My Naughty Kitten (Completed)

By TaeYoonKook_Cloud

26.2K 2.8K 31

Kim Taehyung x Min Yoongi Written By : JaejoongHtike More

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 15 (Final)

Part - 14

1K 132 0
By TaeYoonKook_Cloud

(Zawgyi)

ခုခ်ိန္မွာအ႐ူးတပိုင္းျဖစ္ခ်င္ေနတဲ့သူကိုျပပါဆိုရင္ ကြၽန္ေတာ္ကင္မ္ထယ္ေယာင္းကို ျပရပါလိမ့္မယ္...။ ခ်စ္သူေၾကာင္ေပါက္ေလးနဲ႔ ၄ရက္ေလာက္ အဆက္အသြယ္ျပတ္ေနသလို အေျခအေနကလည္း စိုးရိမ္ဖြယ္ရာအတိမဟုတ္လား....။

သတိရတိုင္းဖုန္းဆက္ၾကည့္ေနေတာ့ ေၾကာင္ေပါက္ေလးဆီ ဖုန္းဝင္ေနေသာ္လည္း တစ္ဖက္ကျပန္မေျဖဘူးေလ...။ တကယ္ဆိုခရီးကေနျပန္လာရင္လည္း သူ႕ခ်စ္သူျဖစ္တဲ့ကိုယ့္ကို အေၾကာင္းၾကားသင့္တာကို...။ ေစ့စပ္ပြဲအေၾကာင္းကိုလည္း ေသခ်ာရွင္းျပသင့္တာကို... အခုေတာ့ ဖုန္းမဆက္အေၾကာင္းမၾကားတာ အသာထားဦး ကိုယ္ဖုန္းဆက္တာကိုေတာင္ ျပန္မေျဖတာကေတာ့ လြန္လြန္းေနၿပီ...။

ရက္ရက္စက္စက္အဆက္အသြယ္ျဖတ္ခံရလို႔ တစ္ေယာက္တည္းအသည္းကြဲေနရတာ ပင္ပန္းလွပါၿပီ...။ အေဖာ္အေပါင္းေလးရိွရင္ ပိုေကာင္းလိမ့္မယ္လို႔ေတြးမိလို႔ ကိုယ္နဲ႔ဘဝတူ အခ်စ္ဆံုးသူငယ္ခ်င္းေလး ပက္ခ္ဂ်ီမင္းဆီကို ဖုန္းဆက္ၾကည့္ျပန္ေတာ့လဲ သေကာင့္သားကပါ ဖုန္းျပန္မေျဖေတာ့ေပ...။ ၾကည့္ရတာသူ႕ခမ်ာလည္း အသည္းကြဲေနတာကို ႀကိဳးစားေျဖေဖ်ာက္မလို႔ေနမွာေပါ့...။

"ေၾကာင္ေပါက္ေလးရဲ႕... ဘာလို႔မ်ားဒီေလာက္ရက္စက္ရတာလဲ...??"

နာက်င္ေၾကကြဲရတိုင္း ခ်စ္ရသူရဲ႕ဓာတ္ပံုေလးကိုၾကည့္ကာ တိုင္တည္ရတာလဲအေမာ...။ ခ်စ္ရသူကေတာ့ သစ္စိမ္းခ်ဳိးခ်ဳိးကာ စိမ္းကားရက္ေလၿပီ...။ ဒီတစ္ခါကေတာ့ ကြၽန္ေတာ့္ရဲ႕တလြဲအေတြးေတြ တစ္ခုမွမဟုတ္ေတာ့ဘူး...။ သက္ေသအေထာက္အထားကလည္း ျပည့္စံုေနၿပီမို႔ ေၾကာင္ေပါက္ကိုယ့္ကိုထားခဲ့တာ ေသခ်ာေနေလၿပီ...။

အရင္လို one go two come လည္း မလုပ္ႏိုင္ေတာ့...။ ကင္မ္ထယ္ေယာင္းရဲ႕ရာဇဝင္မွာ ကိုယ့္ဘက္ကေန ခ်န္ထားခဲ့သူေတြခ်ည္းသာ...။ ဒီတစ္ေယာက္ကိုမွ တစ္ဘဝလံုးစာရည္ရြယ္မိတာကို အထားခဲ့ခံရေလျခင္း...။ နာက်ည္းရမယ့္အစား ဝမ္းနည္းေၾကကြဲမိတာက ေၾကာင္ေပါက္ကိုယ့္ရဲ႕ႏွလံုးသားကို ဘယ္ေလာက္ေတာင္မွ လႊမ္းမိုးေနတာလဲဆိုတာရဲ႕ သက္ေသပင္...။

ဒီတိုင္းအိမ္မွာလိွမ့္ပိန္႔ေနလို႔ကေတာ့ ဘာမွမထူး...။ ဖုန္းဆက္မရတဲ့ဂ်ီမင္းကို ကိုယ္တိုင္သြားရွာၿပီး အသည္းကြဲတာကို အတူတူေျဖေဖ်ာက္ရမယ္...။ အေတြးနဲ႔အတူ အေပၚဝတ္အက်ႌကိုေကာက္ဝတ္ကာ အခန္းထဲကေနထြက္လာလိုက္တယ္...။

"ဘယ္သြားမလို႔လဲထယ္ေလး... မိုးခ်ဳပ္ေတာ့မယ္ေလ"

ဒီေန႔မွအလုပ္ေစာျပန္လာတဲ့ေမေမက ဧည့္ခန္းမွာတီဗီြၾကည့္ေနရာကေန လွမ္းေမးတယ္...။ စည္းကမ္းအရမ္းမတင္းၾကပ္တဲ့ မိဘမ်ဳိးမို႔ အထူးတလည္ေတာ့ လိမ္ညာေနစရာမလို...။

"ဂ်ီမင္းရဲ႕အိမ္ကို သြားမလို႔ပါေမေမ...  ညက်ျပန္လာခ်င္မွလည္း ျပန္လာမယ္"

"ေအး ေအး.. ၿပီးတာပဲ.. ဂ႐ုစိုက္သြား.. ကားယူသြားဦးေလ"

"ရတယ္ေမေမ... နီးနီးေလးပဲကို"

ဂ်ီမင္းရဲ႕အိမ္က ေနာက္၂လမ္းေက်ာ္မွာရိွတာမို႔ လမ္းေလွ်ာက္သြားလို႔ရတယ္...။ မခ်ဳပ္ခ်ယ္တဲ့ေမေမက ထယ္ေယာင္းမ်က္ႏွာမေကာင္းတာ သိေပမယ့္လည္း ဘာမွေတာ့မေမး...။ တကယ္လို႔ရင္ဖြင့္ရင္ေတာ့ နားေထာင္ေပးပါလိမ့္မယ္...။ ဒီလိုမိဘမ်ဳိးကို ပိုင္ဆိုင္ထားရတဲ့အတြက္ ထယ္ေယာင္းကိုယ့္ကိုကိုယ္ ကံေကာင္းတယ္လို႔ထင္တယ္...။

ဆိတ္ၿငိမ္ရပ္ကြက္ေနရာမို႔ လမ္းမွာလူျပတ္ေပမယ့္လည္း စိုးရိမ္စရာေတာ့မရိွ...။ ဒီနားကလူေတြက အက်င့္စာရိတၱေကာင္းၾကတယ္ေလ...။ ထယ္ေယာင္းဆို ညႀကီးမိုးခ်ဳပ္လည္း အျပင္ထြက္ၿပီးမုန္႔စားတတ္ေပမယ့္ ဘာအႏၲရာယ္မွမက်ေရာက္ဖူးေပ...။

အေအးဓာတ္ေၾကာင့္ ဝတ္ထားတဲ့ Hoodie ကိုေခါင္းလံုေအာင္ေဆာင္းရင္း လက္၂ဖက္ကိုလည္း ေဘာင္းဘီအိတ္ထဲ ထိုးထည့္ထားလိုက္တယ္...။ ေနာက္ကေနၾကားရတဲ့ ေျခသံတရွပ္ရွပ္ေၾကာင့္ ထယ္ေယာင္းစိတ္ထဲတမ်ဳိးပင္...။ ကိုယ္သြားမယ့္လမ္းနဲ႔ တူေနတဲ့သူပဲျဖစ္မွာပါေလဆိုျပီး စိတ္ကိုျပန္ေလွ်ာ့ခ်ကာ ဆက္ေလွ်ာက္ေနေပမယ့္ ေျခသံကတျဖည္းျဖည္းနဲ႔ ပိုနီးကပ္လာသလိုပင္...။

"ကင္မ္ထယ္ေယာင္း...!!!"

ေနာက္ကေနေခၚလိုက္တဲ့အသံေၾကာင့္ ထယ္ေယာင္းခ်ာခနဲလွည့္ၾကည့္လိုက္ေတာ့ သူလံုးဝမေမွ်ာ္လင့္ထားတဲ့ လူတစ္ေယာက္...။

"အစ္ကိုဟိုေဆာ့...???"

ေတြ႕ခ်င္ေနသူမွာေၾကာင္ေပါက္ျဖစ္ေပမယ့္လည္း ဟိုေဆာ့ကိုေတြ႕ရတာကပဲ ေမွ်ာ္လင့္ခ်က္တစ္ဝက္ကို ေတာက္ပေစတာမို႔ ထယ္ေယာင္းအတန္ငယ္ေတာ့ ဝမ္းသာသြားရတယ္...။ တဆက္တည္းမွာပင္ သူသိလိုတာကို ပ်ာပ်ာသလဲေမးျမန္းလိုက္တယ္...။

"အစ္ကိုဟိုေဆာ့တို႔ ေစ့စပ္တာက တကယ္မဟုတ္ဘူးမလားဟင္... လူႀကီးေတြအတင္းအၾကပ္ စီစဥ္လို႔မဟုတ္လား"

သိလိုစိတ္နဲ႔ပ်ာေလာင္ခတ္ေနတဲ့ ထယ္ေယာင္းကိုၾကည့္ၿပီး ဟိုေဆာ့ညစ္က်ယ္က်ယ္ၿပံဳးလိုက္မိတယ္...။ ဘယ္ဆိုးလို႔လဲ ဒီေကာင္က ေၾကာင္စုတ္ကိုစိတ္ပ်က္မသြားဘူးပဲရယ္လို႔ ေတြးမိတာေၾကာင့္ အတန္ငယ္ေတာ့စိတ္ခ်သြားတယ္...။ တကယ္ဆိုသူလိုရည္းစားမ်ားသူက ေၾကာင္စုတ္တျခားတစ္ေယာက္နဲ႔ ေစ့စပ္သြားၿပီဆိုရင္ လက္ေလွ်ာ့သြားလိမ့္မယ္ထင္မိတာ...။

"အဲလိုေတာ့မဟုတ္ဘူးကြ... ငါတို႔ကငယ္ငယ္တည္းက ေစ့စပ္ထားၾကတာေလ... ငါတို႔ဘာသာ ဘယ္ေလာက္ပဲရည္းစားထားထား အခ်ိန္တန္သူနဲ႔ပဲယူရမွာပဲ"

ညိႇဳးငယ္သြားတဲ့ထယ္ေယာင္းရဲ႕မ်က္ႏွာေလးေၾကာင့္ ဟိုေဆာ့ေက်နပ္သြားရျပန္တယ္...။ ကိုယ့္အလွည့္တုန္းက ေဆးထိုးထားတဲ့ေၾကာင္စုတ္ကို ပညာျပရမယ္ဆိုျပီး ေျပာလိုက္မိတာေပမယ့္ ျပန္ရရွိတဲ့ထယ္ေယာင္းရဲ႕ တုန္႔ျပန္မႈက အားရဖြယ္ရာပင္...။

"ဒါဆိုရင္ ေၾကာင္ေပါက္ အဲေလ အစ္ကိုယြန္းဂီကလဲ ေက်ေက်နပ္နပ္နဲ႔ လက္ခံတာေပါ့ေနာ္... သူ.. သူ ကြၽန္ေတာ့္ကိုတကယ္မခ်စ္ဘူးေပါ့"

"အင္း... ခ်စ္ရင္လည္းခ်စ္မွာေပါ့.. ငါလည္းမေျပာတတ္ဘူးေလ"

ေခါင္းငံု႔ကာၿငိမ္က်သြားတဲ့ထယ္ေယာင္းက ဟိုေဆာ့ရဲ႕အၿပံဳးေတြကို မျမင္ႏိုင္ခဲ့ပါ...။

"ကြၽန္ေတာ္သူနဲ႔တစ္ခါေလာက္ ေတြ႕ၾကည့္လို႔ရမလားဟင္... သူ႕ကိုေမးၾကည့္ခ်င္တယ္... ကြၽန္ေတာ့္ကို တကယ္ခ်စ္ခဲ့တာလားလို႔"

"ခ်စ္တယ္ဆိုရင္ေတာင္ မင္းနဲ႔သူေပါင္းလို႔မရဘူးေလ... သူကငါနဲ႔ပဲလက္ထပ္မွာ"

ဟိုေဆာ့ဝံ့ဝံ့ႂကြားႂကြားေလးေျပာေတာ့ ထယ္ေယာင္းရဲ႕မ်က္ႏွာက ၿပိဳေတာ့မယ့္မိုးလို ေမွာင္မဲလို႔သြားခဲ့တယ္....။

"အနည္းဆံုးေတာ့ ခ်စ္ခဲ့တယ္ဆိုတာသိရင္ ကြၽန္ေတာ္ဆက္ၿပီးရပ္တည္သြားႏိုင္မွာပါ... သူ႕ရဲ႕ဆံုးျဖတ္ခ်က္ကို ကြၽန္ေတာ္လက္ခံမွာပါ"

"အဟက္ ကင္မ္ထယ္ေယာင္းမဟုတ္တဲ့အတိုင္းပဲ... ဘာေတြတြယ္ကပ္ေနတာလဲ.. ေနာက္တစ္ေယာက္ရွာေလ... မင္းမွာေပါတယ္မလား"

ထိုစကားက ထယ္ေယာင္းကိုငိုခ်င္ရက္လက္တို႔ ျဖစ္သြားေစတယ္...။ ခုနကတည္းက ဝမ္းနည္းေနပါတယ္ဆိုမွ အရင္ကရည္းစားမ်ားခဲ့တာကိုပဲ လာပုတ္ခတ္ေနျပန္ၿပီေလ...။

"ကြၽန္ေတာ္က မင္ယြန္းဂီကိုပဲခ်စ္တာေလ.. အရင္က အေပ်ာ္ရည္းစားထားတာပါ.. သူနဲ႔တြဲၿပီးမွ ကြၽန္ေတာ္မ႐ႈပ္ေတာ့တာကို... အစ္ကိုဟိုေဆာ့က မညႇာမတာႀကီးေျပာရက္တယ္ အီး ဟီး"

ကေလးတစ္ေယာက္လို အသံၿပဲႀကီးနဲ႔ေအာ္ငိုေနတဲ့ ထယ္ေယာင္းကိုၾကည့္ရင္း ဟိုေဆာ့ဟက္ထိသြားတာေတာ့ အမွန္ပါပဲ...။ ဒီကေလးက ေၾကာင္စုတ္ကိုတကယ္ခ်စ္တာပါလားဆိုတဲ့ အေတြးေၾကာင့္မို႔ ေၾကာင္စုတ္အတြက္ စိတ္ခ်သြားရပါၿပီ...။ အေတြးနဲ႔အတူ ဟိုေဆာ့ၿပံဳးလိုက္ရင္း ငိုေနတဲ့ထယ္ေယာင္းကို ႏွစ္သိမ့္တဲ့အေနနဲ႔ ဆြဲဖက္လိုက္ေတာ့ သူ႕ပခံုးေပၚမွာ ထယ္ေယာင္းရဲ႕မ်က္ရည္ေတြ စြန္းထင္းကုန္တယ္...။

"မငိုနဲ႔ေတာ့... မင္းငါနဲ႔လိုက္ခဲ့မလား"

"အဟင့္.. ဘယ္ကိုလဲဟင္...??"

လူခ်င္းအခြာမွာ ဟိုေဆာ့ေမးလိုက္ေတာ့ ထယ္ေယာင္းတစ္ေယာက္ မ်က္ရည္ေတြကိုသုတ္ရင္း ျပန္ေမးလာတယ္...။ ဟိုေဆာ့က သူ႕ကိုဖက္ၿပီးႏွစ္သိမ့္တဲ့အတြက္ အတန္ငယ္စိတ္သက္သာရာ ရသြားတာေတာ့အမွန္...။ ခုလည္း သူနဲ႔လိုက္ဖို႔ေခၚေနျပန္ၿပီ... ေၾကာင္ေပါက္ေလးနဲ႔ ေတြ႕ေပးေတာ့မယ္ထင္ပါရဲ႕...။

"မင္းကိုငါခိုးေျပးမလို႔ေလ"

"ဟမ္... ဘာႀကီး...?? မျဖစ္ဘူးေလ"

႐ုတ္တရတ္ ေပါက္ကရအေတြးေပါက္သြားတဲ့ထယ္ေယာင္း သူ႕ကိုယ္သူလက္၂ဖက္နဲ႔ကာထားရင္း ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ေနာက္သို႔ေျခ၃လွမ္းေလာက္ ဆုတ္သြားခဲ့တယ္...။ ဟိုေဆာ့ကေတာ့ သူ႕အျဖစ္ကိုၾကည့္ၿပီး တဟားဟားနဲ႔ကို ေအာ္ရယ္ေတာ့တယ္...။

"အစ္ကိုဟိုေဆာ့က ဂ်ီမင္းရိွရက္နဲ႔ ေၾကာင္ေပါက္ကိုလက္ထပ္မွာက ထားပါေတာ့ေလ.. အခုဘာလို႔ ထယ္ထယ့္ကိုပါခိုးေျပးမွာလဲ... မရဘူးေနာ္... မလိုက္ဘူး"

ခုနကအတန္ငယ္ရင္းႏီွးသြားတဲ့ အေျခအေနေလးေၾကာင့္ သူ႕ကိုယ္သူထယ္ထယ္လို႔ေတာင္ ေျပာင္းလဲသံုးႏႈန္းလိုက္တဲ့ ထယ္ေယာင္းကို ေၾကာင္စုတ္ခ်စ္မိသြားတာလည္း မွန္ပါတယ္ရယ္လို႔ ဟိုေဆာ့ေတြးမိျပန္တယ္...။ ဟုတ္တယ္.. ကင္မ္ထယ္ေယာင္းက ခ်စ္ဖို႔ေကာင္းလြန္းသည္ေလ... မိုခ်ီ႕ကိုေတာ့ မမီွေပမယ့္လို႔ေပါ့...။

"ယြန္းဂီကခိုးခိုင္းလိုက္တာ... သူနဲ႔မိုခ်ီက ေနဖို႔ေနရာစီစဥ္ေနလို႔ ငါကသူ႕အစားမင္းကိုလာခိုးတာ... လိုက္မွာလား မလိုက္ဘူးလား... ငါစိတ္မရွည္ဘူးေနာ္"

"အစ္ကိုဟိုေဆာ့ကလည္း အဲဒါမ်ားေစာေစာစီးစီးမေျပာဘူး... လိုက္မွာေပါ့လို႔ အဟီး"

"နည္းနည္းပါးပါးေတာင္ မမူေတာ့ဘူးလား"

ဟိုေဆာ့စကားေၾကာင့္ ထယ္ေယာင္းက boxy smile ေလးနဲ႔ရယ္ျပျပန္တယ္...။

"မူေနစရာလားလို႔... ေၾကာင္ေပါက္နဲ႔သာဆို တေရးႏိုးထေမးလည္း ေခါင္းညိတ္မွာ"

ဟိုေဆာ့ကေတာ့ မႏိုင္စိန္ထယ္ေယာင္းေၾကာင့္ ရယ္ေမာရင္းေခါင္းတခါခါျဖစ္ေနတယ္...။ ငိုရယ္ရယ္လိုက္နဲ႔မို႔ ႐ုပ္ကေၾကာင္ေခ်း႐ုပ္ျဖစ္ေနၿပီေလ...။ အင္းေပါ့... ေၾကာင္စုတ္ရဲ႕ရည္းစားဆိုမွေတာ့ ေၾကာင္ေခ်း႐ုပ္ျဖစ္ေနတာ ဆန္းမွမဆန္းတာ...။ အခုေတာ့ ထိုေၾကာင္ေခ်းထယ္ထယ္ေလးကိုပဲ ခ်ိန္းထားတဲ့ေနရာဆီသို႔ ဟိုေဆာ့ေခၚလာခဲ့လိုက္တယ္...။

ခ်ိန္းဆိုထားတဲ့ေကာ္ဖီဆိုင္ေလးမွာ ထိုင္မရထမရျဖစ္ေနသူက ယြန္းဂီမဟုတ္ပဲ ဂ်ီမင္းျဖစ္ေနတယ္...။ ယြန္းဂီကေတာ့ မွာထားတဲ့ခ်ိစ္ကိတ္ေလးကို တျဖည္းျဖည္းခ်င္း ဖဲ့စားေနေလတယ္...။

"သူတို႔ကလည္းၾကာလိုက္တာ.. အဆင္ေျပပါ့မလားမသိဘူး... အမွန္ဆိုအစ္ကိုယြန္းဂီကိုယ္တိုင္ ဖုန္းဆက္လွမ္းေခၚရင္ ထယ္ေယာင္းကေသခ်ာေပါက္ ေရာက္လာမွာကို"

အဆန္းထြင္လြန္းတဲ့ယြန္းဂီကို ဂ်ီမင္းနားမလည္ႏိုင္တာေၾကာင့္ အထြန္႔တက္မိတယ္...။ ယြန္းဂီကေတာ့ သူ႕အႀကံနဲ႔သူမို႔ ၿပံဳးလို႔သာေနတယ္...။

"ဒီေလာက္လြယ္ေနရင္ငါမွစိတ္မဝင္စားတာ... ငါကိုယ္တိုင္ေခၚမွာနဲ႔ သူ႕ကိုအျမင္သိပ္မၾကည္တဲ့ ေဆာ့ေဆာ့သြားေခၚတာက ဘာေတြကြာျခားလဲဆိုတာ သူတို႔ေရာက္လာမွ မင္းသိရမယ္"

အၿမဲတမ္းကိုယ္ေတြခ်စ္သူၾကားမွာ အဖ်က္သမားလုပ္တတ္တဲ့ ခပ္ဆိုးဆိုးဉာဥ္ေတြရိွတဲ့ယြန္းဂီကို ဂ်ီမင္းအထင္ေတာ့မေသးရဲပါ...။ ခုလိုေသြးေအးေနပံုေထာက္ရင္ သူတစ္ခုခုေတာ့ ၾကံစည္ထားတာေသခ်ာတယ္...။ ထိုအခ်ိန္မွာပင္ ဆိုင္ထဲဝင္လာတဲ့ ဟိုေဆာ့နဲ႔ထယ္ေယာင္းေၾကာင့္ ဂ်ီမင္းဝမ္းသာသြားတယ္...။

"ကဲ.. ဂ်ီမင္းနီေလး ၾကည့္လိုက္ေလ...  သူတို႔ထူးျခားေနတယ္မထင္ဘူးလား"

သူ႕လိုပင္ဆိုင္ေပါက္ဝကို လွမ္းေငးေနတဲ့ယြန္းဂီက ေထာက္ျပလိုက္ေတာ့မွပဲ ဂ်ီမင္းလည္းထူးျခားခ်က္ကို သတိျပဳမိသြားတယ္...။ ဟုတ္ပါသည္... ထယ္ေယာင္းကိုအျမင္မၾကည္တဲ့ သူ႕ခ်စ္သူဟိုေဆာ့ကီက ဒီတစ္ခါေတာ့ ထယ္ေယာင္းရဲ႕ပခံုးကိုဖက္ထားရင္း ရယ္ရယ္ေမာေမာစကားေျပာေနတယ္...။ ၾကည့္ေနတုန္းမွာပင္ သူတို႔ကလည္း ကိုယ္တို႔ကိုျမင္သြားတာေၾကာင့္ ခပ္သုတ္သုတ္ေလး လွမ္းေလွ်ာက္လာတယ္...။ အထူးသျဖင့္ ဟိုေကာင္စပ္စလူး ကင္မ္ထယ္ေယာင္းေပါ့...။

"လြမ္းလိုက္တာယြန္းဂီရာ.. ထယ္ထယ့္ကိုပစ္သြားၿပီမွတ္လို႔ ငိုလိုက္ရတာေသေတာ့မယ္"

ဒီတခါေတာ့သူအိုဗာေျပာတာမဟုတ္မွန္း ငိုထားသလိုမို႔ေနတဲ့ မ်က္ဝန္းေလးေတြက သက္ေသျပေနတယ္...။ သူ႕ထက္အေကာင္ေသးတဲ့ ယြန္းဂီရဲ႕ရင္ခြင္ထဲကို ပက္ခြၽဲနပ္ခြၽဲနဲ႔တိုးဝင္လိုက္တာက ၾကည့္ရသိပ္မဆိုးလွပါ...။ ေျပာရရင္သူတို႔၂ေယာက္ကလည္း ကိုယ္နဲ႔ဟိုေဆာ့ကီတို႔အတြဲလိုပင္ ခ်စ္စရာေကာင္းသည္ေလ...။

"ဒီေလာက္ခ်စ္စရာေကာင္းတဲ့ထယ္ထယ္ေလးကို ပစ္သြားစရာလား... ငါလည္း အရမ္းလြမ္းေနတာပါကြာ"

ထယ္ေယာင္းရဲ႕မ်က္ႏွာကိုဆြဲေမာ့ရင္း ႏႈတ္ခမ္းခ်င္းထိကပ္နမ္းေနတဲ့ယြန္းဂီေၾကာင့္ ဂ်ီမင္းႏွာေခါင္း႐ံႈ႕ကာ သူ႕ခ်စ္သူဟိုေဆာ့ကီကိုသာ လွမ္းၾကည့္လိုက္တယ္...။ အံ့ဩဖို႔ေကာင္းေပစြ... တမိုးေအာက္တစ္ေယာက္ ေဂ်ာင္ဟိုေဆာ့က သူတို႔အတြဲကိုၾကည့္ကာ သေဘာက်ႏွစ္ၿခိဳက္စြာ ၿပံဳးေနတယ္ေလ...။

"ဘယ္လိုလဲေဆာ့ေဆာ့... ငါ့ထယ္ေလးကို အျမင္မၾကည္တာေတြ မရိွေတာ့ဘူးမလား"

ယြန္းဂီရဲ႕တထစ္ခ်ေျပာတဲ့စကားကို ဟိုေဆာ့ကလည္း ဟုတ္မွန္ေၾကာင္း ေခါင္းညိတ္ရင္းအေျဖေပးတယ္...။

"ဟုတ္တယ္... သူကမင္းကိုေတာ့ ေတာ္ေတာ္ခ်စ္ရွာသား... ငါသူ႕ကိုေကာင္းေကာင္းႀကီး အထင္လြဲေနခဲ့တာပဲ"

ထိုစကားေၾကာင့္ အံ့ဩသြားရသူက ဂ်ီမင္းပဲျဖစ္တယ္...။ အရင္ကဆို ကိုယ့္ဘက္ကေန ထယ္ေယာင္းကိုကာကြယ္ေျပာဆိုတိုင္း စိတ္ဆိုးတတ္တဲ့ဟိုေဆာ့က ခုေတာ့လည္းအဆင္ကိုေျပလို႔...။ ယြန္းဂီေျပာတဲ့ သူကိုယ္တိုင္ေခၚတာနဲ႔ ဟိုေဆာ့သြားေခၚတာရဲ႕ ျခားနားခ်က္ကို ဂ်ီမင္းသေဘာေပါက္သြားေလၿပီ...။

"ငါေျပာပါတယ္... မင္းမွမယံုတာကို"

ထယ္ေယာင္းကိုဖက္ထားရင္းနဲ႔ ယြန္းဂီကဂုဏ္ယူစြာေျပာေနတယ္...။ ထယ္ေယာင္းကလည္း ခုက်မွပဲကေလးေလးလို ယြန္းဂီရဲ႕ရင္ခြင္က်ဥ္းက်ဥ္းေလးထဲမွာ ၿငိမ္ၿငိမ္ေလးေနေနတယ္...။

"ဟုတ္တယ္... တကယ္ဆိုမင္းတို႔အရင္ခိုးေျပးၿပီး မျဖစ္မေနယူသြားၾကလည္း ငါ့မွာစိတ္ထဲတထင့္ထင့္ျဖစ္ေနရမွာ.. ထယ္ေယာင္းမ်ားမင္းကို တခ်ိန္ခ်ိန္မွာ ၿငီးေငြ႕ၿပီးပစ္သြားမလားဆိုၿပီးေတာ့ေလ... ရည္းစားသက္တမ္းကလည္း အရမ္းမၾကာေသးဘူးကိုး... ခုေတာ့ငါလံုးဝစိတ္ခ်သြားၿပီ"

ဂ်ီမင္းလည္းခုမွ ယြန္းဂီကိုပိုေလးစားမိသြားတယ္...။ ခပ္ဆိုးဆိုးဉာဥ္ေလးရိွေပမယ့္လည္း ကိုယ္ေတြအားလံုးထက္ ဉာဏ္ေျပးတာကေတာ့ မေလးစားပဲကိုမေနႏိုင္ပါ...။ ၿပီးေတာ့သူက ထယ္ေယာင္းကို အရမ္းယံုၾကည္လြန္းတယ္...။ ကိုယ္ေတာင္ အနီးကပ္ေပါင္းလာတဲ့ သူငယ္ခ်င္းျဖစ္ၿပီး ထယ္ေယာင္းရဲ႕စိတ္မၿငိမ္သက္မႈေၾကာင့္ ယြန္းဂီနဲ႔ျပတ္စဲသြားမလား စိုးရိမ္ခဲ့ဖူးသည္ပဲ...။

"အခုေဆာ့ေဆာ့အလွည့္ၿပီးေတာ့ ဂ်ီမင္းနီအလွည့္... ငါ့ကို္ကူညီေပးမယ္မလား ဂ်ီမင္းနီ"

ကိုယ့္ကိုတည့္တည့္ၾကည့္ကာ ေမးလာတဲ့ယြန္းဂီကို ဂ်ီမင္းအားတက္သေရာနဲ႔ ေခါင္းညိတ္ျပလိုက္တယ္...။ သူတို႔ခုလိုအဆင္ေျပသြားတာကို ေဘးလူျဖစ္တဲ့ကိုယ္က အရမ္းကိုဝမ္းသာေနၿပီေလ...။

"ကြၽန္ေတာ္ဘာလုပ္ေပးရမလဲ အစ္ကိုယြန္းဂီ"

"ဘာမွမခက္ပါဘူး... ထယ္ထယ့္အိမ္ကို ဖုန္းဆက္ေပး႐ံုပါပဲ... သူ႕သားေခ်ာေခ်ာေလးကို မင္ယြန္းဂီခိုးေျပးသြားၿပီလို႔ေလ"

ထိုစကားအဆံုးမွာ သူတို႔၄ေယာက္လံုး အတူတူရယ္ေမာမိၾကတယ္...။ ျပႆနာတစ္ခုက အဆင္ေျပေျပနဲ႔ ေျဖရွင္းလို႔ၿပီးသြားၿပီပဲ...။ မိဘေတြသေဘာမတူမွာလည္း သူတို႔ေၾကာက္မေနပါ...။ တစ္ဦးတည္းေသာသားေတြမို႔ အခ်ိန္တန္ရင္ျပန္ေခၚမွာပဲေလ...။

တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ ၾကည့္ကာၿပံဳးေနၾကတဲ့ ထယ္ေယာင္းနဲ႔ယြန္းဂီရဲ႕အၿပံဳးေတြက ဒီေန႔က်မွပိုၿပီးသက္ဝင္ေတာက္ပေနခဲ့တယ္...။

To Be Continued.......


(Unicode)

ခုချိန်မှာအရူးတပိုင်းဖြစ်ချင်နေတဲ့သူကိုပြပါဆိုရင် ကျွန်တော်ကင်မ်ထယ်ယောင်းကို ပြရပါလိမ့်မယ်...။ ချစ်သူကြောင်ပေါက်လေးနဲ့ ၄ရက်လောက် အဆက်အသွယ်ပြတ်နေသလို အခြေအနေကလည်း စိုးရိမ်ဖွယ်ရာအတိမဟုတ်လား....။

သတိရတိုင်းဖုန်းဆက်ကြည့်နေတော့ ကြောင်ပေါက်လေးဆီ ဖုန်းဝင်နေသော်လည်း တစ်ဖက်ကပြန်မဖြေဘူးလေ...။ တကယ်ဆိုခရီးကနေပြန်လာရင်လည်း သူ့ချစ်သူဖြစ်တဲ့ကိုယ့်ကို အကြောင်းကြားသင့်တာကို...။ စေ့စပ်ပွဲအကြောင်းကိုလည်း သေချာရှင်းပြသင့်တာကို... အခုတော့ ဖုန်းမဆက်အကြောင်းမကြားတာ အသာထားဦး ကိုယ်ဖုန်းဆက်တာကိုတောင် ပြန်မဖြေတာကတော့ လွန်လွန်းနေပြီ...။

ရက်ရက်စက်စက်အဆက်အသွယ်ဖြတ်ခံရလို့ တစ်ယောက်တည်းအသည်းကွဲနေရတာ ပင်ပန်းလှပါပြီ...။ အဖော်အပေါင်းလေးရှိရင် ပိုကောင်းလိမ့်မယ်လို့တွေးမိလို့ ကိုယ်နဲ့ဘဝတူ အချစ်ဆုံးသူငယ်ချင်းလေး ပက်ခ်ဂျီမင်းဆီကို ဖုန်းဆက်ကြည့်ပြန်တော့လဲ သကောင့်သားကပါ ဖုန်းပြန်မဖြေတော့ပေ...။ ကြည့်ရတာသူ့ခမျာလည်း အသည်းကွဲနေတာကို ကြိုးစားဖြေဖျောက်မလို့နေမှာပေါ့...။

"ကြောင်ပေါက်လေးရဲ့... ဘာလို့များဒီလောက်ရက်စက်ရတာလဲ...??"

နာကျင်ကြေကွဲရတိုင်း ချစ်ရသူရဲ့ဓာတ်ပုံလေးကိုကြည့်ကာ တိုင်တည်ရတာလဲအမော...။ ချစ်ရသူကတော့ သစ်စိမ်းချိုးချိုးကာ စိမ်းကားရက်လေပြီ...။ ဒီတစ်ခါကတော့ ကျွန်တော့်ရဲ့တလွဲအတွေးတွေ တစ်ခုမှမဟုတ်တော့ဘူး...။ သက်သေအထောက်အထားကလည်း ပြည့်စုံနေပြီမို့ ကြောင်ပေါက်ကိုယ့်ကိုထားခဲ့တာ သေချာနေလေပြီ...။

အရင်လို one go two come လည်း မလုပ်နိုင်တော့...။ ကင်မ်ထယ်ယောင်းရဲ့ရာဇဝင်မှာ ကိုယ့်ဘက်ကနေ ချန်ထားခဲ့သူတွေချည်းသာ...။ ဒီတစ်ယောက်ကိုမှ တစ်ဘဝလုံးစာရည်ရွယ်မိတာကို အထားခဲ့ခံရလေခြင်း...။ နာကျည်းရမယ့်အစား ဝမ်းနည်းကြေကွဲမိတာက ကြောင်ပေါက်ကိုယ့်ရဲ့နှလုံးသားကို ဘယ်လောက်တောင်မှ လွှမ်းမိုးနေတာလဲဆိုတာရဲ့ သက်သေပင်...။

ဒီတိုင်းအိမ်မှာလှိမ့်ပိန့်နေလို့ကတော့ ဘာမှမထူး...။ ဖုန်းဆက်မရတဲ့ဂျီမင်းကို ကိုယ်တိုင်သွားရှာပြီး အသည်းကွဲတာကို အတူတူဖြေဖျောက်ရမယ်...။ အတွေးနဲ့အတူ အပေါ်ဝတ်အင်္ကျီကိုကောက်ဝတ်ကာ အခန်းထဲကနေထွက်လာလိုက်တယ်...။

"ဘယ်သွားမလို့လဲထယ်လေး... မိုးချုပ်တော့မယ်လေ"

ဒီနေ့မှအလုပ်စောပြန်လာတဲ့မေမေက ဧည့်ခန်းမှာတီဗွီကြည့်နေရာကနေ လှမ်းမေးတယ်...။ စည်းကမ်းအရမ်းမတင်းကြပ်တဲ့ မိဘမျိုးမို့ အထူးတလည်တော့ လိမ်ညာနေစရာမလို...။

"ဂျီမင်းရဲ့အိမ်ကို သွားမလို့ပါမေမေ...  ညကျပြန်လာချင်မှလည်း ပြန်လာမယ်"

"အေး အေး.. ပြီးတာပဲ.. ဂရုစိုက်သွား.. ကားယူသွားဦးလေ"

"ရတယ်မေမေ... နီးနီးလေးပဲကို"

ဂျီမင်းရဲ့အိမ်က နောက်၂လမ်းကျော်မှာရှိတာမို့ လမ်းလျှောက်သွားလို့ရတယ်...။ မချုပ်ချယ်တဲ့မေမေက ထယ်ယောင်းမျက်နှာမကောင်းတာ သိပေမယ့်လည်း ဘာမှတော့မမေး...။ တကယ်လို့ရင်ဖွင့်ရင်တော့ နားထောင်ပေးပါလိမ့်မယ်...။ ဒီလိုမိဘမျိုးကို ပိုင်ဆိုင်ထားရတဲ့အတွက် ထယ်ယောင်းကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့ထင်တယ်...။

ဆိတ်ငြိမ်ရပ်ကွက်နေရာမို့ လမ်းမှာလူပြတ်ပေမယ့်လည်း စိုးရိမ်စရာတော့မရှိ...။ ဒီနားကလူတွေက အကျင့်စာရိတ္တကောင်းကြတယ်လေ...။ ထယ်ယောင်းဆို ညကြီးမိုးချုပ်လည်း အပြင်ထွက်ပြီးမုန့်စားတတ်ပေမယ့် ဘာအန္တရာယ်မှမကျရောက်ဖူးပေ...။

အအေးဓာတ်ကြောင့် ဝတ်ထားတဲ့ Hoodie ကိုခေါင်းလုံအောင်ဆောင်းရင်း လက်၂ဖက်ကိုလည်း ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားလိုက်တယ်...။ နောက်ကနေကြားရတဲ့ ခြေသံတရှပ်ရှပ်ကြောင့် ထယ်ယောင်းစိတ်ထဲတမျိုးပင်...။ ကိုယ်သွားမယ့်လမ်းနဲ့ တူနေတဲ့သူပဲဖြစ်မှာပါလေဆိုပြီး စိတ်ကိုပြန်လျှော့ချကာ ဆက်လျှောက်နေပေမယ့် ခြေသံကတဖြည်းဖြည်းနဲ့ ပိုနီးကပ်လာသလိုပင်...။

"ကင်မ်ထယ်ယောင်း...!!!"

နောက်ကနေခေါ်လိုက်တဲ့အသံကြောင့် ထယ်ယောင်းချာခနဲလှည့်ကြည့်လိုက်တော့ သူလုံးဝမမျှော်လင့်ထားတဲ့ လူတစ်ယောက်...။

"အစ်ကိုဟိုဆော့...???"

တွေ့ချင်နေသူမှာကြောင်ပေါက်ဖြစ်ပေမယ့်လည်း ဟိုဆော့ကိုတွေ့ရတာကပဲ မျှော်လင့်ချက်တစ်ဝက်ကို တောက်ပစေတာမို့ ထယ်ယောင်းအတန်ငယ်တော့ ဝမ်းသာသွားရတယ်...။ တဆက်တည်းမှာပင် သူသိလိုတာကို ပျာပျာသလဲမေးမြန်းလိုက်တယ်...။

"အစ်ကိုဟိုဆော့တို့ စေ့စပ်တာက တကယ်မဟုတ်ဘူးမလားဟင်... လူကြီးတွေအတင်းအကြပ် စီစဉ်လို့မဟုတ်လား"

သိလိုစိတ်နဲ့ပျာလောင်ခတ်နေတဲ့ ထယ်ယောင်းကိုကြည့်ပြီး ဟိုဆော့ညစ်ကျယ်ကျယ်ပြုံးလိုက်မိတယ်...။ ဘယ်ဆိုးလို့လဲ ဒီကောင်က ကြောင်စုတ်ကိုစိတ်ပျက်မသွားဘူးပဲရယ်လို့ တွေးမိတာကြောင့် အတန်ငယ်တော့စိတ်ချသွားတယ်...။ တကယ်ဆိုသူလိုရည်းစားများသူက ကြောင်စုတ်တခြားတစ်ယောက်နဲ့ စေ့စပ်သွားပြီဆိုရင် လက်လျှော့သွားလိမ့်မယ်ထင်မိတာ...။

"အဲလိုတော့မဟုတ်ဘူးကွ... ငါတို့ကငယ်ငယ်တည်းက စေ့စပ်ထားကြတာလေ... ငါတို့ဘာသာ ဘယ်လောက်ပဲရည်းစားထားထား အချိန်တန်သူနဲ့ပဲယူရမှာပဲ"

ညှိုးငယ်သွားတဲ့ထယ်ယောင်းရဲ့မျက်နှာလေးကြောင့် ဟိုဆော့ကျေနပ်သွားရပြန်တယ်...။ ကိုယ့်အလှည့်တုန်းက ဆေးထိုးထားတဲ့ကြောင်စုတ်ကို ပညာပြရမယ်ဆိုပြီး ပြောလိုက်မိတာပေမယ့် ပြန်ရရှိတဲ့ထယ်ယောင်းရဲ့ တုန့်ပြန်မှုက အားရဖွယ်ရာပင်...။

"ဒါဆိုရင် ကြောင်ပေါက် အဲလေ အစ်ကိုယွန်းဂီကလဲ ကျေကျေနပ်နပ်နဲ့ လက်ခံတာပေါ့နော်... သူ.. သူ ကျွန်တော့်ကိုတကယ်မချစ်ဘူးပေါ့"

"အင်း... ချစ်ရင်လည်းချစ်မှာပေါ့.. ငါလည်းမပြောတတ်ဘူးလေ"

ခေါင်းငုံ့ကာငြိမ်ကျသွားတဲ့ထယ်ယောင်းက ဟိုဆော့ရဲ့အပြုံးတွေကို မမြင်နိုင်ခဲ့ပါ...။

"ကျွန်တော်သူနဲ့တစ်ခါလောက် တွေ့ကြည့်လို့ရမလားဟင်... သူ့ကိုမေးကြည့်ချင်တယ်... ကျွန်တော့်ကို တကယ်ချစ်ခဲ့တာလားလို့"

"ချစ်တယ်ဆိုရင်တောင် မင်းနဲ့သူပေါင်းလို့မရဘူးလေ... သူကငါနဲ့ပဲလက်ထပ်မှာ"

ဟိုဆော့ဝံ့ဝံ့ကြွားကြွားလေးပြောတော့ ထယ်ယောင်းရဲ့မျက်နှာက ပြိုတော့မယ့်မိုးလို မှောင်မဲလို့သွားခဲ့တယ်....။

"အနည်းဆုံးတော့ ချစ်ခဲ့တယ်ဆိုတာသိရင် ကျွန်တော်ဆက်ပြီးရပ်တည်သွားနိုင်မှာပါ... သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လက်ခံမှာပါ"

"အဟက် ကင်မ်ထယ်ယောင်းမဟုတ်တဲ့အတိုင်းပဲ... ဘာတွေတွယ်ကပ်နေတာလဲ.. နောက်တစ်ယောက်ရှာလေ... မင်းမှာပေါတယ်မလား"

ထိုစကားက ထယ်ယောင်းကိုငိုချင်ရက်လက်တို့ ဖြစ်သွားစေတယ်...။ ခုနကတည်းက ဝမ်းနည်းနေပါတယ်ဆိုမှ အရင်ကရည်းစားများခဲ့တာကိုပဲ လာပုတ်ခတ်နေပြန်ပြီလေ...။

"ကျွန်တော်က မင်ယွန်းဂီကိုပဲချစ်တာလေ.. အရင်က အပျော်ရည်းစားထားတာပါ.. သူနဲ့တွဲပြီးမှ ကျွန်တော်မရှုပ်တော့တာကို... အစ်ကိုဟိုဆော့က မညှာမတာကြီးပြောရက်တယ် အီး ဟီး"

ကလေးတစ်ယောက်လို အသံပြဲကြီးနဲ့အော်ငိုနေတဲ့ ထယ်ယောင်းကိုကြည့်ရင်း ဟိုဆော့ဟက်ထိသွားတာတော့ အမှန်ပါပဲ...။ ဒီကလေးက ကြောင်စုတ်ကိုတကယ်ချစ်တာပါလားဆိုတဲ့ အတွေးကြောင့်မို့ ကြောင်စုတ်အတွက် စိတ်ချသွားရပါပြီ...။ အတွေးနဲ့အတူ ဟိုဆော့ပြုံးလိုက်ရင်း ငိုနေတဲ့ထယ်ယောင်းကို နှစ်သိမ့်တဲ့အနေနဲ့ ဆွဲဖက်လိုက်တော့ သူ့ပခုံးပေါ်မှာ ထယ်ယောင်းရဲ့မျက်ရည်တွေ စွန်းထင်းကုန်တယ်...။

"မငိုနဲ့တော့... မင်းငါနဲ့လိုက်ခဲ့မလား"

"အဟင့်.. ဘယ်ကိုလဲဟင်...??"

လူချင်းအခွာမှာ ဟိုဆော့မေးလိုက်တော့ ထယ်ယောင်းတစ်ယောက် မျက်ရည်တွေကိုသုတ်ရင်း ပြန်မေးလာတယ်...။ ဟိုဆော့က သူ့ကိုဖက်ပြီးနှစ်သိမ့်တဲ့အတွက် အတန်ငယ်စိတ်သက်သာရာ ရသွားတာတော့အမှန်...။ ခုလည်း သူနဲ့လိုက်ဖို့ခေါ်နေပြန်ပြီ... ကြောင်ပေါက်လေးနဲ့ တွေ့ပေးတော့မယ်ထင်ပါရဲ့...။

"မင်းကိုငါခိုးပြေးမလို့လေ"

"ဟမ်... ဘာကြီး...?? မဖြစ်ဘူးလေ"

ရုတ်တရတ် ပေါက်ကရအတွေးပေါက်သွားတဲ့ထယ်ယောင်း သူ့ကိုယ်သူလက်၂ဖက်နဲ့ကာထားရင်း ကြောက်ကြောက်လန့်လန့်နဲ့ နောက်သို့ခြေ၃လှမ်းလောက် ဆုတ်သွားခဲ့တယ်...။ ဟိုဆော့ကတော့ သူ့အဖြစ်ကိုကြည့်ပြီး တဟားဟားနဲ့ကို အော်ရယ်တော့တယ်...။

"အစ်ကိုဟိုဆော့က ဂျီမင်းရှိရက်နဲ့ ကြောင်ပေါက်ကိုလက်ထပ်မှာက ထားပါတော့လေ.. အခုဘာလို့ ထယ်ထယ့်ကိုပါခိုးပြေးမှာလဲ... မရဘူးနော်... မလိုက်ဘူး"

ခုနကအတန်ငယ်ရင်းနှီးသွားတဲ့ အခြေအနေလေးကြောင့် သူ့ကိုယ်သူထယ်ထယ်လို့တောင် ပြောင်းလဲသုံးနှုန်းလိုက်တဲ့ ထယ်ယောင်းကို ကြောင်စုတ်ချစ်မိသွားတာလည်း မှန်ပါတယ်ရယ်လို့ ဟိုဆော့တွေးမိပြန်တယ်...။ ဟုတ်တယ်.. ကင်မ်ထယ်ယောင်းက ချစ်ဖို့ကောင်းလွန်းသည်လေ... မိုချီ့ကိုတော့ မမှီပေမယ့်လို့ပေါ့...။

"ယွန်းဂီကခိုးခိုင်းလိုက်တာ... သူနဲ့မိုချီက နေဖို့နေရာစီစဉ်နေလို့ ငါကသူ့အစားမင်းကိုလာခိုးတာ... လိုက်မှာလား မလိုက်ဘူးလား... ငါစိတ်မရှည်ဘူးနော်"

"အစ်ကိုဟိုဆော့ကလည်း အဲဒါများစောစောစီးစီးမပြောဘူး... လိုက်မှာပေါ့လို့ အဟီး"

"နည်းနည်းပါးပါးတောင် မမူတော့ဘူးလား"

ဟိုဆော့စကားကြောင့် ထယ်ယောင်းက boxy smile လေးနဲ့ရယ်ပြပြန်တယ်...။

"မူနေစရာလားလို့... ကြောင်ပေါက်နဲ့သာဆို တရေးနိုးထမေးလည်း ခေါင်းညိတ်မှာ"

ဟိုဆော့ကတော့ မနိုင်စိန်ထယ်ယောင်းကြောင့် ရယ်မောရင်းခေါင်းတခါခါဖြစ်နေတယ်...။ ငိုရယ်ရယ်လိုက်နဲ့မို့ ရုပ်ကကြောင်ချေးရုပ်ဖြစ်နေပြီလေ...။ အင်းပေါ့... ကြောင်စုတ်ရဲ့ရည်းစားဆိုမှတော့ ကြောင်ချေးရုပ်ဖြစ်နေတာ ဆန်းမှမဆန်းတာ...။ အခုတော့ ထိုကြောင်ချေးထယ်ထယ်လေးကိုပဲ ချိန်းထားတဲ့နေရာဆီသို့ ဟိုဆော့ခေါ်လာခဲ့လိုက်တယ်...။

ချိန်းဆိုထားတဲ့ကော်ဖီဆိုင်လေးမှာ ထိုင်မရထမရဖြစ်နေသူက ယွန်းဂီမဟုတ်ပဲ ဂျီမင်းဖြစ်နေတယ်...။ ယွန်းဂီကတော့ မှာထားတဲ့ချိစ်ကိတ်လေးကို တဖြည်းဖြည်းချင်း ဖဲ့စားနေလေတယ်...။

"သူတို့ကလည်းကြာလိုက်တာ.. အဆင်ပြေပါ့မလားမသိဘူး... အမှန်ဆိုအစ်ကိုယွန်းဂီကိုယ်တိုင် ဖုန်းဆက်လှမ်းခေါ်ရင် ထယ်ယောင်းကသေချာပေါက် ရောက်လာမှာကို"

အဆန်းထွင်လွန်းတဲ့ယွန်းဂီကို ဂျီမင်းနားမလည်နိုင်တာကြောင့် အထွန့်တက်မိတယ်...။ ယွန်းဂီကတော့ သူ့အကြံနဲ့သူမို့ ပြုံးလို့သာနေတယ်...။

"ဒီလောက်လွယ်နေရင်ငါမှစိတ်မဝင်စားတာ... ငါကိုယ်တိုင်ခေါ်မှာနဲ့ သူ့ကိုအမြင်သိပ်မကြည်တဲ့ ဆော့ဆော့သွားခေါ်တာက ဘာတွေကွာခြားလဲဆိုတာ သူတို့ရောက်လာမှ မင်းသိရမယ်"

အမြဲတမ်းကိုယ်တွေချစ်သူကြားမှာ အဖျက်သမားလုပ်တတ်တဲ့ ခပ်ဆိုးဆိုးဉာဉ်တွေရှိတဲ့ယွန်းဂီကို ဂျီမင်းအထင်တော့မသေးရဲပါ...။ ခုလိုသွေးအေးနေပုံထောက်ရင် သူတစ်ခုခုတော့ ကြံစည်ထားတာသေချာတယ်...။ ထိုအချိန်မှာပင် ဆိုင်ထဲဝင်လာတဲ့ ဟိုဆော့နဲ့ထယ်ယောင်းကြောင့် ဂျီမင်းဝမ်းသာသွားတယ်...။

"ကဲ.. ဂျီမင်းနီလေး ကြည့်လိုက်လေ...  သူတို့ထူးခြားနေတယ်မထင်ဘူးလား"

သူ့လိုပင်ဆိုင်ပေါက်ဝကို လှမ်းငေးနေတဲ့ယွန်းဂီက ထောက်ပြလိုက်တော့မှပဲ ဂျီမင်းလည်းထူးခြားချက်ကို သတိပြုမိသွားတယ်...။ ဟုတ်ပါသည်... ထယ်ယောင်းကိုအမြင်မကြည်တဲ့ သူ့ချစ်သူဟိုဆော့ကီက ဒီတစ်ခါတော့ ထယ်ယောင်းရဲ့ပခုံးကိုဖက်ထားရင်း ရယ်ရယ်မောမောစကားပြောနေတယ်...။ ကြည့်နေတုန်းမှာပင် သူတို့ကလည်း ကိုယ်တို့ကိုမြင်သွားတာကြောင့် ခပ်သုတ်သုတ်လေး လှမ်းလျှောက်လာတယ်...။ အထူးသဖြင့် ဟိုကောင်စပ်စလူး ကင်မ်ထယ်ယောင်းပေါ့...။

"လွမ်းလိုက်တာယွန်းဂီရာ.. ထယ်ထယ့်ကိုပစ်သွားပြီမှတ်လို့ ငိုလိုက်ရတာသေတော့မယ်"

ဒီတခါတော့သူအိုဗာပြောတာမဟုတ်မှန်း ငိုထားသလိုမို့နေတဲ့ မျက်ဝန်းလေးတွေက သက်သေပြနေတယ်...။ သူ့ထက်အကောင်သေးတဲ့ ယွန်းဂီရဲ့ရင်ခွင်ထဲကို ပက်ချွဲနပ်ချွဲနဲ့တိုးဝင်လိုက်တာက ကြည့်ရသိပ်မဆိုးလှပါ...။ ပြောရရင်သူတို့၂ယောက်ကလည်း ကိုယ်နဲ့ဟိုဆော့ကီတို့အတွဲလိုပင် ချစ်စရာကောင်းသည်လေ...။

"ဒီလောက်ချစ်စရာကောင်းတဲ့ထယ်ထယ်လေးကို ပစ်သွားစရာလား... ငါလည်း အရမ်းလွမ်းနေတာပါကွာ"

ထယ်ယောင်းရဲ့မျက်နှာကိုဆွဲမော့ရင်း နှုတ်ခမ်းချင်းထိကပ်နမ်းနေတဲ့ယွန်းဂီကြောင့် ဂျီမင်းနှာခေါင်းရှုံ့ကာ သူ့ချစ်သူဟိုဆော့ကီကိုသာ လှမ်းကြည့်လိုက်တယ်...။ အံ့ဩဖို့ကောင်းပေစွ... တမိုးအောက်တစ်ယောက် ဂျောင်ဟိုဆော့က သူတို့အတွဲကိုကြည့်ကာ သဘောကျနှစ်ခြိုက်စွာ ပြုံးနေတယ်လေ...။

"ဘယ်လိုလဲဆော့ဆော့... ငါ့ထယ်လေးကို အမြင်မကြည်တာတွေ မရှိတော့ဘူးမလား"

ယွန်းဂီရဲ့တထစ်ချပြောတဲ့စကားကို ဟိုဆော့ကလည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ရင်းအဖြေပေးတယ်...။

"ဟုတ်တယ်... သူကမင်းကိုတော့ တော်တော်ချစ်ရှာသား... ငါသူ့ကိုကောင်းကောင်းကြီး အထင်လွဲနေခဲ့တာပဲ"

ထိုစကားကြောင့် အံ့ဩသွားရသူက ဂျီမင်းပဲဖြစ်တယ်...။ အရင်ကဆို ကိုယ့်ဘက်ကနေ ထယ်ယောင်းကိုကာကွယ်ပြောဆိုတိုင်း စိတ်ဆိုးတတ်တဲ့ဟိုဆော့က ခုတော့လည်းအဆင်ကိုပြေလို့...။ ယွန်းဂီပြောတဲ့ သူကိုယ်တိုင်ခေါ်တာနဲ့ ဟိုဆော့သွားခေါ်တာရဲ့ ခြားနားချက်ကို ဂျီမင်းသဘောပေါက်သွားလေပြီ...။

"ငါပြောပါတယ်... မင်းမှမယုံတာကို"

ထယ်ယောင်းကိုဖက်ထားရင်းနဲ့ ယွန်းဂီကဂုဏ်ယူစွာပြောနေတယ်...။ ထယ်ယောင်းကလည်း ခုကျမှပဲကလေးလေးလို ယွန်းဂီရဲ့ရင်ခွင်ကျဉ်းကျဉ်းလေးထဲမှာ ငြိမ်ငြိမ်လေးနေနေတယ်...။

"ဟုတ်တယ်... တကယ်ဆိုမင်းတို့အရင်ခိုးပြေးပြီး မဖြစ်မနေယူသွားကြလည်း ငါ့မှာစိတ်ထဲတထင့်ထင့်ဖြစ်နေရမှာ.. ထယ်ယောင်းများမင်းကို တချိန်ချိန်မှာ ငြီးငွေ့ပြီးပစ်သွားမလားဆိုပြီးတော့လေ... ရည်းစားသက်တမ်းကလည်း အရမ်းမကြာသေးဘူးကိုး... ခုတော့ငါလုံးဝစိတ်ချသွားပြီ"

ဂျီမင်းလည်းခုမှ ယွန်းဂီကိုပိုလေးစားမိသွားတယ်...။ ခပ်ဆိုးဆိုးဉာဉ်လေးရှိပေမယ့်လည်း ကိုယ်တွေအားလုံးထက် ဉာဏ်ပြေးတာကတော့ မလေးစားပဲကိုမနေနိုင်ပါ...။ ပြီးတော့သူက ထယ်ယောင်းကို အရမ်းယုံကြည်လွန်းတယ်...။ ကိုယ်တောင် အနီးကပ်ပေါင်းလာတဲ့ သူငယ်ချင်းဖြစ်ပြီး ထယ်ယောင်းရဲ့စိတ်မငြိမ်သက်မှုကြောင့် ယွန်းဂီနဲ့ပြတ်စဲသွားမလား စိုးရိမ်ခဲ့ဖူးသည်ပဲ...။

"အခုဆော့ဆော့အလှည့်ပြီးတော့ ဂျီမင်းနီအလှည့်... ငါ့ကိုကူညီပေးမယ်မလား ဂျီမင်းနီ"

ကိုယ့်ကိုတည့်တည့်ကြည့်ကာ မေးလာတဲ့ယွန်းဂီကို ဂျီမင်းအားတက်သရောနဲ့ ခေါင်းညိတ်ပြလိုက်တယ်...။ သူတို့ခုလိုအဆင်ပြေသွားတာကို ဘေးလူဖြစ်တဲ့ကိုယ်က အရမ်းကိုဝမ်းသာနေပြီလေ...။

"ကျွန်တော်ဘာလုပ်ပေးရမလဲ အစ်ကိုယွန်းဂီ"

"ဘာမှမခက်ပါဘူး... ထယ်ထယ့်အိမ်ကို ဖုန်းဆက်ပေးရုံပါပဲ... သူ့သားချောချောလေးကို မင်ယွန်းဂီခိုးပြေးသွားပြီလို့လေ"

ထိုစကားအဆုံးမှာ သူတို့၄ယောက်လုံး အတူတူရယ်မောမိကြတယ်...။ ပြဿနာတစ်ခုက အဆင်ပြေပြေနဲ့ ဖြေရှင်းလို့ပြီးသွားပြီပဲ...။ မိဘတွေသဘောမတူမှာလည်း သူတို့ကြောက်မနေပါ...။ တစ်ဦးတည်းသောသားတွေမို့ အချိန်တန်ရင်ပြန်ခေါ်မှာပဲလေ...။

တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်ကာပြုံးနေကြတဲ့ ထယ်ယောင်းနဲ့ယွန်းဂီရဲ့အပြုံးတွေက ဒီနေ့ကျမှပိုပြီးသက်ဝင်တောက်ပနေခဲ့တယ်...။

To Be Continued.......

Continue Reading

You'll Also Like

2.1M 241K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
163K 23.5K 57
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 (Zawgyi +Unicode)...
19.3K 1K 7
Namjoon: Hyung ! ကြၽန္ေတာ္႔ပါးကိုျမန္ျမန္ေလး နမ္းေပးပါ pali Seokjin:ဟာ လူေတြအမ်ားၾကီးရွိေနတာကို မနမ္းရဲပါဘူး။ Namjoon:ဘယ္သူမွမျမင္ပါဘူး jelbal! Seok...