#For Zawgyi
ႏိုင္ဘုန္းရဲ႕ အတိတ္ကိုဇာတ္ေၾကာင္းျပန္ျခင္း ၿပီးဆံုးသြားခ်ိန္မွာ နားေထာင္ေနသူ ခ်မ္းကေတာ့ ငိုင္ဆင္းသြားပါေလေတာ့သည္ ။
မွားခဲ့ျပန္ၿပီေပါ့ ။
အခါခါမွားခဲ့မိေလတဲ့ ဒီေကာင္က ဘယ္လိုရဲတင္းမႈမ်ိဳးနဲ႔ ဦးသာကို ျပန္ၿပီးမ်က္ႏွာခ်င္းဆိုင္ရေတာ့မွာလဲ ဦးသာရယ္ ။
" ကဲ ျဖစ္ခဲ့သမ်ွ အဲ့ဒါအကုန္ပဲ ၊ မင္းကိုဖံုးကြယ္ထားတဲ့ကိစၥဆိုတာလည္း ဘာတစ္ခုမရွိေတာ့ဘူး ခ်မ္း "
" ခ်မ္း ခ်မ္း ဦးသာကို ေတာင္းပန္ခ်င္တယ္ "
" ဘာေၾကာင့္ေတာင္းပန္ခ်င္တာလဲ ၊ မမနဲ႔အထင္လြဲမိတဲ့ကိစၥကိုလား ၊ ဒါမွမဟုတ္ သူ gay လို႔ဝန္ခံတဲ့အေပၚမွာ မင္းက တရားလြန္ေတြေျပာလႊတ္လိုက္တာကိုလား "
" အကုန္လံုးကိုပါ ေလးငယ္ရယ္ ၊ ခ်မ္းက ဦးသာအေပၚမွာ အမ်ားႀကီးမွားမိတဲ့သူပါ "
" သူက မင္းရဲ႕အသက္သခင္ ေက်းဇူးရွင္မို႔လို႔ ဒီလိုေတြေနာင္တရၿပီး ေတာင္းပန္ခ်င္ေနတာဆိုရင္ေတာ့ ထားလိုက္ေတာ့ ခ်မ္း "
" ဟင္ ဘာျဖစ္လို႔လဲ ေလးငယ္ "
" သူ႕ကို သူမို႔လို႔နားလည္လက္ခံတာမ်ိဳးမဟုတ္ဘဲ ေက်းဇူးရွိလို႔ဆိုတဲ့စိတ္နဲ႔ဆိုရင္ေတာ့ မင္း မေတာင္းပန္နဲ႔ေတာ့ "
" ေလးငယ္.... "
" သူက Gay ပါလို႔ မင္းကို ဝန္ခံသြားေတာ့ မင္း ခါးခါးသီးသီးျဖစ္ခဲ့တယ္မဟုတ္ဘူးလား ၊ အဲ့လိုေတြ ဆိုးဆိုးဝါးဝါး တုန္႔ျပန္ခဲ့ၿပီးမွ မင္း သူ႔ကို ျပန္ေတာင္းပန္ရင္ေတာင္ မင္းစိတ္ထဲ တကယ္နားလည္လက္ခံလို႔မဟုတ္ဘဲ ေက်းဇူးရွင္မို႔လို႔ ေတာင္းပန္တယ္လို႔ သူက ယူဆေနမွာ...
ေက်းဇူးတရားေၾကာင့္ဆိုတဲ့ ေနာက္ဆက္တြဲျဖစ္ရပ္ေတြကို ဘယ္လိုမွမႏွစ္သက္ခဲ့လို႔ေတာင္ သူလုပ္ေပးခဲ့တာေတြကို မင္းမသိပါေစနဲ႔လို႔ တားထားခဲ့တဲ့ သူေလ ၊ အဲ့ေတာ့ ထူးက ေက်းဇူးရွင္မို႔လို႔ မင္းလုပ္ရပ္ေတြကို ျပန္ေတာင္းပန္ခ်င္ေနတာဆိုရင္ မလိုေတာ့ဘူး ခ်မ္း....
သူက မင္းကိုလည္း အျပစ္ျမင္ေနမယ့္သူမ်ိဳးမဟုတ္လို႔ ဒီကိစၥကို ဒီမွာတင္ရပ္ၿပီး ထူးကို စိတ္အေႏွာင့္အယွက္ ထပ္မေပးဘဲ ေနလိုက္ၾကရေအာင္ "
" အဲ့ အဲ့လိုမဟုတ္ပါဘူး "
" ဒါျဖင့္ သူ Gay ပါလို႔ ဝန္ခံထားတဲ့ကိစၥအေပၚ မင္းက စိတ္ရွင္းရွင္းနဲ႔လက္ခံႏိုင္ၿပီလားဆိုတာ မင္းကိုယ္မင္း ေသခ်ာေအာင္ျပန္ေမးၾကည့္ ၊ ေအး ေသခ်ာၿပီဆိုမွ ထူးနဲ႔မ်က္ႏွာခ်င္းဆိုင္ဖို႔စဥ္းစား ၊ ဒီတစ္ခါ ထူးအေပၚကို ရိုင္းစိုင္းတာမ်ိဳးထပ္လုပ္ဦးမယ္ဆိုရင္ မင္းကို ငါ ခြင့္မလႊတ္ဘူး ခ်မ္း ၊ ထူးက ထပ္ၿပီးခြင့္လႊတ္ဦးမယ္ဆိုရင္ေတာင္ ငါက ခြင့္လႊတ္မွာမဟုတ္ေတာ့ဘူး "
ေျပာၿပီးသည္ႏွင့္ ေလးငယ္က ထ,ထြက္သြားေတာ့ ခ်မ္းတစ္ေယာက္သာ ငူငူႀကီး က်န္ရစ္ေတာ့သည္ ။
ေလးငယ္ရဲ႕စကားေတြေၾကာင့္ ခ်မ္းရဲ႕အေတြးေတြ ရႈပ္ရွက္ခတ္ကုန္သည္ ။ ေက်းဇူးရွင္ဆိုတဲ့ သတ္မွတ္ခ်က္မပါဘဲ သူ တကယ္ပဲ ဦးသာက Gay ဆိုတဲ့ ျဖစ္တည္မႈတစ္ခုအေပၚ စိတ္ရွင္းရွင္းနဲ႔လက္ခံလိုက္ႏိုင္ၿပီလား ။
စဥ္းစားၾကည့္ရင္းနဲ႔ ခ်မ္းကိုယ္ခ်မ္းလည္း နားမလည္ႏိုင္ျဖစ္ရပါသည္ ။ တကယ္ဆိုရင္ ခ်မ္းဟာ ဘယ္တုန္းကမွ Gay ေတြကို မႏွစ္ၿမိဳ႕တာမ်ိဳး ၊ မုန္းတီးတာမ်ိဳး ျဖစ္ခဲ့ဖူးတဲ့သူမဟုတ္ ။ ႏိုင္ႏိုင့္အေၾကာင္းစ,သိခဲ့တုန္းကေတာင္ အနည္းငယ္အံ့ၾသသြားတာကလြဲလို႔ ခ်မ္းစိတ္ထဲ ထူးထူးျခားျခားႀကီး ခံစားခဲ့ရတာမွမဟုတ္တာ ။
ဒါေပမယ့္ ဦးသာ ဝန္ခံလိုက္တဲ့အခ်ိန္မွာေတာ့ ဘာေတြကဘယ္လိုျဖစ္ၿပီး အဲ့ဒီလို ဆိုးဆိုးဝါးဝါးေတြေပါက္ကြဲလိုက္မိမွန္း ခ်မ္းကိုယ္ခ်မ္းလည္း မေတြးတတ္ေတာ့ပါ ။ စိတ္လြတ္ၿပီး ဦးသာကို တုန္႔ျပန္ခဲ့ပံုေတြကို ျပန္စဥ္းစားမိေလေလ ခ်မ္းဟာ ခြင့္မလႊတ္သင့္တဲ့ေကာင္ဆိုတာ ပိုၿပီးသိသာလာေလေလပဲ ျဖစ္ေနသည္ ။
မဆီမဆိုင္ ႏိုင္ႏိုင့္ကိုပါ ဆြဲထည့္ၿပီးေျပာခဲ့မိတဲ့ ဒီေကာင္ဟာ တကယ္ကို မိုက္ရိုင္းတဲ့ေကာင္ပါ ဦးသာရယ္ ။
က်ြန္ေတာ္ ဘယ္လိုစိတ္ရိုင္းေတြဝင္ၿပီး ဒီလိုအျပဳအမူ အေျပာအဆိုေတြကို က်ဴးလြန္မိမွန္းလည္း စဥ္းစားမရေတာ့ပါဘူး ။
ဘယ္လိုပဲစဥ္းစား စဥ္းစား အေျဖမထြက္သည္မို႔ လူက ေတြးရင္းနဲ႔ရူးခ်င္လာရသည္ ။
က်ြန္ေတာ္ဘာျဖစ္ေနတယ္ဆိုတာ က်ြန္ေတာ့္ျပႆနာေတြကို အၿမဲေျဖရွင္းေပးေနက်ျဖစ္တဲ့ ဦးသာကိုေမးၿပီး အေျဖထုတ္ေပးေစခ်င္လိုက္တာ ။ ဒါေပမယ့္လည္း...ဒါေပမယ့္လည္း ဒီအရိုင္းတံုးက အခုခ်ိန္မွာ ဦးသာကို ေတာင္းပန္ဖို႔ေတာင္မထိုက္တန္ေတာ့တဲ့ေကာင္ ျဖစ္ေနခဲ့ရၿပီ ။
မ်က္ႏွာခ်င္းဆိုင္ဖို႔သတၱိေတြလည္း မရွိေတာ့ပါဘူး ဦးသာရယ္ ။
ဒီလိုနဲ႔ပဲ ဦးသာကို က်ြန္ေတာ္ ဆံုးရံႈးလိုက္ရေတာ့မွာလား ။
*********
ညက ေမွာင္မိုက္ေနသည္ ။
ထူး အခန္းထဲမွာ စိတ္နဲ႔လူနဲ႔မကပ္သလို ထိုင္ေနမိတာ ဘယ္ေလာက္ေတာင္ၾကာသြားၿပီလဲမသိ ။ သတိဝင္လာလို႔ၾကည့္မိတဲ့အခ်ိန္မွာ အလင္းေရာင္တစ္စပင္ မရွိေတာ့ဘဲ အခန္းတစ္ခုလံုးကို အေမွာင္ထုက အုပ္စိုးေနေလၿပီ ။
မီးေလးေတာ့ ဖြင့္ဦးမွပါ ။
ျပင္ပမွ ခပ္ဝါးဝါးအလင္းေရာင္ကိုအားကိုး၍ မီးခလုတ္ရွိရာဆီ လွမ္းသြားရင္း ခပ္သဲ့သဲ့လင္းေနတဲ့လေရာင္ကို ျမင္ေတာ့ မီးဖြင့္တဲ့ဆီမေရာက္ေတာ့ဘဲ ဝရန္တာဘက္ကို ထြက္လာမိသည္ ။
သူ႔စိတ္ေတြကလည္း အခုခ်ိန္မွာ တိမ္စိုင္ေတြလို လြင့္ခ်င္ရာလြင့္ေနမိသည့္အေျခအေန ။ ဘာကိုမွလည္း လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိသည္မို႔ ကိုယ့္စိတ္ကိုယ္လည္း ထိန္းခ်ဳပ္ဖို႔မႀကိဳးစားမိေတာ့ဘဲ ေရာက္တတ္ရာရာ လြင့္ခ်င္သလိုသာ လြင့္ေနေစလိုက္ေတာ့သည္ ။
ထိန္းခ်ဳပ္ၿပီးေန,ေနရတာလည္း ပင္ပန္းလွၿပီေလ ။
ထူး ဒီလို အေျခအေနနဲ႔ ဒီအခန္းထဲမွာ အျပင္လည္းမထြက္ဘဲ ေန,ေနတာ သံုးရက္ရွိၿပီ ။ ေျပာရမယ္ဆိုရင္ေတာ့ ခ်မ္းနဲ႔ျပႆနာတက္ၿပီး ထြက္လာကတည္းကေပါ့ ။
ေကာင္းကင္မွာသာေနတဲ့ လမင္းႀကီးကို ေမာ့ၾကည့္ရင္း မဆီမဆိုင္နဲ႔ ခ်မ္းကေလးကို သတိရလာျပန္သည္ ။ တကယ္ပါ...အဲ့ဒီလို တိုက္ဆိုင္မႈမရွိဘဲနဲ႔လည္း ဒီကေလးကို အေၾကာင္းျပခ်က္မဲ့စြာ ဒီအတိုင္း သတိရရင္း လြမ္းဆြတ္ရင္း တမ္းတရင္းနဲ႔ သူ႔ဘဝႀကီးကို ျဖတ္သန္းလာခဲ့တာ ၁၆ ႏွစ္တိုင္ခဲ့ၿပီ ။
ေနာင္လည္း.... အင္း.... ေနာင္ကိုလည္း ဒီလိုပဲ သတိရရင္း လြမ္းဆြတ္ရင္း တမ္းတရင္းနဲ႔ပဲ ေရွ႕ဆက္ရမယ့္ဘဝအခ်ိန္ေတြကို ျဖတ္သန္းသြားရဦးမည္ထင္ပါသည္ ။ ၁၆ ႏွစ္ၾကာခဲ့တာေတာင္ ရိုးမသြားတဲ့ ခံစားခ်က္ေတြေလ ။ ႏွစ္ရွည္လမ်ားဆိုတဲ့ကာလႀကီးေအာက္မွာ အသားက်ေနသလိုေတာ့ ျဖစ္ရေပမယ့္လည္း အသားက်တယ္ဆိုတဲ့ခံစားခ်က္ရဲ႕ေနာက္မွာ နာက်င္မႈအပိုင္းအစေတြကလည္း အၿမဲတြဲလ်က္ပါေနဆဲ ။
မျဖစ္သင့္တဲ့ အခ်စ္နဲ႔ မခ်စ္သင့္တဲ့သူတစ္ေယာက္ကို ခ်စ္ရသည္မွာ တကယ္ကို နာက်င္ရပါသည္ ။
ဒါေပမယ့္လည္း နာက်င္ရင္းနဲ႔ ေနေပ်ာ္ခဲ့သည္ေလ ။
ပန္းတိုင္မရွိတဲ့လမ္းမွန္း သိသိႀကီးနဲ႔ ေလ်ွာက္လွမ္းေနရတာေတာင္ ေမာရေကာင္းမွန္းမသိတဲ့အထိ ထိုနာက်င္မႈေတြၾကားမွာ ေပ်ာ္ေနခဲ့တာပါ ။
အင္း...သူဆိုတာကလည္း ဘဝမွာ နာက်င္ဖို႔အတြက္သက္သက္မ်ား လူျဖစ္လာသလားလို႔ထင္ရေလာက္ေအာင္ နာက်င္မႈအမ်ိဳးမ်ိဳးနဲ႔ အသားက်ေနခဲ့ရတဲ့သူမဟုတ္ပါလား ။
ကိုယ္တိုင္က ဘယ္ေလာက္ပဲ ဘယ္လိုပဲ နာက်င္ခံစားရပါေစ ။ သူခ်စ္တဲ့ကေလးကိုေတာ့ျဖင့္ နာက်င္ေစေသာ အေၾကာင္းခ်င္းရာကိစၥရပ္မ်ားနဲ႔ ဘယ္ေသာအခါမွ မၿငိစြန္းေစလိုပါ ။
ဒါေပမယ့္လည္း အခုေတာ့ သူ႔ေၾကာင့္ပဲ ဒီကေလး နာက်င္ခဲ့ရေလၿပီ ။ ဘာေတြက ဘယ္လိုမွားခဲ့လဲ သူလည္း မေတြးတတ္ေတာ့ပါ ။
ဒီအေၾကာင္းေတြကိုပဲ ထပ္တလဲလဲေတြးရင္း ထပ္တလဲလဲျမင္ေယာင္ရင္းနဲ႔ ညက ပိုနက္လာသည္ ။
လြင့္ပ်ံလာတဲ့ ဂစ္တာသံစဥ္တစ္ခုေၾကာင့္ သူရပ္ေနတဲ့ဝရန္တာမွ ေအာက္ကိုငံု႔ၾကည့္ေတာ့ ေကာင္ေလးတစ္သိုက္က အုတ္ေဘာင္ေလးေပၚ တန္းစီထိုင္ရင္း သီခ်င္းဆိုဖို႔ျပင္ေနတာကို ေတြ႕လိုက္ရသည္ ။
ခ်မ္းတို႔အရြယ္ေလးေတြနဲ႔တူပါရဲ႕ ။
အင္း...အေတြးနဲ႔အတူ သတိရလိုက္မိျပန္ၿပီ ။
ခ်မ္းဆိုသည္က ထူး ဘယ္လိုမွ ရုန္းမထြက္ႏိုင္သည့္ ျမတ္ႏိုးျခင္းႏြံအိုင္လွလွေလး ။
ဂစ္တာႀကိဳးညွိေနပံုရေသာ ေကာင္ေလးတစ္သိုက္ကိုၾကည့္ရင္း ဒီအခ်ိန္ဆို သူ႔ခ်မ္းကေလးေရာ ဘာလုပ္ေနမွာပါလိမ့္ဆိုတဲ့ အေတြးကဝင္လာျပန္သည္ ။ အိပ္မ်ားေနမလား ။ အင္း အိပ္မယ္လို႔ေတာ့ မထင္ပါ ။ ဒီကေလးက ညဥ့္နက္တဲ့အထိ Game ေဆာ့ရင္း Facebook သံုးရင္းနဲ႔ ေနတတ္တဲ့ကေလးမဟုတ္လား ။ ညဆို ေတာ္ေတာ္နဲ႔မအိပ္ ၊ မနက္ဆို ေတာ္ေတာ္နဲ႔မထတတ္သူေလး ။
ေတြးရင္းနဲ႔ ၿပံဳးမိရသည္ ။
ထူးအတြက္ေတာ့ ခ်မ္းရဲ႕အရာရာတိုင္းဟာ ခ်စ္စႏိုးေတြခ်ည္းသာ ။
ေဟာ သီခ်င္းဆိုမယ့္ေကာင္ေလးတစ္သိုက္က ဂစ္တာႀကိဳးညွိလို႔ ၿပီးၾကၿပီထင္၏ ။ သီခ်င္းတစ္ပုဒ္ကို စတင္သီဆိုၾကေလသည္ ။
သီခ်င္းစာသားေတြကိုၾကားလိုက္ရတဲ့ခဏ သူ ၿပံဳးမိရျပန္သည္ ။
မခ်ိၿပံဳးဟုပဲ ဆိုရခ်ိမ့္မည္ ။
ဟိုအေဝးႀကီးကို ေငးကာ စိတ္ေတြေလးလံေနခဲ့တယ္ 🎶🎵
မင္းမသိလိုက္ဘဲရူးခဲ့တဲ့ ေန႔ရက္တို႔ ေတြးကာေၾကကြဲခဲ့ 🎶🎵
မင္းရဲ႕အနားမွာအရိပ္လို အၿမဲငါ ခိုကပ္ခဲ့ေပမယ့္ 🎶🎵
နင္ မျမင္ႏိုင္ခဲ့ပါ ငါ မေၾကညာခဲ့တဲ့ အခ်စ္ကို 🎶🎵
အနီးေလးရွိေပမယ့္ ရင္ခုန္သံမ်ားက မိုင္ေတြျခားေနခဲ့ 🎶🎵
မင္နီေတြတားကာ နင္ရက္စက္လည္း ငါေက်နပ္တယ္ 🎶🎵
ျမင္ေနခြင့္ေလးေပး ျမင္ေနခြင့္ေလးေပး ေန႔တိုင္း 🎶🎵
မင္းမ်က္ဝန္းေတြက ငါ့ကို ၾကက္ေျခခတ္ထားခ်ိန္ 🎶🎵
ဝမ္းနည္းစိတ္နဲ႔ရရွိခဲ့ မင္းေပးတဲ့ဆုက သုညပဲ 🎶🎵
ညဘက္ညဘက္တိုင္း ငါမင္းကိုထိုင္ေငးၾကည့္ခဲ့လည္း 🎶🎵
နင္ မျမင္ႏိုင္ခဲ့ပါ ငါ မေၾကညာခဲ့တဲ့ အခ်စ္ကို 🎶🎵
အနီးေလးရွိေပမယ့္ ရင္ခုန္သံမ်ားက မိုင္ေတြျခားေနခဲ့ 🎶🎵
မင္နီေတြတားကာ နင္ရက္စက္လည္း ငါေက်နပ္တယ္ 🎶🎵
ျမင္ေနခြင့္ေလးေပး ျမင္ေနခြင့္ေလးေပး ေန႔တိုင္း 🎶🎵
သီခ်င္းေလး ၿပီးဆံုးသြားသည္အထိ တစ္စံုတစ္ေယာက္ကိုလြမ္းရင္း သူ မလႈပ္မယွက္ နားေထာင္ေနခဲ့မိသည္ ။
သီခ်င္းရွင္ေလးရဲ႕ ေတာင္းဆိုမႈက ျမင္ေနခြင့္ေလးေပး ေန႔တိုင္း တဲ့ ။ သူကေတာ့ ထိုေန႔တိုင္းျမင္ေနခြင့္ေလးကိုေတာင္ ဆံုးရႈံးခဲ့ရပါၿပီေလ ။
သီခ်င္းထဲကလိုပဲ ညဘက္ေတာ္ေတာ္မ်ားမ်ားမွာ အိပ္ေပ်ာ္ေနတဲ့ ခ်မ္းကေလးအား တစိမ့္စိမ့္ထိုင္ၾကည့္ခဲ့ဖူးသည္ ။ အၾကာႀကီး မလႈပ္ဘဲၿငိမ္ၿပီးအိပ္ေနတာေလးေတြ ၊ အိပ္ေပ်ာ္ေနတဲ့အခါ ႏႈတ္ခမ္းပါးေလးက မသိမသာ ေထာ္သလိုလို ျဖစ္လာတတ္တာေလးေတြ ၊ ၿငိမ္ၿပီးအိပ္ေနရာကေန ဘယ္လိုေလးလႈပ္ရွားသြားတတ္တာေလးေတြကအစ အေသးစိတ္ထိုင္ေငးၾကည့္ရင္း ထိုအျပဳအမူေလးေတြကိုမွတ္သားကာ ညေတြအား ကုန္ဆံုးခဲ့ရဖူးသည္ ။
ဒါေပမယ့္လည္း ေၾကညာလို႔မရတဲ့ သူ႔ရဲ႕အခ်စ္ကို ဒီကေလးေလးမျမင္ႏိုင္ခဲ့တာ သိပ္ေတာ့ဆန္းၾကယ္တဲ့ကိစၥမဟုတ္ပါ ။ ထူးရဲ႕ႏံုခ်ာလွတဲ့ဘဝေပးအေျခအေနကိုက ရင္ဖြင့္ဖို႔ခက္သည့္အခ်စ္တစ္ခုကို ျဖစ္ေပၚေစခဲ့သည္ကိုး ။
လက္ရွိအေနအထားမွာ မနည္းက်ားကန္ရပ္တည္ေနရင္းက ေရွ႕ဆက္ရမယ့္ ခ်မ္းမပါတဲ့အနာဂတ္ကို အတတ္ႏိုင္ဆံုးမေတြးမိေအာင္ ႀကိဳးစားေနရသည္ ။
တစ္ခါတစ္ခါေတာ့လည္း ရထားသံလမ္း ၂ ခုရဲ႕ ဘဝကို အားက်မိသား ။ ဘယ္ေတာ့မွ ဆံုစည္းခြင့္မရွိသည့္တိုင္ေအာင္ အနီးကပ္ဆံုးေတာ့ ယွဥ္တြဲၿပီးေနခြင့္ရေနသည္ပဲ ။
သူကေတာ့ျဖင့္ ထိုမ်ွေလာက္ေသာ အခြင့္အေရးေလးေတာင္ မရွိေတာ့တဲ့သူတစ္ေယာက္ျဖစ္ခဲ့ရၿပီ ။
ျမင္ေတြ႕ခြင့္ေတာင္မရတဲ့ ဒီအေျခအေနမွာ ကိုယ့္အေနနဲ႔ လြမ္းဖို႔သာပဲ တတ္ႏိုင္တာ.... ။
_____________________________
A/N
ၿပီးခဲ့တဲ့ အပိုင္း ၃၆ မွာ ထူးက ခ်မ္းကို ေသြးလွဴေပးတယ္လို႔ ေရးခဲ့ပါတယ္ ။ ဒါေပမယ့္ တကယ္လက္ေတြ႕မွာ လူတစ္ေယာက္က အသက္ ၁၈ ႏွစ္ကေန ၅၅ ႏွစ္အတြင္းပဲ ေသြးလွဴလို႔ရတာပါ ။
ကိုယ္က ဇာတ္လမ္းအေနနဲ႔ အေရးေပၚအေျခအေနကို ပံုေဖာ္ထားတာေရာ ၊ ထူးက က်န္းက်န္းမာမာသန္သန္စြမ္းစြမ္းလူငယ္ေလး ျဖစ္တာေရာေၾကာင့္ ထူး အသက္ ၁၅ ႏွစ္နဲ႔ ေသြးလွဴတယ္ဆိုၿပီး ေရးျဖစ္သြားတယ္ ။
ဇာတ္လမ္းထဲကလို အေျခအေနမ်ိဳးျဖစ္ခဲ့ရင္ အျပင္လက္ေတြ႕မွာ ေသြးလွဴခြင့္တကယ္ ရႏိုင္ မရႏိုင္ ကိုယ္အတတ္မေျပာႏိုင္ပါဘူး ။ ဒါေၾကာင့္ ကိုယ့္ဇာတ္လမ္းက အျပင္လက္ေတြ႕နဲ႔ကြာဟေနခဲ့ရင္ ဇာတ္လမ္းသက္သက္ရယ္လို႔ သည္းခံၿပီးဖတ္ရႈေပးၾကပါေနာ္ ။ အားနည္းမႈေတြအေပၚ ေမတၱာရပ္ခံတာပါလို႔....😁
Phyu Layy. ❤️🙆🏻♀️💚
_____________________________
#For Unicode
နိုင်ဘုန်းရဲ့ အတိတ်ကိုဇာတ်ကြောင်းပြန်ခြင်း ပြီးဆုံးသွားချိန်မှာ နားထောင်နေသူ ချမ်းကတော့ ငိုင်ဆင်းသွားပါလေတော့သည် ။
မှားခဲ့ပြန်ပြီပေါ့ ။
အခါခါမှားခဲ့မိလေတဲ့ ဒီကောင်က ဘယ်လိုရဲတင်းမှုမျိုးနဲ့ ဦးသာကို ပြန်ပြီးမျက်နှာချင်းဆိုင်ရတော့မှာလဲ ဦးသာရယ် ။
" ကဲ ဖြစ်ခဲ့သမျှ အဲ့ဒါအကုန်ပဲ ၊ မင်းကိုဖုံးကွယ်ထားတဲ့ကိစ္စဆိုတာလည်း ဘာတစ်ခုမရှိတော့ဘူး ချမ်း "
" ချမ်း ချမ်း ဦးသာကို တောင်းပန်ချင်တယ် "
" ဘာကြောင့်တောင်းပန်ချင်တာလဲ ၊ မမနဲ့အထင်လွဲမိတဲ့ကိစ္စကိုလား ၊ ဒါမှမဟုတ် သူ gay လို့ဝန်ခံတဲ့အပေါ်မှာ မင်းက တရားလွန်တွေပြောလွှတ်လိုက်တာကိုလား "
" အကုန်လုံးကိုပါ လေးငယ်ရယ် ၊ ချမ်းက ဦးသာအပေါ်မှာ အများကြီးမှားမိတဲ့သူပါ "
" သူက မင်းရဲ့အသက်သခင် ကျေးဇူးရှင်မို့လို့ ဒီလိုတွေနောင်တရပြီး တောင်းပန်ချင်နေတာဆိုရင်တော့ ထားလိုက်တော့ ချမ်း "
" ဟင် ဘာဖြစ်လို့လဲ လေးငယ် "
" သူ့ကို သူမို့လို့နားလည်လက်ခံတာမျိုးမဟုတ်ဘဲ ကျေးဇူးရှိလို့ဆိုတဲ့စိတ်နဲ့ဆိုရင်တော့ မင်း မတောင်းပန်နဲ့တော့ "
" လေးငယ်.... "
" သူက Gay ပါလို့ မင်းကို ဝန်ခံသွားတော့ မင်း ခါးခါးသီးသီးဖြစ်ခဲ့တယ်မဟုတ်ဘူးလား ၊ အဲ့လိုတွေ ဆိုးဆိုးဝါးဝါး တုန့်ပြန်ခဲ့ပြီးမှ မင်း သူ့ကို ပြန်တောင်းပန်ရင်တောင် မင်းစိတ်ထဲ တကယ်နားလည်လက်ခံလို့မဟုတ်ဘဲ ကျေးဇူးရှင်မို့လို့ တောင်းပန်တယ်လို့ သူက ယူဆနေမှာ...
ကျေးဇူးတရားကြောင့်ဆိုတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို ဘယ်လိုမှမနှစ်သက်ခဲ့လို့တောင် သူလုပ်ပေးခဲ့တာတွေကို မင်းမသိပါစေနဲ့လို့ တားထားခဲ့တဲ့ သူလေ ၊ အဲ့တော့ ထူးက ကျေးဇူးရှင်မို့လို့ မင်းလုပ်ရပ်တွေကို ပြန်တောင်းပန်ချင်နေတာဆိုရင် မလိုတော့ဘူး ချမ်း....
သူက မင်းကိုလည်း အပြစ်မြင်နေမယ့်သူမျိုးမဟုတ်လို့ ဒီကိစ္စကို ဒီမှာတင်ရပ်ပြီး ထူးကို စိတ်အနှောင့်အယှက် ထပ်မပေးဘဲ နေလိုက်ကြရအောင် "
" အဲ့ အဲ့လိုမဟုတ်ပါဘူး "
" ဒါဖြင့် သူ Gay ပါလို့ ဝန်ခံထားတဲ့ကိစ္စအပေါ် မင်းက စိတ်ရှင်းရှင်းနဲ့လက်ခံနိုင်ပြီလားဆိုတာ မင်းကိုယ်မင်း သေချာအောင်ပြန်မေးကြည့် ၊ အေး သေချာပြီဆိုမှ ထူးနဲ့မျက်နှာချင်းဆိုင်ဖို့စဉ်းစား ၊ ဒီတစ်ခါ ထူးအပေါ်ကို ရိုင်းစိုင်းတာမျိုးထပ်လုပ်ဦးမယ်ဆိုရင် မင်းကို ငါ ခွင့်မလွှတ်ဘူး ချမ်း ၊ ထူးက ထပ်ပြီးခွင့်လွှတ်ဦးမယ်ဆိုရင်တောင် ငါက ခွင့်လွှတ်မှာမဟုတ်တော့ဘူး "
ပြောပြီးသည်နှင့် လေးငယ်က ထ,ထွက်သွားတော့ ချမ်းတစ်ယောက်သာ ငူငူကြီး ကျန်ရစ်တော့သည် ။
လေးငယ်ရဲ့စကားတွေကြောင့် ချမ်းရဲ့အတွေးတွေ ရှုပ်ရှက်ခတ်ကုန်သည် ။ ကျေးဇူးရှင်ဆိုတဲ့ သတ်မှတ်ချက်မပါဘဲ သူ တကယ်ပဲ ဦးသာက Gay ဆိုတဲ့ ဖြစ်တည်မှုတစ်ခုအပေါ် စိတ်ရှင်းရှင်းနဲ့လက်ခံလိုက်နိုင်ပြီလား ။
စဉ်းစားကြည့်ရင်းနဲ့ ချမ်းကိုယ်ချမ်းလည်း နားမလည်နိုင်ဖြစ်ရပါသည် ။ တကယ်ဆိုရင် ချမ်းဟာ ဘယ်တုန်းကမှ Gay တွေကို မနှစ်မြို့တာမျိုး ၊ မုန်းတီးတာမျိုး ဖြစ်ခဲ့ဖူးတဲ့သူမဟုတ် ။ နိုင်နိုင့်အကြောင်းစ,သိခဲ့တုန်းကတောင် အနည်းငယ်အံ့သြသွားတာကလွဲလို့ ချမ်းစိတ်ထဲ ထူးထူးခြားခြားကြီး ခံစားခဲ့ရတာမှမဟုတ်တာ ။
ဒါပေမယ့် ဦးသာ ဝန်ခံလိုက်တဲ့အချိန်မှာတော့ ဘာတွေကဘယ်လိုဖြစ်ပြီး အဲ့ဒီလို ဆိုးဆိုးဝါးဝါးတွေပေါက်ကွဲလိုက်မိမှန်း ချမ်းကိုယ်ချမ်းလည်း မတွေးတတ်တော့ပါ ။ စိတ်လွတ်ပြီး ဦးသာကို တုန့်ပြန်ခဲ့ပုံတွေကို ပြန်စဉ်းစားမိလေလေ ချမ်းဟာ ခွင့်မလွှတ်သင့်တဲ့ကောင်ဆိုတာ ပိုပြီးသိသာလာလေလေပဲ ဖြစ်နေသည် ။
မဆီမဆိုင် နိုင်နိုင့်ကိုပါ ဆွဲထည့်ပြီးပြောခဲ့မိတဲ့ ဒီကောင်ဟာ တကယ်ကို မိုက်ရိုင်းတဲ့ကောင်ပါ ဦးသာရယ် ။
ကျွန်တော် ဘယ်လိုစိတ်ရိုင်းတွေဝင်ပြီး ဒီလိုအပြုအမူ အပြောအဆိုတွေကို ကျူးလွန်မိမှန်းလည်း စဉ်းစားမရတော့ပါဘူး ။
ဘယ်လိုပဲစဉ်းစား စဉ်းစား အဖြေမထွက်သည်မို့ လူက တွေးရင်းနဲ့ရူးချင်လာရသည် ။
ကျွန်တော်ဘာဖြစ်နေတယ်ဆိုတာ ကျွန်တော့်ပြဿနာတွေကို အမြဲဖြေရှင်းပေးနေကျဖြစ်တဲ့ ဦးသာကိုမေးပြီး အဖြေထုတ်ပေးစေချင်လိုက်တာ ။ ဒါပေမယ့်လည်း...ဒါပေမယ့်လည်း ဒီအရိုင်းတုံးက အခုချိန်မှာ ဦးသာကို တောင်းပန်ဖို့တောင်မထိုက်တန်တော့တဲ့ကောင် ဖြစ်နေခဲ့ရပြီ ။
မျက်နှာချင်းဆိုင်ဖို့သတ္တိတွေလည်း မရှိတော့ပါဘူး ဦးသာရယ် ။
ဒီလိုနဲ့ပဲ ဦးသာကို ကျွန်တော် ဆုံးရှုံးလိုက်ရတော့မှာလား ။
*********
ညက မှောင်မိုက်နေသည် ။
ထူး အခန်းထဲမှာ စိတ်နဲ့လူနဲ့မကပ်သလို ထိုင်နေမိတာ ဘယ်လောက်တောင်ကြာသွားပြီလဲမသိ ။ သတိဝင်လာလို့ကြည့်မိတဲ့အချိန်မှာ အလင်းရောင်တစ်စပင် မရှိတော့ဘဲ အခန်းတစ်ခုလုံးကို အမှောင်ထုက အုပ်စိုးနေလေပြီ ။
မီးလေးတော့ ဖွင့်ဦးမှပါ ။
ပြင်ပမှ ခပ်ဝါးဝါးအလင်းရောင်ကိုအားကိုး၍ မီးခလုတ်ရှိရာဆီ လှမ်းသွားရင်း ခပ်သဲ့သဲ့လင်းနေတဲ့လရောင်ကို မြင်တော့ မီးဖွင့်တဲ့ဆီမရောက်တော့ဘဲ ဝရန်တာဘက်ကို ထွက်လာမိသည် ။
သူ့စိတ်တွေကလည်း အခုချိန်မှာ တိမ်စိုင်တွေလို လွင့်ချင်ရာလွင့်နေမိသည့်အခြေအနေ ။ ဘာကိုမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိသည်မို့ ကိုယ့်စိတ်ကိုယ်လည်း ထိန်းချုပ်ဖို့မကြိုးစားမိတော့ဘဲ ရောက်တတ်ရာရာ လွင့်ချင်သလိုသာ လွင့်နေစေလိုက်တော့သည် ။
ထိန်းချုပ်ပြီးနေ,နေရတာလည်း ပင်ပန်းလှပြီလေ ။
ထူး ဒီလို အခြေအနေနဲ့ ဒီအခန်းထဲမှာ အပြင်လည်းမထွက်ဘဲ နေ,နေတာ သုံးရက်ရှိပြီ ။ ပြောရမယ်ဆိုရင်တော့ ချမ်းနဲ့ပြဿနာတက်ပြီး ထွက်လာကတည်းကပေါ့ ။
ကောင်းကင်မှာသာနေတဲ့ လမင်းကြီးကို မော့ကြည့်ရင်း မဆီမဆိုင်နဲ့ ချမ်းကလေးကို သတိရလာပြန်သည် ။ တကယ်ပါ...အဲ့ဒီလို တိုက်ဆိုင်မှုမရှိဘဲနဲ့လည်း ဒီကလေးကို အကြောင်းပြချက်မဲ့စွာ ဒီအတိုင်း သတိရရင်း လွမ်းဆွတ်ရင်း တမ်းတရင်းနဲ့ သူ့ဘဝကြီးကို ဖြတ်သန်းလာခဲ့တာ ၁၆ နှစ်တိုင်ခဲ့ပြီ ။
နောင်လည်း.... အင်း.... နောင်ကိုလည်း ဒီလိုပဲ သတိရရင်း လွမ်းဆွတ်ရင်း တမ်းတရင်းနဲ့ပဲ ရှေ့ဆက်ရမယ့်ဘဝအချိန်တွေကို ဖြတ်သန်းသွားရဦးမည်ထင်ပါသည် ။ ၁၆ နှစ်ကြာခဲ့တာတောင် ရိုးမသွားတဲ့ ခံစားချက်တွေလေ ။ နှစ်ရှည်လများဆိုတဲ့ကာလကြီးအောက်မှာ အသားကျနေသလိုတော့ ဖြစ်ရပေမယ့်လည်း အသားကျတယ်ဆိုတဲ့ခံစားချက်ရဲ့နောက်မှာ နာကျင်မှုအပိုင်းအစတွေကလည်း အမြဲတွဲလျက်ပါနေဆဲ ။
မဖြစ်သင့်တဲ့ အချစ်နဲ့ မချစ်သင့်တဲ့သူတစ်ယောက်ကို ချစ်ရသည်မှာ တကယ်ကို နာကျင်ရပါသည် ။
ဒါပေမယ့်လည်း နာကျင်ရင်းနဲ့ နေပျော်ခဲ့သည်လေ ။
ပန်းတိုင်မရှိတဲ့လမ်းမှန်း သိသိကြီးနဲ့ လျှောက်လှမ်းနေရတာတောင် မောရကောင်းမှန်းမသိတဲ့အထိ ထိုနာကျင်မှုတွေကြားမှာ ပျော်နေခဲ့တာပါ ။
အင်း...သူဆိုတာကလည်း ဘဝမှာ နာကျင်ဖို့အတွက်သက်သက်များ လူဖြစ်လာသလားလို့ထင်ရလောက်အောင် နာကျင်မှုအမျိုးမျိုးနဲ့ အသားကျနေခဲ့ရတဲ့သူမဟုတ်ပါလား ။
ကိုယ်တိုင်က ဘယ်လောက်ပဲ ဘယ်လိုပဲ နာကျင်ခံစားရပါစေ ။ သူချစ်တဲ့ကလေးကိုတော့ဖြင့် နာကျင်စေသော အကြောင်းချင်းရာကိစ္စရပ်များနဲ့ ဘယ်သောအခါမှ မငြိစွန်းစေလိုပါ ။
ဒါပေမယ့်လည်း အခုတော့ သူ့ကြောင့်ပဲ ဒီကလေး နာကျင်ခဲ့ရလေပြီ ။ ဘာတွေက ဘယ်လိုမှားခဲ့လဲ သူလည်း မတွေးတတ်တော့ပါ ။
ဒီအကြောင်းတွေကိုပဲ ထပ်တလဲလဲတွေးရင်း ထပ်တလဲလဲမြင်ယောင်ရင်းနဲ့ ညက ပိုနက်လာသည် ။
လွင့်ပျံလာတဲ့ ဂစ်တာသံစဉ်တစ်ခုကြောင့် သူရပ်နေတဲ့ဝရန်တာမှ အောက်ကိုငုံ့ကြည့်တော့ ကောင်လေးတစ်သိုက်က အုတ်ဘောင်လေးပေါ် တန်းစီထိုင်ရင်း သီချင်းဆိုဖို့ပြင်နေတာကို တွေ့လိုက်ရသည် ။
ချမ်းတို့အရွယ်လေးတွေနဲ့တူပါရဲ့ ။
အင်း...အတွေးနဲ့အတူ သတိရလိုက်မိပြန်ပြီ ။
ချမ်းဆိုသည်က ထူး ဘယ်လိုမှ ရုန်းမထွက်နိုင်သည့် မြတ်နိုးခြင်းနွံအိုင်လှလှလေး ။
ဂစ်တာကြိုးညှိနေပုံရသော ကောင်လေးတစ်သိုက်ကိုကြည့်ရင်း ဒီအချိန်ဆို သူ့ချမ်းကလေးရော ဘာလုပ်နေမှာပါလိမ့်ဆိုတဲ့ အတွေးကဝင်လာပြန်သည် ။ အိပ်များနေမလား ။ အင်း အိပ်မယ်လို့တော့ မထင်ပါ ။ ဒီကလေးက ညဉ့်နက်တဲ့အထိ Game ဆော့ရင်း Facebook သုံးရင်းနဲ့ နေတတ်တဲ့ကလေးမဟုတ်လား ။ ညဆို တော်တော်နဲ့မအိပ် ၊ မနက်ဆို တော်တော်နဲ့မထတတ်သူလေး ။
တွေးရင်းနဲ့ ပြုံးမိရသည် ။
ထူးအတွက်တော့ ချမ်းရဲ့အရာရာတိုင်းဟာ ချစ်စနိုးတွေချည်းသာ ။
ဟော သီချင်းဆိုမယ့်ကောင်လေးတစ်သိုက်က ဂစ်တာကြိုးညှိလို့ ပြီးကြပြီထင်၏ ။ သီချင်းတစ်ပုဒ်ကို စတင်သီဆိုကြလေသည် ။
သီချင်းစာသားတွေကိုကြားလိုက်ရတဲ့ခဏ သူ ပြုံးမိရပြန်သည် ။
မချိပြုံးဟုပဲ ဆိုရချိမ့်မည် ။
ဟိုအဝေးကြီးကို ငေးကာ စိတ်တွေလေးလံနေခဲ့တယ် 🎶🎵
မင်းမသိလိုက်ဘဲရူးခဲ့တဲ့ နေ့ရက်တို့ တွေးကာကြေကွဲခဲ့ 🎶🎵
မင်းရဲ့အနားမှာအရိပ်လို အမြဲငါ ခိုကပ်ခဲ့ပေမယ့် 🎶🎵
နင် မမြင်နိုင်ခဲ့ပါ ငါ မကြေညာခဲ့တဲ့ အချစ်ကို 🎶🎵
အနီးလေးရှိပေမယ့် ရင်ခုန်သံများက မိုင်တွေခြားနေခဲ့ 🎶🎵
မင်နီတွေတားကာ နင်ရက်စက်လည်း ငါကျေနပ်တယ် 🎶🎵
မြင်နေခွင့်လေးပေး မြင်နေခွင့်လေးပေး နေ့တိုင်း 🎶🎵
မင်းမျက်ဝန်းတွေက ငါ့ကို ကြက်ခြေခတ်ထားချိန် 🎶🎵
ဝမ်းနည်းစိတ်နဲ့ရရှိခဲ့ မင်းပေးတဲ့ဆုက သုညပဲ 🎶🎵
ညဘက်ညဘက်တိုင်း ငါမင်းကိုထိုင်ငေးကြည့်ခဲ့လည်း 🎶🎵
နင် မမြင်နိုင်ခဲ့ပါ ငါ မကြေညာခဲ့တဲ့ အချစ်ကို 🎶🎵
အနီးလေးရှိပေမယ့် ရင်ခုန်သံများက မိုင်တွေခြားနေခဲ့ 🎶🎵
မင်နီတွေတားကာ နင်ရက်စက်လည်း ငါကျေနပ်တယ် 🎶🎵
မြင်နေခွင့်လေးပေး မြင်နေခွင့်လေးပေး နေ့တိုင်း 🎶🎵
သီချင်းလေး ပြီးဆုံးသွားသည်အထိ တစ်စုံတစ်ယောက်ကိုလွမ်းရင်း သူ မလှုပ်မယှက် နားထောင်နေခဲ့မိသည် ။
သီချင်းရှင်လေးရဲ့ တောင်းဆိုမှုက မြင်နေခွင့်လေးပေး နေ့တိုင်း တဲ့ ။ သူကတော့ ထိုနေ့တိုင်းမြင်နေခွင့်လေးကိုတောင် ဆုံးရှုံးခဲ့ရပါပြီလေ ။
သီချင်းထဲကလိုပဲ ညဘက်တော်တော်များများမှာ အိပ်ပျော်နေတဲ့ ချမ်းကလေးအား တစိမ့်စိမ့်ထိုင်ကြည့်ခဲ့ဖူးသည် ။ အကြာကြီး မလှုပ်ဘဲငြိမ်ပြီးအိပ်နေတာလေးတွေ ၊ အိပ်ပျော်နေတဲ့အခါ နှုတ်ခမ်းပါးလေးက မသိမသာ ထော်သလိုလို ဖြစ်လာတတ်တာလေးတွေ ၊ ငြိမ်ပြီးအိပ်နေရာကနေ ဘယ်လိုလေးလှုပ်ရှားသွားတတ်တာလေးတွေကအစ အသေးစိတ်ထိုင်ငေးကြည့်ရင်း ထိုအပြုအမူလေးတွေကိုမှတ်သားကာ ညတွေအား ကုန်ဆုံးခဲ့ရဖူးသည် ။
ဒါပေမယ့်လည်း ကြေညာလို့မရတဲ့ သူ့ရဲ့အချစ်ကို ဒီကလေးလေးမမြင်နိုင်ခဲ့တာ သိပ်တော့ဆန်းကြယ်တဲ့ကိစ္စမဟုတ်ပါ ။ ထူးရဲ့နုံချာလှတဲ့ဘဝပေးအခြေအနေကိုက ရင်ဖွင့်ဖို့ခက်သည့်အချစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်ကိုး ။
လက်ရှိအနေအထားမှာ မနည်းကျားကန်ရပ်တည်နေရင်းက ရှေ့ဆက်ရမယ့် ချမ်းမပါတဲ့အနာဂတ်ကို အတတ်နိုင်ဆုံးမတွေးမိအောင် ကြိုးစားနေရသည် ။
တစ်ခါတစ်ခါတော့လည်း ရထားသံလမ်း ၂ ခုရဲ့ ဘဝကို အားကျမိသား ။ ဘယ်တော့မှ ဆုံစည်းခွင့်မရှိသည့်တိုင်အောင် အနီးကပ်ဆုံးတော့ ယှဉ်တွဲပြီးနေခွင့်ရနေသည်ပဲ ။
သူကတော့ဖြင့် ထိုမျှလောက်သော အခွင့်အရေးလေးတောင် မရှိတော့တဲ့သူတစ်ယောက်ဖြစ်ခဲ့ရပြီ ။
မြင်တွေ့ခွင့်တောင်မရတဲ့ ဒီအခြေအနေမှာ ကိုယ့်အနေနဲ့ လွမ်းဖို့သာပဲ တတ်နိုင်တာ.... ။
_____________________________
A/N
ပြီးခဲ့တဲ့ အပိုင်း ၃၆ မှာ ထူးက ချမ်းကို သွေးလှူပေးတယ်လို့ ရေးခဲ့ပါတယ် ။ ဒါပေမယ့် တကယ်လက်တွေ့မှာ လူတစ်ယောက်က အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်းပဲ သွေးလှူလို့ရတာပါ ။
ကိုယ်က ဇာတ်လမ်းအနေနဲ့ အရေးပေါ်အခြေအနေကို ပုံဖော်ထားတာရော ၊ ထူးက ကျန်းကျန်းမာမာသန်သန်စွမ်းစွမ်းလူငယ်လေး ဖြစ်တာရောကြောင့် ထူး အသက် ၁၅ နှစ်နဲ့ သွေးလှူတယ်ဆိုပြီး ရေးဖြစ်သွားတယ် ။
ဇာတ်လမ်းထဲကလို အခြေအနေမျိုးဖြစ်ခဲ့ရင် အပြင်လက်တွေ့မှာ သွေးလှူခွင့်တကယ် ရနိုင် မရနိုင် ကိုယ်အတတ်မပြောနိုင်ပါဘူး ။ ဒါကြောင့် ကိုယ့်ဇာတ်လမ်းက အပြင်လက်တွေ့နဲ့ကွာဟနေခဲ့ရင် ဇာတ်လမ်းသက်သက်ရယ်လို့ သည်းခံပြီးဖတ်ရှုပေးကြပါနော် ။ အားနည်းမှုတွေအပေါ် မေတ္တာရပ်ခံတာပါလို့....😁
Phyu Layy. ❤️🙆🏻♀️💚
_____________________________