My Naughty Kitten (Completed)

By TaeYoonKook_Cloud

25.5K 2.7K 30

Kim Taehyung x Min Yoongi Written By : JaejoongHtike More

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 11
Part - 12
Part - 13
Part - 14
Part - 15 (Final)

Part - 10

1.1K 143 3
By TaeYoonKook_Cloud

(Zawgyi)

မိုးေလဝသအစီအစဥ္ ၾကည့္ေနစရာမလိုပါ...။ ခ်စ္သူနဲ႔အဆင္ေျပတဲ့ ေန႔ရက္တိုင္းက  ရာသီဥတုသာယာတယ္...။  မိုးေတြရြာၿပီးေလျပင္းတိုက္ေနပါေစ  ခ်စ္သူေဘးမွာရိွရင္ အားလံုးအိုေကတယ္...။

ပံု/ အခ်စ္ပါရဂူႀကီး ကင္မ္ထယ္ေယာင္း
(မင္ယြန္းဂီ၏ႏွလံုးသားရပ္ဝန္းမွ)

ေၾကာင္ေပါက္ေလးက ကန္တင္းမွာေစာင့္ေနမယ္ဆိုလို႔ တက္ႂကြတဲ့ေျခလွမ္းတို႔နဲ႔ လွမ္းေလွ်ာက္ေနတဲ့ထယ္ေယာင္း အေနာက္ကေနလိပ္က ဘိုးေအေခၚရမယ့္ ေျခလွမ္းေတြနဲ႔ လိုက္လာတဲ့ဂ်ီမင္းကို ဘယ္လိုမွစိတ္မရွည္ႏိုင္ပါ...။ ခုရက္ပိုင္း ၄ေယာက္အတူတူ ကန္တင္းထိုင္ေနက်မို႔သာ သူ႕ကိုေစာင့္ေခၚေနရတာ...။ ေတာ္ၾကာကိုယ့္ကိုနဂိုတည္းက အျမင္မၾကည္ေလတဲ့ ေၾကာင္ေဖေဖႀကီးက သူ႕ခ်စ္ခ်စ္ကိုခ်န္ထားခဲ့တဲ့အမႈနဲ႔ ပိုအျမင္ကတ္ေနပါ့မယ္...။

"ပက္ခ္ဂ်ီမင္း..ျမန္ျမန္လာပါဟာ"

ပါးစပ္ကေနလည္းေျပာရင္း စိတ္မရွည္စြာနဲ႔ ဂ်ီမင္းရဲ႕လက္ကိုပါ ဆြဲေခၚလိုက္ရတဲ့ထယ္ေယာင္း...။ ထိုအခါမွ လႈပ္စိလႈပ္စိနဲ႔ ေရွ႕ေရာက္လာတဲ့ဂ်ီမင္း...။ ေဂ်ာင္ဟိုေဆာ့က ဘာမ်ားၾကည့္ႀကိဳက္လဲမသိ မလႈပ္တလႈပ္နဲ႔ ဒီေလာက္အသည္းယားစရာေကာင္းတာကို...။

အံမယ္ တင္ပါးကေတာ့ တယ္ၿပီးကိတ္သကိုး...။ ထယ္ေယာင္းညစ္က်ယ္က်ယ္ၿပံဳးလိုက္ရင္း ဂ်ီမင္းရဲ႕တင္ပါးကို ေျဖာင္းခနဲ႐ိုက္ပစ္လိုက္တယ္...။ အားရေက်နပ္ဖြယ္ရာေကာင္းပါဘိ...။

"ကင္မ္ထယ္ေယာင္း.. ေတာ္ေတာ္လက္အားေနလား... ငါ့ဖင္ပဲလိုက္႐ိုက္ေနတယ္"

"မင္းကစိတ္မရွည္ခ်င္စရာလုပ္တာကိုး... ၿပီးေတာ့အဲဒါ ငါ့အျပစ္မဟုတ္ဘူး... ႐ိုက္ခ်င္စရာေကာင္းေနတဲ့ မင္းတင္ပါးရဲ႕အျပစ္"

ဂ်ီမင္းပါးစပ္ကေနပြစိပြစိက်ိန္ဆဲရင္း ခပ္သုတ္သုတ္သာေလွ်ာက္လိုက္ေတာ့တယ္...။ ကင္မ္ထယ္ေယာင္းဆိုတဲ့ေကာင္ ငယ္ငယ္တည္းကလက္သရမ္းတာ...။ အၿမဲကိုယ့္ကိုပဲလိုက္႐ိုက္ေနတယ္.. သူ႕ေၾကာင္ေပါက္က်ေတာ့ သြားမ႐ိုက္ဘူး...။ ေအးေပါ့.. သူ႕ေၾကာင္ေပါက္က ကိုယ့္ေလာက္မွမကိတ္တာ...။ ဒီေတာ့လည္းသူေျပာသလို ဖင္ကိတ္တဲ့ဂ်ီမင္းေလးရဲ႕အျပစ္ေပါ့...။

ခုမွပဲေရွ႕ကေနေျခလွမ္းသုတ္သုတ္နဲ႔ သြားေနတဲ့ဂ်ီမင္းကို ထယ္ေယာင္းလွမ္းၾကည့္ရင္း သူ႕တင္ပါးဆီအၾကည့္ေရာက္ျပန္တယ္...။ ဒီေန႔က်မွ ေဘာင္းဘီအၾကပ္ကဝတ္ထားေတာ့ ႐ိုက္ခ်င္စရာေကာင္းပါဘိ...။ မရေတာ့ဘူး... ထပ္႐ိုက္ခ်င္ေနျပီ...။

"ေျဖာင္း...!!!"

"အာ့.. ကင္မ္ထယ္ေယာင္း"

ကန္တင္းမွာထိုင္ေနရင္း ခ်စ္သူလာမယ့္လမ္းကို ေမွ်ာ္ေငးေနတဲ့ဟိုေဆာ့ ဆတ္ခနဲျဖစ္သြားတယ္...။ ဟိုေမ်ာက္ေလာင္းေကာင္ ကင္မ္ထယ္ေယာင္း ကိုယ့္ခ်စ္သူေလးရဲ႕တင္ပါးလံုးလံုးေလးကို အားႀကီးနဲ႔႐ိုက္ခ်ပစ္လိုက္တာမ်ား ႐ံႈ႕မဲ့သြားတဲ့ဂ်ီမင္းရဲ႕မ်က္ႏွာက နာက်င္မႈအတြက္သက္ေသပါပဲ...။

ဟိုေဆာ့ဘယ္လိုမွသည္းမခံႏိုင္ေတာ့ပါ...။ တစ္ခါႏွစ္ခါေတာင္မကေတာ့... ကိုယ့္ေရွ႕မွာတင္ ႐ိုက္ေနတာကို...။ တကယ္ဆို ကိုယ္ေတာင္မွ မထိရက္မကိုင္ရက္တာကို အားႀကီးနဲ႔႐ိုက္ခ်တာကေတာ့ ထယ္ေယာင္းတအားလြန္တယ္....။ မျဖစ္ဘူး... မျဖစ္ဘူး... ဒါမ်ဳိးကလက္တံု႔ျပန္ရမယ္...။

"ေရာက္လာၿပီလားထယ္ထယ္ေလး"

သူတို႔ကိုလွမ္းႏႈတ္ဆက္ေနတဲ့ေၾကာင္စုတ္ေလး...။ လက္တုန္႔ျပန္ခ်င္တယ္ဆိုေပမယ့္ ေၾကာင္စုတ္ေတာ့မပါ...။ ကိုယ့္ရည္းစားကိုဖင္႐ိုက္လို႔ သူ႕ရည္းစားကိုျပန္႐ိုက္ရေအာင္ကလည္း ေၾကာင္စုတ္က ေခသူမဟုတ္...။ ၿပီးေတာ့ဟိုေဆာ့ကိုယ္တိုင္ကိုက ကိုယ့္သူငယ္ခ်င္းကို အသံုးမခ်ခ်င္တာလည္း ပါတယ္...။

"ဟိုေဆာ့ကီေစာင့္ေနရတာၾကာၿပီလားဟင္"

"ဟင္... မၾကာေသးပါဘူး"

ေဘးမွာေစြ႕ခနဲဝင္ထိုင္ကာႏႈတ္ဆက္လာတဲ့ ဂ်ီမင္းကို ဟိုေဆာ့ အေယာင္ေယာင္အမွားမွားနဲ႔ ျပန္ၿပံဳးျပႏႈတ္ဆက္လိုက္တယ္...။ ျဖဴျဖဴစင္စင္ေလးနဲ႔ ခ်စ္ဖို႔ေကာင္းလိုက္တဲ့ခ်စ္သူေလး...။ ခ်က္ခ်င္းပင္ အသားယူသူထယ္ေယာင္းကို မေက်မနပ္နဲ႔လွမ္းၾကည့္ေတာ့ သေကာင့္သားက ေၾကာင္စုတ္ေလးရဲ႕လက္ကိုကိုင္ကာ တဟီးဟီးနဲ႔အူျမဴးေနတယ္...။

"ဘာစားၾကမွာလဲဟင္... ထယ္ထယ္သြားမွာေပးမယ္ေလ"

အားလံုးထဲမွာအတက္ႂကြဆံုးျဖစ္သူပီပီ ခုလည္း၄ေယာက္စာအတြက္ ေကာင္တာမွာသြားမွာဦးမယ္တဲ့ေလ...။ ကန္တင္းထံုးစံက စားပြဲထိုးမွမရိွတာ... ကိုယ့္ဘာသာကိုယ္သြားမွာ... ေအာ္ဒါရၿပီဆိုရင္သြားထုတ္...။ စားေသာက္ၿပီးလို႔ထသြားမွ စားပြဲလာရွင္းၾကတာ...။

ခုလည္းတစ္ေယာက္တမ်ဳိးမွာလိုက္တာေတြကို ထယ္ေယာင္းမွတ္ထားၿပီး ေကာင္တာသို႔ ထထြက္သြားေတာ့တယ္...။ ဆိုရွယ္ေကာင္းသူပီပီ ေကာင္တာမွာလည္း ရယ္ေမာစကားေျပာေနေသးတယ္...။ အျမင္ကတ္ကတ္နဲ႔လိုက္ၾကည့္ေနတဲ့ ဟိုေဆာ့တစ္ေယာက္ မထင္မွတ္ပဲ ထယ္ေယာင္းရဲ႕တင္ပါးလံုးလံုးေလးဆီ အၾကည့္ေရာက္သြားေသာအခါ.......

"အာ.. အေအးမမွာလိုက္ရေသးဘူးမလား.. ငါသြားမွာလိုက္မယ္ေနာ္"

ဘာမွေတာင္အေျဖျပန္မေပးရေသးပဲ ထထြက္သြားတဲ့ဟိုေဆာ့ကို္ ယြန္းဂီနဲ႔ဂ်ီမင္းကေတာ့ တအံ့တဩေမာ့ၾကည့္မိတယ္....။ ဟိုေဆာ့ရဲ႕ေျခလွမ္းေတြက ေကာင္တာမွာပိုက္ဆံရွင္းေနတဲ့ ထယ္ေယာင္းဆီသို႔...။

"ေဟး... ထယ္ေယာင္း"

ပါးစပ္ကေနလည္းလွမ္းေခၚရင္း လက္တစ္ဖက္ကလည္း လွည့္ၾကည့္လာတဲ့ထယ္ေယာင္းရဲ႕ တင္ပါးေတြဆီေဖာင္းခနဲ႐ိုက္ပစ္လိုက္တယ္...။ ထယ္ေယာင္းကေတာ့ ႐ုတ္တရတ္ျဖစ္သြားတဲ့ အေျခအေနမွာ တအံ့တဩေတြျဖစ္လို႔ေပါ့...။

"အေအးမွာရဦးမယ္ေလကြာ... မင္းပိုက္ဆံရွင္းျပီးၿပီလား... ငါအေအးဖိုးရွင္းလိုက္မယ္"

ေျပာေနတဲ့ေတာက္ေလွ်ာက္လည္း ထယ္ေယာင္းရဲ႕တင္ပါးကို တဖတ္ဖတ္နဲ႔႐ိုက္ေနလိုက္တာ....။ ထယ္ေယာင္းမွာေတာ့ ဘာမွျပန္မေျပာႏိုင္ပဲ အူလည္လည္နဲ႔သာ ဟိုေဆာ့ကို္ေငးေၾကာင္ၾကည့္ေနတယ္...။

"မင္းကလည္း ေန႔လည္စာမွာရင္ အေအးပါတခါတည္းမွာရတာကို မသိဘူးလားကြ ဟမ္...??"

မွာစရာရိွတာမွာၿပီးလို္႔ စားပြဲဆီျပန္လာတဲ့အထိ တင္ပါးကို႐ိုက္ရင္းေျပာေနတဲ့ဟိုေဆာ့ေၾကာင့္ ထယ္ေယာင္းသည္းမခံႏို္င္ေတာ့ပါ...။

"အစ္ကိုဟိုေဆာ့... ဘာလို႔ထယ္ထယ့္ဖင္ကိုပဲ လိုက္႐ိုက္ေနတာလဲ...??"

ထယ္ေယာင္းရဲ႕အသံစူးစူးေၾကာင့္ ယြန္းဂီနဲ႔ဂ်ီမင္းသာမက ေဘးစားပြဲကလူတခ်ဳိ႕ကပါ လွမ္းၾကည့္လာၾကတယ္...။

"႐ိုက္ခ်င္စရာေကာင္းလို္႔ေလ... မင္းေတာင္ မိုခ်ီ႕ကို႐ိုက္ေသးတာပဲ.. ငါလည္း မင္းကို႐ိုက္တာဘာျဖစ္လဲ... ေျပာရင္းနဲ႔ ပိုေတာင္႐ိုက္ခ်င္သြားၿပီ... အင့္ဟာ"

ဒီတစ္ခါေတာ့နည္းနည္းအားပါတာေၾကာင့္ ထယ္ေယာင္းတစ္ေယာက္ ေကာ့တက္သြားရတဲ့အထိ...။ ေဘးကလူေတြကလည္း ဝိုင္းၾကည့္ေနၾကတာေၾကာင့္ ထယ္ေယာင္းလည္း ရွက္ရွက္နဲ႔ပဲယြန္းဂီဆီသို႔ စစ္ကူေတာင္းသလို ငံု႔ၾကည့္မိတယ္...။

သူတို႔၂ေယာက္ကို တအံ့တဩနဲ႔ ပါးစပ္အေဟာင္းသားေငးေနတဲ့ ယြန္းဂီကလည္း ခုမွသေဘာေပါက္သြားသလိုလိုနဲ႔ ခီြးခနဲထရယ္တယ္....။ ဟိုေဆာ့ကိုေတာ့ အျပစ္တစက္မွမေျပာ...။ ယြန္းဂီရယ္ေတာ့ ဂ်ီမင္းကပါ တခိြခိြထရယ္ျပန္တယ္....။

"ေကာင္းတယ္... ငါ့ကိုခ်ည္းလိုက္႐ိုက္ေနလို႔ ျပန္ခံရတာ... ဟိုေဆာ့ကီေရ... မိုခ်ီ႕အစားသူ႕ကို နာနာေလး႐ိုက္ေပးပါ... အဟိ"

"႐ိုက္ခ်င္စရာလည္း အရမ္းေကာင္းတာကိုး"

အတိုင္အေဖာက္ညီေနတဲ့ထိုအတြဲေၾကာင့္ ထယ္ေယာင္းငိုမဲ့မဲ့နဲ႔ ယြန္းဂီဆီထပ္ၾကည့္မိတယ္...။ ယြန္းဂီကေတာ့ ခုထက္ထိကိုအားပါးတရ ရယ္ေမာလို႔ေကာင္းေနဆဲ...။ ကိုယ့္ခ်စ္သူေလး အသားယူခံရတာကို ဝိုင္းေျပာေပးမယ္မရိွဘူး...။

"မင္းတို႔ကလည္း ငါ့ထယ္ထယ္ေလးကို မစၾကနဲ႔"

ရယ္ေမာေနရာကေန ခ်က္ခ်င္းမ်က္ႏွာႀကီးတည္တင္းကာ ေျပာလာတဲ့ယြန္းဂီေၾကာင့္ ထယ္ေယာင္းအားတက္သြားတယ္...။ သို္႔ေသာ္ေနာက္ဆက္တြဲ ဆက္ေျပာလိုက္တဲ့စကားကေတာ့.....

"႐ိုက္ခ်င္ရင္လည္း ျဖည္းျဖည္း႐ိုက္... ခုေတာင္ကိတ္ေနတာကို... အဟက္"

လူယုတ္မာအၾကည့္ႀကီးနဲ႔... ၿဗဲ...။ သူ႕ကိုအားကိုးကာမွပဲ သူကပါ ကိုယ့္ကိုပစ္မွားေနတာလားမသိ...။ ထယ္ထယ္ေလး ဒီပ်က္ရွင္ဝင္သြားပါၿပီ...။ သူကေၾကာင္ျဖဴေလးမဟုတ္ေတာ့ပါဘူး... ဂ်ီမင္းေျပာတဲ့ေၾကာင္ဆိုးႀကီးပါ...။

"ဘာလို႔မတ္တပ္ႀကီးလဲ.. ထိုင္ေလကြာ"

ေျပာေျပာဆိုဆိုနဲ႔ ထယ္ေယာင္းရဲ႕တင္ပါးေပၚေရာက္လာတဲ့ ယြန္းဂီရဲ႕လက္ေတြ...။ အားပါပါနဲ႔ဖ်စ္ညႇစ္မႈမွာ ထယ္ေယာင္းတစ္ေယာက္တြန္႔ခနဲ...။ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ကမန္းကတမ္းထိုင္ခ်လိုက္ရတဲ့အျဖစ္...။ ဂ်ီမင္းကေတာ့သူ႕အျဖစ္ကိုၾကည့္ကာ တခိြခိြနဲ႔ရယ္လို႔ေကာင္းေနဆဲ...။

"ေဟာ ငါတို႔မွာထားတာေတြရၿပီ..  သြားယူရေအာင္ ေဆာ့ေဆာ့"

၂ေယာက္သားအတူတူထြက္သြားေတာ့မွ အီးခနဲငိုျပတဲ့ထယ္ေယာင္းကို ဂ်ီမင္းကမေခ်ာ့တဲ့အျပင္ တဟားဟားနဲ႔အေတာမသတ္ႏိုင္ ရယ္ေမာေနေလရဲ႕...။

"ဘာရယ္တာလဲ တိတ္စမ္း...အီးဟီး.."

"ဘာလို႔လဲ... ငါ့ပါးစပ္နဲ႔ငါရယ္တာကို... ငိုျပမေနနဲ႔... မ်က္ရည္လည္း တစက္မွမထြက္ပဲနဲ႔"

သူငယ္ခ်င္းဆိုသည့္အမ်ဳိးမွာ လူကိုေလွာင္ေျပာင္ဖို႔အတြက္ ေမြးဖြားလာတာထင္တယ္...။ ဒါေတြထားပါ.. ကိုယ့္ခ်စ္သူအရင္းေခါက္ေခါက္ႀကီးကေတာင္ ကိုယ့္ဘက္ကမပါတာေၾကာင့္ ထယ္ထယ္ေလးအႀကီးႀကီး စိတ္ထိခိုက္သြားပါၿပီ...။ အေရးထဲက်မွ မ်က္ရည္ကလဲမထြက္ႏိုင္ဘူး....။

"အိုမို.. ထယ္ထယ္ေလးဘာလို႔ငိုေနတာလဲ... ဂ်ီမင္းနီက အႏိုင္က်င့္လို႔လား...??"

အခုမွ...?? ဘာလဲ...?? သူလုပ္တုန္းကလုပ္ၿပီး မသိခ်င္ေယာင္ေဆာင္တာလား...??

"ဟာ.. ကြၽန္ေတာ္ဘာမွမလုပ္ဘူးေနာ္.. အစ္ကိုတို႔၂ေယာက္ပဲ သူ႕ဖင္ကိုသြားသြား႐ိုက္ေနတာ"

ဂ်ီမင္းက ဒီတစ္ခါေတာ့သြက္တယ္...။ ကိုယ့္ဘက္ျမႇားဦးမလွည့္ခင္ ႀကိဳကာပစ္လိုက္တယ္...။ သေကာင့္သားထယ္ေယာင္းကလဲ တကယ္မငိုပဲနဲ႔ဟန္ေဆာင္ေနတာကို...။ အဲလိုငိုခ်င္ေယာင္ေဆာင္ရင္ ခ်စ္ဖို႔ေကာင္းတယ္လို႔မ်ား တစ္ေယာက္ေယာက္က ေျမႇာက္ေပးခဲ့ေလသလား...??

"မငိုပါနဲ႔... ခ်စ္လို႔စတာပဲကို... ေဆာ့ေဆာ့ကလည္း ခ်စ္လို႔႐ိုက္တာတဲ့... ဟုတ္တယ္ေနာ္"

သူ႕ဘက္ကိုျမႇားဦးလွည့္တာေတာ့ ဟိုေဆာ့ကမ်က္ေမွာင္က်ံဳ႕ကာၾကည့္တယ္...။ ယြန္းဂီရဲ႕မ်က္ႏွာရိပ္မ်က္ႏွာကဲေၾကာင့္ ျငင္းမယ့္စကားေတြက ေအာ္တို္ပိတ္သြားတယ္...။

"ေအာ္.. အင္း.. အင္းေလ.. ခ်စ္ဖို႔႐ိုက္တာေပါ့"

ဂ်ီမင္းကေတာ့ပါးစပ္ကိုလက္နဲ႔ပိတ္ကာ က်ိတ္ရယ္ေနတယ္...။ သူ႕ခ်စ္သူက ထယ္ေယာင္းကို ဘယ္လိုၾကည့္မရလဲဆိုတာ သူအသိဆံုးမလား...။ အခုေတာ့ေၾကာင္ဆိုးေၾကာင့္ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းရၿပီ...။

"တကယ္လား... တမင္လုပ္တာမဟုတ္ဘူးေပါ့"

"မိုခ်ီေလးကိုမ႐ိုက္ေတာ့ဘူးဆိုရင္ ငါလည္းမင္းကိုခုလိုမ်ဳိး ထပ္မ႐ိုက္ေတာ့ဘူး"

ဟိုေဆာ့က သူ႕ေဘးကဂ်ီမင္းရဲ႕ပခံုးေလးကိုဖက္ကာ ခပ္ေခ်ေခ်ပံုစံနဲ႔ျပန္ေျပာတယ္...။ ဂ်ီမင္းကေတာ့ သူ႕ခ်စ္သူကို္အားကိုးတႀကီးပံုစံနဲ႔ ေမာ့ၾကည့္ေလတယ္...။

"အင္းပါ... ေနာက္မ႐ိုက္ေတာ့ပါဘူး"

ထယ္ေယာင္း႐ံႈ႕မဲ့မဲ့ေလးနဲ႔ေျပာေတာ့ ဟိုေဆာ့မ်က္ႏွာေပၚမွာ အၿပံဳးခပ္ႀကီးႀကီးတစ္ခု ေပၚလာခဲ့တယ္...။ ေျပလည္သြားၿပီလို႔ ထင္ရေပမယ့္လည္း တစခန္းထလာသူကေၾကာင္ေပါက္...။

"ငါကေတာ့႐ိုက္ဦးမွာပဲ... ကိုယ့္ခ်စ္သူကိုကိုယ္႐ိုက္တာ အျပစ္မရိွဘူးေနာ္... ဟုတ္တယ္မလား"

"ဟာ.. အဲလိုမလုပ္နဲ႔ေလ"

ထယ္ေယာင္းရဲ႕ေညႇာင္နာနာအသံေလးကို ယြန္းဂီကဂ႐ုမစိုက္တဲ့အလားပင္...။ ဟို၂ေယာက္ကလည္း ဘယ္အခ်ိန္ကတည္းက ေဆးထိုးခ်င္ေနၾကလဲမသိ အားပါးတရကို ေထာက္ခံေနၾကေလရဲ႕...။

"ခ်စ္လို႔႐ိုက္တာမို႔ ခံလိုက္ပါထယ္ေယာင္းေရ"

ထယ္ထယ္ေလး တကယ္စိတ္ေကာက္ပါၿပီ...။ ငိုေတာ့မလို႔မ်က္ႏွာကိုမဲ့လိုက္စဥ္ ႁပြတ္ခနဲအသံနဲ႔အတူ ပါးေလးတစ္ဖက္ေႏြးသြားတယ္...။ ေၾကာင္ေပါက္ေလးက သူ႕ကိုနမ္းလိုက္တာပဲ...။ ငိုမယ့္အရိွန္ေတာင္ပ်က္သြားတာမို႔ ထပ္ၿပီးအရိွန္ယူမလို႔ရိွေသး ပါးတစ္ဖက္က ေနာက္တစ္ခါပူေႏြးသြားျပန္တယ္...။

"ငိုေလ... တစ္ခါငိုရင္တခ်က္နမ္းမွာ"

ထယ္ေယာင္းငိုမဲ့မဲ့နဲ႔ ေဘးဘီဝဲယာကိုၾကည့္ေတာ့ တျခားစားပြဲဝိုင္းေတြက သူတို႔ကိုၿပံဳးစိစိနဲ႔ ၾကည့္ေနၾကၿပီေလ...။ ေတာ္ပါၿပီ... အနမ္းခံရလို႔ေပ်ာ္ေပမယ့္လည္း လူေတြအမ်ားႀကီးနဲ႔မို႔ ရွက္ဖို႔ေကာင္းတယ္...။

"ၿပီးေရာ.. မငိုေတာ့ဘူး... ထယ္ထယ့္ကိုထမင္းခြံ႕ေကြၽး"

ဆူေအာင့္ေအာင့္ေလးနဲ႔ေျပာတဲ့ထယ္ေယာင္းေၾကာင့္ ယြန္းဂီသေဘာက်စြာ ရယ္ေမာလိုက္မိတယ္...။ သူေျပာသလိုပင္ သူ႕ရဲ႕ထမင္းပန္းကန္ေလးကိုယူၿပီး ခြံ႕ေကြၽးလိုက္ေတာ့လည္း မ်က္ႏွာေလးက ျပန္ၾကည္လင္လာျပန္တယ္...။ ၾကည့္ပါလား... ဘယ္ေလာက္ခ်စ္စရာေကာင္းတဲ့ ကြၽန္ေတာ့္ထယ္ထယ္ေလးလဲ...။

"ဒီမွာေနာက္တစ္လုတ္... အာာ.."

စားခဲ့ဖူးသမွ်ထမင္းေတြထဲမွာ ခ်စ္သူခြံ႕ေကြၽးတဲ့ထမင္းက အရသာအရိွဆံုးဆိုတာ ခင္ဗ်ားတို႔သိၾကရဲ႕လား...။ အက္ဖ္ေအေတြကေတာ့ ဘယ္သိၾကမလဲေနာ္...။ ေျပာလို႔ရတာမဟုတ္ဘူးေလ... အာအက္စ္ရိွတယ္ဆိုရင္ေတာင္မွ ထယ္ထယ္ေလးလိုခ်စ္စရာေကာင္းမွ ခ်စ္သူရဲ႕ဂ႐ုစိုက္ေပးတာကို ခံရမွာေလ...။

ဘာလဲ... ကြၽန္ေတာ္စိတ္ေကာက္ေျပၿပီေလ...။ ေၾကာင္ေပါက္ေလးလာနမ္းကတည္းက ေျပသြားတာ...။ သူကကြၽန္ေတာ့္ကို္ခ်စ္လို႔ ဖင္ကို႐ိုက္တာေလ...။ ကြၽန္ေတာ္က လက္ခံရမွာေပါ့...။

ဂ်ီမင္းနီလား...?? နားစမ္းပါဗ်ာ...။ အခုကြၽန္ေတာ္ကသူ႕ကိုစိတ္ကူးထဲေတာင္ မထည့္ေတာ့ဘူး...။ ကြၽန္ေတာ့္ဖင္ကို္လာ႐ိုက္တဲ့ ေၾကာင္ေပါက္ေလးကိုေတာ့ အခြင့္သင့္ရင္ျပန္႐ိုက္ဖို႔စဥ္းစားေနတယ္... ဟြင္းဟြင္း...။

အႀကံမပိုင္ဘူးလား...?? တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္... သူခ်စ္လို႔က်ီစားတာလည္း ခံရတယ္...  သူ႕ကိုလည္း ျပန္အသားယူလို႔ရတယ္... ကင္မ္ထယ္ေယာင္းပါ... မပိုင္ရင္ဖင္မ႐ိုက္ဘူး...

ေဟာ... ဘာၾကည့္ေနတာလဲ ၿပီးၿပီေလ...။ ကြၽန္ေတာ့္ကိုအားက်ေနတယ္ဆိုတာေတာ့ ဝန္ခံလိုက္။

To Be Continued.....



(Unicode)

မိုးလေဝသအစီအစဉ် ကြည့်နေစရာမလိုပါ...။ ချစ်သူနဲ့အဆင်ပြေတဲ့ နေ့ရက်တိုင်းက  ရာသီဥတုသာယာတယ်...။  မိုးတွေရွာပြီးလေပြင်းတိုက်နေပါစေ  ချစ်သူဘေးမှာရှိရင် အားလုံးအိုကေတယ်...။

ပုံ/ အချစ်ပါရဂူကြီး ကင်မ်ထယ်ယောင်း
(မင်ယွန်းဂီ၏နှလုံးသားရပ်ဝန်းမှ)

ကြောင်ပေါက်လေးက ကန်တင်းမှာစောင့်နေမယ်ဆိုလို့ တက်ကြွတဲ့ခြေလှမ်းတို့နဲ့ လှမ်းလျှောက်နေတဲ့ထယ်ယောင်း အနောက်ကနေလိပ်က ဘိုးအေခေါ်ရမယ့် ခြေလှမ်းတွေနဲ့ လိုက်လာတဲ့ဂျီမင်းကို ဘယ်လိုမှစိတ်မရှည်နိုင်ပါ...။ ခုရက်ပိုင်း ၄ယောက်အတူတူ ကန်တင်းထိုင်နေကျမို့သာ သူ့ကိုစောင့်ခေါ်နေရတာ...။ တော်ကြာကိုယ့်ကိုနဂိုတည်းက အမြင်မကြည်လေတဲ့ ကြောင်ဖေဖေကြီးက သူ့ချစ်ချစ်ကိုချန်ထားခဲ့တဲ့အမှုနဲ့ ပိုအမြင်ကတ်နေပါ့မယ်...။

"ပက်ခ်ဂျီမင်း..မြန်မြန်လာပါဟာ"

ပါးစပ်ကနေလည်းပြောရင်း စိတ်မရှည်စွာနဲ့ ဂျီမင်းရဲ့လက်ကိုပါ ဆွဲခေါ်လိုက်ရတဲ့ထယ်ယောင်း...။ ထိုအခါမှ လှုပ်စိလှုပ်စိနဲ့ ရှေ့ရောက်လာတဲ့ဂျီမင်း...။ ဂျောင်ဟိုဆော့က ဘာများကြည့်ကြိုက်လဲမသိ မလှုပ်တလှုပ်နဲ့ ဒီလောက်အသည်းယားစရာကောင်းတာကို...။

အံမယ် တင်ပါးကတော့ တယ်ပြီးကိတ်သကိုး...။ ထယ်ယောင်းညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း ဂျီမင်းရဲ့တင်ပါးကို ဖြောင်းခနဲရိုက်ပစ်လိုက်တယ်...။ အားရကျေနပ်ဖွယ်ရာကောင်းပါဘိ...။

"ကင်မ်ထယ်ယောင်း.. တော်တော်လက်အားနေလား... ငါ့ဖင်ပဲလိုက်ရိုက်နေတယ်"

"မင်းကစိတ်မရှည်ချင်စရာလုပ်တာကိုး... ပြီးတော့အဲဒါ ငါ့အပြစ်မဟုတ်ဘူး... ရိုက်ချင်စရာကောင်းနေတဲ့ မင်းတင်ပါးရဲ့အပြစ်"

ဂျီမင်းပါးစပ်ကနေပွစိပွစိကျိန်ဆဲရင်း ခပ်သုတ်သုတ်သာလျှောက်လိုက်တော့တယ်...။ ကင်မ်ထယ်ယောင်းဆိုတဲ့ကောင် ငယ်ငယ်တည်းကလက်သရမ်းတာ...။ အမြဲကိုယ့်ကိုပဲလိုက်ရိုက်နေတယ်.. သူ့ကြောင်ပေါက်ကျတော့ သွားမရိုက်ဘူး...။ အေးပေါ့.. သူ့ကြောင်ပေါက်က ကိုယ့်လောက်မှမကိတ်တာ...။ ဒီတော့လည်းသူပြောသလို ဖင်ကိတ်တဲ့ဂျီမင်းလေးရဲ့အပြစ်ပေါ့...။

ခုမှပဲရှေ့ကနေခြေလှမ်းသုတ်သုတ်နဲ့ သွားနေတဲ့ဂျီမင်းကို ထယ်ယောင်းလှမ်းကြည့်ရင်း သူ့တင်ပါးဆီအကြည့်ရောက်ပြန်တယ်...။ ဒီနေ့ကျမှ ဘောင်းဘီအကြပ်ကဝတ်ထားတော့ ရိုက်ချင်စရာကောင်းပါဘိ...။ မရတော့ဘူး... ထပ်ရိုက်ချင်နေပြီ...။

"ဖြောင်း...!!!"

"အာ့.. ကင်မ်ထယ်ယောင်း"

ကန်တင်းမှာထိုင်နေရင်း ချစ်သူလာမယ့်လမ်းကို မျှော်ငေးနေတဲ့ဟိုဆော့ ဆတ်ခနဲဖြစ်သွားတယ်...။ ဟိုမျောက်လောင်းကောင် ကင်မ်ထယ်ယောင်း ကိုယ့်ချစ်သူလေးရဲ့တင်ပါးလုံးလုံးလေးကို အားကြီးနဲ့ရိုက်ချပစ်လိုက်တာများ ရှုံ့မဲ့သွားတဲ့ဂျီမင်းရဲ့မျက်နှာက နာကျင်မှုအတွက်သက်သေပါပဲ...။

ဟိုဆော့ဘယ်လိုမှသည်းမခံနိုင်တော့ပါ...။ တစ်ခါနှစ်ခါတောင်မကတော့... ကိုယ့်ရှေ့မှာတင် ရိုက်နေတာကို...။ တကယ်ဆို ကိုယ်တောင်မှ မထိရက်မကိုင်ရက်တာကို အားကြီးနဲ့ရိုက်ချတာကတော့ ထယ်ယောင်းတအားလွန်တယ်....။ မဖြစ်ဘူး... မဖြစ်ဘူး... ဒါမျိုးကလက်တုံ့ပြန်ရမယ်...။

"ရောက်လာပြီလားထယ်ထယ်လေး"

သူတို့ကိုလှမ်းနှုတ်ဆက်နေတဲ့ကြောင်စုတ်လေး...။ လက်တုန့်ပြန်ချင်တယ်ဆိုပေမယ့် ကြောင်စုတ်တော့မပါ...။ ကိုယ့်ရည်းစားကိုဖင်ရိုက်လို့ သူ့ရည်းစားကိုပြန်ရိုက်ရအောင်ကလည်း ကြောင်စုတ်က ခေသူမဟုတ်...။ ပြီးတော့ဟိုဆော့ကိုယ်တိုင်ကိုက ကိုယ့်သူငယ်ချင်းကို အသုံးမချချင်တာလည်း ပါတယ်...။

"ဟိုဆော့ကီစောင့်နေရတာကြာပြီလားဟင်"

"ဟင်... မကြာသေးပါဘူး"

ဘေးမှာစွေ့ခနဲဝင်ထိုင်ကာနှုတ်ဆက်လာတဲ့ ဂျီမင်းကို ဟိုဆော့ အယောင်ယောင်အမှားမှားနဲ့ ပြန်ပြုံးပြနှုတ်ဆက်လိုက်တယ်...။ ဖြူဖြူစင်စင်လေးနဲ့ ချစ်ဖို့ကောင်းလိုက်တဲ့ချစ်သူလေး...။ ချက်ချင်းပင် အသားယူသူထယ်ယောင်းကို မကျေမနပ်နဲ့လှမ်းကြည့်တော့ သကောင့်သားက ကြောင်စုတ်လေးရဲ့လက်ကိုကိုင်ကာ တဟီးဟီးနဲ့အူမြူးနေတယ်...။

"ဘာစားကြမှာလဲဟင်... ထယ်ထယ်သွားမှာပေးမယ်လေ"

အားလုံးထဲမှာအတက်ကြွဆုံးဖြစ်သူပီပီ ခုလည်း၄ယောက်စာအတွက် ကောင်တာမှာသွားမှာဦးမယ်တဲ့လေ...။ ကန်တင်းထုံးစံက စားပွဲထိုးမှမရှိတာ... ကိုယ့်ဘာသာကိုယ်သွားမှာ... အော်ဒါရပြီဆိုရင်သွားထုတ်...။ စားသောက်ပြီးလို့ထသွားမှ စားပွဲလာရှင်းကြတာ...။

ခုလည်းတစ်ယောက်တမျိုးမှာလိုက်တာတွေကို ထယ်ယောင်းမှတ်ထားပြီး ကောင်တာသို့ ထထွက်သွားတော့တယ်...။ ဆိုရှယ်ကောင်းသူပီပီ ကောင်တာမှာလည်း ရယ်မောစကားပြောနေသေးတယ်...။ အမြင်ကတ်ကတ်နဲ့လိုက်ကြည့်နေတဲ့ ဟိုဆော့တစ်ယောက် မထင်မှတ်ပဲ ထယ်ယောင်းရဲ့တင်ပါးလုံးလုံးလေးဆီ အကြည့်ရောက်သွားသောအခါ.......

"အာ.. အအေးမမှာလိုက်ရသေးဘူးမလား.. ငါသွားမှာလိုက်မယ်နော်"

ဘာမှတောင်အဖြေပြန်မပေးရသေးပဲ ထထွက်သွားတဲ့ဟိုဆော့ကို ယွန်းဂီနဲ့ဂျီမင်းကတော့ တအံ့တဩမော့ကြည့်မိတယ်....။ ဟိုဆော့ရဲ့ခြေလှမ်းတွေက ကောင်တာမှာပိုက်ဆံရှင်းနေတဲ့ ထယ်ယောင်းဆီသို့...။

"ဟေး... ထယ်ယောင်း"

ပါးစပ်ကနေလည်းလှမ်းခေါ်ရင်း လက်တစ်ဖက်ကလည်း လှည့်ကြည့်လာတဲ့ထယ်ယောင်းရဲ့ တင်ပါးတွေဆီဖောင်းခနဲရိုက်ပစ်လိုက်တယ်...။ ထယ်ယောင်းကတော့ ရုတ်တရတ်ဖြစ်သွားတဲ့ အခြေအနေမှာ တအံ့တဩတွေဖြစ်လို့ပေါ့...။

"အအေးမှာရဦးမယ်လေကွာ... မင်းပိုက်ဆံရှင်းပြီးပြီလား... ငါအအေးဖိုးရှင်းလိုက်မယ်"

ပြောနေတဲ့တောက်လျှောက်လည်း ထယ်ယောင်းရဲ့တင်ပါးကို တဖတ်ဖတ်နဲ့ရိုက်နေလိုက်တာ....။ ထယ်ယောင်းမှာတော့ ဘာမှပြန်မပြောနိုင်ပဲ အူလည်လည်နဲ့သာ ဟိုဆော့ကိုငေးကြောင်ကြည့်နေတယ်...။

"မင်းကလည်း နေ့လည်စာမှာရင် အအေးပါတခါတည်းမှာရတာကို မသိဘူးလားကွ ဟမ်...??"

မှာစရာရှိတာမှာပြီးလို့် စားပွဲဆီပြန်လာတဲ့အထိ တင်ပါးကိုရိုက်ရင်းပြောနေတဲ့ဟိုဆော့ကြောင့် ထယ်ယောင်းသည်းမခံနိုင်တော့ပါ...။

"အစ်ကိုဟိုဆော့... ဘာလို့ထယ်ထယ့်ဖင်ကိုပဲ လိုက်ရိုက်နေတာလဲ...??"

ထယ်ယောင်းရဲ့အသံစူးစူးကြောင့် ယွန်းဂီနဲ့ဂျီမင်းသာမက ဘေးစားပွဲကလူတချို့ကပါ လှမ်းကြည့်လာကြတယ်...။

"ရိုက်ချင်စရာကောင်းလို့်လေ... မင်းတောင် မိုချီ့ကိုရိုက်သေးတာပဲ.. ငါလည်း မင်းကိုရိုက်တာဘာဖြစ်လဲ... ပြောရင်းနဲ့ ပိုတောင်ရိုက်ချင်သွားပြီ... အင့်ဟာ"

ဒီတစ်ခါတော့နည်းနည်းအားပါတာကြောင့် ထယ်ယောင်းတစ်ယောက် ကော့တက်သွားရတဲ့အထိ...။ ဘေးကလူတွေကလည်း ဝိုင်းကြည့်နေကြတာကြောင့် ထယ်ယောင်းလည်း ရှက်ရှက်နဲ့ပဲယွန်းဂီဆီသို့ စစ်ကူတောင်းသလို ငုံ့ကြည့်မိတယ်...။

သူတို့၂ယောက်ကို တအံ့တဩနဲ့ ပါးစပ်အဟောင်းသားငေးနေတဲ့ ယွန်းဂီကလည်း ခုမှသဘောပေါက်သွားသလိုလိုနဲ့ ခွီးခနဲထရယ်တယ်....။ ဟိုဆော့ကိုတော့ အပြစ်တစက်မှမပြော...။ ယွန်းဂီရယ်တော့ ဂျီမင်းကပါ တခွိခွိထရယ်ပြန်တယ်....။

"ကောင်းတယ်... ငါ့ကိုချည်းလိုက်ရိုက်နေလို့ ပြန်ခံရတာ... ဟိုဆော့ကီရေ... မိုချီ့အစားသူ့ကို နာနာလေးရိုက်ပေးပါ... အဟိ"

"ရိုက်ချင်စရာလည်း အရမ်းကောင်းတာကိုး"

အတိုင်အဖောက်ညီနေတဲ့ထိုအတွဲကြောင့် ထယ်ယောင်းငိုမဲ့မဲ့နဲ့ ယွန်းဂီဆီထပ်ကြည့်မိတယ်...။ ယွန်းဂီကတော့ ခုထက်ထိကိုအားပါးတရ ရယ်မောလို့ကောင်းနေဆဲ...။ ကိုယ့်ချစ်သူလေး အသားယူခံရတာကို ဝိုင်းပြောပေးမယ်မရှိဘူး...။

"မင်းတို့ကလည်း ငါ့ထယ်ထယ်လေးကို မစကြနဲ့"

ရယ်မောနေရာကနေ ချက်ချင်းမျက်နှာကြီးတည်တင်းကာ ပြောလာတဲ့ယွန်းဂီကြောင့် ထယ်ယောင်းအားတက်သွားတယ်...။ သို့်သော်နောက်ဆက်တွဲ ဆက်ပြောလိုက်တဲ့စကားကတော့.....

"ရိုက်ချင်ရင်လည်း ဖြည်းဖြည်းရိုက်... ခုတောင်ကိတ်နေတာကို... အဟက်"

လူယုတ်မာအကြည့်ကြီးနဲ့... ဗြဲ...။ သူ့ကိုအားကိုးကာမှပဲ သူကပါ ကိုယ့်ကိုပစ်မှားနေတာလားမသိ...။ ထယ်ထယ်လေး ဒီပျက်ရှင်ဝင်သွားပါပြီ...။ သူကကြောင်ဖြူလေးမဟုတ်တော့ပါဘူး... ဂျီမင်းပြောတဲ့ကြောင်ဆိုးကြီးပါ...။

"ဘာလို့မတ်တပ်ကြီးလဲ.. ထိုင်လေကွာ"

ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းရဲ့တင်ပါးပေါ်ရောက်လာတဲ့ ယွန်းဂီရဲ့လက်တွေ...။ အားပါပါနဲ့ဖျစ်ညှစ်မှုမှာ ထယ်ယောင်းတစ်ယောက်တွန့်ခနဲ...။ ကြောက်ကြောက်လန့်လန့်နဲ့ ကမန်းကတမ်းထိုင်ချလိုက်ရတဲ့အဖြစ်...။ ဂျီမင်းကတော့သူ့အဖြစ်ကိုကြည့်ကာ တခွိခွိနဲ့ရယ်လို့ကောင်းနေဆဲ...။

"ဟော ငါတို့မှာထားတာတွေရပြီ..  သွားယူရအောင် ဆော့ဆော့"

၂ယောက်သားအတူတူထွက်သွားတော့မှ အီးခနဲငိုပြတဲ့ထယ်ယောင်းကို ဂျီမင်းကမချော့တဲ့အပြင် တဟားဟားနဲ့အတောမသတ်နိုင် ရယ်မောနေလေရဲ့...။

"ဘာရယ်တာလဲ တိတ်စမ်း...အီးဟီး.."

"ဘာလို့လဲ... ငါ့ပါးစပ်နဲ့ငါရယ်တာကို... ငိုပြမနေနဲ့... မျက်ရည်လည်း တစက်မှမထွက်ပဲနဲ့"

သူငယ်ချင်းဆိုသည့်အမျိုးမှာ လူကိုလှောင်ပြောင်ဖို့အတွက် မွေးဖွားလာတာထင်တယ်...။ ဒါတွေထားပါ.. ကိုယ့်ချစ်သူအရင်းခေါက်ခေါက်ကြီးကတောင် ကိုယ့်ဘက်ကမပါတာကြောင့် ထယ်ထယ်လေးအကြီးကြီး စိတ်ထိခိုက်သွားပါပြီ...။ အရေးထဲကျမှ မျက်ရည်ကလဲမထွက်နိုင်ဘူး....။

"အိုမို.. ထယ်ထယ်လေးဘာလို့ငိုနေတာလဲ... ဂျီမင်းနီက အနိုင်ကျင့်လို့လား...??"

အခုမှ...?? ဘာလဲ...?? သူလုပ်တုန်းကလုပ်ပြီး မသိချင်ယောင်ဆောင်တာလား...??

"ဟာ.. ကျွန်တော်ဘာမှမလုပ်ဘူးနော်.. အစ်ကိုတို့၂ယောက်ပဲ သူ့ဖင်ကိုသွားသွားရိုက်နေတာ"

ဂျီမင်းက ဒီတစ်ခါတော့သွက်တယ်...။ ကိုယ့်ဘက်မြှားဦးမလှည့်ခင် ကြိုကာပစ်လိုက်တယ်...။ သကောင့်သားထယ်ယောင်းကလဲ တကယ်မငိုပဲနဲ့ဟန်ဆောင်နေတာကို...။ အဲလိုငိုချင်ယောင်ဆောင်ရင် ချစ်ဖို့ကောင်းတယ်လို့များ တစ်ယောက်ယောက်က မြှောက်ပေးခဲ့လေသလား...??

"မငိုပါနဲ့... ချစ်လို့စတာပဲကို... ဆော့ဆော့ကလည်း ချစ်လို့ရိုက်တာတဲ့... ဟုတ်တယ်နော်"

သူ့ဘက်ကိုမြှားဦးလှည့်တာတော့ ဟိုဆော့ကမျက်မှောင်ကျုံ့ကာကြည့်တယ်...။ ယွန်းဂီရဲ့မျက်နှာရိပ်မျက်နှာကဲကြောင့် ငြင်းမယ့်စကားတွေက အော်တိုပိတ်သွားတယ်...။

"အော်.. အင်း.. အင်းလေ.. ချစ်ဖို့ရိုက်တာပေါ့"

ဂျီမင်းကတော့ပါးစပ်ကိုလက်နဲ့ပိတ်ကာ ကျိတ်ရယ်နေတယ်...။ သူ့ချစ်သူက ထယ်ယောင်းကို ဘယ်လိုကြည့်မရလဲဆိုတာ သူအသိဆုံးမလား...။ အခုတော့ကြောင်ဆိုးကြောင့် မချစ်သော်လည်း အောင့်ကာနမ်းရပြီ...။

"တကယ်လား... တမင်လုပ်တာမဟုတ်ဘူးပေါ့"

"မိုချီလေးကိုမရိုက်တော့ဘူးဆိုရင် ငါလည်းမင်းကိုခုလိုမျိုး ထပ်မရိုက်တော့ဘူး"

ဟိုဆော့က သူ့ဘေးကဂျီမင်းရဲ့ပခုံးလေးကိုဖက်ကာ ခပ်ချေချေပုံစံနဲ့ပြန်ပြောတယ်...။ ဂျီမင်းကတော့ သူ့ချစ်သူကိုအားကိုးတကြီးပုံစံနဲ့ မော့ကြည့်လေတယ်...။

"အင်းပါ... နောက်မရိုက်တော့ပါဘူး"

ထယ်ယောင်းရှုံ့မဲ့မဲ့လေးနဲ့ပြောတော့ ဟိုဆော့မျက်နှာပေါ်မှာ အပြုံးခပ်ကြီးကြီးတစ်ခု ပေါ်လာခဲ့တယ်...။ ပြေလည်သွားပြီလို့ ထင်ရပေမယ့်လည်း တစခန်းထလာသူကကြောင်ပေါက်...။

"ငါကတော့ရိုက်ဦးမှာပဲ... ကိုယ့်ချစ်သူကိုကိုယ်ရိုက်တာ အပြစ်မရှိဘူးနော်... ဟုတ်တယ်မလား"

"ဟာ.. အဲလိုမလုပ်နဲ့လေ"

ထယ်ယောင်းရဲ့ညှောင်နာနာအသံလေးကို ယွန်းဂီကဂရုမစိုက်တဲ့အလားပင်...။ ဟို၂ယောက်ကလည်း ဘယ်အချိန်ကတည်းက ဆေးထိုးချင်နေကြလဲမသိ အားပါးတရကို ထောက်ခံနေကြလေရဲ့...။

"ချစ်လို့ရိုက်တာမို့ ခံလိုက်ပါထယ်ယောင်းရေ"

ထယ်ထယ်လေး တကယ်စိတ်ကောက်ပါပြီ...။ ငိုတော့မလို့မျက်နှာကိုမဲ့လိုက်စဉ် ပြွတ်ခနဲအသံနဲ့အတူ ပါးလေးတစ်ဖက်နွေးသွားတယ်...။ ကြောင်ပေါက်လေးက သူ့ကိုနမ်းလိုက်တာပဲ...။ ငိုမယ့်အရှိန်တောင်ပျက်သွားတာမို့ ထပ်ပြီးအရှိန်ယူမလို့ရှိသေး ပါးတစ်ဖက်က နောက်တစ်ခါပူနွေးသွားပြန်တယ်...။

"ငိုလေ... တစ်ခါငိုရင်တချက်နမ်းမှာ"

ထယ်ယောင်းငိုမဲ့မဲ့နဲ့ ဘေးဘီဝဲယာကိုကြည့်တော့ တခြားစားပွဲဝိုင်းတွေက သူတို့ကိုပြုံးစိစိနဲ့ ကြည့်နေကြပြီလေ...။ တော်ပါပြီ... အနမ်းခံရလို့ပျော်ပေမယ့်လည်း လူတွေအများကြီးနဲ့မို့ ရှက်ဖို့ကောင်းတယ်...။

"ပြီးရော.. မငိုတော့ဘူး... ထယ်ထယ့်ကိုထမင်းခွံ့ကျွေး"

ဆူအောင့်အောင့်လေးနဲ့ပြောတဲ့ထယ်ယောင်းကြောင့် ယွန်းဂီသဘောကျစွာ ရယ်မောလိုက်မိတယ်...။ သူပြောသလိုပင် သူ့ရဲ့ထမင်းပန်းကန်လေးကိုယူပြီး ခွံ့ကျွေးလိုက်တော့လည်း မျက်နှာလေးက ပြန်ကြည်လင်လာပြန်တယ်...။ ကြည့်ပါလား... ဘယ်လောက်ချစ်စရာကောင်းတဲ့ ကျွန်တော့်ထယ်ထယ်လေးလဲ...။

"ဒီမှာနောက်တစ်လုတ်... အာာ.."

စားခဲ့ဖူးသမျှထမင်းတွေထဲမှာ ချစ်သူခွံ့ကျွေးတဲ့ထမင်းက အရသာအရှိဆုံးဆိုတာ ခင်ဗျားတို့သိကြရဲ့လား...။ အက်ဖ်အေတွေကတော့ ဘယ်သိကြမလဲနော်...။ ပြောလို့ရတာမဟုတ်ဘူးလေ... အာအက်စ်ရှိတယ်ဆိုရင်တောင်မှ ထယ်ထယ်လေးလိုချစ်စရာကောင်းမှ ချစ်သူရဲ့ဂရုစိုက်ပေးတာကို ခံရမှာလေ...။

ဘာလဲ... ကျွန်တော်စိတ်ကောက်ပြေပြီလေ...။ ကြောင်ပေါက်လေးလာနမ်းကတည်းက ပြေသွားတာ...။ သူကကျွန်တော့်ကိုချစ်လို့ ဖင်ကိုရိုက်တာလေ...။ ကျွန်တော်က လက်ခံရမှာပေါ့...။

ဂျီမင်းနီလား...?? နားစမ်းပါဗျာ...။ အခုကျွန်တော်ကသူ့ကိုစိတ်ကူးထဲတောင် မထည့်တော့ဘူး...။ ကျွန်တော့်ဖင်ကိုလာရိုက်တဲ့ ကြောင်ပေါက်လေးကိုတော့ အခွင့်သင့်ရင်ပြန်ရိုက်ဖို့စဉ်းစားနေတယ်... ဟွင်းဟွင်း...။

အကြံမပိုင်ဘူးလား...?? တစ်ချက်ခုတ်နှစ်ချက်ပြတ်... သူချစ်လို့ကျီစားတာလည်း ခံရတယ်...  သူ့ကိုလည်း ပြန်အသားယူလို့ရတယ်... ကင်မ်ထယ်ယောင်းပါ... မပိုင်ရင်ဖင်မရိုက်ဘူး...

ဟော... ဘာကြည့်နေတာလဲ ပြီးပြီလေ...။ ကျွန်တော့်ကိုအားကျနေတယ်ဆိုတာတော့ ဝန်ခံလိုက်။

To Be Continued.....

Continue Reading

You'll Also Like

145K 18.3K 36
မင်းဟာ ဘယ်​​လောက်​ပဲ Side effect ​တွေများ​နေပါ​စေ ကိုယ့််အတွက်​က​တော့နာကျင်​မှု​တွေကို​ဖြေ​ဖျောက်​​ပေးမဲ့ကိုယ်​အကြိုက်​ဆုံး​ဆေးဝါးတလက်​ Start Date -2...
1.7M 208K 165
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
803K 32.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....