(Zawgyi)
ကားကိုအတန္အသင့္က်ယ္ဝန္းေသာ ၿခံဝန္းအတြင္းသို႔ တခါတည္းေမာင္းဝင္လာခဲ့ၿပီးမွ ဆင္ဝင္ေအာက္မွာ စက္သပ္လိုက္တယ္... ေန႔တိုင္းနီးနီးေရာက္ေနက်အိမ္မို႔ ဟိုေဆာ့နဲ႔စိမ္းသက္မေနပါ...
"အန္တီ... ယြန္းဂီႏိုးၿပီလား...??"
"ႏိုးေနပါဦးမယ္... ဘယ္တုန္းကမ်ား သူေစာေစာထဖူးလို႔လဲ... သားပဲသြားႏိႈးလိုက္ပါ"
မီးဖိုခန္းမွာမနက္စာျပင္ဆင္ေနတဲ့ ယြန္းဂီရဲ႕အေမကို ေန႔တိုင္းအတြက္တူညီတဲ့အေျဖပဲ ျပန္ရမွာသိရက္နဲ႔ ဟိုေဆာ့လွမ္းေမးလိုက္တယ္... ဒါကလည္း စကားမရိွစကားရွာကာ ႏႈတ္ဆက္ျခင္းသေဘာပဲမလား... တကယ္ေတာ့ ကိုယ့္သူငယ္ခ်င္းအေၾကာင္း ကိုယ္သာအသိဆံုး...
သူ႕ေျခလွမ္းေတြရဲ႕ဦးတည္ရာက အိမ္အေပၚထပ္ရိွ ယြန္းဂီရဲ႕အခန္းဆီသို႔... မနက္တိုင္း ေက်ာင္းသြားဖို႔အတြက္ လာေခၚေပးရတာကိုယ့္တာဝန္... ဒီလိုေတြလုပ္ေပးေနလို႔လည္း ဒင္းေလးေရာင့္တက္တာေနမွာ...
ေလာ့မခ်ထားတဲ့သူ႕အခန္းကို ဟိုေဆာ့တြန္းဖြင့္ဝင္လိုက္ေတာ့ ေတြ႕ရပါျပီ လူ၂ေယာက္ေလာက္ ေအးေဆးအိပ္လို႔ရတဲ့ အိပ္ယာေပၚမွာ ေကြးေကြးေလးအိပ္ေပ်ာ္ေနတဲ့ ေၾကာင္စုတ္....
ဟုတ္တယ္... ေၾကာင္စုတ္... ျဖဴျဖဴေသးေသးေလးနဲ႔ ခ်စ္စရာေလးေပမယ့္ အေသဆိုးတဲ့ေၾကာင္စုတ္... သူ႕မွာကလည္း သူငယ္ခ်င္းဆိုလို႔ ကိုယ္တစ္ေယာက္တည္းသာရိွတာေၾကာင့္ သူဘာလုပ္လုပ္ကိုယ့္မွာ ခြင့္လႊတ္ေပးေနရတယ္... ဒါကလည္း မူႀကိဳေက်ာင္းမွာကတည္းက ေပါင္းလာခဲ့တဲ့ ငယ္သံေယာဇဥ္ေၾကာင့္သာ....
"ယြန္းဂီ.. ထေတာ့ေလ.. ေက်ာင္းသြားရမယ္"
သူအိပ္ေနတဲ့အိပ္ယာေပၚတက္ထိုင္လိုက္ရင္း သူ႕လက္ေမာင္းကိုကိုင္လႈပ္ကာ ဟိုေဆာ့ႏိႈ္းလိုက္တယ္... ေဟာ.. မ်က္လံုးကမဖြင့္ေပးပဲ ႐ံႈ႕မဲ့မဲ့မ်က္ႏွာေလးနဲ႔ လည္ပင္းကိုကုတ္ေနျပန္တယ္... တကယ့္ကိုေၾကာင္စုတ္ေလးနဲ႔တူတာ...
"ငါးမိနစ္"
အိပ္ခ်င္မူးတူးနဲ႔ျပန္ေျဖတဲ့သူ႕ေၾကာင့္ ဟိုေဆာ့ရယ္လိုက္မိေသးတယ္... ျပန္အိပ္ဖို႔လုပ္ေနတဲ့သူ႕ရဲ႕ ရင္ဘက္ေပၚကို ဟိုေဆာ့ေခါင္းအံုးအိပ္ေတာ့ သူ႕လက္ေသးေသးေလးေတြနဲ႔ ျပန္တြန္းထုတ္လာတယ္...
"ဖယ္ကြာ... ငါးမိနစ္ပဲဆို"
"ငါလည္းေစာင့္ေနရမယ့္အတူတူ အိပ္မယ္ေလ"
ထိုအခါေၾကာင္စုတ္ဘာမွမေျပာေတာ့ပဲ သူ႕ရင္ဘက္ေပၚက ဟိုေဆာ့ရဲ႕ဆံပင္ေတြကို လက္နဲ႔လာဖြရင္းၿငိမ္က်သြားျပန္တယ္... အေစာႀကီးထလာရတဲ့ ဟိုေဆာ့သည္လည္း သူဆံပင္ေတြလာဖြေပးတာေၾကာင့္ ျပန္ေတာင္အိပ္ငိုက္စျပဳလာတယ္...
"ထင္တယ္... ထင္တယ္.. သြားႏိႈးတဲ့လူကပါ အတူတူအိပ္ေပ်ာ္ေနမယ္ဆိုတာ"
အခန္းဝမွာ ယြန္းဂီရဲ႕အေမေအာ္သံၾကားမွပဲ ဟိုေဆာ့လည္း ေမွးခနဲအိပ္ေပ်ာ္ေနရာမွ ႏိုးသြားေတာ့တယ္... ယြန္းဂီသည္လည္း အိပ္ေနရာမွထထိုင္ကာ အပ်င္းဆန္႔ရင္း သန္းေဝေနေသးတယ္...
"ၿပီးရင္ေအာက္ဆင္းခဲ့ၾက.. မနက္စာစားမယ္"
ယြန္းဂီအေမျပန္ဆင္းသြားေတာ့မွ ယြန္းဂီလည္းဒယီးဒယိုင္နဲ႔ပင္ ေရခ်ဳိးခန္းထဲဝင္သြားေတာ့တယ္... မဝင္ခင္လည္း ဟိုေဆာ့ကို အမွာေႁခြေနေသးေလရဲ႕...
"ေဆာ့ေဆာ့အိပ္ယာသိမ္းေပးေနာ္.. ၿပီးရင္ငါ့အတြက္ အက်ႌထုတ္ေပးထားဦး"
သိတယ္... သိတယ္... သူအဲလိုေတြခိုင္းစားတတ္တာ... ဟိုေဆာ့က သူ႕ငယ္ႏိုင္လိုျဖစ္ေနၿပီေလ... ဒါေပမယ့္ဟိုေဆာ့မၿငိဳျငင္မိပါ... သူခိုင္းသြားတဲ့အတိုင္း လုပ္ေပးေနမိတယ္... အက်ႌကိုလည္း အသားျဖဴတဲ့သူနဲ႔လိုက္ဖက္မယ့္ နက္ျပာေရာင္တီရွပ္နဲ႔ ဂ်င္းေဘာင္းဘီတစ္ထည္ကို ထုတ္ေပးထားလိုက္တယ္....
ငယ္ငယ္ကတည္းက တပူးတြဲတြဲေနတဲ့ သူတို႔၂ေယာက္ကို မိဘေတြကက်ိတ္သေဘာတူေနမွန္း ၂ေယာက္လံုးလည္း သိၾကတယ္... ဒါေပမယ့္ခက္တာက သူတို႔ၾကားထဲမွာ ျဖဴစင္တဲ့သူငယ္ခ်င္းအခ်စ္ေတြသာ ရိွေနျခင္းပဲ... ထို႔အတူ ဟိုေဆာ့သည္လည္း လြန္ခဲ့တဲ့၂လေလာက္ကမွ ပက္ခ္ဂ်ီမင္းဆိုတဲ့ ခ်စ္စရာေကာင္ေလးတစ္ေယာက္နဲ႔ ခ်စ္သူေတြျဖစ္သြားၾကသည္ေလ...
အဲဒီ့မွာျပႆနာကစတယ္... ယြန္းဂီနဲ႔မွသေဘာတူတဲ့ အိမ္ကလူႀကီးေတြမသိေအာင္ ဂ်ီမင္းနဲ႔ခ်ိန္းေတြ႕တိုင္း ယြန္းဂီနာမည္ကို ယူသံုးရျခင္းပင္... ယြန္းဂီနဲ႔သြားမလို႔ဆိုရင္ အခ်ိန္မေရြးသြားခြင့္ျပဳတာေၾကာင့္ သူ႕ကိုပါခုတံုးလုပ္ကာ ဆြဲေခၚလာရတယ္... ဒါကိုသူက သိပ္ေတာ့မေက်နပ္...
ဟုတ္ေတာ့လည္းဟုတ္တယ္ေလ... သူမ်ားရည္းစားနဲ႔ခ်ိန္းေတြ႕တာကို third wheel အေနနဲ႔လိုက္ရတာ ဘယ္သူကေက်နပ္မွာတဲ့လဲ... ဒါေၾကာင့္ယြန္းဂီအရင္ကထက္ ဟိုေဆာ့ကိုပိုအႏိုင္က်င့္လာတယ္... အဲဒီ့မွာတင္ ဂ်ီမင္းနဲ႔ယြန္းဂီ ျပႆနာတက္ၾကပါေလေရာ...
ဟိုေဆာ့မွာလည္း ကိုယ့္အေၾကာင္းနဲ႔ကိုယ္မို႔ ယြန္းဂီကိုလည္း မေအာ္ရဲသလို ဂ်ီမင္းစိတ္ဆိုးမွာကလည္း ေၾကာက္ရေသးတယ္... ေတာ္ေသးတာက ဂ်ီမင္းေလးက ဘယ္ေလာက္စိတ္ဆိုးဆိုး တစ္ရက္မၾကာဘူး ျပန္ၿပီးစိတ္ေကာက္ေျပတတ္တယ္...
ယြန္းဂီနဲ႔အိမ္ကသေဘာတူထားတဲ့ကိစၥလား... အာ.. အဲဒါဂ်ီမင္းမသိဘူးေလ... မသိဆို ဟိုေဆာ့ကလည္း ေျပာျပဖို္႔အတြက္ မဝံ့မရဲျဖစ္မိတာလည္းပါတာေပါ့... ဂ်ီမင္းအထင္လြဲသြားမွာစိုးတယ္ေလ... ဒါေၾကာင့္လည္း ၂ေယာက္ၾကားမွာ ခုလိုႀကီးညပ္ေနရတာေပါ့...
"ေဆာ့ေဆာ့... မနက္စာသြားစားႏွင့္တာမဟုတ္ဘူး... ငါၿပီးမွဆင္းခဲ့မွာေပါ့"
အရမ္းရယ္စရာေကာင္းတဲ့နာမည္ကို္ ေခၚေဝၚတဲ့ေၾကာင္စုတ္... သူ႕ကိုက်ေတာ့ နာမည္ဖ်က္တာမႀကိဳက္ဘူးေလ... သူက ေဆာ့ေဆာ့လို႔တစ္ခါေခၚတိုင္း မ်က္ႏွာႀကီးမဲသြားတတ္တဲ့ ဂ်ီမင္းကိုေတာင္ သတိရသြားျပန္ၿပီ...
"မင္းနဲ႔မွအတူတူစားမွာေပါ့... ေခါင္းေရသုတ္မွာမလား.. လာ.. ငါသုတ္ေပးမယ္"
ယြန္းဂီရဲ႕ကိုယ္ေသးေသးေလးကို အိပ္ယာေပၚဆြဲခ်ကာထိုင္ေစၿပီး ဟိုေဆာ့မတ္တပ္ရပ္ရင္း သူ႕ဆံပင္နက္နက္ေလးေတြကို ေရသုတ္ေပးေနလိုက္တယ္... ယြန္းဂီကေတာ့ မ်က္လံုးေလးမိွတ္ကာ ဇိမ္ခံေနေလရဲ႕...
"ေဆာ့ေဆာ့.. မင္းဒီေန႔ကိစၥတစ္ခုခု ရိွေနတယ္မလား... ငါ့ကိုေတာ္႐ံုဖားပါကြာ"
ေပါင္းလာတဲ့ႏွစ္ေတြကလည္းၾကာၿပီမို႔ ယြန္းဂီသည္လည္း ဒီေလာက္ဆို အထာေပါက္ပါတယ္... ထိုအခါမွ ဟိုေဆာ့ရွက္ကိုးရွက္ကန္းနဲ႔ ရယ္လိုက္မိတယ္...
"မင္းကလည္း... ငါအရင္တည္းက မင္းကိုဂ႐ုစိုက္ပါတယ္ကြာ... အခုကေတာ့ အရင္ကထက္ နည္းနည္းပိုတာေပါ့... ဟုတ္တယ္... မင္းေျပာသလိုပဲ... ဒီေန႔ငါနဲ႔မိုခ်ီေလး ဒိတ္လုပ္ခ်င္လို႔... အဲဒါ.. ဟဲဟဲ.. မင္းအကူအညီလိုလို႔"
ယြန္းဂီဘာမွျပန္မေျဖပဲ မိန္႔မိန္႔ႀကီးၿပံဳးေနတယ္... ဒီေလာက္ဆိုဟိုေဆာ့သိ္လိုက္တယ္... ခ်က္ခ်င္း ယြန္းဂီလိမ္းေနက် ႏို႔ရည္ဘူးေလးကိုယူကာ သူ႕မ်က္ႏွာေပၚမွာ အသာဖြဖြလိမ္းေပးလိုက္တယ္...
"မင္းအသားအရည္က ၾကည္လင္ေနတာပဲ... ဝါး... တကယ္မနာလိုစရာေကာင္းလြန္းတယ္"
တမင္ေျမႇာက္ေျပာေနမွန္းသိေပမယ့္ ယြန္းဂီၿငိမ္ေနလိုက္တယ္... သူငယ္ခ်င္းကိုအႏိုင္က်င့္ရတာ သိပ္ေပ်ာ္စရာေကာင္းတာကိုး... ခုလည္းသူက ကိုယ့္ကိုေခါင္းၿဖီးေပးေနျပန္တယ္... အဝတ္ေတြကိုလည္း အတင္းဝတ္ေပးတာေၾကာင့္ မနည္းတားထားရတယ္...
ၾကာေနတဲ့သူတို႔၂ေယာက္ကို ျပန္လာေခ်ာင္းတဲ့ ယြန္းဂီရဲ႕အေမကိုေတာ့ ၂ေယာက္လံုးသတိမထားမိလိုက္ၾက... ၂ေယာက္သားရဲ႕ အျပဳအမူေတြေၾကာင့္ တမ်ဳိးတမည္ဆက္ဆံေရးလို႔ ေတြးထင္သြားတာကပဲ သူတို႔အတြက္ ကံေကာင္းျခင္းလား ကံဆိုးျခင္းလားဆိုတာ မသိႏိုင္ပါ...
"ေမေမ ညေနက်ရင္အျပန္ေနာက္က်မယ္ေနာ္... ေဆာ့ေဆာ့နဲ႔အတူတူ ဂိမ္းဆိုင္သြားမလို႔"
ယြန္းဂီရဲ႕စကားေၾကာင့္ မနက္စာစားေနရင္း ဟိုေဆာ့ၿပံဳးလိုက္မိတယ္... ေၾကာင္စုတ္ေလးက အဲလိုခ်စ္ဖို႔ေကာင္းတာပါဆို... အခုလည္း ညေနက်ရင္ ဂ်ီမင္းနဲ႔အတူေလွ်ာက္လည္ဖို္႔အတြက္ ကူလိမ္ေပးေနတယ္ေလ...
"ေအး.. ေအး... သြားၾကေပါ့... မုန္႔ဖိုးေရာေလာက္ေသးရဲ႕လား...??"
"ထပ္ေပးမလို႔လား... ေပးေလေမေမ"
လက္ဝါးေလး၂ဖက္ကိုျဖန္႔ကာ မုန္႔ဖိုးေတာင္းေနတဲ့ေၾကာင္စုတ္ေလးက ေတာ္ေတာ္ေလးေတာ့ ခ်စ္စရာေကာင္းပါတယ္... ခက္တာက ဟိုေဆာ့ရဲ႕ႏွလံုးသားက ဂ်ီမင္းနဲ႔က်မွပဲ ရင္ခုန္တာေၾကာင့္မို႔ ယြန္းဂီကိုေတာ့ ခ်စ္ဖို႔ေကာင္းတာသိေနေပမယ့္ ဘယ္ေလာက္အေနနီးနီး ရင္မခုန္ခဲ့...
"ယြန္းဂီ.. မင္းေရာရည္းစားထားဖို႔ စိတ္ကူးမရိွဘူးလား...??"
ကားေမာင္းေနရင္းနဲ႔ ေဘးခံုမွာထိုင္ေနတဲ့ယြန္းဂီကို ဟိုေဆာ့လွမ္းေမးလိုက္တယ္... ထိုအခါသူက ႏွာေခါင္း႐ံႈ႕ျပေလရဲ႕...
"ဘာလုပ္မွာလဲပ်င္းစရာႀကီး... ရည္းစားနဲ႔ခ်ိန္းေတြ႕ရလို႔ ငါ့အိပ္ခ်ိန္ေလးေတြ ေလ်ာ့ကုန္ပါ့မယ္"
"ဟားဟား... မင္းကေတာ့ကြာ"
သူ႕စကားေၾကာင့္ ဟိုေဆာ့ရယ္ေမာမိေသးတယ္... တကယ္တမ္းက်ေတာ့ ယြန္းဂီကိုရည္းစားရသြားေစခ်င္တယ္... ဒါမွကိုယ္လည္း ကိုယ့္ခ်စ္သူနဲ႔ စိတ္ႀကိဳက္လည္လို႔ရသလို သူ႕အတြက္ေနာက္ဆံတင္းေနစရာ မလိုေတာ့ဘူးေလ...
မဟုတ္ရင္ အဲဒီ့္ေၾကာင္စုတ္က သူအိမ္ျပန္ခ်င္ရင္ အခ်ိန္မေရြးဂ်ီက်တတ္ေသးတာ... ဂ်ီမင္းကိုအားနာခဲ့ရေပါင္းလည္း မ်ားေနၿပီမို္႔လို႔ သူ႕ကိုလည္း ရည္းစားရသြားေစခ်င္တာ... ခက္တာက သူနဲ႔သင့္ေတာ္မယ့္သူ အခုထိရွာမေတြ႕တာပါပဲ... ဂ်စ္တီးဂ်စ္ကန္သူ႕ကို ဘယ္သူကမွလည္း ဟိုေဆာ့လို အႏြံတာခံႏို္င္မယ္မထင္...
ထိုသို႔ေသာအေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မင္ယြန္းဂီသည္ ခုခ်ိန္ထိခ်စ္ေရးဆိုျခင္း မခံရဖူးေသာ FA အႀကီးစားႀကီးသာ ျဖစ္ေနေပေတာ့သည္...
ဒါကပဲ ေဂ်ာင္ဟိုေဆာ့အတြက္ တာဝန္ႀကီးတစ္ခု ထပ္ပိုလာရတဲ့ အေၾကာင္းျပခ်က္တစ္ခုပင္... သူ႕ရဲ႕ျမႇားနတ္ေမာင္က အအိပ္မက္တဲ့သူ႕လိုပင္ ဘယ္ေခ်ာင္မွာအိပ္ေပ်ာ္ေနလဲလို႔ ဟိုေဆာ့ေတြးၾကည့္မိေသးတယ္...
ခုလည္းၾကည့္ဦး... ကားေလးကိုေက်ာင္းဝန္းထဲေကြ႕ဝင္ရင္း ေဘးကိုငဲ့ေစာင္းၾကည့္လိုက္ေတာ့ သူကပါးစပ္ေလးအေဟာင္းသားနဲ႔ ျပန္အိပ္ေပ်ာ္လို႔ေနေလၿပီေလ...
အအိပ္တစ္လိုင္းမွာစိတ္ခ်ရတဲ့ မင္ယြန္းဂီပါ... ဒီပံုစံအတိုင္းနဲ႔ ရည္းစားရဖို႔လည္း လမ္းမျမင္ပါလား...
~•~•~•~•~•~•~•~•~•~
"မင္းကဘာလို႔ ႏွစ္တစ္ဝက္ေတာင္မျပည့္ေသးပဲ ေက်ာင္းေျပာင္းလာရတာလဲ...??"
ဂ်ီမင္းမ်က္ေမွာင္ကိုက်ံဳ႕ထားရင္း သူ႕ေရွ႕မွာထိုင္ေနတဲ့ ေရႊေရာင္ဆံပင္နဲ႔ေကာင္ေလးကို လွမ္းေမးလိုက္တယ္...
"အရင္ယူထားတဲ့ေမဂ်ာကို သေဘာမက်ေတာ့လို႔ေလ... ၿပီးေတာ့မင္းနဲ႔လည္း ေက်ာင္းအတူတူတက္ခ်င္လို႔ေပါ့... ဘာလို႔လဲမင္းက မေပ်ာ္ဘူးလား...??"
ေလးေထာင့္ဆန္ဆန္အၿပံဳးေလးေတြနဲ႔ ၿပံဳးရင္းေျပာလာတဲ့ သူငယ္ခ်င္းျဖစ္သူကိုၾကည့္ရင္း ဂ်ီမင္းသက္ျပင္းသာခ်မိတယ္... သိေနတယ္ ကင္မ္ထယ္ေယာင္းဆိုတဲ့ေကာင္ ေဘးမွာရိွေနရင္ ဂ်ီမင္းတစ္ေယာက္အရင္လို ေအးေဆးေနလို႔မရေတာ့တာ... တစ္မ်ဳိးၿပီးတစ္မ်ဳိး ျပႆနာရွာတတ္တဲ့ အေမႊစိန္သူငယ္ခ်င္းကို ရထားတဲ့အတြက္ ကိုယ့္ကိုကိုယ္ေတာင္ ဂ်ီမင္းသနားမိတယ္....
"အမွန္အတိုင္းေျပာစမ္းပါ... အရင္ေက်ာင္းမွာျပႆနာလုပ္လာတယ္မလား...??"
"အဟီး... မင္းကလည္းကြာ.. ငါအမ်ားႀကီးလုပ္မလာပါဘူး... ပါေမာကၡႀကီးရဲ႕ရပ္ထားတဲ့ကားကို ဝင္တိုက္မိတာရယ္... ဓာတ္ခြဲခန္းထဲမွာ စမ္းသပ္ခ်က္လုပ္ရင္း အေသးစားေပါက္ကြဲမႈေလး ျဖစ္သြားေစတာရယ္.. ၿပီးေတာ့...."
"ေတာ္ပါေတာ့ကင္မ္ထယ္ေယာင္းရယ္... ငါေခါင္းေတြေတာင္ကိုက္လာပါၿပီ"
ဂ်ီမင္းခုေလာက္ဆိုသေဘာေပါက္ၿပီမို႔ မနည္းတားလိုက္ရတယ္... ႐ုပ္ေလးေခ်ာသေလာက္ အေတာ္လည္းဆိုးတဲ့ေကာင္... မသိရင္ cool type လိုလိုနဲ႔ ေမ်ာက္႐ံႈးေအာင္လည္း ေဆာ့တတ္ေသးတယ္... ဒါတင္ဘယ္ကဦးမလဲ.. ရည္းစားကလည္း မ်ားေသးတယ္...
"မင္းကလည္းကြာ.. ႐ုပ္ႀကီးကိုက ေမ်ာက္ဖင္နီႀကီး သံပုရာသီးကိုက္ထားသလိုပဲ"
"အိစ္...!!!"
သူေျပာတဲ့စကားေၾကာင့္ ကိုယ့္အျဖစ္ကိုယ္ေတြးမိေတာ့ ဂ်ီမင္းေသာက္လက္စအေအးေတာင္ နင္သြားရတယ္... ေျပာလိုက္မွျဖင့္ မိႈခ်ဳိးမွ်စ္ခ်ဳိး...
"ငါကမင္းကိုဒုကၡမေပးပါဘူး... ကူညီေပးမွာပါ.. မင္းငါ့ကိုေျပာေျပာေနတဲ့ မင္းရည္းစားရဲ႕သူငယ္ခ်င္းဆိုတဲ့ေကာင္ေလ... ေအး.. အဲ့ဒီ္အ႐ႈပ္ထုတ္ေကာင္ကို ငါရွင္းထုတ္ေပးမွာ"
"မင္းတကယ္ေျပာတာလား...??"
ဂ်ီမင္းအခုမွဝမ္းသာအားရနဲ႔ စားပြဲေပၚတင္ထားတဲ့ ထယ္ေယာင္းရဲ႕လက္ကို ဆုပ္ကိုင္ကာေမးလိုက္တယ္... ထယ္ေယာင္းရဲ႕ဇ,က မေသးလွတာေၾကာင့္ ေၾကာင္ဆိုးေတာ့ ေတာ္ေတာ္ေလးခံရမွာကို ေတြးမိျပန္တာေၾကာင့္ ဝမ္းသာသြားျခင္းျဖစ္တယ္... ေၾကာင္ဆိုးကို အျမင္ကတ္ေနတာ ၾကာလွၿပီမလား...
"ဟုတ္တယ္... သူမ်ားရည္းစားၾကားဝင္႐ႈပ္တဲ့ေကာင္ ငါေကာင္းေကာင္းႀကီး ပညာေပးျပမယ္... ေဟာဒီလို သူ႕မ်က္ႏွာကို လက္သီးနဲ႔ထိုး... ေနာက္လုပ္ဦးမလားေမး... ကတိမေပးမခ်င္း စိတ္ႀကိဳက္သမ"
"ျဖည္းျဖည္းသာသာလုပ္ပါဟ... ေၾကာင္ဆိုးက လက္တစ္ဆုပ္စာေလးရိွတာ... မင္းကအားႀကီးနဲ႔"
လက္ဟန္ေျခဟန္နဲ႔ပါ အားရပါးရသ႐ုပ္ျပေနတဲ့ ထယ္ေယာင္းကို ဂ်ီမင္းလွမ္းဟန္႔လိုက္ရေသးတယ္... ေျပာလို႔ရတာမဟုတ္ဘူး... သူကတကယ္လုပ္ခ်င္လုပ္မွာ... သူဘယ္ေလာက္ျပႆနာရွာလဲ ကို္ယ္ပဲအသိဆံုး...
စားပြဲေပၚတင္ထားတဲ့သူ႕ဖုန္း ျမည္လာျပန္တာေၾကာင့္ ယူၾကည့္လိုက္ၿပီး ဂ်ီမင္းရဲ႕မ်က္ႏွာၿပံဳးသြားခဲ့တယ္... သူ႕အခ်စ္ဟိုေဆာ့ကီ ဆက္တာဆို္ေတာ့ေလ...
"ကြၽန္ေတာ္ကန္တင္းမွာ... သူငယ္ခ်င္းလည္းရိွေနလို႔... ဟိုေဆာ့ကီနဲ႔မိတ္ဆက္ေပးမယ္ေလ... အင္း.. ဒါဆိုလာခဲ့လိုက္ေနာ္"
ကိုယ့္ထက္အသက္ႀကီးေပမယ့္ ဟိုေဆာ့ကီလို႔သာ ဂ်ီမင္းခ်စ္စႏိုးနဲ႔ေခၚမိတယ္... ၾကည့္ရတာေၾကာင္ဆိုးေတာ့ ပါလာမယ္မထင္... ဒါလည္းေကာင္းတာပဲ.. အကုသိုလ္ကင္းတာေပါ့...
"မင္းရည္းစားလာမွာတဲ့လား...??"
"အင္း...ဟုတ္တယ္... သူလည္းမနက္ပိုင္းကို အတန္းခ်ိန္မရိွလို႔တဲ့... ေၾကာင္ဆိုးေတာ့ မပါေလာက္ဘူးထင္တယ္"
"ပါလာလည္း ငါ့လက္သီးနဲ႔ေတြ႕မယ္ေလ"
ခပ္တည္တည္ေျပာလာတဲ့ ထယ္ေယာင္းရဲ႕စကားေၾကာင့္ ဂ်ီမင္းတခိြခိြရယ္မိတယ္... သိပ္ေတာ့မၾကာလိုက္... ဟိုေဆာ့လည္း ေရာက္လာတာေၾကာင့္ ၂ေယာက္သားကိုမိတ္ဆက္ေပးလိုက္တယ္... ေပါင္းသင္းဆက္ဆံေရး ေျပျပစ္ၾကသူေတြမို႔ ခဏခ်င္းပင္ ရင္းႏီွးသြားၾကျပန္တယ္...
"ဂ်ီမင္းက အစ္ကိုဟိုေဆာ့အေၾကာင္းကို ခဏခဏေျပာေနလို႔ လူကိုမျမင္ဖူးခင္ကတည္းက ရင္းႏီွးေနတာၾကာပါၿပီ... ကြၽန္ေတာ့္ကိုလည္း ညီတစ္ေယာက္လို ဆိုဆံုးမႏိုင္ပါတယ္ေနာ္"
စကားေျပာေကာင္းလြန္းတဲ့ထယ္ေယာင္းကို ဂ်ီမင္းတိတ္တဆိတ္သာ ခိုးရယ္ေနမိတယ္... မသိရင္ေတာ့ သိပ္ကိုလိမၼာယဥ္ေက်းတဲ့ ေက်ာင္းသားေလးတစ္ေယာက္လိုပင္...
"ကိုယ္တို႔ညေနက် ေလွ်ာက္လည္ၾကမယ္ေလ... ဒီတစ္ခါေတာ့ ကိုယ္ေသေသခ်ာခ်ာေလး ယြန္းဂီနဲ႔ညိႇထားတယ္"
ဟိုေဆာ့ရဲ႕စကားေၾကာင့္ ဂ်ီမင္းရယ္ခ်င္မိတယ္... ေၾကာင္ဆိုးက အခ်ိန္မေရြးေႏွာက္ယွက္တတ္တာေၾကာင့္ မနည္းညိႇလာရပံုပါပဲ... ဘာပဲျဖစ္ျဖစ္ ဂ်ီမင္းေက်နပ္သြားတာေတာ့အမွန္ပင္...
"အင္းပါ.. အဆင္ေျပရင္လည္း ၿပီးတာပါပဲ.. ဒါဆိုကြၽန္ေတာ္တို႔ ဘယ္သြားၾကမလဲ"
ထယ္ေယာင္းသူ႕ေရွ႕ကစံုတြဲကို ထိုင္ၾကည့္ရင္းအကဲခတ္ေနမိတယ္... ဟိုေဆာ့က ဂ်ီမင္းကိုသိပ္ခ်စ္မွန္း သိသာလွေပမယ့္ သူ႕သူငယ္ခ်င္းကိုေတာ့ ေၾကာက္ေနရတာကို သိပ္သေဘာမက်... ၾကည့္ရတာ ဂ်ီမင္းေျပာတဲ့ေၾကာင္ဆိုးကို ဟိုေဆာ့မသိေအာင္ေတာ့ အႏိုင္က်င့္ရမွာပဲ... သူ႕ၾကည့္ရတာ သူငယ္ခ်င္းထိရင္ ခံမယ့္ပံုမေပၚ...
"ထယ္ေယာင္းပ်င္းေနၿပီလား... ငါတို႔ခ်ည္းစကားေျပာေနလို႔ေလ"
ဂ်ီမင္းကေတာ့ သူ႕ခ်စ္သူနဲ႔စကားေျပာေနရင္းကေန လွမ္းေမးရွာပါတယ္... ထယ္ေယာင္းလည္းၿပံဳးရင္း ေခါင္းခါျပလိုက္တယ္... သူကိုယ္တိုင္ကလည္း အတန္းမတက္ခ်င္တာေၾကာင့္ လာထိုင္ေနျခင္းသာ... ေက်ာင္းသားသစ္မို႔ တစ္ေယာက္တည္းအတန္းတက္ရမွာ ပ်င္းမိတာေၾကာင့္လည္း ပါတာေပါ့...
"ေဆာ့ေဆာ့ေရ...!!!"
စူးခနဲထြက္လာတဲ့အသံေၾကာင့္ သူတို႔၃ေယာက္လံုး တုန္ခနဲျဖစ္သြားတယ္... ဟို၂ေယာက္မ်က္ႏွာပ်က္သြားသလို ထယ္ေယာင္းသည္လည္း ဂ်ီမင္းေျပာတဲ့ေၾကာင္ဆိုးဆိုတာ သူပဲျဖစ္ရမယ္ဆိုၿပီး အသံလာရာကို လွမ္းၾကည့္လိုက္တယ္...
"ေဆာ့ေဆာ့ငါဗိုက္ဆာၿပီ... တစ္ခုခုစားမယ္ေလ.. ဒီမွာမထိုင္ခ်င္ဘူး.. ဟိုဘက္ကန္တင္းကိုသြားမယ္... ငါနဲ႔လိုက္ခဲ့ေနာ္"
ဟိုေဆာ့ရဲ႕လက္ကိုလာဆြဲကာ သူနဲ႔အတူလိုက္ဖို႔ေခၚေနတဲ့ ေၾကာင္ဆိုး... ဂ်ီမင္းေဒါသျဖစ္ျဖစ္နဲ႔ပင္ ထယ္ေယာင္းဘက္ကိုလွမ္းၾကည့္မိတယ္... သေဘာကေတာ့ ေၾကာင္ဆိုးအေၾကာင္းသိၿပီလားေပါ့... ဂ်ီမင္းအံ့ဩသြားရတာက ေၾကာင္ဆို္းကို ပါးစပ္အေဟာင္းသားနဲ႔ ေၾကာင္ေငးၾကည့္ေနတဲ့ ထယ္ေယာင္းေၾကာင့္ပင္...
သူဘာေတြေျပာေနလဲဆိုတာ ထယ္ေယာင္းနားထဲမွာ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ပင္... စကားေျပာေနရင္း စူေထာ္သြားတတ္တဲ့ နီတာရဲႏႈတ္ခမ္းေသးေသးေလးကိုသာ အဓိပၸာယ္မဲ့ေငးၾကည့္ေနမိတာေၾကာင့္ပါ... လွလိုက္တာ... အသားေလးကလည္း ျဖဴဥေနတာပဲ... လူေလးကလည္း ပိစိေသးေသးေလး... အသည္းယားၿပီး ဆြဲမြပစ္ခ်င္စရာေကာင္းပါဘိ...
"ရား...ကင္မ္ထယ္ေယာင္း...!!! ငုတ္တုတ္ေသေနၿပီလားဟ..."
ဂ်ီမင္းကသူ႕လက္ေမာင္းကိုနာနာ႐ိုက္လိုက္မွပဲ ထယ္ေယာင္းအသိျပန္ဝင္လာေတာ့တယ္... ပိစိကေတာ့ အစ္ကိုဟိုေဆာ့ရဲ႕လက္ကိုဆြဲကာ ထြက္သြားႏွင့္ေလၿပီ...
"ဟင္...ဘာေျပာမလို႔လဲဂ်ီမင္း...??"
"မသာေကာင္... မင္းေျပာေတာ့ငါ့ဘက္ကဆို... အခုေတာ့ငါ့ရဲ႕ဟိုေဆာ့ကီကို ေၾကာင္ဆိုးေခၚသြားၿပီ... မင္းဘာလို႔ဝင္မတား......"
"တိတ္စမ္း... ဘာေၾကာင္ဆိုးလဲ...?? ဒီေလာက္ခ်စ္စရာ ျဖဴျဖဴေသးေသးေလးကို ရက္ရက္စက္စက္ေတြမေျပာနဲ႔"
ဂ်ီမင္းပါးစပ္အေဟာင္းသားနဲ႔ ထယ္ေယာင္းကိုၾကည့္မိတယ္... ထယ္ေယာင္းကေတာ့ ထြက္သြားၿပီျဖစ္တဲ့ သူ႕ရဲ႕ပိစိကို ျမင္ရလိုျမင္ရျငား လည္တဆန္႔ဆန္႔နဲ႔ေငးေနေသးတယ္...
"ကင္မ္ထယ္ေယာင္း... မင္းက...??"
"ေအး.. ဟုတ္တယ္... ငါေၾကာင္ေပါက္ကို ျမင္ျမင္ခ်င္းသေဘာက်သြားတာ... ဘုရားေရ.. သူဘယ္ေလာက္ေတာင္မွ ခ်စ္စရာေကာင္းလိုက္လဲ.. ငါ့ရည္းစားသာျဖစ္လို႔ကေတာ့ အဟင္းဟင္း..."
ခ်က္ခ်င္းလက္ငင္းကို ေၾကာင္ဆိုးေရာဂါတက္သြားတဲ့ သူငယ္ခ်င္းျဖစ္သူကို ဂ်ီမင္းေခါင္းတခါခါနဲ႔ ေငးၾကည့္ေန႐ံုမွတပါး ဘာမွမတတ္ႏိုင္ခဲ့ပါ...
ဂ်ီမင္းဒီေန႔အတြက္ ထပ္သိလိုက္ရတာက ေၾကာင္ဆိုးသည္ အႏၲရာယ္ေကာင္ဆိုတာပါပဲ...
To Be Continued.....
(Unicode)
ကားကိုအတန်အသင့်ကျယ်ဝန်းသော ခြံဝန်းအတွင်းသို့ တခါတည်းမောင်းဝင်လာခဲ့ပြီးမှ ဆင်ဝင်အောက်မှာ စက်သပ်လိုက်တယ်... နေ့တိုင်းနီးနီးရောက်နေကျအိမ်မို့ ဟိုဆော့နဲ့စိမ်းသက်မနေပါ...
"အန်တီ... ယွန်းဂီနိုးပြီလား...??"
"နိုးနေပါဦးမယ်... ဘယ်တုန်းကများ သူစောစောထဖူးလို့လဲ... သားပဲသွားနှိုးလိုက်ပါ"
မီးဖိုခန်းမှာမနက်စာပြင်ဆင်နေတဲ့ ယွန်းဂီရဲ့အမေကို နေ့တိုင်းအတွက်တူညီတဲ့အဖြေပဲ ပြန်ရမှာသိရက်နဲ့ ဟိုဆော့လှမ်းမေးလိုက်တယ်... ဒါကလည်း စကားမရှိစကားရှာကာ နှုတ်ဆက်ခြင်းသဘောပဲမလား... တကယ်တော့ ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်သာအသိဆုံး...
သူ့ခြေလှမ်းတွေရဲ့ဦးတည်ရာက အိမ်အပေါ်ထပ်ရှိ ယွန်းဂီရဲ့အခန်းဆီသို့... မနက်တိုင်း ကျောင်းသွားဖို့အတွက် လာခေါ်ပေးရတာကိုယ့်တာဝန်... ဒီလိုတွေလုပ်ပေးနေလို့လည်း ဒင်းလေးရောင့်တက်တာနေမှာ...
လော့မချထားတဲ့သူ့အခန်းကို ဟိုဆော့တွန်းဖွင့်ဝင်လိုက်တော့ တွေ့ရပါပြီ လူ၂ယောက်လောက် အေးဆေးအိပ်လို့ရတဲ့ အိပ်ယာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ကြောင်စုတ်....
ဟုတ်တယ်... ကြောင်စုတ်... ဖြူဖြူသေးသေးလေးနဲ့ ချစ်စရာလေးပေမယ့် အသေဆိုးတဲ့ကြောင်စုတ်... သူ့မှာကလည်း သူငယ်ချင်းဆိုလို့ ကိုယ်တစ်ယောက်တည်းသာရှိတာကြောင့် သူဘာလုပ်လုပ်ကိုယ့်မှာ ခွင့်လွှတ်ပေးနေရတယ်... ဒါကလည်း မူကြိုကျောင်းမှာကတည်းက ပေါင်းလာခဲ့တဲ့ ငယ်သံယောဇဉ်ကြောင့်သာ....
"ယွန်းဂီ.. ထတော့လေ.. ကျောင်းသွားရမယ်"
သူအိပ်နေတဲ့အိပ်ယာပေါ်တက်ထိုင်လိုက်ရင်း သူ့လက်မောင်းကိုကိုင်လှုပ်ကာ ဟိုဆော့နှိုးလိုက်တယ်... ဟော.. မျက်လုံးကမဖွင့်ပေးပဲ ရှုံ့မဲ့မဲ့မျက်နှာလေးနဲ့ လည်ပင်းကိုကုတ်နေပြန်တယ်... တကယ့်ကိုကြောင်စုတ်လေးနဲ့တူတာ...
"ငါးမိနစ်"
အိပ်ချင်မူးတူးနဲ့ပြန်ဖြေတဲ့သူ့ကြောင့် ဟိုဆော့ရယ်လိုက်မိသေးတယ်... ပြန်အိပ်ဖို့လုပ်နေတဲ့သူ့ရဲ့ ရင်ဘက်ပေါ်ကို ဟိုဆော့ခေါင်းအုံးအိပ်တော့ သူ့လက်သေးသေးလေးတွေနဲ့ ပြန်တွန်းထုတ်လာတယ်...
"ဖယ်ကွာ... ငါးမိနစ်ပဲဆို"
"ငါလည်းစောင့်နေရမယ့်အတူတူ အိပ်မယ်လေ"
ထိုအခါကြောင်စုတ်ဘာမှမပြောတော့ပဲ သူ့ရင်ဘက်ပေါ်က ဟိုဆော့ရဲ့ဆံပင်တွေကို လက်နဲ့လာဖွရင်းငြိမ်ကျသွားပြန်တယ်... အစောကြီးထလာရတဲ့ ဟိုဆော့သည်လည်း သူဆံပင်တွေလာဖွပေးတာကြောင့် ပြန်တောင်အိပ်ငိုက်စပြုလာတယ်...
"ထင်တယ်... ထင်တယ်.. သွားနှိုးတဲ့လူကပါ အတူတူအိပ်ပျော်နေမယ်ဆိုတာ"
အခန်းဝမှာ ယွန်းဂီရဲ့အမေအော်သံကြားမှပဲ ဟိုဆော့လည်း မှေးခနဲအိပ်ပျော်နေရာမှ နိုးသွားတော့တယ်... ယွန်းဂီသည်လည်း အိပ်နေရာမှထထိုင်ကာ အပျင်းဆန့်ရင်း သန်းဝေနေသေးတယ်...
"ပြီးရင်အောက်ဆင်းခဲ့ကြ.. မနက်စာစားမယ်"
ယွန်းဂီအမေပြန်ဆင်းသွားတော့မှ ယွန်းဂီလည်းဒယီးဒယိုင်နဲ့ပင် ရေချိုးခန်းထဲဝင်သွားတော့တယ်... မဝင်ခင်လည်း ဟိုဆော့ကို အမှာခြွေနေသေးလေရဲ့...
"ဆော့ဆော့အိပ်ယာသိမ်းပေးနော်.. ပြီးရင်ငါ့အတွက် အင်္ကျီထုတ်ပေးထားဦး"
သိတယ်... သိတယ်... သူအဲလိုတွေခိုင်းစားတတ်တာ... ဟိုဆော့က သူ့ငယ်နိုင်လိုဖြစ်နေပြီလေ... ဒါပေမယ့်ဟိုဆော့မငြိုငြင်မိပါ... သူခိုင်းသွားတဲ့အတိုင်း လုပ်ပေးနေမိတယ်... အင်္ကျီကိုလည်း အသားဖြူတဲ့သူနဲ့လိုက်ဖက်မယ့် နက်ပြာရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို ထုတ်ပေးထားလိုက်တယ်....
ငယ်ငယ်ကတည်းက တပူးတွဲတွဲနေတဲ့ သူတို့၂ယောက်ကို မိဘတွေကကျိတ်သဘောတူနေမှန်း ၂ယောက်လုံးလည်း သိကြတယ်... ဒါပေမယ့်ခက်တာက သူတို့ကြားထဲမှာ ဖြူစင်တဲ့သူငယ်ချင်းအချစ်တွေသာ ရှိနေခြင်းပဲ... ထို့အတူ ဟိုဆော့သည်လည်း လွန်ခဲ့တဲ့၂လလောက်ကမှ ပက်ခ်ဂျီမင်းဆိုတဲ့ ချစ်စရာကောင်လေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်သွားကြသည်လေ...
အဲဒီ့မှာပြဿနာကစတယ်... ယွန်းဂီနဲ့မှသဘောတူတဲ့ အိမ်ကလူကြီးတွေမသိအောင် ဂျီမင်းနဲ့ချိန်းတွေ့တိုင်း ယွန်းဂီနာမည်ကို ယူသုံးရခြင်းပင်... ယွန်းဂီနဲ့သွားမလို့ဆိုရင် အချိန်မရွေးသွားခွင့်ပြုတာကြောင့် သူ့ကိုပါခုတုံးလုပ်ကာ ဆွဲခေါ်လာရတယ်... ဒါကိုသူက သိပ်တော့မကျေနပ်...
ဟုတ်တော့လည်းဟုတ်တယ်လေ... သူများရည်းစားနဲ့ချိန်းတွေ့တာကို third wheel အနေနဲ့လိုက်ရတာ ဘယ်သူကကျေနပ်မှာတဲ့လဲ... ဒါကြောင့်ယွန်းဂီအရင်ကထက် ဟိုဆော့ကိုပိုအနိုင်ကျင့်လာတယ်... အဲဒီ့မှာတင် ဂျီမင်းနဲ့ယွန်းဂီ ပြဿနာတက်ကြပါလေရော...
ဟိုဆော့မှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ယွန်းဂီကိုလည်း မအော်ရဲသလို ဂျီမင်းစိတ်ဆိုးမှာကလည်း ကြောက်ရသေးတယ်... တော်သေးတာက ဂျီမင်းလေးက ဘယ်လောက်စိတ်ဆိုးဆိုး တစ်ရက်မကြာဘူး ပြန်ပြီးစိတ်ကောက်ပြေတတ်တယ်...
ယွန်းဂီနဲ့အိမ်ကသဘောတူထားတဲ့ကိစ္စလား... အာ.. အဲဒါဂျီမင်းမသိဘူးလေ... မသိဆို ဟိုဆော့ကလည်း ပြောပြဖို့်အတွက် မဝံ့မရဲဖြစ်မိတာလည်းပါတာပေါ့... ဂျီမင်းအထင်လွဲသွားမှာစိုးတယ်လေ... ဒါကြောင့်လည်း ၂ယောက်ကြားမှာ ခုလိုကြီးညပ်နေရတာပေါ့...
"ဆော့ဆော့... မနက်စာသွားစားနှင့်တာမဟုတ်ဘူး... ငါပြီးမှဆင်းခဲ့မှာပေါ့"
အရမ်းရယ်စရာကောင်းတဲ့နာမည်ကို ခေါ်ဝေါ်တဲ့ကြောင်စုတ်... သူ့ကိုကျတော့ နာမည်ဖျက်တာမကြိုက်ဘူးလေ... သူက ဆော့ဆော့လို့တစ်ခါခေါ်တိုင်း မျက်နှာကြီးမဲသွားတတ်တဲ့ ဂျီမင်းကိုတောင် သတိရသွားပြန်ပြီ...
"မင်းနဲ့မှအတူတူစားမှာပေါ့... ခေါင်းရေသုတ်မှာမလား.. လာ.. ငါသုတ်ပေးမယ်"
ယွန်းဂီရဲ့ကိုယ်သေးသေးလေးကို အိပ်ယာပေါ်ဆွဲချကာထိုင်စေပြီး ဟိုဆော့မတ်တပ်ရပ်ရင်း သူ့ဆံပင်နက်နက်လေးတွေကို ရေသုတ်ပေးနေလိုက်တယ်... ယွန်းဂီကတော့ မျက်လုံးလေးမှိတ်ကာ ဇိမ်ခံနေလေရဲ့...
"ဆော့ဆော့.. မင်းဒီနေ့ကိစ္စတစ်ခုခု ရှိနေတယ်မလား... ငါ့ကိုတော်ရုံဖားပါကွာ"
ပေါင်းလာတဲ့နှစ်တွေကလည်းကြာပြီမို့ ယွန်းဂီသည်လည်း ဒီလောက်ဆို အထာပေါက်ပါတယ်... ထိုအခါမှ ဟိုဆော့ရှက်ကိုးရှက်ကန်းနဲ့ ရယ်လိုက်မိတယ်...
"မင်းကလည်း... ငါအရင်တည်းက မင်းကိုဂရုစိုက်ပါတယ်ကွာ... အခုကတော့ အရင်ကထက် နည်းနည်းပိုတာပေါ့... ဟုတ်တယ်... မင်းပြောသလိုပဲ... ဒီနေ့ငါနဲ့မိုချီလေး ဒိတ်လုပ်ချင်လို့... အဲဒါ.. ဟဲဟဲ.. မင်းအကူအညီလိုလို့"
ယွန်းဂီဘာမှပြန်မဖြေပဲ မိန့်မိန့်ကြီးပြုံးနေတယ်... ဒီလောက်ဆိုဟိုဆော့သိလိုက်တယ်... ချက်ချင်း ယွန်းဂီလိမ်းနေကျ နို့ရည်ဘူးလေးကိုယူကာ သူ့မျက်နှာပေါ်မှာ အသာဖွဖွလိမ်းပေးလိုက်တယ်...
"မင်းအသားအရည်က ကြည်လင်နေတာပဲ... ဝါး... တကယ်မနာလိုစရာကောင်းလွန်းတယ်"
တမင်မြှောက်ပြောနေမှန်းသိပေမယ့် ယွန်းဂီငြိမ်နေလိုက်တယ်... သူငယ်ချင်းကိုအနိုင်ကျင့်ရတာ သိပ်ပျော်စရာကောင်းတာကိုး... ခုလည်းသူက ကိုယ့်ကိုခေါင်းဖြီးပေးနေပြန်တယ်... အဝတ်တွေကိုလည်း အတင်းဝတ်ပေးတာကြောင့် မနည်းတားထားရတယ်...
ကြာနေတဲ့သူတို့၂ယောက်ကို ပြန်လာချောင်းတဲ့ ယွန်းဂီရဲ့အမေကိုတော့ ၂ယောက်လုံးသတိမထားမိလိုက်ကြ... ၂ယောက်သားရဲ့ အပြုအမူတွေကြောင့် တမျိုးတမည်ဆက်ဆံရေးလို့ တွေးထင်သွားတာကပဲ သူတို့အတွက် ကံကောင်းခြင်းလား ကံဆိုးခြင်းလားဆိုတာ မသိနိုင်ပါ...
"မေမေ ညနေကျရင်အပြန်နောက်ကျမယ်နော်... ဆော့ဆော့နဲ့အတူတူ ဂိမ်းဆိုင်သွားမလို့"
ယွန်းဂီရဲ့စကားကြောင့် မနက်စာစားနေရင်း ဟိုဆော့ပြုံးလိုက်မိတယ်... ကြောင်စုတ်လေးက အဲလိုချစ်ဖို့ကောင်းတာပါဆို... အခုလည်း ညနေကျရင် ဂျီမင်းနဲ့အတူလျှောက်လည်ဖို့်အတွက် ကူလိမ်ပေးနေတယ်လေ...
"အေး.. အေး... သွားကြပေါ့... မုန့်ဖိုးရောလောက်သေးရဲ့လား...??"
"ထပ်ပေးမလို့လား... ပေးလေမေမေ"
လက်ဝါးလေး၂ဖက်ကိုဖြန့်ကာ မုန့်ဖိုးတောင်းနေတဲ့ကြောင်စုတ်လေးက တော်တော်လေးတော့ ချစ်စရာကောင်းပါတယ်... ခက်တာက ဟိုဆော့ရဲ့နှလုံးသားက ဂျီမင်းနဲ့ကျမှပဲ ရင်ခုန်တာကြောင့်မို့ ယွန်းဂီကိုတော့ ချစ်ဖို့ကောင်းတာသိနေပေမယ့် ဘယ်လောက်အနေနီးနီး ရင်မခုန်ခဲ့...
"ယွန်းဂီ.. မင်းရောရည်းစားထားဖို့ စိတ်ကူးမရှိဘူးလား...??"
ကားမောင်းနေရင်းနဲ့ ဘေးခုံမှာထိုင်နေတဲ့ယွန်းဂီကို ဟိုဆော့လှမ်းမေးလိုက်တယ်... ထိုအခါသူက နှာခေါင်းရှုံ့ပြလေရဲ့...
"ဘာလုပ်မှာလဲပျင်းစရာကြီး... ရည်းစားနဲ့ချိန်းတွေ့ရလို့ ငါ့အိပ်ချိန်လေးတွေ လျော့ကုန်ပါ့မယ်"
"ဟားဟား... မင်းကတော့ကွာ"
သူ့စကားကြောင့် ဟိုဆော့ရယ်မောမိသေးတယ်... တကယ်တမ်းကျတော့ ယွန်းဂီကိုရည်းစားရသွားစေချင်တယ်... ဒါမှကိုယ်လည်း ကိုယ့်ချစ်သူနဲ့ စိတ်ကြိုက်လည်လို့ရသလို သူ့အတွက်နောက်ဆံတင်းနေစရာ မလိုတော့ဘူးလေ...
မဟုတ်ရင် အဲဒီ့်ကြောင်စုတ်က သူအိမ်ပြန်ချင်ရင် အချိန်မရွေးဂျီကျတတ်သေးတာ... ဂျီမင်းကိုအားနာခဲ့ရပေါင်းလည်း များနေပြီမို့်လို့ သူ့ကိုလည်း ရည်းစားရသွားစေချင်တာ... ခက်တာက သူနဲ့သင့်တော်မယ့်သူ အခုထိရှာမတွေ့တာပါပဲ... ဂျစ်တီးဂျစ်ကန်သူ့ကို ဘယ်သူကမှလည်း ဟိုဆော့လို အနွံတာခံနိုင်မယ်မထင်...
ထိုသို့သောအကြောင်းအမျိုးမျိုးကြောင့် မင်ယွန်းဂီသည် ခုချိန်ထိချစ်ရေးဆိုခြင်း မခံရဖူးသော FA အကြီးစားကြီးသာ ဖြစ်နေပေတော့သည်...
ဒါကပဲ ဂျောင်ဟိုဆော့အတွက် တာဝန်ကြီးတစ်ခု ထပ်ပိုလာရတဲ့ အကြောင်းပြချက်တစ်ခုပင်... သူ့ရဲ့မြှားနတ်မောင်က အအိပ်မက်တဲ့သူ့လိုပင် ဘယ်ချောင်မှာအိပ်ပျော်နေလဲလို့ ဟိုဆော့တွေးကြည့်မိသေးတယ်...
ခုလည်းကြည့်ဦး... ကားလေးကိုကျောင်းဝန်းထဲကွေ့ဝင်ရင်း ဘေးကိုငဲ့စောင်းကြည့်လိုက်တော့ သူကပါးစပ်လေးအဟောင်းသားနဲ့ ပြန်အိပ်ပျော်လို့နေလေပြီလေ...
အအိပ်တစ်လိုင်းမှာစိတ်ချရတဲ့ မင်ယွန်းဂီပါ... ဒီပုံစံအတိုင်းနဲ့ ရည်းစားရဖို့လည်း လမ်းမမြင်ပါလား...
~•~•~•~•~•~•~•~•~•~
"မင်းကဘာလို့ နှစ်တစ်ဝက်တောင်မပြည့်သေးပဲ ကျောင်းပြောင်းလာရတာလဲ...??"
ဂျီမင်းမျက်မှောင်ကိုကျုံ့ထားရင်း သူ့ရှေ့မှာထိုင်နေတဲ့ ရွှေရောင်ဆံပင်နဲ့ကောင်လေးကို လှမ်းမေးလိုက်တယ်...
"အရင်ယူထားတဲ့မေဂျာကို သဘောမကျတော့လို့လေ... ပြီးတော့မင်းနဲ့လည်း ကျောင်းအတူတူတက်ချင်လို့ပေါ့... ဘာလို့လဲမင်းက မပျော်ဘူးလား...??"
လေးထောင့်ဆန်ဆန်အပြုံးလေးတွေနဲ့ ပြုံးရင်းပြောလာတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ဂျီမင်းသက်ပြင်းသာချမိတယ်... သိနေတယ် ကင်မ်ထယ်ယောင်းဆိုတဲ့ကောင် ဘေးမှာရှိနေရင် ဂျီမင်းတစ်ယောက်အရင်လို အေးဆေးနေလို့မရတော့တာ... တစ်မျိုးပြီးတစ်မျိုး ပြဿနာရှာတတ်တဲ့ အမွှေစိန်သူငယ်ချင်းကို ရထားတဲ့အတွက် ကိုယ့်ကိုကိုယ်တောင် ဂျီမင်းသနားမိတယ်....
"အမှန်အတိုင်းပြောစမ်းပါ... အရင်ကျောင်းမှာပြဿနာလုပ်လာတယ်မလား...??"
"အဟီး... မင်းကလည်းကွာ.. ငါအများကြီးလုပ်မလာပါဘူး... ပါမောက္ခကြီးရဲ့ရပ်ထားတဲ့ကားကို ဝင်တိုက်မိတာရယ်... ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ချက်လုပ်ရင်း အသေးစားပေါက်ကွဲမှုလေး ဖြစ်သွားစေတာရယ်.. ပြီးတော့...."
"တော်ပါတော့ကင်မ်ထယ်ယောင်းရယ်... ငါခေါင်းတွေတောင်ကိုက်လာပါပြီ"
ဂျီမင်းခုလောက်ဆိုသဘောပေါက်ပြီမို့ မနည်းတားလိုက်ရတယ်... ရုပ်လေးချောသလောက် အတော်လည်းဆိုးတဲ့ကောင်... မသိရင် cool type လိုလိုနဲ့ မျောက်ရှုံးအောင်လည်း ဆော့တတ်သေးတယ်... ဒါတင်ဘယ်ကဦးမလဲ.. ရည်းစားကလည်း များသေးတယ်...
"မင်းကလည်းကွာ.. ရုပ်ကြီးကိုက မျောက်ဖင်နီကြီး သံပုရာသီးကိုက်ထားသလိုပဲ"
"အိစ်...!!!"
သူပြောတဲ့စကားကြောင့် ကိုယ့်အဖြစ်ကိုယ်တွေးမိတော့ ဂျီမင်းသောက်လက်စအအေးတောင် နင်သွားရတယ်... ပြောလိုက်မှဖြင့် မှိုချိုးမျှစ်ချိုး...
"ငါကမင်းကိုဒုက္ခမပေးပါဘူး... ကူညီပေးမှာပါ.. မင်းငါ့ကိုပြောပြောနေတဲ့ မင်းရည်းစားရဲ့သူငယ်ချင်းဆိုတဲ့ကောင်လေ... အေး.. အဲ့ဒီ်အရှုပ်ထုတ်ကောင်ကို ငါရှင်းထုတ်ပေးမှာ"
"မင်းတကယ်ပြောတာလား...??"
ဂျီမင်းအခုမှဝမ်းသာအားရနဲ့ စားပွဲပေါ်တင်ထားတဲ့ ထယ်ယောင်းရဲ့လက်ကို ဆုပ်ကိုင်ကာမေးလိုက်တယ်... ထယ်ယောင်းရဲ့ဇ,က မသေးလှတာကြောင့် ကြောင်ဆိုးတော့ တော်တော်လေးခံရမှာကို တွေးမိပြန်တာကြောင့် ဝမ်းသာသွားခြင်းဖြစ်တယ်... ကြောင်ဆိုးကို အမြင်ကတ်နေတာ ကြာလှပြီမလား...
"ဟုတ်တယ်... သူများရည်းစားကြားဝင်ရှုပ်တဲ့ကောင် ငါကောင်းကောင်းကြီး ပညာပေးပြမယ်... ဟောဒီလို သူ့မျက်နှာကို လက်သီးနဲ့ထိုး... နောက်လုပ်ဦးမလားမေး... ကတိမပေးမချင်း စိတ်ကြိုက်သမ"
"ဖြည်းဖြည်းသာသာလုပ်ပါဟ... ကြောင်ဆိုးက လက်တစ်ဆုပ်စာလေးရှိတာ... မင်းကအားကြီးနဲ့"
လက်ဟန်ခြေဟန်နဲ့ပါ အားရပါးရသရုပ်ပြနေတဲ့ ထယ်ယောင်းကို ဂျီမင်းလှမ်းဟန့်လိုက်ရသေးတယ်... ပြောလို့ရတာမဟုတ်ဘူး... သူကတကယ်လုပ်ချင်လုပ်မှာ... သူဘယ်လောက်ပြဿနာရှာလဲ ကိုယ်ပဲအသိဆုံး...
စားပွဲပေါ်တင်ထားတဲ့သူ့ဖုန်း မြည်လာပြန်တာကြောင့် ယူကြည့်လိုက်ပြီး ဂျီမင်းရဲ့မျက်နှာပြုံးသွားခဲ့တယ်... သူ့အချစ်ဟိုဆော့ကီ ဆက်တာဆိုတော့လေ...
"ကျွန်တော်ကန်တင်းမှာ... သူငယ်ချင်းလည်းရှိနေလို့... ဟိုဆော့ကီနဲ့မိတ်ဆက်ပေးမယ်လေ... အင်း.. ဒါဆိုလာခဲ့လိုက်နော်"
ကိုယ့်ထက်အသက်ကြီးပေမယ့် ဟိုဆော့ကီလို့သာ ဂျီမင်းချစ်စနိုးနဲ့ခေါ်မိတယ်... ကြည့်ရတာကြောင်ဆိုးတော့ ပါလာမယ်မထင်... ဒါလည်းကောင်းတာပဲ.. အကုသိုလ်ကင်းတာပေါ့...
"မင်းရည်းစားလာမှာတဲ့လား...??"
"အင်း...ဟုတ်တယ်... သူလည်းမနက်ပိုင်းကို အတန်းချိန်မရှိလို့တဲ့... ကြောင်ဆိုးတော့ မပါလောက်ဘူးထင်တယ်"
"ပါလာလည်း ငါ့လက်သီးနဲ့တွေ့မယ်လေ"
ခပ်တည်တည်ပြောလာတဲ့ ထယ်ယောင်းရဲ့စကားကြောင့် ဂျီမင်းတခွိခွိရယ်မိတယ်... သိပ်တော့မကြာလိုက်... ဟိုဆော့လည်း ရောက်လာတာကြောင့် ၂ယောက်သားကိုမိတ်ဆက်ပေးလိုက်တယ်... ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကြသူတွေမို့ ခဏချင်းပင် ရင်းနှီးသွားကြပြန်တယ်...
"ဂျီမင်းက အစ်ကိုဟိုဆော့အကြောင်းကို ခဏခဏပြောနေလို့ လူကိုမမြင်ဖူးခင်ကတည်းက ရင်းနှီးနေတာကြာပါပြီ... ကျွန်တော့်ကိုလည်း ညီတစ်ယောက်လို ဆိုဆုံးမနိုင်ပါတယ်နော်"
စကားပြောကောင်းလွန်းတဲ့ထယ်ယောင်းကို ဂျီမင်းတိတ်တဆိတ်သာ ခိုးရယ်နေမိတယ်... မသိရင်တော့ သိပ်ကိုလိမ္မာယဉ်ကျေးတဲ့ ကျောင်းသားလေးတစ်ယောက်လိုပင်...
"ကိုယ်တို့ညနေကျ လျှောက်လည်ကြမယ်လေ... ဒီတစ်ခါတော့ ကိုယ်သေသေချာချာလေး ယွန်းဂီနဲ့ညှိထားတယ်"
ဟိုဆော့ရဲ့စကားကြောင့် ဂျီမင်းရယ်ချင်မိတယ်... ကြောင်ဆိုးက အချိန်မရွေးနှောက်ယှက်တတ်တာကြောင့် မနည်းညှိလာရပုံပါပဲ... ဘာပဲဖြစ်ဖြစ် ဂျီမင်းကျေနပ်သွားတာတော့အမှန်ပင်...
"အင်းပါ.. အဆင်ပြေရင်လည်း ပြီးတာပါပဲ.. ဒါဆိုကျွန်တော်တို့ ဘယ်သွားကြမလဲ"
ထယ်ယောင်းသူ့ရှေ့ကစုံတွဲကို ထိုင်ကြည့်ရင်းအကဲခတ်နေမိတယ်... ဟိုဆော့က ဂျီမင်းကိုသိပ်ချစ်မှန်း သိသာလှပေမယ့် သူ့သူငယ်ချင်းကိုတော့ ကြောက်နေရတာကို သိပ်သဘောမကျ... ကြည့်ရတာ ဂျီမင်းပြောတဲ့ကြောင်ဆိုးကို ဟိုဆော့မသိအောင်တော့ အနိုင်ကျင့်ရမှာပဲ... သူ့ကြည့်ရတာ သူငယ်ချင်းထိရင် ခံမယ့်ပုံမပေါ်...
"ထယ်ယောင်းပျင်းနေပြီလား... ငါတို့ချည်းစကားပြောနေလို့လေ"
ဂျီမင်းကတော့ သူ့ချစ်သူနဲ့စကားပြောနေရင်းကနေ လှမ်းမေးရှာပါတယ်... ထယ်ယောင်းလည်းပြုံးရင်း ခေါင်းခါပြလိုက်တယ်... သူကိုယ်တိုင်ကလည်း အတန်းမတက်ချင်တာကြောင့် လာထိုင်နေခြင်းသာ... ကျောင်းသားသစ်မို့ တစ်ယောက်တည်းအတန်းတက်ရမှာ ပျင်းမိတာကြောင့်လည်း ပါတာပေါ့...
"ဆော့ဆော့ရေ...!!!"
စူးခနဲထွက်လာတဲ့အသံကြောင့် သူတို့၃ယောက်လုံး တုန်ခနဲဖြစ်သွားတယ်... ဟို၂ယောက်မျက်နှာပျက်သွားသလို ထယ်ယောင်းသည်လည်း ဂျီမင်းပြောတဲ့ကြောင်ဆိုးဆိုတာ သူပဲဖြစ်ရမယ်ဆိုပြီး အသံလာရာကို လှမ်းကြည့်လိုက်တယ်...
"ဆော့ဆော့ငါဗိုက်ဆာပြီ... တစ်ခုခုစားမယ်လေ.. ဒီမှာမထိုင်ချင်ဘူး.. ဟိုဘက်ကန်တင်းကိုသွားမယ်... ငါနဲ့လိုက်ခဲ့နော်"
ဟိုဆော့ရဲ့လက်ကိုလာဆွဲကာ သူနဲ့အတူလိုက်ဖို့ခေါ်နေတဲ့ ကြောင်ဆိုး... ဂျီမင်းဒေါသဖြစ်ဖြစ်နဲ့ပင် ထယ်ယောင်းဘက်ကိုလှမ်းကြည့်မိတယ်... သဘောကတော့ ကြောင်ဆိုးအကြောင်းသိပြီလားပေါ့... ဂျီမင်းအံ့ဩသွားရတာက ကြောင်ဆိုးကို ပါးစပ်အဟောင်းသားနဲ့ ကြောင်ငေးကြည့်နေတဲ့ ထယ်ယောင်းကြောင့်ပင်...
သူဘာတွေပြောနေလဲဆိုတာ ထယ်ယောင်းနားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်ပင်... စကားပြောနေရင်း စူထော်သွားတတ်တဲ့ နီတာရဲနှုတ်ခမ်းသေးသေးလေးကိုသာ အဓိပ္ပာယ်မဲ့ငေးကြည့်နေမိတာကြောင့်ပါ... လှလိုက်တာ... အသားလေးကလည်း ဖြူဥနေတာပဲ... လူလေးကလည်း ပိစိသေးသေးလေး... အသည်းယားပြီး ဆွဲမွပစ်ချင်စရာကောင်းပါဘိ...
"ရား...ကင်မ်ထယ်ယောင်း...!!! ငုတ်တုတ်သေနေပြီလားဟ..."
ဂျီမင်းကသူ့လက်မောင်းကိုနာနာရိုက်လိုက်မှပဲ ထယ်ယောင်းအသိပြန်ဝင်လာတော့တယ်... ပိစိကတော့ အစ်ကိုဟိုဆော့ရဲ့လက်ကိုဆွဲကာ ထွက်သွားနှင့်လေပြီ...
"ဟင်...ဘာပြောမလို့လဲဂျီမင်း...??"
"မသာကောင်... မင်းပြောတော့ငါ့ဘက်ကဆို... အခုတော့ငါ့ရဲ့ဟိုဆော့ကီကို ကြောင်ဆိုးခေါ်သွားပြီ... မင်းဘာလို့ဝင်မတား......"
"တိတ်စမ်း... ဘာကြောင်ဆိုးလဲ...?? ဒီလောက်ချစ်စရာ ဖြူဖြူသေးသေးလေးကို ရက်ရက်စက်စက်တွေမပြောနဲ့"
ဂျီမင်းပါးစပ်အဟောင်းသားနဲ့ ထယ်ယောင်းကိုကြည့်မိတယ်... ထယ်ယောင်းကတော့ ထွက်သွားပြီဖြစ်တဲ့ သူ့ရဲ့ပိစိကို မြင်ရလိုမြင်ရငြား လည်တဆန့်ဆန့်နဲ့ငေးနေသေးတယ်...
"ကင်မ်ထယ်ယောင်း... မင်းက...??"
"အေး.. ဟုတ်တယ်... ငါကြောင်ပေါက်ကို မြင်မြင်ချင်းသဘောကျသွားတာ... ဘုရားရေ.. သူဘယ်လောက်တောင်မှ ချစ်စရာကောင်းလိုက်လဲ.. ငါ့ရည်းစားသာဖြစ်လို့ကတော့ အဟင်းဟင်း..."
ချက်ချင်းလက်ငင်းကို ကြောင်ဆိုးရောဂါတက်သွားတဲ့ သူငယ်ချင်းဖြစ်သူကို ဂျီမင်းခေါင်းတခါခါနဲ့ ငေးကြည့်နေရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပါ...
ဂျီမင်းဒီနေ့အတွက် ထပ်သိလိုက်ရတာက ကြောင်ဆိုးသည် အန္တရာယ်ကောင်ဆိုတာပါပဲ...
To Be Continued.....