My Naughty Kitten (Completed)

By TaeYoonKook_Cloud

25.5K 2.7K 30

Kim Taehyung x Min Yoongi Written By : JaejoongHtike More

Prologue
Part - 1
Part - 2
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15 (Final)

Part - 3

1.5K 198 3
By TaeYoonKook_Cloud

(Zawgyi)

"အဲဒီ္ေတာ့ငါကေၾကာင္ေပါက္ကို လက္ေလွ်ာ့ရမယ္ေပါ့"

ဂ်ီမင္းမသက္မသာနဲ႔ေခါင္းညိတ္ျပလိုက္တယ္...။ ကိုယ့္အျဖစ္က ၂ေယာက္ၾကားညပ္ေနၿပီ...။ ေၾကာင္ဆိုးကိုရည္းစားရေစခ်င္ေသာ္လည္း ကိုယ့္ခ်စ္သူက သေဘာမတူဘူးဆိုေတာ့ ဘာမွမတတ္ႏိုင္...။ ၿပီးေတာ့ ထယ္ေယာင္းအေၾကာင္းလည္း သိေနတယ္...။ ေခ်ာေခ်ာလွလွျမင္ရင္ တန္းႀကိဳက္လိုက္ၿပီး ဘယ္ေလာက္မွမၾကာပဲ ႐ိုးအီသြားတတ္တာကိုး...။ ေၾကာင္ဆိုးကိုအဲလိုသြားကစားရင္ ကိုယ္နဲ႔ဟိုေဆာ့ကီက အရင္ဆံုးျပႆနာတက္မွာ... မျဖစ္ဘူး.. မျဖစ္ဘူး...။

"မင္းလည္း ခဏတာသေဘာက်တာေနမွာပါ.. ေၾကာင္ဆိုးကနည္းနည္းေတာ့ ခ်စ္စရာေကာင္းတာကိုး... ၿပီးရင္႐ိုးသြားမယ့္အတူတူ ဇာတ္လမ္းစမေနပါနဲ႔ေတာ့"

"ဂ်ီမင္းရာ... မင္းကငါ့ကိုအထင္ေသးတာပဲ... ငါသူ႕ကိုတကယ္ခ်စ္သြားတာကြ... ဘယ္သူ႕ကိုမွမခ်စ္ဖူးတဲ့ အခ်စ္မ်ဳိးနဲ႔"

ဖီးလ္အျပည့္နဲ႔ေျပာေနတဲ့ထယ္ေယာင္းကို ဂ်ီမင္းစုတ္တသပ္သပ္နဲ႔သာ ေငးၾကည့္ေနမိတယ္...။ အရင္ရည္းစားေတြတုန္းကလည္း သူအဲလိုပဲေျပာဖူးတာပဲ...။ ေျပာျပန္ရင္လည္း ကိုယ့္အလြန္...။

"မယံုဘူးလား... ငါအတည္ေျပာေနတာ.. ငါ့ကိုကူညီပါဂ်ီမင္းရာ.. အစ္ကိုဟိုေဆာ့ကို ဝိုင္းေဖ်ာင့္ျဖေပးပါေနာ္"

"အာ.. ငါ့ကိုဆြဲမထည့္နဲ႔... မင္းဘာသာလုပ္ခ်င္တာလုပ္... ငါနဲ႔မဆိုင္ဘူး"

ဂ်ီမင္းအသည္းအသန္ျငင္းလိုက္ရတယ္...။ ၾကား၃ၾကားမဝင္ေကာင္းမွန္းသိတယ္... ၿပီးေတာ့အေမႊစိန္ထယ္ေယာင္းအေၾကာင္း ပိုေတာင္သိေသးတယ္...။ ဒါေၾကာင့္ခုကတည္းက ေဝးေဝးေရွာင္ေနမွ...။

"ေနကြာ... ငါနဲ႔ေၾကာင္ေပါက္ရည္းစားျဖစ္မွ မင္းတို႔အတြဲၾကား ဝင္ကိုေႏွာက္ဦးမယ္"

ဂ်ီမင္းပခံုးသာတြန္႔ျပလိုက္တယ္...။ သူလား ေၾကာင္ဆိုးနဲ႔တြဲျဖစ္မွာ... ဟိုကေခ်လိုက္တာမွ... ၿပီးေတာ့ရည္းစားလည္း ထားမယ့္ပံုမေပၚ... ကင္မ္ထယ္ေယာင္းႀကီး ဟက္ေကာ့ျဖစ္ၿပီးျပန္လာမွာ ျမင္ေယာင္ပါေသးတယ္...။

"ဂ်ီမင္း... မင္းမပ်င္းဘူးလား... ငါကေတာ့ အတန္းမတက္ခ်င္ေတာ့ဘူး... အတူတူလစ္ရေအာင္"

"မလိုက္ဘူး... ကိုယ့္ဘာသာလစ္...  ခဏေနရင္ဟိုေဆာ့ကီ ငါ့ကိုလာေခၚမွာ"

"တကယ္လား... အဲဒါဆိုေၾကာင္ေပါက္တစ္ေယာက္တည္း က်န္ေနခဲ့မွာေပါ့ေနာ္... ဒါငါ့အတြက္အခြင့္အေရးပဲ"

ေမးေစ့ကိုလက္နဲ႔ပြတ္ရင္းေျပာေနတဲ့ ထယ္ေယာင္းကို ဂ်ီမင္းစိ္တ္ပ်က္လက္ပ်က္သာ လွမ္းၾကည့္လိုက္တယ္...။ သူ႕ဘာသာလုပ္ခ်င္ရာသာ လုပ္ပါေစေတာ့... ကိုယ့္ဆြဲမထည့္ရင္ၿပီးတာပဲ...။ ခုလည္း တက္ႂကြတဲ့ေျခလွမ္းေတြနဲ႔ ေၾကာင္ေပါက္ရွာပံုေတာ္ ဖြင့္ဦးမယ္တဲ့ေလ...။ သူ႕ေၾကာင္ေပါက္ကျဖင့္ သူ႕ထက္ေတာင္အတန္းတက္ရမွာပ်င္းၿပီး ေခ်ာင္တစ္ေခ်ာင္မွာသာ အိပ္ေနတတ္ေၾကာင္းကိုေတာ့ ဂ်ီမင္းေျပာျပမေနေတာ့...။ သူ႕ဘာသာ တစ္ေက်ာင္းလံုးအႏွံ႔ ရွာပေစေတာ့...။ ရွာမေတြ႕ေတာ့မွ အလိုလိုစိတ္ကုန္ၿပီး လက္ေလွ်ာ့သြားမွာ....။

ထယ္ေယာင္းထြက္သြားၿပီးေတာ့မွ ဂ်ီမင္းလည္း ေနာက္အခ်ိန္မွာသင္မယ့္စာအုပ္ေတြကို ႀကိဳတင္ထုတ္ထားလိုက္တယ္...။ ေျပာလို႔ေတာ့မရ... သူလည္း ဟိုေဆာ့ကီေစာေစာလာေခၚရင္ အတန္းမတက္ေတာ့ပဲ သူနဲ႔အတူလိုက္သြားေတာ့မွာ...။

တက္ႂကြတဲ့ေျခလွမ္းေတြနဲ႔ အတန္းထဲကေနထြက္သြားတဲ့ထယ္ေယာင္း ႐ုတ္တရတ္တစံုတခုကို စဥ္းစားမိသည္ႏွင့္ ေျခလွမ္းေတြကရပ္တန္႔သြားရတယ္...။

"ဟာ.. ေသလိုက္ပါေတာ့လား... သူတို႔ကဘာေမဂ်ာ တက္ေနတာလဲဆိုတာ ငါမေမးခဲ့လိုက္မိဘူး"

ဒီပံုစံအတိုင္းဆိုေက်ာင္းတစ္ေက်ာင္းလံုး ေလွ်ာက္ပတ္ၿပီး ေၾကာင္ေပါက္ကိုရွာပံုေတာ္ ဖြင့္ရေတာ့မွာလား...?? ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကိုေမးၾကည့္ရင္ေရာ...?? သူတို႔ကေပၚျပဴလာျဖစ္တဲ့ ေက်ာင္းသားေတြမဟုတ္ရင္ လူတိုင္းသိဖို႔ကမလြယ္...။ အေသခ်ာဆံုးကေတာ့ ဂ်ီမင္းကိုဖုန္းဆက္ေမးရန္သာ...။ အေတြးနဲ႔အတူ ထယ္ေယာင္းသူ႕ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္ယူဖို႔ျပင္စဥ္မွာပင္... 

"ဟိုေက်ာင္းသား... ခဏေလာက္လာပါဦး..  ဆရာမကို တစ္ခုေလာက္ကူညီေပးပါလား"

ေရွ႕နားကအခန္းတစ္ခုမွ ထြက္လာတဲ့ဆရာမက ထယ္ေယာင္းကိုျမင္တာနဲ႔လွမ္းေခၚတယ္...။ ထယ္ေယာင္းလည္း ဖုန္းကိုျပန္ထည့္ရင္း ဆရာမနားသို႔ အူေၾကာင္ေၾကာင္ေလးနဲ႔ ေလွ်ာက္သြားလိုက္တယ္....။ ကိုယ္ကအေမႊစိန္ဆိုေပမယ့္ ဆရာဆရာမေတြကိုေတာ့ ႐ိုေသတတ္ေသးသူမလား...။

"ဒီစာအုပ္ေလးေတြကို စာၾကည့္တိုက္ျပန္ပို႔ေပးပါလား... ဆရာမအြန္ဟီးေပးလိုက္တာလို႔ ေျပာေပးပါေနာ္... သိတယ္မလား.. ေက်ာင္းစာၾကည့္တိုက္ရိွတဲ့ေနရာကို"

"ဟုတ္ကဲ့...သိပါတယ္"

"ေအး.. ေအး.. ေက်းဇူးပါကြယ္...  ဆရာမ စာသြားသင္စရာရိွလို႔"

စာလုပ္တဲ့ေက်ာင္းသားမဟုတ္တာေၾကာင့္ စာၾကည့္တိုက္ကိုမသြားျဖစ္ေပမယ့္ တစ္ေက်ာင္းလံုးပတ္ၾကည့္ဖူးသူမို႔ ဘယ္နားမွာရိွလဲဆိုတာေတာ့ ထယ္ေယာင္းသိတယ္...။ စာအုပ္ေတြကလည္း သိပ္မေလးတာေၾကာင့္ တလက္စတည္းကူညီေပးလို႔ရပါတယ္...။ ၿပီးေတာ့မွ ဂ်ီမင္းကိုေမးလည္း ေနာက္မက်ပါဘူး...။

ဒီလိုနဲ႔ ထယ္ေယာင္းရဲ႕ေျခလွမ္းေတြ စာၾကည့္တိုက္ဆီသို႔သာ ဦးတည္သြားေတာ့တယ္...။ လမ္းတေလွ်ာက္မွာလည္း သူ႕ရဲ႕႐ူပါေျဖာင့္ေျဖာင့္ေၾကာင့္ လည္ျပန္ၾကည့္ၾကတဲ့ ေကာင္မေလးေတြကအမ်ားသား...။ အရင္လိုဆို ထယ္ေယာင္းက်ဴမိေလာက္ေပမယ့္ အခုေတာ့ ေၾကာင္ေပါက္ေရာဂါတက္ေနတာေၾကာင့္ ဘယ္မိန္းကေလးကိုမွ ရိွတယ္လို႔မမွတ္ေတာ့ေပ...။

"ဆရာမ... ဒီစာအုပ္ေတြက ဆရာမအြန္ဟီးေပးလိုက္တာ"

စာၾကည့္တိုက္ေစာင့္တဲ့ဆရာမက သူ႕ပါဝါထူထူမ်က္မွန္ကို တစ္ခ်က္ပင့္တင္ကာ စာအုပ္ေတြကိုတလွည့္ ထယ္ေယာင္းကိုတစ္လွည့္ ၾကည့္ေနတယ္....။ ေနာက္ေတာ့မွ ေခါင္းညိတ္ျပလိုက္တာေၾကာင့္ ထယ္ေယာင္းလည္း ဝမ္းသာအားရနဲ႔ ျပန္ဖို႔ျပင္တယ္...။ သူ႕အလုပ္ၿပီးၿပီကိုး...။

"ေဟ့..ဟိုကေလး.. ခဏေလးေနပါဦး..  ဆရာမကို ကူညီလက္စနဲ႔ ဒီစာအုပ္ေလးေတြကို တခါတည္းျပန္စီေပးပါလား... သမိုင္းစာအုပ္ေတြထားတဲ့အတန္းမွာ သူ႕နာမည္အစဥ္လိုက္အတို္င္းေလး စီေပးပါေနာ္... ဆရာမဒီမွာ စာအုပ္အသစ္ေတြ စာရင္းသြင္းေနလို႔"

ကင္မ္ထယ္ေယာင္းတစ္ေယာက္ ဒီေန႔မ်က္ႏွာေပၚမွာ ကူညီပါရေစဆိုတဲ့စာတန္းမ်ား ကပ္ထားမိသလားရယ္လို႔ သူ႕ကိုယ္သူပင္ ဇေဝဇဝါျဖစ္မိတယ္...။ အရမ္းအပန္းႀကီးတဲ့အလုပ္လည္း မဟုတ္တာေၾကာင့္ ေခါင္းညိတ္႐ံုမွတပါး မတတ္ႏိုင္ေတာ့ေပ....။

စာအုပ္တန္းေတြၾကား ေလွ်ာက္သြားမိေတာ့ ရရိွလာတဲ့စာအုပ္အနံ႔ေလးက တမ်ဳိးေလးေတာ့ေပ်ာ္ဖို႔ေကာင္းသား...။ ငယ္ငယ္က ဆိုင္ေတြမွာကာတြန္းစာအုပ္ သြားငွားဖတ္ခဲ့ဖူးတာေတြကိုေတာင္ သတိရမိတယ္...။ စာအုပ္ေတြရဲ႕နာမည္အစ စာလံုးအလိုက္ သူ႕ေနရာနဲ႔သူ ျပန္ထားလိုက္ၿပီးေနာက္ေတာ့ ထယ္ေယာင္းလဲ ဝမ္းသာအားရနဲ႔ျပန္ဖို႔ျပင္တယ္...။

သို႔ေသာ္သူ႕အာ႐ံုထဲကိုဝင္လာတာက စာအုပ္စင္ေတြၾကားမွာထိုးထြက္ေနတဲ့ တစံုတေယာက္ရဲ႕ ေျခေထာက္၂ေခ်ာင္း...။ အဟက္... စာၾကည့္တိုက္ထဲလည္း လာအိပ္တဲ့သူရိွတာပဲလား... ဟုတ္မွာေပါ့.. ဒီမွာက တိတ္တိတ္ဆိတ္ဆိတ္ စာဖတ္ေနတဲ့သူ အနည္းအက်ဥ္းပဲ ရိွတာဆိုေတာ့ေလ...။

စပ္စုခ်င္တဲ့စိတ္ေၾကာင့္ ထယ္ေယာင္းလည္း ထိုေျခေထာက္ေတြကိုခြေက်ာ္ၿပီး တစ္ဖက္စာအုပ္စင္ကိုမီွကာ အိပ္ေနတဲ့သူကို ေရွ႕သို႔တိုးၾကည့္လိုက္တယ္...။

"ဟင္....!!!!"

သူမ်ားအက်ဳိးေဆာင္.. ကိုယ့္အက်ဳိးေအာင္ဆိုတာ တကယ္ပဲလား...?? အခုသူျမင္လိုက္တဲ့လူက သူသိပ္ေတြ႕ခ်င္ေနတဲ့ ေၾကာင္ေပါက္ပဲမဟုတ္ပါလား...။

စာအုပ္စင္ကိုပါးအပ္ကာ ပါးစပ္အေဟာင္းသားေလးနဲ႔ အိပ္ေပ်ာ္ေနရွာတဲ့ေၾကာင္ေပါက္...။ အျပင္ကေနၾကည့္ရင္ေတာ့ စာအုပ္စင္ကိုမီွၿပီး စာဖတ္ေနသလိုလိုေပါ့...။ ခ်စ္ဖို႔ေကာင္းလိုက္တာကြာ...။

ထယ္ေယာင္းသူ႕အိတ္ထဲကဖုန္းကိုထုတ္ကာ အိပ္ေပ်ာ္ေနတဲ့ ေၾကာင္ေပါက္ေလးပံုကို ဓာတ္ပံု႐ိုက္ယူလိုက္တယ္...။ ႐ႈေထာင့္အမ်ဳိးမ်ဳိးကေန႐ိုက္တာေၾကာင့္ ဖုန္းထဲမွာေၾကာင္ေပါက္ပံု ေတာ္ေတာ္မ်ားမ်ား ေနရာယူသြားေလၿပီ...။ ၿပီးေတာ့မွသူ႕မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္ရင္း သူ႕မ်က္ႏွာေလးကို တစိမ့္စိမ့္ၾကည့္ေနလိုက္မိတယ္....။

တဒိတ္ဒိတ္အခုန္ျမန္လာတဲ့ရင္ခုန္သံေၾကာင့္ ထယ္ေယာင္းၿပံဳးလိုက္မိတယ္...။ ရည္းစားမ်ားခဲ့ေပမယ့္လည္း ဘယ္တစ္ေယာက္ကိုမွ ရင္မခုန္ခဲ့ဖူးတာအမွန္ပင္...။ သေဘာက်တယ္ဆိုရင္ တြဲပလိုက္တာပဲေလ...။ ေၾကာင္ေပါက္နဲ႔က်ေတာ့ ဘယ္သူနဲ႔မွမခံစားရဖူးတဲ့ ရင္ခုန္ၾကည္ႏူးျခင္းဆိုတာကို ခံစားေနရတယ္...။ ဒီတစ္ခါနဲ႔မွ၃ေခါက္သာ ေတြ႕ခဲ့ဖူးေပမယ့္ အႏွစ္ႏွစ္အလလက ရင္းႏီွးခဲ့ၾကသလိုမ်ဳိး ခံစားမိတယ္...။ အႏွစ္ခ်ဳပ္ေျပာရရင္ သူေၾကာင္ေပါက္ကိုခ်စ္တယ္...။

"အင္း.. ဟင္း...!!!"

ေဟာ... ေၾကာင္ေပါက္ေလးညည္းညဴရင္း မ်က္ႏွာေလး႐ံႈ႕မဲ့မဲ့နဲ႔ ပါးကိုကုတ္ေနျပန္တယ္...။ ပါးႏုႏုေလးကို လက္သည္းရာေတြက်န္ခဲ့မွာစိုးတာေၾကာင့္ ထယ္ေယာင္းသတိ္လက္လြတ္နဲ႔ သူ႕လက္ေလးကိုဖမ္းဆြဲလိုက္မိတယ္....။

သူ႕လက္ကို တစ္ေယာက္ေယာက္က လာဆြဲတာေၾကာင့္ အိပ္ခ်င္မူးတူးေၾကာင္ေပါက္ေလးရဲ႕ မ်က္ဝန္းေတြက ဖ်တ္ခနဲပြင့္လာခဲ့တယ္...။ သူ႕ေရွ႕တည့္တည့္မွာထိုင္ေနတဲ့ ထယ္ေယာင္းကိုျမင္ေတာ့ စစခ်င္းကေတာ့ မမွတ္မိသလိုပင္...။ ၿပီးေတာ့မွ သတိရသြားသလိုနဲ႔...

"အာ... ဟိုတစ္ေယာက္မလား...  ေမြးေန႔ဆိုၿပီး ညစာဝယ္ေကြၽးတာေလ"

ၾကည့္ရတာနာမည္ေတာ့မွတ္မိပံုမရ...။ ကိစၥမရိွပါဘူးေလ...။ စကားမရိွစကားရွာေျပာခ်င္တဲ့ ထယ္ေယာင္းရဲ႕ဂြင္ျဖစ္သြားတာေပါ့...။

"ဟုတ္ကဲ့...ကင္မ္ထယ္ေယာင္းပါ... အစ္ကို႔ကို ကြၽန္ေတာ္သတိရေနတာ"

ေၾကာင္ေပါက္ေလးရဲ႕မ်က္ခံုးေတြ တြန္႔ေကြးသြားၿပီး တစံုတခုကိုစဥ္းစားေနသလိုပင္...။

"သတိရေနတာ...?? ဧကႏၲငါ့ကို မုန္႔ျပန္ဝယ္ေကြၽးခိုင္းမလို႔လား...?? ငါ့မွာပိုက္ဆံမရိွဘူးေနာ္... အဲဒီ္တုန္းကလည္း မင္းအတင္းေကြၽးလို႔သာ အားနာပါးနာနဲ႔လိုက္စားရတာ"

စူပုတ္ပုတ္ေလးနဲ႔ျပန္ေျပာေနတဲ့ ေၾကာင္ေပါက္ေလးကို ထယ္ေယာင္း အသည္းယားၿပီးရင္း ယားေနမိတယ္...။ စိတ္ရိွလက္ရိွဆြဲမြလိုက္ရ မေကာင္းပဲျဖစ္ေတာ့မယ္...။

"အာ.. မဟုတ္တာပဲ... အစ္ကိုစားခ်င္ရင္ ထယ္ထယ္ကေတာင္ ဝယ္ေကြၽးမွာပါ"

"ထယ္ထယ္...??"

႐ုတ္တရတ္ဝမ္းသာလြန္းအားႀကီးျပီး ကိုယ့္ကိုကိုယ္ေတာင္ ဘယ္လိုေတြသံုးႏႈန္းမိသြားလဲမသိ...။ တကယ္တမ္းက အိမ္ကမိဘေတြဆီကပ္ခြၽဲရင္သာ အဲလိုသံုးေနက်ကို...။ သူငယ္ခ်င္းအခ်င္းခ်င္းေတာင္ မင္းငါနဲ႔ေျပာတတ္တာ...။

"အာ.. ေဆာရီး.. အိမ္မွာေျပာေနက် အက်င့္ပါသြားလို႔"

"ဟင့္အင္း.. အဲလိုေလးကေခၚလို႔ေကာင္းတယ္... ငါမင္းကို ထယ္ထယ္လို႔ေခၚလို႔ရမလား"

ကင္မ္ထယ္ေယာင္းတို႔ရင္ထဲ ပန္းခင္းႀကီးကိုျဖစ္ေနပါၿပီ...။ ခ်က္ခ်င္းကိုဝမ္းသာအားရနဲ႔ ေခါင္းေတြစြတ္ညိတ္ျပလိုက္မိတယ္...။ ထိုအခါစူပုတ္ပုတ္ေၾကာင္ေပါက္ေလးက ခ်စ္စဖြယ္ေကာင္းေအာင္ ၿပံဳးလာျပန္တယ္...။ Aigoo ခ်စ္စရာေလး... သြားပိစိေလးေတြနဲ႔...။ ကင္မ္ထယ္ေယာင္းေတာ့ အသက္ေပ်ာက္ၿပီထင္တယ္...။

"ထယ္ထယ္က ခ်စ္စရာေလးပဲ"

ေဟာဗ်ာ...ေၾကာင္ေပါက္ေလးက ေျပာေျပာဆိုဆိုနဲ႔ ထယ္ေယာင္းရဲ႕ေခါင္းကိုပြတ္ေပးေနတယ္...။ ထယ္ေယာင္းေနရာမွာတင္ ငုတ္တုတ္ေမ့ခ်င္ေနၿပီ...။ ဂ်ီမင္းေျပာေတာ့ ေၾကာင္ေပါက္ကေခ်တယ္ဆို...။ အခုက်ေတာ့ တျခားစီပါလား...။

"အစ္ကိုကလည္း အရမ္းခ်စ္ဖို႔ေကာင္းတာ... ထယ္ထယ္ကေလ အစ္ကို႔ကိုျမင္ျမင္ခ်င္းခ်စ္တာ"

"ဟင္...??"

ထယ္ေယာင္းရဲ႕စကားေၾကာင့္ ေၾကာင္ေပါက္ေလးအူေၾကာင္ေၾကာင္ျဖစ္သြားပံုရတယ္....။ ထယ္ေယာင္းေခါင္းေပၚက သူ႕လက္ေတြကိုလည္း မဖယ္ျဖစ္ပဲနဲ႔ အံ့ဩေတြေဝေနသလိုလိုပင္...။

"အစ္ကိုဗိုက္ဆာၿပီလား... တစ္ခုခုသြားစားမယ္ေလ... ထယ္ထယ္ဝယ္ေကြၽးပါ့မယ္"

"တကယ္လား... ဒါဆိုသြားၾကတာေပါ့"

ခုက်ေတာ့လည္း ခ်က္ခ်င္းကိုတက္ႂကြသြားလိုက္တယ္...။ ၾကားခဲ့သမွ်နဲ႔ တျခားစီမို႔ ထယ္ေယာင္းအံ့ဩမိေပမယ့္ ခုလိုပံုစံေလးက ပိုခ်စ္စရာမို႔ တစ္ဖက္မွာလည္း ဝမ္းသာေနရတယ္...။ ၾကည့္ရတာညစာအတူစားတဲ့ေန႔က အစြမ္းကုန္ဂရုစိုက္ေပးလိုက္တဲ့ အက်ဳိးေက်းဇူးေတြထင္ပါရဲ႕....။

သူတို႔ကတစ္ဖက္မွာသာယာေနသလို တစ္ဖက္မွာလည္း နာရီတၾကည့္ၾကည့္လုပ္ေနတဲ့ ဟိုေဆာ့ကို ဂ်ီမင္းမ်က္ေမွာင္က်ံဳ႕ကာ စိုက္ၾကည့္ေနမိတယ္...။

"ဟိုေဆာ့ကီ ဘာျဖစ္ေနတာလဲ.. နာရီပဲၾကည့္ေနတာပဲ... မိုခ်ီနဲ႔အတူေနရတာ စိတ္က်ဥ္းၾကပ္လို႔ျပန္ခ်င္ေနတာလား"

"အာ.. မဟုတ္ရပါဘူးမိုခ်ီရာ... ဒီအခ်ိန္ေတြဆို ယြန္းဂီေရာက္လာတတ္ၿပီး ကိုယ့္ကိုသူေန႔လည္စာစားတဲ့ေနာက္ လိုက္ခိုင္းေနက်ေလ... အခုေရာက္မလာလို႔"

"အိပ္ေပ်ာ္ေနတာေနမွာေပါ့ ဟိုေဆာ့ကီရယ္"

ဂ်ီမင္းေတြးေတြးဆဆေျပာလိုက္ေပမယ့္ ဟိုေဆာ့ကေတာ့ ေခါင္းခါျပတယ္...။

"မဟုတ္ဘူး.. သူဘယ္ေလာက္အိပ္ေပ်ာ္ေနေန ဗိုက္ဆာလာရင္ႏိုးလာေရာ... ဒီေန႔တကယ္ထူးဆန္းတာ... ထမင္းစားခ်ိန္ေတာင္ ေက်ာ္ေနၿပီကို"

"အဲ့ေလာက္ထိသူငယ္ခ်င္းကို စိတ္မခ်ျဖစ္ေနရင္လည္း လိုက္သြားလိုက္ပါေတာ့လား ဟိုေဆာ့ကီရယ္"

"ဟမ္... မ.. မလိုက္ပါဘူး... စိတ္မဆိုးပါနဲ႔မိုခ်ီေလးရယ္... ကိုယ္ကသူမလာတာကို ထူးဆန္းေနလို႔ပါ"

ခုမွပင္ဂ်ီမင္းစိတ္ေကာက္သြားမွန္းသိတာေၾကာင့္ ဟိုေဆာ့အသည္းအသန္ေခ်ာ့ရေတာ့တယ္....။ သူငယ္ခ်င္းနဲ႔ခ်စ္သူၾကား ၾကားညပ္ေပါင္းလည္းမ်ားၿပီမို႔ ဟိုေဆာ့အတတ္ႏိုင္ဆံုး ျပႆနာမျဖစ္ခ်င္ပါ...။ ဒါေၾကာင့္မို႔ ေၾကာင္ဆိုးကိုလည္း ေခါင္းထဲကေန ခဏထုတ္ထားလိုက္တယ္...။

"မိုခ်ီေလး ေက်ာင္းပိတ္ရက္က်ရင္ ဘယ္သြားခ်င္လဲဟင္... ကိုယ္လိုက္ပို႔ေပးမယ္ေလ"

"တကယ္လား... မိုခ်ီက႐ုပ္ရွင္သြားၾကည့္ခ်င္တာ"

"ေကာင္းသားပဲ... အတူတူသြားၾကတာေပါ့... ဒါနဲ႔ဟိုေလ ေၾကာင္ဆိုးပါလာလို႔အဆင္ေျပလား"

ကိုယ့္သူငယ္ခ်င္းအေၾကာင္း ကိုယ္အသိဆံုးမို႔ ႀကိဳေမးထားရျခင္းသာ...။ ကံေကာင္းတာက ကိုယ့္ခ်စ္သူေလးက စိတ္ေကာင္းရိွေနျခင္း...။

"သူလိုက္ခ်င္တယ္ဆိုလည္း ေခၚခဲ့ေပါ့"

၂ေယာက္သားစကားေတြထိုင္ေျပာေနၾကရင္း ထမင္းစားခ်ိန္ေက်ာ္သြားမွပဲ ဟိုေဆာ့လည္းဂ်ီမင္းကို သူ႕အတန္းဆီျပန္ပို႔လိုက္ၿပီး ကိုယ္တို္င္လည္းအတန္းဆီသို႔ ျပန္လာခဲ့လိုက္တယ္...။

ေၾကာင္ဆိုးေပ်ာက္ေနသျဖင့္ စိတ္ထဲေတာ့တမ်ဳိးျဖစ္မိသား...။ ဘယ္ေခ်ာင္မွာ ဗိုက္ေဟာင္းေလာင္းနဲ႔ အိပ္ေပ်ာ္ေနလဲမသိ...။ လိုက္ရွာၾကည့္ရင္ေကာင္းမလား...??

႐ုတ္တရတ္သူ႕ေရွ႕တည့္တည့္မွေလွ်ာက္လာတဲ့ ေကာင္ေလး၂ေယာက္ကိုေတြ႕ေတာ့ ဟိုေဆာ့အံ့ဩသြားရတယ္...။ ေၾကာင္ဆို္းနဲ႔ထယ္ေယာင္းပါလား...။ ၂ေယာက္လံုးမ်က္ႏွာေပၚမွာ အၿပံဳးကိုယ္စီနဲ႔ပါလား...။ အၿမဲလိုလိုစူပုတ္ပုတ္မ်က္ႏွာနဲ႔ ေၾကာင္ဆိုးက အခုေတာ့လည္း သူမဟုတ္တဲ့အတိုင္း...။

"ယြန္းဂီ.. မင္းေန႔လည္စာေရာစားၿပီးရဲ႕လား"

ေၾကာင္ဆိုးကိုေတြ႕တာနဲ႔ အေရးအႀကီးဆံုးအခ်က္ကို ဟိုေဆာ့ေမးလိုက္တယ္...။ ေတာ္ၾကာမစားရေသးလို႔ အတန္းမတက္ရပဲ သူ႕ကိုလိုက္ေကြၽးေနရဦးမယ္...။

"သတိရေသးတယ္ေပါ့ေလ... အလကား ေဆာ့ေဆာ့... ငါ့ကိုဖုန္းေလးဆက္ၿပီးေတာင္မေမးဘူး... ထယ္ထယ္သာေရာက္မလာရင္ ငါထမင္းငတ္မွာ"

ေျပာေျပာဆိုဆိုနဲ႔ သူ႕ေဘးကထယ္ေယာင္းလက္ကို လွမ္းခ်ိတ္လိုက္တဲ့ေၾကာင္စုတ္....။ ဟိုကလည္း မ်က္ႏွာႀကီးကိုၿဖီးေနတာပဲ...။ သူ႕ေျခလွမ္းေတြကိုသိေနတဲ့ ဟိုေဆာ့မွာေတာ့ ရင္တထိတ္ထိတ္နဲ႔ပင္...။ အခ်ိန္ခဏေလးနဲ႔ ေၾကာင္စုတ္ကိုဘယ္လိုမ်ား သိမ္းသြင္းလိုက္ပါလိမ့္...။

"ေအးပါ.. ငါမွားတာ... လာ အတန္းတက္ရမယ္... ထယ္ေယာင္းလည္း ျပန္ေတာ့ေနာ္... အတန္းထဲမွာ မိုခ်ီတစ္ေယာက္တည္း"

ပါးစပ္ကလည္းေျပာရင္း ေၾကာင္စုတ္ရဲ႕လက္ေမာင္းေသးေသးကို ဟိုေဆာ့ဆြဲယူလိုက္ကာ ထယ္ေယာင္းနဲ႔လူခ်င္းခြာပစ္လိုက္တယ္...။ ေၾကာင္စုတ္ကေတာ့ အေျခအေနကိုနားမလည္တာေၾကာင့္ အူေၾကာင္ေၾကာင္ရယ္ပါ...။ ထယ္ေယာင္းကေတာ့ အေၾကာင္းသိေနသူပီပီ ဟက္ခနဲတစ္ခ်က္ရယ္လိုက္တာကို ဟိုေဆာ့မ်က္လံုးေထာင့္ကေန လွမ္းျမင္လိုက္တယ္...။

ဒီေကာင္ေလးကို မေန႔တေန႔ကတင္ ဟိုေဆာ့ၾကည့္ရေသးတယ္...။ အခုေတာ့ ကိုယ့္သူငယ္ခ်င္းကို လာကစားေနတဲ့သူျဖစ္ေနတာေၾကာင့္ သိပ္အျမင္မၾကည္ေတာ့ပါ...။

"ဒါဆိုရင္လည္း သြားလိုက္ပါဦးမယ္ေနာ္"

ထယ္ေယာင္းကေတာ့ အငယ္ပီပီခြန္းတုန္႔ျပန္မေနပဲ ေခါင္းငံု႔ႏႈတ္ဆက္ရင္းသာ ျပန္သြားလိုက္ေတာ့တယ္...။ စိတ္ထဲ သိပ္မေက်နပ္ေပမယ့္လဲေပါ့...။ ၾကည့္ရတာကိုယ္တို႔ရဲ႕အခ်စ္ေရးမွာ ေဂ်ာင္ဟိုေဆာ့ဆိုတဲ့ တံတိုင္းႀကီးျခားေနပါလား ေၾကာင္ေပါက္ေလးေရ...။

"ယြန္းဂီ... ငါေျပာစရာရိွလို္႔"

ထံုးစံအတိုင္းညေနေက်ာင္းဆင္းရင္ ေၾကာင္စုတ္ကိုအရင္ဆံုး အိမ္ျပန္ပို႔ေနက်မို႔ ဟိုေဆာ့လိုက္ပို႔ေပးရင္း စကားစလိုက္တယ္...။ အိမ္ထဲဝင္လုဆဲဆဲ ေၾကာင္စုတ္ကလည္း ဟိုေဆာ့စကားေၾကာင့္ ေနာက္သို႔လွည့္ၾကည့္လာတယ္...။

"ဘာေျပာမလို႔လဲ ေဆာ့ေဆာ့"

တကယ္တမ္းက်ေတာ့ ဟိုေဆာ့ဘယ္ကေနစေျပာရမွန္း မသိေတာ့ေပ...။ ခင္လာတဲ့ေတာက္ေလွ်ာက္ ေၾကာင္စုတ္ကသာသူ႕ကို ဟိုဟာမလုပ္နဲ႔ ဒီဟာမလုပ္နဲ႔ဆိုၿပီး တားေနက်မဟုတ္လား...။

"မေျပာလည္းေနဟာ... ငါအထဲဝင္ေတာ့မယ္"

"ဟာ... ေနပါဦးယြန္းဂီရာ"

ဟိုေဆာ့ကမန္းကတန္းနဲ႔ ေၾကာင္စုတ္ရဲ႕လက္ကို လွမ္းဆြဲထားရတယ္...။ စိတ္ကလည္း လက္တဆစ္နဲ႔...။

"ငါမင္းကိုေျပာခ်င္တာက ထယ္ေယာင္းနဲ႔သိပ္မေပါင္းဖို႔... ဘာလို႔လဲဆိုေတာ့ အဲ့ေကာင္ေလးက မင္းအေပၚမ႐ိုးသားဘူး... ငါမိုခ်ီ႕ကိုေမးၿပီးၿပီ... သူ႕အေၾကာင္းေတြက ဘာမွေကာင္းတာမရိွဘူး... ႐ုပ္ေလးေခ်ာတာေလးတစ္ခုပဲ ရိွတာကို"

"ထယ္ထယ္ကခင္ဖို႔ေကာင္းပါတယ္... မ႐ိုးသားဘူးဆိုတာဘာလဲ... ငါ့ကိုမေကာင္းႀကံမလို႔လား"

ေသာက္က်ဳိးနည္း FA....  ဒီေလာက္ေျပာတာကိုေတာင္မွ သေဘာမေပါက္ဘူး...။ အဲဒါေၾကာင့္လည္း သူ႕ပထမဆံုးရည္းစားကို ထယ္ေယာင္းလိုလူလည္တစ္ေယာက္ မျဖစ္ေစခ်င္တာေပါ့...။

"မင္းကိုႀကိဳက္ေနတာလို႔ေျပာတာကြ... သူကိုယ္တိုင္မိုခ်ီ႕ကိုေျပာျပတာတဲ့... မင္းကိုႀကိဳက္ေနလို႔ အတင္းလိုက္ကပ္တာ... လံုးဝျပန္မႀကိဳက္နဲ႔ေနာ္ယြန္းဂီ... သူကရည္းစားတအားမ်ားတာ... မင္းေသခ်ာေပါက္ အသည္းကြဲလိမ့္မယ္"

ေကြ႕ဝိုက္ေျပာေနရင္ နားမလည္ေလာက္မယ့္အတူတူ ဟိုေဆာ့လည္း ဒဲ့ပဲေျပာခ်လိုက္တယ္...။ ထိုအခါ ေၾကာင္စုတ္မ်က္ႏွာက ရဲခနဲျဖစ္သြားသလိုပင္...။ ဘာလဲ ရွက္ေသြးျဖာသြားတာလား...။

"မင္ယြန္းဂီ... ငါေျပာေနတာၾကားလား...  နည္းနည္းပါးပါး ေသာက္ဖက္ေလးလည္း လုပ္ဦး"

"အင္းပါ.. ငါသိျပီ... မင္းလည္းျပန္ေတာ့.. တာ့တာ"

ေျပာေျပာဆိုဆိုနဲ႔အိမ္ထဲေျပးဝင္သြားတဲ့ေၾကာင္စုတ္...။ ဟိုေဆာ့လည္း သက္ျပင္းခ်ရင္းသာ သူ႕ကားရိွရာသို႔ ျပန္လွည့္လာလိုက္တယ္...။ သူငယ္ခ်င္းတစ္ေယာက္ရိွေပလို႔ပဲ ေနရာတကာစိတ္ပူေနရတယ္...။ ဒါကိုေၾကာင္စုတ္ကေတာ့ သိမယ္မထင္...။ ကိုယ့္ကိုအႏိူင္က်င့္ရရင္ေပ်ာ္ေနတဲ့ မရင့္က်က္ေသးတဲ့ေၾကာင္စုတ္ကို ေကာင္းေကာင္းမြန္မြန္လူနဲ႔သာ တြဲျဖစ္ေစခ်င္တာ ဟိုေဆာ့ရဲ႕ေစတနာပါ....။

ခပ္ေခ်ေခ်စ႐ိုက္ရိွတဲ့ေၾကာင္စုတ္လည္း ထယ္ေယာင္းကိုခင္႐ံုအဆင့္ကေန ထပ္မတက္ေလာက္ဘူးလို႔ပဲ ဟိုေဆာ့ထင္ပါတယ္...။ သတိလည္းေပးထားတာေၾကာင့္ နားေထာင္ေလာက္ပါရဲ႕...။

"ငါ့ကိုထယ္ေယာင္းက ႀကိဳက္ေနတာတဲ့လား"

အ႐ုပ္ေခါင္းအံုးေလးကို ရင္ခြင္မွာပိုက္ရင္း တခိြခိြရယ္ကာ အူျမဴးေနတဲ့ေၾကာင္စုတ္ကို ဟိုေဆာ့ျမင္ရင္ျဖင့္ ေဒါသေတြထြက္ကာ ေသြးေဆာင့္တက္သြားမလား မေျပာတတ္ေပ...။ သူငယ္ခ်င္းစကားကို အျပည့္အဝနားေထာင္တဲ့ ေၾကာင္စုတ္ေလးပါပဲ...။

ခုလည္း ေၾကာင္စုတ္ေလးဟာ ေခါင္းအံုးကိုပိုက္ကာ ေခ်ာေမာလြန္းတဲ့ ထယ္ေယာင္းရဲ႕မ်က္ႏွာကို စိတ္ကူးထဲမွာျပန္ျမင္ေယာင္ရင္း မ်က္ႏွာကၿပံဳးစိစိနဲ႔ပါ...။

ဘယ္သူထင္မွာလဲ... ထယ္ေယာင္းက ေၾကာင္ေပါက္ေရာဂါ ရသြားသလိုမ်ဳိး ေၾကာင္ေပါက္ေလးသည္လည္း ထယ္ထယ့္ေရာဂါတက္သြားတာကို....။

To Be Continued......






(Unicode)

"အဲဒီ်တော့ငါကကြောင်ပေါက်ကို လက်လျှော့ရမယ်ပေါ့"

ဂျီမင်းမသက်မသာနဲ့ခေါင်းညိတ်ပြလိုက်တယ်...။ ကိုယ့်အဖြစ်က ၂ယောက်ကြားညပ်နေပြီ...။ ကြောင်ဆိုးကိုရည်းစားရစေချင်သော်လည်း ကိုယ့်ချစ်သူက သဘောမတူဘူးဆိုတော့ ဘာမှမတတ်နိုင်...။ ပြီးတော့ ထယ်ယောင်းအကြောင်းလည်း သိနေတယ်...။ ချောချောလှလှမြင်ရင် တန်းကြိုက်လိုက်ပြီး ဘယ်လောက်မှမကြာပဲ ရိုးအီသွားတတ်တာကိုး...။ ကြောင်ဆိုးကိုအဲလိုသွားကစားရင် ကိုယ်နဲ့ဟိုဆော့ကီက အရင်ဆုံးပြဿနာတက်မှာ... မဖြစ်ဘူး.. မဖြစ်ဘူး...။

"မင်းလည်း ခဏတာသဘောကျတာနေမှာပါ.. ကြောင်ဆိုးကနည်းနည်းတော့ ချစ်စရာကောင်းတာကိုး... ပြီးရင်ရိုးသွားမယ့်အတူတူ ဇာတ်လမ်းစမနေပါနဲ့တော့"

"ဂျီမင်းရာ... မင်းကငါ့ကိုအထင်သေးတာပဲ... ငါသူ့ကိုတကယ်ချစ်သွားတာကွ... ဘယ်သူ့ကိုမှမချစ်ဖူးတဲ့ အချစ်မျိုးနဲ့"

ဖီးလ်အပြည့်နဲ့ပြောနေတဲ့ထယ်ယောင်းကို ဂျီမင်းစုတ်တသပ်သပ်နဲ့သာ ငေးကြည့်နေမိတယ်...။ အရင်ရည်းစားတွေတုန်းကလည်း သူအဲလိုပဲပြောဖူးတာပဲ...။ ပြောပြန်ရင်လည်း ကိုယ့်အလွန်...။

"မယုံဘူးလား... ငါအတည်ပြောနေတာ.. ငါ့ကိုကူညီပါဂျီမင်းရာ.. အစ်ကိုဟိုဆော့ကို ဝိုင်းဖျောင့်ဖြပေးပါနော်"

"အာ.. ငါ့ကိုဆွဲမထည့်နဲ့... မင်းဘာသာလုပ်ချင်တာလုပ်... ငါနဲ့မဆိုင်ဘူး"

ဂျီမင်းအသည်းအသန်ငြင်းလိုက်ရတယ်...။ ကြား၃ကြားမဝင်ကောင်းမှန်းသိတယ်... ပြီးတော့အမွှေစိန်ထယ်ယောင်းအကြောင်း ပိုတောင်သိသေးတယ်...။ ဒါကြောင့်ခုကတည်းက ဝေးဝေးရှောင်နေမှ...။

"နေကွာ... ငါနဲ့ကြောင်ပေါက်ရည်းစားဖြစ်မှ မင်းတို့အတွဲကြား ဝင်ကိုနှောက်ဦးမယ်"

ဂျီမင်းပခုံးသာတွန့်ပြလိုက်တယ်...။ သူလား ကြောင်ဆိုးနဲ့တွဲဖြစ်မှာ... ဟိုကချေလိုက်တာမှ... ပြီးတော့ရည်းစားလည်း ထားမယ့်ပုံမပေါ်... ကင်မ်ထယ်ယောင်းကြီး ဟက်ကော့ဖြစ်ပြီးပြန်လာမှာ မြင်ယောင်ပါသေးတယ်...။

"ဂျီမင်း... မင်းမပျင်းဘူးလား... ငါကတော့ အတန်းမတက်ချင်တော့ဘူး... အတူတူလစ်ရအောင်"

"မလိုက်ဘူး... ကိုယ့်ဘာသာလစ်...  ခဏနေရင်ဟိုဆော့ကီ ငါ့ကိုလာခေါ်မှာ"

"တကယ်လား... အဲဒါဆိုကြောင်ပေါက်တစ်ယောက်တည်း ကျန်နေခဲ့မှာပေါ့နော်... ဒါငါ့အတွက်အခွင့်အရေးပဲ"

မေးစေ့ကိုလက်နဲ့ပွတ်ရင်းပြောနေတဲ့ ထယ်ယောင်းကို ဂျီမင်းစိတ်ပျက်လက်ပျက်သာ လှမ်းကြည့်လိုက်တယ်...။ သူ့ဘာသာလုပ်ချင်ရာသာ လုပ်ပါစေတော့... ကိုယ့်ဆွဲမထည့်ရင်ပြီးတာပဲ...။ ခုလည်း တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ကြောင်ပေါက်ရှာပုံတော် ဖွင့်ဦးမယ်တဲ့လေ...။ သူ့ကြောင်ပေါက်ကဖြင့် သူ့ထက်တောင်အတန်းတက်ရမှာပျင်းပြီး ချောင်တစ်ချောင်မှာသာ အိပ်နေတတ်ကြောင်းကိုတော့ ဂျီမင်းပြောပြမနေတော့...။ သူ့ဘာသာ တစ်ကျောင်းလုံးအနှံ့ ရှာပစေတော့...။ ရှာမတွေ့တော့မှ အလိုလိုစိတ်ကုန်ပြီး လက်လျှော့သွားမှာ....။

ထယ်ယောင်းထွက်သွားပြီးတော့မှ ဂျီမင်းလည်း နောက်အချိန်မှာသင်မယ့်စာအုပ်တွေကို ကြိုတင်ထုတ်ထားလိုက်တယ်...။ ပြောလို့တော့မရ... သူလည်း ဟိုဆော့ကီစောစောလာခေါ်ရင် အတန်းမတက်တော့ပဲ သူနဲ့အတူလိုက်သွားတော့မှာ...။

တက်ကြွတဲ့ခြေလှမ်းတွေနဲ့ အတန်းထဲကနေထွက်သွားတဲ့ထယ်ယောင်း ရုတ်တရတ်တစုံတခုကို စဉ်းစားမိသည်နှင့် ခြေလှမ်းတွေကရပ်တန့်သွားရတယ်...။

"ဟာ.. သေလိုက်ပါတော့လား... သူတို့ကဘာမေဂျာ တက်နေတာလဲဆိုတာ ငါမမေးခဲ့လိုက်မိဘူး"

ဒီပုံစံအတိုင်းဆိုကျောင်းတစ်ကျောင်းလုံး လျှောက်ပတ်ပြီး ကြောင်ပေါက်ကိုရှာပုံတော် ဖွင့်ရတော့မှာလား...?? ဒါမှမဟုတ် တစ်ယောက်ယောက်ကိုမေးကြည့်ရင်ရော...?? သူတို့ကပေါ်ပြူလာဖြစ်တဲ့ ကျောင်းသားတွေမဟုတ်ရင် လူတိုင်းသိဖို့ကမလွယ်...။ အသေချာဆုံးကတော့ ဂျီမင်းကိုဖုန်းဆက်မေးရန်သာ...။ အတွေးနဲ့အတူ ထယ်ယောင်းသူ့ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ယူဖို့ပြင်စဉ်မှာပင်... 

"ဟိုကျောင်းသား... ခဏလောက်လာပါဦး..  ဆရာမကို တစ်ခုလောက်ကူညီပေးပါလား"

ရှေ့နားကအခန်းတစ်ခုမှ ထွက်လာတဲ့ဆရာမက ထယ်ယောင်းကိုမြင်တာနဲ့လှမ်းခေါ်တယ်...။ ထယ်ယောင်းလည်း ဖုန်းကိုပြန်ထည့်ရင်း ဆရာမနားသို့ အူကြောင်ကြောင်လေးနဲ့ လျှောက်သွားလိုက်တယ်....။ ကိုယ်ကအမွှေစိန်ဆိုပေမယ့် ဆရာဆရာမတွေကိုတော့ ရိုသေတတ်သေးသူမလား...။

"ဒီစာအုပ်လေးတွေကို စာကြည့်တိုက်ပြန်ပို့ပေးပါလား... ဆရာမအွန်ဟီးပေးလိုက်တာလို့ ပြောပေးပါနော်... သိတယ်မလား.. ကျောင်းစာကြည့်တိုက်ရှိတဲ့နေရာကို"

"ဟုတ်ကဲ့...သိပါတယ်"

"အေး.. အေး.. ကျေးဇူးပါကွယ်...  ဆရာမ စာသွားသင်စရာရှိလို့"

စာလုပ်တဲ့ကျောင်းသားမဟုတ်တာကြောင့် စာကြည့်တိုက်ကိုမသွားဖြစ်ပေမယ့် တစ်ကျောင်းလုံးပတ်ကြည့်ဖူးသူမို့ ဘယ်နားမှာရှိလဲဆိုတာတော့ ထယ်ယောင်းသိတယ်...။ စာအုပ်တွေကလည်း သိပ်မလေးတာကြောင့် တလက်စတည်းကူညီပေးလို့ရပါတယ်...။ ပြီးတော့မှ ဂျီမင်းကိုမေးလည်း နောက်မကျပါဘူး...။

ဒီလိုနဲ့ ထယ်ယောင်းရဲ့ခြေလှမ်းတွေ စာကြည့်တိုက်ဆီသို့သာ ဦးတည်သွားတော့တယ်...။ လမ်းတလျှောက်မှာလည်း သူ့ရဲ့ရူပါဖြောင့်ဖြောင့်ကြောင့် လည်ပြန်ကြည့်ကြတဲ့ ကောင်မလေးတွေကအများသား...။ အရင်လိုဆို ထယ်ယောင်းကျူမိလောက်ပေမယ့် အခုတော့ ကြောင်ပေါက်ရောဂါတက်နေတာကြောင့် ဘယ်မိန်းကလေးကိုမှ ရှိတယ်လို့မမှတ်တော့ပေ...။

"ဆရာမ... ဒီစာအုပ်တွေက ဆရာမအွန်ဟီးပေးလိုက်တာ"

စာကြည့်တိုက်စောင့်တဲ့ဆရာမက သူ့ပါဝါထူထူမျက်မှန်ကို တစ်ချက်ပင့်တင်ကာ စာအုပ်တွေကိုတလှည့် ထယ်ယောင်းကိုတစ်လှည့် ကြည့်နေတယ်....။ နောက်တော့မှ ခေါင်းညိတ်ပြလိုက်တာကြောင့် ထယ်ယောင်းလည်း ဝမ်းသာအားရနဲ့ ပြန်ဖို့ပြင်တယ်...။ သူ့အလုပ်ပြီးပြီကိုး...။

"ဟေ့..ဟိုကလေး.. ခဏလေးနေပါဦး..  ဆရာမကို ကူညီလက်စနဲ့ ဒီစာအုပ်လေးတွေကို တခါတည်းပြန်စီပေးပါလား... သမိုင်းစာအုပ်တွေထားတဲ့အတန်းမှာ သူ့နာမည်အစဉ်လိုက်အတိုင်းလေး စီပေးပါနော်... ဆရာမဒီမှာ စာအုပ်အသစ်တွေ စာရင်းသွင်းနေလို့"

ကင်မ်ထယ်ယောင်းတစ်ယောက် ဒီနေ့မျက်နှာပေါ်မှာ ကူညီပါရစေဆိုတဲ့စာတန်းများ ကပ်ထားမိသလားရယ်လို့ သူ့ကိုယ်သူပင် ဇဝေဇဝါဖြစ်မိတယ်...။ အရမ်းအပန်းကြီးတဲ့အလုပ်လည်း မဟုတ်တာကြောင့် ခေါင်းညိတ်ရုံမှတပါး မတတ်နိုင်တော့ပေ....။

စာအုပ်တန်းတွေကြား လျှောက်သွားမိတော့ ရရှိလာတဲ့စာအုပ်အနံ့လေးက တမျိုးလေးတော့ပျော်ဖို့ကောင်းသား...။ ငယ်ငယ်က ဆိုင်တွေမှာကာတွန်းစာအုပ် သွားငှားဖတ်ခဲ့ဖူးတာတွေကိုတောင် သတိရမိတယ်...။ စာအုပ်တွေရဲ့နာမည်အစ စာလုံးအလိုက် သူ့နေရာနဲ့သူ ပြန်ထားလိုက်ပြီးနောက်တော့ ထယ်ယောင်းလဲ ဝမ်းသာအားရနဲ့ပြန်ဖို့ပြင်တယ်...။

သို့သော်သူ့အာရုံထဲကိုဝင်လာတာက စာအုပ်စင်တွေကြားမှာထိုးထွက်နေတဲ့ တစုံတယောက်ရဲ့ ခြေထောက်၂ချောင်း...။ အဟက်... စာကြည့်တိုက်ထဲလည်း လာအိပ်တဲ့သူရှိတာပဲလား... ဟုတ်မှာပေါ့.. ဒီမှာက တိတ်တိတ်ဆိတ်ဆိတ် စာဖတ်နေတဲ့သူ အနည်းအကျဉ်းပဲ ရှိတာဆိုတော့လေ...။

စပ်စုချင်တဲ့စိတ်ကြောင့် ထယ်ယောင်းလည်း ထိုခြေထောက်တွေကိုခွကျော်ပြီး တစ်ဖက်စာအုပ်စင်ကိုမှီကာ အိပ်နေတဲ့သူကို ရှေ့သို့တိုးကြည့်လိုက်တယ်...။

"ဟင်....!!!!"

သူများအကျိုးဆောင်.. ကိုယ့်အကျိုးအောင်ဆိုတာ တကယ်ပဲလား...?? အခုသူမြင်လိုက်တဲ့လူက သူသိပ်တွေ့ချင်နေတဲ့ ကြောင်ပေါက်ပဲမဟုတ်ပါလား...။

စာအုပ်စင်ကိုပါးအပ်ကာ ပါးစပ်အဟောင်းသားလေးနဲ့ အိပ်ပျော်နေရှာတဲ့ကြောင်ပေါက်...။ အပြင်ကနေကြည့်ရင်တော့ စာအုပ်စင်ကိုမှီပြီး စာဖတ်နေသလိုလိုပေါ့...။ ချစ်ဖို့ကောင်းလိုက်တာကွာ...။

ထယ်ယောင်းသူ့အိတ်ထဲကဖုန်းကိုထုတ်ကာ အိပ်ပျော်နေတဲ့ ကြောင်ပေါက်လေးပုံကို ဓာတ်ပုံရိုက်ယူလိုက်တယ်...။ ရှုထောင့်အမျိုးမျိုးကနေရိုက်တာကြောင့် ဖုန်းထဲမှာကြောင်ပေါက်ပုံ တော်တော်များများ နေရာယူသွားလေပြီ...။ ပြီးတော့မှသူ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ရင်း သူ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေလိုက်မိတယ်....။

တဒိတ်ဒိတ်အခုန်မြန်လာတဲ့ရင်ခုန်သံကြောင့် ထယ်ယောင်းပြုံးလိုက်မိတယ်...။ ရည်းစားများခဲ့ပေမယ့်လည်း ဘယ်တစ်ယောက်ကိုမှ ရင်မခုန်ခဲ့ဖူးတာအမှန်ပင်...။ သဘောကျတယ်ဆိုရင် တွဲပလိုက်တာပဲလေ...။ ကြောင်ပေါက်နဲ့ကျတော့ ဘယ်သူနဲ့မှမခံစားရဖူးတဲ့ ရင်ခုန်ကြည်နူးခြင်းဆိုတာကို ခံစားနေရတယ်...။ ဒီတစ်ခါနဲ့မှ၃ခေါက်သာ တွေ့ခဲ့ဖူးပေမယ့် အနှစ်နှစ်အလလက ရင်းနှီးခဲ့ကြသလိုမျိုး ခံစားမိတယ်...။ အနှစ်ချုပ်ပြောရရင် သူကြောင်ပေါက်ကိုချစ်တယ်...။

"အင်း.. ဟင်း...!!!"

ဟော... ကြောင်ပေါက်လေးညည်းညူရင်း မျက်နှာလေးရှုံ့မဲ့မဲ့နဲ့ ပါးကိုကုတ်နေပြန်တယ်...။ ပါးနုနုလေးကို လက်သည်းရာတွေကျန်ခဲ့မှာစိုးတာကြောင့် ထယ်ယောင်းသတိလက်လွတ်နဲ့ သူ့လက်လေးကိုဖမ်းဆွဲလိုက်မိတယ်....။

သူ့လက်ကို တစ်ယောက်ယောက်က လာဆွဲတာကြောင့် အိပ်ချင်မူးတူးကြောင်ပေါက်လေးရဲ့ မျက်ဝန်းတွေက ဖျတ်ခနဲပွင့်လာခဲ့တယ်...။ သူ့ရှေ့တည့်တည့်မှာထိုင်နေတဲ့ ထယ်ယောင်းကိုမြင်တော့ စစချင်းကတော့ မမှတ်မိသလိုပင်...။ ပြီးတော့မှ သတိရသွားသလိုနဲ့...

"အာ... ဟိုတစ်ယောက်မလား...  မွေးနေ့ဆိုပြီး ညစာဝယ်ကျွေးတာလေ"

ကြည့်ရတာနာမည်တော့မှတ်မိပုံမရ...။ ကိစ္စမရှိပါဘူးလေ...။ စကားမရှိစကားရှာပြောချင်တဲ့ ထယ်ယောင်းရဲ့ဂွင်ဖြစ်သွားတာပေါ့...။

"ဟုတ်ကဲ့...ကင်မ်ထယ်ယောင်းပါ... အစ်ကို့ကို ကျွန်တော်သတိရနေတာ"

ကြောင်ပေါက်လေးရဲ့မျက်ခုံးတွေ တွန့်ကွေးသွားပြီး တစုံတခုကိုစဉ်းစားနေသလိုပင်...။

"သတိရနေတာ...?? ဧကန္တငါ့ကို မုန့်ပြန်ဝယ်ကျွေးခိုင်းမလို့လား...?? ငါ့မှာပိုက်ဆံမရှိဘူးနော်... အဲဒီ်တုန်းကလည်း မင်းအတင်းကျွေးလို့သာ အားနာပါးနာနဲ့လိုက်စားရတာ"

စူပုတ်ပုတ်လေးနဲ့ပြန်ပြောနေတဲ့ ကြောင်ပေါက်လေးကို ထယ်ယောင်း အသည်းယားပြီးရင်း ယားနေမိတယ်...။ စိတ်ရှိလက်ရှိဆွဲမွလိုက်ရ မကောင်းပဲဖြစ်တော့မယ်...။

"အာ.. မဟုတ်တာပဲ... အစ်ကိုစားချင်ရင် ထယ်ထယ်ကတောင် ဝယ်ကျွေးမှာပါ"

"ထယ်ထယ်...??"

ရုတ်တရတ်ဝမ်းသာလွန်းအားကြီးပြီး ကိုယ့်ကိုကိုယ်တောင် ဘယ်လိုတွေသုံးနှုန်းမိသွားလဲမသိ...။ တကယ်တမ်းက အိမ်ကမိဘတွေဆီကပ်ချွဲရင်သာ အဲလိုသုံးနေကျကို...။ သူငယ်ချင်းအချင်းချင်းတောင် မင်းငါနဲ့ပြောတတ်တာ...။

"အာ.. ဆောရီး.. အိမ်မှာပြောနေကျ အကျင့်ပါသွားလို့"

"ဟင့်အင်း.. အဲလိုလေးကခေါ်လို့ကောင်းတယ်... ငါမင်းကို ထယ်ထယ်လို့ခေါ်လို့ရမလား"

ကင်မ်ထယ်ယောင်းတို့ရင်ထဲ ပန်းခင်းကြီးကိုဖြစ်နေပါပြီ...။ ချက်ချင်းကိုဝမ်းသာအားရနဲ့ ခေါင်းတွေစွတ်ညိတ်ပြလိုက်မိတယ်...။ ထိုအခါစူပုတ်ပုတ်ကြောင်ပေါက်လေးက ချစ်စဖွယ်ကောင်းအောင် ပြုံးလာပြန်တယ်...။ Aigoo ချစ်စရာလေး... သွားပိစိလေးတွေနဲ့...။ ကင်မ်ထယ်ယောင်းတော့ အသက်ပျောက်ပြီထင်တယ်...။

"ထယ်ထယ်က ချစ်စရာလေးပဲ"

ဟောဗျာ...ကြောင်ပေါက်လေးက ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းရဲ့ခေါင်းကိုပွတ်ပေးနေတယ်...။ ထယ်ယောင်းနေရာမှာတင် ငုတ်တုတ်မေ့ချင်နေပြီ...။ ဂျီမင်းပြောတော့ ကြောင်ပေါက်ကချေတယ်ဆို...။ အခုကျတော့ တခြားစီပါလား...။

"အစ်ကိုကလည်း အရမ်းချစ်ဖို့ကောင်းတာ... ထယ်ထယ်ကလေ အစ်ကို့ကိုမြင်မြင်ချင်းချစ်တာ"

"ဟင်...??"

ထယ်ယောင်းရဲ့စကားကြောင့် ကြောင်ပေါက်လေးအူကြောင်ကြောင်ဖြစ်သွားပုံရတယ်....။ ထယ်ယောင်းခေါင်းပေါ်က သူ့လက်တွေကိုလည်း မဖယ်ဖြစ်ပဲနဲ့ အံ့ဩတွေဝေနေသလိုလိုပင်...။

"အစ်ကိုဗိုက်ဆာပြီလား... တစ်ခုခုသွားစားမယ်လေ... ထယ်ထယ်ဝယ်ကျွေးပါ့မယ်"

"တကယ်လား... ဒါဆိုသွားကြတာပေါ့"

ခုကျတော့လည်း ချက်ချင်းကိုတက်ကြွသွားလိုက်တယ်...။ ကြားခဲ့သမျှနဲ့ တခြားစီမို့ ထယ်ယောင်းအံ့ဩမိပေမယ့် ခုလိုပုံစံလေးက ပိုချစ်စရာမို့ တစ်ဖက်မှာလည်း ဝမ်းသာနေရတယ်...။ ကြည့်ရတာညစာအတူစားတဲ့နေ့က အစွမ်းကုန်ဂရုစိုက်ပေးလိုက်တဲ့ အကျိုးကျေးဇူးတွေထင်ပါရဲ့....။

သူတို့ကတစ်ဖက်မှာသာယာနေသလို တစ်ဖက်မှာလည်း နာရီတကြည့်ကြည့်လုပ်နေတဲ့ ဟိုဆော့ကို ဂျီမင်းမျက်မှောင်ကျုံ့ကာ စိုက်ကြည့်နေမိတယ်...။

"ဟိုဆော့ကီ ဘာဖြစ်နေတာလဲ.. နာရီပဲကြည့်နေတာပဲ... မိုချီနဲ့အတူနေရတာ စိတ်ကျဉ်းကြပ်လို့ပြန်ချင်နေတာလား"

"အာ.. မဟုတ်ရပါဘူးမိုချီရာ... ဒီအချိန်တွေဆို ယွန်းဂီရောက်လာတတ်ပြီး ကိုယ့်ကိုသူနေ့လည်စာစားတဲ့နောက် လိုက်ခိုင်းနေကျလေ... အခုရောက်မလာလို့"

"အိပ်ပျော်နေတာနေမှာပေါ့ ဟိုဆော့ကီရယ်"

ဂျီမင်းတွေးတွေးဆဆပြောလိုက်ပေမယ့် ဟိုဆော့ကတော့ ခေါင်းခါပြတယ်...။

"မဟုတ်ဘူး.. သူဘယ်လောက်အိပ်ပျော်နေနေ ဗိုက်ဆာလာရင်နိုးလာရော... ဒီနေ့တကယ်ထူးဆန်းတာ... ထမင်းစားချိန်တောင် ကျော်နေပြီကို"

"အဲ့လောက်ထိသူငယ်ချင်းကို စိတ်မချဖြစ်နေရင်လည်း လိုက်သွားလိုက်ပါတော့လား ဟိုဆော့ကီရယ်"

"ဟမ်... မ.. မလိုက်ပါဘူး... စိတ်မဆိုးပါနဲ့မိုချီလေးရယ်... ကိုယ်ကသူမလာတာကို ထူးဆန်းနေလို့ပါ"

ခုမှပင်ဂျီမင်းစိတ်ကောက်သွားမှန်းသိတာကြောင့် ဟိုဆော့အသည်းအသန်ချော့ရတော့တယ်....။ သူငယ်ချင်းနဲ့ချစ်သူကြား ကြားညပ်ပေါင်းလည်းများပြီမို့ ဟိုဆော့အတတ်နိုင်ဆုံး ပြဿနာမဖြစ်ချင်ပါ...။ ဒါကြောင့်မို့ ကြောင်ဆိုးကိုလည်း ခေါင်းထဲကနေ ခဏထုတ်ထားလိုက်တယ်...။

"မိုချီလေး ကျောင်းပိတ်ရက်ကျရင် ဘယ်သွားချင်လဲဟင်... ကိုယ်လိုက်ပို့ပေးမယ်လေ"

"တကယ်လား... မိုချီကရုပ်ရှင်သွားကြည့်ချင်တာ"

"ကောင်းသားပဲ... အတူတူသွားကြတာပေါ့... ဒါနဲ့ဟိုလေ ကြောင်ဆိုးပါလာလို့အဆင်ပြေလား"

ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်အသိဆုံးမို့ ကြိုမေးထားရခြင်းသာ...။ ကံကောင်းတာက ကိုယ့်ချစ်သူလေးက စိတ်ကောင်းရှိနေခြင်း...။

"သူလိုက်ချင်တယ်ဆိုလည်း ခေါ်ခဲ့ပေါ့"

၂ယောက်သားစကားတွေထိုင်ပြောနေကြရင်း ထမင်းစားချိန်ကျော်သွားမှပဲ ဟိုဆော့လည်းဂျီမင်းကို သူ့အတန်းဆီပြန်ပို့လိုက်ပြီး ကိုယ်တိုင်လည်းအတန်းဆီသို့ ပြန်လာခဲ့လိုက်တယ်...။

ကြောင်ဆိုးပျောက်နေသဖြင့် စိတ်ထဲတော့တမျိုးဖြစ်မိသား...။ ဘယ်ချောင်မှာ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ပျော်နေလဲမသိ...။ လိုက်ရှာကြည့်ရင်ကောင်းမလား...??

ရုတ်တရတ်သူ့ရှေ့တည့်တည့်မှလျှောက်လာတဲ့ ကောင်လေး၂ယောက်ကိုတွေ့တော့ ဟိုဆော့အံ့ဩသွားရတယ်...။ ကြောင်ဆိုးနဲ့ထယ်ယောင်းပါလား...။ ၂ယောက်လုံးမျက်နှာပေါ်မှာ အပြုံးကိုယ်စီနဲ့ပါလား...။ အမြဲလိုလိုစူပုတ်ပုတ်မျက်နှာနဲ့ ကြောင်ဆိုးက အခုတော့လည်း သူမဟုတ်တဲ့အတိုင်း...။

"ယွန်းဂီ.. မင်းနေ့လည်စာရောစားပြီးရဲ့လား"

ကြောင်ဆိုးကိုတွေ့တာနဲ့ အရေးအကြီးဆုံးအချက်ကို ဟိုဆော့မေးလိုက်တယ်...။ တော်ကြာမစားရသေးလို့ အတန်းမတက်ရပဲ သူ့ကိုလိုက်ကျွေးနေရဦးမယ်...။

"သတိရသေးတယ်ပေါ့လေ... အလကား ဆော့ဆော့... ငါ့ကိုဖုန်းလေးဆက်ပြီးတောင်မမေးဘူး... ထယ်ထယ်သာရောက်မလာရင် ငါထမင်းငတ်မှာ"

ပြောပြောဆိုဆိုနဲ့ သူ့ဘေးကထယ်ယောင်းလက်ကို လှမ်းချိတ်လိုက်တဲ့ကြောင်စုတ်....။ ဟိုကလည်း မျက်နှာကြီးကိုဖြီးနေတာပဲ...။ သူ့ခြေလှမ်းတွေကိုသိနေတဲ့ ဟိုဆော့မှာတော့ ရင်တထိတ်ထိတ်နဲ့ပင်...။ အချိန်ခဏလေးနဲ့ ကြောင်စုတ်ကိုဘယ်လိုများ သိမ်းသွင်းလိုက်ပါလိမ့်...။

"အေးပါ.. ငါမှားတာ... လာ အတန်းတက်ရမယ်... ထယ်ယောင်းလည်း ပြန်တော့နော်... အတန်းထဲမှာ မိုချီတစ်ယောက်တည်း"

ပါးစပ်ကလည်းပြောရင်း ကြောင်စုတ်ရဲ့လက်မောင်းသေးသေးကို ဟိုဆော့ဆွဲယူလိုက်ကာ ထယ်ယောင်းနဲ့လူချင်းခွာပစ်လိုက်တယ်...။ ကြောင်စုတ်ကတော့ အခြေအနေကိုနားမလည်တာကြောင့် အူကြောင်ကြောင်ရယ်ပါ...။ ထယ်ယောင်းကတော့ အကြောင်းသိနေသူပီပီ ဟက်ခနဲတစ်ချက်ရယ်လိုက်တာကို ဟိုဆော့မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်တယ်...။

ဒီကောင်လေးကို မနေ့တနေ့ကတင် ဟိုဆော့ကြည့်ရသေးတယ်...။ အခုတော့ ကိုယ့်သူငယ်ချင်းကို လာကစားနေတဲ့သူဖြစ်နေတာကြောင့် သိပ်အမြင်မကြည်တော့ပါ...။

"ဒါဆိုရင်လည်း သွားလိုက်ပါဦးမယ်နော်"

ထယ်ယောင်းကတော့ အငယ်ပီပီခွန်းတုန့်ပြန်မနေပဲ ခေါင်းငုံ့နှုတ်ဆက်ရင်းသာ ပြန်သွားလိုက်တော့တယ်...။ စိတ်ထဲ သိပ်မကျေနပ်ပေမယ့်လဲပေါ့...။ ကြည့်ရတာကိုယ်တို့ရဲ့အချစ်ရေးမှာ ဂျောင်ဟိုဆော့ဆိုတဲ့ တံတိုင်းကြီးခြားနေပါလား ကြောင်ပေါက်လေးရေ...။

"ယွန်းဂီ... ငါပြောစရာရှိလို့်"

ထုံးစံအတိုင်းညနေကျောင်းဆင်းရင် ကြောင်စုတ်ကိုအရင်ဆုံး အိမ်ပြန်ပို့နေကျမို့ ဟိုဆော့လိုက်ပို့ပေးရင်း စကားစလိုက်တယ်...။ အိမ်ထဲဝင်လုဆဲဆဲ ကြောင်စုတ်ကလည်း ဟိုဆော့စကားကြောင့် နောက်သို့လှည့်ကြည့်လာတယ်...။

"ဘာပြောမလို့လဲ ဆော့ဆော့"

တကယ်တမ်းကျတော့ ဟိုဆော့ဘယ်ကနေစပြောရမှန်း မသိတော့ပေ...။ ခင်လာတဲ့တောက်လျှောက် ကြောင်စုတ်ကသာသူ့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး တားနေကျမဟုတ်လား...။

"မပြောလည်းနေဟာ... ငါအထဲဝင်တော့မယ်"

"ဟာ... နေပါဦးယွန်းဂီရာ"

ဟိုဆော့ကမန်းကတန်းနဲ့ ကြောင်စုတ်ရဲ့လက်ကို လှမ်းဆွဲထားရတယ်...။ စိတ်ကလည်း လက်တဆစ်နဲ့...။

"ငါမင်းကိုပြောချင်တာက ထယ်ယောင်းနဲ့သိပ်မပေါင်းဖို့... ဘာလို့လဲဆိုတော့ အဲ့ကောင်လေးက မင်းအပေါ်မရိုးသားဘူး... ငါမိုချီ့ကိုမေးပြီးပြီ... သူ့အကြောင်းတွေက ဘာမှကောင်းတာမရှိဘူး... ရုပ်လေးချောတာလေးတစ်ခုပဲ ရှိတာကို"

"ထယ်ထယ်ကခင်ဖို့ကောင်းပါတယ်... မရိုးသားဘူးဆိုတာဘာလဲ... ငါ့ကိုမကောင်းကြံမလို့လား"

သောက်ကျိုးနည်း FA....  ဒီလောက်ပြောတာကိုတောင်မှ သဘောမပေါက်ဘူး...။ အဲဒါကြောင့်လည်း သူ့ပထမဆုံးရည်းစားကို ထယ်ယောင်းလိုလူလည်တစ်ယောက် မဖြစ်စေချင်တာပေါ့...။

"မင်းကိုကြိုက်နေတာလို့ပြောတာကွ... သူကိုယ်တိုင်မိုချီ့ကိုပြောပြတာတဲ့... မင်းကိုကြိုက်နေလို့ အတင်းလိုက်ကပ်တာ... လုံးဝပြန်မကြိုက်နဲ့နော်ယွန်းဂီ... သူကရည်းစားတအားများတာ... မင်းသေချာပေါက် အသည်းကွဲလိမ့်မယ်"

ကွေ့ဝိုက်ပြောနေရင် နားမလည်လောက်မယ့်အတူတူ ဟိုဆော့လည်း ဒဲ့ပဲပြောချလိုက်တယ်...။ ထိုအခါ ကြောင်စုတ်မျက်နှာက ရဲခနဲဖြစ်သွားသလိုပင်...။ ဘာလဲ ရှက်သွေးဖြာသွားတာလား...။

"မင်ယွန်းဂီ... ငါပြောနေတာကြားလား...  နည်းနည်းပါးပါး သောက်ဖက်လေးလည်း လုပ်ဦး"

"အင်းပါ.. ငါသိပြီ... မင်းလည်းပြန်တော့.. တာ့တာ"

ပြောပြောဆိုဆိုနဲ့အိမ်ထဲပြေးဝင်သွားတဲ့ကြောင်စုတ်...။ ဟိုဆော့လည်း သက်ပြင်းချရင်းသာ သူ့ကားရှိရာသို့ ပြန်လှည့်လာလိုက်တယ်...။ သူငယ်ချင်းတစ်ယောက်ရှိပေလို့ပဲ နေရာတကာစိတ်ပူနေရတယ်...။ ဒါကိုကြောင်စုတ်ကတော့ သိမယ်မထင်...။ ကိုယ့်ကိုအနိူင်ကျင့်ရရင်ပျော်နေတဲ့ မရင့်ကျက်သေးတဲ့ကြောင်စုတ်ကို ကောင်းကောင်းမွန်မွန်လူနဲ့သာ တွဲဖြစ်စေချင်တာ ဟိုဆော့ရဲ့စေတနာပါ....။

ခပ်ချေချေစရိုက်ရှိတဲ့ကြောင်စုတ်လည်း ထယ်ယောင်းကိုခင်ရုံအဆင့်ကနေ ထပ်မတက်လောက်ဘူးလို့ပဲ ဟိုဆော့ထင်ပါတယ်...။ သတိလည်းပေးထားတာကြောင့် နားထောင်လောက်ပါရဲ့...။

"ငါ့ကိုထယ်ယောင်းက ကြိုက်နေတာတဲ့လား"

အရုပ်ခေါင်းအုံးလေးကို ရင်ခွင်မှာပိုက်ရင်း တခွိခွိရယ်ကာ အူမြူးနေတဲ့ကြောင်စုတ်ကို ဟိုဆော့မြင်ရင်ဖြင့် ဒေါသတွေထွက်ကာ သွေးဆောင့်တက်သွားမလား မပြောတတ်ပေ...။ သူငယ်ချင်းစကားကို အပြည့်အဝနားထောင်တဲ့ ကြောင်စုတ်လေးပါပဲ...။

ခုလည်း ကြောင်စုတ်လေးဟာ ခေါင်းအုံးကိုပိုက်ကာ ချောမောလွန်းတဲ့ ထယ်ယောင်းရဲ့မျက်နှာကို စိတ်ကူးထဲမှာပြန်မြင်ယောင်ရင်း မျက်နှာကပြုံးစိစိနဲ့ပါ...။

ဘယ်သူထင်မှာလဲ... ထယ်ယောင်းက ကြောင်ပေါက်ရောဂါ ရသွားသလိုမျိုး ကြောင်ပေါက်လေးသည်လည်း ထယ်ထယ့်ရောဂါတက်သွားတာကို....။

To Be Continued......

Continue Reading

You'll Also Like

13.6K 1.7K 14
A whisker away Mingi version Side otp-namjin ,hopekooktae This is Birthday present for @AN-Jay7 's birthday.. i hope you like this🎁 Written by siuu...
390K 27.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
1.5K 144 7
ဝင်ရောက်ဖတ်ရှုပီးအနည်းငယ်သဘောကျမယ်ဆိုရင်ဖြင့်ကျေနပ်ပါပီ။ ၀င္ေရာက္္ဖတ္ရႈပီးအနည္းငယ္သေဘာက်မယ္ဆိုရင္ျဖင့္ေက်နပ္ပါပီ။
1.7M 208K 165
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။