My Naughty Kitten (Completed)

By TaeYoonKook_Cloud

25.5K 2.7K 30

Kim Taehyung x Min Yoongi Written By : JaejoongHtike More

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 12
Part - 13
Part - 14
Part - 15 (Final)

Part - 11

1K 131 1
By TaeYoonKook_Cloud

(Zawgyi)

ခပ္ၿငိ္မ့္ၿငိမ့္ေတးသံမ်ား ပ်ံ႕လြင့္ေနတဲ့ေရခ်ဳိးခန္းငယ္...။
Bathtub ထဲမွာ မ်က္ဝန္းေတြေမွးမိွတ္ကာ အနားယူေနတဲ့ ယြန္းဂီ...။ ပန္းပြင့္ဖတ္ေတြေရာေႏွာေနတဲ့ ဆပ္ျပာျမႇဳပ္ေတြၾကားမွာ သူ႕ရဲ႕ကိုယ္တဝက္က ျမဳပ္လို႔ေနတယ္...။ ေရစပ္တို႔တြဲခိုေနတဲ့ သူ႕မ်က္ႏွာႏုႏုေလးကလည္း သိပ္ကိုဆြဲေဆာင္မႈရိွလြန္းတယ္...။

႐ိုမန္တစ္ျဖစ္လြန္းေသာ သံစဥ္ေတးသြားေလးနဲ႔အတူ မလွမ္းမကမ္းမွာ ထြန္းညိႇထားတဲ့ အေမႊးနံ႔ပါေသာဖေယာင္းတိုင္ေတြေၾကာင့္ သူ႕ရဲ႕စိတ္ကို္ပိုမို ၾကည္လင္လန္းဆန္းေစတယ္...။

ထိုကဲ့သို႔ေသာဇိမ္က်မႈကို သူတစ္ေယာက္တည္း ခံစားေနတာေတာ့မဟုတ္ပါ...။ သူမီွထားတာက ေအးစက္စက္ေရခ်ဳိးကန္ေဘာင္မဟုတ္ပဲ ေႏြးေထြးတဲ့ရင္ခြင္တစ္ခုပါ...။ သူ႕ကိုရင္ခုန္စိတ္လႈပ္ရွားမႈေတြ ေပးႏိုင္စြမ္းရိွတဲ့ ရင္ခြင္က်ယ္ႀကီးတစ္ခုလို႔ပဲ ေျပာရမွာေပါ့ေလ...။

ထိုသူကယြန္းဂီရဲ႕ေရစိုေနတဲ့ဆံပင္ေလးကို ခပ္ဖြဖြနမ္းတယ္...။ သူ႕ရဲ႕လက္ေခ်ာင္းသြယ္သြယ္တို႔က ယြန္းဂီရဲ႕ရင္ဘက္ေပၚမွာ ခပ္ရြရြသြားလာေနတယ္...။ ထိုမွတဆင့္ ထိုလက္ေခ်ာင္းသြယ္သြယ္တို႔ရဲ႕ ဦးတည္ရာက ဆပ္ျပာျမဳပ္ေတြၾကားမွာ ေပ်ာက္ကြယ္လုျဖစ္ေနတဲ့ ယြန္းဂီရဲ႕ေအာက္ပိုင္းတစ္ေနရာသို႔ ေျပာင္းေရႊ႕သြားေသာအခါ.......

"ဟင့္... ေဆာ့ေဆာ့"

ယြန္းဂီရဲ႕ႏႈတ္ခမ္းပါးေလးဆီကေန ခပ္သဲ့သဲ့ညည္းညဴသံေလး ထြက္က်လာကာ သူ႕ရဲ႕လက္ေတြကိုတားဆီးလိုက္တယ္....။ ဟုတ္ပါတယ္... ထိုသူမွာ ယြန္းဂီရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းဆိုသူ ေဂ်ာင္ဟိုေဆာ့ပဲျဖစ္တယ္...။

"ငါနာေနၿပီ... ေနာက္ေန႔မွလုပ္ရေအာင္ေနာ္"

"ကိုယ္ညင္သာပါ့မယ္ကြာ"

ေခ်ာ့ေမာ့သလိုေျပာရင္း ယြန္းဂီရဲ႕ပါးေလးတစ္ဖက္ကို လက္နဲ႔ထိ္န္းကိုင္ကာ ေခါင္းေလးကိုငဲ့ေစာင္းေစၿပီး ႏႈတ္ခမ္းခ်င္းထိေတြ႕ေစလိုက္တယ္...။ ကြၽမ္းက်င္လွတဲ့ဟိုေဆာ့ရဲ႕ အနမ္းေတြၾကားမွာ ယြန္းဂီမျငင္းဆန္ႏိုင္ေတာ့ပဲ ညည္းသံသဲ့သဲ့ေလးေတြ ထြက္က်လို႔လာျပန္တယ္...။ မိန္းေမာေနတဲ့ယြန္းဂီရဲ႕ အေျခအေနကိုအခြင့္ေကာင္းယူရင္း ဟိုေဆာ့က ေရထဲမွကိုယ္ခႏၶာခ်င္းကို ခ်ိတ္ဆက္လိုက္ေတာ့တယ္...။

၂ေယာက္လံုးဆီကေန ညည္းသံေတြထြက္က်လို႔လာခဲ့တယ္...။ တစ္ေယာက္ကေတာ့ ေက်နပ္အားရမႈေၾကာင့္ျဖစ္ၿပီး တစ္ေယာက္ကေတာ့ နာက်င္မႈေၾကာင့္ပင္...။ သ႔ို္ေသာ္လည္း နာက်င္ေနတဲ့ေကာင္ငယ္ေလးက တားျမစ္ျခင္းတစံုတရာမရိွပဲ ထိုနာက်င္မႈၾကားမွ သာယာမႈေတြကို ရွာေဖြဖို႔ႀကိဳးစားေနေသာအခါ.......

"အာာားးး....!!!!!"

တကိုယ္လံုးေခြၽးမ်ားရႊဲနစ္ေနရင္း ထယ္ေယာင္းအိပ္ေပ်ာ္ေနရာကေန လန္ႏိုးသြားခဲ့တယ္....။ သူေရာက္ေနတဲ့ေနရာကို အထိတ္တလန္႔နဲ႔အကဲခတ္မိေတာ့ ဘာမွမထူးျခားတဲ့ သူ႕အိပ္ခန္းပင္ျဖစ္ေနတယ္...။

"အိပ္မက္...?? ဘုရား ဘုရား... ဒါကဘယ္လိုအိပ္မက္ႀကီးလဲ... ေၾကာက္ဖို႔ေကာင္းလိုက္တာ"

အရြယ္ေရာက္ၿပီးတဲ့ေယာက်ၤားေလးသဘာဝမို႔ wet dream ဆိုတဲ့ စိတ္ထႂကြဖြယ္ရာအိပ္မက္ေတြကို တခါတရံမက္တတ္ေသာ္လည္း ဒါမ်ဳိးအိပ္မက္ကေတာ့ ပထမဆံုးအႀကိမ္ျဖစ္တယ္...။ မက္မယ့္မက္ေတာ့လည္း ကိုယ္နဲ႔မဟုတ္ပဲ ဟိုေဆာ့နဲ႔တဲ့လား...။ အိပ္မက္နဲ႔ေတာင္မတူ တကယ္ႀကီးလိုပဲ...။

ရႊဲနစ္ေနတဲ့ေခြၽးေတြကို အက်ႌလက္နဲ႔ပင့္သုတ္ရင္း အိပ္ယာေဘးစားပြဲေပၚမွာ တင္ထားတဲ့ေရဘူးကို အျမန္ယူကာ ေမာ့ေသာက္လိုက္တယ္...။ အခုထက္ထိအာ႐ံုထဲကေန ထြက္မသြားေသးတဲ့ပံုရိပ္ေတြေၾကာင့္ ထယ္ေယာင္းေခါင္းကိုခါထုတ္ပစ္လိုက္တယ္...။

"ဒါ.. ဒါက...တကယ္မ်ားျဖစ္ေနမလား...??"

အရမ္းကိုသင့္ျမတ္လြန္းတဲ့ သူငယ္ခ်င္း၂ေယာက္...။ ကိုယ္နဲ႔ဂ်ီမင္းေတာင္ ကေတာက္ကဆေတြရိွေပမယ့္ သူတို႔၂ေယာက္ကေတာ့ ဘယ္တုန္းကမွရန္မျဖစ္ခဲ့...။ ဂ်ီမင္းနဲ႔ယြန္းဂီယွဥ္ရင္ေတာင္ ယြန္းဂီဘက္သို႔ပါတတ္တဲ့ဟိုေဆာ့...။ ကိုယ္နဲ႔ဟိုေဆာ့ အဆင္မေျပျဖစ္ရင္ ဟိုေဆာ့ကိုသာ ဘက္လိုက္တတ္တဲ့ယြန္းဂီ...။

ကမ္းေျခကိုအပန္းေျဖခရီးထြက္စဥ္က တစ္ခန္းတည္း တစ္ကုတင္တည္းမွာ အတူဖက္အိပ္ၾကတဲ့ သူတို႔၂ေယာက္...။ ခုမွျပန္ေတြးၾကည့္လိုက္ေတာ့ သံသယျဖစ္စရာေတြက အမ်ားႀကီးပင္...။ ဟုတ္တယ္... ဒီကိစၥကလံုးဝမ႐ိုးသားဘူး...။

ခ်က္ခ်င္းေပၚလာတဲ့စိတ္ကူးအရ စားပြဲေပၚကဖုန္းကိုယူကာ ဂ်ီမင္းဆီဆက္လိုက္တယ္...။ ခုခ်ိန္မွာတိုင္ပင္လို႔အေကာင္းဆံုးက ကိုယ္နဲ႔အျဖစ္တူတဲ့ ကိုယ့္သူငယ္ခ်င္းပဲရိွတာ...။ ဖုန္းေခၚဆိုေနရင္း နံရံေပၚကနာရီကိုလွမ္းၾကည့္မိေတာ့ မနက္၂နာရီ၁၅မိနစ္...။

(ဟယ္လို)

တစ္ဖက္ကဂ်ီမင္းက ခုမွလန္႔ႏိုးလာတာမို႔ အသံကအိပ္ခ်င္မူးတူးနဲ႔ပင္...။ ခဏေနရင္သူခုလို အိပ္ခ်င္မူးတူးျဖစ္ႏိုင္ပါေတာ့မလား...။

"ဂ်ီမင္း.. ေသခ်ာနားေထာင္စမ္း... ေၾကာင္ေပါက္နဲ႔အစ္ကိုဟိုေဆာ့က ျဖစ္ေနၾကတာသိလား"

(ဟမ္... ဘာျဖစ္တာ... ဝွား...!!!)

ေဟာဗ်ာ.. အေကာင္းေျပာေနတာကို သူကသမ္းေဝေနေသးတယ္....။ စကားကိုလည္း ေသခ်ာနားမေထာင္ဘူး... ဒံုးေဝးလိုက္တာလည္း လြန္ေရာ...။

"ျဖစ္တယ္ဆိုတာ အတူအိပ္တာကိုေျပာတာကြ"

(အင္းေလ...မင္းကအခုမွသိတာလား)

"ဘာေျပာတယ္... မင္းအစတည္းကသိေနတာလား"

ထယ္ေယာင္းအႀကီးႀကီးအံ့ဩသြားပါျပီ...။ ပက္ခ္ဂ်ီမင္းရဲ႕ခႏၶီပါရမီက နည္းနည္းေနာေနာလား...။ ဒါမွမဟုတ္သိသိရက္နဲ႔ အေရးမႀကီးပါဘူးဆိုၿပီး လက္ခံထားတာမ်ားလား...။ ထယ္ေယာင္းအေနနဲ႔ကေတာ့ ဒါမ်ဳိးကိုလံုးဝလက္မခံႏိုင္ပါ...။ မုန္႔ကိုသာေဝစားမယ္... အခ်စ္ကိုေတာ့ေဝမစားႏိုင္ပါ...။

(သိတယ္ေလ... သူတို႔ကအိမ္ခ်င္းလည္းနီးေတာ့ အိမ္လည္သြားရင္းေနာက္က်လည္း အတူတူပဲအိပ္လိုက္တာတဲ့... အိပ္တိုင္းလည္း တစ္အိပ္ယာတည္းမွာကို အၿမဲဖက္ခြၿပီးေတာ့ကို အိပ္တာတဲ့)

"ရား... အဲဒါေတာ့ငါလည္းသိတာေပါ့... ငါေျပာတာက ဖက္အိပ္႐ံုအဆင့္ထက္ပိုတာကြ... ဟြာေလ.. အတူေနၿပီးတာကိုေျပာတာ"

ထိုအခါတစ္ဖက္ကဂ်ီမင္း အသံတိတ္သြားတယ္...။

"ဟယ္လို... ဂ်ီမင္း... မင္းအိပ္ေပ်ာ္သြားတာလား"

(မဟုတ္ပါဘူး.. မင္းေျပာတာကို္စဥ္းစားေနတာ... မင္းေပါက္တတ္ကရမေျပာနဲ႔ေနာ္... အဲဒါႀကီးကျဖစ္ႏိုင္ပါ့မလား)

ဂ်ီမင္းလည္း စဥ္းစားရခက္ေနပံုပါ...။ ထယ္ေယာင္းကေတာ့ ဖုန္းေျပာေနရင္းနဲ႔ကို စိတ္လႈပ္ရွားလြန္းလို႔ အခန္းထဲမွာဟိုဒီေလွ်ာက္သြားေနမိတယ္...။

"ဟုတ္ကိုဟုတ္ေလာက္တယ္...  ငါခုေလးတင္အိပ္မက္မက္တာ"

(ဘာ...!!! အိပ္မက္မက္တာကို တကယ္လိုလိုလာေျပာေနတာလား... ရား... မင္းေတာ္ေတာ္ဆိုးတာပဲ.. ငါ့ကိုသပ္သပ္မဲ့လန္႔ေအာင္လို႔)

ေျပာသားပဲ... သူခဏေနရင္ အိပ္ခ်င္ေျပသြားေလာက္ပါတယ္ဆို...။ ရန္စြာေနတဲ့သူ႕အသံစူးစူးက သက္ေသပဲေလ...။

"ငါထင္ရင္လြဲခဲတယ္ကြ... အထက္တန္းေက်ာင္းမွာကတည္းက ငါခန္႔မွန္းတိုင္းမွန္ေနတာ မင္းလည္းအသိပဲကို... အိပ္မက္ဆိုတာကလည္း ငါ့ကိုေစာင့္ေရွာက္ေနတဲ့ အထက္ပုဂၢိဳလ္က နမိတ္ျပတာေနမွာ"

(ခန္႔မွန္းတိုင္းမွန္တယ္...?? သမိုင္းဆရာမအပ်ဳိၾကီး ဗိုက္ပူေနတာကို ကေလးရိွေနတယ္ဆိုျပီး ကေလးအက်ႌေတြ လက္ေဆာင္သြားေပးလို႔ ေအာ္ထုတ္ခံရတာကို မမွတ္မိဘူးလား...??)

"ရား... ပက္ခ္ဂ်ီမင္း... တိတ္စမ္း... ငါအေကာင္းေျပာေနတာကို လာမေဖာက္နဲ႔... တခါတေလေလးလြဲတာကို ေျပာလို႔မဆံုးဘူး"

ဂ်ီမင္းဖုန္းကို နားကေနခဏခြာရင္း တခ်က္သမ္းေဝလိုက္ေသးတယ္...။ ညႀကီးအခ်ိန္မေတာ္ဖုန္းဆက္တာ ယုတၱိမရိွတဲ့သူ႕အိပ္မက္အေၾကာင္း ေျပာဖို႔ဆိုတာကိုသိရင္ ဖုန္းျပန္မေျဖပါဘူး...။ သူလြဲတာက တခါတေလမဟုတ္တာကို ၿပိဳင္ၿပီးေျပာမေနခ်င္ေတာ့ပါ....။ မနက္ေက်ာင္းသြားရမွာမို႔ အိပ္ခ်င္ေနၿပီေလ...။

"မင္းၾကည့္ေန... ငါသူတို႔၂ေယာက္ရဲ႕အတြင္းေရးကို ရေအာင္ေဖာ္ထုတ္ျပမယ္... ငါတို႔ကိုခုလို မလိွမ့္တပတ္လုပ္လို႔ရမလား"

(ေအးပါ... ေအာင္ျမင္ပါေစကြာ... ဝွား...!!! ဒါဆိုငါျပန္အိပ္ေတာ့မယ္ေနာ္... တာ့တာ)

"ေဟး ေနဦးေလ... ဟယ္လို.. ဟယ္လို"

ဝက္ပုေကာင္ကေတာ့ စကားကို္ဆံုးေအာင္နားမေထာင္ပဲ ဖုန္းခ်သြားေခ်ၿပီ...။ ၾကည့္ေနပါ အျဖစ္မွန္ေပၚလာၿပီးမွ ထယ္ေယာင္းေရ ေက်းဇူးတင္ပါတယ္လို႔ လာလုပ္လို႔ကေတာ့ ေသာက္ခြက္ျဖတ္႐ိုက္မွာပါ...။ အမွန္တရားျမတ္ႏိုးသူ ကြၽန္ေတာ္ထယ္ေယာင္းကေတာ့ ဒီကိစၥကို္မရမကေဖာ္ထုတ္မွာပါ...။ ကိုယ္ရင္ကြဲရမယ္ ဆိုရင္ေတာင္မွေပါ့...။

"ေၾကာင္ေပါက္ရာ... ရက္စက္လိုက္တာ"

Ph wallpaper ေပၚက ၿပံဳးရႊင္ရယ္ေမာေနတဲ့ ေၾကာင္ေပါက္ေလးရဲ႕ပံုကိုၾကည့္ကာ ထယ္ေယာင္းက်ိတ္မႏိုင္ခဲမရ ေရရြတ္လိုက္တယ္...။ ဘယ္လိုမွလည္း ဆက္အိပ္မရေတာ့တဲ့အတူတူ ဂိမ္းကိုပဲမိုးလင္းေပါက္ထိ ေဆာ့ပစ္လိုက္တယ္...။ ရန္သူေတြကို္ ေဂ်ာင္ဟိုေဆာ့လို႔သေဘာထားကာ အားရပါးရေသနတ္နဲ႔ပစ္သတ္ရတာ ေက်နပ္ဖြယ္ေကာင္းလွပါဘိ...။

မိုးလင္းသြားေတာ့မွပဲ ထယ္ေယာင္းလည္းေရမိုးခ်ဳိးကာ အိပ္ေရးမဝတဲ့ပန္ဒါမ်က္လံုးေလးေတြနဲ႔ပဲ ေက်ာင္းကိုထြက္လာလိုက္တယ္...။ ခုကတည္းက အသည္းကြဲၿပီး လူကစုတ္ျပတ္စျပဳေနၿပီ...။ mask ကို မ်က္ႏွာတဝက္ေလာက္ လံုေအာင္တပ္လိုက္ၿပီးမွ ေၾကာင္ေပါက္ေလးရဲ႕အတန္းေရွ႕မွာ ထိုင္ေစာင့္ေနလိုက္တယ္...။ အမွန္တရားဘက္ေတာ္သားႀကီး ကင္မ္ထယ္ေယာင္းရဲ႕ ပထမဆံုးေန႔ရက္ေပါ့ဗ်ာ...။

"မနက္ေစာေစာစီးစီး ဒိန္ခ်ဥ္ေတြမေသာက္ပါနဲ႔လား... ဝမ္းပ်က္ေနဦးမယ္... အိမ္မွာလည္း ႏြားႏို႔ေတြေသာက္လာတာကို"

"မပ်က္ပါဘူး ေဆာ့ေဆာ့ရာ... ဒီေလာက္ေလးကိုပဲ"

၅လံုးတစ္တြဲပါတဲ့ဒိန္ခ်ဥ္ဘူးကဒ္ေလးကို တစ္ဘူးၿပီးတစ္ဘူး ေဖာက္ေသာက္ေနတဲ့ယြန္းဂီကို ဟိုေဆာ့ကားေမာင္းေနရင္းနဲ႔ လွမ္းသတိေပးတယ္...။ သို႔ေသာ္လည္း စကားနားမေထာင္တဲ့ယြန္းဂီက သူ႕ဘာသာလုပ္ခ်င္တာလုပ္ေနတယ္...။ သူကိုယ္ေျပာတာနားမေထာင္မွန္း သိသိရက္နဲ႔ေျပာမိတဲ့ ဟိုေဆာ့ရဲ႕အမွားပင္...။

"ၿပီးေရာကြာ... စိတ္ႀကိဳက္သာေသာက္ေတာ့"

"အဟီး..."

လုပ္ခ်င္တာလုပ္ရလို႔ ေက်နပ္ေနတဲ့႐ုပ္နဲ႔ယြန္းဂီကေတာ့ ေသာက္လက္စဒိန္ခ်ဥ္ဘူးေလးကိုသာ တႁပြတ္ႁပြတ္နဲ႔စုပ္ေသာက္ေနလိုက္တယ္...။ ဟိုေဆာ့က သူ႕ကားေလးကို ေက်ာင္းဝန္းထဲသို႔ခ်ဳိးေကြ႕ဝင္လိုက္တယ္....။ အခ်ိန္ေစာေနေသးတာေၾကာင့္ ေက်ာင္းသားေတြေတာင္ အစံုမေရာက္ၾကေသးေပ...။

စာသင္ေဆာင္ေရွ႕နားမွာပင္ ဟိုေဆာ့ကားကိုပါကင္ထိုးေနစဥ္ ေနာက္ထပ္ဒိန္ခ်ဥ္တဘူးကို ယြန္းဂီထပ္ေဖာက္ေနတယ္...။ ပိုက္တံေလးကို ဒိန္ခ်ဥ္ဘူးေပၚထိုးစိုက္ေဖာက္လိုက္စဥ္ အခန္႔မသင့္တာေၾကာင့္ ဒိန္ခ်ဥ္ရည္တခ်ဳိ႕ ပန္းထြက္လာကာ သူ႕မ်က္လံုးထဲဝင္သြားတယ္...။

"အား.. ေဆာ့ေဆာ့ေရ လုပ္ပါဦး.. ငါ့မ်က္စိ"

တစ္ခုခုဆိုအၿမဲပ်ာယာခတ္တတ္တဲ့ယြန္းဂီေၾကာင့္ ဟိုေဆာ့လည္း ကပ်ာကယာ ကားပါကင္ထိုးၿပီး သူ႕မ်က္လံုးကိုၿဖဲၾကည့္ရတယ္...။ ဘာမွထူးထူးျခားျခားမရိွ္ေပမယ့္ သူစိတ္ေက်နပ္ေအာင္ မ်က္လံုးထဲသို႔ ေလမႈတ္ထည့္ေပးလိုက္တယ္...။

"ဟိုဟာကသူတို႔ကားမဟုတ္လား...  ဘာလို႔မဆင္းလာေသးပါလိမ့္"

ကားရပ္ၿပီးသည္အထိဆင္းမလာၾကတဲ့ သူတို႔၂ေယာက္ေၾကာင့္ ထယ္ေယာင္းလည္းဇေဝဇဝါနဲ႔ ကားနားသို္႔တိုးကပ္သြားလိုက္တယ္...။ သူတို႔ရိွေနမယ့္ ကားေရွ႕ခန္းဆီသို႔ အၾကည့္ေရာက္သြားေသာအခါ......

"ဟင္... ဒါ... ဒါက"

မ်က္ႏွာခ်င္းတအားနီးကပ္ေနတဲ့ သူတို႔၂ေယာက္...။ ဟိုေဆာ့ကယြန္းဂီရဲ႕ေခါင္းကုိ ထိန္းကိုင္ထားသလို ယြန္းဂီကလည္း ခပ္ေမာ့ေမာ့ေလးနဲ႔ ၿငိမ္ခံေနတယ္...။ ဘာလဲ.. ကားထဲမွာ နမ္းေနၾကတာလား...?? ထူပူေနတဲ့စိတ္ေၾကာင့္ မွန္တံခါးကိုပဲေခါက္လိုက္ရမလား လွည့္ပဲထြက္သြားရမလားဆိုၿပီး ထယ္ေယာင္းအၾကပ္႐ိုက္ေနတယ္...။

"ထယ္ထယ္...?? အဲ့မွာဘာရပ္လုပ္ေနတာလဲ"

ကားထဲမွထြက္လာတဲ့ယြန္းဂီက ထယ္ေယာင္းကိုျမင္ေတာ့ ဘာမွမျဖစ္သလိုပင္ႏႈတ္ဆက္လာတယ္...။ ကိုယ့္မွာသာမ်က္ႏွာေတြပူေနတာ သူတို႔၂ေယာက္လံုးက ခပ္ေအးေအးပင္...။

"ေနမေကာင္းဘူးလားဟင္... ဘာလို႔ mask ႀကီးတပ္ထားတာလဲ...??"

"ညကအိပ္ေရးမဝလို႔ပါ... ေကာ္ဖီတစ္ခြက္ေသာက္လိုက္ရင္ ေကာင္းသြားမွာပါ"

ထယ္ေယာင္းလည္း မယုတ္မလြန္သာေျဖရင္း ေၾကာင္ေပါက္ေလးကို နွေမ်ာသလိုၾကည့္မိစဥ္ ေနာက္ထပ္သံသယျဖစ္ဖြယ္တစ္ခုကို ထပ္ေတြ႕လိုက္တယ္...။ ေၾကာင္ေပါက္ေလးဝတ္ထားတဲ့ အက်ႌအနက္ေရာင္ေပၚမွာ ထင္က်န္ေနတဲ့ အျဖဴေရာင္အရည္တခ်ဳိ႕...။ ဘာ... ဘာႀကီးေတြလဲ...။ ထယ္ေယာင္းေလးရဲ႕ dirty mind ေတြ on ကုန္ပါၿပီေနာ္...။

"ဒါ... ဒါက..ဘာေတြလဲ...??"

မေနႏိုင္တာေၾကာင့္ ပါးစပ္ကေနထုတ္ေမးလိုက္ေသာအခါ ေၾကာင္ေပါက္ေလးက သူ႕ကိုယ္သူငံု႔ၾကည့္ျပီး ဘာမွမျဖစ္သလို ထိုအရည္ေတြကိုလက္နဲ႔သုတ္လိုက္ရင္း ေပသြားတဲ့လက္ကို လွ်ာနဲ႔ျပန္ယက္တယ္...။

"ဘာမွမဟုတ္ပါဘူး... ထယ္ထယ္အတန္းသြားတက္ေတာ့ေလ... ဒါမွမဟုတ္လည္း ကန္တင္းမွာေကာ္ဖီသြားေသာက္လိုက္... ငါ့မွာ assignment လုပ္စရာေတြရိွလို႔ ေန႔လည္မွထပ္ေတြ႕ၾကမယ္ေနာ္"

ေျပာၿပီးတာနဲ႔အတန္းထဲတန္းဝင္သြားတဲ့ ေၾကာင္ေပါက္ေလး...။ အရင္လိုမ်ဳိး ထယ္ေယာင္းကို popo ေတာင္မေပးေတာ့ေပ...။ ဒါသံသယျဖစ္စရာပါပဲ...။ ၾကည့္ရတာသူနဲ႔ဟို္ေဆာ့ တိတ္တိ္တ္ပုန္းတြဲေနရာကေန အတည္တြဲေတာ့ဖို႔ ႀကိဳးစားေနတာမ်ားလား...။

ဒါမ်ဳိးေတာ့ထယ္ေယာင္းတို႔က အျဖစ္မခံႏို္င္ပါ...။ ကိုယ္အရင္ကရည္းစားမ်ားခဲ့လို႔ ဝဋ္လည္တယ္ပဲထားဦး အျပစ္မရိွတဲ့ဂ်ီမင္းကေတာ့ မျဖစ္သင့္ဘူးေလ...။ မျဖစ္ေတာ့ဘူး ဒီကိစၥကို္အျမန္ဆံုးေဖာ္ထုတ္မွပါ...။ ေလာေလာဆယ္ေတာ့ အိပ္ေရးပ်က္ထားတာအတြက္ ေကာ္ဖီေသာက္ကာ အားသြားျဖည့္ဦးမွပါ...။

"အာ့.. ေဆာ့ေဆာ့ေရ.. ငါေတာ့ျပႆနာတက္ၿပီ"

အာလူးေၾကာ္ထုတ္ကို ေဖာက္စားေနရာကေန ဗိုက္ကိုႏိွပ္ရင္းေအာ္ေနတဲ့ယြန္းဂီကို assignment ေရးေနတဲ့ဟိုေဆာ့က မ်က္ေမွာင္က်ံဳ႕ရင္းလွည့္ၾကည့္တယ္...။ ကိုယ့္အတြက္က မေန႔ညကတည္းက ေရးၿပီးေနေပမယ့္ အပ်င္းတက္တဲ့ေၾကာင္စုတ္အတြက္ ေက်ာင္းေရာက္မွ ဝိုင္းေရးေပးေနရတယ္...။ သူကေတာ့အာလူးေၾကာ္တစ္ထုတ္နဲ႔ ၿငိမ့္ေနလိုက္တာ...။ ခုလည္း ဘာထျဖစ္ျပန္သည္မသိ...။

"ဘာလဲယြန္းဂီရာ"

"ငါဗိုက္နာလာၿပီ... ဝမ္းပ်က္ၿပီထင္တယ္"

ေျပာေတာ့လည္းကိုယ့္အလြန္ျဖစ္မယ္...။ အစားကိုစည္းကမ္းမရိွစား... ၿပီးရင္တစ္ခုမဟုတ္တစ္ခု ျဖစ္ေနက်မဟုတ္လား...။ ေျပာစကားက်ေတာ့နားမေထာင္ဘူး... တကယ္တမ္းျဖစ္လာေတာ့မွ ကူပါကယ္ပါလုပ္တာ မင္ယြန္းဂီရဲ႕အက်င့္...။

"ငါေျပာသားပဲ.. အခုျဖစ္ၿပီမလား"

"အား.. ငါမရေတာ့ဘူး... သြားေတာ့မယ္"

ဆူမယ့္စကားေတာင္မဆံုးေသးဘူး အာလူးေၾကာ္ထုတ္ကိုပစ္ခ်ကာ အတန္းထဲကေနအေျပးတပိုင္း ေျပးထြက္သြားတဲ့ယြန္းဂီေၾကာင့္ ဟိုေဆာ့ကေတာ့ သက္ျပင္းသာခ်မိတယ္...။ သူေမႊတာ ကိုယ့္တစ္ေယာက္တည္းကို္... သူ႕ငထယ္ေရွ႕က်ေတာ့ လူတတ္ႀကီးလိုလို စာပဲႀကိဳးစားသလိုလို လုပ္ျပေနက်...။ တကယ္တမ္းသူ႕ရဲ႕ ရွပ္တီးရွပ္ျပာႏိုင္မႈကိုသိသူက ဒီကေဂ်ာင္ဟိုေဆာ့တစ္ေယာက္တည္းသာ...။

မွတ္မိေသးတယ္...။ ထယ္ေယာင္းအတြက္ စကၠဴၾကယ္ေလးေတြ ဖန္ဘူးအျပည့္ေခါက္ထည့္ၿပီး လက္ေဆာင္ေပးခဲ့တဲ့ယြန္းဂီ...။ တကယ္တမ္းက သူေခါက္တာတစ္လံုးမွမပါ...။ ဟိုေဆာ့ကသာ တညလံုးနီးပါးမအိပ္ပဲေခါက္ေပးရတာ...။ ကိုယ့္ခ်စ္သူဂ်ီမင္းကို္ေတာင္ ခုလိုမလုပ္ေပးခဲ့ဖူးတာအမွန္...။

ေရွ႕တင္က်ေတာ့ သူ႕ကိုယ္သူဆရာႀကီးလုပ္သမွ် ေနာက္ကေနေျဖရွင္းေပးရသူက ဟို္ေဆာ့ပဲျဖစ္တယ္...။ အျပစ္ေတာ့ေျပာမေနေတာ့ပါ...။ ကိုယ္ကလည္း မေနႏိုင္မထိုင္ႏိုင္ ကူညီမိတာကိုး...။ ခုလည္းသူ႕ရဲ႕ assignment ကို ကူေရးေပးရျပန္ၿပီ...။ ကိုယ္ေရးထားတာနဲ႔မတူေအာင္ မနည္းႀကိဳးစားေရးေနရတာေၾကာင့္ အခ်ိန္ကပိုၾကာေနတယ္...။

အိတ္ထဲကေနတုန္ခါလာတဲ့ဖုန္းေၾကာင့္ ဟိုေဆာ့ကြၽတ္တခ်က္သပ္ရင္း ဖုန္းကိုထုတ္ၾကည့္လိုက္တယ္....။ ယြန္းဂီေခၚတာပဲ... ဘာျဖစ္ျပန္ၿပီလဲမသိ...။ သူခုနက အိမ္သာကိုသြားတာမဟုတ္ဘူးလား...။ ၾကာၾကာစဥ္းစားမေနေတာ့ပဲ ဖုန္းကိုသာျပန္ေျဖလိုက္တယ္...။

"ေအး ေျပာ... ဘာလဲ"

"ေဆာ့ေဆာ့ေရ.. အိမ္သာကိုအျမန္လာခဲ့ေပးပါ... ငါ့အိမ္သာမွာတစ္ရွဴးကုန္ေနလို႔"

ဟိုေဆာ့စိတ္ထဲမွာသာ က်ိန္ဆဲလိုက္မိေပမယ့္ တကယ္တမ္းလက္ေတြ႕က်ေတာ့ အခုလာခဲ့မယ္ဆိုၿပီး ဖုန္းခ်လိုက္တယ္...။

ေၾကာင္စုတ္ေၾကာင္ပဲ့...!!! အိမ္သာမွာတစ္ရွဴးကုန္တာကို အျပင္မွာရိွတဲ့တစ္ေယာက္ေယာက္ကို လွမ္းေခၚၿပီးအကူအညီေတာင္းလို႔ ရရဲ႕သားနဲ႔မ်ား အတန္းထဲကလူကို လွမ္းေခၚရတယ္လို႔...။ စိတ္ထဲမွာေအာင့္သက္သက္ေပမယ့္ တစ္ဖက္ကေတြးေတာ့လဲ ခပ္ေခ်ေခ်ေၾကာင္ေပါက္က မသိတဲ့လူတစ္ေယာက္နဲ႔ ေပါင္းသင္းဆက္ဆံရမွာကို မလိုလားဘူးဆိုတဲ့အေျဖက ထြက္လာျပန္တယ္...။ ထို္သို႔ေသာအေၾကာင္းရင္းမ်ားေၾကာင့္ သူရိွေနတဲ့အိမ္သာသို႔သာ ေျခလွမ္းက်ဲႀကီးေတြနဲ႔ ဟိုေဆာ့ဦးတည္သြားလိုက္တယ္...။

"ဟင္... အစ္ကိုဟိုေဆာ့က ဘယ္သြားတာလဲ"

ေကာ္ဖီေသာက္ၿပီးျပန္လာတဲ့ထယ္ေယာင္း အတန္းေရွ႕မွာ မေယာင္မလည္လုပ္ေနေပမယ့္ ေၾကာင္ေပါက္ရဲ႕အရိပ္အေယာင္ကို မေတြ႕ရတာေၾကာင့္ စဥ္းစားရၾကပ္ေနတယ္....။ ထိုအခ်ိန္မွာပင္ အတန္းထဲကေန ခပ္သုတ္သုတ္ထြက္သြားတဲ့ ဟိုေဆာ့ကိုျမင္ေတာ့ ပိုအံ့ဩသြားရတယ္...။

ကိုယ္နဲ႔မဆိုင္ပါဘူးဆို္ၿပီး အတန္းေရွ႕မွာပင္ ဆက္ေစာင့္ေနေပမယ့္ စိတ္ထဲမွာတမ်ဳိးျဖစ္လာတာေၾကာင့္ ဟိုေဆာ့သြားတဲ့လမ္းအတိုင္း လိုက္သြားလိုက္တယ္...။ ေကာ္ရစ္ဒါရဲ႕အဆံုးမွာက အိမ္သာပဲရိွတာေၾကာင့္ ၾကည့္ရတာဟိုေဆာ့လည္း အေရးေပၚျပႆနာ လာေျဖရွင္းတာေနမွာပါ...။

"ငါကလည္းေလ မဆီမဆိုင္နဲ႔ သူမ်ားအိမ္သာတက္တာပါ လိုက္ၾကည့္ေနမိတယ္... တကယ္ပါပဲ"

ကိုယ့္အျဖစ္ကိုယ္ရယ္ခ်င္မိတာေၾကာင့္ အိမ္သာေရွ႕ကေန ျပန္လွည့္ထြက္ဖို႔လုပ္စဥ္ အထဲကၾကားလိုက္ရတဲ့ အသံတစ္ခုေၾကာင့္ သူ႕ေျခလွမ္းေတြတုန္႔ခနဲပင္...။

"အာ့...ေဆာ့ေဆာ့ ျမန္ျမန္ေလး"

"အင္း... ခဏေလးေအာင့္ထားပါယြန္းဂီရာ"

ဘုရား.. ဘုရား... တကယ္ႀကီးပဲလား...?? ထယ္ထယ္ေလးစိတ္ကထင္ရင္ လြဲခဲပါတယ္ဆိုေနမွ အခုတကယ္ႀကီးကို ျဖစ္ေနတာပဲ...။ ဘယ္လိုလုပ္ရမလဲ... အထဲကိုဝင္သြားသင့္သလား...။ ေက်ာင္းအိမ္သာမွာေတာင္ မေအာင့္ႏိုင္ပဲျဖစ္ပ်က္ေနၾကတဲ့ သူတို႔၂ေယာက္.. ကိုယ့္ကိုျမင္ရင္လန္႔သြားေလမလား...။ ထိပ္တိုက္ေျဖရွင္းဖို႔အေရး ခုထိခ်ိတံုခ်တံုျဖစ္ေနဆဲ...။

အိမ္သာ၅လံုးမွာ သူဝင္ၾကည့္တဲ့အိမ္သာမွန္သမွ် တစ္ရွဴးကုန္ေနၿပီး ေနာက္ဆံုးအိမ္သာထဲက်မွ တစ္ရွဴးလိပ္ကိုေတြ႕ရတာေၾကာင့္ ဟိုေဆာ့ဝမ္းသာအားရနဲ႔ ဆြဲျဖဳတ္လိုက္တယ္...။ အထဲကယြန္းဂီကလည္း ေအာ္ေနၿပီေလ...။ ၿပီးရင္သူ႕ကိုေက်ာင္းေဆးခန္း လိုက္ပို႔ေပးရဦးမယ္...။

"ေရာ့.. ေရာ့..ဒီမွာ"

အိမ္သာေအာက္တံခါး လြတ္ေနတဲ့ေနရာကေန သူလိုခ်င္ေနတဲ့ တစ္ရွဴးလိပ္ကိုထိုးေပးလိုက္ၿပီး ဟိုေဆာ့အျပင္ကေနသာ ေစာင့္ေနလိုက္တယ္...။ ခဏေနေတာ့မွ ေရဆြဲခ်သံနဲ႔မေရွးမေႏွာင္းမွာပင္ အိမ္သာထဲကေန ယြန္းဂီတစ္ေယာက္ ေပ်ာ့ေခြကာဒယီးဒယိုင္နဲ႔ ထြက္လာေလတယ္...။

"လာ... လက္အျမန္ေဆး... ေဆးခန္းလိုက္ပို႔ေပးမယ္"

"ငါလမ္းမေလွ်ာက္ႏိုင္ေတာ့ဘူး"

"အင္း.. သိတယ္... ငါကုန္းပို္းသြားမယ္"

နဂိုတည္းကအသားျဖဴတဲ့ေၾကာင္စုတ္... ခ်ီးပန္းေနတာေၾကာင့္ ပိုၿပီးေတာင္ ျဖဴစုတ္စုတ္ျဖစ္သြားေသးတယ္...။ သူငယ္ခ်င္းအရင္းႀကီးမို႔ သနားလည္းသနားမိတယ္...။ ေနေကာင္းမွပဲ ထပ္ဆူေတာ့မယ္...။

အျပင္ဘက္မွာရပ္ေနတဲ့ထယ္ေယာင္းမွာလည္း ဝင္ရေကာင္းႏိုး မဝင္ရေကာင္းႏိုးစဥ္းစားေနတယ္...။ အသံေတြကေတာ့ တိ္တ္ဆိတ္သြားသလိုပါပဲ...။ ပိုၾကားရေအာင္ တံခါးနားအသာေလးကပ္သြားစဥ္မွာပင္ ႐ုတ္တရတ္ပြင့္လာတဲ့တံခါးေၾကာင့္ အလန္႔တၾကားေနာက္ဆုတ္လိုက္ရတယ္...။

ဟင္... ဟိုေဆာ့က ယြန္းဂီကိုကုန္းပိုးထားတာပဲ...။ သူတို႔ကေတာ့ ပတ္ဝန္းက်င္ကိုအာ႐ံုမထားတာေၾကာင့္ တံခါးျပင္မွာရပ္ေနတဲ့ထယ္ေယာင္းကို ေတြ႕မသြားၾကေပ...။

"အီး ဟီး... ငါဖင္နာေနတယ္ ေဆာ့ေဆာ့ရဲ႕"

"အင္း... ခဏေလး.. ငါေဆးခန္းပို႔ေပးမယ္"

ၾကားရတဲ့စကားေတြေၾကာင့္ ထယ္ေယာင္းတစ္ေယာက္ ေသြးပ်က္သြားရတယ္...။ ေဂ်ာင္ဟိုေဆာ့ႀကီး ဘယ္ေလာက္ေတာင္ၾကမ္းတာလဲ... ေၾကာင္ျဖဴေလးခမ်ာ ေမ်ာ့ေမ်ာ့ပဲက်န္ေတာ့တယ္...။ လမ္းေတာင္မေလွ်ာက္ႏိုင္ေတာ့လို႔ ကုန္းပိုးရတဲ့အထိပဲ...။

မျဖစ္ေတာ့ပါဘူး... ဒီကိစၥကိုလူစံုတက္စံုနဲ႔ ရွင္းမွျဖစ္ေတာ့မွာမို႔ ဂ်ီမင္းဆီကို အျမန္ဖုန္းဆက္လိုက္ရတယ္...။ ကန္တင္းမွာေတြ႕ၾကၿပီး အေၾကာင္းစံုကိုရွင္းျပတာေတာင္ ဂ်ီမင္းကမယံုသလိုလိုနဲ႔ပင္...။

"မင္းဟာကဟုတ္ပါ့မလား... သူတို႔ကညီအစ္ကိုလို ခ်စ္ၾကတာပါကြာ.. ဟိုေဆာ့ကီေျပာဖူးတယ္... ယြန္းဂီကသူ႕ညီေလးလိုပဲတဲ့"

"အဲဒါအယံုသြင္းတာကြ... မင္းကဒီေလာက္အေျခအေန ျဖစ္ေနတာကိုေတာင္ မယံုေသးတာလား... ငါ့မ်က္စိနဲ႔တပ္အပ္ျမင္ နားနဲ႔ဆက္ဆက္ၾကားခဲ့တာကြ"

ဂ်ီမင္းတကယ္ပဲစိတ္႐ႈပ္ေနေလၿပီ...။ သူေျပာတာက ဟုတ္သလိုလိုရိွေသာ္လည္း ကိုယ့္သူငယ္ခ်င္းအေၾကာင္း ကိုယ္အသိဆံုးမို႔ သူေျပာတာကိုမယံုခ်င္ေသး...။ ဒါကိုပဲသူက မယံုရေကာင္းလားဆိုၿပီး ေဒါသျဖစ္ေနေလရဲ႕...။

"ဂ်ီမင္းရာ... မင္းဘာလို႔ဒီေလာက္တံုးရတာလဲ... ဒီေလာက္သက္ေသခိုင္မာေနတာကို... ငါလည္းခံစားရတာေပါ့... ငါ့ေၾကာင္ေပါက္ကို ငါအရမ္းခ်စ္တာေလကြာ... ငါ့ေရွ႕မွာတင္သူက တျခားတစ္ေယာက္နဲ႔ခုလိုျဖစ္ေနေတာ့ ငါဘယ္လိုခံစားရမလဲ မင္းကိုယ္ခ်င္းစာၾကည့္"

ေျပာရင္းနဲ႔မ်က္ရည္ဝဲလာတဲ့ထယ္ေယာင္းေၾကာင့္ ဂ်ီမင္းပါငိုခ်င္လာတယ္...။ ဒါကတကယ္ပဲလား... သူေျပာသလိုသာမွန္ေနရင္ ဘယ္လိုလုပ္မလဲ...။ ဟိုေဆာ့ကိုလက္လႊတ္ေပးဖို႔ ကိုယ့္မွာသတၱိရိွေနၿပီလား...။

"ငါတို႔၄ေယာက္စံုၿပီးေပၚတင္ရွင္းၾကတာေပါ့... ငါခုပဲသူတို႔ကိုခ်ိန္းလိုက္ေတာ့မယ္... အာ ေနဦး... မင္းခ်ိန္းလိုက္... အစ္ကိုဟိုေဆာ့ကိုဖုန္းေခၚ... ေၾကာင္ေပါက္က ေနသိပ္မေကာင္းဘူး"

ဂ်ီမင္းလည္းမသက္မသာနဲ႔ေခါင္းညိတ္ျပရင္း ဟိုေဆာ့ဆီဖုန္းေခၚကာ ေက်ာင္းဝန္းထဲကလူရွင္းတဲ့တစ္ေနရာမွာ ေတြ႕ဖို႔ခ်ိန္းလိုက္တယ္...။ ကန္တင္းမွာဆို တျခားသူေတြနဲ႔မို႔ လူရွင္းတဲ့ေနရာကသာ အသင့္ေတာ္ဆံုးေလ...။

"ဂ်ီမင္းက ၄ေယာက္စံုၿပီးေျပာစရာရိွလို႔တဲ့"

ေက်ာင္းေဆးခန္းရဲ႕ကုတင္ေပၚမွာ လွဲေလ်ာင္းေနရင္း drip ခ်ိတ္ထားရတဲ့ယြန္းဂီကို ဟိုေဆာ့လွမ္းေျပာလိုက္တယ္...။ ေဆးလည္း ထိုးထားတာေၾကာင့္ ဝမ္းပိတ္သြားၿပီျဖစ္သလို သြင္းထားတဲ့ေဆးေၾကာင့္ အတန္ငယ္လန္းလာၿပီျဖစ္တဲ့ယြန္းဂီလဲ ေခါင္းသာညိ္တ္ျပလိုက္တယ္....။

"ေဆးကုန္သြားရင္ သြားၾကမယ္ေလ.. ဆယ္မိနစ္ေလာက္ပါပဲ"

"မင္းရလို႔လား... သူတို႔နဲ႔ေနာက္မွေတြ႕လည္းရတာပဲ... အိမ္ပဲျပန္လိုက္မလား... နားရေအာင္လို႔ေလ"

"ငါလူမမာမဟုတ္ပါဘူးေဆာ့ေဆာ့ရ... အခုေကာင္းသြားၿပီပဲကို... မနက္က assignment ကိစၥေခါင္းထဲေရာက္ေနလို႔ ထယ္ထယ္ေလးကို္ေတာင္ popo မေပးလိုက္ရဘူး"

သူ႕စကားေၾကာင့္ ဟိုေဆာ့ကမ်က္ႏွာမဲ့ျပတယ္...။ ခုနကေတာ့ ေသေတာ့မလို႐ုပ္ေလးနဲ႔ ျဖဴေဖ်ာ့ေခြယိုင္ေနတာ သူမဟုတ္တဲ့အတိုင္း...။ နည္းနည္းေလးေနျပန္ေကာင္းတာနဲ႔ ေလက်ယ္လာျပန္ၿပီ...။

"ထယ္ထယ္ေလးကို popo ေပးလိုက္ရရင္ ခုခ်က္ခ်င္းေတာင္ အားေတြျပန္ျပည့္သြားမယ္ထင္တယ္"

ေသာက္ပိုေတြေျပာလြန္းတဲ့ေၾကာင္စုတ္ကို္ ဟိုေဆာ့အျမင္ကတ္ကတ္နဲ႔ ေဆးထိုးအပ္နဲ႔ ေဆာင့္ထိုးပစ္ခ်င္စိ္တ္ေပါက္တယ္...။ ေစတနာေတြပ်က္လိုက္တာေနာ္...။ ခုနကခ်ီးပန္းေနတုန္းက်ေတာ့ သူ႕ထယ္ထယ္ေလးကိုသတိမရဘူး...။ ဒုကၡေပးဖို႔ဆို ကိုယ့္မ်က္ႏွာပဲ ေျပးျမင္တယ္ထင္ပါ့...။

ခဏေနေတာ့သူလည္း ေဆးသြင္းတာၿပီးသြားတာမို႔ ၂ေယာက္သားခပ္ျဖည္းျဖည္းခ်င္းပဲ ခ်ိန္းထားတဲ့ေနရာကို ထြက္လာခဲ့လိုက္တယ္....။ ခ်ိန္းဆိုထားတဲ့ သစ္ပင္ေအာက္ကခံုတန္းမွာ ဂ်ီမင္းကၿငိမ္ၿငိမ္ေလးထိုင္ေနၿပီး ထယ္ေယာင္းကေတာ့ ဟိုဒီလမ္းေလွ်ာက္ေနတယ္...။

"ထယ္ထယ္ေလးေရ....!!!"

အားျပည့္သြားေတာ့အသံကတမ်ဳိး... ခုနကလို ေညႇာင္နာနာေလး မဟုတ္ေတာ့ဘူး...။ ထယ္ေယာင္းကလည္း သူ႕ကိုျမင္ေတာ့ ေပ်ာ္သြားသလိုျဖစ္သြားေပမယ့္ ခ်က္ခ်င္းမ်က္ႏွာက တမ်ဳိးျဖစ္သြားသလိုပင္...။ ဂ်ီမင္းကေတာ့ ဟိုေဆာ့ကိုမရဲတရဲခိုးၾကည့္ၿပီးမွ ေခါင္းေလးငံု႔သြားျပန္တယ္....။

"ဘာျဖစ္ေနၾကတာလဲ မင္းတို႔၂ေယာက္...  ငါတို႔ကိုဘာေျပာမလို႔ေခၚတာလဲ"

ဟိုေဆာ့ကပဲ စကားလမ္းေၾကာင္းစေပးလိုက္တယ္...။ ယြန္းဂီသည္လည္း အရင္လိုမဟုတ္တဲ့ထယ္ေယာင္းေၾကာင့္ ဇေဝဇဝါျဖစ္ေနသလိုပင္...။ သူဝမ္းသာအားရလွမ္းေခၚတာကိုေတာင္ ထယ္ေယာင္းဘက္က ေအးတိေအးစက္ျဖစ္ေနသည္မလား....။

"ကြၽန္ေတာ္ရွင္းရွင္းပဲေမးေတာ့မယ္... အစ္ကိုတို႔၂ေယာက္ မ႐ိုးသားဘူးမလား... အဆင့္ေတြလည္း ေက်ာ္ေနၾကၿပီမလား"

ထယ္ေယာင္းရဲ႕အေမးေၾကာင့္ ဟိုေဆာ့နဲ႔ယြန္းဂီ နားမလည္သလိုပံုစံနဲ႔ တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ ၾကည့္လိုက္မိၾကတယ္...။ ဒါကိုျမင္တဲ့ဂ်ီမင္းကေတာ့ သိလိုက္ပါၿပီ...။ ထယ္ေယာင္းထင္တာမွားၿပီဆိုတာ....။ အရိပ္၃ပါးနားမလည္ရွာတဲ့ ထယ္ေယာင္းေလးကေတာ့ ခုထက္ထိသူမွန္တယ္ထင္ေနတုန္း...။

"မင္းဘာေတြေျပာေနတာလဲ ထယ္ထယ္"

ယြန္းဂီဘက္ကေန ျပန္ၿပီးေမးခြန္းထုတ္လာတယ္...။ ထယ္ေယာင္းေျပာတဲ့အဓိပၸာယ္ကို သူခုထိသေဘာမေပါက္ေသးဘူးေလ...။

"ထယ္ထယ္အကုန္သိၿပီးၿပီ... မနက္ကလည္း အစ္ကိုဟိုေဆာ့နဲ႔ ကားထဲမွာနမ္းေနၾကတယ္မလား... ၿပီးေတာ့ အိမ္သာထဲမွာက်ေတာ့ ဟိုလိုေတြလုပ္ၾကတယ္ေလ... ၿပီးေတာ့လမ္းမေလွ်ာက္ႏိုင္ေတာ့လို႔ အစ္ကိုဟိုေဆာ့ကေတာင္ ကုန္းပိုးေခၚရတယ္မလား... ဖင္နာတယ္လို႔ေတာင္ ေျပာေသးတာကို ထယ္ထယ့္နားနဲ႔ဆက္ဆက္ၾကားတယ္"

ယြန္းဂီတစ္ေယာက္ အေျပးအလႊား memory recall ျပန္လုပ္ေနရတယ္...။ သူ႕ရဲ႕မ်က္ႏွာအေနအထားကို ၾကည့္ျခင္းအားျဖင့္ ဂ်ီမင္းကေတာ့ ထယ္ေယာင္းမွားေနၿပီဆိုတာ သိလိုက္ပါျပီ...။ ကိုယ္ကေတာ့ ဘာမွဝင္မေျပာရဲေသး... မွားမွားမွန္မွန္ ကိုယ့္ဘက္ျမႇားဦးမလွည့္ေအာင္ ႀကိဳကာထားရမယ္ေလ...။

"ေဟ့ေကာင္... မင္းဘာေတြေလွ်ာက္ေျပာေနတာလဲ"

"ေန.. ေန... ေဆာ့ေဆာ့ ငါရွင္းမယ္"

ေရွ႕တိုးလာတဲ့ဟိုေဆာ့ကိုေတာင္ ယြန္းဂီကလက္ကာျပကာ တားထားလိုက္တယ္...။ ပက္ခ္ဂ်ီမင္းေလးကေတာ့ အေျခအေနကိုသေဘာေပါက္စြာ ေျပးဖို႔ေနရာရွာထားႏွင့္လိုက္ၿပီ...။

"မင္းကအဲဒါေတြျမင္တာနဲ႔ပဲ ငါတို႔ကိုစည္းေက်ာ္ေနတယ္လို႔ ထင္သြားတာေပါ့ေလ... အထင္လြဲတာလို႔ေတာင္ မေတြးမိဘူးလား"

"ဒီေလာက္သက္ေသခိုင္လံုေနတာကိုပဲ.. ၿပီးေတာ့ အစ္ကိုဟိုေဆာ့နဲ႔ ေရခ်ဳိးခန္းထဲမွာလည္း ဟြာလုပ္ေသးတယ္မလား"

"ဟမ္... ဘယ္တုန္းကလဲ...??"

"ထယ္ထယ့္အိပ္မက္ထဲမွာေလ"

မင္ယြန္းဂီတစ္ေယာက္ ေသြးေတြေဆာင့္တက္လာပါၿပီ...။ မဟုတ္တာေတြစြပ္စြဲေနၿပီး ေနာက္ဆံုးသက္ေသက အိပ္မက္ထဲမွာတဲ့လား...။ သူအိပ္မက္မက္တဲ့အတိုင္း အျပင္မွာျဖစ္မယ္မ်ား ထင္ေနေလေရာ့သလား...။ ဒါသပ္သပ္ မင္ယြန္းဂီရဲ႕စိတ္ကိုစမ္းတာ...။

"ေဆာ့ေဆာ့... ငါ့လက္ထဲကိုတစ္ခုခုလာေပးစမ္းပါ"

ေနာက္ကိုလွည့္မၾကည့္ပဲ လက္ျဖန္႔ေတာင္းေနတဲ့ယြန္းဂီ...။ အေျခအေနကိုသေဘာေပါက္စြာ ဂ်ီမင္းနည္းတူ ေဘးပတ္ဝန္းက်င္ကို အကဲခတ္ထားတဲ့ဟိုေဆာ့က သစ္ကိုင္းေျခာက္ခပ္ႀကီးႀကီးတစ္ခုကို္ ေကာက္ယူကာ ယြန္းဂီလက္ထဲသို႔ထည့္ေပးလိုက္တယ္...။

"သက္ေသမခိုင္လံုပဲ ငါ့ကိုစြပ္စြဲတဲ့အေကာင္စုတ္ ေသေပေတာ့"

"ဟာ... မ.. မလုပ္နဲ႔ေလ... ထယ္ထယ္ေျပာတာ အမွန္ေတြပဲမဟုတ္ဘူးလား...??"

ခုမွေၾကာက္လန္႔တၾကားနဲ႔ ေနာက္ကိုဆုတ္သြားတဲ့ထယ္ေယာင္း...။ ယြန္းဂီကေတာ့ သစ္ကိုင္းေျခာက္ႀကီးကို လွမ္းရြယ္ကာ ႐ိုက္ဖို႔ျပင္ေနေလျပီ...။

"အမွန္ဟုတ္မဟုတ္ မင္းကို႐ိုက္ၿပီးမွေျပာျပမယ္... အခုရပ္လိုက္စမ္း... မေျပးနဲ႔"

"အား.. ေၾကာက္ပါၿပီ... မ႐ိုက္ပါနဲ႔"

အနားတဝိုက္မွာတင္ပတ္ေျပးေနၾကတဲ့ သူတို္႔၂ေယာက္ကိုၾကည့္ၿပီး ဝင္မပါမိတာမွန္သြားတယ္လို႔ ဂ်ီမင္းေကာက္ခ်က္ခ်မိတယ္...။ ထိုအခိုက္သူ႕ပခံုးေပၚ တင္လာတဲ့လက္တစ္ဖက္ေၾကာင့္ လွည့္ၾကည့္မိေတာ့ အၿပံဳးခ်ဳိခ်ဳိေလးမ်ားနဲ႔ သူ႕ခ်စ္သူဟိုေဆာ့...။ ဂ်ီမင္းကလည္း ျပန္ၿပံဳးျပလိုက္ရင္း ခ်စ္သူရဲ႕ရင္ခြင္ထဲသို္႔ တိုးဝင္လိုက္ေလတယ္...။

ဆိုးလ္တကၠသိုလ္ေက်ာင္းဝန္းထဲက သစ္ပင္ေအာက္ခံုတန္းတစ္ခုေပၚမွာ ၾကည္ႏူးေနၾကတဲ့ ခ်စ္သူစံုတြဲတစ္တြဲရိွ္ေနသလို အနားမွာလည္း စိန္ေျပးလိုက္တမ္း ပတ္ေျပးေနေလတဲ့ စံုတြဲတစ္တြဲလည္း ရိွေနျပန္တယ္...။

အျဖစ္သည္းတာမ်ားလြန္းရင္ ျပႆနာတက္ေၾကာင္းကိုေတာ့ မင္ယြန္းဂီနဲ႔ ကင္မ္ထယ္ေယာင္းတို႔က အေကာင္းဆံုးသက္ေသျပသြားေလၿပီ...။

ေပ်ာ္မေနၾကနဲ႔...။ ဘယ္ေလာက္ရန္ျဖစ္ျဖစ္ ေန႔မကူးခင္ ျပန္အဆင္ေျပမွာမို႔ မ်က္စိေနာက္ဖို႔သာ ျပင္ထားၾကေပေတာ့...။

To Be Continued......

(Unicode)

ခပ်ငြိမ့်ငြိမ့်တေးသံများ ပျံ့လွင့်နေတဲ့ရေချိုးခန်းငယ်...။
Bathtub ထဲမှာ မျက်ဝန်းတွေမှေးမှိတ်ကာ အနားယူနေတဲ့ ယွန်းဂီ...။ ပန်းပွင့်ဖတ်တွေရောနှောနေတဲ့ ဆပ်ပြာမြှုပ်တွေကြားမှာ သူ့ရဲ့ကိုယ်တဝက်က မြုပ်လို့နေတယ်...။ ရေစပ်တို့တွဲခိုနေတဲ့ သူ့မျက်နှာနုနုလေးကလည်း သိပ်ကိုဆွဲဆောင်မှုရှိလွန်းတယ်...။

ရိုမန်တစ်ဖြစ်လွန်းသော သံစဉ်တေးသွားလေးနဲ့အတူ မလှမ်းမကမ်းမှာ ထွန်းညှိထားတဲ့ အမွှေးနံ့ပါသောဖယောင်းတိုင်တွေကြောင့် သူ့ရဲ့စိတ်ကိုပိုမို ကြည်လင်လန်းဆန်းစေတယ်...။

ထိုကဲ့သို့သောဇိမ်ကျမှုကို သူတစ်ယောက်တည်း ခံစားနေတာတော့မဟုတ်ပါ...။ သူမှီထားတာက အေးစက်စက်ရေချိုးကန်ဘောင်မဟုတ်ပဲ နွေးထွေးတဲ့ရင်ခွင်တစ်ခုပါ...။ သူ့ကိုရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးနိုင်စွမ်းရှိတဲ့ ရင်ခွင်ကျယ်ကြီးတစ်ခုလို့ပဲ ပြောရမှာပေါ့လေ...။

ထိုသူကယွန်းဂီရဲ့ရေစိုနေတဲ့ဆံပင်လေးကို ခပ်ဖွဖွနမ်းတယ်...။ သူ့ရဲ့လက်ချောင်းသွယ်သွယ်တို့က ယွန်းဂီရဲ့ရင်ဘက်ပေါ်မှာ ခပ်ရွရွသွားလာနေတယ်...။ ထိုမှတဆင့် ထိုလက်ချောင်းသွယ်သွယ်တို့ရဲ့ ဦးတည်ရာက ဆပ်ပြာမြုပ်တွေကြားမှာ ပျောက်ကွယ်လုဖြစ်နေတဲ့ ယွန်းဂီရဲ့အောက်ပိုင်းတစ်နေရာသို့ ပြောင်းရွှေ့သွားသောအခါ.......

"ဟင့်... ဆော့ဆော့"

ယွန်းဂီရဲ့နှုတ်ခမ်းပါးလေးဆီကနေ ခပ်သဲ့သဲ့ညည်းညူသံလေး ထွက်ကျလာကာ သူ့ရဲ့လက်တွေကိုတားဆီးလိုက်တယ်....။ ဟုတ်ပါတယ်... ထိုသူမှာ ယွန်းဂီရဲ့အချစ်ဆုံးသူငယ်ချင်းဆိုသူ ဂျောင်ဟိုဆော့ပဲဖြစ်တယ်...။

"ငါနာနေပြီ... နောက်နေ့မှလုပ်ရအောင်နော်"

"ကိုယ်ညင်သာပါ့မယ်ကွာ"

ချော့မော့သလိုပြောရင်း ယွန်းဂီရဲ့ပါးလေးတစ်ဖက်ကို လက်နဲ့ထိန်းကိုင်ကာ ခေါင်းလေးကိုငဲ့စောင်းစေပြီး နှုတ်ခမ်းချင်းထိတွေ့စေလိုက်တယ်...။ ကျွမ်းကျင်လှတဲ့ဟိုဆော့ရဲ့ အနမ်းတွေကြားမှာ ယွန်းဂီမငြင်းဆန်နိုင်တော့ပဲ ညည်းသံသဲ့သဲ့လေးတွေ ထွက်ကျလို့လာပြန်တယ်...။ မိန်းမောနေတဲ့ယွန်းဂီရဲ့ အခြေအနေကိုအခွင့်ကောင်းယူရင်း ဟိုဆော့က ရေထဲမှကိုယ်ခန္ဓာချင်းကို ချိတ်ဆက်လိုက်တော့တယ်...။

၂ယောက်လုံးဆီကနေ ညည်းသံတွေထွက်ကျလို့လာခဲ့တယ်...။ တစ်ယောက်ကတော့ ကျေနပ်အားရမှုကြောင့်ဖြစ်ပြီး တစ်ယောက်ကတော့ နာကျင်မှုကြောင့်ပင်...။ သ့ိုသော်လည်း နာကျင်နေတဲ့ကောင်ငယ်လေးက တားမြစ်ခြင်းတစုံတရာမရှိပဲ ထိုနာကျင်မှုကြားမှ သာယာမှုတွေကို ရှာဖွေဖို့ကြိုးစားနေသောအခါ.......

"အာာားးး....!!!!!"

တကိုယ်လုံးချွေးများရွှဲနစ်နေရင်း ထယ်ယောင်းအိပ်ပျော်နေရာကနေ လန်နိုးသွားခဲ့တယ်....။ သူရောက်နေတဲ့နေရာကို အထိတ်တလန့်နဲ့အကဲခတ်မိတော့ ဘာမှမထူးခြားတဲ့ သူ့အိပ်ခန်းပင်ဖြစ်နေတယ်...။

"အိပ်မက်...?? ဘုရား ဘုရား... ဒါကဘယ်လိုအိပ်မက်ကြီးလဲ... ကြောက်ဖို့ကောင်းလိုက်တာ"

အရွယ်ရောက်ပြီးတဲ့ယောင်္ကျားလေးသဘာဝမို့ wet dream ဆိုတဲ့ စိတ်ထကြွဖွယ်ရာအိပ်မက်တွေကို တခါတရံမက်တတ်သော်လည်း ဒါမျိုးအိပ်မက်ကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်...။ မက်မယ့်မက်တော့လည်း ကိုယ်နဲ့မဟုတ်ပဲ ဟိုဆော့နဲ့တဲ့လား...။ အိပ်မက်နဲ့တောင်မတူ တကယ်ကြီးလိုပဲ...။

ရွှဲနစ်နေတဲ့ချွေးတွေကို အင်္ကျီလက်နဲ့ပင့်သုတ်ရင်း အိပ်ယာဘေးစားပွဲပေါ်မှာ တင်ထားတဲ့ရေဘူးကို အမြန်ယူကာ မော့သောက်လိုက်တယ်...။ အခုထက်ထိအာရုံထဲကနေ ထွက်မသွားသေးတဲ့ပုံရိပ်တွေကြောင့် ထယ်ယောင်းခေါင်းကိုခါထုတ်ပစ်လိုက်တယ်...။

"ဒါ.. ဒါက...တကယ်များဖြစ်နေမလား...??"

အရမ်းကိုသင့်မြတ်လွန်းတဲ့ သူငယ်ချင်း၂ယောက်...။ ကိုယ်နဲ့ဂျီမင်းတောင် ကတောက်ကဆတွေရှိပေမယ့် သူတို့၂ယောက်ကတော့ ဘယ်တုန်းကမှရန်မဖြစ်ခဲ့...။ ဂျီမင်းနဲ့ယွန်းဂီယှဉ်ရင်တောင် ယွန်းဂီဘက်သို့ပါတတ်တဲ့ဟိုဆော့...။ ကိုယ်နဲ့ဟိုဆော့ အဆင်မပြေဖြစ်ရင် ဟိုဆော့ကိုသာ ဘက်လိုက်တတ်တဲ့ယွန်းဂီ...။

ကမ်းခြေကိုအပန်းဖြေခရီးထွက်စဉ်က တစ်ခန်းတည်း တစ်ကုတင်တည်းမှာ အတူဖက်အိပ်ကြတဲ့ သူတို့၂ယောက်...။ ခုမှပြန်တွေးကြည့်လိုက်တော့ သံသယဖြစ်စရာတွေက အများကြီးပင်...။ ဟုတ်တယ်... ဒီကိစ္စကလုံးဝမရိုးသားဘူး...။

ချက်ချင်းပေါ်လာတဲ့စိတ်ကူးအရ စားပွဲပေါ်ကဖုန်းကိုယူကာ ဂျီမင်းဆီဆက်လိုက်တယ်...။ ခုချိန်မှာတိုင်ပင်လို့အကောင်းဆုံးက ကိုယ်နဲ့အဖြစ်တူတဲ့ ကိုယ့်သူငယ်ချင်းပဲရှိတာ...။ ဖုန်းခေါ်ဆိုနေရင်း နံရံပေါ်ကနာရီကိုလှမ်းကြည့်မိတော့ မနက်၂နာရီ၁၅မိနစ်...။

(ဟယ်လို)

တစ်ဖက်ကဂျီမင်းက ခုမှလန့်နိုးလာတာမို့ အသံကအိပ်ချင်မူးတူးနဲ့ပင်...။ ခဏနေရင်သူခုလို အိပ်ချင်မူးတူးဖြစ်နိုင်ပါတော့မလား...။

"ဂျီမင်း.. သေချာနားထောင်စမ်း... ကြောင်ပေါက်နဲ့အစ်ကိုဟိုဆော့က ဖြစ်နေကြတာသိလား"

(ဟမ်... ဘာဖြစ်တာ... ဝှား...!!!)

ဟောဗျာ.. အကောင်းပြောနေတာကို သူကသမ်းဝေနေသေးတယ်....။ စကားကိုလည်း သေချာနားမထောင်ဘူး... ဒုံးဝေးလိုက်တာလည်း လွန်ရော...။

"ဖြစ်တယ်ဆိုတာ အတူအိပ်တာကိုပြောတာကွ"

(အင်းလေ...မင်းကအခုမှသိတာလား)

"ဘာပြောတယ်... မင်းအစတည်းကသိနေတာလား"

ထယ်ယောင်းအကြီးကြီးအံ့ဩသွားပါပြီ...။ ပက်ခ်ဂျီမင်းရဲ့ခန္ဓီပါရမီက နည်းနည်းနောနောလား...။ ဒါမှမဟုတ်သိသိရက်နဲ့ အရေးမကြီးပါဘူးဆိုပြီး လက်ခံထားတာများလား...။ ထယ်ယောင်းအနေနဲ့ကတော့ ဒါမျိုးကိုလုံးဝလက်မခံနိုင်ပါ...။ မုန့်ကိုသာဝေစားမယ်... အချစ်ကိုတော့ဝေမစားနိုင်ပါ...။

(သိတယ်လေ... သူတို့ကအိမ်ချင်းလည်းနီးတော့ အိမ်လည်သွားရင်းနောက်ကျလည်း အတူတူပဲအိပ်လိုက်တာတဲ့... အိပ်တိုင်းလည်း တစ်အိပ်ယာတည်းမှာကို အမြဲဖက်ခွပြီးတော့ကို အိပ်တာတဲ့)

"ရား... အဲဒါတော့ငါလည်းသိတာပေါ့... ငါပြောတာက ဖက်အိပ်ရုံအဆင့်ထက်ပိုတာကွ... ဟွာလေ.. အတူနေပြီးတာကိုပြောတာ"

ထိုအခါတစ်ဖက်ကဂျီမင်း အသံတိတ်သွားတယ်...။

"ဟယ်လို... ဂျီမင်း... မင်းအိပ်ပျော်သွားတာလား"

(မဟုတ်ပါဘူး.. မင်းပြောတာကိုစဉ်းစားနေတာ... မင်းပေါက်တတ်ကရမပြောနဲ့နော်... အဲဒါကြီးကဖြစ်နိုင်ပါ့မလား)

ဂျီမင်းလည်း စဉ်းစားရခက်နေပုံပါ...။ ထယ်ယောင်းကတော့ ဖုန်းပြောနေရင်းနဲ့ကို စိတ်လှုပ်ရှားလွန်းလို့ အခန်းထဲမှာဟိုဒီလျှောက်သွားနေမိတယ်...။

"ဟုတ်ကိုဟုတ်လောက်တယ်...  ငါခုလေးတင်အိပ်မက်မက်တာ"

(ဘာ...!!! အိပ်မက်မက်တာကို တကယ်လိုလိုလာပြောနေတာလား... ရား... မင်းတော်တော်ဆိုးတာပဲ.. ငါ့ကိုသပ်သပ်မဲ့လန့်အောင်လို့)

ပြောသားပဲ... သူခဏနေရင် အိပ်ချင်ပြေသွားလောက်ပါတယ်ဆို...။ ရန်စွာနေတဲ့သူ့အသံစူးစူးက သက်သေပဲလေ...။

"ငါထင်ရင်လွဲခဲတယ်ကွ... အထက်တန်းကျောင်းမှာကတည်းက ငါခန့်မှန်းတိုင်းမှန်နေတာ မင်းလည်းအသိပဲကို... အိပ်မက်ဆိုတာကလည်း ငါ့ကိုစောင့်ရှောက်နေတဲ့ အထက်ပုဂ္ဂိုလ်က နမိတ်ပြတာနေမှာ"

(ခန့်မှန်းတိုင်းမှန်တယ်...?? သမိုင်းဆရာမအပျိုကြီး ဗိုက်ပူနေတာကို ကလေးရှိနေတယ်ဆိုပြီး ကလေးအင်္ကျီတွေ လက်ဆောင်သွားပေးလို့ အော်ထုတ်ခံရတာကို မမှတ်မိဘူးလား...??)

"ရား... ပက်ခ်ဂျီမင်း... တိတ်စမ်း... ငါအကောင်းပြောနေတာကို လာမဖောက်နဲ့... တခါတလေလေးလွဲတာကို ပြောလို့မဆုံးဘူး"

ဂျီမင်းဖုန်းကို နားကနေခဏခွာရင်း တချက်သမ်းဝေလိုက်သေးတယ်...။ ညကြီးအချိန်မတော်ဖုန်းဆက်တာ ယုတ္တိမရှိတဲ့သူ့အိပ်မက်အကြောင်း ပြောဖို့ဆိုတာကိုသိရင် ဖုန်းပြန်မဖြေပါဘူး...။ သူလွဲတာက တခါတလေမဟုတ်တာကို ပြိုင်ပြီးပြောမနေချင်တော့ပါ....။ မနက်ကျောင်းသွားရမှာမို့ အိပ်ချင်နေပြီလေ...။

"မင်းကြည့်နေ... ငါသူတို့၂ယောက်ရဲ့အတွင်းရေးကို ရအောင်ဖော်ထုတ်ပြမယ်... ငါတို့ကိုခုလို မလှိမ့်တပတ်လုပ်လို့ရမလား"

(အေးပါ... အောင်မြင်ပါစေကွာ... ဝှား...!!! ဒါဆိုငါပြန်အိပ်တော့မယ်နော်... တာ့တာ)

"ဟေး နေဦးလေ... ဟယ်လို.. ဟယ်လို"

ဝက်ပုကောင်ကတော့ စကားကိုဆုံးအောင်နားမထောင်ပဲ ဖုန်းချသွားချေပြီ...။ ကြည့်နေပါ အဖြစ်မှန်ပေါ်လာပြီးမှ ထယ်ယောင်းရေ ကျေးဇူးတင်ပါတယ်လို့ လာလုပ်လို့ကတော့ သောက်ခွက်ဖြတ်ရိုက်မှာပါ...။ အမှန်တရားမြတ်နိုးသူ ကျွန်တော်ထယ်ယောင်းကတော့ ဒီကိစ္စကိုမရမကဖော်ထုတ်မှာပါ...။ ကိုယ်ရင်ကွဲရမယ် ဆိုရင်တောင်မှပေါ့...။

"ကြောင်ပေါက်ရာ... ရက်စက်လိုက်တာ"

Ph wallpaper ပေါ်က ပြုံးရွှင်ရယ်မောနေတဲ့ ကြောင်ပေါက်လေးရဲ့ပုံကိုကြည့်ကာ ထယ်ယောင်းကျိတ်မနိုင်ခဲမရ ရေရွတ်လိုက်တယ်...။ ဘယ်လိုမှလည်း ဆက်အိပ်မရတော့တဲ့အတူတူ ဂိမ်းကိုပဲမိုးလင်းပေါက်ထိ ဆော့ပစ်လိုက်တယ်...။ ရန်သူတွေကို ဂျောင်ဟိုဆော့လို့သဘောထားကာ အားရပါးရသေနတ်နဲ့ပစ်သတ်ရတာ ကျေနပ်ဖွယ်ကောင်းလှပါဘိ...။

မိုးလင်းသွားတော့မှပဲ ထယ်ယောင်းလည်းရေမိုးချိုးကာ အိပ်ရေးမဝတဲ့ပန်ဒါမျက်လုံးလေးတွေနဲ့ပဲ ကျောင်းကိုထွက်လာလိုက်တယ်...။ ခုကတည်းက အသည်းကွဲပြီး လူကစုတ်ပြတ်စပြုနေပြီ...။ mask ကို မျက်နှာတဝက်လောက် လုံအောင်တပ်လိုက်ပြီးမှ ကြောင်ပေါက်လေးရဲ့အတန်းရှေ့မှာ ထိုင်စောင့်နေလိုက်တယ်...။ အမှန်တရားဘက်တော်သားကြီး ကင်မ်ထယ်ယောင်းရဲ့ ပထမဆုံးနေ့ရက်ပေါ့ဗျာ...။

"မနက်စောစောစီးစီး ဒိန်ချဉ်တွေမသောက်ပါနဲ့လား... ဝမ်းပျက်နေဦးမယ်... အိမ်မှာလည်း နွားနို့တွေသောက်လာတာကို"

"မပျက်ပါဘူး ဆော့ဆော့ရာ... ဒီလောက်လေးကိုပဲ"

၅လုံးတစ်တွဲပါတဲ့ဒိန်ချဉ်ဘူးကဒ်လေးကို တစ်ဘူးပြီးတစ်ဘူး ဖောက်သောက်နေတဲ့ယွန်းဂီကို ဟိုဆော့ကားမောင်းနေရင်းနဲ့ လှမ်းသတိပေးတယ်...။ သို့သော်လည်း စကားနားမထောင်တဲ့ယွန်းဂီက သူ့ဘာသာလုပ်ချင်တာလုပ်နေတယ်...။ သူကိုယ်ပြောတာနားမထောင်မှန်း သိသိရက်နဲ့ပြောမိတဲ့ ဟိုဆော့ရဲ့အမှားပင်...။

"ပြီးရောကွာ... စိတ်ကြိုက်သာသောက်တော့"

"အဟီး..."

လုပ်ချင်တာလုပ်ရလို့ ကျေနပ်နေတဲ့ရုပ်နဲ့ယွန်းဂီကတော့ သောက်လက်စဒိန်ချဉ်ဘူးလေးကိုသာ တပြွတ်ပြွတ်နဲ့စုပ်သောက်နေလိုက်တယ်...။ ဟိုဆော့က သူ့ကားလေးကို ကျောင်းဝန်းထဲသို့ချိုးကွေ့ဝင်လိုက်တယ်....။ အချိန်စောနေသေးတာကြောင့် ကျောင်းသားတွေတောင် အစုံမရောက်ကြသေးပေ...။

စာသင်ဆောင်ရှေ့နားမှာပင် ဟိုဆော့ကားကိုပါကင်ထိုးနေစဉ် နောက်ထပ်ဒိန်ချဉ်တဘူးကို ယွန်းဂီထပ်ဖောက်နေတယ်...။ ပိုက်တံလေးကို ဒိန်ချဉ်ဘူးပေါ်ထိုးစိုက်ဖောက်လိုက်စဉ် အခန့်မသင့်တာကြောင့် ဒိန်ချဉ်ရည်တချို့ ပန်းထွက်လာကာ သူ့မျက်လုံးထဲဝင်သွားတယ်...။

"အား.. ဆော့ဆော့ရေ လုပ်ပါဦး.. ငါ့မျက်စိ"

တစ်ခုခုဆိုအမြဲပျာယာခတ်တတ်တဲ့ယွန်းဂီကြောင့် ဟိုဆော့လည်း ကပျာကယာ ကားပါကင်ထိုးပြီး သူ့မျက်လုံးကိုဖြဲကြည့်ရတယ်...။ ဘာမှထူးထူးခြားခြားမရှိပေမယ့် သူစိတ်ကျေနပ်အောင် မျက်လုံးထဲသို့ လေမှုတ်ထည့်ပေးလိုက်တယ်...။

"ဟိုဟာကသူတို့ကားမဟုတ်လား...  ဘာလို့မဆင်းလာသေးပါလိမ့်"

ကားရပ်ပြီးသည်အထိဆင်းမလာကြတဲ့ သူတို့၂ယောက်ကြောင့် ထယ်ယောင်းလည်းဇဝေဇဝါနဲ့ ကားနားသို့်တိုးကပ်သွားလိုက်တယ်...။ သူတို့ရှိနေမယ့် ကားရှေ့ခန်းဆီသို့ အကြည့်ရောက်သွားသောအခါ......

"ဟင်... ဒါ... ဒါက"

မျက်နှာချင်းတအားနီးကပ်နေတဲ့ သူတို့၂ယောက်...။ ဟိုဆော့ကယွန်းဂီရဲ့ခေါင်းကို ထိန်းကိုင်ထားသလို ယွန်းဂီကလည်း ခပ်မော့မော့လေးနဲ့ ငြိမ်ခံနေတယ်...။ ဘာလဲ.. ကားထဲမှာ နမ်းနေကြတာလား...?? ထူပူနေတဲ့စိတ်ကြောင့် မှန်တံခါးကိုပဲခေါက်လိုက်ရမလား လှည့်ပဲထွက်သွားရမလားဆိုပြီး ထယ်ယောင်းအကြပ်ရိုက်နေတယ်...။

"ထယ်ထယ်...?? အဲ့မှာဘာရပ်လုပ်နေတာလဲ"

ကားထဲမှထွက်လာတဲ့ယွန်းဂီက ထယ်ယောင်းကိုမြင်တော့ ဘာမှမဖြစ်သလိုပင်နှုတ်ဆက်လာတယ်...။ ကိုယ့်မှာသာမျက်နှာတွေပူနေတာ သူတို့၂ယောက်လုံးက ခပ်အေးအေးပင်...။

"နေမကောင်းဘူးလားဟင်... ဘာလို့ mask ကြီးတပ်ထားတာလဲ...??"

"ညကအိပ်ရေးမဝလို့ပါ... ကော်ဖီတစ်ခွက်သောက်လိုက်ရင် ကောင်းသွားမှာပါ"

ထယ်ယောင်းလည်း မယုတ်မလွန်သာဖြေရင်း ကြောင်ပေါက်လေးကို နှမျောသလိုကြည့်မိစဉ် နောက်ထပ်သံသယဖြစ်ဖွယ်တစ်ခုကို ထပ်တွေ့လိုက်တယ်...။ ကြောင်ပေါက်လေးဝတ်ထားတဲ့ အင်္ကျီအနက်ရောင်ပေါ်မှာ ထင်ကျန်နေတဲ့ အဖြူရောင်အရည်တချို့...။ ဘာ... ဘာကြီးတွေလဲ...။ ထယ်ယောင်းလေးရဲ့ dirty mind တွေ on ကုန်ပါပြီနော်...။

"ဒါ... ဒါက..ဘာတွေလဲ...??"

မနေနိုင်တာကြောင့် ပါးစပ်ကနေထုတ်မေးလိုက်သောအခါ ကြောင်ပေါက်လေးက သူ့ကိုယ်သူငုံ့ကြည့်ပြီး ဘာမှမဖြစ်သလို ထိုအရည်တွေကိုလက်နဲ့သုတ်လိုက်ရင်း ပေသွားတဲ့လက်ကို လျှာနဲ့ပြန်ယက်တယ်...။

"ဘာမှမဟုတ်ပါဘူး... ထယ်ထယ်အတန်းသွားတက်တော့လေ... ဒါမှမဟုတ်လည်း ကန်တင်းမှာကော်ဖီသွားသောက်လိုက်... ငါ့မှာ assignment လုပ်စရာတွေရှိလို့ နေ့လည်မှထပ်တွေ့ကြမယ်နော်"

ပြောပြီးတာနဲ့အတန်းထဲတန်းဝင်သွားတဲ့ ကြောင်ပေါက်လေး...။ အရင်လိုမျိုး ထယ်ယောင်းကို popo တောင်မပေးတော့ပေ...။ ဒါသံသယဖြစ်စရာပါပဲ...။ ကြည့်ရတာသူနဲ့ဟိုဆော့ တိတ်တိတ်ပုန်းတွဲနေရာကနေ အတည်တွဲတော့ဖို့ ကြိုးစားနေတာများလား...။

ဒါမျိုးတော့ထယ်ယောင်းတို့က အဖြစ်မခံနိုင်ပါ...။ ကိုယ်အရင်ကရည်းစားများခဲ့လို့ ဝဋ်လည်တယ်ပဲထားဦး အပြစ်မရှိတဲ့ဂျီမင်းကတော့ မဖြစ်သင့်ဘူးလေ...။ မဖြစ်တော့ဘူး ဒီကိစ္စကိုအမြန်ဆုံးဖော်ထုတ်မှပါ...။ လောလောဆယ်တော့ အိပ်ရေးပျက်ထားတာအတွက် ကော်ဖီသောက်ကာ အားသွားဖြည့်ဦးမှပါ...။

"အာ့.. ဆော့ဆော့ရေ.. ငါတော့ပြဿနာတက်ပြီ"

အာလူးကြော်ထုတ်ကို ဖောက်စားနေရာကနေ ဗိုက်ကိုနှိပ်ရင်းအော်နေတဲ့ယွန်းဂီကို assignment ရေးနေတဲ့ဟိုဆော့က မျက်မှောင်ကျုံ့ရင်းလှည့်ကြည့်တယ်...။ ကိုယ့်အတွက်က မနေ့ညကတည်းက ရေးပြီးနေပေမယ့် အပျင်းတက်တဲ့ကြောင်စုတ်အတွက် ကျောင်းရောက်မှ ဝိုင်းရေးပေးနေရတယ်...။ သူကတော့အာလူးကြော်တစ်ထုတ်နဲ့ ငြိမ့်နေလိုက်တာ...။ ခုလည်း ဘာထဖြစ်ပြန်သည်မသိ...။

"ဘာလဲယွန်းဂီရာ"

"ငါဗိုက်နာလာပြီ... ဝမ်းပျက်ပြီထင်တယ်"

ပြောတော့လည်းကိုယ့်အလွန်ဖြစ်မယ်...။ အစားကိုစည်းကမ်းမရှိစား... ပြီးရင်တစ်ခုမဟုတ်တစ်ခု ဖြစ်နေကျမဟုတ်လား...။ ပြောစကားကျတော့နားမထောင်ဘူး... တကယ်တမ်းဖြစ်လာတော့မှ ကူပါကယ်ပါလုပ်တာ မင်ယွန်းဂီရဲ့အကျင့်...။

"ငါပြောသားပဲ.. အခုဖြစ်ပြီမလား"

"အား.. ငါမရတော့ဘူး... သွားတော့မယ်"

ဆူမယ့်စကားတောင်မဆုံးသေးဘူး အာလူးကြော်ထုတ်ကိုပစ်ချကာ အတန်းထဲကနေအပြေးတပိုင်း ပြေးထွက်သွားတဲ့ယွန်းဂီကြောင့် ဟိုဆော့ကတော့ သက်ပြင်းသာချမိတယ်...။ သူမွှေတာ ကိုယ့်တစ်ယောက်တည်းကို... သူ့ငထယ်ရှေ့ကျတော့ လူတတ်ကြီးလိုလို စာပဲကြိုးစားသလိုလို လုပ်ပြနေကျ...။ တကယ်တမ်းသူ့ရဲ့ ရှပ်တီးရှပ်ပြာနိုင်မှုကိုသိသူက ဒီကဂျောင်ဟိုဆော့တစ်ယောက်တည်းသာ...။

မှတ်မိသေးတယ်...။ ထယ်ယောင်းအတွက် စက္ကူကြယ်လေးတွေ ဖန်ဘူးအပြည့်ခေါက်ထည့်ပြီး လက်ဆောင်ပေးခဲ့တဲ့ယွန်းဂီ...။ တကယ်တမ်းက သူခေါက်တာတစ်လုံးမှမပါ...။ ဟိုဆော့ကသာ တညလုံးနီးပါးမအိပ်ပဲခေါက်ပေးရတာ...။ ကိုယ့်ချစ်သူဂျီမင်းကိုတောင် ခုလိုမလုပ်ပေးခဲ့ဖူးတာအမှန်...။

ရှေ့တင်ကျတော့ သူ့ကိုယ်သူဆရာကြီးလုပ်သမျှ နောက်ကနေဖြေရှင်းပေးရသူက ဟိုဆော့ပဲဖြစ်တယ်...။ အပြစ်တော့ပြောမနေတော့ပါ...။ ကိုယ်ကလည်း မနေနိုင်မထိုင်နိုင် ကူညီမိတာကိုး...။ ခုလည်းသူ့ရဲ့ assignment ကို ကူရေးပေးရပြန်ပြီ...။ ကိုယ်ရေးထားတာနဲ့မတူအောင် မနည်းကြိုးစားရေးနေရတာကြောင့် အချိန်ကပိုကြာနေတယ်...။

အိတ်ထဲကနေတုန်ခါလာတဲ့ဖုန်းကြောင့် ဟိုဆော့ကျွတ်တချက်သပ်ရင်း ဖုန်းကိုထုတ်ကြည့်လိုက်တယ်....။ ယွန်းဂီခေါ်တာပဲ... ဘာဖြစ်ပြန်ပြီလဲမသိ...။ သူခုနက အိမ်သာကိုသွားတာမဟုတ်ဘူးလား...။ ကြာကြာစဉ်းစားမနေတော့ပဲ ဖုန်းကိုသာပြန်ဖြေလိုက်တယ်...။

"အေး ပြော... ဘာလဲ"

"ဆော့ဆော့ရေ.. အိမ်သာကိုအမြန်လာခဲ့ပေးပါ... ငါ့အိမ်သာမှာတစ်ရှူးကုန်နေလို့"

ဟိုဆော့စိတ်ထဲမှာသာ ကျိန်ဆဲလိုက်မိပေမယ့် တကယ်တမ်းလက်တွေ့ကျတော့ အခုလာခဲ့မယ်ဆိုပြီး ဖုန်းချလိုက်တယ်...။

ကြောင်စုတ်ကြောင်ပဲ့...!!! အိမ်သာမှာတစ်ရှူးကုန်တာကို အပြင်မှာရှိတဲ့တစ်ယောက်ယောက်ကို လှမ်းခေါ်ပြီးအကူအညီတောင်းလို့ ရရဲ့သားနဲ့များ အတန်းထဲကလူကို လှမ်းခေါ်ရတယ်လို့...။ စိတ်ထဲမှာအောင့်သက်သက်ပေမယ့် တစ်ဖက်ကတွေးတော့လဲ ခပ်ချေချေကြောင်ပေါက်က မသိတဲ့လူတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံရမှာကို မလိုလားဘူးဆိုတဲ့အဖြေက ထွက်လာပြန်တယ်...။ ထိုသို့သောအကြောင်းရင်းများကြောင့် သူရှိနေတဲ့အိမ်သာသို့သာ ခြေလှမ်းကျဲကြီးတွေနဲ့ ဟိုဆော့ဦးတည်သွားလိုက်တယ်...။

"ဟင်... အစ်ကိုဟိုဆော့က ဘယ်သွားတာလဲ"

ကော်ဖီသောက်ပြီးပြန်လာတဲ့ထယ်ယောင်း အတန်းရှေ့မှာ မယောင်မလည်လုပ်နေပေမယ့် ကြောင်ပေါက်ရဲ့အရိပ်အယောင်ကို မတွေ့ရတာကြောင့် စဉ်းစားရကြပ်နေတယ်....။ ထိုအချိန်မှာပင် အတန်းထဲကနေ ခပ်သုတ်သုတ်ထွက်သွားတဲ့ ဟိုဆော့ကိုမြင်တော့ ပိုအံ့ဩသွားရတယ်...။

ကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး အတန်းရှေ့မှာပင် ဆက်စောင့်နေပေမယ့် စိတ်ထဲမှာတမျိုးဖြစ်လာတာကြောင့် ဟိုဆော့သွားတဲ့လမ်းအတိုင်း လိုက်သွားလိုက်တယ်...။ ကော်ရစ်ဒါရဲ့အဆုံးမှာက အိမ်သာပဲရှိတာကြောင့် ကြည့်ရတာဟိုဆော့လည်း အရေးပေါ်ပြဿနာ လာဖြေရှင်းတာနေမှာပါ...။

"ငါကလည်းလေ မဆီမဆိုင်နဲ့ သူများအိမ်သာတက်တာပါ လိုက်ကြည့်နေမိတယ်... တကယ်ပါပဲ"

ကိုယ့်အဖြစ်ကိုယ်ရယ်ချင်မိတာကြောင့် အိမ်သာရှေ့ကနေ ပြန်လှည့်ထွက်ဖို့လုပ်စဉ် အထဲကကြားလိုက်ရတဲ့ အသံတစ်ခုကြောင့် သူ့ခြေလှမ်းတွေတုန့်ခနဲပင်...။

"အာ့...ဆော့ဆော့ မြန်မြန်လေး"

"အင်း... ခဏလေးအောင့်ထားပါယွန်းဂီရာ"

ဘုရား.. ဘုရား... တကယ်ကြီးပဲလား...?? ထယ်ထယ်လေးစိတ်ကထင်ရင် လွဲခဲပါတယ်ဆိုနေမှ အခုတကယ်ကြီးကို ဖြစ်နေတာပဲ...။ ဘယ်လိုလုပ်ရမလဲ... အထဲကိုဝင်သွားသင့်သလား...။ ကျောင်းအိမ်သာမှာတောင် မအောင့်နိုင်ပဲဖြစ်ပျက်နေကြတဲ့ သူတို့၂ယောက်.. ကိုယ့်ကိုမြင်ရင်လန့်သွားလေမလား...။ ထိပ်တိုက်ဖြေရှင်းဖို့အရေး ခုထိချိတုံချတုံဖြစ်နေဆဲ...။

အိမ်သာ၅လုံးမှာ သူဝင်ကြည့်တဲ့အိမ်သာမှန်သမျှ တစ်ရှူးကုန်နေပြီး နောက်ဆုံးအိမ်သာထဲကျမှ တစ်ရှူးလိပ်ကိုတွေ့ရတာကြောင့် ဟိုဆော့ဝမ်းသာအားရနဲ့ ဆွဲဖြုတ်လိုက်တယ်...။ အထဲကယွန်းဂီကလည်း အော်နေပြီလေ...။ ပြီးရင်သူ့ကိုကျောင်းဆေးခန်း လိုက်ပို့ပေးရဦးမယ်...။

"ရော့.. ရော့..ဒီမှာ"

အိမ်သာအောက်တံခါး လွတ်နေတဲ့နေရာကနေ သူလိုချင်နေတဲ့ တစ်ရှူးလိပ်ကိုထိုးပေးလိုက်ပြီး ဟိုဆော့အပြင်ကနေသာ စောင့်နေလိုက်တယ်...။ ခဏနေတော့မှ ရေဆွဲချသံနဲ့မရှေးမနှောင်းမှာပင် အိမ်သာထဲကနေ ယွန်းဂီတစ်ယောက် ပျော့ခွေကာဒယီးဒယိုင်နဲ့ ထွက်လာလေတယ်...။

"လာ... လက်အမြန်ဆေး... ဆေးခန်းလိုက်ပို့ပေးမယ်"

"ငါလမ်းမလျှောက်နိုင်တော့ဘူး"

"အင်း.. သိတယ်... ငါကုန်းပိုးသွားမယ်"

နဂိုတည်းကအသားဖြူတဲ့ကြောင်စုတ်... ချီးပန်းနေတာကြောင့် ပိုပြီးတောင် ဖြူစုတ်စုတ်ဖြစ်သွားသေးတယ်...။ သူငယ်ချင်းအရင်းကြီးမို့ သနားလည်းသနားမိတယ်...။ နေကောင်းမှပဲ ထပ်ဆူတော့မယ်...။

အပြင်ဘက်မှာရပ်နေတဲ့ထယ်ယောင်းမှာလည်း ဝင်ရကောင်းနိုး မဝင်ရကောင်းနိုးစဉ်းစားနေတယ်...။ အသံတွေကတော့ တိတ်ဆိတ်သွားသလိုပါပဲ...။ ပိုကြားရအောင် တံခါးနားအသာလေးကပ်သွားစဉ်မှာပင် ရုတ်တရတ်ပွင့်လာတဲ့တံခါးကြောင့် အလန့်တကြားနောက်ဆုတ်လိုက်ရတယ်...။

ဟင်... ဟိုဆော့က ယွန်းဂီကိုကုန်းပိုးထားတာပဲ...။ သူတို့ကတော့ ပတ်ဝန်းကျင်ကိုအာရုံမထားတာကြောင့် တံခါးပြင်မှာရပ်နေတဲ့ထယ်ယောင်းကို တွေ့မသွားကြပေ...။

"အီး ဟီး... ငါဖင်နာနေတယ် ဆော့ဆော့ရဲ့"

"အင်း... ခဏလေး.. ငါဆေးခန်းပို့ပေးမယ်"

ကြားရတဲ့စကားတွေကြောင့် ထယ်ယောင်းတစ်ယောက် သွေးပျက်သွားရတယ်...။ ဂျောင်ဟိုဆော့ကြီး ဘယ်လောက်တောင်ကြမ်းတာလဲ... ကြောင်ဖြူလေးခမျာ မျော့မျော့ပဲကျန်တော့တယ်...။ လမ်းတောင်မလျှောက်နိုင်တော့လို့ ကုန်းပိုးရတဲ့အထိပဲ...။

မဖြစ်တော့ပါဘူး... ဒီကိစ္စကိုလူစုံတက်စုံနဲ့ ရှင်းမှဖြစ်တော့မှာမို့ ဂျီမင်းဆီကို အမြန်ဖုန်းဆက်လိုက်ရတယ်...။ ကန်တင်းမှာတွေ့ကြပြီး အကြောင်းစုံကိုရှင်းပြတာတောင် ဂျီမင်းကမယုံသလိုလိုနဲ့ပင်...။

"မင်းဟာကဟုတ်ပါ့မလား... သူတို့ကညီအစ်ကိုလို ချစ်ကြတာပါကွာ.. ဟိုဆော့ကီပြောဖူးတယ်... ယွန်းဂီကသူ့ညီလေးလိုပဲတဲ့"

"အဲဒါအယုံသွင်းတာကွ... မင်းကဒီလောက်အခြေအနေ ဖြစ်နေတာကိုတောင် မယုံသေးတာလား... ငါ့မျက်စိနဲ့တပ်အပ်မြင် နားနဲ့ဆက်ဆက်ကြားခဲ့တာကွ"

ဂျီမင်းတကယ်ပဲစိတ်ရှုပ်နေလေပြီ...။ သူပြောတာက ဟုတ်သလိုလိုရှိသော်လည်း ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်အသိဆုံးမို့ သူပြောတာကိုမယုံချင်သေး...။ ဒါကိုပဲသူက မယုံရကောင်းလားဆိုပြီး ဒေါသဖြစ်နေလေရဲ့...။

"ဂျီမင်းရာ... မင်းဘာလို့ဒီလောက်တုံးရတာလဲ... ဒီလောက်သက်သေခိုင်မာနေတာကို... ငါလည်းခံစားရတာပေါ့... ငါ့ကြောင်ပေါက်ကို ငါအရမ်းချစ်တာလေကွာ... ငါ့ရှေ့မှာတင်သူက တခြားတစ်ယောက်နဲ့ခုလိုဖြစ်နေတော့ ငါဘယ်လိုခံစားရမလဲ မင်းကိုယ်ချင်းစာကြည့်"

ပြောရင်းနဲ့မျက်ရည်ဝဲလာတဲ့ထယ်ယောင်းကြောင့် ဂျီမင်းပါငိုချင်လာတယ်...။ ဒါကတကယ်ပဲလား... သူပြောသလိုသာမှန်နေရင် ဘယ်လိုလုပ်မလဲ...။ ဟိုဆော့ကိုလက်လွှတ်ပေးဖို့ ကိုယ့်မှာသတ္တိရှိနေပြီလား...။

"ငါတို့၄ယောက်စုံပြီးပေါ်တင်ရှင်းကြတာပေါ့... ငါခုပဲသူတို့ကိုချိန်းလိုက်တော့မယ်... အာ နေဦး... မင်းချိန်းလိုက်... အစ်ကိုဟိုဆော့ကိုဖုန်းခေါ်... ကြောင်ပေါက်က နေသိပ်မကောင်းဘူး"

ဂျီမင်းလည်းမသက်မသာနဲ့ခေါင်းညိတ်ပြရင်း ဟိုဆော့ဆီဖုန်းခေါ်ကာ ကျောင်းဝန်းထဲကလူရှင်းတဲ့တစ်နေရာမှာ တွေ့ဖို့ချိန်းလိုက်တယ်...။ ကန်တင်းမှာဆို တခြားသူတွေနဲ့မို့ လူရှင်းတဲ့နေရာကသာ အသင့်တော်ဆုံးလေ...။

"ဂျီမင်းက ၄ယောက်စုံပြီးပြောစရာရှိလို့တဲ့"

ကျောင်းဆေးခန်းရဲ့ကုတင်ပေါ်မှာ လှဲလျောင်းနေရင်း drip ချိတ်ထားရတဲ့ယွန်းဂီကို ဟိုဆော့လှမ်းပြောလိုက်တယ်...။ ဆေးလည်း ထိုးထားတာကြောင့် ဝမ်းပိတ်သွားပြီဖြစ်သလို သွင်းထားတဲ့ဆေးကြောင့် အတန်ငယ်လန်းလာပြီဖြစ်တဲ့ယွန်းဂီလဲ ခေါင်းသာညိတ်ပြလိုက်တယ်....။

"ဆေးကုန်သွားရင် သွားကြမယ်လေ.. ဆယ်မိနစ်လောက်ပါပဲ"

"မင်းရလို့လား... သူတို့နဲ့နောက်မှတွေ့လည်းရတာပဲ... အိမ်ပဲပြန်လိုက်မလား... နားရအောင်လို့လေ"

"ငါလူမမာမဟုတ်ပါဘူးဆော့ဆော့ရ... အခုကောင်းသွားပြီပဲကို... မနက်က assignment ကိစ္စခေါင်းထဲရောက်နေလို့ ထယ်ထယ်လေးကိုတောင် popo မပေးလိုက်ရဘူး"

သူ့စကားကြောင့် ဟိုဆော့ကမျက်နှာမဲ့ပြတယ်...။ ခုနကတော့ သေတော့မလိုရုပ်လေးနဲ့ ဖြူဖျော့ခွေယိုင်နေတာ သူမဟုတ်တဲ့အတိုင်း...။ နည်းနည်းလေးနေပြန်ကောင်းတာနဲ့ လေကျယ်လာပြန်ပြီ...။

"ထယ်ထယ်လေးကို popo ပေးလိုက်ရရင် ခုချက်ချင်းတောင် အားတွေပြန်ပြည့်သွားမယ်ထင်တယ်"

သောက်ပိုတွေပြောလွန်းတဲ့ကြောင်စုတ်ကို ဟိုဆော့အမြင်ကတ်ကတ်နဲ့ ဆေးထိုးအပ်နဲ့ ဆောင့်ထိုးပစ်ချင်စိတ်ပေါက်တယ်...။ စေတနာတွေပျက်လိုက်တာနော်...။ ခုနကချီးပန်းနေတုန်းကျတော့ သူ့ထယ်ထယ်လေးကိုသတိမရဘူး...။ ဒုက္ခပေးဖို့ဆို ကိုယ့်မျက်နှာပဲ ပြေးမြင်တယ်ထင်ပါ့...။

ခဏနေတော့သူလည်း ဆေးသွင်းတာပြီးသွားတာမို့ ၂ယောက်သားခပ်ဖြည်းဖြည်းချင်းပဲ ချိန်းထားတဲ့နေရာကို ထွက်လာခဲ့လိုက်တယ်....။ ချိန်းဆိုထားတဲ့ သစ်ပင်အောက်ကခုံတန်းမှာ ဂျီမင်းကငြိမ်ငြိမ်လေးထိုင်နေပြီး ထယ်ယောင်းကတော့ ဟိုဒီလမ်းလျှောက်နေတယ်...။

"ထယ်ထယ်လေးရေ....!!!"

အားပြည့်သွားတော့အသံကတမျိုး... ခုနကလို ညှောင်နာနာလေး မဟုတ်တော့ဘူး...။ ထယ်ယောင်းကလည်း သူ့ကိုမြင်တော့ ပျော်သွားသလိုဖြစ်သွားပေမယ့် ချက်ချင်းမျက်နှာက တမျိုးဖြစ်သွားသလိုပင်...။ ဂျီမင်းကတော့ ဟိုဆော့ကိုမရဲတရဲခိုးကြည့်ပြီးမှ ခေါင်းလေးငုံ့သွားပြန်တယ်....။

"ဘာဖြစ်နေကြတာလဲ မင်းတို့၂ယောက်...  ငါတို့ကိုဘာပြောမလို့ခေါ်တာလဲ"

ဟိုဆော့ကပဲ စကားလမ်းကြောင်းစပေးလိုက်တယ်...။ ယွန်းဂီသည်လည်း အရင်လိုမဟုတ်တဲ့ထယ်ယောင်းကြောင့် ဇဝေဇဝါဖြစ်နေသလိုပင်...။ သူဝမ်းသာအားရလှမ်းခေါ်တာကိုတောင် ထယ်ယောင်းဘက်က အေးတိအေးစက်ဖြစ်နေသည်မလား....။

"ကျွန်တော်ရှင်းရှင်းပဲမေးတော့မယ်... အစ်ကိုတို့၂ယောက် မရိုးသားဘူးမလား... အဆင့်တွေလည်း ကျော်နေကြပြီမလား"

ထယ်ယောင်းရဲ့အမေးကြောင့် ဟိုဆော့နဲ့ယွန်းဂီ နားမလည်သလိုပုံစံနဲ့ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်မိကြတယ်...။ ဒါကိုမြင်တဲ့ဂျီမင်းကတော့ သိလိုက်ပါပြီ...။ ထယ်ယောင်းထင်တာမှားပြီဆိုတာ....။ အရိပ်၃ပါးနားမလည်ရှာတဲ့ ထယ်ယောင်းလေးကတော့ ခုထက်ထိသူမှန်တယ်ထင်နေတုန်း...။

"မင်းဘာတွေပြောနေတာလဲ ထယ်ထယ်"

ယွန်းဂီဘက်ကနေ ပြန်ပြီးမေးခွန်းထုတ်လာတယ်...။ ထယ်ယောင်းပြောတဲ့အဓိပ္ပာယ်ကို သူခုထိသဘောမပေါက်သေးဘူးလေ...။

"ထယ်ထယ်အကုန်သိပြီးပြီ... မနက်ကလည်း အစ်ကိုဟိုဆော့နဲ့ ကားထဲမှာနမ်းနေကြတယ်မလား... ပြီးတော့ အိမ်သာထဲမှာကျတော့ ဟိုလိုတွေလုပ်ကြတယ်လေ... ပြီးတော့လမ်းမလျှောက်နိုင်တော့လို့ အစ်ကိုဟိုဆော့ကတောင် ကုန်းပိုးခေါ်ရတယ်မလား... ဖင်နာတယ်လို့တောင် ပြောသေးတာကို ထယ်ထယ့်နားနဲ့ဆက်ဆက်ကြားတယ်"

ယွန်းဂီတစ်ယောက် အပြေးအလွှား memory recall ပြန်လုပ်နေရတယ်...။ သူ့ရဲ့မျက်နှာအနေအထားကို ကြည့်ခြင်းအားဖြင့် ဂျီမင်းကတော့ ထယ်ယောင်းမှားနေပြီဆိုတာ သိလိုက်ပါပြီ...။ ကိုယ်ကတော့ ဘာမှဝင်မပြောရဲသေး... မှားမှားမှန်မှန် ကိုယ့်ဘက်မြှားဦးမလှည့်အောင် ကြိုကာထားရမယ်လေ...။

"ဟေ့ကောင်... မင်းဘာတွေလျှောက်ပြောနေတာလဲ"

"နေ.. နေ... ဆော့ဆော့ ငါရှင်းမယ်"

ရှေ့တိုးလာတဲ့ဟိုဆော့ကိုတောင် ယွန်းဂီကလက်ကာပြကာ တားထားလိုက်တယ်...။ ပက်ခ်ဂျီမင်းလေးကတော့ အခြေအနေကိုသဘောပေါက်စွာ ပြေးဖို့နေရာရှာထားနှင့်လိုက်ပြီ...။

"မင်းကအဲဒါတွေမြင်တာနဲ့ပဲ ငါတို့ကိုစည်းကျော်နေတယ်လို့ ထင်သွားတာပေါ့လေ... အထင်လွဲတာလို့တောင် မတွေးမိဘူးလား"

"ဒီလောက်သက်သေခိုင်လုံနေတာကိုပဲ.. ပြီးတော့ အစ်ကိုဟိုဆော့နဲ့ ရေချိုးခန်းထဲမှာလည်း ဟွာလုပ်သေးတယ်မလား"

"ဟမ်... ဘယ်တုန်းကလဲ...??"

"ထယ်ထယ့်အိပ်မက်ထဲမှာလေ"

မင်ယွန်းဂီတစ်ယောက် သွေးတွေဆောင့်တက်လာပါပြီ...။ မဟုတ်တာတွေစွပ်စွဲနေပြီး နောက်ဆုံးသက်သေက အိပ်မက်ထဲမှာတဲ့လား...။ သူအိပ်မက်မက်တဲ့အတိုင်း အပြင်မှာဖြစ်မယ်များ ထင်နေလေရော့သလား...။ ဒါသပ်သပ် မင်ယွန်းဂီရဲ့စိတ်ကိုစမ်းတာ...။

"ဆော့ဆော့... ငါ့လက်ထဲကိုတစ်ခုခုလာပေးစမ်းပါ"

နောက်ကိုလှည့်မကြည့်ပဲ လက်ဖြန့်တောင်းနေတဲ့ယွန်းဂီ...။ အခြေအနေကိုသဘောပေါက်စွာ ဂျီမင်းနည်းတူ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ထားတဲ့ဟိုဆော့က သစ်ကိုင်းခြောက်ခပ်ကြီးကြီးတစ်ခုကို ကောက်ယူကာ ယွန်းဂီလက်ထဲသို့ထည့်ပေးလိုက်တယ်...။

"သက်သေမခိုင်လုံပဲ ငါ့ကိုစွပ်စွဲတဲ့အကောင်စုတ် သေပေတော့"

"ဟာ... မ.. မလုပ်နဲ့လေ... ထယ်ထယ်ပြောတာ အမှန်တွေပဲမဟုတ်ဘူးလား...??"

ခုမှကြောက်လန့်တကြားနဲ့ နောက်ကိုဆုတ်သွားတဲ့ထယ်ယောင်း...။ ယွန်းဂီကတော့ သစ်ကိုင်းခြောက်ကြီးကို လှမ်းရွယ်ကာ ရိုက်ဖို့ပြင်နေလေပြီ...။

"အမှန်ဟုတ်မဟုတ် မင်းကိုရိုက်ပြီးမှပြောပြမယ်... အခုရပ်လိုက်စမ်း... မပြေးနဲ့"

"အား.. ကြောက်ပါပြီ... မရိုက်ပါနဲ့"

အနားတဝိုက်မှာတင်ပတ်ပြေးနေကြတဲ့ သူတို့်၂ယောက်ကိုကြည့်ပြီး ဝင်မပါမိတာမှန်သွားတယ်လို့ ဂျီမင်းကောက်ချက်ချမိတယ်...။ ထိုအခိုက်သူ့ပခုံးပေါ် တင်လာတဲ့လက်တစ်ဖက်ကြောင့် လှည့်ကြည့်မိတော့ အပြုံးချိုချိုလေးများနဲ့ သူ့ချစ်သူဟိုဆော့...။ ဂျီမင်းကလည်း ပြန်ပြုံးပြလိုက်ရင်း ချစ်သူရဲ့ရင်ခွင်ထဲသို့် တိုးဝင်လိုက်လေတယ်...။

ဆိုးလ်တက္ကသိုလ်ကျောင်းဝန်းထဲက သစ်ပင်အောက်ခုံတန်းတစ်ခုပေါ်မှာ ကြည်နူးနေကြတဲ့ ချစ်သူစုံတွဲတစ်တွဲရှိနေသလို အနားမှာလည်း စိန်ပြေးလိုက်တမ်း ပတ်ပြေးနေလေတဲ့ စုံတွဲတစ်တွဲလည်း ရှိနေပြန်တယ်...။

အဖြစ်သည်းတာများလွန်းရင် ပြဿနာတက်ကြောင်းကိုတော့ မင်ယွန်းဂီနဲ့ ကင်မ်ထယ်ယောင်းတို့က အကောင်းဆုံးသက်သေပြသွားလေပြီ...။

ပျော်မနေကြနဲ့...။ ဘယ်လောက်ရန်ဖြစ်ဖြစ် နေ့မကူးခင် ပြန်အဆင်ပြေမှာမို့ မျက်စိနောက်ဖို့သာ ပြင်ထားကြပေတော့...။

To Be Continued......

Continue Reading

You'll Also Like

3.6K 194 3
ရေးသားသောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။
145K 18.3K 36
မင်းဟာ ဘယ်​​လောက်​ပဲ Side effect ​တွေများ​နေပါ​စေ ကိုယ့််အတွက်​က​တော့နာကျင်​မှု​တွေကို​ဖြေ​ဖျောက်​​ပေးမဲ့ကိုယ်​အကြိုက်​ဆုံး​ဆေးဝါးတလက်​ Start Date -2...
13.6K 1.7K 14
A whisker away Mingi version Side otp-namjin ,hopekooktae This is Birthday present for @AN-Jay7 's birthday.. i hope you like this🎁 Written by siuu...
385K 27.2K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.