လင်းဇီမင်းက ဆေးရုံတစ်ခုရဲ့ ကုတင်ပေါ်မှာ နိုးလာခဲ့တယ်။ အချိန်အကြာကြီး လဲနေခဲ့တဲ့ အကျိုးဆက်အရ နာကျင်မှုဟာ သူ့ဦးနှောက်ကို ရိုက်ခတ်သွားပြီး သူ့မျက်လုံးကိုတောင် သေချာမဖွင့်နိုင်ရှာလေဘူး။သူ့ရဲ့ ခေါင်းမှာလည်း ဆံပင်ကလုံး၀ မရှိသလောက်ပဲ။ ဦးထုတ်တစ်လုံးကလွဲပြီး ဘာမှ မရှိဘူး။
အသေအချာကိုပဲ သူဟာသေမင်းရဲ့ ခံတွင်းဝက
ပြန်လာတယ်ဆိုတာ အထင်အရှားပါပဲ။သူ့ရဲ ဖြူဖျော့နေပြီး အရာအားလုံးကိုအရှုံးပေးထားသလိုမျိပိန်လှီနေတဲ့မျက်နှာပေါ်မှာ ခေါင်းမာပြီး ထက်မြတ်ဟန်ပေါ်တဲ့ အနက်ရောင်မျက်ဝန်းတစ်စုံရှိနေလေတယ်။
အဲ့တာဟာ သူ့ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးဆိုတာကို ပြောပြနေသလိုပါပဲ
အဲ့တာဟာ ပန်းပွင့်တစ်ပွင့်လိုမျိုး အေးတိအေးစက်နိုင်တယ်ထင်ရပေမယ့်လည်း ကျက်သရေရှိစွာ လှပနေတာမျိုးဖြစ်တယ်။
ဒါပေမဲ့လည်း အဲ့အကြည့်တွေဟာ
စိတ်မကောင်းဖြစ်မှု၊ စိတ်ရှုပ်ထွေးမှု၊ ဝမ်းနည်းမှုနံ့ အချစ်တွေ ပြည့်နေတဲ့ မျက်ဝန်းတစ်စုံ အဖြစ်ပြောင်းလဲသွားပါတယ်။ ဆေးရုံ ခန်းထဲကို ရောက်နေတဲ့ သူတစ်ယောက်ကို တွေ့လိုက်တဲ့ အခါမှာပေါ့။
"မင်း....လာခဲ့သေးတယ်နော်" ကွဲအက်နေတဲ့အသံနဲ့ ပြောလိုက်တယ်။
အရှုံးပေးချင်လောက်အောင်ဖြစ်နေတဲ့ စိတ်အခြေအနေ၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုစတဲ့ ခံစားချက်တွေ ရောပြွမ်းနေတဲ့ မျက်နှာဟာ ပေါ်လာခဲ့တယ်။အဆုံးသတ်မှာတော့ သူဟာ သူ့လက်နံ့ တစ်ဖက်လူကို ပွေ့ဖက်လိုက်ပါတယ်။
တစ်ကြိမ်တစ်ခါပဲ ဆိုရင်တောင်မှ သူဒီလူကို
မသေခင် တစ်ကြိမ်လောက်ဖတ်သွားချင်နေတာပါလို့ သူ့ကိုယ်သူပြနိပြောရင်းနဲ့ပေါ့။
ရှီဟယ်က တစ်ဖက်လူကို ကြင်နာစွာ ကြည့်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်တယ် "အင်း ငါပါ"
လင်းဇီမင်းက တစ်ဖက်လူရဲ့ မျက်နှာ ချောချောကို
လောဘကြီး စွာကြည့်ရင်း ပြောချင်တဲ့ စကားတွေ သန်းနဲ့ ချီပြီး ရှိတယ်။ ဒါပေမဲ့ လည်း အဆုံးမှာတော့ သူကမျိုချလိုက်ပြီး
"မဟုတ်... မဟုတ်သေးဘူး
ငါ မင်းကို ဒီလို ပုံစံမျိုးနဲ့ မတွေ့စေချင်ဘူး
ငါက အရမ်းရုပ်ဆိုးနေတယ်။"
ရှီဟယ်က သူ့လက်တစ်ဖက်နဲ့ လင်းဇီမင်းရဲ့ လက်ကို တင်းကျပ်စွာကိုင်ထားပြီး
နောက်တစ်ဖက်က တစ်ဖက်လူရဲ့ ပါးလေးကို ဖွဖွလေးထိသွားပြီး မေးစေ့လေးကို ကိုင်ပြီး
နမ်းလိုက်လေတယ်။ "မင်းက ရုပ်မဆိုးပါဘူး"
လင်းဇီမင်းရဲ့ မျက်လုံးတွေက အံ့ဩမှုနဲ့အတူ ပြူးကျယ်ဝိုင်းစပ်သွားပြီး ဘယ်လို တုန့်ပြန်ရမယ်ဆိုတာတောင် မသိတော့တဲ့ ပုံဖြစ်သွားတယ်
(ကလေးက အတင်း gong ဆိုဒ်ဖမိးနေတာ😌)
ရှီဟယ်က သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေကို စုံစေလိုက်ပြီး က်ုယ်ကိုကိုင်းကာ နမ်းလိုက်လေတယ်။ ပြီးတော့ ရင်ထဲက လာတဲ့နူးညံ့ပြီး ယောက်ကျားဆန်လွန်းတဲ့အသံဩရှရှ ပြောလိုက်လေတယ်။
"ငါ မင်းကိုချစ်တယ်"
လင်းဇီမင်းရဲ့ နှုတ်ခမ်းတွေက အရမ်းကို တုန်ရီနေပြီး သူကြားလိုက်ရတဲ့စကားကို မယုံနိုင်လေဘူး။ အခု သူက သူအရမ်းကြားချင်နေခဲ့တဲ့ စကားကို ကြားလိုက်ရတာ ဟုတ်တယ်မလား?
System 234" ပစ်မှတ်ရဲ့ နှစ်သက်ခြင်းရမှတ်က ၉၉မှတ်ကို ရောက်ပါပြီ"
လင်းဇီမင်းရဲ့ ရင်ထဲမှာ ပြောမပြတက်အောင် အပျော်တွေနဲ့ ပြည့်သွားတယ်။ သူ ဒီအချိန်ကိုရောက်ဖို့ ဘယ်လောက်တောင်ကြိုးစားခံ့ရသလဲ။ သူသေလောက်အောင်ကြိုး စားပြီးမှ ရရှိလာတဲ့ ရမှတ်တွေပဲ။ သူမသေခင်မှာ ဒီလူ့ဆီက နှစ်သက်ခြင်းရမှတ် ၁၀၀ ရမှကို ဖြစ်မှာလေ။
ရှီဟယ်လို လူမျိုးက အရမ်းကို ချဉ်းကပ်ရခက်ပြီး
နားလည်ရလည်းခက်တယ်။တကယ်တော့
သူဒီကိစွဟာ အရမ်းခက်ခဲတယ်လို့ တွေးနေခဲ့တာ
အခုတော့ သူ့ဆုတောင်းတွေ ဖြစ်လာပြီး ထိုသူရဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်တော့မှာလား။
"ငါလည်း မင်းကိုချစ်ပါတယ်"
လင်းဇီမင်းက အချစ်တွေ ပြည့်နေတဲ့ မျက်ဝန်းနဲ့ ဝန်ခံလိုက်တယ်။ ဒါပေမဲ့ တစ်ခဏအကြာမှာပဲ အပျော်ရွှင်မှုတွေက ဝမ်းနည်းမှုအ ဖြစ်ပြောင်းလဲသွားတယ်။ အသံတိုးညှင်းညှင်လေးနဲ
"ဒါပေမဲ့ ငါက သေတော့မှာလေ"
ရှီဟယ်က သူ့ကို ဘာမှ ပြန်မပြောပေမဲ့ သူ့လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်တာကိုတော့ ခံစားမိတယ်။
သူ့နှလုံးသားထဲမှာ ဂုဏ်ယူနေပေမယ့် သူ့မျက်နှာကတော့ ဝမ်းနည်းနေတဲ့ပုံစံမျိုး ရာနှုန်းပြည့်သရုပ်ဆောင်ထားတယ်။
"ငါ ငါက အနာဂတ်မှာ မင်းနဲ့အတူရှိပေးနိုင်မှာမဟုတ်တော့ဘူး။
အဲ့တာကြောင့် ငါမရှိတော့ရင် မင်း ငါ့နေရာမှာ တစ်ယောက်ယောက်ကို အစားထိုးပြီး ချစ်သွားဖို့မျှော်လင့်ပါတယ်"
"မင်း..." ရှီဟယ်က သူ့နှုတ်ခမ်းတွေကို လက်နဲ့အသားလေး ထိလိုက်ပြီး
"အဲ့လို မပြောပါနဲ့"
လင်းဇီမင်းက ခါးသက်သက်ရယ်မောလိုက်ပြီး
"ငါ ီုလောကကြီးမှာ မရှိတော့ရင်တောင်မှ မင်းပျော်ရွှင်ဖို့ ဆုတောင်းပါတယ်။ ငါ မင်းကို
ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးနေမှာပါ"
"မင်းရဲ့ ပျော်ရွှင်မှုက ငါ့အတွက်အကောင်းဆုံးလက်ဆောင်ပဲ"
"မင်း အဲ့စကားတွေကသေချာလား" ရှီဟယ်မျက်လုံးထဲမှာ အလင်းတန်းတစ်ခုဖျက်ပြေးသွားတယ်
လင်းဇီမင်း က သူ့ရဲ့နောက်ဆုံးလက်ကျန်အားကို
အသုံးပြုပြီး စကားပြောနေရသလို ပုံစံနဲ့
ပြောလိုက်တယ်
"ရှီဟယ် ငါ့ကို ကတိပေးပါ
မင်းပျော်ရွှင်ရမယ်နော်"
အံ့နောက်မှာတော့ လင်းဇီမင်းဟာ
အပြုံးတစ်ပွင့်ကို ချိတ်ဆွဲရင်း ဖြည်းညင်းစွာ လဲကျသွားတော့တယ်
တကယ်လို့များ ဒီနေရာမှာ မှန်တစ်ချပ်သာရှိရင်
လင်းဇီမင်းဟာ သူ့ရံ့သရုပ်ဆောင်ကောင်းမှုကို ဂုဏ်ယူနေမှာဖြစ်တယ်။ ကောင်းလိုက်တာ။
အခု သူက ထိုသူရဲ့ နှလုံးသားထဲက ဘယ်တော့မှ
မေ့ဖျောက်လို့မရနိုင်တဲ့ အချစ်စစ်လေးဖြစ်သွားပြီ။
ဘယ်လောက်မိုက်လိုက်သလဲ။
ဒါပေမဲ့
တကယ်ဆိုရင် အခုလောက်ဆို သူ့ရဲ့ အမှတ်၁၀၀
ပြည့်သွားတဲ့ အကြောင်း systemရဲ့ ကြော်ညာချက်ထွက်လာရတော့မှာ မဟုတ်ဘူးလား။ ဘာလို့ ဘာသံမှ မကြားရသေးတာလဲ။
လင်းဇီမင်းအဲ့လို သံသဃတွေ နဲ့ အတွေးပွားနေတုနိးမှာပဲ systemရဲ့စက်ရုပ်အသံကို ကြားလိုက်ရသည်။
System 234 "ပစ်မှတ်ရဲ့ နှစ်လိုခြင်းရမှတ်က
ဆက်တိုက် ကျဆင်းနေပါသည်။ ၈၀သို့ကျဆင်းခြင်း၊ ၆၀သို့......
၄၀သို့ ........."
လင်းဇီမင်းဟာ ရူးမတက် ရှော့ရသွားတယ်။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။