အသက်ဆက် သွေး ( အသက္ဆက္ ေသြး )...

By PhyuLayy1

1.4M 147K 16.6K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေ... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ (Zawgyi + Unicode)
အပိုင္း - ၂၀ (Zawgyi + Unicode)
အပိုင္း - ၂၁ (Zawgyi + Unicode)
အပိုင္း - ၂၂ (Zawgyi + Unicode)
အပိုင္း - ၂၃ (Zawgyi + Unicode)
အပိုင္း - ၂၄ (Zawgyi + Unicode)
အပိုင္း - ၂၅ (Zawgyi + Unicode)
အပိုင္း - ၂၆ (Zawgyi + Unicode)
အပိုင္း - ၂၇ (Zawgyi + Unicode)
အပိုင္း - ၂၈ (Zawgyi + Unicode)
အပိုင္း -၂၉ (Zawgyi + Unicode)
အပိုင္း - ၃၀ (Zawgyi + Unicode)
အပိုင္း - ၃၁ (Zawgyi + Unicode)
အပိုင္း - ၃၂ (Zawgyi + Unicode)
အပိုင္း - ၃၃ (Zawgyi + Unicode)
အပိုင္း - ၃၄ (Zawgyi + Unicode)
အပိုင္း - ၃၅ (Zawgyi + Unicode)
အပိုင္း - ၃၇ (Zawgyi + Unicode)
အပိုင္း - ၃၈ (Zawgyi + Unicode)
အပိုင္း - ၃၉ (Zawgyi + Unicode)
အပိုင္း - ၄၀ (Zawgyi + Unicode)
အပိုင္း - ၄၁ (Zawgyi + Unicode)
အပိုင္း - ၄၂ (Zawgyi + Unicode)
အပိုင္း - ၄၃ (Zawgyi + Unicode)
အပိုင္း - ၄၄ (Zawgyi + Unicode)
အပိုင္း - ၄၅ (Zawgyi + Unicode)
အပိုင္း - ၄၆ (Zawgyi + Unicode)
အပိုင္း - ၄၇ (Zawgyi + Unicode)
အပိုင္း - ၄၈ Ending (Zawgyi + Unicode)
ေက်းဇူးတင္လႊာ (ကျေးဇူးတင်လွှာ)
A/N
Extra (Mdy trip)
Extra ( Covid )
Extra ( Thadingyut )

အပိုင္း - ၃၆ (Zawgyi + Unicode)

21.5K 2.5K 264
By PhyuLayy1

#For Zawgyi

ကားဝင္ခဲ့တဲ့ထိုလမ္းေလးက တျဖည္းျဖည္းက်ဥ္းေျမာင္းလာသလို ၾကမ္းလည္းၾကမ္းလာသည္ ။

" ေဟာ ဟိုးေရွ႕မွာ တဲတစ္လံုး "

Driver ဦးေလးႀကီးရဲ႕စကားေၾကာင့္ ထိုတဲေလးရွိရာသို႔ ထူးနဲ႔ႏိုင္ဘုန္း အေျခအေနသြားၾကည့္ေတာ့ အသက္ခပ္ႀကီးႀကီးဦးေလးႀကီးတစ္ေယာက္နဲ႔ဆယ္ႏွစ္ဝန္းက်င္ ကေလးတစ္ေယာက္ကိုသာေတြ႕ရသည္ ။ ႏိုင္ဘုန္းတို႔က အက်ိဳးအေၾကာင္းကို အတိုခ်ံဳးၿပီးေျပာျပေတာ့

" ငါတို႔က ဒီတဲပိုင္ရွင္ေတြပဲ ၊ ဟိုးအထိဆက္သြားရင္ေတာ့ ငါတို႔ရြာရွိတယ္ ၊ ဒါေပမယ့္ ကားသြားလို႔မရဘူး ၊ လမ္းလည္းမေကာင္းဘူး ၊ ဒီနားမွာလည္း ငါတို႔တဲတစ္ခုပဲရွိတယ္ ၊ ေရွ႕နားမွာ ငါတို႔စိုက္ခင္းေတြရွိလို႔ ငါတို႔က ဒီမွာတဲေဆာက္ၿပီး ေန,ေနၾကတာ "

အသံဝဲဝဲနဲ႕ဦးေလးႀကီးရဲ႕စကားေၾကာင့္ ႏိုင္ဘုန္းကေတာ့ စိတ္ဓာတ္ေတာ္ေတာ္က်ေနမိသည္ ။

" က်ြန္ေတာ့္အစ္မက ဗိုက္အရမ္းနာေနလို႔ ကူညီပါဗ်ာ "

" ငါ ဘာမွမကူညီတတ္ဘူး ေကာင္ေလး ၊ ငါ့မိန္းမလည္းမရွိဘူး ၊ မင္းတို႔ဘာသာေမြးတတ္ရင္ေမြးၾက "

အတိုခ်ံဳ႕ၿပီးေျပာရရင္ေတာ့ မမကို ထိုတဲေလးထဲေခၚကာ ထိုေနရာမွာပင္ ကေလးေမြးဖို႔ဆံုးျဖတ္ရေတာ့သည္ ။ တဲပိုင္ရွင္ဦးေလးႀကီးကလည္း ေရေႏြးတည္ေပး ပုဆိုးပိုင္းေတြယူေပးႏွင့္ သူတတ္ႏိုင္သေလာက္ေတာ့ ကူေပးရွာပါသည္ ။

ဒီအဆံုးအျဖတ္က အရမ္းကိုစြန္႔စားရာက်မွန္း သိေပမယ့္လည္း သူတို႔မွာ တစ္ျခားေရြးခ်ယ္စရာနည္းလမ္းကလည္း မရွိေတာ့သည္မို႔ ။

အခန္းေသးေသးထဲ မမကို ေနရာခ်ၿပီးခ်ိန္မွာ ထူးက မမလက္ကို ဆုပ္ကိုင္ရင္း...

" မမက ဘယ္လိုလုပ္ရမယ္ဆိုတာ က်ြန္ေတာ့္ကို ေျပာျပေပးရမွာဆိုေတာ့ မမ သတိလစ္သြားလို႔မျဖစ္ဘူးေနာ္ "

ထို႔ေနာက္ ထူးနဲ႔ nurse အစ္မႀကီးက မမေျခေထာက္နားမွာ ေနရာယူလိုက္ၾကၿပီး ႏိုင္ဘုန္းကေတာ့ ေခါင္းရင္းဘက္မွာထိုင္ကာ မမလက္ကို ဆုပ္ကိုင္ထားမိသည္ ။ ေၾကာက္လန္႔ေနသည့္ ႏိုင္ဘုန္းရဲ႕လက္အစံုက ကာယကံရွင္မမထက္ပင္ ေအးစက္ေနခဲ့၏ ။

ဒူးေထာင္ထားတဲ့ မမရဲ႕ေျခရင္းဘက္မွာ အလုပ္ရႈပ္ေနၾကတဲ့ ထူးတို႔ႏွစ္ေယာက္ထံ ႏိုင္ဘုန္းမၾကည့္ရဲသည္မို႔ ႏိုင္ဘုန္းလက္အား က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတဲ့ မမလက္ကိုသာ ျပဴးၿပီးစိုက္ၾကည့္ေနမိသည္ ။

" ေဟာ ေရမႊာေပါက္ၿပီထင္တယ္ "

nurse အစ္မႀကီးရဲ႕ စကားကိုၾကားလိုက္တဲ့အခ်ိန္မွာ ႏိုင္ဘုန္း ထိတ္လန္႔စိတ္ႏွင့္ ပို၍ပင္ ေဇာေခ်ြးေတြျပန္လာသလို ။ ႏိုင္ဘုန္းက ကေယာင္ကတမ္းျဖစ္ခ်င္ေနေပမယ့္ မမကေတာ့ သတိႀကီးႀကီးထားကာ နာေနသည့္ၾကားမွ ထူးအား ဘာလုပ္ရမည္ကို တစ္ခုၿပီးတစ္ခု ညႊန္ၾကားေနေလသည္ ။

ခဏၾကာေတာ့

" အစ္မ ကေလးေခါင္းထြက္လာၿပီထင္တယ္ ၊ ညွစ္ အစ္မ ညွစ္ "

nurse အစ္မႀကီးရဲ႕ဝမ္းသာအားရအသံေၾကာင့္ ႏိုင္ဘုန္းလည္း ေယာင္ယမ္းကာ လွမ္းၾကည့္လိုက္မိခ်ိန္

ခင္းထားတဲ့ပုဆိုးပိုင္းမွာ ျမင္လိုက္ရတဲ့ ေသြးေရာင္ေတြေၾကာင့္ လူကမိုက္ခနဲေနေအာင္ မူးသြားကာ ရင္ေတြတလွပ္လွပ္ျဖစ္လာၿပီး မ်က္လံုးေတြပါ ျပာခ်င္လာသည္ ။

တစ္ခုခုအခက္အခဲျဖစ္တိုင္း အားကိုးတႀကီး လွမ္းကာတိုင္တည္မိသည္က ထူးကိုပါပဲ ။

" ထူး ထူး ငါ ငါေလ မ်က္လံုးေတြျပာလာသလိုပဲ "

" ဟာ သြား သြား ၊ ဒါဆို အျပင္ထြက္ၿပီး ေလဝဝရွဴလိုက္ "

" မမကို ဟို.... "

" ရတယ္ မမကို စိတ္မပူနဲ႔ ၊ ငါ့တာဝန္ထား "

ဒီလိုနဲ႔ပဲ ႏိုင္ဘုန္း တဲအျပင္ကို ယိုင္ထိုးယိုင္ထိုးနဲ႔ထြက္လာခဲ့ရသည္ ။ အျပင္ေရာက္လို႔ ေျခပစ္လက္ပစ္ထိုင္ခ်မိသည့္တိုင္ေအာင္ ရင္ထဲတလွပ္လွပ္ျဖစ္ေနေသးတုန္း ။

ဘယ္ေနရာမွာမွ ျဖစ္ျဖစ္ေျမာက္ေျမာက္အသံုးမက်တဲ့ ကိုယ့္ကိုယ္လည္း စိတ္တိုသည္ ။ ရြယ္တူခ်င္းမွာ အစစအရာရာ လူႀကီးေလးလို အကုန္ေတြးေတာၿပီးတာဝန္ယူလုပ္ကိုင္ေပးေနရတဲ့ ထူးကိုလည္း သနားရသည္ ။

တဲပိုင္ရွင္ဦးေလးႀကီးသားအဖကလည္း ႏိုင္ဘုန္းႏွင့္ေရာၿပီး စိတ္လႈပ္ရွားေနသည့္ပံု ။

ဘုရား ဘုရား အစစအရာရာ အဆင္ေျပေခ်ာေမြ႕ရပါေစ ။

အထဲမွာ ဘာျဖစ္လို႔ျဖစ္ေနမွန္းလည္းမသိသည္မို႔ ႏိုင္ဘုန္းအျဖစ္က ဘုရားတ,ဖို႔သာ တတ္ႏိုင္ပါေတာ့သည္ ။

အခ်ိန္ကုန္တာဟာလည္း ေႏွးလြန္းလွသည္ဟု ထင္မိသည္ ။

" ေမာင္ႏိုင္ဘုန္း အရမ္းႀကီးလည္းစိတ္မပူပါနဲ႔ ၊အဆင္ေျပသြားမွာပါ "

တဲအတြင္းဘက္ကို လည္ပင္းရွည္ၿပီးၾကည့္လိုက္ ျပန္ထိုင္လိုက္ႏွင့္ ဂနာမၿငိမ္ႏိုင္ေသာ ႏိုင္ဘုန္းကို Driver ဦးေလးႀကီးကပါ အားေပးယူရတဲ့အျဖစ္ ။

ေတာ္ေတာ္ႀကီးၾကာမွ ကေလးငိုသံတစ္ခုကို ပီပီသသႀကီးၾကားလိုက္ရေလသည္ ။

" ေဟာ ေမြးၿပီ ေမြးၿပီ "

" ဟာ ေမြးၿပီေဟ့ "

ၾကားလိုက္ရတဲ့ကေလးငိုသံၾကည္ၾကည္ေလးေၾကာင့္ အျပင္မွာရွိေနသမ်ွလူေတြလည္း ခ်က္ခ်င္းကို မိုးတိုးမတ္တပ္ေတြျဖစ္ကုန္ၾကသည္ ။

အထဲကိုလည္း ဝင္မသြားရဲဘဲ ႏိုင္ဘုန္းအျပင္ကေန ေအာ္ေမးေတာ့

" ေဟး လူလူေရ ေယာက္်ားေလးေမြးတယ္ကြ ၊ မမေရာ ကေလးေလးေရာ အဆင္ေျပတယ္ "

အခုမွပင္ ပူပန္ေနမိသမ်ွ ရင္ထဲကအလံုးက က်ေတာ့သည္ ။ အထဲက ကိုယ္တိုင္ေမြးေပးရသည့္ ထူးကေတာ့ ဘယ့္ႏွယ္ေနသည္မသိ ။ ႏိုင္ဘုန္းကေတာ့ စိတ္ေလ်ွာ့ခ်လိုက္တာေၾကာင့္ အားမရွိေတာ့သလို အရုပ္ႀကိဳးျပတ္ေတာင္ ျဖစ္သြားရသည္ ။

ေတာ္ေတာ္ႀကီးၾကာေတာ့မွ ပုဆိုးထုပ္ေလးႏွင့္ကေလးကိုခ်ီရင္း ထူးက ထြက္လာသည္ ။ ထူးဝတ္ထားတဲ့ ရွပ္အက်ၤီအျပာေဖ်ာ့ေဖ်ာ့မွာေရာ လက္ဖ်ံေတြအထိပါ ေသြးစေတြက ေျခာက္ကပ္ေပလူးလ်က္ ။

" လူလူ ဒီမွာ မင္းတူေလးကို လာၾကည့္ "

ဒီျဖစ္စဥ္တစ္ခုလံုးကို ခက္ခဲပင္ပန္းစြာ ေက်ာ္ျဖတ္ခဲ့ရသူမဟုတ္သလိုထူးမ်က္ႏွာေလးက တစ္စက္ေလးမွ ညွိဳးေရာ္ပင္ပန္းျခင္းမရွိဘဲ ၾကည္ၾကည္လင္လင္ပင္ရွိေနသည္ ။

" မမေရာ ကေလးေလးေရာ အားလံုးအဆင္ေျပတယ္ လူလူ ၊ မင္း စိတ္မပူနဲ႔ေတာ့ေနာ္ "

ႏိုင္ဘုန္း ဝဲတက္လာတဲ့မ်က္ရည္ေတြၾကားမွ ေခါင္းတဆတ္ဆတ္ၿငိမ့္ရင္း ထူးကို ၿပံဳးျပမိသည္ ။

သူ႔ေရွ႕မွာ ကေလးခ်ီရင္း ရပ္ေနတဲ့ထူးဟာ သူတို႔မိသားစုရဲ႕ ေက်းဇူးရွင္ပါပဲ ။

ဒါေပမယ့္လည္း ဒီလိုသတ္မွတ္ခ်က္ကို ထိုေက်းဇူးရွင္ေလးက လက္ခံလိမ့္မည္မဟုတ္ပါ ။

" ကေလးေလးကို ၾကည့္ပါဦး ၊ ခ်စ္စရာေကာင္းလိုက္တာေနာ္ လူလူ "

ထူးက ကေလးေလးကို ၾကည့္ပါဦးဟု ဆိုေနေပမယ့္ ႏိုင္ဘုန္းကေတာ့ ကေလးကို ၿပံဳးၿပီးၾကည့္ေနတဲ့ ထူးကိုသာ ၾကည့္ေနမိပါသည္ ။

ထူးရဲ႕မ်က္ဝန္းေတြ.....ကေလးနီတာရဲေလးကို ၿပံဳးၿပီးေငးၾကည့္ေနတဲ့ ထူးရဲ႕မ်က္ဝန္းေတြဟာ တကယ္ကိုပဲ ကေလးေလးအေပၚ ႏွစ္ႏွစ္လိုလိုနဲ႔ တန္ဖိုးတထားျဖစ္ေနမွန္း သိသာလွသည္ေလ ။

ဘယ္သူ႔ကိုမွ ဘယ္အရာဝတၳဳပစၥည္းကိုမွ ဒီလိုမ်က္ဝန္းေတြနဲ႔ မၾကည့္ခဲ့ဖူးဘူးဆိုတာ ငယ္ငယ္ကတည္းက ထူးနဲ႔ အတူတူရွိလာခဲ့တဲ့ ႏိုင္ဘုန္းက အသိဆံုးေပါ့ ။ ထိုအခ်ိန္ကတည္းကစ,လို႔ အခုခ်ိန္ထိ ထူး ဤကဲ့သို႔ေသာ မ်က္ဝန္းမ်ိဳးနဲ႔ ၾကည့္ခဲ့သည္မွာ ခ်မ္းတစ္ေယာက္သာ ရွိခဲ့ပါေလသည္ ။

********

အစ္ကိုႀကီးမင္းဝန္ရွိတဲ့ေဆးရံုကို ႏိုင္ဘုန္းတို႔ေရာက္တဲ့အခါ မမကိုယ္တိုင္က ဆရာဝန္တစ္ေယာက္ျဖစ္တာေၾကာင့္ ထိုေဆးရံုမွ တာဝန္ရွိတဲ့ဆရာဝန္ႀကီးမ်ားက အစ္ကိုႀကီးရဲ႕အေျခအေနအမွန္အတိုင္းကို မမအား ေပးသိေစခဲ့ပါသည္ ။

အစ္ကိုႀကီးမင္းဝန္ဟာ လက္နက္ႀကီးအစအနေတြက ခႏၶာကိုယ္အႏွံ႕အျပားကို ထိမွန္ခဲ့တာေၾကာင့္ ခြဲစိတ္မႈေတြအႀကိမ္ႀကိမ္လုပ္ခဲ့ေပမယ့္လည္း ယမ္းစေတြက ဝမ္းဗိုက္အတြင္းထဲအထိပါ ဝင္ေရာက္ကုန္တာမို႔ ကလီစာတစ္ခ်ိဳ႕ပ်က္စီးကာ အသက္ရွင္ဖို႔အခြင့္အလမ္းမရွိႏိုင္ေတာ့ေၾကာင္း ဝမ္းနည္းစြာျဖင့္ၾကားသိခဲ့ရသည္ ။

ထိုသတင္းေၾကာင့္ ေသြးႏုသားႏုႏွင့္ မမကို တစ္စံုတစ္ခုျဖစ္သြားမွာ စိုးရိမ္ပူပန္ခဲ့ရေသာ္လည္း မမက ထင္ထားသည္ထက္ ပိုမိုကာတည္ၿငိမ္ခဲ့ပါသည္ ။

မမႏွင့္အၿပိဳင္ လူႀကီးေလးတစ္ေယာက္လို တည္ၿငိမ္ခဲ့သူေနာက္တစ္ေယာက္ကေတာ့ ထူးပါပဲ ။ ႏိုင္ဘုန္းကေတာ့ မတည္ၿငိမ္ႏိုင္ဆံုးလူပါေပ ။ ျဖစ္လာတဲ့အေျခအေနဆိုးႀကီးအေပၚမွာ ရင္မဆိုင္ႏိုင္စြာ တစ္ခ်ိန္လံုး ငိုခ်င္ေနခဲ့မိသည္ ။

ကုသလို႔မရေတာ့တဲ့အေျခအေနျဖစ္ေပမယ့္လည္း အစ္ကိုႀကီးဟာ သတိလစ္သြားျခင္းမ်ိဳးမရွိဘဲ ခႏၶာကိုယ္မွာ မ်ိဳးစံုေအာင္သြယ္တန္းထားတဲ့ ေဆးပိုက္ေတြၾကားမွ အားယူကာစကားေျပာႏိုင္ေသးတာေၾကာင့္ မမနဲ႔ထူးက လမ္းတြင္ပဲ ကေလးေလးေမြးဖြားျဖစ္ခဲ့ေၾကာင္းေတြေျပာျပေတာ့ အစ္ကိုႀကီးက ထူးလက္ထဲက ကေလးေပါက္စန နီတာရဲေလးကို ငဲ့ေစာင္းလွမ္းၾကည့္ရင္း

" သား ေလး ေပါ့ ေနာ္ "

ဟု ေလသံတိုးတိုးေလးႏွင့္ တစ္လံုးခ်င္းအားယူကာ ေမးရွာသည္ ။ မမက ငိုသံေပါက္မသြားေအာင္ အသံကိုႀကိဳးစားကာ ၿမိဳသိပ္ၿပီးထိန္းခ်ဳပ္ရင္း

" ဟုတ္တယ္ အစ္ကို ၊ သားေလးပါ ၊ အစ္ကိုနဲ႔ခိုင္တို႔ရဲ႕ သားေလးပါ "

ထူးက မမ ငိုခ်င္ေနမွန္းသိေတာ့ အာရံုေျပာင္းတဲ့သေဘာမ်ိဳးနဲ႔

" အစ္ကိုႀကီး ကေလးေလးကို နာမည္ေပးပါဦး ၊ အဓိပၸါယ္လည္းရွိၿပီး လွလည္းလွမယ့္နာမည္မ်ိဳးေလး စဥ္းစားေပးေနာ္ "

ထူးရဲ႕အေျပာကို အစ္ကိုႀကီးက ေခါင္းခါကာ

" အစ္ ကို ႀကီး ရဲ႕ သား ေလး ကို ထူးေလး ပဲ နာ မည္ ေပး ေပး ပါ "

" ဟာ မဟုတ္တာ အစ္ကိုႀကီးကလဲ ၊ သားေလးကို အစ္ကိုႀကီးကိုယ္တိုင္ပဲ နာမည္ေပးရမွာေပါ့ "

" သား ေလး ကို လူ႔ ေလာ က ထဲ ေရာက္ ေအာင္ ေမြး ေပး တဲ့ ထူးေလး ကို ပဲ နာ မည္ ေပး ေစ ခ်င္ တယ္ ၊ အစ္ ကို ႀကီး ဆႏၵ ကို မ ျငင္း ဆန္ ပါ နဲ႔ "

မမကိုယ္တိုင္ကလည္း အစ္ကိုႀကီးဆႏၵအတိုင္းလုပ္ဖို႔ ထပ္မံကာတိုက္တြန္းလာသည္မို႔ ေနာက္ဆံုးေတာ့ ထူးကိုယ္တိုင္ပဲ ထိုကေလးေလးကို နာမည္ေပးျဖစ္ခဲ့သည္ ။

နယ္ေျမမၿငိမ္းခ်မ္းမႈေတြေၾကာင့္ တိုင္းျပည္အတြက္ အသက္စြန္႔ၿပီးတာဝန္ထမ္းေဆာင္ေနၾကတဲ့ ကေလးေလးရဲ႕ဖခင္ အစ္ကိုႀကီးမင္းဝန္လို အျဖစ္ဆိုးမ်ိဳး ဘယ္သူ႔ကိုမွ ထပ္မံကာ မျဖစ္ေစလိုတဲ့ စိတ္ ၊ စစ္မက္ေတြမျဖစ္ပြားဘဲ တိုင္းျပည္ႀကီး ေအးခ်မ္းေစလိုတဲ့စိတ္နဲ႔ ထိုကေလးေလးရဲ႕နာမည္ကို ၿငိမ္းခ်မ္းေရး ဟု ထူးက အဓိပၸါယ္ရွိရွိ ေပးခဲ့ေလသည္ ။

ဒါ့အျပင္...အစ္ကိုႀကီးရဲ႕ေနာက္ဆံုးအခ်ိန္ေတြမွာလည္း ၿငိမ္းခ်မ္းေရးေလးကို ထူးေလးကပဲ ေစာင့္ေရွာက္ေပးပါ အစ္ကိုႀကီးအပ္ခဲ့ပါတယ္ေနာ္....

ဟု တဖြဖြမွာသြားခဲ့သလို ထူးကလည္း အသက္နဲ႔ထပ္တူေစာင့္ေရွာက္ေပးပါမယ္ဆိုေသာ ကတိကိုေပးကာ အစ္ကိုႀကီးအား စိတ္ခ်ေစခဲ့သည္ ။

အစ္ကိုႀကီးက စိတ္ေလ်ွာ့လိုက္လို႔လား စိတ္ခ်သြား၍ပဲလားေတာ့မသိ ။ ႏိုင္ဘုန္းတို႔ေရာက္ၿပီး ေနာက္တစ္ေန႔မွာပဲ မိသားစုကိုထားခဲ့ကာ ဘဝသစ္ဆီသို႔ ကူးေျပာင္းသြားေတာ့သည္ ။

အေျခအေနေတြကို ႀကိဳသိထားေပမယ့္လည္း တကယ္တမ္းရင္ဆိုင္ရတဲ့အခါ မမခမ်ာ ခံႏိုင္ရည္မရွိရွာပါ ။ ပံုလဲလုမတတ္အေနအထားနဲ႔ အိပ္ယာထဲလဲတဲ့အထိ ျဖစ္မသြားဖို႔ကို ႏိုင္ဘုန္းတို႔မွာ မနည္းဂရုစိုက္ေပးခဲ့ရသည္ ။

ဒီၾကားထဲ ကံဆိုးမႈက အေဖာ္အေပါင္းနဲ႔လာသည္ဟုပဲ ေျပာရမလားမသိပါ ။ ၿငိမ္းခ်မ္းေရးေလးက အသားဝါဝင္သည္ ။ မမက ေနမေကာင္းတာမို႔ ကေလးတာဝန္က ထံုးစံအတိုင္း ထူးအေပၚကိုပဲ ပံုက်ရျပန္သည္ေပါ့ ။

အသားဝါဝင္တဲ့ကေလးကို အစပိုင္းမွာ ဖန္ေပါင္းေခ်ာင္ထဲထည့္ကာ မီးျပၿပီးကုသခဲ့ေပမယ့္လည္း မသက္သာသည္မို႔ ထူး နဲ႔ ႏိုင္ဘုန္းမွာလည္း စိတ္ေတြပူကာ ပ်ာယာခတ္ေနရေတာ့သည္ ။

အသားဝါတယ္ဆိုတာ ကေလးရဲ႕ေသြးထဲမွာ Bilirubin ေတြမ်ားေနတာေၾကာင့္ျဖစ္ၿပီး ၎ Bilirubin ေတြအရမ္းမ်ားၿပီး ဦးေႏွာက္ထဲေရာက္သြားခဲ့မယ္ဆိုရင္ ကေလးရဲ႕ဥာဏ္ရည္ကိုပါ ထိခိုက္သြားေစႏိုင္တယ္ဟု ဆရာဝန္ႀကီးေတြက ရွင္းျပလာတဲ့အခါ ထူးတစ္ေယာက္က ကေလးကို စိတ္ပူၿပီး မ်က္စိမ်က္ႏွာေတြပါ ပ်က္ေနေလေတာ့ ထူးကို အားကိုးၿပီးေန,ေနတဲ့ ႏိုင္ဘုန္းက ပို၍ပင္ ေနစရာမရွိေတာ့ၿပီ ။

" ကေလးေတြ အသားဝါျဖစ္တဲ့အခါ ဖန္ေပါင္းေခ်ာင္ထဲမွာ မီးျပရင္ ျပန္ေကာင္းသြားၾကတယ္လို႔ က်ြန္ေတာ္ၾကားဖူးထားတာ ၊ က်ြန္ေတာ္တို႔ကေလးေလးက်မွ ဘာျဖစ္လို႔မသက္သာတာလဲ ေဒါက္တာ "

" အသားဝါျဖစ္တာခ်င္းတူေပမယ့္ ေရာဂါျပင္းထန္ပံုခ်င္း မတူၾကဘူး သားရဲ႕ ၊ တခ်ိဳ႕ကေလးေတြဆိုရင္ မီးျပစရာမလိုဘဲ မိခင္ႏို႔ရည္မ်ားမ်ားတိုက္ၿပီး လိုအပ္တဲ့ ျဖည့္စြက္အာဟာရႏို႔မႈန္႔ေတြ တိုက္ေက်ြးရံုနဲ႔ ျပန္ေကာင္းသြားတတ္တယ္....

အဲ့ဒါထက္ ျပင္းထန္ရင္ေတာ့ မီးျပၿပီးကုသရတာေပါ့ ၊ အဲ့လိုမွ မသက္သာရင္ေတာ့ ေသြးလဲၿပီးကုသရလိမ့္မယ္ "

" ခင္ဗ်ာ ေသြးလဲရမယ္!! "

" ဟုတ္တယ္ သား ၊ Biliribin ေတြမ်ားေနတဲ့ ကေလးရဲ႕ေသြးေတြကို ေဖာက္ထုတ္ၿပီး တျခားေသြးျပန္သြင္းေပးတဲ့နည္းပါ ၊ ေသြးလွယ္လိုက္တဲ့သေဘာေပါ့ "

" အဲ့လိုကုသလိုက္ရင္ေတာ့ အဆင္ေျပသြားမွာလား ေဒါက္တာ "

" ေျပသြားမွာပါ ၊ အရမ္းႀကီးစိတ္မပူပါနဲ႔ ၊ ေသြးလဲဖို႔က ကေလးနဲ႔ကေလးအေမ ေသြးအုပ္စုခ်င္းမတူဘူးဆိုေတာ့ ကေလးအေဖရဲ႕ေသြးနဲ႔ပဲ လွယ္ရလိမ့္မယ္ "

စိတ္ရွည္လက္ရွည္ရွင္းျပေနေသာ ဆရာဝန္ႀကီးရဲ႕စကားအဆံုးမွာ ႏိုင္ဘုန္းတို႔ႏွစ္ေယာက္လံုး တုန္လႈပ္သြားမိသည္ ။

" ကေလးအေဖက...ကေလးအေဖက မရွိေတာ့ပါဘူး ေဒါက္တာ ၊ တိုက္ပြဲမွာ လက္နက္ႀကီးထိၿပီး ကြယ္လြန္သြားပါၿပီ "

" ေၾသာ္ ျဖစ္ရေလ ၊ ဆရာစိတ္မေကာင္းလိုက္တာ "

" အဲ့လိုဆိုရင္ ကုလို႔မရေတာ့ဘူးလားဆရာ "

" ရပါတယ္ ၊ ေသြးအုပ္စုတူတဲ့သူတစ္ေယာက္ဆီက ေသြးနဲ႔လွယ္လို႔ရပါတယ္ ၊ ကေလးေသြးအုပ္စုက A ဆိုေတာ့ A ေသြးပိုင္ရွင္တစ္ေယာက္ဆီက ေသြးေဖာက္ယူၿပီး လွယ္ၾကတာေပါ့ "

ထူးက ခ်က္ခ်င္းပင္ ဝမ္းသာအားရျဖစ္သြားရကာ

" ဒါဆို က်ြန္ေတာ့္ေသြးကိုေဖာက္ပါ ဆရာ ၊ က်ြန္ေတာ့္ေသြးက A ပါ "

ဤနည္းျဖင့္ ၿငိမ္းခ်မ္းေရးရဲ႕အသက္ကို ထူးရဲ႕ေသြးနဲ႔ ဆက္ခဲ့ရပါသည္ ။

_____________________________

A/N

ဆရာဝန္မရွိဘဲ ဆယ္ေက်ာ္သက္အရြယ္ ကေလးမေလးတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးက ကိုယ္ဝန္ေဆာင္တစ္ဦးကို ကေလးေမြးဖြားေပးတယ္ဆိုတဲ့ ၾကားသိခဲ့ဖူးေသာ ျဖစ္ရပ္မွန္ကိစၥတစ္ခုကို အေျခခံၿပီး ဒီအေၾကာင္းအရာေတြကို ေျပာင္းလဲေရးသားခဲ့တာပါ ။

ကေလးအသားဝါျဖစ္တာနဲ႔ ပတ္သက္ၿပီးလည္း ေလ့လာမိသေလာက္ေလး မွ်ေဝလိုက္ပါတယ္ေနာ္ ။

Bilirubin ဆိုတာ - ပံုမွန္ဆို ေသြးတြင္းမွာရွိတဲ့ ေသြးနီဥဆဲလ္ေလးေတြက သူ႔သက္တမ္း ရက္ေပါင္း ၁၂၀ ကုန္တာနဲ႔ အလိုလိုေပါက္ကြဲပ်က္စီးပါတယ္ ။ Bilirubin ဆိုတာ အဲ့ဒီ ေသြးနီဥဆဲလ္ေလးေတြ ေပါက္ကြဲပ်က္စီးရာက ထြက္လာတဲ့ အဝါေရာင္ျခယ္ ပစၥည္းေတြျဖစ္ပါတယ္ ။ ဒီလိုထြက္လာတဲ့ Bilirubin ေတြကို အသည္းက ေျခဖ်က္ေပးၿပီး ေသြးကတစ္ဆင့္အူထဲပို႔ကာ ဝမ္းနဲ႔အတူ စြန္႔ထုတ္ေလ့ရွိပါတယ္ ။ ေမြးကင္းစကေလးေတြရဲ႕အသည္းက လူႀကီးေတြလို ေကာင္းေကာင္း အလုပ္မလုပ္ေသးႏိုင္တာေၾကာင့္ ေသြးတြင္းမွာ Bilirubin ေတြ စုပံုလာၿပီး ကေလးေတြ အသားဝါရတာျဖစ္ပါတယ္ ။

_____________________________

#For Unicode

ကားဝင်ခဲ့တဲ့ထိုလမ်းလေးက တဖြည်းဖြည်းကျဉ်းမြောင်းလာသလို ကြမ်းလည်းကြမ်းလာသည် ။

" ဟော ဟိုးရှေ့မှာ တဲတစ်လုံး "

Driver ဦးလေးကြီးရဲ့စကားကြောင့် ထိုတဲလေးရှိရာသို့ ထူးနဲ့နိုင်ဘုန်း အခြေအနေသွားကြည့်တော့ အသက်ခပ်ကြီးကြီးဦးလေးကြီးတစ်ယောက်နဲ့ဆယ်နှစ်ဝန်းကျင် ကလေးတစ်ယောက်ကိုသာတွေ့ရသည် ။ နိုင်ဘုန်းတို့က အကျိုးအကြောင်းကို အတိုချုံးပြီးပြောပြတော့

" ငါတို့က ဒီတဲပိုင်ရှင်တွေပဲ ၊ ဟိုးအထိဆက်သွားရင်တော့ ငါတို့ရွာရှိတယ် ၊ ဒါပေမယ့် ကားသွားလို့မရဘူး ၊ လမ်းလည်းမကောင်းဘူး ၊ ဒီနားမှာလည်း ငါတို့တဲတစ်ခုပဲရှိတယ် ၊ ရှေ့နားမှာ ငါတို့စိုက်ခင်းတွေရှိလို့ ငါတို့က ဒီမှာတဲဆောက်ပြီး နေ,နေကြတာ "

အသံဝဲဝဲနဲ့ဦးလေးကြီးရဲ့စကားကြောင့် နိုင်ဘုန်းကတော့ စိတ်ဓာတ်တော်တော်ကျနေမိသည် ။

" ကျွန်တော့်အစ်မက ဗိုက်အရမ်းနာနေလို့ ကူညီပါဗျာ "

" ငါ ဘာမှမကူညီတတ်ဘူး ကောင်လေး ၊ ငါ့မိန်းမလည်းမရှိဘူး ၊ မင်းတို့ဘာသာမွေးတတ်ရင်မွေးကြ "

အတိုချုံ့ပြီးပြောရရင်တော့ မမကို ထိုတဲလေးထဲခေါ်ကာ ထိုနေရာမှာပင် ကလေးမွေးဖို့ဆုံးဖြတ်ရတော့သည် ။ တဲပိုင်ရှင်ဦးလေးကြီးကလည်း ရေနွေးတည်ပေး ပုဆိုးပိုင်းတွေယူပေးနှင့် သူတတ်နိုင်သလောက်တော့ ကူပေးရှာပါသည် ။

ဒီအဆုံးအဖြတ်က အရမ်းကိုစွန့်စားရာကျမှန်း သိပေမယ့်လည်း သူတို့မှာ တစ်ခြားရွေးချယ်စရာနည်းလမ်းကလည်း မရှိတော့သည်မို့ ။

အခန်းသေးသေးထဲ မမကို နေရာချပြီးချိန်မှာ ထူးက မမလက်ကို ဆုပ်ကိုင်ရင်း...

" မမက ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်တော့်ကို ပြောပြပေးရမှာဆိုတော့ မမ သတိလစ်သွားလို့မဖြစ်ဘူးနော် "

ထို့နောက် ထူးနဲ့ nurse အစ်မကြီးက မမခြေထောက်နားမှာ နေရာယူလိုက်ကြပြီး နိုင်ဘုန်းကတော့ ခေါင်းရင်းဘက်မှာထိုင်ကာ မမလက်ကို ဆုပ်ကိုင်ထားမိသည် ။ ကြောက်လန့်နေသည့် နိုင်ဘုန်းရဲ့လက်အစုံက ကာယကံရှင်မမထက်ပင် အေးစက်နေခဲ့၏ ။

ဒူးထောင်ထားတဲ့ မမရဲ့ခြေရင်းဘက်မှာ အလုပ်ရှုပ်နေကြတဲ့ ထူးတို့နှစ်ယောက်ထံ နိုင်ဘုန်းမကြည့်ရဲသည်မို့ နိုင်ဘုန်းလက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ မမလက်ကိုသာ ပြူးပြီးစိုက်ကြည့်နေမိသည် ။

" ဟော ရေမွှာပေါက်ပြီထင်တယ် "

nurse အစ်မကြီးရဲ့ စကားကိုကြားလိုက်တဲ့အချိန်မှာ နိုင်ဘုန်း ထိတ်လန့်စိတ်နှင့် ပို၍ပင် ဇောချွေးတွေပြန်လာသလို ။ နိုင်ဘုန်းက ကယောင်ကတမ်းဖြစ်ချင်နေပေမယ့် မမကတော့ သတိကြီးကြီးထားကာ နာနေသည့်ကြားမှ ထူးအား ဘာလုပ်ရမည်ကို တစ်ခုပြီးတစ်ခု ညွှန်ကြားနေလေသည် ။

ခဏကြာတော့

" အစ်မ ကလေးခေါင်းထွက်လာပြီထင်တယ် ၊ ညှစ် အစ်မ ညှစ် "

nurse အစ်မကြီးရဲ့ဝမ်းသာအားရအသံကြောင့် နိုင်ဘုန်းလည်း ယောင်ယမ်းကာ လှမ်းကြည့်လိုက်မိချိန်

ခင်းထားတဲ့ပုဆိုးပိုင်းမှာ မြင်လိုက်ရတဲ့ သွေးရောင်တွေကြောင့် လူကမိုက်ခနဲနေအောင် မူးသွားကာ ရင်တွေတလှပ်လှပ်ဖြစ်လာပြီး မျက်လုံးတွေပါ ပြာချင်လာသည် ။

တစ်ခုခုအခက်အခဲဖြစ်တိုင်း အားကိုးတကြီး လှမ်းကာတိုင်တည်မိသည်က ထူးကိုပါပဲ ။

" ထူး ထူး ငါ ငါလေ မျက်လုံးတွေပြာလာသလိုပဲ "

" ဟာ သွား သွား ၊ ဒါဆို အပြင်ထွက်ပြီး လေဝဝရှူလိုက် "

" မမကို ဟို.... "

" ရတယ် မမကို စိတ်မပူနဲ့ ၊ ငါ့တာဝန်ထား "

ဒီလိုနဲ့ပဲ နိုင်ဘုန်း တဲအပြင်ကို ယိုင်ထိုးယိုင်ထိုးနဲ့ထွက်လာခဲ့ရသည် ။ အပြင်ရောက်လို့ ခြေပစ်လက်ပစ်ထိုင်ချမိသည့်တိုင်အောင် ရင်ထဲတလှပ်လှပ်ဖြစ်နေသေးတုန်း ။

ဘယ်နေရာမှာမှ ဖြစ်ဖြစ်မြောက်မြောက်အသုံးမကျတဲ့ ကိုယ့်ကိုယ်လည်း စိတ်တိုသည် ။ ရွယ်တူချင်းမှာ အစစအရာရာ လူကြီးလေးလို အကုန်တွေးတောပြီးတာဝန်ယူလုပ်ကိုင်ပေးနေရတဲ့ ထူးကိုလည်း သနားရသည် ။

တဲပိုင်ရှင်ဦးလေးကြီးသားအဖကလည်း နိုင်ဘုန်းနှင့်ရောပြီး စိတ်လှုပ်ရှားနေသည့်ပုံ ။

ဘုရား ဘုရား အစစအရာရာ အဆင်ပြေချောမွေ့ရပါစေ ။

အထဲမှာ ဘာဖြစ်လို့ဖြစ်နေမှန်းလည်းမသိသည်မို့ နိုင်ဘုန်းအဖြစ်က ဘုရားတ,ဖို့သာ တတ်နိုင်ပါတော့သည် ။

အချိန်ကုန်တာဟာလည်း နှေးလွန်းလှသည်ဟု ထင်မိသည် ။

" မောင်နိုင်ဘုန်း အရမ်းကြီးလည်းစိတ်မပူပါနဲ့ ၊အဆင်ပြေသွားမှာပါ "

တဲအတွင်းဘက်ကို လည်ပင်းရှည်ပြီးကြည့်လိုက် ပြန်ထိုင်လိုက်နှင့် ဂနာမငြိမ်နိုင်သော နိုင်ဘုန်းကို Driver ဦးလေးကြီးကပါ အားပေးယူရတဲ့အဖြစ် ။

တော်တော်ကြီးကြာမှ ကလေးငိုသံတစ်ခုကို ပီပီသသကြီးကြားလိုက်ရလေသည် ။

" ဟော မွေးပြီ မွေးပြီ "

" ဟာ မွေးပြီဟေ့ "

ကြားလိုက်ရတဲ့ကလေးငိုသံကြည်ကြည်လေးကြောင့် အပြင်မှာရှိနေသမျှလူတွေလည်း ချက်ချင်းကို မိုးတိုးမတ်တပ်တွေဖြစ်ကုန်ကြသည် ။

အထဲကိုလည်း ဝင်မသွားရဲဘဲ နိုင်ဘုန်းအပြင်ကနေ အော်မေးတော့

" ဟေး လူလူရေ ယောက်ျားလေးမွေးတယ်ကွ ၊ မမရော ကလေးလေးရော အဆင်ပြေတယ် "

အခုမှပင် ပူပန်နေမိသမျှ ရင်ထဲကအလုံးက ကျတော့သည် ။ အထဲက ကိုယ်တိုင်မွေးပေးရသည့် ထူးကတော့ ဘယ့်နှယ်နေသည်မသိ ။ နိုင်ဘုန်းကတော့ စိတ်လျှော့ချလိုက်တာကြောင့် အားမရှိတော့သလို အရုပ်ကြိုးပြတ်တောင် ဖြစ်သွားရသည် ။

တော်တော်ကြီးကြာတော့မှ ပုဆိုးထုပ်လေးနှင့်ကလေးကိုချီရင်း ထူးက ထွက်လာသည် ။ ထူးဝတ်ထားတဲ့ ရှပ်အင်္ကျီအပြာဖျော့ဖျော့မှာရော လက်ဖျံတွေအထိပါ သွေးစတွေက ခြောက်ကပ်ပေလူးလျက် ။

" လူလူ ဒီမှာ မင်းတူလေးကို လာကြည့် "

ဒီဖြစ်စဉ်တစ်ခုလုံးကို ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ခဲ့ရသူမဟုတ်သလိုထူးမျက်နှာလေးက တစ်စက်လေးမှ ညှိုးရော်ပင်ပန်းခြင်းမရှိဘဲ ကြည်ကြည်လင်လင်ပင်ရှိနေသည် ။

" မမရော ကလေးလေးရော အားလုံးအဆင်ပြေတယ် လူလူ ၊ မင်း စိတ်မပူနဲ့တော့နော် "

နိုင်ဘုန်း ဝဲတက်လာတဲ့မျက်ရည်တွေကြားမှ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ထူးကို ပြုံးပြမိသည် ။

သူ့ရှေ့မှာ ကလေးချီရင်း ရပ်နေတဲ့ထူးဟာ သူတို့မိသားစုရဲ့ ကျေးဇူးရှင်ပါပဲ ။

ဒါပေမယ့်လည်း ဒီလိုသတ်မှတ်ချက်ကို ထိုကျေးဇူးရှင်လေးက လက်ခံလိမ့်မည်မဟုတ်ပါ ။

" ကလေးလေးကို ကြည့်ပါဦး ၊ ချစ်စရာကောင်းလိုက်တာနော် လူလူ "

ထူးက ကလေးလေးကို ကြည့်ပါဦးဟု ဆိုနေပေမယ့် နိုင်ဘုန်းကတော့ ကလေးကို ပြုံးပြီးကြည့်နေတဲ့ ထူးကိုသာ ကြည့်နေမိပါသည် ။

ထူးရဲ့မျက်ဝန်းတွေ.....ကလေးနီတာရဲလေးကို ပြုံးပြီးငေးကြည့်နေတဲ့ ထူးရဲ့မျက်ဝန်းတွေဟာ တကယ်ကိုပဲ ကလေးလေးအပေါ် နှစ်နှစ်လိုလိုနဲ့ တန်ဖိုးတထားဖြစ်နေမှန်း သိသာလှသည်လေ ။

ဘယ်သူ့ကိုမှ ဘယ်အရာဝတ္ထုပစ္စည်းကိုမှ ဒီလိုမျက်ဝန်းတွေနဲ့ မကြည့်ခဲ့ဖူးဘူးဆိုတာ ငယ်ငယ်ကတည်းက ထူးနဲ့ အတူတူရှိလာခဲ့တဲ့ နိုင်ဘုန်းက အသိဆုံးပေါ့ ။ ထိုအချိန်ကတည်းကစ,လို့ အခုချိန်ထိ ထူး ဤကဲ့သို့သော မျက်ဝန်းမျိုးနဲ့ ကြည့်ခဲ့သည်မှာ ချမ်းတစ်ယောက်သာ ရှိခဲ့ပါလေသည် ။

********

အစ်ကိုကြီးမင်းဝန်ရှိတဲ့ဆေးရုံကို နိုင်ဘုန်းတို့ရောက်တဲ့အခါ မမကိုယ်တိုင်က ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ထိုဆေးရုံမှ တာဝန်ရှိတဲ့ဆရာဝန်ကြီးများက အစ်ကိုကြီးရဲ့အခြေအနေအမှန်အတိုင်းကို မမအား ပေးသိစေခဲ့ပါသည် ။

အစ်ကိုကြီးမင်းဝန်ဟာ လက်နက်ကြီးအစအနတွေက ခန္ဓာကိုယ်အနှံ့အပြားကို ထိမှန်ခဲ့တာကြောင့် ခွဲစိတ်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမယ့်လည်း ယမ်းစတွေက ဝမ်းဗိုက်အတွင်းထဲအထိပါ ဝင်ရောက်ကုန်တာမို့ ကလီစာတစ်ချို့ပျက်စီးကာ အသက်ရှင်ဖို့အခွင့်အလမ်းမရှိနိုင်တော့ကြောင်း ဝမ်းနည်းစွာဖြင့်ကြားသိခဲ့ရသည် ။

ထိုသတင်းကြောင့် သွေးနုသားနုနှင့် မမကို တစ်စုံတစ်ခုဖြစ်သွားမှာ စိုးရိမ်ပူပန်ခဲ့ရသော်လည်း မမက ထင်ထားသည်ထက် ပိုမိုကာတည်ငြိမ်ခဲ့ပါသည် ။

မမနှင့်အပြိုင် လူကြီးလေးတစ်ယောက်လို တည်ငြိမ်ခဲ့သူနောက်တစ်ယောက်ကတော့ ထူးပါပဲ ။ နိုင်ဘုန်းကတော့ မတည်ငြိမ်နိုင်ဆုံးလူပါပေ ။ ဖြစ်လာတဲ့အခြေအနေဆိုးကြီးအပေါ်မှာ ရင်မဆိုင်နိုင်စွာ တစ်ချိန်လုံး ငိုချင်နေခဲ့မိသည် ။

ကုသလို့မရတော့တဲ့အခြေအနေဖြစ်ပေမယ့်လည်း အစ်ကိုကြီးဟာ သတိလစ်သွားခြင်းမျိုးမရှိဘဲ ခန္ဓာကိုယ်မှာ မျိုးစုံအောင်သွယ်တန်းထားတဲ့ ဆေးပိုက်တွေကြားမှ အားယူကာစကားပြောနိုင်သေးတာကြောင့် မမနဲ့ထူးက လမ်းတွင်ပဲ ကလေးလေးမွေးဖွားဖြစ်ခဲ့ကြောင်းတွေပြောပြတော့ အစ်ကိုကြီးက ထူးလက်ထဲက ကလေးပေါက်စန နီတာရဲလေးကို ငဲ့စောင်းလှမ်းကြည့်ရင်း

" သား လေး ပေါ့ နော် "

ဟု လေသံတိုးတိုးလေးနှင့် တစ်လုံးချင်းအားယူကာ မေးရှာသည် ။ မမက ငိုသံပေါက်မသွားအောင် အသံကိုကြိုးစားကာ မြိုသိပ်ပြီးထိန်းချုပ်ရင်း

" ဟုတ်တယ် အစ်ကို ၊ သားလေးပါ ၊ အစ်ကိုနဲ့ခိုင်တို့ရဲ့ သားလေးပါ "

ထူးက မမ ငိုချင်နေမှန်းသိတော့ အာရုံပြောင်းတဲ့သဘောမျိုးနဲ့

" အစ်ကိုကြီး ကလေးလေးကို နာမည်ပေးပါဦး ၊ အဓိပ္ပါယ်လည်းရှိပြီး လှလည်းလှမယ့်နာမည်မျိုးလေး စဉ်းစားပေးနော် "

ထူးရဲ့အပြောကို အစ်ကိုကြီးက ခေါင်းခါကာ

" အစ် ကို ကြီး ရဲ့ သား လေး ကို ထူးလေး ပဲ နာ မည် ပေး ပေး ပါ "

" ဟာ မဟုတ်တာ အစ်ကိုကြီးကလဲ ၊ သားလေးကို အစ်ကိုကြီးကိုယ်တိုင်ပဲ နာမည်ပေးရမှာပေါ့ "

" သား လေး ကို လူ့ လော က ထဲ ရောက် အောင် မွေး ပေး တဲ့ ထူးလေး ကို ပဲ နာ မည် ပေး စေ ချင် တယ် ၊ အစ် ကို ကြီး ဆန္ဒ ကို မ ငြင်း ဆန် ပါ နဲ့ "

မမကိုယ်တိုင်ကလည်း အစ်ကိုကြီးဆန္ဒအတိုင်းလုပ်ဖို့ ထပ်မံကာတိုက်တွန်းလာသည်မို့ နောက်ဆုံးတော့ ထူးကိုယ်တိုင်ပဲ ထိုကလေးလေးကို နာမည်ပေးဖြစ်ခဲ့သည် ။

နယ်မြေမငြိမ်းချမ်းမှုတွေကြောင့် တိုင်းပြည်အတွက် အသက်စွန့်ပြီးတာဝန်ထမ်းဆောင်နေကြတဲ့ ကလေးလေးရဲ့ဖခင် အစ်ကိုကြီးမင်းဝန်လို အဖြစ်ဆိုးမျိုး ဘယ်သူ့ကိုမှ ထပ်မံကာ မဖြစ်စေလိုတဲ့ စိတ် ၊ စစ်မက်တွေမဖြစ်ပွားဘဲ တိုင်းပြည်ကြီး အေးချမ်းစေလိုတဲ့စိတ်နဲ့ ထိုကလေးလေးရဲ့နာမည်ကို ငြိမ်းချမ်းရေး ဟု ထူးက အဓိပ္ပါယ်ရှိရှိ ပေးခဲ့လေသည် ။

ဒါ့အပြင်...အစ်ကိုကြီးရဲ့နောက်ဆုံးအချိန်တွေမှာလည်း ငြိမ်းချမ်းရေးလေးကို ထူးလေးကပဲ စောင့်ရှောက်ပေးပါ အစ်ကိုကြီးအပ်ခဲ့ပါတယ်နော်....

ဟု တဖွဖွမှာသွားခဲ့သလို ထူးကလည်း အသက်နဲ့ထပ်တူစောင့်ရှောက်ပေးပါမယ်ဆိုသော ကတိကိုပေးကာ အစ်ကိုကြီးအား စိတ်ချစေခဲ့သည် ။

အစ်ကိုကြီးက စိတ်လျှော့လိုက်လို့လား စိတ်ချသွား၍ပဲလားတော့မသိ ။ နိုင်ဘုန်းတို့ရောက်ပြီး နောက်တစ်နေ့မှာပဲ မိသားစုကိုထားခဲ့ကာ ဘဝသစ်ဆီသို့ ကူးပြောင်းသွားတော့သည် ။

အခြေအနေတွေကို ကြိုသိထားပေမယ့်လည်း တကယ်တမ်းရင်ဆိုင်ရတဲ့အခါ မမခမျာ ခံနိုင်ရည်မရှိရှာပါ ။ ပုံလဲလုမတတ်အနေအထားနဲ့ အိပ်ယာထဲလဲတဲ့အထိ ဖြစ်မသွားဖို့ကို နိုင်ဘုန်းတို့မှာ မနည်းဂရုစိုက်ပေးခဲ့ရသည် ။

ဒီကြားထဲ ကံဆိုးမှုက အဖော်အပေါင်းနဲ့လာသည်ဟုပဲ ပြောရမလားမသိပါ ။ ငြိမ်းချမ်းရေးလေးက အသားဝါဝင်သည် ။ မမက နေမကောင်းတာမို့ ကလေးတာဝန်က ထုံးစံအတိုင်း ထူးအပေါ်ကိုပဲ ပုံကျရပြန်သည်ပေါ့ ။

အသားဝါဝင်တဲ့ကလေးကို အစပိုင်းမှာ ဖန်ပေါင်းချောင်ထဲထည့်ကာ မီးပြပြီးကုသခဲ့ပေမယ့်လည်း မသက်သာသည်မို့ ထူး နဲ့ နိုင်ဘုန်းမှာလည်း စိတ်တွေပူကာ ပျာယာခတ်နေရတော့သည် ။

အသားဝါတယ်ဆိုတာ ကလေးရဲ့သွေးထဲမှာ Bilirubin တွေများနေတာကြောင့်ဖြစ်ပြီး ၎င်း Bilirubin တွေအရမ်းများပြီး ဦးနှောက်ထဲရောက်သွားခဲ့မယ်ဆိုရင် ကလေးရဲ့ဉာဏ်ရည်ကိုပါ ထိခိုက်သွားစေနိုင်တယ်ဟု ဆရာဝန်ကြီးတွေက ရှင်းပြလာတဲ့အခါ ထူးတစ်ယောက်က ကလေးကို စိတ်ပူပြီး မျက်စိမျက်နှာတွေပါ ပျက်နေလေတော့ ထူးကို အားကိုးပြီးနေ,နေတဲ့ နိုင်ဘုန်းက ပို၍ပင် နေစရာမရှိတော့ပြီ ။

" ကလေးတွေ အသားဝါဖြစ်တဲ့အခါ ဖန်ပေါင်းချောင်ထဲမှာ မီးပြရင် ပြန်ကောင်းသွားကြတယ်လို့ ကျွန်တော်ကြားဖူးထားတာ ၊ ကျွန်တော်တို့ကလေးလေးကျမှ ဘာဖြစ်လို့မသက်သာတာလဲ ဒေါက်တာ "

" အသားဝါဖြစ်တာချင်းတူပေမယ့် ရောဂါပြင်းထန်ပုံချင်း မတူကြဘူး သားရဲ့ ၊ တချို့ကလေးတွေဆိုရင် မီးပြစရာမလိုဘဲ မိခင်နို့ရည်များများတိုက်ပြီး လိုအပ်တဲ့ ဖြည့်စွက်အာဟာရနို့မှုန့်တွေ တိုက်ကျွေးရုံနဲ့ ပြန်ကောင်းသွားတတ်တယ်....

အဲ့ဒါထက် ပြင်းထန်ရင်တော့ မီးပြပြီးကုသရတာပေါ့ ၊ အဲ့လိုမှ မသက်သာရင်တော့ သွေးလဲပြီးကုသရလိမ့်မယ် "

" ခင်ဗျာ သွေးလဲရမယ်!! "

" ဟုတ်တယ် သား ၊ Biliribin တွေများနေတဲ့ ကလေးရဲ့သွေးတွေကို ဖောက်ထုတ်ပြီး တခြားသွေးပြန်သွင်းပေးတဲ့နည်းပါ ၊ သွေးလှယ်လိုက်တဲ့သဘောပေါ့ "

" အဲ့လိုကုသလိုက်ရင်တော့ အဆင်ပြေသွားမှာလား ဒေါက်တာ "

" ပြေသွားမှာပါ ၊ အရမ်းကြီးစိတ်မပူပါနဲ့ ၊ သွေးလဲဖို့က ကလေးနဲ့ကလေးအမေ သွေးအုပ်စုချင်းမတူဘူးဆိုတော့ ကလေးအဖေရဲ့သွေးနဲ့ပဲ လှယ်ရလိမ့်မယ် "

စိတ်ရှည်လက်ရှည်ရှင်းပြနေသော ဆရာဝန်ကြီးရဲ့စကားအဆုံးမှာ နိုင်ဘုန်းတို့နှစ်ယောက်လုံး တုန်လှုပ်သွားမိသည် ။

" ကလေးအဖေက...ကလေးအဖေက မရှိတော့ပါဘူး ဒေါက်တာ ၊ တိုက်ပွဲမှာ လက်နက်ကြီးထိပြီး ကွယ်လွန်သွားပါပြီ "

" သြော် ဖြစ်ရလေ ၊ ဆရာစိတ်မကောင်းလိုက်တာ "

" အဲ့လိုဆိုရင် ကုလို့မရတော့ဘူးလားဆရာ "

" ရပါတယ် ၊ သွေးအုပ်စုတူတဲ့သူတစ်ယောက်ဆီက သွေးနဲ့လှယ်လို့ရပါတယ် ၊ ကလေးသွေးအုပ်စုက A ဆိုတော့ A သွေးပိုင်ရှင်တစ်ယောက်ဆီက သွေးဖောက်ယူပြီး လှယ်ကြတာပေါ့ "

ထူးက ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားရကာ

" ဒါဆို ကျွန်တော့်သွေးကိုဖောက်ပါ ဆရာ ၊ ကျွန်တော့်သွေးက A ပါ "

ဤနည်းဖြင့် ငြိမ်းချမ်းရေးရဲ့အသက်ကို ထူးရဲ့သွေးနဲ့ ဆက်ခဲ့ရပါသည် ။

_____________________________

A/N

ဆရာဝန်မရှိဘဲ ဆယ်ကျော်သက်အရွယ် ကလေးမလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်တစ်ဦးကို ကလေးမွေးဖွားပေးတယ်ဆိုတဲ့ ကြားသိခဲ့ဖူးသော ဖြစ်ရပ်မှန်ကိစ္စတစ်ခုကို အခြေခံပြီး ဒီအကြောင်းအရာတွေကို ပြောင်းလဲရေးသားခဲ့တာပါ ။

ကလေးအသားဝါဖြစ်တာနဲ့ ပတ်သက်ပြီးလည်း လေ့လာမိသလောက်လေး မျှဝေလိုက်ပါတယ်နော် ။

Bilirubin ဆိုတာ - ပုံမှန်ဆို သွေးတွင်းမှာရှိတဲ့ သွေးနီဥဆဲလ်လေးတွေက သူ့သက်တမ်း ရက်ပေါင်း ၁၂၀ ကုန်တာနဲ့ အလိုလိုပေါက်ကွဲပျက်စီးပါတယ် ။ Bilirubin ဆိုတာ အဲ့ဒီ သွေးနီဥဆဲလ်လေးတွေ ပေါက်ကွဲပျက်စီးရာက ထွက်လာတဲ့ အဝါရောင်ခြယ် ပစ္စည်းတွေဖြစ်ပါတယ် ။ ဒီလိုထွက်လာတဲ့ Bilirubin တွေကို အသည်းက ခြေဖျက်ပေးပြီး သွေးကတစ်ဆင့်အူထဲပို့ကာ ဝမ်းနဲ့အတူ စွန့်ထုတ်လေ့ရှိပါတယ် ။ မွေးကင်းစကလေးတွေရဲ့အသည်းက လူကြီးတွေလို ကောင်းကောင်း အလုပ်မလုပ်သေးနိုင်တာကြောင့် သွေးတွင်းမှာ Bilirubin တွေ စုပုံလာပြီး ကလေးတွေ အသားဝါရတာဖြစ်ပါတယ် ။

______________________________

Continue Reading

You'll Also Like

3.6M 325K 79
I'm not a robotထဲမွ​ေရာဂါကို​ေၾကာ႐ိုးတည္​​ေရး၏။ Own Creation ​ေနလ​ေရာင္​ စိုင္​းတိမ္​ယံလင္​း ​ေနရန္​ စိုင္​းညီယံလင္​း fan ficမဟုတ္​ပါ။🔥🔥🔥🔥
631K 60.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
450K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
106K 7K 33
ကိုယ့်အပိုင်လို့ သတ်မှတ်ကာ စွဲလမ်းစိတ်ကြီးသူနဲ့လွတ်လပ်မှုကို ခုန်မင်တယ့် ကောင်လေးကြားက အချစ်က ရိုးရှင်းနိုင်ပါဦးမလား ကိုယ့္အပိုင္လို႔ သတ္မွတ္ကာ စြဲလမ...