးကနေ ကျွန်တော် ငေးရင်း
နှုတ်ခမ်းတွေကပြုံးနေမိပြီး စိတ်တိုနေ
တာတွေအကုန် ပျောက်သွားရသည်။
ကမ်းဖြေမှာ လေလေးတစ်ဖြူးဖြူးနဲ့
အုန်းရည်သောက်နေရတော့ ကျွန်
တော်စိတ်ပြေသွားပြီး သူ့အနားမှာ
ကပ်ထိုင်ကာ သူနဲ့အတူတူဖုန်းကြည့်
နေလိုက်သည်။
"ကိုယ့်ကိုအုန်းရည် နည်းနည်းတိုက်"
"မတိုက်ပါဘူး ခင်ဗျားသောက်ချင်ရင်
နောက်တစ်လုံး ထပ်မှာပေါ့"
"မမှာဘူး မင်းဆီကပဲသောက်မယ်"
သူ့ဖုန်းကိုအကြည့်မပျက်ပဲ ပြောနေ
တဲ့သူကိုကျွန်တော် စောင်းကြည့်
လိုက်ပေမဲ့သူက ဂရုမစိုက်။အုန်းသီးကို
ကိုင်ထားလျက်သားနဲ့ သူ့ကိုကမ်းပေး
လိုက်တော့ သူကမယူပဲနဲ့ ကျွန်တော်
ကိုင်ထားပေးတဲ့ဆီကနေပဲ ပိုက်ကနေ
ငုံ့သောက်လိုက်သည်။
"ငါတို့ rsတွေတောင် အုန်းရည်ကို
နှစ်ယောက်တစ်လုံး အတူတူမသောက်
ဖူးပါလား။ဆန်းကြယ်ပေစွ"
"ကလေးကို လိုက်စမနေနဲ့တော့"
ကျွန်တော်တို့ကိုကြည့်ပြီး ကိုကျော်ထွန်း
ပြောလာသည်ကို အစ်မမြတ်က
ရယ်ကာ ကိုကျော်ထွန်းပုခုံးကို တစ်ချက်
ရိုက်လိုက်သည်။ကျွန်တော်ရှက်
လိုက်တာ။ကျွန်တော်ကို ဒီလိုပဲစနေ
ကြတော့မှာလား။
ကျွန်တော်က မနေတတ်အောင်
မျက်နှာပူနေပေမဲ့ သူကတော့
အေးဆေးပင်။ကျွန်တော်သူ့ကို
မကျေမနပ်နဲ့ကြည့်နေသည်ကိုလည်း
နည်းနည်းလေးမှ ဂရုမစိုက်။
ခဏကြာတော့ မေမီတို့ကမ်းခြေကနေ
ပြန်တက်လာကြပြီး ရေစိုနေကြကာ
ကျွန်တော်တို့ဆီကိုရောက် လာကြ
သည်။တစ်မနက်လုံး ရေထဲကနေ
မတက်လာကြတော့ မေမီက မျက်နှာ
တွေပြာနေပြီး မောနေပုံရကာ။
"ဆုလာဘ် ငါ့ကိုအုန်းရည် နည်းနည်း
တိုက်ပါလား"
ကျွန်တော် မေမီ့ကိုလက်ထဲက
အုန်းသီး ကမ်းပေးမလို့ပဲရှိသေးသည်။
ကိုကျော်ထွန်းက ချက်ချင်းပင်။
"သွားမသောက်နဲ့ အဲ့ဒီအုန်းရည်က
faတွေသောက်လို့မရဘူး။ဘဲရှိတဲ့သူ
တွေပဲ သောက်လို့ရတာ"
"ဟင် ဘယ်လို ဘယ်လို"
မေမီ အံ့သြကြီးနေတဲ့ပုံစံလုပ်ပြတဲ့
အချိန်အကုန်လုံးက ကျွန်တော့်ကို
ကြည့်နေကြတော့ ကျွန်တော် မျက်နှာ
ဘယ်နားမှာ ထားရမည်မသိတော့ပဲ
ကိုစစ်ကြောင်းရဲ့ အနောက်ကိုခိုဝင်ကာ
မျက်နှာကို ဖွက်ထားလိုက်ရသည်။
သူတို့တွေကျွန်တော့်ကို ဒီလိုပဲ
တစ်နေ့တစ်မျိုးမရိုးနိုင်အောင် စနေ
ကြတော့မှာလား။ပြောကြသေးသည်
အစမခံချင်ရင် မြန်မြန်official
လိုက်ကြပါတဲ့။
ကျွန်တော် မျက်နှာမပြရဲတော့တာ
သူသိသည်မို့ ကိုစစ်ကြောင်းက
ရယ်နေကာ ထပ်မစကြနဲ့တော့လို့
ပြောပြီး ကျွန်တော့်ကိုသူ့ကိုယ်နဲ့
ကွယ်ထားပေးခဲ့သည်။
                 ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ကျွန်တော်ဖုန်းမြည်သံကြောင့် အိပ်နေ
ရာကနေ နိုးလာရတဲ့အချိန် အခန်း
ထဲမှာ ကိုစစ်ကြောင်းမရှိ။နေ့လည်
ဘက်ဟိုတယ်ကို ပြန်ရောက်လာ
ကတည်းက ကျွန်တော် တန်းပြီး
အိပ်ပျော်သွားခဲ့တာ။သူအပြင်ထွက်
သွားတယ် ထင်ပါတယ်။
ကိုမင်းစစ်ကြောင်းဖုန်းက အဆက်မပြတ်
အသံမြည်နေတာမို့ ကျွန်တော်စောင်ပုံ
ထဲ အိပ်နေရာကနေကုန်းရုံးထပြီး
တစ်ဖက်က သူ့ကုတင်ဆီ အမြန်
လျှောက်သွားလိုက်သည်။ဒီလောက်
အကြိမ်ကြိမ်အခါခါဆက်နေတာ ဘာ
အရေးတစ်ကြီး ရှိလို့များလဲ။သူကလည်း
အပြင်သွားတာ ဖုန်းမယူသွားဘူး။
ကုတင်ပေါ်က ကိုစစ်ကြောင်းဖုန်းကို
ကျွန်တော်ကိုင်ကာ ယူကြည့်လိုက်ချိန်
တစ်ဖက်က ဖုန်းဆက်နေသည့်သူက
အစ်မနန်းမူယာ။ဖုန်းမျက်နှာပြင်မှာ
ပေါ်နေသည့် သူcontantမှာမှတ်ထား
တဲ့နမယ်က မူယာ။
ကျွန်တော်ဒီအတိုင်းသာ လင်းနေသည့်
ဖုန်းမျက်နှာပြင်ကိုကြည့်နေမိပြီး
အတော်ကြာသည်အထိ ငြိမ်သက်နေ
မိပြီး မကိုင်မိ။မကိုင်ရဲတာဆိုရင် ပိုမှန်
မည်။contant မှာသူမှတ်ထားတဲ့
မူယာဆိုတဲ့နမယ်ဆိုပဲ ကျွန်တော်
အချိန်အကြာကြီးကြည့်နေမိတဲ့အချိန်
ဖုန်းကmiss callဖြစ်လို့သွားသည်။
ဒီတစ်ခါတော့ တစ်ဖက်ကထပ်မဆက်
တော့ပါ။
ကျွန်တော် ဘာတွေလျှောက်တွေးနေ
တာလဲ။သူတို့က အချိန်တစ်ခုအထိ
ပတ်သက်ခဲ့ဖူးကြတာပဲ။ဖုန်းလေး
ဆက်နေတာလောက်ကတော့ ဘာ
များဖြစ်မှာမို့လဲ။contantကိုမဖျက်
သေးပဲ နမယ်မှတ်ထားဆဲ ဖြစ်တာ
ကရော သူ့လွတ်လပ်ခွင့်နဲ့သူလေ။
ပျက်သွားကြတိုင်း ဖုန်းနံပါတ်ကို
ဖျက်ပစ်ဖို့မှမလိုတာ။ကျွန်တော်ဘာလို့
အများကြီး လိုက်တွေးနေတာလဲ။
မဟုတ်တာတွေ လိုက်တွေးနေမိတဲ့
ကျွန်တော့်ခေါင်းကို ခပ်ကြမ်းကြမ်း
ခါပစ်ရင်း သက်ပြင်းချလိုက်မိသည်။
ကျွန်တော်ပြန်အိပ်လို့မရတော့ပဲ
သူ့ကိုအစ်မနန်းမူယာ ဖုန်းဆက်
လာတယ်ဆိုတာ ကျွန်တော်ပြောပြဖို့
အခန်းထဲမှာ ထိုင်စောင့်နေပါသော်
လည်း သူက အချိန်တော်တော်ကြာ
တဲ့အထိပြန်မလာသေးပါ။သူ ဘယ်
ကိုသွားလိုက်တာလဲ။
ကျွန်တော် စောင့်နေရင်းနဲ့ပဲ စိတ်ထဲ
မှာဘာဖြစ်နေမှန်းမသိပဲ ဆက်ပြီး
ထိုင်စောင့် မနေနိုင်တော့တာမို့
သူ့ဖုန်းကိုကိုင်ကာ အခန်းပြင်ကို
ထွက်လာခဲ့လိုက်သည်။ကျွန်တော်တို့
နှစ်ယောက်နေသည့် ဘန်ဂလိုအပြင်
ဘက်ကိုထွက်လာခဲ့ပြီး ဟိုတယ်ဝင်း
ထဲ လိုက်ကြည့်နေပါသော်လည်း
သူ့ကိုမတွေ့။အုန်းပင်တွေ စီတန်းနေ
သည့် လျှောက်လမ်းတစ်လျှောက်လာ
ခဲ့တော့ အခန်းရှေ့မှာဓာတ်ပုံရိုက်နေ
ကြတဲ့ မေမီနဲ့ ချမ်းမြေ့။
"မေမီ နင်ကိုစစ်ကြောင်းကိုတွေ့မိလား"
"ဟင်အင်း ငါမတွေ့မိဘူး"
"ဘာဖြစ်လို့လဲဆုလာဘ် ငါ့အစ်ကို
ကတော့ သူတို့ရေသွားကူးကြမယ်
လို့ပြောတာပဲ။ဟိုတယ်က ရေကူးကန်
ဘက်မှာ ရှိနေမလားပဲ"
ကျွန်တော် ချမ်းမြေ့ကိုကျေးဇူးတင်
စကားတောင် မပြောခဲ့ရလိုက်ပါ။
သူ့ဖုန်းကို လက်ထဲကျစ်ကျစ်ပါအောင်
ကိုင်ကာ ဟိုတယ်ကရေကူးကန်ရှိရာ
ဘက်ကို လျှောက်လာခဲ့လိုက်သည်။
သူ့သူငယ်ချင်းတွေက ရေကူးနေကြပြီး
ကိုစစ်ကြောင်းကတော့ ရေကူးကန်
ဘေးက ခုံတန်းရှည်မှာလှဲနေတာကို
ကျွန်တော်အဝေးကနေ မြင်လိုက်ရ
တဲ့အချိန် အလျင်အမြန်ပင်လျှောက်
လာခဲ့သည်။ကျွန်တော့်သူ့အနားကို
မပြေးရုံတမယ် ခြေလှမ်းတွေနဲ့
လျှောက်သွားလိုက်ပြီး အနားကိုရောက်
သွားတော့သူက နဖူးပေါ်လက်တင်ကာ
မှိန်းနေဟန်ရှိသည်။
"စစ်ကြောင်း ဟေ့ကောင်
မင်းကလေးလေး လိုက်လာတယ်"
သူ့သူငယ်ချင်းတွေ လှမ်းအော်ပေး
လိုက်တဲ့အချိန် သူမျက်လုံးတွေဖွင့်
လာပြီး ကျွန်တော့်ကိုမြင်သည်နှင့်
ချက်ချင်းပင်သူ လှဲနေရာကနေ
ထထိုင်လာပြီး ကျွန်တော့်ကို
အသာပြုံးပြလာသည်။
"နိုးလာပြီလား"
ကျွန်တော် သူ့ကိုပဲကြည့်နေမိပြီး
မျက်နှာတည်နေကာ ဘာမှပြန်မပြောမိ။
"ဒီမှာလာထိုင် "
သူ့ဘေးမှာထိုင်ဖို့ ကျွန်တော့်
လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ
ခေါ်နေသည်ကို ကျွန်တော်ရုန်းဖယ်
လိုက်တဲ့အချိန် ကျွန်တော့်ကို
နားမလည်သလိုကြည့်နေသူ။
ကျွန်တော် ဘာမှမပြောမိပဲ သူ့ဖုန်းကို
ကမ်းပေးလိုက်သည်။
"ခင်ဗျားကို ဖုန်းဆက်ထားလို့
ကျွန်တော်ခင်ဗျားဖုန်းကိုလာပေးတာ။
ဆက်လာတဲ့သူက ဖုန်းထဲမှာပေါ်နေ
တာတော့ မူယာတဲ့"
ကျွန်တော် ကိုယ့်ကိုကိုယ်တောင်
ဘာဖြစ်လို့ဖြစ်နေမှန်း သေချာမသိပါ။
မျက်နှာတည်နေကာ သူ့ကိုပြောလိုက်
မိတဲ့နောက် သူကဖုန်းကိုတစ်ချက်
လေးမှမကြည့်ပဲ မတ်တပ်ထရပ်လိုက်
ကာ ကျွန်တော့်ကိုငုံ့မိုးလာသည်။
"နမယ်က အရင်တုန်းကမှတ်ထားတာ
ကိုယ်ဒီအတိုင်းပဲ ထားထားမိတယ်။
ကိုယ်နဲ့သူ အဆက်အသွယ်မရှိတော့
တာက ကြာနေပြီ"
"ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။အဲ့တာ
ခင်ဗျားတို့ကိစ္စလေ အဲ့အစ်မက
ခင်ဗျားကို ဖုန်းဆက်လာလို့ကျွန်တော်
လာပေးတာ။ပြန်ဆက်တာ မဆက်တာ
ခင်ဗျားအပိုင်း"
သူ့လက်ထဲဖုန်းကို ထည့်ပေးပြီး
ကျွန်တော်သူ့ကို တစ်ချက်လေးမှ
မကြည့်ရဲတော့ပဲ ကျောခိုင်းကာ
ထွက်လာဖို့ပြင်လိုက်သည်။
"ကိုယ် တစ်ကယ်ပြန်ဆက်လိုက်ရမှာလား"
ကျောခိုင်းလိုက်တဲ့ ကျွန်တော့်ကို
အနောက်နေသူ ပြောလာချိန် ကျွန်
တော်ခြေလှမ်းတို့တစ်ခဏရပ်သွားရပြီး
လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
ဘာမှပြန်မပြောတော့ပဲ ကျွန်တော်
ကျောခိုင်းကာ ထွက်လာတော့တစ်လှမ်း
နှစ်လှမ်းပဲ ကျွန်တော်လျှောက်ရသေး
သည်။သူက ကျွန်တော့်ဘေးကိုရောက်
လာပြီး ကျွန်တော့်လက်ကောက်ဝတ်
ကိုဆွဲကာ အရှေ့ကနေဦးဆောင်ပြီး
လျှောက်ကာ ဆွဲခေါ်သွားနေသည်။
ကျွန်တော် သူ့ကျောပြင်ကိုကြည့်ရင်း
ရုန်းနေပေမဲ့ သူကကျွန်တော့်လက်ကို
တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ။
"ခင်ဗျားဘာလုပ်တာလဲ ကျွန်တော့်
လက်ကိုလွှတ်"
ဟိုတယ် ပတ်လမ်းတစ်လျှောက် သူ
ကျွန်တော့်လက်ကို ဆွဲကိုင်ကာခေါ်
လာပြီး လုံးဝမလွှတ်ပေး။
"ကျွန်တော့်လက်ကိုလွှတ်လို့ ပြောနေ
တယ်လေ ခင်ဗျား ဘယ်ကိုသွားမလို့လဲ"
ကျွန်တော်တို့တည်းသည့် ဟိုတယ်ဝင်း
ရဲ့အပြင်ဘက်က ကမ်းခြေ ရှိရာ
သဲသောင်ပြင်ဆီ ကျွန်တော့်ကိုခေါ်
လာသည်။ကျွန်တော် ရောက်နေတဲ့
နေရာမှာပဲ အတင်းရပ်နေကာ သူ
ဆုပ်ကိုင်ထားတဲ့လက်ကိုမရမက ရုန်း
နေတော့ သူလွှတ်ပေးလိုက်ပြီးကျွန်တော့်
ကို လှည့်ကြည့်လာသည်။သူ့အကြည့်
တွေထဲ ဒေါသတွေမပါ။
"အိပ်ရာကနိုးလာရင် နေဝင်ချိန်
ကြည့်ချင်တယ်ဆို"
သူ့ကိုကြည့်နေရင်း ဒီအတိုင်းရပ်နေဆဲ
ဖြစ်သည့် ကျွန်တော့်ကို သူကငုံ့မိုး
လာခဲ့သည်။
                 ▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ကောင်လေးတစ်ယောက် စိတ်ဆိုး
နေတာက ဘယ်လိုပုံစံမျိုးလဲ။
ကမ်းစပ်မှာဒီအတိုင်းရပ်နေပြီး ရေလှိုင်း
တွေ ပုတ်ခတ်လာသည်ကိုငြိမ်သက်စွာ
ကြည့်နေရင်း ပင်လယ်ပြင်ကိုပဲ ငေးနေ
တဲ့ကောင်လေး။ကိုယ်ကတော့ ဘေး
ကနေ အဖော်ပြုကာ ရပ်ပေးနေရင်း
ကိုယ့်ကို စကားတစ်ခွန်းမှ မပြောတဲ့
သူရဲ့ မျက်နှာလေးကိုပဲငေးရင်း ။
"ကိုယ့်ကို စိတ်ဆိုးနေတာလား"
ပင်လယ်ပြင်ကိုငေးနေရာကနေ
ကိုယ့်ဘက်ကိုလှည့်လာပြီး မော့ကြည့်
လာတဲ့မျက်ဝန်းတွေ။အကြည့်ချင်းဆုံ
တဲ့ တစ်ခဏ အလျင်အမြန်ပင်
မျက်လွှာကိုပြန်ချသည်။
"ကျွန်တော်က ဘာလို့။မဆိုးပါဘူး"
ကိုယ်စိုက်ကြည့်နေသည်ကို မနေ
တတ်တော့ သည်လား။ဘာမှထပ်
မပြောတော့ပဲ ကမ်းခြေမှာရပ်နေရာ
ကနေ ဟိုတယ်ဘက်ကိုပြန်လျှောက်
သွားတော့ ကိုယ့်မှာအနောက်ကနေ
ထပ်ကြပ်မခွာ လိုက်ရပြန်သည်။
သဲသောင်ပြင်မှာခြေတစ်လှမ်း လှမ်း
လိုက်တိုင်း ကိုယ့်ရှေ့ကကောင်လေး
ဝတ်ထားသည့် ရှပ်အကျီ ၤအဖြူရောင်
ကရှင်းသန့်လွန်းစွာနဲ့ လေယူရာကို
လှုပ်ခတ်လို့နေသည်။တိုက်ဆိုင်လွန်း
စွာနဲ့ ဒီနေ့ကိုယ်ဝတ်ထားသည့်အကျီ ၤ
ကလည်း အဖြူရောင်ပင်။
ကမ်းခြေကနေ လျှောက်လာခဲ့တဲ့
ကောင်လေးကဟိုတယ်အရှေ့က
သဲသောင်ပြင်မှာအမိုးတွေနဲ့စီတန်း
ထားသည့် ခုံတန်းတစ်ခုမှာဝင်ထိုင်
လိုက်တော့ ကိုယ်လည်း သူ့ဘေးမှာ
ထိုင်လိုက်သည်။ဒီကနေ ကမ်းခြေကို
မြင်နေရတဲ့မြင်ကွင်းက အေးချမ်း
လွန်းစွာနဲ့ လေပြေတွေတိုက်ခတ်နေပြီး
ညနေစောင်းအချိန်ကို ရောက်နေလေပြီ။
"နေဝင်တော့မယ် ထင်တယ်။ကမ်းခြေ
ကို ဒီကနေကြည့်ရတာ အရမ်းလှတာပဲ"
ကိုယ့်ဘေးကကောင်လေးက နှုတ်ခမ်း
တွေ ပြုံးနေပြီး ကောင်းကင်ကိုကြည့်
လိုက်နှင့် မြင်နေရတဲ့မြင်ကွင်းကို
သူ့မှာကြည့်မဝဖြစ်နေရှာသည်။
တစ်ဖြည်းဖြည်းနဲ့ နေဝင်ချိန်ကိုရောက်
လို့ တိမ်တွေဖုံးကာ နီညိုရောင်သန်း
နေပြီ။ကိုယ်တို့ထိုင်နေသည့်နေရာကို
လည်း နေရောင်ကျလာပြီး ကောင်လေး
တစ်ယောက်ရဲ့မျက်နှာကို ဖုံးလွှမ်း
သွားတော့ မြင်လိုက်ရတဲ့မြင်ကွင်းကို
ကိုယ့်မှာ အသက်ရှုဖို့တစ်ခဏပင်
မေ့လျော့သွားရသည်။ကိုယ့်ဘေးက
ကောင်လေးက နေဝင်ချိန်ကိုတစ်မေ့
တစ်မောငေးကာ ကြည့်နေသော်လည်း
ကိုယ်ကတော့ သူ့မျက်နှာလေးကိုပဲ။
"မင်းသဘောကျရင် ကိုယ်တို့နောက်
လည်း ထပ်လာမယ်လေ"
ငြိမ်သက်နေတဲ့ကောင်လေးက ကိုယ့်ကို
တစ်ချက်ကြည့်လာပါသည်။
"ကျွန်တော် အမေမရှိတော့တဲ့အချိန်
ထဲက ဘယ်ခရီးမှမသွားဖူးတာကြာပြီ။
ပြင်ဦးလွင်တောင် ငယ်ငယ်တုန်းက
တစ်ခါလားပဲရောက်ဖူးတာ"
ကိုယ့်ကိုမျက်နှာချင်းမဆိုင်ပဲ အဝေး
ကိုပဲငေးနေကာ ဖွင့်ဟနေတဲ့ကောင်လေး။
နှုမ်းတွေကို ပြုံးရုံလေးနဲ့ပြောနေပေမဲ့
ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းနေ
တဲ့ ခံစားချက်တွေကိုမဖုံးကွယ်နိုင်။
"အခုကိုယ်ရှိတယ်လေ မင်းသွားချင်တဲ့
နေရာတွေ ကိုယ်တစ်ခုမကျန် အကုန်
လိုက်ပို့ပေးမယ်"
မျက်နှာမကောင်းဖြစ်နေတဲ့ကလေးက
ကိုယ့်ကိုမော့ကြည့်လို့လာပြီး အကြည့်
မလွှဲတော့ပဲ ကိုယ့်မျက်နှာကို ငေးလို့နေသည်။
ကိုယ်သေးသေးလေးကိုငုံ့မိုးကာ သူ့
ဆံပင်တွေကို အနောက်ကနေတစ်ချက်
ပွတ်သပ်ပေးလိုက်တဲ့အချိန် ကိုယ့်ရင်ခွင်
နဲ့နီးကပ်နေလျက်သာ ရှောင်ဖယ်ခြင်းမပြု။
"ဘယ်အချိန်ထိလဲ ခင်ဗျားက
ကျွန်တော့်အပေါ် ဘယ်အချိန်ထိ ဒီလိုမျိုး
သဘောထားနိုင်မှာလဲ"
"ဝန်း"
"ကျွန်တော့်ရဲ့ ငယ်ငယ်တုန်းက
မှတ်ဉာဏ်တွေထဲမှာ အဖေကအမေ့ကို
အရမ်းချစ်ခဲ့တာကို ကျွန်တော်စွဲစွဲမြဲမြဲ
မှတ်မိနေတယ်။ကျွန်တော့်ကိုလည်း
သားဆိုတာကို ပါးစပ်ကမချဘူး။
အဖေက ကျွန်တော့်အတွက်တော့
မဟာတံတိုင်းကြီးပဲ။အဲ့လိုအဖေက
အမေဆုံးပြီး နှစ်နှစ်အကြာမှာနောက်
အိမ်ထောင်ပြုလိုက်တဲ့အချိန်ကျွန်တော်
အဖေ့ကို တစ်ခြားသူတစ်ယောက်လို
ပဲစိတ်ထဲမှာဖြစ်ခဲ့တယ်။ကျွန်တော့်
ညီလေးကိုအဖေချီထားရင် အစ်ကို
ဖြစ်ပါရက်နဲ့တစ်ခါတစ်လေ ကျွန်တော့်
ကိုအဖေ မချစ်တော့ဘူးလို့အတွေးတွေ
ဝင်မိတယ်။အဖေ့မှာ အပြစ်လုံးဝမရှိ
ပါဘူး။ကျွန်တော့်ကိုလည်း ဒီအရွယ်
ထိရောက်အောင် ကျွေးမွေး ပြုစုစောင့်
ရှောက်ခဲ့တယ်။သားတစ်ယောက်ဖြစ်
တဲ့ ကျွန်တော်ကသာ အခုချိန်ထိ
နားမလည်ပေးနိုင်သေးပဲ အဖေ့ကို
သူ့မိန်းမနဲ့တွဲပြီးမြင်တိုင်း"
စကားသံတွေတိတ်သွားပြီး ခေါင်းငုံ့
သွားတဲ့ကောင်လေးရဲ့ ပုံစံကိုမြင်လိုက်
ရတာ ကိုယ့်မှာ။
"ကိုယ်နားလည်တယ်။ဆက်မပြောနဲ့တော့"
ရင်ဘတ်ထဲ ခံရခက်စွာနဲ့ ခေါင်းငုံ့ထား
တဲ့ကောင်လေးရဲ့ဆံပင်လေးတွေကို
ပွတ်သပ်ပေးကာ နှစ်သိမ့်ခြင်းပြုရင်း
ကိုယ်လည်း ထပ်တူညီစွာခံစားနေရသည်။
ကိုယ့်ကို ယုံကြည်စွာနဲ့ပြောပြနေတဲ့
ကောင်လေးက ဒါတွေကိုတစ်ယောက်
ထဲမြိုသိပ်ထားခဲ့ရမှာပဲ။သူ့ကိုသိပ်ချစ်
တဲ့သူတွေနဲ့ ပုံစံအမျိုးမျိုးနဲ့ဝေးကွာ
သွားခဲ့ရတော့ နောက်ဆုံးမှာသူတစ်
ယောက်ထဲပဲရှိမှာပဲလို့ စိတ်ထဲမှာမှတ်
ထားပြီးကြီးပြင်းလာခဲ့တဲ့ကလေး။
သူ့အဖေကိုအရမ်းချစ်ပေမဲ့ စိတ်လည်း
ဆိုးနေခဲ့တဲ့ ကလေးတစ်ယောက်ရဲ့
အတွေးတွေနဲ့ ဘယ်လောက်ပင်ပန်းနေမလဲ။
"အဲ့ဒီ အကြောင်းတွေကို ဖြစ်နိုင်ရင်
အခုချိန် ကစပြီးမတွေးနဲ့တော့နော်။
မင်းအဖေရဲ့မေတ္တာတွေနဲ့တော့ ယှဉ်
နိုင်စရာမရှိပေမဲ့ ကိုယ်ကအခုချိန်
ကစပြီး မင်းကိုတစ်ယောက်တည်း
ဆိုတဲ့အတွေးတွေ မဝင်လာနိုင်တော့
တဲ့အထိစောင့်ရှောက်ပေးမယ်။ကိုယ်
ကမင်းအတွက်တံတိုင်းကြီး မဖြစ်နိုင်
ရင်တောင် စိတ်လုံခြုံစွာနဲ့လျှောက်ရမဲ့
လမ်းတစ်ခုတော့ဖြစ်စေရမယ်။ဘာတွေ
ပဲဖြစ်နေပါစေ ကိုယ် ဝန်းကိုဘယ်တော့
မှထားမသွားဘူး"
ကိုယ့်ကို ငေးကြည့်နေတဲ့မျက်ဝန်းတွေ
က ပုတ်ခတ်နေရာက အရည်ကြည်တွေ
ဝိုင်းလာပါသည်။အတွေ့မခံပဲ သူ့လက်
လေးနှစ်ဖက်နဲ့ ချက်ချင်းပင် ခပ်ကြမ်း
ကြမ်းသုတ်ပစ်ပြီး။
"ခင်ဗျားနဲ့ကျွန်တော့်ရဲ့အခြေအနေက
မိုးနဲ့မြေလိုပဲ ကွာခြားနေတယ် ကျွန်
တော်က ခင်ဗျားဘေးမှာတန်းတူရပ်
နိုင်တဲ့သူလည်းမဟုတ်ဘူး။ပြီးတော့
အရေးကြီးဆုံးက ကျွန်တော်က
ယောကျာ်းလေး"
"ဝန်းက ဘာလို့ကိုယ့်ဘေးမှာမရပ်
နိုင်ရမှာလဲ ကိုယ့်ကလေးက ငယ်သေး
လို့လေ။မဟုတ်တာတွေ လျှောက်
တွေးမနေနဲ့ ဘယ်မှာမှရပ်စရာမလို
ဘူး ကိုယ်ကမင်းကို အမြင့်မှာပဲထား
ချင်တာ။ကိုယ်ချစ်တာ ကလည်း
ယောကျာ်းလေးဖြစ်တဲ့ ဒီကလေး
ပေါက်စ ကိုပဲလေ"
ကိုယ်ပြောသမျှကို ငြိမ်သက်စွာ
နားထောင်နေပြီးကိုယ့်ကိုသာ တစ်တွေ
တွေ ငေးနေလျက် စကားသံတို့
တိတ်ဆိတ်သွားတဲ့ကောင်လေး။
အခုချိန် သူ့စိတ်ထဲမှာ ကိုယ့်ကို
ယုံကြည်ဖို့ခက်ခဲနေမှာကို လည်း
ကိုယ်သိသည်။
"ကိုစစ်ကြောင်း ကျွန်တော် ခင်ဗျားကို
တစ်ခုလောက်မေးလို့ ရမလား"
အကြည့်ချင်းဆုံနေရင်း ကိုယ့်ကိုပြော
လာတဲ့စကားသံ ခပ်တိုးတိုးနဲ့ပါ။
"ကျွန်တော့်ကို ဘာဖြစ်လို့ချစ်တာလဲ"
ပုံမှန်ထပ် တိုးသွားသည့် စကားသံလေး
ကိုကိုယ်ကြားလိုက်ရချိန် ကောင်လေး
တစ်ယောက်က ကိုယ့်ကိုသေချာ
မကြည့်ရဲတော့ပဲဖြစ်သွားသည်။
ရုတ်တရက် ကိုယ့်မှာလည်း ပြန်ဖြေဖို့
စကားလုံးတွေရှာမရ။တစ်ခုခုများမှား
သွားရင် အတွေးများလွန်းတဲ့ဒီကောင်လေး။
"မင်းဖြစ်နေလို့တွေ အကြောင်းပြချက်
မရှိဘူးတွေဘာတွေ လာမပြောနဲ့။
အဲ့တာက ကျွန်တော်သိပြီးသား
ကိုဝဏ္ဏကလည်း ရည်မွန့်ကိုခဏ
ခဏပြောတာ ကျွန်တော်ကြားဖူးတယ်။
ကျွန်တော့်အတွက်တော့ ချစ်ရင်
အကြောင်းပြချက်ရှိရမယ်"
"ဝန်းက ကိုယ်မချစ်ပဲမနေနိုင်အောင်
ချစ်စရာကောင်းနေလို့လေ"
ကိုယ့်နဲ့ အကြည့်ချင်းဆုံနေရာကနေ
မျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်
သွားပြီး ကိုယ့်ကိုသေချာမကြည့်တော့ပဲ
ပါးပြင်တစ်လျှောက် ရှက်သွေးဖြာ
သွားသည့်ကောင်ကလေး။
သူပဲအမေးရှိပြီး သူပဲရှက်နေပါသည်။
ကိုယ့်မှာ အသည်းယားလွန်းစွာနဲ့
ချက်ချင်းပင် ရင်ခွင်ထဲထည့်ထားလိုက်
ချင်သည့်စိတ်ကို ထိန်းထားရသည်။
"အဲ့တာဆို ကျွန်တော်ကချစ်စရာ
မကောင်းတော့ရင်ရော"
"ချစ်စရာကောင်းတယ် ဆိုတာ
ဒီမျက်နှာလေးတစ်ခုထဲ ကိုပဲပြောတာ
မဟုတ်ဘူး။ဝန်းရဲ့စိတ်ထား စကား
ပြောပုံဆိုပုံ အသေးအဖွဲအပြုအမူလေး
တွေကအစ ကိုယ့်အတွက်ကတော့
မချစ်ပဲ မနေနိုင်အောင်ဖြစ်နေတယ်။
လူတစ်ယောက်ကို တစ်ကယ်ချစ်မိ
သွားရင်အစပိုင်းမှာ သူချစ်စရာကောင်း
နေသလို နောက်ပိုင်းမှာဆိုးနေရင်
လည်း ချစ်တဲ့သူကတော့ဘယ်လို
ပုံစံပဲဖြစ်ဖြစ် ချစ်နေမှာပဲလေ။ကိုယ်က
မင်းကိုချစ်လို့ သိပ်ချစ်မိနေလို့
ဆုလာဘ်ဝန်းက ကိုယ့်အတွက်
ချစ်စရာကောင်းနေတာ"
စကားတို့ မဆိုနိုင်တော့အောင်ပင်
ကိုယ့်ကိုကြည့်နေရင်း တစ်အံ့တသြ
ဖြစ်သွားသည်လား။ကိုယ်စိုက်ကြည့်
နေစဉ် မျက်နှာကို အသာငုံ့သွားပေမဲ့
သိသိသာသာကို ရဲတက်နေသည့်
ပါးနှစ်ဖက်ကို အသည်းယားဖွယ်မြင်
လိုက်ရသည်။
"ကျွန်တော် သေချာမသိဘူး။
ကျွန်တော်အခုချိန်ထိ တစ်ယောက်
တည်းရပ်တည် နိုင်အောင်ကြိုးစားပြီး
နေခဲ့ပေမဲ့ ခင်ဗျားကျွန်တော့်ဘေး
ရောက်လာတဲ့အချိန်ထဲက ကျွန်တော်
တောင်မသိလိုက်ပဲခင်ဗျားကိုတဖြည်း
ဖြည်းနဲ့ခင်တွယ်မိခဲ့တယ်။အမှန်
အတိုင်းပြောရရင် ကျွန်တော်အားငယ်
နေတဲ့အချိန်မှာ ခင်ဗျားကိုအားကိုး
မိချင်တာ လည်းဖြစ်ကောင်းဖြစ်နိုင်
တယ်။အဲ့တာက ခင်ဗျားအတွက်
မတရားသလိုဖြစ်နေမှာ သိပေမဲ့
ကျွန်တော်မညာချင်ဘူး။ဒီအရွယ်မှာ
ဖြစ်နေတဲ့ ကျွန်တော့်စိတ်ကိုလည်း
ကျွန်တော်မယုံဘူး။ခင်ဗျားအပေါ်မှာ
ဘယ်လိုစိတ်မျိုးရှိနေလည်း ကျွန်တော့်
ကိုယ် ကျွန်တော်သေချာမသိသေးပေမဲ့
ကျွန်တော်သေချာပြောရဲတယ် ကျွန်
တော် ဘယ်သူစိမ်းတစ်ယောက်အပေါ်
မှာမှ ခင်ဗျားလိုမျိုးမဖြစ်ဖူးဘူး"
အဝေးကိုငေးနေရင်း စကားတွေ
အများကြီးပြောနေတဲ့ကောင်ကလေး
က ကိုယ့်ကို အကြည့်ချင်းဆုံလာသည်။
"ကျွန်တော့် အနားမှာနေပေးပါ"
"ဝန်း"
ကိုယ့်ရင်ဘတ်က ဆိုးရွားစွာအခုန်မြန်
လာသည့်နောက် ကိုယ့်ရှေ့က
ကောင်ကလေးက ကျရှုံးခဲ့ရသည့်
အပြုံးတွေကို နှုတ်ခမ်းပါးထပ် ရက်
ရက်ရောရောပင်ပေးပြီး။
"ကျွန်တော့်ကို ခင်ဗျားရဲ့ကောင်လေး
ဖြစ်ခွင့်ပေးမလား"
အခုချိန်မှာ အသိစိတ်လွတ်သွားမလို
တောင် ကိုယ်ဖြစ်သွားရသည်။မျက်နှာ
ကိုဖော်မလာတော့ပဲ ရှက်နေသည့်
ကောင်လေးကို ချက်ချင်းရင်ခွင်ထဲ
ထည့် ထားပြီး  နမ်းပစ်လိုက်ချင်သော်
လည်းရောက် နေသည့်နေရာက
ဘယ်လိုမှ မသင့်တော်။ဒီကောင်လေး
ကကိုယ့်ကို ရုတ်တရက်ကြီး ရူးသွပ်
သွားအောင် ပြုစားလိုက်ပြီ။
ရင်ခုန်သံတွေမြန်နေလွန်းစွာ သူ့ရဲ့
လက်ကလေးတစ်ဖက်ကို ကိုယ့်ရဲ့
လက်ဖဝါးထဲသွယ်ယှက်ပြီး တင်းကြပ်စွာ
ဆုပ်ကိုင်ထားလိုက်တဲ့အချိန် မျက်နှာ
လေးကို ပို၍ငုံ့သွားသည်။ဒီဆုလာဘ်
လေးကို ကိုယ့်ဘဝထဲကနေ ဘယ်တော့
မှမလွှတ်ပေး တော့ပါ။
"ကိုယ်မင်းကို ချစ်တယ် ဝန်း"
ရှက်နေရှာသည့်ကောင်လေးက မျက်နှာ
ကိုလုံးဝဖော်မလာတော့ပဲ ငုံမိုးထား
သည့်ကိုယ့်ပုခုံးစွန်းကို မသိမသာ
ခေါင်းလေးမှီချလာပါသည်။
ကိုယ့်မှာတော့ မမျှော်လင့်ပဲ ပိုင်ဆိုင်
ခဲ့ရသည့်လက်ရှိ အခြေအနေကို
ယုံကြည်ဖို့ခက်ခဲနေဆဲဖြစ်ပြီး  ရင်ခုန်
သံတွေတည်ငြိမ်နိုင်ဖို့ မထိန်းချုပ်နိုင်။
အရွယ်နဲ့မလိုက်အောင် စိုးရိမ်စရာတွေ
ပဲလိုက်တွေးတတ်တဲ့ကောင်လေးက
အချိန်တိုအတွင်း ဒီလိုဆုံးဖြတ်ခဲ့ဖို့
ဆိုတာ မလွယ်ကူမှန်းကိုယ်သိသည်။
နေဝင်ချိန်ကို ကျော်လွန်သွားသည်
အထိ ကမ်းခြေမှာ ကိုယ်တို့ဒီအတိုင်း
ပဲထိုင်နေဖြစ်ကြပြီး ရင်ခွင်ထဲက
ကောင်လေးကို ကိုယ့်မှာမြတ်နိုးလွန်း
လို့ ထားစရာနေရာမရှိဖြစ်ရသည်။
ဆုပ်ကိုင်ထားတဲ့ လက်တွေကိုတော့
ကိုယ် မလွှတ်ပေးမိတော့ပါ။
ဘာဖြစ်လို့ ချစ်တာလဲတဲ့။သေချာတာ
တစ်ခုကတော့ ကိုယ်ကမင်းကိုနောင်တ
မရစေတဲ့အထိ စောင့်ရှောက်ပေးပြီး
မင်းရဲ့စိတ်ကို လုံခြုံစေတဲ့သူဖြစ်စေရမယ်။
ဆုလာဘ်ဝန်းက ဒီနေ့ဒီအချိန်ကနေ
စပြီး ကိုယ့်အပိုင် ဖြစ်သွားပြီ။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Continue Reading
You'll Also Like
261K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
278K 2.8K 19
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
1M 55.2K 47
2.3M 149K 95
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...