ကြင်နာသူသို့လွှမ်းခြုံမိသော အ...

By Thornless_rose_wine

285K 18K 685

အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ္းခ်စ္ၾ... More

part1
part2
part3
part4
part5
part6
part7
part8
part9
part10
part11
part12
part13
part14
part15
part16
part17
part18
part19
part20
part21
part22
part23
part24
part25
part26
part27
part28
part29
part30
part31
part32
part33
part34
part35
part36
part37
part38
part39
part40
part41
part42
part43
part44
part45
part46
part47
part48
part 49
part50
part 51
part52
part53
part54
part55
part56
part57
part58
part59
part60
part61
part62
part63
part64
part65
part66
part67
part68
part69
part70
part71
part72
part 73
part 74
part 75(final)
Extra 1
Extra 2
Extra 3
book💛💚
Hello!!book❤💚
order time❤💚

Extra 4

3.7K 144 4
By Thornless_rose_wine

Unicode&Zawgyi

(Unicode)

ရှောင်းစုဖန်း ထမင်း စားပွဲတွင် သားဖြစ်သူနဲ့ အတူ ထိုင်ကာ စားနေသော်လည်း သူ၏စိတ်ထဲကစကား ကို ပြောသင့်မပြောသင့် ချီတုံချတုံ ဖြစ်နေသည်။

ရှောင်းစုဖန်း၏ စိုးရိမ်စိတ်များကာ မသက်မသာ ဖြစ်နေသည့်အမူအယာက ရှောင်းကျန့်ကို စိုးရိမ်စေသည်။

"အဖေ ဘာဖြစ်လို့လဲ... တစ်နေရာရာ မသက်မသာ ခံစားနေရလို့လား..."

ဝမ်ရိပေါ် လည်း ရှောင်းကျန့် စကားကြောင့်
စိုးရိမ်သည့် မျက်ဝန်းတို့ဖြင့် မော့ကြည့်လာသည်။

"မဟုတ်ပါဘူး... သားတို့ကို အဖေ ပြောသင့် မပြောသင့် စဥ်းစားနေတာ..."

ရှောင်းစုဖန်း မှာ ပြောချင်နေသော်လည်း သမက်ဖြစ်သူ ကို အားနာသည့် မျက်ဝန်းများနဲ့ ကြည့်နေသည်။

ရှောင်းစုဖန်း ၏ သူ့အပေါ် အားနာသည့် အကြည့်ကို ဝမ်ရိပေါ်ခံစားမိသည်။

"ရပါတယ် ပြောပါ အဖေ....ကျွန်တော့် ကို အားမနာပါနဲ့...."

"အဖေ...အဖေ လေ... မြေးလေး လိုချင်တယ်...."

"အဖေ...!!!"

ရှောင်းကျန့်၏ တားမြစ်လိုဟန်ရသည့် အသံက မြည်ဟိန်းထွက်လာ၏။

သူ့မှာ သွေးသားမလိုအပ်ဘူး။
သူ့အတွက် ရိလေးရှိရင်လုံလောက်တယ်။

ဒါပေမဲ့ သူ သူ့အဖေဘက်ကို မေ့သွားတယ် ။
အဖေသာ ဒီလိုပြောလာမယ်မှန်းသိရင် ကြိုပိတ်ထားပါတယ်။

အခုတော့ ရိလေး စိတ်မကောင်း ဖြစ်ရတော့မယ်။

ရှောင်းကျန့်...ဝမ်ရိပေါ်ထံ စိုးရိမ်စွာ ကြည့်လာ၏။

"ရိလေး... ကိုကို့အဖေ ပြောတာကို စိတ်ထဲ ထားမနေနဲ့.... ကိုကိုလိုအပ်တာ ရိလေး....
ကိုကို့ သွေးသား မဟုတ်ဘူး... "

ရှောင်းစုဖန်း ဆီက စကားက ဝမ်ရိပေါ် ကို ခေတ္တ တုန်လှုပ်သွားစေသည်။ ထိုစကား ကြားလိုက်ရတဲ့အချိန်မှာ သူ တကယ်ကို ဝမ်းနည်းသွားမိသည်။ သူက ယောကျာ်း လေးလေ။ သူ ဘယ်လိုလုပ်ရနိုင်မှာလဲ။

တစ်ဖက်က သူ အထင်လွဲမည် စိုး၍ အသည်းအသန် ရှင်းပြနေသော ချစ်ရသူကို တွေ့လိုက်ရချိန်မှာတော့ ရင်ထဲ ပိုလို့စိတ်မကောင်း ဖြစ်လာမိသည်။

ဝမ်ရိပေါ် တွေးမိသည်။
ဟုတ်သားပဲ ။ သူလည်း လိုချင်ရှာမှာပဲ။
သူ့ရဲ့ သွေးသားကို။

"သား ရိလေး အဖေ့ကို အထင်မလွဲပါနဲ့နော်... အဖေကလေ....မျိုးဆက် လိုချင်မိရုံပါ....ဘာလို့ဆို အဖေ့သားသမီး သုံးယောက် မှာ သား ငယ်ပဲ ကျန်တော့တာလေ....အဖေတောင်းဆိုတာ လွန်များသွားလား...."

ရှောင်းစုဖန်း တကယ်ကို အားနာမိသည်။
ဝမ်ရိပေါ် ကိုလည်း သူ့သွေးသားအရင်းလို ချစ်သည်။ သားမက်ဆိုသည်ထက် သားအရင်းဟု ယူဆထားသည် ဆိုလျှင် ပိုမှန်မည်။

"အဖေ မလွန်ပါဘူး...ကျွန်တော် တို့နှစ်ယောက် ဒီအကြောင်းကို သေချာ ဆွေးနွေးလိုက်ပါ့မယ်..."

ဝမ်ရိပေါ်က အပြုံးမပျက် တုံ့ပြန်လိုက်၏။

"ရိလေး....ကိုကို မလိုချင်ဘူး..."

"ကိုကို ဒီအကြောင်း ပြီးမှ ပြောရအောင်...
အရင်ဆုံး ထမင်းပြီးအောင် စားကြတာပေါ့...."

ဝမ်ရိပေါ် ထမင်းကိုသာ ဆက်စားနေလိုက်လည်း ရင်ထဲက တင်းကြပ်မှုကြောင့် အသက်ရှု မဝတော့သလိုပင်။

ဝမ်ရိပေါ် ထမင်းစားပြီးသွားချိန်တွင် ရေချိုး အဝတ်အစားလဲပြီး အခန်းထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေမိသည်။

ရှောင်းစုဖန်း ပြောခဲ့သည့် အကြောင်းအရာ အားလုံးကို တစ်ကျော့ပြန် တွေးတောရင်း...
သက်ပြင်း ခပ်သာသာ ချနေမိသည်။

"ရိလေး...."

ရှောင်းကျန့်... ဝမ်ရိပေါ် ကို နောက်ကနေ သိုင်းဖက်ကာ ပုခုံးပေါ် မေးတင်ရင်း
ပွတ်သပ်ကျီစယ်နေသည်။

"ကိုကို့ အဖေပြောတာကို အာရုံမထားနဲ့....
ကိုကို့အတွက် ရိလေး က တစ်ဘဝလုံးပဲ..."

"ကိုကို..."

"အင်း...."

"ကျွန်တော် တို့ ကလေးယူရအောင်..."

"ရိလေး...."

"ကျွန်တော် သေချာ စဥ်းစားပြီးပြီ...ကလေးယူရအောင်... "

ဝမ်ရိပေါ် ပုံစံမှာ ဆုံးဖြတ်ချက် ပြတ်သားနေ၏။ ရှောင်းကျန့် သူဘယ်လိုဖြောင်းဖြပါစေ မရနိုင်တော့မှန်း သိလိုက်သည် ။ ထို့ကြောင့် သူ့ချစ်သူ စိတ်သက်သာရာရစေမည့် စကားကိုသာရွေးချယ်ပြောလိုက်သည်။

"ကောင်းပြီလေ... နောက်နေ့ကျ ကိိုကိုတို့ မိဘမဲ့ ဂေဟာသွားပြီး ကလေးတစ်ယောက် မွေးစားကြတာပေါ့...."

"မဟုတ်ဘူး.. ကျွန်တော် ပြောတာက ကိုကိုနဲ့ ကျွန်တော့် ရဲ့ သွေးသား..."

"ရိလေး....ကိုကိုတို့ က ယောကျ်ား လေးတွေလေ...မဖြစ်နိုင်ဘူး..."

ရှောင်းကျန့် နဖူးကြော က တွန့်ချိုးလို့သွားသည်။ သူ့ရိလေးက သူ့ဒုက္ခသူ ရှာချင်နေတယ်။ သူခွင့်မပြုနိုင်ဘူး။ သူခွင့်ပြုလိုက်ရင် သူ့ရိလေး နာကျင်လိမ့်မယ်။

"အဖေလည်း လိုချင်သလို... ကျွန်တော် လည်း လိုချင်တယ်.... ဆေးပညာတွေ တိုးတက်နေပြီပဲ...ကျွန်တော် တို့ ကလေးယူလို့ရမှာပါ..တစ်နည်းမဟုတ် တစ်နည်းနဲ့ပေါ့....."

ဝမ်ရိပေါ် မျက်နှာလေးမှာ နွမ်းလျနေကာ အပြုံးတို့က ညှိုးငယ်နေသည်။

"ရိလေး ကိုကို တောင်းပန်ပါတယ်...မလုပ်ပါနဲ့လား..."

"ကျွန်တော် လိုချင်တယ်... ကျွန်တော် တို့သွေးသားကို..."

ခေါင်းမာလွန်းသည့် သူ့ဇနီးကို သူမနိုင်နိုင်မှန်း ရှောင်းကျန့်သိသည်။ သူ့အဖို့လိုက်လျောရုံသာရှိတော့သည်။

"ကောင်းပါပြီ...ကိုကို တို့ နောက်နေ့ကျ ဆေးရုံသွားကြတာပေါ့...ဒါပေမဲ့ ရိလေးနည်းနည်းလောက်ပဲ ဖြစ်ဖြစ် ပင်ပန်းတယ်ခံစားရရင် ဆက်မလုပ်ရဘူးနော်...."

"ကျွန်တော် သိပါပြီ... ကျွန်တော် ယောကျ်ား လေးပါ ဒီလောက်လေးက ကျွန်တော့် ကို
မပင်ပန်းစေပါဘူး....ကျွန်တော် လုပ်နိုင်ပါတယ် "

တစ်ပတ်ကြာပြီးတဲ့နောက်မှာ ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် တို့ ဆေးရုံကို အတူ သွားခဲ့သည်။ လိုအပ်တဲ့ ဆေးစစ်မှုတွေ အားလုံး လုပ်ပြီး သူတို့နှစ်ယောက် ဖန်ပြွန်သန္ဓေနဲ့ ကလေး ယူရန် ဆုံးဖြတ်လိုက်သည်။

ထိုအခြေအနေက အောင်မြင်နိုင်ချေ ၅၀..၅၀ပင်...။

အနည်းငယ် စွန့်စားရာတော့ ကျမည်။
မည်သည့်အတွက်ကြောင့်ဆို ကိုယ်ဝန်ဆောင်မည့်သူက ယောကျာ်း လေးတစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

နှစ်နှစ်ကြာပြီးနောက်....

"ရိလေး... ကြည့်ပါဦး... ကိုကိုတို့ရဲ့ ကလေးလေးကို.... ချစ်ဖို့ မကောင်းဘူးလား..."

ရှောင်းကျန့် ပုခက်ထဲမှာ ရှိနေသည့် ကလေးရဲ့ ပါးပြင်နုနုလေးကို ထိတွေ့ပွတ်သပ်ကာ ကျီစယ်နေသည်။ သူ ပုခက်ထဲမှာရှိနေသည့် ပေါက်စလေးကို အသဲယားနေသည်။

"အင်း...တအား ချစ်ဖို့ကောင်းတယ်....လက်လေးတွေက သေးသေးလေးတွေ...အသဲယားလိုက်တာ.... ကိုကိုနဲ့ ပိုတူတယ်... "

ဝမ်ရိပေါ် မျက်ဝန်းတို့က အကြင်နာ ရွှန်းဝေနေလျှက် ပြုံးပျော်ရွှင်နေသည်။

"မဟုတ်ဘူး... သားလေးရိပေါ်...နဲ့ ပိုတူတယ်... မျက်ဝန်းလေးတွေ... မျက်ခုံးလေးတွေ ...နှုတ်ခမ်းလေးတွေက အစ....သားငယ်နဲ့က မျက်နှာကျပဲ တူတာ...."

ရှောင်းစုဖန်း က ဝင်ရောက်ကာ ပြောဆိုလာသည်။ အရေတွန့်နေသည့် အဖိုးအိုကြီး၏ မျက်နှာထက်မှာ ယခုအခါအပြုံးတို့ ရွှန်းရွှန်းဝေနေသည်။ ပေါက်စလေးက အဖိုးအိုကြီး၏ အသည်းကိုခြွေယူသွားခဲ့သည်။

"ကိုကို... ကလေးအတွက် နာမည် စဥ်းစားပြီးပြီလား..."

"အင်း...စဥ်းစားပြီးပြီ....ကိုကိုနဲ့ ရိလေးရဲ့ ကလေးလေးကို ယွင်ဟန် လို့ နာမည်ပေးမယ်...
ကိုကို့ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်တဲ့
ယွင်ဟန်ကို.... ကိုကို့နှလုံးသားက မေ့မသွားစေဖို့ပေါ့....ရိလေးရော ဘယ်လို သဘောရလဲ...."

ရှောင်းကျန့်.. ဝမ်ရိပေါ် နှာထိပ်လေးကို ခပ်ဖွဖွနမ်းရှိုက်ပြီး ခန္ဓာကိုယ် လေးကို သူ့ရင်ခွင်တွင်း ပိုက်ထွေးလိုက်သည်။

"အင်း... ကျွန်တော် လည်း ကြိုက်တယ်....
အစ်ကိုယွင်က ကျွန်တော့် ချစ်သူရဲ့ အသက်ကို ကယ်ခဲ့တာ... ကျွန်တော့် နှလုံးသားထဲမှာ အခုထိ မှတ်သားထားတုန်း....ယွင်ဟန် ဆိုတဲ့ နာမည်လေးက အစ်ကိုယွင်ကို အမှတ်ရ​နေ စေဖို့ တစ်စိတ်တပိုင်းပေါ့...."

ကမ္ဘာ ပေါ်တွင် အလှပဆုံးနဲ့ အနွေးထွေးဆုံး ပန်းချီကား တစ်ချပ်ကို ဖော်ကျူးထားသည့်အလား ရှောင်းကျန့် တို့ မိသားစု ပုံရိပ်က မြင်ရသူတိုင်းကို နွေးထွေးသွားစေသည်။

............................................................................
Note:
Extra အပိုင်းလေးတွေ ကြိုက်ကြတယ် မလား...

ဒီ Extra part လေးကို After married life style ပုံစံလေး ရေးထားပါတယ်...

ဒီ part မှာ ရိပေါ်ကို ကလေးမွေးခိုင်းတဲ့ အတွက်
အချို့ ဒါဒါလေးတွေက ကြိုက်မယ်မထင်ဘူး...

ဘာလို့ဆို ရိပေါ်ကို ပျော့ညံ့စေတယ်လို့ ခံစားရလို့...

ကိုယ်လည်း အဲ့ typeကို မကြိုက်ဘူး...

ဒါပေမဲ့.. ကိုယ် အခု ဖော်ပြချင်တဲ့ ပုံစံက ရိပေါ်က ရှောင်းကျန့် ကို ချစ်လွန်း တဲ့အတွက် အလျော့ပေးတာ ပါ....

နှစ်ယောက်စလုံးက ယောကျာ်း လေး ဖြစ်တဲ့ အတွက် strong ဖြစ်ပါတယ်...

အချစ်တစ်ခုတည်းအတွက် ချစ်သူ လိုအပ်တဲ့ အရာကို ဖြည့်ဆည်းပေးတဲ့ သဘောမျိုး ဖော်ပြထားပါတယ်....

Extra part ဆိုတော့ အကြောင်းအရာ အသေးစိတ် မဖော်ပြတော့ဘဲ...
အဓိက လိုအပ်တဲ့ အချက်လေးတွေကိုပဲ သရုပ်ဖော်ထားပါတယ်....

နှစ်သက်မယ်လို့ ယုံကြည်ပါတယ်....

ကြင်နာသူသို့ လွှမ်းခြုံမိသော အမုန်းတစ်လွှာကို ဖတ်ရှုအားပေးတဲ့ readers အားလုံးကို ကျေးဇူးအထူးတင်ပါတယ်... ☺☺😘😘

Love all readers 😘😘

(Zawgyi)

ေရွာင္းစုဖန္း ထမင္း စားပြဲတြင္ သားျဖစ္သူနဲ႕ အတူ ထိုင္ကာ စားေနေသာ္လည္း သူ၏စိတ္ထဲကစကား ကို ေျပာသင့္မေျပာသင့္ ခ်ီတုံခ်တဳံ ျဖစ္ေနသည္။

ေရွာင္းစုဖန္း၏ စိုးရိမ္စိတ္မ်ားကာ မသက္မသာ ျဖစ္ေနသည့္အမူအယာက ေရွာင္းက်န့္ကို စိုးရိမ္ေစသည္။

"အေဖ ဘာျဖစ္လို႔လဲ... တစ္ေနရာရာ မသက္မသာ ခံစားေနရလို႔လား..."

ဝမ္ရိေပၚ လည္း ေရွာင္းက်န့္ စကားေၾကာင့္
စိုးရိမ္သည့္ မ်က္ဝန္းတို႔ျဖင့္ ေမာ့ၾကည့္လာသည္။

"မဟုတ္ပါဘူး... သားတို႔ကို အေဖ ေျပာသင့္ မေျပာသင့္ စဥ္းစားေနတာ..."

ေရွာင္းစုဖန္း မွာ ေျပာခ်င္ေနေသာ္လည္း သမက္ျဖစ္သူ ကို အားနာသည့္ မ်က္ဝန္းမ်ားနဲ႕ ၾကည့္ေနသည္။

ေရွာင္းစုဖန္း ၏ သူ႕အေပၚ အားနာသည့္ အၾကည့္ကို ဝမ္ရိေပၚခံစားမိသည္။

"ရပါတယ္ ေျပာပါ အေဖ....ကြၽန္ေတာ့္ ကို အားမနာပါနဲ႕...."

"အေဖ...အေဖ ေလ... ေျမးေလး လိုခ်င္တယ္...."

"အေဖ...!!!"

ေရွာင္းက်န့္၏ တားျမစ္လိုဟန္ရသည့္ အသံက ျမည္ဟိန္းထြက္လာ၏။

သူ႕မွာ ေသြးသားမလိုအပ္ဘူး။
သူ႕အတြက္ ရိေလးရွိရင္လုံေလာက္တယ္။

ဒါေပမဲ့ သူ သူ႕အေဖဘက္ကို ေမ့သြားတယ္ ။
အေဖသာ ဒီလိုေျပာလာမယ္မွန္းသိရင္ ႀကိဳပိတ္ထားပါတယ္။

အခုေတာ့ ရိေလး စိတ္မေကာင္း ျဖစ္ရေတာ့မယ္။

ေရွာင္းက်န့္...ဝမ္ရိေပၚထံ စိုးရိမ္စြာ ၾကည့္လာ၏။

"ရိေလး... ကိုကို႔အေဖ ေျပာတာကို စိတ္ထဲ ထားမေနနဲ႕.... ကိုကိုလိုအပ္တာ ရိေလး....
ကိုကို႔ ေသြးသား မဟုတ္ဘူး... "

ေရွာင္းစုဖန္း ဆီက စကားက ဝမ္ရိေပၚ ကို ေခတၱ တုန္လႈပ္သြားေစသည္။ ထိုစကား ၾကားလိုက္ရတဲ့အခ်ိန္မွာ သူ တကယ္ကို ဝမ္းနည္းသြားမိသည္။ သူက ေယာက်ာ္း ေလးေလ။ သူ ဘယ္လိုလုပ္ရနိုင္မွာလဲ။

တစ္ဖက္က သူ အထင္လြဲမည္ စိုး၍ အသည္းအသန္ ရွင္းျပေနေသာ ခ်စ္ရသူကို ေတြ႕လိုက္ရခ်ိန္မွာေတာ့ ရင္ထဲ ပိုလို႔စိတ္မေကာင္း ျဖစ္လာမိသည္။

ဝမ္ရိေပၚ ေတြးမိသည္။
ဟုတ္သားပဲ ။ သူလည္း လိုခ်င္ရွာမွာပဲ။
သူ႕ရဲ႕ ေသြးသားကို။

"သား ရိေလး အေဖ့ကို အထင္မလြဲပါနဲ႕ေနာ္... အေဖကေလ....မ်ိဳးဆက္ လိုခ်င္မိ႐ုံပါ....ဘာလို႔ဆို အေဖ့သားသမီး သုံးေယာက္ မွာ သား ငယ္ပဲ က်န္ေတာ့တာေလ....အေဖေတာင္းဆိုတာ လြန္မ်ားသြားလား...."

ေရွာင္းစုဖန္း တကယ္ကို အားနာမိသည္။
ဝမ္ရိေပၚ ကိုလည္း သူ႕ေသြးသားအရင္းလို ခ်စ္သည္။ သားမက္ဆိုသည္ထက္ သားအရင္းဟု ယူဆထားသည္ ဆိုလွ်င္ ပိုမွန္မည္။

"အေဖ မလြန္ပါဘူး...ကြၽန္ေတာ္ တို႔ႏွစ္ေယာက္ ဒီအေၾကာင္းကို ေသခ်ာ ေဆြးႏြေးလိုက္ပါ့မယ္..."

ဝမ္ရိေပၚက အၿပဳံးမပ်က္ တုံ႕ျပန္လိုက္၏။

"ရိေလး....ကိုကို မလိုခ်င္ဘူး..."

"ကိုကို ဒီအေၾကာင္း ၿပီးမွ ေျပာရေအာင္...
အရင္ဆုံး ထမင္းၿပီးေအာင္ စားၾကတာေပါ့...."

ဝမ္ရိေပၚ ထမင္းကိုသာ ဆက္စားေနလိုက္လည္း ရင္ထဲက တင္းၾကပ္မႈေၾကာင့္ အသက္ရႈ မဝေတာ့သလိုပင္။

ဝမ္ရိေပၚ ထမင္းစားၿပီးသြားခ်ိန္တြင္ ေရခ်ိဳး အဝတ္အစားလဲၿပီး အခန္းထဲမွာ ၿငိမ္ၿငိမ္ေလး ထိုင္ေနမိသည္။

ေရွာင္းစုဖန္း ေျပာခဲ့သည့္ အေၾကာင္းအရာ အားလုံးကို တစ္ေက်ာ့ျပန္ ေတြးေတာရင္း...
သက္ျပင္း ခပ္သာသာ ခ်ေနမိသည္။

"ရိေလး...."

ေရွာင္းက်န့္... ဝမ္ရိေပၚ ကို ေနာက္ကေန သိုင္းဖက္ကာ ပုခုံးေပၚ ေမးတင္ရင္း
ပြတ္သပ္က်ီစယ္ေနသည္။

"ကိုကို႔ အေဖေျပာတာကို အာ႐ုံမထားနဲ႕....
ကိုကို႔အတြက္ ရိေလး က တစ္ဘဝလုံးပဲ..."

"ကိုကို..."

"အင္း...."

"ကြၽန္ေတာ္ တို႔ ကေလးယူရေအာင္..."

"ရိေလး...."

"ကြၽန္ေတာ္ ေသခ်ာ စဥ္းစားၿပီးၿပီ...ကေလးယူရေအာင္... "

ဝမ္ရိေပၚ ပုံစံမွာ ဆုံးျဖတ္ခ်က္ ျပတ္သားေန၏။ ေရွာင္းက်န့္ သူဘယ္လိုေျဖာင္းျဖပါေစ မရနိုင္ေတာ့မွန္း သိလိုက္သည္ ။ ထို႔ေၾကာင့္ သူ႕ခ်စ္သူ စိတ္သက္သာရာရေစမည့္ စကားကိုသာေ႐ြးခ်ယ္ေျပာလိုက္သည္။

"ေကာင္းၿပီေလ... ေနာက္ေန႕က် ကိိုကိုတို႔ မိဘမဲ့ ေဂဟာသြားၿပီး ကေလးတစ္ေယာက္ ေမြးစားၾကတာေပါ့...."

"မဟုတ္ဘူး.. ကြၽန္ေတာ္ ေျပာတာက ကိုကိုနဲ႕ ကြၽန္ေတာ့္ ရဲ႕ ေသြးသား..."

"ရိေလး....ကိုကိုတို႔ က ေယာက်္ား ေလးေတြေလ...မျဖစ္နိုင္ဘူး..."

ေရွာင္းက်န့္ နဖူးေၾကာ က တြန့္ခ်ိဳးလို႔သြားသည္။ သူ႕ရိေလးက သူ႕ဒုကၡသူ ရွာခ်င္ေနတယ္။ သူခြင့္မျပဳနိုင္ဘူး။ သူခြင့္ျပဳလိုက္ရင္ သူ႕ရိေလး နာက်င္လိမ့္မယ္။

"အေဖလည္း လိုခ်င္သလို... ကြၽန္ေတာ္ လည္း လိုခ်င္တယ္.... ေဆးပညာေတြ တိုးတက္ေနၿပီပဲ...ကြၽန္ေတာ္ တို႔ ကေလးယူလို႔ရမွာပါ..တစ္နည္းမဟုတ္ တစ္နည္းနဲ႕ေပါ့....."

ဝမ္ရိေပၚ မ်က္ႏွာေလးမွာ ႏြမ္းလ်ေနကာ အၿပဳံးတို႔က ညွိုးငယ္ေနသည္။

"ရိေလး ကိုကို ေတာင္းပန္ပါတယ္...မလုပ္ပါနဲ႕လား..."

"ကြၽန္ေတာ္ လိုခ်င္တယ္... ကြၽန္ေတာ္ တို႔ေသြးသားကို..."

ေခါင္းမာလြန္းသည့္ သူ႕ဇနီးကို သူမနိုင္နိုင္မွန္း ေရွာင္းက်န့္သိသည္။ သူ႕အဖို႔လိုက္ေလ်ာ႐ုံသာရွိေတာ့သည္။

"ေကာင္းပါၿပီ...ကိုကို တို႔ ေနာက္ေန႕က် ေဆး႐ုံသြားၾကတာေပါ့...ဒါေပမဲ့ ရိေလးနည္းနည္းေလာက္ပဲ ျဖစ္ျဖစ္ ပင္ပန္းတယ္ခံစားရရင္ ဆက္မလုပ္ရဘူးေနာ္...."

"ကြၽန္ေတာ္ သိပါၿပီ... ကြၽန္ေတာ္ ေယာက်္ား ေလးပါ ဒီေလာက္ေလးက ကြၽန္ေတာ့္ ကို
မပင္ပန္းေစပါဘူး....ကြၽန္ေတာ္ လုပ္နိုင္ပါတယ္ "

တစ္ပတ္ၾကာၿပီးတဲ့ေနာက္မွာ ေရွာင္းက်န့္ နဲ႕ ဝမ္ရိေပၚ တို႔ ေဆး႐ုံကို အတူ သြားခဲ့သည္။ လိုအပ္တဲ့ ေဆးစစ္မႈေတြ အားလုံး လုပ္ၿပီး သူတို႔ႏွစ္ေယာက္ ဖန္ႁပြန္သႏၶေနဲ႕ ကေလး ယူရန္ ဆုံးျဖတ္လိုက္သည္။

ထိုအေျခအေနက ေအာင္ျမင္နိုင္ေခ် ၅၀..၅၀ပင္...။

အနည္းငယ္ စြန့္စားရာေတာ့ က်မည္။
မည္သည့္အတြက္ေၾကာင့္ဆို ကိုယ္ဝန္ေဆာင္မည့္သူက ေယာက်ာ္း ေလးတစ္ေယာက္ ျဖစ္ေနခဲ့သည္ မဟုတ္ပါလား။

ႏွစ္ႏွစ္ၾကာၿပီးေနာက္....

"ရိေလး... ၾကည့္ပါဦး... ကိုကိုတို႔ရဲ႕ ကေလးေလးကို.... ခ်စ္ဖို႔ မေကာင္းဘူးလား..."

ေရွာင္းက်န့္ ပုခက္ထဲမွာ ရွိေနသည့္ ကေလးရဲ႕ ပါးျပင္ႏုႏုေလးကို ထိေတြ႕ပြတ္သပ္ကာ က်ီစယ္ေနသည္။ သူ ပုခက္ထဲမွာရွိေနသည့္ ေပါက္စေလးကို အသဲယားေနသည္။

"အင္း...တအား ခ်စ္ဖို႔ေကာင္းတယ္....လက္ေလးေတြက ေသးေသးေလးေတြ...အသဲယားလိုက္တာ.... ကိုကိုနဲ႕ ပိုတူတယ္... "

ဝမ္ရိေပၚ မ်က္ဝန္းတို႔က အၾကင္နာ ႐ႊန္းေဝေနလွ်က္ ၿပဳံးေပ်ာ္႐ႊင္ေနသည္။

"မဟုတ္ဘူး... သားေလးရိေပၚ...နဲ႕ ပိုတူတယ္... မ်က္ဝန္းေလးေတြ... မ်က္ခုံးေလးေတြ ...ႏႈတ္ခမ္းေလးေတြက အစ....သားငယ္နဲ႕က မ်က္ႏွာက်ပဲ တူတာ...."

ေရွာင္းစုဖန္း က ဝင္ေရာက္ကာ ေျပာဆိုလာသည္။ အေရတြန့္ေနသည့္ အဖိုးအိုႀကီး၏ မ်က္ႏွာထက္မွာ ယခုအခါအၿပဳံးတို႔ ႐ႊန္း႐ႊန္းေဝေနသည္။ ေပါက္စေလးက အဖိုးအိုႀကီး၏ အသည္းကိုေႁခြယူသြားခဲ့သည္။

"ကိုကို... ကေလးအတြက္ နာမည္ စဥ္းစားၿပီးၿပီလား..."

"အင္း...စဥ္းစားၿပီးၿပီ....ကိုကိုနဲ႕ ရိေလးရဲ႕ ကေလးေလးကို ယြင္ဟန္ လို႔ နာမည္ေပးမယ္...
ကိုကို႔ရဲ႕ အသက္သခင္ ေက်းဇူးရွင္ ျဖစ္တဲ့
ယြင္ဟန္ကို.... ကိုကို႔ႏွလုံးသားက ေမ့မသြားေစဖို႔ေပါ့....ရိေလးေရာ ဘယ္လို သေဘာရလဲ...."

ေရွာင္းက်န့္.. ဝမ္ရိေပၚ ႏွာထိပ္ေလးကို ခပ္ဖြဖြနမ္းရွိုက္ၿပီး ခႏၶာကိုယ္ ေလးကို သူ႕ရင္ခြင္တြင္း ပိုက္ေထြးလိုက္သည္။

"အင္း... ကြၽန္ေတာ္ လည္း ႀကိဳက္တယ္....
အစ္ကိုယြင္က ကြၽန္ေတာ့္ ခ်စ္သူရဲ႕ အသက္ကို ကယ္ခဲ့တာ... ကြၽန္ေတာ့္ ႏွလုံးသားထဲမွာ အခုထိ မွတ္သားထားတုန္း....ယြင္ဟန္ ဆိုတဲ့ နာမည္ေလးက အစ္ကိုယြင္ကို အမွတ္ရေန ေစဖို႔ တစ္စိတ္တပိုင္းေပါ့...."

ကမၻာ ေပၚတြင္ အလွပဆုံးနဲ႕ အႏြေးေထြးဆုံး ပန္းခ်ီကား တစ္ခ်ပ္ကို ေဖာ္က်ဴးထားသည့္အလား ေရွာင္းက်န့္ တို႔ မိသားစု ပုံရိပ္က ျမင္ရသူတိုင္းကို ႏြေးေထြးသြားေစသည္။

............................................................................
Note:
Extra အပိုင္းေလးေတြ ႀကိဳက္ၾကတယ္ မလား...

ဒီ Extra part ေလးကို After married life style ပုံစံေလး ေရးထားပါတယ္...

ဒီ part မွာ ရိေပၚကို ကေလးေမြးခိုင္းတဲ့ အတြက္
အခ်ိဳ႕ ဒါဒါေလးေတြက ႀကိဳက္မယ္မထင္ဘူး...

ဘာလို႔ဆို ရိေပၚကို ေပ်ာ့ညံ့ေစတယ္လို႔ ခံစားရလို႔...

ကိုယ္လည္း အဲ့ typeကို မႀကိဳက္ဘူး...

ဒါေပမဲ့.. ကိုယ္ အခု ေဖာ္ျပခ်င္တဲ့ ပုံစံက ရိေပၚက ေရွာင္းက်န့္ ကို ခ်စ္လြန္း တဲ့အတြက္ အေလ်ာ့ေပးတာ ပါ....

ႏွစ္ေယာက္စလုံးက ေယာက်ာ္း ေလး ျဖစ္တဲ့ အတြက္ strong ျဖစ္ပါတယ္...

အခ်စ္တစ္ခုတည္းအတြက္ ခ်စ္သူ လိုအပ္တဲ့ အရာကို ျဖည့္ဆည္းေပးတဲ့ သေဘာမ်ိဳး ေဖာ္ျပထားပါတယ္....

Extra part ဆိုေတာ့ အေၾကာင္းအရာ အေသးစိတ္ မေဖာ္ျပေတာ့ဘဲ...
အဓိက လိုအပ္တဲ့ အခ်က္ေလးေတြကိုပဲ သ႐ုပ္ေဖာ္ထားပါတယ္....

ႏွစ္သက္မယ္လို႔ ယုံၾကည္ပါတယ္....

ၾကင္နာသူသို႔ လႊမ္းၿခဳံမိေသာ အမုန္းတစ္လႊာကို ဖတ္ရႈအားေပးတဲ့ readers အားလုံးကို ေက်းဇူးအထူးတင္ပါတယ္... 😘😘

Love all readers 😘😘

Continue Reading

You'll Also Like

390K 34.6K 49
Crushဆီကattentionလိုခ်င္​လား??? တစ္​ျခားလူ​ေတြနဲ႔​ေပ်ာ္​​ေပ်ာ္​ရႊင္​ရႊင္​​ေနပီးသူ႔ကိုပိုးစိုးပက္​စက္​​ေခ်ျပလိုက္​! အနည္​းဆံုး​ေတာ့Crushရဲ့အေတြးထဲကိုယ...
13.5K 2.9K 46
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
81.4K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
275K 48.1K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)