21st Century Cinderella Story

By hera_lily

139K 12.5K 749

တကယ်တော့ မင်းက ကိုယ့်ရဲ့ ၂၁ရာစု စင်ဒရဲလား♡ Start ~ 14 March 2020 Crd to Another Cinderella Story of Selena Go... More

♡. 1 [ZAWGYI]
♡. 1 [UNICODE]
♡. 2 [ZAWGYI]
♡. 2 [UNICODE]
♡. 3 [ZAWGYI]
♡. 3 [UNICODE]
♡. 4 [Zawgyi]
♡.4 [UNICODE]
♡. 5 [ZAWGYI]
♡. 5 [UNICODE]
♡. 6 [ ZAWGYI]
♡. 6 [UNICODE]
♡. 7 [ ZAWGYI]
♡. 7 [ UNICODE]
♡. 8 [ZAWGYI]
♡. 8 [UNICODE]
♡. 9 [ZAWGYI]
♡.9 [UNICODE]
♡.10 [ZAWGYI]
♡. 10 [ UNICODE]
♡. 11 [ ZAWGYI]
♡.11 [UNICODE]
♡. 12 [ZAWGYI]
♡.12 [UNICODE]
♡. 13 [ZAWGYI]
♡.13 [UNICODE]
♡. 14 [ZAWGYI]
♡. 14 [UNICODE]
♡. 15 [ZAWGYI]
♡.15 [UNICODE]
♡.16 [ZAWGYI]
♡.16 [UNICODE]
♡. 17 [Zawgyi]
♡. 17 [UNICODE]
♡. 18 [UNICODE]
♡.19 [ZAWGYI]
♡.19 [UNICODE]
♡. 20 [ZAWGYI]
♡. 20 [ UNICODE]
♡. 21 [ZAWGYI]
♡. 21 [UNICODE]
♡. 22 [ZAWGYI]
♡. 22 [UNICODE]
♡. 23 [ ZAWGYI ]
♡. 23 [ UNICODE ]

♡. 18 [ZAWGYI]

1.8K 182 6
By hera_lily


ရှောင်းကျန့်  .. ရိပေါ် ကို စိတ်ဆိုးနေတယ်...

မှားဖတ်တာ မဟုတ်ဘူး... အတည်ကြီး စိတ်ဆိုးနေတာ....

အမှန်တော့ ဒီနေ့က ရှောင်းကျန့် မွေးနေ့ ...

ရှောင်းကျန့် သဘော အတိုင်း ဆိုရင်တော့ ပေကျင်းမှာ ရိပေါ် နဲ့ အတူ ဖြတ်သန်းချင်တဲ့ မွေးနေ့လေးပေါ့. 

ဒါပေမယ့်လည်း လက်ခံထားမိတဲ့  Movie တစ်ခုကြောင့် ရှန်ဟိုင်းမှာပဲ ခြေချုပ်မိနေရတယ်.....

ဒီ အထိကတော့ စိတ်ဆိုးစရာ မဟုတ်သေး...

ဘာက စိတ်ဆိုးစရာလဲ ဆိုရင်  ရှောင်းကျန့် အတွက် မွေးနေ့ဆုတောင်း တစ်ခုတောင် ရိပေါ့်ဆီက ရောက်မလာတာပဲ....

မေ့နေတယ်ထင်လို့ ဖုန်းဆက်ပြီး အစ်အောက် ကြည့်ပေမယ့် ကောင်ဆိုးကလေးက အလုပ်များနေတယ်လို့တောင် ပြောပြီး ဖုန်းချသွားသေးတယ်....

ပြောနေကြ ချစ်တယ်ဆိုတဲ့ စကားလေးတောင် ပြောမသွားတာမို့ ရှောင်းကျန့် ပိုပြီး နှာကစ်ရတာပဲ...

ကိုယ့်မှာ သူ့ မွေးနေ့ဆုတောင်းလေးကို ပထမ ဖြစ်စေချင်တာမို့ Fan တွေ ဆုတောင်း ပေးထားတာတွေတောင် Weibo မှာ မကြည့်ရသေးဘူး...

မနက်ကတည်းက အကိုဟိုက်ခွမ်း ပြောမလို့ လုပ်နေတာကိုလည်း အတင်းတားရသေးတယ်.....

အခုတော့ ... ရှောင်းကျန့်က ပလစ်ခံလူသား ဖြစ်နေရတယ် ...
.
.

နေရင်းထိုင်ရင်း မျက်မှောင်ကြီးတွေ ကုပ်လာတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ဘေးက ဟိုက်ခွမ်းက ခေါင်းခါတယ် ..

နောက်ဆို အတွဲတွေကြား ဝင်မပါပါရစေနဲ့ လို့လည်း ဆုတောင်းနေသေးတယ်....

သူတို့ အချစ်စမ်းကြတာက အရေးမကြီးဘူး...

ဒီနေ့ တစ်နေ့လုံး အလုပ်လုပ်တာ အပေါက်အလမ်း မတည့်တဲ့ ဒီညီ တစ်ယောက်ကြောင့် အခြားသူတွေကို အားနာပါနာနဲ့ လိုက်တောင်းပန်နေရတာ ခါးကျိုးပြီး ထိပ်ပါပြောင်တော့မှာကိုး... .

' ရော့.... '

' ဘာလဲ... '

' လေယာဉ်လက်မှတ် .... ပေကျင်းကို ... '

' မနက်ဖြန် ရိုက်ကွင်း ရှိတယ်မလား... '

' ငါ သုံးရက် အနားယူထားပေးတယ်.... သွားတွေ့စရာရှိတာ သွားတွေ့... ပြီးမှ အလုပ်ပြန်လုပ်... မင်းရဲ့  ဒီမျောက်မှိုင် မှိုင်နေတဲ့ အခြေအနေနဲ့ အလုပ် မဖြစ်ဘူး... '

' အကိုဟိုက်ခွမ်းကလည်း... '

' တော်! .. တော်!...  အခုတော့ စိတ်ကို စုစည်းပြီး အလုပ်လုပ်တော့... လေယာဉ်ချိန်မမှီပဲနေမယ်..... '

' ကောင်းပါပြီဗျာ...  '

Make up artist ဆီ ထသွားတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ယွီပင်းဆီ Message လှမ်းပို့ရတယ်...

ဒီ အတွဲကြား ညပ်တာ ဟိုက်ခွမ်းတစ်ယောက်တည်းလို့ မထင်ပါနဲ့.....

ယွီပင်းနဲ့ ရိပေါ် သူငယ် ချင်း ကောင်မလေးပါ အဆစ်ပါပါသေးတယ်....

ဘဝကြီးက လွယ်မနေခဲ့ပါဘူး....

.
.
.
.
.
.
.
.
.
.
.
.

လေဆိပ်ကို သွားတဲ့ လမ်းမှာ ရှောင်းကျန့်က ဖုန်း တကြည့်ကြည့်နဲ့   ......

6 ခွဲ Flight မို့ ပေကျင်းကို ၉နာရီ ကျော်လောက်မှ ရောက်မှာမို့  အိမ်ပဲ ပြန်ရမလား

ရိပေါ်ဆီပဲ သွားရမလားဝေခွဲမရ...

အကြီးပီပီ မွေးနေ့ဆုတောင်းလောက်နဲ့ စိတ်မကောက်သင့်ပေမယ့်  ရှောင်းကျန့်က ရိပေါ့် အပေါ်ကိုတော့ ဆိုးချင်တဲ့ ဥာဏ်ဆိုးလေး ဝင်တယ်...

တွေ့တဲ့ အခါမှ စိတ်ကောက်ပစ်မယ်လို့ တွေးရင်း လေယာဉ်ပေါ် တက်တယ်....

ဘေးက အကိုဟိုက်ခွမ်းကလည်း လေယာဉ်ပေါ် မတက်မချင်း ဖုန်းတစ်လုံးနဲ့  ရှုပ်နေတာ... 

၂ နာရီ ခွဲလောက်ပဲ ကြာတဲ့ လမ်းခရီးမို့  ဟိုလှည့် ဒီလှည့်နဲ့ ရောက်သွားလေရဲ့ .....

ထင်မထားတာက လေဆိပ်ကို ယွီပင်း ကိုယ်တိုင် လာကြိုတာပဲ....

သူက ရှောင်းကျန့်ပြန်လာမှာ ဘယ်လို သိနေတာလဲ?

' ဟေ့.... ရှောင်းကျန့်.. Happ ....... '

' နေ ..... နေ... မပြောနဲ့.... '

' ဟမ်!.. မင်းကလည်းကွာ... Birthday wish မယ်လေ.. '

' နောက်မှ Wish ကွာ... ရိပေါ်ကို ပထမဆုံး ဖြစ်စေချင်လို့..  '

' ဟမ်!.. သူ မWish ရသေးဘူးလား.. '

ယွီပင်း အမေးကို သက်ပြင်းချပြီး ခေါင်းပဲ ခါပြလိုက်တယ်....

မင်း တကယ်ပဲ ကိုယ့်မွေးနေ့ကို သတိမရတာလား ရိပေါ်ရယ်.....

.
.

ခေါင်းခါပြပြီး ရှေ့က ထွက်သွားတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ယွီပင်း ခွီခနဲ ရယ်မိတယ်..

ရှောင်းကျန့်ရုပ်က အပူသည်ကြီးလိုပဲ....

တမှိုင်မှိုင်နဲ့လေ...

အစီစဉ်လေး တစ်ချို့ရှိနေလို့  ရိပေါ့်ကို တနေကုန် ကူညီနေရတာရယ်....

အခု သူ့ကိုလည်း လာကြိုရသေးတာမို့ တမင် ညစ်ပြီး မေးတာ..

သကောင့်သားက မျက်နှာမကောင်းရှာတော့လည်း သနားတော့ သနားသား... 

ဘေးက အကို ဟိုက်ခွမ်းကတော့ သူ့တာဝန်ပြီး ပြီမို့ သူ့အိမ်ပဲပြန်တော့မယ်ဆိုပြီး သွားလေရဲ့  

ယွီပင်းကတော့ အတွဲတွေကြား ပါရမီ ဖြည့်ပေးရပါဦးမယ်....

.
.
.
.
.
.

' မင်း ဘယ်ကို မောင်းနေတာလဲ..  '

ယွီပင်းရဲ့ ဦးတည်ရာက သူ့အိမ်ရော ရိပေါ် တို့ ဆိုင်ရော မဟုတ်တဲ့ အခါ ရှောင်းကျန့် ထုတ်မမေးပဲ မနေနိုင်တော့....

' အော်..  ငါ နေရာတစ်ခု သွားစရာရှိလို့ပါ... ခဏလေး လိုက်ခဲ့နော်.. '

' မင်းဘာမင်း သွားပါလားကွ..... ငါ့ကို အရင်ပို့ပေး... '

နဂိုတည်းက ရှည်မနေတဲ့ စိတ်က အခု လက်တစ်ဆစ်တောင် မကျန်တော့တာမို့  အော်မိတော့တာပဲ...

ဒါကိုလည်း ယွီပင်းတို့က ထုံးစံ အတိုင်း စပ်ဖြဲဖြဲ

' ရောက်ပါပြီကွ ...  ရှေ့မှာ.... '

ကားထိုးရပ်သွားတဲ့ နေရာကို ကြည့်တော့ ခြံကျယ်ကြီး တစ်ခုရှေ့မှာ....

မှောင်မည်းနေတဲ့ ခြံကျယ်ကြီးကို ဒီကောင်က ဘာလာလုပ်တာလဲ?

' ရှောင်းကျန့်.... ဆင်း '

' ဘာလဲ... ဘာလုပ်ဖို့ ဆင်းရမှာလဲ... '

' ငါ ယူစရာ တစ်ခု ရှိလို့ပါကွာ..... မှောင်မည်းနေတော့ ငါတစ်ယောက်တည်း မသွားရဲလို့ပါကွာ.. '

' ကျစ်!... အာရုံ ပဲကွာ... မင်း!.. '

' လာပါကွာ...  မင်း ရှေ့က သွားနော်.. '

ရှေ့က လျှောက်ဝင်လာရင်း ဝေ့ခနဲ တိုက်သွားတဲ့ လေအေးကြောင့် အင်္ကျီ ရင်ဘတ်ကိုတောင် ဆွဲစိလိုက်မိတယ်...

နောက်ကို လှည့်ကြည့်တော့လည်း ယွီပင်းက ခြေနှစ်လှမ်း အကွာစာလောက်ကနေ လိုက်လာရင်း သွား သွား ဆိုပြီး လုပ်ပြနေသေးတာ ...

ချီးလိုကောင်!!! ..  ဘူတာတောင် အေးအေးဆေးဆေး မဘူရတဲ့ ဘဝ....

ဒါ...သရဲခြောက်တဲ့ အိမ်တော့ မဟုတ်ဘူး မလား

လျှောက်လာရင်း  တစ်ဝက်လောက် အရောက်မှာ ရှောင်းကျန့် ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားရတာက ဘေးတစ်ဘက် တစ်ချက် ဆီက လင်းလာတဲ့ မီးသီး ငယ်လေးတွေကြောင့် ....

ဘေးမှာလည်း ရှေ့ဆက်သွားဖို့ မြှားလေးတွေက ထိုးထားသေးတယ်...

နောက်ကို လှည့်ကြည့်တော့ ယွီပင်းပါ မရှိတော့...

ဒါပေမယ့်လည်း ယွီပင်းကို မရှာအား...

တစ်ဆင့်ချင်း လင်းလာတဲ့ မီးသီးလေးတွေက ဘယ်နေရာမှာ အဆုံးသတ်သွားလဲ ဆိုတာ ပဲ အာရုံ စိုက်နေမိတယ်....

မီးသီးလေးတွေနဲ့ မြှားတွေရဲ့ ဦးတည်ရာကို လိုက်လာရင်းကနေ ရှောင်းကျန့်ရင်တွေ တစ်လှပ်လှပ်...

အဆုံးသတ် မြက်ခင်းပြင်ပေါ်က Stage ငယ်လေး တခုထက်မှာ ကျောပေးရပ်နေတဲ့ လူက သူမှ သူပါပဲ....

ရှပ်အဖြူကို ကြယ်သီး ၂လုံး ဖြုတ်ထားရင်း ဘောင်းဘီ အကျပ် အနက်နဲ့ တွဲဖက်ဝတ်ထားတဲ့ ရိပေါ်ရဲ့ မျက်လုံးထက်မှာ ပုဝါအနက်တစ်ခုက နေရာယူထားသေးတာ...

တငြိမ့်ငြိမ့် ထွက်ပေါ်လာတဲ့ သီချင်းသံနဲ့ အတူ စပြီး ရွေ့လျားလိုက်တဲ့ ခန္ဓာကိုယ် အချိုးအဆစ် နဲ့ အတူ ချောမောမှုကို ထည့် ပေါင်းလိုက်တဲ့ အခါ မျက်စိရှေ့က ရိပေါ်က ရှောင်းကျန့် အတွက် နတ်ဘုရား ငယ်လေး တစ်ပါး...

အတောင်တွေ ဖွက်ထားတဲ့ နတ်သားလေး မဟုတ်ပဲ... ညှို့အားပြင်း နတ်ဘုရား တစ်ပါးအသွင်နဲ့...... 

သီချင်းအဆုံး သတ်ခါနီး မျက်လုံးထက်က ပုဝါကို ဆွဲဖယ်ရင်း မျက်ဝန်းချင်း ဆုံတဲ့ အခါ ရှောင်းကျန့်ရင်ထဲ ဒိန်းခနဲ....

ခါတိုင်း အကြည်ဓာတ်အပြည့်ပါတဲ့ မျက်ဝန်းတွေက ဒီနေ့မှာတော့ ရှောင်းကျန့်ကို ဆွဲဆောင်မှု အပြည့်နဲ့  ညှို့ယူထားနေလေရဲ့...

တိတ်ဆိတ်သွားတဲ့ သီချင်းသံ နဲ့ အတူ ရိပေါ်က Stage လေးပေါ်က ဆင်းပြီး စားပွဲဝိုင်းလေးဘေးမှာ ရပ်နေတဲ့ ရှောင်းကျန့်ဆီ တစ်လှမ်းချင်း ဦးတည်တယ် ..

လက်ထဲက မွေးနေ့ကိတ်ကို ကြည့်ရင်း ရှောင်းကျန့်  ပျော်ရင် ငိုတယ်ဆိုတဲ့ ခံစားချက်ကို လက်တွေ့ ခံစားလိုက်ရတယ်....

မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်ကို မှုတ်လိုက်တဲ့ အခါ ကောင်ငယ်ကလေးက ရှောင်းကျန့်ကို ပြုံးပြီး ကြည့်တယ်...

လက်ထဲက ကိတ်မုန့်ကို ဘေးက စားပွဲဝိုင်းလေးပေါ်  လှမ်းချနေတဲ့ ပုံရိပ်လေးကို တမေ့တမော ငေးကြည့် နေမိတဲ့အခါ ကောင်ငယ်ကလေးက ဟက်ခနဲ ရယ်ရင်း ပါးပြင်တွေကို ခပ်ဖွဖွ ထိတွေ့တယ်... ...

' မငိုနဲ့လေ.. ကိုကိုရယ်... ကျွန်တော်က ကိုကို့ကို ပျော်စေချင်လို့ပါ...  '

ငိုချင်ရက် လက်တို့ ဆိုသလိုပဲ....

ကိုကိုဆိုတဲ့ အခေါ်အဝေါ်လေးမှာ မျက်စိရှေ့က ကိုယ်လုံးလေးကို ဆွေ့ခနဲ ဆွဲဖက်မိတော့ ခါးတစ်ဝိုက်ကို ရစ်ပတ်လာတဲ့ လက်ကလေးတွေ...

ရှောင်းကျန့် ငိုလို့ဝတော့မှ မျက်နှာလေးကို ကြည့်မိတဲ့အခါ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာကလေးက ချောင်ကျနေတာ တွေ့ရတော့ ရှောင်းကျန့် မျက်မှောင်တွေက စုကုပ်သွားလေရဲ့..

' ရိပေါ်.... ဘာလို့ ပိန်သွားရတာလဲ.... နေမကောင်းဘူးလား... '

' နေကကောင်းပါတယ်.. စိတ်က မကောင်းတာ..'

' ဟင်... ကိုယ့်ကိုပြော... ဘာဖြစ်လို့လဲ... ကိုယ် ဘာလုပ်ပေးရမလဲ...'

' ဘာဖြစ်လို့လဲ ဆိုတော့..... ကိုကို့ကို.... လွမ်းလို့လေ... '

' ဟာကွာ!!!!.... ကိုယ့်ကို နှလုံးရပ်ပြီ သေအောင် လုပ်နေတာလား ကွာ...'

မချင့်မရဲ ဖြစ်ညှစ်မိတော့ အိခနဲ အော်သံလေးထွက်လာပြီး ရှောင်းကျန့် လက်မောင်းတွေကို ခပ်သာသာ ထုရင်း ဖယ်ခိုင်းလေရဲ့..

' နာတယ် ကိုကိုရဲ့...  သူ့အသား မဟုတ်တိုင်း...'

အရင်က အခေါ်အဝေါ် ပြောင်းဖို့ပြောတဲ့ အခါ ရှက်တယ်ဆိုတဲ့ သူက အခုတော့ ကိုကိုချင်း ထပ်နေအောင် သုံးတဲ့ အခါ ရှောင်းကျန့်ရင်ထဲ လိပ်ပြာတွေ ပျံနေသလို ခံစားရစေတယ်....

' ဒီမှာ ထိုင်ဦး ... ကိုကို့ အတွက် ကျွန်တော် ပြင်ဆင်ထားတာ တစ်ခုရှိသေးတယ်... ကိုကို သဘောကျပါ့မလား မသိပေမယ့်... '

အနားက ခုံမှာ ထိုင်ခိုင်းရင်း သစ်ပင်နားမှာ ထောင်ထားတဲ့ Guitar ကို ဆွဲယူလိုက်တဲ့ ရိပေါ်....

ရှောင်းကျန့်ကို ကြည့်ပြီး ဟီးခနဲ ရယ်ပြရင်း Guitar ပေါ် စတင် ပြေးလွှားလာတဲ့ လက်ချောင်းလေးတွေနဲ့ အတူ တိုးလျှလျှ ထွက်လာတဲ့ သီချင်းသံလေး ......

If I had to live my life without you near me

The days would all be empty

The nights would seem so long

With you I see forever, oh, so clearly

I might have been in love before

But it never felt this strong

Our dreams are young and we both know

They'll take us where we want to go

Hold me now, touch me now

I don't want to live without you

Nothing's gonna change my love for you

You ought to know by now how much I love you

One thing you can be sure of

I'll never ask for more than your love

Nothing's gonna change my love for you

You ought to know by now how much I love you

The world may change my whole life through

But nothing's gonna change my love for you

If the road ahead is not so easy

Our love will lead the way for us

Like a guiding star

I'll be there for you if you should need me

You don't have to change a thing

I love you just the way you are

So come with me and share the view

I'll help you see forever too

Hold me now, touch me now

I don't want to live without you

Nothing's gonna change my love for you

You ought to know by now how much I love you

One thing you can be sure of

I'll never ask for more than your love

Nothing's gonna change my love for you

You ought to know by now how much I love you

The world may change my whole life through

But nothing's gonna change my love for

Nothing's gonna change my love for you

You ought to know by now how much I love you

One thing you can be sure of

I'll never ask for more than your love

Nothing's gonna change my love for you

You ought to know by now how much I love you

The world may change my whole life through

But nothing's gonna change my love for

Nothing's gonna change my love for you

You ought to know by now how much I love you

One thing you can be sure of

I'll never ask for more than your love

Nothing's gonna change my love for you

You ought to know by now how much I love you

The world may change my whole life through

But nothing's gonna change my love for

Nothing's gonna change my love for you

သီချင်းသံ ဆုံးသွားတဲ့ အခါမှာ ရိပေါ်က ခပ်တိုးတိုး ပြောတယ်...

ကိုကို့ကို ဆိုပြချင်လို့ အကိုကျိုးချန်ဆီက Guitar တီး သင်ထားရတာတဲ့..

ကဲ!

ဒီ အဖိုးတန်လေးကို ရှောင်းကျန့် မချစ်ပဲ နေနိုင်ပါတော့မလား...

.
.
.
.
.
.
.
.
.

' Happy Birthday နော် ကိုကို... '

ရှောင်းကျန့် ခွံကျွေးတဲ့ ကိတ် ကို စားရင်း ပြောလာတဲ့ ကောင်လေးက စောစောကလို နတ်ဘုရား အသွင် မဟုတ်တော့ပဲ ကြောင်ပေါက်ကလေး အသွင်ကို ဆောင်ပြန်တယ် ..

ခပ်ကျပ်ကျပ် အဝတ်အစားတွေကို မကြိုက်ဘူးဆိုပြီး ရှောင်းကျန့် အိတ်ထဲက Tshirt နဲ့ ဘောင်းဘီ အပွကြီးကို ယူဝတ်ထားတာမို့  ကြောင်ပေါက်ကလေး အဝတ်ပုံ ပိနေသလိုပဲ..  

လက်ဖျားထိပ်လေးတွေမှာ ပလာစတာလေးတွေ ကပ်ထားတဲ့  Guitar တီး သင်တုန်းက ဒဏ်ရာလေးတွေကို ခပ်ဖွဖွနမ်းတော့ နားရွက်ကလေးတွေ ရဲလာတဲ့ ကြောင်ပေါက်ကလေး  ..... 

စောစောက လူကို ညှို့နေတာ သူမဟုတ်တဲ့ အတိုင်း ရှက်ကိုးရှက်ကမ်း အသွင်ကလေးနဲ့....

ရှောင်းကျန့် ရောက်တဲ့ အချိန်က နောက်ကျ တဲ့ အပြင် Suprise ရော အလွမ်းသယ်နေတာရော ကြောင့်မို့ ဒီညတော့ ဒီအိမ်မှာပဲ အိပ်ဖြစ်တော့မှာ...

ရိပေါ့် ပြောစကားအရ ဒီအိမ်က အကိုကျိုးချန်ရဲ့ ဦးလေး ပိုင်တာတဲ့ ..

ရိပေါ်  ဒီလို လုပ်ချင်တယ်ဆိုလို့ အကိုကျိုးချန်က ပြောပေးထားတာ..

ဒီ့အပြင် ရှောင်းကျန့် အနားယူထားတဲ့ သုံးရက်စလုံး ဒီမှာပဲ ရိပေါ်နဲ့အတူ နေပြီး ကုန်ဆုံးရမယ် ဆိုတာ သိလိုက်ရတာမို့ ဖြဲနေတဲ့ ပါးစပ်က ပြန်စိမရတော့ဘူး....

သိမ်းစရာရှိတာတွေ သိမ်းပြီး  အနားယူဖို့ ပြင်တဲ့ အခါ ယွီပင်းဆီက ဝင်လာတဲ့ Message ကြောင့် ရိပေါ်ရော သူရော သူတို့နှစ်ယောက်အတွက် ပြင်ပေးထားတဲ့  အခန်းထဲ ရောက်သွားကြလေရဲ့...

အိပ်ခန်းထဲက အံ့ဆွဲထဲမှာ မင်းတို့အတွက် လက်ဆောင်ရှိတယ် ဆိုတဲ့ Message ကြောင့် ရိပေါ်က အံ့ဆွဲ ကို ဆွဲဖွင့်လိုက်တဲ့ အခါ ရှောင်းကျန့် ထဆဲ မိရတော့တာပဲ..

မဆဲပဲ နေနိုင်ရိုးလား...

အံ့ဆွဲထဲ ထည့်ထားတဲ့ လက်ဆောင်ဆိုတာက ကွန်ဒုံးတွေလို့ ဘယ်သူက ထင်မှာတဲ့လဲ....

ရိပေါ်ကလည်း မျက်နှာတွေ နီပြီး ကြောင်အနေသလို ရှောင်းကျန့်ကလည်း ဘာစကားမှ ပြောမထွက်ဘူး...

ဖွင့်လက်စ အံဆွဲကို ဒူးခေါင်းနဲ့ တွန်းပိတ်ရင်း ဟိုကြည့်ဒီကြည့် လုပ်နေရတယ်...

' အဟမ်း... ဟို... ကိုကို ကုတင်ပေါ် အိပ်ရင် အိပ်လေ... ကျွန်တော် ဆိုဖာပေါ်ပဲ... '

' အာ.. ..ကု.... ကုတင်ပေါ် အတူတူအိပ်လို့ရပါတယ်...  ကိုကို ဘာမှ မလုပ်ပါဘူး... '

' အင်း... အင်း..  အဲ့တာဆိုလည်း... အိပ်... အိပ်ကြတာပေါ့.... '

ကုတင်စွန်းမှာ ကျောခိုင်းပြီး ကုပ်ကုပ်ကလေး အိပ်နေတဲ့ ရိပေါ့်ကို ကြည့်ပြီး သက်ပြင်းပဲ ချလိုက်မိတယ် ...

လွမ်းခဲ့ရတဲ့ ရက်တွေ အတွက် ရင်ခွင်ထဲ ထည့် အလွမ်းသည်ရင်း ချစ်ကြည်နူး တစ်တီတူး မယ်ဆိုတဲ့ စိတ်ကူးလေးက ငနာယွီပင်းရဲ့ ကွန်ဒုံးတွေ ကျေးဇူးနဲ့ ခွမ်းခနဲ ကွဲကြေသွားတယ်....

ရှောင်းကျန့်လည်း မျက်လုံးတွေ မှိတ်ချလိုက်ရင်း အိပ်မပျော်ခင်အထိ ယွီပင်းကို ကျိန်ဆဲနေလိုက်တယ်....

တဖက်က ယွီပင်းကလည်း... ပြောင်ချောနေတဲ့ ကြမ်းပြင်ပေါ် ခလုတ်တိုက် လဲပါသတဲ့......

...
...
...
...
...
...

HAY Yo!.....  အချစ်လေးတို့

မတွေ့ရတာ တစ်လတောင် ရှိပြီ ထင်တယ်.. 

ပထမဆုံးပြောချင်တာကတော့ ကြာသွားတဲ့ အတွက် အားနာပါတယ် ဆိုတာပါပဲ...

စောင့်နေကြသေးရဲ့လားတော့ မသိပေမယ့်ပေါ့.. 

အမှန်တော့ အိုင် စာလည်း နည်းနည်း ပြန်လုပ်နေတဲ့ အပြင်ကို  မျက်လုံးကလည်း အရမ်း အားမစိုက်ဖို့ သတိပေးခံထားရပါတယ်... ㅠㅠ

အာရုံကြော အားနည်းနေသလိုမျိုး ဖြစ်နေတာမို့ အာရုံအရမ်း စိုက်ရင် မခံနိုင်လို့ပါ...

ပြီးတော့ ခေါင်းက ဗလာကြီး ဖြစ်နေတာလည်း ပါပါတယ်....

စိတ်တွေ လေနေတဲ့ အပြင် ဘာမှလည်း တွေးလို့ မထွက်တာမျိုးတွေ ဖြစ်နေတာမို့ ဒီလိုမျိုးလေး ကြာသွားရပါတယ် .

နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်.. ㅠㅠ

Continue Reading

You'll Also Like

329K 12.9K 43
ဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨18+ Fic တပုဒ်ဖြစ်သည် ။
765K 46.7K 112
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
323K 7.1K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
697K 15.6K 44
In wich a one night stand turns out to be a lot more than that.