႐ိုး႐ွင္းခန္႔ညားမင္း (ရိုးရှင...

Oleh Snowin25

105K 10.4K 124

မိဘေတြလက္ထပ္လိုက္တာေၾကာင့္ ညီအကိုေတြျဖစ္လာတဲ့ ေကာင္ေလးႏွစ္ေယာက္ အေၾကာင္းကို ေရးထားတာပါ....။ ပထမဆံုးစေရးတာမို... Lebih Banyak

Part1(Zawgyi & Unicode)
Part 2(Zawgyi & Unicode)
part 3(Zawgi & Unicode)
part4(Zawgyi & Unicode)
part 5( zawgyi & unicode)
Part 6 (Zawgyi & Unicode)
Part 7(Zawgyi & Unicode)
part 8(Zawgyi & Unicode)
Part9(Zawgyi & Unicode)
Part10 (Zawgyi & Unicode)
part11( zawgyi & unicode)
Part 12(Zawgyi & Unicode)
part 13(Zawgyi & Unicode)
Part 14(Zawgyi & Unicode)
Part 15(Zawgyi & Unicode)
Part 17(Zawgyi & Unicode)
Part 18(Zawgyi & Unicode)
Part 19(Zawgyi & Unicode)
Part 20(Zawgyi &Unicode)
Part 21(Zawgyi & Unicode)
Part 22(Zawgyi & Unicode)
Part23(Zawgyi & Unicode)
Part 24(Zawgyi & Unicode)
Part 25(Zawgyi & Unicode)
Part 26(Zawgyi & Unicide)
Part 27(Zawgyi & Unicode)
Part 28(Zawgyi & Unicode)
Part 29( Zawgyi & Unicode)
Part 30( Zawgyi & Unicode)
Part 31(Zawgyi & Unicode)
Part 32(Zawgyi & Unicode)
Part 33(Zaqgyi & unicode)
Part 34(Zawgyi & Unicode)
Part 35(Zawgyi & Unicode)
Part 36(Zawgyi & Unicode)
Part 37 (Zawgyi & Unicode)
ဇာတ္သိမ္းပိုင္း(ဇာတ်သိမ်းပိုင်း)
EXTRA

Part 16(Zawgyi & Unicode)

2.1K 259 3
Oleh Snowin25

......Zawgyi...... 

<<<July>>>

     အခ်ိန္ေတြကုန္လာသည္ႏွင့္အမ်ွ အေဆာင္၏စည္းကမ္းေတြနဲ ႔ေနသားက်လာခဲ့သည္။ စာမလုပ္ခ်င္ေပမဲ့လည္း ေၾကာက္တဲ့စိတ္နဲ႔စာေတြလုပ္ျဖစ္လာတယ္။ အိမ္ကိုလြမ္းေပမဲ့လည္း ဒီမွာလည္းေပ်ာ္လာပါၿပီ...။

ညေနသခ်ၤာေျဖဖို႔ ေန႔လည္ဂိုက္တန္းမွာ ငိုက္ငိုက္နဲ႔စာၾကည့္ေနရသည္။ ေပၚတင္ေတာ့မငိုက္ရဲ။ အေ႐ွ႕ကလူကို ကြယ္၍ ဂိုက္ဆရာမေတြ ဂိုက္ဆရာေတြမသိေအာင္ငိုက္ရသည္။ ေန႔လည္ဂိုက္တန္းတြင္ မိန္းကေလးေတြက ကိုယ့္အေဆာင္မွာကိုယ္က်က္ၾကသည္မို႔ စာသင္ေဆာင္တြင္ ေနရာက်ယ္သည္။ တစ္တန္းကို ႏွစ္ေယာက္သံုးေယာက္ေလာက္သာ ထိုင္ရလို႔ ငိုက္ရတာ သိပ္ေတာ့မလြယ္လွ။ ေမွးကနဲ ေမွးကနဲအိပ္ေပ်ာ္သြားၿပီး သတိျပန္ဝင္လာလွ်င္ ႐ုန္တရတ္လန္႔လန္႔သြားသည့္ ငိုက္ေမွးျခင္းခံစားခ်က္က တကယ္ကိုေကာင္းသည္။

ေမွးကနဲ သတိလက္လႊတ္ အိပ္ေပ်ာ္သြားတုန္း ႐ိုး႐ွင္းမွ တံေတာင္နဲ႔ လာတြတ္၍ လန္႔ႏိုးလာသည္။ ဘာလဲ ဟုရန္ေတြ႔မည္အလုပ္ ထဘီအစိမ္းပုတ္ေရာင္ေလးဝတ္ဆင္ထားသည့္မိန္းကေလးကို ျမင္မွ ဂိုက္ဆရာမ ေရာက္ေန၍ ႏိုးသည္မွန္း ရိပ္မိသည္။ မ်က္ႏွာကို ဆက္၍ေမာ့မၾကည့္ေတာ့ဘဲ စာအုပ္ကိုသာ အသည္းသန္ ကုန္းၾကည့္ရေတာ့သည္။ နာမည္မွတ္သြားရင္ ဆရာႀကီးက ညဂိုက္တန္းမွာ tutoေျဖတဲ့စာအုပ္ေတြေဝရင္း ေပါင္း႐ိုက္တတ္သည္။ မွားတာနည္းရင္ေတာင္ နာမည္မွတ္ခံရရင္ ပို႐ိုက္တတ္သည္။ အီစလန္ေဝေအာင္ခံရေသာ ဆရာ့ ႐ိုက္ခ်က္မ်ားကိုေၾကာက္၍ နာမည္မွတ္ခံရလို႔မျဖစ္။

"ခန္႔ညားမင္း အိပ္ငိုက္ေနတာမလား"

"မငိုက္ပါဘူး ဆရာမကလဲ ဟဲဟဲ။ ဟမ္....နင္"

မ်က္ႏွာခ်ိဳေသြးကာ စပ္ၿဖီးၿဖီးႏွင့္ ေမာ့ၾကည့္ေတာ့မွ ဒါ... ဟို ထစ္အမေလး။

"နင္ကဘယ္လိုျဖစ္ၿပီး ဒီေရာက္"

"ငါလည္းမႏွစ္က ဒီမွာပဲတက္တာေလ။ ေအာင္စာရင္းထြက္ေတာ့မွ ဒီမွာ ဂိုက္ျပန္လုပ္ေနတာ"

"ေျသာ္.....ဒါနဲ႔ ငါ့ကို နာမည္မမွတ္နဲ႔ေနာ္ ဟီး"

"မမွတ္ပါဘူး။ ငါကနင့္ကိုခုနတည္းက ၾကည့္ေနတာ လူမွားေနမွာစိုးလို့။  ႐ိုး႐ွင္းနဲ႔ရဲမာန္ကိုေရာ ေတြ႔မွ ေသခ်ာေတာ့ လာႏုုွတ္ဆက္တာ"

"ဒါနဲ႔ေလ နင္နာမည္ကိုငါမသိဘူး ေျပာအံုး"

"ဟင္။ နင္တကယ္မသိတာလား။ ငါတို႔၇တန္းထဲကအတန္းတူတာေလ။ ငါ့နာမည္ သစ္ရင္ခက္ေလ"

"ေမ့သြားလို႔ပါဟာ"

ခန္႔ညားတကယ္ပင္မသိပါ။ ဘယ္ႏွတန္းေရာက္ေရာက္ ကိုယ့္အခန္းထဲမွာ ဘယ္သူဘယ္ဝါရိွတယ္ဆိုတာသတိမထားမိပါ။ မွတ္လည္းမွတ္မထားပါ။ ရဲမာန္ေတာင္ ငယ္ေပာင္းအခင္ဆံုးသူငယ္ခ်င္းမို့။ က်န္တဲ့သူေတြဆို သူတို႔နာမည္ေျပာၿပီးမိတ္ဆက္မွသာသိသည္။ ကိုယ့္အခန္းထဲက လူေတြကိုသာမသိခ်င္မသိလိမ့္မည္။ သို့ေသာ္ ႐ိုး႐ွင္းအခန္းထဲမွ မိန္းကေလးေယာက်္ားေလးအားလံုးကိုသိၿပီး အားလံုးနာမည္ကိုလည္းမွတ္မိေနတဲ့ ခန္႔ညားပါတဲ့ေလ။

"ဟုတ္ပါၿပီ။ စာဆက္လုပ္အံုး အ႐ုိက္ခံေနရအံုးမယ္"

"ေအးပါ"

ခန္႔ညားကို ႏႈတ္ဆက္ၿပီးမွ ႐ိုး႐ွင္းႏွင့္ ရဲမာန္ကို သစ္ရင္ခက္ သတိရမိသည္။ သူမ့ကိုေမာ့ၾကည့္ေနၾကသည့္ နွစ္ေယာက္ကို ျပံဳးျပၿပီး ႏႈတ္ဆက္သည္။

" ရဲမာန္ေရာ ႐ိုး႐ွင္းေရာ ငါစာသြားစစ္လိုက္အံုးမယ္။ တစ္ခုခုအကူညီလိုရင္ေျပာေနာ္"

"ဟုတ္""အင္း"

ထြက္သြားေသာ ဆံပင္ဂုတ္ဝဲနဲ႔မမလွလွအား ႐ိုး႐ွင္းလိုက္ၾကည့္မိသည္။ ဒီအမ့ကို သူေတြ႔ဖူးသည္။ ဘယ္မွာေတြ႔ဖူးမွန္းစဥ္းစားမရ။ အာရံုျဖန္႔က်က္၍ ဦးေႏွာက္တို႔ကိုအလုပ္ေပးမိသည္။

အတိတ္ေန႔စြဲတစ္ခု။ ႐ိုး႐ွင္းေမ့ပစ္လိုက္ခ်င္ေသာေန႔ရက္တစ္ခု။ ေသြးမ်ားစိုရႊဲေနသည့္ ဥကၠာကို အားနဲ႔ လႊဲ႐ိုက္ေနေသာ ခန္႔ညား။ ထိုျမင္ကြင္းကို ထပ္မျမင္ခ်င္တာေၾကာင့္ မ်က္လံုးစံုမိွတ္၍ ေခါင္းအတြင္တြင္ခါမိသည္။

ေခါင္းမ်ားဆက္တိုက္ခါေနတာေတာင္ ၾကားလိုက္ရသည့္အသံတစ္သံ။

"ဟဲ့ ဟဲ့ဆြဲေလ ဘာလုပ္ေနတာလဲ ႐ိုး႐ွင္း"

လက္ကို စိုးရိမ္တႀကီးဆြဲလႈပ္၍ သတိေပးေနေသာမိန္းကေလးတစ္ေယာက္။ ဒါဆို အဲ့တစ္ေယာက္က သစ္ရင္ခက္။

..........

ေခါက္စားပြဲေလးေပၚ စာအုပ္ပလပြနဲ႔ စာလုပ္ေနတဲ့ေကာင္ေလးကို ၾကည့္၍ ရဲမာန္ျပံဳးမိသည္။ ဒီေကာင္ေလးက စာေတာ့တအားႀကိဳးစားတယ္။ မမွတ္မိတာေလးကလႊဲလို႔ေပါ့။

စားပြဲခံုေလးအျပည့္ ျဖန္႔ထားတဲ့စာအုပ္တစ္ခ်ိဳ႕ကို ဖယ္ၿပီး ႐ိုး႐ွင္းနဲ႔မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္လိုက္သည္။ ရဲမာန္ကိုျမင္တာ့ သြားျဖဴျဖဴေလးေတြေပၚေအာင္ ျပံဳးျပလာသည္။

"ကိုရဲ သခ်ၤာ၂ေတြ ျပန္႐ွင္းျပအံုးေနာ္ ကြၽန္ေတာ္နားမလည္လို႔ ဟီး.."

"ဆရာမ႐ွင္းျပတုန္းက ေသခ်ာနားေထာင္ရင္ နားမလည္ပဲ မရိွဘူး"

"ေသခ်ာနားေထာင္ပါတယ္ဗ်ာ။ ကြၽန္ေတာ္ကိုကနားမလည္တာ လုပ္ပါ ကိုရဲကလဲ"

"ခဏ အိပ္လိုက္အံုးမယ္။ ၿပီးမွ"

"ဟာ..အိပ္မေနနဲ႔ ခဏေနရင္ကို စာက်က္တန္းသြားရေတာ့မွာကို...။ ၿပီးရင္လည္း ကိုရဲ.... phys: Definition ေတြမရေသးဘူးမလား က်က္ေလ"

"အခုမအိပ္ရင္ စာက်က္တန္းမွာ ငိုက္လိမ့္မယ္"

"ဥာဏ္ေကာင္းတဲ့လူေတြက တအားပ်င္းတာပဲ။ ခန့္ညားဆိုလည္း အားရင္ေသေနတာ။ ငားမိနစ္ရရင္ ငါးမိနစ္အိပ္တယ္ တအားႀကိဳးစားၾကတာပဲ။ စာသာအဲ့လိုျကိုးစားရင္ ဂုဏ္ထူးပဲ။ ကြၽန္ေတာ္သာ ကိုရဲတို႔လိုဥာဏ္ေကာင္းရင္ စာပဲလုပ္ေနမွာ..."

ကုတင္ေပၚမွာ အိပ္ေနတဲ့ ခန္႔ညားကို ေမးေငါ့ျပကာ ဆူပုတ္ပုတ္ေျပာေနသည့္ ႐ိုး႐ွင္းသည္ တကယ့္ကေလးေလးတစ္ေယာက္လို။ ေပ်ာ့စင္းက်ေနသည့္ ႐ိုး႐ွင္းဆံစတို႔ကို ရဲမာန္႔လက္ကေလးနဲ႔ အႏုအရြ ဖြလိုက္ၿပီး ဟတ္ဟတ္ပက္ပက္ရီေတာ့သည္။ ရဲမာန္နဲ႔ဆို ႐ိုး႐ွင္းက ကေလးေပါက္စေလးလိုပင္။

"ဟား...ဟား....။ ႐ွင္းျပဆိုလည္း႐ွင္းျပပါ့မယ္။
နားမၿငီးစမ္းပါနဲ႔ ႐ိုး႐ွင္းရာ"

"ဟုတ္"

  ႐ိုး႐ွင္းခင္ဗ်ာ ႐ွင္းျပမယ္ဆိုေတာ့ မ်က္လံုးေတြကအေရာင္ေတာက္လို႔။ ေရးလက္စ စာအုပ္ေလးပိတ္ၿပီး သခ်ၤာ ၂ စာအုပ္ေလးထုတ္ၿပီး ရဲမာန္ေ႐ွ႕ခ်ေပးလိုက္သည္။ အၾကမ္းစာအုပ္ေလးထုတ္ကာ ေမးခြန္းကူးေပးဖို႔ ေရးေတာ့ မင္ကထြက္မလာ။ လက္ထဲမွ linc ေဘာပင္ေခါင္းေလးကို ျဖဳတ္၍ အထဲမွ ကုန္ေနသည့္ မင္တံေလးကို ထုတ္လိုက္သည္။ ထို႔ေနာက္ အိတ္ထဲမွ ေဘာပင္အသစ္ေလးထုတ္ကာ မင္တံအသစ္ေလးထုတ္ၿပီး လဲလိုက္သည္။ ႐ိုး႐ွင္းလုပ္သမွ် မ်က္ေတာင္မခတ္ ၾကည့္ေနသည့္ရဲမာန္က နားမလည္စြာႏွင့္ေမးသည္။

"ဘာလို႔အသစ္မသံုးဘဲ မင္တံပဲ လဲေနတာလဲ"

"ဒီေဘာပင္က ကိုရဲလက္ေဆာင္ေပးထားတာေလ"

"ဟမ္...လက္ေဆာင္!! "

"၅တန္းတုန္းက ခန္႔ညား ကြၽန္ေတာ့္ေဘာပင္အိတ္ယူသြားလို႔ ကိုရဲပဲေပးခဲ့တာေလ။ ငါ့လက္ေဆာင္ ဒါနဲ႔ပဲေရးဆိုၿပီး"

"ေျသာ္....မွတ္မိၿပီ။ မင္းအခုထိသံုးေနမယ္လို႔ မထင္ထားဘူး။ ကုန္သြားရင္လႊင့္ပစ္လို႔ရပါတယ္ကြာ အေဟာင္းႀကီးမသံုးစမ္းပါနဲ႔။ မင္းလိုခ်င္ရင္ ငါထပ္ေပးမယ္"

"ဒါ တစ္ေယာက္ေယာက္စီက ပထမဆံုးရဖူးတဲ့ လက္ေဆာင္မို႔ပါ"

"အာ့ဆိုလည္း သိမ္းထားလိုက္။ ငါကမသိပါဘူး...မင္းကအစြဲလမ္းႀကီးလို႔ ဒါပဲသံုးေနတယ္ထင္တာ"

"အာ့ဆို သိမ္းပဲထားေတာ့မယ္"

   ခန္႔ညား ဗိုလ္က်ေနက်ေကာင္ေလးမို႔ ကြၽန္ေတာ္ ဒီေကာင္ေလးကို သိလာသည္။ အျမဲေတြ႔ေတြ႔ေနလို႔ ခင္တယ္လည္းမဟုတ္ ေမးထူးေခၚေျပာထက္ေတာ့ အနည္းငယ္ပိုလိမ့္မည္။ အဲ့ေန႔က သူ႔ေဘာပင္အိတ္ယူသြားလို႔ ေဒါသတေထာင္းေထာင္းနဲ႔ ရန္ေတြ႔ေနတဲ့ေကာင္ေလး။ သူ႔အိတ္ေလးထဲ ေဘာပင္တစ္ေခ်ာင္းမ်ားေတြ႔မလားဆိုၿပီး အသည္းသန္ ႐ွာေနတဲ့ေကာင္ေလး။ ႐ွာလို႔မေတြ႔ေတာ့ ႐ွံုမဲ့ကာ မ်က္ႏွာေလးညိဳးငယ္ေနတဲ့ ကေလးကို သနားတာမို႔ ကိုယ့္အိတ္ထဲက ေဘာပင္တစ္ေခ်ာင္းထုတ္ေပးၿပီး 'ေရာ့ ငါ့လက္ေဆာင္ ဒါနဲ႔ပဲေရး' ဟုေခ်ာ့သည့္သေဘာႏွင့္ ေပးခဲ့သည္။ ဒါကိုဒီကေလးက ၅ႏွစ္လံုးလံုးသံုးေနခဲ့တာတဲ့ေလ။ ႐ိုး႐ွင္း မင္းကေတာ့တကယ္ပါပဲ။

ရဲမာန္ ႐ွင္းျပသမ်ွကို ႐ိုး႐ွင္း စိတ္ဝင္တစားနားေထာင္ေနသည္။ အေဆာင္ေတာ္ကူးေနသည့္ ေမာင္ညီညီႏိုင္ အေမာတကာဝင္လာကာ စာအုပ္ေတြျပင္ေတာ့မွ ႐ိုး႐ွင္းႏွင့္ရဲမာန္လည္း စာ႐ွင္းတာရပ္ၿပီး စာက်က္တန္းအတြက္ စာအုပ္ေတြျပင္ရသည္။ ႐ိုး႐ွင္းက ခန္႔ညားအတြက္ စာအုပ္ေတြျပင္ၿပီးမွ ခန္႔ညားကိုႏိုး၍ ေလးေယာက္လံုးစာက်က္တန္းကိုသြားၾကသည္။

နားလည္ၿပီးသား စာေတြကိုျပန္႐ွင္းျပခိုင္းတတ္တဲ့ ေကာင္ေလးနဲ႔ အိပ္ခ်င္ေယာင္ေဆာင္ေနေသာ ေကာင္လးအေၾကာင္းကို မည္သူမွသိမည္မဟုတ္.....။

              ——————————

"ကိုခန္႔...ကိုခန္"
ညစာက်က္ဝိုင္းတြင္ ညီညီႏိုင္၏ ခပ္တိုးတိုးေခၚသံ။

"ဘာလဲ"

"ျမတ္ႏိုးသိမ့္ကိုၾကည့္လိုက္။ ခဏခဏ ႐ိုး႐ွင္းကို လွမ္းလွမ္းၾကည့္ေနတာ"

ဟင္။ သူကဘာကိစၥရိွလို႔ ႐ိုး႐ွင္းကိုၾကည့္ေနရတာလဲ။ ျမတ္ႏိုးသိမ့္ဆိုတာ ဟိုေကာင္ေလးနဲ႔လည္းမ႐ွင္းမ႐ွင္း ဒီေကာင္ေလးလည္းမ႐ွင္း႐ွင္း ခပ္လည္လည္ေကာင္မေလး။

ညီညီႏိုုင္ စကားအဆံုး ျမတ္ႏိုးသိမ့္ကို ေနာက္လွည့္ ၾကည့္မိေတာ့ တကယ္ပင္ ႐ိုး႐ွင္းကိုလွမ္းလွမ္းၾကည့္ေနသည္။ သူ႔အၾကည့္ေတြကမ႐ိုးသားပါ သားေကာင္႐ွာေနတဲ့ မုဆိုးလိုမိ်ဳး။ မင္းဘာျဖစ္ခ်င္ေနတာလဲ ျမတ္ႏိုးသိမ့္။

"႐ိုး႐ွင္းကိုႀကိဳက္ေနတာလားမသိဘူး။ ဟီးဟီး ငါ့ေကာင္က စြံတယ္ ခ်စ္ႏွင္းေထြးကလည္း ႀကိဳက္လို႔တဲ့"

"ခ်စ္ႏွင္းေထြးက dayတက္တဲ့ တစ္ေယာက္မလား။ မင္းက သူႀကိဳက္တာဘယ္လိုသိလဲ"

"သက္ထြန္းေဆြကို ေျပာခိုင္းတာတဲ့ ငါသူဆီမုန္႔မွာတုန္းက ငါ့ကိုေျပာျပတာ။ ခ်စ္ႏွင္းေထြးက သူ႔ကိုအကူညီေတာင္းထားတာတဲ့"

"႐ိုး႐ွင္းသိလား"

"သိတယ္ေလ ငါေျပာၿပီးၿပီေလ"

"ခ်ီး!အဲ့ေတာ့သူကဘာေျပာလဲ"

"သူ..."

"ဟိုမွန္ေၾကာင္နဲ႔ ေလာေပ စကားမ်ားေနျပန္ၿပီလား။ ေနရာထပ္ေျပာင္းခ်င္ေနတာလား ဟမ္...။ ထပ္မ်ားတာေတြ႔ရင္ နာမည္မွတ္ၿပီပဲ။ စကားေျပာသံၾကားလို႔ ၾကည့္လိုက္ရင္ ခန္႔ညားမင္းၾကည့္ပဲ။ ညီနဲ႔ေျပာလြန္းလို႔ ရဲမာန္ေဘးထားေတာ့ ရဲမာန္နဲ႔ေျပာတယ္။ မွန္ေၾကာင့္ေဘးပို႔ေတာ့လည္း မွန္ေၾကာင္နဲ႔ေျပာတယ္။ ငါနင့္ဘယ္ထားရမလဲ။
ဟိုမွန္ေၾကာင္ကလည္း လူကသာမွန္ေၾကာင္ စာဂ်ပိုးရုပ္ ၿပီးရင္စာတစ္လံုးမွမရဘူး။ နင္တို႔ႏွစ္ေယာက္သတိထား"

       ဂိုက္ဆရာမ ေအာ္ေျပာေတာ့ တစ္ခန္းလံုးတိတ္ဆိတ္သြားသည္။ ခန္႔ညားနဲ႔ ညီႏိုင္လည္း ႏွစ္ေယာက္လံုး သူတို႔မဟုတ္သည့္အတိုင္း စာအုပ္ထဲမ်က္ႏွာအပ္ေနၾကသည္။ တစ္ဖန္စာက်က္သံမ်ားႏွင့္ျပန္ဆူညံသြားမွ ခန္႔ညားက တစ္ခုခုသတိရသြားသည့္ဟန္ႏွင့္

"မင္းေကာင္မဟုတ္ဘူး ငါ့ေကာင္။ ေနာက္တစ္ခါ ႐ိုး႐ွင္းကို ငါ့ေကာင္လို႔မေျပာနဲ႔"
ေခါင္းငံု႔လ်ွက္နဲ႔ ညီႏိုင့္ဘက္ လွည့္ေျပာသည္။

"ဟမ္.... ေျသာ္....ဟုတ္"

      ညီညီႏိုင္တစ္ေယာက္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီး ခန္႔ညားကိုနားမလည္စြာၾကည့္သည္။
< သူ႔ညီကို အေကာင္လို႔ေျပာတာဘယ္ျကိုက္မလဲ။ ငါကလဲ ကိုခန္႔က သူ႔ညီကိုတအားသဲတာသိရက္နဲ႔>

ခန္႔ညားတစ္ေယာက္ ဒီညလည္းစာလုပ္ႏိုင္မည္မထင္။ ျမတ္ႏိုးသိမ့္ကို အကဲခတ္လိုက္ ရဲမာန္နွင့္အတူ အတိုင္ေဖာက္ညီစြာ စာလုပ္ေနသည့္ ႐ိုး႐ွင္းကို ၾကည့္လိုက္ႏွင့္။ သူ႔စိတ္ကိုသူ နားမလည္စြာ......။

——————

ညဟာတိတ္ဆိတ္တယ္။ ျပတင္းေပါက္မွ တိုးဝင္လာေသာ ေလတို႔သည္ ေအးခ်မ္းတယ္။ ႐ိုး႐ွင္းအနားမွာရိွေတာ့ ျပည့္စံုတယ္။ ဒါနဲ႔မ်ား ဘာလို႔ အိပ္မေပ်ာ္ႏိုင္ရတာလဲ။

အိပ္မေပ်ာ္နိုင္တဲ့အဆံုး ရင္ခြင္ထဲမွ ေကာင္ေလး၏ မ်က္ႏွာေပၚ ေလတို႔မႈတ္ထုတ္ၿပီး အိပ္ေရးဆက္သည့္ေကာင္းေလးကို ကလိရသည္။ မၾကာဘူး မ်က္ႏွာေလးကို လက္တို႔ျဖင့္သပ္ကာ လႈပ္႐ွားလာသည္။ ျမတ္ႏိုးရတဲ့ ႏႈတ္ခမ္းအစံုတို႔လည္း ဆူလာၿပီး ရန္ေတြ႔ဖို႔ဟန္ျပင္လာၿပီ။

"ခန္႔ညား....ငါအရမ္းအိပ္ခ်င္ေနတယ္"

"ငါေမးတာေျဖၿပီးမွအိပ္"

"ေျပာ"

"ျမတ္ႏိုးသိမ့္က လွလား"

"အင္း"

"ဟမ္...ဒါဆိုႀကိဳက္လား"
လဲေနရာမွ ေခါင္းေထာင္၍ စိတ္ဝင္တစားေမးသည္။

"လွတိုင္းႀကိဳက္စရာလား"

"အာ့ဆို ဘယ္လိုပံုစံမိ်ဳးႀကိဳက္လဲ"

"ဒီတိုင္းပဲ"

"မရဘူး အတိက်ေျပာကြာ"

"အတိက်မရိွဘူး။ ငါအိပ္ခ်င္ၿပီကြာ"

"ေနပါအံုး။ ဒါေလးေျဖအံုး။
မင္း၁၀တန္းၿပီးရင္ ဘာလုပ္မွာလဲ"

တေစာင္းအိပ္ ေခါင္းေထာင္ေနရာမွ ပက္လက္အိပ္ခ်လိုက္သည္။ ႐ိုး႐ွင္းကိုဖက္ထားရာမွလႊတ္၍ လက္ႏွစ္ဖက္ကို ေခါင္းေအာက္ခုၿပီး မ်က္ႏွာက်က္ကိုၾကည့္၍ဆိုသည္။

ေလးနက္ျခင္းအတိျဖင့္ ေျပာလာေသာေၾကာင့္ ရိုး႐ွင္း ခန္႔ညားကိုတစ္ခ်က္ၾကည့္ၿပီး ေလးေလးနက္နက္တံု႔ျပန္လိုက္သည္။

"floral class တက္မယ္။ ၿပီးရင္ဆိုင္ေလးဖြင့္ႏိုင္ေအာင္လုပ္မယ္။ ငါပန္းေတြနဲ႔ပဲေနခ်င္တယ္။ event ေတြမွာ flower decoration လုပ္ခ်င္တယ္။ မင္းကေရာ..."

"ငါက ေနရာအႏွံ ခရီးသြားခ်င္တာ...မင္းနဲ႔"

"ဟင္း... ပိုက္ဆံကုန္ေပါက္ႀကီး"

"႐ွာမွာေပါ့ကြ....။
ဒာနဲ့ ဘယ္ပန္းအႀကိဳက္ဆံုးလဲမင္းက"

"lavender"

"ဘာလို႔လဲ"

"ေမႊးလို႔"

"အေရာင္ကေရာ"

"lavenderပန္း အေရာင္"

"ဘာလို႔လဲ"

"...."

"ဘာလို႔လဲလို႔.....။ ဟင္း...အိပ္သြားျပန္ၿပီ"

    ႐ိုး႐ွင္းအိပ္သြားေတာ့ ခန္႔ညားလည္းတစ္ဖန္ျပန္ဖက္ၿပီး အိပ္စက္လိုက္သည္။ ႐ိုး႐ွင္းကိုမွ ဖက္မအိပ္ရရင္ ခန္႔ညားတစ္ေယာက္ အိပ္ေပ်ာ္ႏိုင္မည္မထင္....။

Lavenderပန္းရဲ႕ အဓိပၸါယ္ေတြထဲကတစ္ခုက ႀကီးမားေသာသံေယာဇဥ္ႏွင့္ ေအးခ်မ္းတည္ၿငိမ္တဲ့ခ်စ္ျခင္း တဲ့...။
lavenderပန္းရဲ႕အေရာင္ျဖစ္တဲ့ light purple ရဲ႕ အဓိပၸာယ္တစ္ခုဟာ လွပျခင္းရဲ႕ စကားေျပတစ္ပုဒ္ပါတဲ့ေလ.....။

စာဖတ္သူတို႔အား...ေလးစားလ်ွက္.....
                                                        SNOWIN

.....Unicode.....

<<< July>>>

     အချိန်တွေကုန်လာသည်နှင့်အမျှ အဆောင်၏စည်းကမ်းတွေနဲ့နေသားကျလာခဲ့သည်။ စာမလုပ်ချင်ပေမဲ့လည်း ကြောက်တဲ့စိတ်နဲ့စာတွေလုပ်ဖြစ်လာတယ်။ အိမ်ကိုလွမ်းပေမဲ့လည်း ဒီမှာလည်းပျော်လာပါပြီ...။

ညနေသချၤာဖြေဖို့ နေ့လည်ဂိုက်တန်းမှာ ငိုက်ငိုက်နဲ့စာကြည့်နေရသည်။ ပေါ်တင်တော့မငိုက်ရဲ။ အရှေ့ကလူကို ကွယ်၍ ဂိုက်ဆရာမတွေ ဂိုက်ဆရာတွေမသိအောင်ငိုက်ရသည်။ နေ့လည်ဂိုက်တန်းတွင် မိန်းကလေးတွေက ကိုယ့်အဆောင်မှာကိုယ်ကျက်ကြသည်မို့ စာသင်ဆောင်တွင် နေရာကျယ်သည်။ တစ်တန်းကို နှစ်ယောက်သုံးယောက်လောက်သာ ထိုင်ရလို့ ငိုက်ရတာ သိပ်တော့မလွယ်လှ။ မှေးကနဲ မှေးကနဲအိပ်ပျော်သွားပြီး သတိပြန်ဝင်လာလျှင် ရုန်တရတ်လန့်လန့်သွားသည့် ငိုက်မှေးခြင်းခံစားချက်က တကယ်ကိုကောင်းသည်။

မှေးကနဲ သတိလက်လွှတ် အိပ်ပျော်သွားတုန်း ရိုးရှင်းမှ တံတောင်နဲ့ လာတွတ်၍ လန့်နိုးလာသည်။ ဘာလဲ ဟုရန်တွေ့မည်အလုပ် ထဘီအစိမ်းပုတ်ရောင်လေးဝတ်ဆင်ထားသည့်မိန်းကလေးကို မြင်မှ ဂိုက်ဆရာမ ရောက်နေ၍ နိုးသည်မှန်း ရိပ်မိသည်။ မျက်နှာကို ဆက်၍မော့မကြည့်တော့ဘဲ စာအုပ်ကိုသာ အသည်းသန် ကုန်းကြည့်ရတော့သည်။ နာမည်မှတ်သွားရင် ဆရာကြီးက ညဂိုက်တန်းမှာ tutoဖြေတဲ့စာအုပ်တွေဝေရင်း ပေါင်းရိုက်တတ်သည်။ မှားတာနည်းရင်တောင် နာမည်မှတ်ခံရရင် ပိုရိုက်တတ်သည်။ အီစလန်ဝေအောင်ခံရသော ဆရာ့ ရိုက်ချက်များကိုကြောက်၍ နာမည်မှတ်ခံရလို့မဖြစ်။

"ခန့်ညားမင်း အိပ်ငိုက်နေတာမလား"

"မငိုက်ပါဘူး ဆရာမကလဲ ဟဲဟဲ။ ဟမ်....နင်"

မျက်နှာချိုသွေးကာ စပ်ဖြီးဖြီးနှင့် မော့ကြည့်တော့မှ ဒါ... ဟို ထစ်အမလေး။

"နင်ကဘယ်လိုဖြစ်ပြီး ဒီရောက်"

"ငါလည်းမနှစ်က ဒီမှာပဲတက်တာလေ။ အောင်စာရင်းထွက်တော့မှ ဒီမှာ ဂိုက်ပြန်လုပ်နေတာ"

"သြော်.....ဒါနဲ့ ငါ့ကို နာမည်မမှတ်နဲ့နော် ဟီး"

"မမှတ်ပါဘူး။ ငါကနင့်ကိုခုနတည်းက ကြည့်နေတာ လူမှားနေမှာစိုးလို့။  ရိုးရှင်းနဲ့ရဲမာန်ကိုရော တွေ့မှ သေချာတော့ လာနုုှတ်ဆက်တာ"

"ဒါနဲ့လေ နင်နာမည်ကိုငါမသိဘူး ပြောအုံး"

"ဟင်။ နင်တကယ်မသိတာလား။ ငါတို့၇တန်းထဲကအတန်းတူတာလေ။ ငါ့နာမည် သစ်ရင်ခက်လေ"

"မေ့သွားလို့ပါဟာ"

ခန့်ညားတကယ်ပင်မသိပါ။ ဘယ်နှတန်းရောက်ရောက် ကိုယ့်အခန်းထဲမှာ ဘယ်သူဘယ်ဝါရှိတယ်ဆိုတာသတိမထားမိပါ။ မှတ်လည်းမှတ်မထားပါ။ ရဲမာန်တောင် ငယ်ပောင်းအခင်ဆုံးသူငယ်ချင်းမို့။ ကျန်တဲ့သူတွေဆို သူတို့နာမည်ပြောပြီးမိတ်ဆက်မှသာသိသည်။ ကိုယ့်အခန်းထဲက လူတွေကိုသာမသိချင်မသိလိမ့်မည်။ သို့သော် ရိုးရှင်းအခန်းထဲမှ မိန်းကလေးယောကျ်ားလေးအားလုံးကိုသိပြီး အားလုံးနာမည်ကိုလည်းမှတ်မိနေတဲ့ ခန့်ညားပါတဲ့လေ။

"ဟုတ်ပါပြီ။ စာဆက်လုပ်အုံး အရိုက်ခံနေရအုံးမယ်"

"အေးပါ"

ခန့်ညားကို နှုတ်ဆက်ပြီးမှ ရိုးရှင်းနှင့် ရဲမာန်ကို သစ်ရင်ခက် သတိရမိသည်။ သူမ့ကိုမော့ကြည့်နေကြသည့် နှစ်ယောက်ကို ပြုံးပြပြီး နှုတ်ဆက်သည်။

" ရဲမာန်ရော ရိုးရှင်းရော ငါစာသွားစစ်လိုက်အုံးမယ်။ တစ်ခုခုအကူညီလိုရင်ပြောနော်"

"ဟုတ်""အင်း"

ထွက်သွားသော ဆံပင်ဂုတ်ဝဲနဲ့မမလှလှအား ရိုးရှင်းလိုက်ကြည့်မိသည်။ ဒီအမ့ကို သူတွေ့ဖူးသည်။ ဘယ်မှာတွေ့ဖူးမှန်းစဉ်းစားမရ။ အာရုံဖြန့်ကျက်၍ ဦးနှောက်တို့ကိုအလုပ်ပေးမိသည်။

အတိတ်နေ့စွဲတစ်ခု။ ရိုးရှင်းမေ့ပစ်လိုက်ချင်သောနေ့ရက်တစ်ခု။ သွေးများစိုရွှဲနေသည့် ဥက္ကာကို အားနဲ့ လွှဲရိုက်နေသော ခန့်ညား။ ထိုမြင်ကွင်းကို ထပ်မမြင်ချင်တာကြောင့် မျက်လုံးစုံမှိတ်၍ ခေါင်းအတွင်တွင်ခါမိသည်။

ခေါင်းများဆက်တိုက်ခါနေတာတောင် ကြားလိုက်ရသည့်အသံတစ်သံ။

"ဟဲ့ ဟဲ့ဆွဲလေ ဘာလုပ်နေတာလဲ ရိုးရှင်း"

လက်ကို စိုးရိမ်တကြီးဆွဲလှုပ်၍ သတိပေးနေသောမိန်းကလေးတစ်ယောက်။ ဒါဆို အဲ့တစ်ယောက်က သစ်ရင်ခက်။

..........

ခေါက်စားပွဲလေးပေါ် စာအုပ်ပလပွနဲ့ စာလုပ်နေတဲ့ကောင်လေးကို ကြည့်၍ ရဲမာန်ပြုံးမိသည်။ ဒီကောင်လေးက စာတော့တအားကြိုးစားတယ်။ မမှတ်မိတာလေးကလွှဲလို့ပေါ့။

စားပွဲခုံလေးအပြည့် ဖြန့်ထားတဲ့စာအုပ်တစ်ချို့ကို ဖယ်ပြီး ရိုးရှင်းနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။ ရဲမာန်ကိုမြင်တာ့ သွားဖြူဖြူလေးတွေပေါ်အောင် ပြုံးပြလာသည်။

"ကိုရဲ သချၤာ၂တွေ ပြန်ရှင်းပြအုံးနော် ကျွန်တော်နားမလည်လို့ ဟီး.."

"ဆရာမရှင်းပြတုန်းက သေချာနားထောင်ရင် နားမလည်ပဲ မရှိဘူး"

"သေချာနားထောင်ပါတယ်ဗျာ။ ကျွန်တော်ကိုကနားမလည်တာ လုပ်ပါ ကိုရဲကလဲ"

"ခဏ အိပ်လိုက်အုံးမယ်။ ပြီးမှ"

"ဟာ..အိပ်မနေနဲ့ ခဏနေရင်ကို စာကျက်တန်းသွားရတော့မှာကို...။ ပြီးရင်လည်း ကိုရဲ.... phys: Definition တွေမရသေးဘူးမလား ကျက်လေ"

"အခုမအိပ်ရင် စာကျက်တန်းမှာ ငိုက်လိမ့်မယ်"

"ဉာဏ်ကောင်းတဲ့လူတွေက တအားပျင်းတာပဲ။ ခန့်ညားဆိုလည်း အားရင်သေနေတာ။ ငားမိနစ်ရရင် ငါးမိနစ်အိပ်တယ် တအားကြိုးစားကြတာပဲ။ စာသာအဲ့လိုကြိုးစားရင် ဂုဏ်ထူးပဲ။ ကျွန်တော်သာ ကိုရဲတို့လိုဉာဏ်ကောင်းရင် စာပဲလုပ်နေမှာ..."

ကုတင်ပေါ်မှာ အိပ်နေတဲ့ ခန့်ညားကို မေးငေါ့ပြကာ ဆူပုတ်ပုတ်ပြောနေသည့် ရိုးရှင်းသည် တကယ့်ကလေးလေးတစ်ယောက်လို။ ပျော့စင်းကျနေသည့် ရိုးရှင်းဆံစတို့ကို ရဲမာန့်လက်ကလေးနဲ့ အနုအရွ ဖွလိုက်ပြီး ဟတ်ဟတ်ပက်ပက်ရီတော့သည်။ ရဲမာန်နဲ့ဆို ရိုးရှင်းက ကလေးပေါက်စလေးလိုပင်။

"ဟား...ဟား....။ ရှင်းပြဆိုလည်းရှင်းပြပါ့မယ်။
နားမငြီးစမ်းပါနဲ့ ရိုးရှင်းရာ"

"ဟုတ်"

  ရိုးရှင်းခင်ဗျာ ရှင်းပြမယ်ဆိုတော့ မျက်လုံးတွေကအရောင်တောက်လို့။ ရေးလက်စ စာအုပ်လေးပိတ်ပြီး သချၤာ ၂ စာအုပ်လေးထုတ်ပြီး ရဲမာန်ရှေ့ချပေးလိုက်သည်။ အကြမ်းစာအုပ်လေးထုတ်ကာ မေးခွန်းကူးပေးဖို့ ရေးတော့ မင်ကထွက်မလာ။ လက်ထဲမှ linc ဘောပင်ခေါင်းလေးကို ဖြုတ်၍ အထဲမှ ကုန်နေသည့် မင်တံလေးကို ထုတ်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ဘောပင်အသစ်လေးထုတ်ကာ မင်တံအသစ်လေးထုတ်ပြီး လဲလိုက်သည်။ ရိုးရှင်းလုပ်သမျှ မျက်တောင်မခတ် ကြည့်နေသည့်ရဲမာန်က နားမလည်စွာနှင့်မေးသည်။

"ဘာလို့အသစ်မသုံးဘဲ မင်တံပဲ လဲနေတာလဲ"

"ဒီဘောပင်က ကိုရဲလက်ဆောင်ပေးထားတာလေ"

"ဟမ်...လက်ဆောင်!! "

"၅တန်းတုန်းက ခန့်ညား ကျွန်တော့်ဘောပင်အိတ်ယူသွားလို့ ကိုရဲပဲပေးခဲ့တာလေ။ ငါ့လက်ဆောင် ဒါနဲ့ပဲရေးဆိုပြီး"

"သြော်....မှတ်မိပြီ။ မင်းအခုထိသုံးနေမယ်လို့ မထင်ထားဘူး။ ကုန်သွားရင်လွှင့်ပစ်လို့ရပါတယ်ကွာ အဟောင်းကြီးမသုံးစမ်းပါနဲ့။ မင်းလိုချင်ရင် ငါထပ်ပေးမယ်"

"ဒါ တစ်ယောက်ယောက်စီက ပထမဆုံးရဖူးတဲ့ လက်ဆောင်မို့ပါ"

"အာ့ဆိုလည်း သိမ်းထားလိုက်။ ငါကမသိပါဘူး...မင်းကအစွဲလမ်းကြီးလို့ ဒါပဲသုံးနေတယ်ထင်တာ"

"အာ့ဆို သိမ်းပဲထားတော့မယ်"

   ခန့်ညား ဗိုလ်ကျနေကျကောင်လေးမို့ ကျွန်တော် ဒီကောင်လေးကို သိလာသည်။ အမြဲတွေ့တွေ့နေလို့ ခင်တယ်လည်းမဟုတ် မေးထူးခေါ်ပြောထက်တော့ အနည်းငယ်ပိုလိမ့်မည်။ အဲ့နေ့က သူ့ဘောပင်အိတ်ယူသွားလို့ ဒေါသတထောင်းထောင်းနဲ့ ရန်တွေ့နေတဲ့ကောင်လေး။ သူ့အိတ်လေးထဲ ဘောပင်တစ်ချောင်းများတွေ့မလားဆိုပြီး အသည်းသန် ရှာနေတဲ့ကောင်လေး။ ရှာလို့မတွေ့တော့ ရှုံမဲ့ကာ မျက်နှာလေးညိုးငယ်နေတဲ့ ကလေးကို သနားတာမို့ ကိုယ့်အိတ်ထဲက ဘောပင်တစ်ချောင်းထုတ်ပေးပြီး 'ရော့ ငါ့လက်ဆောင် ဒါနဲ့ပဲရေး' ဟုချော့သည့်သဘောနှင့် ပေးခဲ့သည်။ ဒါကိုဒီကလေးက ၅နှစ်လုံးလုံးသုံးနေခဲ့တာတဲ့လေ။ ရိုးရှင်း မင်းကတော့တကယ်ပါပဲ။

ရဲမာန် ရှင်းပြသမျှကို ရိုးရှင်း စိတ်ဝင်တစားနားထောင်နေသည်။ အဆောင်တော်ကူးနေသည့် မောင်ညီညီနိုင် အမောတကာဝင်လာကာ စာအုပ်တွေပြင်တော့မှ ရိုးရှင်းနှင့်ရဲမာန်လည်း စာရှင်းတာရပ်ပြီး စာကျက်တန်းအတွက် စာအုပ်တွေပြင်ရသည်။ ရိုးရှင်းက ခန့်ညားအတွက် စာအုပ်တွေပြင်ပြီးမှ ခန့်ညားကိုနိုး၍ လေးယောက်လုံးစာကျက်တန်းကိုသွားကြသည်။

နားလည်ပြီးသား စာတွေကိုပြန်ရှင်းပြခိုင်းတတ်တဲ့ ကောင်လေးနဲ့ အိပ်ချင်ယောင်ဆောင်နေသော ကောင်လးအကြောင်းကို မည်သူမှသိမည်မဟုတ်.....။

              ——————————

"ကိုခန့်...ကိုခန်"
ညစာကျက်ဝိုင်းတွင် ညီညီနိုင်၏ ခပ်တိုးတိုးခေါ်သံ။
ွှ
"ဘာလဲ"

"မြတ်နိုးသိမ့်ကိုကြည့်လိုက်။ ခဏခဏ ရိုးရှင်းကို လှမ်းလှမ်းကြည့်နေတာ"

ဟင်။ သူကဘာကိစ္စရှိလို့ ရိုးရှင်းကိုကြည့်နေရတာလဲ။ မြတ်နိုးသိမ့်ဆိုတာ ဟိုကောင်လေးနဲ့လည်းမရှင်းမရှင်း ဒီကောင်လေးလည်းမရှင်းရှင်း ခပ်လည်လည်ကောင်မလေး။

ညီညီနိုုင် စကားအဆုံး မြတ်နိုးသိမ့်ကို နောက်လှည့် ကြည့်မိတော့ တကယ်ပင် ရိုးရှင်းကိုလှမ်းလှမ်းကြည့်နေသည်။ သူ့အကြည့်တွေကမရိုးသားပါ သားကောင်ရှာနေတဲ့ မုဆိုးလိုမျိုး။ မင်းဘာဖြစ်ချင်နေတာလဲ မြတ်နိုးသိမ့်။

"ရိုးရှင်းကိုကြိုက်နေတာလားမသိဘူး။ ဟီးဟီး ငါ့ကောင်က စွံတယ် ချစ်နှင်းထွေးကလည်း ကြိုက်လို့တဲ့"

"ချစ်နှင်းထွေးက dayတက်တဲ့ တစ်ယောက်မလား။ မင်းက သူကြိုက်တာဘယ်လိုသိလဲ"

"သက်ထွန်းဆွေကို ပြောခိုင်းတာတဲ့ ငါသူဆီမုန့်မှာတုန်းက ငါ့ကိုပြောပြတာ။ ချစ်နှင်းထွေးက သူ့ကိုအကူညီတောင်းထားတာတဲ့"

"ရိုးရှင်းသိလား"

"သိတယ်လေ ငါပြောပြီးပြီလေ"

"ချီး!အဲ့တော့သူကဘာပြောလဲ"

"သူ..."

"ဟိုမှန်ကြောင်နဲ့ လောပေ စကားများနေပြန်ပြီလား။ နေရာထပ်ပြောင်းချင်နေတာလား ဟမ်...။ ထပ်များတာတွေ့ရင် နာမည်မှတ်ပြီပဲ။ စကားပြောသံကြားလို့ ကြည့်လိုက်ရင် ခန့်ညားမင်းကြည့်ပဲ။ ညီနဲ့ပြောလွန်းလို့ ရဲမာန်ဘေးထားတော့ ရဲမာန်နဲ့ပြောတယ်။ မှန်ကြောင့်ဘေးပို့တော့လည်း မှန်ကြောင်နဲ့ပြောတယ်။ ငါနင့်ဘယ်ထားရမလဲ။
ဟိုမှန်ကြောင်ကလည်း လူကသာမှန်ကြောင် စာဂျပိုးရုပ် ပြီးရင်စာတစ်လုံးမှမရဘူး။ နင်တို့နှစ်ယောက်သတိထား"

       ဂိုက်ဆရာမ အော်ပြောတော့ တစ်ခန်းလုံးတိတ်ဆိတ်သွားသည်။ ခန့်ညားနဲ့ ညီနိုင်လည်း နှစ်ယောက်လုံး သူတို့မဟုတ်သည့်အတိုင်း စာအုပ်ထဲမျက်နှာအပ်နေကြသည်။ တစ်ဖန်စာကျက်သံများနှင့်ပြန်ဆူညံသွားမှ ခန့်ညားက တစ်ခုခုသတိရသွားသည့်ဟန်နှင့်

"မင်းကောင်မဟုတ်ဘူး ငါ့ကောင်။ နောက်တစ်ခါ ရိုးရှင်းကို ငါ့ကောင်လို့မပြောနဲ့"
ခေါင်းငုံ့လျှက်နဲ့ ညီနိုင့်ဘက် လှည့်ပြောသည်။

"ဟမ်.... သြော်....ဟုတ်"

      ညီညီနိုင်တစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားပြီး ခန့်ညားကိုနားမလည်စွာကြည့်သည်။
< သူ့ညီကို အကောင်လို့ပြောတာဘယ်ကြိုက်မလဲ။ ငါကလဲ ကိုခန့်က သူ့ညီကိုတအားသဲတာသိရက်နဲ့>

ခန့်ညားတစ်ယောက် ဒီညလည်းစာလုပ်နိုင်မည်မထင်။ မြတ်နိုးသိမ့်ကို အကဲခတ်လိုက် ရဲမာန်နှင့်အတူ အတိုင်ဖောက်ညီစွာ စာလုပ်နေသည့် ရိုးရှင်းကို ကြည့်လိုက်နှင့်။ သူ့စိတ်ကိုသူ နားမလည်စွာ......။

——————

ညဟာတိတ်ဆိတ်တယ်။ ပြတင်းပေါက်မှ တိုးဝင်လာသော လေတို့သည် အေးချမ်းတယ်။ ရိုးရှင်းအနားမှာရှိတော့ ပြည့်စုံတယ်။ ဒါနဲ့များ ဘာလို့ အိပ်မပျော်နိုင်ရတာလဲ။

အိပ်မပျော်နိုင်တဲ့အဆုံး ရင်ခွင်ထဲမှ ကောင်လေး၏ မျက်နှာပေါ် လေတို့မှုတ်ထုတ်ပြီး အိပ်ရေးဆက်သည့်ကောင်းလေးကို ကလိရသည်။ မကြာဘူး မျက်နှာလေးကို လက်တို့ဖြင့်သပ်ကာ လှုပ်ရှားလာသည်။ မြတ်နိုးရတဲ့ နှုတ်ခမ်းအစုံတို့လည်း ဆူလာပြီး ရန်တွေ့ဖို့ဟန်ပြင်လာပြီ။

"ခန့်ညား....ငါအရမ်းအိပ်ချင်နေတယ်"

"ငါမေးတာဖြေပြီးမှအိပ်"

"ပြော"

"မြတ်နိုးသိမ့်က လှလား"

"အင်း"

"ဟမ်...ဒါဆိုကြိုက်လား"
လဲနေရာမှ ခေါင်းထောင်၍ စိတ်ဝင်တစားမေးသည်။

"လှတိုင်းကြိုက်စရာလား"

"အာ့ဆို ဘယ်လိုပုံစံမျိုးကြိုက်လဲ"

"ဒီတိုင်းပဲ"

"မရဘူး အတိကျပြောကွာ"

"အတိကျမရှိဘူး။ ငါအိပ်ချင်ပြီကွာ"

"နေပါအုံး။ ဒါလေးဖြေအုံး။
မင်း၁၀တန်းပြီးရင် ဘာလုပ်မှာလဲ"

တစောင်းအိပ် ခေါင်းထောင်နေရာမှ ပက်လက်အိပ်ချလိုက်သည်။ ရိုးရှင်းကိုဖက်ထားရာမှလွှတ်၍ လက်နှစ်ဖက်ကို ခေါင်းအောက်ခုပြီး မျက်နှာကျက်ကိုကြည့်၍ဆိုသည်။

လေးနက်ခြင်းအတိဖြင့် ပြောလာသောကြောင့် ရိုးရှင်း ခန့်ညားကိုတစ်ချက်ကြည့်ပြီး လေးလေးနက်နက်တုံ့ပြန်လိုက်သည်။

"floral class တက်မယ်။ ပြီးရင်ဆိုင်လေးဖွင့်နိုင်အောင်လုပ်မယ်။ ငါပန်းတွေနဲ့ပဲနေချင်တယ်။ event တွေမှာ flower decoration လုပ်ချင်တယ်။ မင်းကရော..."

"ငါက နေရာအနှံ ခရီးသွားချင်တာ...မင်းနဲ့"

"ဟင်း... ပိုက်ဆံကုန်ပေါက်ကြီး"

"ရှာမှာပေါ့ကွ....။
ဒာနဲ့ ဘယ်ပန်းအကြိုက်ဆုံးလဲမင်းက"

"lavender"

"ဘာလို့လဲ"

"မွှေးလို့"

"အရောင်ကရော"

"lavenderပန်း အရောင်"

"ဘာလို့လဲ"

"...."

"ဘာလို့လဲလို့.....။ ဟင်း...အိပ်သွားပြန်ပြီ"

    ရိုးရှင်းအိပ်သွားတော့ ခန့်ညားလည်းတစ်ဖန်ပြန်ဖက်ပြီး အိပ်စက်လိုက်သည်။ ရိုးရှင်းကိုမှ ဖက်မအိပ်ရရင် ခန့်ညားတစ်ယောက် အိပ်ပျော်နိုင်မည်မထင်....။

Lavenderပန်းရဲ့ အဓိပ္ပါယ်တွေထဲကတစ်ခုက ကြီးမားသောသံယောဇဉ်နှင့် အေးချမ်းတည်ငြိမ်တဲ့ချစ်ခြင်း တဲ့...။
lavenderပန်းရဲ့အရောင်ဖြစ်တဲ့ light purple ရဲ့ အဓိပ္ပာယ်တစ်ခုဟာ လှပခြင်းရဲ့ စကားပြေတစ်ပုဒ်ပါတဲ့လေ.....။

စာဖတ်သူတို့အား...လေးစားလျှက်.....
                                                        SNOWIN

Lanjutkan Membaca

Kamu Akan Menyukai Ini

231K 38K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
709K 41.5K 38
#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလိ...
1.7M 71.1K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...