ေရႊေရာင္လႊမ္းေသာလက္ထပ္ျခင္း(ျ...

By Phyomyatsoe

56K 8.3K 120

လင္းယုတုန္သည္ရွစ္နွစ္ၾကာတြဲခဲ႔ေသာခ်စ္သူကကိုးထပ္မွတြန္းခ်ခံရၿပီးေနာက္လြန္ခဲ႔ေသာရွစ္နွစ္တြင္ျပန္လည္ေမြးဖြားလာသည... More

Chapter:1(Z+U)
Chapter:2(Z+U)
Chapter:3(Z+U)
Chapter:4(Z+U)
Chapter:5(Z+U)
Chapter:6(Z+U)
Chapter:7(Z+U)
Chapter:8(Z+U)
Chapter:9(Z+U)
Chapter:10(Z+U)
Chapter:11(Z+U)
Chapter:12(Z+U)
Chapter:13(Z+U)
Chapter:15(Z+U)
Chapter:16(Z+U)
Chapter:17(Z+U)
Chapter:18(Z+U)
Chapter(19)U+Z
Ch(20)U+Z
Chapter(21)U+Z
Ch(22)U+Z
Chapter(23)U+Z
Chapter(24)U+Z
Chapter(25)
Chapter(25)အဆက်
Chapter(26.1)
26.2
27(Uni+Zaw)
27အဆက္(Uni+Zaw)
28.1
28.2
29
29အဆက္
Chapter(30.1)
Chapter(30.1)
Chapter(30.2)
31.1
31.2

Chapter:14(Z+U)

1.7K 358 5
By Phyomyatsoe

Chpater(14)

ဒါက ရိုးရွင္းသည့္အနမ္းတစ္ပြင့္သာ ျဖစ္ေပမဲ့ က်န္းရီေဖးကိုအခ်ိန္အေတာ္ၾကာ စိတ္လႈပ္ရွားေစၿပီး ညသန္းေခါင္ေလာက္မွ အိပ္ေပ်ာ္သြားေစတယ္။

လင္းယုတုန္နိုးလာေတာ့ သူက က်န္းရီေဖး၏လက္ေမာင္းထဲမွာ ေရာက္ေနၿပီး ဒါက သူကတစ္စံုတစ္ေယာက္ရဲ႕လက္ေမာင္းထဲမွာ နိုးလာတဲ့ သူ႔ရဲ႕ပထမဆံုးအေတြ႕အၾကံဳျဖစ္တယ္။အရင္ဘဝတုန္းကေတာင္ သူက ရွန္က်ဴနွင့္တစ္အိပ္ရာထဲ မအိပ္ခဲ့ဘူး။ဘာေၾကာင့္လဲဆိုေတာ့ သူက မၾကာခဏဆိုသလို လိအိပ္ရာေပၚမွာ လိမ့္ၿပီးေတာ့ သူ႕အတြiက္ သက္ေသာင့္သက္သာအရွိဆံုးေနရာကို ရွာေဖြတာေၾကာင့္ျဖစ္တယ္။ရွန္က်ဴကလည္း အိပ္ေပ်ာ္သြားၿပီးေနာက္မွာ အပူအပင္ကင္းစြာ အိပ္ခ်င္တာေၾကာင့္ျဖစ္တယ္။သူနွင္မတူတာက က်န္းရီေဖးက အိပ္ေပ်ာ္သြားတာေတာင္ သူ၏ဘယ္ဘက္လက္ေမာင္းေပၚမွာ သူကေခါင္းတင္ထားၿပီး သူ၏ညာဘက္လက္ေမာင္းကသူ႕အေနာက္မွေန၍ ခါးတစ္ဝိုက္ကိုဖက္ထားတယ္။အိပ္ရာလိပ္ေပၚရွိ ဒီပံုစံက လူသားေလွာင္အိမ္တစ္ခုလို ျဖစ္ေနေပမဲ့ သူ႕ကိုသက္ေတာင့္သက္သာရွိေစတယ္။

လင္းယုတုန္ကအကူအညီမဲ့စြာနွင့္ေတြးလိုက္တယ္။ဒါက သူညတုန္းက က်န္းရီေဖးရွိသည့္ဘက္ကို လိမ့္သြားၿပီး ဒီလိုပံုစံျဖစ္သြားတာလားဟု ေတြးလိုက္တယ္။ဒါေပမဲ့ ဒီလိုပံုစံက က်န္းရီေဖးကို မပင္ပန္းေစဘူးလား?

လင္းယုတုန္က က်န္းရီေဖးနိုးလာၿပီး ဒီလိုပံုစံကိုေတြ႕ၿပီး ကိုးယိို႔ကားယား မျဖစ္ေစခ်င္တာေၾကာင့္ သူက အေဝးကိုေရြ႕ဖို႔ႀကိဳးစားလိုက္တယ္။ဒါေပမဲ့ သူလႈပ္လိုက္တာနဲ႔ က်န္းရီေဖးက ရုတ္တရက္ လႈပ္ရွားလာၿပီး သူ႕ကို ေနာက္ကိုျပန္ဆြဲယူလိုက္တယ္။က်န္းရီေဖးက စစ္သားေတြ ေသခ်ာေလ့က်င့္ထားသလို လုပ္ေဆာင္လိုက္တာျဖစ္တယ္။ျဖစ္နိုင္တာက သူ႕ရဲ႕ၾကြက္သားေတြက ဒီလိုပံုစံလုပ္ရမယ္ဆိုတာ တစ္ညထဲနွင့္မွတ္သားလိုက္တာျဖစ္မယ္။သူက ျပန္ဆြဲလိုက္တာေၾကာင့္ လင္းယုတုန္က က်န္းရီေဖးရဲ႕ ရင္ခြင္ထဲၿပန္ေရာက္သြားတယ္။

ဒါက ဘာကိုဆိုလိုေနတာလဲ?

က်န္းရီေဖး အသက္ရွဴလိုက္သည့္ ေလေငြ႕ေႏြးေႏြးဟာ သူ႕မ်က္နွာကို လာရိုက္ခတ္ေနတယ္။သူတို႔ႏွစ္ေယာက္၏မ်က္နွာေတြက နီးကပ္ေနတာေၾကာင့္ သူက က်န္းရီေဖး၏နက္ေမွာင္ေနတဲ့ မ်က္ခံုးတစ္စံု နွာတံျမင့္ျမင့္နွင့္ မွိတ္ထားတဲ့မ်က္ဝန္းေတြကို ကာရံထားသည့္ မ်က္ေတာင္ရွည္ရွည္ေတြ၏ ဆြဲေဆာင္ခံလိုက္ရသလို တိတ္တဆိတ္ေငးၾကည့္ေနမိသည္။

မဟုတ္ေသးဘူး ငါဘာလုပ္ေနတာလဲ?

လင္းယုတုန္က ထထိုင္လိုက္ၿပီး သူရဲ႕နားရြက္ဖ်ားေလးေတြက နီရဲလာတယ္။သူရဲ႕ရုတ္တရက္လႈပ္ရွားလိုက္မႈက က်န္းရီေဖးကို နိုးလာေစၿပီး မ်က္လံုးေတြဖြင့္လာတယ္။အဲဒီေနာက္မွာေတာ့ က်န္းရီေဖးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူကေနာက္က်မွ အိပ္ေပ်ာ္သြားတာေၾကာင့္ သူစကားေျပာတဲ့အခါ သူ႕အသံေတြက အက္ကြဲေနတယ္။

"ဘာျဖစ္လို႔လဲ"

"အဟန္း!ဘာမွမဟုတ္ဘူး။က်ြန္ေတာ္က အိပ္ရာထဖို႔ အခ်ိန္ေရာက္ၿပီ "

က်န္းရီေဖးက ျပတင္းေပါက္ကေနတစ္ဆင့္ မနက္ခင္းအလင္းေရာင္ကို ၾကည့္လိုက္ၿပီး သူက ေနာက္က်ေနၿပီး အိပ္ရာထသင့္ၿပီဆိုတာ သိလိုက္တယ္။ျဖစ္နိုင္တာက သူကအနည္းငယ္သာ အိပ္ထားတာေၾကာင့္ ဒါမွမဟုတ္ ကေမာက္ကမွျဖစ္မွာဆိုးတာေၾကာင့္ ဟန္ေဆာင္တာလားေတာ့ မေျပာတတ္ဘူး။သူက အတြင္းခံတစ္ထည္သာ ဝတ္ထားသည့္ပံုစံအတိုင္းထလိုက္ၿပီး သူ႔မ်က္နွာကေတာ့ ဘာအမူအရာမွမေဖာ္ျပဘူး။

လင္းယုတုန္က က်န္းရီေဖးရဲ႕အတြင္းခံက ျပည့္တင္းေနၿပီးဖုေဖာင္းေနတာကို ျမင္လိုက္ရၿပီး သူက အကူအညီမဲ့စြာနွင့္ က်ိန္ဆဲလိုက္တယ္။

fuck!သူ႕ပစၥည္းက ဒီေလာင္ဇီဟာထက္ေတာင္ ပိုႀကီးတယ္!

က်န္းရီေဖးက ေရခ်ိဳးခန္းထဲဝင္ၿပီး ေဆးေၾကာေနေတာ့ လင္းယုတုန္က အိပ္ရာလိပ္ကို ေခါက္သိမ္းလိုက္တယ္။လင္းယုတုန္က ေတြးေနရင္း ေတြးေနရင္းနွင့္ အဆံုးမွာေတာ့ ဘာမွမေျပာပါဘူး။သူတို႕က ဒီေန႔ က်န္းအိမ္ေတာ္ကို သြားၿပီးေနာက္ သူတို႔က သူတို႔တိုက္ခန္းကို ျပန္ေရာက္ရင္ သူတို႔က အိပ္ရာ်ပၚက ရွင္ရြံ႕စရာ အေျခအေနကို ထက္ေတြ႕ရေတာ့မွာ မဟုတ္ဘူး။

"ေရွာင္တုန္ ကိုယ္မင္းရဲ႕သင္တုန္းဓားကို သံုးလို႔ရလား?"က်န္းရီေဖးက ေရခ်ိဳးခန္းထဲမွေန ေမးလိုက္တယ္။

"သံုးလို႔ရတယ္။မုတ္ဆိတ္ရိတ္ၿပီးရင္ သံုးတဲ့ ေရေမြးကစင္ေပၚမွာတင္ထားတယ္"

က်န္းရီေဖးက မုတ္ဆိတ္ရိတ္ၿပီး ထြက္လာသည့္အခါ လင္းယုတုန္က ၾကမ္းျပင္ေပၚမွာ ထိုင္ေနတာကိုေတြ႔လိုက္ရၿပီး သူကေျပာလိုက္တယ္"ကိုယ္တို႔ က်န္းအိမ္ကိုေရာက္လို႔ ဝမ္ပင္းန္နဲ႔ကိုယ့္အေဖက ဘာေျပာေျပာကိစၥမရွိဘူး။မင္းစိတ္ထဲမထာနဲ႔။ဘာဘဲျဖစ္ျဖစ္ဒါက တစ္ခဏတာဘဲျဖစ္လိမ့္မယ္"

လင္းယုတုန္က ေခါင္းၿငိမ့္လိုက္ၿပီး က်န္းရီေဖး၏ခႏၶာကိုယ္ကေန အၾကည့္လႊဲလိုက္ၿပီး သူကေရခ်ိဳးခန္းမဝင္ခင္ေျပာလိုက္တယ္"ကိစၥမရွိဘူး က်ြန္ေတာ္စိတ္ထဲမထားဘူး။သူတို႔က က်ြန္ေတာ့္ကိုမႀကိဳက္ရင္ေတာင္ သတ္ေတာ့မသတ္ပါဘူး။သူတို႔က က်ြန္ေတာ့္ကို က်ိန္ဆဲခဲ့ရင္ေတာင္ က်ြန္ေတာ့္အေမက ၿငိမ္ခံေနမွာ မဟုတ္ဘူး။သူမက ျပန္ၿပီးတိုက္ခိုက္လိမ့္မယ္"

က်န္းရီေဖးက"အန္း"လို႔သာေျပာလိုက္ၿပီး ဘာမွဆက္မေျပာေတာ့ဘူး။

လင္းယုတုန္က မၾကာခင္မွာ သူသိသြားတာက သူ႕အေတြးေတြက ရိုးရွင္းလြန္းတယ္ဆိုတာဘဲ။

-----------

က်န္းမိသားစုဘိုးေဘးအိမ္ေတာ္က ၿမိဳ႕ေတာင္ဘက္မွာတည္ရွိတယ္။ဒါေပမဲ့ အရမ္းေဝးတာေတာ့ မဟုတ္ဘူး။ဒီအိမ္ေတာ္ကို က်န္းရီေဖး၏ဘိုးဘိုးႀကီး အသက္ရွင္ေနတုန္းက က်န္းမိသားစုက ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး နွစ္ေတြၾကာေတာ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ၿပီး ထိန္းသိမ္းခဲ့တာျဖစ္ၿပီး ဒီၿခံဝင္းက ၿမိဳ႕ထဲက အခ်ိဳ႕ေသာပန္းၿခံေတြေလာက္နီးနီးက်ယ္ျပန္႔ၿပီးေတာ့ ဒီေနရာက မင္းတို႔ရဲ႕ေနထိုင္အဆင့္အတန္းကို ေျပာနိုင္ၿပီးေတာ့ က်န္းမိသားစုက နွစ္ေပါင္းမ်ားစြာထဲက ခိုင္မာစြာရပ္တည္ေနခဲ့မွန္းေျပာနိုင္တယ္။

က်န္းရီေဖးက ေတာင္ဘက္လမ္းမႀကီးအတိုင္း ကားေမာင္းရင္းနဲ႔ သူ႕မိသားစုအေၾကာင္းကို ေျပာျပေနတယ္"ကိုယ့္အဘိုးအဘြားေတြကေတာ့မရွိေတာ့ဘူး။အခုအိမ္မွာရွိေနတာက ကိုယ့္အေဖ ဝမ္ပင္းယန္နဲ႔ က်န္းရီနင္ကသာလ်ွင္ေနထိုင္တယ္။အရင္တုန္းကေတာ့ ကိုယ့္ေဒၚေလးရွိေပမဲ့ သူမကလက္ထပ္သြားၿပီးေနာက္ေတာ့ ေျပာင္းေရႊ႕သြားၿပီး အိမ္ျပန္လာတဲ့အခ်ိန္က ရွားပါးတယ္။က်န္တာကေတာ့ အေစခံေတြနဲ႔ စားဖိုမူးေတြဘဲရွိတယ္။အို ဟုတ္သားဘဲ!ဝမ္ဘိုလို႔ေခၚတဲ့ အိမ္ေတာ္ထိန္းလည္းရွိေသးတယ္။သူက လူအိုႀကီးတစ္ေယာက္ျဖသ္ၿပီးေတာ့ ကိုယ့္အဘိုးအသက္ရွင္ေနတဲ့အခ်ိန္ကတည္းက က်န္းမိသားစုမွာ အလုပ္လုပ္ေနတာျဖစ္တယ္"

သူက ဒါေတြအားလံုးကိုမေန႔ကတည္းက ေျပာျပခ်င္ခဲ့တာျဖစ္ေပမဲ့ လင္းယုတုန္က အေစာႀကီးအိပ္ေပ်ာ္သြားခဲ့ၿပီး သူက သူ႕ကိုမေျပာနိုင္ခဲ့တာျဖစ္တယ္။

လင္းယုတုန္ မေသခ်ာမေရရာစြာ ေျပာလိုက္တယ္"ဒါေပမဲ့ က်ြန္ေတာ္ အျပင္လူေတြေျပာတာၾကားရတာေတာ့ ခင္ဗ်ားမွာဒုတိယဦးေလးရွိေသးတယ္ဆို"

က်န္းရီေဖး၏မ်က္နွာက နည္းနည္းေလး ေတာင့္တင္းသြားၿပီး ခဏေလာက္ တိတ္ဆိတ္သြားၿပီးမွ ေျပာလိုက္တယ္"ဟုတ္တယ္။ဒါေပမဲ့ သူေသသြားၿပီ"

လင္းယုတုန္က"ေတာင္းပန္ပါတယ္"လိုေျခာက္ကပ္စြာေျပာလိုက္ၿပီး လမ္းတစ္ေလွ်ာက္လံုး တိတ္ဆိတ္သြားတယ္။

မၾကာခင္ သူတုိ႔က က်န္းမိသားစုဘိုးေဘးအိမ္ေတာ္ကို ေရာက္ရွိလာၿပီး ဂိတ္တံခါးက ျဖည္းျဖည္းခ်င္းပြင့္လာၿပီး ကားသည္ ဂရုတစိုက္နွင့္ ကတၱရာလမ္းတစ္ဖက္စီမွာထင္းရွဴးပင္ေတြစိုက္ပ်ိဳးထားတဲ့ လမ္းေၾကာင္းအတိုင္း ေမာင္းဝင္လာခဲ့တယ္။အိန္ေတာ္ထိန္းဝမ္ဘိုက ဗီလာေရွ႕ရွိဥယ်ာဥ္ေရွ႕မွာ သူတို႔ကို ေစာင့္ေမ်ွာ္ေနၿပီး သူကေရွ႕တက္လာၿပီး ကားတံခါးဖြင့္ေပးလိုက္ၿပီး ၾကင္နာၿပီး ႏူးညံ့တဲ့အၿပံဳးနွင့္ ေျပာလိုက္တယ္"သခင္ေလး သခင္မေလး မင္းတို႔ ေနာက္ဆံုးေတာ့ ေရာက္ၿပီ"

က်န္းရီေဖးက လင္းယုတုန္ကို ဝမ္ဘိုႏွင့္မိတ္ဆက္ေပးလိုက္တယ္"ဒါက ဝမ္ဘိုေလ။ကိုယ္မင္းကိုေျပာျပဖူးတယ္ေလ"

လင္းယုတုန္က ေခါင္းၿငိမ့္လိုက္တယ္"မဂၤလာပါ ဝမ္ဘို က်ြန္ေတာ့္ကို ေရွာင္လင္းလို႔ေခၚလို႔ရတယ္"

သခင္မေလး ငါ့ေျခေထာက္ဘဲ!

ဝမ္ဘိုက အေလ်ာ့မေပးဘဲ ေျပာလိုက္တယ္"ဘယ္လိုလုပ္ၿပီး ဒီလိုလုပ္လို႔ျဖစ္မွာလဲ?မင္းက က်ြန္ေတာ္တို႔သခင္ေလးရဲ႕ခ်စ္သူေလ။ဒါက သခင္မေလးဆိုတဲ့ အဓိပၸာယ္ဘဲေလ...သခင္....."

ရုတ္တရက္ သူက ကားေပၚက ဆင္းလာတဲ့ လင္းက်ီေဆာင္နွင့္ခ်န္စုနင္တို႔ကိုႏႈတ္ဆက္လိုက္ၿပီး ေတာင္းပန္စကားေျပာလိုက္တယ္"တံခါးေစာင့္က လူႀကီးမင္းလင္းနဲ႔လင္းသခင္မတို႔ လာမယ္ဆိုတာ သတင္းမပို႔ခဲ့ဘူး။ေနွာင့္ေနွးေစခဲ့ရင္ ေက်းဇူးျပဳၿပီး အျပစ္မယူပါနဲ႔"

လင္းဇီေဆာင္က အဆင္ေျပေၾကာင္း ေျပာလိုက္တယ္။က်န္းရီေဖးက လင္းယုတုန္၏အက်ၤ ီစကို ညင္သာစြာဆြဲလိုက္ၿပီး"မင္း ဝမ္ဘိုနဲ႔လိုက္သြားလိုက္ေနာ္။ဘာဘဲျဖစ္ျဖစ္ ဒီေန႔တစ္ရက္ေတာ့ ကိုယ္က ဒါကိုေျဖရွင္းရမွာဘဲ"

လင္းယုတုန္က နားယားလာသလို ခံစားရၿပီး သူက နားကို ကုတ္လိုက္ၿပီး"ခုနတုန္းက ဝမ္ဘိုကဘာေျပာတာပါလိမ့္!"

က်န္းရီေဖးက သူလည္းနားမလည္ေၾကာင္းေျပာလိုက္တယ္။

က်န္းရီေဖးက ဒီေန႔အိမ္ေတာ္ကိုလာေရာက္မည့္အေၾကာင္း ႀကိဳေျပာထားေသာ္လည္းဘဲ က်န္းဟုန္တုနွင့္ဝမ္ပင္းယန္မေျပာနွင့္ က်န္းရီနင္ကေတာင္ ထြကမႀကိဳခဲ့့ဘူး။သူတို႔က တစ္ေယာက္က သတင္းစာဖတ္ရင္း လက္ဖက္ရည္ေသာက္ေနၿပီးေတာ့ တစ္ေယာက္ကေတာ့ ဖုန္းကစားေနၿပီးေတာ့ ေနာက္တစ္ေယာက္ကေတာ့ လက္သည္းေဆးဆိုးေနရင္းေစာင့္ေနခဲ့တယ္။က်န္းရီေဖးနွင့္လင္းယုတုန္တို႔က လင္းက်ီေဆာင္တို႔နွင့္အတူ ဝင္လာတာကိုျမင္ေတာ့ က်န္းရီနင္က သူတိို႔ကိုတစ္ခ်က္သာ ေမာ့ၾကည့္လာၿပီး ဖုန္းဆက္ေဆာ့ေနတယ္။က်န္းဟုန္တုကေတာ့"ေက်းဇူးျပဳၿပီး လာထိုင္ပါ"လို႔ေအးစက္စြာေျပာလိုက္ၿပီး သတင္းစာကိုခ်လိုက္တယ္။

ဝမ္ပင္းယန္က အေပၚထပ္ကေနဆင္းလာၿပီး လင္းမိသားစုကို မၾကည့္ဘဲ က်န္းရီေဖးကို ေျပာလိုက္တယ္"ရီေဖး မင္းအိမ္ျပန္မလာတာၾကာၿပီ။မင္းက မင္းမိသားစုကို အသိမေပးဘဲ ဘယ္လိုလုပ္ အိမ္ေထာင္ျပဳရဲတာလဲ?မင္းက က်န္းမိသားစုကို ဂရုမစိုက္ဘူးလား?သူေတြမ်ားေတြက က်န္းမိသားစုကို ဘယ္လိုျမင္မလဲ?"

က်န္းရီေဖးက"က်ြန္ေတာ္ အလုပ္မ်ားေနလို႔ပါ ေတာင္းပန္ပါတယ္ အန္တီဝမ္။ဒါေပမဲ့ က်ြန္ေတာ္က ေရွာင္တုန္ကို နွစ္ေပါင္းမ်ားစြာ လ်ိဳ႕ဝွက္စြာႀကိဳက္လာခဲ့တာ။ဒါေၾကာင့္ သူက က်ြန္ေတာ္ကို႔ အလုပ္အကိုင္အေျခက်သြားတဲ့ေစာင့္ေပးဖို႔ ကတိေပးခဲ့တယ္။ဒါေၾကာင့္ က်ြန္ေတာ္တို႔က ဒီကိုလာခဲ့တာဘဲ။သားသမီးကို ဂရုစိုက္ေပးတဲ့ မိဘေတြအတြက္ေတာ့..ဒါက တကယ္ကို ထင္ရွားလြန္းပါတယ္"

ဝမ္ပင္းယန္က ေၾကာင္အသြားၿပီး က်န္းဟုန္တုက ေျပာလိုက္တယ္"ေကာင္းၿပီ ဒီလိုမ်ိဳးမေျပာနဲ႔ေတာ့"

ေနာက္ေတာ့ သူက လင္းက်ီေဆာင္ဘက္ကို လွည့္ေျပာလိုက္တယ္"မစၥတာလင္း ခင္ဗ်ားက ကေလးနွစ္ေယာက္အတူရွိေနတာကို သေဘာတူသလား?"

ဝမ္ပင္းယန္က ေျပာလိုက္တယ္"သူတို႔က ဘယ္လိုလုပ္ သေဘာတူမွာလဲ?ဒါက လူမႈအသိုင္းအဝိုင္းမွာ ရွံဳ႕ခ်စရာဘဲမလား?"

လင္းယုတုန္က ဝမ္ပင္းယန္ကို သနားသလိုၾကည့္ေနၿပီး လင္းမားမားက သက္ျပင္းခ်လိုက္ၿပီး"က်ြန္မတို႔က သေဘာမတူေပမယ့္လည္း ရီေဖးက က်ြန္မတို႔ကေလးနဲ႔အတူရွိေနခ်င္တယ္ေလ။ဒါကို က်ြန္မတို႔ကတားလို႔မရဘူး။ကံၾကမၼာက သတ္မွတ္ေပးထားတဲ့ အိမ္ေထာင္ေရးကို ေဖာက္ဖ်က္ရင္ အရာအားလံုးက ငရဲကိုေရာက္သြားနုိင္တယ္ေလ"

က်န္းဟုန္တုက မ်က္ေစာင္းထိုးလိုက္ၿပီး"မင္းတို႔သေဘာမတူတာက လူတိုင္းအတြက္ အေကာင္းဆံုးဘဲ။ငါတို႔က်န္းမိသားစုကလည္း ဒီအိမ္ေထာင္ေရးကို သေဘာမတူတာေၾကာင့္ ကေလးနွစ္ေယာက္သာ တြဲေနရင္ ရီေဖးက က်န္းမိသားစုရဲ႕အေမြကို စြန္႔လြတ္ရလိမ့္မယ္"

လင္းက်ီေဆာင္နွင့္ခ်န္စုနင္တို႔က ရပ္တန္႔သြားၿပီး က်န္းမိသားစုက သူတို႔သားကို ဒီလိုမ်ိဳးဆက္ဆံလိမ့္မယ္လို႔ မေမ်ွာ္လင့္ထားခဲ့ဘူး။က်န္းရီေဖးက ေက်ာက္တံုးကေနမ်ား ထြက္လာလို႔လား?

က်န္းရီေဖးက က်န္းဟုန္တုကို စိုက္ၾကည့္ေနၿပီး ဘာမွမေျပာဘူး။

က်န္းရီေဖး၏ေဘးတြင္ထိုင္ေနတဲ့ လင္းယုတုန္က ဒီလူမွာ မႀကံဳစဖူး ဖိအားနည္းသြားသလိုခံစားလိုက္ရတယ္။ဒါက ဘယ္လိုအိမ္မ်ိဳးလဲ?အဓိကသားက သခင္မတစ္ေယာက္ရဲ႕သမီးေလာက္ေတာင္ အေရးမေပးခံရပါလား?က်န္းရီေဖးက က်န္းမိသားစုရဲ႕သားတစ္ေယာက္ဘဲေလ။ဒါက အနိုင္က်င့္လြန္းတာ မဟုတ္ဘူးလား?

က်န္းရီေဖးရဲ႕မတုန္မလႈပ္မ်က္ဝန္းေတြက လင္းယုတုန္ရဲ႕ႏွလံုးသားကို ဓားနဲ႔ထိိုးခံရသလို နာက်င္လာေစတယ္။လင္းယုတုန္ကိုယ္တုိင္က ဒါက မေကာင္းဆိုတာ ခံစားမိတယ္။သူက ရုတ္တရက္ သူ႕ကိုယ္သူ မထိန္းခ်ဳပ္ေတာ့ဘဲ စိတ္လိုက္မာန္ပါ ေျပာလိုက္တယ္။

သူက ရယ္ေမာလိုက္တယ္"ဦးေလးက်န္း ခင္ဗ်ားက တကယ္ဘဲ ဒီကိစၥေသးေသးေလးကို ဒီေလာက္ထိ လုပ္မွာလား?ရီေဖးက က်န္းမိသားစုရဲ႕ေျမးတစ္ေယာက္ပါ။ ခင္ဗ်ားက အျပင္လူေတြကိုသာ ဒီလိုအရာကို ရွက္စရာေကာင္းတယ္လို႔ေျပာခဲ့ရင္သူတို႔က ဘယ္လိုထင္မွာပါလိမ့္!ေအာ္ က်ြန္ေတာ္က က်န္းမိသားစုက ဘာေၾကာင့္မ်ား သူတို႔ေျမးကို ဒီလိုဆက္ဆံလဲဆိုတာ ေမးၾကည့္ခ်င္ေသးတယ္။ဦးေလးက ဒီလိုမ်ိဳးအျမင္က်ဥ္းတဲ့ျဖစ္မယ္လို႔ မထင္ထားဘူး။လူတိုင္းက ဒီမိသားစုမွာ တင္းက်ပ္တဲ့စည္းကမ္းေတြရွိတယ္လို႔ေျပာၾကေပမဲ့ က်ြန္ေတာ္ကေတာ့ ဒီလိုမ်ိဳးမထင္ပါဘူး။တကယ္လို႔မ်ား အျပင္လူေတြသာ က်န္းမိသားစုက ဒီလိုမ်ိဳးဆိုတာ သိရင္ သူတို႔က က်န္းမိသားစုကို ရယ္မွာမေၾကာက္ၾကဘူးလား?"

တံု႔ျပန္႔မႈေနွးေကြးတဲ့ က်န္းရီနင္က ခ်က္ခ်င္းဘဲ လင္းယုတုန္ကို လက္ၫွိဳးထုိးလိုက္တယ္"ေဟး!နင္က ေကာက္က်စ္တဲ့မယားငယ္လို ေျပာေနတာလား!"

"ထင္ရွားတဲ့မိသားစုမွာရွိေနကတည္းက မင္းက မင္းရဲ႕စိတ္ကို ရွင္းရွင္းလင္းလင္းသိထားသင့္တယ္။မဟုတ္ရင္ ဒီအရာေတြက မင္းမိသားစုရဲ႕ရပ္တည္မႈကိုထိခိုက္လိမ့္မယ္။ကိုယ္တုိင္ကိုက ဆိုးယုတ္တဲ့စိတ္မရွိဘဲနဲ႔ေတာ့ ယုတ္မာတဲ့စကားေျပာတတ္မွာမဟုတ္ဘူး"

ဝမ္ပင္းယန္က ေဒါသတႀကီးနဲ႔"နင္!ဟုန္တု က်ြန္မေျပာသားဘဲ ဒီလိုလူမ်ိဳးေတြအတြက္ တံခါးမဖြင့္ထားပါနဲ႔ဆိို။ဒါက လူေတြလုပ္စရာလား!အား!"

က်န္းဟုန္တုက က်ယ္ေလာင္စြာေအာ္လိုက္တယ္"ေကာင္းၿပီ!ရပ္လိုက္ေတာ့!ရီေဖး ငါ မင္းကိုေျပာမယ္။မင္း ဒီကေလးနဲ႔ေနဖို႔ ေရြးမွာလား?မဟုတ္ရင္ မင္းက အေမြဆက္ဆံခြင့္ကိုလိုခ်င္သလား?"

က်န္းရီေဖးက ဘာမွမေျပာဘူး။

က်န္းရီနင္က နွာေခါင္းရွံဳ႕လိုက္ၿပီး"ငါေျပာမယ္ အကို နင္ေသခ်ာစဥ္းစားၾကည့္သင့္တယ္။တကယ္လို႔နင့္မွာ ပိုက္ဆံသာမရွိရင္ မင္းရဲ႕ပိုက္ဆံကိုသာ ၾကည့္ေနတဲ့သူက မင္းကိုထားသြားလိမ့္မယ္"

လင္းယုတုန္က က်န္းရီေဖးဘက္လွည့္ၿပီးေျပာလိုက္တယ္"ရီေဖး သူမေျပာတာ နားမေထာင္နဲ႔။မင္းက အေမြဆက္ခံရလိမ့္မယ္။တကယ္လို႔ က်ြန္ေတာ္သာ ခင္ဗ်ားနဲ႔အတူရွိခ်င္ရင္ ဘယ္သူက က်ြန္ေတာ့္ကို တားလို႔ရမွာလဲ?!"

က်န္းရီေဖးက လင္းယုတုန္ကို ၾကည့္လိုက္ၿပီး"ကိုယ္လက္မေလ်ာ့ဘူး...."

စကားမဆံုးခင္မွာဘဲ အျပင္ကေန လူတစ္ေယာက္က တံခါးကိုရုတ္တရက္ တြန္းဖြင့္လိုက္ၿပီး အသက္၃၀အရြယ္ ဆံပင္တိုတုိနွင့္ သပ္ရပ္စြာဝတ္စားဆင္ယင္ထားတဲ့အမ်ိဳးသမီးတစ္ေယာက္က ဝင္လာခဲ့တယ္။

ဝမ္ဘိုက"သခင္မေလး"လို႔ေခၚလိုက္တယ္။

လင္းယုတုန္နွင့္က်န္းရီေဖးက ဒါကိုနားလည္လိုက္တာနဲ႔ စကားဆက္မေျပာေတာ့ဘူး။

က်န္းဟုန္ရင္က အခန္းထဲကလူတြကို စိုက္ၾကည့္လိုက္ၿပီး ေလွာင္လိုက္တယ္"ငါ က်န္းဟုန္ရင္က မေသေသးဘူး။ဘယ္လိုလုပ္ၿပီး ငါ့တူ လက္ထပ္မွာကို တစ္ေယာက္ကမွ ငါ့ကိုမေျပာရတာလဲ?"

---------------

Chpater(14)

ဒါက ရိုးရှင်းသည့်အနမ်းတစ်ပွင့်သာ ဖြစ်ပေမဲ့ ကျန်းရီဖေးကိုအချိန်အတော်ကြာ စိတ်လှုပ်ရှားစေပြီး ညသန်းခေါင်လောက်မှ အိပ်ပျော်သွားစေတယ်။

လင်းယုတုန်နိုးလာတော့ သူက ကျန်းရီဖေး၏လက်မောင်းထဲမှာ ရောက်နေပြီး ဒါက သူကတစ်စုံတစ်ယောက်ရဲ့လက်မောင်းထဲမှာ နိုးလာတဲ့ သူ့ရဲ့ပထမဆုံးအတွေ့အကြုံဖြစ်တယ်။အရင်ဘဝတုန်းကတောင် သူက ရှန်ကျူနှင့်တစ်အိပ်ရာထဲ မအိပ်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ သူက မကြာခဏဆိုသလို လိအိပ်ရာပေါ်မှာ လိမ့်ပြီးတော့ သူ့အတွiက် သက်သောင့်သက်သာအရှိဆုံးနေရာကို ရှာဖွေတာကြောင့်ဖြစ်တယ်။ရှန်ကျူကလည်း အိပ်ပျော်သွားပြီးနောက်မှာ အပူအပင်ကင်းစွာ အနပ်တာကြောင့်ဖြစ်တယ်။သူနှင်မတူတာက ကျန်းရီဖေးက အိပ်ပျော်သွားတာတောင် သူ၏ဘယ်ဘက်လက်မောင်းပေါ်မှာ သူကခေါင်းတင်ထားပြီး သူ၏ညာဘက်လက်မောင်းကသူ့အနောက်မှနေ၍ ခါးတစ်ဝိုက်ကိုဖက်ထားတယ်။အိပ်ရာလိပ်ပေါ်ရှိ ဒီပုံစံက လူသားလှောင်အိမ်တစ်ခုလို ဖြစ်နေပေမဲ့ သူ့ကိုသက်တောင့်သက်သာရှိစေတယ်။

လင်းယုတုန်ကအကူအညီမဲ့စွာနှင့်တွေးလိုက်တယ်။ဒါက သူညတုန်းက ကျန်းရီဖေးရှိသည့်ဘက်ကို လိမ့်သွားပြီး ဒီလိုပုံစံဖြစ်သွားတာလားဟု တွေးလိုက်တယ်။ဒါပေမဲ့ ဒီလိုပုံစံက ကျန်းရီဖေးကို မပင်ပန်းစေဘူးလား?

လင်းယုတုန်က ကျန်းရီဖေးနိုးလာပြီး ဒီလိုပုံစံကိုတွေ့ပြီး ကိုးယို့ကားယား မဖြစ်စေချင်တာကြောင့် သူက အဝေးကိုရွေ့ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ သူလှုပ်လိုက်တာနဲ့ ကျန်းရီဖေးက ရုတ်တရက် လှုပ်ရှားလာပြီး သူ့ကို နောက်ကိုပြန်ဆွဲယူလိုက်တယ်။ကျန်းရီဖေးက စစ်သားတွေ သေချာလေ့ကျင့်ထားသလို လုပ်ဆောင်လိုက်တာဖြစ်တယ်။ဖြစ်နိုင်တာက သူ့ရဲ့ကြွက်သားတွေက ဒီလိုပုံစံလုပ်ရမယ်ဆိုတာ တစ်ညထဲနှင့်မှတ်သားလိုက်တာဖြစ်မယ်။သူက ပြန်ဆွဲလိုက်တာကြောင့် လင်းယုတုန်က ကျန်းရီဖေးရဲ့ ရင်ခွင်ထဲပြန်ရောက်သွားတယ်။

ဒါက ဘာကိုဆိုလိုနေတာလဲ?

ကျန်းရီဖေး အသက်ရှူလိုက်သည့် လေငွေ့နွေးနွေးဟာ သူ့မျက်နှာကို လာရိုက်ခတ်နေတယ်။သူတို့နှစ်ယောက်၏မျက်နှာတွေက နီးကပ်နေတာကြောင့် သူက ကျန်းရီဖေး၏နက်မှောင်နေတဲ့ မျက်ခုံးတစ်စုံ နှာတံမြင့်မြင့်နှင့် မှိတ်ထားတဲ့မျက်ဝန်းတွေကို ကာရံထားသည့် မျက်တောင်ရှည်ရှည်တွေ၏ ဆွဲဆောင်ခံလိုက်ရသလို တိတ်တဆိတ်ငေးကြည့်နေမိသည်။

မဟုတ်သေးဘူး ငါဘာလုပ်နေတာလဲ?

လင်းယုတုန်က ထထိုင်လိုက်ပြီး သူရဲ့နားရွက်ဖျားလေးတွေက နီရဲလာတယ်။သူရဲ့ရုတ်တရက်လှုပ်ရှားလိုက်မှုက ကျန်းရီဖေးကို နိုးလာစေပြီး မျက်လုံးတွေဖွင့်လာတယ်။အဲဒီနောက်မှာတော့ ကျန်းရီဖေးက မျက်မှောင်ကြုတ်လိုက်ပြီး သူကနောက်ကျမှ အိပ်ပျော်သွားတာကြောင့် သူစကားပြောတဲ့အခါ သူ့အသံတွေက အက်ကွဲနေတယ်။

"ဘာဖြစ်လို့လဲ"

"အဟန်း!ဘာမှမဟုတ်ဘူး။ကျွန်တော်က အိပ်ရာထဖို့ အချိန်ရောက်ပြီ "

ကျန်းရီဖေးက ပြတင်းပေါက်ကနေတစ်ဆင့် မနက်ခင်းအလင်းရောင်ကို ကြည့်လိုက်ပြီး သူက နောက်ကျနေပြီး အိပ်ရာထသင့်ပြီဆိုတာ သိလိုက်တယ်။ဖြစ်နိုင်တာက သူကအနည်းငယ်သာ အိပ်ထားတာကြောင့် ဒါမှမဟုတ် ကမောက်ကမှဖြစ်မှာဆိုးတာကြောင့် ဟန်ဆောင်တာလားတော့ မပြောတတ်ဘူး။သူက အတွင်းခံတစ်ထည်သာ ဝတ်ထားသည့်ပုံစံအတိုင်းထလိုက်ပြီး သူ့မျက်နှာကတော့ ဘာအမူအရာမှမဖော်ပြဘူး။

လင်းယုတုန်က ကျန်းရီဖေးရဲ့အတွင်းခံက ပြည့်တင်းနေပြီးဖုဖောင်းနေတာကို မြင်လိုက်ရပြီး သူက အကူအညီမဲ့စွာနှင့် ကျိန်ဆဲလိုက်တယ်။

fuck!သူ့ပစ္စည်းက ဒီလောင်ဇီဟာထက်တောင် ပိုကြီးတယ်!

ကျန်းရီဖေးက ရေချိုးခန်းထဲဝင်ပြီး ဆေးကြောနေတော့ လင်းယုတုန်က အိပ်ရာလိပ်ကို ခေါက်သိမ်းလိုက်တယ်။လင်းယုတုန်က တွေးနေရင်း တွေးနေရင်းနှင့် အဆုံးမှာတော့ ဘာမှမပြောပါဘူး။သူတို့က ဒီနေ့ ကျန်းအိမ်တော်ကို သွားပြီးနောက် သူတို့က သူတို့တိုက်ခန်းကို ပြန်ရောက်ရင် သူတို့က အိပ်ရာျပါ်က ရှင်ရွံ့စရာ အခြေအနေကို ထက်တွေ့ရတော့မှာ မဟုတ်ဘူး။

"ရှောင်တုန် ကိုယ်မင်းရဲ့သင်တုန်းဓားကို သုံးလို့ရလား?"ကျန်းရီဖေးက ရေချိုးခန်းထဲမှနေ မေးလိုက်တယ်။

"သုံးလို့ရတယ်။မုတ်ဆိတ်ရိတ်ပြီးရင် သုံးတဲ့ ရေမွေးကစင်ပေါ်မှာတင်ထားတယ်"

ကျန်းရီဖေးက မုတ်ဆိတ်ရိတ်ပြီး ထွက်လာသည့်အခါ လင်းယုတုန်က ကြမ်းပြင်ပေါ်မှာ ထိုင်နေတာကိုတွေ့လိုက်ရပြီး သူကပြောလိုက်တယ်"ကိုယ်တို့ ကျန်းအိမ်ကိုရောက်လို့ ဝမ်ပင်းန်နဲ့ကိုယ့်အဖေက ဘာပြောပြောကိစ္စမရှိဘူး။မင်းစိတ်ထဲမထာနဲ့။ဘာဘဲဖြစ်ဖြစ်ဒါက တစ်ခဏတာဘဲဖြစ်လိမ့်မယ်"

လင်းယုတုန်က ခေါင်းငြိမ့်လိုက်ပြီး ကျန်းရီဖေး၏ခန္ဓာကိုယ်ကနေ အကြည့်လွှဲလိုက်ပြီး သူကရေချိုးခန်းမဝင်ခင်ပြောလိုက်တယ်"ကိစ္စမရှိဘူး ကျွန်တော်စိတ်ထဲမထားဘူး။သူတို့က ကျွန်တော့်ကိုမကြိုက်ရင်တောင် သတ်တော့မသတ်ပါဘူး။သူတို့က ကျွန်တော့်ကို ကျိန်ဆဲခဲ့ရင်တောင် ကျွန်တော့်အမေက ငြိမ်ခံနေမှာ မဟုတ်ဘူး။သူမက ပြန်ပြီးတိုက်ခိုက်လိမ့်မယ်"

ကျန်းရီဖေးက"အန်း"လို့သာပြောလိုက်ပြီး ဘာမှဆက်မပြောတော့ဘူး။

လင်းယုတုန်က မကြာခင်မှာ သူသိသွားတာက သူ့အတွေးတွေက ရိုးရှင်းလွန်းတယ်ဆိုတာဘဲ။

-----------

ကျန်းမိသားစုဘိုးဘေးအိမ်တော်က မြို့တောင်ဘက်မှာတည်ရှိတယ်။ဒါပေမဲ့ အရမ်းဝေးတာတော့ မဟုတ်ဘူး။ဒီအိမ်တော်ကို ကျန်းရီဖေး၏ဘိုးဘိုးကြီး အသက်ရှင်နေတုန်းက ကျန်းမိသားစုက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး နှစ်တွေကြာတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး ထိန်းသိမ်းခဲ့တာဖြစ်ပြီး ဒီခြံဝင်းက မြို့ထဲက အချို့သောပန်းခြံတွေလောက်နီးနီးကျယ်ပြန့်ပြီးတော့ ဒီနေရာက မင်းတို့ရဲ့နေထိုင်အဆင့်အတန်းကို ပြောနိုင်ပြီးတော့ ကျန်းမိသားစုက နှစ်ပေါင်းများစွာထဲက ခိုင်မာစွာရပ်တည်နေခဲ့မှန်းပြောနိုင်တယ်။

ကျန်းရီဖေးက တောင်ဘက်လမ်းမကြီးအတိုင်း ကားမောင်းရင်းနဲ့ သူ့မိသားစုအကြောင်းကို ပြောပြနေတယ်"ကိုယ့်အဘိုးအဘွားတွေကတော့မရှိတော့ဘူး။အခုအိမ်မှာရှိနေတာက ကိုယ့်အဖေ ဝမ်ပင်းယန်နဲ့ ကျန်းရီနင်ကသာလျှင်နေထိုင်တယ်။အရင်တုန်းကတော့ ကိုယ့်ဒေါ်လေးရှိပေမဲ့ သူမကလက်ထပ်သွားပြီးနောက်တော့ ပြောင်းရွှေ့သွားပြီး အိမ်ပြန်လာတဲ့အချိန်က ရှားပါးတယ်။ကျန်တာကတော့ အစေခံတွေနဲ့ စားဖိုမူးတွေဘဲရှိတယ်။အို ဟုတ်သားဘဲ!ဝမ်ဘိုလို့ခေါ်တဲ့ အိမ်တော်ထိန်းလည်းရှိသေးတယ်။သူက လူအိုကြီးတစ်ယောက်ဖြသ်ပြီးတော့ ကိုယ့်အဘိုးအသက်ရှင်နေတဲ့အချိန်ကတည်းက ကျန်းမိသားစုမှာ အလုပ်လုပ်နေတာဖြစ်တယ်"

သူက ဒါတွေအားလုံးကိုမနေ့ကတည်းက ပြောပြချင်ခဲ့တာဖြစ်ပေမဲ့ လင်းယုတုန်က အစောကြီးအိပ်ပျော်သွားခဲ့ပြီး သူက သူ့ကိုမပြောနိုင်ခဲ့တာဖြစ်တယ်။

လင်းယုတုန် မသေချာမရေရာစွာ ပြောလိုက်တယ်"ဒါပေမဲ့ ကျွန်တော် အပြင်လူတွေပြောတာကြားရတာတော့ ခင်ဗျားမှာဒုတိယဦးလေးရှိသေးတယ်ဆို"

ကျန်းရီဖေး၏မျက်နှာက နည်းနည်းလေး တောင့်တင်းသွားပြီး ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်တယ်"ဟုတ်တယ်။ဒါပေမဲ့ သူသေသွားပြီ"

လင်းယုတုန်က"တောင်းပန်ပါတယ်"လိုခြောက်ကပ်စွာပြောလိုက်ပြီး လမ်းတစ်လျှောက်လုံး တိတ်ဆိတ်သွားတယ်။

မကြာခင် သူတို့က ကျန်းမိသားစုဘိုးဘေးအိမ်တော်ကို ရောက်ရှိလာပြီး ဂိတ်တံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီး ကားသည် ဂရုတစိုက်နှင့် ကတ္တရာလမ်းတစ်ဖက်စီမှာထင်းရှူးပင်တွေစိုက်ပျိုးထားတဲ့ လမ်းကြောင်းအတိုင်း မောင်းဝင်လာခဲ့တယ်။အိန်တော်ထိန်းဝမ်ဘိုက ဗီလာရှေ့ရှိဥယျာဉ်ရှေ့မှာ သူတို့ကို စောင့်မျှော်နေပြီး သူကရှေ့တက်လာပြီး ကားတံခါးဖွင့်ပေးလိုက်ပြီး ကြင်နာပြီး နူးညံ့တဲ့အပြုံးနှင့် ပြောလိုက်တယ်"သခင်လေး သခင်မလေး မင်းတို့ နောက်ဆုံးတော့ ရောက်ပြီ"

ကျန်းရီဖေးက လင်းယုတုန်ကို ဝမ်ဘိုနှင့်မိတ်ဆက်ပေးလိုက်တယ်"ဒါက ဝမ်ဘိုလေ။ကိုယ်မင်းကိုပြောပြဖူးတယ်လေ"

လင်းယုတုန်က ခေါင်းငြိမ့်လိုက်တယ်"မင်္ဂလာပါ ဝမ်ဘို ကျွန်တော့်ကို ရှောင်လင်းလို့ခေါ်လို့ရတယ်"

သခင်မလေး ငါ့ခြေထောက်ဘဲ!

ဝမ်ဘိုက အလျော့မပေးဘဲ ပြောလိုက်တယ်"ဘယ်လိုလုပ်ပြီး ဒီလိုလုပ်လို့ဖြစ်မှာလဲ?မင်းက ကျွန်တော်တို့သခင်လေးရဲ့ချစ်သူလေ။ဒါက သခင်မလေးဆိုတဲ့ အဓိပ္ပာယ်ဘဲလေ...သခင်....."

ရုတ်တရက် သူက ကားပေါ်က ဆင်းလာတဲ့ လင်းကျီဆောင်နှင့်ချန်စုနင်တို့ကိုနှုတ်ဆက်လိုက်ပြီး တောင်းပန်စကားပြောလိုက်တယ်"တံခါးစောင့်က လူကြီးမင်းလင်းနဲ့လင်းသခင်မတို့ လာမယ်ဆိုတာ သတင်းမပို့ခဲ့ဘူး။နှောင့်နှေးစေခဲ့ရင် ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့"

လင်းဇီဆောင်က အဆင်ပြေကြောင်း ပြောလိုက်တယ်။ကျန်းရီဖေးက လင်းယုတုန်၏အင်္ကျီစကို ညင်သာစွာဆွဲလိုက်ပြီး"မင်း ဝမ်ဘိုနဲ့လိုက်သွားလိုက်နော်။ဘာဘဲဖြစ်ဖြစ် ဒီနေ့တစ်ရက်တော့ ကိုယ်က ဒါကိုဖြေရှင်းရမှာဘဲ"

လင်းယုတုန်က နားယားလာသလို ခံစားရပြီး သူက နားကို ကုတ်လိုက်ပြီး"ခုနတုန်းက ဝမ်ဘိုကဘာပြောတာပါလိမ့်!"

ကျန်းရီဖေးက သူလည်းနားမလည်ကြောင်းပြောလိုက်တယ်။

ကျန်းရီဖေးက ဒီနေ့အိမ်တော်ကိုလာရောက်မည့်အကြောင်း ကြိုပြောထားသော်လည်းဘဲ ကျန်းဟုန်တုနှင့်ဝမ်ပင်းယန်မပြောနှင့် ကျန်းရီနင်ကတောင် ထွကမကြိုခဲ့ဘူး။သူတို့က တစ်ယောက်က သတင်းစာဖတ်ရင်း လက်ဖက်ရည်သောက်နေပြီးတော့ တစ်ယောက်ကတော့ ဖုန်းကစားနေပြီးတော့ နောက်တစ်ယောက်ကတော့ လက်သည်းဆေးဆိုးနေရင်းစောင့်နေခဲ့တယ်။ကျန်းရီဖေးနှင့်လင်းယုတုန်တို့က လင်းကျီဆောင်တို့နှင့်အတူ ဝင်လာတာကိုမြင်တော့ ကျန်းရီနင်က သူတို့ကိုတစ်ချက်သာ မော့ကြည့်လာပြီး ဖုန်းဆက်ဆော့နေတယ်။ကျန်းဟုန်တုကတော့"ကျေးဇူးပြုပြီး လာထိုင်ပါ"လို့အေးစက်စွာပြောလိုက်ပြီး သတင်းစာကိုချလိုက်တယ်။

ဝမ်ပင်းယန်က အပေါ်ထပ်ကနေဆင်းလာပြီး လင်းမိသားစုကို မကြည့်ဘဲ ကျန်းရီဖေးကို ပြောလိုက်တယ်"ရီဖေး မင်းအိမ်ပြန်မလာတာကြာပြီ။မင်းက မင်းမိသားစုကို အသိမပေးဘဲ ဘယ်လိုလုပ် အိမ်ထောင်ပြုရဲတာလဲ?မင်းက ကျန်းမိသားစုကို ဂရုမစိုက်ဘူးလား?သူတွေများတွေက ကျန်းမိသားစုကို ဘယ်လိုမြင်မလဲ?"

ကျန်းရီဖေးက"ကျွန်တော် အလုပ်များနေလို့ပါ တောင်းပန်ပါတယ် အန်တီဝမ်။ဒါပေမဲ့ ကျွန်တော်က ရှောင်တုန်ကို နှစ်ပေါင်းများစွာ လျို့ဝှက်စွာကြိုက်လာခဲ့တာ။ဒါကြောင့် သူက ကျွန်တော်ကို့ အလုပ်အကိုင်အခြေကျသွားတဲ့စောင့်ပေးဖို့ ကတိပေးခဲ့တယ်။ဒါကြောင့် ကျွန်တော်တို့က ဒီကိုလာခဲ့တာဘဲ။သားသမီးကို ဂရုစိုက်ပေးတဲ့ မိဘတွေအတွက်တော့..ဒါက တကယ်ကို ထင်ရှားလွန်းပါတယ်"

ဝမ်ပင်းယန်က ကြောင်အသွားပြီး ကျန်းဟုန်တုက ပြောလိုက်တယ်"ကောင်းပြီ ဒီလိုမျိုးမပြောနဲ့တော့"

နောက်တော့ သူက လင်းကျီဆောင်ဘက်ကို လှည့်ပြောလိုက်တယ်"မစ္စတာလင်း ခင်ဗျားက ကလေးနှစ်ယောက်အတူရှိနေတာကို သဘောတူသလား?"

ဝမ်ပင်းယန်က ပြောလိုက်တယ်"သူတို့က ဘယ်လိုလုပ် သဘောတူမှာလဲ?ဒါက လူမှုအသိုင်းအဝိုင်းမှာ ရှုံ့ချစရာဘဲမလား?"

လင်းယုတုန်က ဝမ်ပင်းယန်ကို သနားသလိုကြည့်နေပြီး လင်းမားမားက သက်ပြင်းချလိုက်ပြီး"ကျွန်မတို့က သဘောမတူပေမယ့်လည်း ရီဖေးက ကျွန်မတို့ကလေးနဲ့အတူရှိနေချင်တယ်လေ။ဒါကို ကျွန်မတို့ကတားလို့မရဘူး။ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ အိမ်ထောင်ရေးကို ဖောက်ဖျက်ရင် အရာအားလုံးက ငရဲကိုရောက်သွားနိုင်တယ်လေ"

ကျန်းဟုန်တုက မျက်စောင်းထိုးလိုက်ပြီး"မင်းတို့သဘောမတူတာက လူတိုင်းအတွက် အကောင်းဆုံးဘဲ။ငါတို့ကျန်းမိသားစုကလည်း ဒီအိမ်ထောင်ရေးကို သဘောမတူတာကြောင့် ကလေးနှစ်ယောက်သာ တွဲနေရင် ရီဖေးက ကျန်းမိသားစုရဲ့အမွေကို စွန့်လွတ်ရလိမ့်မယ်"

လင်းကျီဆောင်နှင့်ချန်စုနင်တို့က ရပ်တန့်သွားပြီး ကျန်းမိသားစုက သူတို့သားကို ဒီလိုမျိုးဆက်ဆံလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ကျန်းရီဖေးက ကျောက်တုံးကနေများ ထွက်လာလို့လား?

ကျန်းရီဖေးက ကျန်းဟုန်တုကို စိုက်ကြည့်နေပြီး ဘာမှမပြောဘူး။

ကျန်းရီဖေး၏ဘေးတွင်ထိုင်နေတဲ့ လင်းယုတုန်က ဒီလူမှာ မကြုံစဖူး ဖိအားနည်းသွားသလိုခံစားလိုက်ရတယ်။ဒါက ဘယ်လိုအိမ်မျိုးလဲ?အဓိကသားက သခင်မတစ်ယောက်ရဲ့သမီးလောက်တောင် အရေးမပေးခံရပါလား?ကျန်းရီဖေးက ကျန်းမိသားစုရဲ့သားတစ်ယောက်ဘဲလေ။ဒါက အနိုင်ကျင့်လွန်းတာ မဟုတ်ဘူးလား?

ကျန်းရီဖေးရဲ့မတုန်မလှုပ်မျက်ဝန်းတွေက လင်းယုတုန်ရဲ့နှလုံးသားကို ဓားနဲ့ထိုးခံရသလို နာကျင်လာစေတယ်။လင်းယုတုန်ကိုယ်တိုင်က ဒါက မကောင်းဆိုတာ ခံစားမိတယ်။သူက ရုတ်တရက် သူ့ကိုယ်သူ မထိန်းချုပ်တော့ဘဲ စိတ်လိုက်မာန်ပါ ပြောလိုက်တယ်။

သူက ရယ်မောလိုက်တယ်"ဦးလေးကျန်း ခင်ဗျားက တကယ်ဘဲ ဒီကိစ္စသေးသေးလေးကို ဒီလောက်ထိ လုပ်မှာလား?ရီဖေးက ကျန်းမိသားစုရဲ့မြေးတစ်ယောက်ပါ။ ခင်ဗျားက အပြင်လူတွေကိုသာ ဒီလိုအရာကို ရှက်စရာကောင်းတယ်လို့ပြောခဲ့ရင်သူတို့က ဘယ်လိုထင်မှာပါလိမ့်!အော် ကျွန်တော်က ကျန်းမိသားစုက ဘာကြောင့်များ သူတို့မြေးကို ဒီလိုဆက်ဆံလဲဆိုတာ မေးကြည့်ချင်သေးတယ်။ဦးလေးက ဒီလိုမျိုးအမြင်ကျဉ်းတဲ့ဖြစ်မယ်လို့ မထင်ထားဘူး။လူတိုင်းက ဒီမိသားစုမှာ တင်းကျပ်တဲ့စည်းကမ်းတွေရှိတယ်လို့ပြောကြပေမဲ့ ကျွန်တော်ကတော့ ဒီလိုမျိုးမထင်ပါဘူး။တကယ်လို့များ အပြင်လူတွေသာ ကျန်းမိသားစုက ဒီလိုမျိုးဆိုတာ သိရင် သူတို့က ကျန်းမိသားစုကို ရယ်မှာမကြောက်ကြဘူးလား?"

တုံ့ပြန့်မှုနှေးကွေးတဲ့ ကျန်းရီနင်က ချက်ချင်းဘဲ လင်းယုတုန်ကို လက်ညှိုးထိုးလိုက်တယ်"ဟေး!နင်က ကောက်ကျစ်တဲ့မယားငယ်လို ပြောနေတာလား!"

"ထင်ရှားတဲ့မိသားစုမှာရှိနေကတည်းက မင်းက မင်းရဲ့စိတ်ကို ရှင်းရှင်းလင်းလင်းသိထားသင့်တယ်။မဟုတ်ရင် ဒီအရာတွေက မင်းမိသားစုရဲ့ရပ်တည်မှုကိုထိခိုက်လိမ့်မယ်။ကိုယ်တိုင်ကိုက ဆိုးယုတ်တဲ့စိတ်မရှိဘဲနဲ့တော့ ယုတ်မာတဲ့စကားပြောတတ်မှာမဟုတ်ဘူး"

ဝမ်ပင်းယန်က ဒေါသတကြီးနဲ့"နင်!ဟုန်တု ကျွန်မပြောသားဘဲ ဒီလိုလူမျိုးတွေအတွက် တံခါးမဖွင့်ထားပါနဲ့ဆို။ဒါက လူတွေလုပ်စရာလား!အား!"

ကျန်းဟုန်တုက ကျယ်လောင်စွာအော်လိုက်တယ်"ကောင်းပြီ!ရပ်လိုက်တော့!ရီဖေး ငါ မင်းကိုပြောမယ်။မင်း ဒီကလေးနဲ့နေဖို့ ရွေးမှာလား?မဟုတ်ရင် မင်းက အမွေဆက်ဆံခွင့်ကိုလိုချင်သလား?"

ကျန်းရီဖေးက ဘာမှမပြောဘူး။

ကျန်းရီနင်က နှာခေါင်းရှုံ့လိုက်ပြီး"ငါပြောမယ် အကို နင်သေချာစဉ်းစားကြည့်သင့်တယ်။တကယ်လို့နင့်မှာ ပိုက်ဆံသာမရှိရင် မင်းရဲ့ပိုက်ဆံကိုသာ ကြည့်နေတဲ့သူက မင်းကိုထားသွားလိမ့်မယ်"

လင်းယုတုန်က ကျန်းရီဖေးဘက်လှည့်ပြီးပြောလိုက်တယ်"ရီဖေး သူမပြောတာ နားမထောင်နဲ့။မင်းက အမွေဆက်ခံရလိမ့်မယ်။တကယ်လို့ ကျွန်တော်သာ ခင်ဗျားနဲ့အတူရှိချင်ရင် ဘယ်သူက ကျွန်တော့်ကို တားလို့ရမှာလဲ?!"

ကျန်းရီဖေးက လင်းယုတုန်ကို ကြည့်လိုက်ပြီး"ကိုယ်လက်မလျော့ဘူး...."

စကားမဆုံးခင်မှာဘဲ အပြင်ကနေ လူတစ်ယောက်က တံခါးကိုရုတ်တရက် တွန်းဖွင့်လိုက်ပြီး အသက်၃၀အရွယ် ဆံပင်တိုတိုနှင့် သပ်ရပ်စွာဝတ်စားဆင်ယင်ထားတဲ့အမျိုးသမီးတစ်ယောက်က ဝင်လာခဲ့တယ်။

ဝမ်ဘိုက"သခင်မလေး"လို့ခေါ်လိုက်တယ်။

လင်းယုတုန်နှင့်ကျန်းရီဖေးက ဒါကိုနားလည်လိုက်တာနဲ့ စကားဆက်မပြောတော့ဘူး။

ကျန်းဟုန်ရင်က အခန်းထဲကလူတွကို စိုက်ကြည့်လိုက်ပြီး လှောင်လိုက်တယ်"ငါ ကျန်းဟုန်ရင်က မသေသေးဘူး။ဘယ်လိုလုပ်ပြီး ငါ့တူ လက်ထပ်မှာကို တစ်ယောက်ကမှ ငါ့ကိုမပြောရတာလဲ?"

---------------



Continue Reading

You'll Also Like

13.2K 1K 12
Author : Hui Nan Que | 回南雀 Total Chapters : 78 + 12 extras
3.4M 280K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
128K 18.5K 43
Title ✿ He's Not My Shadow Guard, He's My Lover Original Author ✿ Luo Gu Eng Translator : Addis Status : 21 chapters (Complet...
282K 54.8K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.