Zawgyi
အိမ္ကေနသာ ထြက္လာခဲ့တာ Jane ဆုိတဲ့
မကြာသေး...
Yeri - အံမယ်... အလုပ်သရဲမ က
➖➖➖➖➖
ဆင်းအုံး
Rosè - Nae Unnie
ကြောင့်
Jane - Rosè .... Rosè
Rosè - N ... Nae ... Nae Unnie
Jane - မပြောပါဖူး Rosè ... တခါတလေမှာ ချစ်လျှက်နဲ့လဲ ဝေးကြရတာတွေ ရှိကြတာပဲလေ... ကိုယ်ချစ်တဲ့သူ ၊ ဒါမှမဟုတ် ကိုယ်တိုင် ၊ ဒါမှမဟုတ် သူ့အသိုင်းအဝိုင်း ၊ ဒါမှမဟုတ် အကြောင်းအရာတခုခု ၊ ဒါမှမဟုတ် ကံကြမ္မာ အဲ့အရာတွေ ဖန်လာတဲ့အခါ မဝေးချင်ကြပေမယ့်လဲ ဝေးကြရတာပဲမဟုတ်လား...
တိုးဝင်ကြတယ်...။
မေးကြည့်တယ် ။
Jane - ဘယ်လို!!!!
မွေးရာပါ ဗီဇပေါ့...
➖➖➖➖➖
ကောင်မလေးတစ်ယောက်...
.................................🍒🍒.............................
❤❤❤
______________________________________
Unicode
အိမျကနသော ထှကျလာခဲ့တာ Jane ဆိုတဲ့
ကောင်မလေးကို မြင်တိုင်း
Chu ရဲ့ နှလုံးခုန်သံတွေဟာ မငြိမ်သက်ခဲ့ပါ.. ဘာကြောင့်မှန်းတော့ သေချာမသိခဲ့...
ချစ်နေတာလား လို့ တွေးမိပြန်ရင်လဲ...
သူနဲ့ကိုယ်နဲ့ တွေ့တာဖြင့် ဘယ်လောက်မှ
မကြာသေး...
ဒါပေမယ့် စိတ်ထဲမှာတော့ သူ့ကို မြတ်နိုးနေမိသည်။ သူ့အပေါ် တစ်စုံတစ်ရာ နာကျင်စေခဲ့သည်မို့ ပြန်လည်ပေးဆပ်ရမည် ဟုသာ စိတ်ထဲမှာ ဖြစ်နေမိသည်။ သို့ပေမယ့် ဘယ်လိုအရာနှင့်မျှ နာကျင်အောင် မပြုလုပ်ခဲ့သည်မှာ အမှန်ပင်...။
အတိတ်ဘဝ ကိုသာ ယုံကြည်ရရင်ဖြင့် ဘဝ
တစ်ခုခုမှာ နာကျင်စေခဲ့သည်လား ကိုယ်သေချာမသိတော့ပါ....။
ကိုယ်ချစ်နေတယ် ဆိုရင်တောင် ဒီလို အဖြစ်မျိုးနဲ့တော့ ကိုယ်ချစ်တဲ့လူကို မထားနိုင်ပါ...။
ဒီ့ထက်မက အလုပ်တွေ ပိုကြိုးစားကာ
သူ့အတွက် ရပ်တည်တော့မှာတော့ သေချာပါသည်...။
အဲ့တာကြောင့် ကိုယ့်စိတ်ကိုယ် သေချာသိဖို့ လိုနေပြီလေ...။
Yeri - Chu ဘာတွေငိုင်နေတာတုန်း
Chu - ငိုင်တာတော့ မဟုတ်ဖူးဟ..
လူတစ်ယောက်က အတွေးထဲကို စိုးမိုးထားပြီ ဆိုရင် ငါအဲ့လူကို ချစ်နေမိပြီလို့ ပြောလို့ရလား...
Yeri - အံမယ်... အလုပ်သရဲမ က
အချစ်အကြောင်းတွေ တောင် တွေးလို့ပါလား..။ ပြောလို့ရလား ဆိုတော့ ရပါတယ် ဒါပေမယ့် အတွေးထဲမှာ အမြဲပေါ်တိုင်းလဲ ချစ်တယ်လို့
ခေါင်းစဉ်တပ်လို့ မရပြန်ဖူးဟ....
Chu - နင် ဘာကိုဆိုလိုတာလဲ
Yeri - ဟုတ်တယ်ဟ အတွေးထဲ အမြဲပေါ်တိုင်း လဲ အချစ်မဟုတ်ဖူး... စွဲလန်းမှု့လဲ ဖြစ်နိုင်တာပဲလေ...
Chu - ငါ ဘယ်လိုလုပ်ရင် သိနိုင်မလဲ ...
အချစ်လား စွဲလန်းမှု့လား ဆိုတာကို
Yeri - နင် စိတ်ကို ထိန်းချုပ်ရမယ်...
အတတ်နိုင်ဆုံးထိ ချုပ်ထိန်းထား...
အဲ့လို စိတ်ခံစားချက်ကို ချုပ်ထိန်းလိုက်တဲ့အခါ အမှားအမှန် ကွဲကွဲပြားပြား သိလာလိမ့်မယ်... အဲ့တာက အချစ်မှမဟုတ်ဖူး ဘယ်အရာကိုမဆို အဲ့လိုပဲ...
Chu - ငါ ချုပ်ထိန်းထားရမှာပေါ့ ဒီလိုဆိုရင်
Yeri - အင်း နင့်ကိုယ်နင် ထိန်းထားလိုက်...
Chu - အိုခေ ကဲ အလုပ်လုပ်ရအောင် ဂိုမားဝေါ Yeri yaa...
➖➖➖➖➖
Jane - Rosè ဒါ Unnie ရဲ့ ဆိုင်လေ ၊ လာ
ဆင်းအုံး
Rosè - Nae Unnie
Jane တို့ ဆိုင်ထဲ ဝင်လာတော့ ယုန်မ တို့ အုပ်စုမပြန်သေးပါ ၊
N - Yaa နင်က ဘာလဲ တနေကုန် ငါတို့ကို
ဆိုင်စောင့်ခိုင်းနေတာ
Jane - အမယ် နင့် ဘယ်သူက စောင့်ခိုင်းလု့ိလဲ။ Ren တစ်ယောက်လုံး ရှိနေတာကို...
N - မသိဖူးဟဲ့ ဒါနဲ့ သူလေးက???
Jane - သြော် သူ့နာမည်က Rosè တဲ့ ၊
ငါ့ညီမလေး လို ခင်ရတဲ့ စာဖတ်ပရိတ်သတ်လေး ဆိုပါတော့။ Rosè ဒါ Unnie သူငယ်ချင်းတွေ Naeyeon ၊ ဒါက Irene ၊ ဒီတစ်ယောက်က Naeyeon ရဲ့ ချစ်သူ Jeongyeon ၊ ဒါက Jeongyeon ရဲ့ သူငယ်ချင်း Lalice တဲ့
Rosè - ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်...
Lice - ငါကတော့ တွေ့ရတာ ဝမ်းနည်းပါရဲ့...
Lalice စကားကြောင့် အားလုံး မျက်လုံးလေးတွေ ပြူ းသွားကြကာ
Lice - ထွက်သွားတုန်းက ထွက်သွားပြီး
ငါ့ရှေ့ပေါ်မလာနဲ့ဆိုပြီး ငါ့ကို မောင်းထုတ်ထားတဲ့ မင်းက ဘာကိစ္စ ငါ့မျက်စိရှေ့ကိုပြန်ရောက်လာရတာလဲ Rosè...
Rosè - ပြန်ရောက်လာတာမဟုတ်ဖူး တိုက်ဆိုင်သွားတာ အထင်လွဲမနေနဲ့ Lalice shi...
ပြောပြီးပြီးချင်း မျက်နှာချက်ချင်းလွှဲသွားတာ
ကြောင့်
Lice - Jeong ကြီး ငါတို့ပြန်ရအောင် Unnie လဲ ပြန်ရောက်ပြီဆိုတော့
Jeong - အော် အေးအေး Rosè Shi ခွင့်ပြုပါအုံး Unnie Jane တို့ Unnie Ren တို့ရောပဲနော် သဲရေ မောင်တို့သွားရအောင်
Naeyeon - အင်းအင်း သွားပြီဟေ့
သိပ်မူမမှန်တဲ့ သူတို့ကြောင့် Jane စဉ်းစားရ အတော်ခက်နေမိတယ်...
Jane - Rosè .... Rosè
ဘေးမှာ ရပ်နေတဲ့ Rosè ကို ခေါ်နေတာ
သူမကြားတာမို့ လက်နဲ့ အသာပုတ်လိုက်မှ
အသိပြန်ဝင်လာတဲ့ ကလေးမ...
Rosè - N ... Nae ... Nae Unnie
Jane - လာ ထိုင်အုံး စိတ်နဲ့လူနဲ့ မကပ်သလိုပဲ ဘာတွေဖြစ်နေတာလဲ Rosè...
Unnie ကို ရင်ဖွင့်ချင်ရင် ဖွင့်လို့ရတယ်နော်...
Rosè - Unnie လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးလားဟင်...
Jane - အင်း ချစ်ခဲ့ဖူးတယ် ဒါပေမယ့် ....
Rosè - ဒါပေမယ့် ဘာဖြစ်လဲ Unnie
အတိတ်ဘဝ က လူတစ်ယောက်ကို ဒီဘဝထိ လိုက်ရှာပြီး ရူးရူးမူးမူး ချစ်နေတာပါ လို့ ဖြေလိုက်ရင်ရော ရူးတယ်ထင်ခံရမှာပဲနော်....
Jane - အင်း ဒါပေမယ့် သူတော့မသိဖူးပေါ့ကွာ
Rosè - မဖြစ်နိုင်တဲ့ အဆင့်အတန်း က
လူတစ်ယောက်ကို သွားချစ်မိပြီး တန်းလိုက်ညှိလို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခါ ချစ်လျှက်နဲ့ လမ်းခွဲပေးလိုက်တယ်ဆိုရင်ရော Rosè မှားတယ်လို့ ပြောမှာလား Unnie...
Jane - မပြောပါဖူး Rosè ... တခါတလေမှာ ချစ်လျှက်နဲ့လဲ ဝေးကြရတာတွေ ရှိကြတာပဲလေ... ကိုယ်ချစ်တဲ့သူ ၊ ဒါမှမဟုတ် ကိုယ်တိုင် ၊ ဒါမှမဟုတ် သူ့အသိုင်းအဝို်င်း ၊ ဒါမှမဟုတ် အကြောင်းအရာတခုခု ၊ ဒါမှမဟုတ် ကံကြမ္မာ အဲ့အရာတွေ ဖန်လာတဲ့အခါ မဝေးချင်ကြပေမယ့်လဲ ဝေးကြရတာပဲမဟုတ်လား...
Rosè - ပိုးဖလံ တွေက မီးကိုတိုးကြတယ်နော် ပူမှန်းသိသိရဲ့နဲ့လဲပေါ့
Jane - အဲ့လို မတိုးရင် သူတို့သေမယ်ဆိုတာကို သိကြလို့နေမှာပေါ့ Rosè ရယ် ၊
Unnie ပုံပြင်တခုပြောပြမယ်နော်...
ပိုးဖလံ က မီး ကို ပူမှန်းသိရဲ့နဲ့
တိုးဝင်ကြတယ်...။
ဒါကို စားမလို့လာတဲ့ အိမ်မြှောင်လေးက နားမလည်လို့
မေးကြည့်တယ် ။
" ပူမှန်းသိရဲ့နဲ့ မင်းတိုးနေတာ ရူးရာမရောက်ဖူးလား "
ုဆိုတော့ ပိုးဖလံ လေးက ပြန်ဖြေရှာတယ်။
" ပူတာတော့ သိပါရဲ့ ရူးနေတာလဲ မဟုတ်ရပါဖူး... ဒီလို တိုးနေရခြင်း အကြောင်းက အဲ့ မီး မရှိရင် ကျုပ်တို့ ရှင်သန်ဖို့ မဖြစ်နိုင်လို့ပါတဲ့ " လေ.. ။ သနားဖို့သိပ်ကောင်းတယ်နော်။
Jane သူမ ခေါင်းလေးကို ပွတ်ပြီး ပြောတော့ မျက်ရည်စ ရေးရေးလေးတွေနဲ့ ပြန်ကြည့်ပြီး စကားတခွန်းကို ဆိုခဲ့တယ်။ Jane ကို အတွေးများစေခဲ့တဲ့ စကားလေးတခွန်းကိုပေါ့...
Rosè - ဟင့်အင်း Unnie ပိုးဖလံတွေက သူတို့သေမှာစိုးလို့ မီးကိုတိုးကြတယ်... ဒါပေမယ့်လဲ အတိုးခံရတဲ့ မီးရဲ့ ဘဝက တိုးနေတဲ့ ပိုးဖလံထက် ပိုသနားဖို့ကောင်းပါတယ်...
Jane - ဘယ်လို!!!!
Rosè - ဟုတ်တယ် Unnie ရဲ့... နာကျင်မှာစိုးလို့ မတိုးပါနဲ့လို့ တားဖို့ကလဲ မဖြစ်နိုင်ခဲ့ဖူး ၊
မတိုးပြန်ရင်လဲ သေမှာကို သိနေတော့ ရင်နာနာနဲ့ ဆက်တိုးခိုင်းလိုက်ပြီး လောင်ကျွမ်းစေခဲ့ရတဲ့ မီးရဲ့ဘဝက ပိုပြီးတော့ ပူလောင်တယ် မဟုတ်လား...
ပြောနေတဲ့ စကားကို ခနရပ်ပြီး မျက်ရည်စကို လက်ဖမိုးနဲ့ပွတ်ဆွဲလိုက်တယ် ။ ပြီးတော့ စကားကို ထပ်ဆက်ကာ
Rosè - Lice နဲ့ Rosè တို့က တချိန်က သိပ်ချစ်ခဲ့တဲ့ ချစ်သူတွေပါ ။ ကံကြမ္မာ မုန်တိုင်း မထန်ခင် အထိပေါ့ ။ ကံကြမ္မာ မုန်တိုင်း တိုက်တဲ့ထိကို
ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အားလုံးအဆင်ပြေပြီး လေပြေလာတော့မှ တွဲလက်လေး ပြုတ်သွားခဲ့ရတယ်လေ....
Jane - ဘယ်လို အရာကြောင့်လဲ Rosè
Rosè - မုန်တိုင်းဒဏ် သိပ်ကြမ်းခဲ့လို့
နှစ်ယောက်လုံးမှာ ဒဏ်ရာတွေ သိပ်များခဲ့ကြ
တယ် ထင်တယ် ... မုန်တိုင်းလဲပြီးရော အစိတ်စိတ်အမွှာမွှာ ကွဲသွားရတယ် လို့ပဲ ပြောရမှာပေါ့ Unnie ရယ်.....
Jane - စိတ်ဝင်စားဖို့ကောင်းတဲ့ Story လေး ဖြစ်မယ်ထင်တယ် ။ Unnie ဒါတွေကို စာအဖြစ်တင်ဆက်ချင်လို့ Rosè လေးက ခွင့်ပြုပေးနိုင်မလားဟင်...
Rosè - ခွင့်ပြုပေးနိုင်ပါတယ် ဒါပေမယ့် တကယ့်အဖြစ်အပျက်ကိုရေးမယ်ဆိုရင် အဖြစ်အပျက်အစအဆုံး သိဖို့တော့လိုမယ်ထင်တယ်
Jane - ဒါပေါ့... သိပ်လိုအပ်တယ်
Rosè - အချိန်ရတိုင်း ပြောပြပါ့မယ်...
Jane - Okay ကွာ... ကဲ ပြန်ရအောင်
တော်ကြာ Chu ပြန်ရောက်လာလို့ သူ့ညီမကို
လျှောက်ခေါ်သွားတယ်ဆိုပြီး နောက်မလာခိုင်းပဲနေနေအုံးမယ်....
Rosè - Ha Ha မညာတမ်း ဝန်ခံပါ...
Unnie က Chu Unnie ကို ချစ်နေတာမဟုတ်လား....
Rosè စကားကြောင့် မျက်လုံးပါ ပြူ းသွားရတယ်။
Jane - ဘယ်... ဘယ်လို သိနေတာလဲ Rosè
Rosè - Rosè က လူကဲခတ်တော်တယ်လေ
မွေးရာပါ ဗီဇပေါ့...
Jane - ကဲ ဟုတ်ပါပြီကွာ... ပြန်ရအောင် လာ...
➖➖➖➖➖
ကားပေါ်တွင်တော့ မျက်ရည်များစွာ ကျနေတဲ့
ကောင်မလေးတစ်ယောက်...
Jeong - အဆင်ပြေရဲ့လား Lice... သူက ခုမှ ဘာလို့ ပြန်ပေါ်လာရပြန်တာလဲကွာ...
Lice - ငါမေ့ပြီထင်ထားခဲ့တာကွ... ငါမေ့နိုင်ပြီ ထင်ထားခဲ့တာ... ခုတော့ မျက်နှာလေးမြင်လိုက်ရုံနဲ့တင် အမာရွတ်က သွေးစိမ်းရှင်ရှင်
ပြန်ထွက်ရပြန်ပြီကွာ... ကျစ်...
Jeong - အေးပါကွာ ငါနားလည်ပါတယ်... မင်း ဘယ်လောက်ချစ်ခဲ့မှန်းကို ပြီးတော့ ကိုယ်ချင်းလဲစာပါတယ်...
Lice - အကြိမ်ကြိမ်သတ်ခဲ့တယ်...
ငါဆိုတဲ့ကောင်ကလဲ ခုချိန်ထိ စောက်မှတ်မရှိ
သေချင်နေတုန်းပဲ... ရီရသားကွာ
မျက်ရည်စများစွာနဲ့ သူငယ်ချင်းကို နှစ်သိမ့်ပေးရုံကလွဲပြီး Jeong ဘာမှ မတတ်နိုင်ပါ ။
သူ့ ဒဏ်ရာ သူ့အနာ သူသာသိမို့ ကိုယ်ဘာမှ ဝင်မပြောပေးနိုင်ခဲ့ပါ....
.................................🍒🍒.............................
❤❤❤
မေ့နေကြပြီလားဗျ ကျွန်တော် အသည်းကွဲနေတာမို့ ခုမှ ရေးဖြစ်တာ အကြာကြီးစောင့်လိုက်ရရင် တောင်းပန်ပါတယ်ခင်ဗျာ
______________________________________