မန်းလေးဆင်းရန် ညနေ သုံးနာရီကား ကို လက်မှတ်ဖြတ်ထားသဖြင့် နေ ့လည် 2 နာရီလောက်ကတည်းက ကားဂိတ်တွင် ထိုင်စောင့်ရသည်။ ကမ႓ာဦးသည်လည်း ကားဂိတ်ကိုလာပြီး နွုတ်ဆက်သည်။
ခုချိန် ရိှန်းကိုကိုသည် တော်တော် နေမထိ ထိုင်မသာ ဖြစ်ရသည်။ မတော်လို့ ကမ႓ာဦးနှင့် သူ၏ ဆက်ဆံပုံက ချစ်လွန်းလျှံ အမြင်တွင် ထူးဆန်းနေမည်ကို စိုးရိမ်မိသည်။ နေကလဲပူ၊ ရင်ကလဲပူ။ ဘယ်အချိန် ပြောရမှန်းမသိပေမဲ့ အခုတော့မဟုတ်သေး။
အဲကွန်းဖွင့်ထားသော Express ကားထဲရောက်မှ အပူလုံးတို့ကျသွားတော့သည်။ လိုက်ပို့သော ဦးအောင်နှင့် သစ္စာ၊ ကမ႓ာဦးတို့ကို ကားပေါ်ကနေ လက်ပြ နွုတ်ဆက်ပြီးနောက် ကားက တဖြည်းဖြည်း စတင် ထွက်ခွာလေသည်။ ရိှန်းကိုကို က ကားမှန်နှင့်ကပ်ရပ်တွင် ထိုင်ပြီး ဘေးတွင် ချစ်လွန်းလျှံက နားကြပ်တပ်ပြီး သီချင်းနားထောင်သည်လား၊ ဘာလားမသိ။
အပြင်ဘက် ကို ကြည့်တော့ နေအရိှန်ပြင်းပြင်းအောက်တွင် လမ်းခင်းနေရသည့် သူများ။ နေ၏ အပူလွိုင်းတငွေ ့ငွေ ့ထနေသည့် အထဲ ပူပြင်းလှသော မီးတွင် ကတ္တရာစေးမည်းများကို ကျိုကာ ဟိုသယ်၊ ဒီပို့နှင့်။
" ကိုကို ဘာတွေ အဲ့လောက်ကြည့်နေတာလဲ "
" အင်....လျှံလေး အပြင်ဘက်ကို ကြည့်စမ်း။ လမ်းခင်းနေတဲ့သူတွေကို တွေ ့လား "
"အင်း၊ ဘာဖြစ်လို့လဲ "
"ဘာရယ်မဟုတ်ပါဘူး။ ကိုကို စဉ်းစားမိတာ။ သူတို့သာ မရိှရင် ကိုကိုတို့ ဒီလိုမျိုး အေးအေးလူလူနဲ့ သွားခွင့်ရမှာမဟုတ်ဘူးလို့။ ဘယ်သူမှ မလုပ်ချင်၊ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ပေးနေသူတွေကို ဂုဏ်ပြုဖို့ကောင်းတယ်"
"သိလား....ဒီလောကမှာရိှတဲ့လူတွေ အားလုံးက တစ်ယောက်ကို တစ်ယောက် အကျိုးပြုပြီး ရှင်သန်နေရတာ"
ပြောချင်တာတွေ ပြောပြီးတော့ ချစ်လွန်းလျှံ ကို ကြည့်လိုက်တော့ သူသည်လည်း အပြင်ဘက်ကို စူးစမ်းနေ၏။ ကားပေါ်တွင် ဖွင့်ထားသော တီဗီက ဟာသကားတစ်ကားကို ပြနေသည်။
"ဟုတ်မယ် "
"ဟမ်...ဘာကိုလဲ"
"ကိုကို ပြောတဲ့ လူတွေက တစ်ယောက်နဲ့တစ်ယောက် အကျိုးပြုနေရတယ် ဆိုတာလေ။ အဲ့တာ ဟုတ်လောက်တယ် လို့"
သီပေါမင်းပါတော်မူကတည်းက ပြောလိုက်တဲ့ ရိှန်းကိုကို၏ စကားကို ဒီမိုကရေစီခေတ်ရောက်မှ ပြန်ဖြေလာသော ချစ်လွန်းလျှံ ဖြစ်သည်။ သို့သော် ဘာမှမပြောပဲ ဆက်နားထောင်လိုက်၏။ ချစ်လွန်းလျှံက ရိှန်းကိုကို ကိုကြည့်ပြီး
"ဘာလို့ဆို ကျွန်တော် လည်း ကိုကိုမရှိပဲ မနေနိုင်ဘူးလေ"
" စကားတတ်တိုင်း ပေါက်ကရတွေ ပြောနေတာပဲ"
" ကျွန်တော်က အမှန်တိုင်း ပြောတာပါ။ ပြီးတော့ ကိုကို့ကို ရှင်းပြချင်တာ ရိှတယ်။ သစ္စာနဲ့ ကျွန်တော်က ဘာမှမဟုတ်ဘူး"
ကားထိုင်ခုံက စောင်အပါးကို ဆွဲယူကာ ခြုံရင်း ဘာမှမဟုတ်သလို နှင့် ထိုစကားပြောလာသူ။
" ဘာလို့ အဲ့ဒါလာပြော "
" ဒီလိုပါပဲ။ ရှင်းပြထားရင် ကောင်းမယ်ထင်လို့ "
စကားကို ဖြတ်ပြောကာ မျက်ခွံပိတ်ပြီး မေှးလိုက်သော ချစ်လွန်းလျှံ ကို ကြည့်ပြီး သူဘာကြောင့် ဒါတွေပြောမှန်း စဉ်းစားကြည့်သည်။ သို့သော် အချည်းနှီးသက်သက်သာ။
ညဘက်တွင် ချစ်လွန်းလျှံ အန်လေသည်။ ကားမူးသည်ထင်၏။ပင်ပန်းဟန်ရိှသော သူ၏ ခေါင်းကို ရိှန်းကိုကို ပုခုံးပေါ်မှီစေလိုက်သည်။
မနက် 3 နာရီခွဲတွင် မန်းလေးရောက်သည်။ ရင်းနှီးသော အိုးဝေဆရာကိုခေါ်ပြီး ကျောင်း၀င်းရိှ အဆောင်သို့သွားသည်။ ကို၀င်းသန်းက တံခါးလာဖွင့်ပေးပြီး တစ်နေ ့လုံးအနားယူကြ၏။
ကို၀င်းသန်း၏ကောင်းမှုကြောင့် အကျင့်တစ်ခုရိှလာသည်က မနက်ဆိုလျှင် အစောကြီးထပြီး သီရိမန္တလာ အားကစားကွင်းကို တစ်ပတ်ပြေး၊ "ဇွမ်ဘား" က ဟူ၍ သုံးယောက်သား တနိုင်တပိုင် လေ့ကျင့်ခန်းလုပ်ကြသည်။ ထိုက ပြန်လာလျှင် ရေချိုး၊ မနက်စာ စားပြီး အကြီးနှစ်ယောက်က စာသင်ခန်း၀င်၊ အငယ်ကောင်လေးက စာဖတ်၊ ကိုယ့်တာ၀န်ကိုယ် ထမ်းကြသည်။
တစ်ပတ်အတွင်း ချစ်လွန်းလျှံကို ကျောင်းအပ်ပြီး၊သူနေဖို့အဆောင်တွေ ရှာပေးရသည်။ ယူနီဖောင်း၀တ်စုံ လေး၊ ငါးထည် ဆိုင်တွင် ချုပ်ခိုင်းရသည်။
နေရေး၊ စားရေးအတွက် အကုန်စီစဉ်ပေးပြီး ငယ်ငယ်က သူ့နာမည်နှင့်ဖွင့်ထားသော ဘဏ်စာအုပ်ကိုလည်း တက္ကသိုလ်ကျောင်းသားအဖြစ် စတင်ခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် ချစ်လွန်းလျှံ လက်ထဲအပ်လိုက်သည်။
နောက်တစ်ပတ် သောကြာနေ ့သည် ချစ်လွန်းလျှံ၏ တက္ကသိုလ် ပထမရက်ဖြစ်၏။ ရိှန်းကိုကိုအနေဖြင့် ဒီရက်ပိုင်း ချစ်လွန်းလျှံ မသိအောင် လုပ်ဆောင်နေသည့်အရာလဲရိှသည်။
အခုတော့ လျိှ ုထားသမျှသောကိစ္စအားလုံးကို ချစ်လွန်းလျှံအား အသိပေးသင့်သည်ဟု ထင်မိသည်။ ထို့ကြောင့် စကားအေးအေးလူလူ ပြောလို့ရအောင်၊ အမှတ်တရလည်း ဖြစ်အောင် ပိတ်ရက်ကို နန်းတွင်းခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
ပိတ်ရက်ဖြစ်သော စနေနေ ့၏ ညနေပိုင်းတွင် နန်းတွင်းသို့ သွားကြ၏။ မန်းလေးရောက်လျှင် အဓိကအားဖြင့် ဤနေရာသို့ရောက်ဖူးသင့်သည်ဟု ထင်သောကြောင့် ခေါ်လာခြင်းပင်။
အဆောင်တော်များ၊ အ၀တ်အစားတန်ဆာများ ကို ကြည့်ရင်း ဓာတ်ပုံများရိုက်ကြသည်။ ပတ်လျေှာက်ပြီးနောက် အ၀င်၀ တိုင်လုံးကြီးများရိှသော နေရာ၏ အုတ်ခုံနားတွင် စကားပြောရန် ခေါ်လာလိုက်သည်။
ချစ်လွန်းလျှံ သည် ရိှန်းကိုကိုဘေးတွင် မတ်တပ်ရပ်နေသည်။ သူ၏ ရိှန်းတိန်းနေသော ဆံစ, ရိတ်ထားသည့် စိမ်းဖန့်ဖန့်နားထင်ကို ဘေးတိုက်အနေအထားနှင့် မြင်ရသည်။ နေ၀င်ဆည်းဆာကို ခံစားကြည့်နေသည့် သူ့ကို ဘယ်လိုစပြောရမှန်းမသိ ဖြစ်နေ၏။
" လျှံလေး "
ရိှန်းကိုကို ဘက်ကိုကြည့်လာသည်။
" ကိုကို လျှံလေးကို အသိပေးစရာ ကိစ္စနှစ်ခုရိှတယ်"
" ပြောလေ ကိုကို"
"အဲ့ဒါကလေ...အင်... လျှံလေးရဲ ့အမေဘက်က ဦးလေးတစ်ယောက်က ခု ရွွေကျောင်းရွာဘက်မှာ တဲ့ "
ချစ်လွန်းလျှံ ၏ မျက်နှာသည် ဘာမှအထူးတလည် ပြောင်းမသွား။ အဲ့တော့ ဘာဖြစ်လဲ ဆိုသည့် ပုံစံမျိုး မျက်ခုံးပင့်ပြသည်။
"ကိုကို အရင်အပတ်က အဲ့ကိစ္စနဲ့ အလုပ်ရွုပ်နေတာ။ လျှံလေးရဲ ့ ရွာဘက်က ဆွေမျိုးတွေကို သွားရှာတော့ ရပ်ရွာလူကြီးတွေကနေတစ်ဆင့် သိရတာ။ ဒါနဲ့ သူ့ဆီလိုက်သွားခဲ့တယ်"
" ဦးလေးနဲ့တွေ ့တော့ စကားတွေ ပြောကြရင်း လျှံလေးအကြောင်း ပြောပြလိုက်တယ်။ ဦးလေးက သိလဲသိရော လျှံလေး ကို သူက တွေ ့ချင်တယ်ဆိုပြီး ပြောလာတယ်"
" နောက်တစ်ခုကရော "
အပင်အုပ်စိမ်းစိမ်းတို့ ရိှရာ မိုးကုပ်စက်ဝိုင်း ဘက်ကို မျက်နှာပြန်မူပြီး မေးလေသည်။ စိတ်မ၀င်စားသည့် အနေအထားကို ပြနေသည်။ နောက်အကြောင်းကို ဘယ်လိုစိတ်နဲ့ ပြောရပါ့မလဲ။
"နောက်တစ်ခုက မီးမီး နဲ့ လက်ထပ်တော့မယ် "
ချက်ချင်းဆိုသလို လည်ပြန်ကြည့်လာသည့် ချစ်လွန်းလျှံ ၏ မျက်နက်ဆံတို့သည် ပြူးကျယ်လာပြီး တဖြည်းဖြည်းနှင့် အရည်ကြည်များ လဲ့လာသည်။
"လက်ထပ်မယ်။ အဟ..ဟား...ဒါကြောင့်လား"
ချစ်လွန်းလျှံသည် အင်မတန် မခံချိမခံသာ ဖြစ်ရသော လေှာင်ပြုံးနှင့် ရိှန်းကိုကို ကို ကြည့်ကာ ပြောလေသည်။
"ဒါကြောင့်...ကျွန်တော့်ကို စွန့်ပစ်ဖို့ အရင်ကတည်းက သေလူလို့မှတ်ထားတဲ့ အဲ့အမျိုးတွေကို သွားရှာတာလား၊ ပညာသားပါပါနဲ့ နှင်ထုတ်ရလောက်အောင် ကျွန်တော်က ကိုကို့အတွက် ၀န်ထုပ်၀န်ပိုးကြီး ဖြစ်နေပြီ ဆိုပါတော့"
"မဟုတ်ဘူး လျှံလေး၊ အထင်လွဲနေပြီ၊ ကိုကိုက အဲ့သဘောနဲ့ သူတို့ကို သွားရှာတာမဟုတ်ဘူး။ ကိုကို လက်ထပ်ပြီးရင် လျှံလေး အနေရခက်မှာစိုးလို့။ ပြီးတော့ ကိုယ့်ဆွေမျိုးရပ်ရွာကို လျှံလေး သွားချင်မှာပဲဆိုတဲ့ စိတ်နဲ့"
"တော်ပါ၊ ကိုကိုရာ"
ချစ်လွန်းလျှံ သည် အက်ရှသံနှင့် အော်ပြောလာသည်။ သူ၏ မျက်ထောင့်တို့သည် နီရဲလာပြီး လည်ပင်းကြောများက ထင်းနေသည်။
"ကိုကို့ ဟာက လူတစ်ယောက်ကို သတ်ပြီးမှ နာသွားမလား ဆိုပြီး စိုးရိမ်သလို ဖြစ်နေပြီ"
လေသည် အဝေးကေန အသော့နှင်ပြီး ချစ်လွန်းလျှံ၏ မျက်ရည်များကို သုတ်ပေးနေသယောင် တဖြူးဖြူးတိုက်လာသည်။ ရိှန်းကိုကို ဘာစကားမှ မပြောနိုင်။ စကားမှားသွားမှာကို ကြောက်သည်။ အခြေအနေပိုဆိုးသွားမှာ စိုးရိမ်သည်။ ချစ်လွန်းလျှံကသာ ဆက်ပြောသည်။
"ကျွန်တော် ကိုကို့ကို တစ်ခု မေးချင်တယ်။ သေချာစဉ်းစားပြီးမှ ဖြေပေးပါ၊ ဒီလက်ထပ်ပွဲက ကျွန်တော့်ကို အထိနာစေတယ် ဒါမှမဟုတ် ကျွန်တော်က သဘောမတူဘူးဆိုရင် တောင် ကိုကို လုပ်မှာပဲလား "
" ဘာလို့ လျှံလေးကို အထိနာစေရမှာလဲ။ အခုလို လက်ထပ်တာက ဘာမှားများနေလို့"
ချစ်လွန်းလျှံ သည် သူ့ ရေှ ့တွင်ရိှသော အုတ်ခုံကို လက်သီးနှင့် ထိုးချလိုက်သည်။ မျက်ရည်စီးကြောင်းများသည် သူ့မျက်နှာတွင် ဖြတ်ပြေးလျက်။ ရိှန်းကိုကို ကိုယ်တိုင်ပင် လန့်သွားရ၏။
အမြဲတမ်း ချစ်ဖို့ကောင်းအောင် နေတတ်သော ဒီကလေးက သူမသိသော တစ်ဖက်မှာ ဒီလိုလည်း စိတ်တိုတတ်ပါလား ဟုလည်း သိလိုက်ရသည်။ သူ၏အောက်နှုတ်ခမ်းကို ပြတ်ထွက်လုမတတ် ကိုက်ပြီး ရိှန်းကိုကို ဘက်ကို ပြန်လှည့်လာ၏။
" ကိုကို နဲ့ ခွဲနေရတဲ့အချိန် အိပ်မက်ဆိုးတွေ မက်ပြီး ချွေးသံရွွဲရွွဲ နဲ့ နိုးလာရတဲ့ ညတွေမှာ ကျွန်တော်ကိုယ့်ဘာသာ ပြန်ပြောတဲ့စကားက ဘာလဲသိလား"
သူ၏လက်ကို ဘယ်ဘက်ရင်အုံတွင် တင်ထားပြီး ရိှန်းကိုကို ကို စူးရဲစွာကြည့်ကာ ဆက်ပြောလာသည်က-
" ချစ်လွန်းလျှံ ခဏပဲ သည်းခံ။ နောက်ကျရင် ကိုကို နဲ့ အတူ နေရမှာပဲ။ ဒီလောက်လေးတော့ သည်းခံလိုက် ဆိုပြီး၊ ဒီတစ်ခုပဲ၊ ဒီမျေှာ်လင့်ချက်လေး တစ်ခုနဲ့ပဲ ကျွန်တော် နေလာခဲ့တာ"
ဆက်မပြောနိုင်တော့ပဲ ရွိုက်ငိုနေသော ချစ်လွန်းလျှံ ၏ လက်တို့သည် သူ၏ရင်အုံမှ ပြေကျသွား၏။ ထို့အတူ ရိှန်းကိုကို ၏ စိတ်အာရုံတို့သည်လည်း ချစ်လွန်းလျှံ ၏ မျက်ရည်ကို တွေ ့ရစဉ်ခဏ ပြေလျော့သွားပြီး မျက်ရည်တို့ မကျရအောင် ထိန်းထားရကာ ရင်ထဲတွင် တင်းကြပ်လာရသည်။
" ကိုကို သိအောင် ပြောပြစရာရှိသေးတယ်။ အခုမှ မဟုတ်ရင် နောက်ကျ ပြောနိုင်မှာမဟုတ်တော့ဘူး"
ထို့နောက် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြချိန်တွင် ချစ်လွန်းလျှံ ပြောလာသည်က
" ချစ်တယ်"
ဤစကားလုံးထွက်လာပြီးသည့်အချိန် ချစ်လွန်းလျှံ၏ ပါးထက်တွင် မျက်ရည်ပေါက်တို့ လိှမ့်လာ၏။ ရိှန်းကိုကို၏ နှလုံးသားသည် ပေါင်ချိန် ထောင်သောင်းမက လေးသော သံထည်ကြိုးကွင်း ဖြင့် တင်းကျပ်စွာတုပ်နေှာင်လိုက်သကဲ့သို့ ခံစားရ၏။
" ကျွန်တော် ကိုကို့ကို ချစ်တယ်၊ ညီအစ်ကိုလိုမျိုး မဟုတ်ပဲ မရိုးမသားနဲ့ နက်နက်ရွိုင်းရွိုင်း ချစ်မိသွားတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်။ ဒါပေမဲ့..."
ငိုသံမပါအောင် အသက်အောင့်ပြီး ထိန်းကာပြောသဖြင့် သူ၏ စကားတို့သည် တစ်ခွန်းနှင့် တစ်ခွန်းကြားတွင် ရပ်သွားသည်။
"ကျွန်တော် ကိုကို့ကို တကယ်ချစ်တာပါ။ ဘာလို့များ ကျွန်တော် ချစ်တဲ့သူတွေက ကျွန်တော့်ကိုထားခဲ့ချင်ရတာလဲ"
နင့်သီးစွာေပြာပြီး တစ်ဖက်ကို လှည့်သွား၏။ မျက်ရည်တို့ကို ကြမ်းတမ်းစွာ သုတ်နေသော ချစ်လွန်းလျှံ၏ လက်ကို ဆွဲကာ ရိှန်းကိုကို ပြောမိပြောရာနှင့်ပင် ဆိုမိသည်။
"လျှံလေး အဆောင်အရင်ပြန်ရအောင်။ စိတ်ငြိမ်ငြိမ်ထားပြီး "
ချစ်လွန်းလျှံ က သူ့လက်ကို ပြန်ရုန်းထွက်သည်။
" မဟုတ်ဘူး ကိုကို။ ကျွန်တော် အရင်သွားမယ်။ ကျေးဇူးပြုပြီး... ဒီီတစ်ခါတော့ ကျွန်တော် အရင် ထွက်သွားပါရစေ။ အနည်းဆုံးတော့ ကျွန်တော်ဟာ ထားခဲ့ခံရတာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို လိမ်ပြီး နေလို့ရတာပေါ့"
ဒီစကားများကို ပြောပြီးနောက် ချစ်လွန်းလျှံသည် ခြေလှမ်းကျဲများဖြင့် ထွက်သွားသည်။
၀င်လုဆဲနေကို ကြည့်လိုက်သော်လည်း သေချာမမြင်ရပဲ ပြင်ပလောကနှင့် အမြင်အာရုံတို့ကြား ငွေ ့ရည်ကြည်၏ ကြားခံနယ်ကြောင့် မွုန်ဝါးနေ၏။ ပွင့်ထွက်မတတ် ချုပ်ခံထားရသော နှလုံးသား၏ ဝေဒနာကိုမူ မွုန်ရည်၀င်းသော ညနေဆည်းဆာ၏ အလှအပအောက်တွင် အပီအပြင် သိခွင့်ရလေသည်။