My Naughty Kitten (Completed)

By TaeYoonKook_Cloud

25.4K 2.7K 30

Kim Taehyung x Min Yoongi Written By : JaejoongHtike More

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15 (Final)

Part - 8

1.2K 158 0
By TaeYoonKook_Cloud

(Zawgyi)

ျပႆနာေလးေတြျဖစ္လိုက္ ေျပလည္သြားလိုက္... ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္နဲ႔ပဲ သူတို္႔၄ေယာက္ ဒီတစ္ပါတ္ပိတ္ရက္မွာ double date လုပ္ဖို႔ကို ခက္ခက္ခဲခဲအစီအစဥ္ခ်ျဖစ္ေတာ့တယ္...။

သူငယ္ခ်င္းေတြျဖစ္ေနလို႔ ျငင္းဆန္လို႔မေကာင္းတာေၾကာင့္ အတူလိုက္ဖို႔သေဘာတူခဲ့ေပမယ့္ ဟိုေဆာ့နဲ႔ဂ်ီမင္းကေတာ့ မ်က္ခံုးခပ္လႈပ္လႈပ္ပါ...။ ဟိုအတြဲအေၾကာင္းကို သိေနလို႔ကိုခက္ေနတာ...။ ခုခ်ိန္ၾကည္ႏူးေနၿပီး ခဏေနရန္ထျဖစ္ခ်င္လည္း ျဖစ္တတ္တာ...။ ယြန္းဂီကိုမလြန္ဆန္ရဲေပလို႔သာပဲ ထယ္ေယာင္းရဲ႕ေမႊပံုေမႊနည္းေတြက ေဘးကျမင္ေနရသူေတြအဖို႔ အသည္းတယားယားနဲ႔ပင္...။

ထိုအေမႊဇယားေတြကို တတ္ႏိုင္သေလာက္ လိုက္ဖံုးဖိေပးရသူက အေမာင္ပက္ခ္ဂ်ီမင္းပဲေပါ့...။ ေျပာပါတယ္ သူကေမ်ာက္ေဖေဖႀကီးပါဆို...။ မေတာ္လို႔သူေမႊထားတာေပၚသြားရင္ ေၾကာင္ဆိုးကစိတ္ဆိုးမယ္... ေၾကာင္ေဖေဖႀကီးဟိုေဆာ့ကလည္း အစတည္းကထယ္ေယာင္းကို အျမင္မၾကည္သူမို႔ အပ်က္ပ်က္နဲ႔ႏွာေခါင္းေသြးမထြက္ဖို႔အေရး ဒီကခ်စ္စရာဂ်ီမင္းေလးကပဲ လိုက္လံဖာေထးေနရတာေပါ့...။

တေန႔တေန႔လည္း စိတ္ေမာလြန္းလို႔ သက္ျပင္းေတြဘယ္ႏွခါမွန္းမသိကို ခ်ေနရေတာ့တာပဲ...။ ၾကာရင္ ဂ်ီမင္းေလးအသက္တိုမယ္...။ ဘုန္းႀကီးအမႈရြာပတ္တယ္ဆိုတာ ဒါမ်ဳိးထင္ပါ့...။ သူ႕ဘာသာရည္းစားထားတဲ့အေရး ကိုယ္ပါတိုင္ပတ္ေနတယ္...။ တစ္ခုရိွတာက သူတို႔၂ေယာက္က ရန္ျဖစ္လည္းခဏပဲ ျပန္တည့္သြားၾကတတ္တယ္...။ ထိုမတည့္တုန္းခဏကေတာ့ ကိုယ့္ေခါင္းက်ိန္းရတာေပါ့...။

ဒီလိုနဲ႔ေက်ာင္းပိတ္ရက္ကိုေရာက္လို႔လာခဲ့ၿပီ...။ ၄ေယာက္သား ေခါင္းခ်င္းဆိုင္ေဆြးေႏြးျခင္းရဲ႕ ေနာက္ဆံုးရလဒ္က ပင္လယ္ကမ္းေျခတဲ့ေလ...။ ၂ညအိပ္၃ရက္ခရီးစဥ္မို႔ စိတ္လြတ္ကိုယ္လြတ္ေတာ့ ေပ်ာ္ခ်င္မိတယ္...။ ဟိုေၾကာင္ေမ်ာက္လင္လင္၂ေကာင္ ရန္မျဖစ္ပါေစနဲ႔သာ ဆုေတာင္းရမွာပဲ...။

မသြားခင္တုန္းကသာ စိတ္ေတြပူေနခဲ့တာ တကယ္တမ္းခရီးထြက္တဲ့ေန႔က်ေတာ့ အရာအားလံုးက အဆင္ေျပေျပရိွေနသားပဲ...။ ကားဂိတ္ကိုေတာ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လာၾကတဲ့အတြက္ သပ္သပ္စီျဖစ္ေနေပမယ့္ ထူးထူးျခားျခားဝီရိယပိုေနတဲ့ ေၾကာင္သားအဖကေတာ့ ေစာေရာက္ေနခဲ့တယ္...။ ေနာက္ဆံုးမွအူယားဖားရားေရာက္လာသူက ေမ်ာက္သားေလးထယ္ေယာင္းပင္...။

အိပ္ယာထေနာက္က်လို႔ဆို္ၿပီး ေခါင္းေတာင္မၿဖီးႏိုင္လို႔ သူ႕ခ်စ္ခ်စ္ေၾကာင္ေပါက္က ကားဂိတ္မွာတင္ ေခါင္းၿဖီးေပးေနတယ္...။ သူတို္႔သာယာေနသလို ဂ်ီမင္းကလည္း ဟိုေဆာ့နဲ႔အတူတူ မုန္႔ေတြအျပန္အလွန္ခြံ႕ေကြၽးရင္း အဆင္ကိုေျပလို႔...။ ကားေပၚတက္ေတာ့လည္း ၂ေယာက္တြဲခံုေတြနဲ႔မို႔ ကိုယ့္အတြဲနဲ႔ကိုယ္ထိုင္႐ံုသာ...။

"ငါခဏအိပ္မယ္ေနာ္ထယ္ထယ္... ရတယ္မလား"

"အိပ္ေလ.. ေၾကာင္ေပါက္ေလး အေစာႀကီးထထားတာမလား"

သူ႕ေခါင္းေလးကိုပြတ္ၿပီးေျပာလိုက္ေတာ့ ေၾကာင္ေပါက္ေလးက စူပုတ္ပုတ္ေလးနဲ႔ေမာ့ၾကည့္ေပမယ့္ စိတ္ဆိုးဟန္ေတာ့မတူ...။ သူ႕ရဲ႕အေကာင္းဆံုးေခါင္းအံုးျဖစ္တဲ့ ထယ္ေယာင္းရဲ႕ရင္ခြင္ထဲသို႔ တိုးဝင္လိုက္ေတာ့ ထယ္ေယာင္းဆီကေန ရယ္သံသဲ့သဲ့ထြက္လာတယ္...။ ေၾကာင္ေပါက္ေလးက တခါတေလက်ေတာ့ ခုလိုေလး အူယားစရာေကာင္းေအာင္ ခြၽဲတတ္ေနျပန္ေရာ...။

အေရွ႕ခံုမွာထိုင္ေနၾကတဲ့အတြဲကေတာ့ သူတို႔ကိုတခ်က္လွမ္းၾကည့္လာေသးတယ္...။ ၂ေယာက္သားသင့္ျမတ္ေနတဲ့ အေျခအေနေၾကာင့္ ဂ်ီမင္းကေတာ့ၿပံဳးစိစိနဲ႔ပင္ ေရွ႕သို႔ျပန္လွည့္သြားတယ္...။ အားက်သြားပါၿပီ... သူလည္း. ဟိုေဆာ့ကိုခြၽဲပါေတာ့မယ္...။

"ဟိုေဆာ့ကီ~~~!!!"

ပံုမွန္ေလသံမဟုတ္ပဲခြၽဲႏြဲ႕လြန္းေနတဲ့ဂ်ီမင္းေၾကာင့္ ဟိုေဆာ့အူေၾကာင္ေၾကာင္ျဖစ္သြားေသးတယ္...။ ၿပီးေတာ့မွ ေနာက္ခံုကအတြဲကို သတိရသြားတာေၾကာင့္ သူ႕မိုခ်ီေလးအားက်ေနၿပီဆိုတာကို အမွတ္ရသြားတယ္...။

"ကိုယ့္မိုခ်ီေလးကေရာ အိပ္ခ်င္လို႔လား... လာေလ ကိုယ့္ဆီကို"

အလိုက္သိလြန္းတဲ့ခ်စ္သူေၾကာင့္ ဂ်ီမင္းသေဘာက်ကာ တခိြခိြရယ္ရင္း ဟိုေဆာ့ရဲ႕ရင္ခြင္ထဲတိုးဝင္လိုက္တယ္...။ ရာသီဥတုေလးက သာယာလိုက္တာ...။ ဒီအတိုင္းေလးပဲရိွေနၿပီး မုန္တိုင္းအဖ်ားမခတ္ဖို႔ ေမွ်ာ္လင့္ရတာပါပဲ...။ အထူးသျဖင့္ သဝန္တို္လြန္းေသာေၾကာင္ဆိုးနဲ႔ ရြစိထိုးထယ္ေယာင္းတို႔အတြက္ ရန္မျဖစ္ၾကပါေစနဲ႔...။

"ေရး... ေရာက္ၿပီကြ... လွလိုက္တဲ့ပင္လယ္ႀကီး"

အခုက်ေတာ့အထုတ္ေတြမသယ္ပဲ ကားေပၚကေနေျပးဆင္းသြားၾကတာက ဂ်ီမင္းနဲ႔သူ႕အခ်စ္ေတာ္ေၾကာင္ဆိုးနဲ႔ပါ...။ ဘယ္တုန္းကေနဘယ္လိုမ်ား တည့္သြားၾကတယ္မသိ... ေၾကာင္ဆိုးေလးက သူ႕လက္စြဲေတာ္ကင္မရာနဲ႔ အနီးအနားပတ္ဝန္းက်င္ကိုလိုက္႐ိုက္ရင္း ဂ်ီမင္းကိုပါ႐ိုက္ေပးေနျပန္တယ္...။ ေၾကာင္ဆိုးဆိုသည္မွာ သူဆရာလုပ္ရရင္ေက်နပ္ေနတဲ့အမ်ဳိးေလ...။

"ဂ်ီမင္း... မင္းအဲ့ဒီအုန္းပင္မွာမီွေနလိုက္... အရမ္းမိုက္တာ... ေနာက္ခံပင္လယ္ျပာႀကီးနဲ႔"

"ဒီလိုမ်ဳိးလား အစ္ကိုယြန္းဂီ"

ထယ္ေယာင္းလည္း သူတို႔၂ေယာက္ကိုၾကည့္ရင္း ဟက္ခနဲရယ္လိုက္တယ္....။ ကြယ္ရာမွာဆို ေၾကာင္ေပါက္မေကာင္းေၾကာင္းေျပာတဲ့ ဂ်ီမင္းေလးဟာ အခုက်ေတာ့ ေၾကာင္ေပါက္ေလးနဲ႔ သင့္ျမတ္ေနျပန္တယ္ေလ...။ သူက်ေတာ့ေရာ...???

"ထယ္ေယာင္း... မင္းအဲ့အိတ္ေလးေတာ့ သယ္လာခဲ့လိုက္ေနာ္... ငါဒါေတြအကုန္သယ္သြားမယ္"

"ဟာ... အစ္ကိုဟိုေဆာ့ကလည္း တစ္ေယာက္တည္းနဲ႔ အမ်ားႀကီးမသယ္ပါနဲ႔... ကြၽန္ေတာ့္ကို္ေပးပါ"

အေပးအယူမွ်မွ်တတနဲ႔ ညီတူမွ်တူအထုတ္သယ္ရင္း ျပန္သင့္ျမတ္သြားၾကတဲ့ ဟိုေဆာ့နဲ႔ထယ္ေယာင္း...။ ငွားထားတဲ့ဟိုတယ္ဘက္ကို သူတို႔၂ေယာက္ check in ဝင္ဖို႔သြားၾကသည့္တိုင္ ကမ္းေျခက၂ေယာက္ကေတာ့ ဓာတ္ပံု႐ိုက္လို႔ေကာင္းေနဆဲ...။

"waa.. ၾကည့္ပါဦး.. အစ္ကိုယြန္းဂီက အရမ္းမိုက္တာပဲ... အဲလိုေလးရယ္ေနေတာ့ ကြၽန္ေတာ့္ထက္ေတာင္ အသက္ငယ္တယ္ထင္ရတယ္"

"ဟုတ္တယ္ေနာ္.. ငါကႏုတယ္မလား"

"ဒါေပါ့ ဒါေပါ့... အဲဒါေၾကာင့္ထယ္ေယာင္းက အစ္ကိုယြန္းဂီကိုမွ တမ္းတမ္းစြဲေနတာ"

ဂ်ီမင္းတစ္ေယာက္ တမင္ေျမႇာက္ေပးေနတာလား... တကယ္အတည္ေျပာတာလားေတာ့မသိ... ေသခ်ာတာကေတာ့ ယြန္းဂီအူျမဴးေနတာပါပဲ...။ ဟိုေဆာ့ရည္းစားရကာစက မဆီမဆိုင္အျမင္ကတ္ဖူးတဲ့ ဒီပုပုေသးေသးေကာင္ေလးကို ခုမွတအားေတြခ်စ္ေနေလျပီ...။

"Aigoo ဂ်ီမင္းနီေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ"

ပါးေဖာင္းေဖာင္းေလးကို ခ်စ္စႏိုးနဲ႔ဆြဲလိုက္တာေပမယ့္ နဂိုတည္းကလက္သံေျပာင္သူမို႔ ဂ်ီမင္းရဲ႕ပါးတစ္ဖက္က နီရဲလို႔သြားခဲ့တယ္...။ ထိုအခါဂ်ီမင္းငိုမဲ့မဲ့ျဖစ္လာေတာ့ မသိသလိုလုပ္ကာ ေရွ႕ကေနထြက္သြားျပန္တယ္...။ ဂ်ီမင္းကေတာ့ သူ႕ပါးေလးကိုပြတ္ရင္း ခုနကအျမင္ၾကည္ေနတဲ့စိတ္ေလးေပ်ာက္ကာ ေၾကာင္ေပါက္ကိုေနာက္ကေန ေမတၱာပို႔ေနေလရဲ႕...။

"အစ္ကိုဟိုေဆာ့ကလည္း အဲလိုႀကီးကေတာ့ဘယ္ျဖစ္မလဲ... ကြၽန္ေတာ္ကေၾကာင္ေပါက္နဲ႔တစ္ခန္းေနမွာေလ"

"မရဘူးေဟ့ေကာင္... မင္းတို္႔ကအခုမွ ခ်စ္သူရည္းစားအဆင့္ရိွေသးတာ... ငါလည္းမိုခ်ီနဲ႔အတူတူ တစ္ခန္းမေနဘူး... မင္းနဲ႔မိုခ်ီတစ္ခန္းေန... ငါနဲ႔ေၾကာင္ေပါက္တစ္ခန္းေနမယ္"

ကမာၻ႕ရန္တို္႔မည္သည္ ၾကာၾကာမတည့္ဘူးဆိုတဲ့စကား သိပ္မ်ားမွန္ေနေလသလား...။ ခုနကကမ္းေျခမွာ အတူဓာတ္ဖမ္းေနၾကတဲ့ ၂ေယာက္ကလည္း ဖာသိဖာသာခပ္ခြာခြာနဲ႔ ေလွ်ာက္လာၾကသလို အတူအထုတ္ဆြဲကာ check in သြားဝင္တဲ့၂ေယာက္သည္လည္း အခန္းေဝခြဲေရးျပႆနာတက္ေနေလၿပီ...။

"ဘာျဖစ္ေနၾကတာလဲ မင္းတို႔၂ေယာက္က"

ယြန္းဂီအနားေရာက္လာေတာ့မွ အေျခအတင္ျဖစ္ေနၾကတဲ့၂ေယာက္ ၿငိမ္က်သြားေလတယ္...။ ဂ်ီမင္းကေတာ့ ဘာမွမသိနားမလည္သလို မလွမ္းမကမ္းကေန ပါးေလးပြတ္ရင္းရပ္ၾကည့္ေနတယ္....။

"ဒီလိုေၾကာင္ေပါက္ေလးရဲ႕... ထယ္ထယ္ကေလ ေၾကာင္ေပါက္ေလးနဲ႔ အတူတစ္ခန္းေနခ်င္တာကို... အစ္ကိုဟိုေဆာ့က သူနဲ႔ပဲေနမွာတဲ့"

ထယ္ေယာင္းက သူ႕ရဲ႕အားသာခ်က္ျဖစ္တဲ့ Aegyo ေတြသံုးကာ ေၾကာင္ေပါက္ကို္အရည္ေဖ်ာ္ေနတယ္...။ ေၾကာင္ေပါက္ဘက္က ဘယ္လိုေနသည္မသိ ဟိုေဆာ့ကေတာ့ ပိုတတ္ရန္ေကာဆိုတဲ့အၾကည့္နဲ႔ မ်က္ႏွာကလဲခပ္မဲ့မဲ့ပင္...။

"အင္းေလ.. အဲဒါပိုေကာင္းတာကို... ငါနဲ႔ေဆာ့ေဆာ့က အရင္ထဲကတစ္အိပ္ယာတည္းအိပ္ေနက်... အဲဒါေၾကာင့္ပိုအဆင္ေျပတယ္... ထယ္ထယ္ကဂ်ီမင္းနီနဲ႔ အတူေနလိုက္ေလ.. သူငယ္ခ်င္းေတြမလား"

ဟိုေဆာ့ရဲ႕ပခံုးကိုမမီွမကမ္းလွမ္းဖက္ရင္း အဆံုးအျဖတ္ေပးလိုက္တဲ့ ေၾကာင္ေပါက္ေၾကာင့္ ထယ္ေယာင္းမ်က္ႏွာ႐ံႈ႕မဲ့သြားသေလာက္ ဟိုေဆာ့ကေတာ့ ေအာင္ႏိုင္သူအၿပံဳးေတြနဲ႔ ေၾကာင္ေပါက္ရဲ႕ပခံုးကို္ ျပန္ဖက္ပစ္လိုက္တယ္...။

ထယ္ထယ္ေလး တအားစိတ္ဆိုးသြားပါျပီ...။ သူငယ္ခ်င္း၂ေယာက္ေပါင္းၿပီး ထယ္ထယ္ေလးကိုအႏိုင္က်င့္ၾကပါတယ္...။ ကိုယ့္ဘက္ကပါဖို႔ ဂ်ီမင္းဆီကိုစစ္ကူေတာင္းတဲ့အေနနဲ႔ လွမ္းၾကည့္လိုက္ေပမယ့္ ဂ်ီမင္းကေတာ့သူနဲ႔မဆိုင္သလိုပင္...။ တခါမွဟိုတယ္ႀကီးႀကီးေတြ မေရာက္ခဲ့ဖူးသလိုမ်ဳိး ပတ္ဝန္းက်င္ကိုတေမ့တေမာ ေငးေမာေနလိုက္တာမ်ား ေတာသားၿမိဳ႕တက္လာတဲ့အတိုင္းပဲ...။

"ၿပီးေရာဗ်ာ... ခ်ဳပ္ခ်ယ္မယ့္သူမရိွေတာ့ ကြၽန္ေတာ္တို႔၂ေယာက္ စိတ္ႀကိဳက္ေသာင္းက်န္းလို႔ရတာေပါ့"

တမင္အေငၚတူးၿပီးေျပာလိုက္တဲ့ ထယ္ေယာင္းရဲ႕စကားက မွားသြားခဲ့ေလေသာအခါ....

"ဘာ ေျပာ တယ္... ခ်ဳပ္ခ်ယ္တယ္ဟုတ္လား... ငါကမင္းကိုဘာခ်ဳပ္ခ်ယ္ေနလို႔လဲ... မင္းဘာသာစပ္စလူးထေနလို႔ လိုက္ထိန္းရတာပဲရွိတာ"

ထယ္ေယာင္းစိတ္ထဲ အႀကိ္မ္ႀကိမ္ဘုရားတမိတယ္...။ ေၾကာင္ေပါက္အေၾကာင္းသိရဲ႕သားနဲ႔ စကားမွားျပန္ၿပီေလ...။

"ထယ္ထယ္ေျပာတာ အဲလိုမဟုတ္..."

"တိတ္စမ္း... ဘာမွလာေျပာမေနနဲ႔... အခုခ်ိန္ကစၿပီး မင္းလည္းေနခ်င္သလိုသာေန... ငါဘာမွမေျပာေတာ့ဘူး... လာ ေဆာ့ေဆာ့.. အခန္းထဲသြားနားမယ္"

"ဟာ.. ယြန္းဂီ"

ဟိုေဆာ့လက္ကိုဆြဲကာ ေရွ႕ကေနသြားႏွင့္ၿပီျဖစ္တဲ့ယြန္းဂီကို ထယ္ေယာင္းဘယ္လိုမွတားမရေတာ့ေပ...။ စိတ္ပ်က္လက္ပ်က္နဲ႔ ကြၽတ္တခ်က္သပ္လိုက္စဥ္ သူ႕ေခါင္းကိုေနာက္ကေန တစ္ေယာက္ေယာက္က လွမ္း႐ိုက္တယ္...။ သူလွည့္ၾကည့္လိုက္ေတာ့ ခပ္ရဲရဲပါးတစ္ဖက္ပိုင္ရွင္ဂ်ီမင္း...။

"မင္းတို႔၂ေယာက္ ရန္မျဖစ္ပဲေနလို႔မရဘူးလား... မင္းကလည္း အေျပာမတတ္... ဟို္တစ္ေယာက္ကလည္း စိတ္ကလက္တဆစ္နဲ႔... ခရီးထြက္လာတုန္းေလးေတာ့ ေပ်ာ္ပါရေစလားကြာ"

"ငါဘာမွားလို႔လဲဂ်ီမင္းရဲ႕... သူနဲ႔တစ္ခန္းတည္းေနခ်င္႐ံုေလ... မေနရေတာ့လဲ ငါ့ဘာသာ ႀကံဖန္ေျဖသိမ့္လိုက္တာကို"

ဂ်ီမင္းကေတာ့ ေခါင္းတခါခါနဲ႔ပင္...။

"ေနာက္ဆိုသတိထား... စကားတစ္ခြန္းေျပာေတာ့မယ္ဆို ေျပာသင့္မေျပာသင့္အရင္စဥ္းစား... မင္းရဲ႕ေၾကာင္ေပါက္က တျခားသူနဲ႔တူတာမဟုတ္ဘူး"

"ေအးပါ... ငါကလည္းအရင္လိုပဲ ခပ္ေပါ့ေပါ့ေျပာလိုက္မိတာ"

"ထားလိုက္ေတာ့... ၿပီးရင္သူ႕ဘာသာစိတ္ေျပသြားမွာေပါ့.. ေလာေလာဆယ္ ငါတို႔တည္းရမယ့္အခန္းကို သြားၾကရေအာင္"

ထယ္ေယာင္းလည္း ခ်ထားတဲ့အထုတ္ေလးေတြကို ျပန္ေကာက္ကာ သူတို႔ေနရမယ့္အခန္းဆီသို႔သာ ထြက္လာလိုက္ေတာ့တယ္...။ အခန္း၂ခန္းက မ်က္ႏွာခ်င္းဆိုင္ေပမယ့္လည္း ကိုယ့္ခ်စ္သူနဲ႔တစ္ခန္းေနခ်င္တာ မွားသလားေျပာ...။ အလကားေၾကာင္ေဖေဖႀကီး... သူ႕သားေလးကိုအူတိုေနတာ...။ သူ႕သားေလးကလည္း အေဖကိုသိပ္ကပ္...။

"ဂ်ီမင္း... မင္းကေရာ အစ္ကိုဟိုေဆာ့နဲ႔ တစ္ခန္းတည္းမေနရတာကို ဘာမွမျဖစ္ဘူးလား"

စိတ္ထဲမတင္မက်နဲ႔မို႔ ပစၥည္းေတြေနရာခ်ေနတဲ့ဂ်ီမင္းကို ထယ္ေယာင္းလွမ္းေမးလိုက္တယ္...။ ဂ်ီမင္းတစ္ေယာက္ဟာ ဘယ္လိုေတာင္ခႏၶီပါရမီနဲ႔ ျပည့္စံုေနသည္မသိ...။ ဘယ္ေတာ့မွလည္း ႀကီးႀကီးမားမား ပူပင္ေသာကေရာက္တာမ်ဳိး ရိွေနဟန္မတူ...။

"ဘာကိုျဖစ္ရမွာလဲ... အမွန္ဆိုခုလိုကမွပိုေကာင္းတာ... ငါလည္းဟို္ေဆာ့ကီနဲ႔ တခန္းတည္းအတူေနရင္ ရွက္ကိုးရွက္ကန္းျဖစ္မယ္... သူ႕အျမင္မွာၾကည့္ေကာင္းေအာင္ ထိန္းထိန္းသိမ္းသိမ္းေနရမယ္... ေနာက္ဆံုးအဆင့္ ကိုယ္အိပ္ေပ်ာ္ေနလို႔ ႐ုပ္ဆိုးပန္းဆိုးျဖစ္ေနတာတို႔ သြားေရေတြက်ေနတာတို႔ဆို ရွက္စရာႀကီးေလ"

သူေျပာေတာ့မွပဲ ထယ္ေယာင္းစဥ္းစားမိေတာ့တယ္...။ အဲဒါလဲဟုတ္သားပဲ.. သူငယ္ခ်င္းနဲ႔ဆိုရင္ ဘယ္လိုေနေနျပႆနာမရိွ... ခ်စ္သူနဲ႔က်ေတာ့ ဆင္ဆင္ျခင္ျခင္ေနရေတာ့မယ္...။ ၿပီးေတာ့အအိပ္ဆိုးတဲ့ထယ္ေယာင္းနဲ႔ဆို ေၾကာင္ေပါက္တစ္ေယာက္ တခါတည္းလက္လန္သြားမွာ...။

"ဟုတ္သားပဲ... ငါဘာလို႔မေတြးမိပါလိမ့္ေနာ္"

"မင္းကေတာ့ႏွာဘူးထဖို႔ပဲေတြးေနမွာေပါ့... ညေရာက္ရင္ ေၾကာင္ဆိုးကိုဘယ္လိုမ်ဳိး အသားယူလိုက္ရမလဲဆိုၿပီး"

ဂ်ီမင္းေျပာတာလည္းမွန္ေနတာေၾကာင့္ ထယ္ေယာင္းရွက္ကိုးရွက္ကန္းနဲ႔ လည္ပင္းကိုပြတ္ရင္း ရယ္ေမာလိုက္မိတယ္...။ ေလာေလာဆယ္ေတာ့ ေၾကာင္ေပါက္စိတ္ေကာက္ေနေလာက္သည္မို႔ ခဏေလာက္လႊတ္ထားဦးမွပါ...။

ေရခ်ဳိး ခဏေလာက္နားၿပီး ညေနေစာင္းေလာက္က်မွ သူတို႔၄ေယာက္လံုး အျပင္ထြက္ျဖစ္ၾကတယ္...။ ဒါကလည္း ဂ်ီမင္းနဲ႔ဟိုေဆာ့ ဖုန္းေျပာခ်ိန္းဆိုမႈေၾကာင့္သာ...။ ေၾကာင္ေပါက္နဲ႔ထယ္ေယာင္းကေတာ့ ခုထိမေခၚၾကေသး...။ ထယ္ေယာင္းဘက္က ေခၚခ်င္ေပမယ့္လည္း. ေၾကာင္ေပါက္ရဲ႕အရိပ္အေျခကို အရင္ၾကည့္ရေသးတယ္...။

ခရီ္းပန္းလာတာမို႔ ဒီေန႔ေရဆင္းမကူးဘူးဆိုတဲ့ ဟိုေဆာ့ရဲ႕အႀကံျပဳခ်က္ကုိ သူတို႔အားလံုးလက္ခံခဲ့ၾကတာေၾကာင့္ အနားတဝိုက္ေလွ်ာက္လည္႐ံုသာ...။ ေၾကာင္ေပါက္ေလးက ကမ္းေျခစတိုင္ေလးနဲ႔ သိပ္ကိုၾကည့္ေကာင္းေနတယ္...။ မ်က္ႏွာေလးက စူပုတ္ပုတ္ျဖစ္ေနေပမယ့္လည္း ခ်စ္ဖို႔ေကာင္းတာေလးက ေပ်ာက္မသြားခဲ့...။

"ေဆာ့ေဆာ့ငါ့ကို္ဓာတ္ပံု႐ိုက္ေပး"

သူ႕လက္ထဲကကင္မရာကို ဟိုေဆာ့ဆီလွမ္းေပးကာ ပူဆာေပမယ့္လဲ ဟိုေဆာ့ကမၾကားခ်င္ေယာင္ေဆာင္ကာ ဂ်ီမင္းရဲ႕ပခံုးကိုဖက္ရင္း ေရွ႕ကေနဆက္ေလွ်ာက္ေနတယ္...။ ေၾကာင္ေပါက္ေလးမ်က္ႏွာက ပိုၿပီးစူပုတ္ပုတ္ျဖစ္လာတယ္...။ ဒါကဂြင္ပဲေလ... ထယ္ေယာင္းခ်က္ခ်င္းပင္ ေၾကာင္ေပါက္ေလးေဘးသို္႔ လွစ္ခနဲေျပးကပ္သြားလိုက္တယ္....။

"ထယ္ထယ္႐ိုက္ေပးမယ္ေလ... ဘယ္နားမွာ႐ိုက္မလဲ"

"သူနဲ႔လည္း မေခၚပဲနဲ႔"

လွည့္ထြက္သြားမလိုလုပ္ေနတဲ့ ေၾကာင္ေပါက္ေလးရဲ႕လက္ကို ထယ္ေယာင္းအမိအရဖမ္းဆြဲထားလိုက္တယ္...။ မ႐ုန္းတာကိုၾကည့္ျခင္းအားျဖင့္ စိတ္ဆိုးေတာ့ေျပေနေလာက္ေလၿပီ...။

"ေခၚပါ... ထယ္ထယ္တို႔ပထမဆံုးအႀကိမ္ အတူတူခရီးထြက္လာတာေလ... ရန္မျဖစ္ပဲေနၾကရေအာင္ေနာ္... ထယ္ထယ္က အေျပာမတတ္ေပမယ့္ ေၾကာင္ေပါက္ေလးကိုေတာ့ အရမ္းခ်စ္တာသိတယ္မလား"

ယြန္းဂီဘာမွျပန္မေျဖပဲ ေျခေထာက္တစ္ဖက္ကို ေျမျပင္မွာရွပ္တိုက္ရင္း ေဆာ့ကစားေနတယ္...။ ငံု႔ထားေသာမ်က္ႏွာကို ထယ္ေယာင္းအမိအရလိုက္ၾကည့္ေတာ့ ၿပံဳးစိစိျဖစ္လို႔ေနေလၿပီ...။ ဒီေလာက္ဆို အေျခအေနေကာင္းတယ္...။

"ဟိုေနရာေလး႐ႈခင္းေကာင္းတယ္...  ထယ္ထယ္ဓာတ္ပံု႐ိုက္ေပးရမလား"

သူၫႊန္ျပတဲ့ေနရာကိုလွမ္းၾကည့္ၿပီး မဆိုင္းမတြေခါင္းညိ္တ္ျပတဲ့ ေၾကာင္ေပါက္ေလးေၾကာင့္ ထယ္ေယာင္းေက်နပ္သြားေလၿပီ....။ ေျပာသားပဲ စိတ္ဆိုးလဲခဏပါပဲလို႔...။ ညေနခင္းရဲ႕မင္းသားေလးျဖစ္တဲ့ ခ်စ္တဲ့ေၾကာင္ေပါက္ေလးအတြက္ ထယ္ေယာင္းကေတာ့ မေမာမပန္းႏိုင္စြာ ဓာတ္ပံုေတြ႐ိုက္ေပးေနသလို ဟိုေဆာ့နဲ႔ဂ်ီမင္းအတြဲကလဲ သူတို္႔ဘာသာ ေပ်ာ္စရာေတြဖန္တီးေနၾကေလရဲ႕...။

"ဟို၂ေယာက္တည့္သြားျပန္ၿပီ ၾကည့္ဦး"

ဟိုေဆာ့လွမ္းေျပာတာေၾကာင့္ ဂ်ီမင္းၾကည့္လိုက္ၿပီးမွ ဟက္ခနဲရယ္လိုက္တယ္...။ ေတာ္ေသးတာေပါ့ မုန္တိုင္းအဖ်ားခတ္တဲ့ထဲ သူတို႔မပါေတာ့လို႔...။ ရန္လည္းခဏခဏျဖစ္သေလာက္ အခ်စ္လည္းႀကီးၾကတဲ့ သူတို႔အတြဲေလးက ခ်စ္စရာေတာ့ေကာင္းေနတာအမွန္...။ ခုလည္း တစ္ေယာက္လက္ကိုတစ္ေယာက္ဆြဲကာ ေလွ်ာက္သြားေနၾကတာမ်ား မိုးမျမင္ေလမျမင္...။

ေလွ်ာက္လည္လို႔အားရေတာ့မွ ညစာအတူသြားစားျဖစ္ၾကတယ္...။ ေရာက္တုန္းေရာက္ခိုက္မို႔ လတ္လတ္ဆတ္ဆတ္ပင္လယ္စာေတြခ်ည္း သူတို႔မွာစားလိုက္တယ္...။ ေၾကာင္ေပါက္အတြက္ ထယ္ေယာင္းကေစတနာပိုကာ ဂဏန္းေတြအသားႏႊင္ေပးတယ္...။ ထိုအခါဟိုေဆာ့ကလည္း အားက်မခံပဲ သူ႕ခ်စ္ခ်စ္မိုခ်ီေလးအတြက္ ပုဇြန္ထုတ္ေတြအခြံခြာေပးေနျပန္တယ္...။

အၿပိဳင္အဆိုင္ ro ဖို႔ႀကိဳးစားေနတဲ့သူ၂ေယာက္ေၾကာင့္ ယြန္းဂီနဲ႔ဂ်ီမင္းခမ်ာ ရယ္ရခက္ငိုရခက္ျဖစ္ေနရတယ္...။ သူမ်ားကိုအႏိုင္ယူေနက် ယြန္းဂီအတြက္က ထိုဂ႐ုစိုက္ေပးမႈေတြက မထူးဆန္းေသာ္လဲ အေနေအးၿပီးမပူဆာတတ္သူ ဂ်ီမင္းအဖို႔ကေတာ့ ဟိုေဆာ့ရဲ႕ဂ႐ုစိုက္မႈေတြၾကားမွာ လူကေလေပၚေျမာက္ခ်င္ခ်င္ ျဖစ္လို႔ေနေလၿပီ....။

ထိုေျမာက္ႂကြေျမာက္ႂကြျဖစ္မႈႀကီးက ညအိပ္ခ်ိန္မွာေတာ့ ပ်က္စီးသြားရရွာတယ္...။ အေၾကာင္းမွာ အအိပ္ဆိုးေသာထယ္ေယာင္းေၾကာင့္ပင္...။ အရင္ကလည္း ကိုယ့္အိမ္မွာ ညလာအိပ္ဖူးေပမယ့္ တခန္းစီအိပ္သည္မို႔ သူဒီေလာက္အအိပ္ဆိုးမွန္းမသိခဲ့...။ အခုေတာ့ King Size bed ႀကီးေပၚမွာ အတူအိပ္ရသည္မို႔ ေထာင့္ေလးမွာကပ္အိပ္ေသာ္လည္း အကန္ခံရ အခြခံရတာေၾကာင့္ ဂ်ီမင္းခမ်ာတညလံုး ေကာင္းေကာင္းမအိပ္ရရွာ...။

ေနာက္ဆံုးေတာ့လည္း ကိုယ္နဲ႔တန္ရာတန္ရာျဖစ္တဲ့ ဆိုဖာေလးေပၚမွာပဲ ခပ္ေကြးေကြးေလးသြားအိပ္ရေတာ့တယ္...။ ကိုယ္ေတြလက္ေတြနာတာေတာ့ ေျပာမေနပါနဲ႔ေတာ့....။

"ဒီေန႔တညလည္း သူနဲ႔အတူထပ္အိပ္ရမွာ ငါဘယ္လိုလုပ္ရပါ့"

ေကာင္းေကာင္းမအိပ္ရတာေၾကာင့္ အေစာႀကီးႏိုးကာေရခ်ဳိးရင္း ဒီညအတြက္ပါႀကိဳတင္ေတြးရင္း ဂ်ီမင္းစိတ္ညစ္ေနရေလၿပီ...။ သေကာင့္သားကေတာ့ ခုထိအိပ္လို႔ေကာင္းေနဆဲ...။ ဂ်ီမင္းလဲသူ႕ကိုပစ္ထားခဲ့ကာ မ်က္ႏွာခ်င္းဆိုင္အခန္းက ဟိုေဆာ့ဆီသြားဖို႔သာ စိုင္းျပင္းလိုက္ေတာ့တယ္....။ ဖုန္းေခၚေနရင္က ေၾကာင္ဆိုးႏိုးသြားဦးမယ္...။ အေရးအေၾကာင္းသံုးလို႔ရေအာင္ ေသာ့ကဒ္တစ္ကဒ္စီ လဲထားတာေၾကာင့္ ဒီတိုင္းဖြင့္ဝင္သြား႐ံုပါ...။

ဟိုေဆာ့က မနက္ေစာေစာႏိုးတတ္သူမို႔ သူနဲ႔အတူတူမနက္စာသြားစားမယ္...။ ေၾကာင္စုတ္နဲ႔ထယ္ေယာင္းကေတာ့ အိပ္ပုတ္ႀကီးသူေတြပီပီ မနက္စာနဲ႔ေန႔လည္စာကို ေပါင္းစားပါေစ...။ အေတြးနဲ႔အတူ မ်က္ႏွာခ်င္းဆိုင္အခန္းကို ေသာ့ဖြင့္ကာဝင္လိုက္တဲ့ဂ်ီမင္း အခန္းထဲမွျမင္ကြင္းေၾကာင့္ ေသြးေဆာင့္တက္သြားတယ္...။

အိပ္ယာေပၚမွာ အားရပါးရဖက္အိပ္ေနၾကတဲ့ ေၾကာင္သားအဖ...။ ေျခေထာက္ေတြကပါ ခြထားၾကေသးတာ...။ ၂ေယာက္သားက သက္ေတာင့္သက္သာေလးနဲ႔ကို အိပ္ေပ်ာ္ေနၾကတာ... ကိုယ့္မွာေတာ့ေမ်ာက္ေကာင္ေၾကာင့္ တညလံုးေကာင္းေကာင္းမအိပ္ရ...။ မနာလိုတာလား သဝန္တိုတာလားမသိတဲ့ ခံစားခ်က္ႀကီး...။ ဂ်ယ္လီေတြနင္တာဆိုတာ ေျပာမေနနဲ႔ေတာ့...။ အျမင္ကတ္ကတ္နဲ႔ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး သူတို႔၂ေယာက္ေပၚသို႔ ဂ်ီမင္းေမွာက္ခံုႀကီး တက္အိပ္ပလိုက္တယ္...။

"အင္း... မိုခ်ီလား...??"

အိပ္မႈန္စုတ္ဖြားနဲ႔ဟိုေဆာ့က ေၾကာင္ေပါက္ကိုဖက္ထားတဲ့သူ႕လက္ကို္ ဂ်ီမင္းကိုယ္ေအာက္ကေနဆြဲထုတ္ကာ ဂ်ီမင္းကိုပါ တခါတည္းဆြဲဖက္တယ္...။ ေၾကာင္ေပါက္ကေတာ့ သူ႕ကိုယ္တျခမ္းေပၚ ဝက္ပိေနတာကိုလည္း သိတဲ့ပံုမေပၚ... တ႐ႉး႐ႉးနဲ႔အိပ္ေမာက်ေနဆဲ...။ အံမယ္အိပ္ေနေတာ့လည္း ခ်စ္စရာေလး...။

"ဟာ... ငါ့ကိုတစ္ေယာက္တည္းထားခဲ့ၿပီး မင္းက်ေတာ့ဒီမွာလာအိပ္ေနတယ္"

အခန္းဝကအသံေၾကာင့္ ဟိုေဆာ့က ေခါင္းေထာင္ၾကည့္တယ္...။ ေမွာက္ခံုႀကီးတက္အိပ္ေနတဲ့ဂ်ီမင္းကေတာ့ လွည့္ၾကည့္ဖို႔မအား...။ မေရွးမေႏွာင္းပင္ ေျဖာင္းခနဲအသံနဲ႔အတူ သူ႕တင္ပါးပူခနဲျဖစ္သြားၿပီး ထယ္ေယာင္းသည္လည္း အိပ္ယာေပၚတက္လာကာ ေၾကာင္ေပါက္ေနာက္မွာဝင္အိပ္ရင္း လွမ္းဖက္ထားတယ္...။

"ရား... ငါ့တင္ပါးကိုလာမ႐ိုက္နဲ႔လို႔ ဘယ္ႏွခါေျပာရမလဲ.. မင္းလည္းကိတ္တာပဲ.. ကိုယ့္တင္ပါးကိုယ္ျပန္႐ိုက္"

"႐ူးေနလို႔ကိုယ့္ဘာသာ႐ိုက္ရမွာလား"

"အာာ.. နားညီးလာၿပီ... ငါအိပ္ခ်င္ေသးတာကို"

အိပ္ခ်င္မူးတူးနဲ႔စိတ္ဆိုးၿပီး ထေအာ္တဲ့ေၾကာင္ေပါက္ရယ္ တခိြခိြရယ္ေနၾကတဲ့ ဂ်ီမင္းနဲ႔ထယ္ေယာင္းရယ္... ခ်စ္သူကိုေရာ သူငယ္ခ်င္းကိုေရာ ဖက္ထားခြထားတဲ့ဟိုေဆာ့ရယ္...။ ၂ေယာက္အိပ္ကုတင္က လူ၄ေယာက္နဲ႔ျပည့္ေနေပမယ့္ သိပ္ေပ်ာ္စရာေကာင္းတာေတာ့အမွန္ပင္....။

အမွတ္တရေန႔ေတြထဲက တစ္ေန႔အျဖစ္ ထိုရက္စြဲေလးကေတာ့ ထိပ္ဆံုးကပါသြားခဲ့ေလၿပီ...။

To Be Continued.....




(Unicode)

ပြဿနာလေးတွေဖြစ်လိုက် ပြေလည်သွားလိုက်... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ သူတို့်၄ယောက် ဒီတစ်ပါတ်ပိတ်ရက်မှာ double date လုပ်ဖို့ကို ခက်ခက်ခဲခဲအစီအစဉ်ချဖြစ်တော့တယ်...။

သူငယ်ချင်းတွေဖြစ်နေလို့ ငြင်းဆန်လို့မကောင်းတာကြောင့် အတူလိုက်ဖို့သဘောတူခဲ့ပေမယ့် ဟိုဆော့နဲ့ဂျီမင်းကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပါ...။ ဟိုအတွဲအကြောင်းကို သိနေလို့ကိုခက်နေတာ...။ ခုချိန်ကြည်နူးနေပြီး ခဏနေရန်ထဖြစ်ချင်လည်း ဖြစ်တတ်တာ...။ ယွန်းဂီကိုမလွန်ဆန်ရဲပေလို့သာပဲ ထယ်ယောင်းရဲ့မွှေပုံမွှေနည်းတွေက ဘေးကမြင်နေရသူတွေအဖို့ အသည်းတယားယားနဲ့ပင်...။

ထိုအမွှေဇယားတွေကို တတ်နိုင်သလောက် လိုက်ဖုံးဖိပေးရသူက အမောင်ပက်ခ်ဂျီမင်းပဲပေါ့...။ ပြောပါတယ် သူကမျောက်ဖေဖေကြီးပါဆို...။ မတော်လို့သူမွှေထားတာပေါ်သွားရင် ကြောင်ဆိုးကစိတ်ဆိုးမယ်... ကြောင်ဖေဖေကြီးဟိုဆော့ကလည်း အစတည်းကထယ်ယောင်းကို အမြင်မကြည်သူမို့ အပျက်ပျက်နဲ့နှာခေါင်းသွေးမထွက်ဖို့အရေး ဒီကချစ်စရာဂျီမင်းလေးကပဲ လိုက်လံဖာထေးနေရတာပေါ့...။

တနေ့တနေ့လည်း စိတ်မောလွန်းလို့ သက်ပြင်းတွေဘယ်နှခါမှန်းမသိကို ချနေရတော့တာပဲ...။ ကြာရင် ဂျီမင်းလေးအသက်တိုမယ်...။ ဘုန်းကြီးအမှုရွာပတ်တယ်ဆိုတာ ဒါမျိုးထင်ပါ့...။ သူ့ဘာသာရည်းစားထားတဲ့အရေး ကိုယ်ပါတိုင်ပတ်နေတယ်...။ တစ်ခုရှိတာက သူတို့၂ယောက်က ရန်ဖြစ်လည်းခဏပဲ ပြန်တည့်သွားကြတတ်တယ်...။ ထိုမတည့်တုန်းခဏကတော့ ကိုယ့်ခေါင်းကျိန်းရတာပေါ့...။

ဒီလိုနဲ့ကျောင်းပိတ်ရက်ကိုရောက်လို့လာခဲ့ပြီ...။ ၄ယောက်သား ခေါင်းချင်းဆိုင်ဆွေးနွေးခြင်းရဲ့ နောက်ဆုံးရလဒ်က ပင်လယ်ကမ်းခြေတဲ့လေ...။ ၂ညအိပ်၃ရက်ခရီးစဉ်မို့ စိတ်လွတ်ကိုယ်လွတ်တော့ ပျော်ချင်မိတယ်...။ ဟိုကြောင်မျောက်လင်လင်၂ကောင် ရန်မဖြစ်ပါစေနဲ့သာ ဆုတောင်းရမှာပဲ...။

မသွားခင်တုန်းကသာ စိတ်တွေပူနေခဲ့တာ တကယ်တမ်းခရီးထွက်တဲ့နေ့ကျတော့ အရာအားလုံးက အဆင်ပြေပြေရှိနေသားပဲ...။ ကားဂိတ်ကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာကြတဲ့အတွက် သပ်သပ်စီဖြစ်နေပေမယ့် ထူးထူးခြားခြားဝီရိယပိုနေတဲ့ ကြောင်သားအဖကတော့ စောရောက်နေခဲ့တယ်...။ နောက်ဆုံးမှအူယားဖားရားရောက်လာသူက မျောက်သားလေးထယ်ယောင်းပင်...။

အိပ်ယာထနောက်ကျလို့ဆိုပြီး ခေါင်းတောင်မဖြီးနိုင်လို့ သူ့ချစ်ချစ်ကြောင်ပေါက်က ကားဂိတ်မှာတင် ခေါင်းဖြီးပေးနေတယ်...။ သူတို့်သာယာနေသလို ဂျီမင်းကလည်း ဟိုဆော့နဲ့အတူတူ မုန့်တွေအပြန်အလှန်ခွံ့ကျွေးရင်း အဆင်ကိုပြေလို့...။ ကားပေါ်တက်တော့လည်း ၂ယောက်တွဲခုံတွေနဲ့မို့ ကိုယ့်အတွဲနဲ့ကိုယ်ထိုင်ရုံသာ...။

"ငါခဏအိပ်မယ်နော်ထယ်ထယ်... ရတယ်မလား"

"အိပ်လေ.. ကြောင်ပေါက်လေး အစောကြီးထထားတာမလား"

သူ့ခေါင်းလေးကိုပွတ်ပြီးပြောလိုက်တော့ ကြောင်ပေါက်လေးက စူပုတ်ပုတ်လေးနဲ့မော့ကြည့်ပေမယ့် စိတ်ဆိုးဟန်တော့မတူ...။ သူ့ရဲ့အကောင်းဆုံးခေါင်းအုံးဖြစ်တဲ့ ထယ်ယောင်းရဲ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်တော့ ထယ်ယောင်းဆီကနေ ရယ်သံသဲ့သဲ့ထွက်လာတယ်...။ ကြောင်ပေါက်လေးက တခါတလေကျတော့ ခုလိုလေး အူယားစရာကောင်းအောင် ချွဲတတ်နေပြန်ရော...။

အရှေ့ခုံမှာထိုင်နေကြတဲ့အတွဲကတော့ သူတို့ကိုတချက်လှမ်းကြည့်လာသေးတယ်...။ ၂ယောက်သားသင့်မြတ်နေတဲ့ အခြေအနေကြောင့် ဂျီမင်းကတော့ပြုံးစိစိနဲ့ပင် ရှေ့သို့ပြန်လှည့်သွားတယ်...။ အားကျသွားပါပြီ... သူလည်း. ဟိုဆော့ကိုချွဲပါတော့မယ်...။

"ဟိုဆော့ကီ~~~!!!"

ပုံမှန်လေသံမဟုတ်ပဲချွဲနွဲ့လွန်းနေတဲ့ဂျီမင်းကြောင့် ဟိုဆော့အူကြောင်ကြောင်ဖြစ်သွားသေးတယ်...။ ပြီးတော့မှ နောက်ခုံကအတွဲကို သတိရသွားတာကြောင့် သူ့မိုချီလေးအားကျနေပြီဆိုတာကို အမှတ်ရသွားတယ်...။

"ကိုယ့်မိုချီလေးကရော အိပ်ချင်လို့လား... လာလေ ကိုယ့်ဆီကို"

အလိုက်သိလွန်းတဲ့ချစ်သူကြောင့် ဂျီမင်းသဘောကျကာ တခွိခွိရယ်ရင်း ဟိုဆော့ရဲ့ရင်ခွင်ထဲတိုးဝင်လိုက်တယ်...။ ရာသီဥတုလေးက သာယာလိုက်တာ...။ ဒီအတိုင်းလေးပဲရှိနေပြီး မုန်တိုင်းအဖျားမခတ်ဖို့ မျှော်လင့်ရတာပါပဲ...။ အထူးသဖြင့် သဝန်တိုလွန်းသောကြောင်ဆိုးနဲ့ ရွစိထိုးထယ်ယောင်းတို့အတွက် ရန်မဖြစ်ကြပါစေနဲ့...။

"ရေး... ရောက်ပြီကွ... လှလိုက်တဲ့ပင်လယ်ကြီး"

အခုကျတော့အထုတ်တွေမသယ်ပဲ ကားပေါ်ကနေပြေးဆင်းသွားကြတာက ဂျီမင်းနဲ့သူ့အချစ်တော်ကြောင်ဆိုးနဲ့ပါ...။ ဘယ်တုန်းကနေဘယ်လိုများ တည့်သွားကြတယ်မသိ... ကြောင်ဆိုးလေးက သူ့လက်စွဲတော်ကင်မရာနဲ့ အနီးအနားပတ်ဝန်းကျင်ကိုလိုက်ရိုက်ရင်း ဂျီမင်းကိုပါရိုက်ပေးနေပြန်တယ်...။ ကြောင်ဆိုးဆိုသည်မှာ သူဆရာလုပ်ရရင်ကျေနပ်နေတဲ့အမျိုးလေ...။

"ဂျီမင်း... မင်းအဲ့ဒီအုန်းပင်မှာမှီနေလိုက်... အရမ်းမိုက်တာ... နောက်ခံပင်လယ်ပြာကြီးနဲ့"

"ဒီလိုမျိုးလား အစ်ကိုယွန်းဂီ"

ထယ်ယောင်းလည်း သူတို့၂ယောက်ကိုကြည့်ရင်း ဟက်ခနဲရယ်လိုက်တယ်....။ ကွယ်ရာမှာဆို ကြောင်ပေါက်မကောင်းကြောင်းပြောတဲ့ ဂျီမင်းလေးဟာ အခုကျတော့ ကြောင်ပေါက်လေးနဲ့ သင့်မြတ်နေပြန်တယ်လေ...။ သူကျတော့ရော...???

"ထယ်ယောင်း... မင်းအဲ့အိတ်လေးတော့ သယ်လာခဲ့လိုက်နော်... ငါဒါတွေအကုန်သယ်သွားမယ်"

"ဟာ... အစ်ကိုဟိုဆော့ကလည်း တစ်ယောက်တည်းနဲ့ အများကြီးမသယ်ပါနဲ့... ကျွန်တော့်ကိုပေးပါ"

အပေးအယူမျှမျှတတနဲ့ ညီတူမျှတူအထုတ်သယ်ရင်း ပြန်သင့်မြတ်သွားကြတဲ့ ဟိုဆော့နဲ့ထယ်ယောင်း...။ ငှားထားတဲ့ဟိုတယ်ဘက်ကို သူတို့၂ယောက် check in ဝင်ဖို့သွားကြသည့်တိုင် ကမ်းခြေက၂ယောက်ကတော့ ဓာတ်ပုံရိုက်လို့ကောင်းနေဆဲ...။

"waa.. ကြည့်ပါဦး.. အစ်ကိုယွန်းဂီက အရမ်းမိုက်တာပဲ... အဲလိုလေးရယ်နေတော့ ကျွန်တော့်ထက်တောင် အသက်ငယ်တယ်ထင်ရတယ်"

"ဟုတ်တယ်နော်.. ငါကနုတယ်မလား"

"ဒါပေါ့ ဒါပေါ့... အဲဒါကြောင့်ထယ်ယောင်းက အစ်ကိုယွန်းဂီကိုမှ တမ်းတမ်းစွဲနေတာ"

ဂျီမင်းတစ်ယောက် တမင်မြှောက်ပေးနေတာလား... တကယ်အတည်ပြောတာလားတော့မသိ... သေချာတာကတော့ ယွန်းဂီအူမြူးနေတာပါပဲ...။ ဟိုဆော့ရည်းစားရကာစက မဆီမဆိုင်အမြင်ကတ်ဖူးတဲ့ ဒီပုပုသေးသေးကောင်လေးကို ခုမှတအားတွေချစ်နေလေပြီ...။

"Aigoo ဂျီမင်းနီလေးက ချစ်ဖို့ကောင်းလိုက်တာ"

ပါးဖောင်းဖောင်းလေးကို ချစ်စနိုးနဲ့ဆွဲလိုက်တာပေမယ့် နဂိုတည်းကလက်သံပြောင်သူမို့ ဂျီမင်းရဲ့ပါးတစ်ဖက်က နီရဲလို့သွားခဲ့တယ်...။ ထိုအခါဂျီမင်းငိုမဲ့မဲ့ဖြစ်လာတော့ မသိသလိုလုပ်ကာ ရှေ့ကနေထွက်သွားပြန်တယ်...။ ဂျီမင်းကတော့ သူ့ပါးလေးကိုပွတ်ရင်း ခုနကအမြင်ကြည်နေတဲ့စိတ်လေးပျောက်ကာ ကြောင်ပေါက်ကိုနောက်ကနေ မေတ္တာပို့နေလေရဲ့...။

"အစ်ကိုဟိုဆော့ကလည်း အဲလိုကြီးကတော့ဘယ်ဖြစ်မလဲ... ကျွန်တော်ကကြောင်ပေါက်နဲ့တစ်ခန်းနေမှာလေ"

"မရဘူးဟေ့ကောင်... မင်းတို့်ကအခုမှ ချစ်သူရည်းစားအဆင့်ရှိသေးတာ... ငါလည်းမိုချီနဲ့အတူတူ တစ်ခန်းမနေဘူး... မင်းနဲ့မိုချီတစ်ခန်းနေ... ငါနဲ့ကြောင်ပေါက်တစ်ခန်းနေမယ်"

ကမ္ဘာ့ရန်တို့်မည်သည် ကြာကြာမတည့်ဘူးဆိုတဲ့စကား သိပ်များမှန်နေလေသလား...။ ခုနကကမ်းခြေမှာ အတူဓာတ်ဖမ်းနေကြတဲ့ ၂ယောက်ကလည်း ဖာသိဖာသာခပ်ခွာခွာနဲ့ လျှောက်လာကြသလို အတူအထုတ်ဆွဲကာ check in သွားဝင်တဲ့၂ယောက်သည်လည်း အခန်းဝေခွဲရေးပြဿနာတက်နေလေပြီ...။

"ဘာဖြစ်နေကြတာလဲ မင်းတို့၂ယောက်က"

ယွန်းဂီအနားရောက်လာတော့မှ အခြေအတင်ဖြစ်နေကြတဲ့၂ယောက် ငြိမ်ကျသွားလေတယ်...။ ဂျီမင်းကတော့ ဘာမှမသိနားမလည်သလို မလှမ်းမကမ်းကနေ ပါးလေးပွတ်ရင်းရပ်ကြည့်နေတယ်....။

"ဒီလိုကြောင်ပေါက်လေးရဲ့... ထယ်ထယ်ကလေ ကြောင်ပေါက်လေးနဲ့ အတူတစ်ခန်းနေချင်တာကို... အစ်ကိုဟိုဆော့က သူနဲ့ပဲနေမှာတဲ့"

ထယ်ယောင်းက သူ့ရဲ့အားသာချက်ဖြစ်တဲ့ Aegyo တွေသုံးကာ ကြောင်ပေါက်ကိုအရည်ဖျော်နေတယ်...။ ကြောင်ပေါက်ဘက်က ဘယ်လိုနေသည်မသိ ဟိုဆော့ကတော့ ပိုတတ်ရန်ကောဆိုတဲ့အကြည့်နဲ့ မျက်နှာကလဲခပ်မဲ့မဲ့ပင်...။

"အင်းလေ.. အဲဒါပိုကောင်းတာကို... ငါနဲ့ဆော့ဆော့က အရင်ထဲကတစ်အိပ်ယာတည်းအိပ်နေကျ... အဲဒါကြောင့်ပိုအဆင်ပြေတယ်... ထယ်ထယ်ကဂျီမင်းနီနဲ့ အတူနေလိုက်လေ.. သူငယ်ချင်းတွေမလား"

ဟိုဆော့ရဲ့ပခုံးကိုမမှီမကမ်းလှမ်းဖက်ရင်း အဆုံးအဖြတ်ပေးလိုက်တဲ့ ကြောင်ပေါက်ကြောင့် ထယ်ယောင်းမျက်နှာရှုံ့မဲ့သွားသလောက် ဟိုဆော့ကတော့ အောင်နိုင်သူအပြုံးတွေနဲ့ ကြောင်ပေါက်ရဲ့ပခုံးကို ပြန်ဖက်ပစ်လိုက်တယ်...။

ထယ်ထယ်လေး တအားစိတ်ဆိုးသွားပါပြီ...။ သူငယ်ချင်း၂ယောက်ပေါင်းပြီး ထယ်ထယ်လေးကိုအနိုင်ကျင့်ကြပါတယ်...။ ကိုယ့်ဘက်ကပါဖို့ ဂျီမင်းဆီကိုစစ်ကူတောင်းတဲ့အနေနဲ့ လှမ်းကြည့်လိုက်ပေမယ့် ဂျီမင်းကတော့သူနဲ့မဆိုင်သလိုပင်...။ တခါမှဟိုတယ်ကြီးကြီးတွေ မရောက်ခဲ့ဖူးသလိုမျိုး ပတ်ဝန်းကျင်ကိုတမေ့တမော ငေးမောနေလိုက်တာများ တောသားမြို့တက်လာတဲ့အတိုင်းပဲ...။

"ပြီးရောဗျာ... ချုပ်ချယ်မယ့်သူမရှိတော့ ကျွန်တော်တို့၂ယောက် စိတ်ကြိုက်သောင်းကျန်းလို့ရတာပေါ့"

တမင်အငေါ်တူးပြီးပြောလိုက်တဲ့ ထယ်ယောင်းရဲ့စကားက မှားသွားခဲ့လေသောအခါ....

"ဘာ ပြော တယ်... ချုပ်ချယ်တယ်ဟုတ်လား... ငါကမင်းကိုဘာချုပ်ချယ်နေလို့လဲ... မင်းဘာသာစပ်စလူးထနေလို့ လိုက်ထိန်းရတာပဲရှိတာ"

ထယ်ယောင်းစိတ်ထဲ အကြိမ်ကြိမ်ဘုရားတမိတယ်...။ ကြောင်ပေါက်အကြောင်းသိရဲ့သားနဲ့ စကားမှားပြန်ပြီလေ...။

"ထယ်ထယ်ပြောတာ အဲလိုမဟုတ်..."

"တိတ်စမ်း... ဘာမှလာပြောမနေနဲ့... အခုချိန်ကစပြီး မင်းလည်းနေချင်သလိုသာနေ... ငါဘာမှမပြောတော့ဘူး... လာ ဆော့ဆော့.. အခန်းထဲသွားနားမယ်"

"ဟာ.. ယွန်းဂီ"

ဟိုဆော့လက်ကိုဆွဲကာ ရှေ့ကနေသွားနှင့်ပြီဖြစ်တဲ့ယွန်းဂီကို ထယ်ယောင်းဘယ်လိုမှတားမရတော့ပေ...။ စိတ်ပျက်လက်ပျက်နဲ့ ကျွတ်တချက်သပ်လိုက်စဉ် သူ့ခေါင်းကိုနောက်ကနေ တစ်ယောက်ယောက်က လှမ်းရိုက်တယ်...။ သူလှည့်ကြည့်လိုက်တော့ ခပ်ရဲရဲပါးတစ်ဖက်ပိုင်ရှင်ဂျီမင်း...။

"မင်းတို့၂ယောက် ရန်မဖြစ်ပဲနေလို့မရဘူးလား... မင်းကလည်း အပြောမတတ်... ဟိုတစ်ယောက်ကလည်း စိတ်ကလက်တဆစ်နဲ့... ခရီးထွက်လာတုန်းလေးတော့ ပျော်ပါရစေလားကွာ"

"ငါဘာမှားလို့လဲဂျီမင်းရဲ့... သူနဲ့တစ်ခန်းတည်းနေချင်ရုံလေ... မနေရတော့လဲ ငါ့ဘာသာ ကြံဖန်ဖြေသိမ့်လိုက်တာကို"

ဂျီမင်းကတော့ ခေါင်းတခါခါနဲ့ပင်...။

"နောက်ဆိုသတိထား... စကားတစ်ခွန်းပြောတော့မယ်ဆို ပြောသင့်မပြောသင့်အရင်စဉ်းစား... မင်းရဲ့ကြောင်ပေါက်က တခြားသူနဲ့တူတာမဟုတ်ဘူး"

"အေးပါ... ငါကလည်းအရင်လိုပဲ ခပ်ပေါ့ပေါ့ပြောလိုက်မိတာ"

"ထားလိုက်တော့... ပြီးရင်သူ့ဘာသာစိတ်ပြေသွားမှာပေါ့.. လောလောဆယ် ငါတို့တည်းရမယ့်အခန်းကို သွားကြရအောင်"

ထယ်ယောင်းလည်း ချထားတဲ့အထုတ်လေးတွေကို ပြန်ကောက်ကာ သူတို့နေရမယ့်အခန်းဆီသို့သာ ထွက်လာလိုက်တော့တယ်...။ အခန်း၂ခန်းက မျက်နှာချင်းဆိုင်ပေမယ့်လည်း ကိုယ့်ချစ်သူနဲ့တစ်ခန်းနေချင်တာ မှားသလားပြော...။ အလကားကြောင်ဖေဖေကြီး... သူ့သားလေးကိုအူတိုနေတာ...။ သူ့သားလေးကလည်း အဖေကိုသိပ်ကပ်...။

"ဂျီမင်း... မင်းကရော အစ်ကိုဟိုဆော့နဲ့ တစ်ခန်းတည်းမနေရတာကို ဘာမှမဖြစ်ဘူးလား"

စိတ်ထဲမတင်မကျနဲ့မို့ ပစ္စည်းတွေနေရာချနေတဲ့ဂျီမင်းကို ထယ်ယောင်းလှမ်းမေးလိုက်တယ်...။ ဂျီမင်းတစ်ယောက်ဟာ ဘယ်လိုတောင်ခန္ဓီပါရမီနဲ့ ပြည့်စုံနေသည်မသိ...။ ဘယ်တော့မှလည်း ကြီးကြီးမားမား ပူပင်သောကရောက်တာမျိုး ရှိနေဟန်မတူ...။

"ဘာကိုဖြစ်ရမှာလဲ... အမှန်ဆိုခုလိုကမှပိုကောင်းတာ... ငါလည်းဟိုဆော့ကီနဲ့ တခန်းတည်းအတူနေရင် ရှက်ကိုးရှက်ကန်းဖြစ်မယ်... သူ့အမြင်မှာကြည့်ကောင်းအောင် ထိန်းထိန်းသိမ်းသိမ်းနေရမယ်... နောက်ဆုံးအဆင့် ကိုယ်အိပ်ပျော်နေလို့ ရုပ်ဆိုးပန်းဆိုးဖြစ်နေတာတို့ သွားရေတွေကျနေတာတို့ဆို ရှက်စရာကြီးလေ"

သူပြောတော့မှပဲ ထယ်ယောင်းစဉ်းစားမိတော့တယ်...။ အဲဒါလဲဟုတ်သားပဲ.. သူငယ်ချင်းနဲ့ဆိုရင် ဘယ်လိုနေနေပြဿနာမရှိ... ချစ်သူနဲ့ကျတော့ ဆင်ဆင်ခြင်ခြင်နေရတော့မယ်...။ ပြီးတော့အအိပ်ဆိုးတဲ့ထယ်ယောင်းနဲ့ဆို ကြောင်ပေါက်တစ်ယောက် တခါတည်းလက်လန်သွားမှာ...။

"ဟုတ်သားပဲ... ငါဘာလို့မတွေးမိပါလိမ့်နော်"

"မင်းကတော့နှာဘူးထဖို့ပဲတွေးနေမှာပေါ့... ညရောက်ရင် ကြောင်ဆိုးကိုဘယ်လိုမျိုး အသားယူလိုက်ရမလဲဆိုပြီး"

ဂျီမင်းပြောတာလည်းမှန်နေတာကြောင့် ထယ်ယောင်းရှက်ကိုးရှက်ကန်းနဲ့ လည်ပင်းကိုပွတ်ရင်း ရယ်မောလိုက်မိတယ်...။ လောလောဆယ်တော့ ကြောင်ပေါက်စိတ်ကောက်နေလောက်သည်မို့ ခဏလောက်လွှတ်ထားဦးမှပါ...။

ရေချိုး ခဏလောက်နားပြီး ညနေစောင်းလောက်ကျမှ သူတို့၄ယောက်လုံး အပြင်ထွက်ဖြစ်ကြတယ်...။ ဒါကလည်း ဂျီမင်းနဲ့ဟိုဆော့ ဖုန်းပြောချိန်းဆိုမှုကြောင့်သာ...။ ကြောင်ပေါက်နဲ့ထယ်ယောင်းကတော့ ခုထိမခေါ်ကြသေး...။ ထယ်ယောင်းဘက်က ခေါ်ချင်ပေမယ့်လည်း. ကြောင်ပေါက်ရဲ့အရိပ်အခြေကို အရင်ကြည့်ရသေးတယ်...။

ခရီ်းပန်းလာတာမို့ ဒီနေ့ရေဆင်းမကူးဘူးဆိုတဲ့ ဟိုဆော့ရဲ့အကြံပြုချက်ကို သူတို့အားလုံးလက်ခံခဲ့ကြတာကြောင့် အနားတဝိုက်လျှောက်လည်ရုံသာ...။ ကြောင်ပေါက်လေးက ကမ်းခြေစတိုင်လေးနဲ့ သိပ်ကိုကြည့်ကောင်းနေတယ်...။ မျက်နှာလေးက စူပုတ်ပုတ်ဖြစ်နေပေမယ့်လည်း ချစ်ဖို့ကောင်းတာလေးက ပျောက်မသွားခဲ့...။

"ဆော့ဆော့ငါ့ကိုဓာတ်ပုံရိုက်ပေး"

သူ့လက်ထဲကကင်မရာကို ဟိုဆော့ဆီလှမ်းပေးကာ ပူဆာပေမယ့်လဲ ဟိုဆော့ကမကြားချင်ယောင်ဆောင်ကာ ဂျီမင်းရဲ့ပခုံးကိုဖက်ရင်း ရှေ့ကနေဆက်လျှောက်နေတယ်...။ ကြောင်ပေါက်လေးမျက်နှာက ပိုပြီးစူပုတ်ပုတ်ဖြစ်လာတယ်...။ ဒါကဂွင်ပဲလေ... ထယ်ယောင်းချက်ချင်းပင် ကြောင်ပေါက်လေးဘေးသို့် လှစ်ခနဲပြေးကပ်သွားလိုက်တယ်....။

"ထယ်ထယ်ရိုက်ပေးမယ်လေ... ဘယ်နားမှာရိုက်မလဲ"

"သူနဲ့လည်း မခေါ်ပဲနဲ့"

လှည့်ထွက်သွားမလိုလုပ်နေတဲ့ ကြောင်ပေါက်လေးရဲ့လက်ကို ထယ်ယောင်းအမိအရဖမ်းဆွဲထားလိုက်တယ်...။ မရုန်းတာကိုကြည့်ခြင်းအားဖြင့် စိတ်ဆိုးတော့ပြေနေလောက်လေပြီ...။

"ခေါ်ပါ... ထယ်ထယ်တို့ပထမဆုံးအကြိမ် အတူတူခရီးထွက်လာတာလေ... ရန်မဖြစ်ပဲနေကြရအောင်နော်... ထယ်ထယ်က အပြောမတတ်ပေမယ့် ကြောင်ပေါက်လေးကိုတော့ အရမ်းချစ်တာသိတယ်မလား"

ယွန်းဂီဘာမှပြန်မဖြေပဲ ခြေထောက်တစ်ဖက်ကို မြေပြင်မှာရှပ်တိုက်ရင်း ဆော့ကစားနေတယ်...။ ငုံ့ထားသောမျက်နှာကို ထယ်ယောင်းအမိအရလိုက်ကြည့်တော့ ပြုံးစိစိဖြစ်လို့နေလေပြီ...။ ဒီလောက်ဆို အခြေအနေကောင်းတယ်...။

"ဟိုနေရာလေးရှုခင်းကောင်းတယ်...  ထယ်ထယ်ဓာတ်ပုံရိုက်ပေးရမလား"

သူညွှန်ပြတဲ့နေရာကိုလှမ်းကြည့်ပြီး မဆိုင်းမတွခေါင်းညိတ်ပြတဲ့ ကြောင်ပေါက်လေးကြောင့် ထယ်ယောင်းကျေနပ်သွားလေပြီ....။ ပြောသားပဲ စိတ်ဆိုးလဲခဏပါပဲလို့...။ ညနေခင်းရဲ့မင်းသားလေးဖြစ်တဲ့ ချစ်တဲ့ကြောင်ပေါက်လေးအတွက် ထယ်ယောင်းကတော့ မမောမပန်းနိုင်စွာ ဓာတ်ပုံတွေရိုက်ပေးနေသလို ဟိုဆော့နဲ့ဂျီမင်းအတွဲကလဲ သူတို့်ဘာသာ ပျော်စရာတွေဖန်တီးနေကြလေရဲ့...။

"ဟို၂ယောက်တည့်သွားပြန်ပြီ ကြည့်ဦး"

ဟိုဆော့လှမ်းပြောတာကြောင့် ဂျီမင်းကြည့်လိုက်ပြီးမှ ဟက်ခနဲရယ်လိုက်တယ်...။ တော်သေးတာပေါ့ မုန်တိုင်းအဖျားခတ်တဲ့ထဲ သူတို့မပါတော့လို့...။ ရန်လည်းခဏခဏဖြစ်သလောက် အချစ်လည်းကြီးကြတဲ့ သူတို့အတွဲလေးက ချစ်စရာတော့ကောင်းနေတာအမှန်...။ ခုလည်း တစ်ယောက်လက်ကိုတစ်ယောက်ဆွဲကာ လျှောက်သွားနေကြတာများ မိုးမမြင်လေမမြင်...။

လျှောက်လည်လို့အားရတော့မှ ညစာအတူသွားစားဖြစ်ကြတယ်...။ ရောက်တုန်းရောက်ခိုက်မို့ လတ်လတ်ဆတ်ဆတ်ပင်လယ်စာတွေချည်း သူတို့မှာစားလိုက်တယ်...။ ကြောင်ပေါက်အတွက် ထယ်ယောင်းကစေတနာပိုကာ ဂဏန်းတွေအသားနွှင်ပေးတယ်...။ ထိုအခါဟိုဆော့ကလည်း အားကျမခံပဲ သူ့ချစ်ချစ်မိုချီလေးအတွက် ပုဇွန်ထုတ်တွေအခွံခွာပေးနေပြန်တယ်...။

အပြိုင်အဆိုင် ro ဖို့ကြိုးစားနေတဲ့သူ၂ယောက်ကြောင့် ယွန်းဂီနဲ့ဂျီမင်းခမျာ ရယ်ရခက်ငိုရခက်ဖြစ်နေရတယ်...။ သူများကိုအနိုင်ယူနေကျ ယွန်းဂီအတွက်က ထိုဂရုစိုက်ပေးမှုတွေက မထူးဆန်းသော်လဲ အနေအေးပြီးမပူဆာတတ်သူ ဂျီမင်းအဖို့ကတော့ ဟိုဆော့ရဲ့ဂရုစိုက်မှုတွေကြားမှာ လူကလေပေါ်မြောက်ချင်ချင် ဖြစ်လို့နေလေပြီ....။

ထိုမြောက်ကြွမြောက်ကြွဖြစ်မှုကြီးက ညအိပ်ချိန်မှာတော့ ပျက်စီးသွားရရှာတယ်...။ အကြောင်းမှာ အအိပ်ဆိုးသောထယ်ယောင်းကြောင့်ပင်...။ အရင်ကလည်း ကိုယ့်အိမ်မှာ ညလာအိပ်ဖူးပေမယ့် တခန်းစီအိပ်သည်မို့ သူဒီလောက်အအိပ်ဆိုးမှန်းမသိခဲ့...။ အခုတော့ King Size bed ကြီးပေါ်မှာ အတူအိပ်ရသည်မို့ ထောင့်လေးမှာကပ်အိပ်သော်လည်း အကန်ခံရ အခွခံရတာကြောင့် ဂျီမင်းခမျာတညလုံး ကောင်းကောင်းမအိပ်ရရှာ...။

နောက်ဆုံးတော့လည်း ကိုယ်နဲ့တန်ရာတန်ရာဖြစ်တဲ့ ဆိုဖာလေးပေါ်မှာပဲ ခပ်ကွေးကွေးလေးသွားအိပ်ရတော့တယ်...။ ကိုယ်တွေလက်တွေနာတာတော့ ပြောမနေပါနဲ့တော့....။

"ဒီနေ့တညလည်း သူနဲ့အတူထပ်အိပ်ရမှာ ငါဘယ်လိုလုပ်ရပါ့"

ကောင်းကောင်းမအိပ်ရတာကြောင့် အစောကြီးနိုးကာရေချိုးရင်း ဒီညအတွက်ပါကြိုတင်တွေးရင်း ဂျီမင်းစိတ်ညစ်နေရလေပြီ...။ သကောင့်သားကတော့ ခုထိအိပ်လို့ကောင်းနေဆဲ...။ ဂျီမင်းလဲသူ့ကိုပစ်ထားခဲ့ကာ မျက်နှာချင်းဆိုင်အခန်းက ဟိုဆော့ဆီသွားဖို့သာ စိုင်းပြင်းလိုက်တော့တယ်....။ ဖုန်းခေါ်နေရင်က ကြောင်ဆိုးနိုးသွားဦးမယ်...။ အရေးအကြောင်းသုံးလို့ရအောင် သော့ကဒ်တစ်ကဒ်စီ လဲထားတာကြောင့် ဒီတိုင်းဖွင့်ဝင်သွားရုံပါ...။

ဟိုဆော့က မနက်စောစောနိုးတတ်သူမို့ သူနဲ့အတူတူမနက်စာသွားစားမယ်...။ ကြောင်စုတ်နဲ့ထယ်ယောင်းကတော့ အိပ်ပုတ်ကြီးသူတွေပီပီ မနက်စာနဲ့နေ့လည်စာကို ပေါင်းစားပါစေ...။ အတွေးနဲ့အတူ မျက်နှာချင်းဆိုင်အခန်းကို သော့ဖွင့်ကာဝင်လိုက်တဲ့ဂျီမင်း အခန်းထဲမှမြင်ကွင်းကြောင့် သွေးဆောင့်တက်သွားတယ်...။

အိပ်ယာပေါ်မှာ အားရပါးရဖက်အိပ်နေကြတဲ့ ကြောင်သားအဖ...။ ခြေထောက်တွေကပါ ခွထားကြသေးတာ...။ ၂ယောက်သားက သက်တောင့်သက်သာလေးနဲ့ကို အိပ်ပျော်နေကြတာ... ကိုယ့်မှာတော့မျောက်ကောင်ကြောင့် တညလုံးကောင်းကောင်းမအိပ်ရ...။ မနာလိုတာလား သဝန်တိုတာလားမသိတဲ့ ခံစားချက်ကြီး...။ ဂျယ်လီတွေနင်တာဆိုတာ ပြောမနေနဲ့တော့...။ အမြင်ကတ်ကတ်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး သူတို့၂ယောက်ပေါ်သို့ ဂျီမင်းမှောက်ခုံကြီး တက်အိပ်ပလိုက်တယ်...။

"အင်း... မိုချီလား...??"

အိပ်မှုန်စုတ်ဖွားနဲ့ဟိုဆော့က ကြောင်ပေါက်ကိုဖက်ထားတဲ့သူ့လက်ကို ဂျီမင်းကိုယ်အောက်ကနေဆွဲထုတ်ကာ ဂျီမင်းကိုပါ တခါတည်းဆွဲဖက်တယ်...။ ကြောင်ပေါက်ကတော့ သူ့ကိုယ်တခြမ်းပေါ် ဝက်ပိနေတာကိုလည်း သိတဲ့ပုံမပေါ်... တရှူးရှူးနဲ့အိပ်မောကျနေဆဲ...။ အံမယ်အိပ်နေတော့လည်း ချစ်စရာလေး...။

"ဟာ... ငါ့ကိုတစ်ယောက်တည်းထားခဲ့ပြီး မင်းကျတော့ဒီမှာလာအိပ်နေတယ်"

အခန်းဝကအသံကြောင့် ဟိုဆော့က ခေါင်းထောင်ကြည့်တယ်...။ မှောက်ခုံကြီးတက်အိပ်နေတဲ့ဂျီမင်းကတော့ လှည့်ကြည့်ဖို့မအား...။ မရှေးမနှောင်းပင် ဖြောင်းခနဲအသံနဲ့အတူ သူ့တင်ပါးပူခနဲဖြစ်သွားပြီး ထယ်ယောင်းသည်လည်း အိပ်ယာပေါ်တက်လာကာ ကြောင်ပေါက်နောက်မှာဝင်အိပ်ရင်း လှမ်းဖက်ထားတယ်...။

"ရား... ငါ့တင်ပါးကိုလာမရိုက်နဲ့လို့ ဘယ်နှခါပြောရမလဲ.. မင်းလည်းကိတ်တာပဲ.. ကိုယ့်တင်ပါးကိုယ်ပြန်ရိုက်"

"ရူးနေလို့ကိုယ့်ဘာသာရိုက်ရမှာလား"

"အာာ.. နားညီးလာပြီ... ငါအိပ်ချင်သေးတာကို"

အိပ်ချင်မူးတူးနဲ့စိတ်ဆိုးပြီး ထအော်တဲ့ကြောင်ပေါက်ရယ် တခွိခွိရယ်နေကြတဲ့ ဂျီမင်းနဲ့ထယ်ယောင်းရယ်... ချစ်သူကိုရော သူငယ်ချင်းကိုရော ဖက်ထားခွထားတဲ့ဟိုဆော့ရယ်...။ ၂ယောက်အိပ်ကုတင်က လူ၄ယောက်နဲ့ပြည့်နေပေမယ့် သိပ်ပျော်စရာကောင်းတာတော့အမှန်ပင်....။

အမှတ်တရနေ့တွေထဲက တစ်နေ့အဖြစ် ထိုရက်စွဲလေးကတော့ ထိပ်ဆုံးကပါသွားခဲ့လေပြီ...။

To Be Continued.....

Continue Reading

You'll Also Like

200K 21K 25
"မ​ေကာင္​းဆိုး၀ါးတစ္​​ေကာင္​ရဲ႕အ​ေရြးခ်ယ္​ခံျဖစ္​ရတဲ့ဘဝကိုခင္​​ဗ်ားတို႔နားမလည္​ၾကဘူး.." Cover made by my favourite bae @Chubby_whale
1.5K 144 7
ဝင်ရောက်ဖတ်ရှုပီးအနည်းငယ်သဘောကျမယ်ဆိုရင်ဖြင့်ကျေနပ်ပါပီ။ ၀င္ေရာက္္ဖတ္ရႈပီးအနည္းငယ္သေဘာက်မယ္ဆိုရင္ျဖင့္ေက်နပ္ပါပီ။
12.4K 1.7K 20
အရမ္းခ်စ္ေပမယ့္လည္း မထင္မွတ္ထားတဲ့ကံၾကမၼာေၾကာင့္ ေဝးကြာေနၾကတဲ့ ခ်စ္သူႏွစ္ေယာက္ ျပန္ဆံုေတြ႔ၾကမယ့္ မနက္ျဖန္ အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာက...