"အား...... မလုပ္ပါနဲ႔...."
ဝုန္း.... ခြမ္း....
"သြား... သြား... မလာနဲ႔.... င့ါနား မလာခဲ့နဲ႔..."
"ကယ္ၾကပါဦး... အေစာင့္ေတြ... လာၾကစမ္း..."
အခန္းေထာင့္တြင္ အလွထားထားသည့္ ပန္းအိုးကို ေကာက္ေပြ႔ၿပီး ထိုသူကို ေခၽြ႕ရင္ လွမ္းပစ္လိုက္ေသာ္လည္း မထိ။ တစ္ခန္းလံုး လွည့္ပတ္ေျပးေနရသည္မွာ ေမာလွၿပီ။ အသံကုုန္ေအာ္ဟစ္ အကူအညီေတာင္းေသာ္လည္း တစ္ေယာက္မွ မလာၾက။
"အားးးး..... ငါ့အခန္းထဲက ထြက္သြားစမ္း.... မေျပာဘူး... မေျပာဘူး.... ငါ ဘာမွ မေျပာခဲ့ဘူး... နင္ သြားေမးၾကည့္ေလ... မဟုတ္ဘူး... သူ ငါေျပာတာ မၾကားဘူး... နင္... နင္...."
စူးရွစြာနာက်င္သြားသည့္ ပါးျပင္ကို လက္ျဖင့္ကိုင္လိုက္ေသာအခါ နီေစြးေနေသာေသြးေၾကာင့္ ေခၽြ႕ရင္ ေမ့လဲသြားေလသည္။ အခန္းတံခါးကို တဒုန္းဒုန္းလာေခါက္သံကို ၾကားေသာ္လည္း သူမကိုယ္သည္ အေၾကာအားလံုးေသသြားသည့္အလား မလႈပ္ႏုိင္ေတာ့။
"မင္းသမီး.... မင္းသမီး... တံခါးဖြင့္ပါဦး... မင္းသမီး...."
"တံခါးကိုဖ်က္လိုက္ေတာ့...."
အေစာင့္ရဲမက္တို႔က တံခါးကိုၿဖိဳခ်လိုက္သည္။ ေခၽြ႕ရင္၏ ကိုယ္ပိုင္အေစခံသည္ အခန္းတြင္းရွိ ျမင္ကြင္းေၾကာင့္ စူးကနဲ ေအာ္မိသည္။ ၿပီးသည္ႏွင့္ လဲက်ေနေသာ ေခၽြ႕ရင္ဆီေျပးသြားၿပီး အေစာင့္တို႔ကို ခပ္သြက္သြက္ ေစခိုင္းေတာ့သည္။
"တစ္ေယာက္က သမားေတာ္ သြားေခၚ... တစ္ေယာက္က အခန္းရွင္းဖုိ႔ အေစခံေတြကို ေခၚခဲ့... က်န္တဲ့သူေတြ မင္းႀကီးကို တင္ျပ.... ျမန္ျမန္....."
----------------------------------------------------
မနက္ျဖန္ဆို သံုးရက္ ျပည့္ေတာ့မည္။ မုိ႔ရန္ ဘာလုပ္လုိ႔ ဘာႀကံရမွန္းလည္း မသိေတာ့။ အခန္းထဲ ေခါက္တံု႔ေခါက္ျပန္ေလွ်ာက္လိုက္၊ ဘယ္လိုႀကံဆရမလဲ ေတြးလိုက္၊ ငူငူငိုင္ငိုင္ျဖင့္ ထိုင္ေနမိသည္မွာလည္း ဘယ္အခ်ိန္ေရာက္မွန္းမသိ ေရာက္သြားလိုက္ပင္။ ေျခသံတို႔ကို ၾကားရၿပီး တဆက္တည္းတြင္ပင္ တံခါးေခါက္သံကိုပါ ၾကားရသည္။
"ထမင္းလာပို႔တာပါ..."
"ျပန္ယူသြားလုိက္္ပါ... က်ေနာ္မစားခ်င္္ဘူး..."
ထုိစကားကို သူမ မည္မွ်ပင္ ေျပာေသာ္လည္း ထမင္းလာပို႔ေသာသူသည္ တံခါးကို ဖြင့္ဝင္လာၿပီး ယခင္က လာပို႔ထားသည့္ အစားအေသာက္တို႔ကို ယူလာသည့္ အစားအေသာက္တို႔ျဖင့္ လဲလွယ္ၿပီး ျပန္ယူသြားသည္ခ်ည္းသာ။ ထမင္းပို႔သူသည္ ၿခံဝန္းအျပင္ေရာက္သည္ႏွင့္ တစ္ေနရာမွ ေစာင့္ေနေသာ သူဆီသြားကာ ျပန္ယူလာသည့္တို႔ကို ျပသသည္။
"သူ မစားျပန္ဘူးလား...."
"ဟုတ္ကဲ့......"
"ဟူး.... ဒီေကာင္ေလး အစာငတ္ခံၿပီး ဆႏၵျပေနတာလား.... ဝဝလင္လင္စားၿပီး ျဖစ္ခ်င္တာျဖစ္ပါေစေပါ့.... င့ါႏွယ္... ဘယ္လိုလုပ္ရပါ့.... သြား... သြား.... ျပန္ယူသြားလိုက္...."
အိမ္ေတာ္ထိန္းပိုင္ သူ၏ဝလံုးေနေသာ ခႏၶာကိုယ္ႀကီးကို လွိမ့္ကာလွိမ့္ကာျဖင့္ ပင္မစံအိမ္ဆီ ျပန္သြားသည္။ စံအိမ္အဝင္ဝတြင္ ဖန္းယဲ့ႏွင့္ ဆံုမိေလသည္။
"မမေလးယဲ့... အရွင့္ကို လာေတြ႕တာလား..."
"ဟုတ္တယ္... အိမ္ေတာ္ထိန္း... သူ အထဲမွာရွိလား..."
"အရွင့္ကို မနက္ကတည္းက မေတြ႔မိေသးဘူး...."
"သူ အလုပ္မ်ားေနတယ္ထင္တယ္..."
"အယ္... မမေလးယဲ့... ဒါေတြက..."
"ေအာ္... က်မ စမ္းလုပ္ထားတဲ့ မုန္႔ေတြပါ.... ရွင့္အတြက္လည္း နည္းနည္းပိုလုပ္ခဲ့တယ္... လက္ရာညံ့ေပမယ့္ ျမည္းၾကည့္ပါဦး...."
"အဟဲဟဲ.... မမေလးယဲ့လက္ရာက မညံ့ပါဘူး... အရမ္းေကာင္းတယ္... ေက်းဇူးတင္ပါတယ္..."
"ဒါဆို က်မ အစ္ကိုရွန္႔ရဲ႕ စာၾကည့္ခန္းဆီ သြားလုိက္ဦးမယ္.... အိမ္ေတာ္ထိန္းပိုင္နဲ႔ ေနာက္မွလာေတြ႕ပါမယ္...."
"ဟမ္... လာေတာ့မေတြ႕ပါနဲ႔.... က်ေနာ္ပဲ လာေတြ႕လုိက္ပါ့မယ္.... ျဖည္းျဖည္းသြားပါ မမေလးယဲ့..."
အိမ္ေတာ္ထိန္းပိုင္ကို ႏႈတ္ဆက္ၿပီး ဖန္းယဲ့ စာၾကည့္ေဆာင္ရွိရာသို႔ တန္းသြားသည္။ အခန္းထဲတြင္ မည္သူကမွ ရွိမေနပါ။ စားပြဲေပၚတြင္ ျပန္႔က်ဲေနေသာ စာရြက္စာတမ္းတို႔ကို ျမင္မိယံုမွ်ျဖင့္ ဟြာရွန္႔ အလုပ္ရႈပ္ေနေလာက္သည္ကို ေထာက္ခ်င့္မိသည္။ စားပြဲကို စတင္ၿပီး ရွင္းလင္းေရး လုပ္ေတာ့သည္။
"အဲ့ဒါေတြ မထိနဲ႔...."
အေလာတႀကီးေအာ္သံေၾကာင့္ ဖန္းယဲ့လက္တို႔ တုန္ယင္သြားသည္။
"အစ္ကိုရွန္႔... ညီမက..."
"မင္း ကူညီၿပီး သိမ္းေပးတာကို ေက်းဇူးတင္ပါတယ္... ဒါေတြက လုပ္လက္စေတြ... ေနရာေရြ႕သြားလုိ႔ မရေသးဘူး... မင္းဒီကို ဘာလာလုပ္တာလဲ..."
"ညီမ မုန္႔လာပို႔တာပါ... စားၾကည့္ပါဦး..."
"ေနာက္မွ စားေတာ့မယ္... ထားခဲ့..."
"အစ္ကိုရွန္႔... ရန္ရန္ကေလ...."
"မင္း ဘယ္သူ႔ကိုေျပာတာလဲ..."
"ရိန္းကို ေျပာတာပါ... သူ႔ကို တကယ္ပဲ အဲဒီလုိလုပ္ဖို႔...."
"အဲ့ဒီအေၾကာင္းကို မစပ္စုပါနဲ႔ ဖန္းယဲ့..."
"ညီမသိပါၿပီ... ဒါေပမယ့္... သူ႔ကို ညီမ ေနာက္ဆံုးပဲျဖစ္ျဖစ္ ခဏေလာက္သြားေတြ႕လုိ႔ရမလား.... ညီမဒုကၡေရာက္တုန္းက သူကူညီခဲ့ဖူးတယ္ေလ..."
"မလိုဘူး... မင္း သူ႔ကို အာရံုထဲ မထည့္နဲ႔... မင္းမ်က္ႏွာ ဘာျဖစ္တာလဲ... ဒဏ္ရာရထားတာလား... ဘယ္သူလုပ္တာလဲ..."
"ဒါက... ဒါက...."
----------------------------------------------
ညေနခင္း ေနဝင္ၿပီးစအခ်ိိန္တြင္ အစားအေသာက္ပို႔ေဆာင္သည့္ အေစခံသည္ ထံုးစံအတိုင္းပင္ အစားအစာထည့္ထားသည့္ ျခင္းကိုယူၿပီး အထူးေစာင့္ၾကပ္ထားသည့္ ၿခံဝန္းတြင္းသို႔ ခပ္သြက္သြက္ ေလွ်ာက္သြားသည္။
"မင္း ခဏေနဦး..."
အသံေၾကာင့္ အေစခံက ေနာက္လွည့္ၾကည့္သည္။ လွပလြန္းသည့္ မိန္းမပ်ိဳကို ရုတ္တရက္ျမင္ရေတာ့ သူ ေၾကာင္ေငးမိသည္။ ေနာက္မွ အသိစိတ္ဝင္ကာ အရိုအေသျပဳသည္။
"မမေလးဖန္းယဲ့... ဘာခုိင္းစရာမ်ား ရွိလုိ႔ပါသလဲ..."
"တုိ႔ကို... အဲဒီျခင္းေပး...."
"အမ္... ဒါက..."
"မင္း ထမင္းသြားပို႔ဖို႔ဟုတ္လား... တို႔သြားလိုက္မယ္..."
"မျဖစ္ပါဘူး မမေလး... စစ္သူႀကီးသိရင္ က်ေနာ္ အျပစ္ေပးခံေနရမယ္... မလုပ္ပါနဲ႔..."
"မင္း ညီမေလးကို ကၽြန္အျဖစ္ကေန ျပန္ေရြးဖို႔ ေငြစုေနတယ္ဆို... တို႔စကားတစ္ခြန္းနဲ႔တင္ အလုပ္ျဖစ္တယ္ဆိုတာ..."
"က်ေနာ္... က်ေနာ္... မမေလး ဘယ္လုိသိတာလဲ..."
"ဒါေတြအေရးမႀကီးဘူး.... မင္းညီမကို ျပန္မေရြးခ်င္ဘူးလား... ဒီအတိုင္း ဆက္သြားေစခ်င္တာလား..."
အေစခံက ဖန္းယဲ့၏ အေမးေၾကာင့္ ခဏမွ်ေတြေဝသြားသည္။ အညွာကို ကိုင္္လုိက္ၿပီျဖစ္သည့္အတြက္ အေစခံက ဘာတစ္ခြန္းမွ ဆက္မေမးႏိုင္ေတာ့ဘဲ ေက်းဇူးအထပ္ထပ္တင္ကာ လက္ထဲကျခင္းကို ဖန္းယဲ့ထံ တရိုတေသ ကမ္းေပးလိုက္သည္။ ဒီျခင္းေလးကို ေပးလိုက္ရံုမွ်ျဖင့္ သူ႔ညီမကို ကၽြန္အျဖစ္ကေန ျပန္ေရြးႏိုင္မည္။ သူဘာလုိ႔ မလုပ္္ႏိုင္ရမွာလဲ။ ၿပီးေတာ့ ဘာျပသနာမွ ရွိသြားမည္မဟုတ္။ ဖန္းယဲ့က ျခင္းကိုယူကာ ၿခံဝန္းထဲ မဝင္မီ ေဘးပတ္ဝန္းက်င္ကို အရင္ဆံုးအကဲခတ္လိုက္ၿပီး သံသယျဖစ္စရာ ဘာမွမေတြ႕သည္ကို ေသခ်ာေတာ့မွ လက္ေခ်ာင္းတို႔ကို လႈပ္ရွားၿပီး သေကၤတတစ္ခုကို ေလထဲ ေရးဆြဲေလသည္။ အနက္ေရာင္ျမဴခိုးတို႔ ေျမြအလား တလြန္႔လြန္႔ျဖင့္ အေစာင့္ခ်ထားသည့္ ရဲမက္တို႔ထံ ေျပးဝင္သြားၿပီး ခဏအၾကာတြင္ ေမ့လဲကုန္ၾကသည္။ ထိုေတာ့မွ ၿခံဝန္းထဲကိုဝင္ၿပီး အိမ္ငယ္၏ တံခါးကို အသာအယာေခါက္သည္။
"ဘယ္သူလဲ..."
"ရန္ရန္.... တို႔ပါ..."
မိန္းကေလးအသံေၾကာင့္ မို႔ရန္ ထူးဆန္းသလိုျဖစ္သြားသည္။ သူမကို ရန္ရန္ဟု ေခၚသည့္သူ တစ္ဦးသာရွိသည့္အတြက္ တံခါးကို အျမန္ဖြင့္ေပးလုိက္သည္။
===============================
အပိုင်း (၇၀)
"အား...... မလုပ်ပါနဲ့...."
ဝုန်း.... ခွမ်း....
"သွား... သွား... မလာနဲ့.... င့ါနား မလာခဲ့နဲ့..."
"ကယ်ကြပါဦး... အစောင့်တွေ... လာကြစမ်း..."
အခန်းထောင့်တွင် အလှထားထားသည့် ပန်းအိုးကို ကောက်ပွေ့ပြီး ထိုသူကို ချွေ့ရင် လှမ်းပစ်လိုက်သော်လည်း မထိ။ တစ်ခန်းလုံး လှည့်ပတ်ပြေးနေရသည်မှာ မောလှပြီ။ အသံကုန်အော်ဟစ် အကူအညီတောင်းသော်လည်း တစ်ယောက်မှ မလာကြ။
"အားးးး..... ငါ့အခန်းထဲက ထွက်သွားစမ်း.... မပြောဘူး... မပြောဘူး.... ငါ ဘာမှ မပြောခဲ့ဘူး... နင် သွားမေးကြည့်လေ... မဟုတ်ဘူး... သူ ငါပြောတာ မကြားဘူး... နင်... နင်...."
စူးရှစွာနာကျင်သွားသည့် ပါးပြင်ကို လက်ဖြင့်ကိုင်လိုက်သောအခါ နီစွေးနေသောသွေးကြောင့် ချွေ့ရင် မေ့လဲသွားလေသည်။ အခန်းတံခါးကို တဒုန်းဒုန်းလာခေါက်သံကို ကြားသော်လည်း သူမကိုယ်သည် အကြောအားလုံးသေသွားသည့်အလား မလှုပ်နိုင်တော့။
"မင်းသမီး.... မင်းသမီး... တံခါးဖွင့်ပါဦး... မင်းသမီး...."
"တံခါးကိုဖျက်လိုက်တော့...."
အစောင့်ရဲမက်တို့က တံခါးကိုဖြိုချလိုက်သည်။ ချွေ့ရင်၏ ကိုယ်ပိုင်အစေခံသည် အခန်းတွင်းရှိ မြင်ကွင်းကြောင့် စူးကနဲ အော်မိသည်။ ပြီးသည်နှင့် လဲကျနေသော ချွေ့ရင်ဆီပြေးသွားပြီး အစောင့်တို့ကို ခပ်သွက်သွက် စေခိုင်းတော့သည်။
"တစ်ယောက်က သမားတော် သွားခေါ်... တစ်ယောက်က အခန်းရှင်းဖို့ အစေခံတွေကို ခေါ်ခဲ့... ကျန်တဲ့သူတွေ မင်းကြီးကို တင်ပြ.... မြန်မြန်....."
----------------------------------------------------
မနက်ဖြန်ဆို သုံးရက် ပြည့်တော့မည်။ မို့ရန် ဘာလုပ်လို့ ဘာကြံရမှန်းလည်း မသိတော့။ အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်၊ ဘယ်လိုကြံဆရမလဲ တွေးလိုက်၊ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေမိသည်မှာလည်း ဘယ်အချိန်ရောက်မှန်းမသိ ရောက်သွားလိုက်ပင်။ ခြေသံတို့ကို ကြားရပြီး တဆက်တည်းတွင်ပင် တံခါးခေါက်သံကိုပါ ကြားရသည်။
"ထမင်းလာပို့တာပါ..."
"ပြန်ယူသွားလိုက်ပါ... ကျနော်မစားချင်ဘူး..."
ထိုစကားကို သူမ မည်မျှပင် ပြောသော်လည်း ထမင်းလာပို့သောသူသည် တံခါးကို ဖွင့်ဝင်လာပြီး ယခင်က လာပို့ထားသည့် အစားအသောက်တို့ကို ယူလာသည့် အစားအသောက်တို့ဖြင့် လဲလှယ်ပြီး ပြန်ယူသွားသည်ချည်းသာ။ ထမင်းပို့သူသည် ခြံဝန်းအပြင်ရောက်သည်နှင့် တစ်နေရာမှ စောင့်နေသော သူဆီသွားကာ ပြန်ယူလာသည့်တို့ကို ပြသသည်။
"သူ မစားပြန်ဘူးလား...."
"ဟုတ်ကဲ့......"
"ဟူး.... ဒီကောင်လေး အစာငတ်ခံပြီး ဆန္ဒပြနေတာလား.... ဝဝလင်လင်စားပြီး ဖြစ်ချင်တာဖြစ်ပါစေပေါ့.... င့ါနှယ်... ဘယ်လိုလုပ်ရပါ့.... သွား... သွား.... ပြန်ယူသွားလိုက်...."
အိမ်တော်ထိန်းပိုင် သူ၏ဝလုံးနေသော ခန္ဓာကိုယ်ကြီးကို လှိမ့်ကာလှိမ့်ကာဖြင့် ပင်မစံအိမ်ဆီ ပြန်သွားသည်။ စံအိမ်အဝင်ဝတွင် ဖန်းယဲ့နှင့် ဆုံမိလေသည်။
"မမလေးယဲ့... အရှင့်ကို လာတွေ့တာလား..."
"ဟုတ်တယ်... အိမ်တော်ထိန်း... သူ အထဲမှာရှိလား..."
"အရှင့်ကို မနက်ကတည်းက မတွေ့မိသေးဘူး...."
"သူ အလုပ်များနေတယ်ထင်တယ်..."
"အယ်... မမလေးယဲ့... ဒါတွေက..."
"အော်... ကျမ စမ်းလုပ်ထားတဲ့ မုန့်တွေပါ.... ရှင့်အတွက်လည်း နည်းနည်းပိုလုပ်ခဲ့တယ်... လက်ရာညံ့ပေမယ့် မြည်းကြည့်ပါဦး...."
"အဟဲဟဲ.... မမလေးယဲ့လက်ရာက မညံ့ပါဘူး... အရမ်းကောင်းတယ်... ကျေးဇူးတင်ပါတယ်..."
"ဒါဆို ကျမ အစ်ကိုရှန့်ရဲ့ စာကြည့်ခန်းဆီ သွားလိုက်ဦးမယ်.... အိမ်တော်ထိန်းပိုင်နဲ့ နောက်မှလာတွေ့ပါမယ်...."
"ဟမ်... လာတော့မတွေ့ပါနဲ့.... ကျနော်ပဲ လာတွေ့လိုက်ပါ့မယ်.... ဖြည်းဖြည်းသွားပါ မမလေးယဲ့..."
အိမ်တော်ထိန်းပိုင်ကို နှုတ်ဆက်ပြီး ဖန်းယဲ့ စာကြည့်ဆောင်ရှိရာသို့ တန်းသွားသည်။ အခန်းထဲတွင် မည်သူကမှ ရှိမနေပါ။ စားပွဲပေါ်တွင် ပြန့်ကျဲနေသော စာရွက်စာတမ်းတို့ကို မြင်မိယုံမျှဖြင့် ဟွာရှန့် အလုပ်ရှုပ်နေလောက်သည်ကို ထောက်ချင့်မိသည်။ စားပွဲကို စတင်ပြီး ရှင်းလင်းရေး လုပ်တော့သည်။
"အဲ့ဒါတွေ မထိနဲ့...."
အလောတကြီးအော်သံကြောင့် ဖန်းယဲ့လက်တို့ တုန်ယင်သွားသည်။
"အစ်ကိုရှန့်... ညီမက..."
"မင်း ကူညီပြီး သိမ်းပေးတာကို ကျေးဇူးတင်ပါတယ်... ဒါတွေက လုပ်လက်စတွေ... နေရာရွေ့သွားလို့ မရသေးဘူး... မင်းဒီကို ဘာလာလုပ်တာလဲ..."
"ညီမ မုန့်လာပို့တာပါ... စားကြည့်ပါဦး..."
"နောက်မှ စားတော့မယ်... ထားခဲ့..."
"အစ်ကိုရှန့်... ရန်ရန်ကလေ...."
"မင်း ဘယ်သူ့ကိုပြောတာလဲ..."
"ရိန်းကို ပြောတာပါ... သူ့ကို တကယ်ပဲ အဲဒီလိုလုပ်ဖို့...."
"အဲ့ဒီအကြောင်းကို မစပ်စုပါနဲ့ ဖန်းယဲ့..."
"ညီမသိပါပြီ... ဒါပေမယ့်... သူ့ကို ညီမ နောက်ဆုံးပဲဖြစ်ဖြစ် ခဏလောက်သွားတွေ့လို့ရမလား.... ညီမဒုက္ခရောက်တုန်းက သူကူညီခဲ့ဖူးတယ်လေ..."
"မလိုဘူး... မင်း သူ့ကို အာရုံထဲ မထည့်နဲ့... မင်းမျက်နှာ ဘာဖြစ်တာလဲ... ဒဏ်ရာရထားတာလား... ဘယ်သူလုပ်တာလဲ..."
"ဒါက... ဒါက...."
----------------------------------------------
ညနေခင်း နေဝင်ပြီးစအချိန်တွင် အစားအသောက်ပို့ဆောင်သည့် အစေခံသည် ထုံးစံအတိုင်းပင် အစားအစာထည့်ထားသည့် ခြင်းကိုယူပြီး အထူးစောင့်ကြပ်ထားသည့် ခြံဝန်းတွင်းသို့ ခပ်သွက်သွက် လျှောက်သွားသည်။
"မင်း ခဏနေဦး..."
အသံကြောင့် အစေခံက နောက်လှည့်ကြည့်သည်။ လှပလွန်းသည့် မိန်းမပျိုကို ရုတ်တရက်မြင်ရတော့ သူ ကြောင်ငေးမိသည်။ နောက်မှ အသိစိတ်ဝင်ကာ အရိုအသေပြုသည်။
"မမလေးဖန်းယဲ့... ဘာခိုင်းစရာများ ရှိလို့ပါသလဲ..."
"တို့ကို... အဲဒီခြင်းပေး...."
"အမ်... ဒါက..."
"မင်း ထမင်းသွားပို့ဖို့ဟုတ်လား... တို့သွားလိုက်မယ်..."
"မဖြစ်ပါဘူး မမလေး... စစ်သူကြီးသိရင် ကျနော် အပြစ်ပေးခံနေရမယ်... မလုပ်ပါနဲ့..."
"မင်း ညီမလေးကို ကျွန်အဖြစ်ကနေ ပြန်ရွေးဖို့ ငွေစုနေတယ်ဆို... တို့စကားတစ်ခွန်းနဲ့တင် အလုပ်ဖြစ်တယ်ဆိုတာ..."
"ကျနော်... ကျနော်... မမလေး ဘယ်လိုသိတာလဲ..."
"ဒါတွေအရေးမကြီးဘူး.... မင်းညီမကို ပြန်မရွေးချင်ဘူးလား... ဒီအတိုင်း ဆက်သွားစေချင်တာလား..."
အစေခံက ဖန်းယဲ့၏ အမေးကြောင့် ခဏမျှတွေဝေသွားသည်။ အညှာကို ကိုင်လိုက်ပြီဖြစ်သည့်အတွက် အစေခံက ဘာတစ်ခွန်းမှ ဆက်မမေးနိုင်တော့ဘဲ ကျေးဇူးအထပ်ထပ်တင်ကာ လက်ထဲကခြင်းကို ဖန်းယဲ့ထံ တရိုတသေ ကမ်းပေးလိုက်သည်။ ဒီခြင်းလေးကို ပေးလိုက်ရုံမျှဖြင့် သူ့ညီမကို ကျွန်အဖြစ်ကနေ ပြန်ရွေးနိုင်မည်။ သူဘာလို့ မလုပ်နိုင်ရမှာလဲ။ ပြီးတော့ ဘာပြသနာမှ ရှိသွားမည်မဟုတ်။ ဖန်းယဲ့က ခြင်းကိုယူကာ ခြံဝန်းထဲ မဝင်မီ ဘေးပတ်ဝန်းကျင်ကို အရင်ဆုံးအကဲခတ်လိုက်ပြီး သံသယဖြစ်စရာ ဘာမှမတွေ့သည်ကို သေချာတော့မှ လက်ချောင်းတို့ကို လှုပ်ရှားပြီး သင်္ကေတတစ်ခုကို လေထဲ ရေးဆွဲလေသည်။ အနက်ရောင်မြူခိုးတို့ မြွေအလား တလွန့်လွန့်ဖြင့် အစောင့်ချထားသည့် ရဲမက်တို့ထံ ပြေးဝင်သွားပြီး ခဏအကြာတွင် မေ့လဲကုန်ကြသည်။ ထိုတော့မှ ခြံဝန်းထဲကိုဝင်ပြီး အိမ်ငယ်၏ တံခါးကို အသာအယာခေါက်သည်။
"ဘယ်သူလဲ..."
"ရန်ရန်.... တို့ပါ..."
မိန်းကလေးအသံကြောင့် မို့ရန် ထူးဆန်းသလိုဖြစ်သွားသည်။ သူမကို ရန်ရန်ဟု ခေါ်သည့်သူ တစ်ဦးသာရှိသည့်အတွက် တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။