BAD BOY

By Ah-Thunn

292K 24.1K 2.6K

ခပ္ဆိုးဆိုးေက်ာင္းသားႀကီးနဲ႔ ........ ဂိုက္‌ေပါက္စေလးတို႔ရဲ့ ............ အတၴ ုပၸတိ ......... [Unicode] ခပ်ဆိ... More

BAD BOY - 1
Bad Boy - 2
Bad Boy - 3
Bad Boy - 4
Bad Boy - 5
Bad Boy - 6
Bad Boy - 7
Bad Boy - 8
Bad Boy - 9
Bad Boy -10
Bad Boy - 11
Bad Boy - 12
Bad Boy -13
Bad Boy -14
Bad Boy -15
Bad Boy -16
Bad Boy -17
Bad Boy -18
Bad Boy - 19
Bad Boy - 20
Bad Boy -21
Bad Boy - 22
Bad Boy - 23
ဖတ္ၾကၫ့္ေပးၾကပါလားဟင္
Bad boy -24
Bad Boy - 25
Bad boy -26
Bad Boy -27
Bad Boy -28
Bad Boy -29
Bad Boy -30
Bad Boy - 31
Bad Boy - 32
Bad Boy -33
Bad Boy - 34
Bad Boy - 35
Bad Boy - 36
Bad Boy - 37
Bad Boy -38
Bad Boy -39
Bad Boy - 40
Bad Boy - 41
Bad Boy -42
Bad Boy - 43
Bad Boy - 44
Bad Boy - 45
Bad Boy - 46
Bad Boy - 47
Bad Boy - 48
Bad Boy - 49
Bad Boy - 50
Bad Boy - 51
Bad Boy - 52
Bad Boy - 53
Bad Boy -54
Bad Boy - 55
Bad Boy - 56
Bad Boy -57
Bad Boy - 59
Bad Boy - 60(ျပန္တင္ေပးထားတယ္ေနာ္ )
BAD BOY - 61
BAD BOY - 62
BAD BOY - 63
Bad Boy - 64
Bad Boy - 65
Bad Boy -66 (completed)

Bad Boy - 58

2.6K 245 43
By Ah-Thunn

အရာအားလံုးက ျမန္ဆန္လြန္းတယ္ ။ ဒါေပမဲ့ မတတ္ႏိုင္ဘူး ။ ျပန္ျပင္လို႔မရတဲ့အမွားေတြက ဆက္တိုက္ဆိုသလို ရုန္းထြက္မရေအာင္ကိုပင္ နစ္မြန္းေစတယ္ ။

ခ်စ္တတ္လြန္းျခင္းက ေပ်ာ္ရႊင္မွုကိုလည္း ယူေဆာင္ေပးလာနိုင္သလို ၊ အမွားေတြကိုလည္း ဆက္တိုက္လုပ္ဖို႔ တြန္းအားေပးတတ္တယ္ ။ ဒါအတြက္ သံတိုင္ေတြ အေနာက္မွ ေရွာင္က်န႔္က သက္ေသေပါ့ ။

ဘယ္သူကမွ မထင္ခဲ့ဘူး။ လူတစ္ေယာက္လံုးကို မ်က္‌ေတာင္တစ္ခ်က္ မခတ္၊ လက္တစ္ခ်က္ မတြန႔္ဘဲ သတ္ႏိုင္ခဲ့တဲ့ ေရွာင္က်န႔္ ေၾကာင့္  အခ်စ္က အရာအားလံုးကို အစြန္းဆံုးထိ လုပ္ႏိုင္ေအာင္ တြန္းအားေပးႏိုင္မွန္းသိခဲ့ရေလသည္။

လြန္ခဲ့တဲ့ တစ္လအလို ..........

မ်က္ခြံမ်ားက ေလးလံလြန္းသျဖင့္ ေရွာင္က်န႔္အားယူၿပီး မ်က္လံုးကို  ဖြင့္လိုက္ေလသည္။ မ်က္လံုးဖြင့္ဖြင့္ခ်င္း ပထမဦးဆံုးေတြ ့လိုက္ရသည္က မ်က္ႏွာက်က္ ျဖဴျဖဴ ။  ထို႔ေနာက္ မ်က္လံုးအိမ္ကို က်ယ္က်ယ္ဖြင့္ၾကၫ့္ေတာ့ ေဘးနားတြင္ စိုးရိမ္တႀကီးႏွင့္ ၾကၫ့္ေနၾကေသာ သူငယ္ခ်င္းတစ္အုပ္ ။

ခ်စ္ရသူမ်ား ပါလာမလားလို႔ ေဝ့ၾကၫ့္မိေတာ့ မေတြ ့ ။ ထို႔ေၾကာင့္ မ်က္ခြံမ်ားကို ျပန္ပိတ္မည္အလုပ္ အေတြးထဲဝင္လာေသာ စကားတစ္ခြန္း ။

* အခုဆို ရွီးနဲ႔ေတာင္ သြားေတြ ့ေလာက္ၿပီေပါ့ ။
ဒီကားလည္း ဘရိတ္ႀကိဳး ျဖတ္ထားတယ္မလား ? ။
ေကာင္းပါတယ္ အတူတူသြားၾကတာေပါ့ ။ *

အေတြးထဲဝင္လာေသာ စကားသံအခ်ိဳႏွင့္ မွတ္ဉာဏ္ထဲမွ ျမင္ကြင္းအခ်ိဳ႕က ေရွာင္က်န႔္ကို တဆစ္ဆစ္နဲ႔ နာက်င္ေအာင္ ႏိွပ္စက္ေလသည္။

" က်န္ခ်န္း ..... က‌ေလး‌ေရာ ? ။ "

" ဟိုဘက္ခန္းမွာ "

"ဘာျဖစ္သြားေသးလ‌ဲ ? "

" ကိုမာ ဝင္သြားတယ္တဲ့ ...."

ထိုစကားက ေရွာင္က်န႔္ရင္ကို မီးႏွင့္ၿမိဳက္တာထက္ ပိုပူေလာင္ေစသည္။နွလံုးသားကို ဓါးႏွင့္မႊန္းတာထက္ ပိုနာက်င္ေစသည္ ။ ပါးျပင္ထက္မွာ တလိွမ့္လိွမ့္က်ဆင္းလာတဲ့ မ်က္ရည္တို႔က ေနာင္တအသီးသီးတို႔ ရေနေၾကာင္းကို ေဖာ္ျပ‌ေနသည္။

" ဒါဆို မ ေရာ ။ "

"ဆံုးၿပီး "

ဒီတစ္ခါ ေရွာင္က်န႔္ရဲ့ နာက်င္မႈေတြက ႏွစ္ဆပိုတိုးသြားသည္ ။ရီ‌ေပါ္ကို ခ်စ္ၿပီးတဲ့ေနာက္ပိုင္း လင္းကို ဇနီးမယား တစ္ေယာက္အေနနဲ႔ မခ်စ္ႏိုင္ေပမဲ့ ၊ အမတစ္ေယာက္ ၊ အကူညီလိုအပ္ေနတဲ့ သူငယ္ခ်င္းတစ္ေယာက္လို သတ္မွတ္ၿပီး အနားေနေပးခဲ့တယ္ ။

သူ႔ကိုသတ္ဖို႔ ႀကံစည္ခဲ့တာကို အစကမွန္တယ္လို႔ ေတြးခဲ့ေပမဲ့ တကယ္တမ္းသူကကိုယ့္ကို အရႈံးေပးၿပီး ခ်စ္ေနတယ္လို႔ သိရတဲ့အခါ ဒီႀကံစည္မႈက ေရ‌ွာင္က်န႔္ကို ေနာင္တရေစတယ္ ။  ေနာက္ျပန္ဆုတ္ခ်င္ေပမဲ့ ေနာက္က်သြားတဲ့အခါ
အားလံုးကို ဆံုးရႈံးခဲ့ရတယ္ ။

.........................................................................

ေခ်ာင္က်သြားတဲ့ မ်က္ႏွာေလးႏွင့္ ျဖဴဖပ္ဖပ္ႏႈတ္ခမ္းမ်ားက ရီေပၚအရမ္းေနမေကာင္းျဖစ္ေနတာကို သိသာေစတယ္ ။ လက္ေကာက္ဝတ္က အစင္းေၾကာင္းမ်ားက ေရွာင္က်န႔္ကို ရွင္လ်ွက္ႏွင့္ သတ္ေနသလို ။ အသက္ရႈဖို႔ကိုလည္း
‌ေမ့ေနမိတယ္ ။

လူကမႏိုးေသးေသာ္လည္း တစ္ခ်က္ ခ်က္ မူမမွန္မႈေတြမွာ အလူးအလဲခံစားရတဲ့ ရီေပၚကိုၾကၫ့္ရင္း ေရွာင္က်န႔္ရင္ေတြ
နာလာခဲ့တယ္....... ။

"ကိုယ္ ကိစၥေလး အနည္းငယ္ ျဖတ္လာခဲ့မယ္ေနာ္ ။ ေစာင့္ေနေပးပါ ကိုယ္ျပန္လာခ်င္တယ္ ။ အရမ္းခ်စ္တယ္ ကေလး ။ "

ဟုဆိုကာ ေရွာင္က်န႔္တစ္ေယာက္ ရ‌ီေပၚ၏နဖူးျပင္ေလးအား အသာအယာ နမ္းကာအခန္းထဲမွ ထြက္သြားေလသည္။

......................................................................

ေဆးရံုခန္းထဲက ထြက္လာတဲ့လမ္းတစ္ေလ်ွာက္ ေရွာင္က်န႔္၏အေတြးကို စိုးမိုးေနတာက .........

* အမည္ - က်င္းလံု
အသက္ - ၃၄
အရပ္က - ၆'
လိပ္စာက ######
ပံု .......... *

" ကား‌ေဟာင္းေတြ ပစ္ထားတဲ့ေနရာမွ ေနတဲ့ေကာင္တစ္ေကာင္ေပါ့ ။ ဟက္ ! ေစာင့္ေနလိုက္ ငါလာၿပီး ။ "

ဟုဆိုကာ ခနဲ႔ၿပံဳးၿပံဳး၍  ကားေဟာင္းေတြ ပစ္တဲ့ေနရာဆီသို႔ ေရာက္လာေသာ ေရွာင္က်န႔္ ။

ထိုေနရာသို႔ ေရာက္ေရာက္ခ်င္းပင္ ေမ့ေဆးေပးထားေသာ လက္ကိုင္ပါဝါႏွင့္ က်င္းလံုလို႔ထင္ရတဲ့သူအား အုပ္ကာ ဘယ္သူမွ မလာႏိုင္ေသာ ေနရာတစ္ခုသို႔ ေခၚသြားကာ သံခံုတစ္ခုတြင္ ႀကိဳးမ်ားႏွင့္ အခိုင္အမာတုပ္‌ေနွာင္ထားေလသည္။

ထို႔ေနာက္တြင္မူ ထိုင္ခံု၏ေျခ‌ေထာက္နွင့္ သူ၏ေျခ‌ေထာက္မ်ားကို ဝါယာႀကိဳးမ်ားႏွင့္ ေရာ၍တုပ္‌ေနွာင္ထားကာ ပါးစပ္ကိုလည္း ေကာႏွင့္ပိတ္ထားလိုက္ျပီး ဖြင့္လို႔မရေအာင္ပင္ အ‌ေသကပ္ထားျခင္းျဖစ္‌ေလသည္။

"‌ႏိုးၿပီလား ? ။ ေတြ ့ရတာ ဝမ္းသာပါတယ္ ။
ခင္ဗ်ားကို ရွာေနတာ တစ္လေလာက္ရိွၿပီး ။အခုမွပဲ ေတြ ့ေတာ့တယ္ ။ခင္ဗ်ားအပုန္းေကာင္းလြန္းလို့ ။"

"........."

" ခင္ဗ်ားကို ကြၽန္ေတာ့္ေကာင္ေလး အေၾကာင္းေျပာျပမယ္ ။ သူကအခု ေဆးရံုမွာ ။
သူ႔ကို လူတစ္ေယာက္က ပိုက္ဆံေလး မျဖစ္စ‌ေလာက္‌ေလးရဖို့အတြက္ လုပ္ႀကံ‌ေပးခဲ့တယ္ ။အားနည္းေနတဲ့ ခႏၶာကိုယ္ျဖစ္တဲ့အတြက္ ကားအက္စီးဒန႔္မွာ ေသလုနီးပါးျဖစ္ခဲ့ရတယ္ ။
ကံေကာင္းေတာ့လည္း အသက္ကိုမွီရံုေလးသာ
ဘယ္ေလာက္ၾကာထိ ပိုက္တန္းလန္းနဲ႔ ကုတင္ေပၚမွာ လွဲအိပ္ရမလဲ မသိဘူး ။

တစ္ခ်က္တစ္ခ်က္ ႏွလံုးကအလုပ္မလုပ္ခ်င္တဲ့အတြက္ေၾကာင့္ ႏိုးလိုက္ရတဲ့ ႏွလံုးခုန္စက္။ တစ္ခ်က္ေလာက္ ႏိႈး‌လိုက္တိုင္းမွာ ငါ့ရင္ကို ပုဆိန္နဲ႔ေပါက္သလိုပဲ ။
အသဲက တစ္ဆစ္ဆစ္နဲ႔နာတယ္ ။

အဲ့တာနဲ႔  တစ္ခ်ိန္တည္းမွာပဲ  ငါခ်စ္တဲ့သူကို နာက်င္ခံစားရေအာင္လုပ္တဲ့ သူကို ငါကိုယ္တိုင္ျပန္ခံစားေစရေအာင္ ျပန္လုပ္ပစ္မယ္လို႔ ဆံုးျဖတ္ထားတယ္ "  ဟုဆိုကာ ထိုဂိုေထာင္ပ်က္နားတြင္ ေထာင္ထားေသာ သံပိုက္ေခ်ာင္းႏွင့္ က်င္းလံု၏ေခါင္းကို ေရွာင္က်န႔္ အားရပါးရ ရိုက္ခ်လိုက္ေလသည္။

ထို႔ေနာက္ တစ္စိမ့္စိမ့္ႏွင့္ ‌အဆက္မျပတ္ ထြက္လာေသာ ေသြးအခ်ိဳ႕ေပၚကို အရက္ျပန္ႏွင့္ေလာင္းကာ ကြဲအက္သြား‌ေသာ ေခါင္းဒဏ္ရာအား  ေရွာင္က်န႔္ အစိမ္းလိုက္ခ်ဳပ္သည္။ တစ္ဖက္လူက နာက်င္လြန္း၍ ေအာ္ခ်င္လြန္းေသာ္လည္း စကားမေျပာႏိုင္သျဖင့္ မ်က္ရည္မ်ားသာ အစိမ္းလိုက္က်မိေလသည္။

ထို႔ေနာက္တြင္မူ ေျခေထာက္ႏွင့္ခံုကို ေရာကာ ခ်ည္ေနွာင္ထားေသာ ဝါယာႀကိဳးမ်ားႏွင့္ ဆက္သြယ္ထားေသာ  မိန္းတံုးကိုလည္း ေရွာင္က်န႔္ဖြင့္ခ်လိုက္ေလသည္။

က်င္းလံု မခံစားႏိုင္ေတာ့ေခ် ။ သူ႔ကိုယ့္တြင္ လ်ွပ္စီးမ်ားက ျဖတ္၍စီးဆင္းေနေလသည္မွာ သူ၏နွလံုးခုန္နွုန္းမ်ားပင္ ရပ္တန႔္သြားေစသည္။

ထို႔ေနာက္တြင္မူ ေရွာင္က်န႔္က  ႏွလံုးႏိုးစက္မ်ားႏွင့္ တစ္ဖက္ျပန္ႏိုးေသာ္လည္း မ်က္လံုးတို႔ အၿပီးတိုင္ပိတ္သြားေသာ က်င္းလံုေၾကာင့္ ေရွာင္က်န႔္တစ္ေယာက္ ေက်နပ္ၿပံဳးၿပံဳးကာ ထိုေနရာမွ ထြက္လာခဲ့ေလသည္။

ဤသည္ႏွင့္ ‌ထို‌ဂိုေထာင္သို႔ ေရာက္လာခဲ့ေသာ ရဲမ်ားက ေရွာင္က်န႔္အား စခန္းသို႔ေခၚသြားခဲ့ကာ
ရက္အနည္းငယ္အၾကာတြင္ ေထာင္ ၁၀နွစ္ က်ရန္ အမိန႔္က်လာ‌ေလသည္။

*ျပန္လာခဲ့ရမလား ? မသိဘူး ။ ျပန္လာခ်င္တယ္ ။
ျပန္ေခၚခဲ့ရင္ ။ *

ဖတ္ရတာ ပ်င္းေနၿပီးမလားဟင္ ? ။ 🙄🙄❤️

[Unicode]အရာအားလုံးက မြန်ဆန်လွန်းတယ် ။ ဒါပေမဲ့ မတတ်နိုင်ဘူး ။ ပြန်ပြင်လို့မရတဲ့အမှားတွေက ဆက်တိုက်ဆိုသလို ရုန်းထွက်မရအောင်ကိုပင် နစ်မွန်းစေတယ် ။

ချစ်တတ်လွန်းခြင်းက ပျော်ရွှင်မှုကိုလည်း ယူဆောင်ပေးလာနိုင်သလို ၊ အမှားတွေကိုလည်း ဆက်တိုက်လုပ်ဖို့ တွန်းအားပေးတတ်တယ် ။ ဒါအတွက် သံတိုင်တွေ အနောက်မှ ရှောင်ကျန့်က သက်သေပေါ့ ။

ဘယ်သူကမှ မထင်ခဲ့ဘူး။ လူတစ်ယောက်လုံးကို မျက်‌တောင်တစ်ချက် မခတ်၊ လက်တစ်ချက် မတွန့်ဘဲ သတ်နိုင်ခဲ့တဲ့ ရှောင်ကျန့် ကြောင့်  အချစ်က အရာအားလုံးကို အစွန်းဆုံးထိ လုပ်နိုင်အောင် တွန်းအားပေးနိုင်မှန်းသိခဲ့ရလေသည်။

လွန်ခဲ့တဲ့ တစ်လအလို ..........

မျက်ခွံများက လေးလံလွန်းသဖြင့် ရှောင်ကျန့်အားယူပြီး မျက်လုံးကို  ဖွင့်လိုက်လေသည်။ မျက်လုံးဖွင့်ဖွင့်ချင်း ပထမဦးဆုံးတွေ့လိုက်ရသည်က မျက်နှာကျက် ဖြူဖြူ ။  ထို့နောက် မျက်လုံးအိမ်ကို ကျယ်ကျယ်ဖွင့်ကြည့်တော့ ဘေးနားတွင် စိုးရိမ်တကြီးနှင့် ကြည့်နေကြသော သူငယ်ချင်းတစ်အုပ် ။

ချစ်ရသူများ ပါလာမလားလို့ ဝေ့ကြည့်မိတော့ မတွေ့ ။ ထို့ကြောင့် မျက်ခွံများကို ပြန်ပိတ်မည်အလုပ် အတွေးထဲဝင်လာသော စကားတစ်ခွန်း ။

* အခုဆို ရှီးနဲ့တောင် သွားတွေ့လောက်ပြီပေါ့ ။
ဒီကားလည်း ဘရိတ်ကြိုး ဖြတ်ထားတယ်မလား ? ။
ကောင်းပါတယ် အတူတူသွားကြတာပေါ့ ။ *

အတွေးထဲဝင်လာသော စကားသံအချိုနှင့် မှတ်ဉာဏ်ထဲမှ မြင်ကွင်းအချို့က ရှောင်ကျန့်ကို တဆစ်ဆစ်နဲ့ နာကျင်အောင် နှိပ်စက်လေသည်။

" ကျန်ချန်း ..... က‌လေး‌ရော ? ။ "

" ဟိုဘက်ခန်းမှာ "

"ဘာဖြစ်သွားသေးလ‌ဲ ? "

" ကိုမာ ဝင်သွားတယ်တဲ့ ...."

ထိုစကားက ရှောင်ကျန့်ရင်ကို မီးနှင့်မြိုက်တာထက် ပိုပူလောင်စေသည်။နှလုံးသားကို ဓါးနှင့်မွှန်းတာထက် ပိုနာကျင်စေသည် ။ ပါးပြင်ထက်မှာ တလှိမ့်လှိမ့်ကျဆင်းလာတဲ့ မျက်ရည်တို့က နောင်တအသီးသီးတို့ ရနေကြောင်းကို ဖော်ပြ‌နေသည်။

" ဒါဆို မ ရော ။ "

"ဆုံးပြီး "

ဒီတစ်ခါ ရှောင်ကျန့်ရဲ့ နာကျင်မှုတွေက နှစ်ဆပိုတိုးသွားသည် ။ရီ‌ပေါ်ကို ချစ်ပြီးတဲ့နောက်ပိုင်း လင်းကို ဇနီးမယား တစ်ယောက်အနေနဲ့ မချစ်နိုင်ပေမဲ့ ၊ အမတစ်ယောက် ၊ အကူညီလိုအပ်နေတဲ့ သူငယ်ချင်းတစ်ယောက်လို သတ်မှတ်ပြီး အနားနေပေးခဲ့တယ် ။

သူ့ကိုသတ်ဖို့ ကြံစည်ခဲ့တာကို အစကမှန်တယ်လို့ တွေးခဲ့ပေမဲ့ တကယ်တမ်းသူကကိုယ့်ကို အရှုံးပေးပြီး ချစ်နေတယ်လို့ သိရတဲ့အခါ ဒီကြံစည်မှုက ရေ‌ှာင်ကျန့်ကို နောင်တရစေတယ် ။  နောက်ပြန်ဆုတ်ချင်ပေမဲ့ နောက်ကျသွားတဲ့အခါ
အားလုံးကို ဆုံးရှုံးခဲ့ရတယ် ။

.........................................................................

ချောင်ကျသွားတဲ့ မျက်နှာလေးနှင့် ဖြူဖပ်ဖပ်နှုတ်ခမ်းများက ရီပေါ်အရမ်းနေမကောင်းဖြစ်နေတာကို သိသာစေတယ် ။ လက်ကောက်ဝတ်က အစင်းကြောင်းများက ရှောင်ကျန့်ကို ရှင်လျှက်နှင့် သတ်နေသလို ။ အသက်ရှုဖို့ကိုလည်း
‌မေ့နေမိတယ် ။

လူကမနိုးသေးသော်လည်း တစ်ချက် ချက် မူမမှန်မှုတွေမှာ အလူးအလဲခံစားရတဲ့ ရီပေါ်ကိုကြည့်ရင်း ရှောင်ကျန့်ရင်တွေ
နာလာခဲ့တယ်....... ။

"ကိုယ် ကိစ္စလေး အနည်းငယ် ဖြတ်လာခဲ့မယ်နော် ။ စောင့်နေပေးပါ ကိုယ်ပြန်လာချင်တယ် ။ အရမ်းချစ်တယ် ကလေး ။ "

ဟုဆိုကာ ရှောင်ကျန့်တစ်ယောက် ရ‌ီပေါ်၏နဖူးပြင်လေးအား အသာအယာ နမ်းကာအခန်းထဲမှ ထွက်သွားလေသည်။

......................................................................

ဆေးရုံခန်းထဲက ထွက်လာတဲ့လမ်းတစ်လျှောက် ရှောင်ကျန့်၏အတွေးကို စိုးမိုးနေတာက .........

* အမည် - ကျင်းလုံ
အသက် - ၃၄
အရပ်က - ၆'
လိပ်စာက ######
ပုံ .......... *

" ကား‌ဟောင်းတွေ ပစ်ထားတဲ့နေရာမှ နေတဲ့ကောင်တစ်ကောင်ပေါ့ ။ ဟက် ! စောင့်နေလိုက် ငါလာပြီး ။ "

ဟုဆိုကာ ခနဲ့ပြုံးပြုံး၍  ကားဟောင်းတွေ ပစ်တဲ့နေရာဆီသို့ ရောက်လာသော ရှောင်ကျန့် ။

ထိုနေရာသို့ ရောက်ရောက်ချင်းပင် မေ့ဆေးပေးထားသော လက်ကိုင်ပါဝါနှင့် ကျင်းလုံလို့ထင်ရတဲ့သူအား အုပ်ကာ ဘယ်သူမှ မလာနိုင်သော နေရာတစ်ခုသို့ ခေါ်သွားကာ သံခုံတစ်ခုတွင် ကြိုးများနှင့် အခိုင်အမာတုပ်‌နှောင်ထားလေသည်။

ထို့နောက်တွင်မူ ထိုင်ခုံ၏ခြေ‌ထောက်နှင့် သူ၏ခြေ‌ထောက်များကို ဝါယာကြိုးများနှင့် ရော၍တုပ်‌နှောင်ထားကာ ပါးစပ်ကိုလည်း ကောနှင့်ပိတ်ထားလိုက်ပြီး ဖွင့်လို့မရအောင်ပင် အ‌သေကပ်ထားခြင်းဖြစ်‌လေသည်။

"‌နိုးပြီလား ? ။ တွေ့ရတာ ဝမ်းသာပါတယ် ။
ခင်ဗျားကို ရှာနေတာ တစ်လလောက်ရှိပြီး ။အခုမှပဲ တွေ့တော့တယ် ။ခင်ဗျားအပုန်းကောင်းလွန်းလို့ ။"

"........."

" ခင်ဗျားကို ကျွန်တော့်ကောင်လေး အကြောင်းပြောပြမယ် ။ သူကအခု ဆေးရုံမှာ ။
သူ့ကို လူတစ်ယောက်က ပိုက်ဆံလေး မဖြစ်စ‌လောက်‌လေးရဖို့အတွက် လုပ်ကြံ‌ပေးခဲ့တယ် ။အားနည်းနေတဲ့ ခန္ဓာကိုယ်ဖြစ်တဲ့အတွက် ကားအက်စီးဒန့်မှာ သေလုနီးပါးဖြစ်ခဲ့ရတယ် ။
ကံကောင်းတော့လည်း အသက်ကိုမှီရုံလေးသာ
ဘယ်လောက်ကြာထိ ပိုက်တန်းလန်းနဲ့ ကုတင်ပေါ်မှာ လှဲအိပ်ရမလဲ မသိဘူး ။

တစ်ချက်တစ်ချက် နှလုံးကအလုပ်မလုပ်ချင်တဲ့အတွက်ကြောင့် နိုးလိုက်ရတဲ့ နှလုံးခုန်စက်။ တစ်ချက်လောက် နှိုး‌လိုက်တိုင်းမှာ ငါ့ရင်ကို ပုဆိန်နဲ့ပေါက်သလိုပဲ ။
အသဲက တစ်ဆစ်ဆစ်နဲ့နာတယ် ။

အဲ့တာနဲ့  တစ်ချိန်တည်းမှာပဲ  ငါချစ်တဲ့သူကို နာကျင်ခံစားရအောင်လုပ်တဲ့ သူကို ငါကိုယ်တိုင်ပြန်ခံစားစေရအောင် ပြန်လုပ်ပစ်မယ်လို့ ဆုံးဖြတ်ထားတယ် "  ဟုဆိုကာ ထိုဂိုထောင်ပျက်နားတွင် ထောင်ထားသော သံပိုက်ချောင်းနှင့် ကျင်းလုံ၏ခေါင်းကို ရှောင်ကျန့် အားရပါးရ ရိုက်ချလိုက်လေသည်။

ထို့နောက် တစ်စိမ့်စိမ့်နှင့် ‌အဆက်မပြတ် ထွက်လာသော သွေးအချို့ပေါ်ကို အရက်ပြန်နှင့်လောင်းကာ ကွဲအက်သွား‌သော ခေါင်းဒဏ်ရာအား  ရှောင်ကျန့် အစိမ်းလိုက်ချုပ်သည်။ တစ်ဖက်လူက နာကျင်လွန်း၍ အော်ချင်လွန်းသော်လည်း စကားမပြောနိုင်သဖြင့် မျက်ရည်များသာ အစိမ်းလိုက်ကျမိလေသည်။

ထို့နောက်တွင်မူ ခြေထောက်နှင့်ခုံကို ရောကာ ချည်နှောင်ထားသော ဝါယာကြိုးများနှင့် ဆက်သွယ်ထားသော  မိန်းတုံးကိုလည်း ရှောင်ကျန့်ဖွင့်ချလိုက်လေသည်။

ကျင်းလုံ မခံစားနိုင်တော့ချေ ။ သူ့ကိုယ့်တွင် လျှပ်စီးများက ဖြတ်၍စီးဆင်းနေလေသည်မှာ သူ၏နှလုံးခုန်နှုန်းများပင် ရပ်တန့်သွားစေသည်။

ထို့နောက်တွင်မူ ရှောင်ကျန့်က  နှလုံးနိုးစက်များနှင့် တစ်ဖက်ပြန်နိုးသော်လည်း မျက်လုံးတို့ အပြီးတိုင်ပိတ်သွားသော ကျင်းလုံကြောင့် ရှောင်ကျန့်တစ်ယောက် ကျေနပ်ပြုံးပြုံးကာ ထိုနေရာမှ ထွက်လာခဲ့လေသည်။

ဤသည်နှင့် ‌ထို‌ဂိုထောင်သို့ ရောက်လာခဲ့သော ရဲများက ရှောင်ကျန့်အား စခန်းသို့ခေါ်သွားခဲ့ကာ
ရက်အနည်းငယ်အကြာတွင် ထောင် ၁၀နှစ် ကျရန် အမိန့်ကျလာ‌လေသည်။

*ပြန်လာခဲ့ရမလား ? မသိဘူး ။ ပြန်လာချင်တယ် ။
ပြန်ခေါ်ခဲ့ရင် ။ *

ဖတ်ရတာ ပျင်းနေပြီးမလားဟင် ? ။ 🙄🙄❤️

Continue Reading

You'll Also Like

106K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
250K 44.7K 56
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
50.2K 8.9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
4.6K 466 3
kim gyuvin X han yujin written in Burmese>>>