(Zawgyi)
ပိေတာက္ပင္ႀကီးကို ဒီေန႔အဖို႔ႏႈတ္ဆက္ၿပီးတာေတာင္ မင္းကိုေတာ့ ႏႈတ္ဆက္လို႔မရေသးဘူး...
ဂစ္တာေလးကိုင္ရင္း ရပ္ေစာင့္ေနတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ပံုရိပ္ေတြထင္ဟပ္ေနသည့္ ေနရာေလးကို အခ်ိန္တစ္ခုတိုင္ေအာင္ ရပ္ၾကည့္ေနမိသည္...
တံခါးမ႐ွိတဲ့ ျခံထဲကိုဝင္လာရတဲ့ ေျခလွမ္းေတြကေတာ့ ေလးပင္လို႔ေပါ့... ဒီအိမ္ႀကီးထဲမွာ သူနဲ႔ပတ္သတ္တဲ့ မွတ္ဉာဏ္က မ်ားမ်ားစားစားမ႐ွိ. ဒါေပမယ့္ တစ္ဘဝလံုး ႏွိပ္စက္ေနမယ့္မွတ္ဉာဏ္ေတြကေတာ့ ဒီအိမ္ထဲမွာအျပည့္ေပါ့...
အေပၚထပ္က အခန္းေလးထဲကိုေရာက္တဲ့အခ်ိန္မွာေတာ့ အခန္းေထာင့္တစ္ေနရာကိုေရြးခ်ယ္ၿပီး အမွီျပဳကာထိုင္ခ်လိုက္ခ်ိန္မွာတင္ သူနဲ႔ပတ္သတ္တဲ့ ေမးခြန္းေတြကိုေမးဖို႔ အဆင္သင့္ျဖစ္ေနျပန္သည္...
သူဘယ္ခ်ိန္က ကတိေတြျဖတ္တတ္သြားတာလဲ... မျဖတ္ခဲ့ပါ တစ္ခုတည္းေသာ ကတိကလြဲရင္ အကုန္တည္ခဲ့တာပါ...
ဒါမွမဟုတ္ ငါကဘဲအတင္းလုပ္ယူေနမိတာလား. မင္းျဖတ္ခဲ့တဲ့ကတိတစ္ခုဘဲ႐ွိတယ္လို္႔ ငါကိုယ္တိုင္လိမ္ေနမိတာလား... တစ္ေယာက္တည္းလို႔မေတြးေစရဘူးဆိုတဲ့ကတိကေရာ...
ငါတို႔ရဲ႕ ၾကည္ႏူးစရာမွတ္ဉာဏ္ေလးကို ျပန္႐ွာေဖြၾကည့္ၾကမလား.. ႐ွိေရာ႐ွိရဲ႕လားကြာ...
မဟုတ္ဘူး ႐ွိတယ္. ႐ွိတာေပါ့ သူ႔ကိုခ်စ္မိတဲ့အခ်ိန္က တစ္ေနလံုးၾကည္ႏူးစရာေတြနဲ႔ျပည့္ေနတာေလ... ဘာလို႔အဲ့တာကို ေမ့ေနရတာလဲ...
ရင္ခုန္တယ္ဆိုတာကို ငါနားမလည္ခဲ့ဘူး... ဒါေပမဲ့ မင္းကိုခ်စ္တာကိုေတာ့နားလည္ခဲ့တယ္... ဘယ္ခ်ိန္တုန္းကမ်ားလဲ...
*************************
"ဟန္ေယာ!..."
ခက္ထန္လြန္းလွတဲ့အသံ စူးရဲလြန္းလွတဲ့အၾကည့္ကေတာင္ ဘာလို႔ၾကည့္ေကာင္းေနရတာလဲ...
စာလုပ္မယ္ဆိုၿပီးေျပာလာသူကို အိမ္ထဲမွာထိုင္ေစာင့္ေနေပမယ့္ ေရာက္မလာေသးတာေၾကာင့္ ကိုယ္တိုင္သြားေခၚရန္ အိမ္ေ႐ွ႕ထြက္လာခ်င္းမွာဘဲ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေခါင္းတစ္ခုလံုးထံုက်င္လာၿပီး ငယ္ထိပ္တည့္တည့္ကိုအပူေတြစုျပံဳလာေတာ့သည္...
ထိုက္ရင့္ ေအာ္လိုက္တာေတာင္ အျပစ္မ႐ွိတဲ့မ်က္ႏွာေလးနဲ႔ စာအုပ္ေလးကိုပိုက္ရင္း ေငးၾကည့္ေနသူေၾကာင့္ ပိုလို႔ေတာင္ေဒါသထြက္ရသည္...
"ေတာ္ေတာ္ အရသာ႐ွိေနတယ္ေပါ့ေလ..."
"ငါ ဘာမွမစားထားပါဘူး..."
ဟန္ေယာ ကို ခါးေထာက္ရင္းေမးလာသူရဲ႕ မ်က္ႏွာတစ္ခုလံုးမွာအနီေရာင္ေတြျဖတ္ေျပးလို႔ေနသည္... သူဘာျဖစ္ေနတာလဲ. ဟန္ေယာ တကယ္ဘာမွ မစားမိတာပါ...
"ေကာင္မေလးကို ေငးၾကည့္ရတာ အရသာ႐ွိေနတာလားလို႔ေျပာတာ..."
"လာ. အထဲဝင္ၾကမယ္..."
"ငါေမးတာေျဖေလ..."
ပခံုးေလးကိုတြန္းၿပီး ျခံတံခါးဘက္ကို လွည့္ေပးကာ အိမ္ထဲဝင္သြားသည့္ေကာင္ေလးရဲ႕ နံေဘးမွာကပ္လိုက္လာသည့္ ေကာင္ေလးတစ္ေယာက္...
"ဘာလို႔မေျဖတာလဲ... တကယ္ဘဲအရသာ႐ွိေနတာလား..."
အိမ္ဝမွာတင္ ေျခလွမ္းေတြရပ္သြားၿပီး ကပ္လိုက္ရင္းတတြတ္တြတ္ေမးေနသူကို စိတ္မ႐ွည္စြာၾကည့္လိုက္မိသည္... ႐ွင္းျပလိုက္ရင္ရေပမယ့္ ႐ွင္းမျပႏိုင္တာကိုေတာ့ဘယ္လိုလုပ္ေပးရမည္နည္း...
ခုခ်ိန္မွာ ဟန္ေယာ အလုပ္ခ်င္ဆံုးအရာဟာ ဘာလဲလို႔ေမးလာရင္ ျပံဳးတာလို႔ ျပန္ေျဖမိမည္ထင္သည္... စိတ္ထဲမွာ႐ွိသည့္အတိုင္း အျပံဳးေတြကိုဖြင့္ခ်လိုက္ခ်င္သည္. ဒါေပမဲ့ သူ႐ွိေနေတာ့ မျပံဳးခ်င္ဘူး... သူ႔ေ႐ွ႕မွာ အျပံဳးေတြကိုခ်ျပဖို႔ အဆင္သင့္မျဖစ္ေသးသလို ဟန္ေယာ ကိုယ္တိုင္လဲ ျပံဳးဖို႔အဆင္သင့္မျဖစ္ေသးပါ...
မ်က္လံုးက ပုစာၦေတြကိုဖတ္ရင္း လက္ေခ်ာင္းေလးေတြက ခဲတံေလးကိုင္ကာ စာရြက္ေတြေပၚေျဖ႐ွင္းခ်က္ေပးေနသူရဲ႕ မ်က္ႏွာေလးကို ေမးေလးေထာက္ၿပီး ၾကည့္ေနသည့္ ေကာင္ေလးတစ္ေယာက္...
ထိုေကာင္ေလးမွာ မ်က္လံုးေလးကိုေမွးရင္း အေျဖတစ္ခုအေပၚအာရံုစိုက္ေနသူကို ၾကည့္လိုက္ကာ...
"အဲ့ေကာင္မေလးက ေခ်ာလား..." ဟု ေမးလာျပန္သည္...
ပထမဆံုးအႀကိမ္ေမးလာသည္မဟုတ္တာေၾကာင့္ ေကာင္ေလးကေတာ့ ပုစာၦေတြအေပၚသာ အာရံုစိုက္ေနလိုက္သည္...
ပုစာၦေတြကို အတူေျဖ႐ွင္းခ်င္ေပမယ့္ တစ္ေယာက္ေသာသူကေတာ့ စာရြက္ေတြေပၚကပုစာၦထက္ ျခံေ႐ွ႕ကပုစာၦကိုသာ စိတ္ဝင္စားလို႔ေနသည္...
လက္ထဲက ခဲတံေလးကို လႊတ္ခ်မိလိုက္သည့္ အခိုက္တန္႔တစ္ခု... မ်က္ႏွာနားကို ေျဖးေျဖးခ်င္းကပ္လာရင္းစိုက္ၾကည့္လာသူရဲ႕ မ်က္ႏွာကို လည္ျပန္မၾကည့္မိသည့္တိုင္ ထိုသူဆီက ႐ွဴထုတ္လိုက္သည့္ ေလေငြ႔ေႏြးေႏြးေလးေတြကေတာ့ ပါးျပင္ေလးကို ထိေတြ႔လို႔ေနေလသည္...
အနားကပ္ရင္း စိုက္ၾကည့္လိုက္သည့္တိုင္ ျပန္ၾကည့္မလာသူလႊတ္ခ်လိုက္သည့္ ခဲတံေလးကိုၾကည့္ၿပီးျပံဳးေနသည့္ ေကာင္ေလးတစ္ေယာက္...
"ငါ့ မ်က္လံုးေတြကိုေတာင္ ျပန္မၾကည့္ရဲေတာ့ဘူးလား... ေဘာင္းဘီတိုတိုေလးဝတ္ၿပီး လမ္းေလွ်ာက္သြားတဲ့ ေကာင္မေလးက မင္းကိုရင္ခုန္ေစတာလား..."
ထိုက္ရင့္ ရဲ႕ ေမးခြန္းအဆံုးမွာတင္ စာအုပ္ကိုပိတ္ၿပီး အလန္႔တၾကားထရပ္လာသူကို ထိုင္ရက္သားေလးျဖင့္ပင္ ေမာ့ၾကည့္မိသည္...
"ဘယ္သြားမလို႔လဲ..."
"ပုစာၦတစ္ပုဒ္ကို သြားေျဖ႐ွင္းမလို႔..."
"ဘာ ပုစာၦလဲ..."
"မသိေသးဘူး..."
"ပုစာၦေျဖ႐ွင္းမယ္ေျပာၿပီး ေဘာင္းဘီတိုနဲ႔ေကာင္မေလးကို ျမင္ေယာင္မေနနဲ႔ေနာ္..."
အခန္းထဲက ထြက္သြားသည့္သူကို လွမ္းေအာ္ေျပာလိုက္ေတာ့မွ ေျခလွမ္းေတြကိုအ႐ွိန္ျမႇင့္ၿပီး ေျပးထြက္သြားေတာ့သည္...
ျခံေ႐ွ႕က ျမင္ကြင္းေၾကာင့္ ေဒါသထြက္မိတာမွန္ေပမယ့္ ေမးခြန္းေတြအေမးမ်ားလာေတာ့ အေျဖျပန္မလာသည့္ သူငယ္ခ်င္းေလးကိုၾကည့္ရင္း ျပံဳးေနမိသည္... ဒါေပမယ့္ ေဒါသကေတာ့ေျပမသြားဘူးေနာ္...
ျမစ္ကမ္းေဘးက ပိေတာက္ပင္ႀကီးဆီကိုသာဦးတည္ၿပီး ေျခလွမ္းေတြကိုအ႐ွိန္ျမႇင့္လာသည့္ ေကာင္ေလးကေတာ့ ထိုင္ေနၾကေနရာေလးမွာထိုင္ရင္း ေတာင္တန္းေတြကို မဟုတ္ဘဲ တသြင္သြင္စီးဆင္းေနသည့္ ျမစ္ေရေတြကိုၾကည့္ကာ ဘယ္ဘက္ျခမ္းကရင္အံုေလးကို လက္ျဖင့္ဖိထားရင္း ျပံဳးေနေလသည္...
နီးကပ္လြန္းလွသည့္ မ်က္ႏွာေလးကို ၾကည့္ခြင့္မရခဲ့ေပမယ့္ အသပ္႐ွဴသံေလးက နားထဲျပန္႔ဝင္လာၿပီး ႐ွဴထုတ္လိုက္သည့္ေလေငြ႔ေလးေတြရဲ႕ အထိအေတြ႔ေၾကာင့္ ပုစာၦတစ္ခုကိုအေျဖ႐ွာၾကည့္ေနရတာေပါ့...
အခ်စ္ပုစာၦဆိုတာ ဒါမ်ားလား...
"ဒါေၾကာင့္ မင္း ခုန္ေနတာလား..."
ဖိထားသည့္ ရင္ဘက္ေလးကို ငံု႔ၾကည့္ၿပီးေမးေနမိသည့္ ေကာင္ေလးရဲ႕ ႏႈတ္ခမ္းေလးမွာေတာ့ အျပံဳးေလးေတြကိုေတာက္ပစြာ ခ်ိတ္ဆြဲထားေလသည္...
"ဟန္ေယာ!..."
အေနာက္နားဆီက ေဒါသတႀကီးေခၚသံေလးႏွင့္အတူ ေကာင္ေလးရဲ႕အျပံဳးေတြလဲ ေလထဲလြင့္ပ်ံသြားေလၿပီလား...
အနားမွာ ထိုင္ခ်လာသူကို ျပန္ေငးၾကည့္ေနသည္ ဟန္ေယာရဲ႕ မ်က္ႏွာမွာထူးျခားမႈ႐ွိေနမည္မဟုတ္ပါ...
ငါ့ အျပံဳးေတြကို ထုတ္မျပခ်င္ေသးဘူးကြာ... မင္းေၾကာင့္ ျဖစ္လာတဲ့အျပံဳးကိုေတာင္ ထုတ္ျပဖို႔ႏွေမ်ာေနမိလို႔ေပါ့...
"မသကၤာလို႔ လိုက္လာတာ... တကယ္ ဒီကိုေရာက္ေနတာဘဲ..."
ထိုက္ရင့္ရဲ႕ အကင္းမေသေသးသည့္ေဒါသေတြက ခုခ်ိန္မွာေတာ့ အျမင့္ဆံုးအေျခအေနကိုေရာက္လို႔ေနေလၿပီ. ပုစာၦေျဖ႐ွင္းမယ္ေျပာၿပီး ပိေတာက္ပင္ႀကီးေအာက္မွာ လာfeel ေနသည့္ သူေၾကာင့္ေပါ့...
"မင္း အဲ့ေကာင္မေလးကို တကယ္ေႂကြေနၿပီလား..."
အင္. ေႂကြေနၿပီ... ေကာင္မေလးကိုေတာ့မဟုတ္ဘူး မင္းကို...
ဒီစကားေလးကို ရင္ထဲကဘဲေျပာ. ႏႈတ္ခမ္းဖ်ားေလးကေတာ့ သိမ္းထားဦးလို႔သတိေပးေနသည္...
ထိုက္ရင့္ကို ၾကည့္ေနရင္းကေန ျမစ္ကမ္းဘက္ကို မ်က္ႏွာျပန္မူသြားသူကို တစ္ခုခုျပန္ေျပာဖို႔ ေအာ္ေဟာက္လိုက္ခ်င္ေပမယ့္ ပိေတာက္ပင္ႀကီးရဲ႕ေအာက္မွာ႐ွိေနၾကတာေၾကာင့္ ထိုသူကဲ့သို႔ တိတ္တဆိတ္ေလးသာထိုင္ရင္း ေတာင္းတန္းႀကီးေတြကိုသာ ေငးၾကည့္ေနရေတာ့သည္...
"ေနဝင္မွျပန္ၾကမယ္ေလ..."
"အင္း..."
ဟန္ေယာ ဒီေနရာေလးကို စြဲလမ္းေနရတာ ဒီအခ်က္ေၾကာင့္လဲပါတယ္...
အင္း ဆိုတဲ့ စကားေလးတစ္ခြန္းသာ ျပန္ေျပာလာရင္း တိတ္ဆိတ္သြားသူေၾကာင့္ ရင္ထဲမွာအျပံဳးေတြျပည့္လာၿပီး သိမ္းထားလို႔မရမွာေတာင္ ေၾကာက္ေနမိသည္...
"ငါလဲ ေယာက်္ားေလးဘဲေလ မိန္းကေလးတစ္ေယာက္ကို ေငးၾကည့္မိတာေတာ့ရွိမွာေပါ့..."
ဟန္ေယာရဲ႕ စကားတစ္ခြန္းေၾကာင့္ ေတာင္တန္းေတြကိုေငးၾကည့္ေနသူရဲ႕ ႏႈတ္ခမ္းထက္က အျပံဳးေလးကို ျမင္လိုက္ရသည္...
"ပထမဆံုးဘဲ. မင္းဘက္ကေန ေတာင္တန္းေတြကိုၾကည့္ေနတဲ့ ငါ့ကိုေငးၾကည့္လာတာ ဒါပထမဆံုးဘဲ..."
ေတာင္တန္းေတြကိုသာ မ်က္ႏွာမူရင္းေျပာလာသူ...
ဟန္ေယာလဲ ေတာင္တန္းေတြဘက္ မ်က္ႏွာျပန္မူရင္း.
"ဟုတ္တယ္... ပထမဆံုးဘဲ..." ဆိုသည့္ စကားေလးကို အဓိပၸာယ္မ်ားစြာျဖင့္ ျပန္ေျပာမိသည္...
................................................................
(Unicode)
ပိတောက်ပင်ကြီးကို ဒီနေ့အဖို့နှုတ်ဆက်ပြီးတာတောင် မင်းကိုတော့ နှုတ်ဆက်လို့မရသေးဘူး...
ဂစ်တာလေးကိုင်ရင်း ရပ်စောင့်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်တွေထင်ဟပ်နေသည့် နေရာလေးကို အချိန်တစ်ခုတိုင်အောင် ရပ်ကြည့်နေမိသည်...
တံခါးမရှိတဲ့ ခြံထဲကိုဝင်လာရတဲ့ ခြေလှမ်းတွေကတော့ လေးပင်လို့ပေါ့... ဒီအိမ်ကြီးထဲမှာ သူနဲ့ပတ်သတ်တဲ့ မှတ်ဉာဏ်က များများစားစားမရှိ. ဒါပေမယ့် တစ်ဘဝလုံး နှိပ်စက်နေမယ့်မှတ်ဉာဏ်တွေကတော့ ဒီအိမ်ထဲမှာအပြည့်ပေါ့...
အပေါ်ထပ်က အခန်းလေးထဲကိုရောက်တဲ့အချိန်မှာတော့ အခန်းထောင့်တစ်နေရာကိုရွေးချယ်ပြီး အမှီပြုကာထိုင်ချလိုက်ချိန်မှာတင် သူနဲ့ပတ်သတ်တဲ့ မေးခွန်းတွေကိုမေးဖို့ အဆင်သင့်ဖြစ်နေပြန်သည်...
သူဘယ်ချိန်က ကတိတွေဖြတ်တတ်သွားတာလဲ... မဖြတ်ခဲ့ပါ တစ်ခုတည်းသော ကတိကလွဲရင် အကုန်တည်ခဲ့တာပါ...
ဒါမှမဟုတ် ငါကဘဲအတင်းလုပ်ယူနေမိတာလား. မင်းဖြတ်ခဲ့တဲ့ကတိတစ်ခုဘဲရှိတယ်လို့ ငါကိုယ်တိုင်လိမ်နေမိတာလား... တစ်ယောက်တည်းလို့မတွေးစေရဘူးဆိုတဲ့ကတိကရော...
ငါတို့ရဲ့ ကြည်နူးစရာမှတ်ဉာဏ်လေးကို ပြန်ရှာဖွေကြည့်ကြမလား.. ရှိရောရှိရဲ့လားကွာ...
မဟုတ်ဘူး ရှိတယ်. ရှိတာပေါ့ သူ့ကိုချစ်မိတဲ့အချိန်က တစ်နေလုံးကြည်နူးစရာတွေနဲ့ပြည့်နေတာလေ... ဘာလို့အဲ့တာကို မေ့နေရတာလဲ...
ရင်ခုန်တယ်ဆိုတာကို ငါနားမလည်ခဲ့ဘူး... ဒါပေမဲ့ မင်းကိုချစ်တာကိုတော့နားလည်ခဲ့တယ်... ဘယ်ချိန်တုန်းကများလဲ...
*************************
"ဟန်ယော!..."
ခက်ထန်လွန်းလှတဲ့အသံ စူးရဲလွန်းလှတဲ့အကြည့်ကတောင် ဘာလို့ကြည့်ကောင်းနေရတာလဲ...
စာလုပ်မယ်ဆိုပြီးပြောလာသူကို အိမ်ထဲမှာထိုင်စောင့်နေပေမယ့် ရောက်မလာသေးတာကြောင့် ကိုယ်တိုင်သွားခေါ်ရန် အိမ်ရှေ့ထွက်လာချင်းမှာဘဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခေါင်းတစ်ခုလုံးထုံကျင်လာပြီး ငယ်ထိပ်တည့်တည့်ကိုအပူတွေစုပြုံလာတော့သည်...
ထိုက်ရင့် အော်လိုက်တာတောင် အပြစ်မရှိတဲ့မျက်နှာလေးနဲ့ စာအုပ်လေးကိုပိုက်ရင်း ငေးကြည့်နေသူကြောင့် ပိုလို့တောင်ဒေါသထွက်ရသည်...
"တော်တော် အရသာရှိနေတယ်ပေါ့လေ..."
"ငါ ဘာမှမစားထားပါဘူး..."
ဟန်ယော ကို ခါးထောက်ရင်းမေးလာသူရဲ့ မျက်နှာတစ်ခုလုံးမှာအနီရောင်တွေဖြတ်ပြေးလို့နေသည်... သူဘာဖြစ်နေတာလဲ. ဟန်ယော တကယ်ဘာမှ မစားမိတာပါ...
"ကောင်မလေးကို ငေးကြည့်ရတာ အရသာရှိနေတာလားလို့ပြောတာ..."
"လာ. အထဲဝင်ကြမယ်..."
"ငါမေးတာဖြေလေ..."
ပခုံးလေးကိုတွန်းပြီး ခြံတံခါးဘက်ကို လှည့်ပေးကာ အိမ်ထဲဝင်သွားသည့်ကောင်လေးရဲ့ နံဘေးမှာကပ်လိုက်လာသည့် ကောင်လေးတစ်ယောက်...
"ဘာလို့မဖြေတာလဲ... တကယ်ဘဲအရသာရှိနေတာလား..."
အိမ်ဝမှာတင် ခြေလှမ်းတွေရပ်သွားပြီး ကပ်လိုက်ရင်းတတွတ်တွတ်မေးနေသူကို စိတ်မရှည်စွာကြည့်လိုက်မိသည်... ရှင်းပြလိုက်ရင်ရပေမယ့် ရှင်းမပြနိုင်တာကိုတော့ဘယ်လိုလုပ်ပေးရမည်နည်း...
ခုချိန်မှာ ဟန်ယော အလုပ်ချင်ဆုံးအရာဟာ ဘာလဲလို့မေးလာရင် ပြုံးတာလို့ ပြန်ဖြေမိမည်ထင်သည်... စိတ်ထဲမှာရှိသည့်အတိုင်း အပြုံးတွေကိုဖွင့်ချလိုက်ချင်သည်. ဒါပေမဲ့ သူရှိနေတော့ မပြုံးချင်ဘူး... သူ့ရှေ့မှာ အပြုံးတွေကိုချပြဖို့ အဆင်သင့်မဖြစ်သေးသလို ဟန်ယော ကိုယ်တိုင်လဲ ပြုံးဖို့အဆင်သင့်မဖြစ်သေးပါ...
မျက်လုံးက ပုစ္ဆာတွေကိုဖတ်ရင်း လက်ချောင်းလေးတွေက ခဲတံလေးကိုင်ကာ စာရွက်တွေပေါ်ဖြေရှင်းချက်ပေးနေသူရဲ့ မျက်နှာလေးကို မေးလေးထောက်ပြီး ကြည့်နေသည့် ကောင်လေးတစ်ယောက်...
ထိုကောင်လေးမှာ မျက်လုံးလေးကိုမှေးရင်း အဖြေတစ်ခုအပေါ်အာရုံစိုက်နေသူကို ကြည့်လိုက်ကာ...
"အဲ့ကောင်မလေးက ချောလား..." ဟု မေးလာပြန်သည်...
ပထမဆုံးအကြိမ်မေးလာသည်မဟုတ်တာကြောင့် ကောင်လေးကတော့ ပုစ္ဆာတွေအပေါ်သာ အာရုံစိုက်နေလိုက်သည်...
ပုစ္ဆာတွေကို အတူဖြေရှင်းချင်ပေမယ့် တစ်ယောက်သောသူကတော့ စာရွက်တွေပေါ်ကပုစ္ဆာထက် ခြံရှေ့ကပုစ္ဆာကိုသာ စိတ်ဝင်စားလို့နေသည်...
လက်ထဲက ခဲတံလေးကို လွှတ်ချမိလိုက်သည့် အခိုက်တန့်တစ်ခု... မျက်နှာနားကို ဖြေးဖြေးချင်းကပ်လာရင်းစိုက်ကြည့်လာသူရဲ့ မျက်နှာကို လည်ပြန်မကြည့်မိသည့်တိုင် ထိုသူဆီက ရှူထုတ်လိုက်သည့် လေငွေ့နွေးနွေးလေးတွေကတော့ ပါးပြင်လေးကို ထိတွေ့လို့နေလေသည်...
အနားကပ်ရင်း စိုက်ကြည့်လိုက်သည့်တိုင် ပြန်ကြည့်မလာသူလွှတ်ချလိုက်သည့် ခဲတံလေးကိုကြည့်ပြီးပြုံးနေသည့် ကောင်လေးတစ်ယောက်...
"ငါ့ မျက်လုံးတွေကိုတောင် ပြန်မကြည့်ရဲတော့ဘူးလား... ဘောင်းဘီတိုတိုလေးဝတ်ပြီး လမ်းလျှောက်သွားတဲ့ ကောင်မလေးက မင်းကိုရင်ခုန်စေတာလား..."
ထိုက်ရင့် ရဲ့ မေးခွန်းအဆုံးမှာတင် စာအုပ်ကိုပိတ်ပြီး အလန့်တကြားထရပ်လာသူကို ထိုင်ရက်သားလေးဖြင့်ပင် မော့ကြည့်မိသည်...
"ဘယ်သွားမလို့လဲ..."
"ပုစ္ဆာတစ်ပုဒ်ကို သွားဖြေရှင်းမလို့..."
"ဘာ ပုစ္ဆာလဲ..."
"မသိသေးဘူး..."
"ပုစ္ဆာဖြေရှင်းမယ်ပြောပြီး ဘောင်းဘီတိုနဲ့ကောင်မလေးကို မြင်ယောင်မနေနဲ့နော်..."
အခန်းထဲက ထွက်သွားသည့်သူကို လှမ်းအော်ပြောလိုက်တော့မှ ခြေလှမ်းတွေကိုအရှိန်မြှင့်ပြီး ပြေးထွက်သွားတော့သည်...
ခြံရှေ့က မြင်ကွင်းကြောင့် ဒေါသထွက်မိတာမှန်ပေမယ့် မေးခွန်းတွေအမေးများလာတော့ အဖြေပြန်မလာသည့် သူငယ်ချင်းလေးကိုကြည့်ရင်း ပြုံးနေမိသည်... ဒါပေမယ့် ဒေါသကတော့ပြေမသွားဘူးနော်...
မြစ်ကမ်းဘေးက ပိတောက်ပင်ကြီးဆီကိုသာဦးတည်ပြီး ခြေလှမ်းတွေကိုအရှိန်မြှင့်လာသည့် ကောင်လေးကတော့ ထိုင်နေကြနေရာလေးမှာထိုင်ရင်း တောင်တန်းတွေကို မဟုတ်ဘဲ တသွင်သွင်စီးဆင်းနေသည့် မြစ်ရေတွေကိုကြည့်ကာ ဘယ်ဘက်ခြမ်းကရင်အုံလေးကို လက်ဖြင့်ဖိထားရင်း ပြုံးနေလေသည်...
နီးကပ်လွန်းလှသည့် မျက်နှာလေးကို ကြည့်ခွင့်မရခဲ့ပေမယ့် အသပ်ရှူသံလေးက နားထဲပြန့်ဝင်လာပြီး ရှူထုတ်လိုက်သည့်လေငွေ့လေးတွေရဲ့ အထိအတွေ့ကြောင့် ပုစ္ဆာတစ်ခုကိုအဖြေရှာကြည့်နေရတာပေါ့...
အချစ်ပုစ္ဆာဆိုတာ ဒါများလား...
"ဒါကြောင့် မင်း ခုန်နေတာလား..."
ဖိထားသည့် ရင်ဘက်လေးကို ငုံ့ကြည့်ပြီးမေးနေမိသည့် ကောင်လေးရဲ့ နှုတ်ခမ်းလေးမှာတော့ အပြုံးလေးတွေကိုတောက်ပစွာ ချိတ်ဆွဲထားလေသည်...
"ဟန်ယော!..."
အနောက်နားဆီက ဒေါသတကြီးခေါ်သံလေးနှင့်အတူ ကောင်လေးရဲ့အပြုံးတွေလဲ လေထဲလွင့်ပျံသွားလေပြီလား...
အနားမှာ ထိုင်ချလာသူကို ပြန်ငေးကြည့်နေသည် ဟန်ယောရဲ့ မျက်နှာမှာထူးခြားမှုရှိနေမည်မဟုတ်ပါ...
ငါ့ အပြုံးတွေကို ထုတ်မပြချင်သေးဘူးကွာ... မင်းကြောင့် ဖြစ်လာတဲ့အပြုံးကိုတောင် ထုတ်ပြဖို့နှမျောနေမိလို့ပေါ့...
"မသင်္ကာလို့ လိုက်လာတာ... တကယ် ဒီကိုရောက်နေတာဘဲ..."
ထိုက်ရင့်ရဲ့ အကင်းမသေသေးသည့်ဒေါသတွေက ခုချိန်မှာတော့ အမြင့်ဆုံးအခြေအနေကိုရောက်လို့နေလေပြီ. ပုစ္ဆာဖြေရှင်းမယ်ပြောပြီး ပိတောက်ပင်ကြီးအောက်မှာ လာfeel နေသည့် သူကြောင့်ပေါ့...
"မင်း အဲ့ကောင်မလေးကို တကယ်ကြွေနေပြီလား..."
အင်. ကြွေနေပြီ... ကောင်မလေးကိုတော့မဟုတ်ဘူး မင်းကို...
ဒီစကားလေးကို ရင်ထဲကဘဲပြော. နှုတ်ခမ်းဖျားလေးကတော့ သိမ်းထားဦးလို့သတိပေးနေသည်...
ထိုက်ရင့်ကို ကြည့်နေရင်းကနေ မြစ်ကမ်းဘက်ကို မျက်နှာပြန်မူသွားသူကို တစ်ခုခုပြန်ပြောဖို့ အော်ဟောက်လိုက်ချင်ပေမယ့် ပိတောက်ပင်ကြီးရဲ့အောက်မှာရှိနေကြတာကြောင့် ထိုသူကဲ့သို့ တိတ်တဆိတ်လေးသာထိုင်ရင်း တောင်းတန်းကြီးတွေကိုသာ ငေးကြည့်နေရတော့သည်...
"နေဝင်မှပြန်ကြမယ်လေ..."
"အင်း..."
ဟန်ယော ဒီနေရာလေးကို စွဲလမ်းနေရတာ ဒီအချက်ကြောင့်လဲပါတယ်...
အင်း ဆိုတဲ့ စကားလေးတစ်ခွန်းသာ ပြန်ပြောလာရင်း တိတ်ဆိတ်သွားသူကြောင့် ရင်ထဲမှာအပြုံးတွေပြည့်လာပြီး သိမ်းထားလို့မရမှာတောင် ကြောက်နေမိသည်...
"ငါလဲ ယောက်ျားလေးဘဲလေ မိန်းကလေးတစ်ယောက်ကို ငေးကြည့်မိတာတော့ရှိမှာပေါ့..."
ဟန်ယောရဲ့ စကားတစ်ခွန်းကြောင့် တောင်တန်းတွေကိုငေးကြည့်နေသူရဲ့ နှုတ်ခမ်းထက်က အပြုံးလေးကို မြင်လိုက်ရသည်...
"ပထမဆုံးဘဲ. မင်းဘက်ကနေ တောင်တန်းတွေကိုကြည့်နေတဲ့ ငါ့ကိုငေးကြည့်လာတာ ဒါပထမဆုံးဘဲ..."
တောင်တန်းတွေကိုသာ မျက်နှာမူရင်းပြောလာသူ...
ဟန်ယောလဲ တောင်တန်းတွေဘက် မျက်နှာပြန်မူရင်း.
"ဟုတ်တယ်... ပထမဆုံးဘဲ..." ဆိုသည့် စကားလေးကို အဓိပ္ပာယ်များစွာဖြင့် ပြန်ပြောမိသည်...
................................................................