(Zawgyi)
ခ်စ္ရသူဆီ ဦးတည္ေနတဲ့ ဟန္ေယာရဲ႕ ေျခလွမ္းေလးေတြဟာ ဘယ္ေလာက္ထိေတာင္ေပ်ာ္ေနလိမ့္မလဲ...
ခ်စ္ရတဲ့သူမွာ တျခားသူေတြနဲ႔ ႐ုပ္႐ွင္သြားၾကည့္ဖူးတယ္ဆိုရင္ေတာင္ ဟန္ေယာနဲ႔ကေတာ့ ပထမဆံုးအႀကိမ္ျဖစ္ေနတာေၾကာင့္ စိတ္လႈပ္႐ွားမႈေတြအျပင္ ရင္ခုန္မႈေတြလဲ ႐ွိေနတာေပါ့...
ဒါေပမယ့္ တက္ႂကြေနတဲ့ေကာင္ေလးရဲ႕ ေျခလွမ္းေတြကို တားလိုက္သည့္ ျမင္ကြင္းေလးတစ္ခုကေတာ့ တစ္ေယာက္ေသာသူရဲ႕အိမ္ေ႐ွ႕မွာ ႐ွိေနတာေပါ့...
ဟန္ေယာ ထြက္ေျပးလာမိသည္... ေမွ်ာ္လင့္ခ်က္ေတြ အားလံုးေပ်ာက္သြားခဲ့ၿပီေလ...
ဟန္ေယာ ထိေတြ႔ခြင့္မ႐ွိတဲ့ ထိုသူရဲ႕ပါးျပင္ေလးကို တျခားသူရဲ႕ႏႈတ္ခမ္းေလးကေတာ့ ခြင့္ျပဳခ်က္ေတာင္းစရာမလိုဘဲထိေတြ႔ခြင့္ရတဲ့ ျမင္ကြင္းေၾကာင့္ ဟန္ေယာရဲ႕ ေမွ်ာ္လင့္ခ်က္ေတြပ်က္စီးကုန္ၿပီ...
ဒီေန႔ေတာ့ ငါတို႔ေပ်ာ္ႏိုင္မယ္ထင္ခဲ့တာေလ... ဒါေပမယ့္ ဒီမ်က္ရည္ေတြက ခြင့္မျပဳခဲ့ဘူးကြာ...
ပိေတာက္ပင္ေအာက္က ေက်ာျပင္ေလးကို ၾကည့္ရင္း ထိုက္ရင့္ သက္ျပင္းခ်ေနမိသည္... ႐ုပ္႐ွင္သြားၾကည့္မယ္လို႔ေျပာထားခဲ့တာကို ဘာေၾကာင့္ ဒီမွာလာထိုင္ေနရတာလဲ...
ထိုေက်ာျပင္ေလးအနားကို ေလွ်ာက္လွမ္းေနတဲ့ ထိုက္ရင့္ရဲ႕ ေျခလွမ္းေတြျမန္လာသည္... သူငိုေနျပန္ၿပီကြာ...
"ငိုေနတာလား... ဘာျဖစ္လို႔လဲ. မင္းအေဒၚေၾကာင့္လား..."
"ဘာလို႔ငိုေနတာလဲလို႔ေမးေနတယ္ေလ..."
ပခံုႏွစ္ဖက္ကိုဆြဲလႈပ္ၿပီးေမးလိုက္ခ်ိန္ နီရဲေနသည့္မ်က္ဝန္းေလးေတြရဲ႕ စူးရဲရဲၾကည့္ျခင္းကိုခံလိုက္ရေတာ့သည္...
ငါ့ကိုအဲ့လိုမၾကည့္နဲ႔ ဟန္ေယာ... ငါ႐ူးသြားလိမ့္မယ္ကြ...
"မင္းေၾကာင့္..."
"ဘာ..."
"မင္းေၾကာင့္ငိုေနတာလို႔... မင္းကိုေတြ႔ရင္ အျမဲငိုေနရတယ္ကြ..."
"အဟမ့္... အဟမ့္..."
ႏွလံုးသားထဲက နာက်င္မႈဟာ ထိုက္ရင့္ရဲ႕ အျပံဳးနဲ႔တစ္ထပ္တည္းက်ေနမွာပါ...
"ငါ့ေၾကာင့္တဲ့လား... ၾကည့္ရတာ ငါက မင္းကိုငိုေအာင္ဘဲ လုပ္တတ္တယ္ထင္တယ္..."
ပခံုးကို ကိုင္ထားတဲ့လက္ေလးႏွစ္ဖက္ကို ဖယ္႐ွားလိုက္ၿပီး ေငးငိုင္ေနသူကို ေက်ာခိုင္းထြက္လာခဲ့မိသည္... ဟန္ေယာ ရဲ႕ ေဒါသေတြ အားငယ္စိတ္ေတြ နာက်ည္းမႈေတြကို ဒီေနရာေလးမွာ ေပါက္ကြဲလို႔မရတာေၾကာင့္ ေက်ာခိုင္းဖို႔ကိုသာ ေရြးခ်ယ္ခဲ့လိုက္သည္...
"႐ုပ္ကဘာျဖစ္ေနတာလဲ..."
"က်စ္... ခင္မ်ား ပါးစပ္ပိတ္ထားလိုက္..."
"ဟဲ့ ကိုယ့္ဦးကို ဒီလိုေျပာရလား..."
ဘာေၾကာင့္ ဒီအိမ္ကို ျပန္လာမိမွန္းမသိတာပါ... အိမ္ေ႐ွ႕ခန္းမွာ အရက္ခြက္ေလးကိုင္ၿပီး ေျပာလာသူကို ေျပာေတာ့ မတ္တပ္ရပ္ၿပီးေဒါသတႀကီး ေျပာလာတဲ့ အေဒၚမဟုတ္တဲ့ မိေထြး...
"ဟန္႔. ေမာင္ ဆိုၿပီး အိမ္ေပၚတက္ေနေနတဲ့ ခင္ဗ်ားရဲ႕ လင္ငယ္ကို ေလးစားသမႈထားေပးရမွာလား..."
"နင္.. နင္..."
ဟန္ေယာကို လက္ညိွဳးထိုးၿပီး ေဆြ႔ေဆြ႔ခုန္ေနသည့္ အေဒၚကို ၾကည့္ၿပီး မဲ့ျပံဳးေလးသာျပံဳးႏိုင္ေတာ့သည္...
"ခြမ္း..." ကနဲ ျမည္သံရဲ႕အဆံုးမွာ ၾကမ္းျပင္ေပၚသို႔ ျပန္႔က်ဲလာသည့္ ဖန္ကြဲစမ်ားကိုငံု႔ၾကည့္ၿပီး ကိုယ့္ေခါင္းကိုကိုင္ၾကည့္လိုက္ေတာ့ လက္ထဲမွာပါလာတဲ့ ေသြးစေတြကို ၾကည့္ေနမိတဲ့ ဟန္ေယာရဲ႕ ႏႈတ္ခမ္းမွာေတာ့ ေၾကာက္စရာေကာင္းတဲ့ အျပံဳးႀကီးခ်ိတ္ဆြဲလို႔ေပါ့...
************************
"ထိုက္ရင့္..."
သူထားသြားတဲ့ ေနရာေလးမွာသာ ငိုေနမိတဲ့ ထိုက္ရင့္ ရဲ႕ မ်က္ရည္ေတြကို ခပ္ျမန္ျမန္ေလးသုတ္ၿပီး ေခၚလာသူကို လွည့္ၾကည့္ဖို႔လုပ္ရေတာ့သည္...
ထိုက္ရင့္ဆီ ျပန္လာတဲ့သူကိုအျပံဳးေလးနဲ႔ လွည့္ၾကည့္မိေပမဲ့ ျမင္လိုက္ရတာကေတာ့ နဖူးျပင္တစ္ေလွ်ာက္စီးဆင္းေနသည့္ နီရဲေနေသာေသြးမ်ားအျပည့္ျဖင့္ မ်က္ႏွာေလးတစ္ခုကိုပါ...
"ဘာျဖစ္လာတာလဲ..."
အနားကိုသြားၿပီး စိုးရမ္တႀကီးနဖူးထိပ္ကို လွမ္းေနတဲ့ ထိုက္ရင့္ရဲ႕ လက္ကို ပုတ္ထုတ္ပစ္သူ...
"သတ္ေပးမယ္ဆို... မင္းေျပာခဲ့တယ္ေလ သတ္ေပးမယ္လို႔..."
ထိုက္ရင့္ ေျခလွမ္းေတြမွာ ေနာက္သို႔ေျဖးေျဖးခ်င္းဆုတ္မိရင္း ထိုသူဆီက ထြက္ေျပးခဲ့မိသည္... သူ႔အတြက္ ထိုက္ရင့္က ကတိတည္ေပးရမယ့္လူတစ္ေယာက္လား...
ထြက္မသြားပါနဲ႔... ငါ့မွာ မင္းတစ္ေယာက္ဘဲ႐ွိလို႔ ထြက္မသြားပါနဲ႔...
ရပ္ေနသည့္ေနရာေလးမွာပင္း ဒူးေထာက္ရင္း ငိုေနသည့္ ေကာင္ေလးတစ္ေယာက္မွာေတာ့ တစ္ေယာက္ေသာသူရဲ႕ ကတိစကားကိုေစာင့္ေနခဲ့ပါသည္...
ငါၾကားခ်င္ခဲ့တာ မင္းရဲ႕ကတိစကားကိုေလ... ငါ့ကို ကတိေလးတစ္ခုေတာင္ မေပးႏိုင္ေတာ့ဘူးလားကြာ...
ဒီေနရာေလးကမခြာခ်င္ေပမဲ့ ဟန္ေယာရဲ႕ ေျခလွမ္းနဲ႔စိတ္ေတြကို ဆြဲေခၚေနသည့္ အိမ္ေလးဆီျပန္လာမိသည္...
အိမ္ေလွကားေလးေပၚတက္ေနသည့္ ဟန္ေယာရဲ႕ ေျခလွမ္းေတြ ေလးပင္ေနသည္... စိတ္ထဲမွာလဲ တင္းက်ပ္က်ပ္နဲ႔ဘာလို႔ ခံစားရခက္ေနရတာလဲ...
တံခါးေလးကိုတြန္းဖြင့္ရင္းဝင္လာခဲ့ေပမယ့္ အိမ္ဝေလးမွာတင္ တုန္ယင္စြာထိုင္ခ်မိသြားသည္...
မဟုတ္ဘူး... အဲ့လို မျဖစ္ရဘူး... ဟန္ေယာ လိုခ်င္တာ ထိုသူဆီက ကတိစကားေလးတစ္ခုတည္းပါ... ဟန္ေယာက ထိုသူအတြက္အေရးပါတယ္ဆိုတာ သိခ်င္လို႔ေမးမိတဲ့အရာတစ္ခုပါ...
ဟန္ေယာ ခုေပ်ာ္ရမွာလား... သူ႔ ကတိအတိုင္းလုပ္ေပးခဲ့လို႔ ေပ်ာ္ရမွာလား... ထိုသူရဲ႕ အနာဂတ္ေတြကို ေသြးစြန္းေအာင္ လုပ္မိတာကို ေပ်ာ္သင့္ရဲ႕လား...
ေသြးအိုင္ထဲက လူႏွစ္ေယာက္မွာ ဟန္ေယာကို ၾကည့္ရင္းအကူညီေတာင္းေနၾကေပမယ့္ ဓားကိုဆုပ္ကိုင္ထားသည့္ သူရဲ႕လက္ကိုသာ ေတြေတြေလးေငးၾကည့္ေနမိသည္...
"မင္း ငါ့ကိုမထိနဲ႔..."
ဟန္ေယာေ႐ွ႕မွာ ဒူးေထာက္ထိုင္ခ်ရင္း နဖူးေလးကိုလွမ္းလာသည့္ လက္ေလးကို ဒုတိယအႀကိမ္ျငင္းဆန္မိသည္...
"ငါ ကတိတည္တယ္ေလကြာ... ဘာလို႔ဒီလိုလုပ္ေနရတာလဲ မင္း ဒဏ္ရာကိုေဆးထည့္ရဦးမယ္မဟုတ္လား..."
ထိုက္ရင့္ဆီကေန ထြက္ေျပးေနသူကိုၾကည့္ရင္း နာၾကည္းမိတာလား ဝမ္းနည္းမိတာလားမသည္းကြဲေတာ့... သူငယ္ခ်င္းေလးကေတာ့ ထိုင္ရက္သားျဖင့္ပင္ ေနာက္ကိုဆုတ္လို႔ေနသည္...
"ဟင့္အင္း... မဟုတ္ဘူး. ငါလိုခ်င္တာ ဒါမဟုတ္ဘူး..."
"ဘာျဖစ္ေနတာလဲကြာ..."
"မင္း ငါ့ကိုမထိနဲ႔!..."
ပါးျပင္ေလးကို ထိကိုင္ဖို႔ႀကိဳးစားလာသူကို အေၾကာက္အကန္ျငင္းထုတ္မိသည္...
မထိပါနဲ႔... မင္းရဲ႕ ဘဝကိုဖ်က္စီးျပစ္ခဲ့တဲ့ငါ့ကို မထိခ်င္စမ္းပါနဲ႔... ငါ့ကိုယ္ငါေတာင္ အရမ္းစက္ဆုပ္ေနၿပီကြ...
"ငါကတိတည္ခဲ့တာေတာင္ မင္းကေတာ့ ငိုေနတုန္းဘဲေနာ္..."
ေကာင္းကင္ႀကီးကို ေငးၾကည့္ရင္း နားက်င္စြာျပံဳးေနမိသည္...
၈ႏွစ္... ၈ႏွစ္လံုးလံုး သံတိုင္ေတြၾကားမွာျဖတ္သန္းခဲ့ရေပမယ့္ အေတြးေတြကို ႏွိပ္စက္ခဲ့တာကေတာ့ ထိုက္ရင့္ရဲ႕ လက္ကေလးေတြကို အေၾကာက္အကန္ျငင္းဆန္ေနသည့္ သူငယ္ခ်င္းေလးရဲ႕ ပံုရိပ္ေတြပါ...
၈ႏွစ္ဆိုတဲ့အေတာအတြင္းမွာ သူမ်ားလာေတြ႔မလားလို႔ ေမွ်ာ္လင့္ခဲ့တဲ့အခ်ိန္ဟာ သံတိုင္ေတြၾကားမွာေနခဲ့ရတဲ့ အခ်ိန္ေတြထက္ ပိုၾကာခဲ့ၿပီး. ပိုၿပီးအထီးက်န္ေစခဲ့သည္...
ခုေတာ့ အတိတ္က ကတိတည္ခဲ့တဲ့ ထိုက္ရင့္ဆီက ထြက္ေျပးခဲ့တာ ႏွစ္ႏွစ္ေတာင္႐ွိၿပီေပါ့...
"ညီညီ..."
ညီညီ တဲ့... ထိုက္ရင့္ လွည့္မၾကည့္ရဲပါ... မဟုတ္ဘူးမလား သူ႔ကိုထားခဲ့တာမဟုတ္ဘူးမလား...
ကိုကို သူ႔ကိုထားခဲ့လို႔မျဖစ္ဘူးေလ... သူ႔မွာ ကိုကိုေတာ့ ႐ွိေနေပးရမယ္ေလ...
................................................................
(Unicode)
ချစ်ရသူဆီ ဦးတည်နေတဲ့ ဟန်ယောရဲ့ ခြေလှမ်းလေးတွေဟာ ဘယ်လောက်ထိတောင်ပျော်နေလိမ့်မလဲ...
ချစ်ရတဲ့သူမှာ တခြားသူတွေနဲ့ ရုပ်ရှင်သွားကြည့်ဖူးတယ်ဆိုရင်တောင် ဟန်ယောနဲ့ကတော့ ပထမဆုံးအကြိမ်ဖြစ်နေတာကြောင့် စိတ်လှုပ်ရှားမှုတွေအပြင် ရင်ခုန်မှုတွေလဲ ရှိနေတာပေါ့...
ဒါပေမယ့် တက်ကြွနေတဲ့ကောင်လေးရဲ့ ခြေလှမ်းတွေကို တားလိုက်သည့် မြင်ကွင်းလေးတစ်ခုကတော့ တစ်ယောက်သောသူရဲ့အိမ်ရှေ့မှာ ရှိနေတာပေါ့...
ဟန်ယော ထွက်ပြေးလာမိသည်... မျှော်လင့်ချက်တွေ အားလုံးပျောက်သွားခဲ့ပြီလေ...
ဟန်ယော ထိတွေ့ခွင့်မရှိတဲ့ ထိုသူရဲ့ပါးပြင်လေးကို တခြားသူရဲ့နှုတ်ခမ်းလေးကတော့ ခွင့်ပြုချက်တောင်းစရာမလိုဘဲထိတွေ့ခွင့်ရတဲ့ မြင်ကွင်းကြောင့် ဟန်ယောရဲ့ မျှော်လင့်ချက်တွေပျက်စီးကုန်ပြီ...
ဒီနေ့တော့ ငါတို့ပျော်နိုင်မယ်ထင်ခဲ့တာလေ... ဒါပေမယ့် ဒီမျက်ရည်တွေက ခွင့်မပြုခဲ့ဘူးကွာ...
ပိတောက်ပင်အောက်က ကျောပြင်လေးကို ကြည့်ရင်း ထိုက်ရင့် သက်ပြင်းချနေမိသည်... ရုပ်ရှင်သွားကြည့်မယ်လို့ပြောထားခဲ့တာကို ဘာကြောင့် ဒီမှာလာထိုင်နေရတာလဲ...
ထိုကျောပြင်လေးအနားကို လျှောက်လှမ်းနေတဲ့ ထိုက်ရင့်ရဲ့ ခြေလှမ်းတွေမြန်လာသည်... သူငိုနေပြန်ပြီကွာ...
"ငိုနေတာလား... ဘာဖြစ်လို့လဲ. မင်းအဒေါ်ကြောင့်လား..."
"ဘာလို့ငိုနေတာလဲလို့မေးနေတယ်လေ..."
ပခုံနှစ်ဖက်ကိုဆွဲလှုပ်ပြီးမေးလိုက်ချိန် နီရဲနေသည့်မျက်ဝန်းလေးတွေရဲ့ စူးရဲရဲကြည့်ခြင်းကိုခံလိုက်ရတော့သည်...
ငါ့ကိုအဲ့လိုမကြည့်နဲ့ ဟန်ယော... ငါရူးသွားလိမ့်မယ်ကွ...
"မင်းကြောင့်..."
"ဘာ..."
"မင်းကြောင့်ငိုနေတာလို့... မင်းကိုတွေ့ရင် အမြဲငိုနေရတယ်ကွ..."
"အဟမ့်... အဟမ့်..."
နှလုံးသားထဲက နာကျင်မှုဟာ ထိုက်ရင့်ရဲ့ အပြုံးနဲ့တစ်ထပ်တည်းကျနေမှာပါ...
"ငါ့ကြောင့်တဲ့လား... ကြည့်ရတာ ငါက မင်းကိုငိုအောင်ဘဲ လုပ်တတ်တယ်ထင်တယ်..."
ပခုံးကို ကိုင်ထားတဲ့လက်လေးနှစ်ဖက်ကို ဖယ်ရှားလိုက်ပြီး ငေးငိုင်နေသူကို ကျောခိုင်းထွက်လာခဲ့မိသည်... ဟန်ယော ရဲ့ ဒေါသတွေ အားငယ်စိတ်တွေ နာကျည်းမှုတွေကို ဒီနေရာလေးမှာ ပေါက်ကွဲလို့မရတာကြောင့် ကျောခိုင်းဖို့ကိုသာ ရွေးချယ်ခဲ့လိုက်သည်...
"ရုပ်ကဘာဖြစ်နေတာလဲ..."
"ကျစ်... ခင်များ ပါးစပ်ပိတ်ထားလိုက်..."
"ဟဲ့ ကိုယ့်ဦးကို ဒီလိုပြောရလား..."
ဘာကြောင့် ဒီအိမ်ကို ပြန်လာမိမှန်းမသိတာပါ... အိမ်ရှေ့ခန်းမှာ အရက်ခွက်လေးကိုင်ပြီး ပြောလာသူကို ပြောတော့ မတ်တပ်ရပ်ပြီးဒေါသတကြီး ပြောလာတဲ့ အဒေါ်မဟုတ်တဲ့ မိထွေး...
"ဟန့်. မောင် ဆိုပြီး အိမ်ပေါ်တက်နေနေတဲ့ ခင်ဗျားရဲ့ လင်ငယ်ကို လေးစားသမှုထားပေးရမှာလား..."
"နင်.. နင်..."
ဟန်ယောကို လက်ညှိုးထိုးပြီး ဆွေ့ဆွေ့ခုန်နေသည့် အဒေါ်ကို ကြည့်ပြီး မဲ့ပြုံးလေးသာပြုံးနိုင်တော့သည်...
"ခွမ်း..." ကနဲ မြည်သံရဲ့အဆုံးမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲလာသည့် ဖန်ကွဲစများကိုငုံ့ကြည့်ပြီး ကိုယ့်ခေါင်းကိုကိုင်ကြည့်လိုက်တော့ လက်ထဲမှာပါလာတဲ့ သွေးစတွေကို ကြည့်နေမိတဲ့ ဟန်ယောရဲ့ နှုတ်ခမ်းမှာတော့ ကြောက်စရာကောင်းတဲ့ အပြုံးကြီးချိတ်ဆွဲလို့ပေါ့...
************************
"ထိုက်ရင့်..."
သူထားသွားတဲ့ နေရာလေးမှာသာ ငိုနေမိတဲ့ ထိုက်ရင့် ရဲ့ မျက်ရည်တွေကို ခပ်မြန်မြန်လေးသုတ်ပြီး ခေါ်လာသူကို လှည့်ကြည့်ဖို့လုပ်ရတော့သည်...
ထိုက်ရင့်ဆီ ပြန်လာတဲ့သူကိုအပြုံးလေးနဲ့ လှည့်ကြည့်မိပေမဲ့ မြင်လိုက်ရတာကတော့ နဖူးပြင်တစ်လျှောက်စီးဆင်းနေသည့် နီရဲနေသောသွေးများအပြည့်ဖြင့် မျက်နှာလေးတစ်ခုကိုပါ...
"ဘာဖြစ်လာတာလဲ..."
အနားကိုသွားပြီး စိုးရမ်တကြီးနဖူးထိပ်ကို လှမ်းနေတဲ့ ထိုက်ရင့်ရဲ့ လက်ကို ပုတ်ထုတ်ပစ်သူ...
"သတ်ပေးမယ်ဆို... မင်းပြောခဲ့တယ်လေ သတ်ပေးမယ်လို့..."
ထိုက်ရင့် ခြေလှမ်းတွေမှာ နောက်သို့ဖြေးဖြေးချင်းဆုတ်မိရင်း ထိုသူဆီက ထွက်ပြေးခဲ့မိသည်... သူ့အတွက် ထိုက်ရင့်က ကတိတည်ပေးရမယ့်လူတစ်ယောက်လား...
ထွက်မသွားပါနဲ့... ငါ့မှာ မင်းတစ်ယောက်ဘဲရှိလို့ ထွက်မသွားပါနဲ့...
ရပ်နေသည့်နေရာလေးမှာပင်း ဒူးထောက်ရင်း ငိုနေသည့် ကောင်လေးတစ်ယောက်မှာတော့ တစ်ယောက်သောသူရဲ့ ကတိစကားကိုစောင့်နေခဲ့ပါသည်...
ငါကြားချင်ခဲ့တာ မင်းရဲ့ကတိစကားကိုလေ... ငါ့ကို ကတိလေးတစ်ခုတောင် မပေးနိုင်တော့ဘူးလားကွာ...
ဒီနေရာလေးကမခွာချင်ပေမဲ့ ဟန်ယောရဲ့ ခြေလှမ်းနဲ့စိတ်တွေကို ဆွဲခေါ်နေသည့် အိမ်လေးဆီပြန်လာမိသည်...
အိမ်လှေကားလေးပေါ်တက်နေသည့် ဟန်ယောရဲ့ ခြေလှမ်းတွေ လေးပင်နေသည်... စိတ်ထဲမှာလဲ တင်းကျပ်ကျပ်နဲ့ဘာလို့ ခံစားရခက်နေရတာလဲ...
တံခါးလေးကိုတွန်းဖွင့်ရင်းဝင်လာခဲ့ပေမယ့် အိမ်ဝလေးမှာတင် တုန်ယင်စွာထိုင်ချမိသွားသည်...
မဟုတ်ဘူး... အဲ့လို မဖြစ်ရဘူး... ဟန်ယော လိုချင်တာ ထိုသူဆီက ကတိစကားလေးတစ်ခုတည်းပါ... ဟန်ယောက ထိုသူအတွက်အရေးပါတယ်ဆိုတာ သိချင်လို့မေးမိတဲ့အရာတစ်ခုပါ...
ဟန်ယော ခုပျော်ရမှာလား... သူ့ ကတိအတိုင်းလုပ်ပေးခဲ့လို့ ပျော်ရမှာလား... ထိုသူရဲ့ အနာဂတ်တွေကို သွေးစွန်းအောင် လုပ်မိတာကို ပျော်သင့်ရဲ့လား...
သွေးအိုင်ထဲက လူနှစ်ယောက်မှာ ဟန်ယောကို ကြည့်ရင်းအကူညီတောင်းနေကြပေမယ့် ဓားကိုဆုပ်ကိုင်ထားသည့် သူရဲ့လက်ကိုသာ တွေတွေလေးငေးကြည့်နေမိသည်...
"မင်း ငါ့ကိုမထိနဲ့..."
ဟန်ယောရှေ့မှာ ဒူးထောက်ထိုင်ချရင်း နဖူးလေးကိုလှမ်းလာသည့် လက်လေးကို ဒုတိယအကြိမ်ငြင်းဆန်မိသည်...
"ငါ ကတိတည်တယ်လေကွာ... ဘာလို့ဒီလိုလုပ်နေရတာလဲ မင်း ဒဏ်ရာကိုဆေးထည့်ရဦးမယ်မဟုတ်လား..."
ထိုက်ရင့်ဆီကနေ ထွက်ပြေးနေသူကိုကြည့်ရင်း နာကြည်းမိတာလား ဝမ်းနည်းမိတာလားမသည်းကွဲတော့... သူငယ်ချင်းလေးကတော့ ထိုင်ရက်သားဖြင့်ပင် နောက်ကိုဆုတ်လို့နေသည်...
"ဟင့်အင်း... မဟုတ်ဘူး. ငါလိုချင်တာ ဒါမဟုတ်ဘူး..."
"ဘာဖြစ်နေတာလဲကွာ..."
"မင်း ငါ့ကိုမထိနဲ့!..."
ပါးပြင်လေးကို ထိကိုင်ဖို့ကြိုးစားလာသူကို အကြောက်အကန်ငြင်းထုတ်မိသည်...
မထိပါနဲ့... မင်းရဲ့ ဘဝကိုဖျက်စီးပြစ်ခဲ့တဲ့ငါ့ကို မထိချင်စမ်းပါနဲ့... ငါ့ကိုယ်ငါတောင် အရမ်းစက်ဆုပ်နေပြီကွ...
"ငါကတိတည်ခဲ့တာတောင် မင်းကတော့ ငိုနေတုန်းဘဲနော်..."
ကောင်းကင်ကြီးကို ငေးကြည့်ရင်း နားကျင်စွာပြုံးနေမိသည်...
၈နှစ်... ၈နှစ်လုံးလုံး သံတိုင်တွေကြားမှာဖြတ်သန်းခဲ့ရပေမယ့် အတွေးတွေကို နှိပ်စက်ခဲ့တာကတော့ ထိုက်ရင့်ရဲ့ လက်ကလေးတွေကို အကြောက်အကန်ငြင်းဆန်နေသည့် သူငယ်ချင်းလေးရဲ့ ပုံရိပ်တွေပါ...
၈နှစ်ဆိုတဲ့အတောအတွင်းမှာ သူများလာတွေ့မလားလို့ မျှော်လင့်ခဲ့တဲ့အချိန်ဟာ သံတိုင်တွေကြားမှာနေခဲ့ရတဲ့ အချိန်တွေထက် ပိုကြာခဲ့ပြီး. ပိုပြီးအထီးကျန်စေခဲ့သည်...
ခုတော့ အတိတ်က ကတိတည်ခဲ့တဲ့ ထိုက်ရင့်ဆီက ထွက်ပြေးခဲ့တာ နှစ်နှစ်တောင်ရှိပြီပေါ့...
"ညီညီ..."
ညီညီ တဲ့... ထိုက်ရင့် လှည့်မကြည့်ရဲပါ... မဟုတ်ဘူးမလား သူ့ကိုထားခဲ့တာမဟုတ်ဘူးမလား...
ကိုကို သူ့ကိုထားခဲ့လို့မဖြစ်ဘူးလေ... သူ့မှာ ကိုကိုတော့ ရှိနေပေးရမယ်လေ...
................................................................